ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ BOOK 2 Chapter 3 (သေခြင်း ရှင်ခြင်း)
ရီချွမ်ဟာ သူ့
သူ့မိန်းမ စနိုးဟာ
ဟင်…
ရီချွမ်ကော စနိုးပါ
“နဂါးနန်းတော်”
“နင်!!!!!!”
“အဆိပ်ကောင်ကြီး!!”
ရီချွမ် အရမ်းကို
“၀ုန်း..”
ဖန်း..ဖန်း..ဖန်း…
…
“အား… မဖြစ်နိုင်ဘူး..”
ဝှစ်..
ထုတ်သုံးခဲ့တယ်။
ဟူး..
ဟူး..
ဖန်း!!!!!
လွင့်စင်ထွက်ကုန်တယ်။
ဖန်း….
“မဖြစ်နိုင်ဘူး…..”
သတ်နိုင်ခဲ့တာ။
ဖန်း..ဖန်း..ဖန်း..
သေ! သေ…သေ…
ဟား..ဟား..ဟား…
ရှိတဲ့ သက်ရှိတွေအထိ အကုန်သေဆုံးကုန်တယ်။
“လေ လို အရိပ်လို….”
“လေအရိပ် ခြေလှမ်း”
“ကမ္ဘာနဲ့ တစ်သားတည်း”
……
လူသားတွေဟာ မွန်းစတားတွေထက် နားလည်မှု ဥာဏ်ပညာ ပိုပြီးတော့
“Dammit…”
“အဆိပ်ကောင်ကြီး!!!”
ထင်နေလို့လား!!”
ဖန်း!!
ဓားချက်က ဖြတ်သွားတယ်။
အနောက်ပိါုင်းဂျိကလန်ရဲ့ နံပါတ်တစ် အိတ်စပတ်ဟာ အရမ်းကို
ဟူး!!!
“အဆိပ်ကောင်ကြီး!!!!”
“သေစမ်း”
ပါဝင်နေပါတယ်။
“သွားစို့”
ဟူး!!!
…..
အား…
အား…
“ဆက်စမ်း”
……
“နင်!”
ပြန်ဖက်လိုက်တယ်။
“မင်းလက်က….”
“ကောင်းပါတယ်။ ကြည့်ပါဦး။”
ခံစားလိုက်ရတယ်။
သတ်ရမယ်။”
“သွားသတ်ကြမယ်။”
Chapter 3 ပြီးပါပြီ
ဆက်ပါဦးမည်>>>>>>
Chapter 4 (ရီချွမ်ဒေါသ)
Novel – Desolate era
ဘာသာပြန်သူ - Dr –
Panda
Dr – Panda ကို like
Thanks u all…
ရီချွမ်ဟာ သူ့ ပန်းခြံဝင်းထဲမှာ ဓားရှည်နဲ့ သစ်တုံးတွေကို ခုတ်ပြီးတော့ လေ့ကျင့်နေတယ်။ သူဟာ သာမာန် ခုတ်တဲ့ အကွက်တွေပဲသုံးပြီးတော့ အားတစ်စုံတစ်ရာမထည့်ပဲ လေ့ကျင့်နေတာဆိုတော့ သစ်တုံးတွေစ မပြတ်ထွက်သွားပဲ ဓားရာတွေပဲ ကျန်ခဲ့တယ်။
သူ့မိန်းမ စနိုးဟာ ရေပုလင်းကိုင်ပြီးတော့ အနီးအနားမှာ ရပ်ပြီး ပြုံးပြီးကြည့်နေတယ်။ တစ်ခါတစ်လေ ရေပုလင်းထဲကရေနဲ့ အနီးအနားက အပင်တွေကိုပက်လိုက်သေးတယ်။
ဟင်…
ရီချွမ်ကော စနိုးပါ တစ်နေရာတည်းကို စိုက်ကြည့်လိုက်ကြတယ်။ သူတို့ နှစ်ယောက်လုံး စွမ်းအင်လှိုင်းပေါက်ကွဲမှုကို ခံစားလိုက်မိကြတယ်။
“နဂါးနန်းတော်”
ရီချွမ်ကော စနိုးကော အမိုးပေါ်ကို တစ်ပြိုင်တည်း ခုန်တက်လိုက်ပြီးတော့ နဂါးနန်းတော် ရှိတဲ့ နေရာကို စိုက်ကြည့်လိုက်ကြတယ်။
နဂါးနန်းတော်ဟာ မြို့အတွင်းပိုင်းနဲ့ တော်တော် အလှမ်းဝေးတဲပနေရာမှာ တည်ဆာက်ထားတာ။ ပြောရရင် သူတို့ရှိနေတဲ့ နေရာကနေ ၂ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ရှိနေတယ်။
သူတို့တွေ မြင်လိုက်ကြရတယ်…
နဂါးနန်းတော်ရဲ့ အထက်မှာ အလွန်ကို ကြီးမားတဲ့ Serpent wing ကြီး ရှိနေတာပဲ။ မြွေမိစ္ဆာကြီးရဲ့ တောင်ပံဟာ နဂါးနန်းတော် တစ်ခုလုံးကို အုပ်မိုးထားတယ်။ ပြီးတော့ သွေးတွေ ပေနေတဲ့ လူငယ်တစ်ယောက်ဟာ နဂါးနန်းတော်ကနေ အသက်လု ပြေးလာနေတယ်။ ဒါပေမဲ့ မြွေမိစ္ဆာကြီးရဲ့ အမြီးက လူငယ်ဆီကို မိုးကြိုးလို အရမ်းမြန်တဲ့ အလျင်နဲ့ ဦးတည်သွားနေတယ်။
စနိုး မျက်လုံးတွေ နီရဲလာပြီးတော့ အော်ဟစ်လိုက်တယ်…
“နင်!!!!!!”
ဒါပေမဲ့ အရမ်းကို ဝေးကွာလွန်းနေတယ်….
ဘယ်လိုမှ အချိန် မလောက်နိုင်ဘူး…
“အဆိပ်ကောင်ကြီး!!”
ရီချွမ် အရမ်းကို ဒေါသထွက်သွားတယ်။ ဒေါသနဲ့ အော်လိုက်ပြီးတော့ သူ့လက်ထဲက အပြာရောင် ဓားနဲ့ ခုတ်ချလိုက်တယ်။
“ဝုန်း..”
တောက်ပတဲ့ အပြာရောင် အလင်းတွေ ဖြာထွက်လာတယ်။ မီတာ ၃၀၀ လောက် ရှည်တဲ့ ဓားအလင်းတန်းဟာ တဖြည်းဖြည်းနဲ့ Serpentwing ထက်တောင် ကြီးမားလာတယ်။ ဒီ ဓားအလင်းတန်းဟာ လေကို ဖြတ်သန်းသွားပြီးတော့ Serpentwing ဆီကို တည့်တည့်တိုးဝင်သွားတယ်။
ဖန်း..ဖန်း..ဖန်း…
အဝေးမှာ ရှိနေတဲ့ serpentwing ရဲ့ အမြီးဟာ မျက်စိတစ်မှိတ်အတွင်းမှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်မှုကို ခံလိုက်ရတယ်။ ဒိတိုက်ခိုက်မှုအောက်မှာ နဂါးနန်းတော်ဟာ လုံး၀ ပြိုကျပျက်ဆီးသွားပြီးတော့ ကျောက်တုံးတွေဖုန်မှုန့်တွေ အများကြီး လေထဲ ဝဲကုန်တယ်။ နဂါးနန်းတော် အနီး ရှိနေတဲ့ ဂျိကလန်ဝင်တွေနဲ့ အခိုင်းအစေတွေဟာ ဒဏ်ရာရ သူကရ သေသူကသေ နဲ့ သွေးတွေဟာ နေရာအနှံ့ စွန်းထင်းနေတယ်။ နဂါးနန်းတော်ထဲက ဖမ်းထားတဲ့ မွန်းစတားတွေတောင် တစ်ခါတည်း သေဆုံးကုန်ကြတယ်။
…
နင် ဟာ လှောင်အိမ်ထဲက ပြေးထွက်လာတော့ အမြီးကြီးနဲ့ တိုက်ခိုက်တာ ခံလိုက်ရတယ်။ သူ့ရဲ့ ရွှေကြယ် ဝတ်စုံဟာ ဒီ မွန်းစတားကြီးအတွက် စက္ကူတစ်ရွက်သာသာ အစွမ်းပဲ ရှိတယ်။ သူဟာ ဟိုတျန် နောက်ဆုံးအဆင့် ရောက်သူသာ ဖြစ်သေးတဲ့အတွက် သူ့ကို အသားလုံးဖြစ်အောင် ဟိုက ဖြစ်ညစ်သတ်လိုက်လို့တောင် ရတယ်။
“အား… မဖြစ်နိုင်ဘူး..”
နင်ဟာ ဒီလို သန်မာတဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဘဝ၊ မိဘတွေရဲ့ ချစ်ခင်ခြင်းကို ခံရတဲ့ ဘဝ၊ တန်ခိုးရှင် ဖြစ်အောင် ကျင့်ကြံနိုင်တဲ့ ဘဝ၊ ကိုယ့် ကံကြမ္မာကို ကိုယ်က စီရင်နိုင်တဲ့ ဘဝမှာ သူမသေချင်သေးဘူး။ သူအခု အချိန်အများကြီး ပေးပြီး လေ့ကျင့်ခဲ့တာ အားလုံးဟာ အစပဲ ရှိသေးတယ်။ သူဒီလို သေဆုံးရမှာကို လက်မခံနိုင်ဘူး။
ဝှစ်..
နကင်ဟာ အရိပ်မဲ့ ခြေသိုင်းကို အစွမ်းရှိသလောက် အကုန် ထုတ်သုံးခဲ့တယ်။
မြန်ရမယ်၊ ပိုပြီး မြန်ရမယ်…
ဟူး..
ဟူး..
နင် ခန္ဓာကိုယ်တစ်ခုလုံးဟာ လေကို ထိုးခွဲသံတွေ ထွက်လာနေတယ်။
ဖန်း!!!!!
မြွေကြီးရဲ့ အမြီးဟာ နင် ရှိနေရာကို ဖြတ်ကျော်သွားပြီးတော့ နဂါးနန်းတော် ကျောက်နံရံကို သွားရိုက်လိုက်တယ်။ နဂါးနန်းတော် တစ်ခုလုံး တုန်ခါသွားပြီးတော့ ကျောက်တုံးတွေဟာ ကြေကွဲကုန်ပြီး လွင့်စင်ထွက်ကုန်တယ်။
“မင်း…. ဒါကို ရှောင်နိုင်တယ်။ မင်းကံကောင်းလို့ တစ်ခါရှောင်နိုင်တာ. မင်းနောက်တစ်ခါ ရှောင်နိုင်မယ် ထင်နေလား။”
ဖန်း….
မြွေကြီးရဲ့ အမြီးဟာ နောက်တစ်ကြိမ် သူ့ဆီကို ရိုက်လာတယ်။
ဒါပေမဲ့ နင်ဟာ စက္ကူလေးတစ်ရွက်လိုပဲ လေယူရာကို မြောပါနိုင်ပြီးတော့ ခန့်မှန်းလို့ မရဘူး။မြွေကြီးရဲ့ အမြီးဟာ နဂါးနန်းတော်ကို နောက်ကြိမ် ထိခိုက်မိသွားပြန်တယ်။
“မဖြစ်နိုင်ဘူး…..”
Serpentwing ဟာ အရမ်းကို ဒေါသထွက်လာခဲ့တယ်။
သူဟာ နှစ်ပေါင်းထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့တဲ့ မိစ္ဆာကြီးဖြစ်တယ်။ သူဟာ အခုဆို ဇင်တျန် နောက်ဆုံး အဆင့် အထွဋ်အထိပ်ကို ရောက်နေပြီ။ သူဟာ တခြားဇင်တျန် အဆင့်တွေထက် အများကြီးကို အစွမ်းပိုထက်တယ်။ သူ့လိုအဆင့်အတွက် ဒီလို လူငယ်လေးကို သတ်ဖို့ဆိုတာ ရိုးရိုးလေးပါပဲ။ သူဟာ ထောင်နဲ့ချီတဲ့ လူတွေ ရှိနေတဲ့ ရွာ တစ်ရွာလုံးကိုတောင် အေးအေးဆေးဆေး သတ်နိုင်ခဲ့တာ။
ဖန်း..ဖန်း..ဖန်း..
မြွေကြီးရဲ့ အမြီး ဟာ နေရာတိုင်ကို ဆက်တိုက် ရိုက်နေတယ်။ သူ့တောင်ပံတွေကောပဲ။ နဂါးနန်းတော်ဟာ လုံး၀ ပြိုလဲလု နီးနီး ဖြစ်လာပြီးတော့ ကျောက်တုံးတွေ နေရာအနှံ့လွင့်နေတယ်။ အနက်ရောင် စစ်သူရဲတွေနဲ့ အိမ်တော်က အခိုင်းအစေတွေ အများကြီး သေဆုံးကုန်ကြတယ်။
သေ! သေ…သေ…
ဟား..ဟား..ဟား…
သူ့ဆီကနေပြီးတော့ အအေးလှိုင်းတွေ ထွက်လာပြီးတော့ အပူချိန် ရုတ်တရက် ကျဆင်းသွားတယ်။ အခိုင်းအစေတွေ တော်တော်များများ ချက်ခြင်းအေးခဲပြီး သေဆုံးသွားတယ်။
အဆိပ်ငွေ့တွေလည်းထွက်လာပြီးတော့ အနီးအနားက ဟိုတျန်အဆင့် ရှိတဲ့ သက်ရှိတွေအထိ အကုန်သေဆုံုးကုန်တယ်။
နင်ဟာ ဖုန်မှုန့်ထုထဲမှာ ဆက်တိုက်ကို ရှောင်တိမ်းနေတယ်။
နင်ဟာ ဖင်းဂေါ့ကျင့်စဉ်ကို ကျင့်ထားတာကြောင့် သူ့ခန္ဓာကိုယ်ဟာ တခြား ကီကျင့်စဉ်ကျင့်တဲ့ ဟိုတျန်အဆင့်တွေထက် အဆပေါင်း ရာချီပြီးတော့ သန်စွမ်းတယ်။ ဒီလို အအေးလှိုင်းနဲ့ အဆိပ်ငွေ့တွေက သူ့ကို ဒုက္ခ မပေးနိုင်ဘူး။
“လေ လို အရိပ်လို….”
“လေအရိပ် ခြေလှမ်း”
“လေအရိပ် ခြေသိုင်း၊ ဒါဟာ လေအရိပ် ခြေသိုင်း အစစ်အမှန်ပဲ။”
နင်ဟာ Serpentwing အမြီး နဲ့ တောင်ပံကို သူ့ကို ကြိုက်သလို တိုက်ခိုက်စေခဲ့တယ်။ သူဟာ ဒီတိုက်ခိုက်မှုတွေရဲ့ သဘာဝအားကို လိုက်လျောညီထွေ အသုံးချပြီးတော့ အလျဉ်းသင့်သလို ရှောင်ရှားမှုကို စိတ်နှစ်ထားလိုက်တယ်။ သူကို ဘယ်တိုက်ခိုက်မှုမှ မထိခိုက်စေခဲ့တော့ဘူး။ သူဟာ သဘာဝပဲ။ သူဟာ အရိပ်ပဲ။ သူဟာ အရိပ်လိုပဲ ရွေ့လျားနေတဲ့အတွက် serpentwingဟာ သူ့ကို ဘယ်လိုကြိုးစားပြီး တိုက်ခိုက်တိုက်ခိုက် ထိခိုက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။
သူ့ခန္ဓာကိုယ်ဟာ သစ်ရွက်တစ်ရွက်လို လေတိုက်တိုင်း လွင့်မျောနေတယ်။
“ကမ္ဘာနဲ့ တစ်သားတည်း”
“ဘာ.. ဒီ လူသားငယ်က ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်နေပြီ။ သူ့ခြေသိုင်းဟာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်မှာ….”
Serpentwing ဟာ သူ့သားကို သတ်လိုက်တဲ့ လူငယ်ဟာ ဒီ အဆင့်ကို ရောက်နေတာတွေ့တော့ တုန်လှုပ်သွားတယ်။ သူတောင် နှစ်ပေါင်း ထောင်ပေါင်းများစွာ လေ့ကျင့်လာတာ ဒီအဆင့်တောင် မရောက်သေးဘူးလေ။
……
“ကမ္ဘာနဲ့ တစ်သားတည်းအဆင့်!”
ပြောရရင်တော့ ဇီဖူအဆင့် ဖြစ်သွားတဲ့ သူတွေသာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်ကြတယ်။ အရမ်း ကြောက်စရာကောင်းအောင် အစွမ်းထက်တဲ့ ဇင်တျန် အဆင့်တွေသာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်နိုင်တာ။
လူသားတွေဟာ မွန်းစတားတွေထက် နားလည်မှု ဉာဏ်ပညာ ပိုပြီးတော့ ကြီးမားတယ်။ ဂေါ့မွန်းစတားမျိုးနွယ်တွေသာ လူသားလောက်နီးနီးတော်ကြတာ။
“Dammit…”
ဒီရှေးခေတ် မွန်းစတားကြီးဟာ ဂျိနင်ကို အချိန်တိုအတွင်း သတ်လို့မရမှန်း နားလည်လိုက်တယ်။
“အဆိပ်ကောင်ကြီး!!!”
အပြာရောင် ဓားအလင်းတန်းကြီး တိုးဝင်လာတယ်။
Ancient monster, Serpentwing ကသူ့အမြီးနဲ့ အပြာရောင် ဓားအလင်းတန်း ကို ကာကွယ်လိုက်တယ်။ သူ့စိတ်ထဲမှာ ဒီအလင်းတန်းကို ဂရုမစိုက်ပါဘူး။
“ရီချွမ် မင်း ၂ကီလိုမီတာ အကွာက ဓားချက်က ငါ့ကို ထိခိုက်နိုင်မယ်လို့ ထင်နေလို့လား!!”
ဖန်း!!
အပြာရောင်သွေးတွေဟာ နေရာအနှံ့ လွင့်သွားတယ်။ ကျောက်သားတွေနဲ့ ရေနက်သံတွေ အကုန်လုံး အရေပျော်ကုန်တယ်။ သူ့ရဲ့ အမြီးကြီးဟာ လုံးပတ် တစ်ဝက်လောက်အထိကို ဓားချက်က ဖြတ်သွားတယ်။
အနောက်ပါိုင်းဂျိကလန်ရဲ့ နံပါတ်တစ် အိတ်စပတ်ဟာ အရမ်းကို ကြောက်ဖို့ကောင်းလွန်းလှပါတယ်။
ဟူး!!!
“ငါမင်းကို အခု အသက်ရှင်ခွင့် ပေးလိုက်မယ်။”
Serpentwing ဟာ ဒေါသတကြီးနဲ့ နင်ကို ပြောလိုက်ပြီး တောင်ပံကြီးကို ခတ်ကာ ကောင်းကင်ကို အမြန်ဆုံး ပျံသက်သွားပါတယ်။
“အဆိပ်ကောင်ကြီး!!!!”
“Serpentwing မင်းအနောက်ဘက် ဂျိကလန်ကို လာကျူးကျော်ရဲတယ် ဟုတ်လား။ မင်းပြေးလို့ လွတ်မယ်များထင်နေလား။”
“သေစမ်း”
မြို့တော်ထဲက နေရာ အနှံ့ကနေ ဒေါသတကြီး အော်သံတွေ ထွက်ပေါ်လာပါတယ်။ ဂျိလီ နဲ့ ဂျိယောင်တို့ရဲ့ အသံတွေနဲ့ တခြား ဇင်တျန် အဆင့် တန်ခိုးရှင်တွေရဲ့ အသံတွေပါ ပါဝင်နေပါတယ်။
“ငါ့ကို အဇူရာ မီးငှက် ခဏငှားစမ်း”
ရီချွမ်ဟာ အလင်းတန်းလို ပျံတက်သွားပြီး လေထဲက အမြီးမှာ အပြာရောင် မီးတောက်ရှိတဲ့ ငှက်ကို တက်စီးလိုက်ပါတယ်။ ဒီငှက်ပေါ်မှာတော့ အနက်ရောင် ဝတ်ထားတဲ့ မိန်းမပျိုတစ်ယောက် ရှိနေပါတယ်။
အနက်ရောင်ဝတ် မိန်းမပျို။ ။ရီချွမ် ငါနဲ့ လိုက်ခဲ့ပါ။
“သွားစို့”
ရီချွမ်ဟာ အောက်ကို တစ်ချက် ငုံ့ကြည့်လိုက်တဲ့အခါ ကျောက်တုံးပုံ အပျက်အစီးတွေပေါ်မှာ ရပ်နေတဲ့ သူ့စားကို တွေ့လိုက်ရပါတယ်။ အခုမှ သူ သက်ပြင်းချနိုင်သွားတယ်။ ဒါပေမဲ့ သွေးစွန်းနေတဲ့ အဝတ်အစားနဲ့ လက်တစ်ဖက် ပြတ်နေတဲ့ သူ့သားကို အသွင်အပြင်ကို တွေ့လိုက်ရတော့ သူဒေါသပြန်ထွက်လာပါတော့တယ်။
ဟူး!!!
ရီချွမ်နဲ့ မိန်းမပျိုဟာ အဇူရာ မီးငှက်ကို စီးပြီး serpentwing ကို လိုက်ဖမ်းပါတော့တယ်။ တခြားမြို့ထဲက ဇင်တျန် အဆင့် တန်ခိုးရှင်တွေကတော့ ဒေါသထွက်ပြီး ကြွေးကျောပြီးလိုက်လာပါတယ်။ greater monster ကြီးက မြို့တွင်းပိုင်းကို ကျူးကျော် ဝင်ရောက်လာတာဟာ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လူသားဇင်တျန် အဆင့် တန်ခိုးရှင်တွေဟာ မပျံသန်းနိုင်သေးတဲ့အတွက် သူတို့ဟာ ရီချွမ်တို့နှစ်ယောက် ငှက်စီးပြီး လိုက်သွားတာကို ကြည့်ပြီး ကျန်ရစ်ခဲ့ပါတယ်။
…..
နင် ဟာ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ထဲ ဈန်ဝင်ပြီး ကျန်ခဲ့ပါတယ်။ သူဟာ လေရဲ့ ခွန်အားကို နားလည်လာပြီးတော့ လေရဲ့ လွတ်လပ်တဲ့ အစွမ်းကို အသုံးချပြီး သူဟာ လေဖြစ်သွားပါတယ်။ သူဟာ လေထဲကနေ တိုက်ခိုက်မှု အစွမ်းကို အသုံးချနိုင်ပြီး တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကိုလည်း အရိပ်သဖွယ် ရှောင်တိမ်းနိုင်ပါပြီ။
အား…
အား…
အနားဝန်းကျင်ကနေ ညီးညူသံတွေ ကြားရလို့ နင်က ကြည့်လိုက်ပါတယ်။ နဂါးနန်းတော် တစ်ခုလုံးဟာ ပြိုကျပျက်စီးသွားပါပြီ။ အခိုင်းအစေတွေနဲ့ အနက်ရောင် စစ်သူရဲတွေ အများကြီး သေဆုံးကုန်ပါတယ်။ တစ်ချို့က အေးခဲပြီးတော့ တစ်ချို့ကတော့ ကျောက်တုံးပိ တစ်ချို့ကတော့ အဆိပ်မိပြီး သေဆုံးကုန်ကြပါတယ်။
သူ လေအရိပ် ခြေသိုင်းမှာ လေနဲ့ တစ်သားတည်း အဆင့်ရောက်သွားလို့ ပျော်နေတဲ့ အပျော်တွေတောင် ပျောက်ဆုံးကုန်ပါတယ်။
နင်အံတင်းတင်း ကြိတ်လိုက်ပြီးတော့ သူဟာ ကျောက်တုံးပုံထဲ ဝင်သွားပါတယ်။ ကျောက်တုံးတွေကို ကန်ထုတ်လိုက်ပြီးတော့ သူ့ ပြတ်သွားတဲ့ ဘယ်လက်ကို ရှာဖွေလိုက်ပါတယ်။ လက် ကိုတွေ့ပြီးတဲ့အခါမှာ လက်ပြတ်ထဲမှာ ကိုင်ထားတဲ့ ဒက်နော့ဓားကို ကေကျောက်တုံးထဲပြန်သိမ်းလိုက်ပါတယ်။ ပြီးတော့ နင်ဟာ ပြတ်နေတဲ့ ဘယ်လက်ကို ညာလက်နဲ့ ကိုင်ပြီး လက်မောင်းရင်းမှာ ပြန် ဆက်လိုက်ပါတယ်။
“ဆက်စမ်း”
လက်ပြတ် ပြန်ဆက်သွားတဲ့အခါမှာ ရွှေကြယ် ဝတ်စုံနဲ့ သူ့ဘယ်လက်ကို ပြန် ကာကွယ်လိုက်ပါတယ်။
သူ့အရင်ဘဝမှာတောင် ချက်ခြင်း ပြတ်သွားတဲ့ လက်တို့ ခြေတို့ဆိုရင် ချက်ခြင်းပြန်ဆက်လို့ ရသေးတယ်လေ။
နင်ဟာ ဖင်းဂေါ့ ကျင့်စဉ်ကို ကျင့်ထားတာလေ။ ပြတ်သွားတဲ့ လက်ကို ပြန်ပေါက်ဖို့ နာရီ အနည်းငယ်ပဲ လိုအပ်တယ်။ ပြန်ဆက်တာဆိုရင် အချိန် ဘယ်လောက်မှ မလိုဘူးလေ။ နင်ဟာ သူ့အရိုးတွေ အသားတွေ တဖြည်းဖြည်းချင်းပြန်လည် ဆက်သွားတာကို ခံစားမိလိုက်တယ်။ သူ့အတွက် အခုဆို လုံးဝပြန်ကောင်းဖို့ ခဏစောင့်လိုက်ရင် ရပြီ။
……
“နင်!”
တစ်နေရာကနေ စိုးရိမ်တကြီး အော်ခေါ်လိုက်သံကို နင်ကြားလိုက်တယ်။
နင် လှည့်ကြည့်လိုက်တော့ အနီရင့်ရောင် သားမွေး ဝတ်ထားတဲ့ အဘိုးအို တစ်ဦးဟာ အပျက်အစီး ပုံတွေကြားကနေ သူ့ကို ကြည့်နေတာ တွေ့လိုက်ရတယ်။ ဒီအဘိုးအိုဟာ အနောက်ပိုင်း ဂျိကလန်ရဲ့ ဂိုဏ်းချုပ်ကြီး ဂျိယောင်ပါ။ ဂိုဏ်းချုပ်ကြီးက ဂျိနင်မထိခိုက်တာ တွေ့လိုက်တော့ စိတ်သက်သာရာ ရပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်။
“မင်းတစ်ခုခု မဖြစ်သွားရင်ရပြီ။ မင်းတစ်ခုခု မဖြစ်သွားရင်ရပြီ။”
“နင်” စိုးရိမ်တကြီး အော်ဟစ်သံ
သူဂိုဏ်းချုပ်ကို ပြန်ပြောဖို့ အချိန် မရလိုက်ပါဘူး။ သူ့အမေဟာ သူ့ဆီကို မျက်ရည် စက်လက်နဲ့ အဝေးကနေ ပြေးလာနေတာတွေ့လိုက်ရလို့ပါ။
“အမေ!!!” ဂျိနင် အဆက်မပြတ် အော်ခေါ်လိုက်တယ်။
သူ့သား ရပ်နေတာ တွေကတော့မှ စနိုး ရဲ့ မျက်ရည်တွေဟာ ဝမ်းသာမှုကို ပြောင်းသွားတယ်။ နင် သူ့အမေဆီကို အပြေးသွားပြီးတော့ ဖက်ထားလိုက်တယ်။ စနိုးကလည်း တင်းတင်းကျပ်ကျပ် ပြန်ဖက်လိုက်တယ်။
“တော်သေးတာပေါ့ သားရယ်။ အမေ အရမ်းကို တုန်လှုပ်နေတာ။ မင်းသာတစ်ခုခု ဖြစ်သွားရင် အမေ ဘာလုပ်မိမယ်မှန်းတောင် မသိတော့ဘူး။”
“အမေ ကျွန်တော် ဘာမှ မဖြစ်ပါဘူး။”
“မင်းလက်က….”
စနိုး နင်ရဲ့ ဘယ်လက်ကို သေချာကြည့်ပြီး ပြောလိုက်တယ်။
“ကောင်းပါတယ်။ ကြည့်ပါဦး။”
နင် လက်ဝှေ့ယမ်းပြလိုက်တယ်။ သူ့လက်က အရိုးနဲံ အသားတွေဟာ ၈၀% လောက် ပြန်ကောင်းနေပြီလေ။ ခဏလောက်ဆိုရင် အကောင်းအတိုင်းပြန်ဖြစ်တော့မှာ။
စနိုး အခုမှ လုံး၀ စိတ်သက်သာရာ ရသွားတယ်။ သူ့သားရဲ့ အရမ်း အစွမ်းထက်တဲ့ ဖင်းဂေါ့ ကျင့်စဉ် အကြောင်းကို သူသိတယ်လေ။
ခန့်ညားထယ်ဝါတဲ့ အသံကြီးနဲ့ အတူ ဒေါသထွက်နေတဲ့ မျိုးနွယ်စုက မြွေနဲ့ elder ဂျိလီ အပြေး ရောက်လာတယ်။
“ဘာဖြစ်ကြတာလဲ။ ဒီ greater monster Serpentwing က ငါ့တို့ အနောက်ဘက် ဂျိကလန် နန်းတော်ကို ကျူးကျော်လာရတာလဲ။ ဒီ အဆိပ်ကောင်ကြီး သေချင်နေလို့ ငါတို့ကို ရန်လာစတာပဲ။ ဒီကောင်ကြီး ငါတို့နေရာကို ဘာလို့ ကျူးကျော်လာတာလဲဆိုတာကို အမြန်ဆုံး စုံစမ်းရမယ်။”
နဖူးမှာ အမာရွတ်နဲ့ ပိန်သွယ်သွယ် အဘိုးအိုတစ်ယောက်။ ။ “ဒါတော်တော်ထူးဆန်းတာပဲ။ ဒီSerpentwing က သူဒီလိုလုပ်ရင် ဂျိကလန်ကို စော်ကားတာနဲ့ အတူတူပဲဆိုတာ သူနားလည်မှာပဲ။”
ဇင်တျန် တန်ခိုးရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။
ပျက်စီးနေတဲ့ နဂါးနန်းတော်ကြီးနဲ့ သေဆုံးနေကြတဲ့ ကလန်က လူတွေကိုတွေ့တော့ သူတို့တွေ မျက်နှာ အရမ်း ပျက်သွားကြပြီး ဒေါသတွေ တလိပ်လိပ်ထွက်လာကြတယ်။ ဒီ နယ်မြေတစ်ခုလုံးရဲ့ အာဏာရှိသူတွေအနေနဲ့ သူတို့ကို Greater monster တွေ လာတိုက်ခိုက်တယ်ဆိုတယ အလွန့်အလွန်ကို ရှားပါးပါတယ်။ ဂျိကလန်ရဲ့ ပညာရှင်တွေ အကုန်လုံး ဒေါသနဲ့ အရှက်ရမှုကို ခံစားလိုက်ရတယ်။
“ဒီကောင်ဟာ သေကို သေရမှာ”
“ငါတို့တွေ Greater monster Serpentwing ကို သတ်ကို သတ်ရမယ်။”
“သွားသတ်ကြမယ်။”
Chapter 3 ပြီးပါပြီ
ဆက်ပါဦးမည်>>>>>>
Chapter 4 (ရီချွမ်ဒေါသ)
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
Comments
Post a Comment