ဓားတန္ခိုးရွင္၏ ဒ႑ာရီ BOOK 2 Chapter 1 (ျမိဳ႕ထဲသို႕ က်ဳးေက်ာ္၀င္ေရာက္ျခင္း)

 ၆ မီတာ ေလာက္ ျမင့္တဲ့ သစ္သား စည္းရိုးနဲ႕ ကာရံထားတဲ့ မ်ိဳးႏြယ္စု ေက်းရြာေလးတစ္ရြာ။ …
ဒီ စည္းရိုးထဲမွာေတာ့ သစ္သားအိမ္ေလးေတြ၊ ေက်ာက္တံုးအိမ္ေလးေတြ နဲ႕ သားေမြး ၀တ္စံု၀တ္ထားတဲ့ အမ်ိဳးသား၊ အမိ်ဳးသမီးေတြ သက္ၾကီး ရြယ္အိုေတြ ကေလးေတြ အမ်ားၾကီး ေနထိုင္ၾကတယ္။ ဒီသစ္သား စည္းရိုးဟာ မြန္းစတား အုပ္စုလိုက္ၾကီး ေတာေျပာင္း ၀င္ေရာက္လာတာကို ကာကြယ္ေပးႏိုင္ေအာင္ ခိုင္ခန္႕ပါတယ္။

ဒါရြာေလးကေတာ့ လူ ေထာင္ဂဏန္းေလာက္ရွိတဲ့ သာမာန္ မ်ိဳးႏြယ္စုေလး တစ္ခုပါ။

ေတာင္ပံေျမြ မိစာၦၾကီး။     ။ ငါ့သားက ဒီနား ၀န္းက်င္မွာပဲ အဖမ္းခံလိုက္ရတာ။ ဒီ မ်ိဳးႏြယ္စု ရြာေလးကေတာ့ သူအဖမ္းခံရတဲ့ ေနရာနဲ႕ အနီးဆံုးပဲ။

ေတာင္ပံေျမြ မိစာၦၾကီးဟာ ေတာအုပ္ကေနျပီးေတာ့ စည္းရိုး တံခါးေပါက္ကို ေလွ်ာက္လာခဲ့တယ္။

“ရပ္လို္က္စမ္း”

“ရပ္လို္က္စမ္း”

ရြာတံခါးကို ပိတ္ထားျပီးေတာ့ တံခါးတစ္ဖက္တစ္ခ်က္မွာ ေမွ်ာ္စင္ တစ္ခုစီ ရွိေနတယ္။ ေမွ်ာ္စင္ တစ္ခုစီမွာ သားေမြး ၀တ္စံု၀တ္ ေလးသည္ေတာ္ ၅ေယာက္စီ ရွိေနတယ္။ သူတို႕ေတြ အကုန္လံုးက ရြာအနီးကို ကပ္လာတဲ့ အနက္ေရာင္ ၀တ္စံုနဲ႕ လူၾကီးကို ေလးကိုယ္စီနဲ႕ ခ်ိန္ရြယ္ထားလိုက္တယ္။

“အျပင္မွ လူစိမ္း ၊ မင္းရဲ့ ရည္ရြယ္ခ်က္ကို ေျပာျပပါ။”

၀တ္စုံနက္နဲ႕ လူၾကီးက ေမးလာတဲ့ ေလးသမားကို ပုရြက္ဆိတ္ တစ္ေကာင္လို သေဘာထားျပီး တစ္ခ်က္ၾကည့္လိုက္တယ္။ ျပီးေတာ့ ရြာ တံခါးေပါက္ကို ဆက္ေလွ်ာက္လာတယ္။

ေမွ်ာ္စင္ေပၚကေလးသည္ေတာ္ ၁၀ ဦးလံုး ေဒါသေပါက္ကြဲသြားၾကတယ္။

သတ္…

ျမွားေတြဟာ ၀တ္စံုနက္နဲ႕ လူၾကီးဆီ ေျပး၀င္သြားတယ္။ ဒီ ျမွားေတြမွာပါတဲ့ ခြန္အားဟာ ေက်ာက္တံုးေတြကိုေတာင္ တစ္စစီ ေခ်မြပစ္ႏိုင္တယ္။ သစ္ပင္ၾကီးေတြကို ျမွား တစ္ေခ်ာင္းတည္းနဲ႕ လဲက်ေစႏိုင္တယ္။ ဒါေပမဲ့ ဒီ ျမွား ၁၀ ေခ်ာင္းလံုးဟာ ၀တ္စံုနက္နဲ႕ လူၾကီး အနီးကို ေရာက္တဲ့ အခါမွာ ျမွား ရိုးတံမွာ အက္ေၾကာင္းေတြ ေပၚလာျပီးေတာ့ အကုန္လံုး မီးေလာင္ ျပီး ျပာမႈန္ေတြ ျဖစ္သြားတယ္။

လူၾကီး ကဆက္ေလွ်ာက္လာေနတယ္။

“အေျခအေန မေကာင္းဘူး။”

ေလးသည္ေတာ္ ၁၀ ဦးလံုးဟာ ထိတ္လန္႕ သြားၾကျပီးေတာ့ ေလးသည္ေတာ္ တစ္ေယာ္ဟာ အခ်က္ေပး တံပိုးၾကီးကို မႈတ္လိုက္တယ္။

တူ..တူ..တူ..

ဒီ တံပိုးတံဟာ အလြန္ က်ယ္ေလာင္ျပီးေတာ့ တစ္ရြာလံုးကို အသံေတြ လႊမ္းျခံဳသြားတယ္။ တစ္ရြာလံုးက ကေလး လူၾကီး ေယာက်္ား မိန္းမ မက်န္ သူတို႕ ရဲ့ လက္နက္ေတြ ဆြဲကို္င္ျပီးေတာ့ အသင့္ ျပင္လိုက္ၾကတယ္။ သူတို႕ေတြအကုန္လံုးဟာ တစ္ဘ၀လံုး တိုက္ပြဲေတြနဲ႕ ေတြ႕လာတဲ့ စစ္သူရဲေတြ ခ်ည္းပဲေလ။

တစ္ရြာလံုးကလူေတြ ရြာတံခါးေပါက္ဆီကို ေျပးလာတဲ့ အခ်ိန္မွာပဲ…

၀ုန္း..

အရမ္းကို ထူထဲ တဲ့ သံတံခါးၾကီးဟာ အစိတ္စိတ္အျမႊာျမႊာ ကြဲေၾကလြင့္စင္သြားတယ္။ ဒီေပါက္ကြဲလြင့္စင္ လာတဲ့ အစိတ္အပိုင္းေတြဟာ ေမွ်ာ္စင္ေပၚက ေလးသည္ေတာ္ေတြပစ္လိုက္တဲ့ ျမွားေတြထက္ ပို ျပီးေတာ့ ျပင္းထန္ပါတယ္။ ဒါေၾကာင့္မို႕လို႕ ေပါက္ကြဲမႈနဲ႕ အနီးဆံုး စစ္သူရဲေတြဟာ ေရွာင္လို႕မလြတ္ပဲ ထိမွန္ ေသဆံုးကုန္ၾကတယ္။ ဒါေပမဲ့ က်န္တဲ့ တစ္ရြာလံုးဟာ နည္းနည္းေလးမွ တြန္႕မသြားၾကပါဘူး။ မာန္သြင္းေအာ္ဟစ္ျပီး ဆက္ျပီးေတာ့ ခ်ီတက္လာၾကတယ္။

“ရပ္ၾက”

ဆံပင္ျဖဴနဲ႕ သားေမြး ၀တ္စံု ၀တ္ထားတဲ့ အဘိုးအုိတစ္ေယာ္ကဟာ တံခါးေရွ႔က ကြင္းျပင္ကို အရိပ္လို လွစ္ခနဲ ေရာက္လာပါတယ္။

ေဒါသထြက္ေနတဲ့ ရြာသားေတြဟာ ဆံပင္ျဖဴ အဘိုးအို ရဲ့ စကားကို နားေထာင္ျပီး ရပ္တန္႔လိုက္ၾကပါတယ္။ ဒီ အဘိုးအိုဟာ ဒီရြာရဲ့ အၾကီးအကဲပါ။

အဘိုးအို။           ။ သူရဲေကာင္းၾကီးခင္ဗ်ာ၊ ကၽြန္ေတာ္တို႕ ေရႊဓား မ်ိဳးႏြယ္စုက ဘာမ်ား အကူအညီ ေပးရမလဲ မသိဘူး ခင္ဗ်ာ။

ဆံျဖဴ အဘိုးအိုဟာ တေလးတစား အရိုအေသေပးလိုက္တယ္။ သူတို႕ ေက်းရြာတံခါးကို တစ္စစီ ဖ်က္ဆီးဖို႕ အတြင္းအား ရွိသူဟာ ေမးခြန္းထုတ္စရာ မလိုပဲ ဇင္တ်န္ အဆင့္ တန္ခိုးရွင္အဆင့္ဆိုတာ သူတို႕ သိပါတယ္။ ဇင္တ်န္ အဆင့္ ဟာ ဂ်ိကလန္လို ေဒသထဲက ေခါင္းေဆာင္ ကလန္ထဲမွာေတာင္ အရမ္းကို ရာထူးအဆင့္အတန္း ျမင့္ၾကတယ္။

၀တ္စံုနက္နဲ႕ လူၾကီးဟာ သာမန္ပဲ ဆက္ေလွ်ာက္လာတယ္။

၀တ္စံုနက္နဲ႕ လူၾကီး။       ။ ငါမင္းကို ေမးခ်င္တယ္။ မင္းတို႕ ဒီနား ၀န္းက်င္မွာ ေျမြ မိစာၦ ေတြကို ဒီတေလာမွာ ေတြ႕မိၾကလား?

အဘိုးအုိ။           ။ ေျမြ မိစာၦေတြ? ဒီ ၀န္းက်င္ မွာေက်းရြာေတြကို ဖ်က္ဆီးသြားတဲ့ ေျမြ မစာၦတစ္ေကာင္ ဒီတေလာ ေပၚလာခဲ့တယ္။ တစ္ပတ္ေလာက္ေနေတာ့ မ်ိဳးႏြယ္စု ရြာေလးေတြက ဂ်ိကလန္ကို အေၾကာင္းၾကားခဲ့တယ္။ ဂ်ိကလန္က သူတို႕ရဲ့ အနက္ေရာင္  ျမင္းစီးသူရဲေတြကို ေစလႊတ္ ႏွိမ္နင္းခိုင္းခဲ့တယ္။

လူၾကီးမ်က္ေမွာင္ၾကဳတ္လိုက္ျပီးေတာ့ ေအးစက္စက္ အလင္းေရာင္ တစ္ခ်က္လက္သြားတယ္။

“ဒါဆို ဂ်ိကလန္ဆိုတာ ေသခ်ာျပီေပါ့”

ဂ်ိကလန္ဟာ ဒီ ေဒသမွာ အစြမ္းထက္တဲ့ ကလန္တစ္ခုပဲ။ သူ႕လို ေရွးက်တဲ့ မြန္းစတား မိစာၦၾကီးေတာင္ သြားျပီး ရန္မစရဲဘူး။ သူပထမက သူ႕သား အျမီးနီကို ဖမ္းသြားတာ ဂ်ိကလန္လို႕ ခန္႔မွန္းခဲ့တာ အခုေတာ့ မွန္ေနျပီ။

“အေသလား အရွင္ အဖမ္းခံရတာလား”

အဘိုးအုိ။           ။ အရွင္ အဖမ္းခံရတာပါ။ ဂ်ိကလန္က ေျမြဆိုးကို ဖမ္းဖို႕ အနက္ေရာင္ ျမင္းသည္ေတာ္ေတြ ကိုေစလႊတ္လိုက္တယ္။ သူတို႕ ဖမ္းျပီးသြားေတာ့ ျပန္သြားခဲ့တယ္။ သူတို႕ေတြဟာ အေနာက္ပုိင္း ဂ်ိကလန္ျမိဳကေတာ္မွာ ရွိဖို႕ မ်ားတယ္။

၀တ္စံုနက္နဲ႕ လူၾကီး။       ။ အေနာက္ဘက္ ဂ်ိကလန္ျမိဳ႕?
၀တ္စံုနက္နဲ႕ လူၾကီး မ်က္လံုးထဲမွာ ေဒါသမီးေတြ ေတာက္ေလာင္လာတယ္။ အေနာက္ဘက္ ဂ်ိကလန္ ျမိဳ႕ေတာ္ဟာသူ႕လုိ မိစာၦၾကီးအတြက္ အရမ္းကို အႏာၱရာယ္မ်ားတဲ့ ေနရာတစ္ခုပဲ။ ဒီ ျမိဳ႕ေတာ္ဟာ အေနာက္ဘက္ ဂ်ိကလန္က လူစြမ္းေကာင္းေတြ အကုန္လံုးရဲ့ စုစည္းရာေဒသလည္း ျဖစ္တယ္။ မိစာၦၾကီးေတြဟာ ဒီ ျမိဳ႕နားကို မသြားရဲၾကဘူး။ သူ႕သားသာ အဲ့ဒီမွာဆိုျပန္ကယ္ဖို႕ အတြက္ဆို အရမ္း အရမ္းကို ခက္ခဲလြန္းတယ္။

…..

၀တ္စံု အနက္နဲ႕ လူၾကီး။   ။ လူသား။ မင္းငါ့ကို ဘယ္သူလည္းဆိုတာ သိလား?

ဆံပင္ျဖဴ အဘိုးအိုဟာ သူ႕ကို လူသားလို႕ ေခၚလိုက္တဲ့ အသံၾကားလိုက္ရေတာ့ အလြန္အမင္းထိတ္လန္႕သြားတယ္။

“မြန္းစတား!!!!!”

ဒီ ၀တ္စံုနက္နဲ႕ လူဟာ လူသားအသြင္ ေျပာင္းထားတဲ့ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ မိစာၦၾကီးဆိုတာ သူသေဘာေပါက္သြားတယ္။

ဟူး…ဟူး…ဟူး

ရုတ္တရက္ အပူခ်ိန္ေတြ က်ဆင္းသြားတယ္။ ေလျပင္းေတြ တိုက္ခတ္လာတယ္။ ႏွင္းခဲေတြပါ က်ဆင္းလာတယ္။ အေအးဓာတ္ဟာ ေၾကာက္မက္ဖြယ္ေကာင္းေအာင္ ေအးလာျပီးေတာ့ အနီးနားက လူေတြ အကုန္လံုး ခ်က္ျခင္း ေအးခဲျပီး ေရခဲရုပ္တုေတြ ျဖစ္ကုန္တယ္။ မၾကာခင္ပဲ အကုန္လံုး တစ္စစီ ေၾကကြဲသြားၾကတယ္။

အဘိုးအိုဟာ သူ႕ေနာက္က ရြာသားေတြကို ေအာ္ဟစ္ေျပာဆိုလိုက္တယ္။
ဆံျဖဴ အဘိုးအို။   ။ မြန္းစတား မိစာၦ ၾကီး၊ ေျပးၾက၊ ေျပးၾက။

“ျမန္ျမန္ေျပးေဟ့...”

“ေျပးၾကေဟ့”

ရြာသားေတြ အကုန္လံုး သူတို႕ နာက်င္မႈနဲ႕ ေဒါသကို မ်ိဳသိပ္ျပီးေတာ့ ထြက္ေျပးကုန္ၾကတယ္။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ား ရြာသားေတြဟာ ထြက္မေျပးၾကပဲ ၀တ္စံုနက္နဲ့ လူၾကီးကို နာက်င္ ရူးသြပ္စြာ ၀င္ေရာက္တိုက္ခိုက္ၾကတယ္။ ဒါေပမဲ့ သူ႕နားကိုေရာက္တာနဲ႕ သူတို႕ကိုယ္မွာ ေရခဲမႈန္ေတြ တျဖည္းျဖည္းကပ္လာျပီး ေနာက္ဆံုးမွာ ေရခဲ ရုပ္တုေတြ ျဖစ္သြားၾကတယ္။

ဆံပင္ျဖဴ အဘိုးအိုဟာ သူ႕ အတြင္းအားေတြနဲ႕ တန္ျပန္တိုက္ခိုက္ပါတယ္။ သူဟာ မုန္းတီးစြာ ေအာ္ဟစ္ေျပာဆိုလိုက္တယ္။
“မင္း ဂ်ိကလန္ကို ရန္စရဲတယ္ေပါ့။”

Serpant wing ရဲ့ ဆံပင္ေတြဟာ ေလထဲမွာလြင့္ေနတယ္။သူ႕မ်က္လံုးေတြဟာ ရဲရဲနီေနတယ္။
Serpantwing the greater monster။        ။ ရန္စတယ္။ ဟား..ဟား..။ ေျမြမိစာၦေလးက ငါ့သားေလးေလ။ ငါ့အခ်စ္ဆံုးသားေလး။ ငါသူတို႕ကို ရန္စယံုတင္မဟုတ္ဘူး အေနာက္ ဂ်ိကလန္ ျမိဳ႕ေတာ္ကိုပါ ဖ်က္ဆီးပစ္မယ္။

Roarr!!!

ေအာ္ဟစ္သံဟာ ကမာၻ တစ္ခုလံုး တုန္လႈပ္သြားတယ္။

၀တ္စံနက္နဲ႕ လူၾကီးဟာ ေျမြၾကီးအသြင္ ေျပာင္းသြားျပီး ေလေပၚမွာ ပ်ံေနတယ္။ ေျမြၾကီးဟာ သူ႕ရဲ့ ေတာင္ပံေတြကို ျဖန္႕လိုက္ျပီး ရြာတစ္ခုလံုကို ေနေရာင္ကြယ္ေအာင္ လုပ္လိုက္တယ္။ ေျခဦးတည့္ရာ ေျပးေနၾကတဲ့ ရြာသားေတြဟာ ဒီလို အေျခအေနကို ေတြ႕လိုက္ရေတာ့ ေဆာက္တည္ရာမရ တုန္လႈပ္သြားၾကတယ္။

“ဒါ Serpantwing ၾကီး!”

“ဒါ Serpantwing ေရကန္က မိစာၦၾကီး။!”

အခုဆို ဘယ္ရြာသားမွ တိုက္ခိုက္လိုစိတ္ မရွိၾကေတာ့ဘူး။ သူတို႕ေတြအကုန္လံုး ေမြးကတည္းက ဒီ Serpantwing ေရကန္ရဲ့ ပံုျပင္ေတြကို ၾကားဖူးၾကတယ္။ သူတို႕ေတြအကုန္လံုး Serpantwing ဟာ ဘယ္ေလာက္ ေၾကာက္ဖို႕ ေကာင္းမွန္း သိၾကတယ္။ သူတို႕လုိ ကလန္ ေပါက္စကေလး အေနနဲ႕ ဒီလုိ မြန္းစတားၾကီးကို သြားထိဖို႕ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။

“အကုန္ ေသၾကစမ္း”

“မင္းတို႕အကုန္လံုး ေသသင့္တယ္”

အလြန္ၾကီးမားတဲ့ Serpantwing ၾကီးဟာ ဒီ တစ္ရြာလံုးကို သူ႕ေတာင္ပံၾကီး ႏွစ္ဖက္နဲ႕ အလံု ဖံုးကြယ္လိုက္ျပီးေတာ့ ပါးစပ္ၾကီးကိုဟျပီး အသက္ရွဴထုတ္လိုက္တယ္။ အလြန္ျပင္းထန္ျပီး ေအးစက္လြန္းတဲ့ ေလျပင္းေတြ တိုက္ခတ္လာ တယ္။ ေလဟာ အလြန္ကို ျပင္းထန္လြန္းတဲ့အတြက္ ေျမၾကီးေတြပါလြင့္စင္ထြက္ကုန္ျပီး တစ္ခ်ိဳ႕ ေက်ာက္တံုအိမ္ေတြပါ ျပိဳက်ကုန္တယ္။ ဒီေလျပင္းဟာ ပတ္၀န္းက်င္ ၁၀ ကီလိုမီတာကို လႊမ္းျခံဳသြားတယ္။

ဟြတ္.. အဟြတ္..

ရြာသားေတြဟာ သူတို႕ လည္ပင္းကို ကုိင္ျပီးေတာ့ လဲက်သြားၾကတယ္။ သူတို႕ ခႏၶာကုိယ္ဟာ အနက္ေရာင္ကို ေျပာင္းလဲသြားတယ္။

“မဟုတ္ဘူး!!”
ကေလးကို ခ်ီထားတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ မ်က္ရည္ ျဖိဳင္ျဖိဳင္က်ျပီး  ငိုေၾကြးေနတယ္။

တစ္ခ်ိဳက အတြင္းအား ေကာင္းတဲ့ စစ္သူရဲေတြဟာ အသက္ကိုေအာင့္ထားၾကတယ္။ ဒါေပမဲ့ အဆိပ္က သူတို႕ အေရျပားကေန စိမ့္ျပီး ၀င္ေရာက္လာတယ္။ သူတို႕ရဲ႕ ေနာက္ဆံုး အခ်ိန္မွာ သူတို႕ဟာ နာက်ည္းစြာ ေအာ္ဟစ္သြားၾကတယ္။

“မိစာၦၾကီး ဂ်ိကလန္ဟာ ငါတို႕အတြက္ လက္စားေျခေပးမွာပါ။”

သိပ္မၾကာခင္မွာပဲ ဒီ ေရႊဓား ရြာေလးဟာ တိတ္ဆိတ္တဲ့ အထီးက်န္ လြင္ျပင္တစ္ခု ျဖစ္သြားတယ္။ ရြာသားေတြ အကုန္လ့ုးဟာ ေရခဲ ရုပ္တု ျဖစ္ ျပီးေတာ့ အမႈန္ျဖစ္သြားတဲ့ သူကျဖစ္၊ ဒါမွမဟုတ္ အဆိပ္မိျပီး ေသဆံုးကုန္ၾကတယ္။ ဒီ ၁၀ ကီလိုမီတာ ပတ္လည္တစ္ခုလံုးဟာ မီးၾကြင္းထားသလို နက္ေမွာင္သြားတယ္။ ဒီ ထဲမွာ ေနထိုင္တဲ့ အဆိပ္ရွိတဲ့ သတၱ၀ါေတြေတာင္ အဆိပ္မိျပီး ေသဆံုးကုန္ၾကတယ္။

ေျမြၾကီးဟာ သက္ရွိေတြ တစ္ေကာင္မွ မက်န္ေတာ့မွန္းေသခ်ာမွ ေတာင္ပံၾကီးကို ခတ္ျပီးေတာ့ ေကာင္းကင္ေပၚကို ပ်ံသန္းထြက္ခြာသြားတယ္။

….

ညအခ်ိန္ ေရာက္လာတဲ့အခါမွာ..
အေနာက္ပိုင္း ဂ်ိကလန္ရဲ့ျမိဳ႕ေတာ္ဟာ လြင္ျပင္ထဲမွာ ခန္းနားစြာ တည္ရွိေနတယ္။

အရိပ္တစ္ခုဟာ တံတိုင္းေတြ နဲ႕ အနက္ေရာင္ ျမင္းစီးသူရဲ ကင္းတပ္ဖြဲ႕ေတြကို ေရွာင္ရွားျပီးေတာ့ ျမိဳ႕ထဲကို တိတ္တဆိတ္ ၀င္ေရာက္လာတယ္။

“ငါ့သားေလး။ မင္းဘယ္မွာလည္း။”

၀တ္စံုနက္၀တ္ လူဟာ ျမိဳ႕ထဲမွာ စတင္ရွာေဖြ ပါေတာ့တယ္။

ဒီလိုျမိဳ႕ထဲကို ၀င္လာတာဟာ Serpantwing မိစာၦၾကီးအတြက္ ဒါ ပထမဆံုး အၾကိမ္ပါပဲ။ သူ ရွာေဖြျပီး သိပ္မၾကာခင္မွာ သူ နားလည္သြားတယ္။ သူ႕ရင္ထဲမွာလည္း နာက်င္သြားတယ္။

“အရွင္ဖမ္းမိတဲ့ မြန္းစတား မွန္သမွ်ကို ျမိဳ႕တြင္းပိုင္းကို ပို႕လိုက္ၾကတာပဲ။ ဒီ ျမိဳ႕တြင္းပိုင္းက ဂ်ိကလန္က လူေတြ ေနထိုင္တဲ့ ဌာနပဲ။ ဒါေၾကာင့္ ျမိဳ႕တြင္းပိုင္းမွာ အလြန္ အေစာင့္အက်ပ္ တင္းက်ပ္တယ္။ ျပီးေတာ့ အဲ့ဒီမွာ ဇင္တ်န္းအဆင့္ တန္ခိုးရွင္ေတြ အမ်ားၾကီးရွိေနတယ္။ ငါ ဘယ္လိုမွ ၀င္လို႕ရမွာ မဟုတ္ဘူး”

အေနာက္ဘက္ျမိဳ႕ေတာ္ထဲကို ခိုး၀င္ဖို႕က လြယ္ပါတယ္။ ဒါေပမဲ့ ျမိဳ႕တြင္းပိုင္းကုိ ခိုး၀င္ဖို႕ကေတာ့ ?

ဒီေနရာဟာ ဂ်ိကလန္ရဲ့ ပင္မ ကလန္သားေတြပဲေနရာဆိုေတာ့ အဲ့ဒီက လံုျခံဳေရးဟာ ဘယ္ေလာက္ေတာင္ တင္းက်ပ္လိုက္မလဲ။

ဟူး…

တခဏအၾကာမွာ…

အေနာက္ဘက္ ဂ်ိကလန္ျမိဳ႕ေတာ္ကေန ေကာင္းကင္ေပၚကို Serpantwing မိစာၦၾကီး ပ်ံတက္သြားတယ္။ တစ္ခ်ိန္တည္းမွာပဲ သူ႕ရဲ့ ေမြးရာပါတန္ခိုးျဖစ္တဲ့ ေရကို ထိန္းခ်ဳပ္ႏိုင္တဲ့ အစြပ္းကို အသံုးျပဳျပီး ျမဴႏွင္းေတြ နဲ႕ မိုးတိမ္ေတြကို ဖန္ဆင္းလိုက္တယ္။ ေနာက္ စိုထိုင္းမႈကို ျမွင့္လိုက္တယ္။ သူဟာ ျမဴႏွင္းထု အကာအကြယ္ ယူျပီး ေကာင္းကင္ထက္ကေန ျမိဳ႕ေတာ္ ေနရာတိုင္းကို ေစ႔ေစ့စပ္စပ္ ၾကည့္ျပီး ေလ့လာလိုက္တယ္။

ည ကုန္ဆံုးသြားတဲ့အခါမွာ..

နင္ ဟာ တစ္ေယာက္တည္း နဂါးနန္းေတာ္ကို ထြက္လာခဲ့တယ္။ ဒီေန႕ဟာ သူ႕ရဲ့ ၃ရက္ေျမာက္တိုင္း တိုက္ပြဲ နဲ႕ ေလ့က်င့္တဲ့ အခ်ိန္တည္းက တစ္ရက္ေပါ့။

“သခင္ေလး”

“သခင္ေလး”

၀တ္စံုနက္၀တ္ ျမင္းစီးသူရဲေတြနဲ႕ နန္းေတာ္က အေျခြအရံေတြ သူ႕ကို အလြန္ ရိုေသၾကတယ္။

နင္ရဲ့ ဖခင္ဟာ နံပါတ္ ၁ သူရဲေကာင္း တစ္ဦး ျဖစ္ျပီးေတာ့ နင္ကိုယ္တိုင္ဟာလည္း အရမ္းကို ထူးခၽြန္သူ ျဖစ္တယ္။ ဒါေၾကာင့္ ေတာ္ေတာ္မ်ားမ်ားက နင္ဟာ ေနာက္တက္မဲ့ ဂိုဏ္းခ်ဳပ္ျဖစ္မယ္လို႕ ယံုၾကည္ၾကတယ္။ သူဘယ္ေလာက္ေတာင္ အေရာင္အ၀ါ ထြန္းလင္းေတာက္ပလည္းဆိုတာကို ဘယ္သူမဆို စဥ္းစားႏိုင္ပါတယ္။

ဂ်ိနင္။    ။ အၾကမ္းဆံုး မြန္းစတားကို အသင့္ျပင္ထားလိုက္ေတာ့။

“ကၽြန္ေတာ္ တို႕ေတြ အခုတေလာ အရမ္းကို တန္ခိုးၾကီးတဲ့ မြန္းစတားတစ္ေကာင္ ဖမ္းမိထားတယ္။ သူ႕ကို ကြန္မန္ဒါ မ်က္ကန္းငါးက ဖမ္းခဲ့ေပးတာပါ။ ဒီေကာင္က ဖင္းေဂါ့ ေသြးမ်ိဳးဆက္ပါတယ္။”

လက္တစ္ဖက္တည္းရွိတဲ့ သူရဲေကာင္းတစ္ေယာက္က ေအာ္ေျပာလိုက္တယ္။

“ဖင္းေဂါ့ ေသြးပါတဲ့ မြန္းစတား…? ေကာင္းတယ္၊ ငါဒီေန႕ ေပ်ာ္စရာတစ္ခု ေတြ႕ရေတာ့မယ္။ အဲ့ေကာင္ကို ေလွာင္အိမ္ထဲ ျမန္ျမန္ လႊတ္လိုက္ေတာ့။”
နင္  ေပ်ာ္ရႊင္သြားတယ္။

“ဟုတ္ကဲ့ သခင္ေလး”

လက္တစ္ဖက္နဲ႕ စစ္သူရဲဟာ ျမန္ျမန္ပဲ ျပင္ဆင္စရာ ရွိတာေတြကို ျပင္ဆင္လိုက္တယ္။

နဂါးနန္းေတာ္ဟာ ေလွာင္အိမ္ အပိုင္းနဲ႕ မြန္းစတားေတြ ထိန္းသိမ္းတဲံ အပိုင္းဆိုျပီး ၂ပိုင္းရွိတယ္။

Roarr!!!!

သံၾကိဳး ခ်ည္ခံထားရတဲ့ အနီေရာင္ ေျမြၾကီးဟာ ေလွာင္အိမ္ အျပင္ဘက္က လူသားကိုလည္းေတြ႕ေရာ ေဒါသတၾကီးနဲ႕ မာန္ဖီလိုက္တယ္။

လက္တစ္ဖက္နဲ႕ စစ္သူရဲ။ ။ မင္းစိတ္ၾကိဳက္ေအာ္စမ္း။ မင္းက လူသားေတြ အမ်ားၾကီးကို သတ္ခဲ့တာ၊ ဒီေန႕ကေတာ့ မင္းရဲ့ ေသေန႕ပဲ။ သြားေတာ့။ ေဟ့ ေလွာင္အိမ္တံခါးကို ဖြင့္ျပီး ဒီေကာင့္ ခ်ည္ထားတဲ့ သံၾကိဳးေတြ ျဖဳတ္လိုက္ေတာ့။ ဒီေကာင့္ကို ေလွာင္အိမ္ထဲထည့္လိုက္ေတာ့။

“ဟုတ္ကဲ့”

ဒီမြန္းစတားကို ထိမ္းသိမ္းဖို႕ တာ၀န္က်တဲ့ အေစာင့္ေတြဟာ ခ်က္ျခင္းပဲ စီစဥ္လိုက္ၾကတယ္။

အုန္း..အုန္း…အုန္း..

ေလွာင္အိမ္တံခါးကို ဖြင့္လိုက္ေတာ့ မြန္းစတားထိမ္းသိမ္းတဲ့ ေနရာထဲကို တံခါးကေန အလင္းေရာင္ေတြ ၀င္လာတယ္။ အနီေရာင္ ေျမြၾကီးဟာ မာန္ဖီသံေတြ ျပဳျပီးေတာ့ အဲ့ဒီ အလင္းေရာင္ ၀င္လာတဲ့ တံခါးကို စိုက္ၾကည့္ေနတယ္။

လက္တစ္ဖက္လူ။            ။ သံၾကိဳးေတြကို ျဖဳတ္လိုက္ေတာ့။

ကလစ္..ကလစ္…

ၾကိဳးေတြ တစ္ေခ်ာင္းျပီး တစ္ေခ်ာင္း ျပဳတ္ထြက္ကုန္တယ္။ ၾကိဳးေတြ ေလ်ာ႕သြားတာနဲ႕ ေျမြၾကီးဟာ ရုန္းကန္ပါေတာ့တယ္။ ေနာက္ဆံုးၾကိဳးဟာ ျပဳတ္သြားပါျပီ။

အနီေရာင္ ေျမြၾကီးဟာ လက္တစ္ဖက္နဲ႕ လူကို စိုက္ၾကည့္ျပီးေတာ့ ဖြင့္ထားတဲ့ တံခါးကေန ေလွာင္အိမ္ထဲ ၀င္သြားပါတယ္။

ေလွာင္အိမ္ၾကီးထဲမွာေတာ့..

နီရဲေနတဲ့ ႏႈတ္ခမ္းနဲ႕ အျဖဴေရာင္ သားေမြး ၀တ္ထားတဲ့ လူငယ္တစ္ေယာက္ဟာ သူ႕ကို စိုက္ၾကည့္ေနပါတယ္။ အနီေရာင္ ေျမြၾကီးဟာ သြားေရေတြ က်လာပါေတာ့တယ္။ သူဟာ ဒီ လူငယ္ အသြင္အျပင္ကို ၾကည့္လိုက္တာနဲ့ ဘယ္ေလာက္အရသာရွိမယ္ဆိုတာကို သူ႕အေတြ႕အၾကံဳအရသိလုိက္ပါတယ္။

ဆက္ပါဦးမည္>>>>>>
Chapter 1 ျပီးပါျပီ
အခန္း ၂ (ခ်မ္းသာေပးပါ..)

Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။

Thanks u all…


Unicode

 ၆ မီတာ လောက် မြင့်တဲ့ သစ်သား စည်းရိုးနဲ့ ကာရံထားတဲ့ မျိုးနွယ်စု ကျေးရွာလေးတစ်ရွာ။ …

ဒီ စည်းရိုးထဲမှာတော့ သစ်သားအိမ်လေးတွေ၊ ကျောက်တုံးအိမ်လေးတွေ နဲ့ သားမွေး ဝတ်စုံဝတ်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေ သက်ကြီး ရွယ်အိုတွေ ကလေးတွေ အများကြီး နေထိုင်ကြတယ်။ ဒီသစ်သား စည်းရိုးဟာ မွန်းစတား အုပ်စုလိုက်ကြီး တောပြောင်း ဝင်ရောက်လာတာကို ကာကွယ်ပေးနိုင်အောင် ခိုင်ခန့်ပါတယ်။



ဒါရွာလေးကတော့ လူ ထောင်ဂဏန်းလောက်ရှိတဲ့ သာမာန် မျိုးနွယ်စုလေး တစ်ခုပါ။



တောင်ပံမြွေ မိစ္ဆာကြီး။     ။ ငါ့သားက ဒီနား ဝန်းကျင်မှာပဲ အဖမ်းခံလိုက်ရတာ။ ဒီ မျိုးနွယ်စု ရွာလေးကတော့ သူအဖမ်းခံရတဲ့ နေရာနဲ့ အနီးဆုံးပဲ။



တောင်ပံမြွေ မိစ္ဆာကြီးဟာ တောအုပ်ကနေပြီးတော့ စည်းရိုး တံခါးပေါက်ကို လျှောက်လာခဲ့တယ်။



“ရပ်လိုက်စမ်း”



“ရပ်လိုက်စမ်း”



ရွာတံခါးကို ပိတ်ထားပြီးတော့ တံခါးတစ်ဖက်တစ်ချက်မှာ မျှော်စင် တစ်ခုစီ ရှိနေတယ်။ မျှော်စင် တစ်ခုစီမှာ သားမွေး ဝတ်စုံဝတ် လေးသည်တော် ၅ယောက်စီ ရှိနေတယ်။ သူတို့တွေ အကုန်လုံးက ရွာအနီးကို ကပ်လာတဲ့ အနက်ရောင် ဝတ်စုံနဲ့ လူကြီးကို လေးကိုယ်စီနဲ့ ချိန်ရွယ်ထားလိုက်တယ်။



“အပြင်မှ လူစိမ်း ၊ မင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြပါ။”



ဝတ်စုံနက်နဲ့ လူကြီးက မေးလာတဲ့ လေးသမားကို ပုရွက်ဆိတ် တစ်ကောင်လို သဘောထားပြီး တစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ ရွာ တံခါးပေါက်ကို ဆက်လျှောက်လာတယ်။



မျှော်စင်ပေါ်ကလေးသည်တော် ၁၀ ဦးလုံး ဒေါသပေါက်ကွဲသွားကြတယ်။



သတ်…



မြှားတွေဟာ ဝတ်စုံနက်နဲ့ လူကြီးဆီ ပြေးဝင်သွားတယ်။ ဒီ မြှားတွေမှာပါတဲ့ ခွန်အားဟာ ကျောက်တုံးတွေကိုတောင် တစ်စစီ ချေမွပစ်နိုင်တယ်။ သစ်ပင်ကြီးတွေကို မြှား တစ်ချောင်းတည်းနဲ့ လဲကျစေနိုင်တယ်။ ဒါပေမဲ့ ဒီ မြှား ၁၀ ချောင်းလုံးဟာ ဝတ်စုံနက်နဲ့ လူကြီး အနီးကို ရောက်တဲ့ အခါမှာ မြှား ရိုးတံမှာ အက်ကြောင်းတွေ ပေါ်လာပြီးတော့ အကုန်လုံး မီးလောင် ပြီး ပြာမှုန်တွေ ဖြစ်သွားတယ်။



လူကြီး ကဆက်လျှောက်လာနေတယ်။



“အခြေအနေ မကောင်းဘူး။”



လေးသည်တော် ၁၀ ဦးလုံးဟာ ထိတ်လန့် သွားကြပြီးတော့ လေးသည်တော် တစ်ယော်ဟာ အချက်ပေး တံပိုးကြီးကို မှုတ်လိုက်တယ်။



တူ..တူ..တူ..



ဒီ တံပိုးတံဟာ အလွန် ကျယ်လောင်ပြီးတော့ တစ်ရွာလုံးကို အသံတွေ လွှမ်းခြုံသွားတယ်။ တစ်ရွာလုံးက ကလေး လူကြီး ယောကျ်ား မိန်းမ မကျန် သူတို့ ရဲ့ လက်နက်တွေ ဆွဲကိုင်ပြီးတော့ အသင့် ပြင်လိုက်ကြတယ်။ သူတို့တွေအကုန်လုံးဟာ တစ်ဘဝလုံး တိုက်ပွဲတွေနဲ့ တွေ့လာတဲ့ စစ်သူရဲတွေ ချည်းပဲလေ။



တစ်ရွာလုံးကလူတွေ ရွာတံခါးပေါက်ဆီကို ပြေးလာတဲ့ အချိန်မှာပဲ…



ဝုန်း..



အရမ်းကို ထူထဲ တဲ့ သံတံခါးကြီးဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေလွင့်စင်သွားတယ်။ ဒီပေါက်ကွဲလွင့်စင် လာတဲ့ အစိတ်အပိုင်းတွေဟာ မျှော်စင်ပေါ်က လေးသည်တော်တွေပစ်လိုက်တဲ့ မြှားတွေထက် ပို ပြီးတော့ ပြင်းထန်ပါတယ်။ ဒါကြောင့်မို့လို့ ပေါက်ကွဲမှုနဲ့ အနီးဆုံး စစ်သူရဲတွေဟာ ရှောင်လို့မလွတ်ပဲ ထိမှန် သေဆုံးကုန်ကြတယ်။ ဒါပေမဲ့ ကျန်တဲ့ တစ်ရွာလုံးဟာ နည်းနည်းလေးမှ တွန့်မသွားကြပါဘူး။ မာန်သွင်းအော်ဟစ်ပြီး ဆက်ပြီးတော့ ချီတက်လာကြတယ်။



“ရပ်ကြ”



ဆံပင်ဖြူနဲ့ သားမွေး ဝတ်စုံ ဝတ်ထားတဲ့ အဘိုးအိုတစ်ယော်ကဟာ တံခါးရှေ့က ကွင်းပြင်ကို အရိပ်လို လှစ်ခနဲ ရောက်လာပါတယ်။



ဒေါသထွက်နေတဲ့ ရွာသားတွေဟာ ဆံပင်ဖြူ အဘိုးအို ရဲ့ စကားကို နားထောင်ပြီး ရပ်တန့်လိုက်ကြပါတယ်။ ဒီ အဘိုးအိုဟာ ဒီရွာရဲ့ အကြီးအကဲပါ။



အဘိုးအို။           ။ သူရဲကောင်းကြီးခင်ဗျာ၊ ကျွန်တော်တို့ ရွှေဓား မျိုးနွယ်စုက ဘာများ အကူအညီ ပေးရမလဲ မသိဘူး ခင်ဗျာ။



ဆံဖြူ အဘိုးအိုဟာ တလေးတစား အရိုအသေပေးလိုက်တယ်။ သူတို့ ကျေးရွာတံခါးကို တစ်စစီ ဖျက်ဆီးဖို့ အတွင်းအား ရှိသူဟာ မေးခွန်းထုတ်စရာ မလိုပဲ ဇင်တျန် အဆင့် တန်ခိုးရှင်အဆင့်ဆိုတာ သူတို့ သိပါတယ်။ ဇင်တျန် အဆင့် ဟာ ဂျိကလန်လို ဒေသထဲက ခေါင်းဆောင် ကလန်ထဲမှာတောင် အရမ်းကို ရာထူးအဆင့်အတန်း မြင့်ကြတယ်။



ဝတ်စုံနက်နဲ့ လူကြီးဟာ သာမန်ပဲ ဆက်လျှောက်လာတယ်။



ဝတ်စုံနက်နဲ့ လူကြီး။       ။ ငါမင်းကို မေးချင်တယ်။ မင်းတို့ ဒီနား ဝန်းကျင်မှာ မြွေ မိစ္ဆာ တွေကို ဒီတလောမှာ တွေ့မိကြလား?



အဘိုးအို။           ။ မြွေ မိစ္ဆာတွေ? ဒီ ဝန်းကျင် မှာကျေးရွာတွေကို ဖျက်ဆီးသွားတဲ့ မြွေ မစ္ဆာတစ်ကောင် ဒီတလော ပေါ်လာခဲ့တယ်။ တစ်ပတ်လောက်နေတော့ မျိုးနွယ်စု ရွာလေးတွေက ဂျိကလန်ကို အကြောင်းကြားခဲ့တယ်။ ဂျိကလန်က သူတို့ရဲ့ အနက်ရောင်  မြင်းစီးသူရဲတွေကို စေလွှတ် နှိမ်နင်းခိုင်းခဲ့တယ်။



လူကြီးမျက်မှောင်ကြုတ်လိုက်ပြီးတော့ အေးစက်စက် အလင်းရောင် တစ်ချက်လက်သွားတယ်။



“ဒါဆို ဂျိကလန်ဆိုတာ သေချာပြီပေါ့”



ဂျိကလန်ဟာ ဒီ ဒေသမှာ အစွမ်းထက်တဲ့ ကလန်တစ်ခုပဲ။ သူ့လို ရှေးကျတဲ့ မွန်းစတား မိစ္ဆာကြီးတောင် သွားပြီး ရန်မစရဲဘူး။ သူပထမက သူ့သား အမြီးနီကို ဖမ်းသွားတာ ဂျိကလန်လို့ ခန့်မှန်းခဲ့တာ အခုတော့ မှန်နေပြီ။



“အသေလား အရှင် အဖမ်းခံရတာလား”



အဘိုးအို။           ။ အရှင် အဖမ်းခံရတာပါ။ ဂျိကလန်က မြွေဆိုးကို ဖမ်းဖို့ အနက်ရောင် မြင်းသည်တော်တွေ ကိုစေလွှတ်လိုက်တယ်။ သူတို့ ဖမ်းပြီးသွားတော့ ပြန်သွားခဲ့တယ်။ သူတို့တွေဟာ အနောက်ပိုင်း ဂျိကလန်မြိုကတော်မှာ ရှိဖို့ များတယ်။



ဝတ်စုံနက်နဲ့ လူကြီး။       ။ အနောက်ဘက် ဂျိကလန်မြို့?

ဝတ်စုံနက်နဲ့ လူကြီး မျက်လုံးထဲမှာ ဒေါသမီးတွေ တောက်လောင်လာတယ်။ အနောက်ဘက် ဂျိကလန် မြို့တော်ဟာသူ့လို မိစ္ဆာကြီးအတွက် အရမ်းကို အန္တာရာယ်များတဲ့ နေရာတစ်ခုပဲ။ ဒီ မြို့တော်ဟာ အနောက်ဘက် ဂျိကလန်က လူစွမ်းကောင်းတွေ အကုန်လုံးရဲ့ စုစည်းရာဒေသလည်း ဖြစ်တယ်။ မိစ္ဆာကြီးတွေဟာ ဒီ မြို့နားကို မသွားရဲကြဘူး။ သူ့သားသာ အဲ့ဒီမှာဆိုပြန်ကယ်ဖို့ အတွက်ဆို အရမ်း အရမ်းကို ခက်ခဲလွန်းတယ်။



…..



ဝတ်စုံ အနက်နဲ့ လူကြီး။   ။ လူသား။ မင်းငါ့ကို ဘယ်သူလည်းဆိုတာ သိလား?



ဆံပင်ဖြူ အဘိုးအိုဟာ သူ့ကို လူသားလို့ ခေါ်လိုက်တဲ့ အသံကြားလိုက်ရတော့ အလွန်အမင်းထိတ်လန့်သွားတယ်။



“မွန်းစတား!!!!!”



ဒီ ဝတ်စုံနက်နဲ့ လူဟာ လူသားအသွင် ပြောင်းထားတဲ့ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာကြီးဆိုတာ သူသဘောပေါက်သွားတယ်။



ဟူး…ဟူး…ဟူး



ရုတ်တရက် အပူချိန်တွေ ကျဆင်းသွားတယ်။ လေပြင်းတွေ တိုက်ခတ်လာတယ်။ နှင်းခဲတွေပါ ကျဆင်းလာတယ်။ အအေးဓာတ်ဟာ ကြောက်မက်ဖွယ်ကောင်းအောင် အေးလာပြီးတော့ အနီးနားက လူတွေ အကုန်လုံး ချက်ခြင်း အေးခဲပြီး ရေခဲရုပ်တုတွေ ဖြစ်ကုန်တယ်။ မကြာခင်ပဲ အကုန်လုံး တစ်စစီ ကြေကွဲသွားကြတယ်။



အဘိုးအိုဟာ သူ့နောက်က ရွာသားတွေကို အော်ဟစ်ပြောဆိုလိုက်တယ်။

ဆံဖြူ အဘိုးအို။   ။ မွန်းစတား မိစ္ဆာ ကြီး၊ ပြေးကြ၊ ပြေးကြ။



“မြန်မြန်ပြေးဟေ့...”



“ပြေးကြဟေ့”



ရွာသားတွေ အကုန်လုံး သူတို့ နာကျင်မှုနဲ့ ဒေါသကို မျိုသိပ်ပြီးတော့ ထွက်ပြေးကုန်ကြတယ်။ ဒါပေမဲ့ တော်တော်များများ ရွာသားတွေဟာ ထွက်မပြေးကြပဲ ဝတ်စုံနက်နဲ့ လူကြီးကို နာကျင် ရူးသွပ်စွာ ဝင်ရောက်တိုက်ခိုက်ကြတယ်။ ဒါပေမဲ့ သူ့နားကိုရောက်တာနဲ့ သူတို့ကိုယ်မှာ ရေခဲမှုန်တွေ တဖြည်းဖြည်းကပ်လာပြီး နောက်ဆုံးမှာ ရေခဲ ရုပ်တုတွေ ဖြစ်သွားကြတယ်။



ဆံပင်ဖြူ အဘိုးအိုဟာ သူ့ အတွင်းအားတွေနဲ့ တန်ပြန်တိုက်ခိုက်ပါတယ်။ သူဟာ မုန်းတီးစွာ အော်ဟစ်ပြောဆိုလိုက်တယ်။

“မင်း ဂျိကလန်ကို ရန်စရဲတယ်ပေါ့။”



Serpant wing ရဲ့ ဆံပင်တွေဟာ လေထဲမှာလွင့်နေတယ်။သူ့မျက်လုံးတွေဟာ ရဲရဲနီနေတယ်။

Serpantwing the greater monster။        ။ ရန်စတယ်။ ဟား..ဟား..။ မြွေမိစ္ဆာလေးက ငါ့သားလေးလေ။ ငါ့အချစ်ဆုံးသားလေး။ ငါသူတို့ကို ရန်စယုံတင်မဟုတ်ဘူး အနောက် ဂျိကလန် မြို့တော်ကိုပါ ဖျက်ဆီးပစ်မယ်။



Roarr!!!



အော်ဟစ်သံဟာ ကမ္ဘာ တစ်ခုလုံး တုန်လှုပ်သွားတယ်။



ဝတ်စံနက်နဲ့ လူကြီးဟာ မြွေကြီးအသွင် ပြောင်းသွားပြီး လေပေါ်မှာ ပျံနေတယ်။ မြွေကြီးဟာ သူ့ရဲ့ တောင်ပံတွေကို ဖြန့်လိုက်ပြီး ရွာတစ်ခုလုံကို နေရောင်ကွယ်အောင် လုပ်လိုက်တယ်။ ခြေဦးတည့်ရာ ပြေးနေကြတဲ့ ရွာသားတွေဟာ ဒီလို အခြေအနေကို တွေ့လိုက်ရတော့ ဆောက်တည်ရာမရ တုန်လှုပ်သွားကြတယ်။



“ဒါ Serpantwing ကြီး!”



“ဒါ Serpantwing ရေကန်က မိစ္ဆာကြီး။!”



အခုဆို ဘယ်ရွာသားမှ တိုက်ခိုက်လိုစိတ် မရှိကြတော့ဘူး။ သူတို့တွေအကုန်လုံး မွေးကတည်းက ဒီ Serpantwing ရေကန်ရဲ့ ပုံပြင်တွေကို ကြားဖူးကြတယ်။ သူတို့တွေအကုန်လုံး Serpantwing ဟာ ဘယ်လောက် ကြောက်ဖို့ ကောင်းမှန်း သိကြတယ်။ သူတို့လို ကလန် ပေါက်စကလေး အနေနဲ့ ဒီလို မွန်းစတားကြီးကို သွားထိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။



“အကုန် သေကြစမ်း”



“မင်းတို့အကုန်လုံး သေသင့်တယ်”



အလွန်ကြီးမားတဲ့ Serpantwing ကြီးဟာ ဒီ တစ်ရွာလုံးကို သူ့တောင်ပံကြီး နှစ်ဖက်နဲ့ အလုံ ဖုံးကွယ်လိုက်ပြီးတော့ ပါးစပ်ကြီးကိုဟပြီး အသက်ရှူထုတ်လိုက်တယ်။ အလွန်ပြင်းထန်ပြီး အေးစက်လွန်းတဲ့ လေပြင်းတွေ တိုက်ခတ်လာ တယ်။ လေဟာ အလွန်ကို ပြင်းထန်လွန်းတဲ့အတွက် မြေကြီးတွေပါလွင့်စင်ထွက်ကုန်ပြီး တစ်ချို့ ကျောက်တုံအိမ်တွေပါ ပြိုကျကုန်တယ်။ ဒီလေပြင်းဟာ ပတ်ဝန်းကျင် ၁၀ ကီလိုမီတာကို လွှမ်းခြုံသွားတယ်။



ဟွတ်.. အဟွတ်..



ရွာသားတွေဟာ သူတို့ လည်ပင်းကို ကိုင်ပြီးတော့ လဲကျသွားကြတယ်။ သူတို့ ခန္ဓာကိုယ်ဟာ အနက်ရောင်ကို ပြောင်းလဲသွားတယ်။



“မဟုတ်ဘူး!!”

ကလေးကို ချီထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ မျက်ရည် ဖြိုင်ဖြိုင်ကျပြီး  ငိုကြွေးနေတယ်။



တစ်ချိုက အတွင်းအား ကောင်းတဲ့ စစ်သူရဲတွေဟာ အသက်ကိုအောင့်ထားကြတယ်။ ဒါပေမဲ့ အဆိပ်က သူတို့ အရေပြားကနေ စိမ့်ပြီး ဝင်ရောက်လာတယ်။ သူတို့ရဲ့ နောက်ဆုံး အချိန်မှာ သူတို့ဟာ နာကျည်းစွာ အော်ဟစ်သွားကြတယ်။



“မိစ္ဆာကြီး ဂျိကလန်ဟာ ငါတို့အတွက် လက်စားခြေပေးမှာပါ။”



သိပ်မကြာခင်မှာပဲ ဒီ ရွှေဓား ရွာလေးဟာ တိတ်ဆိတ်တဲ့ အထီးကျန် လွင်ပြင်တစ်ခု ဖြစ်သွားတယ်။ ရွာသားတွေ အကုန်လ့ုးဟာ ရေခဲ ရုပ်တု ဖြစ် ပြီးတော့ အမှုန်ဖြစ်သွားတဲ့ သူကဖြစ်၊ ဒါမှမဟုတ် အဆိပ်မိပြီး သေဆုံးကုန်ကြတယ်။ ဒီ ၁၀ ကီလိုမီတာ ပတ်လည်တစ်ခုလုံးဟာ မီးကြွင်းထားသလို နက်မှောင်သွားတယ်။ ဒီ ထဲမှာ နေထိုင်တဲ့ အဆိပ်ရှိတဲ့ သတ္တဝါတွေတောင် အဆိပ်မိပြီး သေဆုံးကုန်ကြတယ်။



မြွေကြီးဟာ သက်ရှိတွေ တစ်ကောင်မှ မကျန်တော့မှန်းသေချာမှ တောင်ပံကြီးကို ခတ်ပြီးတော့ ကောင်းကင်ပေါ်ကို ပျံသန်းထွက်ခွာသွားတယ်။



….



ညအချိန် ရောက်လာတဲ့အခါမှာ..

အနောက်ပိုင်း ဂျိကလန်ရဲ့မြို့တော်ဟာ လွင်ပြင်ထဲမှာ ခန်းနားစွာ တည်ရှိနေတယ်။



အရိပ်တစ်ခုဟာ တံတိုင်းတွေ နဲ့ အနက်ရောင် မြင်းစီးသူရဲ ကင်းတပ်ဖွဲ့တွေကို ရှောင်ရှားပြီးတော့ မြို့ထဲကို တိတ်တဆိတ် ဝင်ရောက်လာတယ်။



“ငါ့သားလေး။ မင်းဘယ်မှာလည်း။”



ဝတ်စုံနက်ဝတ် လူဟာ မြို့ထဲမှာ စတင်ရှာဖွေ ပါတော့တယ်။



ဒီလိုမြို့ထဲကို ဝင်လာတာဟာ Serpantwing မိစ္ဆာကြီးအတွက် ဒါ ပထမဆုံး အကြိမ်ပါပဲ။ သူ ရှာဖွေပြီး သိပ်မကြာခင်မှာ သူ နားလည်သွားတယ်။ သူ့ရင်ထဲမှာလည်း နာကျင်သွားတယ်။



“အရှင်ဖမ်းမိတဲ့ မွန်းစတား မှန်သမျှကို မြို့တွင်းပိုင်းကို ပို့လိုက်ကြတာပဲ။ ဒီ မြို့တွင်းပိုင်းက ဂျိကလန်က လူတွေ နေထိုင်တဲ့ ဌာနပဲ။ ဒါကြောင့် မြို့တွင်းပိုင်းမှာ အလွန် အစောင့်အကျပ် တင်းကျပ်တယ်။ ပြီးတော့ အဲ့ဒီမှာ ဇင်တျန်းအဆင့် တန်ခိုးရှင်တွေ အများကြီးရှိနေတယ်။ ငါ ဘယ်လိုမှ ဝင်လို့ရမှာ မဟုတ်ဘူး”



အနောက်ဘက်မြို့တော်ထဲကို ခိုးဝင်ဖို့က လွယ်ပါတယ်။ ဒါပေမဲ့ မြို့တွင်းပိုင်းကို ခိုးဝင်ဖို့ကတော့ ?



ဒီနေရာဟာ ဂျိကလန်ရဲ့ ပင်မ ကလန်သားတွေပဲနေရာဆိုတော့ အဲ့ဒီက လုံခြုံရေးဟာ ဘယ်လောက်တောင် တင်းကျပ်လိုက်မလဲ။



ဟူး…



တခဏအကြာမှာ…



အနောက်ဘက် ဂျိကလန်မြို့တော်ကနေ ကောင်းကင်ပေါ်ကို Serpantwing မိစ္ဆာကြီး ပျံတက်သွားတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ မွေးရာပါတန်ခိုးဖြစ်တဲ့ ရေကို ထိန်းချုပ်နိုင်တဲ့ အစွပ်းကို အသုံးပြုပြီး မြူနှင်းတွေ နဲ့ မိုးတိမ်တွေကို ဖန်ဆင်းလိုက်တယ်။ နောက် စိုထိုင်းမှုကို မြှင့်လိုက်တယ်။ သူဟာ မြူနှင်းထု အကာအကွယ် ယူပြီး ကောင်းကင်ထက်ကနေ မြို့တော် နေရာတိုင်းကို စေ့စေ့စပ်စပ် ကြည့်ပြီး လေ့လာလိုက်တယ်။



ည ကုန်ဆုံးသွားတဲ့အခါမှာ..



နင် ဟာ တစ်ယောက်တည်း နဂါးနန်းတော်ကို ထွက်လာခဲ့တယ်။ ဒီနေ့ဟာ သူ့ရဲ့ ၃ရက်မြောက်တိုင်း တိုက်ပွဲ နဲ့ လေ့ကျင့်တဲ့ အချိန်တည်းက တစ်ရက်ပေါ့။



“သခင်လေး”



“သခင်လေး”



ဝတ်စုံနက်ဝတ် မြင်းစီးသူရဲတွေနဲ့ နန်းတော်က အခြွေအရံတွေ သူ့ကို အလွန် ရိုသေကြတယ်။



နင်ရဲ့ ဖခင်ဟာ နံပါတ် ၁ သူရဲကောင်း တစ်ဦး ဖြစ်ပြီးတော့ နင်ကိုယ်တိုင်ဟာလည်း အရမ်းကို ထူးချွန်သူ ဖြစ်တယ်။ ဒါကြောင့် တော်တော်များများက နင်ဟာ နောက်တက်မဲ့ ဂိုဏ်းချုပ်ဖြစ်မယ်လို့ ယုံကြည်ကြတယ်။ သူဘယ်လောက်တောင် အရောင်အဝါ ထွန်းလင်းတောက်ပလည်းဆိုတာကို ဘယ်သူမဆို စဉ်းစားနိုင်ပါတယ်။



ဂျိနင်။    ။ အကြမ်းဆုံး မွန်းစတားကို အသင့်ပြင်ထားလိုက်တော့။



“ကျွန်တော် တို့တွေ အခုတလော အရမ်းကို တန်ခိုးကြီးတဲ့ မွန်းစတားတစ်ကောင် ဖမ်းမိထားတယ်။ သူ့ကို ကွန်မန်ဒါ မျက်ကန်းငါးက ဖမ်းခဲ့ပေးတာပါ။ ဒီကောင်က ဖင်းဂေါ့ သွေးမျိုးဆက်ပါတယ်။”



လက်တစ်ဖက်တည်းရှိတဲ့ သူရဲကောင်းတစ်ယောက်က အော်ပြောလိုက်တယ်။



“ဖင်းဂေါ့ သွေးပါတဲ့ မွန်းစတား…? ကောင်းတယ်၊ ငါဒီနေ့ ပျော်စရာတစ်ခု တွေ့ရတော့မယ်။ အဲ့ကောင်ကို လှောင်အိမ်ထဲ မြန်မြန် လွှတ်လိုက်တော့။”

နင်  ပျော်ရွှင်သွားတယ်။



“ဟုတ်ကဲ့ သခင်လေး”



လက်တစ်ဖက်နဲ့ စစ်သူရဲဟာ မြန်မြန်ပဲ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်လိုက်တယ်။



နဂါးနန်းတော်ဟာ လှောင်အိမ် အပိုင်းနဲ့ မွန်းစတားတွေ ထိန်းသိမ်းတဲံ အပိုင်းဆိုပြီး ၂ပိုင်းရှိတယ်။



Roarr!!!!



သံကြိုး ချည်ခံထားရတဲ့ အနီရောင် မြွေကြီးဟာ လှောင်အိမ် အပြင်ဘက်က လူသားကိုလည်းတွေ့ရော ဒေါသတကြီးနဲ့ မာန်ဖီလိုက်တယ်။



လက်တစ်ဖက်နဲ့ စစ်သူရဲ။ ။ မင်းစိတ်ကြိုက်အော်စမ်း။ မင်းက လူသားတွေ အများကြီးကို သတ်ခဲ့တာ၊ ဒီနေ့ကတော့ မင်းရဲ့ သေနေ့ပဲ။ သွားတော့။ ဟေ့ လှောင်အိမ်တံခါးကို ဖွင့်ပြီး ဒီကောင့် ချည်ထားတဲ့ သံကြိုးတွေ ဖြုတ်လိုက်တော့။ ဒီကောင့်ကို လှောင်အိမ်ထဲထည့်လိုက်တော့။



“ဟုတ်ကဲ့”



ဒီမွန်းစတားကို ထိမ်းသိမ်းဖို့ တာဝန်ကျတဲ့ အစောင့်တွေဟာ ချက်ခြင်းပဲ စီစဉ်လိုက်ကြတယ်။



အုန်း..အုန်း…အုန်း..



လှောင်အိမ်တံခါးကို ဖွင့်လိုက်တော့ မွန်းစတားထိမ်းသိမ်းတဲ့ နေရာထဲကို တံခါးကနေ အလင်းရောင်တွေ ဝင်လာတယ်။ အနီရောင် မြွေကြီးဟာ မာန်ဖီသံတွေ ပြုပြီးတော့ အဲ့ဒီ အလင်းရောင် ဝင်လာတဲ့ တံခါးကို စိုက်ကြည့်နေတယ်။



လက်တစ်ဖက်လူ။            ။ သံကြိုးတွေကို ဖြုတ်လိုက်တော့။



ကလစ်..ကလစ်…



ကြိုးတွေ တစ်ချောင်းပြီး တစ်ချောင်း ပြုတ်ထွက်ကုန်တယ်။ ကြိုးတွေ လျော့သွားတာနဲ့ မြွေကြီးဟာ ရုန်းကန်ပါတော့တယ်။ နောက်ဆုံးကြိုးဟာ ပြုတ်သွားပါပြီ။



အနီရောင် မြွေကြီးဟာ လက်တစ်ဖက်နဲ့ လူကို စိုက်ကြည့်ပြီးတော့ ဖွင့်ထားတဲ့ တံခါးကနေ လှောင်အိမ်ထဲ ဝင်သွားပါတယ်။



လှောင်အိမ်ကြီးထဲမှာတော့..



နီရဲနေတဲ့ နှုတ်ခမ်းနဲ့ အဖြူရောင် သားမွေး ဝတ်ထားတဲ့ လူငယ်တစ်ယောက်ဟာ သူ့ကို စိုက်ကြည့်နေပါတယ်။ အနီရောင် မြွေကြီးဟာ သွားရေတွေ ကျလာပါတော့တယ်။ သူဟာ ဒီ လူငယ် အသွင်အပြင်ကို ကြည့်လိုက်တာနဲ့ ဘယ်လောက်အရသာရှိမယ်ဆိုတာကို သူ့အတွေ့အကြုံအရသိလိုက်ပါတယ်။



ဆက်ပါဦးမည်>>>>>>

Chapter 1 ပြီးပါပြီ

အခန်း ၂ (ချမ်းသာပေးပါ..)


Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။



Thanks u all…








Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)