ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 13 ( ဂ်ိနင္ ႏွင့္ မြန္းစတားၾကီး တိုက္ပြဲ)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 2
Chapter 13 ( ဂ်ိနင္ ႏွင့္ မြန္းစတားၾကီး တိုက္ပြဲ)

ဧရိယာ တစ္ခုလံုးကို ေရခဲျပင္ၾကီးက ဖံုးအုပ္ထားပါတယ္။ ေသေနတဲ့ သူေတြဟာ ေရခဲရုပ္ေတြလို ရပ္လ်က္ေလး၊ လဲေလ်ာင္းလ်က္ေလး နဲ႕ ပံုစံမ်ိဳးစံု ရွိေနၾကပါတယ္။ သူတို႕ကိုယ္မွာ အသက္ဓာတ္ မရွိေတာ့ပါဘူး။ အေလာင္ း ၆၀၀ ေက်ာ္မွာ အျပစ္မဲ့တဲ့ လူေပါင္း ၅၀၀ ေလာက္ ရဲ့ အေလာင္းေတြဟာ နင္ရဲ့ သတ္ျဖတ္ခ်င္တဲ့ စိတ္ကို ပိုျပီးေတာ့ ျပင္းထန္လာေစပါတယ္။

သူ ပိုပိုျပီးေတာ့ သတ္ပစ္ခ်င္လာပါတယ္။

“လူသားကေလး..”
ေရၾကံ့ဘုရင္ၾကီးဟာ သူ႕ေျခေထာက္ၾကီးေတြနဲ႕ ေျမၾကီးကို ေပါက္လိုက္ျပီးေတာ့ နင္ကို စိုက္ၾကည့္ စကားေျပာလိုက္ပါတယ္။
“မင္း ကို ငါအရမ္းေဒါသထြက္သြားျပီ။ ဒီလူေတြက ငါ့အစာေတြပဲ။”

နင္ ကို ေရခဲေတြ တျဖည္းျဖည္း လႊမ္းျခံဳသြားျပီးေတာ့ သူ႕အ၀တ္အစားေတြေတာင္ ေရခဲအလႊာေတြ ဖံုးလႊမ္းေနပါတယ္။ ဒါေပမဲ့ နင္က သူ႕အ၀တ္အစားေတြကို တစ္ခ်က္ခါလိုက္တာမွာ ေရခဲေတြ လြင့္စင္ကုန္ပါတယ္။ ဒါေပမဲ့ နင္ကို တျဖည္းျဖည္း ေရခဲလႊာေတြက ဖံုးလႊမ္းလာတဲ့အတြက္ သူ ခုန္ေျပးေနရင္းနဲ႕ ေရခဲေတြကို ဆက္တိုက္ခါခ်ေနရပါတယ္။

“မင္းရဲ့ ဓားသိုင္းနဲ႕ ေျခလွမ္းသိုင္းဟာ အရမ္းကို နက္နဲေပမဲ့ မင္းက အခုမွ ဟိုတ်န္ အဆင့္မွာပဲ ရွိေသးတယ္။ ငါ့ကေတာ့ ၾကီးက်ယ္ျမင့္ျမတ္တဲ ဇင္တ်န္ တန္ခိုးရွင္ တစ္ေယာက္ျဖစ္တယ္။”
ေရၾကံ့ဘုရင္ၾကီးက ရယ္ေမာလိုက္ျပန္တယ္။
“လူတခ်ိဳ႕ ေျပးလို႕လြတ္သြားေပမဲ့ မင္းက်န္ေနေသးေတာ့ ငါ့အတြက္ ပိုျပီး အဆင္ေျပတယ္။ ဒီလို အစြမ္းထက္တဲ့ လူသားရဲ့ အေသြးအသား ဟာ ဟို လူတစ္ေထာင္ထက္ ပိုျပီးေတာ့ ဆြဲေဆာင္မႈရွိတယ္။”

“ငါ ဇင္တ်န္ တန္ခိုးရွင္ကို မသတ္ဖူးေသးဘူး။”
နင္ဟာ ေရခဲေတြ ဖံုးလႊမ္းေနလ်က္နဲ႕ ေရၾကံ့ဘုရင္ၾကီးကို ၾကည့္ျပီး ေျပာလိုက္တယ္။
“ငါ ဇင္တ်န္ တန္ခိုးရွင္ကို အရမ္းကို သတ္ၾကည့္ခ်င္ေနတာ။ ေရၾကံ့ဘုရင္ၾကီး မင္းဟာ ငါ့လက္မွာ ပထမဆံုး ေသရတဲ့ ဇင္တ်န္ တန္ခိုးရွင္ပဲ။ အဲ့ဒီအတြက္ မင္းကိုယ္မင္း ဂုဏ္ယူလိုက္စမ္းပါ။ ငါမင္ကို ကိုယ္တိုင္ တံုးထစ္ျပီးေတာ့ ငါ့မိဘေတြနဲ႕ ငါ့ကလန္က လူေတြကို ပထဆံုး သတ္ခဲ့တဲ့ အသားကို ျမည္းစမ္းခိုင္းရမယ္။”

“ဟား….”
နင္ ရဲ့ ဘယ္ဘက္လက္မွာလည္း ရတနာဒား တစ္လက္ ထပ္ေပၚလာပါတယ္။ အခုဆိုရင္ နင္ဟာ ဒက္ေနာ့ ဓား ၂ေခ်ာင္းကို ဘယ္နဲ႕ ညာ လက္ေတြမွာ ကိုင္ထားပါတယ္။

“ဓားတစ္စံု…. ဒါဆို မင္းရဲ့ ဓားပညာက သာမာန္ေလာက္ပဲ ရွိဦးမွာေပါ့။ ဒီ ခ်ိဳင့္၀ွမ္းေဒသမွာ ဓားတစံု ကိုင္ျပီးေတာ့ ဓားသိုင္းအရမ္းေကာင္းတဲ့ သိုင္းသမား မရွိေသးဖူး။”
ေရၾကံ့ဘုရင္ၾကီးက နင္ကို မ်က္လံုးၾကီးေတြနဲ႕ စိုက္ၾကည့္ျပီး ေျမၾကီးကို ေျခတစ္ခ်င္ေဆာင့္လိုက္တယ္။ ကမာၻေျမၾကီးဟာ တုန္ခါသြားပါတယ္။ ေနာက္ ေတာ့ သူ႕ဆီကို ေတာင္တစ္ေတာင္ ျပိဳက်လာသလို နင္းေျခဖို႕ ေျပး၀င္သြားပါေတာ့တယ္။
“ေသေပေတာ့”

“ဖန္း…”

ေျခေထာက္ၾကီးရဲ့ လံုးပတ္ဟာ ေယာက္်ားၾကီး အေျမာက္အမ်ား ၀ိုင္းဖက္မွ တစ္ပတ္ျပည့္ႏိုင္ပါတယ္။ ဒီေျခေထာက္ၾကီးဟာ နင္ေပၚကို နင္းေျခဖို႕ က်လာပါတယ္။ ေလခြင္းသံေတြေတာင္ နားကြဲမတတ္ တ၀ုန္း၀ုန္း ျမည္ဟီးေနျပီး ဒီေျခေထာက္လာတဲ့ ေလအရွိန္ေၾကာင့္ ေျမၾကီးမွာ ခ်ိဳင့္ၾကီးအရင္ ျဖစ္သြားပါတယ္။ ဒီ ေျခေထာက္ၾကီး နင္ကို မထိမိခင္မွာကတည္းက ဘယ္ေလာက္ေတာင္ အစြမ္းၾကီးမားလည္းဆိုတာကို သူနားလည္ပါတယ္။

“ရႊမ္း..”
နင္ရဲ့ ဓားတစ္ေခ်ာင္းဟာ ဓားေရာင္လက္သြားျပီးေတာ့ ခြာၾကီးမွာ ေရစီးေၾကာင္းသ႑ာန္ ဓားခ်က္မွိန္မွိန္ေလးတစ္ခ်က္ ခ်န္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီဓားခ်က္ဟာ ခြာက အေပၚရံ အလႊာကို ေဖာက္ရံုသာ ေဖာက္ႏိုင္ခဲ့ျပီး အတြင္းကို နက္ရႈိင္းမႈ မရွိခဲ့ပါဘူး။ နင္ဟာ ေလေျပညင္းေလးသဖြယ္ ရုတ္တရက္ေရြ႕လ်ားျပီး ထြက္ေျပးသြားပါတယ္။

“၀ုန္း…”
ကမာၻေျမၾကီးဟာ ကြဲထြက္လြင့္စင္သြားျပီးေတာ့ မီတာေတာ္ေတာ္က်ယ္၀န္းတဲ့ က်င္းၾကီးတစ္က်င္း က်န္ခဲ့ပါတယ္။ နင္ကေတာ့ မီတာ ၃၀ အကြာေလာက္ကို ေရာက္ေနပါျပီ။

“မင္းေျပးလို႕လြတ္မယ္လို႕ ထင္ေနတာလား။”
ေရၾကံ့ဘုရင္ၾကီးဟာ ေၾကြးေၾကာ္ျပီးေတာ့ နင္ဆီကို ဦးတည္တိုး၀င္သြားပါတယ္။ သူဟာ ေလးလံေႏွးေကြးပံု ရေပမဲ့ သူ႕ကိုယ္လံုးက အရမ္းၾကီးလို႕ ေျခတစ္လွမ္းတိုင္းမွာ သူ အေ၀းၾကီးကို ေရာက္ပါတယ္။ သူ႕ရဲ့ ခြာရာၾကီးေတြဟာ ေျမၾကီးေပၚမွာ က်န္ရစ္ခဲ့ပါတယ္။ နင္ဟာ တျဖည္းျဖည္း ေတာအုပ္ အစပ္နားကို ေရာက္လာပါတယ္။

ဒီေတာအုပ္ေလးက ကီလိုမီတာ နည္းနည္းပဲ က်ယ္၀န္းပါတယ္။

“ဒီ သစ္ပင္ေတြက ငါ့ကို ေႏွးေစႏိုင္မွာ မဟုတ္ဘူး။”
ေရၾကံ့ဘုရင္ၾကီးဟာ မာန္ဖီ ျပီးေတာ့ ေတာအုပ္ကို ျဖတ္ျပီး လိုက္လာပါတယ္။ ဒီေတာအုပ္ဟာ သူ႕အတြက္ေတာ့ သာမာန္လူတစ္ေယာက္ ျမက္ခင္းေပၚေလွ်ာက္လာသလိုပါပဲ။

“သူ႕ကို ေရၾကံ့ဘုရင္ၾကီးလို႕ ေခၚထိုက္ပါေပတယ္။ သူ႕ ရဲ့ ျပင္ပ ခြန္အားဟာ တျခား မိစာၦၾကီးေတြထက္ အမ်ားၾကီး အားၾကီးလြန္းတယ္။ ျပီးေတာ့ သူ႕ အေရခြံက အရမ္းကို ထူတယ္။ ငါ့ရဲ့ ကီအစြမ္းနဲ႕ ကမာၻနဲ႕ တစ္သားတည္း ဓားသိုင္း ေပါင္းျပီးေတာ့ တိုက္ခိုက္တာေတာင္ သူ႕အေရျပားကို မေဖာက္ႏိုင္ေသးဘူး။ ငါ့ရဲ့ ဖင္းေဂါ့က်င့္စဥ္ကို အားကိုးမွ ရေတာ့မယ္။”

“Sou!”

နင္ဟာ သစ္ပင္ၾကီးတစ္ပင္ရဲ့ ထိပ္ကို ခုန္တက္လိုက္ပါတယ္။ သူဟာ သစ္ကိုင္းသစ္ရြက္ေလးေပၚမွာ ရပ္ေနျပီးေတာ့ ေရၾကံ့ဘုရင္ၾကီးနဲ႕ အၾကည့္ခ်င္းရင္ဆိုင္လိုက္ပါတယ္။

“ဟင္…”
ေရၾကံ့ဘုရင္ၾကီး ရုတ္တရက္ ရပ္တန္႕သြားပါတယ္။ ဒီလူငယ္ေလးရဲ့ ေအာ္ရာ ( စြမ္းအင္ အေငြ႕အသက္ေတြ) ရုတ္တရက္ ေျပာင္းသြားတာ ခံစားမိလိုက္တယ္။ ခြန္အား ေအာ္ရာတစ္ခုတည္းမွာတင္ ေရၾကံ့ဘုရင္ၾကီးထက္ နည္းနည္းပဲ အားနည္းေနတာေတြ႕လိုက္ရတယ္။
“ဖင္းေဂါ့ ခႏၶာကိုယ္က်င့္စဥ္..”

“မွန္တာေပါ့”
နင္ရဲ့အသားအေရာင္ဟာ ရုတ္တရက္ နီျမန္းသြားပါတယ္။ ေန နဲ႕ လရဲ့ အစြမ္းေတြဟာ သူ႕ ခႏၶာကိုယ္တစ္ခုလံုးကို ျဖည့္တင္းေပးေနပါတယ္။ သူ႕ခြန္အားေတြဟာ အဆမတန္ ၾကီးမားလာပါတယ္။

တစ္ကယ္လို႕ သူသာ ဇင္တ်န္အဆင့္ကို ေရာက္သြားခဲ့ရင္ သူ႕ခႏၶာကိုယ္ထဲက Divine ပါ၀ါေတြဟာ သူ႕ ခႏၶာကိုယ္ အျပင္ဘက္ မွာပါ ျမင္ရမွာပါ။

“ဟား…ဟား…. မင္းက ဟိုတ်န္ သက္ရွိအဆင့္ပဲ။ မင္း ဖင္းေဂါ့က်င့္စဥ္ က်င့္ထားရင္ေတာင္ ငါ့ထက္အမ်ားၾကီး အဆင့္နိမ့္ေသးတယ္။”
ေရၾကံ့ဘုရင္ၾကီးဟာ သစ္ပင္ေတြကို ျပားျပား၀ပ္ေအာင္ နင္းေျချပီးေတာ့ နင္ဆီကို ေတာင္တစ္ေတာင္အလား ေျပး၀င္လာပါတယ္။ သစ္ပင္ၾကီးေတြဟာ သူ႕ေျခရင္းမွာ ျပားျပား၀ပ္ျပီး က်န္ခဲ့တယ္။ သူ႕ကို မေႏွးေကြးေစႏိုင္ခဲ့ဘူး။

“ဟင္း”

နင္က သစ္ပင္ၾကီးတစ္ပင္ေပၚကေန ဓား၂ လက္ ကိုင္ျပီးေတာ့ ေရၾကံ့ဘုရင္ၾကီးကို ေအးစက္စက္ အၾကည့္နဲ႕ ၾကည့္ေနလိုက္တယ္။

ေရၾကံ့ေတြဟာ ခႏၶာကိုယ္ အလြန္႕အလြန္ကို ၾကီးမားၾကပါတယ္။ အရမ္းကို အစြမ္းထက္လွတဲ့ မိစာၦၾကီး ျဖစ္တဲ့ Serpentwing သာ ထိပ္တိုက္ ရင္ဆိုင္တို္က္ခိုက္ႏိုင္မွာပါ။ ဒါေပမဲ့ ဓားသမားတစ္ေယာက္ျဖစ္တဲ့ နင္အတြက္ေတာ့ ဒီလို ထိပ္တိုက္ ရင္ဆိုင္တိုက္ခိုက္စရာမလိုအပ္ပါဘူး။

“Shua!!”

ထိလုထိခင္ အခ်ိန္မွာပဲ နင္ဟာ သူ႕ရဲ့ ကမာၻနဲ႕တစ္သားတည္း အဆင့္ ေလအရိပ္ ေျခသိုင္းနဲ႕ ေရၾကံ့ဘုရင္ၾကီးရဲ့ ဦးတည္တိုက္ခိုက္မႈကေန ရုတ္တရက္ ေရွာင္ထြက္သြားပါတယ္။ နင္ ထက္စာရင္ေတာ့ ေရၾကံ့ဘုရင္ၾကီးဟာ ေတာ္ေတာ္ကို ေႏွးေကြးပါတယ္။ နင္က ေရွာင္တိမ္းေနရင္းနဲ႕ ေရၾကံ့ဘုရင္ၾကီးရဲ့ ေဘးတစ္ဖက္ကို ဒက္ေနာ့ဓားနဲ႕ ခုတ္ခ်လိုက္ပါတယ္။

ဓားေရာင္လက္သြားျပီးေတာ့ မွိန္ေဖ်ာ့ေဖ်ာ့ အလင္းတန္း မ်ဥ္းတစ္ေၾကာင္းေပၚလာပါတယ္။ ဒီ အလင္းတန္းဟာ မိုးေရစက္ေလးေတြ အမ်ားၾကီး စုစည္းေနတဲ့ သ႑ာန္နဲ႕ေတာင္ ဆင္ပါတယ္။ ေရၾကံ့ဘုရင္ၾကီးရဲ့ ေဘးဖက္ကို ဒီ အလင္းမ်ဥ္းတန္းက ျဖတ္ခ်သြားပါတယ္။

မိုးေရစက္ ဓားသိုင္း -  မိုးေရမ်ဥ္းတန္း

အဆင့္ျမင့္ ဓားသိုင္း ပညာရွင္အဆင့္!!

ပထမတုန္းက ေရၾကံ့ဘုရင္ၾကီးရဲ့ နင္းေျခမႈကို ခုခံကာကြယ္သလိုမ်ိဳး အခု ဓားခ်က္ကလည္း သဘာ၀ရဲ့ စြမ္းအင္ေတြကို အသံုးျပဳထားပါတယ္။ ဒါေပမဲ့ ပထမတုန္းက နင္က သူ႕ရဲ့ အတြင္းအား ကီ စြမ္းအင္ကိုသာ အေျခခံ အသံုးျပဳခဲ့ျပီး ဒီတစ္ခါေတာ့ ေန နဲ႕ လ ရဲ့ စြမ္းအားေတြဟာ နင္ရဲ့ကိုယ္ထဲမွာ ေပါက္ကြဲထြက္ေနပါတယ္။ ဖင္းေဂါ့ ခႏၶာကိုယ္က်င့္စဥ္ရဲ့ အစြမ္းကို အေျခခံအေနနဲက အသံုးျပဳတဲ့ တိုက္ခိုက္မႈဟာ သာမာန္ထက္ အဆေထာင္ခ်ီ ျပင္းထန္ပါတယ္။

“ဟူးအား..”
အရမ္းကို အဖိုးတန္တဲ့ ဒက္ေနာ့ ရတနာဓားရဲ့ ထက္ျမမႈေအာက္မွာ ေရၾကံ့ၾကီးရဲ့ အေရျပားကို ေဖာက္သြားျပီးေတာ့ ဒဏ္ရာၾကီးတစ္ခု ေပၚလာပါတယ္။ ေသြးေတြဟာ တာက်ိဳးသလို ဒလေဟာ ထြက္လာပါတယ္။
ဖန္း…
ေနရာတိုင္းမွာ ေသြးေတြ အိုင္ေနျပီးေတာ့ ကလီစာတခ်ိဳ႕လည္း ျပန္႕က်ဲေနပါတယ္။

Sou..

နင္ဟာ ေျမျပင္ေပၚကို ညင္သာစြာ က်လာပါတယ္။

နင္းေျခဖို႕ဦးတည္ ေျပး၀င္သြားတဲ့ ေရၾကံ့ဘု၇င္ၾကီးဟာ ေဒါသနဲ႕ နာက်င္စြာ ေအာ္ဟစ္ ညည္းညဴျပီး ရပ္တန္႕သြားပါတယ္။ သူ႕ ၾကြက္သားေတြ အေသြးအသားေတြ တုန္ခါေနျပီးေတာ့ သူ႕ခႏၶာကိုယ္မွာ ရွိေနတဲ့ ဒဏ္ရာၾကီးဟာ  တျဖည္းျဖည္း က်ံဳ႕လာပါတယ္။ ဒါေပမဲ့ နင္ရဲ့ ဓားခ်က္ဟာ အရမ္းကို ရက္စက္ၾကမ္းတမ္းလွျပီးေတာ့ ဒါဏ္ရာၾကီးဟာ အင္မတန္မွကို ၾကီးမားပါတယ္။ ေသြးေၾကာေတြကို ခ်ံဳ႕ျပီးေတာ့ ဒါဏရာကို ထိန္းထားေပမဲ့ ေသြးေတြ တစက္စက္ က်ေနတုန္းပါပဲ။ သူက ပထမတုန္းကလို စြာက်ယ္စြာက်ယ္ မဟုတ္ေတာ့ပါဘူး။

“ေရၾကံ့ဘုရင္ၾကီး မင္းရဲ့ေသေန႕ေစ့ျပီ။”
နင္ဟာ အရိပ္သဖြယ္ ေရၾကံံ့ဘုရင္ၾကီးဆီကို ေျပး၀င္သြားပါတယ္။

“ဂရား….”
ေရၾကံ့ဘုရင္ၾကီးဟာ ေၾကာက္မက္ဖြယ္ ေအာ္ဟစ္လိုက္ျပီးေတာ့ ဆန္႕က်င္ဘက္ကို ေသြးရူးေသြးတန္း ေျပးသြားပါေတာ့တယ္။

ထြက္ေျပးတယ္…

“ဟင္.. သူက ဒီလုိၾကီး နဲ႕ ထြက္ေျပးသြားေကာလား?”
နင္ အရမ္းကို အံ့ၾသသြားပါတယ္။

ဒါေပမဲ့ သူ တစ္ခုခုကို အခုမွ သေဘာေပါက္သြားပါတယ္။ သူ႕အေဖက သူ႕ကို မိစာၦၾကီးေတြကို သတိထားဖို႕ မွာလုိက္တယ္။ သူတို႕ေတြက ဥာဏ္နီ ဥာဏ္နက္ အရမ္းမ်ားၾကတယ္။  သူတို႕ရဲ့ ေကာင္းေကာင္းမြန္မြန္ ေနႏိုင္မႈကို ထိခိုက္မႈ အႏာၱရာယ္ တစ္ခုခုရွိျပီဆိုတာနဲ႕ ခ်က္ျခင္းထြက္ေျပးၾကတယ္။ ဒီေရၾကံ့ကေတာ့ ရွင္းပါတယ္။ သူ႕ဘ၀ ငယ္စဥ္ကတည္းက အရမ္းကို ဂုဏ္ယူခဲ့ရတဲ့ အေရျပားဟာ ဒီလူငယ္ေလး ဓားခ်က္နဲ႕ ျပဲသြားခဲ့ျပီ။ သူ႕ရဲ့ အေကာင္းဆံုး အကာအကြယ္ဟာ အသံုးမ၀င္ေတာ့ဘူး။
နင္ရဲ့ ေျခသိုင္းနဲ႕ လ်င္ျမန္မႈဟာ ေရၾကံ့ၾကီးထက္ အမ်ားၾကီး သာတယ္။ ေနာက္ဆံုးေျပာရရင္ Serpentwing ေတာင္ နင္ကို အခ်ိန္အတိုင္းအတာ တစ္ခုအတြင္း ထိခိုက္ေအာင္ မလုပ္ႏိုင္ခဲ့ဘူး။

ေရၾကံ့ေတြဟာ သူတို႕ရဲ့ ထူထဲလွတဲ့ အေရျပားကို အလြန္ အားထားၾကပါတယ္။ တစ္ကယ္လို႕ သူ႕ေရွ႕က လူငယ္ေလးက သူ႕ကို ထိခိုက္ေအာင္ မလုပ္ႏိုင္ဘူးထင္လို႕ ဆက္ျပီးေတာ့ ဦးတည္တိုး၀င္တိုက္ခိုက္ ေနတာပါ။ သူ႕အၾကည့္မွာတင္ ဒီလူငယ္ေလး ဒဏ္ရာ အၾကီးအက်ယ္ရျပီး ေသဆံုးမယ္ထင္ခဲ့တာ။ ဒါေပမဲ့ အခုေတာ့ သူ႕ဓားတစ္ခ်က္နဲ႕ သူ႕ရင္မွာ ဒဏ္ရာၾကီး ျဖစ္လာတယ္။ ဒီလိုဆို သူဘယ္လိုဆက္လုပ္ရမလဲ။

“ေျပးဟ..”
သူေသြးရူးေသြးတန္း ေျပးပါေတာ့တယ္။

“ငါ့ရဲ့ အေရျပားဟာ မိစာၦ မြန္းစတာၾကီးေတြအတြက္ေတာင္ ထိုးေဖာက္ႏိုင္ဖို႕ ခဲယဥ္းတယ္။  ဒီလူငယ္ရဲ့ ဓားက ဘာလို႕ ဒီေလာက္ အစြမ္းထက္ရတာလည္း။”
ေရၾကံ့ဘုရင္ၾကီးဟာ အလြန္အမင္းထိတ္လန္႕ေနတဲ့အတြက္ ဘာဆက္လုပ္ရမွန္းေတာင္ မသိေတာ့ပါဘူး။

ဒါေပမဲ့..

သူဘယ္လို ထြက္ေျပး၇လဲ။

နင္ဟာ သူ႕ရဲ့ ကမာၻနဲ႕ တစ္သားတည္း ေျခစြမ္းကို အသံုးျပဳလိုက္ရင္ Serpentwing ထက္ နည္းနည္းပဲ ေႏွးပါေတာ့တယ္။ သူဟာ ေရၾကံ့ဘုရင္ၾကီးထက္ အဆမ်ားစြာ ျမန္ဆန္ပါတယ္။

ရႊမ္း.. ရႊမ္း… ရႊမ္း..

နင္ဟာ ေရၾကံ့ၾကီးကို မွီေနပါျပီ။

“ငါ က ျမ ေကာင္းကင္ ေျမြဘုရင္ရဲ့ အမႈထမ္း တစ္ေယာက္ပါ။ မင္းငါ့ကို သတ္ခြင့္ မရွိပါဘူး။”
ေရၾကံ့ဘုရင္ၾကီးဟာ ေသြးရူးေသြးတန္းနဲ႕ ငယ္သံပါေအာင္ ေအာ္ဟစ္လိုက္ပါတယ္။
“ဘုရင္ၾကီး ကယ္ပါဦး”

ေၾကာက္မက္ဖြယ္ရာ အသံလႈိင္းအနိမ္႕တစ္ခု  အေ၀းၾကီးကေန ၾကားလိုက္ရပါတယ္။

Sou!

နင္ဟာ ဓား ၂ လက္ကို လက္မွာကိုင္ျပီးေတာ့ ေရွ႕ကို ဦးတိုက္တိုး၀င္သြားျပီး အေပၚကို ဓားနဲ႕ ဆက္တိုက္ထိုးခ်လိုက္ပါတယ္။  ဒီ တစ္ခဏအတြင္းမွာ နင္ရဲ့ ခႏၶာကိုယ္ဟာ မီးေတာက္မီလွ်ံျဖာထြက္လာသလိုပဲ အသြင္ေျပာင္းသြားျပီးေတာ့ အရမ္းကို ရက္စက္ ထိမ္းခ်ဳပ္မႈမဲ့ ျပီး ေရၾကံ့ဘုရင္ၾကီးရဲ့ လည္ပင္းေနရာေတြကို ဓားနဲ႕ ေျမွာက္ျပီး ထိုးလိုက္ပါတယ္။

“Chi”
အသံနဲကအတူ ေရၾကံ့ဘုရင္ၾကီးရဲ့ ဦးခြံဟာ ကြဲသြားပါတယ္။ မီးေတာက္ေတြဟာ မီတာ ၃၀ ေက်ာ္ေလထဲမွာ ေပါက္ကြဲထြက္လာျပီးေတာ့ မၾကာခင္ပဲ လူသားအသြင္ ျပန္ေျပာင္းသြားပါတယ္။ သားေမြး၀တ္ထားတဲ့ လူငယ္ကေလး နင္ပါ။

“အာ့..”
ေရၾကံ့ဘုရင္ၾကီးရဲ့ မ်က္လံုးေတြ ၀ိုင္းဆက္ျပဴးက်ယ္ေနပါတယ္။ သူ႕ရဲ့ အရမ္းကို သာယာတဲ့ ဘ၀ဟာ ဒီလူသားငယ္ေလး လက္ထဲမွာ နိဂံုးခ်ဳပ္သြားလိမ့္မယ္လို႕ မထင္မိခဲ့ဘူး။ ဇင္တ်န္ အဆင့္ မိစာၦၾကီး တစ္ေကာင္အေနနဲ႕ အသက္စြမ္းအား အရမ္းကို ျပင္းထန္လို႕ သူ႕ႏွလံုးသားကုိ ဓားနဲ႕ ထိုးလိုက္ရင္ေတာင္မွ သူမေသပါဘူး။ ဒါေပမဲ့ နင္က အားအနည္းဆံုး ေနရာကို ေရြးခ်ယ္တိုက္ခိုက္လိုက္တာပါ။ ေရၾကံ့ေတြ မေျပာနဲ႕ ဇင္တ်န္အဆင့္ ဖင္းေဂါ့ က်င့္စဥ္က်င္ထားသူေတြေတာင္ ဦးေခါင္းကို ထိုးေဖာက္ခံရရင္ ေသပါတယ္။

၀ုန္း..

ေရၾကံံ့ၾကီးရဲ့ ခႏၶာကိုယ္ၾကီးဟာ ျပိဳလဲက်သြားျပီးေတာ့ ေတာအုပ္တစ္ခုလံုး ျပားျပား၀ပ္ ပိမိသြားပါတယ္။

“ပိုးဖလံမ်ိဳး မီးတိုး အကြက္ -  ဒီဓားခ်က္ဟာ ရက္စက္တဲ့မိုးၾကိဳးမီးေတာက္ ဓားက်မ္းရဲ့ အစြမ္းအထက္ဆံုး အကြက္ ပီသပါေပတယ္။”
နင္ဟာ ေျမျပင္ေပၚကို ညင္သာစြာ က်ဆင္းလာပါတယ္။ သူ႕ကိုယ္မွာ ေသြးတစ္စက္မွ ေပမေနပါဘူး။
“အခုဆိုရင္ ရက္စက္တဲ့မိုးၾကိဳးမီးေတာက္ ဓားက်မ္းရဲ့ ဓားကြက္ၾကီး ၃ကြက္လံုးကို အဆင့္ျမင့္အဆင့္အထိကို ေရာက္ေအာင္ ေလ့က်င့္ျပီးျပီ။ ”

မိုးေရစက္ ဓားသုိင္းမွာ ဓားကြက္ၾကီး ၉ ကြက္ပါျပီးေတာ့ နင္ဟာ အဆင့္ျမင့္ အဆင့္ကို အေစာၾကီးကတည္းေရာက္ေနပါျပီ။ ဒီဓားကြက္ေတြကေန သဘာ၀ စြမ္းအင္ေတြကို သူအသံုးခ်လို႕ ရေနပါျပီ။

ရက္စက္တဲ့မိုးၾကိဳးမီးေတာက္ ဓားက်မ္းကေတာ့ နည္းနည္းပိုခက္ပါတယ္။ အဓိကကေနာက္ဆံုးတိုက္ကြက္ေပါ့။ ပိုးဖလံမ်ိဳး မီးတိုး။ နင္ဟာ ဒီဓားကြက္မွာ အဆင့္ျမင့္အဆင့္ကို ေရာက္ဖို႕ကို နားမလည္ႏို္င္ျဖစ္ေနတာပါ။  ဒီ မိစာၦၾကီး ေရၾကံ့ဘုရင္သာ ႏြံေတာကို တိုးသြားခဲ့ရင္ သူ ဒီ သိုင္းကြက္ရဲ့ အႏွစ္သာရကို သေဘာေပါက္မွာ မဟုတ္ေတာ့ပါဘူး။ တစ္ကယ္လို႕ သူသာ ေရထဲဆင္းသြားခဲ့ရင္ နင္သူ႕ကို သတ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒီလို ဇင္တ်န္အဆင့္ အသက္အရမ္းျပင္းတဲ့ မိစာၦ မြန္းစတားကို တစ္ခ်က္တည္းနဲ႕ ေသေအာင္သတ္ဖို႕ သာမာန္သိုင္းကြက္ေတြက မလံုေလာက္ဘူးေလ။

နင္ဟာ ျမန္ျမန္ဆန္ဆန္ပဲ ပိုးဖလံမ်ိဳးမီးတိုး သိုင္းကြက္ကို အသံုးျပဳလိုက္တာပါ။ ဒီ သိုင္းကြက္က စြမ္းအားေတြကို အသံုးခ်ျပီး အလြန္ကို မာေက်ာလွတဲ့ ေရၾကံ့ၾကီးရဲ့ ဦးေခါင္းခြံကို ပိုးဖလံက သူ႕ကိုယ္သူ မီးေတာက္ထဲ ပစ္ထည့္လိုက္သလိုမ်ိဳး ဓားခ်က္က တိုး၀င္ေဖာက္ထြက္သြားတာပါ။

“မိစာၦၾကီး”
နင္ဟာ လဲက်ေနတဲ့ ေရၾကံ့အေလာင္းၾကီးကို ၾကည့္လိုက္တယ္။ သူ႕မ်က္လံုးေတြက ေပ်ာ္ရႊင္မႈ အရိမ္အေရာင္ေတြကို သူမဖံုးကြယ္ႏိုင္ခဲ့ဘူး။
“ဒီေကာင္က ငါ့ပထမဆံုး သတ္ခဲ့တဲ့ ဇင္တ်န္ မြန္းစတားပဲ။ ဒါေပမဲ့ သူမေသခင္ မွာ  ျမေကာင္းကင္ေျမြ ဘုရင္ရဲ့ ရဲေဘာ္ရဲဘက္တစ္ေယာက္လို႕ ေအာ္သြားခဲ့သလားလို႕။ တစ္ခုခု မျဖစ္ခင္ ငါ ျမန္ျမန္ ထြက္သြားတာေကာင္းလိမ့္မယ္။”

Shua!

နင္ဟာ ေရၾကံ့ၾကီးရဲ့ အေလာင္းေပၚမွာ ျပန္ေပၚလာပါတယ္။ ဓားေရာင္ေတြ လက္သြားျပီးေတာ့ ေရၾကံ့ၾကီးရဲ့ အေရျပားကို ထိုးခြဲလိုက္ပါတယ္။ အခုေတာ့ ေသေနတဲ့ ေရၾကံ့ၾကီးရဲ့ အေရျပားဟာ နဂိုကေလာက္ မမာေက်ာေတာ့ပါဘူး။ နင္ဟာ ေရၾကံ့ၾကီး ခႏၶာကိုယ္ထဲကေန လက္၀ါးေလာက္ အရြယ္ရွိတဲ့ အနံ႕သင္းပ်ံ႕ေနတဲ့ အမဲေရာင္ အလံုးေလးတစ္ခုကို ရွာေဖြယူလိုက္ပါတယ္။ ဒီအရာ၀တၳဳက ေရၾကံ့ၾကီးမွာ အဖိုးအတန္ဆံုး အျမဴေတြ ရတနာပါ။  သူ႕ကို အဆိပ္ေတြေတာ္ေတာ္မ်ားမ်ားရဲ့ ေျဖေဆးအေနနဲ႕ အသံုးျပဳႏိုင္ပါတယ္။ ဒီ အျမဳေတဟာ သာမာန္ ေမွာရတနာ တစ္ခုကို လဲလွယ္လို႕ရေအာင္ အဖိုးတန္ပါတယ္။

“သြားဖို႕ အခ်ိန္က်ျပီ။”
မြန္းစတား ေရၾကံ့ၾကီးရဲ့ အျမဴေတကို ကိုင္ထားျပီးေတာ့ နင္ဟာ ေရျပင္ကို မၾကာခဏ ေျခတစ္ဖက္ခ်နင္းျပီး အေ၀းကို ေျပးလႊားပ်ံသန္းသြားပါတယ္။

ေရေပၚမွာ ေျပးတ၀က္ ခုန္တ၀က္ နဲ႕ မၾကာခင္ပဲ ၃ကီလိုမီတာေက်ာ္ေလာက္ ေရာက္သြားပါတယ္။

Huahuahuahua…

ရုတ္တရက္ သူ႔ေရွ႕က ေရျပင္ဟာ ဆူပြက္လာျပီးေတာ့ ၀ဲကေတာ့ ၾကီးတစ္ခုေပၚလာပါတယ္။


Chapter 13 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>

Chapter 14 ( နတ္ဘုရား ေသြးမ်ိဳးဆက္ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္)

Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 2

Chapter 13 ( ဂျိနင် နှင့် မွန်းစတားကြီး တိုက်ပွဲ)



ဧရိယာ တစ်ခုလုံးကို ရေခဲပြင်ကြီးက ဖုံးအုပ်ထားပါတယ်။ သေနေတဲ့ သူတွေဟာ ရေခဲရုပ်တွေလို ရပ်လျက်လေး၊ လဲလျောင်းလျက်လေး နဲ့ ပုံစံမျိုးစုံ ရှိနေကြပါတယ်။ သူတို့ကိုယ်မှာ အသက်ဓာတ် မရှိတော့ပါဘူး။ အလောင် း ၆၀၀ ကျော်မှာ အပြစ်မဲ့တဲ့ လူပေါင်း ၅၀၀ လောက် ရဲ့ အလောင်းတွေဟာ နင်ရဲ့ သတ်ဖြတ်ချင်တဲ့ စိတ်ကို ပိုပြီးတော့ ပြင်းထန်လာစေပါတယ်။



သူ ပိုပိုပြီးတော့ သတ်ပစ်ချင်လာပါတယ်။



“လူသားကလေး..”

ရေကြံ့ဘုရင်ကြီးဟာ သူ့ခြေထောက်ကြီးတွေနဲ့ မြေကြီးကို ပေါက်လိုက်ပြီးတော့ နင်ကို စိုက်ကြည့် စကားပြောလိုက်ပါတယ်။

“မင်း ကို ငါအရမ်းဒေါသထွက်သွားပြီ။ ဒီလူတွေက ငါ့အစာတွေပဲ။”



နင် ကို ရေခဲတွေ တဖြည်းဖြည်း လွှမ်းခြုံသွားပြီးတော့ သူ့အဝတ်အစားတွေတောင် ရေခဲအလွှာတွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမဲ့ နင်က သူ့အဝတ်အစားတွေကို တစ်ချက်ခါလိုက်တာမှာ ရေခဲတွေ လွင့်စင်ကုန်ပါတယ်။ ဒါပေမဲ့ နင်ကို တဖြည်းဖြည်း ရေခဲလွှာတွေက ဖုံးလွှမ်းလာတဲ့အတွက် သူ ခုန်ပြေးနေရင်းနဲ့ ရေခဲတွေကို ဆက်တိုက်ခါချနေရပါတယ်။


“မင်းရဲ့ ဓားသိုင်းနဲ့ ခြေလှမ်းသိုင်းဟာ အရမ်းကို နက်နဲပေမဲ့ မင်းက အခုမှ ဟိုတျန် အဆင့်မှာပဲ ရှိသေးတယ်။ ငါ့ကတော့ ကြီးကျယ်မြင့်မြတ်တဲ ဇင်တျန် တန်ခိုးရှင် တစ်ယောက်ဖြစ်တယ်။”

ရေကြံ့ဘုရင်ကြီးက ရယ်မောလိုက်ပြန်တယ်။
“လူတချို့ ပြေးလို့လွတ်သွားပေမဲ့ မင်းကျန်နေသေးတော့ ငါ့အတွက် ပိုပြီး အဆင်ပြေတယ်။ ဒီလို အစွမ်းထက်တဲ့ လူသားရဲ့ အသွေးအသား ဟာ ဟို လူတစ်ထောင်ထက် ပိုပြီးတော့ ဆွဲဆောင်မှုရှိတယ်။”


“ငါ ဇင်တျန် တန်ခိုးရှင်ကို မသတ်ဖူးသေးဘူး။”

နင်ဟာ ရေခဲတွေ ဖုံးလွှမ်းနေလျက်နဲ့ ရေကြံ့ဘုရင်ကြီးကို ကြည့်ပြီး ပြောလိုက်တယ်။
“ငါ ဇင်တျန် တန်ခိုးရှင်ကို အရမ်းကို သတ်ကြည့်ချင်နေတာ။ ရေကြံ့ဘုရင်ကြီး မင်းဟာ ငါ့လက်မှာ ပထမဆုံး သေရတဲ့ ဇင်တျန် တန်ခိုးရှင်ပဲ။ အဲ့ဒီအတွက် မင်းကိုယ်မင်း ဂုဏ်ယူလိုက်စမ်းပါ။ ငါမင်ကို ကိုယ်တိုင် တုံးထစ်ပြီးတော့ ငါ့မိဘတွေနဲ့ ငါ့ကလန်က လူတွေကို ပထဆုံး သတ်ခဲ့တဲ့ အသားကို မြည်းစမ်းခိုင်းရမယ်။”


“ဟား….”

နင် ရဲ့ ဘယ်ဘက်လက်မှာလည်း ရတနာဒား တစ်လက် ထပ်ပေါ်လာပါတယ်။ အခုဆိုရင် နင်ဟာ ဒက်နော့ ဓား ၂ချောင်းကို ဘယ်နဲ့ ညာ လက်တွေမှာ ကိုင်ထားပါတယ်။


“ဓားတစ်စုံ…. ဒါဆို မင်းရဲ့ ဓားပညာက သာမာန်လောက်ပဲ ရှိဦးမှာပေါ့။ ဒီ ချိုင့်ဝှမ်းဒေသမှာ ဓားတစုံ ကိုင်ပြီးတော့ ဓားသိုင်းအရမ်းကောင်းတဲ့ သိုင်းသမား မရှိသေးဖူး။”

ရေကြံ့ဘုရင်ကြီးက နင်ကို မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်ပြီး မြေကြီးကို ခြေတစ်ချင်ဆောင့်လိုက်တယ်။ ကမ္ဘာမြေကြီးဟာ တုန်ခါသွားပါတယ်။ နောက် တော့ သူ့ဆီကို တောင်တစ်တောင် ပြိုကျလာသလို နင်းခြေဖို့ ပြေးဝင်သွားပါတော့တယ်။

“သေပေတော့”


“ဖန်း…”



ခြေထောက်ကြီးရဲ့ လုံးပတ်ဟာ ယောက်ျားကြီး အမြောက်အများ ဝိုင်းဖက်မှ တစ်ပတ်ပြည့်နိုင်ပါတယ်။ ဒီခြေထောက်ကြီးဟာ နင်ပေါ်ကို နင်းခြေဖို့ ကျလာပါတယ်။ လေခွင်းသံတွေတောင် နားကွဲမတတ် တဝုန်းဝုန်း မြည်ဟီးနေပြီး ဒီခြေထောက်လာတဲ့ လေအရှိန်ကြောင့် မြေကြီးမှာ ချိုင့်ကြီးအရင် ဖြစ်သွားပါတယ်။ ဒီ ခြေထောက်ကြီး နင်ကို မထိမိခင်မှာကတည်းက ဘယ်လောက်တောင် အစွမ်းကြီးမားလည်းဆိုတာကို သူနားလည်ပါတယ်။


“ရွှမ်း..”

နင်ရဲ့ ဓားတစ်ချောင်းဟာ ဓားရောင်လက်သွားပြီးတော့ ခွာကြီးမှာ ရေစီးကြောင်းသဏ္ဍာန် ဓားချက်မှိန်မှိန်လေးတစ်ချက် ချန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဓားချက်ဟာ ခွာက အပေါ်ရံ အလွှာကို ဖောက်ရုံသာ ဖောက်နိုင်ခဲ့ပြီး အတွင်းကို နက်ရှိုင်းမှု မရှိခဲ့ပါဘူး။ နင်ဟာ လေပြေညင်းလေးသဖွယ် ရုတ်တရက်ရွေ့လျားပြီး ထွက်ပြေးသွားပါတယ်။


“ဝုန်း…”

ကမ္ဘာမြေကြီးဟာ ကွဲထွက်လွင့်စင်သွားပြီးတော့ မီတာတော်တော်ကျယ်ဝန်းတဲ့ ကျင်းကြီးတစ်ကျင်း ကျန်ခဲ့ပါတယ်။ နင်ကတော့ မီတာ ၃၀ အကွာလောက်ကို ရောက်နေပါပြီ။


“မင်းပြေးလို့လွတ်မယ်လို့ ထင်နေတာလား။”

ရေကြံ့ဘုရင်ကြီးဟာ ကြွေးကြော်ပြီးတော့ နင်ဆီကို ဦးတည်တိုးဝင်သွားပါတယ်။ သူဟာ လေးလံနှေးကွေးပုံ ရပေမဲ့ သူ့ကိုယ်လုံးက အရမ်းကြီးလို့ ခြေတစ်လှမ်းတိုင်းမှာ သူ အဝေးကြီးကို ရောက်ပါတယ်။ သူ့ရဲ့ ခွာရာကြီးတွေဟာ မြေကြီးပေါ်မှာ ကျန်ရစ်ခဲ့ပါတယ်။ နင်ဟာ တဖြည်းဖြည်း တောအုပ် အစပ်နားကို ရောက်လာပါတယ်။



ဒီတောအုပ်လေးက ကီလိုမီတာ နည်းနည်းပဲ ကျယ်ဝန်းပါတယ်။


“ဒီ သစ်ပင်တွေက ငါ့ကို နှေးစေနိုင်မှာ မဟုတ်ဘူး။”

ရေကြံ့ဘုရင်ကြီးဟာ မာန်ဖီ ပြီးတော့ တောအုပ်ကို ဖြတ်ပြီး လိုက်လာပါတယ်။ ဒီတောအုပ်ဟာ သူ့အတွက်တော့ သာမာန်လူတစ်ယောက် မြက်ခင်းပေါ်လျှောက်လာသလိုပါပဲ။


“သူ့ကို ရေကြံ့ဘုရင်ကြီးလို့ ခေါ်ထိုက်ပါပေတယ်။ သူ့ ရဲ့ ပြင်ပ ခွန်အားဟာ တခြား မိစ္ဆာကြီးတွေထက် အများကြီး အားကြီးလွန်းတယ်။ ပြီးတော့ သူ့ အရေခွံက အရမ်းကို ထူတယ်။ ငါ့ရဲ့ ကီအစွမ်းနဲ့ ကမ္ဘာနဲ့ တစ်သားတည်း ဓားသိုင်း ပေါင်းပြီးတော့ တိုက်ခိုက်တာတောင် သူ့အရေပြားကို မဖောက်နိုင်သေးဘူး။ ငါ့ရဲ့ ဖင်းဂေါ့ကျင့်စဉ်ကို အားကိုးမှ ရတော့မယ်။”


“Sou!”



နင်ဟာ သစ်ပင်ကြီးတစ်ပင်ရဲ့ ထိပ်ကို ခုန်တက်လိုက်ပါတယ်။ သူဟာ သစ်ကိုင်းသစ်ရွက်လေးပေါ်မှာ ရပ်နေပြီးတော့ ရေကြံ့ဘုရင်ကြီးနဲ့ အကြည့်ချင်းရင်ဆိုင်လိုက်ပါတယ်။


“ဟင်…”

ရေကြံ့ဘုရင်ကြီး ရုတ်တရက် ရပ်တန့်သွားပါတယ်။ ဒီလူငယ်လေးရဲ့ အော်ရာ ( စွမ်းအင် အငွေ့အသက်တွေ) ရုတ်တရက် ပြောင်းသွားတာ ခံစားမိလိုက်တယ်။ ခွန်အား အော်ရာတစ်ခုတည်းမှာတင် ရေကြံ့ဘုရင်ကြီးထက် နည်းနည်းပဲ အားနည်းနေတာတွေ့လိုက်ရတယ်။
“ဖင်းဂေါ့ ခန္ဓာကိုယ်ကျင့်စဉ်..”


“မှန်တာပေါ့”

နင်ရဲ့အသားအရောင်ဟာ ရုတ်တရက် နီမြန်းသွားပါတယ်။ နေ နဲ့ လရဲ့ အစွမ်းတွေဟာ သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြည့်တင်းပေးနေပါတယ်။ သူ့ခွန်အားတွေဟာ အဆမတန် ကြီးမားလာပါတယ်။



တစ်ကယ်လို့ သူသာ ဇင်တျန်အဆင့်ကို ရောက်သွားခဲ့ရင် သူ့ခန္ဓာကိုယ်ထဲက Divine ပါဝါတွေဟာ သူ့ ခန္ဓာကိုယ် အပြင်ဘက် မှာပါ မြင်ရမှာပါ။


“ဟား…ဟား…. မင်းက ဟိုတျန် သက်ရှိအဆင့်ပဲ။ မင်း ဖင်းဂေါ့ကျင့်စဉ် ကျင့်ထားရင်တောင် ငါ့ထက်အများကြီး အဆင့်နိမ့်သေးတယ်။”

ရေကြံ့ဘုရင်ကြီးဟာ သစ်ပင်တွေကို ပြားပြားဝပ်အောင် နင်းခြေပြီးတော့ နင်ဆီကို တောင်တစ်တောင်အလား ပြေးဝင်လာပါတယ်။ သစ်ပင်ကြီးတွေဟာ သူ့ခြေရင်းမှာ ပြားပြားဝပ်ပြီး ကျန်ခဲ့တယ်။ သူ့ကို မနှေးကွေးစေနိုင်ခဲ့ဘူး။


“ဟင်း”



နင်က သစ်ပင်ကြီးတစ်ပင်ပေါ်ကနေ ဓား၂ လက် ကိုင်ပြီးတော့ ရေကြံ့ဘုရင်ကြီးကို အေးစက်စက် အကြည့်နဲ့ ကြည့်နေလိုက်တယ်။



ရေကြံ့တွေဟာ ခန္ဓာကိုယ် အလွန့်အလွန်ကို ကြီးမားကြပါတယ်။ အရမ်းကို အစွမ်းထက်လှတဲ့ မိစ္ဆာကြီး ဖြစ်တဲ့ Serpentwing သာ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နိုင်မှာပါ။ ဒါပေမဲ့ ဓားသမားတစ်ယောက်ဖြစ်တဲ့ နင်အတွက်တော့ ဒီလို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်စရာမလိုအပ်ပါဘူး။


“Shua!!”



ထိလုထိခင် အချိန်မှာပဲ နင်ဟာ သူ့ရဲ့ ကမ္ဘာနဲ့တစ်သားတည်း အဆင့် လေအရိပ် ခြေသိုင်းနဲ့ ရေကြံ့ဘုရင်ကြီးရဲ့ ဦးတည်တိုက်ခိုက်မှုကနေ ရုတ်တရက် ရှောင်ထွက်သွားပါတယ်။ နင် ထက်စာရင်တော့ ရေကြံ့ဘုရင်ကြီးဟာ တော်တော်ကို နှေးကွေးပါတယ်။ နင်က ရှောင်တိမ်းနေရင်းနဲ့ ရေကြံ့ဘုရင်ကြီးရဲ့ ဘေးတစ်ဖက်ကို ဒက်နော့ဓားနဲ့ ခုတ်ချလိုက်ပါတယ်။



ဓားရောင်လက်သွားပြီးတော့ မှိန်ဖျော့ဖျော့ အလင်းတန်း မျဉ်းတစ်ကြောင်းပေါ်လာပါတယ်။ ဒီ အလင်းတန်းဟာ မိုးရေစက်လေးတွေ အများကြီး စုစည်းနေတဲ့ သဏ္ဍာန်နဲ့တောင် ဆင်ပါတယ်။ ရေကြံ့ဘုရင်ကြီးရဲ့ ဘေးဖက်ကို ဒီ အလင်းမျဉ်းတန်းက ဖြတ်ချသွားပါတယ်။



မိုးရေစက် ဓားသိုင်း -  မိုးရေမျဉ်းတန်း



အဆင့်မြင့် ဓားသိုင်း ပညာရှင်အဆင့်!!



ပထမတုန်းက ရေကြံ့ဘုရင်ကြီးရဲ့ နင်းခြေမှုကို ခုခံကာကွယ်သလိုမျိုး အခု ဓားချက်ကလည်း သဘာဝရဲ့ စွမ်းအင်တွေကို အသုံးပြုထားပါတယ်။ ဒါပေမဲ့ ပထမတုန်းက နင်က သူ့ရဲ့ အတွင်းအား ကီ စွမ်းအင်ကိုသာ အခြေခံ အသုံးပြုခဲ့ပြီး ဒီတစ်ခါတော့ နေ နဲ့ လ ရဲ့ စွမ်းအားတွေဟာ နင်ရဲ့ကိုယ်ထဲမှာ ပေါက်ကွဲထွက်နေပါတယ်။ ဖင်းဂေါ့ ခန္ဓာကိုယ်ကျင့်စဉ်ရဲ့ အစွမ်းကို အခြေခံအနေနဲက အသုံးပြုတဲ့ တိုက်ခိုက်မှုဟာ သာမာန်ထက် အဆထောင်ချီ ပြင်းထန်ပါတယ်။


“ဟူးအား..”

အရမ်းကို အဖိုးတန်တဲ့ ဒက်နော့ ရတနာဓားရဲ့ ထက်မြမှုအောက်မှာ ရေကြံ့ကြီးရဲ့ အရေပြားကို ဖောက်သွားပြီးတော့ ဒဏ်ရာကြီးတစ်ခု ပေါ်လာပါတယ်။ သွေးတွေဟာ တာကျိုးသလို ဒလဟော ထွက်လာပါတယ်။

ဖန်း…

နေရာတိုင်းမှာ သွေးတွေ အိုင်နေပြီးတော့ ကလီစာတချို့လည်း ပြန့်ကျဲနေပါတယ်။



Sou..



နင်ဟာ မြေပြင်ပေါ်ကို ညင်သာစွာ ကျလာပါတယ်။



နင်းခြေဖို့ဦးတည် ပြေးဝင်သွားတဲ့ ရေကြံ့ဘု၇င်ကြီးဟာ ဒေါသနဲ့ နာကျင်စွာ အော်ဟစ် ညည်းညူပြီး ရပ်တန့်သွားပါတယ်။ သူ့ ကြွက်သားတွေ အသွေးအသားတွေ တုန်ခါနေပြီးတော့ သူ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ ဒဏ်ရာကြီးဟာ  တဖြည်းဖြည်း ကျုံ့လာပါတယ်။ ဒါပေမဲ့ နင်ရဲ့ ဓားချက်ဟာ အရမ်းကို ရက်စက်ကြမ်းတမ်းလှပြီးတော့ ဒါဏ်ရာကြီးဟာ အင်မတန်မှကို ကြီးမားပါတယ်။ သွေးကြောတွေကို ချုံ့ပြီးတော့ ဒါဏရာကို ထိန်းထားပေမဲ့ သွေးတွေ တစက်စက် ကျနေတုန်းပါပဲ။ သူက ပထမတုန်းကလို စွာကျယ်စွာကျယ် မဟုတ်တော့ပါဘူး။


“ရေကြံ့ဘုရင်ကြီး မင်းရဲ့သေနေ့စေ့ပြီ။”

နင်ဟာ အရိပ်သဖွယ် ရေကြံံ့ဘုရင်ကြီးဆီကို ပြေးဝင်သွားပါတယ်။


“ဂရား….”

ရေကြံ့ဘုရင်ကြီးဟာ ကြောက်မက်ဖွယ် အော်ဟစ်လိုက်ပြီးတော့ ဆန့်ကျင်ဘက်ကို သွေးရူးသွေးတန်း ပြေးသွားပါတော့တယ်။



ထွက်ပြေးတယ်…


“ဟင်.. သူက ဒီလိုကြီး နဲ့ ထွက်ပြေးသွားကောလား?”

နင် အရမ်းကို အံ့သြသွားပါတယ်။



ဒါပေမဲ့ သူ တစ်ခုခုကို အခုမှ သဘောပေါက်သွားပါတယ်။ သူ့အဖေက သူ့ကို မိစ္ဆာကြီးတွေကို သတိထားဖို့ မှာလိုက်တယ်။ သူတို့တွေက ဉာဏ်နီ ဉာဏ်နက် အရမ်းများကြတယ်။  သူတို့ရဲ့ ကောင်းကောင်းမွန်မွန် နေနိုင်မှုကို ထိခိုက်မှု အန္တာရာယ် တစ်ခုခုရှိပြီဆိုတာနဲ့ ချက်ခြင်းထွက်ပြေးကြတယ်။ ဒီရေကြံ့ကတော့ ရှင်းပါတယ်။ သူ့ဘ၀ ငယ်စဉ်ကတည်းက အရမ်းကို ဂုဏ်ယူခဲ့ရတဲ့ အရေပြားဟာ ဒီလူငယ်လေး ဓားချက်နဲ့ ပြဲသွားခဲ့ပြီ။ သူ့ရဲ့ အကောင်းဆုံး အကာအကွယ်ဟာ အသုံးမဝင်တော့ဘူး။

နင်ရဲ့ ခြေသိုင်းနဲ့ လျင်မြန်မှုဟာ ရေကြံ့ကြီးထက် အများကြီး သာတယ်။ နောက်ဆုံးပြောရရင် Serpentwing တောင် နင်ကို အချိန်အတိုင်းအတာ တစ်ခုအတွင်း ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။



ရေကြံ့တွေဟာ သူတို့ရဲ့ ထူထဲလှတဲ့ အရေပြားကို အလွန် အားထားကြပါတယ်။ တစ်ကယ်လို့ သူ့ရှေ့က လူငယ်လေးက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးထင်လို့ ဆက်ပြီးတော့ ဦးတည်တိုးဝင်တိုက်ခိုက် နေတာပါ။ သူ့အကြည့်မှာတင် ဒီလူငယ်လေး ဒဏ်ရာ အကြီးအကျယ်ရပြီး သေဆုံးမယ်ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ သူ့ဓားတစ်ချက်နဲ့ သူ့ရင်မှာ ဒဏ်ရာကြီး ဖြစ်လာတယ်။ ဒီလိုဆို သူဘယ်လိုဆက်လုပ်ရမလဲ။


“ပြေးဟ..”

သူသွေးရူးသွေးတန်း ပြေးပါတော့တယ်။


“ငါ့ရဲ့ အရေပြားဟာ မိစ္ဆာ မွန်းစတာကြီးတွေအတွက်တောင် ထိုးဖောက်နိုင်ဖို့ ခဲယဉ်းတယ်။  ဒီလူငယ်ရဲ့ ဓားက ဘာလို့ ဒီလောက် အစွမ်းထက်ရတာလည်း။”

ရေကြံ့ဘုရင်ကြီးဟာ အလွန်အမင်းထိတ်လန့်နေတဲ့အတွက် ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး။



ဒါပေမဲ့..



သူဘယ်လို ထွက်ပြေး၇လဲ။



နင်ဟာ သူ့ရဲ့ ကမ္ဘာနဲ့ တစ်သားတည်း ခြေစွမ်းကို အသုံးပြုလိုက်ရင် Serpentwing ထက် နည်းနည်းပဲ နှေးပါတော့တယ်။ သူဟာ ရေကြံ့ဘုရင်ကြီးထက် အဆများစွာ မြန်ဆန်ပါတယ်။



ရွှမ်း.. ရွှမ်း… ရွှမ်း..



နင်ဟာ ရေကြံ့ကြီးကို မှီနေပါပြီ။


“ငါ က မြ ကောင်းကင် မြွေဘုရင်ရဲ့ အမှုထမ်း တစ်ယောက်ပါ။ မင်းငါ့ကို သတ်ခွင့် မရှိပါဘူး။”

ရေကြံ့ဘုရင်ကြီးဟာ သွေးရူးသွေးတန်းနဲ့ ငယ်သံပါအောင် အော်ဟစ်လိုက်ပါတယ်။
“ဘုရင်ကြီး ကယ်ပါဦး”



ကြောက်မက်ဖွယ်ရာ အသံလှိုင်းအနိမ့်တစ်ခု  အဝေးကြီးကနေ ကြားလိုက်ရပါတယ်။



Sou!



နင်ဟာ ဓား ၂ လက်ကို လက်မှာကိုင်ပြီးတော့ ရှေ့ကို ဦးတိုက်တိုးဝင်သွားပြီး အပေါ်ကို ဓားနဲ့ ဆက်တိုက်ထိုးချလိုက်ပါတယ်။  ဒီ တစ်ခဏအတွင်းမှာ နင်ရဲ့ ခန္ဓာကိုယ်ဟာ မီးတောက်မီလျှံဖြာထွက်လာသလိုပဲ အသွင်ပြောင်းသွားပြီးတော့ အရမ်းကို ရက်စက် ထိမ်းချုပ်မှုမဲ့ ပြီး ရေကြံ့ဘုရင်ကြီးရဲ့ လည်ပင်းနေရာတွေကို ဓားနဲ့ မြှောက်ပြီး ထိုးလိုက်ပါတယ်။


“Chi”

အသံနဲကအတူ ရေကြံ့ဘုရင်ကြီးရဲ့ ဦးခွံဟာ ကွဲသွားပါတယ်။ မီးတောက်တွေဟာ မီတာ ၃၀ ကျော်လေထဲမှာ ပေါက်ကွဲထွက်လာပြီးတော့ မကြာခင်ပဲ လူသားအသွင် ပြန်ပြောင်းသွားပါတယ်။ သားမွေးဝတ်ထားတဲ့ လူငယ်ကလေး နင်ပါ။


“အာ့..”

ရေကြံ့ဘုရင်ကြီးရဲ့ မျက်လုံးတွေ ဝိုင်းဆက်ပြူးကျယ်နေပါတယ်။ သူ့ရဲ့ အရမ်းကို သာယာတဲ့ ဘဝဟာ ဒီလူသားငယ်လေး လက်ထဲမှာ နိဂုံးချုပ်သွားလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ဇင်တျန် အဆင့် မိစ္ဆာကြီး တစ်ကောင်အနေနဲ့ အသက်စွမ်းအား အရမ်းကို ပြင်းထန်လို့ သူ့နှလုံးသားကို ဓားနဲ့ ထိုးလိုက်ရင်တောင်မှ သူမသေပါဘူး။ ဒါပေမဲ့ နင်က အားအနည်းဆုံး နေရာကို ရွေးချယ်တိုက်ခိုက်လိုက်တာပါ။ ရေကြံ့တွေ မပြောနဲ့ ဇင်တျန်အဆင့် ဖင်းဂေါ့ ကျင့်စဉ်ကျင်ထားသူတွေတောင် ဦးခေါင်းကို ထိုးဖောက်ခံရရင် သေပါတယ်။



ဝုန်း..



ရေကြံံ့ကြီးရဲ့ ခန္ဓာကိုယ်ကြီးဟာ ပြိုလဲကျသွားပြီးတော့ တောအုပ်တစ်ခုလုံး ပြားပြားဝပ် ပိမိသွားပါတယ်။



“ပိုးဖလံမျိုး မီးတိုး အကွက် -  ဒီဓားချက်ဟာ ရက်စက်တဲ့မိုးကြိုးမီးတောက် ဓားကျမ်းရဲ့ အစွမ်းအထက်ဆုံး အကွက် ပီသပါပေတယ်။”

နင်ဟာ မြေပြင်ပေါ်ကို ညင်သာစွာ ကျဆင်းလာပါတယ်။ သူ့ကိုယ်မှာ သွေးတစ်စက်မှ ပေမနေပါဘူး။

“အခုဆိုရင် ရက်စက်တဲ့မိုးကြိုးမီးတောက် ဓားကျမ်းရဲ့ ဓားကွက်ကြီး ၃ကွက်လုံးကို အဆင့်မြင့်အဆင့်အထိကို ရောက်အောင် လေ့ကျင့်ပြီးပြီ။ ”



မိုးရေစက် ဓားသိုင်းမှာ ဓားကွက်ကြီး ၉ ကွက်ပါပြီးတော့ နင်ဟာ အဆင့်မြင့် အဆင့်ကို အစောကြီးကတည်းရောက်နေပါပြီ။ ဒီဓားကွက်တွေကနေ သဘာ၀ စွမ်းအင်တွေကို သူအသုံးချလို့ ရနေပါပြီ။



ရက်စက်တဲ့မိုးကြိုးမီးတောက် ဓားကျမ်းကတော့ နည်းနည်းပိုခက်ပါတယ်။ အဓိကကနောက်ဆုံးတိုက်ကွက်ပေါ့။ ပိုးဖလံမျိုး မီးတိုး။ နင်ဟာ ဒီဓားကွက်မှာ အဆင့်မြင့်အဆင့်ကို ရောက်ဖို့ကို နားမလည်နိုင်ဖြစ်နေတာပါ။  ဒီ မိစ္ဆာကြီး ရေကြံ့ဘုရင်သာ နွံတောကို တိုးသွားခဲ့ရင် သူ ဒီ သိုင်းကွက်ရဲ့ အနှစ်သာရကို သဘောပေါက်မှာ မဟုတ်တော့ပါဘူး။ တစ်ကယ်လို့ သူသာ ရေထဲဆင်းသွားခဲ့ရင် နင်သူ့ကို သတ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလို ဇင်တျန်အဆင့် အသက်အရမ်းပြင်းတဲ့ မိစ္ဆာ မွန်းစတားကို တစ်ချက်တည်းနဲ့ သေအောင်သတ်ဖို့ သာမာန်သိုင်းကွက်တွေက မလုံလောက်ဘူးလေ။



နင်ဟာ မြန်မြန်ဆန်ဆန်ပဲ ပိုးဖလံမျိုးမီးတိုး သိုင်းကွက်ကို အသုံးပြုလိုက်တာပါ။ ဒီ သိုင်းကွက်က စွမ်းအားတွေကို အသုံးချပြီး အလွန်ကို မာကျောလှတဲ့ ရေကြံ့ကြီးရဲ့ ဦးခေါင်းခွံကို ပိုးဖလံက သူ့ကိုယ်သူ မီးတောက်ထဲ ပစ်ထည့်လိုက်သလိုမျိုး ဓားချက်က တိုးဝင်ဖောက်ထွက်သွားတာပါ။


“မိစ္ဆာကြီး”

နင်ဟာ လဲကျနေတဲ့ ရေကြံ့အလောင်းကြီးကို ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ပျော်ရွှင်မှု အရိမ်အရောင်တွေကို သူမဖုံးကွယ်နိုင်ခဲ့ဘူး။
“ဒီကောင်က ငါ့ပထမဆုံး သတ်ခဲ့တဲ့ ဇင်တျန် မွန်းစတားပဲ။ ဒါပေမဲ့ သူမသေခင် မှာ  မြကောင်းကင်မြွေ ဘုရင်ရဲ့ ရဲဘော်ရဲဘက်တစ်ယောက်လို့ အော်သွားခဲ့သလားလို့။ တစ်ခုခု မဖြစ်ခင် ငါ မြန်မြန် ထွက်သွားတာကောင်းလိမ့်မယ်။”



Shua!



နင်ဟာ ရေကြံ့ကြီးရဲ့ အလောင်းပေါ်မှာ ပြန်ပေါ်လာပါတယ်။ ဓားရောင်တွေ လက်သွားပြီးတော့ ရေကြံ့ကြီးရဲ့ အရေပြားကို ထိုးခွဲလိုက်ပါတယ်။ အခုတော့ သေနေတဲ့ ရေကြံ့ကြီးရဲ့ အရေပြားဟာ နဂိုကလောက် မမာကျောတော့ပါဘူး။ နင်ဟာ ရေကြံ့ကြီး ခန္ဓာကိုယ်ထဲကနေ လက်ဝါးလောက် အရွယ်ရှိတဲ့ အနံ့သင်းပျံ့နေတဲ့ အမဲရောင် အလုံးလေးတစ်ခုကို ရှာဖွေယူလိုက်ပါတယ်။ ဒီအရာဝတ္ထုက ရေကြံ့ကြီးမှာ အဖိုးအတန်ဆုံး အမြူတွေ ရတနာပါ။  သူ့ကို အဆိပ်တွေတော်တော်များများရဲ့ ဖြေဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဒီ အမြုတေဟာ သာမာန် မှောရတနာ တစ်ခုကို လဲလှယ်လို့ရအောင် အဖိုးတန်ပါတယ်။


“သွားဖို့ အချိန်ကျပြီ။”

မွန်းစတား ရေကြံ့ကြီးရဲ့ အမြူတေကို ကိုင်ထားပြီးတော့ နင်ဟာ ရေပြင်ကို မကြာခဏ ခြေတစ်ဖက်ချနင်းပြီး အဝေးကို ပြေးလွှားပျံသန်းသွားပါတယ်။



ရေပေါ်မှာ ပြေးတဝက် ခုန်တဝက် နဲ့ မကြာခင်ပဲ ၃ကီလိုမီတာကျော်လောက် ရောက်သွားပါတယ်။



Huahuahuahua…



ရုတ်တရက် သူ့ရှေ့က ရေပြင်ဟာ ဆူပွက်လာပြီးတော့ ဝဲကတော့ ကြီးတစ်ခုပေါ်လာပါတယ်။




Chapter 13 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>



Chapter 14 ( နတ်ဘုရား သွေးမျိုးဆက် ရတနာ မြ ကောင်းကင် မြွေဘုရင်)


Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)