ကောင်းကင်ကြီးကို ငါဖမ်းမယ် Chapter 748 ( သွေးမိစ္ဆာ၏ ခန္ဓာကိုယ် အမှန်)


Chapter 748 ( သွေးမိစ္ဆာ၏ ခန္ဓာကိုယ် အမှန်)

ရှေးကျတဲ့ အသံတစ်ခု သွေးမိစ္ဆာတောင်ထိပ်ပေါ်ကနေ ထွက်ပေါ်လာပါတယ်။

“စစ်ပွကြို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ။”

သွေးမိစ္ဆာကျောင်းတော်က တပည့်တွေကလွဲလို့ စစ်ပွဲထဲမှာ ရှိသမျှလူတွေ အကုန်လုံး လှုပ်ရှားလို့ မရကြတော့ဘူး။

မန်ဟိုကို လိုက်ပြီးတော့ သတ်ဖြတ်နေတဲ့ ရုပ်သေးစက်၇ုပ် အင်မော်တယ်အတုတောင်မှ လေထဲမှာ ရပ်တန့်သွားပါတယ်။

ဆံပင်နီနဲ့ ရွှေရောင် ရေခဲ ကျောင်းတော်က ဂိုဏ်းချုပ်နဲ့ တတိယမြောက် လီ ကလန် ဂိုဏ်းချုပ် ၊ မိုးသောက် အင်မော်တယ် ရဲ့ ကိုယ်ပွား  အကုန်လုံး နေရာမှတြင် ရပ်တန့်ကုန်ကြပါတယ်။

သူတို့တွေ လှုပ်ရှားလို့ မရတော့ပေမဲ့ မြင်နိုင်ကြားနိုင် စဉ်းစားနိုင်ကြပါသေးတယ်။ သူတို့အကုန်လုံး အံ့သြထိတ်လန့် ကုန်ကြပါတယ်။

“မင်းတို့ ငါ့ကို ဒီလောက်အဆင့်အထိရောက်အောင် အစွမ်းထုတ်သုံးနိုင်စေခဲ့တာ ငါတောင်ပိုင်းဒေသ တန်ခိုးရှင်တွေကို အထင်သေးခဲ့မိလို့ပဲ။”
ရှေးကျတဲ့ အရမ်းကို အစွမ်းထက်တဲ့ တန်ခိုးရှင် တစ်ယောက်ရဲ့ မာန်မာနနဲ့ သြဇာအာဏာ ပြည့်ဝနေတဲ့ အသံကြီး က  ထွက်လာပြန်တယ်။

“မိုးသောက် အင်မော်တယ် .. မင်းငါ့ကို ပထမ အရမ်းကို ယုံကြည်မှု ရှိနေတယ်လို့ ပြောခဲ့တယ်။ ငါဘာလို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေရတာလည်းဆိုတာကို မင်းသိအောင်ပြမယ်။”

“မင်းတို့အားလုံး သွေးမိစ္ဆာ အင်မော်တယ် ဂူထဲမှာ ရှိနေတာက ငါ သွေးမိစ္ဆာရဲ့ တစ်ကယ့် ခန္ဓာကိုယ် အမှန်လို့ ထင်နေကြတာလား?”
ဝုန်းဆိုတဲ့ အသံကြီးနဲ့ အတူ သွေးမိစ္ဆာကြီးဟာ သွေးကန်ထဲမှာ တင်ပလ္လင်ခွေထိုင်ရာကနေ ထလာပြီးတော့ အင်မော်တယ် ဂူထဲကနေ အပြင်ကို တစ်လှမ်းချင်း လျှောက်ပြီး ထွက်လာတယ်။

သူတောင်ထိပ်ပေါ်ကို ခြေချလိုက်တာနဲ့ သူ့နောက်ကွယ်မှာ သွေးရောင်ပင်လယ်ကြီး ပေါ်လာတယ်။ သွေးပင်လယ်ဟာ ကောင်းကင်အထိတောင် လှိုင်းတံပိုးတွေ ထန်နေတယ်။ မျက်စိတစ်မှိတ် အချိန် အတွင်းမှာ အရာရာတိုင်းဟာ သွေးရောင်တွေ ဖြစ်သွားတယ်။

ပထမမြင်နေရတဲ့ ကောင်းကင်လည်း ပျောက်ကွယ်သွားပြီးတော့ ကမ္ဘာတစ်ခုလုံးဟာ သွေးကမ္ဘာ ဖြစ်သွားတယ်။ သွေးကမ္ဘာထဲမှာရှိတဲ့ သွေးမိစ္ဆာတောင်ပေါ်မှာ သွေးမိစ္ဆာဂိုဏ်းချုပ်ကြီးက ချပ်ဝတ်တန်ဆာတွေ အပြည့်နဲ့ ရပ်နေပြီးတော့ ကမ္ဘာတစ်ခုလုံးကို သူ့ရဲ့ ရှေးကျတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

ဆံပင်အနီနဲ့ ရွှေရောင်ရေခဲ ဂိုဏ်းချုပ်ဟာ အရမ်းကို စိုးရိမ်ထိတ်လန့်သွားတယ်။

တတိယမြောက် လီကလန် ဂိုဏ်းချုပ်လည်း ထွက်ပြေးချင်စိတ်တွေ ပေါက်လာတယ်။

မိုးသောက် အင်မော်တယ် ကိုယ်ပွားကလည်း အရမ်းကို အံ့သြတဲ့ အမူအရာတွေ မျက်နှာမှာ ပေါ်လာတယ်။ သူမနားလည်လိုက်တာက သူမ ဂိုဏ်းချုပ်သွေးမိစ္ဆာအကြောင်း သိထားတာတွေက မလုံလောက်သေးဘူးဆိုတာပဲ။

ရုပ်သေးစက်ရုပ် အင်မော်တယ်အတု ကို ထိန်းချုပ်နေတဲ့ ၀တ်စုံနက်နဲ့ ဂိုဏ်းချုပ်လည်း အရမ်းကို တုန်လှုပ်ခြောက်ခြားနေတယ်။ သူ့ပေါ်ကို ဖိအားတွေ အများကြီး ကျလာသလို ခံစားနေရပြီးတော့ သွေးမိစ္ဆာရဲ့ စိတ်အတွေးနဲ့တင် သူ့ကို သေအောင်သတ်နိုင်တာကို နားလည်သွားတယ်။


“မဖြစ်နိုင်ဘူး။ သူဘာလို့ ဒီလောက် အစွမ်းထက်ရတာလည်း။??”

အောက်က စစ်ပွဲမှာ ရှိနေတဲ့ တန်ခိုးရှင် တစ်သိန်း ပါတဲ့ မဟာမိတ် တပ်ပေါင်းစုလည်း အကုန်လုံး နားမလည်နိုင် ဖြစ်နေကြတယ်။

“ငါနဲ့ ပတ်သက်ပြီးတော့ တောင်ပိုင်းဒေသမှာ ဒဏ္ဍာရီတွေ အများကြီး ရှိနေတယ်လေ။ တချို့ ပုံပြင်တွေက ငါဟာ သွေးစက်ကနေပြီးတော့ ပြန်ရှင်သန်လာတဲ့ မိစ္ဆာ။ ဒါကြောင့် ငါ့ကို သွေးမိစ္ဆာ ဂိုဏ်းချုပ်လို့ ခေါ်ကြတယ်။”
သွေးမိစ္ဆာ ဂိုဏ်းချုပ်ကြီးက သွေးအေးအေးနဲ့ ပြောလိုက်တယ်။

“ဒီ ဒဏ္ဍာရီကလည်း မှန်ပါတယ်။”

သူဟာ သွေးမိစ္ဆာ တောင်ထိပ်မှာ မတ်တပ်ရပ်နေပေမဲ့ သူ့ကိုယ်ကနေ ဘာ အော်ရာ အငွေ့အသက်မှ ထွက်မနေပါဘူး။ သူ့ကိုယ်သူ တမင်သက်သက် သာမာန်လူတစ်ယောက်လိုသာ အသွင်ယူထားပါတယ်။

“အဲ့ဒီ ဒဏ္ဍာရီဟာ မှားလည်းမှားတယ်။”
သူ စကားပြောလိုက်တဲ့ အခါမှာ မြေကြီးဟာ တုန်ခါလာတယ်။ မြေကြီးထဲကနေ အရမ်းကို ကြီးမားတဲ့ သတ္တ၀ါကြီး နိုးထလာသလို မြေပြင်ပေါ်မှာ အက်ကြောင်းကြီးတွေ ပေါ်လာပါတယ်။

“ငါ ဒီ ဒဏ္ဍာရီကို မှန်တယ်ပြောတာရတဲ့ အကြောင်းက ငါဟာ သွေးတစ်စက်ကနေ ပြန် ရှင်သန်လာတာ အမှန်ပဲ။ အဲ့ဒီ ဒဏ္ဍာရီကို မှားတယ် ပြောရတဲ့ အကြောင်းရင်းက ဒီ သွေးတစ်စက်ကနေ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ဟာ ငါ့ရဲ့ အစစ် အမှန် ခန္ဓာကိုယ် မဟုတ်လို့ပဲ။ ”

တော်လဲ သံကြီးတွေ မြည်ဟီးလာပြီးတော့ မြေကြီးပေါ်က အက်ကြောင်းကြီးတွေ ကြီးသည်ထက် ကြီးလာကြတယ်။ ဒါပေမဲ့ ဘယ်တန်ခိုးရှင်မှ လှုပ်လို့ မရပါဘူး။ သူတို့ ခြေထောက်အောက်က မြေကြီး ပြိုကျသွားရင်တောင် သူတို့တွေ လေထဲမှာ ရပ်လျက်လေး ကျန်ခဲ့ပါတယ်။

သွေးမိစ္ဆာ ဂိုဏ်းက တပည့်တွေကတော့ တောင်ငါးတောင် နေရာကို ပြန်ပြီး ဆုတ်ခွာ သွားကြပါတယ်။ မန်ဟိုကတော့ ရှုချွင်ကို သူ့လက်တစ်ဖက်မှာ ပွေ့ထားပြီးတော့ အတူတူ ဆုတ်ခွာသွားပါတယ်။ ရှုချွင်က မျက်လုံးပြန်ဖွင့်ပြီးတော့ ပတ်ဝန်းကျင်ကို အလန့်တကြား ကြည့်လိုက်ပါတယ်။

“ငါ့ကိုယ်ငါ ယုံကြည်မှုဟာ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကြောင့်ပဲ။ ငါ့မှာ အသက်စွမ်းအင် သိပ်မကျန်တော့လို့ ငါ သိပ်ပြီးတော့ မလှုပ်ရှားချင်တော့ဘူး။ ဒါပေမဲ့ မင်းတို့တွေရဲ့ တိုက်ခိုက်မှုဟာ ငါ့ရဲ့ ခန္ဓာကိုယ် အစစ်အမှန်ကိုတွေ့ဖို့ ထိုက်တန်တယ်။”
သူ့ပါးစပ်ကနေ စကားလုံးတွေ ထွက်ကျလာတာနဲ့ မြေကြီးက တော်လည်းသံကြီး ပိုပြီးတော့ ဆူညံလာပါတယ်။ အကုန်လုံးဟာ တုန်ခါနေကြပြီးတော့  မြေကြီးထဲကနေ လက်ကြီးတစ်ဖက် ထွက်လာပါတယ်။ ပြီးတော့ လက်မောင်းရင်း။ လက်မောင်းကြီးဟာ တောင်ကြီးတစ်တောင်နဲ့ အလားသဏ္ဍာန် တူပြီးတော့ အကုန်လုံးကို ခြောက်ခြားသွားစေပါတယ်။

မြေပြင်ဟာ ပြိုကျသွားပြီးတော့ ဦးခေါင်းကြီး ပေါ်လာပါတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ သွေးရောင် ဖြစ်ပြီးတော့ ဦးခေါင်းမှာ ချိုကြီးတစ်ချောင်း ရှိနေပါတယ်။ သူဟာ အရမ်းကို ရှေးကျတဲ့ ချပ်ဝတ်တန်ဆာတွေကို ၀တ်ဆင်ထားပါတယ်။ မျက်စိ တစ်မှိတ်အတွင်း တစ်ကိုယ်လုံး မြေကြီးပေါ် ရောက်လာပါတယ်။

သူ့ခန္ဓာကိုယဟာ မီတာ သုံးသောင်းလောက် မြင့်ပြီးတော့ သွေးရောင်တွေ လွှမ်းနေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ မရေမတွက်နိုင်တဲ့ မှော်စာလုံးတွေက ဖုံးအုပ်ထားပါတယ်။

“သူ့ရဲ့ ပုံသဏ္ဍာန်က ပထမတွေ့ရတဲ့ မန်ဟို အသုံးပြုခဲ့တဲ့ တော်ဝင် သွေးတန်ခိုးရှင် မှော်ဝင်္ဂဘာ ခန္ဓာကိုယ် စုပေါင်းတိုက်ကွက် ပုံစံနဲ့ အတူတူပါပဲ။ အခုပုံသဏ္ဍာန်ကတော့ အစစ်အမှန် ဖြစ်ပြီးတော့ ပိုပြီး ရှေးကျပါတယ်။”

ရွှေရောင်ရေခဲ ကျောင်းတော်က ဆံပင်အနီနဲက အဖိုးအိုဟာ အရမ်းကို ခြောက်ခြားသွားပါတယ်။ သူ အသက်ရှူ ကျပ်လာတယ်။ လီကလန်က ဂိုဏ်းချုပ်လည်း မျက်လုံး အပြူးသားနဲ့ ကြောင်ကြည့်နေပါတယ်။

မိုးသောက် အင်မော်တယ် လည်း တုန်လှုပ်ခြောက်ခြားလာပြီးတော့ သူမ နာက်မှာ ရှိနေတဲ့ ပြန်လည်မွေးဖွားခြင်း လီလီပန်း ဟာလည်း ကြောက်လန့်တကြား ယိမ်းခါနေပါတယ်။ ရုပ်သေးစက်ရုပ်ကို ထိန်းချုပ်ထားတဲ့ ၀တ်စုံနက်နဲ့ ဂိုဏ်းချုပ်လည်း သွေးပျက် ခြောက်ခြားနေပါတယ်။

ခန္ဓာကိုယ်ကြီး မြေကြီးထဲကနေ အပေါ်ကို ရောက်တာနဲ့ သွေးမိစ္ဆာ ဂိုဏ်းချုပ်ကြီးဟာ သွေးမိစ္ဆာ တောင်ထိပ်ပေါ်ကနေ လေထဲကို ပျံသွားပြီးတော့ အစစ်အမှန်  ခန္ဓာကိုယ်က ခေါင်းကြီးရဲ့ အပေါ်မှာ ခြေထောက်ချိတ်ပြီး ထိုင်လိုက်ပါတယ်။ ပြီးတော့ သူ့ခန္ဓာကိုယ် အစစ်အမှန်နဲ့ ပေါင်းစည်းသွားပြီးတော့ တစ်ကယ့် မိစ္ဆာကြီး ဖြစ်သွားပါတယ်။

ဒီအချိန်မှာ မိစ္ဆာကြီးရဲ့ မျက်လုံးတွေ တဖြည်းဖြည်း ပွင့်လာပါတော့တယ်။

“ဒါဟာ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပဲ။”

“ငါ ဒဏ်ရာ အပြင်းအထန် ရခဲ့လို့ ဒီနေရာကို ရွေးပြီးတော့ လာအနားယူနေတာ။ ငါ့ရဲ့သွေးစက် တစ်စက်ကနေပြီးတော့ ကိုယ်ပွားတည်ဆောက်လိုက်ပြီး သွေးမိစ္ဆာကျောင်းတော်ကြီးကို တည်ထောင်ခဲ့တယ်။”

သူ့အသံဟာ မိုးခြမ်းသံလို အရပ် ရှစ်မျက်နှာကို ပျံနှံ့သွားတယ်။ မိုးပေါ်က သွေးရောင်ကောင်းကင်ဟာ ပိုပြီးတော့ တောက်ပလာတယ်။ တစ်သိန်းကျော်တဲ့ တန်ခိုးရှင်တွေကော အစွမ်းအရမ်းထက်တဲ့ တန်ခိုးရှင်တွေပါ ခြောက်ခြားသွားကြတယ်။

မန်ဟိုလည်း တုန်လှုပ်ခြောက်ခြားသွားတယ်။

“ခက်တာက ငါ့အစွမ်းအထက်ဆုံး အချိန်က ပါဝါတွေ အနည်းအကျဉ်းလောက်ပဲ ငါသုံးနိုင်တော့မှာ။ ဒီအခြေအနေနဲ့ တစ်ကယ့် အင်မော်တယ်ကို ဒဏ်ရာရအောင် လုပ်ဖို့က သိပ်မလွယ်ဘူး။ ဒါပေမဲ့ အင်မော်တယ် အတုကို သတ်ဖို့အတွက်ကတော့ .. ကလေးကစားသလိုပါပဲ။”
တစ်ချိန်တည်း သူ့လက်ကို ဆန့်တန်းလိုက်ပြီးတော့ မိုးသောက် အင်မော်တယ် ရဲ့ ကိုယ်ပွားကို ဖမ်းညှစ်လိုက်တယ်။

မိုးသောက်အင်မော်တယ်ရဲ့ သွေးပျက်ဖွယ်အော်လိုက်သံက လေထဲမှာ တော်လည်းသံတွေ ဆူညံသွားစေတယ်။ သူမနောက်မှာ ရှိနေတဲ့ ပြန်လည်မွေးဖွားခြင်းလီလီပန်းဟာ နွမ်းသွားပြီးတော့ ရုန်းကန်တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ အချိန်တခဏပဲ သူမထိန်းနိုင်ပါတယ်။ သူမခန္ဓာကိုယ် နဲ့အတူ ပြန်လည်မွေးဖွားခြင်း လီလီဟာ ခြေမွခံလိုက်ရပြီတော့ အမှုန် ဖြစ်ပြီး ပျောက်ကွယ်သွား ပါတော့တယ်။

မိုးသောက် အင်မော်တယ် လုံးဝ မပျောက်ကွယ်ခင်မှာ သူ့ရဲ့ ရေခဲတမျှ အေးစက်တဲ့ ရက်စက်တဲ့ အသံထွက်ပေါ်လာပါတယ်။
“သွေးမိစ္ဆာကြီး.. ရှင့်ရဲ့ မိစ္ဆာ ခန္ဓာကိုယ်ကို မင်းအကြာကြီး ထိန်းထားနိုင်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ ရှင် သေတော့မှာဆိုတော့ ရှင့်ရဲ့ မိစ္ဆာ ခန္ဓာကိုယ်ဟာ မကြာခင် ကျွန်မအပိုင် ဖြစ်တော့မှာပါ။”

“အား.. ဒါဆို ကြားရတာတွေက မှန်နေတာပေါ့…. မင်း ဒီကိုလာခဲ့တာ ငါ့ရဲ့ မိစ္ဆာ ခန္ဓာကိုယ်ကြောင့်ကိုး..”

ဒီအဖြစ်အပျက် ပြီးသွားတော့ သွေးမိစ္ဆာကြီးရဲ့ မျက်လုံးတွေက ဆံပင် အနီနဲ့ ရွှေရောင် ရေခဲ ဂိုဏ်းချုပ် ပေါ်ကို ကျသွားပါတယ်။ သူ့လက်ညိုးကို ဆန့်ထုတ်လိုက်ပါတယ်။

အဘိုးအိုဟာ တုန်လှုပ်နေပေမဲ့ ဘာမှ ပြန်မလုပ်နိုင်ပါဘူး။ သွေးမိစ္ဆာကြီးရဲ့ လက်ညိုးက သူ့ကိုထိသွားပါတယ်။ လက်ညိုးဟာ တောင်ကြီးတွေ သူ့ကိုယ်ပေါ် ပြုတ်ကျလာသလို ဖိအားတွေပေးလိုက်ပါတယ်။ သူ့ခန္ဓာကိုယ် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားပြီးတော့ Nacent divinity (တန်ခိုးရှင် ၀ိဥာဉ်) ပျံထွက်လာပါတယ်။ သူ့ nacent divinity ဟာ ကြေကွဲ စိတ်ဓာတ်ကျနေပြီးတော့ ထွက်ပြေးဖို့လည်း အစွမ်းမရှိတော့ပါဘူး။

သူထာဝရ ပျောက်ကွယ်သွားတော့မယ် ထင်နေတဲ့ အချိန်မှာပဲ သွေးမိစ္ဆာကြီးက စကား တစ်ခွန်းပြောလိုက်ပါတယ်။
“ငါမင်းကို အသက်ရှင်ခွင့်ပေးမယ်။”

အဲ့ဒီအသံနဲ့ အတူ သွေးကောင်းကင်ကနေပြီးတော့ အနီရောင် အလင်းတန်း ကျလာပြီး ဆံပင် အနီနဲ့ ဂိုဏ်းချုပ်ကို သွေးကိုယ်ပွားအသွင် ပြောင်းလဲလိုက်ပါတယ်။

သူ့ခန္ဓာကိုယ် အသစ်နဲ့အတူ သူ့ရဲ့ အရင်ဘ၀က မှတ်ဥာဏ်တွေလည်း ပျောက်ကွယ်သွားပါတယ်။

“ဒီနေ့ကစပြီး မင်းဟာ သွေးမိစ္ဆာ ကျောင်းတော်ကြီးရဲ့ ဓမ္မ ကာကွယ် စောင့်ရှောက်သူ ဖြစ်သွားပြီ။”
သွေးမိစ္ဆာကြီးက လေသံအေးအေးနဲ့ ပြောပြီးတော့  တတိယမြောက် လီကလန် ဂိုဏ်းချုပ်ကို ကြည့်လိုက်ပါတယ်။ သူ့လက်ညိုးထပ်ပြိးတော့ လှုပ်ရှားလိုက်ပါတယ်။

တတိယမြောက် လီဂိုဏ်းချုပ် တုန်လှုပ်သွားပြီးတော့ သူ့ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ  ကြေကွဲသွားပါတယ်။ သွေးတွေ အရိုးတွေ ကြားထဲကနေ တန်ခိုးရှင် ၀ိဥာဉ် ပျံသန်း ထွက်ပြေးလာပါတယ်။ ပြီးတော့ ၀ိဥာဉ်ဟာ အရင်လိုပဲ သွေး ခန္ဓာကိုယ် ပြန်ရပြီးတော့ မှတ်ဥာဏ်တွေ ပျောက်ကွယ်သွားပြီး သွေးမိစ္ဆာ ကျောင်းတော်ကြီးရဲ့ ဓမ္မ ကာကွယ် စောင့်ရှောက်သူ ဖြစ်သွားပါတယ်။

သွေးမိစ္ဆာကြီးဟာ အရမ်းကို မောပန်းနေပြီးတော့ သူ့မျက်လုံးကို မှိတ်ထားလိုက်ပါတယ်။ သူ့အတွက် စွမ်းအင် မလုံလောက်တော့ပါဘူး။ အခုလို တိုက်ခိုက်မှုတွေဟာ သူ့ကို အများကြီး အားနည်းသွားစေပါတယ်။

သိပ်မကြာခင် သူ မျက်စိကို ပြန်ဖွင့်လိုက်ပြီတော့ ရုပ်သေးစက်ရုပ်ကို ထိန်းချုပ်ထားတဲ့ ၀တ်စုံနက်နဲ့ ဂိုဏ်းချုပ်ကို ကြည့်လိုက်ပါတယ်။
“အင်း.. မင်း ဒီမှာ.. မင်းလည်း သွေးမိစ္ဆာ ကျောင်းတော်ကြီးရဲ့ ဓမ္မ ကာကွယ် စောင့်ရှောက်သူ ဖြစ်သွားရမယ်။ ”

“ဒီတစ်ယောက်က သေကိုသေရမယ်။”
မန်ဟိုက ရုတ်တရက် အော်ပြောလိုက်ပါတယ်။

သွေးမိစ္ဆာကြီး မျက်တောင်တစ်ချက်ခတ်လိုက်ပြီးတော့ ဘာမှ မပြောဘဲ အင်မော်တယ်အတု ရုပ်သေးစက်ရုပ်ကို ဖမ်းညှစ်လိုက်ပါတယ်။ ရုပ်သေးစက်ရုပ် အမှုန် ဖြစ်သွားပြီးတော့ ၀တ်စုံနက် အဘိုးအိုရဲံ့ တန်ခိုးရှင် ၀ိဥာဉ် ပျံသန်းထွက်ပြေးလာပါတယ်။ ကြောက်လန့်တကြားအော်ဟစ်သံ ထွက်လာပြီးတော့ တန်ခိုးရှင် ၀ိဥာဉ်ဟာ ပျက်စီးသွားပါတယ်။

ဒါတွေကို လုပ်ဆောင်ပြီးသွားတော့ သွေးမိစ္ဆာကြီးဟာ မျက်စိကို မှိတ်ထားလိုက်ပါတယ်။ သူ့မှာ စွမ်းအင်တွေ ကုန်ဆုံးသွားခဲ့ပုံ ပေါ်ပါတယ်။ သူ ခြေချိတ် ထိုင်လိုက်ပြီးတော့ မြေကြီးထဲကို တဖြည်းဖြည်း ပြန်ဝင်သွားပါတယ်။ သွေးမိစ္ဆာ ဂိုဏ်းချုပ်ကြီးရဲ့ ကိုယ်ပွား သူ့ဦးခေါင်းထိပ်မှာ ပြန်ပေါ်လာပါတယ်။ အခုဆို သူအရမ်းကို မောပန်းနေပြီးတော့ သေခြင်းရဲ့ အငွေ့အသက်တွေ သူ့ကို ၀ိုင်းရံနေပါတယ်။ မိစ္ဆာ ခန္ဓာကိုယ်ကြီးဟာ မြေကြီးထဲ မှာ ပြန် ပျောက်ကွယ်သွားပါတယ်။ သွေးမိစ္ဆာဂိုဏ်းချုပ်ကြီးဟာ သွေးမိစ္ဆာတောင်ပေါ်ကို ပြန် ခုန်တက်လိုက်ပါတယ်။ သူ့အင်မော်တယ် လှိုဏ်ဂူထဲကို ပြန်ဝင်သွားပြီးတော့ ပတ်ဝန်းကျင်က သွေးပင်လယ်တွေ အကုန်လုံး ဂူထဲမှာ သွေးကန်အသွင် ပြန်ပြောင်းသွားပါတယ်။ သွေးမိစ္ဆာကြီးဟာ သွေးကန်ထဲမှာ ခြေထောက်ချိတ်ပြီး ပြန်ထိုင်လိုက်ပြီးတော့ တရားပြန်ကျင့်နေလိုက်ပါတယ်။

ဒီအချိန်မှာပဲ မန်ဟိုနားထဲမှာ သွေးမိစ္ဆာကြီးရဲ့ မောပန်းနေတဲ့ စကားသံကို ကြားလိုက်ရပါတယ်။

“ငါ့ရဲ့ ခန္ဓာကိုယ် အစစ်အမှန်ကို ငါ အသုံးမပြုချင်ဘူး။ အဲ့ဒါက ငါ့မှာ ကျန်နေတဲ့ အသက်စွမ်းအား နည်းနည်းလေးကို ချက်ခြင်း ကုန်ဆုံးစေနိုင်တယ်။..”
“ဒါပေမဲ့ မင်းက ငါ့ရဲ့ မျှော်လင့်ချက်ပဲ။ ငါ ပစ်မထားနိုင်ဘူး။”
“ငါ အခု ခဏအိပ်ဖို့ လိုအပ်နေပြီ။ ငါ နောက်အနှစ် ရာနဲ့ချီပြီး နိုးနိုင်မှာ မဟုတ်ဘူး။ ငါ မနိုးတော့တာလည်း ဖြစ်နိုင်တယ်။ သွေးမိစ္ဆာ ကျောင်းတော်ကြီးကိုတော့.. မင်းကို ငါ လက်ဆောင်ပေးလိုက်ပြီ။…. မိုးသောက် အင်မော်တယ်ကို သတိထားပါ။ သူမက ပြန်လည်မွေးဖွားခြင်း လီလီ ဖြစ်သလို ပြန်လည်မွေးဖွားခြင်း လီလီ လည်း မဟုတ်ဘူး။ ပြီးတော့ အရမ်းကို ကြီးမားတဲ့ စစ်ပွဲကြီးတစ်ခု လာနေပြီ။ ”

မြေကြီးမှာ ရှိတဲ့ အက်ကြောင်းတွေ ပျောက်ကွယ်သွားပြီးတော့ ပတ်ဝန်းကျင်ကို ၀န်းရံထားတဲ့ တားဆီးထားတဲ့ တန်ခိုးတွေ ပျောက်ကွယ်သွားတယ်။ ကျန်နေတဲ့ တန်ခိုးရှင် တစ်သိန်းက အခုမှ လှုပ်ရှားလာနိုင်တယ်။ သူတို့တွေ သွေးမိစ္ဆာတောင်ကြီးကို ခြောက်ခြားစွာနဲ့ ကြည့်ပြီးတော့ ခြေဦးတည့်ရာ ထွက်ပြေးသွားကြတယ်။ ဘယ်သူက စပြီးတော့ ပြေးလည်းမသိပေမဲ့ အားလုံး အလဲလဲ အကွဲကွဲ တွန်းတိုက်ပြီးတော့ ဝေးရာကို ထွက်ပြေးကုန်ကြတယ်။

ခုနစ်သောင်းပဲ အသက်ရှင်ကျန်ခဲ့တဲ့ သွေးမိစ္ဆာကျောင်းတော်ကြီးရဲ့ တပည့်တွေရဲ့ သတ်ဖြတ်ချင်စိတ်က မိုးထိအောင်ရောက်နေကြပြီ။ သူတို့ကျောင်းတော်ကြီးက ပျက်စီးမဲ့ဘေးကနေ သီသီလေးလွတ်လာတာ။ သူတို့တွေ ဒီ ရန်ကြွေးကို ပြန်မဆပ်ပဲ မကျေနပ်နိုင်တော့ဘူး။

“သွေးမင်းသား!!!”

“သွေးမင်းသား!!!”

သွေးမိစ္ဆာကျောင်းတော်ကြီးရဲ့ တပည့်တွေအကုန်လုံး မန်ဟိုရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြတယ်။

မန်ဟိုက မောပန်းနေတဲ့ သွေးမိစ္ဆာကျောင်းတော်ကြီးရဲ့ တပည့်တွေကို ကြည့်လိုက်ပြီးတော့ ပြောလိုက်ပါတယ်။
“သွေးကြွေးကို သွေးနဲ့ပဲ အပြည့်အ၀ ပြန်ဆပ်ရမယ်။ ငါတို့တွေ တစ်လ နားမယ်။ ပြီးရင် ငါမင်းတို့အားလုံးကို ခေါ်ပြီးတော့ တောင်ပိုင်းဒေသကို ပေါင်းစည်း ပေးမယ်။”

သတို့တွေရဲ့ သတ်ဖြတ်ချင်စိတ်ဟာ တောင်ပိုင်းဒေသကို ပေါင်းစည်းရေးနဲ့ ပေါင်းလိုက်ပြီးတော့ အကုန်လုံးရဲ့ စိတ်ဓာတ်တွေ ထိပ်ဆုံးကို မြင့်တက်သွာတယ်။ ဒီ စစ်ပွဲကို ဆာလောင်နေတဲ့ စိတ်ဓာတ်ဟာ သွေးမိစ္ဆာကျောင်းတော်ကြီး တစ်ခုလုံး ဖုံလွှမ်းသွားပါတယ်။

ဒီအချိန်မှာပဲ သွေးမိစ္ဆာကျောင်းတော်ကြီးရဲ့ အပြင်ဘက် ကောင်းကင်ထက်မှာ အဖိုးအိုတစ်ဦး ခြေချိတ်ပြီးတော့ ထိုင်နေပါတယ်။ သူ့အောက်မှာတော့ ဆေးပေါင်းအိုးလေး တစ်အိုး ရှိနေပါတယ်။ သူဟာ သွေးမိစ္ဆာကျောင်းတော်ကြီးကို စိတ်ခံစားချက်မျိုးစုံပါတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

သူကတော့  ဆေးမိစ္ဆာ တဖြစ်လဲ ကြီးကျယ်မြင့်မြတ်တဲ့ ခရမ်းရောင် အရှေ့တန်ခိုးရှင်ဖြစ်တဲ့ ခရမ်းရောင်ကျောင်းတော်ကပါ။

“သွေးမိစ္ဆာဂိုဏ်းချုပ်ကြီး မင်း သူ့ရဲ့ မိစ္ဆာစိတ်ကို ရေစက်ဖြတ်ပြီးတော့ တာအို ရှာဖွေတဲ့ အဆင့်ရောက်အောင် တန်ဖိုးကြီးကြီးကို မင်းပေးဆပ်လိုက်တာပဲ။ သူက ငါ့ရဲ့ တပည့်ပဲလေ။ ဒီကြင်နာမှုဟာ သူပြန်ပေးဆပ်ဖို့မသင့်လျော်လှပါဘူး။ ငါ မင်းရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ တာဝန်ယူလိုက်ပါတယ်။”
သူ သွေးမိစ္ဆာကျောင်းတော်ကြီးကို အကြာကြီး စိုက်ကြည့်နေပြီးတော့ နောက်ဆုံး နောက်လှည့် ထွက်ခွာ ပျောက်ကွယ်သွားပါတော့တယ်။


ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…



Comments

  1. This comment has been removed by the author.

    ReplyDelete
  2. 748 ဘဲတွေ့တယ် ch 1 ကိုဘယ်မှာရှာရမလဲ ဂျီနင် ကိုဒီထက်မြန်မြန်ပြန်နိုင်ပါစေ THZ...

    ReplyDelete

Post a Comment

Popular posts from this blog

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 1 Chapter 1 သေသူတို့ နေထိုင်ရာအရပ် (land of the dead)

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် 3 Chapter 1 (နှလုံးသား မှ လူသတ်ငွေ့)

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 2 Chapter 8 ( ဂျိနင်ဓား..)