ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 2 Chapter 4 (ရီချွမ်ဒေါသ)
ဟိုင်း…
ရွှန်း…….
ဖန်း….
ရှစ်….ရှစ်…. ရှစ်….
ဖန်း…
ရွှစ်…ရွှစ်..ရွှစ်..
ဟူး……
Serpentwing ရေကန်….!!!!!!!!
“ကောင်းပြီ”
ဝှစ်….
…..
Groooowl……….
Gaaaaaaaaaaaaa……!!!!!
…..
ကောင်းပြီ။
………
“အဖေ?”
“ပြီးတော့!!!”
….
ဝှစ်…၀ှစ်…၀ှစ်..
“ဟုတ်ကဲ့အမေ”
Chapter 4 ပြီးပါပြီ
ဆက်ပါဦးမည်>>>>>>
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Thanks u all…
Unicode
မီးလျှံတွေ ဝိုင်းနေတဲ့ အဇူရာမီးငှက်ဟာ လေကို ခွင်းပြီးတော့ အကြေးခွံတောင်ပံပါတဲ့ Serpentwing ကို လိုက်လံတိုက်ခိုက်နေပါတယ်။ လေတိုးသံတွေဟာ တဝုန်းဝုန်းနဲ့ မြည်ပြီးကျန်ခဲ့ပါတယ်။
ငှက်ပေါ်က ရီချွမ်နဲ့ အနက်ရောင်ဝတ် မိန်းမပျိုတို့ဟာ အရှေ့မှာ ပြေးတာအရမ်းမြန်တဲ့ Serpentwing ကို ကြည့်ပြီး စကားပြောလိုက်ကြပါတယ်။
“ရီချွမ် ၊ ဒီ Serpentwing က နောက်ဆုံးအဆင့် ဇင်တျန် မွန်းစတား။ ငါ့မီးငှက်ထက် နဲ့ ယှဉ်ရင် သူကတော်တော်ကို Strong ဖြစ်သေးတယ်။ မီးငှက်က အဝေးကို ပျံသန်းတာမှာ သာပေမဲ့ သူ့ကို ဖမ်းမိဖို့တော့ တော်တော်ခက်လိမ့်မယ်။”
“ပန်းပွင့် မိန်းကလေး ဒါငါဖြေရှင်းပေးမယ်”
ရီချွမ်ရဲ့ မျက်နှာအမူအရာဟာ ရေခဲပြင်လို အေးစက်နေပါတယ်။ သူကလက်ထဲမှာ ငွေရောင်လေးတစ်လက်ပေါ်လာပြီးတော့ ဘယ်ဘက်လက်မှာ မြားတွေ ပေါ်လာတယ်။
ဟိုင်း…
လေးညှို့ကို အဆုံးအထိ ဆွဲလိုက်ပြီးတော့ ပြေးနေတဲ့ Serpentwing ကို သေချာ ချိန်လိုက်ပါတယ်။
ရွှန်း…….
မြားဟာ အလင်းတန်းလို ပြောင်းသွားပြီးတော့ ပြေးနေတဲ့ Serpentwing ဆီကို ပြေးဝင်သွားပါတယ်။ ဒီလို အကွာအဝေးကနေ အရမ်းမြန်တဲ့ နှုန်းနဲ့ ပြေးထွက်သွားတဲ့ မြားကို ခန္ဓာကိုယ် အလွန်ကြီးမားတဲ့ Serpentwing ဟာဘယ်လိုမှ လွတ်အောင် မရှောင်နိုင်ပါဘူး။
လေး ပညာမှာတော့ ရီချွမ်ဟာ မျက်ကန်းငါးလောက် မထက်မြက်ပါဘူး။
ဒါပေမဲ့ ဂျိကလန်က လူတိုင်းဟာ လေးပညာကို ကျွမ်းကျင်ကြသလို ရီချွမ်ရဲ့ အစွမ်းနဲ့ ပစ်လိုက်တဲ့ မြားဟာ မျက်ကန်းငါးရဲ့ မြားထက် ပိုပြီးတော့ မြန်ပါတယ်။
ဖန်း….
မြားဟာ Serpentwing ခန္ဓာကိုယ်ကို စိုက်ဝင်သွားပြီးတော့ ချက်ချင်း ပေါက်ကွဲသွားပါတယ်။ သူ့ခန္ဓာကိုယ်မှာ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားပါတယ်။ ဒီ ဒဏ်ရာဟာ အတွင်းမှာ ရှိတဲ့ အရိုးတွေပါ ပေါ်လာတဲ့ အထိတောင် ကြီးမားပါတယ်။ အမှန်တော့ ရီချွမ်ရဲ့ မြားဟာ Serpentwing ရဲ့ ခန္ဓာကိုယ်ကို ချိန်ထားတာ မဟုတ်ပါဘူး။ တောင်ပံကို အဓိက ချိန်ထားတာပါ။ ဒါကို Serpentwing က နားလည်တော့ သူ့တောင်ပံကို အထိမခံပါဘူး။ သူ့ကိုယ်လုံးကြီးနဲ့ ကာကွယ်လိုက်ပါတယ်။ တစ်ကယ်လို့တောင်ပံသာ ထိသွားရင် သူပြေးလို့လွတ်တော့မှာ မဟုတ်တော့ဘူးလေ။
ရှစ်….ရှစ်…. ရှစ်….
သူ့ခန္ဓာကိုယ်က ဒဏ်ရာဟာ ချက်ချင်းပဲ ပြန်ပြည့်ပြီး အကောင်းအတိုင်း ဖြစ်သွားပါတယ်။
သူ အသည်းအသန် အသက်လုပြီး ဆက်ထွက်ပြေးပါတယ်။
“ရီချွမ် မင်းတို့ ဂျိကလန်က ငါ့သားကို သေအောင်သတ်ခဲ့တယ်။ ငါက ကလဲ့စားချေဖို့ပြန်လာတာကို ကျတော့ ခွင့်မပြုဘူးလား။”
“အဆိပ်ကောင်ကြီး။ မင်းသာ အညံ့ခံရင် အေးအေးချမ်းချမ်း သေခွင့်ပြုမယ်။ မဟုတ်ရင်တော့ မင်းနောင်တရရလိမ့်မယ်။”
ငှက်ပေါ်ကနေ ရီချွမ်က အော်ပြောလိုက်ပါတယ်။ပြီးတော့ ငွေလေးနဲ့ နောက်ထပ်မြားတစ်ချက် ထပ်ပစ်လိုက်ပါတယ်။
Serpentwing အသည်းအသန် ရှောင်တိမ်းလိုက်ရတယ်။
ဖန်း…
ဒါပေမဲ့ Serpentwing ခန္ဓာကိုယ်ကို ထပ်ထိသွားပြီးတော့ ဒဏ်ရာကြီး ထပ်ဖြစ်သွားတယ်။ သူဒေါသတကြီး အော်ဟစ်ညည်းညူလိုက်တယ်။
“ရီချွမ်ဟာ အနောက်ပိုင်း ဂျိကလန်ရဲ့ နံပါတ်တစ် အိတ်စပတ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူကဘာလို့ ဒီလောက် အရမ်းကြီး အစွမ်းထက်  ရတာလဲ။ သူ့ရဲ့ ၂ကီလိုမီတာက ဓားချက်ဟာ ငါ့ရဲ့ အမြီးကို ပြတ်လုလုအထိကို အစွမ်းထက်တယ်။ အခုဆို သူ့မြားတစ်ချက် တစ်ချက်ဟာ ငါ့ကို အကြီးအကျယ် ဒဏ်ရာ ရစေတယ်။ ဇင်တျန် အထွဋ်အထိပ် မွန်းစတားတောင် ငါ့ကို ခဏပဲ ထိန်းချုပ်နိုင်မယ်။ ငါ့ခန္ဓာကိုယ်ကို ဒီလောက်အထိ ပျက်ဆီးအောင် ဘယ်လိုမှ မစွမ်းဆောင်နိုင်ဘူး။….. ”
Serpentwing ရဲ့ သတ္တိတွေဟာ ပထမဆုံး ဓားချက်တွေကို ခုခံလိုက်ရတည်းက တစစီ ပျက်ဆီးသွားခဲ့ပါပြီ။
ဓားချက်ဟာ ၂ကီလိုမီတာကနေ သူ့ကို အကြီးအကျယ် ဒဏ်ရာရအောင် စွမ်းဆောင်နိုင်တယ်။
တစ်ကယ်လို့သာ သူအနီးကပ် တိုက်ခိုက်ခံရရင် တစ်ချက်တည်းနဲ့ သေသွားမှာပဲ။
ရွှစ်…ရွှစ်..ရွှစ်..
ရီချွမ်ဟာ မြားတစ်ချောင်းပြီး တစ်ချောင်း ဆက်တိုက်ပစ်လိုက်တယ်။ Serpentwing ဟာ အံကို ကြိတ်ပြီး မြားချက်တိုင်းကို သူ့ခန္ဓာကိုယ်နဲ့ ကာကွယ်ခဲ့တယ်။ တော်သေးတာက သူ့ကိုယ်ကြီးဟာ မီတာ ၁၀၀ လောက် ရှိနေလို့တော်သေးတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ အခုဆို အပေါက်ကြီးတွေ ၁၀ ပေါက်မကတော့ဘူး ပေါ်နေပြီ။ ဒါပေမဲ့ အရမ်းကို powerful ဖြစ်တဲ့ သူ့အသက်ခွန်အားကြောင့် သူ့ပျံသန်းနှုန်းဟာ နည်းနည်းလေးမှ နှေးမသွားခဲ့ဘူး။
သိပ်မကြာပါဘူး မြေပြင်မှာ ရေအိုက်ကျယ်ရဲ့ ကမ်းစပ်ကို မြင်လာရတယ်။
ဟူး……
Serpentwing ဟာ ချက်ချင်းပဲ ရေအိုင်ထဲကို ဦးစိုက် ဆင်းသွားတယ်။
Serpentwing ရေကန်….!!!!!!!!
ရီချွမ်နဲ့ မိန်းမပျိုရဲ့ မျက်နှာ အမူအရာ ပြောင်းလဲသွားတယ်။
အရမ်းကို ကြီးမားတဲ့ Serpentwing ဟာ ရေအိုင်ထဲကို ဒိုင်ဗင်ထိုးဆင်းသွားတယ်။ ရေအိုင်မှာ လှိုင်းပယက်ကြီးတွေ ဖြစ်ပေါ်ပြီး ကျန်ခဲ့တယ်။ ဒါပေမဲ့ သူ့ကိုတော့ အရိပ်ယောင် မမြင်ရတော့ဘူး။
အဇူရာမီးငှက်ဟာ ရေမျက်နှာပြင်ပေါ်မှာ တောင်ပံခတ်ပြီး လေထဲမှာ ရပ်နေတယ်။
ဝတ်စုံနက်နဲ့ မိန်းမပျို။     ။ ရီချွမ် ငါတို့ ဘယ်လို လုပ်ကြမလဲ။
ရီချွမ် က အဇူရာ မီးငှက်ပေါ်ကနေ ရေပြင်ကို စိုက်ကြည့်ပြီးတော့
“ထွက်ပြေးသွားတယ်။ ဟင်း …ဟင်း…. ပန်းပွင့် မိန်းကလေးရေ မင်းကို နည်းနည်း ဒုက္ခပေးပါရစေ။ ငါ့ကို တစ်ခုလောက် အကူအညီပေးပါ ဦး။ငါ့ကို မီးငှက် ခဏလောက် ငှားခဲ့ပေးပါ။  အနောက်ဘက် ဂျိကလန်ကို တစ်ခေါက်လောက် ပြန်သွားပြီး ငါ့ရဲ့ Spirit beast မြွေကြီးကို ခေါ်ခဲ့ပြီး လာခဲ့ပြန်လာခဲ့ပေးပါ။ ”
အနက်ရောင် မိန်းမပျိုက ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီ”
ဝှစ်….
မိန်းမပျိုဟာ အလင်းတန်းအသွင် ပြောင်းသွားပြီးတော့ ရေပြင်ကျယ်ကို ဖြတ်ပြီး အဝေး ပျောက်ကွယ်သွားတယ်။
…..
Serpentwing ရေကန်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ
အလွန်ကို ကြီးမားတဲ့ Serpentwing ဟာ ခွေပြီးတော့ အနားယူလျက်ရှိပါတယ်။ သူ့ရဲ့ ဒဏ်ရာကြီးတွေကို မကြာခဏ လျှာနဲ့ လျက်နေပါတယ်။ သူ့ရဲ့ အသက်စွမ်းအားနဲ့ ပြန်ကောင်းနိုင်တဲ့ အစွမ်းဟာ အလွန်ကို ကြီးမားလွန်းတဲ့ အတွက် သူ့ဒဏ်ရာတွေဟာ အသားတွေ အလျင်အမြန် ပြန်ပြည့်လာပါတယ်။ မကြာခင်မှာပဲ အကောင်းအတိုင်း ဖြစ်သွားပါတယ်။
“ဂျိရီချွမ်။ ဘယ်လိုလုပ်ပြီး သူက ဘာလို့ဒီလောက် အစွမ်းထက်ရတာလဲ။ ဂျိလီက အနောက်ဘက် ဂျိကလန်ရဲ့ နံပါတ် ၂ အိတ်စပတ်လေ။ အရင်တုန်းက ငါတို့ တိုက်ပွဲ တစ်ခါဖြစ်တော့ သူက ငါ့အပေါ် နည်းနည်းပဲ အသာစီး ရခဲ့တယ်။ ဒုက္ခ မပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ရီချွမ်သာ ငါ့နားကို နည်းနည်းလေး နီးလာရင် သူ့ဓားချက်တစ်ချက်တည်းနဲက ငါသေမှာပဲ။ ဘယ်လိုလုပ်ပြီး သူတို့ ၂ယောက် အစွမ်းတွေက ဘာလို့ ဒီလောက် ကွာနေရတာပါလိမ့်။ ”
ဒီ ပြသနာ မဖြစ်ခင်က Serpentwing ဟာ သူ့ရဲ့ အပြေးစွမ်းအားကို ယုံကြည်ခဲ့တယ်။ သူဟာ ဇင်တျန် နောက်ဆုံး အဆင့် မွန်းစတား တစ်ကောင် ဖြစ်သလို တစ်ကယ်လို့များ သူသာ အရမ်း ကြောက်ဖို့ကောင်းတဲ့ အထွဋ်အထိတ်အဆင့်ရှိတဲ့ ဇင်တျန် မွန်းစတား တစ်ကောင်နဲ့ တွေ့ခဲ့ရင်တောင် သူ လွတ်အေင်ပြေးလို့ရသေးတယ်။ သူ့ကို အုပ်စုဖွဲ့ ဝိုင်းမတိုက်မချင်း သူ အန္တာရာယ် မရှိဘူး။
ဒါပေမဲ့ ရီချွမ်ရဲ့ ဓားချက်ဟာ သူ့ကို အလွန်အမင်း ခြောက်ခြားစေခဲ့တယ်။
Groooowl……….
Gaaaaaaaaaaaaa……!!!!!
Serpentwing ရေကန်ထဲမှာ ရှိတဲ့ မွန်းစတားတွေ အကုန်လုံး ကြောက်မက်ဖွယ်ရာ မြည်ဟိန်းလိုက်ကြတယ်။ Serpentwing ကြီးဟာ ဒီအသံတွေလည်း ကြားရော သူအလွန်အမင်း ထိတ်လန့်သွားတယ်။ သူဒီအသံတွေဟာ ဘာကို ဆိုလိုလည်းဆိုတာ သူနားလည်တယ်လေ။
“Greater monster တစ်ကောင် ကျူးကျောလာတယ်။ ဟုတ်သားပဲ။ အနောက်ဘက် ဂျိကလန်က မွန်းစတားကြီးတစ်ကောင်ဟာ ရေအမျိုးအနွယ် မွန်းစတားတစ်ကောင်ပဲ။”
Serpentwing အလွန် ထိတ်လန့်သွားတယ်။
တစ်ချိုက မွန်းစတားတွေက လေ အမျိုးအနွယ်တွေ။ ပျံသန်းရာမှာ အစွမ်းထက်ကြတယ်။
တစ်ချို့ကတော့ ရေ အမျိုးအနွယ်တွေ။ ရေထဲမှာ အလွန် အစွမ်းထက်ကြတယ်။
ရေအမျိုးအနွယ်ဝင် မဟုတ်တဲ့ သတ္တဝါတွေဟာ ရေထဲကို ဆင်းလိုက်ရင် သူတို့ရဲ့ အစွမ်းတွေ အများကြီး ကျသွားတယ်။ ဥပမာ အနေနဲ့ ရီချွမ်ဆိုရင် ရေထဲ ရောက်သွားရင် သူ့ရဲ့ အမြန်နှုန်းဟာ ၁၀ ပုံ ၁ပုံအောက်ကို ကျသွားတယ်။ ဒါပေမဲ့ Serpentwing ကတော့ ရေထဲမှာဆိုရင် သူ့အမြန်နှုန်းဟာ ကုန်းပေါမှာထက် အဆများစွာ မြန်သွားတယ်။ ပြီးတော့ ရိချွမ်ဟာ သူ့ဓားသိုင်းကို သုံးရင်တောင်မှ ရေရဲ့ အခုအခံကြောင့် သူ့ဓားသိုင်းဟာ ပုံမှန်ထက် အများကြီး အားလျော့သွားလိမ့်မယ်။
ဟုတ်တာပေါ့။ တစ်ကယ်လို့ ရီချွမ်ရဲ့ ဓားစွမ်းဟာ အများကြီး ကျသွားရင်တောင်မှ သူ Serpentwing ကို သတ်နိုင်သေးတယ်။ တစ်ကယ့်ပြသနာက ရေပဲ။ သူရေထဲမှာ Serpentwing ကို ဘယ်လိုမှ မိအောင် မဖမ်းနိုင်ဘူး။သူကဓားသိုင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် အသုံမဝင်တော့ဘူး။
…..
ရီချွမ်က ရေမျက်နှာပြင်မှာ မတ်တပ်ရပ်ပြီးတော့ ပြောလိုက်တယ်။
“အစ်ကိုနက် Serpentwing ကို တွေ့အောင်ရှာခဲ့ပါ။ သူက မင်းထက် အစွမ်းထက်ပေမဲ့ သူ ဒဏ်ရာ အကြီးအကျယ် ရထားတယ်။ ပြီးတော့ သူ့ကို တွေ့ ရင် မထွက်ပြေးနိုင်အောင် တားထားဖို့ပဲ လိုတယ်။ ငါ ချက်ခြင်း ရောက်အောင်လာခဲ့ပြီး သူ့ကို အသေ သတ်ပစ်မယ်။”
“ငါတာဝန် ထားလိုက်စမ်းပါ။”
အနက်ရောင် မြွေကြီးဟာ  ခေါင်းညိတ်လိုက်ပြီးတော့ ချက်ခြင်းပဲ Serpentwing ရေကန်ရဲ့ အနက်ပိုင်းကို ဆင်းသွားပြီး ရှာဖွေပါတော့တယ်။ သူ့ကို မြင်တော့ တစ်ခြား မွန်းစတားငယ်လေးတွေဟာ ကြောက်လန့်တကြား အော်ဟစ် ထွက်ပြေးကုန်ကြတယ်။
ရီချွမ်က အဇူရာ မီးငှက်ကို ကြည့်ပြီး ပြောလိုက်တယ်။
“အဇူရာ မီးငှက်ရေ မင်း အပေါ်စီးကနေ ရေကန်ကို သေချာ ကြည့်ထားပါ။ တစ်ကယ်လို့ Serpentwing ရေကန်ထဲက ထွက်ပြေးလာတာတွေ့ရင် ချက်ခြင်း မိအောင်ဖမ်းပြီး သတ်ပစ်ရမယ်။”
ကောင်းပြီ။
အဇူရာ မီးငှက်ဟာ ပြောလိုက်ပြီးတော့ ကောင်းကင်ပေါ်ကို တစ်ဟုန်ထိုး ပျံတက်သွားတယ်။
ရီချွမ်မျက်နှာ ဟာ  ကျောက်မက်ဖွယ်ရာကောင်းအောင် ခက်ထန်နေတယ်။ သူ့အပြာရောင် ဓားကြီးကို လက်မှာ ကိုင်ပြီးတော့ ရေမျက်နှာပြင်ပေါ်မှာ ရပ်နေတယ်။ သူ့အတွက်ဟာ ရေပြင်ဟာ ကုန်းမြေသဖွယ်ပါပဲ။ သူတစ်လှမ်းချင်း ရေပြင်ပေါ်မှာ လျှောက်လှမ်းနေတယ်။ သူဟာ ပတ်ဝန်းကျင်နဲ့ ရေပြင်ထဲကို စူးစိုက်ပြီးကြည့်နေတယ်။ သူ့ရဲ့ အကြည့်ဟာ ရေအနက်ပိုင်းကိုတောင် ထိုးဖောက်မြင်နေရသလိုပဲ။
………
အနောက်ဘက် ဂျိကလန် အတွင်းမှာတော့…
အခုတော့ အမှောင်ကျလာပါပြီ။ Serpentewing တိုက်ခိုက်မှေုကြောင့် လှုပ်လှုပ်ရှားရျား ဖြစ်ခဲ့ရတာတွေလည်း အသံတွေ တဖြည်းဖြည်း ငြိမ်သက်သွားပါပြီ။
ဂျိဂျိတ်ဝှစ်ဟာ ကျစ်ဆံမြီးတွေ အများကြီး ဆံပင်ကို ကျစ်ထားပြီးတော့ ဝိုင်ခွက်ကို ကိုင်ထားပါတယ်။ ဝိုင်ခွက်ကို ကုန်အောင်သောက်လိုက်ပြီးတော့ သူစကား စပြောလိုက်တယ်။
“အဖေ။ Serpentwing ဟည သူ့စခန်းကို သူပြေးလို့လွတ်သွားပြီ။ သူ့ရေကန်ဟာ အရမ်းကို ကျယ်ပြောပြီးတော့ ရေအောက်ကြမ်းပြင်ကို ဘယ်လောက်ထိ နက်မှန်း ဘယ်သူမှ မသိကြပါဘူး။ သူသာ ပုန်းဖို့ စိတ်ရှိနေရင် မြွေနက် တစ်ကောင်တည်းကနေ သူ့ကို ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရီချွမ်ဟာ အရမ်းအစွမ်းထက်တာ မှန်ပေမဲ့ သူ့အနေနဲ့ Serpentwing ကို အသေသတ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းပါတယ်။ ”
လီဟာ မျက်မှောင်ကြုတ်ပြီးတော့ စဉ်းစားပြီး ခေါင်းညိတ်လိုက်ပါတယ်။ သူဟာ သူ့ရှေ့က ဝိုင်ခွက်ကို လက်ဖျားနဲ့တောင် မတို့ပါဘူး။ သူ့ကို တစ်စုံတစ်ခုက စိတ်အနှောင့်အယှက် အကြီးအကျယ် ဖြစ်စေနေပါတယ်။
“အဖေ?”
မျက်မှောင်ကြုတ်နေတဲ့ လီက ပြန်ဖြေလိုက်ပါတယ်။
“သူ့ဓားချက်ဟာ ၂ကီလိုမီတာထိကို ရောက်ခဲ့တယ်။ ပြောရရင် ၂မိုင်ပေါ့။ ဒါပေမဲ့ ဒီလောက်ဝေးတဲ့ နေရာက ဓားချက်ဟာ Serpentwing ကိုတောင် သေလုအောင် ဒဏ်ရာရစေခဲ့တယ်။  ဒီဓားချက်ရဲ့ အစွမ်းဟာ ဇင်တျန် အဆင့် ရှိသူတစ်ဦး စွမ်းဆောင်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေပြီ။”
ဂျိတ်ဝှစ် ထိတ်လန့်တကြားပြောလိုက်တယ်။
“အဖေ… အဖေဆိုလိုချင်တာက သူအခု ဇီဖူအဆင့်!!!!!”
လီခေါင်းညိတ်လိုက်ပြီးတော့
“ပြောရမှာတော့ ခက်တယ်။ ရီချွမ်သာ ဇီဖူအဆင့် ခရမ်းရောင်နန်းတော်ရှင် ဖြစ်သွားရင် သူဟာ မှော်ရတနာတွေကို သုံးပြီးတော့ ပျံသန်းလို့ ရပြီ။ Serpentwing က သူ့သားကို သတ်ဖို့ ကြိုးစားပြီးတော့ ထွက်ပြေးတာကို သူဒီတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ဇီဖူ မဟုတ်ဘူးဆိုရင်လည်း သူ့ဓားချက်က ဒီလောက် ပြင်းစရာ အကြောင်းမရှိဘူး။ ဒါကြောင့် ငါ စဉ်းစားရကျပ်နေတာ။   ”
“ပြီးတော့!!!”
“ဂျိနင်က လက်ပြတ်သွားတယ်။ ဒါပေမဲ့ ဖုန်တွေ ညိမ်သွားလို့ မျက်စိတစ်မှိတ်အတွင်းမှာ ငါ အပြေးသွားခဲ့တော့ ဂျိနင်ဟာ အကောင်းအတိုင်း ရှိနေတာ တွေ့ရတယ်။”
ဇင်တျန် တန်ခိုးရှင်တော်တော်များများ ဂျိနင်လက်ပြတ်ဟာ အပျက်အစီးပုံထဲမှာ ရှိနေတာ တွေ့လိုက်ကြတယ်။
“ရီချွမ်ရဲ့သား ဂျိနင်ဟာ ဖင်းဂေါ့ကျင့်စဉ် တစ်ခုခုကို ကျင့်ထားတာအသေအချာပဲ။”
ဂျိတ်ဝှစ်ခေါင်းညိတ်လိုက်တယ်။
“ထပ်ပေါင်းပြောရရင် သူဟာ ဖင်းဂေါ့ကျင့်စဉ်မှာ အဆင့်အများကြီး ရောက်နေပြီ။ ဒါပေမဲ့ ငါနားမလည်နိုင်တာက Serpentwing ရဲ့ နဂါးနန်းတော်မှာ သူ့ကို လာတိုက်ခိုက်မှုကို သူဘယ်လိုလုပ် အသက်ရှင်နေနိုင်တာလည်းဆိုတာပဲ။”
လီ ခေါင်းညိတ်ပြီးတော့
“ငါလည်း အဲ့ဒါကို နားမလည်နိုင်ဘူး။ သူကံကောင်းတာပဲ ဖြစ်မှာပါ။”
နင်ဘာလို့ အသက်ရှင်ခဲရတာလည်း?
Serpentwing ဟာ သူဘယ်သူလည်းဆိုတာ သိခဲ့လို့ အသေသတ်ရမှာ ကြောက်သွားလို့ပဲ ဖြစ်ရမယ်။
ဒါမှ မဟုတ်ရင်လည်း နင်ကျင့်ထားတဲ့ အစွမ်းထက်တဲ့ ဖင်းဂေါ့ကျင့်စဉ်ကြောင့် အသက်စွမ်းအင်တွေ ပြင်းထန်လွန်းလို့ ကံကောင်းပြီး မသေခဲ့တာပဲ ဖြစ်ရမယ်။
ဒါမှ မဟုတ်ရင်လည်း နင်မှာ  သူကမိဘတွေ ပေးထားတဲ့ ကာကွယ်တဲ့ ရတနာ တခုခုရှိခဲ့လို့လည်းဖြစ်နိုင်တယ်။
ဂျိကလန်ရဲ့ အိတ်စပတ်တွေကြားမှာ နင်အကြောင်းဆွေးနွေးတာတွေနဲ့ ဆူညံနေကြတယ်။ တစ်ယောက်တစ်ပေါက် ထင်မြင်ချက်တွေ ပြောကြတယ်။ ဒါပေမဲ့ ဘယ်သူမှ နင် ခြေလှမ်းသိုင်းမှာ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်သွားတယ်လို့ မထင်ကြဘူး။
….
နင်ဟာ အခုတော့ သူ့ရဲ့ သင်တန်းခန်းမထဲမှာ လေအရိပ် ခြေသိုင်းကို လေ့ကျင့်နေပါတယ်။ မီတာ ၁ဝ၀ လောက်ကျယ်တဲ့ လေ့ကျင့်ခန်းမထဲမှာ အရိပ်တွေ ထပ်နေပါတယ်။
ဝှစ်…ဝှစ်…ဝှစ်..
“နင်” အသံထွက်လာတော့ နင်လေ့ကျင့်တာကို ရပ်လိုက်တယ်။
“အမေ။” သူ့အမေဆီ သူပြေးသွားတယ်။
စနိုးဟာ နင်ကို ပျော်ရွှင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေလိုက်တယ်။ Serpenting ရဲ့ တိုက်ခိုက်မှုကို ခံပြီးတဲ့နောက် ဂျိကလန်ဟာ သေဆုံးသူတွေအတွက် အခမ်းအနားတွေ ပြင်ဆင်ရင်း အလုပ်များနေကြတယ်။ ဒီအတောအတွင်းမှာ နင်ဟာ သူ့အမေကို လေအရိပ် ခြေသိုင်းမှာ သူ ကမ္ဘာနဲ့ တစ်သားတည်းအဆင့် ရောက်သွားပြီဆိုတာ အသိပေးခဲ့တယ်။ သူ့အမေတစ်ယောက်ပဲ ဒီကြောင်းကို သိသေးတယ်။
အသက် ၁၀နှစ်သားမှာ သူဟာ ခြေလှမ်းသိုင်းကို ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ရောက်ခဲ့ပြီ။ စနိုးဟာ ဒါဆီယန် အင်ပါယာမှာ နယ်မြေပေါင်းစုံ ရောက်ဖူးပေမဲ့ ဒီလောက်အထိ ပါရမီ ထူးချွန်တဲ့ မွန်းစတားဖြစ်တဲ့ သူကို မမြင်ဖူးခဲ့ဘူး။ ပြောရရင်တော့ နင်ဟာ မွေးကတည်းက နုဝါရဲ့ ပုံရိပ်ဖော် ပညာကို လေ့ကျင့်ခဲ့လို့ အခုဆို သူ့စိတ်ဝိဉာဉ်ဟာ အရမ်းကို အစွမ်းထက်နေပြီ။ ပြီးတော့ သူဟာ လေအရိပ် ခြေသိုင်းကို အသည်းအသန် လေ့ကျင့်ခဲ့ရာမှာ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက အဆင့်မြင့်အဆင့်ကို ရောက်နေခဲ့ပြီးပြီ။ သူဟာ သေခြင်းရှင်ခြင်းကို ရုတ်တရက် ကြုံလာခဲ့တဲ့အခါမှာ ကမ္ဘာရဲ့ အငွေ့အသက်ကို အာရုံရခဲ့ပြီးတော့ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်လာခဲ့တာပဲ။ အကုန်လုံး အကြောင်းတိုက်ဆိုင်လာတဲ့အခါမှာ အောင်မြင်မှုဟာ မလွဲမသွေ ရောက်လာမှာပဲလေ။
“နင်..  အခုဆိုရင် သားခြေသိုင်းမှာ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်သွားပြီ။ ဓားသိုင်းမှာပဲ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်ဖို့ကျန်တော့တယ်။ မပေါ့နဲ့တော့။ ”
“ဟုတ်ကဲ့အမေ”
ခြေသိုင်းမှာ ကမ္ဘာနဲ့ တစ်သားတည်း ကျတဲ့အဆင့်ဆိုတာ လူဟာ ကမ္ဘာနဲ့ တစ်သားတည်းကျတာကို ပြောချင်တာ။
ဓားသိုင်းမှာ ကမ္ဘာနဲ့ တစ်သားတည်း ကျတဲ့ အဆင့်ဆိုတာကျတော့ လူရယ် ဓားရယ်ဟာ ကမ္ဘာနဲ့ တစ်သားတည်းကျပြီးတော့ တစ်ခုတည်းဖြစ်သွားတဲ့ အဆင့်ကို ပြောတာပါ။
“အမေ။ အဖေဘယ်တော့ ပြန်လာမှာလည်း။”
“မင်းဖေဟာ Serpentwing ကို သွားသတ်နေတာ။ သူ့ကို သတ်လို့ပြီးသွားရင် ပြန်လာမှာပါကွယ်။ စိတ်မပူပါနဲ့။”
Chapter 4 ပြီးပါပြီ
ဆက်ပါဦးမည်>>>>>>
Chapter 5 (The father of spring glass)
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
Comments
Popular posts from this blog
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 1 Chapter 1 သေသူတို့ နေထိုင်ရာအရပ် (land of the dead)
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် 3 Chapter 1 (နှလုံးသား မှ လူသတ်ငွေ့)
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 2 Chapter 8 ( ဂျိနင်ဓား..)