Posts

Featured Post

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 1 Chapter 1 သေသူတို့ နေထိုင်ရာအရပ် (land of the dead)

Desolate era အကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာ မြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေကြ၇တယ်။ အဲ့ဒီအချိန်မှာပဲ မသေခြင်းလမ်းစဉ်ကို ကျင့်ကြံသူတွေဟာ ပျက်စီးခြင်းတွေ ကပ်ဘေးတွေ နဲ့ အသက်ကို မနှမြောပဲ ကျင့်ကြံနေကြပါတယ်။ တစ်ရက်မှာတော့ အရမ်းအစွမ်းရှိတဲ့ မျိုးနွယ်စုကနေပြီးတော့ ဂျိနင် (Ji ning) မွေးဖွားလာပါတယ်။ မူရင်း စာရေးဆရာ : I Eat tomatoes ဘာသာပြန်သူ - Dr – Panda ဖေ့ဘုတ်တွင် @drpanda88 ဟု search တွင်ရိုက် ၍ ရှာနိုင်ပါသည်။ Book-1 ချိုင့်ဝှမ်းထဲမှ ဂျိ မျိုးနွယ်စု Chapter -1 သေသူတို့ နေထိုင်ရာအရပ် (land of the dead) “မြန်မြန်လျှောက်စမ်း” “မင်းသေပြီးလို့ သရဲဖြစ်နေပြီ။ မြန်မြန်လျှောက်စမ်း” “မင်းကမင်းသား၊ လူဆယ်သန်းကျော်နဲ့ ချပ်ဝတ်တန်ဆာဝတ် မြင်းသည်တော် သုံးသောင်းကို အုပ်ချုပ်တယ်? ငရဲပြည်မှာ လူသားမင်းသားဆိုတာ ဘာမှ မဟုတ်ဘူး။ ဟားဟား။” ရွှပ် … ရွှပ် အကောင်ကြီးပြီး အစွမ်းပြည့်ဝနေပုံ၇တဲ့ နတ်ဆို
Book 25 chapter 1 pls download here https://drive.google.com/open?id=1yo8NYHE3G7d0gKgKmY1HaEbFfc2I9re8
အားလုံးပဲ စာစဉ် ၁ ကနေ စာစဉ် ၇ အထိ စာအုပ်တွေပါ.. အောက်ပါလင့်ကနေပြီးတော့ ဒေါင်းယူနိုင်ပါတယ် https://drive.google.com/open?id=1_ukeiCwxGmZZTKu3pTNTFl5ZPMk58rzr တော်ဝင်ရှ အင်ပါရီယာ ပြည့်ရှင်က ကုသိုလ်ကောင်းကျိုးတွေ စုဆောင်းသလိုပဲ ကျွန်တော်လည်း ကုသိုလ်ကောင်းကျိုးတွေကို စုဆောင်းတဲ့အနေနဲ့ ....တာအို အင်မော်တယ် ရောင်ရင်းများ အားလုံး ဖတ်လို့ရအောင်အတွက် ဒီစာစဉ် ၇ ခုကို တာအိုသစ်စေ့လေးအဖြစ် စိုက်ပျိုးထားပါတယ်ခင်ဗျာ.... ၀န်ဇင်းတွင်လည်းစာစဉ် ၇ အထိ free ထားပေးထားပါတယ်နော် ရောင်းချနေသာ ကျန်သည့်စာအုပ်များကိုလည်း ၀ယ်ယူအားပေးပေးကြပါနော် တာအိုအင်မော်တယ်ရောင်ရင်းများလည်း အင်မော်တယ် လမ်းစဉ်အောင်မြင်ပြီး ကောင်းကင်အင်မော်တယ် ဖြစ်သည်အထိ ဆက်ပြီးလျှောက်လှမ်းနိုင်ကြပါစေ... ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီကို စွဲလမ်းနှစ်သက်သော ကောင်းကင် အင်မော်တယ် ဂိုဏ်းချုပ်ကြီးများ အနေနှင့် စာရေးသုကို အရည်ဖွဲ့ဓာတ်စွမ်းအင် အမြူတေနှင့် ၀ိဥာဉ်ကျောက်တုံးများ ကူညီထောက်ပံ့ပေးလိုလျှင် ဒေါက်တာပန်ဒါပေ့ခ်ျမှဖြစ်စေ ကျွန်တော့်၏ facebook account https://www.facebook.com/soeko88 မှဖြစ်စေ ဆက်သွယ်ကူညီပေးနိုင်ပါသည်ခင်ဗျာ။ အနှောင်အဖွဲ့မဲ

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 4 Chapter 1 သူစောင့်နေခဲ့တာ…..

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 4 Chapter 1 သူစောင့်နေခဲ့တာ….. နင့် တစ်ကိုယ်လုံး ရစရာမရှိအောင် စုတ်ပြတ်သတ်သွားပါတယ်။ သူ့ အတွင်းကလီစာတွေပါ ထွက်ကျလာပါတယ်။ ဒါပေမဲ့ ဖင်းဂေါ့ ခန္ဓာကိုယ် ကြောင့် ချက်ချင်း ပြန်လည် အနာကျက်ပြီး ပြန်ကောင်းသွားပါတော့တယ်။ သူ အခုခံစားမှုအာရုံတွေ ပြန်ရလာပါပြီ။ “အရမ်း ကြောက်ဖို့ ကောင်းတာပဲ။ သူ့ရဲ့ အမြန်နှုန်း…. သူ့လက်ဝါးက ငါဘယ်လိုမှ ရှောင်လို့ မရဘူး။ ခုနက လူ့ဘီလူးကြီးတွေနဲ့ တခြားစီပဲ။” ဟို အနက်ရောင် အမွှေးရှည်နဲ့ သတ္တ၀ါကြီးက “ငါ စောင့်နေတာကြာပြီ။ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ ငါ မသိတော့ဘူး။ မင်း အနေနဲ့ ဒီ စမ်းသပ်ချက် ၃ချက်ကို မသေပဲ ကျော်ဖြတ်သွားရင် ရပြီ။ မင်းငါ့ကို သတ်ဖို့ မလိုဘူး။ ငါ့ကို တစ်ချက်လောက် အနောက် ယိုင်သွားအောင် .. ပြောရရင် ဒဏ်ရာနည်းနည်းလောက် ရအောင် လုပ်နိုင်ရင် ရပြီ။” “မင်းကို နောက်ယိုင်သွားအောင်…” “မဟုတ်ဘူး… သေချာပြောရရင် မင်းငါ့ကို နည်းနည်းလောက် ဒဏ်ရာလေး ပေးလိုက်နိုင်ရင် .. ဥပမာ..ငါ့ရဲ့ အရေပြားကို ဖောက်နိုင်ရင် ငါသွေးထွက်လာမယ်။ အာ့ဆိုရပြီ။” “ငါ မှတ်မိသလောက်ဆို အင်မော်တယ် ဂျူဟွာ နောက်ဆုံး တပည့်လက်ခံခဲ့တုန်းက လူ၁၀ယောက် လောက် ငါ့ဆီ ရောက်လ

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 3 Chapter 18 သေခြင်း ရှင်ခြင်း အဆုံးအဖြတ်

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 3 Chapter 18 သေခြင်း ရှင်ခြင်း အဆုံးအဖြတ် “ငါ ဆက်ပြေးနေလို့ မဖြစ်တော့ဘူး။ ဆက်ပြေးနေရင် ငါ့စွမ်းအင်တွေ ကုန်သွားရင် အမောဆို့သေသွားလိမ့်မယ်။ ငါ ဘာမှ တတ်နိုင်မှာ မဟုတ်တော့ဘူး။” ဂျိနင် ထွက်ပြေးနေရာကနေ ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ ပြီးတော့ သူ့ကို အကြာကြီး လိုက်သတ်နေရလို့ ဒေါသထွက်နေတဲ့ လူ့ဘီလူးကြီး ၄ ယောက်ကို မျက်နှာချင်းဆိုင်ကြည့်လိုက်ပါတယ်။ လူ့ဘီလူးကြီး တွေကတော့ ခြေလှမ်းကျဲကြီးတွေနဲ့ သူ့ကို ပြေးလိုက်နေတုန်းပါ။ “နောက်ဆုံးတော့ သူရပ်သွားပြီ။” “ဒီလူသားလည်း နတ်ဘုရားစွမ်းအင် ကုန်သွားပြီ ထင်တယ်။” “ငါတို့နဲ့ လာပြိုင်ပြေးရဲတယ်။ ငါတို့က ရက်ပေါင်း တော်တော်ကြာကြာကို မရပ်မနား ပြေးလွှားနိုင်တယ်။” ဒီလူ့ဘီလူးကြီး ၉ ယောက်က သူတို့ရှေ့က လူကလေးကို စားသောက်ချင်နေကြပါတယ်။ နင်ကတော့ ဓားကို ကိုင်ထားပြီး အေးအေးဆေးဆေး ရပ်ကြည့်နေပါတယ်။ သေရေး ရှင်ရေးနဲ့ ကြုံလာတော့ နင်ရဲ့ စိတ်နှလုံးသားဟာ ကွက်လပ်ဖြစ်သွားပြီး အရမ်းကို တည်ငြိမ်သွားပါတယ်။ ဒီ အချိန်မှာ သူ့စိတ်ထဲမှာ ဒီတိုက်ပွဲကလွဲပြီး တခြားဘာအတွေးမှ မရှိတော့ပါဘူး။ “ဟမ့်” လူ့ဘီလူးကြီး ၉ကောင် နင်ဆီကို ပြေးဝင်သွား