ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)

၇ေယာက္လံုးက ဂ်ိနင္ကို ေနရာမ်ိဳးစံုကေန တစ္ျပိဳင္တည္းတိုက္ခိုက္လိုက္ၾကတယ္။

သူတို႕ ၇ေယာက္လံုးဟာ တစ္ေယာက္နဲ႕ ၇ေယာက္ တိုက္ခိုက္ရလိမ့္မယ္လို႕ မထင္ထားခဲ့မိၾကဘူး။ ဒါေပမဲ့ ဂ်ိကလန္ အုပ္ခ်ဳပ္တဲ့ နယ္ေျမထဲမွာ အရည္အခ်င္း အရွိဆံုး ပါရမီရွင္ လူငယ္ေတြပဲ။ သူတို႕ေတြဟာ ဂ်ိနင္ ျပိဳင္ပြဲကို ေနာက္ဆံုးေနရာ တန္းေရာက္ေနတာနဲ႕ ပတ္သက္ျပီး မေပ်ာ္ရႊင္ၾကေပမဲ့ အခုလိုမ်ိဳး ၁ေယာက္နဲ႕ ၇ေယာက္ တိုက္ခိုက္ခိုင္းတဲ့အခါမွာ ဂ်ိနင္အတြက္ နည္းနည္း သနားသြားတယ္။ ဒါေပမဲ့ သူတို႕အကုန္လံုး ဂ်ိနင္ကို အစြမ္းကုန္ ထုတ္သံုးျပီး တိုက္ခိုက္လိုက္ၾကပါတယ္။

နင္ဟာ အရိပ္ ၇ခုလံုး သူ႕ဆီေရာက္လာတဲ့အထိ မလႈပ္မရွား ေနရာမွာပဲ ရပ္ေနပါတယ္။ သူတို႕ေတြ ေရာက္လာတဲ့အခါ သူ ေရြ႕လ်ားလိုက္ပါတယ္။

လက္နက္မ်ိဳးစံုက အေရာင္ေတြ သူရပ္ေနတဲ့ေနရာကို ျဖတ္သြားပါတယ္။ နင္ဟာ ေလေျပညင္း တိုက္ခတ္လိုက္သလို ညင္ညင္သာသာ ေရြ႕သြားျပီးေတာ့ ေရွာင္တိမ္းသြားပါတယ္။ နင္ရဲ့ လႈပ္ရွားမႈတိုင္းဟာ အပိုအလိုမရွိ ထိန္းခ်ဳပ္ႏိုင္မႈ၊ ေနရာေရြ႔လ်ားႏိုင္မႈ၊ ျမန္ဆန္မႈတို႕စာ အရမ္းကို တိက်လွပါတယ္။ လူငယ္ ၇ေယာက္လံုးရဲ့ ပူးေပါင္းတိုက္ခိုက္မႈေတြမွာ သူထိခိုက္မႈမရွိပဲ လြတ္ေျမာက္သြားပါတယ္။

“ဘာ…”

“သူ ေရွာင္လိုက္ႏိုင္တယ္?”

“ဘယ္လိုလုပ္ျပီး ျဖစ္ႏိုင္မွာလည္း။?”

လူငယ္၇ေယာက္လံုး မယံုၾကည္ႏိုင္ေအာင္ ျဖစ္ျပီး တစ္ခ်က္ရပ္တန္႕သြားၾကပါတယ္။ အခုအခ်ိန္အထိ နင္ဟာ သူ႕ရဲ့ လက္နက္ကို အသံုး မျပဳေသးပါဘူး။ သူ႕ရဲ့ ေျခကြက္ကို သာ အသံုးျပဳျပီးေတာ့ တိုက္ခိုက္မႈေတြကေန ေရွာင္တိမ္းသြားတာပါ။ ဒီေၾကာက္မက္ဖြယ္ေကာင္းတဲ့ ေျခသိုင္းအစြမ္းဟာ နင္ရဲ့ တည္ျငိမ္မႈ ဘယ္ေလာက္ရွိလဲဆိုတာကို ျပသေနပါတယ္။ ၇ေယာက္လံုးရဲ့ စုေပါင္းတိုက္ခိုက္မႈဟာ နင္ရဲ့ အကၤ် ီကိုေတာင္ ထိေအာင္ မစြမ္းေဆာင္ႏိုင္ပါဘူး။

“အရမ္းျမန္တာပဲ”

“ေလ အလ်င္အတိုင္းပဲ”

“သူဟာ မိုးေရစက္ဓားရဲ့ သားပီသပါေပတယ္။ အရမ္းကို ေတာ္တယ္။ ငါေတာင္ သူ႕ကို သဲသဲကြဲကြဲ မျမင္ရဘူး။ အရိပ္ေတြပဲ ျမင္ေနရတယ္။”

ပရိတ္သတ္ေတြအကုန္လံုးဟာ စိတ္လႈပ္ရွားလာၾကတယ္။ ဒီလုိေဒသမွာ လူတိုင္းဟာ ငယ္ငယ္ေလးထဲက သိုင္းပညာကို ေလ့က်င့္တတ္ေျမာက္ထားၾကတယ္။  သူတို႕ေတြအကုန္လံုးဟာ အေတြ႕ အၾကံဳ ရွိသူေတြပဲ။ ဒါေပမဲ့ သူတို႕ေတာ္ေတာ္မ်ားမ်ား အရိပ္ေတြပဲ ျမင္ၾကရတယ္။ နင္ရဲ့ လႈပ္ရွားမႈဟာ ဘယ္ေလာက္ျမန္လည္းဆိုတာ စဥ္းစားၾကည့္ႏိုင္ပါတယ္။

..

နင္ဟာ စင္ျမင့္ရဲ့ တျခားတစ္ဖက္မွာ ခဏရပ္လိုက္တယ္။

“ျပိဳင္ဘက္ ၇ေယာက္လံုးဟာ ငါ့ ရဲ့ဓားကို ထုတ္ျပီး သံုးေစေလာက္ေအာင္ အစြမ္းမထက္ေသးဘူး။ သူတို႕ရဲ့ ေျခသိုင္းေတြဟာ ငါ့ရဲ့ အဆင့္နဲ႕ယွဥ္ရင္ နိမ့္ေနေသးတယ္။”
နင္ ၇ေယာက္လံုးကိုတစ္ခ်က္ၾကည့္လိုက္တယ္။ ဒီအခ်ိန္တိုအတြင္းမွာ သူ႕ျပိဳင္ဘက္ေတြရဲ့ ေျခလွမ္းသိုင္း ဘယ္အဆင့္ေလာက္ ရွိလည္းဆိုတာကို သူေလ့လာၾကည့္လိုက္တာေလ။

“အင္း .. ၂ေယာက္ကေတာ့ အဆင့္ျမင့္ အဆင့္ကို ေရာက္ေနျပီ။ တစ္ေယာက္က ခ်ိတ္ေကာက္တုတ္ကို္င္ထားတဲ့ လူငယ္ နဲ႕ ေနာက္တစ္ေယာက္က ေရႊေရာင္ သားေမြးနဲ႕ တစ္ေယာက္ပဲ။ ပထမ ငါရခဲ့တဲ့ သတင္းေတြက မွားေနျပီ။”

သူ႕အေဖက တဇြတ္ထိုးဆန္ေပမဲ့ နင္ကေတာ့ သူ႕လူေတြလႊတ္ျပီးေတာ့ ျပိဳင္ဘက္ ၇ေယာက္ရဲ့ အေၾကာင္းေတြကို ေသခ်ာေလ့လာထားခဲ့တယ္။ သူသိတာက ခ်ိတ္ေကာက္တုတ္ ကိုင္ထားတဲ့ လူငယ္ပဲ အဆင့္ျမင့္ ေျခသိုင္းအဆင့္ကို ေရာက္တာသိခဲ့တယ္။ ဒီေရႊေရာင္သားေမြးနဲ႕ လူငယ္ ဒီေလာက္ အဆင့္ျမင့္တဲ့အထိ ေရာက္ေနတယ္လို႕ သူမထင္မိခဲ့ဘူး။

“ဒါေပမဲ့ သူတို႕ရဲ့ ေျခသိုင္းေတြဟာ ငါ့အဆင့္ထက္ေတာ့ ေတာ္ေတာ္ weak ေသးတယ္။”
နင္ျပံဳးျပလိုက္တယ္။

သူက ဘယ္လိုပဲ ျဖစ္ျဖစ္ ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ေနျပီေလ။ ဒီျပိဳင္ပြဲစင္ျမင့္ေပၚမွာေတာင္ သူဟာ အဆင့္ျမင့္ေျခသိုင္းအဆင့္ကို ပဲ အသံုးျပဳခဲ့တယ္။ ဒါေပမဲ့ သူ႕ေျခသိုင္းက အရမ္းကို ျပည့္စံုလြန္းေနတယ္။ ျပီးေတာ့ သူဟာ ေလအရိပ္ေျခလွမ္းသိုင္းကိုလည္းအဆင့္ေတာ္ေတာ္ျမင့္တဲ့အထိ က်င့္ထားေသးတယ္။ ဒါေၾကာင့္သူ ျပိဳင္ပြဲမွာ အသာရေနတာ ေပါ့။

“သူ႕ကို ၀ုိင္းပိတ္တိုက္ခိုက္ၾက။”

“သူ႕ေျခကြက္ ထုတ္သံုးဖို႕ အခ်ိန္ မေပးၾကနဲ႕”

“အားလံုး တစ္ျပိဳင္တည္း တိုက္ၾက။”

၇ေယာက္လံုး သူကို တစ္ခါ တစ္ျပိဳင္တည္း ၀င္တိုက္ခိုက္လိုက္ၾကတယ္။

ဒါေပမဲ့ နင္က သူတို႕ဆီကို ျဖည္းျဖည္းခ်င္း ေလွ်ာက္လွမ္းလာတယ္။

မ်က္စိတစ္မွိတ္ အတြင္မွာ နင္ နဲ႕ လူငယ္ ၇ေယာက္ ထိပ္တိုက္ရင္ဆိုင္ေတြကလိုက္ၾကတယ္။ လက္နက္မ်ိဳးစံုအေရာင္ေတြ ေလထဲမွာ လက္သြားတယ္။ ဒါေပမဲ့ နင္ဟာ လမ္းေလွ်ာက္ထြက္ေနသလိုမ်ိဳး ေအးေအးေလး ေလွ်ာက္ထြက္လာတယ္။ သူ႕လက္ထဲက ဓားရွည္ဟာ ၾကာပြတ္လိုျဖစ္သြားျပီးေတာ့ သူ႕အတြင္းအား အကုန္လံုးကို ဓားဦးထိပ္္ကို ပို႕လိုက္ျပီး တိုက္ခိုက္လိုက္တယ္။ ေရႊဓားျပိဳင္ပြဲမွာ အေသအေပ်ာက္နည္းေအာင္ လက္နက္အားလံုးကို အသြားမပါတာ တံုးေနတာပဲ အသံုးျပဳခြင့္ရွိတယ္။ဒါေၾကာင့္ လက္နက္ေတြဟာ ခုတ္တာ ၊ လြဲတာ နဲ႕ ရိုက္တာေတြမွာ သံုးလို႕ အဆင္ေျပတယ္။

ျမန္ဆန္မႈ!

နင္ရဲ့ဓားဟာ အရမ္းကို ျမန္လြန္းတဲ့အတြက္ ျမင္ရတဲ့လူေတြအကုန္လံုး တုန္လႈပ္သြားတယ္။

နင္ဟာ ၇ေယာက္လံုးရဲ့ စုေပါင္းတိုက္ခိုက္မႈကေန ေလွ်ာက္ထြက္လာခဲ့ျပီးေတာ့ တစ္ခ်ိန္တည္းမွာပဲ မိုးၾကိဳးလိုျမန္တဲ့ ၾကာပြတ္ရိုက္သလို တိုက္ခိုက္မႈနဲ႕ တိုက္ခိုက္လိုက္တယ္။

ဖန္း..ဖန္း..ဖ.န္း..ဖန္း..ဖန္း

လူ ၅ေယာက္ဟာ ၾကာပြတ္လို ရိုက္ခ်က္ေတြေအာက္မွာ မီတာ ၃၀ေလာက္ကို လြင့္သြားျပီးေတာ့ ေျမၾကီးေပၚ လဲက်သြားတယ္။ အကုန္လံုးဟာ ဖုန္မႈန္႕ေတြနဲ႕ ေျမၾကီးေပၚကေန ကုန္းရံုးထလာၾကတယ္။ တစ္ခ်ိဳ႕ကေတာ့ ရင္ဘတ္ကို ဖိထားျပီးေတာ့ ေသြးအနည္းငယ္ အန္ထုတ္လိုက္ၾကတယ္။ တစ္ခ်ိဳ႕ မ်က္ႏွာမွာေတာ့ ဒဏ္ရာေတြရွိေနျပီးေတာ့ သူတို႕ေတြအားလံုးရဲ့ မ်က္ႏွာမွာ မယံုၾကည္ႏိုင္မႈေတြ ေပၚေနတယ္။ ဘာလို႕လည္းဆိုေတာ့ သူတို႕ေတြ နင္ရဲ့တိုက္ခိုက္မႈကို ရွင္းရွင္းၾကီးျမင္တဲ့အတြက္ ခုခံဖို႕ ၾကိဳးစားခဲ့တယ္။ ဒါေပမဲံ ဘယ္သူမွ နင္ရဲ့ ဓားကို ထိေအာင္ ခုခံကာကြယ္လို႕ မရခဲ့ဘူး။

သူတို႕ေတြ ထိလို႕ေတာင္မရေစပဲနဲ႕ နင္က သူတို႕ကို အေ၀းကို လြင့္သြားေစခဲ့တယ္။

“ဓားနဲ႕ တစ္သားတည္းအဆင့္…”
ဒီ လူငယ္ ၅ေယာက္လံုး နင္ရဲ့ ဓားသိုင္းဟာ ဘယ္အဆင့္အထိ ေရာက္ေနျပီလည္းဆိုတာ နားလည္သြားတယ္။ သူတို႕ၾကားက ကြာျခားခ်က္က မိုးနဲ႕ ေျမလုိပါပဲ။

အခုေတာ့ လူငယ္ ၃ေယာက္ပဲ စင္ျမင့္ေပၚမွာ က်န္ပါေတာ့တယ္။

……

လက္ထဲမွာ အနက္ေရာင္ဓားရွည္ကို ကိုင္ထားျပီးေတာ့ နင္ဟာ လျခမ္းေကြးဓား ( ခ်ိတ္ေကာက္ တုတ္လက္နက္က္ိုင္) (တစ္ခ်က္ျပင္ဆင္ဖတ္ေပးရန္) (scimitar လို႕ ေခၚတဲ့ ဓားတိုဟာ အသြားေကြးျပီးေတာ့ အဖ်ားကို က်ယ္သြားတဲ့ ဓားတစ္မ်ိဳးပဲ) (နာမည္သတ္သတ္ ေျပာရခက္တယ္) ထားတဲ့ လူငယ္နဲ႕ ေရႊေရာင္သားေမြးနဲ႕ လူငယ္ကို တစ္ခ်က္ အကဲခတ္လိုက္တယ္။

“ငါ သူတို႕အားလံုးကို တစ္ခ်က္စီ ရုိက္လိုက္တာ သူတို႕ ၂ေယာက္က ငါ့ဓားကို ထိေအာင္ ကာကြယ္လိုက္ႏိုင္တယ္။ လျခမ္းေကြးဓား ကိုင္ထားတဲ့ လူငယ္ရဲ့ ဓားခ်က္ဟာ အရမ္းကို ျမန္ေပမဲ့ သူက အဆင့္ျမင့္ဓားပညာရွင္အဆင့္ကို မေရာက္ေသးဘူး။ ေရႊေရာင္နဲ႕ တစ္ေယာက္ကေတာ့ saber (ဓားလက္နက္တစ္မ်ိဳးလို႕ပဲ မွတ္လိုက္ေပါ့။ ဆန္းၾကယ္တဲ့ ဓားလို႕လည္းေျပာလို႕ရတယ္။ ဓားေကာက္လို႕လည္းေျပာလို႕ရတယ္။) နဲ႕ တစ္သားတည္း အဆင့္ကို ေရာက္သြားျပီ။”

“သခင္ေလး ဂ်ိ။ ကၽြန္ေတာ့နာမည္ကို Grizzly လုိ႕ေခၚပါတယ္။ ဂ်ိ Grizzly ပါ။ သခင္ေလးကို အႏို္င္တိုက္မဲ့လူဟာ ကၽြန္ေတာ္ Grizzly ပါပဲ။”

လျခမ္းေကြးဓား ကိုင္ထားတဲ့ လူငယ္ မ်က္နွာပ်က္သြားတယ္။
“ဒါဆို ငါဟာ ဒီမ်ိဳးႏြယ္စုေတြ အားလံုးထဲမွာ အစြမ္းအထက္ဆံုး မဟုတ္ေတာ့ဘူးေပါ့။ ငါ့ထက္ အစြမ္းထက္တဲ့ သူ၂ေယာက္ေတာင္ ငါ့ေရွ႕မွာ ရွိေနျပီ။ ဒီ Grizzly ေတာင္ ေဆဘာနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ေနျပီ။”

သူဟာ ဘ၀ကို ခက္ခက္ခဲခဲ ရုန္းကန္ျပီး ငယ္ငယ္ေလးထဲကေန ႏွစ္ေပါင္းမ်ားစြာ သိုင္းပညာကို ေလ့က်င့္ခဲ့တယ္။

သူဟာ အရမ္းကို အဆင့္နိမ့္တဲ့အတြက္ အရမ္းကို အစြမ္းထက္လြန္းတဲ့ ေဆဘာသိုင္းက်မ္းေတြကို ရဖို႕ မျဖစ္ႏိုင္ဘူးဆိုတာ နားလည္္ခဲ့တယ္။ ဒါေၾကာင့္သူဟာ သိမ္ေမြ႕နက္နဲတဲ့ ေဆဘာသိုင္းက်မ္းေတြ ရယူဖို႕ကို လက္ေလွ်ာ့လိုက္ျပီးေတာ့ သူ႕ဓားရဲ့ ျမန္ဆန္မႈကိုပဲ အာရံုစိုက္ခဲ့တယ္။ သူ႕ေဆဘာဟာ အရမ္းကို ျမန္တယ္။ ျမန္သည္ထက္ျမန္ေအာင္လည္း သူၾကိဳးစားခဲ့တယ္။ ျပီးေတာ့ သူ႕ရဲ႕ျမန္ဆန္လြန္းတဲ့ တိုက္ခိုက္မႈကို အဆင့္ျမင့္ ေျခလွမ္းသိုင္းနဲ႕ ေပါင္းစပ္ျပီး အသံုးျပဳလိုက္တယ္။ သူရဲ့ ဒီလို တိုက္ခိုက္မႈမွာ တျခားလူငယ္ေတြအကုန္လံုး ရႈံးနိမ့္ကုန္ၾကတယ္။

သူအခုေတာ့ သူ႕ရဲ့ အစြမ္းထက္မႈဟာ ဒီ ဂ်ိကလန္က မိုးေရစက္ဓားရဲ့သား ဂ်ိသခင္ေလးတစ္ေယာက္တည္းကို မႏိုင္တာမဟုတ္ပဲ ေရႊေရာင္သားေမြးနဲ႕ လူငယ္ကိုပါ မႏိုင္ႏိုင္တာကို သိလို္က္ျပီး အရမ္းအံ့ၾသသြားတယ္။

“ဂ်ိနင္.. မင္းငါ့ထက္ ပိုျပီးေတာ့ အစြမ္းထက္တာ ငါသိပါတယ္။ ဒါေပမဲ့ မင္းငါ့ရဲ့ ေဆဘာ ဓားခ်က္ ၃ခ်က္တိုက္ခိုက္မႈကို လက္ခံေစခ်င္တယ္။ ငါ့ရဲ့ ဒီဓားခ်က္ ၃ခ်က္ကိုပဲ လက္ခံေပးပါ. Grizzly မင္းဒီအခ်ိန္မွာ ၀င္မရႈပ္ပါနဲ႕။”
လျခမ္းဓားနဲ႕ လူငယ္က ေျပာလိုက္တယ္။

Grizzly က မထံုတတ္ေသး ရပ္ေနလိုက္တယ္။ သူ႕မ်က္နွာမွာ ေအးစက္စက္ အျပံဳး ေပၚလာတယ္။ ဒီ လျခမ္းေကြးဓား ကိုင္ထားတဲ့ လူငယ္ဟာ သူ႕ထက္ေတာင္ weak ေသးတယ္။ ျပီးေတာ့ နင္ရဲ့ ေျခလွမ္းသိုင္းဟာ အရမ္းကို အဆင့္ျမင့္တယ္။ သူ႕ကို ဘယ္လိုမွ ပူးေပါင္းျပီးတိုက္ခိုက္လို႕ မရႏိုင္ဘူး။ ဒါေၾကာင့္ ဒီလျခမ္းေကြးဓားကိုင္ထားတဲ့ လူငယ္ သူ႕ဖာသာသူ ရီစရာလမ္းကို ေလွ်ာက္ေနတာ လႊတ္ထားလိုက္တယ္။

နင္ တစ္ခုခုကိုေတြးမိျပီးေတာ့ ဓားေကာက္ကိုင္ထားတဲ့ လူငယ္ကို ေလ့လာလိုက္တယ္။ သူ ဒီလျခမ္းေကြးဓားကိုင္ထားတဲ့ လူငယ္ဟာ ထူးျခားတဲ့ လွ်ိဳ႕၀ွက္ခ်က္ တစ္ခုခုရွိေနမယ္ဆိုတာ ခံစားလိုက္မိတယ္။

“ေကာင္းျပီ။”
နင္ေခါင္းညိတ္လိုက္တယ္။

“ဟိုင္း..”
လျခမ္းေကြးဓားကိုင္ထားတဲ့လူငယ္ဟာ ေရွ႕ကို တိုးျပီး တိုက္ခိုက္လိုက္တယ္။ သူ႕ကို အရိပ္ပဲ ျမင္ရေတာ့တယ္။ သူ႕မ်က္လံုးေတြဟာ ၀ံပုေလြမ်က္လံုးေတြလို သတ္ျဖတ္ခ်င္မႈေတြနဲ႕ ျပည့္ေနတယ္။ သူနင္အနီး ေရာက္လာေတာ့ သူ႕ဓားကို ဆြဲထုတ္တိုက္ခိုက္လိုက္တယ္။ လျခမ္းေကြးဓားဟာ အေရာင္ေတြ ျဖာသြားျပီးေတာ့ ပထမဆံုး တုိက္ကြက္ဟာ နင္ရဲ့ လည္ပင္းဆီကို ဦးတည္သြားတယ္။ ေျပာရရင္ေတာ့ ဒီဓားေတြဟာ တံုးေနတဲ့အတြက္ ဒီလိုမ်ိဳး ခုတ္ျဖတ္တဲ့ သိုင္းကြက္ဟာ သိပ္ေတာ့ အဆင္မေျပလွပါဘူး။

ဒါေပမဲ့ ဒီ လျခမ္းေကြးဓားကိုင္ထားတဲ့ လူငယ္ဟာ သူ႕ရဲ့ အစြမ္းအထက္ဆံုးသိုင္းကြက္ေတြကို ျပသခ်င္ေနတာပါ။

“ေနာက္ဆုတ္လို္က္တယ္…”
နင္ဟာ ေလလိုမ်ိဳးပဲ အေနာက္ကို ေျခတစ္လွမ္း လွမ္းလိုက္တယ္။ ဓားဟာ သူ႕ခႏၶာကိုယ္ေရွ႕ကေန မထိပဲ သီသီေလး ျဖတ္သြားတယ္။

“ယိစ္.”

ရုတ္တရက္ လျခမ္းေကြးကိုင္ထားတဲ့ လူငယ္ဟာ သူ႕လက္ကို လွန္လိုက္ျပီး ေနာက္တစ္ခ်က္တိုက္ခိုက္လိုက္တယ္။ သူ႕ဓားခ်က္ဟာ အရမ္းကို ပိုျမန္လာတယ္။ ဒီဓားခ်က္ဟာ နင္ရဲ့ လည္ပင္းေနရာကို ပထမဓားခ်က္နဲ႕ ဦးတည္ခ်က္ ဆန္႕က်င္ဘက္ကေန တိုး၀င္လာတယ္။ နင္ကေတာ့ တစ္ခ်က္ခုန္ေရွာင္လိုက္တယ္။ ဒီဓားခ်က္ကေတာ့ နည္းနည္း ေရွာင္တိမ္းရ ခက္ခဲစျပဳလာတယ္။ သူသာ အဆင့္ျမင့္ ေျခသိုင္းကုိပဲ ဆက္သံုးေနရင္ လူငယ္ရဲ့ ဓားခ်က္ကလည္း ပိုျပီးေတာ့ ျမန္လာရင္ နင္သူ႕ရဲ႕ဓားကို ထုတ္သံုးမွ ကာကြယ္ႏိုင္ေတာ့မယ္။ ေရွာင္တိမ္းဖို႕ မျဖစ္ႏိုင္ေတာ့ဘူး။

“ရႊစ္…”
သူ႕လက္ထဲက ဓားေရာင္ တစ္ခ်က္လက္သြားျပီးေတာ့ ဓားခ်က္ဟာ ပိုျမန္ဆန္လာတယ္။ ခ်က္ျခင္းပဲ နင္ရဲ့ မ်က္လံုးအနီးကို ဓားကေရာက္လာတယ္။

တတိယ ေဆဘာဓားခ်က္ - ေဆဘာဓားပ်ံ

ေဆဘာဓားပ်ံဟာ ေလထဲမွာ လည္ေနျပီးေတာ့ ပထမဓား၂ခ်က္ရဲ့ အားအလ်င္ကို ယူျပီး အံ့မခန္းတဲ့ အရွိန္ကို ရရွိလာတယ္။ ေနာ္ကဆံုေဆဘာဓားပ်ံဟာ အရမ္းကို ျမန္ဆန္လြန္းတယ္။ နင္စဥ္းစားမေနပဲ သူ႕ဓားနဲ႕ ကာကြယ္လိုက္တယ္။

“ခၽြမ္..”
ဓားရွည္နဲ႕ လျခမ္းေကြးဓား ရိုက္မိၾကျပီးေတာ့ လျခမ္းေကြးဓား အေ၀းကို လြင့္ထြက္သြားတယ္။ ေနာ္ကကလူငယ္ရဲ့ လက္ထဲကို ျပန္ေရာက္သြားတယ္။

လျခမ္းေကြးဓားနဲ႕ လူငယ္က
“ကၽြန္ေတာ္ ရံႈးသြားပါျပီ။”

သူ ျပိဳင္ပြဲစင္ျမင့္ကေန ခုန္ဆင္းသြားတယ္။ ဒီလျခမ္းေကြးဓားကိုင္ထားတဲ့ လူငယ္ဟာ သူနဲ႕ ဂ်ိနင္နဲ႕ အဆင့္မတူမွန္း နားလည္ပါတယ္။ ဂ်ိနင္ဟာ ဂ်ိကလန္ရဲ့ သိမ္ေမြ႕နက္နဲတဲ့ ဓားပညာေတြကို က်င့္ထားရံုမကပဲ ဓားနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ေနပါျပီ။ ဒီလူငယ္အတြက္ ဂ်ိနင္ကို ထိခိုက္ေအာင္ ဘယ္လိုမွ စြမ္းေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။ ဂ်ိနင္က သူ႕တုိက္ကြက္ ၃ကြက္ကုိ လက္ခံေပးတဲ့အတြက္ သူအရမ္းကိုေက်နပ္သြားပါတယ္။ သူ႕ရဲ့ အစြမ္းအထက္ဆံုး သိုင္းကြက္ ၃ကြက္ကို စင္ျ့မင့္မွာ ျပသခြင့္ရခဲ့တယ္ေလ။

“ဒီ လျခမ္းေကြးဓား ကိုင္ထားတဲ့ လူငယ္ကို ဂ်ိကလန္ကို အျမန္ဆံုး ၀င္ဖို႕ သြားေျပာလိုက္စမ္း။ သူ႕မွာ ဇင္တ်န္အဆင့္ကို ေရာက္ႏိုင္ဖို႕ အလားအလာ ရွိေနတယ္။”
အေ၀းမွာ ၾကည့္ေနတဲ့ ကလန္ေခါင္းေဆာင္ ဂ်ိေယာင္က သူ႕ရဲ့ ကိုယ္ရံေတာ္တစ္ေယာက္ကို ေျပာလိုက္တယ္။

“ဟုတ္ကဲ့ သခင္ၾကီး”

…..

စင္ျမင့္ေပၚမွာေတာ့ ဂ်ိနင္နဲ႕ Grizzly ပဲ က်န္ခဲ့ေတာ့တယ္။

Grizzly မ်က္လံုးကေန ေရႊေရာင္အလင္းေတြ ေတာက္လာျပီးေတာ့ ဂ်ိနင္ကို စိုက္ၾကည့္လိုက္တယ္။ တစ္ခ်ိန္တည္းမွာပဲ ေရႊေရာင္ ေဖ်ာ့ေဖ်ာ့ အလင္းေတြထြက္လာျပီးေတာ့ ေၾကာက္မက္ဖြယ္ အေငြ႕အသက္ေတြ ပတ္၀န္းက်င္ကို ဖံုးလႊမ္းသြားတယ္။ ဒီလိုျဖစ္တာကို ျမင္လိုက္ရေတာ့ ဂ်ိနင္ မ်က္ေမွာင္ၾကဳတ္သြားတယ္။

“ဟင္.. ဒီ Grizzly ကလည္း ဖင္းေဂါ့က်င့္စဥ္ က်င့္ထားသူတစ္ေယာက္ပဲ။ သူလည္း အဆင့္ေတာ္ေတာ္ျမင့္ျမင့္ကို ေရာက္ေနျပီ။”

“ဂ်ိနင္.. မင္းရဲ့ေျခကြက္ေတြက ငါ့ေျခကြက္ေတြထက္ ပိုျပီး အစြမ္းထက္တယ္ဆိုတာ ငါ၀န္ခံပါတယ္။ ဒါေပမဲ့ ဒီေန႕ဟာ  ဘယ္သူက အစြမ္းအထက္ဆံုး ျဖစ္သလည္းဆိုတာ ဆံုးျဖတ္တဲ့ေန႕ပဲ။ မင္း ထြက္ေျပးေနရံုနဲ႕ ေရႊဓားကို ပိုင္ဆိုင္ဖို႕ လမ္းမျမင္ဘူး။ မင္း ငါ့ကို ထိပ္တိုက္ရင္ဆိုင္မွသာ ရမွာ။ ဒါေပမဲ့ မင္းက ငါ့ရဲ့ ျပိဳင္ဘက္မဟုတ္ဘူး။ မင္းေသခ်ာေပါက္ ရွံဴးမွာပဲ။”
Grizzly ေအာ္ေျပာလိုက္တယ္။

လက္ထဲမွာ ဓားနက္ၾကီးကို ကိုင္ျပီးေတာ့ နင္ သူ႕ရန္သူ ေအးေအးေဆးေဆး ၾကည့္ေနလိုက္တယ္။

Grizzly ရဲ့ ေၾကာက္မက္ဖြယ္ရာ အေငြ႕အသက္ေတြက သူဟာ အသက္လုတိုက္ပြဲေတြကို မေရမတြက္ႏိုင္ေအာင္ ရင္ဆိုင္ခဲ့ရတယ္ဆိုတာ သက္ေသျပေနတယ္။ ျပီးေတာ့ သူ႕ေဆဘာဓားအစြမ္းဟာ ေဆဘာနဲ႕ တစ္သားတည္းအဆင့္ေရာက္ေနျပီ။ ခႏၶာကိုယ္ကေန ေရႊေရာင္ေတြ ေတာက္ေနတဲ့ ဖင္းေဂါ့ က်င့္စဥ္ဟာ နင္ ထင္တာ မမွားခဲ့ရင္ သူဟာ Eternal Mysteries of the Yellow Earth ထာ၀ရ ဆန္းက်ယ္တဲ့ ကမာၻေျမ၀ါ ဖင္းေဂါ့ က်မ္းကို က်င့္ထားတာပဲ။ နင္က ဂ်ိကလန္ရဲ့ ဖင္းေဂါ့က်င့္စဥ္ ၁၉ ခုလံုးကို ဖတ္ခဲ့ဖူးတယ္ေလ။

“ဒီ Grizzly ဆိုတဲ့ လူဟာ အသက္လုတိုက္ပြဲေပါင္းမ်ားစြာကို ရင္ဆိုင္ခဲ့ဖူးျပီးျပီ။ ျပီးေတာ့ ဖင္းက်င့္စဥ္ က်င့္ထားသူ တစ္ေယာက္ျဖစ္ျပီး ေဆဘာနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ေနျပီ။ ဒါေပမဲ့ သူ႕အေၾကာင္းကို ဘယ္သူမွ မသိၾကဘူး။ သူမ်ိဳးႏြယ္စု ရြာေတြမွာ ေမြးတာ မဟုတ္တာ ေသခ်ာတယ္။ ဒီအရည္အခ်င္းနဲ႕ သာဆို သူဟာ ဂ်ိကလန္ထဲ ေရာက္ေနျပီ။ ၁၀ခ်ိဳး ၉ခ်ိဳးေသခ်ာတာကေတာ့ သူဟာ ဂ်ိလီ လက္သပ္ေမြးျပီး တိတ္တိတ္ေလး ေလ့က်င့္ေပးထားတဲ့ သူပဲ ျဖစ္ရမယ္။”

“ေၾကာက္ေနလား?”
Grizzly ဟာ လက္ထဲမွာ ေဆဘာဓားကို ကိုင္ထားျပီးေတာ့ ဆာေလာင္ေနတဲ့ က်ားတစ္ေကာင္လို ဂ်ိနင္ကို စိုက္ၾကည့္ေနတယ္။ သူ ဂ်ိနင္ကို စတင္ျပီး မတိုက္ခိုက္ခဲ့ဘူး။

နင္ဟာ ဓားနက္ၾကီးကို လက္ထဲ မွာ ျဖည္းျဖည္းခ်င္းလႊဲျပီးေတာ့ ပန္းျခံထဲမွာ လမ္းေလွ်ာက္သလို သာသာယာယာ  ေရွ႕ကို ေလွ်ာက္လာတယ္။ နင္သာ Serpentwing နဲ႕ မေတြ႕ခင္ Grizzly နဲ႕ ရင္ဆိုင္ရရင္ သူေတာ္ေတာ္ ဒုကၡေရာက္မွာ။ ဒါေပမဲ့ Serpentwing ရဲ့ တိုက္ခိုက္မႈကို ခံျပီးလို႕ လေတာင္ေတာ္ေတာ္ၾကာေနျပီ။ နင္ဟာ ေျခသိုင္းဟာ ကမာၻနဲ႕ တစ္သားတည္း အဆင့္ ေရာက္သြားျပီးေတာ့ ဓားသိုင္းေတြကလည္း အမ်ားၾကီး တိုးတက္လာခဲ့တယ္။ေျခသိုင္းမွာ ကမာၻနဲ႕ တစ္သားအဆင့္ကို ေရာက္ဖို႕ အခ်ိန္မ်ားၾကီး ေလ့က်င့္ဖို႕ လိုအပ္တယ္။ ဓားသိုင္းမွာလည္း ကမာၻနဲ႕ တစ္သားအဆင့္ေရာက္ဖို႕ လိုအပ္တာက အတူတူပဲ။ အခုဆို နင္ဟာ ဓားသိုင္းမွာ ကမာၻနဲ႕ တစ္သားတည္း အဆင့္ကို ေရာက္ဖို႕ သိပ္မလိုေတာ့ဘူး။ သူ႕ဓားသိုင္းဟာ လြန္ခဲ့တဲ့ လေတြက အဆင့္မွာ မဟုတ္ေတာ့ဘူး။အခုဆို သူ႕အတြက္ အနီေရာင္ ေကာင္းကင္ကိုးဆင့္ ဖင္းေဂါ့က်င့္စဥ္ကို အသံုးခ်ဖို႕ေတာင္မလိုပဲ ဒီ Grizzly ကို အလြယ္ေလး အႏိုင္ယူႏိုင္ျပီ။

နင္ရဲ့ ဓားဟာ ရုတ္တရက္ လႈပ္ရွားသြားတယ္။

“ဟူး…”
ဓားဟာ မိုးေရစက္ေတြက်သလို လွလွပပ ခုတ္ခ်လာတယ္။

ေငးေမာသြားရေလာက္ေအာင္ကို အရမ္းလွပတယ္။

လူသတ္တဲ့ ဓားသိုင္းကြက္ဟာ လွပမႈကို ပံုေျပာင္းသြားတယ္ဆိုရင္ ဒီဓားသမားဟာ ဘယ္ေလာက္ေတာင္ ျမင့္မားနက္နဲလွတဲ့ ဓားသိုင္းအဆင့္ကို ေရာက္ေနျပီလည္းဆိုတာ သိႏိုင္ပါတယ္။

“ဓားခ်က္ပ်က္စမ္း..”
ေဆဘာၾကီးကို ကိုင္ျပီးေတာ့ Grizzly က မာန္နဲက ေအာ္လိုက္တယ္။ ေဆဘာကေန ေသြးလိုနီရဲ ပ်စ္ေစးေနတဲ့ ဓားလႈိင္းၾကီးေတြ တစ္ခ်က္ျပီးတစ္ခ်က္ နင္ဆီကို တိုး၀င္သြားတယ္။ ငရဲ တစ္ခုလံုးဟာ မ်က္စိတစ္မွိတ္အတြင္းမွာ ဆင္းသက္လာသလို ဒီ ေဆဘာဓားလႈိင္းၾကီးေတြဟာ ငရဲဓားၾကီးေတြသဖြယ္ ပရိတ္သတ္ေတြ ျမင္ရသူေတြအကုန္လံုး ေမွ်ာ္လင့္ခ်က္ေတြ ကင္းမဲ့ကုန္ျပီးေတာ့ သူတို႕ေတြဟာ ဒီဓားခ်က္ေတြနဲ႕ ေသသင့္တယ္လို႕ ထင္ကုန္ၾကတယ္။

“ေသြးငရဲ ေဆဘာသိုင္းကြက္?”
နင္ဟာဓားကို မိုးေရစက္ေလးေတြ လြင့္သြားသလိုမ်ိဳး လႊဲယမ္းလိုက္တယ္။

သူ႕ရဲ့ဓားခ်က္ေတြဟာ မိုးေရစက္ေတြ စုေပါင္းျပီးေတာ့ စမ္းေခ်ာင္းေလး ျဖစ္သြားသလိုမ်ိဳး  စီးဆင္းသြားျပီးေတာ့ Grizzly ကို ၀ိုင္းရံ ရစ္ပတ္ထားလိုက္တယ္။ Grizzly ရဲ့ ေသြးငရဲ ဓားသိုင္း ဘယ္ေလာက္ပဲ ၾကမ္းၾကမ္း၊ ဘယ္ေလာက္ပဲ ေပါက္ကြဲမႈျပင္းျပင္း တလက္လက္ ေရစီးေၾကာင္းဟာ ဆက္ျပီးေတာ့ တသြင္သြင္ စီးဆင္းေနျပီးေတာ့ Grizzly ရဲ့ အစြမ္းေတြကို ဖိႏိွပ္ကာ ဆက္ျပီး ရစ္ပတ္ထားပါတယ္။

Grizzly ဟာ ေရ အက်ဥ္းေထာင္ထဲ အခ်ဳပ္က်ေနတယ္လို႕ ခံစားလာရပါတယ္။ ေနရာ တိုင္းမွာ ေရေတြ ရွိေနျပီးေတာ့ သူ႕ကို တရစ္ရစ္ တင္းက်ပ္ကာ ခ်ဳပ္ေႏွာင္လာပါတယ္။ သူ႕မွာ အရမ္းကို ၾကမ္းတဲ့ ခြန္အားေတြ ရွိေပမဲ့ ဒီ ေရအက်ဥ္းေထာင္ကေန ေဖာက္ထြက္ဖို႕အတြက္ အသံုးခ်လို႕ မရျဖစ္ေနပါတယ္။

“ပ်က္ဆီးစမ္း!”
Grizzly ရဲ့ ေဆဘာဓားခ်က္ေတြ ပိုျပီးေတာ့ ၾကမ္းလာပါတယ္။ သူဟာ ဆက္ျပီးေတာ့ ခ်ဳပ္ေႏွာင္ခံထားရေပမဲ့ သူတစ္ခ်က္မွ မေတြတုန္႕ဆိုင္းခဲ့ပဲ တျဖည္းျဖည္း ပိုျပီး ေၾကာက္စရာေကာင္းလာပါတယ္။

“မင္းရဲ့ ေဆဘာ ဓားစြမ္းဟာ တစ္ကယ္ကို အစြမ္းထက္ပါေပတယ္။”
ဂ်ိနင္ ညင္ညင္သာသာ ေျပာလိုက္တယ္။

ဒီလိုအဆင့္ရွိတဲ့ ရန္သူဟာ သူ႕အတြက္ေတာ့ သိပ္ျပီးေခါင္းခဲစရာမဟုတ္ေသးပါဘူး။ နင္အတြက္ေတာ့ Grizzly ရဲ့ ေဆဘာ ဓားသိုင္းဟာ အသက္လု တိုက္ပြဲေတြကေနျပီးေတာ့ တီထြင္ခဲ့တာတစ္ခုပဲ စိတ္၀င္စားစရာျဖစ္ေနပါတယ္။ ဒါေၾကာင့္ နင္ဟာ သူနဲ႕ ဓားခ်က္ ၁၀ခ်က္ဖလွယ္ျပီး အေတြ႕ၾကံဳတခ်ိဳ႕ရေအာင္ ယူလိုက္တာပါ။ နင္ဟာ ကလန္က စီနီယာ ပညာရွင္ လူၾကီးေတြနဲ႕ သူနဲ႕ ယွဥ္ရင္ သူ႕မွာ အေတြ႕အၾကံဳ လံုလံုေလာက္ေလာက္ မရွိေသးတာကို သူနားလည္ပါတယ္။

“ဟိုင္း…”

နင္ရဲ့ လက္ထဲက ဓားဟာ ရုတ္တရက္ ေရွ႕ကို တေျဖာင့္တည္း ထိုးသြင္းလိုက္ပါတယ္။ ဒီ ဓားထိုးသြင္းလိုက္တဲံ အခ်ိန္မွာ ကမာၻတစ္ခုလံုး တိတ္ဆိတ္သြားပါတယ္။ ဒီ ဓားကေန ျမဴႏွင္းေတြလို အေငြ႕အသက္ေတြ ထြက္လာျပီးေတာ့ ပတ္၀န္းက်င္ ကို လႊမ္းျခံဳသြားပါတယ္။ ဓားခ်က္ဟာ မိုးေရစက္တစ္စက္ အသြင္ ေျပာင္းသြားပါတယ္။ ဒီမိုးေရစက္ဟာ ေဆဘာကို ထိုးေဖာက္သြားျပီးေတာ့ ေဆဘာဟာ တစ္စစီ ေၾကြသြားပါတယ္။ မိုးေရစက္ဟာ မရပ္ပဲ ေက်ာက္တံုးေပၚကို မိုးေရစက္ က်သလို ဆက္ျပီးေတာ့ Grizzly ရဲ့ ရင္၀ကို ဆက္ျပီးေတာ့ တိုး၀င္သြားပါတယ္။
ဖန္း.. ဒုတ္..

အရိုးက်ိဳၚသံ သဲ့သဲ့ ထြက္လာျပီးေတာ့ Grizzly ဟာ ေနာက္ဘက္ မီတာ ေတာ္ေတာ္မ်ားမ်ားကို လြင့္စင္သြားပါတယ္။ ျပီးေတာ့ ျပိဳင္ပြဲ စင္ျမင့္ ေအာက္ေျခေျမၾကီးထဲကို ဆက္ျပီးေတာ့ အရွိန္နဲ႕ က်သြားျပီးေတာ့ ေျမၾကီးေတြ လြင့္စင္ေပါက္ကြဲသြားျပီး ေျမၾကီးေပၚမွာ ခ်ိဳင့္အၾကီးတစ္ခု ျဖစ္လာပါတယ္။

မိုးေရစက္ဓား ကြက္ -  မိုးေရစက္ေက်ာက္တံုးေဖာက္ ဓားကြက္

“အား..”
Grizzly ဟာ ရင္၀ကို လက္နဲကဖိထားျပီးေတာ့ ေသြးတပြက္ အံခ်လိုက္ပါတယ္။

သူ႕ရင္၀ကို သူငံု႕ၾကည့္လိုက္တယ္။ သူ၀တ္ထားတဲ့ ဇင္တ်န္ အဆင့္ မြန္းစတားရဲ့ သားေမြး အက်ၤ ီဟာ ျပဲသြားျပီးေတာ့ သူ႕ ရင္၀မွာ အခ်ိဳင့္ၾကီး ရွိေနပါတယ္။ ရင္ဘတ္ရိုးေတြ က်ိဳးေၾကေနပါတယ္။ ဒါေတာင္ နင္ဟာ သူ႕ရဲ့ အရိုးရွင္းဆံုး သာမာန္ဓားကြက္ကို တံုးေနတဲ့ ဓားရွည္ အနက္ၾကီးနဲ႕ အသံုးျပဳတိုက္ခိုက္လိုက္တာပါ။


ေသာင္းနဲ႕ခ်ီတဲ့ ပြဲၾကည့္ ပရိတ္သတ္ေတြဟာ ရုတ္တရက္ အသံတိတ္သြားၾကပါတယ္။ ျပီးေတာ့မွ ေျမၾကီးေတာင္တုန္သြားတဲ့ အားေပးသံေတြ ထြက္ေပၚလာပါတယ္။ အကုန္လံုး ေပ်ာ္ရႊင္ေနၾကတယ္။ ဒီေကာင္ေလးဟာ  မိုးေရစက္ဓားရဲ့ ဂ်ိရီခၽြမ္ရဲ့ သားပီသပါေပတယ္။ မိုးေရစက္ဓား ဒီလို တဇြတ္ထိုးသူ႕သားကို ၇ေယာက္ ၁ေယာက္ တိုက္ခိုက္ခိုင္းတာ အ့ၾသစရာ မရွိေတာ့ဘူး။ ဒီ ရုပ္ရည္ ေျပျပစ္ ၾကည့္ေကာင္းတဲ့ အေတြ႕အၾကံဳ ႏုနယ္ေသးတဲ့ ဂ်ိသခင္ေလးဟာ အရမ္းကို ေၾကာက္မက္ဖြယ္ရာေကာင္းေနပါတယ္။ သူ႕ရန္သူ ၇ေယာက္လံုးကို အသာအယာ အႏိုင္ယူႏိုင္ပါတယ္။

“ဟား..ဟား..ဟား.”
အေနာက္ဘက္ ဂ်ိကလန္ သခင္ၾကီး ဂ်ိေယာင္က အရမ္းကို ေပ်ာ္ရႊင္စြာနဲ႕ ရယ္ေမာလိုက္ပါတယ္။

သူႏိုင္သြားျပီ။

သူ႕ရဲ့ မ်ိဳးဆက္သစ္က အႏိုင္ရသြားျပီ။ ဂ်ိန္ငဟာ ေရႊဓားကို သိမ္းပိုက္ျပီးေတာ့ ေနာက္တက္လာမဲ့ သခင္ၾကီး ျဖစ္ျပီ။ ဂိုဏ္းခ်ဳပ္ၾကီးေပါ့။

“မိုးေရစက္ေက်ာက္တံုးေဖာက္ ဓားသိုင္း။ အဆင့္ျမင့္ ဓားသိုင္းကြက္….”
ဂ်ိလီ ေဒါသထြက္ျပီး သူ႕ညာဘက္လက္၀ါးကို ညစ္လိုက္တယ္။ ထိုင္ေနတဲ့ ေက်ာက္စားပြဲက လက္ရန္းဟာ အစိတ္စိတ္ အမႊာမႊာ ကြဲေၾကသြားတယ္။

“ဒုတိယညီ..”
အေနာက္ဘက္ သခင္ၾကီး ဂ်ိေယာင္ဟာ သူ႕ညီကို လွည့္ၾကည့္လိုက္တယ္။

လီ သူ႕အကို ၾကီးကို တစ္ခ်က္ၾကည့္ျပီးေတာ့ သူ႕မ်က္ႏွာအမူအရာျပင္လိုက္တျပီး အသံတိုးတိုးနဲ႕ ေျပာလိုက္တယ္။

“သူ အဆင့္ျမင့္ အဆင့္ ဓားသိုင္းကိုေရာက္ေနျပီ။ သူအသက္ ၁၀ႏွစ္ပဲ ရွိေသးေပမဲ့ သူ အဆင့္ျမင့္ အဆင့္ကို ေရာက္ေနျပီးေတာ့ ဂ်ိကလန္ရဲ့ ဓားသိုင္းၾကီး ၅ခုထဲက မိုးေရစက္ဓားသုိင္းကို လည္း ပညာရွင္ အဆင့္ ေရာက္ေနျပီ။ သူဟာသူ႕အေဖထက္ပိုျပီးေတာ့ ၾကမ္းပါတယ္။ အကိုၾကီး မင္းရဲ့ မ်ိဳးဆက္ဟာ ဂ်ိရီခၽြမ္ကို ေမြးထုတ္ခဲ့ျပီးေတာ့ အခုဆို ဂ်ိနင္ကို ထပ္ေမြးလာျပန္ျပီ။ ေကာင္းကင္ဟာ တစ္ကယ့္ကို ငါ့ကို မ်က္ႏွာသာ မေပးခဲ့ဘူး။ ငါရွံဴးသြားျပီ။ ငါဘာမွ ေျပာစရာမရွိေတာ့ဘူး။!!!”


Chapter ၈  ျပီးပါျပီ။

ဆက္ပါဦးမည္>>>>>>
Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode

၇ယောက်လုံးက ဂျိနင်ကို နေရာမျိုးစုံကနေ တစ်ပြိုင်တည်းတိုက်ခိုက်လိုက်ကြတယ်။



သူတို့ ၇ယောက်လုံးဟာ တစ်ယောက်နဲ့ ၇ယောက် တိုက်ခိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့မိကြဘူး။ ဒါပေမဲ့ ဂျိကလန် အုပ်ချုပ်တဲ့ နယ်မြေထဲမှာ အရည်အချင်း အရှိဆုံး ပါရမီရှင် လူငယ်တွေပဲ။ သူတို့တွေဟာ ဂျိနင် ပြိုင်ပွဲကို နောက်ဆုံးနေရာ တန်းရောက်နေတာနဲ့ ပတ်သက်ပြီး မပျော်ရွှင်ကြပေမဲ့ အခုလိုမျိုး ၁ယောက်နဲ့ ၇ယောက် တိုက်ခိုက်ခိုင်းတဲ့အခါမှာ ဂျိနင်အတွက် နည်းနည်း သနားသွားတယ်။ ဒါပေမဲ့ သူတို့အကုန်လုံး ဂျိနင်ကို အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်လိုက်ကြပါတယ်။



နင်ဟာ အရိပ် ၇ခုလုံး သူ့ဆီရောက်လာတဲ့အထိ မလှုပ်မရှား နေရာမှာပဲ ရပ်နေပါတယ်။ သူတို့တွေ ရောက်လာတဲ့အခါ သူ ရွေ့လျားလိုက်ပါတယ်။



လက်နက်မျိုးစုံက အရောင်တွေ သူရပ်နေတဲ့နေရာကို ဖြတ်သွားပါတယ်။ နင်ဟာ လေပြေညင်း တိုက်ခတ်လိုက်သလို ညင်ညင်သာသာ ရွေ့သွားပြီးတော့ ရှောင်တိမ်းသွားပါတယ်။ နင်ရဲ့ လှုပ်ရှားမှုတိုင်းဟာ အပိုအလိုမရှိ ထိန်းချုပ်နိုင်မှု၊ နေရာရွေ့လျားနိုင်မှု၊ မြန်ဆန်မှုတို့စာ အရမ်းကို တိကျလှပါတယ်။ လူငယ် ၇ယောက်လုံးရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေမှာ သူထိခိုက်မှုမရှိပဲ လွတ်မြောက်သွားပါတယ်။



“ဘာ…”



“သူ ရှောင်လိုက်နိုင်တယ်?”



“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလည်း။?”



လူငယ်၇ယောက်လုံး မယုံကြည်နိုင်အောင် ဖြစ်ပြီး တစ်ချက်ရပ်တန့်သွားကြပါတယ်။ အခုအချိန်အထိ နင်ဟာ သူ့ရဲ့ လက်နက်ကို အသုံး မပြုသေးပါဘူး။ သူ့ရဲ့ ခြေကွက်ကို သာ အသုံးပြုပြီးတော့ တိုက်ခိုက်မှုတွေကနေ ရှောင်တိမ်းသွားတာပါ။ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ခြေသိုင်းအစွမ်းဟာ နင်ရဲ့ တည်ငြိမ်မှု ဘယ်လောက်ရှိလဲဆိုတာကို ပြသနေပါတယ်။ ၇ယောက်လုံးရဲ့ စုပေါင်းတိုက်ခိုက်မှုဟာ နင်ရဲ့ အင်္ကျ ီကိုတောင် ထိအောင် မစွမ်းဆောင်နိုင်ပါဘူး။



“အရမ်းမြန်တာပဲ”



“လေ အလျင်အတိုင်းပဲ”



“သူဟာ မိုးရေစက်ဓားရဲ့ သားပီသပါပေတယ်။ အရမ်းကို တော်တယ်။ ငါတောင် သူ့ကို သဲသဲကွဲကွဲ မမြင်ရဘူး။ အရိပ်တွေပဲ မြင်နေရတယ်။”



ပရိတ်သတ်တွေအကုန်လုံးဟာ စိတ်လှုပ်ရှားလာကြတယ်။ ဒီလိုဒေသမှာ လူတိုင်းဟာ ငယ်ငယ်လေးထဲက သိုင်းပညာကို လေ့ကျင့်တတ်မြောက်ထားကြတယ်။  သူတို့တွေအကုန်လုံးဟာ အတွေ့ အကြုံ ရှိသူတွေပဲ။ ဒါပေမဲ့ သူတို့တော်တော်များများ အရိပ်တွေပဲ မြင်ကြရတယ်။ နင်ရဲ့ လှုပ်ရှားမှုဟာ ဘယ်လောက်မြန်လည်းဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။



..



နင်ဟာ စင်မြင့်ရဲ့ တခြားတစ်ဖက်မှာ ခဏရပ်လိုက်တယ်။



“ပြိုင်ဘက် ၇ယောက်လုံးဟာ ငါ့ ရဲ့ဓားကို ထုတ်ပြီး သုံးစေလောက်အောင် အစွမ်းမထက်သေးဘူး။ သူတို့ရဲ့ ခြေသိုင်းတွေဟာ ငါ့ရဲ့ အဆင့်နဲ့ယှဉ်ရင် နိမ့်နေသေးတယ်။”

နင် ၇ယောက်လုံးကိုတစ်ချက်ကြည့်လိုက်တယ်။ ဒီအချိန်တိုအတွင်းမှာ သူ့ပြိုင်ဘက်တွေရဲ့ ခြေလှမ်းသိုင်း ဘယ်အဆင့်လောက် ရှိလည်းဆိုတာကို သူလေ့လာကြည့်လိုက်တာလေ။



“အင်း .. ၂ယောက်ကတော့ အဆင့်မြင့် အဆင့်ကို ရောက်နေပြီ။ တစ်ယောက်က ချိတ်ကောက်တုတ်ကိုင်ထားတဲ့ လူငယ် နဲ့ နောက်တစ်ယောက်က ရွှေရောင် သားမွေးနဲ့ တစ်ယောက်ပဲ။ ပထမ ငါရခဲ့တဲ့ သတင်းတွေက မှားနေပြီ။”



သူ့အဖေက တဇွတ်ထိုးဆန်ပေမဲ့ နင်ကတော့ သူ့လူတွေလွှတ်ပြီးတော့ ပြိုင်ဘက် ၇ယောက်ရဲ့ အကြောင်းတွေကို သေချာလေ့လာထားခဲ့တယ်။ သူသိတာက ချိတ်ကောက်တုတ် ကိုင်ထားတဲ့ လူငယ်ပဲ အဆင့်မြင့် ခြေသိုင်းအဆင့်ကို ရောက်တာသိခဲ့တယ်။ ဒီရွှေရောင်သားမွေးနဲ့ လူငယ် ဒီလောက် အဆင့်မြင့်တဲ့အထိ ရောက်နေတယ်လို့ သူမထင်မိခဲ့ဘူး။



“ဒါပေမဲ့ သူတို့ရဲ့ ခြေသိုင်းတွေဟာ ငါ့အဆင့်ထက်တော့ တော်တော် weak သေးတယ်။”

နင်ပြုံးပြလိုက်တယ်။



သူက ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်နေပြီလေ။ ဒီပြိုင်ပွဲစင်မြင့်ပေါ်မှာတောင် သူဟာ အဆင့်မြင့်ခြေသိုင်းအဆင့်ကို ပဲ အသုံးပြုခဲ့တယ်။ ဒါပေမဲ့ သူ့ခြေသိုင်းက အရမ်းကို ပြည့်စုံလွန်းနေတယ်။ ပြီးတော့ သူဟာ လေအရိပ်ခြေလှမ်းသိုင်းကိုလည်းအဆင့်တော်တော်မြင့်တဲ့အထိ ကျင့်ထားသေးတယ်။ ဒါကြောင့်သူ ပြိုင်ပွဲမှာ အသာရနေတာ ပေါ့။



“သူ့ကို ဝိုင်းပိတ်တိုက်ခိုက်ကြ။”



“သူ့ခြေကွက် ထုတ်သုံးဖို့ အချိန် မပေးကြနဲ့”



“အားလုံး တစ်ပြိုင်တည်း တိုက်ကြ။”



၇ယောက်လုံး သူကို တစ်ခါ တစ်ပြိုင်တည်း ဝင်တိုက်ခိုက်လိုက်ကြတယ်။



ဒါပေမဲ့ နင်က သူတို့ဆီကို ဖြည်းဖြည်းချင်း လျှောက်လှမ်းလာတယ်။



မျက်စိတစ်မှိတ် အတွင်မှာ နင် နဲ့ လူငယ် ၇ယောက် ထိပ်တိုက်ရင်ဆိုင်တွေကလိုက်ကြတယ်။ လက်နက်မျိုးစုံအရောင်တွေ လေထဲမှာ လက်သွားတယ်။ ဒါပေမဲ့ နင်ဟာ လမ်းလျှောက်ထွက်နေသလိုမျိုး အေးအေးလေး လျှောက်ထွက်လာတယ်။ သူ့လက်ထဲက ဓားရှည်ဟာ ကြာပွတ်လိုဖြစ်သွားပြီးတော့ သူ့အတွင်းအား အကုန်လုံးကို ဓားဦးထိပ်ကို ပို့လိုက်ပြီး တိုက်ခိုက်လိုက်တယ်။ ရွှေဓားပြိုင်ပွဲမှာ အသေအပျောက်နည်းအောင် လက်နက်အားလုံးကို အသွားမပါတာ တုံးနေတာပဲ အသုံးပြုခွင့်ရှိတယ်။ဒါကြောင့် လက်နက်တွေဟာ ခုတ်တာ ၊ လွဲတာ နဲ့ ရိုက်တာတွေမှာ သုံးလို့ အဆင်ပြေတယ်။



မြန်ဆန်မှု!



နင်ရဲ့ဓားဟာ အရမ်းကို မြန်လွန်းတဲ့အတွက် မြင်ရတဲ့လူတွေအကုန်လုံး တုန်လှုပ်သွားတယ်။



နင်ဟာ ၇ယောက်လုံးရဲ့ စုပေါင်းတိုက်ခိုက်မှုကနေ လျှောက်ထွက်လာခဲ့ပြီးတော့ တစ်ချိန်တည်းမှာပဲ မိုးကြိုးလိုမြန်တဲ့ ကြာပွတ်ရိုက်သလို တိုက်ခိုက်မှုနဲ့ တိုက်ခိုက်လိုက်တယ်။



ဖန်း..ဖန်း..ဖ.န်း..ဖန်း..ဖန်း



လူ ၅ယောက်ဟာ ကြာပွတ်လို ရိုက်ချက်တွေအောက်မှာ မီတာ ၃၀လောက်ကို လွင့်သွားပြီးတော့ မြေကြီးပေါ် လဲကျသွားတယ်။ အကုန်လုံးဟာ ဖုန်မှုန့်တွေနဲ့ မြေကြီးပေါ်ကနေ ကုန်းရုံးထလာကြတယ်။ တစ်ချို့ကတော့ ရင်ဘတ်ကို ဖိထားပြီးတော့ သွေးအနည်းငယ် အန်ထုတ်လိုက်ကြတယ်။ တစ်ချို့ မျက်နှာမှာတော့ ဒဏ်ရာတွေရှိနေပြီးတော့ သူတို့တွေအားလုံးရဲ့ မျက်နှာမှာ မယုံကြည်နိုင်မှုတွေ ပေါ်နေတယ်။ ဘာလို့လည်းဆိုတော့ သူတို့တွေ နင်ရဲ့တိုက်ခိုက်မှုကို ရှင်းရှင်းကြီးမြင်တဲ့အတွက် ခုခံဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲံ ဘယ်သူမှ နင်ရဲ့ ဓားကို ထိအောင် ခုခံကာကွယ်လို့ မရခဲ့ဘူး။



သူတို့တွေ ထိလို့တောင်မရစေပဲနဲ့ နင်က သူတို့ကို အဝေးကို လွင့်သွားစေခဲ့တယ်။


“ဓားနဲ့ တစ်သားတည်းအဆင့်…”

ဒီ လူငယ် ၅ယောက်လုံး နင်ရဲ့ ဓားသိုင်းဟာ ဘယ်အဆင့်အထိ ရောက်နေပြီလည်းဆိုတာ နားလည်သွားတယ်။ သူတို့ကြားက ကွာခြားချက်က မိုးနဲ့ မြေလိုပါပဲ။



အခုတော့ လူငယ် ၃ယောက်ပဲ စင်မြင့်ပေါ်မှာ ကျန်ပါတော့တယ်။



……



လက်ထဲမှာ အနက်ရောင်ဓားရှည်ကို ကိုင်ထားပြီးတော့ နင်ဟာ လခြမ်းကွေးဓား ( ချိတ်ကောက် တုတ်လက်နက်ကိုင်) (တစ်ချက်ပြင်ဆင်ဖတ်ပေးရန်) (scimitar လို့ ခေါ်တဲ့ ဓားတိုဟာ အသွားကွေးပြီးတော့ အဖျားကို ကျယ်သွားတဲ့ ဓားတစ်မျိုးပဲ) (နာမည်သတ်သတ် ပြောရခက်တယ်) ထားတဲ့ လူငယ်နဲ့ ရွှေရောင်သားမွေးနဲ့ လူငယ်ကို တစ်ချက် အကဲခတ်လိုက်တယ်။


“ငါ သူတို့အားလုံးကို တစ်ချက်စီ ရိုက်လိုက်တာ သူတို့ ၂ယောက်က ငါ့ဓားကို ထိအောင် ကာကွယ်လိုက်နိုင်တယ်။ လခြမ်းကွေးဓား ကိုင်ထားတဲ့ လူငယ်ရဲ့ ဓားချက်ဟာ အရမ်းကို မြန်ပေမဲ့ သူက အဆင့်မြင့်ဓားပညာရှင်အဆင့်ကို မရောက်သေးဘူး။ ရွှေရောင်နဲ့ တစ်ယောက်ကတော့ saber (ဓားလက်နက်တစ်မျိုးလို့ပဲ မှတ်လိုက်ပေါ့။ ဆန်းကြယ်တဲ့ ဓားလို့လည်းပြောလို့ရတယ်။ ဓားကောက်လို့လည်းပြောလို့ရတယ်။) နဲ့ တစ်သားတည်း အဆင့်ကို ရောက်သွားပြီ။”


“သခင်လေး ဂျိ။ ကျွန်တော့နာမည်ကို Grizzly လို့ခေါ်ပါတယ်။ ဂျိ Grizzly ပါ။ သခင်လေးကို အနိုင်တိုက်မဲ့လူဟာ ကျွန်တော် Grizzly ပါပဲ။”



လခြမ်းကွေးဓား ကိုင်ထားတဲ့ လူငယ် မျက်နှာပျက်သွားတယ်။
“ဒါဆို ငါဟာ ဒီမျိုးနွယ်စုတွေ အားလုံးထဲမှာ အစွမ်းအထက်ဆုံး မဟုတ်တော့ဘူးပေါ့။ ငါ့ထက် အစွမ်းထက်တဲ့ သူ၂ယောက်တောင် ငါ့ရှေ့မှာ ရှိနေပြီ။ ဒီ Grizzly တောင် ဆေဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်နေပြီ။”



သူဟာ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ပြီး ငယ်ငယ်လေးထဲကနေ နှစ်ပေါင်းများစွာ သိုင်းပညာကို လေ့ကျင့်ခဲ့တယ်။



သူဟာ အရမ်းကို အဆင့်နိမ့်တဲ့အတွက် အရမ်းကို အစွမ်းထက်လွန်းတဲ့ ဆေဘာသိုင်းကျမ်းတွေကို ရဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်ခဲ့တယ်။ ဒါကြောင့်သူဟာ သိမ်မွေ့နက်နဲတဲ့ ဆေဘာသိုင်းကျမ်းတွေ ရယူဖို့ကို လက်လျှော့လိုက်ပြီးတော့ သူ့ဓားရဲ့ မြန်ဆန်မှုကိုပဲ အာရုံစိုက်ခဲ့တယ်။ သူ့ဆေဘာဟာ အရမ်းကို မြန်တယ်။ မြန်သည်ထက်မြန်အောင်လည်း သူကြိုးစားခဲ့တယ်။ ပြီးတော့ သူ့ရဲ့မြန်ဆန်လွန်းတဲ့ တိုက်ခိုက်မှုကို အဆင့်မြင့် ခြေလှမ်းသိုင်းနဲ့ ပေါင်းစပ်ပြီး အသုံးပြုလိုက်တယ်။ သူရဲ့ ဒီလို တိုက်ခိုက်မှုမှာ တခြားလူငယ်တွေအကုန်လုံး ရှုံးနိမ့်ကုန်ကြတယ်။



သူအခုတော့ သူ့ရဲ့ အစွမ်းထက်မှုဟာ ဒီ ဂျိကလန်က မိုးရေစက်ဓားရဲ့သား ဂျိသခင်လေးတစ်ယောက်တည်းကို မနိုင်တာမဟုတ်ပဲ ရွှေရောင်သားမွေးနဲ့ လူငယ်ကိုပါ မနိုင်နိုင်တာကို သိလိုက်ပြီး အရမ်းအံ့သြသွားတယ်။


“ဂျိနင်.. မင်းငါ့ထက် ပိုပြီးတော့ အစွမ်းထက်တာ ငါသိပါတယ်။ ဒါပေမဲ့ မင်းငါ့ရဲ့ ဆေဘာ ဓားချက် ၃ချက်တိုက်ခိုက်မှုကို လက်ခံစေချင်တယ်။ ငါ့ရဲ့ ဒီဓားချက် ၃ချက်ကိုပဲ လက်ခံပေးပါ. Grizzly မင်းဒီအချိန်မှာ ဝင်မရှုပ်ပါနဲ့။”

လခြမ်းဓားနဲ့ လူငယ်က ပြောလိုက်တယ်။



Grizzly က မထုံတတ်သေး ရပ်နေလိုက်တယ်။ သူ့မျက်နှာမှာ အေးစက်စက် အပြုံး ပေါ်လာတယ်။ ဒီ လခြမ်းကွေးဓား ကိုင်ထားတဲ့ လူငယ်ဟာ သူ့ထက်တောင် weak သေးတယ်။ ပြီးတော့ နင်ရဲ့ ခြေလှမ်းသိုင်းဟာ အရမ်းကို အဆင့်မြင့်တယ်။ သူ့ကို ဘယ်လိုမှ ပူးပေါင်းပြီးတိုက်ခိုက်လို့ မရနိုင်ဘူး။ ဒါကြောင့် ဒီလခြမ်းကွေးဓားကိုင်ထားတဲ့ လူငယ် သူ့ဖာသာသူ ရီစရာလမ်းကို လျှောက်နေတာ လွှတ်ထားလိုက်တယ်။



နင် တစ်ခုခုကိုတွေးမိပြီးတော့ ဓားကောက်ကိုင်ထားတဲ့ လူငယ်ကို လေ့လာလိုက်တယ်။ သူ ဒီလခြမ်းကွေးဓားကိုင်ထားတဲ့ လူငယ်ဟာ ထူးခြားတဲ့ လျှို့ဝှက်ချက် တစ်ခုခုရှိနေမယ်ဆိုတာ ခံစားလိုက်မိတယ်။



“ကောင်းပြီ။”

နင်ခေါင်းညိတ်လိုက်တယ်။



“ဟိုင်း..”

လခြမ်းကွေးဓားကိုင်ထားတဲ့လူငယ်ဟာ ရှေ့ကို တိုးပြီး တိုက်ခိုက်လိုက်တယ်။ သူ့ကို အရိပ်ပဲ မြင်ရတော့တယ်။ သူ့မျက်လုံးတွေဟာ ဝံပုလွေမျက်လုံးတွေလို သတ်ဖြတ်ချင်မှုတွေနဲ့ ပြည့်နေတယ်။ သူနင်အနီး ရောက်လာတော့ သူ့ဓားကို ဆွဲထုတ်တိုက်ခိုက်လိုက်တယ်။ လခြမ်းကွေးဓားဟာ အရောင်တွေ ဖြာသွားပြီးတော့ ပထမဆုံး တိုက်ကွက်ဟာ နင်ရဲ့ လည်ပင်းဆီကို ဦးတည်သွားတယ်။ ပြောရရင်တော့ ဒီဓားတွေဟာ တုံးနေတဲ့အတွက် ဒီလိုမျိုး ခုတ်ဖြတ်တဲ့ သိုင်းကွက်ဟာ သိပ်တော့ အဆင်မပြေလှပါဘူး။



ဒါပေမဲ့ ဒီ လခြမ်းကွေးဓားကိုင်ထားတဲ့ လူငယ်ဟာ သူ့ရဲ့ အစွမ်းအထက်ဆုံးသိုင်းကွက်တွေကို ပြသချင်နေတာပါ။



“နောက်ဆုတ်လိုက်တယ်…”

နင်ဟာ လေလိုမျိုးပဲ အနောက်ကို ခြေတစ်လှမ်း လှမ်းလိုက်တယ်။ ဓားဟာ သူ့ခန္ဓာကိုယ်ရှေ့ကနေ မထိပဲ သီသီလေး ဖြတ်သွားတယ်။



“ယိစ်.”



ရုတ်တရက် လခြမ်းကွေးကိုင်ထားတဲ့ လူငယ်ဟာ သူ့လက်ကို လှန်လိုက်ပြီး နောက်တစ်ချက်တိုက်ခိုက်လိုက်တယ်။ သူ့ဓားချက်ဟာ အရမ်းကို ပိုမြန်လာတယ်။ ဒီဓားချက်ဟာ နင်ရဲ့ လည်ပင်းနေရာကို ပထမဓားချက်နဲ့ ဦးတည်ချက် ဆန့်ကျင်ဘက်ကနေ တိုးဝင်လာတယ်။ နင်ကတော့ တစ်ချက်ခုန်ရှောင်လိုက်တယ်။ ဒီဓားချက်ကတော့ နည်းနည်း ရှောင်တိမ်းရ ခက်ခဲစပြုလာတယ်။ သူသာ အဆင့်မြင့် ခြေသိုင်းကိုပဲ ဆက်သုံးနေရင် လူငယ်ရဲ့ ဓားချက်ကလည်း ပိုပြီးတော့ မြန်လာရင် နင်သူ့ရဲ့ဓားကို ထုတ်သုံးမှ ကာကွယ်နိုင်တော့မယ်။ ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ဘူး။



“ရွှစ်…”

သူ့လက်ထဲက ဓားရောင် တစ်ချက်လက်သွားပြီးတော့ ဓားချက်ဟာ ပိုမြန်ဆန်လာတယ်။ ချက်ခြင်းပဲ နင်ရဲ့ မျက်လုံးအနီးကို ဓားကရောက်လာတယ်။



တတိယ ဆေဘာဓားချက် - ဆေဘာဓားပျံ



ဆေဘာဓားပျံဟာ လေထဲမှာ လည်နေပြီးတော့ ပထမဓား၂ချက်ရဲ့ အားအလျင်ကို ယူပြီး အံ့မခန်းတဲ့ အရှိန်ကို ရရှိလာတယ်။ နော်ကဆုံဆေဘာဓားပျံဟာ အရမ်းကို မြန်ဆန်လွန်းတယ်။ နင်စဉ်းစားမနေပဲ သူ့ဓားနဲ့ ကာကွယ်လိုက်တယ်။



“ချွမ်..”

ဓားရှည်နဲ့ လခြမ်းကွေးဓား ရိုက်မိကြပြီးတော့ လခြမ်းကွေးဓား အဝေးကို လွင့်ထွက်သွားတယ်။ နော်ကကလူငယ်ရဲ့ လက်ထဲကို ပြန်ရောက်သွားတယ်။



လခြမ်းကွေးဓားနဲ့ လူငယ်က

“ကျွန်တော် ရှုံးသွားပါပြီ။”



သူ ပြိုင်ပွဲစင်မြင့်ကနေ ခုန်ဆင်းသွားတယ်။ ဒီလခြမ်းကွေးဓားကိုင်ထားတဲ့ လူငယ်ဟာ သူနဲ့ ဂျိနင်နဲ့ အဆင့်မတူမှန်း နားလည်ပါတယ်။ ဂျိနင်ဟာ ဂျိကလန်ရဲ့ သိမ်မွေ့နက်နဲတဲ့ ဓားပညာတွေကို ကျင့်ထားရုံမကပဲ ဓားနဲ့ တစ်သားတည်းအဆင့်ကို ရောက်နေပါပြီ။ ဒီလူငယ်အတွက် ဂျိနင်ကို ထိခိုက်အောင် ဘယ်လိုမှ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဂျိနင်က သူ့တိုက်ကွက် ၃ကွက်ကို လက်ခံပေးတဲ့အတွက် သူအရမ်းကိုကျေနပ်သွားပါတယ်။ သူ့ရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက် ၃ကွက်ကို စင်ြ့မင့်မှာ ပြသခွင့်ရခဲ့တယ်လေ။



“ဒီ လခြမ်းကွေးဓား ကိုင်ထားတဲ့ လူငယ်ကို ဂျိကလန်ကို အမြန်ဆုံး ဝင်ဖို့ သွားပြောလိုက်စမ်း။ သူ့မှာ ဇင်တျန်အဆင့်ကို ရောက်နိုင်ဖို့ အလားအလာ ရှိနေတယ်။”

အဝေးမှာ ကြည့်နေတဲ့ ကလန်ခေါင်းဆောင် ဂျိယောင်က သူ့ရဲ့ ကိုယ်ရံတော်တစ်ယောက်ကို ပြောလိုက်တယ်။



“ဟုတ်ကဲ့ သခင်ကြီး”



…..



စင်မြင့်ပေါ်မှာတော့ ဂျိနင်နဲ့ Grizzly ပဲ ကျန်ခဲ့တော့တယ်။



Grizzly မျက်လုံးကနေ ရွှေရောင်အလင်းတွေ တောက်လာပြီးတော့ ဂျိနင်ကို စိုက်ကြည့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ရွှေရောင် ဖျော့ဖျော့ အလင်းတွေထွက်လာပြီးတော့ ကြောက်မက်ဖွယ် အငွေ့အသက်တွေ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတယ်။ ဒီလိုဖြစ်တာကို မြင်လိုက်ရတော့ ဂျိနင် မျက်မှောင်ကြုတ်သွားတယ်။



“ဟင်.. ဒီ Grizzly ကလည်း ဖင်းဂေါ့ကျင့်စဉ် ကျင့်ထားသူတစ်ယောက်ပဲ။ သူလည်း အဆင့်တော်တော်မြင့်မြင့်ကို ရောက်နေပြီ။”



“ဂျိနင်.. မင်းရဲ့ခြေကွက်တွေက ငါ့ခြေကွက်တွေထက် ပိုပြီး အစွမ်းထက်တယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့ ဒီနေ့ဟာ  ဘယ်သူက အစွမ်းအထက်ဆုံး ဖြစ်သလည်းဆိုတာ ဆုံးဖြတ်တဲ့နေ့ပဲ။ မင်း ထွက်ပြေးနေရုံနဲ့ ရွှေဓားကို ပိုင်ဆိုင်ဖို့ လမ်းမမြင်ဘူး။ မင်း ငါ့ကို ထိပ်တိုက်ရင်ဆိုင်မှသာ ရမှာ။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ မင်းသေချာပေါက် ရှူံးမှာပဲ။”

Grizzly အော်ပြောလိုက်တယ်။



လက်ထဲမှာ ဓားနက်ကြီးကို ကိုင်ပြီးတော့ နင် သူ့ရန်သူ အေးအေးဆေးဆေး ကြည့်နေလိုက်တယ်။



Grizzly ရဲ့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တွေက သူဟာ အသက်လုတိုက်ပွဲတွေကို မရေမတွက်နိုင်အောင် ရင်ဆိုင်ခဲ့ရတယ်ဆိုတာ သက်သေပြနေတယ်။ ပြီးတော့ သူ့ဆေဘာဓားအစွမ်းဟာ ဆေဘာနဲ့ တစ်သားတည်းအဆင့်ရောက်နေပြီ။ ခန္ဓာကိုယ်ကနေ ရွှေရောင်တွေ တောက်နေတဲ့ ဖင်းဂေါ့ ကျင့်စဉ်ဟာ နင် ထင်တာ မမှားခဲ့ရင် သူဟာ Eternal Mysteries of the Yellow Earth ထာဝရ ဆန်းကျယ်တဲ့ ကမ္ဘာမြေဝါ ဖင်းဂေါ့ ကျမ်းကို ကျင့်ထားတာပဲ။ နင်က ဂျိကလန်ရဲ့ ဖင်းဂေါ့ကျင့်စဉ် ၁၉ ခုလုံးကို ဖတ်ခဲ့ဖူးတယ်လေ။



“ဒီ Grizzly ဆိုတဲ့ လူဟာ အသက်လုတိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူးပြီးပြီ။ ပြီးတော့ ဖင်းကျင့်စဉ် ကျင့်ထားသူ တစ်ယောက်ဖြစ်ပြီး ဆေဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်နေပြီ။ ဒါပေမဲ့ သူ့အကြောင်းကို ဘယ်သူမှ မသိကြဘူး။ သူမျိုးနွယ်စု ရွာတွေမှာ မွေးတာ မဟုတ်တာ သေချာတယ်။ ဒီအရည်အချင်းနဲ့ သာဆို သူဟာ ဂျိကလန်ထဲ ရောက်နေပြီ။ ၁၀ချိုး ၉ချိုးသေချာတာကတော့ သူဟာ ဂျိလီ လက်သပ်မွေးပြီး တိတ်တိတ်လေး လေ့ကျင့်ပေးထားတဲ့ သူပဲ ဖြစ်ရမယ်။”



“ကြောက်နေလား?”

Grizzly ဟာ လက်ထဲမှာ ဆေဘာဓားကို ကိုင်ထားပြီးတော့ ဆာလောင်နေတဲ့ ကျားတစ်ကောင်လို ဂျိနင်ကို စိုက်ကြည့်နေတယ်။ သူ ဂျိနင်ကို စတင်ပြီး မတိုက်ခိုက်ခဲ့ဘူး။



နင်ဟာ ဓားနက်ကြီးကို လက်ထဲ မှာ ဖြည်းဖြည်းချင်းလွှဲပြီးတော့ ပန်းခြံထဲမှာ လမ်းလျှောက်သလို သာသာယာယာ  ရှေ့ကို လျှောက်လာတယ်။ နင်သာ Serpentwing နဲ့ မတွေ့ခင် Grizzly နဲ့ ရင်ဆိုင်ရရင် သူတော်တော် ဒုက္ခရောက်မှာ။ ဒါပေမဲ့ Serpentwing ရဲ့ တိုက်ခိုက်မှုကို ခံပြီးလို့ လတောင်တော်တော်ကြာနေပြီ။ နင်ဟာ ခြေသိုင်းဟာ ကမ္ဘာနဲ့ တစ်သားတည်း အဆင့် ရောက်သွားပြီးတော့ ဓားသိုင်းတွေကလည်း အများကြီး တိုးတက်လာခဲ့တယ်။ခြေသိုင်းမှာ ကမ္ဘာနဲ့ တစ်သားအဆင့်ကို ရောက်ဖို့ အချိန်များကြီး လေ့ကျင့်ဖို့ လိုအပ်တယ်။ ဓားသိုင်းမှာလည်း ကမ္ဘာနဲ့ တစ်သားအဆင့်ရောက်ဖို့ လိုအပ်တာက အတူတူပဲ။ အခုဆို နင်ဟာ ဓားသိုင်းမှာ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး။ သူ့ဓားသိုင်းဟာ လွန်ခဲ့တဲ့ လတွေက အဆင့်မှာ မဟုတ်တော့ဘူး။အခုဆို သူ့အတွက် အနီရောင် ကောင်းကင်ကိုးဆင့် ဖင်းဂေါ့ကျင့်စဉ်ကို အသုံးချဖို့တောင်မလိုပဲ ဒီ Grizzly ကို အလွယ်လေး အနိုင်ယူနိုင်ပြီ။



နင်ရဲ့ ဓားဟာ ရုတ်တရက် လှုပ်ရှားသွားတယ်။



“ဟူး…”

ဓားဟာ မိုးရေစက်တွေကျသလို လှလှပပ ခုတ်ချလာတယ်။



ငေးမောသွားရလောက်အောင်ကို အရမ်းလှပတယ်။



လူသတ်တဲ့ ဓားသိုင်းကွက်ဟာ လှပမှုကို ပုံပြောင်းသွားတယ်ဆိုရင် ဒီဓားသမားဟာ ဘယ်လောက်တောင် မြင့်မားနက်နဲလှတဲ့ ဓားသိုင်းအဆင့်ကို ရောက်နေပြီလည်းဆိုတာ သိနိုင်ပါတယ်။



“ဓားချက်ပျက်စမ်း..”

ဆေဘာကြီးကို ကိုင်ပြီးတော့ Grizzly က မာန်နဲက အော်လိုက်တယ်။ ဆေဘာကနေ သွေးလိုနီရဲ ပျစ်စေးနေတဲ့ ဓားလှိုင်းကြီးတွေ တစ်ချက်ပြီးတစ်ချက် နင်ဆီကို တိုးဝင်သွားတယ်။ ငရဲ တစ်ခုလုံးဟာ မျက်စိတစ်မှိတ်အတွင်းမှာ ဆင်းသက်လာသလို ဒီ ဆေဘာဓားလှိုင်းကြီးတွေဟာ ငရဲဓားကြီးတွေသဖွယ် ပရိတ်သတ်တွေ မြင်ရသူတွေအကုန်လုံး မျှော်လင့်ချက်တွေ ကင်းမဲ့ကုန်ပြီးတော့ သူတို့တွေဟာ ဒီဓားချက်တွေနဲ့ သေသင့်တယ်လို့ ထင်ကုန်ကြတယ်။



“သွေးငရဲ ဆေဘာသိုင်းကွက်?”

နင်ဟာဓားကို မိုးရေစက်လေးတွေ လွင့်သွားသလိုမျိုး လွှဲယမ်းလိုက်တယ်။



သူ့ရဲ့ဓားချက်တွေဟာ မိုးရေစက်တွေ စုပေါင်းပြီးတော့ စမ်းချောင်းလေး ဖြစ်သွားသလိုမျိုး  စီးဆင်းသွားပြီးတော့ Grizzly ကို ဝိုင်းရံ ရစ်ပတ်ထားလိုက်တယ်။ Grizzly ရဲ့ သွေးငရဲ ဓားသိုင်း ဘယ်လောက်ပဲ ကြမ်းကြမ်း၊ ဘယ်လောက်ပဲ ပေါက်ကွဲမှုပြင်းပြင်း တလက်လက် ရေစီးကြောင်းဟာ ဆက်ပြီးတော့ တသွင်သွင် စီးဆင်းနေပြီးတော့ Grizzly ရဲ့ အစွမ်းတွေကို ဖိနှိပ်ကာ ဆက်ပြီး ရစ်ပတ်ထားပါတယ်။



Grizzly ဟာ ရေ အကျဉ်းထောင်ထဲ အချုပ်ကျနေတယ်လို့ ခံစားလာရပါတယ်။ နေရာ တိုင်းမှာ ရေတွေ ရှိနေပြီးတော့ သူ့ကို တရစ်ရစ် တင်းကျပ်ကာ ချုပ်နှောင်လာပါတယ်။ သူ့မှာ အရမ်းကို ကြမ်းတဲ့ ခွန်အားတွေ ရှိပေမဲ့ ဒီ ရေအကျဉ်းထောင်ကနေ ဖောက်ထွက်ဖို့အတွက် အသုံးချလို့ မရဖြစ်နေပါတယ်။



“ပျက်ဆီးစမ်း!”

Grizzly ရဲ့ ဆေဘာဓားချက်တွေ ပိုပြီးတော့ ကြမ်းလာပါတယ်။ သူဟာ ဆက်ပြီးတော့ ချုပ်နှောင်ခံထားရပေမဲ့ သူတစ်ချက်မှ မတွေတုန့်ဆိုင်းခဲ့ပဲ တဖြည်းဖြည်း ပိုပြီး ကြောက်စရာကောင်းလာပါတယ်။



“မင်းရဲ့ ဆေဘာ ဓားစွမ်းဟာ တစ်ကယ်ကို အစွမ်းထက်ပါပေတယ်။”

ဂျိနင် ညင်ညင်သာသာ ပြောလိုက်တယ်။



ဒီလိုအဆင့်ရှိတဲ့ ရန်သူဟာ သူ့အတွက်တော့ သိပ်ပြီးခေါင်းခဲစရာမဟုတ်သေးပါဘူး။ နင်အတွက်တော့ Grizzly ရဲ့ ဆေဘာ ဓားသိုင်းဟာ အသက်လု တိုက်ပွဲတွေကနေပြီးတော့ တီထွင်ခဲ့တာတစ်ခုပဲ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ဒါကြောင့် နင်ဟာ သူနဲ့ ဓားချက် ၁၀ချက်ဖလှယ်ပြီး အတွေ့ကြုံတချို့ရအောင် ယူလိုက်တာပါ။ နင်ဟာ ကလန်က စီနီယာ ပညာရှင် လူကြီးတွေနဲ့ သူနဲ့ ယှဉ်ရင် သူ့မှာ အတွေ့အကြုံ လုံလုံလောက်လောက် မရှိသေးတာကို သူနားလည်ပါတယ်။



“ဟိုင်း…”



နင်ရဲ့ လက်ထဲက ဓားဟာ ရုတ်တရက် ရှေ့ကို တဖြောင့်တည်း ထိုးသွင်းလိုက်ပါတယ်။ ဒီ ဓားထိုးသွင်းလိုက်တဲံ အချိန်မှာ ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ ဒီ ဓားကနေ မြူနှင်းတွေလို အငွေ့အသက်တွေ ထွက်လာပြီးတော့ ပတ်ဝန်းကျင် ကို လွှမ်းခြုံသွားပါတယ်။ ဓားချက်ဟာ မိုးရေစက်တစ်စက် အသွင် ပြောင်းသွားပါတယ်။ ဒီမိုးရေစက်ဟာ ဆေဘာကို ထိုးဖောက်သွားပြီးတော့ ဆေဘာဟာ တစ်စစီ ကြွေသွားပါတယ်။ မိုးရေစက်ဟာ မရပ်ပဲ ကျောက်တုံးပေါ်ကို မိုးရေစက် ကျသလို ဆက်ပြီးတော့ Grizzly ရဲ့ ရင်ဝကို ဆက်ပြီးတော့ တိုးဝင်သွားပါတယ်။

ဖန်း.. ဒုတ်..



အရိုးကျိုါ်သံ သဲ့သဲ့ ထွက်လာပြီးတော့ Grizzly ဟာ နောက်ဘက် မီတာ တော်တော်များများကို လွင့်စင်သွားပါတယ်။ ပြီးတော့ ပြိုင်ပွဲ စင်မြင့် အောက်ခြေမြေကြီးထဲကို ဆက်ပြီးတော့ အရှိန်နဲ့ ကျသွားပြီးတော့ မြေကြီးတွေ လွင့်စင်ပေါက်ကွဲသွားပြီး မြေကြီးပေါ်မှာ ချိုင့်အကြီးတစ်ခု ဖြစ်လာပါတယ်။



မိုးရေစက်ဓား ကွက် -  မိုးရေစက်ကျောက်တုံးဖောက် ဓားကွက်



“အား..”

Grizzly ဟာ ရင်ဝကို လက်နဲကဖိထားပြီးတော့ သွေးတပွက် အံချလိုက်ပါတယ်။



သူ့ရင်ဝကို သူငုံ့ကြည့်လိုက်တယ်။ သူဝတ်ထားတဲ့ ဇင်တျန် အဆင့် မွန်းစတားရဲ့ သားမွေး အင်္ကျ ီဟာ ပြဲသွားပြီးတော့ သူ့ ရင်ဝမှာ အချိုင့်ကြီး ရှိနေပါတယ်။ ရင်ဘတ်ရိုးတွေ ကျိုးကြေနေပါတယ်။ ဒါတောင် နင်ဟာ သူ့ရဲ့ အရိုးရှင်းဆုံး သာမာန်ဓားကွက်ကို တုံးနေတဲ့ ဓားရှည် အနက်ကြီးနဲ့ အသုံးပြုတိုက်ခိုက်လိုက်တာပါ။







သောင်းနဲ့ချီတဲ့ ပွဲကြည့် ပရိတ်သတ်တွေဟာ ရုတ်တရက် အသံတိတ်သွားကြပါတယ်။ ပြီးတော့မှ မြေကြီးတောင်တုန်သွားတဲ့ အားပေးသံတွေ ထွက်ပေါ်လာပါတယ်။ အကုန်လုံး ပျော်ရွှင်နေကြတယ်။ ဒီကောင်လေးဟာ  မိုးရေစက်ဓားရဲ့ ဂျိရီချွမ်ရဲ့ သားပီသပါပေတယ်။ မိုးရေစက်ဓား ဒီလို တဇွတ်ထိုးသူ့သားကို ၇ယောက် ၁ယောက် တိုက်ခိုက်ခိုင်းတာ အ့သြစရာ မရှိတော့ဘူး။ ဒီ ရုပ်ရည် ပြေပြစ် ကြည့်ကောင်းတဲ့ အတွေ့အကြုံ နုနယ်သေးတဲ့ ဂျိသခင်လေးဟာ အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းနေပါတယ်။ သူ့ရန်သူ ၇ယောက်လုံးကို အသာအယာ အနိုင်ယူနိုင်ပါတယ်။



“ဟား..ဟား..ဟား.”

အနောက်ဘက် ဂျိကလန် သခင်ကြီး ဂျိယောင်က အရမ်းကို ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်ပါတယ်။



သူနိုင်သွားပြီ။



သူ့ရဲ့ မျိုးဆက်သစ်က အနိုင်ရသွားပြီ။ ဂျိန်ငဟာ ရွှေဓားကို သိမ်းပိုက်ပြီးတော့ နောက်တက်လာမဲ့ သခင်ကြီး ဖြစ်ပြီ။ ဂိုဏ်းချုပ်ကြီးပေါ့။



“မိုးရေစက်ကျောက်တုံးဖောက် ဓားသိုင်း။ အဆင့်မြင့် ဓားသိုင်းကွက်….”

ဂျိလီ ဒေါသထွက်ပြီး သူ့ညာဘက်လက်ဝါးကို ညစ်လိုက်တယ်။ ထိုင်နေတဲ့ ကျောက်စားပွဲက လက်ရန်းဟာ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားတယ်။



“ဒုတိယညီ..”

အနောက်ဘက် သခင်ကြီး ဂျိယောင်ဟာ သူ့ညီကို လှည့်ကြည့်လိုက်တယ်။



လီ သူ့အကို ကြီးကို တစ်ချက်ကြည့်ပြီးတော့ သူ့မျက်နှာအမူအရာပြင်လိုက်တပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။



“သူ အဆင့်မြင့် အဆင့် ဓားသိုင်းကိုရောက်နေပြီ။ သူအသက် ၁၀နှစ်ပဲ ရှိသေးပေမဲ့ သူ အဆင့်မြင့် အဆင့်ကို ရောက်နေပြီးတော့ ဂျိကလန်ရဲ့ ဓားသိုင်းကြီး ၅ခုထဲက မိုးရေစက်ဓားသိုင်းကို လည်း ပညာရှင် အဆင့် ရောက်နေပြီ။ သူဟာသူ့အဖေထက်ပိုပြီးတော့ ကြမ်းပါတယ်။ အကိုကြီး မင်းရဲ့ မျိုးဆက်ဟာ ဂျိရီချွမ်ကို မွေးထုတ်ခဲ့ပြီးတော့ အခုဆို ဂျိနင်ကို ထပ်မွေးလာပြန်ပြီ။ ကောင်းကင်ဟာ တစ်ကယ့်ကို ငါ့ကို မျက်နှာသာ မပေးခဲ့ဘူး။ ငါရှူံးသွားပြီ။ ငါဘာမှ ပြောစရာမရှိတော့ဘူး။!!!”





Chapter ၈  ပြီးပါပြီ။



ဆက်ပါဦးမည်>>>>>>

Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…




Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)