ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)


“ထြက္ေျပးဖို႕ စဥ္းစားနဲ႕။”
ဘိုင္အန္ က်ားၾကီးက ေဒါသတၾကီး မာန္ဖီလိုက္ျပီးေတာ့ ဂ်ိနင္ေနာက္ကို ေရေပၚမွာပဲ ေျပးလိုက္ သြားပါေတာ့တယ္။ ဒါေပမဲ့ သူ႕ေျခလွမ္းတိုင္းမွာ လႈိင္းလံုးေတြ ျဖစ္ျပီး က်န္ရစ္ခဲ့ပါတယ္။ သူက အခုမွ ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ခါစပါ။ သူ႕ရဲ့ မြန္းစတား အတြင္းအားေတြကို အသံုးျပဳျပီးေတာ့ ေရေပၚမွာ အတင္းကာေရာ ေလွ်ာက္လိုက္လာတာပါ။ ျပီးေတာ့ သူက ကုန္းေနသတၱ၀ါ အမ်ိဳးအစားဆိုေတာ့ ေရေပၚမွာ သူ႕အျမန္ႏႈန္းက ေတာ္ေတာ္ကို ေႏွးေနပါတယ္။

ဒါေပမဲ့ ကုန္းေပၚမွာေကာ ေတာင္တန္းေတြမွာပါ သူ႕ရဲ့ အျမန္ႏႈန္းဟာ နင္ထက္အနည္းငယ္ ေႏွးေကြးႏိုင္ပါေသးတယ္။ သူ နင္ထြက္ေျပးသြားတာကို ၾကည့္ေနရံုက လြဲျပီး ဘာမွ ထပ္မလုပ္ႏိုင္ေတာ့ပါဘူး။

“ဂါး”
ဘိုင္အန္က်ားၾကီးဟာ လက္ေလွ်ာ့ျပန္လာခဲ့ရပါတယ္။ ၀ဂၤဘာထဲက ေၾကာက္မက္ဖြယ္ တိုက္ပြဲထဲမွာ ျမေကာင္းကင္ ေျမြဘုရင္ဟာ ခႏၶာကိုယ္ကို က်ံဳ႕လိုက္ ၾကီးလိုက္ နဲ႕ ပံုသ႑ာန္ မ်ိဳးစံု ေျပာင္းလဲျပီးေတာ့ ၀ဂၤဘာကလြတ္ေအာင္ ၾကိဳးစားရုန္းကန္ေနပါတယ္။ က်ားၾကီးက ျပံဳးျပီးေတာ့ ေရရြတ္လိုက္ပါတယ္..
“ဒီ ျမေကာင္းကင္ ေျမြၾကီးက ဘယ္လိုလုပ္ ေမွာ္၀ဂၤဘာ ခ်ဳပ္ေႏွာင္မႈကို ခုခံႏိုင္မွာလည္း။ သူဘယ္ေလာက္ပဲ ၾကိဳးစားၾကိဳးစား ေနာက္ဆံုးေတာ့ အေလွ်ာ့ေပးရမွာပါပဲ။”

…..

၀ဂၤဘာ ခ်ဳပ္ေႏွာင္မႈဟာ ကမာၻၾကီးရဲ့ သဘာ၀ စြမ္းအင္ေတြကို ဆြဲငင္ အသံုးျပဳထားတဲ့အတြက္ အရမ္းကို စြမ္းအားၾကီးမားလြန္းပါတယ္။

ဒီ ယင္ ယန္ စြမ္းအင္ ၀ဂၤဘာ ေဖာ္ေမးရွင္းဟာ ျမေကာင္းကင္ ေျမြၾကီး ရဲ့ ခံႏိုင္ရည္ စြမ္းအားထက္ အမ်ားၾကီးကို ၾကီးမားပါတယ္။

“ဟားဟားဟား…”
သံမဏိ သစ္ပင္ ဂ်န္က ေရေပၚမွာ မတ္တပ္ရပ္ျပီးေတာ့ ေျမြၾကီးကို ၾကည့္ျပီး ရယ္ေမာလိုက္ပါတယ္။ ေျမြၾကီးကေတာ့ အရမ္းကို အစြမ္းၾကီးမားလွတဲ့ အျဖဴ နဲ႕ အမဲ စြမ္းအင္ စီးေၾကာင္းေတြရဲ့  ခ်ဳပ္ေႏွာင္ ရစ္ပတ္ျခင္းကို ခံေနရပါတယ္။
“ျမေကာင္းကင္ ေျမြၾကီး မင္းအခုငါ့ရဲ့ ၀ဂၤဘာ ေဖာ္ေမးရွင္းထဲ ေရာက္ေနျပီ။ မင္းဘယ္လို ရုန္းရုန္း လြတ္မွာ မဟုတ္ဘူး။ အေကာင္းဆံုးကေတာ့ ငါ့ကို မင္း ရဲ့ သခင္ အျဖစ္ အသိအမွတ္ျပဳလိုက္ပါ။ ဒါဆိုမင္း သိပ္နာက်င္ရမွာ မဟုတ္ဘူး။”

“ဂရား….”
ေျမြၾကီးက ေခါင္းၾကီးကို ေမာ့ျပီး ျမည္ေၾကြးလိုက္ပါတယ္။

“မင္းက အညံ့မခံခ်င္ဘူးေပါ့။”
ဂ်န္က နားမလည္ေပမဲ့ ျမေကာင္းကင္ေျမြၾကီးရဲ့ ေဒါသနဲ႕ ရန္လိုမႈကို သတိထားမိပါတယ္။ သူ ေအးစက္စက္ရယ္ေမာလိုက္ျပီးေတာ့
“ျမေကာင္းကင္ ေျမြၾကီး ဒီေလာက္က်ယ္ျပန္႕လြန္းတဲ့ ကမာၻေျမၾကီးေပၚမွာ လူသားေတြသာ အစစ္အမွန္ အုပ္ခ်ဳပ္သူေတြ ျဖစ္တယ္။ ဒါဆီယန္မင္းဆက္ဟာ ဒီကမာၻၾကီးတစ္ခုလံုးကို ေပါင္းစည္းေပးခဲ့တာ။ မင္းဘယ္ေလာက္ပဲ အစြမ္းထက္တဲ့ ေဂါ့မြန္းစတား ျဖစ္ျဖစ္ မင္းဘာလုပ္လို႔ရမွာလည္း။ ငါမင္းကို လႊတ္ေပးလိုက္ရင္ေတာင္မွ တစ္ေယာက္ေယာက္က မင္းကို လာဖမ္းဦးမွာပဲ။ မင္း လိမ္လိမ္မာမာနဲ႕ ငါ့ကို အညံ့ခံလိုက္တာ အေကာင္းဆံုးပဲ။”
သံမဏိဂ်န္က မရပ္မနား ေျပာဆိုလိုက္တယ္။

ဒါေပမဲ့ သူဘယ္လိုပဲ ေျပာေျပာ ျမေကာင္းကင္ ေျမြၾကီးကေတာ့ သူ႕ကို အေရးတစ္စက္မွ မစိုက္ပါဘူး။ ဒါေၾကာင့္ ဂ်န္ဟာ ေဒါသေပါက္ကြဲလာပါေတာ့တယ္။
“ေကာင္းျပီေလ.. ငါလည္း မင္းဘယ္လိုျဖစ္မလည္းဆိုတာ ၾကည့္ခ်င္ေနတာ… မင္းကေခါင္းမာတယ္ဆိုရင္လည္း ယင္ ယန္ ၀ဂၤဘာက မင္းထက္ပိုမာတယ္ဆိုတာ မင္းသိလာေစရမယ္။”

“ခ်ီ..ခ်ီ…ခ်ီ..”
အျဖဴနဲ႕ အမဲ စြမ္းအင္ ေၾကာင္းေတြဟာ ျမေကာင္းကင္ေျမြဘုရင္ၾကီးကို ဆံုထဲထည့္ေထာင္းသလိုမ်ိဳး ၾကိတ္ေျခလာပါေတာ့တယ္။ ဒါေၾကာင့္ ေျမြၾကီးရဲ့ အေၾကးခြံေတြဟာ ကြဲေၾကေတာ့မတတ္ ျဖစ္လာျပီး ေအာက္က ေရျပင္ဟာ ေသြးေရာင္ စြန္းလာပါေတာ့တယ္။ ဒါေပမဲ့ ဒီလို အေၾကးခြံ ေၾကသြားျခင္း ေသြးခ်င္းခ်င္း က်ေအာင္ နာက်င္ျခင္းစတာေတြဟာ အရမ္းကို မာနၾကီးတဲ့ ျမေကာင္းကင္ေျမြၾကီးကို နည္းနည္းေလးမွ ဦးညြတ္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။

“Shua..”
ျမေကာင္းကင္ ေျမြၾကီးဟာ ရုတ္တရက္ လက္သန္းလံုးေလာက္ အရြယ္ေျပာင္းသြားျပီးေတာ့ အျဖဴ အမဲ စြမ္းအင္ေတြ ခ်ဳပ္ေနွာင္မႈကေန ခဏတာ လြတ္ေျမာက္သြားပါတယ္။ ဒါေပမဲ့ စြမ္းအားေတြက ခ်က္ျခင္းပဲ သူ႕ကို ျပန္ျပီးေတာ့ ရစ္ပတ္ လႊမ္းျခံဳ လာျပန္ပါတယ္။

စြမ္းအင္ေတြဟာ ေလ်ာ့သြားလိုက္ ျပန္ျဖစ္လာလိုက္နဲ႕ အဆံုးမရွိ စက္၀ိုင္းသဖြယ္ ျဖစ္ေနပါတယ္။ ဘယ္ေလာက္ေတာင္မွ လြတ္ေျမာက္ဖို႕ ခက္ခဲတဲ့ စြမ္းအင္ စီေၾကာင္းေတြလည္း။

“အား……”
လက္သန္းလံုးေလာက္ပဲ လံုးပတ္ရွိေတာ့တဲ့ ျမေကာင္းကင္ ေျမြၾကီးဟာ နာက်ဥ္စြာ ေအာ္ဟစ္လိုက္ပါတယ္။ ျပီးေတာ့ အရမ္းကို ၾကီးမားတဲ့ အသြင္ကို ျပန္ေျပာင္းလိုက္ပါတယ္။ Serpentwing ထက္ေတာင္မွ အမ်ားၾကီး ၾကီးထြားသြားပါတယ္။ တစ္ခါတစ္ေလ ေသးသြားလိုက္ တစ္ခါတစ္ေလ ၾကီးလာလိုက္နဲ႕ ၾကိဳးစား ရုန္းကန္ေနပါတယ္။ ဒီလိုနည္းလမ္းသာ သူ႕ကို ၾကိတ္ေျခေနတဲ့ ယင္ယန္ စြမ္းအင္ကို အခ်ိန္တစ္ခု အေနွာင့္အယွက္ ေပးႏိုင္တာပါ။ ဒီလို ၾကိတ္ေျခခံရတာဟာ အရမ္းကို နာက်င္လြန္းလွပါတယ္။

ျမေကာင္းကင္ေျမြၾကီးဟာ ရုန္းကန္ေနရင္းနဲ႕ ဂ်န္ဆီကို ခုန္၀င္သြားဖို႕ ခဏခဏ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ ယင္ယန္ စြမ္းအင္ ၀ဂၤဘာ ခ်ဳပ္ေႏွာင္မႈက အရမ္းကို အစြမ္းထက္လြန္းပါတယ္။ ဂ်န္အနားကို ကပ္ခြင့္ နည္းနည္းေလးမွ မရခဲ့ပါဘူး။

ဆက္တိုက္ ရုန္းကန္ေနရာကေန သူ႕ခႏၶာကိုယ္က ဒဏ္ရာေတြဟာ တျဖည္ျဖည္းၾကီးမားလာပါတယ္။ သူ႕အေၾကးခြံေတြဟာ ပ်က္ဆီးသြားပါတယ္။ ျမစိမ္းေရာင္ ေသြးေတြဟာ ျဖာထြက္လာပါတယ္။

“Yaaaaaaaaaaaaaa.!!”

“Yaaaaaaaaaaaaaa.!!”

တစ္ခါျပီးတစ္ခါ နာက်င္စြာ ေအာ္ဟစ္လိုက္ပါတယ္။

ျမေကာင္းကင္ေျမြၾကိးဟာ ဆက္ျပီးေတာ့ ရုန္းကန္ေနဆဲပါပဲ။ မြန္းစတားၾကီး တစ္ေကာင္အေနနဲ႕ သူဟာ အလြန္ကို တစြတ္ထိုး ဆန္ပါတယ္။သူ႕ေရွ႕က လူသားကို ဘယ္လိုလုပ္ အညံ့ခံႏိုင္မွာလည္း။ တစ္ကယ္လို႕ သူ႕ေရွ႕က လူသာ ဇီဖူ တန္ခိုးရွင္ဆိုရင္ ျမေကာင္းကင္ေျမြၾကီးဟာ ဦးညြတ္ေကာင္း ဦးညြတ္ႏိိုင္ေပမဲ့ သံမဏိ သစ္ပင္ ဂ်န္ကေတာ့ အရည္အခ်င္းမျပည့္၀ပါဘူး။

“ဟင္..”
အခ်ိန္ေတာ္ေတာ္ၾကာလာတဲ့ အခါမွာ ဂ်န္ဟာ မ်က္ေမွာင္ၾကဳတ္လာပါတယ္။

“သူဘယ္လိုဆက္ျပီးေတာ့ ရုန္းကန္ေနႏိုင္တာလည္း။”
ေသြးသံရဲရဲ အရူးအမူး ရုန္းကန္ေနတဲ့ ျမေကာင္းကင္ေျမြၾကီးကို နားမလည္ႏိုင္စြာၾကည့္ေနမိပါတယ္။
“ယင္ယန္ ၀ဂၤဘာ ေဖာ္ေမးရွင္းရဲ့ အစြမ္းတခ်ိဳ႕သာ သံုးထားေပမဲ့ သူဒီလိုဆက္ျပီး ရုန္းကန္ေနရင္ မၾကာခင္ အမႈန္ျဖစ္သြားလိမ့္မယ္။ သူက ငါ့ကို အညံ့ခံဖို႕ထက္ ေသမဲ့လမ္းကို ေရြးတာလား။”

ဂ်န္က အံကို တင္းတင္းၾကိတ္မိလိုက္ပါတယ္။ သူ႕အေတြး နဲ႕ ျမေကာင္းကင္ ေျမြၾကီးကို ရစ္ပတ္ေလွာင္ဖြဲ႕ေနတဲ့ အျဖဴနဲ႕ အမဲ စြမ္းအင္ေတြဟာ ေပ်ာက္ကြယ္သြားပါေတာ့တယ္။

“ျမေကာင္းကင္ေျမြၾကီး..”
ဂ်န္က ဒဏ္ရာၾကီးငယ္နဲ႕ ေမာပန္း ေနတဲ့ မိစာၦၾကီးကို လက္ညိဳး ညႊန္လိုက္ျပီးေတာ့
“ငါ မင္းကို ၀ဂၤဘာ အစြမ္းသံုးျပီး ႏွိမ္ခဲ့လို႕ မင္းက စိတ္မေက်မနပ္ ျဖစ္ေနတာမလား။ မင္းနဲ႕ငါ တစ္ပြဲတစ္လမ္း တိုက္ခိုက္ၾကရေအာင္။ ငါ ၀ဂၤဘာရဲ့ အစြမ္းေတြကို အသံုမျပဳပဲ မင္းကို တိုက္ခိုက္မယ္။ မင္းငါ့ကို ႏိုင္ရင္တာနဲ႔ ငါမင္းကို လႊတ္ေပးမယ္။ မင္းရႈံးရင္ေတာ့ ငါ့ကို သစၥာခံရမယ္။ သေဘာတူလား..”

“Yaaaaaaaaaa!”

ျမေကာင္းကင္ ေျမြၾကီးက ေၾကာက္မက္ဖြယ္ အသံျပဳလိုက္ျပီးေတာ့ ၁၀မီတာေလာက္ အရွည္ပဲ ရွိတဲ့ ပံုသ႑ာန္ကို ေျပာင္းလဲသြားပါေတာ့တယ္။ ဒီ အရြယ္အစားဟာ သူ႕အတြက္ အစြမ္းအထက္ဆံုး တိုက္ပြဲ၀င္ ပံုစံပါ။ သူ ဂ်န္ဆီကို ခုန္ျပီး ၀င္သြားပါေတာ့တယ္။

“ဟမ့္…”
အနက္ေရာင္ ၾကာပြတ္တစ္ေခ်ာင္း ဂ်န္ရဲ့ ညာလက္ထဲမွာ ေပၚလာပါတယ္။ ဒီၾကာပြတ္မွာ သံခၽြန္ေတြ အမ်ားၾကီး ရွိေနပါတယ္။ ျပီးေတာ့ ေမွာ္ရတနာ တစ္မ်ိဳးျဖစ္တဲ့ သစ္နက္ႏြယ္ၾကာပြတ္ ျဖစ္ပါတယ္။ ဒီရတနာက သံမဏိ သစ္ပင္ကလန္ရဲ့ ေက်ာ္ၾကားတဲ့ ရတနာ တစ္ပါးပါ။ အရမ္းကို အားျပင္းတဲ့ အနက္ေရာင္ အရိပ္သ႑ာန္သာ ျမင္ရတဲ့ ၾကာပြတ္ ရိုက္ခ်က္နဲ႔ ျမေကာင္းကင္ေျမြၾကီးကို ရိုက္ခ်လိုက္ပါတယ္။

“ရႊမ္း ရႊမ္း”

ျမေကာင္းကင္ ေျမြၾကီးက ၾကာပြတ္ခ်က္ေတြကို အလ်င္အျမန္ ေရွာင္တိမ္းလိုက္ပါတယ္။

“၀ုန္း၀ုန္း၀ုန္း…”
သံမဏိသစ္ပင္ ဂ်န္ကေတာ့ ၾကာပြတ္နဲ႕ ဆက္တိုက္ ရိုက္ခ်လိုက္ပါတယ္။ ၾကာပြတ္ စက္၀ုိင္းေတြ တစ္ခုျပီး တစ္ခု ေပၚလာျပီးေတာ့ ေကာင္းကင္တစ္ခုလံုး ျပည့္လာပါတယ္။ စက္၀ိုင္းေတြ အကုန္လံုးဟာ ျမေကာင္းကင္ ေျမြၾကီးဆီကို တိုး၀င္သြားပါတယ္။ စုတ္ျပဲသံနဲ႕အတူ ျမေကာင္းကင္ ေျမြၾကီးရဲ့ အေၾကးခြံနဲ႕ အသားစေတြ လြင့္စင္ ထြက္လာပါေတာ့တယ္။

“Sssssssssssssssssssss”
ျမေကာင္းကင္ေျမြၾကီး ေျမြသံတြန္လိုက္ပါတယ္။ သူ ဒဏ္ရာေတြ ရေနေပမဲ့ ဆက္ျပီး ခုန္၀င္တိုက္ခိုက္ေနဆဲပါပဲ။

ဂ်န္က ေအးစက္စက္ ျပံဳးလိုက္ျပီးေတာ့ သူ႕လက္ထဲက သစ္နက္ ႏြယ္ ၾကာပြတ္နဲ႕ ဆက္တိုက္ ရိုက္ခ်လိုက္ပါတယ္။ သူ ဒီျမေကာင္းကင္ေျမြကို တိုက္ခိုက္တာ ပထမဆံုး အၾကိမ္ မဟုတ္ပါဘူး။ သူဟာ ၾကာပြတ္ သိုင္းမွာ အရမ္းကို အစြမ္းထက္ျပီးေတာ့ ျမေကာင္းကင္ေျမြၾကီးကို ေကာင္းေကာင္း တန္ျပန္ထိမ္းခ်ဳပ္ထားႏို္င္ပါတယ္။ ဒါေပမဲ့ ျမေကာင္းကင္ေျမြၾကီးက ေတာ္ေတာ္ျမန္ျမန္ကို ေျပးႏိုင္ပါတယ္။ အရင္အခ်ိန္တုန္းေတြက ဂ်န္ဟာ ေျမြၾကီးကို ဘာမွ မလုပ္ႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ အခုေတာ့ ေျမြၾကီးက ၀ဂၤဘာ အခ်ဳပ္အေႏွာင္ထဲ ပိတ္မိေနတဲ့အတြက္ မထြက္ေျပးႏိုင္ေတာ့ပါဘူး။

“မင္းဘယ္လိုထင္လဲ။”
ဂ်န္က မတ္တပ္ရပ္ေနျပီးေတာ့ ၾကာပြတ္ရွည္ၾကီးနဲ႕ ေ၀ွ႕ယမ္းတိုက္ခိုက္ေနပါတယ္။ ၾကာပြတ္က ရိုက္ခ်က္ေတြဟာ ေတာင္ေလးတစ္ေတာင္ကို ေတာင္ ကြဲအက္သြားေစႏုိင္တဲ့ ခြန္အားေတြ ပါ၀င္ပါတယ္။ ျမေကာင္းကင္ေျမြၾကီးရဲ့ ခႏၶာကိုယ္ေနရာေတာ္ေတာ္မ်ားမ်ားမွာ အက္ကြဲရာေတြ ေပၚေနပါတယ္။
“ငါ့ မင္းထက္ အစြမ္းထက္လို႕ မင္းငါ့ကို သစၥာ ခံသင့္တယ္။”

“ဖန္း..”

ေမွာ္ရတနာဟာ ခႏၶာကိုယ္ၾကီးကို ရိုက္ခ်မိသြားပါတယ္။ ဂ်န္ဟာ ေနွာင္းပိုင္း ဇင္တ်န္ တန္ခိုးရွင္ ျဖစ္တဲ့အတြက္ သူဟာ လံုး၀ ဖိႏွိပ္ထားႏိုင္ပါတယ္။

“ရွဴး”

ဒီတစ္ၾကိမ္ေတာ့ ကခုန္ေနတဲ့ ၾကာပြတ္ရိုက္ခ်က္ကို ေျမြၾကီးက ေရွာင္တိမ္းလိုက္ခ်ိန္မွာ ေျမြၾကီး ရုတ္တရက္ ေပ်ာက္ကြယ္သြားျပီး မီတာေတာ္ေတာ္မ်ားကြာေ၀းတဲ့ ေနရာမွာ ျပန္ေပၚလာပါတယ္။

သံမဏိ သစ္ပင္ ဂ်န္ဟာ အလြန္အမင္း အံ့ၾသသြားျပီးေတာ့ ရုတ္တရက္ မ်က္ႏွာ ေတာ္ေတာ္ပ်က္သြားပါတယ္။

“Sssssssss”
ျမေကာင္းကင္ေျမြၾကီးက စိတ္လႈပ္ရွားစြာ ျမည္တြန္လိုက္ပါတယ္။ တစ္ခ်ိန္တည္းမွာ ခႏၶာကုိယ္ကို အနည္းငယ္ ႏြဲ႕ေနွာင္းလိုက္တာနဲ႕ သူဟာ အကြာအေ၀း ေတာ္ေတာ္မ်ာမ်ားကို ေပ်ာက္ကြယ္ျပီး တယ္လီပို႕နဲ႕ ေ၇ာက္ရွိသြားပါတယ္။ (တယ္လီပို႕ - ေနရာတစ္ေနရာမွ တစ္ေနရာကို ေျပးလႊားခုန္သြားစရာမလိုပဲ ရုတ္တရက္ ကိုယ္ေပ်ာက္ ေရာက္ရွိသြားျခင္း)

“ေသေပေတာ့…”
သံမဏိ ဂ်န္ရဲ့ မ်က္ႏွာဟာ ရုပ္ဆိုး ခက္ထန္လာပါတယ္။ သူဟာ ရူးသြပ္သြားပံုရပါတယ္။

၀ုန္းအုန္းအုန္း…

၀ဂၤဘာ ေဖာ္ေမးရွင္းဟာ တစဆီ ျဖစ္သြားျပီးေတာ့ အျဖဴနဲ႕ အမဲ စြမ္းအင္ ပမာဏ အမ်ားၾကီးဟာ ျမေကာင္းကင္ေျမြၾကီးကို ဦးတည္ ရိုက္ခ်လိုက္ပါတယ္။ ဒါေပမဲ့ ျမေကာင္းကင္ ေျမြၾကီးက သံမဏိ သစ္ပင္ ဂ်န္ကို ေအးစက္စက္ တစ္ခ်က္ ၾကည့္လိုက္ျပီးေတာ့ ကုိယ္ေလး ရိမ္းႏြဲ႕ျပီး ေနရာမွာ ေပ်ာကြယ္သြားပါတယ္။

“၀ုန္း”
အျဖဴ နဲ႕ အမဲ စြမ္းအင္ေတြဟာ ေနရာတင္ ဆံုေတြမႈျဖစ္ျပီးေတာ့ အရမ္းကို အစြမ္းျပင္းထန္တဲ့ ေပါက္ကြဲမႈ စြမ္းအင္အသြင္ ေျပာင္းလဲသြားပါတယ္။

“ေခြးမသား…”
သံမဏိ သစ္ပင္ ဂ်န္ဟာ လက္သီးလက္ေမာင္းသန္း ေဒါသတၾကီး ေအာ္ဟစ္က်န္ရစ္ခဲ့ပါတယ္။

“Void Blink!..Void Blink!”
(အခ်ိန္ႏွင့္ စၾကာ၀ဠာ ဆက္တိုက္ ျဖစ္ေပၚမႈစီးေၾကာင္းတြင္ ခုန္သြားႏိုင္စြမ္း)
သံမဏိသစ္ပင္ ဂ်န္ မ်က္စိေတြ နီရဲျပီး ရူးသြပ္က်န္ရစ္ခဲ့ပါတယ္။
“ျမေကာင္းကင္ ေျမြၾကီးက Void Blinkကို သံုးႏိုင္သြားျပီ။  ဖက္ပဲ။ ဒါ ဂ်ိကလန္က ေကာင္ေလးေၾကာင့္ပဲ ျဖစ္ရမယ္။ အဲ့ဒီ ဂ်ိကလန္က ေခြးမသားေလးက ျမေကာင္းကင္ ေျမြၾကီးနဲ႕ ဆက္တိုက္ တိုက္ပြဲေတြ ၀င္လာခဲ့တာ။ သူ႕လက္ခ်က္ေၾကာင့္ ေျမြၾကီး အစြမ္းေတြ တိုးလာတာျဖစ္မယ္။ ဒါေၾကာင့္ ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္သြားျပီးေတာ့ Void Blinkကို သံုးႏိုင္သြားတာေနမယ္။ ”

သံမဏိသစ္ပင္ ဂ်န္ဟာ လံုး၀ကို ေပါက္ကြဲေနပါျပီ။

ဒီ ခ်ိဳင့္၀ွမ္းလြင္ျပင္ေဒသမွာ ျမေကာင္းကင္ေျမြၾကီးက တစ္ေကာင္တည္း ရွိပါတယ္။ ဒါဆီယန္ မင္းဆက္ အုပ္ခ်ဳပ္တဲ့ နယ္ေျမအက်ယ္ၾကီးထဲမွာေတာင္ ေတာ္ေတာ္ နည္းနည္းပဲ ရွိပါတယ္။ သံမဏိ သစ္ပင္ ဂ်န္ဟာ ျမေကာင္းကင္ ေျမြၾကီးေတြ ဘယ္ေလာက္ အစြမ္းထက္တယ္ဆိုတာ နားလည္လို႕ ဒီတစ္ေကာင္ကို သူအရမ္းကို ယဥ္ပါးေအာင္ ထိန္းခ်ဳပ္ခ်င္တာပါ။

ေျပာရမယ္ဆိုရင္ မြန္းစတာၾကီးေတြဟာ ေရေတြ အဆိပ္ေတြ မီးေတြ စတဲ့ ဓာတ္ၾကီးေတြကို ထိမ္းခ်ဳပ္ႏိုင္တဲ့ အစြမ္းရွိပါတယ္။ ေရၾကံ့ဘုရင္လို Serpentwing လို ေဂါ့မြန္းစတား မဟုတ္တဲ့ ေကာင္ေတြေတာင္မွ ဒီလို အစြမ္းေတြ ရွိၾကပါတယ္။ ဒါေပမဲ့ ေဂါ့မြန္းစတား ျမေကာင္းကင္ေျမြၾကီးကေတာ့ ဒီလိုထိန္းခ်ဳပ္ႏိုင္တဲ့ ထူးထူျခားျခား အစြမ္းတစ္မ်ိဳး မရွိသလိုပါပဲ။

ဒါေပမဲ့ သူ႕မွာ တစ္ခုခုေတာ့ ရွိပါတယ္။

ျမေကာင္းကင္ေျမြၾကီးရဲ့ သဘာ၀ အစြမ္းက အရမ္းကို အင္အားၾကီးလြန္းပါတယ္။ ဒါေၾကာင့္ သူအဆင့္နိမ့္ေနတဲ့အခ်ိန္မွာ သူ႕အစြမ္းကို အျပည့္အ၀ ထိန္းခ်ဳပ္ အသံုးမျပဳႏိုင္ပါဘူး။ သာမာန္မြန္းစတားေတြ ဟိုတ်န္ အဆင့္မွာ ေရကို မထိန္းခ်ဳပ္ႏိုင္သလိုမ်ိဳးေပါ့။ ဒါေပမဲ့ ဇင္တ်န္မွာေတာ့ ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒီျမေကာင္းကင္ေျမြဘရင္ရဲ့ သဘာ၀ အစြမ္းကေတာ့ Void နဲ႕ ဆက္ႏြယ္ေနပါတယ္။ သူဟာ ဇင္တ်န္ အဆင့္မွာေတာ့ ပထမဆံုးသူ ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ရပါမယ္။ေရာက္ ျပီးမွသာ ဆက္တိုက္ Void ဘာမွမရွိျခင္း နဲ႕ တစ္သားတည္းအဆင့္ကို ခုန္တက္ႏိုင္တာပါ။ ဒီအခ်ိန္မွာဆို သူဟာ Void Blink အစြမ္းကို အသံုးျပဳႏိုင္ပါျပီ။

“Void Blink”
သံမဏိ သစ္ပင္ဂ်န္ အံၾကိတ္လိုက္ပါတယ္။
“Void Blinkကို သံုးႏိုင္တဲ့ ျမေကာင္းကင္ ေျမြဘုရင္ဟာ ေနာက္ဆိုရင္ပိုျပီးေတာ့ အစြမ္းေတြ ထက္လာဦးမွာ။”

Void Blink..
ဒီအစြမ္းဟာ ျမေကာင္းကင္ေျမြၾကီးကို လွ်ိဳ႕၀ွက္တဲ့ ေနရာေတြကို ၾကိဳသလို သြားလာလို႕ ရေစပါတယ္။ ကမာၻရဲ့ ၀ိဥာဥ္ သစ္သီးကိုေတာင္မွ ေနရာသိရင္ ၀င္ခိုးလို႕ ရပါေသးတယ္။ ဒီလုိအခ်ိန္မွာဆိုရင္ သူဟာ ေၾကာက္မခန္းလိလိကို အစြမ္းေတြ တိုးတက္လာပါတယ္။ ျမေကာင္းကင္ေျမြၾကီးဟာ အေရွ႕ပိုင္းေတာင္ ႏြံေတာကို ခြာျပီးေတာ့ ခရီးရွည္ထြက္ေတာ့မယ္ဆိုတာကို ေမးခြန္းေတာင္ ေမးဖို႕မလိုေတာ့ပါဘူး။ တျခားေနရာေတြကို ေျခဆန္႕တာက သဘာ၀ ရတနာေတြကို ရွာေတြ႕ဖို႕ အခြင့္အလမ္းပိုမ်ားတယ္ေလ။ ဒါဆို အစြမ္းေတြ တိုးတက္တာ ပိုျမန္မွာ။ သက္ေတာင့္သက္သာ အျမဲေနတာက အစြမ္းေတြကို ျဖဳန္းတီးတာပါပဲ။

“သူ ငါ့ကို မုန္းတီးသေလာက္ဆိုရင္ ေနာင္ အနာဂတ္မွာ ဒီခ်ိဳင့္၀ွမ္းေဒသကို ျပန္လာျပီးေတာ့ ငါ့ကို လာရွာျပီး လက္စားေျခမွာပဲ။”
ဂ်န္ဟာ ေၾကာက္လည္းေၾကာက္ ေဒါသလည္းထြက္လာပါတယ္။

“အား…”
သံမဏိ သစ္ပင္ ဂ်န္ရဲ့ ေအာ္ဟစ္လို္က္သံဟာ ေရေတြကိုေတာင္မွ ေပါက္ကြဲသြားေစပါတယ္။

သူေတာ္ေတာ္ကို ေဒါသထြက္ေနတာပါ။

“ဒါေတြအကုန္လံုးက ဟုိ ဂ်ိကလန္က ေကာင္ေလးေၾကာင့္ပဲ။”
သံမဏိသစ္ပင္ ဂ်န္ အံၾကိတ္လိုက္ပါတယ္။ သူ႕ႏွလံုးသားထဲမွာ မုန္းတီးမႈေတြပဲ ျပည့္ေနပါတယ္။ ဂ်ိကလန္ရဲ့ ေကာင္ေလးသာ ျမေကာင္းကင္ေျမြၾကီးကုိ ဒီေလာက္တိုးတက္ေအာင္ မလုပ္ခဲ့ဘူးဆိုရင္ သူနဲ႕တိုက္ပြဲမွာ ဘယ္လိုလုပ္ေနာက္တစ္ဆင့္တိုးတက္သြားႏိုင္မွာလည္း။ အဲ့ဒါဆိုရင္ သူ ေျမြၾကီးကို ယဥ္ပါးေအာင္ ထိန္းလို႕ျပီးေနျပီ။ အခုေတာ့ သူ႕မွာ ေျမြလည္းမရပဲ ေၾကာက္စရာ ရန္သူ တစ္ေကာင္ပဲ ရခဲ့တယ္။ ျမေကာင္းကင္ေျမြၾကီးဟာ ဒီရန္စကို ေသခ်ာ ေတးမွတ္ထားမွာပဲ။

….

အရမ္းကိုၾကီးမားတဲ့ ၀ဂၤဘာ ေဖာ္ေမးရွင္ၾကီး ေပ်ာက္ကြယ္သြားပါတယ္။ ဂ်န္ဟာ ေဖာ္ေမးရွင္း အလံတိုင္ေလး ၈ခုလံုးကို သိမ္းဆည္းလိုက္ပါတယ္။ သူဟာ ရက္စက္တဲ့ အရိပ္ေတြ ျဖာထြက္ေနျပီးေတာ့ ေရေပၚမွာ သာသာယာယာ လမ္းေလွ်ာက္သြားပါတယ္။

“ဆရာ..”
ဘိုင္အန္က်ားၾကီးဟာ အနက္ေရာင္၀တ္ လူအသြင္ျပန္ေျပာင္းလဲသြား ျပီး ပ်ံဆင္းလာပါတယ္။ သူ႕ဆရာရဲ့ မ်က္ႏွာ အမူအရာကို ေတြ႕လိုက္ရေတာ့ ေျမြကို ထိန္းခ်ဳပ္မႈဟာ မေအာင္ျမင္မွန္းနားလည္သြားပါတယ္။ သူျမန္ျမန္ျပန္ေျပာလုိက္ပါတယ္..
“ေဒါသထိန္းပါ ဆရာ… ျမေကာင္းကင္ေျမြၾကီးဟာ ေတာ္ေတာ္ကို ရူးမိုက္ပါတယ္။ ဆရာသူ႕ကို သတ္မိတာ သူ႕အျပစ္ပါပဲ။”

“သူမေသပါဘူး..”
သံမဏိသစ္ပင္ ဂ်န္ ေအးစက္စက္ေျပာလိုက္ပါတယ္။

“သူကမေသဘူးလား”
၀တ္စံုနက္နဲ႕ လူက အရမ္းကို အံ့ၾသေနပါတယ္..
“အဲ့ဒါဆို..”

သံမဏိသစ္ပင္ဂ်န္ ေခါင္းညိတ္လိုက္ျပီးေတာ့
“ေျပာရမယ္ဆိုရင္ သူVoid blink ကို နားလည္သြားခဲ့ျပီးေတာ့ ထြက္ေျပးလြတ္ေျမာက္သြားတာပဲ။”

“ဒါေပမဲ့..ဒါ..ဒါ..”
၀တ္စံုနက္နဲ႕လူ မယံုႏိုင္ေအာင္ ျဖစ္ေနပါတယ္။ ျမေကာင္းကင္ေျမြၾကီးက ဒီလိုအေရးၾကံဳတဲ့အခ်ိန္မွာ Void blink ကုိ နားလည္သြားခဲ့တယ္…

“ဒါေတြက ဂ်ိကလန္က ေကာင္ေလး လက္ခ်က္ပဲ။”
ဂ်န္ ေအးစက္စက္ေျပာလိုက္ပါတယ္။
“သူ႕အစြမ္းက ျမေကာင္းကင္ေျမြၾကီး အစြမ္းနဲ႕ အတူတူေလာက္ပဲ။ မၾကာခဏ စိန္ေခၚတိုက္ပြဲေတြမွာ ျမေကာင္းကင္ေျမြၾကီးက အစြမ္းေတြ အမ်ားၾကီး တိုးတက္လာတယ္။ ဒါေၾကာင့္ ဒီတိုက္ပြဲမွာ သူဟာ ကမာၻၾကီးကို အာရံု ခံမိသြားျပီးေတာ့ Void နဲ႕ တစ္သားတည္း ျဖစ္သြားတာျပီး Void blink ကို စသံုးႏိုင္သြားတာပဲ။ ငါ သူ႕ကို အေရခြံႏႊာမွရမယ္။ ႏို႕မို႕ဆို ငါ့ နွလံုးသားထဲက ေဒါသမီးကို ျငိမ္းသတ္ႏိုင္မွာ မဟုတ္ဘူး။”

၀တ္စံုနက္နဲ႕ လူက ေခါင္းညိတ္ေထာက္ခံလိုက္ပါတယ္။
“စိတ္မပူပါနဲ႕ ဆရာ။ ဒီကိစၥေတြ မျဖစ္ခင္က ကၽြန္ေတာ္ ဆူးခၽြန္အနက္ေတြနဲ႕ သူ႕ကို ပစ္ခတ္တိုက္ခိုက္ခဲ့တယ္။ ဒီ ဆူးခၽြန္ေတြမွာ ေရခဲပန္း အရည္ နဲ႕ သုတ္ထားတာ။ တစ္ခ်ိဳ႕ ေရခဲပန္း အရည္ေတြ သူ႕ကိုယ္ေပၚကို စြန္းထင္းေနေလာက္ျပီ။ ကၽြန္ေတာ္တို႕သာ ေရခဲပ်ားကို လႊတ္လိုက္ရင္ သူ႕ကို ေသခ်ာေပါက္ ရွာေတြ႕မွာပဲ။”

“ေကာင္းတာေပါ့။”
ဂ်န္  သူ႕လက္ေမာင္းက ၀တ္ရံုၾကီးထဲကေန အညိဳေရာင္ ပ်ားအံုတစ္ခုကို ထုတ္လိုက္ပါတယ္။ ပ်ားအံုကို လႊတ္လိုက္ေတာ့ ေက်ာက္မ်က္လို တစ္ခ်ိဳ႕ေနရာေတြမွာ ၾကည္ေနတဲ့ ပ်ားေလးေတြထြက္လာျပီးေတာ့ အရမ္းျမန္တဲ့ နႈန္းနဲ႕ ပ်ံသန္းထြက္ခြာသြားပါတယ္။

“လိုက္ၾကရေအာင္..”
ဂ်န္နဲ႕ ဘိုင္အန္က်ားၾကီးဟာ ေရခဲပ်ားေလးေတြ ေနာက္ကေန ျမန္ျမန္ ေျပးလိုက္လာပါတယ္။

သူတို႕ေတြ ထြက္ခြာသြားေတာ့ ေရထဲကေန ျမစိမ္းေ၇ာင္ ေျမြၾကိးတစ္ေကာင္ ေခါင္းျပဴထြက္လာပါတယ္။ ျမစိမ္းေရာင္ ေျမြၾကီးက ေမွ်ာ္လင့္ခ်က္နဲ႕ အေ၀းကို ၾကည့္ေနပါတယ္။ သူဟာ နင္ နဲ႕ တိုက္ပြဲေတာ္ေတာ္မ်ားမ်ားတိုက္ခိုက္ျပီးေနာက္ လက္ရည္တူေနတာကို သိလိုက္ပါတယ္။ ျပီးေတာ့ နင္က သူ႕ကို ကမာၻနဲ႕ တစ္သားတည္းအဆင့္ကိုေရာက္ေအာင္ ကူညီခဲ့လို႕ သူ Void blink ဆိုတဲ့ အစြမ္းကို နားလည္ျပီးေတာ့ အသံုးျပဳႏိုင္ခဲ့တာ။ သူဟာ နင္ကို ေက်းဇူးေတြ တင္ေနပါတယ္။

“Ssssssssss”
ျမေကာင္းကင္ေျမြၾကီးဟာ အသံတိုးတိုးေလး ျပဳလိုက္ပါတယ္။ သူဟာ နင္ လြတ္ေျမာက္ႏိုင္ပါေစလို႕ ေမွ်ာ္လင့္ေနမိတယ္။ သူလုပ္ေပးႏိုင္တာကို လုပ္ေပးခဲ့ျပီးျပီ။ အခုဆို သူ႕မွာ အရမ္းကို အစြမ္းထက္တဲ့ ထြက္ေျပးႏိုင္တဲ့ အစြမ္းရွိေနျပီ။ ဒါေပမဲ့ ပါ၀ါအေနနဲ႕ဆိုရင္ သံမဏိသစ္ပင္ ဂ်န္ဟာ သူ႕ထက္အမ်ားၾကီး အစြမ္းထက္ေနပါေသးတယ္။

Chapter 1 ျပီးပါျပီ။
Chapter 2 – ေရအိုင္ငယ္ေလးေၾကာင့္ လမ္းစဥ္ကို နားလည္သြားျခင္း
ဆက္ပါဦးမည္>>>>>>
Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 1 (နှလုံးသား မှ လူသတ်ငွေ့)



“ထွက်ပြေးဖို့ စဉ်းစားနဲ့။”

ဘိုင်အန် ကျားကြီးက ဒေါသတကြီး မာန်ဖီလိုက်ပြီးတော့ ဂျိနင်နောက်ကို ရေပေါ်မှာပဲ ပြေးလိုက် သွားပါတော့တယ်။ ဒါပေမဲ့ သူ့ခြေလှမ်းတိုင်းမှာ လှိုင်းလုံးတွေ ဖြစ်ပြီး ကျန်ရစ်ခဲ့ပါတယ်။ သူက အခုမှ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်ခါစပါ။ သူ့ရဲ့ မွန်းစတား အတွင်းအားတွေကို အသုံးပြုပြီးတော့ ရေပေါ်မှာ အတင်းကာရော လျှောက်လိုက်လာတာပါ။ ပြီးတော့ သူက ကုန်းနေသတ္တဝါ အမျိုးအစားဆိုတော့ ရေပေါ်မှာ သူ့အမြန်နှုန်းက တော်တော်ကို နှေးနေပါတယ်။



ဒါပေမဲ့ ကုန်းပေါ်မှာကော တောင်တန်းတွေမှာပါ သူ့ရဲ့ အမြန်နှုန်းဟာ နင်ထက်အနည်းငယ် နှေးကွေးနိုင်ပါသေးတယ်။ သူ နင်ထွက်ပြေးသွားတာကို ကြည့်နေရုံက လွဲပြီး ဘာမှ ထပ်မလုပ်နိုင်တော့ပါဘူး။



“ဂါး”

ဘိုင်အန်ကျားကြီးဟာ လက်လျှော့ပြန်လာခဲ့ရပါတယ်။ ဝင်္ဂဘာထဲက ကြောက်မက်ဖွယ် တိုက်ပွဲထဲမှာ မြကောင်းကင် မြွေဘုရင်ဟာ ခန္ဓာကိုယ်ကို ကျုံ့လိုက် ကြီးလိုက် နဲ့ ပုံသဏ္ဍာန် မျိုးစုံ ပြောင်းလဲပြီးတော့ ဝင်္ဂဘာကလွတ်အောင် ကြိုးစားရုန်းကန်နေပါတယ်။ ကျားကြီးက ပြုံးပြီးတော့ ရေရွတ်လိုက်ပါတယ်..
“ဒီ မြကောင်းကင် မြွေကြီးက ဘယ်လိုလုပ် မှော်ဝင်္ဂဘာ ချုပ်နှောင်မှုကို ခုခံနိုင်မှာလည်း။ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား နောက်ဆုံးတော့ အလျှော့ပေးရမှာပါပဲ။”



…..



ဝင်္ဂဘာ ချုပ်နှောင်မှုဟာ ကမ္ဘာကြီးရဲ့ သဘာ၀ စွမ်းအင်တွေကို ဆွဲငင် အသုံးပြုထားတဲ့အတွက် အရမ်းကို စွမ်းအားကြီးမားလွန်းပါတယ်။



ဒီ ယင် ယန် စွမ်းအင် ဝင်္ဂဘာ ဖော်မေးရှင်းဟာ မြကောင်းကင် မြွေကြီး ရဲ့ ခံနိုင်ရည် စွမ်းအားထက် အများကြီးကို ကြီးမားပါတယ်။


“ဟားဟားဟား…”

သံမဏိ သစ်ပင် ဂျန်က ရေပေါ်မှာ မတ်တပ်ရပ်ပြီးတော့ မြွေကြီးကို ကြည့်ပြီး ရယ်မောလိုက်ပါတယ်။ မြွေကြီးကတော့ အရမ်းကို အစွမ်းကြီးမားလှတဲ့ အဖြူ နဲ့ အမဲ စွမ်းအင် စီးကြောင်းတွေရဲ့  ချုပ်နှောင် ရစ်ပတ်ခြင်းကို ခံနေရပါတယ်။
“မြကောင်းကင် မြွေကြီး မင်းအခုငါ့ရဲ့ ဝင်္ဂဘာ ဖော်မေးရှင်းထဲ ရောက်နေပြီ။ မင်းဘယ်လို ရုန်းရုန်း လွတ်မှာ မဟုတ်ဘူး။ အကောင်းဆုံးကတော့ ငါ့ကို မင်း ရဲ့ သခင် အဖြစ် အသိအမှတ်ပြုလိုက်ပါ။ ဒါဆိုမင်း သိပ်နာကျင်ရမှာ မဟုတ်ဘူး။”


“ဂရား….”

မြွေကြီးက ခေါင်းကြီးကို မော့ပြီး မြည်ကြွေးလိုက်ပါတယ်။


“မင်းက အညံ့မခံချင်ဘူးပေါ့။”

ဂျန်က နားမလည်ပေမဲ့ မြကောင်းကင်မြွေကြီးရဲ့ ဒေါသနဲ့ ရန်လိုမှုကို သတိထားမိပါတယ်။ သူ အေးစက်စက်ရယ်မောလိုက်ပြီးတော့
“မြကောင်းကင် မြွေကြီး ဒီလောက်ကျယ်ပြန့်လွန်းတဲ့ ကမ္ဘာမြေကြီးပေါ်မှာ လူသားတွေသာ အစစ်အမှန် အုပ်ချုပ်သူတွေ ဖြစ်တယ်။ ဒါဆီယန်မင်းဆက်ဟာ ဒီကမ္ဘာကြီးတစ်ခုလုံးကို ပေါင်းစည်းပေးခဲ့တာ။ မင်းဘယ်လောက်ပဲ အစွမ်းထက်တဲ့ ဂေါ့မွန်းစတား ဖြစ်ဖြစ် မင်းဘာလုပ်လို့ရမှာလည်း။ ငါမင်းကို လွှတ်ပေးလိုက်ရင်တောင်မှ တစ်ယောက်ယောက်က မင်းကို လာဖမ်းဦးမှာပဲ။ မင်း လိမ်လိမ်မာမာနဲ့ ငါ့ကို အညံ့ခံလိုက်တာ အကောင်းဆုံးပဲ။”

သံမဏိဂျန်က မရပ်မနား ပြောဆိုလိုက်တယ်။



ဒါပေမဲ့ သူဘယ်လိုပဲ ပြောပြော မြကောင်းကင် မြွေကြီးကတော့ သူ့ကို အရေးတစ်စက်မှ မစိုက်ပါဘူး။ ဒါကြောင့် ဂျန်ဟာ ဒေါသပေါက်ကွဲလာပါတော့တယ်။
“ကောင်းပြီလေ.. ငါလည်း မင်းဘယ်လိုဖြစ်မလည်းဆိုတာ ကြည့်ချင်နေတာ… မင်းကခေါင်းမာတယ်ဆိုရင်လည်း ယင် ယန် ဝင်္ဂဘာက မင်းထက်ပိုမာတယ်ဆိုတာ မင်းသိလာစေရမယ်။”


“ချီ..ချီ…ချီ..”

အဖြူနဲ့ အမဲ စွမ်းအင် ကြောင်းတွေဟာ မြကောင်းကင်မြွေဘုရင်ကြီးကို ဆုံထဲထည့်ထောင်းသလိုမျိုး ကြိတ်ခြေလာပါတော့တယ်။ ဒါကြောင့် မြွေကြီးရဲ့ အကြေးခွံတွေဟာ ကွဲကြေတော့မတတ် ဖြစ်လာပြီး အောက်က ရေပြင်ဟာ သွေးရောင် စွန်းလာပါတော့တယ်။ ဒါပေမဲ့ ဒီလို အကြေးခွံ ကြေသွားခြင်း သွေးချင်းချင်း ကျအောင် နာကျင်ခြင်းစတာတွေဟာ အရမ်းကို မာနကြီးတဲ့ မြကောင်းကင်မြွေကြီးကို နည်းနည်းလေးမှ ဦးညွတ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။


“Shua..”

မြကောင်းကင် မြွေကြီးဟာ ရုတ်တရက် လက်သန်းလုံးလောက် အရွယ်ပြောင်းသွားပြီးတော့ အဖြူ အမဲ စွမ်းအင်တွေ ချုပ်နှောင်မှုကနေ ခဏတာ လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ စွမ်းအားတွေက ချက်ခြင်းပဲ သူ့ကို ပြန်ပြီးတော့ ရစ်ပတ် လွှမ်းခြုံ လာပြန်ပါတယ်။



စွမ်းအင်တွေဟာ လျော့သွားလိုက် ပြန်ဖြစ်လာလိုက်နဲ့ အဆုံးမရှိ စက်ဝိုင်းသဖွယ် ဖြစ်နေပါတယ်။ ဘယ်လောက်တောင်မှ လွတ်မြောက်ဖို့ ခက်ခဲတဲ့ စွမ်းအင် စီကြောင်းတွေလည်း။



“အား……”

လက်သန်းလုံးလောက်ပဲ လုံးပတ်ရှိတော့တဲ့ မြကောင်းကင် မြွေကြီးဟာ နာကျဉ်စွာ အော်ဟစ်လိုက်ပါတယ်။ ပြီးတော့ အရမ်းကို ကြီးမားတဲ့ အသွင်ကို ပြန်ပြောင်းလိုက်ပါတယ်။ Serpentwing ထက်တောင်မှ အများကြီး ကြီးထွားသွားပါတယ်။ တစ်ခါတစ်လေ သေးသွားလိုက် တစ်ခါတစ်လေ ကြီးလာလိုက်နဲ့ ကြိုးစား ရုန်းကန်နေပါတယ်။ ဒီလိုနည်းလမ်းသာ သူ့ကို ကြိတ်ခြေနေတဲ့ ယင်ယန် စွမ်းအင်ကို အချိန်တစ်ခု အနှောင့်အယှက် ပေးနိုင်တာပါ။ ဒီလို ကြိတ်ခြေခံရတာဟာ အရမ်းကို နာကျင်လွန်းလှပါတယ်။



မြကောင်းကင်မြွေကြီးဟာ ရုန်းကန်နေရင်းနဲ့ ဂျန်ဆီကို ခုန်ဝင်သွားဖို့ ခဏခဏ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ယင်ယန် စွမ်းအင် ဝင်္ဂဘာ ချုပ်နှောင်မှုက အရမ်းကို အစွမ်းထက်လွန်းပါတယ်။ ဂျန်အနားကို ကပ်ခွင့် နည်းနည်းလေးမှ မရခဲ့ပါဘူး။



ဆက်တိုက် ရုန်းကန်နေရာကနေ သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေဟာ တဖြည်ဖြည်းကြီးမားလာပါတယ်။ သူ့အကြေးခွံတွေဟာ ပျက်ဆီးသွားပါတယ်။ မြစိမ်းရောင် သွေးတွေဟာ ဖြာထွက်လာပါတယ်။


“Yaaaaaaaaaaaaaa.!!”



“Yaaaaaaaaaaaaaa.!!”



တစ်ခါပြီးတစ်ခါ နာကျင်စွာ အော်ဟစ်လိုက်ပါတယ်။



မြကောင်းကင်မြွေကြိးဟာ ဆက်ပြီးတော့ ရုန်းကန်နေဆဲပါပဲ။ မွန်းစတားကြီး တစ်ကောင်အနေနဲ့ သူဟာ အလွန်ကို တစွတ်ထိုး ဆန်ပါတယ်။သူ့ရှေ့က လူသားကို ဘယ်လိုလုပ် အညံ့ခံနိုင်မှာလည်း။ တစ်ကယ်လို့ သူ့ရှေ့က လူသာ ဇီဖူ တန်ခိုးရှင်ဆိုရင် မြကောင်းကင်မြွေကြီးဟာ ဦးညွတ်ကောင်း ဦးညွတ်နိုင်ပေမဲ့ သံမဏိ သစ်ပင် ဂျန်ကတော့ အရည်အချင်းမပြည့်ဝပါဘူး။


“ဟင်..”

အချိန်တော်တော်ကြာလာတဲ့ အခါမှာ ဂျန်ဟာ မျက်မှောင်ကြုတ်လာပါတယ်။


“သူဘယ်လိုဆက်ပြီးတော့ ရုန်းကန်နေနိုင်တာလည်း။”

သွေးသံရဲရဲ အရူးအမူး ရုန်းကန်နေတဲ့ မြကောင်းကင်မြွေကြီးကို နားမလည်နိုင်စွာကြည့်နေမိပါတယ်။
“ယင်ယန် ဝင်္ဂဘာ ဖော်မေးရှင်းရဲ့ အစွမ်းတချို့သာ သုံးထားပေမဲ့ သူဒီလိုဆက်ပြီး ရုန်းကန်နေရင် မကြာခင် အမှုန်ဖြစ်သွားလိမ့်မယ်။ သူက ငါ့ကို အညံ့ခံဖို့ထက် သေမဲ့လမ်းကို ရွေးတာလား။”



ဂျန်က အံကို တင်းတင်းကြိတ်မိလိုက်ပါတယ်။ သူ့အတွေး နဲ့ မြကောင်းကင် မြွေကြီးကို ရစ်ပတ်လှောင်ဖွဲ့နေတဲ့ အဖြူနဲ့ အမဲ စွမ်းအင်တွေဟာ ပျောက်ကွယ်သွားပါတော့တယ်။


“မြကောင်းကင်မြွေကြီး..”

ဂျန်က ဒဏ်ရာကြီးငယ်နဲ့ မောပန်း နေတဲ့ မိစ္ဆာကြီးကို လက်ညိုး ညွှန်လိုက်ပြီးတော့
“ငါ မင်းကို ဝင်္ဂဘာ အစွမ်းသုံးပြီး နှိမ်ခဲ့လို့ မင်းက စိတ်မကျေမနပ် ဖြစ်နေတာမလား။ မင်းနဲ့ငါ တစ်ပွဲတစ်လမ်း တိုက်ခိုက်ကြရအောင်။ ငါ ဝင်္ဂဘာရဲ့ အစွမ်းတွေကို အသုံမပြုပဲ မင်းကို တိုက်ခိုက်မယ်။ မင်းငါ့ကို နိုင်ရင်တာနဲ့ ငါမင်းကို လွှတ်ပေးမယ်။ မင်းရှုံးရင်တော့ ငါ့ကို သစ္စာခံရမယ်။ သဘောတူလား..”


“Yaaaaaaaaaa!”



မြကောင်းကင် မြွေကြီးက ကြောက်မက်ဖွယ် အသံပြုလိုက်ပြီးတော့ ၁၀မီတာလောက် အရှည်ပဲ ရှိတဲ့ ပုံသဏ္ဍာန်ကို ပြောင်းလဲသွားပါတော့တယ်။ ဒီ အရွယ်အစားဟာ သူ့အတွက် အစွမ်းအထက်ဆုံး တိုက်ပွဲဝင် ပုံစံပါ။ သူ ဂျန်ဆီကို ခုန်ပြီး ဝင်သွားပါတော့တယ်။


“ဟမ့်…”

အနက်ရောင် ကြာပွတ်တစ်ချောင်း ဂျန်ရဲ့ ညာလက်ထဲမှာ ပေါ်လာပါတယ်။ ဒီကြာပွတ်မှာ သံချွန်တွေ အများကြီး ရှိနေပါတယ်။ ပြီးတော့ မှော်ရတနာ တစ်မျိုးဖြစ်တဲ့ သစ်နက်နွယ်ကြာပွတ် ဖြစ်ပါတယ်။ ဒီရတနာက သံမဏိ သစ်ပင်ကလန်ရဲ့ ကျော်ကြားတဲ့ ရတနာ တစ်ပါးပါ။ အရမ်းကို အားပြင်းတဲ့ အနက်ရောင် အရိပ်သဏ္ဍာန်သာ မြင်ရတဲ့ ကြာပွတ် ရိုက်ချက်နဲ့ မြကောင်းကင်မြွေကြီးကို ရိုက်ချလိုက်ပါတယ်။


“ရွှမ်း ရွှမ်း”



မြကောင်းကင် မြွေကြီးက ကြာပွတ်ချက်တွေကို အလျင်အမြန် ရှောင်တိမ်းလိုက်ပါတယ်။



“ဝုန်းဝုန်းဝုန်း…”

သံမဏိသစ်ပင် ဂျန်ကတော့ ကြာပွတ်နဲ့ ဆက်တိုက် ရိုက်ချလိုက်ပါတယ်။ ကြာပွတ် စက်ဝိုင်းတွေ တစ်ခုပြီး တစ်ခု ပေါ်လာပြီးတော့ ကောင်းကင်တစ်ခုလုံး ပြည့်လာပါတယ်။ စက်ဝိုင်းတွေ အကုန်လုံးဟာ မြကောင်းကင် မြွေကြီးဆီကို တိုးဝင်သွားပါတယ်။ စုတ်ပြဲသံနဲ့အတူ မြကောင်းကင် မြွေကြီးရဲ့ အကြေးခွံနဲ့ အသားစတွေ လွင့်စင် ထွက်လာပါတော့တယ်။


“Sssssssssssssssssssss”

မြကောင်းကင်မြွေကြီး မြွေသံတွန်လိုက်ပါတယ်။ သူ ဒဏ်ရာတွေ ရနေပေမဲ့ ဆက်ပြီး ခုန်ဝင်တိုက်ခိုက်နေဆဲပါပဲ။



ဂျန်က အေးစက်စက် ပြုံးလိုက်ပြီးတော့ သူ့လက်ထဲက သစ်နက် နွယ် ကြာပွတ်နဲ့ ဆက်တိုက် ရိုက်ချလိုက်ပါတယ်။ သူ ဒီမြကောင်းကင်မြွေကို တိုက်ခိုက်တာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ သူဟာ ကြာပွတ် သိုင်းမှာ အရမ်းကို အစွမ်းထက်ပြီးတော့ မြကောင်းကင်မြွေကြီးကို ကောင်းကောင်း တန်ပြန်ထိမ်းချုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ မြကောင်းကင်မြွေကြီးက တော်တော်မြန်မြန်ကို ပြေးနိုင်ပါတယ်။ အရင်အချိန်တုန်းတွေက ဂျန်ဟာ မြွေကြီးကို ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ မြွေကြီးက ဝင်္ဂဘာ အချုပ်အနှောင်ထဲ ပိတ်မိနေတဲ့အတွက် မထွက်ပြေးနိုင်တော့ပါဘူး။


“မင်းဘယ်လိုထင်လဲ။”

ဂျန်က မတ်တပ်ရပ်နေပြီးတော့ ကြာပွတ်ရှည်ကြီးနဲ့ ဝှေ့ယမ်းတိုက်ခိုက်နေပါတယ်။ ကြာပွတ်က ရိုက်ချက်တွေဟာ တောင်လေးတစ်တောင်ကို တောင် ကွဲအက်သွားစေနိုင်တဲ့ ခွန်အားတွေ ပါဝင်ပါတယ်။ မြကောင်းကင်မြွေကြီးရဲ့ ခန္ဓာကိုယ်နေရာတော်တော်များများမှာ အက်ကွဲရာတွေ ပေါ်နေပါတယ်။
“ငါ့ မင်းထက် အစွမ်းထက်လို့ မင်းငါ့ကို သစ္စာ ခံသင့်တယ်။”


“ဖန်း..”



မှော်ရတနာဟာ ခန္ဓာကိုယ်ကြီးကို ရိုက်ချမိသွားပါတယ်။ ဂျန်ဟာ နှောင်းပိုင်း ဇင်တျန် တန်ခိုးရှင် ဖြစ်တဲ့အတွက် သူဟာ လုံး၀ ဖိနှိပ်ထားနိုင်ပါတယ်။



“ရှူး”



ဒီတစ်ကြိမ်တော့ ကခုန်နေတဲ့ ကြာပွတ်ရိုက်ချက်ကို မြွေကြီးက ရှောင်တိမ်းလိုက်ချိန်မှာ မြွေကြီး ရုတ်တရက် ပျောက်ကွယ်သွားပြီး မီတာတော်တော်များကွာဝေးတဲ့ နေရာမှာ ပြန်ပေါ်လာပါတယ်။



သံမဏိ သစ်ပင် ဂျန်ဟာ အလွန်အမင်း အံ့သြသွားပြီးတော့ ရုတ်တရက် မျက်နှာ တော်တော်ပျက်သွားပါတယ်။


“Sssssssss”

မြကောင်းကင်မြွေကြီးက စိတ်လှုပ်ရှားစွာ မြည်တွန်လိုက်ပါတယ်။ တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ကို အနည်းငယ် နွဲ့နှောင်းလိုက်တာနဲ့ သူဟာ အကွာအဝေး တော်တော်မျာများကို ပျောက်ကွယ်ပြီး တယ်လီပို့နဲ့ ရောက်ရှိသွားပါတယ်။ (တယ်လီပို့ - နေရာတစ်နေရာမှ တစ်နေရာကို ပြေးလွှားခုန်သွားစရာမလိုပဲ ရုတ်တရက် ကိုယ်ပျောက် ရောက်ရှိသွားခြင်း)


“သေပေတော့…”

သံမဏိ ဂျန်ရဲ့ မျက်နှာဟာ ရုပ်ဆိုး ခက်ထန်လာပါတယ်။ သူဟာ ရူးသွပ်သွားပုံရပါတယ်။



ဝုန်းအုန်းအုန်း…



ဝင်္ဂဘာ ဖော်မေးရှင်းဟာ တစဆီ ဖြစ်သွားပြီးတော့ အဖြူနဲ့ အမဲ စွမ်းအင် ပမာဏ အများကြီးဟာ မြကောင်းကင်မြွေကြီးကို ဦးတည် ရိုက်ချလိုက်ပါတယ်။ ဒါပေမဲ့ မြကောင်းကင် မြွေကြီးက သံမဏိ သစ်ပင် ဂျန်ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးတော့ ကိုယ်လေး ရိမ်းနွဲ့ပြီး နေရာမှာ ပျောကွယ်သွားပါတယ်။



“ဝုန်း”

အဖြူ နဲ့ အမဲ စွမ်းအင်တွေဟာ နေရာတင် ဆုံတွေမှုဖြစ်ပြီးတော့ အရမ်းကို အစွမ်းပြင်းထန်တဲ့ ပေါက်ကွဲမှု စွမ်းအင်အသွင် ပြောင်းလဲသွားပါတယ်။


“ခွေးမသား…”

သံမဏိ သစ်ပင် ဂျန်ဟာ လက်သီးလက်မောင်းသန်း ဒေါသတကြီး အော်ဟစ်ကျန်ရစ်ခဲ့ပါတယ်။


“Void Blink!..Void Blink!”

(အချိန်နှင့် စကြာဝဠာ ဆက်တိုက် ဖြစ်ပေါ်မှုစီးကြောင်းတွင် ခုန်သွားနိုင်စွမ်း)

သံမဏိသစ်ပင် ဂျန် မျက်စိတွေ နီရဲပြီး ရူးသွပ်ကျန်ရစ်ခဲ့ပါတယ်။
“မြကောင်းကင် မြွေကြီးက Void Blinkကို သုံးနိုင်သွားပြီ။  ဖက်ပဲ။ ဒါ ဂျိကလန်က ကောင်လေးကြောင့်ပဲ ဖြစ်ရမယ်။ အဲ့ဒီ ဂျိကလန်က ခွေးမသားလေးက မြကောင်းကင် မြွေကြီးနဲ့ ဆက်တိုက် တိုက်ပွဲတွေ ဝင်လာခဲ့တာ။ သူ့လက်ချက်ကြောင့် မြွေကြီး အစွမ်းတွေ တိုးလာတာဖြစ်မယ်။ ဒါကြောင့် ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်သွားပြီးတော့ Void Blinkကို သုံးနိုင်သွားတာနေမယ်။ ”



သံမဏိသစ်ပင် ဂျန်ဟာ လုံးဝကို ပေါက်ကွဲနေပါပြီ။



ဒီ ချိုင့်ဝှမ်းလွင်ပြင်ဒေသမှာ မြကောင်းကင်မြွေကြီးက တစ်ကောင်တည်း ရှိပါတယ်။ ဒါဆီယန် မင်းဆက် အုပ်ချုပ်တဲ့ နယ်မြေအကျယ်ကြီးထဲမှာတောင် တော်တော် နည်းနည်းပဲ ရှိပါတယ်။ သံမဏိ သစ်ပင် ဂျန်ဟာ မြကောင်းကင် မြွေကြီးတွေ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ နားလည်လို့ ဒီတစ်ကောင်ကို သူအရမ်းကို ယဉ်ပါးအောင် ထိန်းချုပ်ချင်တာပါ။



ပြောရမယ်ဆိုရင် မွန်းစတာကြီးတွေဟာ ရေတွေ အဆိပ်တွေ မီးတွေ စတဲ့ ဓာတ်ကြီးတွေကို ထိမ်းချုပ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ရေကြံ့ဘုရင်လို Serpentwing လို ဂေါ့မွန်းစတား မဟုတ်တဲ့ ကောင်တွေတောင်မှ ဒီလို အစွမ်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ ဂေါ့မွန်းစတား မြကောင်းကင်မြွေကြီးကတော့ ဒီလိုထိန်းချုပ်နိုင်တဲ့ ထူးထူခြားခြား အစွမ်းတစ်မျိုး မရှိသလိုပါပဲ။



ဒါပေမဲ့ သူ့မှာ တစ်ခုခုတော့ ရှိပါတယ်။



မြကောင်းကင်မြွေကြီးရဲ့ သဘာ၀ အစွမ်းက အရမ်းကို အင်အားကြီးလွန်းပါတယ်။ ဒါကြောင့် သူအဆင့်နိမ့်နေတဲ့အချိန်မှာ သူ့အစွမ်းကို အပြည့်အ၀ ထိန်းချုပ် အသုံးမပြုနိုင်ပါဘူး။ သာမာန်မွန်းစတားတွေ ဟိုတျန် အဆင့်မှာ ရေကို မထိန်းချုပ်နိုင်သလိုမျိုးပေါ့။ ဒါပေမဲ့ ဇင်တျန်မှာတော့ ထိန်းချုပ်နိုင်ပါတယ်။ ဒီမြကောင်းကင်မြွေဘရင်ရဲ့ သဘာ၀ အစွမ်းကတော့ Void နဲ့ ဆက်နွယ်နေပါတယ်။ သူဟာ ဇင်တျန် အဆင့်မှာတော့ ပထမဆုံးသူ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်ရပါမယ်။ရောက် ပြီးမှသာ ဆက်တိုက် Void ဘာမှမရှိခြင်း နဲ့ တစ်သားတည်းအဆင့်ကို ခုန်တက်နိုင်တာပါ။ ဒီအချိန်မှာဆို သူဟာ Void Blink အစွမ်းကို အသုံးပြုနိုင်ပါပြီ။


“Void Blink”

သံမဏိ သစ်ပင်ဂျန် အံကြိတ်လိုက်ပါတယ်။
“Void Blinkကို သုံးနိုင်တဲ့ မြကောင်းကင် မြွေဘုရင်ဟာ နောက်ဆိုရင်ပိုပြီးတော့ အစွမ်းတွေ ထက်လာဦးမှာ။”



Void Blink..

ဒီအစွမ်းဟာ မြကောင်းကင်မြွေကြီးကို လျှို့ဝှက်တဲ့ နေရာတွေကို ကြိုသလို သွားလာလို့ ရစေပါတယ်။ ကမ္ဘာရဲ့ ဝိဉာဉ် သစ်သီးကိုတောင်မှ နေရာသိရင် ဝင်ခိုးလို့ ရပါသေးတယ်။ ဒီလိုအချိန်မှာဆိုရင် သူဟာ ကြောက်မခန်းလိလိကို အစွမ်းတွေ တိုးတက်လာပါတယ်။ မြကောင်းကင်မြွေကြီးဟာ အရှေ့ပိုင်းတောင် နွံတောကို ခွာပြီးတော့ ခရီးရှည်ထွက်တော့မယ်ဆိုတာကို မေးခွန်းတောင် မေးဖို့မလိုတော့ပါဘူး။ တခြားနေရာတွေကို ခြေဆန့်တာက သဘာ၀ ရတနာတွေကို ရှာတွေ့ဖို့ အခွင့်အလမ်းပိုများတယ်လေ။ ဒါဆို အစွမ်းတွေ တိုးတက်တာ ပိုမြန်မှာ။ သက်တောင့်သက်သာ အမြဲနေတာက အစွမ်းတွေကို ဖြုန်းတီးတာပါပဲ။


“သူ ငါ့ကို မုန်းတီးသလောက်ဆိုရင် နောင် အနာဂတ်မှာ ဒီချိုင့်ဝှမ်းဒေသကို ပြန်လာပြီးတော့ ငါ့ကို လာရှာပြီး လက်စားခြေမှာပဲ။”

ဂျန်ဟာ ကြောက်လည်းကြောက် ဒေါသလည်းထွက်လာပါတယ်။



“အား…”

သံမဏိ သစ်ပင် ဂျန်ရဲ့ အော်ဟစ်လိုက်သံဟာ ရေတွေကိုတောင်မှ ပေါက်ကွဲသွားစေပါတယ်။



သူတော်တော်ကို ဒေါသထွက်နေတာပါ။


“ဒါတွေအကုန်လုံးက ဟို ဂျိကလန်က ကောင်လေးကြောင့်ပဲ။”

သံမဏိသစ်ပင် ဂျန် အံကြိတ်လိုက်ပါတယ်။ သူ့နှလုံးသားထဲမှာ မုန်းတီးမှုတွေပဲ ပြည့်နေပါတယ်။ ဂျိကလန်ရဲ့ ကောင်လေးသာ မြကောင်းကင်မြွေကြီးကို ဒီလောက်တိုးတက်အောင် မလုပ်ခဲ့ဘူးဆိုရင် သူနဲ့တိုက်ပွဲမှာ ဘယ်လိုလုပ်နောက်တစ်ဆင့်တိုးတက်သွားနိုင်မှာလည်း။ အဲ့ဒါဆိုရင် သူ မြွေကြီးကို ယဉ်ပါးအောင် ထိန်းလို့ပြီးနေပြီ။ အခုတော့ သူ့မှာ မြွေလည်းမရပဲ ကြောက်စရာ ရန်သူ တစ်ကောင်ပဲ ရခဲ့တယ်။ မြကောင်းကင်မြွေကြီးဟာ ဒီရန်စကို သေချာ တေးမှတ်ထားမှာပဲ။



….



အရမ်းကိုကြီးမားတဲ့ ဝင်္ဂဘာ ဖော်မေးရှင်ကြီး ပျောက်ကွယ်သွားပါတယ်။ ဂျန်ဟာ ဖော်မေးရှင်း အလံတိုင်လေး ၈ခုလုံးကို သိမ်းဆည်းလိုက်ပါတယ်။ သူဟာ ရက်စက်တဲ့ အရိပ်တွေ ဖြာထွက်နေပြီးတော့ ရေပေါ်မှာ သာသာယာယာ လမ်းလျှောက်သွားပါတယ်။



“ဆရာ..”

ဘိုင်အန်ကျားကြီးဟာ အနက်ရောင်ဝတ် လူအသွင်ပြန်ပြောင်းလဲသွား ပြီး ပျံဆင်းလာပါတယ်။ သူ့ဆရာရဲ့ မျက်နှာ အမူအရာကို တွေ့လိုက်ရတော့ မြွေကို ထိန်းချုပ်မှုဟာ မအောင်မြင်မှန်းနားလည်သွားပါတယ်။ သူမြန်မြန်ပြန်ပြောလိုက်ပါတယ်..
“ဒေါသထိန်းပါ ဆရာ… မြကောင်းကင်မြွေကြီးဟာ တော်တော်ကို ရူးမိုက်ပါတယ်။ ဆရာသူ့ကို သတ်မိတာ သူ့အပြစ်ပါပဲ။”


“သူမသေပါဘူး..”

သံမဏိသစ်ပင် ဂျန် အေးစက်စက်ပြောလိုက်ပါတယ်။


“သူကမသေဘူးလား”

ဝတ်စုံနက်နဲ့ လူက အရမ်းကို အံ့သြနေပါတယ်..
“အဲ့ဒါဆို..”



သံမဏိသစ်ပင်ဂျန် ခေါင်းညိတ်လိုက်ပြီးတော့
“ပြောရမယ်ဆိုရင် သူVoid blink ကို နားလည်သွားခဲ့ပြီးတော့ ထွက်ပြေးလွတ်မြောက်သွားတာပဲ။”


“ဒါပေမဲ့..ဒါ..ဒါ..”

ဝတ်စုံနက်နဲ့လူ မယုံနိုင်အောင် ဖြစ်နေပါတယ်။ မြကောင်းကင်မြွေကြီးက ဒီလိုအရေးကြုံတဲ့အချိန်မှာ Void blink ကို နားလည်သွားခဲ့တယ်…


“ဒါတွေက ဂျိကလန်က ကောင်လေး လက်ချက်ပဲ။”

ဂျန် အေးစက်စက်ပြောလိုက်ပါတယ်။
“သူ့အစွမ်းက မြကောင်းကင်မြွေကြီး အစွမ်းနဲ့ အတူတူလောက်ပဲ။ မကြာခဏ စိန်ခေါ်တိုက်ပွဲတွေမှာ မြကောင်းကင်မြွေကြီးက အစွမ်းတွေ အများကြီး တိုးတက်လာတယ်။ ဒါကြောင့် ဒီတိုက်ပွဲမှာ သူဟာ ကမ္ဘာကြီးကို အာရုံ ခံမိသွားပြီးတော့ Void နဲ့ တစ်သားတည်း ဖြစ်သွားတာပြီး Void blink ကို စသုံးနိုင်သွားတာပဲ။ ငါ သူ့ကို အရေခွံနွှာမှရမယ်။ နို့မို့ဆို ငါ့ နှလုံးသားထဲက ဒေါသမီးကို ငြိမ်းသတ်နိုင်မှာ မဟုတ်ဘူး။”



ဝတ်စုံနက်နဲ့ လူက ခေါင်းညိတ်ထောက်ခံလိုက်ပါတယ်။
“စိတ်မပူပါနဲ့ ဆရာ။ ဒီကိစ္စတွေ မဖြစ်ခင်က ကျွန်တော် ဆူးချွန်အနက်တွေနဲ့ သူ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒီ ဆူးချွန်တွေမှာ ရေခဲပန်း အရည် နဲ့ သုတ်ထားတာ။ တစ်ချို့ ရေခဲပန်း အရည်တွေ သူ့ကိုယ်ပေါ်ကို စွန်းထင်းနေလောက်ပြီ။ ကျွန်တော်တို့သာ ရေခဲပျားကို လွှတ်လိုက်ရင် သူ့ကို သေချာပေါက် ရှာတွေ့မှာပဲ။”



“ကောင်းတာပေါ့။”

ဂျန်  သူ့လက်မောင်းက ဝတ်ရုံကြီးထဲကနေ အညိုရောင် ပျားအုံတစ်ခုကို ထုတ်လိုက်ပါတယ်။ ပျားအုံကို လွှတ်လိုက်တော့ ကျောက်မျက်လို တစ်ချို့နေရာတွေမှာ ကြည်နေတဲ့ ပျားလေးတွေထွက်လာပြီးတော့ အရမ်းမြန်တဲ့ နှုန်းနဲ့ ပျံသန်းထွက်ခွာသွားပါတယ်။


“လိုက်ကြရအောင်..”

ဂျန်နဲ့ ဘိုင်အန်ကျားကြီးဟာ ရေခဲပျားလေးတွေ နောက်ကနေ မြန်မြန် ပြေးလိုက်လာပါတယ်။



သူတို့တွေ ထွက်ခွာသွားတော့ ရေထဲကနေ မြစိမ်းရောင် မြွေကြိးတစ်ကောင် ခေါင်းပြူထွက်လာပါတယ်။ မြစိမ်းရောင် မြွေကြီးက မျှော်လင့်ချက်နဲ့ အဝေးကို ကြည့်နေပါတယ်။ သူဟာ နင် နဲ့ တိုက်ပွဲတော်တော်များများတိုက်ခိုက်ပြီးနောက် လက်ရည်တူနေတာကို သိလိုက်ပါတယ်။ ပြီးတော့ နင်က သူ့ကို ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကိုရောက်အောင် ကူညီခဲ့လို့ သူ Void blink ဆိုတဲ့ အစွမ်းကို နားလည်ပြီးတော့ အသုံးပြုနိုင်ခဲ့တာ။ သူဟာ နင်ကို ကျေးဇူးတွေ တင်နေပါတယ်။


“Ssssssssss”

မြကောင်းကင်မြွေကြီးဟာ အသံတိုးတိုးလေး ပြုလိုက်ပါတယ်။ သူဟာ နင် လွတ်မြောက်နိုင်ပါစေလို့ မျှော်လင့်နေမိတယ်။ သူလုပ်ပေးနိုင်တာကို လုပ်ပေးခဲ့ပြီးပြီ။ အခုဆို သူ့မှာ အရမ်းကို အစွမ်းထက်တဲ့ ထွက်ပြေးနိုင်တဲ့ အစွမ်းရှိနေပြီ။ ဒါပေမဲ့ ပါဝါအနေနဲ့ဆိုရင် သံမဏိသစ်ပင် ဂျန်ဟာ သူ့ထက်အများကြီး အစွမ်းထက်နေပါသေးတယ်။


Chapter 1 ပြီးပါပြီ။

Chapter 2 – ရေအိုင်ငယ်လေးကြောင့် လမ်းစဉ်ကို နားလည်သွားခြင်း

ဆက်ပါဦးမည်>>>>>>

Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)