ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 12 ( သတ္ျဖတ္မႈ စတင္ျခင္း…)
ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 2
Chapter 12 ( သတ္ျဖတ္မႈ စတင္ျခင္း…)
ေရၾကံ့ ဘုရင္ၾကီးဟာ သူ႕ရဲ့ ေက်ာက္ကုလားထိုင္ေပၚမွာ
ထိုင္ေနျပီးေတာ့ ကတံုးနဲ႕ အျပာေရာင္ စစ္သူရဲကို စူးစူးစိုက္စိုက္ ၾကည့္လိုက္တယ္။
ျပီးေတာ့ သူ႕လက္ၾကီးကို ဆန္႕ျပီးေတာ့ အနီးက ၾကိဳးတုတ္ခံထားရတဲ့ လူငယ္တစ္ေယာက္
သူ႕ရဲ့ ေပါင္ေပၚတင္လိုက္တယ္။ လူငယ္ေလးဟာ ဘာမွ မလႈပ္ရွားႏိုင္ပဲ အရုပ္ေလးတစ္ရုပ္လို
ပါသြားခဲ့တယ္။ လူငယ္ေလးက ေၾကာက္လန္႕တၾကားေအာ္ဟစ္ေျပာဆိုလိုက္တယ္..
“သူက မင္းတို႕ကို လူေတြ ဖမ္းခဲ့ေပးဆို
ဖမ္းခဲ့ေပးလိုက္ေလ။ မင္းတို႕ လူတစ္ေထာင္ေလာက္ပဲ ဖမ္းဖို႕လိုမွာပါ။ အို.. အသင္
ေရၾကံ့ ဘုရင္ၾကီး အခု ကၽြန္ေတာ့လူေတြ ဖမ္းခဲ့တဲ့ ၂ေယာက္ရယ္ အသင္ စားပစ္လိုက္တဲ့ လူ
၁၉ ေယာက္ရယ္ ေပါင္းလိုက္ရင္ ကၽြန္ေတာ့လူေတြ အသင့္အတြက္ လူေပငါး ၅၈၃ ေယာက္
ဖမ္းေပးခဲ့ျပီးပါျပီ။”
ေရၾကံ့ဘုရင္ၾကီးက ေလးလံတဲ့ အသံၾကီးနဲ႕
ေျပာလိုက္တယ္။
“စိတ္မပူပါနဲ႕…. ငါ ေရၾကံ့ဘုရင္ၾကီးက
ကတိတည္ပါတယ္။ မင္းတို႕ လူတစ္ေထာင္ ဖမ္းေပးျပီးရင္ ငါမင္းတို႕ကို ခ်မ္းသာေပးမယ္။”
“ကတံုးၾကီး… သံမဏိ သစ္ပင္ ကလန္ နာမည္နဲ႕ ငါ့ကို လာမျခိမ္းေျခာက္နဲ႕။ ဒီ အေရွ႕ပိုင္းေတာင္ ႏြံေတာမွာ သံမဏိ သစ္ပငါ ကလန္နဲ႕ ဂ်ိကလန္ရဲ့ တပည့္ေတြ ဘယ္ေလာက္ ေသျပီးျပီလည္းဆိုတာ သိတယ္ မဟုတ္လား။ မင္းတို႕ အေရွ႕ပိုင္းေတာင္ ႏြံေတာကို စြန္႕စားခန္း ထြက္လာခဲ့တာ ပဲ။ မင္းတို႕ ေသတယ္ဆို ေသတာပဲ။ အဲ့ဒီ အရမ္းကို ေပ်ာ့ညံ့တဲ့ သခင္ေလးက သံမဏိ သစ္ပင္ ကလန္မွာ ရာထူးအဆင့္ အမ်ားၾကီး ျမင့္ေပမဲ့ ငါမင္းတို႕ အကုန္လံုးကို အခု သတ္လိုက္ရင္ သံမဏိ သစ္ပင္ကလန္က မင္းတို႕ အားလံုး ေသသြားတယ္ဆိုတာကို အခ်ိန္အၾကာၾကီးေနမွ သိလိမ့္မယ္။ ဘယ္သူက သတ္လိုက္တယ္ဆိုတာလည္း သိမွာ မဟုတ္ေတာ့ဘူး။ ….”
ေရၾကံ့ၾကီးက ကတံုးၾကီးကို ၾကည့္ျပီး ေျပာလိုက္တယ္။
အျပာေရာင္ ၀တ္စံုနဲ႕ စစ္သူရဲက အံသာ ၾကိတ္ျပီး
ဘာမွ ျပန္မေျပာႏိုင္ေတာ့ပါဘူး။
ေရၾကံ့ဘုရင္ၾကီးက ရယ္ေမာျပီးေတာ့ သံမဏိ
သစ္ပင္ကလန္က သခင္ေလးကို ေျမၾကီးေပၚ ျပန္ ပစ္ခ်လိုက္ပါတယ္။
“မင္းတို႕ေတြ အကုန္လံုး ထြက္သြားျပီးေတာ့ လူေတြ
ထပ္ဖမ္းခဲ့ၾက။ ျမန္ျမန္ မ်ားမ်ား ဖမ္းခဲ့ၾက။ ဒီလို ကၽြန္ေတြကို အမ်ားၾကီး
ဖမ္းခဲ့ၾက။”
သံမဏိ သစ္ပင္ကလန္က သခင္ေလး က ေျမၾကီးေပၚမွာ
လဲက်ေနရာကေန အမိန္႔ေပးလိုက္ပါတယ္။
“ဒါေပမဲ့ သခင္ေလး… ကၽြန္ေတာ္တို႕ေတြ အေရွ႕ပိုင္းေတာင္ ႏြံေတာ မုဆိုးေတြနဲ႕ တံငါသည္ေတြ အကုန္လံုး နီးနီးေလာက္ကို ဖမ္းခဲ့ျပီးျပီေလ။ အခုအခ်ိန္မွာဆိုရင္ လူက ရွိရင္ေတာင္ နည္းနည္းပဲ ရွိေတာ့မွာ။ လူ ၄၀၀ ျပည့္ေအာင္ ဖမ္းခဲ့ဖို႕ဆိုတာ မျဖစ္ႏိုင္ေတာ့ဘူး။”
ကတံုးနဲ႕ အျပာေရာင္ ၀တ္စံု၀တ္ လူၾကီးကေဒါသတၾကီး
ျပန္ေျပာလိုက္ပါတယ္။
သံမဏိ သစ္ပင္ကလန္က သခင္ေလးက လဲေလ်ာင္းေနရာကေနပဲ
ထပ္ေအာ္ျပီးေတာ့..
“ဒါဆို မ်ိဳးႏြယ္စု တစ္ခုခုကို ေတြ႕ေအာင္ရွာခဲ့ေလ။ ခုခံသူမွန္သမွ် အေသသတ္ခဲ့။ က်န္တဲ့လူေတြ ဖမ္းေခၚခဲ့။ မင္းတို႕ေတြ အနည္းဆံုး လူရာ ဂဏန္းေလာက္ေတာ့ မ်ိဳးႏြယ္စုရြာေလးေတြမွာ ဖမ္းလို႕ ရလိမ့္မယ္။”
“ဒါဆို မ်ိဳးႏြယ္စု တစ္ခုခုကို ေတြ႕ေအာင္ရွာခဲ့ေလ။ ခုခံသူမွန္သမွ် အေသသတ္ခဲ့။ က်န္တဲ့လူေတြ ဖမ္းေခၚခဲ့။ မင္းတို႕ေတြ အနည္းဆံုး လူရာ ဂဏန္းေလာက္ေတာ့ မ်ိဳးႏြယ္စုရြာေလးေတြမွာ ဖမ္းလို႕ ရလိမ့္မယ္။”
“…… မ်ိဳးႏြယ္စုေတြကို သတ္ျဖတ္ပစ္ရမယ္……”
ကတံုးနဲ႕ စစ္သူရဲက အရမ္းကို အံ့အားသင့္သြားတယ္။
“မင္းက ဘာကို ေၾကာက္ေနတာလဲ? မင္းေၾကာက္ေနတယ္ဆိုရင္ ဂ်ိကလန္ရဲ့ နယ္ေျမထဲကို ၀င္သြား။ အဲ့မွာ ခုခံတဲ့ လူမွန္သမွ် အကုန္သတ္ျပီး က်န္တာဖမ္းေခၚလာခဲ့။”
သံမဏိ သစ္ပင္ကလန္က သခင္ေလးက
ထပ္ေအာ္ေျပာလိုက္ပါတယ္။
ကတံုးၾကီးက အံကို တင္းတင္း ၾကိတ္လိုက္ျပီးေတာ့
“ဟုတ္ကဲ့ သခင္ေလး။”
တစ္ကယ္လို႕သာ အင္အားၾကီး ၂ခုက
စစ္ျဖစ္ၾကလို႕ရွိရင္ သူတို႕ရဲ့ သခင္ေတြရဲ့ အမိန္႕အတိုင္း ရန္သူကို သတ္ပစ္ဖို႕
၀န္မေလးပါဘူး။ ဒါေပမဲ့ အခုက သူတို႕ေတြ မိစာၦၾကီးခိုင္းတဲ့ အတိုင္း လုပ္ရတာဆိုေတာ့
စစ္သူရဲေတြအရမ္းကို အရွက္ရေနၾကတယ္။
“ဟား..ဟား….ေကာင္းတယ္..ေကာင္းတယ္.. မင္းတို႕ေတြ လူတစ္ေထာင္ ျပည့္ေအာင္ ဖမ္းေပးျပီးရင္ ငါမင္းတို႕ကို လႊတ္ေပးမွာပါ။”
ေရၾကံ့ဘုရင္ၾကီးက မိုးျခိမ္းသံအလား က်ယ္ေလာင္စြာ
ရယ္ေမာလိုက္တယ္။
“ဖုန္း..”
ေရၾကံ့ဘုရင္ၾကီးက သူ႕ရဲ့ ၀မ္းဗိုက္ၾကီးကို
ရိုက္လိုက္ျပီးေတာ့ လွ်ာကို သပ္လိုက္တယ္။
“လူ တစ္ေယာက္ပဲ စားထားတာ အခု ဗိုက္ျပန္ဆာလာျပန္ျပီ။ ဘယ္သူ႕ကို ငါစားရမလဲ။”
“လူ တစ္ေယာက္ပဲ စားထားတာ အခု ဗိုက္ျပန္ဆာလာျပန္ျပီ။ ဘယ္သူ႕ကို ငါစားရမလဲ။”
ေရၾကံ့ဘုရင္ၾကီးက လူေတြကို ေ၀့ၾကည့္လိုက္တယ္။
ၾကိဳးတုပ္ခံထားရတဲ့ လူေတြရဲ့ မ်က္ႏွာေတြ အကုန္လံုး ေၾကာက္ရြ႕မႈေတြနဲ႕
ျပည့္လာၾကတယ္။ သူတို႕ေတြအကုန္လံုး မိစာၦၾကီးက လူတစ္ေယာက္ကို အရွင္လတ္လတ္
စားပစ္လိုက္တာ ခုနကပဲ ေတြ႕ထားၾကတာ။ သူတို႕ေတြက ေသမွာ မေၾကာက္ၾကပါဘူး။ ဒါေပမဲ့
မေသမခ်င္း တစ္ကိုက္ျပီး တစ္ကိုက္ အကိုက္စားခံရတာကေတာ့ ငရဲပါပဲ။
“အင္….”
ေရၾကံ့ဘုရင္ၾကီးရဲ့ အၾကည့္က မလွမ္းမကမ္မွာ
ရွိတေနတဲ့ နင္ေပၚကို က်လာျပီးေတာ့ မ်က္လံုးေတြ အေရာင္လဲ့သြားတယ္။
“အင္… ဒီ လူကေလးရဲ့ အသားအေရက အရမ္းကို ႏူးညံ့ပံုေပၚျပီးေတာ့ အရမ္းကို သန္႕ရွင္းတာပဲ။ ျပီးေတာ့ အရြယ္ အရမ္း ငယ္ေသးတယ္။ သူ႕အေသြးအသားက အရမ္းကို အရသာ ရွိမွာ။ တစ္ေယာက္ေယာက္… သူ႕ကို ငါ့ဆီဖမ္းေခၚလာခဲ့စမ္း။”
“အင္… ဒီ လူကေလးရဲ့ အသားအေရက အရမ္းကို ႏူးညံ့ပံုေပၚျပီးေတာ့ အရမ္းကို သန္႕ရွင္းတာပဲ။ ျပီးေတာ့ အရြယ္ အရမ္း ငယ္ေသးတယ္။ သူ႕အေသြးအသားက အရမ္းကို အရသာ ရွိမွာ။ တစ္ေယာက္ေယာက္… သူ႕ကို ငါ့ဆီဖမ္းေခၚလာခဲ့စမ္း။”
သူစကားေျပာရင္း သြားေရေတြ တျမားျမား က်လာတယ္။
“သခင္ေလး..”
ဦးေလးဒယ္လာ ေၾကာက္လန္႕တၾကား နင္ကို ၾကည့္လိုက္တယ္။
သူတို႕အနားမွာ က အျပာေရာင္ စစ္သူရဲ ၁၀ေယာက္ ရွိေနတယ္။
“သြားစမ္း။”
အျပာေရာင္ စစ္သူရဲက နင္ရဲ့ သားေမြး အက်ၤ ီကို
ဆြဲျပီးေတာ့ တြန္းလိုက္တယ္။
ဒီ အခ်ိန္ မွာပဲ နင္က ဒီစစ္သူရဲကို
ေခါင္းတစ္ခ်က္လွည့္ျပီးေတာ့ တစ္ခ်က္ၾကည့္လိုက္တယ္။ သူ႕ညာဘက္လက္ က ရုတ္တရက္ လႈပ္ရွားသြားျပီးေတာ့
ညာလက္၀ါးက အျပာေရာင္ စစ္သူရဲ ရင္ဘတ္ကို ဓားနဲ႕ ခုတ္လိုက္တဲ့သ႑ာန္ နဲ႕
ပိုင္းခ်လိုက္တယ္။ ဖန္း….. အသံတိုးတိုးေလး တစ္ခ်က္ ထြက္လာျပီးေတာ့ အျပာေရာင္
စစ္သူရဲ ေလထဲကို လြင့္ထြက္သြားပါေတာ့တယ္။ သူ႕မ်က္လံုးေတြဟာ ျပဴးက်ယ္ေနျပီးေတာ့
ပါးစပ္အေဟာင္းသားျဖစ္ေနပါတယ္။
သူ႕မ်က္ႏွာဟာ နီရဲေနပါတယ္။ ေသြးေတြနဲ႕ ကလီစာေတြဟာ ရင္၀မွာ ထြက္ေနပါတယ္။
သူဟာ မီတာ၁၀၀ အကြာေလာက္က ရႊံ႕ႏြံထဲကို
ျပဳတ္က်သြားျပီးေတာ့ မလႈပ္မယွက္ ျငိမ္သက္သြားပါေတာ့တယ္။ ေသသြားခဲ့ပါျပီ။
“မိစာၦရဲ့ ေျခလက္သဖြယ္ သစၥာခံျပီးေတာ့ ကိုယ့္ရဲ့ မ်ိဳးႏြယ္စုကို ဒုကၡေပးတဲ့ မင္းတို႕ေတြ အကုန္လံုး ေသသင့္တယ္။”
ေအးစက္စက္အသံတစ္ခု လြင့္ပ်ံလာပါတယ္။
အကုန္လံုး လံုး၀ တိတ္ဆိတ္ျငိမ္သက္သြားပါတယ္။
ေတာင္ကုန္းေပၚက ခ်ဳပ္ေႏွာင္ခံထားရတဲ့ လူ ၅၀၀
ေက်ာ္၊ ၁၀၀ေက်ာ္ရွိေနတဲ့ အျပာေရာင္ စစ္သူရဲေတြ နဲ႕ ထိုင္ေနတဲ့ ေရၾကံ့ဘုရင္ၾကီးပါ
အကုန္လံုး ဒီ ေပ်ာေပ်ာင္း ေသးသြယ္တဲ့ လူငယ္ေလးကို မယံုႏိုင္ပဲ
၀ိုင္းၾကည့္ေနၾကပါေတာ့တယ္။
လက္၀ါးတစ္ခ်က္က လူတစ္ေယာက္ကို မီတာ ၁၀၀
အကြာအေ၀းကို လြင့္သြားေစႏိုင္တယ္။
“အရမ္းကို ေကာင္းတယ္။”
ေရၾကံ့ဘုရင္ၾကီးက ပထမဆံုး
လက္ခုပ္လက္၀ါးတီးျပီးေတာ့ အားေပးပါေတာ့တယ္။ သူက လူသားေတြ အခ်င္းခ်င္း သတ္ျဖတ္တာကို
ေတြ႕ေတာ့ အရမ္းကို ေပ်ာ္ရႊင္သြားတာပါ။
“မင္းတို႕ေတြ သူ႕ကို ျပန္မခ်ၾကဘူးလား။ သူက မင္းတို႕ လူတစ္ေယာက္ကုိ သတ္ပစ္လိုက္ျပီ။ ျမန္ျမန္ ျပန္ခ်ၾကေလ။”
“မင္းတို႕ေတြ သူ႕ကို ျပန္မခ်ၾကဘူးလား။ သူက မင္းတို႕ လူတစ္ေယာက္ကုိ သတ္ပစ္လိုက္ျပီ။ ျမန္ျမန္ ျပန္ခ်ၾကေလ။”
“သတ္…”
အျပာေရာင္ စစ္သူရဲေတြအကုန္လံုး နင္ဆီကို
ခုန္၀င္သြားၾကတာ အရမ္းျမန္လြန္းတဲ့အတြက္ အရိပ္ေတြသာ ျမင္ရပါေတာ့တယ္။ ဒီ လူငယ္ေလးက
သူတို႕ ရဲေဘာ္ရဲဘက္တစ္ေယာက္ကို သတ္ပစ္လိုက္တာေလ။ သူတို႕ရဲ့ ရဲေဘာ္ေသသြားတာ
အရမ္းျမန္လြန္းတဲ့အတြက္ သူတို႕ေတြ လႈပ္ရွားဖို႕ အခ်ိန္ မမီလိုက္ပါဘူး။ ျပီးေတာ့ ဒီ
လူငယ္ေလးက ဖင္းေဂါ့က်င့္စဥ္ တစ္ခုက်င့္ထားပံု ေပၚပါတယ္။ သူ႕မွာ အေတာ္အတန္ ခြန္အား
ရွိေနပံုကလြဲျပီး ဘာမွ မထူးျခားပါဘူး။
အသက္လု တိုက္ပြဲေတြမွာ အဓိက အေရးၾကီးတာက
ေသခ်ာေလ့က်င့္ထားတဲ့ ဓားသိုင္းတို႕ ေဆဘာဓားသိုင္းတို႕ ပါပဲ။ တစ္ကယ္လို႕သာ
ခြန္အားမရွိဘူးဆိုရင္ တစ္ေယာက္ရဲ့ ဓားခ်က္ဟာ ရန္သူရဲ့ ဦးေခါင္းခြံကို
ထိုးေဖာက္ႏို္င္မွာ မဟုတ္ပါဘူး။
“ဟူး…ဟူး…ဟူး…”
အျပာေရာင္ စစ္သူရဲ အေယာက္၂၀ တစ္ျပိဳင္တည္း
ပူးေပါင္းတိုက္ခိုက္လိုက္ၾကပါတယ္။
နင္က လက္တစ္ခ်က္ တည္းေ၀ွ႕ယမ္းလိုက္ျပီး အနီးက
ဦးေလးဒယ္လာကို အေ၀းတစ္ေနရာကို တြန္းထုတ္လိုက္ပါတယ္။ ဒယ္လာဟာ ေလထဲ
ေျမာက္သြားျပီးေတာ့ ေျမျပင္ေပၚကို မထိခိုက္ပဲ ျပန္က်လာပါတယ္။ ဦးေလးဒယ္လာက
နင္ဆီေျပး၀င္လာတဲ့ အျပာေရာင္ စစ္သူရဲ အေယာက္ ၂၀ ကို ၾကည့္ျပီး အလြန္အမင္း
ထိတ္လန္႕သြားပါတယ္။
“သခင္ေလး…. ဂရုစိုက္ပါ။”
“သတိထားပါ။”
“ျမန္ျမန္ ထြက္ေျပးပါေတာ့..”
“လူကေလး ျမန္ျမန္ထြက္ေျပးပါေတာ့..”
ခ်ဳပ္ေနွာင္ခံထားရတဲ့ လူေတြအကုန္လံုး
ဒီလူငယ္ေလးအတြက္ စိုးရိမ္ ထိတ္လန္႕သြားၾကျပီးေတာ့ ေအာ္ဟစ္ သတိေပးလိုက္ၾကပါတယ္။
ဒီအျပာေရာင္ စစ္သူရဲေတြ ဘယ္ေလာက္ အစြမ္းထက္တယ္ဆိုတာ သူတို႕ေတြအကုန္လံုး
သိထားၾကတယ္ေလ။ ဒီအျပာေရာင္ စစ္သူရဲေတြဟာ အေတြ႕အၾကံဳ အရမ္းမ်ားျပီးေတာ့
စုေပါင္းတိုက္ခိုက္မႈမွာ အရမ္းကို အစြမ္းထက္ၾကပါတယ္။ ဒီစစ္သူရဲေတြအကုန္လံုးက
သံမဏိသစ္ပင္ ကလန္ရဲ့ လက္ေရြးစင္ သူရဲေကာင္းေတြပဲကိုး။ ဇင္တ်န္အဆင့္ေရာက္ေနတဲ့ သူသာ
ဒီ အေယာက္ ၂၀ရဲ့ စုေပါင္းတို္က္ခိုက္မႈကို ခုခံရင္ဆိုင္ႏိုင္တာပါ။
အျပာေရာင္ စစ္သူရဲေတြရဲ့ တိုက္ခိုက္မႈကို
ရင္ဆိုင္ေတြ႕လိုက္ရတဲ့အခါမွာ နင္ဟာ ေလေျပညင္းသဖြယ္ အသြင္ေျပာင္းသြားခဲ့ပါတယ္။
သြားခ်င္ရာကို ဂရုမစိုက္ပဲ သြားလာႏို္င္တဲ့ ေလေျပညင္းပါ။ အျပာေရာင္ စစ္သူရဲေတြရဲ့
ဓား လွံ ေဆဘာလက္နက္ မ်ိဳးစံုနဲ႕ တိုက္ခိုက္မႈေတြကို နင္ဟာ သာသာယာယာပဲ
ေလွ်ာက္လွမ္းေက်ာ္ျဖတ္လာပါတယ္။ သူတို႕ရဲ့ စုေပါင္းတိုက္ခိုက္မႈကိုေရွာင္တိမ္းရတာ
နင္အတြက္ အရမ္းကို လြယ္ကူလြန္းပါတယ္။
“ဟူး…”
ဖန္း..ထန္း…ထန္း..ဖန္း..ဖန္း..ဖန္း..
လက္၀ါးရိုက္သံေတြ ဆက္တိုက္ ထြက္လာပါတယ္။ နင္ဟာ
ဒီ စစ္သူရဲ အေယာက္၂၀ရဲ့ စုေပါင္းတိုက္ခိုက္မႈကို သာမာန္ေက်ာ္ျဖတ္ခဲ့ရံုသာမကပဲ
လက္၀ါးေစာင္းနဲ႕ အျပာေရာင္ စစ္သူရဲေတြရဲ့ မ်က္ႏွာကိုပါ ရိုက္ခဲ့ပါတယ္။ နင္ရဲ့
လက္၀ါးခ်က္ေတြဟာ ေပါင္ခ်ိန္ ၁၀၀၀ ေလာက္ကို ခြန္အားေတြပါလာတဲ့အတြက္ အျပာေရာင္
စစ္သူရဲေတြ အကုန္လံုး ေလထဲ လြင့္စင္ကုန္ၾကပါတယ္။ ဘယ္သူမွ နင္ရဲ့ လက္၀ါးခ်က္ေတြကို
မကာကြယ္ႏိုင္ခဲ့ၾကပါဘူး။
“ဟူး…”
နင္ရဲ့ ခႏၶာကိုယ္ဟာ လႈပ္ရွားေနရာကေန
ရပ္တန္႕သြားပါတယ္။ အျပာေရာင္ စစ္သူရဲ အေယာက္ ၂၀လံုး ေျမၾကီးေပၚမွာ လဲက်ေနျပီးေတာ့
သူတို႕ရဲ့ မ်က္နွာ နဲ႕ လည္ပင္းေတြဟာ ျမင္မေကာင္းေအာင္ ပိန္လိမ္ေနၾကပါတယ္။ ပါးစပ္၊
ႏွာေခါင္းနဲ႕ နားေတြကေန ေသြးေတြ စီးက်ေနပါတယ္။
အကုန္လံုး အသက္မရွိၾကေတာ့ပါဘူး။
“ဘာျဖစ္သြားတာလဲ?”
“ဘုရားသခင္..”
“ဒါ…ဒါေပမဲ့..”
ခ်ဳပ္ေႏွာင္ခံထားရတဲ့ ရာေပါင္းမ်ားစြာေသာ
လူေတြနဲ႕ သံမဏိသစ္ပင္ ကလန္က အျပာေရာင္ စစ္သူရဲေတြအျပင္ မိစာၦဘုရင္ၾကီးပါ
ပါးစပ္အေဟာင္းသား ျဖစ္သြားၾကပါတယ္။
“မင္း..မင္း…”
ေျမၾကီးေပၚမွာ တုတ္ေႏွာင္ခံထားရျပီး လဲက်ေနတဲ့
သံမဏိသစ္ပင္ကလန္က သခင္ေလးက အရမ္းကို ေဒါသထြက္ေနပါတယ္။
“ငါတို႕က သံမဏိသစ္ပင္ကလန္က အျပာေရာင္ စစ္သူရဲေတြပဲ။”
တျခား အျပာေရာင္ စစ္သူရဲေတြလည္း မ်က္နွာ ခက္ထန္
အက်ဥ္းတန္လာပါတယ္။ သူတို႕ေတြ ေဒါသထြက္ေနၾကေပမဲ့ မလႈပ္ရွားရဲၾကပါဘူး။
နင္ကေတာ့ ေအးေအးေဆးေဆး စကားေျပာလိုက္ပါတယ္။
“မိစာၦရဲ့ အခိုင္းအေစအေနနဲ႕ ေက်ေက်နပ္နပ္ အလုပ္လုပ္တဲ့ ျပစ္မႈဟာ ေသဒဏ္ပဲ။”
“မိစာၦရဲ့ အခိုင္းအေစအေနနဲ႕ ေက်ေက်နပ္နပ္ အလုပ္လုပ္တဲ့ ျပစ္မႈဟာ ေသဒဏ္ပဲ။”
သံမဏိ သစ္ပင္ကလန္နဲ႕ ဂ်ိကလန္ဟာ အစကတည္းက
ရန္သူေတာ္ေတြ ျဖစ္ၾကျပီးေတာ့ အခုဆို ဒီကလန္က လူေတြက မိစာၦၾကီးရဲ့ အခိုင္းအေစေတြ
လုပ္ေနၾကတယ္။
“ဟုိင္း….”
နင္ရဲ့ လက္ထဲမွာ အရမ္းကို ထက္ျမလြန္းတဲ့
ဓားတစ္ေခ်ာင္းေပၚလာပါတယ္။ သူ႕ေျခလွမ္းေတြ ေရြ႕သြားျပီးေတာ့ ဓားေရာင္ေတြ
လက္သြားပါတယ္။ မ်က္စိ တမွိတ္အတြင္းမွာ အျပာေရာင္ စစ္သူရဲ ၉ေယာက္ သူတို႕ရဲ့
လည္ပင္းေလးေတြကို ကို္င္လ်က္နဲ႕ လည္ပင္းကေန ေသြးေတြ စီးက်ျပီး လဲက်သြားပါေတာ့တယ္။
ေျခလွမ္းသိုင္းနဲ႕ ဓားပညာမွာဆိုရင္ ဒီလူငယ္ေလးဟာ ေၾကာက္မခန္းလိလိကို
ျမန္ဆန္လြန္းလွတဲ့အတြက္ အျပာေရာင္ စစ္သူရဲေတြ အကုန္လံုး အရမ္းကို
ေၾကာက္လန္႕သြားၾကပါတယ္။
ပထမအၾကိမ္မွာ တုန္းကတည္းက ဓားမပါပဲနဲ႕ေတာင္
နင္ဟာ အရမ္းကို ေၾကာက္ဖို႕ေကာင္းေနတာပါ။ အခုဆို သူ႕လက္ထဲမွာ ဓားကိုင္ထားျပီးပါျပီ။
“ေျပးေဟ့….ေျပးဟ…”
“ေရၾကံ့ ဘုရင္ၾကီး ကၽြန္ေတာ္တို႕ကို ကယ္ပါဦး။”
အျပာေရာင္ စစ္သူရဲေတြအကုန္လံုး
ေဆာက္တည္ရာမရၾကေတာ့ပါဘူး။ ဒီ ဘယ္ကမွန္းမသိ ေပၚလာတဲ့ လူငယ္ေလးက သူတို႕ကို
တစ္ေယာက္မက်န္ သတ္ပါေတာ့မယ္။
ေရၾကံ့ဘုရင္ၾကီးပ ထိုင္ေနရာကေန
က်ယ္က်ယ္ေလာင္ေလာင္ ရယ္ေမာလိုက္ပါတယ္။
“ငါမင္းတို႕ကို လူတစ္ေထာင္ ျပည့္ေအာင္ ဖမ္းေပးရင္ ခ်မ္းသာေပးမယ္ပဲေျပာခဲ့တာ။ မင္းတို႕ကို တျခားလူလက္ထဲကေန ကယ္ေပးပါမယ္လို႕ တစ္ခြန္းမွ မေျပာခဲ့ဘူး။ သတ္.. သတ္ၾက .. သတ္ၾက..”
“ငါမင္းတို႕ကို လူတစ္ေထာင္ ျပည့္ေအာင္ ဖမ္းေပးရင္ ခ်မ္းသာေပးမယ္ပဲေျပာခဲ့တာ။ မင္းတို႕ကို တျခားလူလက္ထဲကေန ကယ္ေပးပါမယ္လို႕ တစ္ခြန္းမွ မေျပာခဲ့ဘူး။ သတ္.. သတ္ၾက .. သတ္ၾက..”
ေရၾကံ့ဘုရင္ၾကီးဟာ ဘာကိုမွ
အေၾကာက္အလန္႕မရွိပါဘူး။ သူ႕လို မိစာၦၾကီးအတြက္ လူသားေတြက လူသားပါပဲ။ ဒီေရွ႕က
ကိစၥေတြကလည္း လူသားေတြရဲ့ အေရးကိစၥပဲေလ။
“ခၽြင္..ခၽြင္..ခၽြင္။။”
ေနရာအႏွံ႕မွာ ေသြးေတြ ျဖာထြက္သြားျပီးေတာ့
အျပာေရာင္ စစ္သူရဲေတြ တစ္ေယာက္ျပီး တစ္ေယာက္ အသက္မဲ့ လဲက်သြားပါတယ္။
သူတို႕အကုန္လံုး ေျခဦးတည့္ရာ ေျပးကုန္ၾကပါေတာ့တယ္။ သူတို႕ တစ္ကယ္ကို
ေၾကာက္လန္႕ရေကာင္းမွန္း နားလည္သြားၾကျပီ။ သူတို႕ရဲ့ ဓားသိုင္းေတြ ေဆဘာဓားသိုင္းေတြ
နဲ႕ သိုင္းပညာေတြဟာ ဒီလူငယ္ေလးရဲ့ ဓားခ်က္တစ္ခ်က္ကိုေတာင္ ထိပ္တိုက္
ရင္မဆိုင္ႏိုင္မွႏ္း သိသြားၾကပါျပီ။
“အျမန္ဆံုးေျပးၾကေဟ့။”
ဟူး….. အသံထက္ ျမန္တဲ့ အလ်င္နဲ႕ နင္ရဲ့
အရိပ္ေပါင္းမ်ားစြာဟာ ေနရာအႏွံ႕မွာ ေပၚလာပါတယ္။ အျပာေရာင္ စစ္သူရဲအကုန္လံုး
ေနရာမွာတင္ တျဖည္းျဖည္း လဲက်သြားၾကပါေတာ့တယ္။ တခ်ိဳ႕ကေတာ့ ႏွလံုး ေနရာကို
ေဖာက္လ်က္၊ တခ်ိဳ႕ကေတာ့ လည္ပင္းျပတ္လ်က္။ ေသြးေတြဟာ ေျမၾကီးေပၚမွာ
အိုင္ထြန္းေနပါတယ္။ အျပာေရာင္ စစ္သူရဲေတြဟာ တစ္ေယာက္မက်န္ ေျမျပင္ ေနရာအနွံ႕မွာ
အသက္မဲ့ လဲက်ေနပါတယ္။
အျပာေရာင္ စစ္သူရဲ တစ္ေယာက္မွ အသက္ရွင္လ်က္
မက်န္ခဲ့ပါဘူး။
“ဟင္!?”
ခုနက ပြဲၾကည့္ျပီး ေပ်ာ္ရႊင္ေနတဲံ
ေရၾကံ့ဘုရင္ၾကီးဟာ မ်က္ႏွာ အမူအရာ တစ္ခ်က္ပ်က္သြားျပီး ထရပ္လိုက္ပါတယ္။ နင္ရဲ့
ေနာက္ဆံုးတိုက္ခိုက္လိုက္တဲ့ အၾကမ္းဆံုးအကြက္မွာ နင္ဟာ သူ႕ရဲ့ အစြမ္းကုန္
သံုးျပီးေတာ့ တိုက္ခိုက္လိုက္တဲ့အတြက္ ေလရဲ့ အျမန္ထက္ေတာင္ ေက်ာ္သြားျပီး
အရိပ္မ်ားစြာ ကြဲသြားေစခဲ့ပါတယ္။ ဒီ အကြက္ဟာ ေရၾကံ့ဘုရင္ၾကီးကို ပါးစပ္အေဟာင္းသား
ထပ္ျဖစ္ေစပါတယ္။ ပထမတုန္းကေတာ့ ဒီလူငယ္ဟာ သူ႕ျပိဳင္ဘက္
ျဖစ္လာမယ္လို႕မထင္ထားခဲ့မိဘူး။ အခုေတာ့ သူနည္းနည္း စိုးရိမ္သြားျပီ။
“အရမ္းကို အစြမ္းထက္တာပဲ။”
“အရမ္းကို သန္မာတာပဲ။”
“သူတို႕ေတြ အကုန္လံုး ေသသင့္တယ္။”
ခ်ည္ေနွာင္ခံထားရတဲ့ လူေတြအကုန္လံုး အရမ္းကို
ေပ်ာ္ရႊင္သြားၾကတယ္။ ဒီလူငယ္ေလး ဒီေလာက္ အစြမ္းထက္လိမ့္မယ္လို႕ သူတို႕
မထင္ခဲ့မိဘူး။ ဒီလူငယ္က မိစာၦၾကီးကို သတ္ႏိုင္ေလာက္တဲ့အထိ အစြမ္းထက္ႏိုင္မလား?
ရႊမ္း..ရႊမ္း…ရႊမ္း….
ဓားေရာင္ လက္သြားျပီးေတာ့ နင္ရဲ့အနီး၀န္းက်င္က
လူ၁၀ေယာက္ေက်ာ္ကို ခ်ည္ေနွာင္ထားတဲ့ၾကိဳးေတြ ျပတ္သြားတယ္။
“ေဟး… လူသားငယ္ေလး…”
ေရၾကံ့ဘုရင္ၾကီးက နင္ရွိရာေနရာကို
ေျပး၀င္လာျပီးေတာ့ ေရခဲေတြဖံုးအုပ္ေနတဲ့ လက္သီးၾကီးနဲ႕ ထိုးခ်လိုက္တယ္။
“ဒါငါ့ရဲ့ အစာေတြဟ”
“ဒါငါ့ရဲ့ အစာေတြဟ”
ခလြမ္..
နင္ဟာ သူ႕ရဲ့ ဒက္ေနာ့ဓားနဲ႕ လက္သီးၾကီးကို
ထိုးခ်လိုက္တယ္။
ထန္း….
ေတာင္ၾကီးတစ္ေတာင္ ျပိဳက်သြားတဲ့အသံလုိပါပဲ။
နင္ဟာ အေနာက္ မီတာ ၁၀၀ေက်ာ္ကို ခုန္ဆုတ္လိုက္တယ္။ ေရၾကံ့ဘုရင္ၾကီး လက္သီးေပၚမွာ
ရွိေနတဲ့ ေရခဲေတြ နဲ႕ သူ႕လက္ေမာင္းတစ္ဖက္ ေပါက္ကြဲသြားခဲ့တယ္။ ၾကည့္ေနတဲ့သူေတြ
အကုန္လံုး ေပ်ာ္ရႊင္သြားၾကျပီးေတာ့ မ်က္ႏွာမွာ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေတြ
သန္းလာတယ္။ မိစာၦၾကီးရဲ့ လက္တစ္ဖက္ ပ်က္ဆီးသြားျပီလား?
“ေကာင္းတယ္…”
ေရၾကံ့ဘုရင္ၾကီး ေၾကြးေၾကာ္လိုက္တယ္။
“မင္းငါ့ရဲ့ ခႏၶာကိုယ္ အစစ္အမွန္ကို ျမင္ဖို႕ ထုိက္တန္တယ္။”
“မင္းငါ့ရဲ့ ခႏၶာကိုယ္ အစစ္အမွန္ကို ျမင္ဖို႕ ထုိက္တန္တယ္။”
ေရၾကံ့ဘုရင္ၾကီးဟာ အရမ္းကို ၾကီးမားတဲ့
ျမဴခိုးၾကီးအသြင္ ေျပာင္းသြားျပီးေတာ့ ျမဴခိုးေတြဟာ ရုတ္တရက္စုစည္းသြားျပီး မီတာ
၃၀ ျမင့္တဲ့ ေတာင္အရြယ္ေလာက္ ရွိတဲ့ မြန္းစတားၾကီးအသြင္ ေျပာင္းလဲသြားပါတယ္။
အရမ္းကို ၾကီးမားလွတဲ့ ေရၾကံ့ၾကီးပါ။ သူ႕ကို အရမ္းကို ထူထဲတဲ့ အေရျပားက
လႊမ္းျခံဳထားျပီးေတာ့ ခႏၶာကိုယ္က မီတာေတာ္ေတာ္မ်ားမ်ား ရွည္လ်ားပါတယ္။ တစ္ကယ့္ကို
ေတာင္ကေလးတစ္ေတာင္အတိုင္းပါပဲ။ သူ႕ႏွာမႈတ္လိုက္တဲ့ေလေတြဟာ ေရွ႕ကေျမၾကီးေတြအျပင္
အနီးမွာ ရွိေနတဲ့ ရြာသားေတြကိုပါ ေ၇ခဲသြားေစပါတယ္။ တခ်ိန္တည္းမွာ ဦးေလးဒယ္လာဟာ
သူ႕ရြာက လူေတြကို တတ္ႏိုင္သေလာက္ ျမန္ျမန္ လိုက္ကယ္ေနပါတယ္။
“ျမန္ျမန္.. ေျပးၾကေဟ့..”
မလွမ္းမကမ္းမွာ ရွိေနတဲ့ နင္ဟာ
အလင္းတန္းျဖစ္သြားျပီးေတာ့ ေရေပၚမွာ ေျပးလာေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ
သူေလ့လာလိုက္ျပီးေတာ့ ဓားေရာင္ေတြ လက္သြားပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကို
ခ်ည္ထားတဲ့ၾကိဳးေတြ ျပတ္ကုန္ပါတယ္။
“မင္းဘာလို႕ မထြက္သြားတာလဲ?”
နင္ဟာ မြန္းစတားၾကီးကို လွည့္ၾကည့္ျပီးေတာ့
ေဒါသတၾကီး ေအာ္ဟစ္လိုက္ပါတယ္။
ၾကိဳးျပတ္သြားလို႕ လြတ္သြားတဲ့ လူေတြဟာ အနီးမွာ
ရွိေနတဲ့ လက္နက္ေတြကို ေကာက္ကိုင္လိုက္ျပီးေတာ့ က်န္ေနတဲ့ လူေတြရဲ့ ၾကိဳးေတြကို
၀ိုင္းျဖတ္ေပးၾကပါတယ္။ မ်က္စိ တမွိတ္ အတြင္းမွာပဲ ကံေကာင္းတဲ့ လူေလးရာဟာ
ထြက္ေျပးလို႕ ရသြားပါတယ္။
“ထြက္ေျပးၾကတယ္ေပါ့။ ငါမင္းတို႕အားလံုးကို ေရခဲရိုက္ျပီးေတာ့ ေအးေအးေဆးေဆး စားပစ္မယ္။”
ခ်က္ျခင္းပဲ ေရခဲေငြ႕ေတြ ပ်ံႏွံ႕လာျပီးေတာ့
အပူခ်ိန္ေတြ က်ဆင္းသြားပါတယ္။ ေရခဲျပင္ဟာ တစတစ က်ယ္၀န္းလာျပီးေတာ့ ခ်က္ျခင္းပဲ
လူတခ်ိဳ႕ ေရခဲ ရုပ္ ျဖစ္သြားၾကပါတယ္။ ဦးေလးဒယ္လာလို အေစာဆံုး ေျပးသြားတဲ့
လူတခ်ိဳ႕သာ အသက္ရွင္လြတ္ေျမာက္သြားပါတယ္။
“ငါက သံမဏိ သစ္ပင္ ကလန္ရဲ့……”
သံမဏိ သစ္ပင္ကလန္ရဲ့ သခင္ေလးဟာ စကားမဆံုးမီပဲ
ေရခဲရုပ္တု ျဖစ္သြားပါေတာ့တယ္။
မ်က္စိတမွိတ္အတြင္းမွာ
ေရၾကံ့ဘုရင္ၾကီးအနီး၀န္းက်င္ မီတာ ၃၀ ဧရိယာဟာ သခ်ိဳင္းေျမ အသြင္
ေျပာင္းလဲသြားပါေတာ့တယ္။
နင္ နဲ႕ ေရၾကံံ့ဘုရင္ၾကီးတာ တစ္ေယာက္ကို
တစ္ေယာက္ စူးစိုက္ၾကည့္ရင္း က်န္ရစ္ပါေတာ့တယ္။
အေ၀းမွာေတာ့ ဦးေလးဒယ္လာနဲ႕
အသက္ရွင္က်န္ရစ္သူတစ္ခ်ိဳ႕ဟာ ေသမင္းလက္ကေန လက္မတင္ လြတ္သြားၾကျပီး အလြန္႕ကို
ေျခာက္ျခားေနၾကပါတယ္။ ဦးေလးဒယ္လာအနီးက လူငယ္ေလးက စိုးရိမ္စိတ္နဲ႕ ေမးလိုက္ပါတယ္။
“ဦးေလးဒယ္လာ.. ခုနက ေကာင္ေလးက အသက္ရွင္ႏိုင္ပါ့မလား။”
“ဦးေလးဒယ္လာ.. ခုနက ေကာင္ေလးက အသက္ရွင္ႏိုင္ပါ့မလား။”
“သူ အသက္ရွင္မွာပါ။ အသက္ရွင္မွာပါ။”
ဦးေလးဒယ္လာက ပါးစပ္ကေန ေျပာေနေပမဲ့လည္း
သူ႕စိတ္ထဲမွာေတာ့ စိုးရိမ္ေနမိပါတယ္။ အရမ္း ခြန္အားၾကီးမားျပီးေတာ့ အစြမ္းထက္တဲ့
ဓားပညာနဲ႕ ေကာင္ေလးက ေၾကာက္မက္ဖြယ္ မိစာၦၾကီးကို အႏိုင္ယူႏိုင္ပါ့မလား။?
“မင္းတို႕ဘာလို႕ မထြက္ေျပးၾကေသးတာလဲ!!!!”
အေ၀က နင္ဟာ ေဒါသတၾကီး ေအာ္ဟစ္လိုက္ပါတယ္။
တစ္ကယ့္တိုက္ပြဲသာ စျပီဆိုရင္ မီတာ ၃၀၀
အကြာအေ၀းဟာ နင္ နဲ႕ ေရၾကံံဘုရင္ၾကီးအတြက္
ဘာမွ မဟုတ္တဲ့ အကြာအေ၀း ျဖစ္သြားပါျပီ။ သူတို႕အားလံုးကို နင္ကယ္ႏိုင္ေတာ့မွာ
မဟုတ္ဘူး။
“ေျပးၾကစို႕”
ဦးေလးဒယ္လာဟာ အံကို တင္းတင္းၾကိတ္လိုက္ျပီးေတာ့
သူ႕ရြာသားေတြကို ဦးေဆာင္ျပီး ထြက္ေျပးသြားပါတယ္။ တျခား ရြာက ရြာသားေတြကေတာ့
ေျပးသြားတာ ၾကာေနပါျပီ။ သူတို႕ေတြ အလြန္႔အလြန္ကို ေျခာက္ျခားေနၾကပါတယ္။
Chapter 12 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 13 ( ဂ်ိနင္ ႏွင့္ မြန္းစတားၾကီး
တိုက္ပြဲ)
Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr –
Panda
Dr – Panda ကို like
& follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
စာစဉ် 2
Chapter 12 ( သတ်ဖြတ်မှု စတင်ခြင်း…)
ရေကြံ့ ဘုရင်ကြီးဟာ သူ့ရဲ့ ကျောက်ကုလားထိုင်ပေါ်မှာ ထိုင်နေပြီးတော့ ကတုံးနဲ့ အပြာရောင် စစ်သူရဲကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ ပြီးတော့ သူ့လက်ကြီးကို ဆန့်ပြီးတော့ အနီးက ကြိုးတုတ်ခံထားရတဲ့ လူငယ်တစ်ယောက် သူ့ရဲ့ ပေါင်ပေါ်တင်လိုက်တယ်။ လူငယ်လေးဟာ ဘာမှ မလှုပ်ရှားနိုင်ပဲ အရုပ်လေးတစ်ရုပ်လို ပါသွားခဲ့တယ်။ လူငယ်လေးက ကြောက်လန့်တကြားအော်ဟစ်ပြောဆိုလိုက်တယ်..
“သူက မင်းတို့ကို လူတွေ ဖမ်းခဲ့ပေးဆို ဖမ်းခဲ့ပေးလိုက်လေ။ မင်းတို့ လူတစ်ထောင်လောက်ပဲ ဖမ်းဖို့လိုမှာပါ။ အို.. အသင် ရေကြံ့ ဘုရင်ကြီး အခု ကျွန်တော့လူတွေ ဖမ်းခဲ့တဲ့ ၂ယောက်ရယ် အသင် စားပစ်လိုက်တဲ့ လူ ၁၉ ယောက်ရယ် ပေါင်းလိုက်ရင် ကျွန်တော့လူတွေ အသင့်အတွက် လူပေငါး ၅၈၃ ယောက် ဖမ်းပေးခဲ့ပြီးပါပြီ။”
ရေကြံ့ဘုရင်ကြီးက လေးလံတဲ့ အသံကြီးနဲ့ ပြောလိုက်တယ်။
“စိတ်မပူပါနဲ့…. ငါ ရေကြံ့ဘုရင်ကြီးက ကတိတည်ပါတယ်။ မင်းတို့ လူတစ်ထောင် ဖမ်းပေးပြီးရင် ငါမင်းတို့ကို ချမ်းသာပေးမယ်။”
“ကတုံးကြီး… သံမဏိ သစ်ပင် ကလန် နာမည်နဲ့ ငါ့ကို လာမခြိမ်းခြောက်နဲ့။ ဒီ အရှေ့ပိုင်းတောင် နွံတောမှာ သံမဏိ သစ်ပငါ ကလန်နဲ့ ဂျိကလန်ရဲ့ တပည့်တွေ ဘယ်လောက် သေပြီးပြီလည်းဆိုတာ သိတယ် မဟုတ်လား။ မင်းတို့ အရှေ့ပိုင်းတောင် နွံတောကို စွန့်စားခန်း ထွက်လာခဲ့တာ ပဲ။ မင်းတို့ သေတယ်ဆို သေတာပဲ။ အဲ့ဒီ အရမ်းကို ပျော့ညံ့တဲ့ သခင်လေးက သံမဏိ သစ်ပင် ကလန်မှာ ရာထူးအဆင့် အများကြီး မြင့်ပေမဲ့ ငါမင်းတို့ အကုန်လုံးကို အခု သတ်လိုက်ရင် သံမဏိ သစ်ပင်ကလန်က မင်းတို့ အားလုံး သေသွားတယ်ဆိုတာကို အချိန်အကြာကြီးနေမှ သိလိမ့်မယ်။ ဘယ်သူက သတ်လိုက်တယ်ဆိုတာလည်း သိမှာ မဟုတ်တော့ဘူး။ ….”
ရေကြံ့ကြီးက ကတုံးကြီးကို ကြည့်ပြီး ပြောလိုက်တယ်။
အပြာရောင် ဝတ်စုံနဲ့ စစ်သူရဲက အံသာ ကြိတ်ပြီး ဘာမှ ပြန်မပြောနိုင်တော့ပါဘူး။
ရေကြံ့ဘုရင်ကြီးက ရယ်မောပြီးတော့ သံမဏိ သစ်ပင်ကလန်က သခင်လေးကို မြေကြီးပေါ် ပြန် ပစ်ချလိုက်ပါတယ်။
“မင်းတို့တွေ အကုန်လုံး ထွက်သွားပြီးတော့ လူတွေ ထပ်ဖမ်းခဲ့ကြ။ မြန်မြန် များများ ဖမ်းခဲ့ကြ။ ဒီလို ကျွန်တွေကို အများကြီး ဖမ်းခဲ့ကြ။”
သံမဏိ သစ်ပင်ကလန်က သခင်လေး က မြေကြီးပေါ်မှာ လဲကျနေရာကနေ အမိန့်ပေးလိုက်ပါတယ်။
“ဒါပေမဲ့ သခင်လေး… ကျွန်တော်တို့တွေ အရှေ့ပိုင်းတောင် နွံတော မုဆိုးတွေနဲ့ တံငါသည်တွေ အကုန်လုံး နီးနီးလောက်ကို ဖမ်းခဲ့ပြီးပြီလေ။ အခုအချိန်မှာဆိုရင် လူက ရှိရင်တောင် နည်းနည်းပဲ ရှိတော့မှာ။ လူ ၄၀၀ ပြည့်အောင် ဖမ်းခဲ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။”
ကတုံးနဲ့ အပြာရောင် ဝတ်စုံဝတ် လူကြီးကဒေါသတကြီး ပြန်ပြောလိုက်ပါတယ်။
သံမဏိ သစ်ပင်ကလန်က သခင်လေးက လဲလျောင်းနေရာကနေပဲ ထပ်အော်ပြီးတော့..
“ဒါဆို မျိုးနွယ်စု တစ်ခုခုကို တွေ့အောင်ရှာခဲ့လေ။ ခုခံသူမှန်သမျှ အသေသတ်ခဲ့။ ကျန်တဲ့လူတွေ ဖမ်းခေါ်ခဲ့။ မင်းတို့တွေ အနည်းဆုံး လူရာ ဂဏန်းလောက်တော့ မျိုးနွယ်စုရွာလေးတွေမှာ ဖမ်းလို့ ရလိမ့်မယ်။”
“…… မျိုးနွယ်စုတွေကို သတ်ဖြတ်ပစ်ရမယ်……”
ကတုံးနဲ့ စစ်သူရဲက အရမ်းကို အံ့အားသင့်သွားတယ်။
“မင်းက ဘာကို ကြောက်နေတာလဲ? မင်းကြောက်နေတယ်ဆိုရင် ဂျိကလန်ရဲ့ နယ်မြေထဲကို ဝင်သွား။ အဲ့မှာ ခုခံတဲ့ လူမှန်သမျှ အကုန်သတ်ပြီး ကျန်တာဖမ်းခေါ်လာခဲ့။”
သံမဏိ သစ်ပင်ကလန်က သခင်လေးက ထပ်အော်ပြောလိုက်ပါတယ်။
ကတုံးကြီးက အံကို တင်းတင်း ကြိတ်လိုက်ပြီးတော့
“ဟုတ်ကဲ့ သခင်လေး။”
တစ်ကယ်လို့သာ အင်အားကြီး ၂ခုက စစ်ဖြစ်ကြလို့ရှိရင် သူတို့ရဲ့ သခင်တွေရဲ့ အမိန့်အတိုင်း ရန်သူကို သတ်ပစ်ဖို့ ဝန်မလေးပါဘူး။ ဒါပေမဲ့ အခုက သူတို့တွေ မိစ္ဆာကြီးခိုင်းတဲ့ အတိုင်း လုပ်ရတာဆိုတော့ စစ်သူရဲတွေအရမ်းကို အရှက်ရနေကြတယ်။
“ဟား..ဟား….ကောင်းတယ်..ကောင်းတယ်.. မင်းတို့တွေ လူတစ်ထောင် ပြည့်အောင် ဖမ်းပေးပြီးရင် ငါမင်းတို့ကို လွှတ်ပေးမှာပါ။”
ရေကြံ့ဘုရင်ကြီးက မိုးခြိမ်းသံအလား ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
“ဖုန်း..”
ရေကြံ့ဘုရင်ကြီးက သူ့ရဲ့ ဝမ်းဗိုက်ကြီးကို ရိုက်လိုက်ပြီးတော့ လျှာကို သပ်လိုက်တယ်။
“လူ တစ်ယောက်ပဲ စားထားတာ အခု ဗိုက်ပြန်ဆာလာပြန်ပြီ။ ဘယ်သူ့ကို ငါစားရမလဲ။”
ရေကြံ့ဘုရင်ကြီးက လူတွေကို ဝေ့ကြည့်လိုက်တယ်။ ကြိုးတုပ်ခံထားရတဲ့ လူတွေရဲ့ မျက်နှာတွေ အကုန်လုံး ကြောက်ရွ့မှုတွေနဲ့ ပြည့်လာကြတယ်။ သူတို့တွေအကုန်လုံး မိစ္ဆာကြီးက လူတစ်ယောက်ကို အရှင်လတ်လတ် စားပစ်လိုက်တာ ခုနကပဲ တွေ့ထားကြတာ။ သူတို့တွေက သေမှာ မကြောက်ကြပါဘူး။ ဒါပေမဲ့ မသေမချင်း တစ်ကိုက်ပြီး တစ်ကိုက် အကိုက်စားခံရတာကတော့ ငရဲပါပဲ။
“အင်….”
ရေကြံ့ဘုရင်ကြီးရဲ့ အကြည့်က မလှမ်းမကမ်မှာ ရှိတနေတဲ့ နင်ပေါ်ကို ကျလာပြီးတော့ မျက်လုံးတွေ အရောင်လဲ့သွားတယ်။
“အင်… ဒီ လူကလေးရဲ့ အသားအရေက အရမ်းကို နူးညံ့ပုံပေါ်ပြီးတော့ အရမ်းကို သန့်ရှင်းတာပဲ။ ပြီးတော့ အရွယ် အရမ်း ငယ်သေးတယ်။ သူ့အသွေးအသားက အရမ်းကို အရသာ ရှိမှာ။ တစ်ယောက်ယောက်… သူ့ကို ငါ့ဆီဖမ်းခေါ်လာခဲ့စမ်း။”
သူစကားပြောရင်း သွားရေတွေ တမြားမြား ကျလာတယ်။
“သခင်လေး..”
ဦးလေးဒယ်လာ ကြောက်လန့်တကြား နင်ကို ကြည့်လိုက်တယ်။ သူတို့အနားမှာ က အပြာရောင် စစ်သူရဲ ၁၀ယောက် ရှိနေတယ်။
“သွားစမ်း။”
အပြာရောင် စစ်သူရဲက နင်ရဲ့ သားမွေး အင်္ကျ ီကို ဆွဲပြီးတော့ တွန်းလိုက်တယ်။
ဒီ အချိန် မှာပဲ နင်က ဒီစစ်သူရဲကို ခေါင်းတစ်ချက်လှည့်ပြီးတော့ တစ်ချက်ကြည့်လိုက်တယ်။ သူ့ညာဘက်လက် က ရုတ်တရက် လှုပ်ရှားသွားပြီးတော့ ညာလက်ဝါးက အပြာရောင် စစ်သူရဲ ရင်ဘတ်ကို ဓားနဲ့ ခုတ်လိုက်တဲ့သဏ္ဍာန် နဲ့ ပိုင်းချလိုက်တယ်။ ဖန်း….. အသံတိုးတိုးလေး တစ်ချက် ထွက်လာပြီးတော့ အပြာရောင် စစ်သူရဲ လေထဲကို လွင့်ထွက်သွားပါတော့တယ်။ သူ့မျက်လုံးတွေဟာ ပြူးကျယ်နေပြီးတော့ ပါးစပ်အဟောင်းသားဖြစ်နေပါတယ်။ သူ့မျက်နှာဟာ နီရဲနေပါတယ်။ သွေးတွေနဲ့ ကလီစာတွေဟာ ရင်ဝမှာ ထွက်နေပါတယ်။ သူဟာ မီတာ၁၀၀ အကွာလောက်က ရွှံ့နွံထဲကို ပြုတ်ကျသွားပြီးတော့ မလှုပ်မယှက် ငြိမ်သက်သွားပါတော့တယ်။ သေသွားခဲ့ပါပြီ။
“မိစ္ဆာရဲ့ ခြေလက်သဖွယ် သစ္စာခံပြီးတော့ ကိုယ့်ရဲ့ မျိုးနွယ်စုကို ဒုက္ခပေးတဲ့ မင်းတို့တွေ အကုန်လုံး သေသင့်တယ်။”
အေးစက်စက်အသံတစ်ခု လွင့်ပျံလာပါတယ်။
အကုန်လုံး လုံး၀ တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။
တောင်ကုန်းပေါ်က ချုပ်နှောင်ခံထားရတဲ့ လူ ၅၀၀ ကျော်၊ ၁၀၀ကျော်ရှိနေတဲ့ အပြာရောင် စစ်သူရဲတွေ နဲ့ ထိုင်နေတဲ့ ရေကြံ့ဘုရင်ကြီးပါ အကုန်လုံး ဒီ ပျောပျောင်း သေးသွယ်တဲ့ လူငယ်လေးကို မယုံနိုင်ပဲ ဝိုင်းကြည့်နေကြပါတော့တယ်။
လက်ဝါးတစ်ချက်က လူတစ်ယောက်ကို မီတာ ၁၀၀ အကွာအဝေးကို လွင့်သွားစေနိုင်တယ်။
“အရမ်းကို ကောင်းတယ်။”
ရေကြံ့ဘုရင်ကြီးက ပထမဆုံး လက်ခုပ်လက်ဝါးတီးပြီးတော့ အားပေးပါတော့တယ်။ သူက လူသားတွေ အချင်းချင်း သတ်ဖြတ်တာကို တွေ့တော့ အရမ်းကို ပျော်ရွှင်သွားတာပါ။
“မင်းတို့တွေ သူ့ကို ပြန်မချကြဘူးလား။ သူက မင်းတို့ လူတစ်ယောက်ကို သတ်ပစ်လိုက်ပြီ။ မြန်မြန် ပြန်ချကြလေ။”
“သတ်…”
အပြာရောင် စစ်သူရဲတွေအကုန်လုံး နင်ဆီကို ခုန်ဝင်သွားကြတာ အရမ်းမြန်လွန်းတဲ့အတွက် အရိပ်တွေသာ မြင်ရပါတော့တယ်။ ဒီ လူငယ်လေးက သူတို့ ရဲဘော်ရဲဘက်တစ်ယောက်ကို သတ်ပစ်လိုက်တာလေ။ သူတို့ရဲ့ ရဲဘော်သေသွားတာ အရမ်းမြန်လွန်းတဲ့အတွက် သူတို့တွေ လှုပ်ရှားဖို့ အချိန် မမီလိုက်ပါဘူး။ ပြီးတော့ ဒီ လူငယ်လေးက ဖင်းဂေါ့ကျင့်စဉ် တစ်ခုကျင့်ထားပုံ ပေါ်ပါတယ်။ သူ့မှာ အတော်အတန် ခွန်အား ရှိနေပုံကလွဲပြီး ဘာမှ မထူးခြားပါဘူး။
အသက်လု တိုက်ပွဲတွေမှာ အဓိက အရေးကြီးတာက သေချာလေ့ကျင့်ထားတဲ့ ဓားသိုင်းတို့ ဆေဘာဓားသိုင်းတို့ ပါပဲ။ တစ်ကယ်လို့သာ ခွန်အားမရှိဘူးဆိုရင် တစ်ယောက်ရဲ့ ဓားချက်ဟာ ရန်သူရဲ့ ဦးခေါင်းခွံကို ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။
“ဟူး…ဟူး…ဟူး…”
အပြာရောင် စစ်သူရဲ အယောက်၂၀ တစ်ပြိုင်တည်း ပူးပေါင်းတိုက်ခိုက်လိုက်ကြပါတယ်။
နင်က လက်တစ်ချက် တည်းဝှေ့ယမ်းလိုက်ပြီး အနီးက ဦးလေးဒယ်လာကို အဝေးတစ်နေရာကို တွန်းထုတ်လိုက်ပါတယ်။ ဒယ်လာဟာ လေထဲ မြောက်သွားပြီးတော့ မြေပြင်ပေါ်ကို မထိခိုက်ပဲ ပြန်ကျလာပါတယ်။ ဦးလေးဒယ်လာက နင်ဆီပြေးဝင်လာတဲ့ အပြာရောင် စစ်သူရဲ အယောက် ၂၀ ကို ကြည့်ပြီး အလွန်အမင်း ထိတ်လန့်သွားပါတယ်။
“သခင်လေး…. ဂရုစိုက်ပါ။”
“သတိထားပါ။”
“မြန်မြန် ထွက်ပြေးပါတော့..”
“လူကလေး မြန်မြန်ထွက်ပြေးပါတော့..”
ချုပ်နှောင်ခံထားရတဲ့ လူတွေအကုန်လုံး ဒီလူငယ်လေးအတွက် စိုးရိမ် ထိတ်လန့်သွားကြပြီးတော့ အော်ဟစ် သတိပေးလိုက်ကြပါတယ်။ ဒီအပြာရောင် စစ်သူရဲတွေ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူတို့တွေအကုန်လုံး သိထားကြတယ်လေ။ ဒီအပြာရောင် စစ်သူရဲတွေဟာ အတွေ့အကြုံ အရမ်းများပြီးတော့ စုပေါင်းတိုက်ခိုက်မှုမှာ အရမ်းကို အစွမ်းထက်ကြပါတယ်။ ဒီစစ်သူရဲတွေအကုန်လုံးက သံမဏိသစ်ပင် ကလန်ရဲ့ လက်ရွေးစင် သူရဲကောင်းတွေပဲကိုး။ ဇင်တျန်အဆင့်ရောက်နေတဲ့ သူသာ ဒီ အယောက် ၂၀ရဲ့ စုပေါင်းတိုက်ခိုက်မှုကို ခုခံရင်ဆိုင်နိုင်တာပါ။
အပြာရောင် စစ်သူရဲတွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်တွေ့လိုက်ရတဲ့အခါမှာ နင်ဟာ လေပြေညင်းသဖွယ် အသွင်ပြောင်းသွားခဲ့ပါတယ်။ သွားချင်ရာကို ဂရုမစိုက်ပဲ သွားလာနိုင်တဲ့ လေပြေညင်းပါ။ အပြာရောင် စစ်သူရဲတွေရဲ့ ဓား လှံ ဆေဘာလက်နက် မျိုးစုံနဲ့ တိုက်ခိုက်မှုတွေကို နင်ဟာ သာသာယာယာပဲ လျှောက်လှမ်းကျော်ဖြတ်လာပါတယ်။ သူတို့ရဲ့ စုပေါင်းတိုက်ခိုက်မှုကိုရှောင်တိမ်းရတာ နင်အတွက် အရမ်းကို လွယ်ကူလွန်းပါတယ်။
“ဟူး…”
ဖန်း..ထန်း…ထန်း..ဖန်း..ဖန်း..ဖန်း..
လက်ဝါးရိုက်သံတွေ ဆက်တိုက် ထွက်လာပါတယ်။ နင်ဟာ ဒီ စစ်သူရဲ အယောက်၂၀ရဲ့ စုပေါင်းတိုက်ခိုက်မှုကို သာမာန်ကျော်ဖြတ်ခဲ့ရုံသာမကပဲ လက်ဝါးစောင်းနဲ့ အပြာရောင် စစ်သူရဲတွေရဲ့ မျက်နှာကိုပါ ရိုက်ခဲ့ပါတယ်။ နင်ရဲ့ လက်ဝါးချက်တွေဟာ ပေါင်ချိန် ၁၀၀၀ လောက်ကို ခွန်အားတွေပါလာတဲ့အတွက် အပြာရောင် စစ်သူရဲတွေ အကုန်လုံး လေထဲ လွင့်စင်ကုန်ကြပါတယ်။ ဘယ်သူမှ နင်ရဲ့ လက်ဝါးချက်တွေကို မကာကွယ်နိုင်ခဲ့ကြပါဘူး။
“ဟူး…”
နင်ရဲ့ ခန္ဓာကိုယ်ဟာ လှုပ်ရှားနေရာကနေ ရပ်တန့်သွားပါတယ်။ အပြာရောင် စစ်သူရဲ အယောက် ၂၀လုံး မြေကြီးပေါ်မှာ လဲကျနေပြီးတော့ သူတို့ရဲ့ မျက်နှာ နဲ့ လည်ပင်းတွေဟာ မြင်မကောင်းအောင် ပိန်လိမ်နေကြပါတယ်။ ပါးစပ်၊ နှာခေါင်းနဲ့ နားတွေကနေ သွေးတွေ စီးကျနေပါတယ်။
အကုန်လုံး အသက်မရှိကြတော့ပါဘူး။
“ဘာဖြစ်သွားတာလဲ?”
“ဘုရားသခင်..”
“ဒါ…ဒါပေမဲ့..”
ချုပ်နှောင်ခံထားရတဲ့ ရာပေါင်းများစွာသော လူတွေနဲ့ သံမဏိသစ်ပင် ကလန်က အပြာရောင် စစ်သူရဲတွေအပြင် မိစ္ဆာဘုရင်ကြီးပါ ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။
“မင်း..မင်း…”
မြေကြီးပေါ်မှာ တုတ်နှောင်ခံထားရပြီး လဲကျနေတဲ့ သံမဏိသစ်ပင်ကလန်က သခင်လေးက အရမ်းကို ဒေါသထွက်နေပါတယ်။
“ငါတို့က သံမဏိသစ်ပင်ကလန်က အပြာရောင် စစ်သူရဲတွေပဲ။”
တခြား အပြာရောင် စစ်သူရဲတွေလည်း မျက်နှာ ခက်ထန် အကျဉ်းတန်လာပါတယ်။ သူတို့တွေ ဒေါသထွက်နေကြပေမဲ့ မလှုပ်ရှားရဲကြပါဘူး။
နင်ကတော့ အေးအေးဆေးဆေး စကားပြောလိုက်ပါတယ်။
“မိစ္ဆာရဲ့ အခိုင်းအစေအနေနဲ့ ကျေကျေနပ်နပ် အလုပ်လုပ်တဲ့ ပြစ်မှုဟာ သေဒဏ်ပဲ။”
သံမဏိ သစ်ပင်ကလန်နဲ့ ဂျိကလန်ဟာ အစကတည်းက ရန်သူတော်တွေ ဖြစ်ကြပြီးတော့ အခုဆို ဒီကလန်က လူတွေက မိစ္ဆာကြီးရဲ့ အခိုင်းအစေတွေ လုပ်နေကြတယ်။
“ဟိုင်း….”
နင်ရဲ့ လက်ထဲမှာ အရမ်းကို ထက်မြလွန်းတဲ့ ဓားတစ်ချောင်းပေါ်လာပါတယ်။ သူ့ခြေလှမ်းတွေ ရွေ့သွားပြီးတော့ ဓားရောင်တွေ လက်သွားပါတယ်။ မျက်စိ တမှိတ်အတွင်းမှာ အပြာရောင် စစ်သူရဲ ၉ယောက် သူတို့ရဲ့ လည်ပင်းလေးတွေကို ကိုင်လျက်နဲ့ လည်ပင်းကနေ သွေးတွေ စီးကျပြီး လဲကျသွားပါတော့တယ်။ ခြေလှမ်းသိုင်းနဲ့ ဓားပညာမှာဆိုရင် ဒီလူငယ်လေးဟာ ကြောက်မခန်းလိလိကို မြန်ဆန်လွန်းလှတဲ့အတွက် အပြာရောင် စစ်သူရဲတွေ အကုန်လုံး အရမ်းကို ကြောက်လန့်သွားကြပါတယ်။
ပထမအကြိမ်မှာ တုန်းကတည်းက ဓားမပါပဲနဲ့တောင် နင်ဟာ အရမ်းကို ကြောက်ဖို့ကောင်းနေတာပါ။ အခုဆို သူ့လက်ထဲမှာ ဓားကိုင်ထားပြီးပါပြီ။
“ပြေးဟေ့….ပြေးဟ…”
“ရေကြံ့ ဘုရင်ကြီး ကျွန်တော်တို့ကို ကယ်ပါဦး။”
အပြာရောင် စစ်သူရဲတွေအကုန်လုံး ဆောက်တည်ရာမရကြတော့ပါဘူး။ ဒီ ဘယ်ကမှန်းမသိ ပေါ်လာတဲ့ လူငယ်လေးက သူတို့ကို တစ်ယောက်မကျန် သတ်ပါတော့မယ်။
ရေကြံ့ဘုရင်ကြီးပ ထိုင်နေရာကနေ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပါတယ်။
“ငါမင်းတို့ကို လူတစ်ထောင် ပြည့်အောင် ဖမ်းပေးရင် ချမ်းသာပေးမယ်ပဲပြောခဲ့တာ။ မင်းတို့ကို တခြားလူလက်ထဲကနေ ကယ်ပေးပါမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ သတ်.. သတ်ကြ .. သတ်ကြ..”
ရေကြံ့ဘုရင်ကြီးဟာ ဘာကိုမှ အကြောက်အလန့်မရှိပါဘူး။ သူ့လို မိစ္ဆာကြီးအတွက် လူသားတွေက လူသားပါပဲ။ ဒီရှေ့က ကိစ္စတွေကလည်း လူသားတွေရဲ့ အရေးကိစ္စပဲလေ။
“ချွင်..ချွင်..ချွင်။။”
နေရာအနှံ့မှာ သွေးတွေ ဖြာထွက်သွားပြီးတော့ အပြာရောင် စစ်သူရဲတွေ တစ်ယောက်ပြီး တစ်ယောက် အသက်မဲ့ လဲကျသွားပါတယ်။ သူတို့အကုန်လုံး ခြေဦးတည့်ရာ ပြေးကုန်ကြပါတော့တယ်။ သူတို့ တစ်ကယ်ကို ကြောက်လန့်ရကောင်းမှန်း နားလည်သွားကြပြီ။ သူတို့ရဲ့ ဓားသိုင်းတွေ ဆေဘာဓားသိုင်းတွေ နဲ့ သိုင်းပညာတွေဟာ ဒီလူငယ်လေးရဲ့ ဓားချက်တစ်ချက်ကိုတောင် ထိပ်တိုက် ရင်မဆိုင်နိုင်မှန်း သိသွားကြပါပြီ။
“အမြန်ဆုံးပြေးကြဟေ့။”
ဟူး….. အသံထက် မြန်တဲ့ အလျင်နဲ့ နင်ရဲ့ အရိပ်ပေါင်းများစွာဟာ နေရာအနှံ့မှာ ပေါ်လာပါတယ်။ အပြာရောင် စစ်သူရဲအကုန်လုံး နေရာမှာတင် တဖြည်းဖြည်း လဲကျသွားကြပါတော့တယ်။ တချို့ကတော့ နှလုံး နေရာကို ဖောက်လျက်၊ တချို့ကတော့ လည်ပင်းပြတ်လျက်။ သွေးတွေဟာ မြေကြီးပေါ်မှာ အိုင်ထွန်းနေပါတယ်။ အပြာရောင် စစ်သူရဲတွေဟာ တစ်ယောက်မကျန် မြေပြင် နေရာအနှံ့မှာ အသက်မဲ့ လဲကျနေပါတယ်။
အပြာရောင် စစ်သူရဲ တစ်ယောက်မှ အသက်ရှင်လျက် မကျန်ခဲ့ပါဘူး။
“ဟင်!?”
ခုနက ပွဲကြည့်ပြီး ပျော်ရွှင်နေတဲံ ရေကြံ့ဘုရင်ကြီးဟာ မျက်နှာ အမူအရာ တစ်ချက်ပျက်သွားပြီး ထရပ်လိုက်ပါတယ်။ နင်ရဲ့ နောက်ဆုံးတိုက်ခိုက်လိုက်တဲ့ အကြမ်းဆုံးအကွက်မှာ နင်ဟာ သူ့ရဲ့ အစွမ်းကုန် သုံးပြီးတော့ တိုက်ခိုက်လိုက်တဲ့အတွက် လေရဲ့ အမြန်ထက်တောင် ကျော်သွားပြီး အရိပ်များစွာ ကွဲသွားစေခဲ့ပါတယ်။ ဒီ အကွက်ဟာ ရေကြံ့ဘုရင်ကြီးကို ပါးစပ်အဟောင်းသား ထပ်ဖြစ်စေပါတယ်။ ပထမတုန်းကတော့ ဒီလူငယ်ဟာ သူ့ပြိုင်ဘက် ဖြစ်လာမယ်လို့မထင်ထားခဲ့မိဘူး။ အခုတော့ သူနည်းနည်း စိုးရိမ်သွားပြီ။
“အရမ်းကို အစွမ်းထက်တာပဲ။”
“အရမ်းကို သန်မာတာပဲ။”
“သူတို့တွေ အကုန်လုံး သေသင့်တယ်။”
ချည်နှောင်ခံထားရတဲ့ လူတွေအကုန်လုံး အရမ်းကို ပျော်ရွှင်သွားကြတယ်။ ဒီလူငယ်လေး ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ သူတို့ မထင်ခဲ့မိဘူး။ ဒီလူငယ်က မိစ္ဆာကြီးကို သတ်နိုင်လောက်တဲ့အထိ အစွမ်းထက်နိုင်မလား?
ရွှမ်း..ရွှမ်း…ရွှမ်း….
ဓားရောင် လက်သွားပြီးတော့ နင်ရဲ့အနီးဝန်းကျင်က လူ၁၀ယောက်ကျော်ကို ချည်နှောင်ထားတဲ့ကြိုးတွေ ပြတ်သွားတယ်။
“ဟေး… လူသားငယ်လေး…”
ရေကြံ့ဘုရင်ကြီးက နင်ရှိရာနေရာကို ပြေးဝင်လာပြီးတော့ ရေခဲတွေဖုံးအုပ်နေတဲ့ လက်သီးကြီးနဲ့ ထိုးချလိုက်တယ်။
“ဒါငါ့ရဲ့ အစာတွေဟ”
ခလွမ်..
နင်ဟာ သူ့ရဲ့ ဒက်နော့ဓားနဲ့ လက်သီးကြီးကို ထိုးချလိုက်တယ်။
ထန်း….
တောင်ကြီးတစ်တောင် ပြိုကျသွားတဲ့အသံလိုပါပဲ။ နင်ဟာ အနောက် မီတာ ၁၀၀ကျော်ကို ခုန်ဆုတ်လိုက်တယ်။ ရေကြံ့ဘုရင်ကြီး လက်သီးပေါ်မှာ ရှိနေတဲ့ ရေခဲတွေ နဲ့ သူ့လက်မောင်းတစ်ဖက် ပေါက်ကွဲသွားခဲ့တယ်။ ကြည့်နေတဲ့သူတွေ အကုန်လုံး ပျော်ရွှင်သွားကြပြီးတော့ မျက်နှာမှာ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာတယ်။ မိစ္ဆာကြီးရဲ့ လက်တစ်ဖက် ပျက်ဆီးသွားပြီလား?
“ကောင်းတယ်…”
ရေကြံ့ဘုရင်ကြီး ကြွေးကြော်လိုက်တယ်။
“မင်းငါ့ရဲ့ ခန္ဓာကိုယ် အစစ်အမှန်ကို မြင်ဖို့ ထိုက်တန်တယ်။”
ရေကြံ့ဘုရင်ကြီးဟာ အရမ်းကို ကြီးမားတဲ့ မြူခိုးကြီးအသွင် ပြောင်းသွားပြီးတော့ မြူခိုးတွေဟာ ရုတ်တရက်စုစည်းသွားပြီး မီတာ ၃၀ မြင့်တဲ့ တောင်အရွယ်လောက် ရှိတဲ့ မွန်းစတားကြီးအသွင် ပြောင်းလဲသွားပါတယ်။ အရမ်းကို ကြီးမားလှတဲ့ ရေကြံ့ကြီးပါ။ သူ့ကို အရမ်းကို ထူထဲတဲ့ အရေပြားက လွှမ်းခြုံထားပြီးတော့ ခန္ဓာကိုယ်က မီတာတော်တော်များများ ရှည်လျားပါတယ်။ တစ်ကယ့်ကို တောင်ကလေးတစ်တောင်အတိုင်းပါပဲ။ သူ့နှာမှုတ်လိုက်တဲ့လေတွေဟာ ရှေ့ကမြေကြီးတွေအပြင် အနီးမှာ ရှိနေတဲ့ ရွာသားတွေကိုပါ ရေခဲသွားစေပါတယ်။ တချိန်တည်းမှာ ဦးလေးဒယ်လာဟာ သူ့ရွာက လူတွေကို တတ်နိုင်သလောက် မြန်မြန် လိုက်ကယ်နေပါတယ်။
“မြန်မြန်.. ပြေးကြဟေ့..”
မလှမ်းမကမ်းမှာ ရှိနေတဲ့ နင်ဟာ အလင်းတန်းဖြစ်သွားပြီးတော့ ရေပေါ်မှာ ပြေးလာနေပါတယ်။ တစ်ချိန်တည်းမှာပဲ သူလေ့လာလိုက်ပြီးတော့ ဓားရောင်တွေ လက်သွားပါတယ်။ လူတော်တော်များများကို ချည်ထားတဲ့ကြိုးတွေ ပြတ်ကုန်ပါတယ်။
“မင်းဘာလို့ မထွက်သွားတာလဲ?”
နင်ဟာ မွန်းစတားကြီးကို လှည့်ကြည့်ပြီးတော့ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။
ကြိုးပြတ်သွားလို့ လွတ်သွားတဲ့ လူတွေဟာ အနီးမှာ ရှိနေတဲ့ လက်နက်တွေကို ကောက်ကိုင်လိုက်ပြီးတော့ ကျန်နေတဲ့ လူတွေရဲ့ ကြိုးတွေကို ဝိုင်းဖြတ်ပေးကြပါတယ်။ မျက်စိ တမှိတ် အတွင်းမှာပဲ ကံကောင်းတဲ့ လူလေးရာဟာ ထွက်ပြေးလို့ ရသွားပါတယ်။
“ထွက်ပြေးကြတယ်ပေါ့။ ငါမင်းတို့အားလုံးကို ရေခဲရိုက်ပြီးတော့ အေးအေးဆေးဆေး စားပစ်မယ်။”
ချက်ခြင်းပဲ ရေခဲငွေ့တွေ ပျံနှံ့လာပြီးတော့ အပူချိန်တွေ ကျဆင်းသွားပါတယ်။ ရေခဲပြင်ဟာ တစတစ ကျယ်ဝန်းလာပြီးတော့ ချက်ခြင်းပဲ လူတချို့ ရေခဲ ရုပ် ဖြစ်သွားကြပါတယ်။ ဦးလေးဒယ်လာလို အစောဆုံး ပြေးသွားတဲ့ လူတချို့သာ အသက်ရှင်လွတ်မြောက်သွားပါတယ်။
“ငါက သံမဏိ သစ်ပင် ကလန်ရဲ့……”
သံမဏိ သစ်ပင်ကလန်ရဲ့ သခင်လေးဟာ စကားမဆုံးမီပဲ ရေခဲရုပ်တု ဖြစ်သွားပါတော့တယ်။
မျက်စိတမှိတ်အတွင်းမှာ ရေကြံ့ဘုရင်ကြီးအနီးဝန်းကျင် မီတာ ၃၀ ဧရိယာဟာ သချိုင်းမြေ အသွင် ပြောင်းလဲသွားပါတော့တယ်။
နင် နဲ့ ရေကြံံ့ဘုရင်ကြီးတာ တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်ရင်း ကျန်ရစ်ပါတော့တယ်။
အဝေးမှာတော့ ဦးလေးဒယ်လာနဲ့ အသက်ရှင်ကျန်ရစ်သူတစ်ချို့ဟာ သေမင်းလက်ကနေ လက်မတင် လွတ်သွားကြပြီး အလွန့်ကို ခြောက်ခြားနေကြပါတယ်။ ဦးလေးဒယ်လာအနီးက လူငယ်လေးက စိုးရိမ်စိတ်နဲ့ မေးလိုက်ပါတယ်။
“ဦးလေးဒယ်လာ.. ခုနက ကောင်လေးက အသက်ရှင်နိုင်ပါ့မလား။”
“သူ အသက်ရှင်မှာပါ။ အသက်ရှင်မှာပါ။”
ဦးလေးဒယ်လာက ပါးစပ်ကနေ ပြောနေပေမဲ့လည်း သူ့စိတ်ထဲမှာတော့ စိုးရိမ်နေမိပါတယ်။ အရမ်း ခွန်အားကြီးမားပြီးတော့ အစွမ်းထက်တဲ့ ဓားပညာနဲ့ ကောင်လေးက ကြောက်မက်ဖွယ် မိစ္ဆာကြီးကို အနိုင်ယူနိုင်ပါ့မလား။?
“မင်းတို့ဘာလို့ မထွက်ပြေးကြသေးတာလဲ!!!!”
အဝေက နင်ဟာ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။
တစ်ကယ့်တိုက်ပွဲသာ စပြီဆိုရင် မီတာ ၃၀၀ အကွာအဝေးဟာ နင် နဲ့ ရေကြံံဘုရင်ကြီးအတွက် ဘာမှ မဟုတ်တဲ့ အကွာအဝေး ဖြစ်သွားပါပြီ။ သူတို့အားလုံးကို နင်ကယ်နိုင်တော့မှာ မဟုတ်ဘူး။
“ပြေးကြစို့”
ဦးလေးဒယ်လာဟာ အံကို တင်းတင်းကြိတ်လိုက်ပြီးတော့ သူ့ရွာသားတွေကို ဦးဆောင်ပြီး ထွက်ပြေးသွားပါတယ်။ တခြား ရွာက ရွာသားတွေကတော့ ပြေးသွားတာ ကြာနေပါပြီ။ သူတို့တွေ အလွန့်အလွန်ကို ခြောက်ခြားနေကြပါတယ်။
Chapter 12 ပြီးပါပြီ။
ဆက်ပါဦးမည်>>>>>>
Chapter 13 ( ဂျိနင် နှင့် မွန်းစတားကြီး တိုက်ပွဲ)
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
Comments
Post a Comment