ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 5 (ေႏြဦး ျမက္ကေလးရဲ့ ဖခင္)

တစ္ရက္ျပီး တစ္ရက္ အခ်ိန္ေတြ ကုန္လြန္သြားခဲ့တယ္။
ေန႔ရက္ေတြဟာ တျဖည္းျဖည္း ေအးခဲမႈေတြ လြန္ကဲလာခဲ့တယ္။ ဒါေပမဲ့ သူ႕အေဖ ျပန္မလာေသးဘူး။ အေနာက္ဘက္ ဂ်ိကလန္ရဲ့ အနက္ေရာင္ ျမင္းစီးသူရဲ စစ္တပ္ဟာ Serpentwing ေရကန္ကို ၀ိုင္းထားတာ အခ်ိန္ အေတာ္ ၾကာခဲ့ပါျပီ။

ေလ့က်င့္ေရး ကြင္းထဲမွာေတာ့
ေလထဲကို ဓားက ထိုးခြဲသြားတဲ့ ေလခြင္းသံေတြ ဆူညံေနပါတယ္။ နင္ဟာ ေလ့က်င့္ေရးကြင္းအလယ္မွာ ရပ္ျပီးေတာ့ တစ္ေယာက္တည္း မိုးေရစက္ ဓားသိုင္းကို ေလ့က်င့္ေနပါတယ္။ ဒီအခ်ိန္မွာေတာ့ ဘယ္စစ္သူရဲမွ ဘယ္ မြန္းစတားမွ နင္ကို ဓားသိုင္းေနာက္တစ္ဆင့္တက္ေအာင္ အတူတူ ေလ့က်င့္ေပးလို႕ မရေတာ့ပါဘူး။ သူ႕အေဖပဲ သူ႕ကို ဓားသိုင္းေနာက္တစ္ဆင့္တက္ေအာင္ ကူညီေလ့က်င့္လို႕ ရပါေတာ့တယ္။ ဒါေၾကာင့္ နင္ တစ္ေယာက္တည္း ေလ့က်င့္ေနတာပါ။

“သခင္ေလးေရ..”
ေဆာင္းဦး သစ္ရြက္ေလးက အသံတိုးတိုးေလးနဲ႕ ေခၚလိုက္တယ္။

နင္ စိတ္လႈပ္ရွားေနတဲ့ ေဆာင္းဦးသစ္ရြက္ေလးကို ျမင္လိုက္တယ္။
နင္ ဓားကို သိမ္းလိုက္ျပီးေတာ့ မ်က္ေမွာင္ၾကဳတ္ျပီး ေမးလိုက္တယ္။
“ေဆာင္းဦးသစ္ရြက္ေရ ဘာကိစၥရွိလို႕လည္း။”

ေဆာင္းဦးသစ္ရြက္က အသံတိုးတိုးနဲ႕ ေျဖလိုက္တယ္။

“သခင္ေလးေရ ေႏြဦး ျမက္ကေလးရဲ့ ဖခင္ က သခင္ေလးနဲ႕ ေတြ႕ဖို႕ ခြင့္ေတာင္းလို႕ပါ။”

နင္ ေၾကာင္သြားတယ္။
“ဘယ္သူ”

“ေႏြဦး ျမက္ကေလးရဲ့ ဖခင္ပါ။” ေဆာင္းဦးသစ္ရြက္ေလး အသံက်ယ္က်ယ္နဲ႕ ထပ္ေျပာလိုက္တယ္။ “သူ႕ရဲ႕ ဖင္အရင္းပါ။”

နင္ မင္သက္သြားတယ္။
“ေႏြဦး ျမက္ကေလးမွာ အေဖ ရွိတယ္ ဟုတ္လား?”

သူ႕ရဲ့ အပ်ိဳေတာ္ ၂ ေယာက္ဟာ ကၽြန္ျဖစ္ေနတာ ၾကာလွပါျပီ။ သူတို႕ကို အေနာက္ဘက္ ဂ်ိကလန္ကို ငယ္ငယ္ေလးထဲက ေရာင္းစားခဲ့တာ။

“ေႏြဦးျမက္ေလး ဘယ္မွာလဲ။”

ေဆာင္းဦး သစ္ရြက္ေလးက အသံတိုးတုိးေလးနဲ႕
“ေႏြဦး ျမက္ကေလး က သခင္ေလးကို လာမေတြ႕ရဲပါဘူး။ ကၽြန္မေျပာႏိုင္တာက သူက သူ႕ဖခင္ကို အရမ္းေတြ႕ခ်င္ေနတာ။ ဒါေပမဲ့ သူမေတြ႕ရဲဘူး။ သူ႕ရဲ့ အဆင့္က အရမ္းကို နိမ့္က်ေနတယ္ေလ။ ဒါေၾကာင့္ သူေျပာဖို႕ ေၾကာက္ေနတာ”

(ျမန္မာဘာသာမွာ နာမ္စား သူမ မရွိပါဘူး။ စကားေျပာတဲ့အခါမွာလည္း သူမလို႕ မသံုးပါဘူး။ အဂၤလိပ္ဘာသာမွာသာ he = သူ ၊ she = သူမ ရွိပါတယ္။ ဒါေၾကာင့္ စာေရးတဲ့အခါမွာ သူမလို႕ ေရးဖို႕ မလိုပါဘူး။ )

နင္ အခုမွပဲ အဲ့ဒါကို သတိရသြားေတာ့တယ္။
ေႏြဦးျမက္ကေလးေကာ ၊ ေဆာင္းဦး သစ္ရြက္ကေလးေကာက သူ႕ရဲ့ ရံေရြေတာ္ ေတြေလ။ ေျပာရရင္ သူက သူသတို႕ ၂ေယာက္ရဲ့ အရွင္သခင္ ပိုင္ရွင္ပဲ။ သူတို႕ေတြကို ကၽြန္အျဖစ္ ေရာင္းလို္က္တဲ့ ေန႕ကစလို႕ သူတို႕မိဘေတြနဲ႕ အဆက္အသြယ္ လုပ္ခြင့္ မရွိေတာ့ဘူးေလ။ ဒါေပမဲ့ လူသားေတြဟာ သစ္ပင္ ျမက္ပင္ေတြမွ မဟုတ္ၾကတာ။ သူတို႕မွာလည္း ခံစားမႈ ရွိၾကတာေပါ့။

နင္ျပံဳးျပီးေတာ့ ေျပာလိုက္တယ္။
“သြား… ေႏြဦးျမက္ကေလး ရဲ့ အေဖ ကို သြားေခၚလိုက္စမ္းေခ်။ သူက ေတြ႕ခ်င္တယ္ဆိုေတာ့လည္း သူတို႕ကို ေပးေတြ႕လိုက္ေလ။”

“ဟုတ္ကဲ့ရွင့္ သခင္ေလး။”
ေဆာင္းဦး သစ္ရြက္ကေလးက ေပ်ာ္ရႊင္ျပီးေတာ့ အေျပးေလး ထြက္ခြာသြားတယ္။

“ေႏြဦးျမက္ကေလး ၀င္ခဲ့ေလ။”
ေႏြဦး ျမက္ကေလးဟာ အျပင္မွာ ရပ္ေစာင့္ေနတယ္။ သူဟာ သားေမြး၀တ္စံုကို ၀တ္ဆင္ထားျပီးေတာ့ သူ႕မ်က္ႏွာမွာ ေ၀ခြဲမရမႈေတြ ၀မ္းသာမႈ ၀မ္းနည္းမႈေတြနဲ႕ ျပည့္ေနတယ္။ သူ႕ သခင္ေလး ေခၚလိုက္ေတာ့ သူ အတြင္းကို မ၀ံ့မရျ ၀င္လာတယ္။

ေႏြဦးျမက္ကေလးက နင္ကို ၾကည့္ျပီးေတာ့
“သခင္ေလးရွင့္”

ဂ်ိနင္ က ရယ္ေမာ ေျပာဆိုလိုက္တယ္။
“မင္းအေဖက ဒီမွာေလ။ မင္းေတြ႕ခ်င္တယ္ဆိုရင္ ေတြ႕လို႕ ရပါတယ္ဟ။”

ေႏြဦး ျမက္ကေလးက ႏႈတ္ခမ္းကို ေစ့ျပီး
“ဒါေပမဲ့ ဂ်ိကလန္က ကၽြန္မကို ၀ယ္ခဲ့တာေလ။ ကၽြန္မ…”

နင္ မ်က္ေမွာင္ ၾကဳတ္လို္က္ျပီးေတာ့ေျပာလိုက္တယ္
“ဟင္... ငါ့စကားက ဒီမွာ ၾသဇာမရွိေတာ့ဘူးလား။?”

“နားလည္ပါျပီ သခင္ေလး”
သူ နင္ေပၚ အမ်ားၾကီး ေက်းဇူးတင္သြားတယ္။ ေျပာရရင္ သူေရာ ေဆာင္းဦး သစ္ရြက္ေလးေကာ ၂ ေယာက္လံုးဟာ ဂ်ိနင္ရဲ့ ပါရမီ ရွိတာကို ငယ္ငယ္ေလးထဲက သိၾကပါတယ္။ ျပီးေတာ့ ဂ်ိနင္ဟာ သူတို႕အေပၚကို တျခားသခင္ေတြ ကၽြန္ေတြ ဆက္ဆံသလိုမ်ိဳး မဆက္ဆံခဲ့ပဲ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံခဲ့ပါတယ္။

“သူဒီေရာက္ေနျပီေလ။”
နင္ တံခါးကို ညႊန္ျပလိုက္တယ္။ အဲဒီမွာ ေႏြဦးျမက္ေလးရဲ့ အေဖနဲ႕ ေဆာင္းဦး သစ္ရြက္ေလးတို႕ အတူတူ ၀င္လာၾကတယ္။ သူ႕အေဖဟာ အရပ္ျမင့္ျပီးေတာ့ ခႏၶာကိုယ္ၾကံ့ခိုင္ျပီး မုတ္ဆိတ္ေမြးေတြရွိတယ္။ သားေမြး၀တ္စံု အၾကမ္းကို ၀တ္ထားတယ္။ သူဟာ ၾကမ္းတမ္းတဲ့ ပံုေပါက္ေပမဲ့ အခုေတာ့ သူအရမ္းကို စိတ္လႈပ္ရွားျပီး မ၀ံ့မရဲ ျဖစ္ေနတယ္။ သူ႕ေခါင္းကို ငံု႕ျပီး ၀င္လာတယ္။

ေဆာင္းဦးသစ္ရြက္ေလးက အရိုအေသေပးျပီး မိတ္ဆက္ေပးလိုက္တယ္။
“သခင္ေလး သူပါပဲ။”

ေၾကာက္ရြံ႕ေနတဲ့ လူၾကီးဟာ ျပာျပာသလဲ ဒူးေထာက္လိုက္ျပီးေတာ့ သူ႕ေခါင္းကိုလည္း ေျမၾကီးနဲ႕ ထိေအာင္ ဖိကပ္လိုက္ျပီး ရွိခိုးေျပာဆိုလိုက္တယ္။
“အစြမ္းထက္လွတဲ့ သခင္ေလးခင္ဗ်ာ။ Blacktooth သခင္ေလးကို အရိုအေသေပး ႏႈတ္ခြန္းဆက္သပါတယ္။”
ဒါကိုျမင္ေတာ့ ေႏြဦး ျမက္ေလးရဲ့ မ်က္လံုးေတြ နီရဲလာခဲ့တယ္။

နင္ က ေႏြဦးျမက္ကေလးလို တစ္ခ်က္ၾကည့္လိုက္ျပီးေတာ့ ေျပာလိုက္တယ္။
“ကဲကဲ ထပါေတာ့”

ေၾကာက္ရြံ႕ေနတဲ့ လူၾကီးဟာ ေခါင္းေမာ့လိုက္ျပီးေတာ့ ေႏြဦးျမက္ေလးကို ၾကည့္လိုက္တယ္။ သားအဖ ၂ ေယာက္ မ်က္လံုးခ်င္းဆံုတဲ့ အခါမွာ မ်က္ရည္ ျဖိဳင္ျဖိဳင္ က်လာၾကတယ္။

ေၾကာက္ရြံ႕ေနတဲ့ လူၾကီးဟာ ခ်က္ျခင္းပဲ မ်က္ရည္ကို သုတ္လိုက္ျပီးေတာ့ ျပန္ထိန္းလိုက္တယ္။

ဂ်ိနင္။    ။“မင္းဘာလို႕ ငါ့နန္းေတာ္ကို လာခဲ့ရတာလည္း။”

ေၾကာက္ရြံ႕ေနတဲ့ လူၾကီးဟာ အသက္ကို ျပင္းျပင္း တစ္ခ်က္ ရွဴသြင္းလိုက္ျပီးေတာ့
“ကၽြန္ေတာ္မ်ိဳး blacktooth ကၽြန္ေတာ္မ်ိဳးရဲ့ သမီးကေလး မီဟြား ကို သခင္ေလးဆီကေန ျပန္လာေရြးတာပါ ခင္ဗ်ာ။”

“ျပန္လာေရြးတာ?”
သူ ဒီကမာၻကို ေရာက္ထဲက လူေတြအမ်ားၾကီးနဲ႕ ရင္းႏွီးခဲ့တယ္။ ဒါေပမဲ့ ေႏြဦး ျမက္ကေလး နဲ႕ ေဆာင္းဦးသစ္ရြက္ေလးတို႕ကေတာ့ သူ႕ႏွလံုးသားထဲမွာ အမ အရင္းေတြပါပဲ။ ငယ္ငယ္ထဲက အတူတကြ ၾကီးျပင္းခဲ့ၾကတယ္။

အေဖ!!!!

ေႏြဦးျမက္ေလး အလန္႕တၾကားေအာ္လိုက္တယ္။ ဒီကမာၻမွာ သာမာန္ကၽြန္ေတြကို ပိုက္ဆံတန္ဖိုးအတိုင္း ျပန္ေပးႏိုင္ရင္ ျပန္ေရြးႏိုင္ပါတယ္။ ဒါေပမဲ့ ဂ်ိကလန္က သခင္ေလးဆိုတာ ဘယ္လို အဆင့္အတန္းမ်ိဳးလည္း။ သူ႕အေဖက သူ႕ကို ဘယ္လို ျပန္ေရြးႏိုင္မွာလည္း။ တစ္ကယ္လို႕သာ သခင္ေလးသာ ေဒါသထြက္သြားရင္ သူ႕အေဖခ်က္ျခင္း ေသသြားလိမ့္မယ္။

တစ္ခ်ိန္တည္းမွာ သူဒူးေထာက္ခ်လိုက္ျပီးေတာ့
“သခင္ေလးေရ ကၽြန္မအေဖ ဘာမွ နားမလည္လို႕ပါ။ သူ႕အမိုက္အမဲေလးေတြကို ခြင့္လႊတ္ေပးပါ။”

နင္က ေၾကာက္ရြံ႕ေနတဲ့ လူၾကီးကို စိုက္ၾကည့္လိုက္ျပီးေတာ့
“သူဆက္ေျပာပါေစ။ မင္းေျပာခ်င္တာကို ဆက္ေျပာၾကည့္ပါ။ တစ္ကယ္လို႕ မင္းငါ့ကို စိတ္၀င္စားေအာင္ ေျပာႏိုင္ရင္ေျပာ။ မေျပာႏိုင္ရင္ေတာ့…..”

ေၾကာက္ရြံ႕ေနတဲ့ လူၾကီးဟာ ပိုျပီးေတာ့ တုန္လႈပ္သြားတယ္။
သူဟာ သူ႕ေရွ႕က လူငယ္ဟာ ဘယ္ေလာက္ေတာင္ အာဏာ ရွိလည္းဆိုတာကို သူနားလည္ပါတယ္။ ဒီလူငယ္သာ သူ႕အသက္ကို လိုခ်င္ရင္ ေအးေအးေဆးေဆး ႏႈတ္ယူသြားလို႕ရတယ္။ အရမ္းကို ရိုးရွင္းပါတယ္။ ဒါေပမဲ့ သူဒီကိုလာခဲ့ျပီဆိုေတာ့ သူစိတ္ကို ျပင္ဆင္မႈေတြ လုပ္ခဲ့ျပီးျပီ။

“ၾကီးျမတ္လွတဲ့ သခင္ေလး ခင္ဗ်ာ ကၽြန္ေတာ္ ႏွလံုးသားထဲကေန သိသမွ် အကုန္ ေျပာျပပါ့မယ္။”

နင္က ၾကည့္ေနလိုက္တယ္။

“ ကၽြန္ေတာ္ Blacktooth ဟာ တစ္ခါတုန္းကေတာ့ မ်ိဳးႏြယ္စု ရြာသူၾကီး တစ္ဦးရဲ့ သားတစ္ေယာက္ပါ။ ကၽြန္ေတာ္တို႕ Blacktooth ေက်းရြာသဟာ ေတာနက္ၾကီးထဲက ေတာင္ တစ္ေတာင္ အနီးမွာေနထိုင္ၾကတယ္။ ေက်းရြာဟာ တိရိစာၦန္ေတြ ေမြးျမဴျခင္း၊ စိုက္ပ်ိဳးျခင္းနဲ႕ ေအးေအးခ်မ္းခ်မ္း ေနထိုင္ၾကတယ္။ ကၽြန္ေတာ္ကေတာ့ ရြာက အစြမ္းထက္တဲ့ ရြာသားေတြကို ဦးေဆာင္ျပီးေတာ့ ေသာင္းက်န္းေနတဲ့ သားရဲေတြကို ႏွိမ္နင္းတဲ့ တာ၀န္ကို ယူထားတယ္။ တစ္ေန႕ေတာ့ သားရဲေတြကို အမဲလိုက္ရင္း ဂ်ံဳခင္းေတြ သဘာ၀အတိုင္းေပါက္ေနတဲ့ ခ်ိဳင့္၀ွမ္းၾကီးတစ္ခုထဲ ေရာက္သြားတယ္။ ”

“ကၽြန္ေတာ္တို႕ေတြ ဒီဂ်ံဳခင္းေတြကို ေတြ႕ေတာ့ အရမ္းကို ေပ်ာ္ရႊင္သြားၾကတယ္။ ဒီကေန ရိကၡာေတြ အမ်ားၾကီး ရႏုိင္တယ္ေလ။ ဒါဆို ေက်းရြာဟာ ပိုျပီးေတာ့ စည္ပင္တိုးတက္လာျပီး လူဦးေရလည္း တိုးပြားလာမွာ အမွန္ပဲေလ။ ဒါေပမဲ့ ဒီ သတင္းဟာ တစ္ျခား တန္ခိုးၾကီး ေက်းရြာျဖစ္တဲ့ Blood mosquito မ်ိဳးႏြယ္စု ေက်းရြာကို ေရာက္သြားခဲ့တယ္။ တစ္ရက္ မိုေသာက္စအခ်ိန္ တစ္ရြာလံုးနီးပါး အိပ္ေမာက်ေနတဲ့ အခ်ိန္မွာ သူတို႕ေက်းရြာက ကၽြန္ေတာ္တို႕ bloodtooth ေက်းရြာကို အလစ္၀င္တိုက္ခိုက္ခဲ့တယ္။ ကၽြန္ေတာ္တို႕ ေက်းရြာဟာ နဂိုကတည္းက blood mosquito မ်ိဳးႏြယ္စုေလာက္ အစြမ္းမထက္တဲ့ အျပင္ အလစ္ ၀င္တိုက္ခံရေတာ့ ကံေကာင္းတဲ့ လူအခ်ိဳ႕သာ အသက္ရွင္ လြတ္ေျမာက္သြားခဲ့တယ္။ ”      

“ကၽြန္ေတာ္ဟာ မီဟြာနဲ႕ အတူ ထြက္ေျပးလြတ္ေျမာက္ခဲ့တယ္။ ေနာက္ေတာ့ အေနာက္ဘက္ဂ်ိကလန္ကို အခက္အခဲေတြ အႏာၱရာယ္ေတြ အမ်ိဳးမ်ိဳးကို ျဖတ္ေက်ာ္ျပီးမွ ေရာက္ခဲ့တယ္။ ဒါေပမဲ့ ကၽြန္ေတာ့ရဲ့ ခ်စ္လွစြာေသာ သမီးေလး တစ္ေယာက္နဲ႕ မ်ိဳးႏြယ္က ေသြးေသာက္ ညီအကိုေတြ အကုန္လံုး  ေသဆံုးခဲ့တယ္။ ကၽြန္ေတာ္ ဘယ္လိုပဲ ျဖစ္ျဖစ္ ေသြးေၾကြးကို ဆပ္ႏုိင္ဖို႕ ၾကိဳးစားခဲ့တယ္။ ဒါေပမဲ့ မီဟြာက ငယ္ငယ္ေလးရွိေသးတယ္။ သူဟာ အရမ္းကို အျပစ္ကင္းစင္ျပီးေတာ့ ဆက္လက္အသက္ရွင္ဖို႕လိုအပ္တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ဟာ သူ႕ကို ဂ်ိကလန္ကို ေပးခဲ့တယ္။ အနည္းဆံုးေတာ့ သူ တည္ျငိမ္တဲ့ ဘ၀ေလးကို ပိုင္ဆိုင္မွာပဲေလ။ ”

ေႏြဦးျမက္ကေလးဟာ မ်က္ရည္ျဖိဳင္ျဖိဳင္က်ျပီး ငိုေၾကြးပါေတာ့တယ္။
“အေဖ။အေဖ။…”

မီဟြာ သူဘယ္ေတာ့မွ မေမ့ဘူး။
သူဒီတိုက္ပြဲေန႔ ဘယ္လိုလုပ္ေမ့ႏို္င္မွာလည္း။ သူ႕အခ်စ္ဆံုး သူငယ္ခ်င္းေတြ အခ်စ္ဆံုး ေမာင္ႏွမေတြ အကုန္ တိုက္ပြဲမွာ အသတ္ခံခဲ့ရတယ္။ ဒီ ျမင္ကြင္းကို သူမေမ့ႏိုင္ဘူး။ သူအေဖဟာ အစြမ္းရွိသေလာက္ ၾကိဳးစားျပီး သမီးေတြ အသက္ရွင္္ေအာင္ တိုက္ခိုက္ခဲ့တယ္။ ဒါေပမဲ့ သူ မီဟြာတစ္ေယာက္တည္းကိုပဲ ကယ္တင္ႏိုင္ခဲ့တယ္။ ေနာက္ဆံုးမွာ အေနာက္ဘက္ ဂ်ိကလန္ျမိဳ႕ေတာ္ကို ေရာက္ခဲ့တယ္။ အေဖဟာ ေနာက္ဆံုး သူ႕ကို မခြဲခြာခင္မွာ မွာၾကားခဲ့တယ္။
“အေဖကေတာ့ လုပ္စရာရွိတာေတြကို ဆက္လုပ္ဖို႕ ထြက္သြားျပီ။ သမီးကေတာ့ ေကာင္းေကာင္းမြန္မြန္ အသက္ရွင္ေနထိုင္ခဲ့ရမယ္ေနာ္။”

“အေဖ။ မသြားပါနဲ႕ အေဖ။ မခြဲသြားပါနဲ႕….”

ငယ္ရြယ္ေနေသးတဲ့ blacktooth ဟာ အံကို တင္းတင္းၾကိတ္ျပီး ထြက္ခြာလာခဲ့တယ္။
သူဟာ ကလဲ့စားေျခဖို႕ ထြက္ခြာသြားခဲ့တယ္။

“ငါမုန္းတီးခဲ့တယ္။ ငါဟာ Ninefang စစ္သူရဲ တစ္ေယာက္ျဖစ္ေပမဲ့ Blood mosquito မ်ိဳးႏြယ္စုအတြက္ေတာ့ ဘာမွ မလုပ္ႏိုင္ခဲ့ဘူး။ ငါရဲ့ ရန္သူ ၄ေယာက္ေလာက္ပဲ ငါသတ္လို႕ရခဲ့တဲ့ အခ်ိန္မွာပဲ အနီေရာင္သားေမြးနဲ႕ မြန္းစတားၾကီးဟာ blood mosquito မ်ိဳးႏြယ္စုကို ၀င္ေရာက္တိုက္ခိုက္ခဲ့တယ္။ ငါ့ရဲ့ ေမြးရပ္ေျမကို ဖ်က္ဆီးသြားတဲ့ စစ္တပ္ကုိ ေခါင္းေဆာင္တဲ့ လူကို မြန္းစတားၾကီးက တစ္ခ်က္တည္း ျမိဳခ်လိုက္တယ္။ Blood mosquito မ်ိဳးႏြယ္စုဟာ ပ်က္ဆီးသြားခဲ့တယ္။ ကံေကာင္းတဲ့ သူေတြပဲ လြတ္ေျမာက္ခဲ့ျပီး တစ္ျခားေက်းရြာေတြမွာ သြားေရာက္ေနထိုင္ၾကတယ္။  ”

“ငါ့မွာ သတ္စရာ ရန္သူမရွိေတာ့ဘူး။”

“ဒါေပမဲ့ ဘာမွ မရွိေတာ့တဲ့ ကၽြန္ေတာ္ဟာ မီဟြာကို ျပန္ ေရြးဖို႕ မတတ္ႏိုင္ေသးဘူး။ ဒါနဲ႕ ကၽြန္ေတာ္ ကုန္သည္တစ္ေယာက္ ျဖစ္လာတယ္။ တစ္ခါျပီး တစ္ခါ အသက္ေဘးေတြကေန လြတ္ေျမာက္လာတဲ့ ကၽြန္ေတာ္ဟာ ေနာက္ေတာ့ အသက္ရွင္ က်န္ရစ္တဲ့ ကၽြန္ေတာ့ ေက်းရြာသားတစ္ခ်ိဳ႕နဲ႕ ျပန္ေတြ႕ခဲ့တယ္။ ဒါနဲ႕ ကၽြန္ေတာ့ရဲ့ ကုန္သည္အဖြဲ႕ဟာ တျဖည္းျဖည္း အင္အားမ်ားလာတယ္။ ေနာက္ေတာ့ ကၽြန္ေတာ္ ေငြစုမိလာျပီးေတာ့  ကၽြန္ေတာ့ ေက်းရြာကို ျပန္တည္ေထာင္ခဲ့တယ္။ ဒီ Blacktooth ေက်းရြာမွာ ကၽြန္ေတာ္ ရြာသူၾကီး ျဖစ္လာတယ္။ ”

“ကၽြန္ေတာ္ ကုန္ကူးေနတဲ့ အခ်ိန္မွာ ဂ်ိကလန္က လူအခ်ိဳ႕နဲ႕ သိခြင့္ရခဲ့ေတာ့ မီဟြာ အေၾကာင္း စံုစမ္းခဲ့တယ္။ ဒီေတာ့မွ မီဟြာဟာ သခင္ေလးရဲ့ ရံေရြေတာ္ တစ္ဦး ျဖစ္ေနတယ္ဆိုတာ သိခြင့္ရခဲ့တယ္။”

“ကၽြန္ေတာ္ Blacktooth ေက်းရြာကို ျပန္တည္ေဆာက္ျပီးတဲ့အခါမွာ လုပ္သင့္တာေတြကို ျပီးျပတ္ေအာင္ လုပ္ခဲ့တယ္။ အေဖမွာခဲ့တာေတြ နဲ႕ အရင္ တျခားသူေတြ အတြက္လည္း လုပ္သင့္တာေတြ လုပ္ခဲ့တယ္။ ေနာက္ဆံုးေတာ့ကၽြန္ေတာ့ သမီးေလး မီဟြားကို ေတြ႕ဖို႕လာခဲ့တယ္။ ကၽြန္ေတာ္ ၁၀ ႏွစ္လံုးလံုး အိမ္မက္ထဲမွာေတာင္ သတိရေနခဲ့တဲ့ မီဟြားကို ကၽြန္ေတာ္ ေတြ႔ဖို႕ လာခဲ့တယ္။ ကၽြန္ေတာ္ ေသမယ္ဆိုရင္ေတာင္မွ မီဟြာကို ေတြ႕ခြင့္ရခ်င္ပါတယ္။”

“အေဖ…” ေႏြဦး ျမက္ကေလးဟာ ၀မ္းနည္းေနတဲ့ သူ႕အေဖကို ေျပးဖက္လိုက္တယ္။

“မီဟြာ..” ေၾကာက္ရြံ႕ေနတဲ့ လူၾကီးဟာ ျပန္ဖက္လိုက္ပါတယ္။ သူဒီေန႕ကို ေရာက္ဖို႕ အမ်ားၾကီး ၾကိဳးစားခဲ့ရတယ္ေလ။

နင္ ဆံုးေအာင္နားေထာင္ျပီးေတာ့ သက္ျပင္းခ်လိုက္မိတယ္။

ေဆာင္းဦး သစ္ရြက္ေလးလည္း မထိန္းႏိုင္ပဲ ငိုေၾကြးေနမိတယ္။

မ်ိဳးႏြယ္စုေတြဟာ အသက္ရွင္ဖို႕ ေကာင္းကင္ ေျမၾကီးနဲ႕ မြန္းစတားေတြကို တိုက္ခိုက္ႏိုင္ဖိုလိုအပ္ပါတယ္။ ေႏြဦးသစ္ရြက္ေလးရဲ့ ဖခင္က ဥပမာေကာင္းပါပဲ။

ဂ်ိနင္။    ။  “ေႏြဦးျမက္ပင္ေလး မင္း အေဖနဲ႕ မင္းအတူေနခ်င္သလား?”

ေႏြဦးျမက္ကေလးဟာ မ်က္ရည္ လည္ရြဲ နဲ႕ ပဲ ဒူးေထာက္လိုက္ျပီးေတာ့ “သခင္ေလး ေႏြဦး ျမက္ကေလးကို ခြင့္လႊတ္ေပးပါ။ ကၽြန္မ အေဖနဲ႕ အတူ ေနခ်င္ပါတယ္။ တစ္ကယ္ပါ။”

“ၾကီးျမတ္လွတဲ့ သခင္ေလး…” ေၾကာက္ရြံံ႕ေနတဲ႕ လူၾကီးကလည္း ဒူးေထာက္ခ်လိုက္တယ္။

ဒီ သားအဖကို နင္ ၾကည့္လိုက္တယ္။ သူဟာ ေႏြဦးျမက္ေလးနဲ႕ ေဆာင္းဦး သစ္ရြက္ေလးတို႕နဲ႕ အခ်ိန္အၾကာၾကီး အတူတူ ေနခဲ့ရတယ္။ သူဟာ သူတို႕၂ေယာက္ကို အမ ၂ေယာက္လိုမ်ိဳး ခ်စ္ခင္ေနျပီ။ သူတို႕နဲ႕ သူ မခြဲခ်င္ဘူး။ ဒါေပမဲ့ သူ ေႏြဦးျမက္ေလး စိတ္ထိခိုက္မွာကို မလိုခ်င္ဘူး။
“ေနြဦးျမက္ေလးေရ ဒီေန႕ကစျပီး မင္းလြတ္လပ္ခြင့္ ျပန္ရျပီ။ အခုကစျပီး မင္းအေဖနဲ႕ အတူေနခ်င္ရင္ ေနႏိုင္ပါတယ္။ ”

သူတို႕ သားအဖ ၂ေယာက္လံုး အံ့ၾသသြားတယ္။
အယ့္

ဒီလိုနဲ႕ သူတို႕ သားအဖ ျပန္ျပီးေတာ့ အတူတကြ ေနထိုင္ခြင့္ရခဲ့ျပီ။

“ေက်းဇူးအထူးၾကီးမားလွပါတယ္ ၾကီးျမတ္လွတဲ့သခင္ေလး ခင္ဗ်ာ။ ကၽြန္ေတာ္ Blacktooth သခင္ေလးရဲ့ ၾကင္နာမႈကို ဘယ္ေတာ့မွ မေမ့ပါဘူး။”

Blacktooth ဟာ ဒူးေထာက္ျပီးေတာ့ ေက်းဇူးတင္စကားကို ထပ္ခါထပ္ခါ ဦးညြတ္ျပီး ေျပာလိုက္ပါတယ္။

……

နင္ရဲ့ အမိန္႔ေအာက္မွာ ေႏြဦး ျမက္ကေလးဟာ လြတ္လပ္ခြင့္ကို ျပန္ျပီး ပိုင္ဆိုင္ခဲ့တယ္။ သူ႕အေဖနဲ႕ အတူထြက္ခြာသြားတဲ့ အခ်ိန္မွာ သူနင္ကို ႏႈတ္ဆက္စကားေျပာခဲ့တယ္။

“သခင္ေလးရဲ့ ၾကင္နာမႈကို ေႏြဦးျမက္ကေလး အျမဲတမ္း မွတ္မိေနမွာပါ။ သခင္ေလးအတြက္ ေနြဦးျမက္ကေလး သူ႕ရဲ့ blacktooth ေက်းရြာကေန အျမဲတမ္း ဆုေတာင္းေပးေနမွာပါ။ တစ္ကယ္လို႕မ်ား အနာဂတ္မွာ သခင္ေလး Blacktooth ေက်းရြာကို ျဖတ္သြားလို႕ ရွိရင္ ေႏြဦးျမက္ကေလးဆီကို အလည္၀င္ခဲ့ဖို႕ ေမွ်ာ္လင့္မိပါတယ္။ ”

“ေသခ်ာ လာခဲ့မွာပါ။” နင္ သေဘာတူလိုက္တယ္။

“ငါတို႕ေတြ လာလည္မွာပါ။”
ေဆာင္းဦးသစ္ရြက္ေလးကလည္း ငိုေၾကြးျပီးေတာ့ ေျပာလိုက္တယ္။ သူနဲ႕ ေႏြဦးျမက္ကေလးဟာ ညီအမအရင္းေတြလိုပါပဲ။

….

ရက္ေတြဟာ ပိုပုိျပီးေတာ့ အေအးဓာတ္ လြန္ကဲလာတယ္။

နင္ရဲ႕ စိတ္သေဘာထားဟာလည္း ေျပာင္းလဲလာတယ္။

ေႏြဦးျမက္ကေလး သူ႕အေဖနဲ႕ ထြက္ခြာသားျခင္း၊ Serpentwing ရဲ့ တိုက္ခိုက္မႈ၊ သူ႕အေဖက မိစာၦၾကီးကို သတ္ဖို႕ ထြက္ခြာသြားတာ၊ဂ်ိကလန္ထဲမွာ သူနဲ႕ ဓားသိုင္းေလ့က်င့္ဖို႕ ျပိဳင္ဖက္တစ္ေယာက္မွ ရွာမေတြ႕ေတာ့တာ ဒါေတြအားလံုးဟာ နင့္ရဲ့ စိတ္ကို ေျပာင္းလဲလာေစခဲ့တယ္။

သူ႕အတြက္ အေနာက္ဘက္ ျမိဳ႕ေတာ္ဟာ အရမ္းကို ေသးငယ္တယ္လို႕ ခံစားလာရတယ္။

သူအျပင္ထြက္ျပီးေတာ့ ပိုျပီး က်ယ္ျပန္႕တဲ့ ကမာၻၾကီးကို ျမင္ခ်င္လာတယ္။ သူဟာ blacktooth မ်ိဳးႏြယ္စု ေက်းရြာလို ေက်းရြာေလးေတြ ဘယ္လို ရပ္တည္ေနထိုင္ၾကလဲဆိုတာ သိခ်င္လာတယ္။ သူဟာ သူ႕အေဖလိုမ်ိဳး  မိစာၦၾကီးေတြကို တစ္ေကာင္ျပီး တစ္ေကာင္ ယွဥ္ျပိဳင္ သတ္ျဖတ္ျပီးေတာ့ ဒီကမာၻတစ္ခုလံုကို စူးစမ္းခ်င္လာတယ္။

ႏွင္းေတြ က်ေနတဲ့ တစ္ရက္ စႏိုးသူ႕သားကို ေခၚလိုက္ျပီးေတာ့
“နင္ မင္းအေဖျပန္လာျပီ။”

နင္ေကာင္းကင္ေပၚကို ေမာ့ၾကည့္လိုက္ေတာ့ သူ႕အေဖဟာ အဇူရာမီးငွက္ကို စီးျပီးေတာ့ ျပန္လာေနတာ ေတြ႕လိုက္တယ္။

ဆက္ပါဦးမည္>>>>>>
Chapter ၆ (ဂ်ိနင္ ႏွင့္ Serpentwing)
Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode

တစ်ရက်ပြီး တစ်ရက် အချိန်တွေ ကုန်လွန်သွားခဲ့တယ်။

နေ့ရက်တွေဟာ တဖြည်းဖြည်း အေးခဲမှုတွေ လွန်ကဲလာခဲ့တယ်။ ဒါပေမဲ့ သူ့အဖေ ပြန်မလာသေးဘူး။ အနောက်ဘက် ဂျိကလန်ရဲ့ အနက်ရောင် မြင်းစီးသူရဲ စစ်တပ်ဟာ Serpentwing ရေကန်ကို ဝိုင်းထားတာ အချိန် အတော် ကြာခဲ့ပါပြီ။



လေ့ကျင့်ရေး ကွင်းထဲမှာတော့

လေထဲကို ဓားက ထိုးခွဲသွားတဲ့ လေခွင်းသံတွေ ဆူညံနေပါတယ်။ နင်ဟာ လေ့ကျင့်ရေးကွင်းအလယ်မှာ ရပ်ပြီးတော့ တစ်ယောက်တည်း မိုးရေစက် ဓားသိုင်းကို လေ့ကျင့်နေပါတယ်။ ဒီအချိန်မှာတော့ ဘယ်စစ်သူရဲမှ ဘယ် မွန်းစတားမှ နင်ကို ဓားသိုင်းနောက်တစ်ဆင့်တက်အောင် အတူတူ လေ့ကျင့်ပေးလို့ မရတော့ပါဘူး။ သူ့အဖေပဲ သူ့ကို ဓားသိုင်းနောက်တစ်ဆင့်တက်အောင် ကူညီလေ့ကျင့်လို့ ရပါတော့တယ်။ ဒါကြောင့် နင် တစ်ယောက်တည်း လေ့ကျင့်နေတာပါ။



“သခင်လေးရေ..”

ဆောင်းဦး သစ်ရွက်လေးက အသံတိုးတိုးလေးနဲ့ ခေါ်လိုက်တယ်။



နင် စိတ်လှုပ်ရှားနေတဲ့ ဆောင်းဦးသစ်ရွက်လေးကို မြင်လိုက်တယ်။

နင် ဓားကို သိမ်းလိုက်ပြီးတော့ မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။

“ဆောင်းဦးသစ်ရွက်ရေ ဘာကိစ္စရှိလို့လည်း။”



ဆောင်းဦးသစ်ရွက်က အသံတိုးတိုးနဲ့ ဖြေလိုက်တယ်။



“သခင်လေးရေ နွေဦး မြက်ကလေးရဲ့ ဖခင် က သခင်လေးနဲ့ တွေ့ဖို့ ခွင့်တောင်းလို့ပါ။”



နင် ကြောင်သွားတယ်။

“ဘယ်သူ”



“နွေဦး မြက်ကလေးရဲ့ ဖခင်ပါ။” ဆောင်းဦးသစ်ရွက်လေး အသံကျယ်ကျယ်နဲ့ ထပ်ပြောလိုက်တယ်။ “သူ့ရဲ့ ဖင်အရင်းပါ။”



နင် မင်သက်သွားတယ်။

“နွေဦး မြက်ကလေးမှာ အဖေ ရှိတယ် ဟုတ်လား?”



သူ့ရဲ့ အပျိုတော် ၂ ယောက်ဟာ ကျွန်ဖြစ်နေတာ ကြာလှပါပြီ။ သူတို့ကို အနောက်ဘက် ဂျိကလန်ကို ငယ်ငယ်လေးထဲက ရောင်းစားခဲ့တာ။



“နွေဦးမြက်လေး ဘယ်မှာလဲ။”



ဆောင်းဦး သစ်ရွက်လေးက အသံတိုးတိုးလေးနဲ့

“နွေဦး မြက်ကလေး က သခင်လေးကို လာမတွေ့ရဲပါဘူး။ ကျွန်မပြောနိုင်တာက သူက သူ့ဖခင်ကို အရမ်းတွေ့ချင်နေတာ။ ဒါပေမဲ့ သူမတွေ့ရဲဘူး။ သူ့ရဲ့ အဆင့်က အရမ်းကို နိမ့်ကျနေတယ်လေ။ ဒါကြောင့် သူပြောဖို့ ကြောက်နေတာ”



(မြန်မာဘာသာမှာ နာမ်စား သူမ မရှိပါဘူး။ စကားပြောတဲ့အခါမှာလည်း သူမလို့ မသုံးပါဘူး။ အင်္ဂလိပ်ဘာသာမှာသာ he = သူ ၊ she = သူမ ရှိပါတယ်။ ဒါကြောင့် စာရေးတဲ့အခါမှာ သူမလို့ ရေးဖို့ မလိုပါဘူး။ )



နင် အခုမှပဲ အဲ့ဒါကို သတိရသွားတော့တယ်။

နွေဦးမြက်ကလေးကော ၊ ဆောင်းဦး သစ်ရွက်ကလေးကောက သူ့ရဲ့ ရံရွေတော် တွေလေ။ ပြောရရင် သူက သူသတို့ ၂ယောက်ရဲ့ အရှင်သခင် ပိုင်ရှင်ပဲ။ သူတို့တွေကို ကျွန်အဖြစ် ရောင်းလိုက်တဲ့ နေ့ကစလို့ သူတို့မိဘတွေနဲ့ အဆက်အသွယ် လုပ်ခွင့် မရှိတော့ဘူးလေ။ ဒါပေမဲ့ လူသားတွေဟာ သစ်ပင် မြက်ပင်တွေမှ မဟုတ်ကြတာ။ သူတို့မှာလည်း ခံစားမှု ရှိကြတာပေါ့။



နင်ပြုံးပြီးတော့ ပြောလိုက်တယ်။

“သွား… နွေဦးမြက်ကလေး ရဲ့ အဖေ ကို သွားခေါ်လိုက်စမ်းချေ။ သူက တွေ့ချင်တယ်ဆိုတော့လည်း သူတို့ကို ပေးတွေ့လိုက်လေ။”



“ဟုတ်ကဲ့ရှင့် သခင်လေး။”

ဆောင်းဦး သစ်ရွက်ကလေးက ပျော်ရွှင်ပြီးတော့ အပြေးလေး ထွက်ခွာသွားတယ်။



“နွေဦးမြက်ကလေး ဝင်ခဲ့လေ။”

နွေဦး မြက်ကလေးဟာ အပြင်မှာ ရပ်စောင့်နေတယ်။ သူဟာ သားမွေးဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ သူ့မျက်နှာမှာ ဝေခွဲမရမှုတွေ ဝမ်းသာမှု ဝမ်းနည်းမှုတွေနဲ့ ပြည့်နေတယ်။ သူ့ သခင်လေး ခေါ်လိုက်တော့ သူ အတွင်းကို မဝံ့မရြ ဝင်လာတယ်။



နွေဦးမြက်ကလေးက နင်ကို ကြည့်ပြီးတော့

“သခင်လေးရှင့်”



ဂျိနင် က ရယ်မော ပြောဆိုလိုက်တယ်။

“မင်းအဖေက ဒီမှာလေ။ မင်းတွေ့ချင်တယ်ဆိုရင် တွေ့လို့ ရပါတယ်ဟ။”



နွေဦး မြက်ကလေးက နှုတ်ခမ်းကို စေ့ပြီး

“ဒါပေမဲ့ ဂျိကလန်က ကျွန်မကို ဝယ်ခဲ့တာလေ။ ကျွန်မ…”



နင် မျက်မှောင် ကြုတ်လိုက်ပြီးတော့ပြောလိုက်တယ်

“ဟင်... ငါ့စကားက ဒီမှာ သြဇာမရှိတော့ဘူးလား။?”



“နားလည်ပါပြီ သခင်လေး”

သူ နင်ပေါ် အများကြီး ကျေးဇူးတင်သွားတယ်။ ပြောရရင် သူရော ဆောင်းဦး သစ်ရွက်လေးကော ၂ ယောက်လုံးဟာ ဂျိနင်ရဲ့ ပါရမီ ရှိတာကို ငယ်ငယ်လေးထဲက သိကြပါတယ်။ ပြီးတော့ ဂျိနင်ဟာ သူတို့အပေါ်ကို တခြားသခင်တွေ ကျွန်တွေ ဆက်ဆံသလိုမျိုး မဆက်ဆံခဲ့ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။



“သူဒီရောက်နေပြီလေ။”

နင် တံခါးကို ညွှန်ပြလိုက်တယ်။ အဲဒီမှာ နွေဦးမြက်လေးရဲ့ အဖေနဲ့ ဆောင်းဦး သစ်ရွက်လေးတို့ အတူတူ ဝင်လာကြတယ်။ သူ့အဖေဟာ အရပ်မြင့်ပြီးတော့ ခန္ဓာကိုယ်ကြံ့ခိုင်ပြီး မုတ်ဆိတ်မွေးတွေရှိတယ်။ သားမွေးဝတ်စုံ အကြမ်းကို ဝတ်ထားတယ်။ သူဟာ ကြမ်းတမ်းတဲ့ ပုံပေါက်ပေမဲ့ အခုတော့ သူအရမ်းကို စိတ်လှုပ်ရှားပြီး မဝံ့မရဲ ဖြစ်နေတယ်။ သူ့ခေါင်းကို ငုံ့ပြီး ဝင်လာတယ်။



ဆောင်းဦးသစ်ရွက်လေးက အရိုအသေပေးပြီး မိတ်ဆက်ပေးလိုက်တယ်။

“သခင်လေး သူပါပဲ။”



ကြောက်ရွံ့နေတဲ့ လူကြီးဟာ ပြာပြာသလဲ ဒူးထောက်လိုက်ပြီးတော့ သူ့ခေါင်းကိုလည်း မြေကြီးနဲ့ ထိအောင် ဖိကပ်လိုက်ပြီး ရှိခိုးပြောဆိုလိုက်တယ်။

“အစွမ်းထက်လှတဲ့ သခင်လေးခင်ဗျာ။ Blacktooth သခင်လေးကို အရိုအသေပေး နှုတ်ခွန်းဆက်သပါတယ်။”

ဒါကိုမြင်တော့ နွေဦး မြက်လေးရဲ့ မျက်လုံးတွေ နီရဲလာခဲ့တယ်။



နင် က နွေဦးမြက်ကလေးလို တစ်ချက်ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။

“ကဲကဲ ထပါတော့”



ကြောက်ရွံ့နေတဲ့ လူကြီးဟာ ခေါင်းမော့လိုက်ပြီးတော့ နွေဦးမြက်လေးကို ကြည့်လိုက်တယ်။ သားအဖ ၂ ယောက် မျက်လုံးချင်းဆုံတဲ့ အခါမှာ မျက်ရည် ဖြိုင်ဖြိုင် ကျလာကြတယ်။



ကြောက်ရွံ့နေတဲ့ လူကြီးဟာ ချက်ခြင်းပဲ မျက်ရည်ကို သုတ်လိုက်ပြီးတော့ ပြန်ထိန်းလိုက်တယ်။



ဂျိနင်။    ။“မင်းဘာလို့ ငါ့နန်းတော်ကို လာခဲ့ရတာလည်း။”



ကြောက်ရွံ့နေတဲ့ လူကြီးဟာ အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးတော့

“ကျွန်တော်မျိုး blacktooth ကျွန်တော်မျိုးရဲ့ သမီးကလေး မီဟွား ကို သခင်လေးဆီကနေ ပြန်လာရွေးတာပါ ခင်ဗျာ။”



“ပြန်လာရွေးတာ?”

သူ ဒီကမ္ဘာကို ရောက်ထဲက လူတွေအများကြီးနဲ့ ရင်းနှီးခဲ့တယ်။ ဒါပေမဲ့ နွေဦး မြက်ကလေး နဲ့ ဆောင်းဦးသစ်ရွက်လေးတို့ကတော့ သူ့နှလုံးသားထဲမှာ အမ အရင်းတွေပါပဲ။ ငယ်ငယ်ထဲက အတူတကွ ကြီးပြင်းခဲ့ကြတယ်။



အဖေ!!!!



နွေဦးမြက်လေး အလန့်တကြားအော်လိုက်တယ်။ ဒီကမ္ဘာမှာ သာမာန်ကျွန်တွေကို ပိုက်ဆံတန်ဖိုးအတိုင်း ပြန်ပေးနိုင်ရင် ပြန်ရွေးနိုင်ပါတယ်။ ဒါပေမဲ့ ဂျိကလန်က သခင်လေးဆိုတာ ဘယ်လို အဆင့်အတန်းမျိုးလည်း။ သူ့အဖေက သူ့ကို ဘယ်လို ပြန်ရွေးနိုင်မှာလည်း။ တစ်ကယ်လို့သာ သခင်လေးသာ ဒေါသထွက်သွားရင် သူ့အဖေချက်ခြင်း သေသွားလိမ့်မယ်။



တစ်ချိန်တည်းမှာ သူဒူးထောက်ချလိုက်ပြီးတော့

“သခင်လေးရေ ကျွန်မအဖေ ဘာမှ နားမလည်လို့ပါ။ သူ့အမိုက်အမဲလေးတွေကို ခွင့်လွှတ်ပေးပါ။”



နင်က ကြောက်ရွံ့နေတဲ့ လူကြီးကို စိုက်ကြည့်လိုက်ပြီးတော့

“သူဆက်ပြောပါစေ။ မင်းပြောချင်တာကို ဆက်ပြောကြည့်ပါ။ တစ်ကယ်လို့ မင်းငါ့ကို စိတ်ဝင်စားအောင် ပြောနိုင်ရင်ပြော။ မပြောနိုင်ရင်တော့…..”



ကြောက်ရွံ့နေတဲ့ လူကြီးဟာ ပိုပြီးတော့ တုန်လှုပ်သွားတယ်။

သူဟာ သူ့ရှေ့က လူငယ်ဟာ ဘယ်လောက်တောင် အာဏာ ရှိလည်းဆိုတာကို သူနားလည်ပါတယ်။ ဒီလူငယ်သာ သူ့အသက်ကို လိုချင်ရင် အေးအေးဆေးဆေး နှုတ်ယူသွားလို့ရတယ်။ အရမ်းကို ရိုးရှင်းပါတယ်။ ဒါပေမဲ့ သူဒီကိုလာခဲ့ပြီဆိုတော့ သူစိတ်ကို ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီးပြီ။



“ကြီးမြတ်လှတဲ့ သခင်လေး ခင်ဗျာ ကျွန်တော် နှလုံးသားထဲကနေ သိသမျှ အကုန် ပြောပြပါ့မယ်။”



နင်က ကြည့်နေလိုက်တယ်။



“ ကျွန်တော် Blacktooth ဟာ တစ်ခါတုန်းကတော့ မျိုးနွယ်စု ရွာသူကြီး တစ်ဦးရဲ့ သားတစ်ယောက်ပါ။ ကျွန်တော်တို့ Blacktooth ကျေးရွာသဟာ တောနက်ကြီးထဲက တောင် တစ်တောင် အနီးမှာနေထိုင်ကြတယ်။ ကျေးရွာဟာ တိရိစ္ဆာန်တွေ မွေးမြူခြင်း၊ စိုက်ပျိုးခြင်းနဲ့ အေးအေးချမ်းချမ်း နေထိုင်ကြတယ်။ ကျွန်တော်ကတော့ ရွာက အစွမ်းထက်တဲ့ ရွာသားတွေကို ဦးဆောင်ပြီးတော့ သောင်းကျန်းနေတဲ့ သားရဲတွေကို နှိမ်နင်းတဲ့ တာဝန်ကို ယူထားတယ်။ တစ်နေ့တော့ သားရဲတွေကို အမဲလိုက်ရင်း ဂျုံခင်းတွေ သဘာဝအတိုင်းပေါက်နေတဲ့ ချိုင့်ဝှမ်းကြီးတစ်ခုထဲ ရောက်သွားတယ်။ ”



“ကျွန်တော်တို့တွေ ဒီဂျုံခင်းတွေကို တွေ့တော့ အရမ်းကို ပျော်ရွှင်သွားကြတယ်။ ဒီကနေ ရိက္ခာတွေ အများကြီး ရနိုင်တယ်လေ။ ဒါဆို ကျေးရွာဟာ ပိုပြီးတော့ စည်ပင်တိုးတက်လာပြီး လူဦးရေလည်း တိုးပွားလာမှာ အမှန်ပဲလေ။ ဒါပေမဲ့ ဒီ သတင်းဟာ တစ်ခြား တန်ခိုးကြီး ကျေးရွာဖြစ်တဲ့ Blood mosquito မျိုးနွယ်စု ကျေးရွာကို ရောက်သွားခဲ့တယ်။ တစ်ရက် မိုသောက်စအချိန် တစ်ရွာလုံးနီးပါး အိပ်မောကျနေတဲ့ အချိန်မှာ သူတို့ကျေးရွာက ကျွန်တော်တို့ bloodtooth ကျေးရွာကို အလစ်ဝင်တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့ ကျေးရွာဟာ နဂိုကတည်းက blood mosquito မျိုးနွယ်စုလောက် အစွမ်းမထက်တဲ့ အပြင် အလစ် ဝင်တိုက်ခံရတော့ ကံကောင်းတဲ့ လူအချို့သာ အသက်ရှင် လွတ်မြောက်သွားခဲ့တယ်။ ”     



“ကျွန်တော်ဟာ မီဟွာနဲ့ အတူ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ နောက်တော့ အနောက်ဘက်ဂျိကလန်ကို အခက်အခဲတွေ အန္တာရာယ်တွေ အမျိုးမျိုးကို ဖြတ်ကျော်ပြီးမှ ရောက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့ရဲ့ ချစ်လှစွာသော သမီးလေး တစ်ယောက်နဲ့ မျိုးနွယ်က သွေးသောက် ညီအကိုတွေ အကုန်လုံး  သေဆုံးခဲ့တယ်။ ကျွန်တော် ဘယ်လိုပဲ ဖြစ်ဖြစ် သွေးကြွေးကို ဆပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မီဟွာက ငယ်ငယ်လေးရှိသေးတယ်။ သူဟာ အရမ်းကို အပြစ်ကင်းစင်ပြီးတော့ ဆက်လက်အသက်ရှင်ဖို့လိုအပ်တယ်။ ဒါကြောင့် ကျွန်တော်ဟာ သူ့ကို ဂျိကလန်ကို ပေးခဲ့တယ်။ အနည်းဆုံးတော့ သူ တည်ငြိမ်တဲ့ ဘဝလေးကို ပိုင်ဆိုင်မှာပဲလေ။ ”



နွေဦးမြက်ကလေးဟာ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ငိုကြွေးပါတော့တယ်။

“အဖေ။အဖေ။…”



မီဟွာ သူဘယ်တော့မှ မမေ့ဘူး။

သူဒီတိုက်ပွဲနေ့ ဘယ်လိုလုပ်မေ့နိုင်မှာလည်း။ သူ့အချစ်ဆုံး သူငယ်ချင်းတွေ အချစ်ဆုံး မောင်နှမတွေ အကုန် တိုက်ပွဲမှာ အသတ်ခံခဲ့ရတယ်။ ဒီ မြင်ကွင်းကို သူမမေ့နိုင်ဘူး။ သူအဖေဟာ အစွမ်းရှိသလောက် ကြိုးစားပြီး သမီးတွေ အသက်ရှင်အောင် တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ သူ မီဟွာတစ်ယောက်တည်းကိုပဲ ကယ်တင်နိုင်ခဲ့တယ်။ နောက်ဆုံးမှာ အနောက်ဘက် ဂျိကလန်မြို့တော်ကို ရောက်ခဲ့တယ်။ အဖေဟာ နောက်ဆုံး သူ့ကို မခွဲခွာခင်မှာ မှာကြားခဲ့တယ်။

“အဖေကတော့ လုပ်စရာရှိတာတွေကို ဆက်လုပ်ဖို့ ထွက်သွားပြီ။ သမီးကတော့ ကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်ခဲ့ရမယ်နော်။”



“အဖေ။ မသွားပါနဲ့ အဖေ။ မခွဲသွားပါနဲ့….”



ငယ်ရွယ်နေသေးတဲ့ blacktooth ဟာ အံကို တင်းတင်းကြိတ်ပြီး ထွက်ခွာလာခဲ့တယ်။

သူဟာ ကလဲ့စားခြေဖို့ ထွက်ခွာသွားခဲ့တယ်။



“ငါမုန်းတီးခဲ့တယ်။ ငါဟာ Ninefang စစ်သူရဲ တစ်ယောက်ဖြစ်ပေမဲ့ Blood mosquito မျိုးနွယ်စုအတွက်တော့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ငါရဲ့ ရန်သူ ၄ယောက်လောက်ပဲ ငါသတ်လို့ရခဲ့တဲ့ အချိန်မှာပဲ အနီရောင်သားမွေးနဲ့ မွန်းစတားကြီးဟာ blood mosquito မျိုးနွယ်စုကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ငါ့ရဲ့ မွေးရပ်မြေကို ဖျက်ဆီးသွားတဲ့ စစ်တပ်ကို ခေါင်းဆောင်တဲ့ လူကို မွန်းစတားကြီးက တစ်ချက်တည်း မြိုချလိုက်တယ်။ Blood mosquito မျိုးနွယ်စုဟာ ပျက်ဆီးသွားခဲ့တယ်။ ကံကောင်းတဲ့ သူတွေပဲ လွတ်မြောက်ခဲ့ပြီး တစ်ခြားကျေးရွာတွေမှာ သွားရောက်နေထိုင်ကြတယ်။  ”



“ငါ့မှာ သတ်စရာ ရန်သူမရှိတော့ဘူး။”



“ဒါပေမဲ့ ဘာမှ မရှိတော့တဲ့ ကျွန်တော်ဟာ မီဟွာကို ပြန် ရွေးဖို့ မတတ်နိုင်သေးဘူး။ ဒါနဲ့ ကျွန်တော် ကုန်သည်တစ်ယောက် ဖြစ်လာတယ်။ တစ်ခါပြီး တစ်ခါ အသက်ဘေးတွေကနေ လွတ်မြောက်လာတဲ့ ကျွန်တော်ဟာ နောက်တော့ အသက်ရှင် ကျန်ရစ်တဲ့ ကျွန်တော့ ကျေးရွာသားတစ်ချို့နဲ့ ပြန်တွေ့ခဲ့တယ်။ ဒါနဲ့ ကျွန်တော့ရဲ့ ကုန်သည်အဖွဲ့ဟာ တဖြည်းဖြည်း အင်အားများလာတယ်။ နောက်တော့ ကျွန်တော် ငွေစုမိလာပြီးတော့  ကျွန်တော့ ကျေးရွာကို ပြန်တည်ထောင်ခဲ့တယ်။ ဒီ Blacktooth ကျေးရွာမှာ ကျွန်တော် ရွာသူကြီး ဖြစ်လာတယ်။ ”



“ကျွန်တော် ကုန်ကူးနေတဲ့ အချိန်မှာ ဂျိကလန်က လူအချို့နဲ့ သိခွင့်ရခဲ့တော့ မီဟွာ အကြောင်း စုံစမ်းခဲ့တယ်။ ဒီတော့မှ မီဟွာဟာ သခင်လေးရဲ့ ရံရွေတော် တစ်ဦး ဖြစ်နေတယ်ဆိုတာ သိခွင့်ရခဲ့တယ်။”



“ကျွန်တော် Blacktooth ကျေးရွာကို ပြန်တည်ဆောက်ပြီးတဲ့အခါမှာ လုပ်သင့်တာတွေကို ပြီးပြတ်အောင် လုပ်ခဲ့တယ်။ အဖေမှာခဲ့တာတွေ နဲ့ အရင် တခြားသူတွေ အတွက်လည်း လုပ်သင့်တာတွေ လုပ်ခဲ့တယ်။ နောက်ဆုံးတော့ကျွန်တော့ သမီးလေး မီဟွားကို တွေ့ဖို့လာခဲ့တယ်။ ကျွန်တော် ၁၀ နှစ်လုံးလုံး အိမ်မက်ထဲမှာတောင် သတိရနေခဲ့တဲ့ မီဟွားကို ကျွန်တော် တွေ့ဖို့ လာခဲ့တယ်။ ကျွန်တော် သေမယ်ဆိုရင်တောင်မှ မီဟွာကို တွေ့ခွင့်ရချင်ပါတယ်။”



“အဖေ…” နွေဦး မြက်ကလေးဟာ ဝမ်းနည်းနေတဲ့ သူ့အဖေကို ပြေးဖက်လိုက်တယ်။



“မီဟွာ..” ကြောက်ရွံ့နေတဲ့ လူကြီးဟာ ပြန်ဖက်လိုက်ပါတယ်။ သူဒီနေ့ကို ရောက်ဖို့ အများကြီး ကြိုးစားခဲ့ရတယ်လေ။



နင် ဆုံးအောင်နားထောင်ပြီးတော့ သက်ပြင်းချလိုက်မိတယ်။



ဆောင်းဦး သစ်ရွက်လေးလည်း မထိန်းနိုင်ပဲ ငိုကြွေးနေမိတယ်။



မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့ ကောင်းကင် မြေကြီးနဲ့ မွန်းစတားတွေကို တိုက်ခိုက်နိုင်ဖိုလိုအပ်ပါတယ်။ နွေဦးသစ်ရွက်လေးရဲ့ ဖခင်က ဥပမာကောင်းပါပဲ။



ဂျိနင်။    ။  “နွေဦးမြက်ပင်လေး မင်း အဖေနဲ့ မင်းအတူနေချင်သလား?”



နွေဦးမြက်ကလေးဟာ မျက်ရည် လည်ရွဲ နဲ့ ပဲ ဒူးထောက်လိုက်ပြီးတော့ “သခင်လေး နွေဦး မြက်ကလေးကို ခွင့်လွှတ်ပေးပါ။ ကျွန်မ အဖေနဲ့ အတူ နေချင်ပါတယ်။ တစ်ကယ်ပါ။”



“ကြီးမြတ်လှတဲ့ သခင်လေး…” ကြောက်ရွံံ့နေတဲ့ လူကြီးကလည်း ဒူးထောက်ချလိုက်တယ်။



ဒီ သားအဖကို နင် ကြည့်လိုက်တယ်။ သူဟာ နွေဦးမြက်လေးနဲ့ ဆောင်းဦး သစ်ရွက်လေးတို့နဲ့ အချိန်အကြာကြီး အတူတူ နေခဲ့ရတယ်။ သူဟာ သူတို့၂ယောက်ကို အမ ၂ယောက်လိုမျိုး ချစ်ခင်နေပြီ။ သူတို့နဲ့ သူ မခွဲချင်ဘူး။ ဒါပေမဲ့ သူ နွေဦးမြက်လေး စိတ်ထိခိုက်မှာကို မလိုချင်ဘူး။

“နွေဦးမြက်လေးရေ ဒီနေ့ကစပြီး မင်းလွတ်လပ်ခွင့် ပြန်ရပြီ။ အခုကစပြီး မင်းအဖေနဲ့ အတူနေချင်ရင် နေနိုင်ပါတယ်။ ”



သူတို့ သားအဖ ၂ယောက်လုံး အံ့သြသွားတယ်။

အယ့်



ဒီလိုနဲ့ သူတို့ သားအဖ ပြန်ပြီးတော့ အတူတကွ နေထိုင်ခွင့်ရခဲ့ပြီ။



“ကျေးဇူးအထူးကြီးမားလှပါတယ် ကြီးမြတ်လှတဲ့သခင်လေး ခင်ဗျာ။ ကျွန်တော် Blacktooth သခင်လေးရဲ့ ကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး။”



Blacktooth ဟာ ဒူးထောက်ပြီးတော့ ကျေးဇူးတင်စကားကို ထပ်ခါထပ်ခါ ဦးညွတ်ပြီး ပြောလိုက်ပါတယ်။



……



နင်ရဲ့ အမိန့်အောက်မှာ နွေဦး မြက်ကလေးဟာ လွတ်လပ်ခွင့်ကို ပြန်ပြီး ပိုင်ဆိုင်ခဲ့တယ်။ သူ့အဖေနဲ့ အတူထွက်ခွာသွားတဲ့ အချိန်မှာ သူနင်ကို နှုတ်ဆက်စကားပြောခဲ့တယ်။



“သခင်လေးရဲ့ ကြင်နာမှုကို နွေဦးမြက်ကလေး အမြဲတမ်း မှတ်မိနေမှာပါ။ သခင်လေးအတွက် နွေဦးမြက်ကလေး သူ့ရဲ့ blacktooth ကျေးရွာကနေ အမြဲတမ်း ဆုတောင်းပေးနေမှာပါ။ တစ်ကယ်လို့များ အနာဂတ်မှာ သခင်လေး Blacktooth ကျေးရွာကို ဖြတ်သွားလို့ ရှိရင် နွေဦးမြက်ကလေးဆီကို အလည်ဝင်ခဲ့ဖို့ မျှော်လင့်မိပါတယ်။ ”



“သေချာ လာခဲ့မှာပါ။” နင် သဘောတူလိုက်တယ်။



“ငါတို့တွေ လာလည်မှာပါ။”

ဆောင်းဦးသစ်ရွက်လေးကလည်း ငိုကြွေးပြီးတော့ ပြောလိုက်တယ်။ သူနဲ့ နွေဦးမြက်ကလေးဟာ ညီအမအရင်းတွေလိုပါပဲ။



….



ရက်တွေဟာ ပိုပိုပြီးတော့ အအေးဓာတ် လွန်ကဲလာတယ်။



နင်ရဲ့ စိတ်သဘောထားဟာလည်း ပြောင်းလဲလာတယ်။



နွေဦးမြက်ကလေး သူ့အဖေနဲ့ ထွက်ခွာသားခြင်း၊ Serpentwing ရဲ့ တိုက်ခိုက်မှု၊ သူ့အဖေက မိစ္ဆာကြီးကို သတ်ဖို့ ထွက်ခွာသွားတာ၊ဂျိကလန်ထဲမှာ သူနဲ့ ဓားသိုင်းလေ့ကျင့်ဖို့ ပြိုင်ဖက်တစ်ယောက်မှ ရှာမတွေ့တော့တာ ဒါတွေအားလုံးဟာ နင့်ရဲ့ စိတ်ကို ပြောင်းလဲလာစေခဲ့တယ်။



သူ့အတွက် အနောက်ဘက် မြို့တော်ဟာ အရမ်းကို သေးငယ်တယ်လို့ ခံစားလာရတယ်။



သူအပြင်ထွက်ပြီးတော့ ပိုပြီး ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မြင်ချင်လာတယ်။ သူဟာ blacktooth မျိုးနွယ်စု ကျေးရွာလို ကျေးရွာလေးတွေ ဘယ်လို ရပ်တည်နေထိုင်ကြလဲဆိုတာ သိချင်လာတယ်။ သူဟာ သူ့အဖေလိုမျိုး  မိစ္ဆာကြီးတွေကို တစ်ကောင်ပြီး တစ်ကောင် ယှဉ်ပြိုင် သတ်ဖြတ်ပြီးတော့ ဒီကမ္ဘာတစ်ခုလုံကို စူးစမ်းချင်လာတယ်။



နှင်းတွေ ကျနေတဲ့ တစ်ရက် စနိုးသူ့သားကို ခေါ်လိုက်ပြီးတော့

“နင် မင်းအဖေပြန်လာပြီ။”



နင်ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ သူ့အဖေဟာ အဇူရာမီးငှက်ကို စီးပြီးတော့ ပြန်လာနေတာ တွေ့လိုက်တယ်။



ဆက်ပါဦးမည်>>>>>>

Chapter ၆ (ဂျိနင် နှင့် Serpentwing)

Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)