ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 9 ( ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား)

သခင္ၾကီး ဂ်ိေယာင္။        ။ ဒုတိယ ညီငယ္ ၊  ငါ့စကားကို နားေထာင္ပါဦး။

ဂ်ိလီ က မွိတ္ထားတဲ့ မ်က္စိကို ဖြင့္လိုက္ျပီးေတာ့ ေအာ္ဟစ္ေျပာဆိုလိုက္တယ္။
“အကိုၾကီး ..  ဘာမွဆက္ေျပာဖို႕ မလိုေတာ့ပါဘူး။ အခုအခ်ိန္ကစျပီးေတာ့ ဂ်ိနင္ဟာ အေနာက္ဘက္ဂ်ိကလန္ရဲ့ ေခါင္းေဆာင္ေနရာကို ဆက္ခံမဲံသူပဲ။ ကၽြန္ေတာ္ ဂ်ိလီ..သူ ဆင့္ေခၚတဲ့အခါတိုင္း ရိုက်ိဳးစြာ လာခဲ့ပါ့မယ္။ ျပီးရင္ သူခိုင္းတဲ့အရာမွန္သမွ်ကို သစၥာရွိစြာ နာခံပါ့မယ္။ စစ္ပြဲေတြ တိုက္ရတဲ့ အခါတိုင္းမွာလည္း ဂ်ိကလန္ရဲ့ နာမည္ေအာက္မွာ သစၥာရွိစြာနဲ႕ အသက္ကို စေတးျပီးေတာ့ တိုက္ခိုက္ေပးမွာပါ။ ငါ နည္းနည္းေလးကိုမွ ဂ်ိနင္ကို ပုန္ကန္မဲ့အေတြးကို ဘယ္ေတာ့မွ မေတြးေတာ့ပါဘူး။ ဒါေပမဲ့ အကိုၾကီး.. မင္းကိုေတာ့ ငါ လံုး၀ မၾကိဳက္ဘူး။ မင္းရဲ့ လက္ေအာက္မွာေတာ့ ငါ ဘယ္ေတာ့မွ သစၥာခံမွာ မဟုတ္ဘူး။”

လီေျပာျပီးတာနဲ႕ ခ်ာကနဲ လွည့္ထြက္သြားတယ္။

“အေဖ… ေစာင့္ပါဦး။”
ေဘးမွာ ထိုင္ေနတဲ့ ဂ်ိဂ်ိတ္၀ွစ္လည္း ျမန္ျမန္ေျပးလိုက္သြားတယ္။

ေယာင္ကေတာ့ လီ ထြက္သြားတာကို ဘာမွ မေျပာပဲ ရပ္ၾကည့္ေနတယ္။ ဒါေပမဲ့ သူမ်က္ႏွာမွာ ျပံဳးေယာင္သန္းေနတယ္။ သူ႕ရဲ႕ ဒုတိယ ညီငယ္ရဲ့ ေဒါသအေၾကာင္းကို သူေကာင္းေကာင္းၾကီး သိေနတယ္။ လီဟာ တိုက္ခိုက္ရတာကို အရမ္းကို ႏွစ္ျခိဳက္တဲ့လူတစ္ေယာက္ ျဖစ္တယ္။ သူဟာ သူ႕ထက္ ပိုျပီး အစြမ္းထက္တဲ့သူကို သစၥာခံႏိုင္ေပမဲ့ သူ႕ထက္ အင္အားနည္းသူကိုေတာ့ သူဘယ္ေတာ့မွ သစၥာခံႏိုင္မွာ မဟုတ္ဘူး။ ငယ္ငယ္ေလးတည္းက ဂ်ိေယာင္ဟာ သူ႕ညီငယ္နဲ႕ ပါ၀ါခ်င္း ယွဥ္လိုက္ရင္ အျမဲတမ္း တစ္ဆင့္နိမ့္ေနတယ္။ လီဟာ သူ႕အေပၚ ဘယ္တုန္းကမွ သစၥာ မခံခဲ့ဘူး။ ဒါပမဲ့ လီတစ္ခါေျပာခဲ့တာက .. ဂ်ိရီခၽြမ္သာ ကလန္ေခါင္းေဆာင္ျဖစ္မယ္ဆိုရင္ သူစကားတစ္ခြန္းမွ ျပန္ခံေျပာမွာ မဟုတ္ဘူးလို႕ ေျပာခဲ့တယ္။

အခုဆိုရင္ နင္ဟာ သူ႕အေဖထက္ပိုျပီး ၾကမ္းတယ္ဆိုတာကို သက္ေသျပခဲ့တယ္။ ျပိဳင္ဘက္ရန္သူ ၇ေယာက္လံုးကို အံ့မခန္းတဲ့ အစြမ္းထုတ္ျပျပီးေတာ့ အႏိုင္ယူခဲ့တယ္။ ေရႊဓားကို သိမ္းပိုက္ခဲ့တယ္။ လီ ဟာ နင္ ရဲ့ အစြမ္းေတြကို အသိအမွတ္ျပဳလိုက္ျပီးေတာ့ သူ႕ အေပၚကို စိတ္ထားအမွန္နဲ႕ သစၥာခံခဲ့တယ္။

“သူ သစၥာခံတယ္လိုက္တယ္ဆိုရင္ သစၥာခံလိုက္တယ္ပဲ။”
“သူ သစၥာ မခံဘူးဆိုရင္ သစၥာ ဘယ္ေတာ့မွ မခံဘူး။”

သူ.. ဂ်ိလီ ဟာ သူ႕အကိုၾကီး ဂ်ိေယာင္ကို ဘယ္တုန္းကမွ စိတ္ထဲမထည့္ထားခဲ့သလို ဘယ္တုန္းကမွလည္း သစၥာ မခံခဲ့ဘူး။

…..

ေန၀င္ခ်ိန္…

 အေနာက္ပိုင္း ဂ်ိကလန္ရဲ့ ႏွင္းေဆာင္း ခန္းမမွာ ေပ်ာ္ပြဲ ရႊင္ပြဲေတြ က်င္းပေနၾကတယ္။ အေနာက္ပိုင္း ဂ်ိကလန္ရဲ့ ေနာက္ဆက္ခံမဲ့ မ်ိဳဆက္သစ္ ေခါင္းေဆာင္တစ္ေယာက္ကို ေသခ်ာ သတ္မွတ္ႏို္င္ခဲ့တာဟာ အရမ္းၾကီးက်ယ္တဲ့ အေၾကာင္းအရာတစ္ခုပါပဲ။ ေယာင္ အနားယူသြားတာနဲ႔ နင္ဟာ သူ႕အရိုက္အရာကို ဆက္ခံျပီးေတာ့ ကလန္ကို ဆက္ျပီးေစာင့္ေရွာက္သြားရမဲ့ သူတစ္ေယာက္ ျဖစ္တယ္။ ဇင္တ်န္ တန္ခိုးရွင္လည္း ျဖစ္တဲ့ သခင္ၾကီး ဂ်ိေယာင္ဟာလည္း အသက္ရွင္သေရြ႕ ကလန္ကို ေစာင့္ေရွာက္သူတစ္ေယာက္ျဖစ္လာမွာပါ။

အေနာက္ဘက္ ဂ်ိကလန္မွာ ေစာင့္ေရွာက္သူ ၁၀ ဦးတိတိ ရွိတယ္။ အေနာက္ဘက္ ဂ်ိကလန္ရဲ့ အနာဂတ္ကို ေျပာင္းလဲေစႏိုင္တဲ့ ကိစၥမွန္သမွ်ကို ဒီ ေစာင့္ေရွာက္သူ ၁၀ ဦးက တိုင္ပင္ျပီးေတာ့ ဆံုးျဖတ္ခ်က္ ခ်ၾကတယ္။ နင္ သူ႕ရာထူးကို ဆက္ခံလိုက္တာနဲ႕ ဒီ ေစာင့္ေရွာက္သူ ၁၀ဦးထဲက အားအနည္းဆံုး ေစာင့္ေရွာက္သူဟာ အနားယူေပးရပါမယ္။ နင္တက္လာခဲ့ရင္ အဖြဲ႕ရဲ႕ ပါ၀ါဖြဲ႕စည္းပံုဟာ လံုး၀ကို ေျပာင္းလဲ သြားပါလိမ့္မယ္။ လူတိုင္းက ေနာက္အေမြဆက္ခံမဲ့ သူဟာ အရမ္းအစြမ္းထက္လို႕ အနာဂတ္မွာ ကလန္ဟာ  အမ်ားၾကီး တန္ခိုးၾကီးမားလာမယ္ဆိုတာကို  ၾကိဳျပီး ခန္႕မွန္းေနၾကပါတယ္။

“၀ူဆ.. ၀ူ ဆ ရ!” “သီခ်င္းဆိုသံ”

နန္းေတာ္ရဲ့ အလယ္မွာ ခႏၶာကိုယ္မွာ သားေမြး အ၀တ္အစား မလံု႕တလံု ၀တ္ထားတဲ့ ေျခဗလာနဲ႕ မိန္းမ ပ်ိဳေလး ၃၀ ေက်ာ္ဟာ ကခုန္ေနၾကပါတယ္။

ကေခ်သည္ေလးေတြရဲ့ အေနာက္ဘက္မွာ ဂီတပညာရွင္ အတန္း၂ တန္း ရွိျပီးေတာ့ ဗံုေတြ၊ ေစာင္းေတြ၊ ပုေလြေတြ၊ တျခားတူရိယာ ေပါင္းစံုကို တီးမႈတ္ေနၾကပါတယ္။ တစ္ခါတရံ ဂီတသံဟာ ၀မ္းနည္းဖြယ္ ေျပာင္းသြားျပီးေတာ ့ တစ္ခါတရံမွာ အရမ္းကို ျမဴးလွပါတယ္။ နန္းေတာ္တစ္ခုလံုး ဂီတသံေတြ  ပဲ့တင္သံထပ္ေနပါတယ္။ နန္းေတာ္ထဲမွာေတာ့ အေနာက္ဘက္ ဂ်ိကလန္ရဲ့ အေရးအၾကီးဆံုး လူေတြဟာ ၀ိုင္းဖြဲ႕ျပီးေတာ့ Cheer လုပ္ စကားေျပာေနၾကျပီး ရယ္ေမာေနၾကပါတယ္။

နင္ဟာ ကလန္ဆက္ခံမဲ့ သူတစ္ေယာက္ အေနနဲက သူ႕အတြက္ ျပင္ဆင္ထားတဲ့ စားပြဲမွာ ထိုင္ေနပါတယ္။ သူ႕အတြက္ စားပြဲေပၚမွာေတာ့ စားေကာင္းေသာက္ဖြယ္ေတြ အမ်ိဳးေပါင္းမ်ားစြာကို ျပင္ဆင္ထားေပးပါတယ္။
သားေမြး ၀တ္စံု ၀တ္ထားတဲ့ မိန္းမပ်ိဳေလးဟာ လက္ထဲမွာ ၀ိုင္အိုးၾကီးကို ကိုင္ထားပါတယ္။ နင္ ရဲ့ ၀ုိင္ခြက္ ေလ်ာ့သြားတာနဲ႕ ကမန္းကတန္း ျပန္ျဖည့္ေပးေနပါတယ္။ ေကာင္မေလး ကိုင္ထားတဲ့ ၀ိုင္အိုးၾကီးဟာ ပိသာခ်ိန္ ေတာ္ေတာ္ေလးေပမဲ့ ေကာင္မေလး ငွဲ႕တဲ့အခ်ိန္ဆို တစ္စက္ကေလးမွ ဖိတ္စင္ျခင္း မရွိပါဘူး။

“သူ႕ဟာနဲ႕သူ ေတာ္ေတာ္ၾကည့္ေကာင္းတာပဲ။”
နင္ ကပြဲကို ရီေ၀ေ၀နဲ႕ၾကည့္ျပီးေခါင္းတညိတ္ညိတ္ ေျပာလိုက္ပါတယ္။

နင္ရဲ့ေဘးမွာေတာ့ လူတစ္ေယာက္မက ထိုင္ေနပါတယ္။

ဂ်ိရီခၽြမ္က စားပြဲရဲ့ အလယ္မွာ ထိုင္ေနျပီးေတာ့ ယူခ်ီ စႏိုးနဲ႕ ႏွင္းလိုျဖဴတဲ့ ေခြးၾကီးက သူ႕တစ္ဖက္တစ္ခ်က္မွာ ထိုင္ေနပါတယ္။ ဒီေခြးၾကီးက ေဂါ့မြန္းစတား whitewater hound( ေရျဖဴေခြးၾကီးပါ။)(ျမန္မာလိုဆိုေတာ္ေတာ္ကို နားေထာင္မေကာင္းတာ။ နာမည္ေတြက)

ႏွင္းေဆာင္း ခန္းမ နန္းေဆာင္မွာ ကိုယ္ပိုင္ထိုင္ခံုနဲ႕ ထိုင္ခြင့္ရွိတဲ့ လူေတြ အကုန္လံုးဟာ အေနာက္ဘက္ဂ်ိကလန္မွာ အလြန္ကို ရာထူးၾကီးျပီး အလြန္ အေရးပါတဲ့ လူေတြခ်ည္းပါပဲ။ နင္ရဲ့ အေမ စႏိုးေတာင္မွ ဂ်ိရီခၽြမ္ရဲ့ မိန္းမဆိုတဲ့ အရွိန္အ၀ါေၾကာင့္သာ ထိုင္ခံုရတာပါ။ သူတစ္ေယာက္တည္း သာဆိုရင္ သူ႔အတြက္ ထိုင္ခံု မရွိပါဘူး။

…….

ဇင္တ်န္ တန္ခိုးရွင္ေတြ အကုန္လံုးဟာ သူတို႕မိသားစုေတြ သူတို႕ေမြးထားတဲ့ သတၱ၀ါၾကီးေတြကို ေခၚလာၾကပါတယ္။
 မၾကာခင္မွာပဲ ညနက္သန္းေခါင္အခ်ိန္ ေရာက္လာပါတယ္။ ကေခ်သည္ေတြလည္း ျပန္ကုန္ၾကပါတယ္။ အမ်ိဳးသမီး အခိုင္းအေစေတြ နဲ႕ တျခားကၽြန္ေတြလည္း အနားယူကုန္ၾကပါျပီ။ ဒီအခ်ိန္ဟာ အေရးၾကီးတာေတြ ေဆြးေႏြးၾကတဲ့ အခ်ိ္န္ လည္းျဖစ္ပါတယ္။ တစ္ကယ္လို႕သာ သူတို႕ေတြ အရမ္းအေရးၾကီးတဲ့ လွ်ိဳ႕၀ွက္ ကိစၥေတြ ေဆြးေႏြးၾကရင္ မိသားစု၀င္ေတြ နဲ႕ မြန္းစတာေတြကိုလည္း ျပန္နားခိုင္းျပီးမွ ဆက္ေႏြးၾကပါတယ္။

“ကဲ.. အားလံုးပဲ… ဒီေန႕ဟာ ေရႊဓားျပိဳင္ပြဲရဲ့ အေျဖထြက္ ျပီးဆံုးတဲ့ေန႕ပဲ။ နင္ဟာ အသက္ ၁၀ႏွစ္နဲ႕ ျပိဳင္ဘက္ ၇ေယာက္ကို တစ္ေယာက္တည္း ယွဥ္ျပိဳင္ အႏိုင္ယူႏိုင္ခဲ့တယ္။ သူဟာ ေနာက္ထပ္ ကလန္ သခင္ေနရာကို ဆက္ခံမဲ့ သူပဲ။ ဒါေပမဲ့ နင္က အရမ္းကို ငယ္ေသးတယ္။ ဒါေၾကာင့္ သူ႕ကို ကလန္ေခါင္းေဆာင္ေနရာမယူခင္ အေတြ႕အၾကံဳေတြကို စုေဆာင္းသင္ယူေစတာက ပိုျပီးေကာင္းလိမ့္မယ္။ ငါျမင္သေလာက္ေတာ့ သူ႕ကို အသက္ ၂၀ ႏွစ္ ျပည့္တဲ့အထိေစာင့္လိုက္တာ ပိုေကာင္းမယ္။ မင္းတို႕ေတြေကာ ဘယ္လိုထင္ၾကလည္း။?”

“သေဘာတူပါတယ္။”

“သေဘာတူပါတယ္။”

“နင္ရဲ့ အရည္အခ်င္းဟာ ရီခၽြမ္ထက္ မနိမ့္ဘူး။ သူဟာ ေနာက္ထပ္ အရိုက္အရာဆက္ခံသူျဖစ္တာ အထူးကို သင့္ေတာ္ပါတယ္။”
ကလန္ရဲ့ ေစာင့္ေရွာက္သူတစ္ဦးက ေျပာလိုက္တယ္။ ဂ်ိလီတို႕ အဖြဲ႕ေတာင္မွ ကန္႕ကြက္သံ တစ္ခုမွ ထြက္မလာၾကဘူး။

ရီခၽြမ္ဟာ ထိုင္ခံုမွာ ထိုင္ေနရာကေန ရွားရွားပါးပါး ျပံဳးလိုက္တယ္။
“ေခါင္းေဆာင္ၾကီး”

“ရီခၽြမ္ ဘာျဖစ္လို႕လည္း။”
ေယာင္ သူ႕ကို လွည့္ၾကည့္လိုက္တယ္။

“ကၽြန္ေတာ့သားအတြက္ ရတနာကို ေတာင္းခ်င္လို႕ပါ။”
ရီခၽြမ္ေျပာလိုက္တယ္။

“ဘယ္ရတနာကို ေျပာတာလည္း?”
ေယာင္ ေၾကာင္သြားတယ္။

“ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား”
ရီခၽြမ္တေလးတနက္ေျပာလိုက္တယ္။ သူ႕ရဲ့ ဒီစကားကို ၾကားလိုက္ေတာ့ ခန္းမၾကီးတစ္ခုလံုး လံုး၀တိတ္ဆိတ္သြားတယ္။ ဇင္တ်န္ တန္ခိုးရွင္ေတြဟာ အခ်င္းခ်င္း တအ့ံတၾသနဲ႕ ျပန္ၾကည့္ေနၾကတယ္။

“ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား? နင္ မင္းက ေျခရာမဲ့ ေက်ာက္ျပားကို လိုခ်င္တာလား?” ေယာင္တအံ့တၾသ ေမးလိုက္တယ္။

နင္ ဟာ ၀ုိင္ခြက္အျပည့္ကို လက္မွာ ကိုင္ထားလ်က္နဲ႔ ေငးေမာေနတယ္။ သူ႕အေဖကို သူတစ္ခ်က္ၾကည့္လိုက္ျပီးေတာ့ ေခါင္းညိတ္လိုက္တယ္။
“ဟုတ္ကဲ့”

“နင္ဟာ ေနာက္ အရိုက္အရာ ဆက္ခံမဲ့ သူပဲေလ။ သူ႕ရဲ့ ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား ကိုသူေတာင္းပိုင္ခြင့္ ရွိတယ္ မဟုတ္လား။”
ရီခၽြမ္ေျပာလိုက္တယ္။

ေယာင္ေခါင္းညိတ္လိုက္တယ္။ ျပီးေတာ့ အသက္ျပင္းျပင္း တစ္ခ်က္ ရွဴလိုက္ျပီး ေတာ့ လက္ေ၀ွ႕ယမ္းလိုက္တာ အေရာင္တလက္လက္ ေက်ာက္စိမ္းဆြဲျပားေလးတစ္ခုကို ေပၚလာတယ္။ ဒီဆြဲျပားေလးမွာ ရႈပ္ေထြးတဲ့ အင္းကြက္ေတြနဲ႕ စာလံုးေတြကို ဆြဲထားျပီးေတာ့ ထူးဆန္းတဲ့ အေငြ႕အသက္နဲ႕ စြမ္းအင္ေဖ်ာ့ေဖ်ာ့ တစ္မ်ိဳး ျဖာထြက္ေနတယ္။ ဒီေက်ာက္စိမ္းျပား ပတ္လည္က ေလထုဟာ တြန္႕လိမ္ေျပာင္းလဲေနတယ္။ ေယာင္ဟာ ဆြဲျပားကို ရီခၽြမ္ဆီ ပစ္ေပးလိုက္တယ္။

“ေကာင္းျပီ။ ရီခၽြမ္ ဒီ ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား ဟာ ငါတို႕အေနာက္ဘက္ ဂ်ိကလန္ကို ကာကြယ္ေပးတဲ့ ရတနာတစ္ပါးပဲ။ သူ႕ကို မလိုအပ္ပဲ အသံုးမျပဳပါနဲ႕။”

ရီခၽြမ္ေခါင္းညိတ္လိုက္တယ္။
“ကၽြန္ေတာ္ နားလည္ပါတယ္။”

………….

သန္းေခါင္ယံ အခ်ိန္….
ႏွင္းေဆာင္းနန္းေဆာင္ကေန ျပန္လာရာလမ္းေပၚမွာ နင္ရယ္္ သူ႕မိဘေတြရယ္ ေခြးျဖဴၾကီးရယ္ဟာ အတူတူေလွ်ာက္ျပီး အိမ္ျပန္လာေနတယ္။

“အေဖ၊ အေမ… ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား က ဘာလည္းဟင္။ အေဖက ဘာလို႕ အဲ့ဒါကို ေတာင္းရတာလည္း?”

စႏိုး ရယ္ေမာျပီး သူ႕သားကို စကားေျပာလိုက္တယ္။

“ဒီ ေျခရာမဲ့ ဆြဲျပားဟာ မင္းအေဖ မင္းကို ေရႊဓားျပိဳင္ပြဲ ကို ၀င္ျပိဳင္ ျပီးေတာ့ ေရႊဓားကို သိမ္းပိုက္ ေစခ်င္တဲ့ အေၾကာင္းတစ္ခ်က္ပဲ။ ဘာလို႕လည္းဆိုေတာ့ ေရႊဓားကို သိမ္းပိုက္ႏိုင္မွ မင္းရဲ့ အရိုက္အရာဆက္ခံသူေနရာနဲ႕ ပတ္သက္ျပီး အတြန္႕တက္တာေတြ ကန္႕ကြက္တာေတြ ရွိေတာ့မွာ မဟုတ္ဘူး။ မင္းသာ အေနာက္ဘက္ ဂ်ိကလန္ရဲ့ ေခါင္းေဆာင္ေနရာကို ဆက္ခံမွာ အတည္ ျဖစ္သြားရင္ ေခါင္းေဆာင္ေတြသာ အသံုးျပဳခြင့္ရွိတဲ့ ရတနာ တစ္ပါးျဖစ္တဲ့ ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား ကို ေတာင္းခြင့္ရွိလာမွာပဲ။ ”

ရီခၽြမ္က ေအးစက္စက္ ေလသံနဲ႕ ဆက္ေျပာလိုက္ျပန္တယ္..
“ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား ဟာ အရမ္းကို အဖိုးတန္တဲ့ ရတနာ တပါးပဲ။လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀၀ တုန္းက ငါတို႕ အေနာက္ဘက္ ဂ်ိကလန္က ဘိုးေဘး တစ္ေယာက္ဟာ ကံေကာင္းျပီးေတာ့ ဒီရတနာကို ရရွိခဲ့တယ္။ သူ အဲ့ဒီတုန္းက ဒီရတနာ ကို ၃ခု ရရွိခဲ့တာပါ။ ဒါေပမဲ့ သူ ၂ခုကို အသံုးျပဳခဲ့တယ္။ ဒီဟာက ေနာက္ဆံုးတစ္ခုပဲ။ ဒီရတနာဟာ ငါတို႕ အေနာက္ဘက္ပိုင္းကို ကာကြယ္ေပးတဲ့ ရတနာတပါး ျဖစ္လာတယ္။”

“အဲ့ဒါက ဘာအတြက္ အသံုးျပဳလို႕ ရတာလည္း။?”

ရီခၽြမ္တစ္ခ်က္ရယ္ေမာလိုက္ျပီးေတာ့
“မင္း ဒီ ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား ရတနာကို အသံုးျပဳျပီးေတာ့ ကီလိုမီတာ တစ္ေသာင္း အတြင္း ၾကိဳက္တဲ့ေနရာကို တယ္လီပို႕နဲ႕ ခုန္ျပီးသြားလို႕ရတယ္။”

“တစ္ကယ္..?”
နင္ အရမ္းအံ့ၾသသြားတယ္။ ကီလိုမီတာ တစ္ေသာင္း အတြင္း ၾကိဳက္တဲ့ေနရာကို ခုန္ျပီးေတာ့ သြားလို႕ရတယ္?

“ဒီလို ရတနာပစၥည္းကို မင္း ၀ယ္ဖို႕ ပိုက္ဆံ ရွိရင္ေတာင္မွ ၀ယ္လို႕မရဘူး။ ငါတို႕ ဘိုးေဘးဟာ ကံအရမ္းေကာင္းလြန္းလို႕ ဒီရတနာကို ရခဲ့တာ။ ငါတို႕ ဂ်ိကလန္ အေနနဲ႕ ဒီရတနာမ်ိဳးကို ပိုင္ဆိုင္ခြင့္ရခဲ့တယ္ဆုိတာ အရမ္းကို ကံေကာင္းလြန္းတယ္။ မင္းဟာ အရိုက္အရာဆက္ခံမဲ့သူျဖစ္တာေၾကာင့္ ဒီရတနာကို ငါေတာင္းေပးလို႕ရတာ။ ႏို႕မို႕ဆိုရင္ ကန္႔ကြက္တဲ့သူေတြ ရွိေနဦးမွာ။”

စကားေျပာျပီးတာနဲက ရီခၽြမ္ဟာ သူ႕လက္ကို ယမ္းလိုက္ကာ ေသြးေရာင္သန္းေနတဲ့ ေက်ာက္စိမ္းဓားေျမာင္ေလးတစ္ေခ်ာင္းကို ထုတ္ယူလိုက္ျပီးေတာ့ နင္ကို ေပးလိုက္တယ္။

“ဒီ ေက်ာက္စိမ္းဓားေျမာင္ဟာ ငါ့ေသြးထဲမွာ အခ်ိန္အၾကာၾကီး နစ္ျမဳပ္ထားျပီးေတာ့မွ ျပဳလုပ္ ေအာင္ျမင္ခဲ့တာ။ မင္းဘယ္ေလာက္ ေ၀းေ၀းကို ေရာက္ေရာက္ ငါဒီေျမာင္ရွိေနတဲ့ ေနရာကို သိႏိုင္တယ္။ ဒီတစ္ခါ မင္းအျပင္သြားတဲ့အခါက်ရင္ ဒီ ေက်ာက္စိမ္းဓားေျမာင္ကို မင္းကိုယ္နဲ႕မကြာသိမ္းထားပါ။ မင္းအႏာၱရာယ္ တစ္ခုခု ေတြ႕တာနဲ႕ ဒီ ေက်ာက္စိမ္းဓားေျမာင္ကို ခ်က္ခ်င္း ခ်ိဳးလိုက္ဖို႕ မေမ့ပါနဲ႕။ မင္း ဒီေက်ာက္စိမ္းဓားေျမာင္ကို ခ်ိဳးလိုက္တာနဲ႕ ငါ ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပားကို သံုးျပီး မင္းရွိတဲ့ေနရာကို ခ်က္ျခင္း ခုန္လာျပီးေတာ့ လာကယ္ေပးမယ္။ ”

“ေအာ္..”
နင္ သူ႕အေဖဘာလို႕ ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား ကို လိုအပ္ေနလည္းဆိုတာကို နားလည္သြားတယ္။

ရီခၽြမ္ နင္ကို တစ္ခ်က္ေဟာက္ျပီးေတာ့ ေျပာလိုက္တယ္။
“မင္း ဒီတစ္ခါ အျပင္ကို စြန္းစားခန္း ထြက္တဲ့အခါမွွာ အေနာက္ပိုင္း ျမိဳ႕ေတာ္နဲ႕ အရမ္းေ၀းတဲ့ေနရာကို သြားခြင့္ မရွိဘူး။ ဒီ ေျခရာေဖ်ာက္ ေက်ာက္ဆြဲျပား ရဲ့ အမ်ားဆံုးသြားႏိုင္တဲ့ အကြာေ၀းက ကီလိုမီတာ တစ္ေသာင္းပဲ။ ေက်ာက္စိမ္းဓားကို အာရံုခံျပီးေတာ့ မင္းဘယ္ေလာက္ေ၀းေ၀းေရာက္ေနလဲဆိုတာကို ငါသိႏိုင္တယ္။ တစ္ကယ္လို႕ မင္း အေနာက္ဘက္ ဂ်ိျမိဳ႕ေတာ္ကေန ကီလိုမီတာ တစ္ေသာင္းထက္ ေက်ာ္ျပီးေတာ့ သြားလိုက္တာကို ငါ ခံစားလိုက္ရတာနဲ႕ ငါမင္းဆီကို ခ်က္ျခင္းခုန္လာျပီးေတာ့ လာဖမ္းေခၚရလိမ့္မယ္။ ျပီးရင္မင္းကို ေျမေအာက္ အက်ဥ္းေထာင္ထဲမွာ ၃ ႏွစ္ ခ်ဳပ္ျပီး အျပစ္ေပးရလိမ့္မယ္။”

နင္ သူ႕မ်က္လံုးကို ပြတ္သပ္လိုက္တယ္။ ေျမေအာက္ အက်ဥ္းေထာင္မွာ ၃ႏွစ္ အခ်ဳပ္က်မယ္? ထာ၀ရ ေမွာင္မိုက္ေနတဲ့ ေျမေအာက္အက်ဥ္းေထာင္…. ဘယ္ေတာ့မွ ေနေရာင္မက်ပဲ အေနာက္ဘက္ ဂ်ိကလန္ရဲ့ ေသဒဏ္က်ခံ အက်ဥ္းသားေတြကို ခ်ဳပ္ေႏွာင္ထားတဲ့ေနရာ။

“သား ေသခ်ာမွတ္မိပါတယ္။ အေဖ့သားပါ။”
နင္ ကမန္းကတန္း ေျဖလိုက္တယ္။

“ကီလိုမီတာ တစ္ေသာင္း…?”
လိုတာထက္ေတာင္ ပိုပါေသးတယ္။ အခ်ဳပ္ေျပာရရင္ အေနာက္ပိုင္း ဂ်ိကလန္ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမက ကီလိုမီတာ ေထာင္ အနည္းငယ္ ဧရိယာသာ ရွိပါတယ္။ သူအေနာက္ဘက္စူးစူးကို ဆက္သြားရင္ တျခားကလန္ၾကီးတစ္ခုရဲ့ နယ္ေျမ ေရာက္သြားလိမ့္မယ္။

“နင္..သားေလး..မင္း ဘယ္ေတာ့ေလာက္ ခရီးထြက္ဖို႕အစီအစဥ္ဆြဲထားလည္း။ အေမ မင္းအတြက္ စီစဥ္စရာ ရွိတာေတြ စီစဥ္ေပးမလို႕”
စႏိုး ဂရုတစိုက္နဲ႕ ေမးလိုက္တယ္။

“ေနာက္ ၃ ရက္ေနရင္ စထြက္မယ္ေလ။”
နင္ေခါင္းညိတ္ျပီး ျပန္ေျဖလိုက္တယ္။

……

၃ ရက္ဟာ မ်က္စိ တမွိတ္အတြင္းမွာ ကုန္ဆံုးသြားတယ္။

မနက္ခင္း အလင္းေရာင္ဟာ ေကာင္းကင္မွာ ျဖန္႕က်က္စ ျပဳလာျပီ။ နင္ရဲ့အခန္းထဲမွာေတာ့…

“နင္..သားေလး… ဒီဟာေတြကို မင္းနဲ႕ ယူသြားရမယ္။”
စႏိုးက လက္ေ၀ွ႕ယမ္းလိုက္ေတာ့ သားေမြ အက်ၤ ီထုတ္ၾကီး ၂ထုတ္ နဲ႕ အသံုးအဆာင္ ပစၥည္းေတြ နင္ရဲ့ အိပ္ရာေပၚမွာ ေပၚလာတယ္။

“အေမ… ကၽြန္ေတာ္ အကုန္ ျပင္ဆင္ျပီးျပီေလ။ အ၀တ္အစား၊ စားစရာ၊ ကရိယာ ေတြ။”
နင္ အလန္႕တၾကားေျပာလိုက္တယ္။

ရီခၽြမ္ တစ္ခ်က္ေဟာက္လိုက္တယ္။
“ငါတို႕ေတြ မင္းကို ယူသြားလို႕ေျပာရင္ ယူသြားလိုက္။ မင္းအေမက ဒီအ၀တ္ေတြအကုန္လံုးကို သူကိုယ္တိုင္ လက္နဲ႕ ခ်ဳပ္ေပးထားတာ။”

နင္ ႏွလံုးသားထဲ ေႏြးသြားတယ္။ သူ႕အေမကို သူ ၾကည့္လိုက္တယ္။ စႏိုးကေတာ့ သူ႕သားကိုစိုက္ၾကည့္ေနတယ္။ နင္သူ႕အေမဆီကေန အႏိႈင္းမဲ့တဲ့ မိဘ ေမတၱာ ခ်စ္ျခင္းကို ခံစားလိုက္ရတယ္… သူငယ္ငယ္ေလးတည္းက သူ႕အေမဟာ သူ႕အတြက္ အကုန္လံုးကို ျဖစ္ႏိုင္သမွ် ကိုယ္တိုင္ လုပ္ေပးခဲ့တာ။ သူ စြန္႕စားခန္း ခရီးထြက္တာကို သူ႕အေမ သူ႕အတြက္ အရမ္းကို စိတ္ပူေနတယ္။

ေရွးစကားတစ္ခြန္းလို
“သားခရီးေ၀းကို ထြက္သြားတဲ့အခါမွာ အေမအိမ္မွာ စိတ္ပူျပီးက်န္ခဲ့တယ္။”
ဒီတစ္ခါသူ ခရီးထြက္မွာေလ။

နင္ တစ္ခုခုကို သတိရသြားျပီးေတာ့ ရီခၽြမ္ကို ျမန္ျမန္ေျပာလိုက္တယ္။
“အေဖ.. ကၽြန္ေတာ္ ဒီတစ္ေခါက္ ခရီးထြက္တဲ့အခါမွာ ဂ်ိလီက ကၽြန္ေတာ့ကို တိတ္တဆိတ္…..”

“သူ မလုပ္ၾကံပါဘူး။ ငါတို႕ ဂ်ိကလန္ ဒီကမာၻမွာ အခ်ိန္အၾကာၾကီး တည္ျမဲေနႏိုင္တာဟာ ငါတို႕ရဲ့ စည္းလံုးမႈေၾကာင့္ပဲ။ ငါတို႕ေတြ အခ်င္းခ်င္း တို္က္ခိုက္တာကို သံမဏိ စည္းမ်ဥ္းနဲ႕ တားျမစ္ထားတယ္။ ခ်ိဳးေဖာက္သူ ဘယ္သူမဆိုကို အရပ္မ်က္ႏွာ ၅ခုက ဂ်ိကလန္ေတြ ပူးေပါင္းဖမ္းဆီးျပီး ေသဒဏ္ေပးတယ္။ ျပီးေတာ့ ငါဂ်ိလီရဲ့ စိတ္ကို နားလည္ပါတယ္။ သူဟာ အေနာက္ဘက္ ေခါင္းေဆာင္ၾကီး ဂ်ိလီကို သစၥာမခံေပမဲ့ သူ႕ႏွလံုးသားထဲမွာ ကလန္အက်ိဳးကိုပဲ ေရွ႕တန္းတင္ထားတာပါ။ ျပီးေတာ့ သူ႕ မာန နဲ႕ တေဇာက္ကန္းစိတ္က အရိုးထဲအထိ စြဲေနျပီ။ သူ ဒီလိုမ်ိဳး ေအာက္တန္းက်တဲ့ ကိစၥကို ဘယ္ေတာ့မွ မလုပ္ပါဘူး။”

နင္အခုမွ နားလည္သြားျပီးေတာ့ ေခါင္းညိတ္လိုက္တယ္။

“ဂ်ိလီအတြက္ စိတ္မပူပါနဲ႕။”ရီခၽြမ္ ေဟာက္လိုက္တယ္။
“မင္းစိတ္ပူဖို႕ လိုတာက မိစာၦ မြန္းစတားၾကီးေတြ။ မြန္းတား ၊ မိစာၦ ေတြ အကုန္လံုးဟာ တန္ခိုးစြမ္းအင္ေတြ မတူၾကသလို တိုက္ခိုက္ပံုျခင္းလည္း မတူၾကဘူး။ ငါတို႕ အေနာက္ပိုင္း ဂ်ိကလန္ရဲ့ ဇင္တ်န္ တန္ခိုးရွင္ေတြေတာင္ မၾကာခဏ အသက္ဆံုးရႈံးၾကရတယ္။ မင္းဆို ဇင္တ်န္ အဆင့္ေတာင္ မေရာက္ေသးဘူး။ ပိုျပီးေတာ့ အႏာၱရာယ္မ်ားတယ္။”

စႏိုး က ျမန္ျမန္ စကား ျဖတ္ေျပာလိုက္တယ္။
“ဒီလို စကားမ်ိဳးေတြ မေျပာေကာင္းဘူးေလ။  ငါတို႕သားေလးက အခုမွ ခရီး စထြက္မွာ။ ပိုျပီးေတာ့ မဂၤလာ ရွိတဲ့ စကားေတြပဲ ေျပာေလ။ နင္.. သားေလ… အေမ သားကို ေပးစရာ တစ္ခုရွိေသးတယ္။”
သူ စကား ေျပာျပီးျပီးခ်င္းမွာပဲ လက္ထဲမွာ ေရႊစာအုပ္တစ္အုပ္ ေပၚလာတယ္။ စာရြက္ေတြကို ေရႊသစ္ရြက္နဲ႕ လုပ္ထားျပီးေတာ့ စာအုပ္ မ်က္ႏွာဖံုးမွာ ေရွးစာလံုး ၄ လံုးေရးထားတယ္။ ( ေလလႈိင္း ေတာင္ပံ ေရွာင္တိမ္း သိုင္းက်မ္း) ( Wind Wing Evasion Techinque)

“ဒီစာအုပ္က ေျခလွမ္း ေရြ႕လ်ားတဲ့ သိုင္းက်မ္းျဖစ္ျပီးေတာ့ အေမ့မွာရွိတဲ့ တန္ဖိုးအရွိဆံုး အင္ေမာ္တယ္ က်င့္စဥ္ ရတနာစာအုပ္ ေနာ္။ ဒီဟာကို ဖတ္ဖို႕ မင္း ဇင္တ်န္ တန္ခိုးရွင္ ျဖစ္ေအာင္ ေစာင့့္လိုက္ဦးေနာ္။”
စႏိုးက ဆက္ျပီးေတာ့ မွာလိုက္တယ္။
“မင္း ဒီက်မ္းကို ဂ်ိကလန္ရဲ့ ဘယ္ အဖြဲ႕၀င္ကိုမွ သင္ၾကားေပးခြင့္ မရွိဘူးေနာ္။”

“ဟုတ္ကဲ့ အေမ။”
နင္ေခါင္းညိတ္လိုက္တယ္။

သူ႕ကို သင္ေပးတဲ့ ေလအရိပ္ ေျခသိုင္း ဟာ သူ႕အေမ တစ္ေယာက္တည္းသာ တတ္ေျမာက္တဲ့ ပညာရပ္ျဖစ္တယ္။ ဂ်ိကလန္မွာ ေျခလွမ္းသိုင္းပညာရပ္ မရွိပါဘူး။ ဒါေၾကာင့္ သူ႕အေမက သူ႕ကို မွာခဲ့တယ္… ေလအရိပ္ ေျခသိုင္းကို တျခားဂ်ိကလန္၀င္ေတြကို သင္ၾကားေပးျခင္းကို တားျမစ္ထားတယ္။  ဒီ ေလလႈိင္း ေတာင္ပံ ေရွာင္တိမ္း သိုင္းက်မ္းကလည္း သူ႕အေမ တစ္ေယာက္တည္း ပိုင္ဆိုင္တဲံ ပညာရပ္ျဖစ္တယ္။ ဒါေၾကာင့္ အေမက သူ႕ကို ဒီပညာကိုလည္း တျခားကလန္၀င္ေတြကို သင္ၾကားေပးျခင္းကို တားျမစ္ထားတယ္။

“ကဲကဲ.. မင္းသြားလို႕ရျပီ။ အဆင္သင့္ ျဖစ္ျပီ။”
ရီခၽြမ္ ေျပာလိုက္တယ္။

“မင္းသြားေတာမယ္ဆိုရင္ တည့္တည့္ မတ္မတ္ သြားပါ။ ေနာက္ဆံတင္းမေနပါနဲ႕။”

“အေဖ.. အေမ… ကၽြန္ေတာ္သြားျပီေနာ္။”
နင္သူ႕မိဘေတြကို ေနာက္ဆံုး ႏႈတ္ဆက္လိုက္တယ္။

သူ ေနာက္လွည့္လိုက္ျပီးေတာ့ ထြက္ခြာသြားပါေတာ့တယ္။ အျပင္ ဘက္မွာေတာ့ မို၀ူ နဲ႕ သူ႕ရဲ႕ ကိုယ္ရံေတာ္ ေကာင္မေလး ေဆာင္ဦး သစ္ရြက္ေလး က နင္နဲ႕အတူ ထြက္ခြာဖို႕ ေစာင့္ေနၾကပါတယ္။

Chapter 9 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>

Chapter ၁၀ ( အေရွ႕ပိုင္းေတာင္ ႏြံေတာ)
Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode

သခင်ကြီး ဂျိယောင်။        ။ ဒုတိယ ညီငယ် ၊  ငါ့စကားကို နားထောင်ပါဦး။



ဂျိလီ က မှိတ်ထားတဲ့ မျက်စိကို ဖွင့်လိုက်ပြီးတော့ အော်ဟစ်ပြောဆိုလိုက်တယ်။

“အကိုကြီး ..  ဘာမှဆက်ပြောဖို့ မလိုတော့ပါဘူး။ အခုအချိန်ကစပြီးတော့ ဂျိနင်ဟာ အနောက်ဘက်ဂျိကလန်ရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံမဲံသူပဲ။ ကျွန်တော် ဂျိလီ..သူ ဆင့်ခေါ်တဲ့အခါတိုင်း ရိုကျိုးစွာ လာခဲ့ပါ့မယ်။ ပြီးရင် သူခိုင်းတဲ့အရာမှန်သမျှကို သစ္စာရှိစွာ နာခံပါ့မယ်။ စစ်ပွဲတွေ တိုက်ရတဲ့ အခါတိုင်းမှာလည်း ဂျိကလန်ရဲ့ နာမည်အောက်မှာ သစ္စာရှိစွာနဲ့ အသက်ကို စတေးပြီးတော့ တိုက်ခိုက်ပေးမှာပါ။ ငါ နည်းနည်းလေးကိုမှ ဂျိနင်ကို ပုန်ကန်မဲ့အတွေးကို ဘယ်တော့မှ မတွေးတော့ပါဘူး။ ဒါပေမဲ့ အကိုကြီး.. မင်းကိုတော့ ငါ လုံး၀ မကြိုက်ဘူး။ မင်းရဲ့ လက်အောက်မှာတော့ ငါ ဘယ်တော့မှ သစ္စာခံမှာ မဟုတ်ဘူး။”



လီပြောပြီးတာနဲ့ ချာကနဲ လှည့်ထွက်သွားတယ်။



“အဖေ… စောင့်ပါဦး။”

ဘေးမှာ ထိုင်နေတဲ့ ဂျိဂျိတ်ဝှစ်လည်း မြန်မြန်ပြေးလိုက်သွားတယ်။



ယောင်ကတော့ လီ ထွက်သွားတာကို ဘာမှ မပြောပဲ ရပ်ကြည့်နေတယ်။ ဒါပေမဲ့ သူမျက်နှာမှာ ပြုံးယောင်သန်းနေတယ်။ သူ့ရဲ့ ဒုတိယ ညီငယ်ရဲ့ ဒေါသအကြောင်းကို သူကောင်းကောင်းကြီး သိနေတယ်။ လီဟာ တိုက်ခိုက်ရတာကို အရမ်းကို နှစ်ခြိုက်တဲ့လူတစ်ယောက် ဖြစ်တယ်။ သူဟာ သူ့ထက် ပိုပြီး အစွမ်းထက်တဲ့သူကို သစ္စာခံနိုင်ပေမဲ့ သူ့ထက် အင်အားနည်းသူကိုတော့ သူဘယ်တော့မှ သစ္စာခံနိုင်မှာ မဟုတ်ဘူး။ ငယ်ငယ်လေးတည်းက ဂျိယောင်ဟာ သူ့ညီငယ်နဲ့ ပါဝါချင်း ယှဉ်လိုက်ရင် အမြဲတမ်း တစ်ဆင့်နိမ့်နေတယ်။ လီဟာ သူ့အပေါ် ဘယ်တုန်းကမှ သစ္စာ မခံခဲ့ဘူး။ ဒါပမဲ့ လီတစ်ခါပြောခဲ့တာက .. ဂျိရီချွမ်သာ ကလန်ခေါင်းဆောင်ဖြစ်မယ်ဆိုရင် သူစကားတစ်ခွန်းမှ ပြန်ခံပြောမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။



အခုဆိုရင် နင်ဟာ သူ့အဖေထက်ပိုပြီး ကြမ်းတယ်ဆိုတာကို သက်သေပြခဲ့တယ်။ ပြိုင်ဘက်ရန်သူ ၇ယောက်လုံးကို အံ့မခန်းတဲ့ အစွမ်းထုတ်ပြပြီးတော့ အနိုင်ယူခဲ့တယ်။ ရွှေဓားကို သိမ်းပိုက်ခဲ့တယ်။ လီ ဟာ နင် ရဲ့ အစွမ်းတွေကို အသိအမှတ်ပြုလိုက်ပြီးတော့ သူ့ အပေါ်ကို စိတ်ထားအမှန်နဲ့ သစ္စာခံခဲ့တယ်။



“သူ သစ္စာခံတယ်လိုက်တယ်ဆိုရင် သစ္စာခံလိုက်တယ်ပဲ။”

“သူ သစ္စာ မခံဘူးဆိုရင် သစ္စာ ဘယ်တော့မှ မခံဘူး။”



သူ.. ဂျိလီ ဟာ သူ့အကိုကြီး ဂျိယောင်ကို ဘယ်တုန်းကမှ စိတ်ထဲမထည့်ထားခဲ့သလို ဘယ်တုန်းကမှလည်း သစ္စာ မခံခဲ့ဘူး။



…..



နေဝင်ချိန်…



 အနောက်ပိုင်း ဂျိကလန်ရဲ့ နှင်းဆောင်း ခန်းမမှာ ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပနေကြတယ်။ အနောက်ပိုင်း ဂျိကလန်ရဲ့ နောက်ဆက်ခံမဲ့ မျိုဆက်သစ် ခေါင်းဆောင်တစ်ယောက်ကို သေချာ သတ်မှတ်နိုင်ခဲ့တာဟာ အရမ်းကြီးကျယ်တဲ့ အကြောင်းအရာတစ်ခုပါပဲ။ ယောင် အနားယူသွားတာနဲ့ နင်ဟာ သူ့အရိုက်အရာကို ဆက်ခံပြီးတော့ ကလန်ကို ဆက်ပြီးစောင့်ရှောက်သွားရမဲ့ သူတစ်ယောက် ဖြစ်တယ်။ ဇင်တျန် တန်ခိုးရှင်လည်း ဖြစ်တဲ့ သခင်ကြီး ဂျိယောင်ဟာလည်း အသက်ရှင်သရွေ့ ကလန်ကို စောင့်ရှောက်သူတစ်ယောက်ဖြစ်လာမှာပါ။



အနောက်ဘက် ဂျိကလန်မှာ စောင့်ရှောက်သူ ၁၀ ဦးတိတိ ရှိတယ်။ အနောက်ဘက် ဂျိကလန်ရဲ့ အနာဂတ်ကို ပြောင်းလဲစေနိုင်တဲ့ ကိစ္စမှန်သမျှကို ဒီ စောင့်ရှောက်သူ ၁၀ ဦးက တိုင်ပင်ပြီးတော့ ဆုံးဖြတ်ချက် ချကြတယ်။ နင် သူ့ရာထူးကို ဆက်ခံလိုက်တာနဲ့ ဒီ စောင့်ရှောက်သူ ၁၀ဦးထဲက အားအနည်းဆုံး စောင့်ရှောက်သူဟာ အနားယူပေးရပါမယ်။ နင်တက်လာခဲ့ရင် အဖွဲ့ရဲ့ ပါဝါဖွဲ့စည်းပုံဟာ လုံးဝကို ပြောင်းလဲ သွားပါလိမ့်မယ်။ လူတိုင်းက နောက်အမွေဆက်ခံမဲ့ သူဟာ အရမ်းအစွမ်းထက်လို့ အနာဂတ်မှာ ကလန်ဟာ  အများကြီး တန်ခိုးကြီးမားလာမယ်ဆိုတာကို  ကြိုပြီး ခန့်မှန်းနေကြပါတယ်။



“ဝူဆ.. ဝူ ဆ ရ!” “သီချင်းဆိုသံ”



နန်းတော်ရဲ့ အလယ်မှာ ခန္ဓာကိုယ်မှာ သားမွေး အဝတ်အစား မလုံ့တလုံ ဝတ်ထားတဲ့ ခြေဗလာနဲ့ မိန်းမ ပျိုလေး ၃၀ ကျော်ဟာ ကခုန်နေကြပါတယ်။



ကချေသည်လေးတွေရဲ့ အနောက်ဘက်မှာ ဂီတပညာရှင် အတန်း၂ တန်း ရှိပြီးတော့ ဗုံတွေ၊ စောင်းတွေ၊ ပုလွေတွေ၊ တခြားတူရိယာ ပေါင်းစုံကို တီးမှုတ်နေကြပါတယ်။ တစ်ခါတရံ ဂီတသံဟာ ဝမ်းနည်းဖွယ် ပြောင်းသွားပြီးတော့ တစ်ခါတရံမှာ အရမ်းကို မြူးလှပါတယ်။ နန်းတော်တစ်ခုလုံး ဂီတသံတွေ  ပဲ့တင်သံထပ်နေပါတယ်။ နန်းတော်ထဲမှာတော့ အနောက်ဘက် ဂျိကလန်ရဲ့ အရေးအကြီးဆုံး လူတွေဟာ ဝိုင်းဖွဲ့ပြီးတော့ Cheer လုပ် စကားပြောနေကြပြီး ရယ်မောနေကြပါတယ်။



နင်ဟာ ကလန်ဆက်ခံမဲ့ သူတစ်ယောက် အနေနဲက သူ့အတွက် ပြင်ဆင်ထားတဲ့ စားပွဲမှာ ထိုင်နေပါတယ်။ သူ့အတွက် စားပွဲပေါ်မှာတော့ စားကောင်းသောက်ဖွယ်တွေ အမျိုးပေါင်းများစွာကို ပြင်ဆင်ထားပေးပါတယ်။

သားမွေး ဝတ်စုံ ဝတ်ထားတဲ့ မိန်းမပျိုလေးဟာ လက်ထဲမှာ ဝိုင်အိုးကြီးကို ကိုင်ထားပါတယ်။ နင် ရဲ့ ဝိုင်ခွက် လျော့သွားတာနဲ့ ကမန်းကတန်း ပြန်ဖြည့်ပေးနေပါတယ်။ ကောင်မလေး ကိုင်ထားတဲ့ ဝိုင်အိုးကြီးဟာ ပိသာချိန် တော်တော်လေးပေမဲ့ ကောင်မလေး ငှဲ့တဲ့အချိန်ဆို တစ်စက်ကလေးမှ ဖိတ်စင်ခြင်း မရှိပါဘူး။



“သူ့ဟာနဲ့သူ တော်တော်ကြည့်ကောင်းတာပဲ။”

နင် ကပွဲကို ရီဝေေ၀နဲ့ကြည့်ပြီးခေါင်းတညိတ်ညိတ် ပြောလိုက်ပါတယ်။



နင်ရဲ့ဘေးမှာတော့ လူတစ်ယောက်မက ထိုင်နေပါတယ်။



ဂျိရီချွမ်က စားပွဲရဲ့ အလယ်မှာ ထိုင်နေပြီးတော့ ယူချီ စနိုးနဲ့ နှင်းလိုဖြူတဲ့ ခွေးကြီးက သူ့တစ်ဖက်တစ်ချက်မှာ ထိုင်နေပါတယ်။ ဒီခွေးကြီးက ဂေါ့မွန်းစတား whitewater hound( ရေဖြူခွေးကြီးပါ။)(မြန်မာလိုဆိုတော်တော်ကို နားထောင်မကောင်းတာ။ နာမည်တွေက)



နှင်းဆောင်း ခန်းမ နန်းဆောင်မှာ ကိုယ်ပိုင်ထိုင်ခုံနဲ့ ထိုင်ခွင့်ရှိတဲ့ လူတွေ အကုန်လုံးဟာ အနောက်ဘက်ဂျိကလန်မှာ အလွန်ကို ရာထူးကြီးပြီး အလွန် အရေးပါတဲ့ လူတွေချည်းပါပဲ။ နင်ရဲ့ အမေ စနိုးတောင်မှ ဂျိရီချွမ်ရဲ့ မိန်းမဆိုတဲ့ အရှိန်အဝါကြောင့်သာ ထိုင်ခုံရတာပါ။ သူတစ်ယောက်တည်း သာဆိုရင် သူ့အတွက် ထိုင်ခုံ မရှိပါဘူး။



…….



ဇင်တျန် တန်ခိုးရှင်တွေ အကုန်လုံးဟာ သူတို့မိသားစုတွေ သူတို့မွေးထားတဲ့ သတ္တဝါကြီးတွေကို ခေါ်လာကြပါတယ်။

 မကြာခင်မှာပဲ ညနက်သန်းခေါင်အချိန် ရောက်လာပါတယ်။ ကချေသည်တွေလည်း ပြန်ကုန်ကြပါတယ်။ အမျိုးသမီး အခိုင်းအစေတွေ နဲ့ တခြားကျွန်တွေလည်း အနားယူကုန်ကြပါပြီ။ ဒီအချိန်ဟာ အရေးကြီးတာတွေ ဆွေးနွေးကြတဲ့ အချိန် လည်းဖြစ်ပါတယ်။ တစ်ကယ်လို့သာ သူတို့တွေ အရမ်းအရေးကြီးတဲ့ လျှို့ဝှက် ကိစ္စတွေ ဆွေးနွေးကြရင် မိသားစုဝင်တွေ နဲ့ မွန်းစတာတွေကိုလည်း ပြန်နားခိုင်းပြီးမှ ဆက်နွေးကြပါတယ်။



“ကဲ.. အားလုံးပဲ… ဒီနေ့ဟာ ရွှေဓားပြိုင်ပွဲရဲ့ အဖြေထွက် ပြီးဆုံးတဲ့နေ့ပဲ။ နင်ဟာ အသက် ၁၀နှစ်နဲ့ ပြိုင်ဘက် ၇ယောက်ကို တစ်ယောက်တည်း ယှဉ်ပြိုင် အနိုင်ယူနိုင်ခဲ့တယ်။ သူဟာ နောက်ထပ် ကလန် သခင်နေရာကို ဆက်ခံမဲ့ သူပဲ။ ဒါပေမဲ့ နင်က အရမ်းကို ငယ်သေးတယ်။ ဒါကြောင့် သူ့ကို ကလန်ခေါင်းဆောင်နေရာမယူခင် အတွေ့အကြုံတွေကို စုဆောင်းသင်ယူစေတာက ပိုပြီးကောင်းလိမ့်မယ်။ ငါမြင်သလောက်တော့ သူ့ကို အသက် ၂၀ နှစ် ပြည့်တဲ့အထိစောင့်လိုက်တာ ပိုကောင်းမယ်။ မင်းတို့တွေကော ဘယ်လိုထင်ကြလည်း။?”



“သဘောတူပါတယ်။”



“သဘောတူပါတယ်။”



“နင်ရဲ့ အရည်အချင်းဟာ ရီချွမ်ထက် မနိမ့်ဘူး။ သူဟာ နောက်ထပ် အရိုက်အရာဆက်ခံသူဖြစ်တာ အထူးကို သင့်တော်ပါတယ်။”

ကလန်ရဲ့ စောင့်ရှောက်သူတစ်ဦးက ပြောလိုက်တယ်။ ဂျိလီတို့ အဖွဲ့တောင်မှ ကန့်ကွက်သံ တစ်ခုမှ ထွက်မလာကြဘူး။



ရီချွမ်ဟာ ထိုင်ခုံမှာ ထိုင်နေရာကနေ ရှားရှားပါးပါး ပြုံးလိုက်တယ်။

“ခေါင်းဆောင်ကြီး”


“ရီချွမ် ဘာဖြစ်လို့လည်း။”

ယောင် သူ့ကို လှည့်ကြည့်လိုက်တယ်။


“ကျွန်တော့သားအတွက် ရတနာကို တောင်းချင်လို့ပါ။”

ရီချွမ်ပြောလိုက်တယ်။



“ဘယ်ရတနာကို ပြောတာလည်း?”

ယောင် ကြောင်သွားတယ်။



“ခြေရာဖျောက် ကျောက်ဆွဲပြား”

ရီချွမ်တလေးတနက်ပြောလိုက်တယ်။ သူ့ရဲ့ ဒီစကားကို ကြားလိုက်တော့ ခန်းမကြီးတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားတယ်။ ဇင်တျန် တန်ခိုးရှင်တွေဟာ အချင်းချင်း တအံ့တသြနဲ့ ပြန်ကြည့်နေကြတယ်။



“ခြေရာဖျောက် ကျောက်ဆွဲပြား? နင် မင်းက ခြေရာမဲ့ ကျောက်ပြားကို လိုချင်တာလား?” ယောင်တအံ့တသြ မေးလိုက်တယ်။



နင် ဟာ ဝိုင်ခွက်အပြည့်ကို လက်မှာ ကိုင်ထားလျက်နဲ့ ငေးမောနေတယ်။ သူ့အဖေကို သူတစ်ချက်ကြည့်လိုက်ပြီးတော့ ခေါင်းညိတ်လိုက်တယ်။
“ဟုတ်ကဲ့”



“နင်ဟာ နောက် အရိုက်အရာ ဆက်ခံမဲ့ သူပဲလေ။ သူ့ရဲ့ ခြေရာဖျောက် ကျောက်ဆွဲပြား ကိုသူတောင်းပိုင်ခွင့် ရှိတယ် မဟုတ်လား။”

ရီချွမ်ပြောလိုက်တယ်။



ယောင်ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး တော့ လက်ဝှေ့ယမ်းလိုက်တာ အရောင်တလက်လက် ကျောက်စိမ်းဆွဲပြားလေးတစ်ခုကို ပေါ်လာတယ်။ ဒီဆွဲပြားလေးမှာ ရှုပ်ထွေးတဲ့ အင်းကွက်တွေနဲ့ စာလုံးတွေကို ဆွဲထားပြီးတော့ ထူးဆန်းတဲ့ အငွေ့အသက်နဲ့ စွမ်းအင်ဖျော့ဖျော့ တစ်မျိုး ဖြာထွက်နေတယ်။ ဒီကျောက်စိမ်းပြား ပတ်လည်က လေထုဟာ တွန့်လိမ်ပြောင်းလဲနေတယ်။ ယောင်ဟာ ဆွဲပြားကို ရီချွမ်ဆီ ပစ်ပေးလိုက်တယ်။


“ကောင်းပြီ။ ရီချွမ် ဒီ ခြေရာဖျောက် ကျောက်ဆွဲပြား ဟာ ငါတို့အနောက်ဘက် ဂျိကလန်ကို ကာကွယ်ပေးတဲ့ ရတနာတစ်ပါးပဲ။ သူ့ကို မလိုအပ်ပဲ အသုံးမပြုပါနဲ့။”



ရီချွမ်ခေါင်းညိတ်လိုက်တယ်။
“ကျွန်တော် နားလည်ပါတယ်။”



………….



သန်းခေါင်ယံ အချိန်….

နှင်းဆောင်းနန်းဆောင်ကနေ ပြန်လာရာလမ်းပေါ်မှာ နင်ရယ် သူ့မိဘတွေရယ် ခွေးဖြူကြီးရယ်ဟာ အတူတူလျှောက်ပြီး အိမ်ပြန်လာနေတယ်။



“အဖေ၊ အမေ… ခြေရာဖျောက် ကျောက်ဆွဲပြား က ဘာလည်းဟင်။ အဖေက ဘာလို့ အဲ့ဒါကို တောင်းရတာလည်း?”



စနိုး ရယ်မောပြီး သူ့သားကို စကားပြောလိုက်တယ်။


“ဒီ ခြေရာမဲ့ ဆွဲပြားဟာ မင်းအဖေ မင်းကို ရွှေဓားပြိုင်ပွဲ ကို ဝင်ပြိုင် ပြီးတော့ ရွှေဓားကို သိမ်းပိုက် စေချင်တဲ့ အကြောင်းတစ်ချက်ပဲ။ ဘာလို့လည်းဆိုတော့ ရွှေဓားကို သိမ်းပိုက်နိုင်မှ မင်းရဲ့ အရိုက်အရာဆက်ခံသူနေရာနဲ့ ပတ်သက်ပြီး အတွန့်တက်တာတွေ ကန့်ကွက်တာတွေ ရှိတော့မှာ မဟုတ်ဘူး။ မင်းသာ အနောက်ဘက် ဂျိကလန်ရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံမှာ အတည် ဖြစ်သွားရင် ခေါင်းဆောင်တွေသာ အသုံးပြုခွင့်ရှိတဲ့ ရတနာ တစ်ပါးဖြစ်တဲ့ ခြေရာဖျောက် ကျောက်ဆွဲပြား ကို တောင်းခွင့်ရှိလာမှာပဲ။ ”



ရီချွမ်က အေးစက်စက် လေသံနဲ့ ဆက်ပြောလိုက်ပြန်တယ်..

“ခြေရာဖျောက် ကျောက်ဆွဲပြား ဟာ အရမ်းကို အဖိုးတန်တဲ့ ရတနာ တပါးပဲ။လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ တုန်းက ငါတို့ အနောက်ဘက် ဂျိကလန်က ဘိုးဘေး တစ်ယောက်ဟာ ကံကောင်းပြီးတော့ ဒီရတနာကို ရရှိခဲ့တယ်။ သူ အဲ့ဒီတုန်းက ဒီရတနာ ကို ၃ခု ရရှိခဲ့တာပါ။ ဒါပေမဲ့ သူ ၂ခုကို အသုံးပြုခဲ့တယ်။ ဒီဟာက နောက်ဆုံးတစ်ခုပဲ။ ဒီရတနာဟာ ငါတို့ အနောက်ဘက်ပိုင်းကို ကာကွယ်ပေးတဲ့ ရတနာတပါး ဖြစ်လာတယ်။”


“အဲ့ဒါက ဘာအတွက် အသုံးပြုလို့ ရတာလည်း။?”



ရီချွမ်တစ်ချက်ရယ်မောလိုက်ပြီးတော့
“မင်း ဒီ ခြေရာဖျောက် ကျောက်ဆွဲပြား ရတနာကို အသုံးပြုပြီးတော့ ကီလိုမီတာ တစ်သောင်း အတွင်း ကြိုက်တဲ့နေရာကို တယ်လီပို့နဲ့ ခုန်ပြီးသွားလို့ရတယ်။”


“တစ်ကယ်..?”

နင် အရမ်းအံ့သြသွားတယ်။ ကီလိုမီတာ တစ်သောင်း အတွင်း ကြိုက်တဲ့နေရာကို ခုန်ပြီးတော့ သွားလို့ရတယ်?


“ဒီလို ရတနာပစ္စည်းကို မင်း ဝယ်ဖို့ ပိုက်ဆံ ရှိရင်တောင်မှ ဝယ်လို့မရဘူး။ ငါတို့ ဘိုးဘေးဟာ ကံအရမ်းကောင်းလွန်းလို့ ဒီရတနာကို ရခဲ့တာ။ ငါတို့ ဂျိကလန် အနေနဲ့ ဒီရတနာမျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်ဆိုတာ အရမ်းကို ကံကောင်းလွန်းတယ်။ မင်းဟာ အရိုက်အရာဆက်ခံမဲ့သူဖြစ်တာကြောင့် ဒီရတနာကို ငါတောင်းပေးလို့ရတာ။ နို့မို့ဆိုရင် ကန့်ကွက်တဲ့သူတွေ ရှိနေဦးမှာ။”



စကားပြောပြီးတာနဲက ရီချွမ်ဟာ သူ့လက်ကို ယမ်းလိုက်ကာ သွေးရောင်သန်းနေတဲ့ ကျောက်စိမ်းဓားမြောင်လေးတစ်ချောင်းကို ထုတ်ယူလိုက်ပြီးတော့ နင်ကို ပေးလိုက်တယ်။


“ဒီ ကျောက်စိမ်းဓားမြောင်ဟာ ငါ့သွေးထဲမှာ အချိန်အကြာကြီး နစ်မြုပ်ထားပြီးတော့မှ ပြုလုပ် အောင်မြင်ခဲ့တာ။ မင်းဘယ်လောက် ဝေးဝေးကို ရောက်ရောက် ငါဒီမြောင်ရှိနေတဲ့ နေရာကို သိနိုင်တယ်။ ဒီတစ်ခါ မင်းအပြင်သွားတဲ့အခါကျရင် ဒီ ကျောက်စိမ်းဓားမြောင်ကို မင်းကိုယ်နဲ့မကွာသိမ်းထားပါ။ မင်းအန္တာရာယ် တစ်ခုခု တွေ့တာနဲ့ ဒီ ကျောက်စိမ်းဓားမြောင်ကို ချက်ချင်း ချိုးလိုက်ဖို့ မမေ့ပါနဲ့။ မင်း ဒီကျောက်စိမ်းဓားမြောင်ကို ချိုးလိုက်တာနဲ့ ငါ ခြေရာဖျောက် ကျောက်ဆွဲပြားကို သုံးပြီး မင်းရှိတဲ့နေရာကို ချက်ခြင်း ခုန်လာပြီးတော့ လာကယ်ပေးမယ်။ ”


“အော်..”

နင် သူ့အဖေဘာလို့ ခြေရာဖျောက် ကျောက်ဆွဲပြား ကို လိုအပ်နေလည်းဆိုတာကို နားလည်သွားတယ်။



ရီချွမ် နင်ကို တစ်ချက်ဟောက်ပြီးတော့ ပြောလိုက်တယ်။
“မင်း ဒီတစ်ခါ အပြင်ကို စွန်းစားခန်း ထွက်တဲ့အခါမှှာ အနောက်ပိုင်း မြို့တော်နဲ့ အရမ်းဝေးတဲ့နေရာကို သွားခွင့် မရှိဘူး။ ဒီ ခြေရာဖျောက် ကျောက်ဆွဲပြား ရဲ့ အများဆုံးသွားနိုင်တဲ့ အကွာဝေးက ကီလိုမီတာ တစ်သောင်းပဲ။ ကျောက်စိမ်းဓားကို အာရုံခံပြီးတော့ မင်းဘယ်လောက်ဝေးဝေးရောက်နေလဲဆိုတာကို ငါသိနိုင်တယ်။ တစ်ကယ်လို့ မင်း အနောက်ဘက် ဂျိမြို့တော်ကနေ ကီလိုမီတာ တစ်သောင်းထက် ကျော်ပြီးတော့ သွားလိုက်တာကို ငါ ခံစားလိုက်ရတာနဲ့ ငါမင်းဆီကို ချက်ခြင်းခုန်လာပြီးတော့ လာဖမ်းခေါ်ရလိမ့်မယ်။ ပြီးရင်မင်းကို မြေအောက် အကျဉ်းထောင်ထဲမှာ ၃ နှစ် ချုပ်ပြီး အပြစ်ပေးရလိမ့်မယ်။”



နင် သူ့မျက်လုံးကို ပွတ်သပ်လိုက်တယ်။ မြေအောက် အကျဉ်းထောင်မှာ ၃နှစ် အချုပ်ကျမယ်? ထာဝရ မှောင်မိုက်နေတဲ့ မြေအောက်အကျဉ်းထောင်…. ဘယ်တော့မှ နေရောင်မကျပဲ အနောက်ဘက် ဂျိကလန်ရဲ့ သေဒဏ်ကျခံ အကျဉ်းသားတွေကို ချုပ်နှောင်ထားတဲ့နေရာ။


“သား သေချာမှတ်မိပါတယ်။ အဖေ့သားပါ။”

နင် ကမန်းကတန်း ဖြေလိုက်တယ်။


“ကီလိုမီတာ တစ်သောင်း…?”

လိုတာထက်တောင် ပိုပါသေးတယ်။ အချုပ်ပြောရရင် အနောက်ပိုင်း ဂျိကလန် ထိန်းချုပ်ထားတဲ့ နယ်မြေက ကီလိုမီတာ ထောင် အနည်းငယ် ဧရိယာသာ ရှိပါတယ်။ သူအနောက်ဘက်စူးစူးကို ဆက်သွားရင် တခြားကလန်ကြီးတစ်ခုရဲ့ နယ်မြေ ရောက်သွားလိမ့်မယ်။


“နင်..သားလေး..မင်း ဘယ်တော့လောက် ခရီးထွက်ဖို့အစီအစဉ်ဆွဲထားလည်း။ အမေ မင်းအတွက် စီစဉ်စရာ ရှိတာတွေ စီစဉ်ပေးမလို့”

စနိုး ဂရုတစိုက်နဲ့ မေးလိုက်တယ်။


“နောက် ၃ ရက်နေရင် စထွက်မယ်လေ။”

နင်ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်။



……



၃ ရက်ဟာ မျက်စိ တမှိတ်အတွင်းမှာ ကုန်ဆုံးသွားတယ်။



မနက်ခင်း အလင်းရောင်ဟာ ကောင်းကင်မှာ ဖြန့်ကျက်စ ပြုလာပြီ။ နင်ရဲ့အခန်းထဲမှာတော့…


“နင်..သားလေး… ဒီဟာတွေကို မင်းနဲ့ ယူသွားရမယ်။”

စနိုးက လက်ဝှေ့ယမ်းလိုက်တော့ သားမွေ အင်္ကျ ီထုတ်ကြီး ၂ထုတ် နဲ့ အသုံးအဆာင် ပစ္စည်းတွေ နင်ရဲ့ အိပ်ရာပေါ်မှာ ပေါ်လာတယ်။


“အမေ… ကျွန်တော် အကုန် ပြင်ဆင်ပြီးပြီလေ။ အဝတ်အစား၊ စားစရာ၊ ကရိယာ တွေ။”

နင် အလန့်တကြားပြောလိုက်တယ်။



ရီချွမ် တစ်ချက်ဟောက်လိုက်တယ်။
“ငါတို့တွေ မင်းကို ယူသွားလို့ပြောရင် ယူသွားလိုက်။ မင်းအမေက ဒီအဝတ်တွေအကုန်လုံးကို သူကိုယ်တိုင် လက်နဲ့ ချုပ်ပေးထားတာ။”



နင် နှလုံးသားထဲ နွေးသွားတယ်။ သူ့အမေကို သူ ကြည့်လိုက်တယ်။ စနိုးကတော့ သူ့သားကိုစိုက်ကြည့်နေတယ်။ နင်သူ့အမေဆီကနေ အနှိုင်းမဲ့တဲ့ မိဘ မေတ္တာ ချစ်ခြင်းကို ခံစားလိုက်ရတယ်… သူငယ်ငယ်လေးတည်းက သူ့အမေဟာ သူ့အတွက် အကုန်လုံးကို ဖြစ်နိုင်သမျှ ကိုယ်တိုင် လုပ်ပေးခဲ့တာ။ သူ စွန့်စားခန်း ခရီးထွက်တာကို သူ့အမေ သူ့အတွက် အရမ်းကို စိတ်ပူနေတယ်။



ရှေးစကားတစ်ခွန်းလို
“သားခရီးဝေးကို ထွက်သွားတဲ့အခါမှာ အမေအိမ်မှာ စိတ်ပူပြီးကျန်ခဲ့တယ်။”

ဒီတစ်ခါသူ ခရီးထွက်မှာလေ။



နင် တစ်ခုခုကို သတိရသွားပြီးတော့ ရီချွမ်ကို မြန်မြန်ပြောလိုက်တယ်။
“အဖေ.. ကျွန်တော် ဒီတစ်ခေါက် ခရီးထွက်တဲ့အခါမှာ ဂျိလီက ကျွန်တော့ကို တိတ်တဆိတ်…..”


“သူ မလုပ်ကြံပါဘူး။ ငါတို့ ဂျိကလန် ဒီကမ္ဘာမှာ အချိန်အကြာကြီး တည်မြဲနေနိုင်တာဟာ ငါတို့ရဲ့ စည်းလုံးမှုကြောင့်ပဲ။ ငါတို့တွေ အချင်းချင်း တိုက်ခိုက်တာကို သံမဏိ စည်းမျဉ်းနဲ့ တားမြစ်ထားတယ်။ ချိုးဖောက်သူ ဘယ်သူမဆိုကို အရပ်မျက်နှာ ၅ခုက ဂျိကလန်တွေ ပူးပေါင်းဖမ်းဆီးပြီး သေဒဏ်ပေးတယ်။ ပြီးတော့ ငါဂျိလီရဲ့ စိတ်ကို နားလည်ပါတယ်။ သူဟာ အနောက်ဘက် ခေါင်းဆောင်ကြီး ဂျိလီကို သစ္စာမခံပေမဲ့ သူ့နှလုံးသားထဲမှာ ကလန်အကျိုးကိုပဲ ရှေ့တန်းတင်ထားတာပါ။ ပြီးတော့ သူ့ မာန နဲ့ တဇောက်ကန်းစိတ်က အရိုးထဲအထိ စွဲနေပြီ။ သူ ဒီလိုမျိုး အောက်တန်းကျတဲ့ ကိစ္စကို ဘယ်တော့မှ မလုပ်ပါဘူး။”



နင်အခုမှ နားလည်သွားပြီးတော့ ခေါင်းညိတ်လိုက်တယ်။



“ဂျိလီအတွက် စိတ်မပူပါနဲ့။”ရီချွမ် ဟောက်လိုက်တယ်။

“မင်းစိတ်ပူဖို့ လိုတာက မိစ္ဆာ မွန်းစတားကြီးတွေ။ မွန်းတား ၊ မိစ္ဆာ တွေ အကုန်လုံးဟာ တန်ခိုးစွမ်းအင်တွေ မတူကြသလို တိုက်ခိုက်ပုံခြင်းလည်း မတူကြဘူး။ ငါတို့ အနောက်ပိုင်း ဂျိကလန်ရဲ့ ဇင်တျန် တန်ခိုးရှင်တွေတောင် မကြာခဏ အသက်ဆုံးရှုံးကြရတယ်။ မင်းဆို ဇင်တျန် အဆင့်တောင် မရောက်သေးဘူး။ ပိုပြီးတော့ အန္တာရာယ်များတယ်။”



စနိုး က မြန်မြန် စကား ဖြတ်ပြောလိုက်တယ်။

“ဒီလို စကားမျိုးတွေ မပြောကောင်းဘူးလေ။  ငါတို့သားလေးက အခုမှ ခရီး စထွက်မှာ။ ပိုပြီးတော့ မင်္ဂလာ ရှိတဲ့ စကားတွေပဲ ပြောလေ။ နင်.. သားလေ… အမေ သားကို ပေးစရာ တစ်ခုရှိသေးတယ်။”

သူ စကား ပြောပြီးပြီးချင်းမှာပဲ လက်ထဲမှာ ရွှေစာအုပ်တစ်အုပ် ပေါ်လာတယ်။ စာရွက်တွေကို ရွှေသစ်ရွက်နဲ့ လုပ်ထားပြီးတော့ စာအုပ် မျက်နှာဖုံးမှာ ရှေးစာလုံး ၄ လုံးရေးထားတယ်။ ( လေလှိုင်း တောင်ပံ ရှောင်တိမ်း သိုင်းကျမ်း) ( Wind Wing Evasion Techinque)



“ဒီစာအုပ်က ခြေလှမ်း ရွေ့လျားတဲ့ သိုင်းကျမ်းဖြစ်ပြီးတော့ အမေ့မှာရှိတဲ့ တန်ဖိုးအရှိဆုံး အင်မော်တယ် ကျင့်စဉ် ရတနာစာအုပ် နော်။ ဒီဟာကို ဖတ်ဖို့ မင်း ဇင်တျန် တန်ခိုးရှင် ဖြစ်အောင် စောင့့်လိုက်ဦးနော်။”

စနိုးက ဆက်ပြီးတော့ မှာလိုက်တယ်။
“မင်း ဒီကျမ်းကို ဂျိကလန်ရဲ့ ဘယ် အဖွဲ့ဝင်ကိုမှ သင်ကြားပေးခွင့် မရှိဘူးနော်။”


“ဟုတ်ကဲ့ အမေ။”

နင်ခေါင်းညိတ်လိုက်တယ်။


သူ့ကို သင်ပေးတဲ့ လေအရိပ် ခြေသိုင်း ဟာ သူ့အမေ တစ်ယောက်တည်းသာ တတ်မြောက်တဲ့ ပညာရပ်ဖြစ်တယ်။ ဂျိကလန်မှာ ခြေလှမ်းသိုင်းပညာရပ် မရှိပါဘူး။ ဒါကြောင့် သူ့အမေက သူ့ကို မှာခဲ့တယ်… လေအရိပ် ခြေသိုင်းကို တခြားဂျိကလန်ဝင်တွေကို သင်ကြားပေးခြင်းကို တားမြစ်ထားတယ်။  ဒီ လေလှိုင်း တောင်ပံ ရှောင်တိမ်း သိုင်းကျမ်းကလည်း သူ့အမေ တစ်ယောက်တည်း ပိုင်ဆိုင်တဲံ ပညာရပ်ဖြစ်တယ်။ ဒါကြောင့် အမေက သူ့ကို ဒီပညာကိုလည်း တခြားကလန်ဝင်တွေကို သင်ကြားပေးခြင်းကို တားမြစ်ထားတယ်။


“ကဲကဲ.. မင်းသွားလို့ရပြီ။ အဆင်သင့် ဖြစ်ပြီ။”

ရီချွမ် ပြောလိုက်တယ်။


“မင်းသွားတောမယ်ဆိုရင် တည့်တည့် မတ်မတ် သွားပါ။ နောက်ဆံတင်းမနေပါနဲ့။”


“အဖေ.. အမေ… ကျွန်တော်သွားပြီနော်။”

နင်သူ့မိဘတွေကို နောက်ဆုံး နှုတ်ဆက်လိုက်တယ်။



သူ နောက်လှည့်လိုက်ပြီးတော့ ထွက်ခွာသွားပါတော့တယ်။ အပြင် ဘက်မှာတော့ မိုဝူ နဲ့ သူ့ရဲ့ ကိုယ်ရံတော် ကောင်မလေး ဆောင်ဦး သစ်ရွက်လေး က နင်နဲ့အတူ ထွက်ခွာဖို့ စောင့်နေကြပါတယ်။


Chapter 9 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>



Chapter ၁၀ ( အရှေ့ပိုင်းတောင် နွံတော)

Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)