ဓားတန္ခိုးရွင္၏ ဒ႑ာရီ BOOK 2 Chapter 2 (ခြင့္လႊတ္ပါ)
နင္ အေ၀းနားက ေျမြၾကီးကို ၾကည့္ျပီး တီးတိုး ေရရြတ္လိုက္တယ္။
“ဒီေျမြၾကီး တစ္ကုိယ္လံုးဟာ ေသြးေရာင္ ျဖစ္ေနေပမဲ့ သူ႕ရင္အုပ္နားက
အေၾကးခြံေတြဟာ ေတာက္ပတဲ့ ေငြေရာင္ ရွိေနျပီးေတာ့ မ်က္လံုး ၂လံုးက အနီေရာင္ ေတာက္ပေနတယ္..
အိုး… သူ႕မွာ လက္ သည္း ၂ဖက္လည္း ရွိေနတာပဲ”
ရႊီး.. ရႊီး..ရႊီး….
ေျမြၾကီးဟာ တျဖည္းျဖည္း ေရြ႕လာျပီးေတာ့ နင္ကို ပါးျပင္းေထာင္ျပီး
စိုက္ၾကည့္ေနတယ္။ သူ႕ရဲ့ ေမြးရာပါ ေခါင္းမာ တတ္မႈက ဒီသူ႕ေရွ႔က လူငယ္ကို ဂရုစိုက္စရာတစ္ခု
အေနနဲ႕ မျမင္မိေစဘူး။ သူ႕အေတြ႕ အၾကံဳအရ ဒီလုိ မ်ိဳးႏြယ္စုေတြက လူငယ္ေတြ အကုန္လံုးဟာ
အရမ္းကို အားနည္းၾကတယ္။ ဒီ ေနရာဟာ ဂ်ိကလန္ရဲ့ နယ္ေျမ ျဖစ္ေပမဲ့ ဒီလူငယ္ဟာ ဒီေလာက္ အစြမ္းထက္စရာ
အေၾကာင္း မရွိဘူး…။
နင္ တစ္ခ်က္ ရီေမာလိုက္တယ္။
သူ႕အသက္ တစ္ခ်က္ ရွဴထုတ္လိုက္တာ ဒီ ရွဴထုတ္လိုက္တဲ့
စြမ္းအင္ ကို အေငြ႕တန္းအေနနဲ႕ သာမာန္မ်က္စိနဲ႕ ေတာင္ ေတြ႕လိုက္ရတယ္။ သူ႕ခႏၶာကိုယ္ အနည္းငယ္
နီသြားျပီးေတာ့ အရမ္းကို အစြမ္းထက္တဲ့ အေငြ႕အသက္ေတြ သူ႕ကိုယ္ကေန ထြက္လာတယ္။ ဒါကိုေတြ႕ေတာ့
အေ၀းမွာ ရွိေနတဲ့ ေျမြၾကီး အံ့ၾသသြားတယ္။ သူ႕ ေရွ႕မွာ ရွိေနတဲ့ လူငယ္ဟာ ရုတ္တရက္ သူ႕ထက္အဆင့္မနိမ့္တဲ့ ေၾကာက္မက္ဖြယ္ရာ အေငြ႕အသက္ေတြ ထြက္လာတာကို သူမယံုၾကည္ႏိုင္ေအာင္
ျဖစ္သြားတယ္။
“ငါဒီတေလာ မိုးေရစက္ ဓားသိုင္ကို ေသခ်ာ မေလ့က်င့္ျဖစ္ဘူး
။ အခုေတာ့ မင္းနဲ႕ ေလ့က်င့္ရမယ္။”
နင္ဟာ ရုတ္တရက္
အေရွ႕မီတာ အကြာအေ၀း ေတာ္ေတာ္ မ်ားမ်ားကို ေျပးသြားျပီးေတာ့ လက္ထဲကဓားနဲ႕ လွ်ပ္စီးလက္လိုက္သလို ေျမြၾကီးကို ထိုးလိုက္တယ္။ ေျမြၾကီးကလည္း သူ႕လက္သည္းၾကီး ႏွစ္ဖက္နဲ႕
လျခမ္းေကြးလို တစ္ခ်က္ ၀ုိက္ဆြဲျပီး ျပန္ တိုက္ခိုက္လိုက္တယ္။
ရႊပ္.. ရႊပ္..ရႊပ္..
ဓားေရာင္ေတြဟာ ရာနဲ႕ခ်ီေအာင္ လက္သြားျပီးေတာ့ တစ္ခ်က္ျပီးတစ္ခ်က္
အနီေရာင္ ေျမြၾကီးဆီကို ဦးတည္တိုး၀င္သြားတယ္။ ေျမြၾကီးဟာ အေရးၾကီးတဲ့ ခႏၶာကိုယ္ အစိတ္အပုိင္းေတြကို
ဦးတည္လာတဲ့ ဓားခ်က္ ၃ခ်က္ပဲ ေရွာင္တိမ္းႏိုင္ခဲ့တယ္။ က်န္တဲ့ ဓားခ်က္ေတြကိုေတာ့ ထိပ္တိုက္
ရင္ဆိုင္ခဲ့တယ္။ သူ႕ ခႏၶာကို္ယ္မွာ အျဖဴေရာင္ အစက္ေတြ ေပၚလာတာေၾကာင့္ ေျမြၾကီးဟာ ဒီလူငယ္ရဲ့
အစြမ္းဘယ္ေလာက္ထက္မလဲကို သေဘာေပါက္သြားတယ္။
၀ူး..
ထူးျခားတဲ့ အသံတစ္ခုထြက္ေပၚလာတယ္။ ဒီအသံဟာ နင္ရဲ့ ဓားခ်က္က
ေလကုိခြဲျပီးေတာ့ ေျမြၾကီးရဲ႕ ရင္၀ကို တိုး၀င္သြားတဲ့ အသံပါ။ ဒီဓားခ်က္ဟာ ေျမြၾကီးရဲ့
ရင္ဘတ္မွာ ၂မီတာေလာက္ က်ယ္တဲ့ ဓားဒဏ္ရာၾကီးကို ေပၚလာေစတယ္။ ဒီဒဏ္ရာဟာ ေျမြၾကီးရဲ့ အေၾကးခြံကို
ခြဲသြားျပီးေတာ့ အတြင္းက မာဆယ္ေတြပါ ျပတ္ထြက္ကုန္တယ္။ ေသြးေတြဟာ ဒဏ္ရာကေန ျဖာက်လာတယ္။
Roarrrr….
ေျမြၾကီးဟာ အလြန္မင္းထိတ္လန္႕သြားတယ္။ သူ႕ေရွ႕က ဒီလူငယ္က
ဘာလို႕ဒီေလာက္ေတာင္ အစြမ္းထက္ေနရတာပါလိမ့္။
…..
နင္ဟာ တစ္ခ်ိန္တုန္းက လစားေျမြေခြးၾကီးနဲ႕ ယွဥ္ျပိဳင္တိုက္ခိုက္ခဲ့တဲ့
အေတြ႕အၾကံဳမရွိတဲ့ လူငယ္ေလးတစ္ေယာက္ မဟုတ္ေတာ့ဘူးေလ။ သူ႕တစ္ဘ၀လံုး မြန္းစတားေတြနဲ႕
တိုက္ခိုက္ခဲ့လို႕ အေတြ႕အၾကံဳေတြ အမ်ားၾကီးရွိေနျပီ။ အခုေလာေလာဆယ္ေတာင္ သူ႕အစြမ္း တစ္၀က္ပဲ
ထုတ္သံုးထားရေသးတယ္။ ဒါေပမဲ့ အရိပ္မဲ့ ေျခသိုင္းနဲ႕ မိုးေရစက္ ဓားသိုင္းရဲ့ နက္နဲလြန္းတဲ့
အစြမ္းေတြေၾကာင့္ သူ႕မွာ အေရးနိမ္႕စရာ မရွိေသးဘူး။
နင္ဟာ ပထမဆံုး “အဆက္မျပတ္ မိုးေရ ” ဓားသိုင္းကို အသံုးျပဳခဲ့တယ္။
ဒါေပမဲ့ ဒီဟာက ေျမြၾကီးအေပၚသိပ္ျပီးေတာ့ မထိေရာက္ဘူး။
ေနာက္ေတာ့ နင္ဟာ အရမ္းကို အစြမ္းထက္တဲ့ သတ္ျဖတ္မႈ ျပင္းထန္တဲ့
“မိုးေရမ်ဥ္းေၾကာင္း ” ဓားသိုင္းကို သံုးခဲ့တယ္။ ဒီ ဓားကြက္ဟာ ေျမြၾကီး ရဲ့ ရင္၀မွာ
ၾကီးမားတဲ့ ဒဏ္ရာၾကီးကို ျဖစ္ေစခဲ့တယ္။
ေနာက္ေတာ့ နင္ဟာ “မိုးေရစက္က ေက်ာက္တံုကို ေဖာက္ထြက္”
အကြက္ကို အသံုးျပဳခဲ့တယ္။
ဆက္ျပီးေတာ့ နင္ဟာ ေျမြၾကီးရဲ့ တန္ျပန္ တိုက္ခိုက္မႈေတြကို
“အလ်ဥ္မျပတ္ စမ္းေခ်ာင္းငယ္” အကြက္နဲ႕ ခုခံကာကြယ္ခဲ့တယ္။
မိုးေရစက္ ဓားသိုင္းမွာ သိုင္ကြက္ၾကီး ၉ကြက္ရွိတယ္။
ဒီ သိုင္းကြက္ေတြက “အဆက္မျပတ္ မိုးေရ” ၊“ေလျပင္း ကန္႕လန္႕ကာ
”၊ “ေရပက္မ၀င္”၊ “မိုးေရမ်ဥ္းေၾကာင္း”၊ “မပ်က္ဆီးေသာ ေရစီးေၾကာင္း”၊ “ခြင္႕လႊတ္ျခင္းမဲ့
ေရစီး” နဲ႕ “အလ်ဥ္မျပတ္ စမ္းေခ်ာင္းငယ္” အကြက္ေတြပါပဲ။
တစ္ခ်ိဳ႕ အကြက္ေတြက ကာကြယ္တဲ့ အကြက္ေတြ ျဖစ္ျပီးေတာ့
တစ္ခ်ိဳ႕ကေတာ့ တိုက္ခိုက္တဲ့ အကြက္ေတြ ျဖစ္တယ္။
တိုက္ခိုက္တဲ့ အကြက္ေတြမွာေတာင္ ခုခံကာကြယ္မႈရဲ့ သေဘာသဘာ၀ေတြ
ပါ၀င္ေနတယ္။ ဒီလို နက္နဲလွတဲ့ ဓားသိုင္းဟာ နင္ကို အံ့ၾသမႈျဖစ္ေစျပီး သူသက္ျပင္းခ်မိတယ္။
သူဟာ ဒီ ဓားသုိင္းကို ကၽြမ္းက်င္တဲ့ အဆင့္ေတာင္ မေရာက္ေသးဘူးေလ။ႏွစ္ေပါင္းမ်ားစြာက
ေအာင္ျမင္သြားတဲ့ သူ႕အေဖေတာင္ ဒီဓားသိုင္းဟာ နားလည္ မႈ ပို နက္ရႈိင္းေလေလ ဓားသိုင္းရဲ့
နယ္ပယ္ဟာ ပိုျပီး က်ယ္ျပန္႕ေလေလလို႕ ေျပာခဲ့တယ္။
“ဒီ ဓားသိုင္းဟာ အဆံုမရွိတဲ့ စီးဆင္းျခင္းပဲ။ တားျမစ္ထားျခင္းမရွိဘူး။
လြတ္လပ္စြာ စိတ္ကူးအတိုင္း တိုက္ခိုက္ႏိုင္တယ္။”
ဒီလုိ ဖင္းေဂါ့ေသြးပါတဲ့ မြန္းစတားၾကီးကို ဆက္တိုက္
တိုက္ခိုက္လာတာမွာ နင္ဟာ ဓားသိုင္းနဲ႕ ပတ္သက္ျပီး ဥာဏ္အလင္းေတြ တစ္ခုျပီးတစ္ခု ပြင့္လာခဲ့တယ္။
ဒါေပမဲ့ ေျမြၾကီးကေတာ့ ေဒါသေတြ ေပါက္ကြဲလာတယ္။
သူဟာ ဒီလူငယ္ဟာ သူ႕ကို ဓားသိုင္းက်င့္ဖို႕ အသံုးခ်ေနမွန္း
သိသြားတယ္။ သူ႕ကိုယ္မွာ ဒဏ္ရာေတြ အမ်ားၾကီး ရေနေပမဲ့ ဘယ္ဟာ မွ အသက္ အႏာၱရာယ္ မရွိဘူး။
ဒါေပမဲ့ သူ႕ေရွ႕က လူငယ္ဟာ ဒဏ္ရာနည္းနည္းပဲ ရထားျပီး ရထားတဲ့ ဒဏ္ရာေတြက မ်က္စိတစ္မွိတ္အတြင္းမွာ
ျပန္ေကာင္းသြားတယ္။ သူ႕ေရွ႕က လူငယ္ဟာ အလြန္ ေၾကာက္စရာေကာင္းမွန္း သူသေဘာေပါက္သြားတယ္။
သူဟာ ဒီ လူငယ္ရဲ့လက္မွာ ေသရမွာကို အလြန္ ထိတ္လန္႕လာတယ္။
ဒါေပမဲ့ သူေသရရင္ေတာင္ သူ႕ရဲ့ ေမြးရာပါ ေခါင္းမာမႈနဲ႕
မာနက ဒီလိုမ်ိဳး ကစားခံရျပီးေသတာကို လက္မခံႏိုင္ဘူး။
Roarrrr…
ေျမြၾကီးဟာ ေျမၾကီးတုန္ခါသြားတဲ့အထိ ေဒါသတၾကီး ေအာ္ဟစ္လိုက္တယ္။
သူဟာ ေသရမွာကို သိသြားလို႕ လက္မခံႏိုင္တဲ့အတြက္ အလြန္ကို ေဒါသထြက္လာတယ္။
…
သူ မာန္ဖီသံဟာ ေလထုကိုေတာင္မွ အက္ကြဲသြားေစခဲ့တယ္။
ဂ်ိကလန္ရဲ့ အတြင္းစည္းက ေကာင္းကင္ယံထက္မွာ တိမ္တိုက္ေတြ
အမ်ားၾကီး အံု႕ဆိုင္းေနတယ္။ တိမ္တိုက္တစ္ခုထဲမွာေတာ့ ေတာင္ပံနက္နဲ႕ ေျမြၾကီး ရွိေနတယ္။
Roarrrr…
ဒီ မာန္ဖီသံဟာ ေကာင္းကင္ယံအထိကို ေရာက္လာတဲ့အခါမွာ ေတာ္ေတာ္
အားေပ်ာ့ေနပါျပီ။ ဒါေပမဲ့ serpentwing ၾကီးဟာ အရမ္းကို စူးရွတဲ့ အာရံုရွိပါတယ္။ ျပီးေတာ့
ဒီအသံဟာ သူ႕အတြက္ အရမ္းကို ရင္းႏွီးေနတယ္။
“ဒါ ငါ့သားေလး၊ အျမီးနီေလး။”
Serpentwing ေျမြမိစာၦၾကီးဟာ ေသခ်ာသြားခဲ့ပါျပီ။ သူဟာ
အတြင္းပိုင္းျမိဳ႕ေတာ္ကို ေသခ်ာ ရွာေဖြေနခဲ့တာ။ သူဟာ ကီလိုမီတာ ေတာ္ေတာ္အေ၀းက ေလွာင္အိမ္လို႕ေခၚတဲ့
အေဆာက္ အဦးကို ေသခ်ာ ျမင္ရပါတယ္။ ဒါေပမဲ့ ျမဴႏွင္းေတြနဲ႕ ေလွာင္အိမ္ထက္က သံၾကိဳးေတြရယ္ေၾကာင့္
သူဟာ ဒီေလွာင္အိမ္ဟာ ဘာမွန္း ေသခ်ာ မေျပာႏိုင္ခဲ့ပါဘူး။
ဒါေပမဲ့ သိပ္မၾကာခင္ေလးကပဲ
…..
ဒီ အသံကို ၾကားလိုက္ရတဲ့ အခါမွာ အသံဟာ ေလွာင္အိမ္ရွိတဲ့
ေနရာကေန ထြက္လာမွန္းး သိလိုက္တယ္။
“အဲ့ဒီ ေနရာပဲ..”
Serpentwing ေျမြမိစာၦၾကီးဟာ တိမ္ေတြ ျမဴႏွင္းေတြနဲ႕
ကိုယ္ေရာင္ေဖ်ာက္ျပီး တစ္ဟုန္ထိုး ေျပးဆင္းသြားတယ္။
….
ေလွာင္အိမ္ထဲမွာေတာ့…
နင္ဟာ အနီေရာင္ ေျမြဆီကေန ၀မ္းနည္းေၾကကြဲစြာ ေအာ္ဟစ္သံကို
နားေထာင္ျပီး ဒီေျမြဘယ္လို ခံစားေနရလဲဆိုတာ သူသိသြားတယ္။ သူ႕လက္ထဲမွာ ဓားတစ္ေခ်ာင္း
ေပၚလာျပီ…
“မင္းက ေသဖို႕ ေတာင္းပန္ေနတာဆိုေတာ့…ကဲ ေသလိုက္ပါေတာ့..”
ရႊပ္…
နင္ဟာ ခ်က္ခ်င္းပဲ ေလျပင္းလို အရွိန္နဲ႕ အနီေရာင္ ေျမြၾကီးဆီ
ဦးတည္ တိုး၀င္သြားတယ္..
ဓားေရာင္ တစ္ခ်က္လက္သြားတယ္။
ဓားသိုင္း ၂မ်ိဳး…
[Thunderflame
Sword] – Thunderflash Flint! Blazing Thunderclap!
[Raindrop
Sutra] – Merciless Waterflow! Raindrop Pierces Rocks!
ရႊပ္…
ေျမြၾကီးရဲ့ အနီေရာင္ မ်က္လံုးေတြ တျဖည္းျဖည္း အေရာင္ေတြ
ေပ်ာက္ကြယ္သြားတယ္။ ေျမြၾကီးရဲ့ ဦးေခါင္းမွာေတာ့ သူ႕ဦးေခါင္းခြံကို ပါ ေဖာက္ထြက္သြားတဲ့
ေပါက္တစ္ေပါက္ ရွိေနတယ္။ သူ႕ခႏၶာကို္ယ္ၾကီးဟာ ေျမၾကီးေပၚက ရႊံ႕ႏြံထဲကို ဘုန္းဘုန္း
လဲက်သြားတယ္။ ေျမၾကီးမွာ ေသြးေတြ အိုင္ထြန္းသြားတယ္။
အင္း…
နင္ဟာ ေျမြၾကီးရဲ့ ကိုယ္ေပၚက ဒဏ္ရာကို ေသခ်ာ ေလ့လာလိုက္တယ္။
သူ႕ဓားသိုင္း ဘယ္ေလာက္ေတာင္ အစြမ္းထက္ ေနလဲဆိုတာကို ေလ့လာတာပါ။
“Blazing thunder clap အကြက္ဟာ အရမ္းကို အစြမ္းထက္တာပဲ။
ဒီဓားသိုင္းဟာ ေျမြၾကီးရဲ့ ရင္အံုမွာ အေပါက္ၾကီးကို ျဖစ္ေစရံုတင္မကဘူး ေျမြၾကီးကိုေတာင္
ႏွစ္ျခမ္းနီးပါး ျခမ္းလိုက္ႏို္္င္တယ္။”
သူဆက္ျပီးေတာ့ ေလ့လာလိုက္တယ္။
“merciless waterflow and thunderflash flint သိုင္းကြက္
၂ခုလံုးဟာ ျမန္ဆန္တယ္ဆိုတဲ့ စကားလံုးတစ္လံုးတည္းနဲ႕ အႏွစ္သာရကို သိႏိုင္တယ္။
merciless waterflow ဟာ အရမ္းျမန္ျပီးေတာ့ ခန္႕မွန္းလို႕ မရႏိုင္ေအာင္ နက္ နဲျပီး
thunderflash flint ကေတာ့ ျမန္ဆန္ျပီး ေပါက္ကြဲမႈျပင္းထန္တယ္”
“raindrop pierce rocks အကြက္ကေတာ့ အရမ္းကို ေဖာက္ထြက္ႏိုင္စြမ္း
ျမင့္မားျပီးေတာ့ ေျမြၾကီးရဲ့ ဦးေခါင္းခြံကိုေတာင္ ေဖာက္ထြက္သြားႏိုင္တယ္။”
နင္ ေခါင္းညိတ္ျပီး ေရရြတ္လိုက္မိတယ္။
ေလွာင္အိမ္ေပၚက ေကာင္းကင္ကေနျပီးေတာ့ အရမ္းၾကီးမားတဲံ
သတၱ၀ါၾကီးဟာ တိမ္တိုက္ေတြနဲ႕ ဆင္းသက္လာတယ္။ Serpentwing နဲ့ သူ႕သား အျမီးနီကို ႏိႈင္းယွဥ္လိုက္ရင္
အျမီးနီဟာ ၀ါလံုးသာသာ အရြယ္ပဲ ရွိေတာ့တယ္။ serpentwing ရဲ့ နီရဲေနတဲ့ မ်က္လံုးၾကီးဟာ
ေလွာင္အိမ္ထဲက အျဖစ္အပ်က္ေတြကို အစအဆံုးေတြ႕လိုက္ရတယ္။ သူဟာ ေသြးအိုင္ထဲ လဲက်ေနတဲ့
ေျမြၾကီးကို ျမင္လိုက္ရေတာ့ သူ အရမ္းေဒါသေတြထြက္သြားတယ္။ သူ႕တစ္ကိုယ္လံုး မီးေတာက္ေလာင္သလို
ခံစားလိုက္ရတယ္။
“ငါ့သားေလး…”
“လူသား။ ငါ့သားေလးေသသြားတဲ့အတြက္ မင္း ျပန္ေပးဆပ္ရမယ္။”
ဖန္း…
ေလွာင္အိမ္အျပင္ဘက္ကေန စြမ္းအင္ လႈိင္းကို အာရံုရလိုက္လို႕
နင္ေမာ့ၾကည့္လိုက္မိတယ္။
“ဘာပါလိမ့္!”
နင္ဟာ ေကာင္းကင္ထက္မွာ ေတာင္ပံၾကီးနဲ႕ ေျမြၾကီးက သူ႕ကို
စိုက္ၾကည့္ေနတာ ေတြ႕လိုက္ရတယ္။ ဒီ သတၱ၀ါၾကီးက သူ႕ဆီကို ဦးတည္ျပီးေတာ့ တဟုန္ထိုး တိုး၀င္လာေနတယ္။
သူ႕ေတာင္ပံတစ္ဖက္ဟာ ေလွာင္အိမ္ထက္ေတာင္ ၾကီးေသးတယ္။
ေျမြၾကီးဟာ သတ္ျဖတ္ခ်င္စိတ္ေတြ အရမ္း ျပင္းထန္ေနတယ္။
နင္ ထိတ္လန္႕သြားတယ္။ ဒီသတၱ၀ါၾကီးက သူ႕ဆီကို ဦးတည္ျပီး လာေနတာ။
“မေကာင္းဘူး။ ေျပး….”
နင္ ခ်က္ခ်င္းပဲ ထြက္ေျပးဖို႕ ျပင္ဆင္လိုက္တယ္။
ဒါေပမဲ့ သူ႕ေလွာင္အိမ္ထဲက တံခါးေတြက ပိတ္ထားတာကို သူသတိရသြားတယ္။
ေျပာရရင္ တိုက္ပြဲတိုက္ေနတုန္းမွာ ေလွာင္အိမ္တံခါးေတြ ဟာ ထြက္ေျပးလို႕ မရေအာင္ ေသခ်ာပိတ္ထားတယ္။
တိုက္ပြဲမွာ အႏိုင္ရမွသာ ေလွာင္အိမ္တံခါးဖြင့္ဖို႕ ျပန္ အမိန္႔ေပးမွ ဖြင့္ေပးမွာ ျဖစ္တယ္။
ဒါေပမဲ့ သူက တိုက္ပြဲျပီးေတာ့ ေျမြၾကီးကို ေလ့လာေနလို႕ အမိန္႔ေပးဖို႔ ေမ့သြားခဲ့တယ္။
ျပီးေတာ့ ဂ်ိနင္ရဲ့ တိုက္ပြဲတိုင္းမွာ တျခားလူေတြကို
ၾကည့္ခြင့္မရေအာင္ တားျမစ္ထားတယ္။ သူ႕အေဖတစ္ေယာက္ပဲ သူ႕တိုက္ပြဲကို ၾကည့္ခြင့္ ရွိတယ္။
ေျပာရမယ္ဆိုရင္ သူ႕ရဲ့ အစြမ္းအမွန္ဟာ လွ်ိဳ႕၀ွက္ခ်က္တစ္ခုျဖစ္တယ္ေလ။
ဥပမာ အေနနဲ႕ သူဟာ ဓား၂လက္ ကို တစ္ျပိဳင္ထဲ အသံုးျပဳႏိုင္တာမ်ိဳး ဒါမွမဟုတ္ ဟိုတ်န္
အဆင့္ ေဂါ့ သတၱ၀ါကို သာမန္ လက္နက္ အသံုးျပဳျပီး သတ္ျဖတ္ခဲ့တာကို အျပင္လူေတြက ရတနာ ဓားနဲ႕
သတ္လိုက္တယ္ဆိုျပီး သိၾကတာမ်ိဳးေတြေပါ့။
ရႊမ္း.. ရႊမ္း…
နင္ဟာ သူ႕ ဓား၂လက္ကို လႊင့္ပစ္လိုက္ျပီးေတာ့ ဒက္ေနာ့ darknorth ဓား ၂ေခ်ာင္းကို ထုတ္လိုက္တယ္။
ပ်က္ဆီးစမ္း…
နင္ဟာ အစြမ္းကုန္ သံုးျပီးေတာ့ သူ႕အေပၚမွာရွိတဲ့ သံၾကိဳးၾကီးေတြကို
ခုတ္ျဖတ္လိုက္တယ္။ ျပီးေတာ့ ရင္ေခါင္းသံနဲက အတြင္းအားထည့္ျပီးေတာ့ ေအာ္လိုက္တယ္။
“အေဖ!!!!”
အသံဟာ ပဲ့တင္သံေတြ ထြက္လာခဲ့တယ္။ ဒါေပမဲ့ အသံရဲ့ အလ်င္ဟာ
serpentwing ေျမြမိစာၦၾကီးရဲ့ ဆင္းသက္လာတဲ့ အျမန္ႏႈန္းထက္ နည္းနည္း ေနွးေနတယ္…
ထန္း..ထန္း..ထန္း..
နင္ရဲ့ darknorth ဒက္ေနာ့ ဓားနဲ႕ သံၾကိဳးၾကီးေတြကို
အဆက္မျပတ္ ခုတ္ထစ္ပစ္လိုက္တယ္။သူကအေဖက တစ္ခါေျပာဖူးသလို သူသာ အနီေရာင္ ေကာင္းကင္ကိုးဆင့္
အစြမ္းနဲ႕ သူ႕ရဲ့ ခြန္အားေတြ အကုန္လံုးကို ေပါင္းစပ္လိုက္ရင္ ဒီသံၾကိဳးေတြကို ျဖတ္ႏိုင္လိမ့္မယ္။
ဒါေပမဲ့ သံပိုက္ကြန္ဟာ သံၾကိဳးေတြ အမ်ားၾကီး ပါတဲ့အတြက္ သံၾကိဳးေတြက လြတ္ေအာင္ သူဟာ
အသက္ ၁၀ခါ ရွဴခ်ိန္ေတာ့ လိုအပ္တယ္။
ဒါေပမဲ့ နင္မွာ အခု အင္မတန္ ထက္တဲ့ ဒက္ေနာ့ ဓားေတြ ရွိေနျပီ။
ထန္း..ထန္း..ထန္း..
ၾကိဳးေတြစာ တစ္ၾကိဳးျပီး တစ္ၾကိဳး ျပတ္ကုန္တယ္။ ဒါေပမဲ့
လြတ္ဖို႕ ပိတ္ေနတဲ့ သံၾကိဳးေတြ အမ်ားၾကီး ရွိေသးတယ္။ သူ႕အတြက္ အသက္ ၁ခါ ရွဴခ်ိန္ေလာက္
လိုအပ္တယ္။
အသက္ တစ္ခါရွဴခ်ိန္!!!
ေၾကာက္မက္ဖြယ္ သတၱ၀ါၾကီးဟာ စကၠန္႔ မျခား သူ႕ဆီ ေရာက္ေတာ့မွာ…
သူဟာ သံၾကိဳးေတြကို ခုတ္ေနရင္းနဲ႕ သူ႕မွာ အခ်ိန္ မရွိေတာ့တာ
နားလည္သြားတယ္။
အေၾကးခြံေတြနဲ႕ ေတာင္ပံၾကီးဟာ ေလကိုခြင္းျပီးေတာ့ သံပိုက္ကြန္ကို
တစ္ခ်က္ ရိုက္လိုက္တယ္။ ဒီ သံၾကိဳးေတြဟာ နင္အတြက္ေတာ့ မာေက်ာေနေသးေပမဲ့ အႏွစ္ ၁၀၀၀
မိစာၦၾကီး အတြက္ေတာ့ ေဖာ့ၾကိဳးေတြလိုပါပဲ။ ၾကိဳးျပတ္သံေတြဟာ ဆူညံသြားတယ္။ ဒီ ေတာင္ပံၾကီးဟာ
နင္ဆီကို ဆက္ျပီးေတာ့ ဦးတည္လာေနတယ္။
“ငါ့သားအသက္အတြက္ မင္းအသက္ ျပန္ေပးဆပ္ရမယ္။”
Serpent wing က နင္ကို စိုက္ၾကည့္ျပီး ေျပာလိုက္တယ္။
၀ွစ္..
နင္ ဟာ ဓား ၂လက္ကို လက္မွာ ကိုင္ျပီးေတာ့ ေရွာင္လိုက္တယ္။
တစ္ခ်ိန္တည္းမွာ ဓား ၂လက္လံုးနဲ႕ ဓားသိုင္တစ္ကြက္ကို အတူတူ ထုတ္လိုက္တယ္။ “အဆံုးမရွိ
ေရစီးငယ္” သူ႕ဓားေရာင္ တစ္ခ်က္လက္သြားျပီးေတာ့ ၀င္ေရာက္လာတဲ့ ေတာင္ပံကို ရင္ဆိုင္လိုက္တယ္။
ဓားခ်က္ေတြတစ္ခ်က္ျပီး တစ္ခ်က္ထပ္သြားျပီးေတာ့ အဆံုးမရွိတဲ့
ဓားပုိက္ကြန္ အသြင္ ေျပာင္းလဲသြားတယ္။ ဒီ ဓားသိုင္းဟာ တစ္ဖက္ရန္သူရဲ့ တိုက္ခိုက္မႈကို
ပိုးခ်ည္မွ်င္ေတြ အထပ္ထပ္ ရစ္ပတ္ထားလိုက္သလို အနည္းငယ္တံု႕ဆိုင္းသြားေစတယ္။
သူဟာ တစ္ခ်ိန္တည္းမွာပဲ ဓားခ်က္ ၁၀ခ်က္ေလာက္ တိုက္ခိုက္လိုက္တယ္။
ဖန္း…
အေၾကးခြံနဲ႕ ေတာင္ပံၾကီးဟာ နင္ရဲ့ ဒက္ေနာ့ ဓား ၂လက္
ေပၚကို က်လာျပီးေတာ့ နင္ရဲ့ လက္ေမာင္းမွာရွိတဲ့ အရိုးေတြကို ပါ တစ္စစီ က်ိဳးေၾကသြားေစခဲ့တယ္။
ျပီးေတာ့ ေတာင္ပံက အသြားေတြဟာ ေရွာင္လိုက္တဲ့ နင္ေနာက္ကို ဆက္လိုက္လာျပီးေတာ့ နင္ရဲ့
ေရႊၾကယ္ ၀တ္စံုကိုေတာင္ ျဖတ္သြားတယ္။
ဖုန္း…
ေသြးေတြပန္းထြက္လာျပီးေတာ့ သူ႕ဘယ္ဘက္လက္ဟာ ဒက္ေနာ့ ဓားကို
ကိုင္ထားရဲ့နဲ႕ လြင့္ထြက္သြားတယ္။ နင္ရဲ့ ခႏၶာကိုယ္ဟာ ေရနက္ သံနံရံကို အထိကို လြင့္စင္သြားျပီးေတာ့
နံရံမွာ လူပံုစံ အခ်ိဳင့္ေလး ေပၚလာတယ္။ နင္ဟာ အဆက္မျပတ္ ေသြးအန္လာတယ္။
ဟူး…
Serpent wing ဟာ သူ႕ ေတာင္ပံၾကီးနဲ႕ ေနာက္တစ္ခါ ထပ္တိုက္ခိုက္ဖို႕
ရြယ္လိုက္တယ္။
“ဒီဟာ အခ်ိန္ေကာင္းပဲ”
လက္တစ္ဖက္ပဲ ရွိေတာ့တဲ့ နင္ဟာ အံကိုတင္းတင္းၾကိတ္ျပီးေတာ့
တစ္ပို္င္းတစ ပ်က္ဆီးေနတဲ့ ေလွာင္အိမ္ကေန ႏွံေကာင္လိုမ်ိဳး ခုတ္ထြက္လိုက္တယ္။ အရိပ္မဲ့ေျခသိုင္း..သူဟာ
ဒီ ေျခသိုင္းကို အစြမ္းကုန္ အသံုးခ်ျပီးေတာ့ အနီေရာင္ အလင္းတန္းတစ္ခုလို ျဖစ္သြားျပီး
အျပင္ကို ေရာက္သြားတယ္။
“ေသစမ္း!”
ဓားသြားလို ေလလႈင္းေတြဟာ တိုက္ခိုက္လာတယ္။
နင္ဟာ ေနာက္ကို ၾကည့္လိုက္ေတာ့ အရမ္းကို ၾကီးမားတဲ့
အမဲေရာင္ အရာ၀တၳဳ တစ္ခုက သူ႕ဆီကို ၀င္လာတာေတြ႕လိုက္ရတယ္။ ဒီအရာဟာ serpent wing ရဲ့
အျမီးၾကီးပါပဲ။ ဒီ အျမီးရိုက္ခ်က္ဟာ ေတာင္ပံနဲ႕ ရိုက္ခ်က္ထက္ ပို ျပီးေတာ့ ျမန္ဆန္ျပီးေတာ့
ပိုျပီး ျပင္းထန္တယ္။ အျမီးျဖတ္သန္းလာတဲ့ ေလထုေတာင္ ေပါက္ကြဲလာခဲ့ျပီးေတာ့ နဂါးန္းေတာ္ဟာ
တစ္စစီ ျပိဳက်လာတယ္။
အျမီးၾကီးဟာ နင္ကို ဖံုးလႊမ္းသြားတယ္။ နင္ရဲ့ အခုလက္ရွိ
အျမန္ႏႈန္းနဲ႕ဆိိုရင္ ဒီအျမီးကို သူဘယ္လိုမွ လြတ္ေအာင္ မေရွာင္တိမ္းႏိုင္ဘူး။
“ငါေသျပီ!”
ဆက္ပါဦးမည္>>>>>>
Chapter 3 (life and death)
Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr –
Panda
Dr – Panda ကို like
& follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…
Unicode
နင် အဝေးနားက မြွေကြီးကို ကြည့်ပြီး တီးတိုး ရေရွတ်လိုက်တယ်။
“ဒီမြွေကြီး တစ်ကိုယ်လုံးဟာ သွေးရောင် ဖြစ်နေပေမဲ့ သူ့ရင်အုပ်နားက အကြေးခွံတွေဟာ တောက်ပတဲ့ ငွေရောင် ရှိနေပြီးတော့ မျက်လုံး ၂လုံးက အနီရောင် တောက်ပနေတယ်.. အိုး… သူ့မှာ လက် သည်း ၂ဖက်လည်း ရှိနေတာပဲ”
ရွှီး.. ရွှီး..ရွှီး….
မြွေကြီးဟာ တဖြည်းဖြည်း ရွေ့လာပြီးတော့ နင်ကို ပါးပြင်းထောင်ပြီး စိုက်ကြည့်နေတယ်။ သူ့ရဲ့ မွေးရာပါ ခေါင်းမာ တတ်မှုက ဒီသူ့ရှေ့က လူငယ်ကို ဂရုစိုက်စရာတစ်ခု အနေနဲ့ မမြင်မိစေဘူး။ သူ့အတွေ့ အကြုံအရ ဒီလို မျိုးနွယ်စုတွေက လူငယ်တွေ အကုန်လုံးဟာ အရမ်းကို အားနည်းကြတယ်။ ဒီ နေရာဟာ ဂျိကလန်ရဲ့ နယ်မြေ ဖြစ်ပေမဲ့ ဒီလူငယ်ဟာ ဒီလောက် အစွမ်းထက်စရာ အကြောင်း မရှိဘူး…။
နင် တစ်ချက် ရီမောလိုက်တယ်။
သူ့အသက် တစ်ချက် ရှူထုတ်လိုက်တာ ဒီ ရှူထုတ်လိုက်တဲ့ စွမ်းအင် ကို အငွေ့တန်းအနေနဲ့ သာမာန်မျက်စိနဲ့ တောင် တွေ့လိုက်ရတယ်။ သူ့ခန္ဓာကိုယ် အနည်းငယ် နီသွားပြီးတော့ အရမ်းကို အစွမ်းထက်တဲ့ အငွေ့အသက်တွေ သူ့ကိုယ်ကနေ ထွက်လာတယ်။ ဒါကိုတွေ့တော့ အဝေးမှာ ရှိနေတဲ့ မြွေကြီး အံ့သြသွားတယ်။ သူ့ ရှေ့မှာ ရှိနေတဲ့ လူငယ်ဟာ ရုတ်တရက် သူ့ထက်အဆင့်မနိမ့်တဲ့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တွေ ထွက်လာတာကို သူမယုံကြည်နိုင်အောင် ဖြစ်သွားတယ်။
“ငါဒီတလော မိုးရေစက် ဓားသိုင်ကို သေချာ မလေ့ကျင့်ဖြစ်ဘူး ။ အခုတော့ မင်းနဲ့ လေ့ကျင့်ရမယ်။”
နင်ဟာ ရုတ်တရက် အရှေ့မီတာ အကွာအဝေး တော်တော် များများကို ပြေးသွားပြီးတော့ လက်ထဲကဓားနဲ့ လျှပ်စီးလက်လိုက်သလို မြွေကြီးကို ထိုးလိုက်တယ်။ မြွေကြီးကလည်း သူ့လက်သည်းကြီး နှစ်ဖက်နဲ့ လခြမ်းကွေးလို တစ်ချက် ဝိုက်ဆွဲပြီး ပြန် တိုက်ခိုက်လိုက်တယ်။
ရွှပ်.. ရွှပ်..ရွှပ်..
ဓားရောင်တွေဟာ ရာနဲ့ချီအောင် လက်သွားပြီးတော့ တစ်ချက်ပြီးတစ်ချက် အနီရောင် မြွေကြီးဆီကို ဦးတည်တိုးဝင်သွားတယ်။ မြွေကြီးဟာ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဦးတည်လာတဲ့ ဓားချက် ၃ချက်ပဲ ရှောင်တိမ်းနိုင်ခဲ့တယ်။ ကျန်တဲ့ ဓားချက်တွေကိုတော့ ထိပ်တိုက် ရင်ဆိုင်ခဲ့တယ်။ သူ့ ခန္ဓာကိုယ်မှာ အဖြူရောင် အစက်တွေ ပေါ်လာတာကြောင့် မြွေကြီးဟာ ဒီလူငယ်ရဲ့ အစွမ်းဘယ်လောက်ထက်မလဲကို သဘောပေါက်သွားတယ်။
ဝူး..
ထူးခြားတဲ့ အသံတစ်ခုထွက်ပေါ်လာတယ်။ ဒီအသံဟာ နင်ရဲ့ ဓားချက်က လေကိုခွဲပြီးတော့ မြွေကြီးရဲ့ ရင်ဝကို တိုးဝင်သွားတဲ့ အသံပါ။ ဒီဓားချက်ဟာ မြွေကြီးရဲ့ ရင်ဘတ်မှာ ၂မီတာလောက် ကျယ်တဲ့ ဓားဒဏ်ရာကြီးကို ပေါ်လာစေတယ်။ ဒီဒဏ်ရာဟာ မြွေကြီးရဲ့ အကြေးခွံကို ခွဲသွားပြီးတော့ အတွင်းက မာဆယ်တွေပါ ပြတ်ထွက်ကုန်တယ်။ သွေးတွေဟာ ဒဏ်ရာကနေ ဖြာကျလာတယ်။
Roarrrr….
မြွေကြီးဟာ အလွန်မင်းထိတ်လန့်သွားတယ်။ သူ့ရှေ့က ဒီလူငယ်က ဘာလို့ဒီလောက်တောင် အစွမ်းထက်နေရတာပါလိမ့်။
…..
နင်ဟာ တစ်ချိန်တုန်းက လစားမြွေခွေးကြီးနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံမရှိတဲ့ လူငယ်လေးတစ်ယောက် မဟုတ်တော့ဘူးလေ။ သူ့တစ်ဘဝလုံး မွန်းစတားတွေနဲ့ တိုက်ခိုက်ခဲ့လို့ အတွေ့အကြုံတွေ အများကြီးရှိနေပြီ။ အခုလောလောဆယ်တောင် သူ့အစွမ်း တစ်ဝက်ပဲ ထုတ်သုံးထားရသေးတယ်။ ဒါပေမဲ့ အရိပ်မဲ့ ခြေသိုင်းနဲ့ မိုးရေစက် ဓားသိုင်းရဲ့ နက်နဲလွန်းတဲ့ အစွမ်းတွေကြောင့် သူ့မှာ အရေးနိမ့်စရာ မရှိသေးဘူး။
နင်ဟာ ပထမဆုံး “အဆက်မပြတ် မိုးရေ ” ဓားသိုင်းကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ဒီဟာက မြွေကြီးအပေါ်သိပ်ပြီးတော့ မထိရောက်ဘူး။
နောက်တော့ နင်ဟာ အရမ်းကို အစွမ်းထက်တဲ့ သတ်ဖြတ်မှု ပြင်းထန်တဲ့ “မိုးရေမျဉ်းကြောင်း ” ဓားသိုင်းကို သုံးခဲ့တယ်။ ဒီ ဓားကွက်ဟာ မြွေကြီး ရဲ့ ရင်ဝမှာ ကြီးမားတဲ့ ဒဏ်ရာကြီးကို ဖြစ်စေခဲ့တယ်။
နောက်တော့ နင်ဟာ “မိုးရေစက်က ကျောက်တုံကို ဖောက်ထွက်” အကွက်ကို အသုံးပြုခဲ့တယ်။
ဆက်ပြီးတော့ နင်ဟာ မြွေကြီးရဲ့ တန်ပြန် တိုက်ခိုက်မှုတွေကို “အလျဉ်မပြတ် စမ်းချောင်းငယ်” အကွက်နဲ့ ခုခံကာကွယ်ခဲ့တယ်။
မိုးရေစက် ဓားသိုင်းမှာ သိုင်ကွက်ကြီး ၉ကွက်ရှိတယ်။
ဒီ သိုင်းကွက်တွေက “အဆက်မပြတ် မိုးရေ” ၊“လေပြင်း ကန့်လန့်ကာ ”၊ “ရေပက်မဝင်”၊ “မိုးရေမျဉ်းကြောင်း”၊ “မပျက်ဆီးသော ရေစီးကြောင်း”၊ “ခွင့်လွှတ်ခြင်းမဲ့ ရေစီး” နဲ့ “အလျဉ်မပြတ် စမ်းချောင်းငယ်” အကွက်တွေပါပဲ။
တစ်ချို့ အကွက်တွေက ကာကွယ်တဲ့ အကွက်တွေ ဖြစ်ပြီးတော့ တစ်ချို့ကတော့ တိုက်ခိုက်တဲ့ အကွက်တွေ ဖြစ်တယ်။
တိုက်ခိုက်တဲ့ အကွက်တွေမှာတောင် ခုခံကာကွယ်မှုရဲ့ သဘောသဘာဝတွေ ပါဝင်နေတယ်။ ဒီလို နက်နဲလှတဲ့ ဓားသိုင်းဟာ နင်ကို အံ့သြမှုဖြစ်စေပြီး သူသက်ပြင်းချမိတယ်။ သူဟာ ဒီ ဓားသိုင်းကို ကျွမ်းကျင်တဲ့ အဆင့်တောင် မရောက်သေးဘူးလေ။နှစ်ပေါင်းများစွာက အောင်မြင်သွားတဲ့ သူ့အဖေတောင် ဒီဓားသိုင်းဟာ နားလည် မှု ပို နက်ရှိုင်းလေလေ ဓားသိုင်းရဲ့ နယ်ပယ်ဟာ ပိုပြီး ကျယ်ပြန့်လေလေလို့ ပြောခဲ့တယ်။
“ဒီ ဓားသိုင်းဟာ အဆုံမရှိတဲ့ စီးဆင်းခြင်းပဲ။ တားမြစ်ထားခြင်းမရှိဘူး။ လွတ်လပ်စွာ စိတ်ကူးအတိုင်း တိုက်ခိုက်နိုင်တယ်။”
ဒီလို ဖင်းဂေါ့သွေးပါတဲ့ မွန်းစတားကြီးကို ဆက်တိုက် တိုက်ခိုက်လာတာမှာ နင်ဟာ ဓားသိုင်းနဲ့ ပတ်သက်ပြီး ဉာဏ်အလင်းတွေ တစ်ခုပြီးတစ်ခု ပွင့်လာခဲ့တယ်။
ဒါပေမဲ့ မြွေကြီးကတော့ ဒေါသတွေ ပေါက်ကွဲလာတယ်။
သူဟာ ဒီလူငယ်ဟာ သူ့ကို ဓားသိုင်းကျင့်ဖို့ အသုံးချနေမှန်း သိသွားတယ်။ သူ့ကိုယ်မှာ ဒဏ်ရာတွေ အများကြီး ရနေပေမဲ့ ဘယ်ဟာ မှ အသက် အန္တာရာယ် မရှိဘူး။ ဒါပေမဲ့ သူ့ရှေ့က လူငယ်ဟာ ဒဏ်ရာနည်းနည်းပဲ ရထားပြီး ရထားတဲ့ ဒဏ်ရာတွေက မျက်စိတစ်မှိတ်အတွင်းမှာ ပြန်ကောင်းသွားတယ်။ သူ့ရှေ့က လူငယ်ဟာ အလွန် ကြောက်စရာကောင်းမှန်း သူသဘောပေါက်သွားတယ်။ သူဟာ ဒီ လူငယ်ရဲ့လက်မှာ သေရမှာကို အလွန် ထိတ်လန့်လာတယ်။
ဒါပေမဲ့ သူသေရရင်တောင် သူ့ရဲ့ မွေးရာပါ ခေါင်းမာမှုနဲ့ မာနက ဒီလိုမျိုး ကစားခံရပြီးသေတာကို လက်မခံနိုင်ဘူး။
Roarrrr…
မြွေကြီးဟာ မြေကြီးတုန်ခါသွားတဲ့အထိ ဒေါသတကြီး အော်ဟစ်လိုက်တယ်။ သူဟာ သေရမှာကို သိသွားလို့ လက်မခံနိုင်တဲ့အတွက် အလွန်ကို ဒေါသထွက်လာတယ်။
…
သူ မာန်ဖီသံဟာ လေထုကိုတောင်မှ အက်ကွဲသွားစေခဲ့တယ်။
ဂျိကလန်ရဲ့ အတွင်းစည်းက ကောင်းကင်ယံထက်မှာ တိမ်တိုက်တွေ အများကြီး အုံ့ဆိုင်းနေတယ်။ တိမ်တိုက်တစ်ခုထဲမှာတော့ တောင်ပံနက်နဲ့ မြွေကြီး ရှိနေတယ်။
Roarrrr…
ဒီ မာန်ဖီသံဟာ ကောင်းကင်ယံအထိကို ရောက်လာတဲ့အခါမှာ တော်တော် အားပျော့နေပါပြီ။ ဒါပေမဲ့ serpentwing ကြီးဟာ အရမ်းကို စူးရှတဲ့ အာရုံရှိပါတယ်။ ပြီးတော့ ဒီအသံဟာ သူ့အတွက် အရမ်းကို ရင်းနှီးနေတယ်။
“ဒါ ငါ့သားလေး၊ အမြီးနီလေး။”
Serpentwing မြွေမိစ္ဆာကြီးဟာ သေချာသွားခဲ့ပါပြီ။ သူဟာ အတွင်းပိုင်းမြို့တော်ကို သေချာ ရှာဖွေနေခဲ့တာ။ သူဟာ ကီလိုမီတာ တော်တော်အဝေးက လှောင်အိမ်လို့ခေါ်တဲ့ အဆောက် အဦးကို သေချာ မြင်ရပါတယ်။ ဒါပေမဲ့ မြူနှင်းတွေနဲ့ လှောင်အိမ်ထက်က သံကြိုးတွေရယ်ကြောင့် သူဟာ ဒီလှောင်အိမ်ဟာ ဘာမှန်း သေချာ မပြောနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ သိပ်မကြာခင်လေးကပဲ
…..
ဒီ အသံကို ကြားလိုက်ရတဲ့ အခါမှာ အသံဟာ လှောင်အိမ်ရှိတဲ့ နေရာကနေ ထွက်လာမှန်းး သိလိုက်တယ်။
“အဲ့ဒီ နေရာပဲ..”
Serpentwing မြွေမိစ္ဆာကြီးဟာ တိမ်တွေ မြူနှင်းတွေနဲ့ ကိုယ်ရောင်ဖျောက်ပြီး တစ်ဟုန်ထိုး ပြေးဆင်းသွားတယ်။
….
လှောင်အိမ်ထဲမှာတော့…
နင်ဟာ အနီရောင် မြွေဆီကနေ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်သံကို နားထောင်ပြီး ဒီမြွေဘယ်လို ခံစားနေရလဲဆိုတာ သူသိသွားတယ်။ သူ့လက်ထဲမှာ ဓားတစ်ချောင်း ပေါ်လာပြီ…
“မင်းက သေဖို့ တောင်းပန်နေတာဆိုတော့…ကဲ သေလိုက်ပါတော့..”
ရွှပ်…
နင်ဟာ ချက်ချင်းပဲ လေပြင်းလို အရှိန်နဲ့ အနီရောင် မြွေကြီးဆီ ဦးတည် တိုးဝင်သွားတယ်..
ဓားရောင် တစ်ချက်လက်သွားတယ်။
ဓားသိုင်း ၂မျိုး…
[Thunderflame Sword] – Thunderflash Flint! Blazing Thunderclap!
[Raindrop Sutra] – Merciless Waterflow! Raindrop Pierces Rocks!
ရွှပ်…
မြွေကြီးရဲ့ အနီရောင် မျက်လုံးတွေ တဖြည်းဖြည်း အရောင်တွေ ပျောက်ကွယ်သွားတယ်။ မြွေကြီးရဲ့ ဦးခေါင်းမှာတော့ သူ့ဦးခေါင်းခွံကို ပါ ဖောက်ထွက်သွားတဲ့ ပေါက်တစ်ပေါက် ရှိနေတယ်။ သူ့ခန္ဓာကိုယ်ကြီးဟာ မြေကြီးပေါ်က ရွှံ့နွံထဲကို ဘုန်းဘုန်း လဲကျသွားတယ်။ မြေကြီးမှာ သွေးတွေ အိုင်ထွန်းသွားတယ်။
အင်း…
နင်ဟာ မြွေကြီးရဲ့ ကိုယ်ပေါ်က ဒဏ်ရာကို သေချာ လေ့လာလိုက်တယ်။ သူ့ဓားသိုင်း ဘယ်လောက်တောင် အစွမ်းထက် နေလဲဆိုတာကို လေ့လာတာပါ။
“Blazing thunder clap အကွက်ဟာ အရမ်းကို အစွမ်းထက်တာပဲ။ ဒီဓားသိုင်းဟာ မြွေကြီးရဲ့ ရင်အုံမှာ အပေါက်ကြီးကို ဖြစ်စေရုံတင်မကဘူး မြွေကြီးကိုတောင် နှစ်ခြမ်းနီးပါး ခြမ်းလိုက်နို်င်တယ်။”
သူဆက်ပြီးတော့ လေ့လာလိုက်တယ်။
“merciless waterflow and thunderflash flint သိုင်းကွက် ၂ခုလုံးဟာ မြန်ဆန်တယ်ဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ အနှစ်သာရကို သိနိုင်တယ်။ merciless waterflow ဟာ အရမ်းမြန်ပြီးတော့ ခန့်မှန်းလို့ မရနိုင်အောင် နက် နဲပြီး thunderflash flint ကတော့ မြန်ဆန်ပြီး ပေါက်ကွဲမှုပြင်းထန်တယ်”
“raindrop pierce rocks အကွက်ကတော့ အရမ်းကို ဖောက်ထွက်နိုင်စွမ်း မြင့်မားပြီးတော့ မြွေကြီးရဲ့ ဦးခေါင်းခွံကိုတောင် ဖောက်ထွက်သွားနိုင်တယ်။”
နင် ခေါင်းညိတ်ပြီး ရေရွတ်လိုက်မိတယ်။
လှောင်အိမ်ပေါ်က ကောင်းကင်ကနေပြီးတော့ အရမ်းကြီးမားတဲံ သတ္တဝါကြီးဟာ တိမ်တိုက်တွေနဲ့ ဆင်းသက်လာတယ်။ Serpentwing နဲ့ သူ့သား အမြီးနီကို နှိုင်းယှဉ်လိုက်ရင် အမြီးနီဟာ ဝါလုံးသာသာ အရွယ်ပဲ ရှိတော့တယ်။ serpentwing ရဲ့ နီရဲနေတဲ့ မျက်လုံးကြီးဟာ လှောင်အိမ်ထဲက အဖြစ်အပျက်တွေကို အစအဆုံးတွေ့လိုက်ရတယ်။ သူဟာ သွေးအိုင်ထဲ လဲကျနေတဲ့ မြွေကြီးကို မြင်လိုက်ရတော့ သူ အရမ်းဒေါသတွေထွက်သွားတယ်။ သူ့တစ်ကိုယ်လုံး မီးတောက်လောင်သလို ခံစားလိုက်ရတယ်။
“ငါ့သားလေး…”
“လူသား။ ငါ့သားလေးသေသွားတဲ့အတွက် မင်း ပြန်ပေးဆပ်ရမယ်။”
ဖန်း…
လှောင်အိမ်အပြင်ဘက်ကနေ စွမ်းအင် လှိုင်းကို အာရုံရလိုက်လို့ နင်မော့ကြည့်လိုက်မိတယ်။
“ဘာပါလိမ့်!”
နင်ဟာ ကောင်းကင်ထက်မှာ တောင်ပံကြီးနဲ့ မြွေကြီးက သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ ဒီ သတ္တဝါကြီးက သူ့ဆီကို ဦးတည်ပြီးတော့ တဟုန်ထိုး တိုးဝင်လာနေတယ်။ သူ့တောင်ပံတစ်ဖက်ဟာ လှောင်အိမ်ထက်တောင် ကြီးသေးတယ်။
မြွေကြီးဟာ သတ်ဖြတ်ချင်စိတ်တွေ အရမ်း ပြင်းထန်နေတယ်။ နင် ထိတ်လန့်သွားတယ်။ ဒီသတ္တဝါကြီးက သူ့ဆီကို ဦးတည်ပြီး လာနေတာ။
“မကောင်းဘူး။ ပြေး….”
နင် ချက်ချင်းပဲ ထွက်ပြေးဖို့ ပြင်ဆင်လိုက်တယ်။
ဒါပေမဲ့ သူ့လှောင်အိမ်ထဲက တံခါးတွေက ပိတ်ထားတာကို သူသတိရသွားတယ်။ ပြောရရင် တိုက်ပွဲတိုက်နေတုန်းမှာ လှောင်အိမ်တံခါးတွေ ဟာ ထွက်ပြေးလို့ မရအောင် သေချာပိတ်ထားတယ်။ တိုက်ပွဲမှာ အနိုင်ရမှသာ လှောင်အိမ်တံခါးဖွင့်ဖို့ ပြန် အမိန့်ပေးမှ ဖွင့်ပေးမှာ ဖြစ်တယ်။ ဒါပေမဲ့ သူက တိုက်ပွဲပြီးတော့ မြွေကြီးကို လေ့လာနေလို့ အမိန့်ပေးဖို့ မေ့သွားခဲ့တယ်။
ပြီးတော့ ဂျိနင်ရဲ့ တိုက်ပွဲတိုင်းမှာ တခြားလူတွေကို ကြည့်ခွင့်မရအောင် တားမြစ်ထားတယ်။ သူ့အဖေတစ်ယောက်ပဲ သူ့တိုက်ပွဲကို ကြည့်ခွင့် ရှိတယ်။
ပြောရမယ်ဆိုရင် သူ့ရဲ့ အစွမ်းအမှန်ဟာ လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်လေ။ ဥပမာ အနေနဲ့ သူဟာ ဓား၂လက် ကို တစ်ပြိုင်ထဲ အသုံးပြုနိုင်တာမျိုး ဒါမှမဟုတ် ဟိုတျန် အဆင့် ဂေါ့ သတ္တဝါကို သာမန် လက်နက် အသုံးပြုပြီး သတ်ဖြတ်ခဲ့တာကို အပြင်လူတွေက ရတနာ ဓားနဲ့ သတ်လိုက်တယ်ဆိုပြီး သိကြတာမျိုးတွေပေါ့။
ရွှမ်း.. ရွှမ်း…
နင်ဟာ သူ့ ဓား၂လက်ကို လွှင့်ပစ်လိုက်ပြီးတော့ ဒက်နော့ darknorth ဓား ၂ချောင်းကို ထုတ်လိုက်တယ်။
ပျက်ဆီးစမ်း…
နင်ဟာ အစွမ်းကုန် သုံးပြီးတော့ သူ့အပေါ်မှာရှိတဲ့ သံကြိုးကြီးတွေကို ခုတ်ဖြတ်လိုက်တယ်။ ပြီးတော့ ရင်ခေါင်းသံနဲက အတွင်းအားထည့်ပြီးတော့ အော်လိုက်တယ်။
“အဖေ!!!!”
အသံဟာ ပဲ့တင်သံတွေ ထွက်လာခဲ့တယ်။ ဒါပေမဲ့ အသံရဲ့ အလျင်ဟာ serpentwing မြွေမိစ္ဆာကြီးရဲ့ ဆင်းသက်လာတဲ့ အမြန်နှုန်းထက် နည်းနည်း နှေးနေတယ်…
ထန်း..ထန်း..ထန်း..
နင်ရဲ့ darknorth ဒက်နော့ ဓားနဲ့ သံကြိုးကြီးတွေကို အဆက်မပြတ် ခုတ်ထစ်ပစ်လိုက်တယ်။သူကအဖေက တစ်ခါပြောဖူးသလို သူသာ အနီရောင် ကောင်းကင်ကိုးဆင့် အစွမ်းနဲ့ သူ့ရဲ့ ခွန်အားတွေ အကုန်လုံးကို ပေါင်းစပ်လိုက်ရင် ဒီသံကြိုးတွေကို ဖြတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ သံပိုက်ကွန်ဟာ သံကြိုးတွေ အများကြီး ပါတဲ့အတွက် သံကြိုးတွေက လွတ်အောင် သူဟာ အသက် ၁၀ခါ ရှူချိန်တော့ လိုအပ်တယ်။
ဒါပေမဲ့ နင်မှာ အခု အင်မတန် ထက်တဲ့ ဒက်နော့ ဓားတွေ ရှိနေပြီ။
ထန်း..ထန်း..ထန်း..
ကြိုးတွေစာ တစ်ကြိုးပြီး တစ်ကြိုး ပြတ်ကုန်တယ်။ ဒါပေမဲ့ လွတ်ဖို့ ပိတ်နေတဲ့ သံကြိုးတွေ အများကြီး ရှိသေးတယ်။ သူ့အတွက် အသက် ၁ခါ ရှူချိန်လောက် လိုအပ်တယ်။
အသက် တစ်ခါရှူချိန်!!!
ကြောက်မက်ဖွယ် သတ္တဝါကြီးဟာ စက္ကန့် မခြား သူ့ဆီ ရောက်တော့မှာ…
သူဟာ သံကြိုးတွေကို ခုတ်နေရင်းနဲ့ သူ့မှာ အချိန် မရှိတော့တာ နားလည်သွားတယ်။
အကြေးခွံတွေနဲ့ တောင်ပံကြီးဟာ လေကိုခွင်းပြီးတော့ သံပိုက်ကွန်ကို တစ်ချက် ရိုက်လိုက်တယ်။ ဒီ သံကြိုးတွေဟာ နင်အတွက်တော့ မာကျောနေသေးပေမဲ့ အနှစ် ၁၀၀၀ မိစ္ဆာကြီး အတွက်တော့ ဖော့ကြိုးတွေလိုပါပဲ။ ကြိုးပြတ်သံတွေဟာ ဆူညံသွားတယ်။ ဒီ တောင်ပံကြီးဟာ နင်ဆီကို ဆက်ပြီးတော့ ဦးတည်လာနေတယ်။
“ငါ့သားအသက်အတွက် မင်းအသက် ပြန်ပေးဆပ်ရမယ်။”
Serpent wing က နင်ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။
ဝှစ်..
နင် ဟာ ဓား ၂လက်ကို လက်မှာ ကိုင်ပြီးတော့ ရှောင်လိုက်တယ်။ တစ်ချိန်တည်းမှာ ဓား ၂လက်လုံးနဲ့ ဓားသိုင်တစ်ကွက်ကို အတူတူ ထုတ်လိုက်တယ်။ “အဆုံးမရှိ ရေစီးငယ်” သူ့ဓားရောင် တစ်ချက်လက်သွားပြီးတော့ ဝင်ရောက်လာတဲ့ တောင်ပံကို ရင်ဆိုင်လိုက်တယ်။
ဓားချက်တွေတစ်ချက်ပြီး တစ်ချက်ထပ်သွားပြီးတော့ အဆုံးမရှိတဲ့ ဓားပိုက်ကွန် အသွင် ပြောင်းလဲသွားတယ်။ ဒီ ဓားသိုင်းဟာ တစ်ဖက်ရန်သူရဲ့ တိုက်ခိုက်မှုကို ပိုးချည်မျှင်တွေ အထပ်ထပ် ရစ်ပတ်ထားလိုက်သလို အနည်းငယ်တုံ့ဆိုင်းသွားစေတယ်။
သူဟာ တစ်ချိန်တည်းမှာပဲ ဓားချက် ၁၀ချက်လောက် တိုက်ခိုက်လိုက်တယ်။
ဖန်း…
အကြေးခွံနဲ့ တောင်ပံကြီးဟာ နင်ရဲ့ ဒက်နော့ ဓား ၂လက် ပေါ်ကို ကျလာပြီးတော့ နင်ရဲ့ လက်မောင်းမှာရှိတဲ့ အရိုးတွေကို ပါ တစ်စစီ ကျိုးကြေသွားစေခဲ့တယ်။ ပြီးတော့ တောင်ပံက အသွားတွေဟာ ရှောင်လိုက်တဲ့ နင်နောက်ကို ဆက်လိုက်လာပြီးတော့ နင်ရဲ့ ရွှေကြယ် ဝတ်စုံကိုတောင် ဖြတ်သွားတယ်။
ဖုန်း…
သွေးတွေပန်းထွက်လာပြီးတော့ သူ့ဘယ်ဘက်လက်ဟာ ဒက်နော့ ဓားကို ကိုင်ထားရဲ့နဲ့ လွင့်ထွက်သွားတယ်။ နင်ရဲ့ ခန္ဓာကိုယ်ဟာ ရေနက် သံနံရံကို အထိကို လွင့်စင်သွားပြီးတော့ နံရံမှာ လူပုံစံ အချိုင့်လေး ပေါ်လာတယ်။ နင်ဟာ အဆက်မပြတ် သွေးအန်လာတယ်။
ဟူး…
Serpent wing ဟာ သူ့ တောင်ပံကြီးနဲ့ နောက်တစ်ခါ ထပ်တိုက်ခိုက်ဖို့ ရွယ်လိုက်တယ်။
“ဒီဟာ အချိန်ကောင်းပဲ”
လက်တစ်ဖက်ပဲ ရှိတော့တဲ့ နင်ဟာ အံကိုတင်းတင်းကြိတ်ပြီးတော့ တစ်ပိုင်းတစ ပျက်ဆီးနေတဲ့ လှောင်အိမ်ကနေ နှံကောင်လိုမျိုး ခုတ်ထွက်လိုက်တယ်။ အရိပ်မဲ့ခြေသိုင်း..သူဟာ ဒီ ခြေသိုင်းကို အစွမ်းကုန် အသုံးချပြီးတော့ အနီရောင် အလင်းတန်းတစ်ခုလို ဖြစ်သွားပြီး အပြင်ကို ရောက်သွားတယ်။
“သေစမ်း!”
ဓားသွားလို လေလှုင်းတွေဟာ တိုက်ခိုက်လာတယ်။
နင်ဟာ နောက်ကို ကြည့်လိုက်တော့ အရမ်းကို ကြီးမားတဲ့ အမဲရောင် အရာဝတ္ထု တစ်ခုက သူ့ဆီကို ဝင်လာတာတွေ့လိုက်ရတယ်။ ဒီအရာဟာ serpent wing ရဲ့ အမြီးကြီးပါပဲ။ ဒီ အမြီးရိုက်ချက်ဟာ တောင်ပံနဲ့ ရိုက်ချက်ထက် ပို ပြီးတော့ မြန်ဆန်ပြီးတော့ ပိုပြီး ပြင်းထန်တယ်။ အမြီးဖြတ်သန်းလာတဲ့ လေထုတောင် ပေါက်ကွဲလာခဲ့ပြီးတော့ နဂါးန်းတော်ဟာ တစ်စစီ ပြိုကျလာတယ်။
အမြီးကြီးဟာ နင်ကို ဖုံးလွှမ်းသွားတယ်။ နင်ရဲ့ အခုလက်ရှိ အမြန်နှုန်းနဲ့ဆိုရင် ဒီအမြီးကို သူဘယ်လိုမှ လွတ်အောင် မရှောင်တိမ်းနိုင်ဘူး။
“ငါသေပြီ!”
ဆက်ပါဦးမည်>>>>>>
Chapter 3 (life and death)
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Comments
Post a Comment