ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 14 (နတ္ဘုရား ေသြးမ်ိဳးဆက္ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 2
Chapter 14 (နတ္ဘုရား ေသြးမ်ိဳးဆက္ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္)

“ဘာလဲဟ”
ဂ်ိနင္ သူ႕ေရွ႕က အျဖစ္အပ်က္ကို အံ့ၾသမင္သက္စြာနဲ႕ ရပ္ျပီး ၾကည့္ေနမိပါတယ္။
“ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ ဆိုတာၾကီးက တစ္ကယ္ေပၚလာမွာလား?”
နင္ဘာမွ ေတြးမေနေတာ့ပဲ ၀ဲကေတာ့ရဲ့ ဆန္႕က်င္ဘက္ကို ဦးတည္ျပီး ေရေပၚရွပ္ ထြက္ေျပးပါေတာ့တယ္။ သူအခုဆို ေျပးဖို႕အေတြး တစ္ခုပဲ ရွိေတာ့တယ္။

“ဟား….”

ေက်ာက္စိမ္းေရာင္ အေၾကးခြံေတြ လႊမ္ျခံဳထားျပီးေတာ့ ျပိဳင္ဘက္ကင္းေအာင္ လွပတဲ့ေျမြေခါင္းၾကီးတစ္ေခါင္းဟာ ေရမ်က္ႏွာျပင္ေပၚကို ေပၚလာပါတယ္။

ဒီ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ ၾကီးရဲ့ ဦးေခါင္းၾကီးကိုၾကည့္ျပီး နင္မ်က္စိမ်က္ႏွာ ပ်က္သြားပါတယ္။
“ငါေတာ့ ဒုကၡနဲ႕ လွလွေတြ႕ျပီ။ ဒီ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ ကို ဒီေလာက္ ျမန္ျမန္ ေရာက္လာလိမ့္မယ္လို႕ မထင္မိဘူး။ ငါ့ရဲ့ ကမာၻနဲ႕ တစ္သားအဆင့္ ကိုယ္ေဖာ့သိုင္းနဲ႕ ( ေျခသိုင္းကို ကိုယ္ေဖာ့သိုင္းလို႕ ေျပာင္းေရးေပးပါမယ္) ဘယ္ မြန္းစတားၾကီးေတြလက္ထဲကမဆို လြတ္ေအာင္ေျပးႏိုင္တယ္။ ဒီ အေရွ႕ပိုင္းေတာင္ ႏြံေတာက ငါ့ကို ဒုကၡေပးႏိုင္တဲ့ မြန္းစတားေတြ ထဲမွာ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ လည္းတစ္ေကာင္အပါ၀င္ပဲ။”

“ငါ့ရဲ့ပထမဆံုး အေရွ႕ပိုင္းေတာင္ႏြံေတာရဲ့ စြန္႕စားခန္းမွာ ဒီေကာင္နဲက ရင္ဆိုင္ဖူးျပီ။”
နင္ ဟာ အေနာက္ဘက္ ဂ်ိကလန္မွာတုန္းက ဖတ္ခဲ့တဲ့ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ နဲ႕ ပတ္သက္တဲ့ အခ်က္အလက္ေတြကို ျပန္စဥ္းစားေနမိတယ္။

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ ဆိုတာဟာ နတ္ဘုရား ေသြးမ်ိဳးဆက္ ထဲမွာ သိၾကတဲ့ ျမေကာင္းကင္ ေျမြ မြန္းစတား အမ်ိဳးအစားပါ။ ဂ်ိကလန္ရဲ့ ေနာက္ဆံုး သိခဲ့တဲ့ သတင္းေတြအရ ဒီ မြန္းစတားဟာ အစဦး ဇင္တ်န္ တန္ခိုးရွင္ အစြမ္းကို ပိုင္ဆိုင္ထားပါတယ္။ ဒါေပမဲ့ သူဟာ အေစာပိုင္း ဇင္တ်န္ တန္ခိုးရွင္ အဆင့္သာ ျဖစ္ေပမဲ့ ဖင္းေဂါ့ ေသြးမ်ိဳးဆက္ေၾကာင့္ သူ႕အစြမ္းဟာ Serpentwing  ရဲ့ အစြမ္းနဲ႕ေတာင္ ႏိႈင္းယွဥ္လို႕ရတယ္။

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ ဟာ သူ႕ရဲ့ ျမန္ဆန္မႈေၾကာင့္ အလြန္ေက်ာ္ၾကားပါတယ္။ တျခား အစြမ္းေတြမွာေတာ့ Serpentwing ထက္ အဆင့္ အနည္းငယ္ နိမ့္ေကာင္းနိမ့္ႏိုင္ေပမဲ့ ျမန္ဆန္မႈမွာ ေတာ့ Serpentwing ထက္ အမ်ားၾကီး သာပါတယ္။ ထပ္ေပါင္းေျပာရရင္ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ ရဲ့ အဆိပ္ဟာ အလြန္ျပင္းထန္တဲ့ ထင္ေယာင္ထင္မွား ညိဳ႕ႏိုင္တဲ့ အစြမ္း ရွိပါတယ္။ မိစာၦ မြန္းစတားၾကီးေတြေတာင္မွ အကိုက္ခံလိုက္ရရင္ ထင္ေယာင္ထင္မွား အညိဳ႕ခံလိုက္ရမွာပါ။

“ငါ့ရဲ့ အစြမ္းအထက္ဆံုး လ်င္ျမန္မႈအပိုင္းက ဒီမွာ ထိပ္တိုက္ ယွဥ္ႏိုင္ပါ့မလား”
နင္ ေတာ္ေတာ္ စိတ္ပူေနမိပါတယ္။

အသက္လု တိုက္ပြဲေတြမွာ လ်င္ျမန္မႈဟာ ခြန္အားထက္ အမ်ားၾကီး အေရးၾကီးပါတယ္။

ဥပမာအေနနဲ႕ ေရၾကံ့ဘုရင္ၾကီးရဲ့ ခြန္အားဟာ နင္ရဲ့ ခြန္အားထက္ အဆမ်ားစြာ ၾကီးမားပါတယ္။ သူ႕ကာကြယ္မႈ အစြမ္းကလည္း နင္ထက္ အမ်ားၾကီး သာလြန္ပါတယ္။ ဒါေပမဲ့ နင္ရဲ့ မ်က္စိထဲမွာေတာ့ ေရၾကံ့ဘုရင္ၾကီးဟာ ထံုထံုထိုင္ထိုင္း ခပ္ညံ့ညံ့ သတၱ၀ါတစ္ေကာင္အေန ထက္မပိုပါဘူး။ သူ ေရၾကံ့ဘုရင္ၾကီးကို စိတ္ၾကိဳတ္ လွည့္ပတ္တိုက္ခိုက္ျပီး လြယ္လြယ္ကူကူ သတ္ျဖတ္လိုက္တယ္ေလ။ သူက နင္ကို နင္းခ်င္ေပမဲ့ နင္းဖို႕ အခြင့္မသာခဲ့ဘူး။ ဒါေပမဲ့ ဒီ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ ကေတာ့ လ်င္ျမန္မႈမွာ အရမ္းကို ေက်ာ္ၾကားပါတယ္။

….


“huahuahuahau..”
ေရမ်က္ႏွာျပင္ ေပၚမွာေတ့ာ အေၾကးခြံနဲ႕ ေျမြၾကီး တစ္ေကာင္ ရဲ့ ကိုယ္လံုး တစ္ျဖည္းျဖည္းေပၚလာတာကို အေ၀းကေန ျမင္လိုက္ရပါတယ္။

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ က သူ႕ဦးေခါင္းၾကီးကို ေျမာက္ျပီး နင္ကို နားမလည္ႏိုင္တဲ့ အၾကည့္နဲ႕ ၾကည့္ေနပါတယ္။ သူ အသံနိမ့္နိမ့္ တစ္ခ်ိဳ႕ ေအာ္ျမည္လိုက္ပါတယ္။

“ဟင္?”
နင္ လည္း ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ကို မ်က္ေမွာင္ၾကဳတ္ျပီး ျပန္ၾကည့္လိုက္ပါတယ္။ ဒီေျမြဘုရင္က ဘာေျပာလိုက္တာလဲ? သူ နားမလည္ဘူး။ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ ဟာ နတ္ဘုရား မြန္းစတားမ်ိဳး ျဖစ္ျပီးေတာ့ အစဦး ဇင္တ်န္ အဆင့္ ျဖစ္ေပမဲ့ အသြင္လည္း မေျပာင္းႏိုင္ေသးသလို လူစကားလည္း မေျပာႏိုင္ေသးဘူး။

“ဟား”

လူပဲသ႑ာန္ တစ္ခု ေရထဲကေန ထြက္လာျပီးေတာ့ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ေဘးနား ယွဥ္ရပ္လိုက္ပါတယ္။ ၀တ္စံုျဖဴ ၀တ္ထားတဲ့ ပိန္ပိန္ပါးပါး လူ တစ္ေယာက္ ျဖစ္ျပီးေတာ့ နင္ကို စိုက္ၾကည့္ေနပါတယ္။ သူကေအာ္ေျပာလိုက္တယ္။
“ငါ့ဘုရင္ၾကီးက ေမးေနတယ္။ မင္းက ေရၾကံ့ၾကီးကို သတ္လိုက္တဲ့ တစ္ေယာက္လား။?”

“ငါမသတ္ဘူးလို႕ ေျပာရင္ မင္းယံုမွာလား။”
နင္က ျပန္ေမးလိုက္တယ္။

“ဒီေနရာ၀န္းက်င္မွာ မင္းကလြဲျပီး တျခား လူသားလည္းမရွိဘူး။ မင္းသတ္တာ မဟုတ္ရင္ ဘယ္သူက သတ္တာျဖစ္မွာလညး္။?”
၀တ္စံုျဖဴနဲ႕ ပိန္ပိန္ရွည္ရွည္လူက ေအးစက္စက္ ရယ္ေမာလိုက္တယ္။
“ျပီးေတာ့ မင္းက ေရေပၚမွာ ေျပးႏိုင္ေနျပီဆိုေတာ့ မင္းက ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ေနျပီဆိုတာကို သက္ေသျပလိုက္တာပဲ။”

ရုတ္တရက္ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးက အသံတခ်ိဳ႕ မာန္ဖီလိုက္တဲ့အခါမွာ ၀တ္စံုျဖဴနဲကလူက ေျပာေနတဲ့ အေၾကာင္းအရာကို ေျပာင္းလို္က္ပါတယ္။
“ဒါေပမဲ့ ေရၾကံ့ၾကီး ရဲ့ ခႏၶာကိုယ္ အနီး၀န္းက်င္မွာ ဇင္တ်န္ စြမ္းအားအၾကြင္းအက်န္ေတြကို မခံစားမိဘူး။ မင္းက ဇင္တ်န္အဆင့္ကို မေရာက္ေသးတာလား?”

“ငါက အေျဖေပးလိုက္ရင္ ငါ့ကို သြားခြင့္ေပးမွာလား။”
နင္က ျပန္ေမးလိုက္ပါတယ္။

“’ဒါက ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလည္း။ မင္းက ဘုရင္ၾကီးရဲ့ ရဲေဘာ္တစ္ေယာက္ျဖစ္တဲ့ ေရၾကံ့ၾကီးကို သတ္ပစ္လိုက္တာ။ ငါတို႕က ဒီအတိုင္း သြားခြင့္ေပးလို္က္ရင္ ဘုရင္ၾကီးရဲ့ ဂုဏ္သိကၡာေတြ ဘယ္လို ျဖစ္သြားမလည္း။”
အျဖဴေရာင္လူက ရယ္ေမာေျပာဆိုလိုက္တယ္။

နင္က မ်က္ေမွာင္ၾကဳတ္လိုက္ျပီး ျပန္ေအာ္ေျပာလိုက္တယ္။
“ဒါဆိုလည္း ေျပာတာ ရပ္လိုက္ေတာ့။ မင္းတို႕က တိုက္ခိုက္ခ်င္တယ္ဆိုရင္ လည္း တိုက္ခိုက္ရတာေပါ့။ မင္းတို႕က မတိုက္ခိုက္ခ်င္ရင္ေတာ့ ငါသြားျပီ။”

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးက သူ႕မ်က္လံုးၾကီးေတြနဲ႕ နင္ကို စိုက္ၾကည့္ေနျပီး သူ႕စိတ္ထဲမွာ အေတြးေတြ အမ်ားၾကီး ေတြးေနမိတယ္။သူ႕ေရွ႕က လူသား ကေလးေလးက စိတ္ထဲကေတာင္ သူ႕ကို ေၾကာက္ပံုမရဘူး။ ဒါေပမဲ့ ေရၾကံ့ၾကီး ၀န္းက်င္က ဧရိယာတစ္၀ိုက္က သိပ္မဟန္ဘူး။ တဟ္ကယ္ကို ဇင္တ်န္ စြမ္းအင္ အၾကြင္းအက်န္ မရွိဘူး။ ဘယ္လိုလုပ္ သူက ေသသြားရတာလည္း။ ဇင္တ်န္ အဆင့္မဟုတ္တဲ့ တစ္ေယာက္ေယာက္က မိစာၦၾကီးေတြကို သတ္ခဲ့တာလား။

“ဟင္း…”
နင္ဟာ ေလျပည္ညင္းသဖြယ္ ျမန္ျမန္ဆန္ဆန္ ေရေပၚကေန ထြက္ေျပးသြားပါတယ္။

သူက စြန္႕စားခန္း ထြက္လာေပမဲ့ သူ႕ရဲ့ အတိုင္းအဆကို သူနားလည္တယ္ေလ။ သူသာ အရမ္းကို အစြမ္းထက္တဲ့ မိစာၦနဲ႕ တိုက္ပြဲျဖစ္ရင္ သူ႕ေသမင္းကို သူ လက္ရပ္ေခၚေနသလို ျဖစ္မွာေပါ့။ နင္ က ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ ကို တိုက္ခိုက္ဖို႕ဆိုတာ ေတြးေတာင္မေတြးမိဘူး။

“Hua”
ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္လည္း ေရျပင္ေပၚမွာ ေငြေရာင္လႈိင္းတံပိုးေတြ အသြင္ေျပာင္းသြားျပီးေတာ့ နင္ေနာက္ကို လိုက္လာပါတယ္။

ခ်က္ျခင္းဆိုသလို ေျမြၾကီးရဲ့ ဦးေခါင္းၾကီးဟာ နင္ရဲ့ အေရွ႕မွာ ေပၚလာျပန္ပါတယ္။

“သူ ငါ့ထက္ အမ်ားၾကီး ျမန္တာပဲ။”
နင္ ရုတ္တရက္ ရပ္လိုက္ရပါတယ္။ သူ႕မ်က္စိေတြမွာေတာ့ စိတ္ရိုင္းအေငြ႕အသက္ေတြ ျပည့္ေနပါတယ္။
“ဒီ တိုက္ပြဲက တစ္ကယ္ကို ေရွာင္လြဲလို႕ မရတာပဲ။ ဒါဆိုလည္း ခ်ၾကတာေပါ့။”

“ဒီ အေရွ႕ပိုင္းေတာင္ ႏြံေတာမွာ  ငါ့ရဲ့ ဘု၇င္ၾကီးထက္ ပိုျမန္ တစ္ဦးတည္းေသာသူက ေရွးမြန္းစတားၾကီးျဖစ္တဲ့ ေရွးဦးႏွင္းေတာင္ ဖားျပဳတ္ၾကီးပဲ။ မင္း အဲ့ဒီ ဖားျပဳတ္ၾကီးကို သိလား။ သူက ဒီ အေရွ႕ပိုင္းေတာင္ ႏြံေတာမွာ အစြမ္းအထက္ဆံုး မိစာၦ မြန္းစတာၾကီးပဲ။ နင့္ကို အသက္တစ္ခ်က္ ရွဴထုတ္တာနဲ႕ ေအးခဲျပီး ေသေအာင္ သတ္ပစ္လိုက္လို႕ရတယ္။”
၀တ္စံုျဖဴနဲ႕ လူကလည္း ေရေပၚမွာ သာသာယာယာ ေလွ်ာက္လာေနပါတယ္။ သူ႕ေျခလွမ္းတိုင္းမွာ ေရ လႈိင္းကေလးေတြ လႈပ္ရွားသြားေပမဲ့ သူ႕ေရႊ႕လ်ားမႈဟာ နင္ေလာက္ေတာ့ လွပေသသပ္မႈ မရွိပါဘူး။
“မင္း ငါ့ရဲ့ ဘုရင္ၾကီး လက္ထဲမွာ ေကာင္းေကာင္းမြန္မြန္ ေသလိုက္တာ ပိုေကာင္းမယ္။”

နင္ဟာ မ်က္ေမွာင္ ၾကဳတ္လိုက္ျပီေတာ့ ၀တ္စံုျဖဴနဲ႕ လူဆီကို ဦးတည္ေျပး၀င္သြားပါတယ္။
“မြန္းစတား မင္းေတာ္ေတာ္ စကားမ်ားတာပဲ။ ငါ့ဓားတစ္ခ်က္ ျမည္းၾကည့္စမ္း။”

“ရႊစ္”
ေအးစက္စက္ အလင္းတန္းတစ္ခုက ၀တ္စံုျဖဴနဲ႕ လူဆီကို တိုး၀င္သြားပါတယ္။ ၀တ္စံုျဖဴနဲက လူလည္း ေၾကာက္လန္႕တၾကား ေရထဲကို ခ်က္ခ်င္း ငုပ္လွ်ိဳးသြားပါေတာ့တယ္။
“ပလံု”
သူက ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးကို အမႈထမ္းေနေပမဲ့ ေရၾကံ့ဘုရင္ၾကီးထက္စာရင္ေတာ့ ေတာ္ေတာ္ကို အစြမ္းနည္းပါတယ္။ သူဒီလူငယ္ကို ဘယ္လိုလုပ္ တိုက္ခိုက္ရဲမွာလည္း။

“ဂရား…”
ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးက ခ်က္ခ်င္းပဲ ေဒါသတၾကီး မာန္ဖီလိုက္ပါတယ္။

နသ္ကေတာ့ အေၾကာက္အလန္႕မရွိ သူ႕ကို စိုက္ၾကည့္လိုက္ပါတယ္။ သူေျပးလို႕ မလြတ္ႏိုင္ေတာ့ဘူးဆိုမွေတာ့ သူ႕စိတ္ထဲက နွလံုးသားထဲက ေၾကာက္စိတ္ေတြကို လံုး၀ ရွင္းထုတ္လိုက္ပါတယ္။ သူ႕မွာ အပူေဒါသ တစ္ခုပဲ က်န္ပါေတာ့တယ္။ ဒီတိုက္ပြဲအတြက္ ဆာေလာင္လာတဲ့ အပူ စြမ္းအင္။ သူ႕ကို တစ္ကယ္ကို ဖိႏိွပ္ႏိုင္တဲ့ ရန္သူနဲ႕ေတြ႕မွသာ သူ အေသြးအသား ခႏၶာကိုယ္ထဲကေန ေသြးေတြဟာ ဆူပြက္လာပါတယ္။

“ဟား…”
ရုတ္တရက္ ေရထဲကေန အစိမ္းေရာင္ အေၾကးခြံေတြနဲ႕ အျမီးၾကီးက နင္ဆီကို အလြန္ ျမန္ဆန္တဲ့ အလ်င္နဲ႕ ေျပး၀င္လာပါတယ္။

“အရမ္းျမန္တယ္ဟ”
နင္ရဲ့ ခႏၶာကိုယ္တစ္ခုလံုး  အနီေရာင္ ေျပာင္းလဲစျပဳလာပါတယ္။  ေန နဲ႕ လရဲ့ စြမ္းအင္ေတြဟာ သူ႕ရဲ့ ခႏၶာကိုယ္ အတိုင္းအတာ တစ္ခုအထိကို အစြမ္းေတြ ျမွင့္ေပးလိုက္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ သူ႕ေျခလွမ္းေတြဟာ ေလအရိပ္ ကိုယ္ေဖာ့သိုင္း အတိုင္း ေရြ႕လ်ားလာျပီးေတာ့ လက္ထဲမွာ ဒက္ေနာ့ ဓား ၂လက္ကို ကိုင္ထားပါတယ္။  ဓားတစ္ေခ်ာင္းရဲ့ အသြားမွာ အျပာေရာင္ လက္ေနတဲ့ အဆိပ္တစ္မ်ိဳး သုတ္ထားပါတယ္။ ဒက္ေနာ့ ဓားေတြက ဓား ၃ေခ်ာင္းနဲ႕ ဓားအိမ္ တစ္ခု ရွိတယ္ေလ။ ဓား ၂လက္ ပံုမွန္ေပမဲ့ တတိယ တစ္လက္ကိုေတာ့ နင္ကိုယ္တိုင္ အဆိပ္တစ္မ်ိဳး သုတ္လိမ္းထားပါတယ္။

ေျပာရရင္ ျမွားဦးထိပ္ေတာင္မွ အဆိပ္ သုတ္ေသးတာပဲ။  အသက္လုတိုက္ပြဲရဲ့ ရည္ရြယ္ခ်က္က ရန္သူကို အေသသတ္ႏိုင္ဖို႕ပဲေလ။ ဘယ္လို ပဲေသေအာင္သတ္သတ္ လက္ခံလို႕ရတယ္။ သူမေသရင္ ကိုယ္ေသမွာေလ။ ေရၾကံ့ဘုရင္ၾကီးနဲ႕ တိုက္ပြဲတုန္းက နင္ အဆိပ္သံုး ဖို႕ စိတ္မ၀င္စားေပမဲ့ ဒီ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ ကေတာ့ ေတာ္ေတာ္ကို အႏာၱရာယ္ ရွိေနျပီ။

လက္တစ္ဖက္ေနျပီးေတာ့ ထာ၀ရ ေရစီးေၾကာင္းငယ္ ဓားသိုင္းကြက္ကို ထုတ္သံုးလိုက္ပါတယ္။

ေနာက္လက္ တစ္ဖက္ကေနျပီးေတာ့ မိုးေရမ်ဥ္းေၾကာင္း ဓားသိုင္းကို ထုတ္သံုးလိုက္ပါတယ္။

ဒက္ေနာ့ ဓား၂လက္လံုး လႈပ္ရွားသြားျပီးေတာ့ သဘာ၀စြမ္းအင္ေတြကိုပါ ဆြဲငင္ အသံုးခ်လိုက္ပါတယ္။
Huahuahua.. မ်က္စိနဲ႕ ေတြ႕ျမင္ရတဲ့ ေရစီးေၾကာင္းငယ္ေလးဟာ ေျမြၾကီးရဲ့ အျမီးတိုက္ခိုက္မႈဆီကို ဦးတည္တိုး၀င္သြားပါတယ္။ ဒီေရစီးေၾကာင္းေလးဟာ မထင္မွတ္ေလာက္ေအာင္ကို မာေက်ာျပီးေတာ့ ေျမြၾကီးအျမီးကို ရစ္ပတ္လိုက္ျပီး အျမီးရဲ့ ျမန္ဆန္မႈကို ထိန္းခ်ဳပ္လိုက္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ေရစက္ေလးေတြဟာ စုစည္းသြားျပီးေတာ့ ေရမ်ဥ္းေၾကာင္းေလး သဖြယ္ ျဖစ္သြားျပီး ေျမြၾကီးရဲ့ ခႏၶာကုိယ္ကို ခုတ္ခ်လိုက္တဲ့ လျခမ္းေကြး မ်ဥ္းေၾကာင္း သ႑ာန္ တိုး၀င္သြားပါတယ္။

“ဖန္း…”
နင္ဟာ စြမ္းအားေတြ ထိပ္တိုက္ ေတြ႕ဆံု ေပါက္ကြဲမႈေၾကာင့္ အေ၀းကို လြင့္ထြက္သြားပါတယ္။ ေရမႈန္ေရမႊားေတြ ေနရာတိုင္း ျပန္႕က်ဲက်လာပါတယ္။

“ဟာဂါး”
ျမစိမ္းေရာင္ ေသြးေတြဟာ ေျမြၾကီးရဲ့ ခႏၶာကိုယ္က ဒဏ္ရာၾကီးကေန စီးက်ေနေပမဲ့ ဒဏ္ရာက ေသြးထြက္ နည္းလာျပီးေတာ့ တျဖည္းျဖည္း ေသးငယ္ ေပ်ာက္ကြယ္သြားပါတယ္။ ေသြးေတြဟာ ပထမက အမဲေရာင္ ျဖစ္ေပမဲ့ ေနာက္ေတာ့ ျမစိမ္းေရာင္ ျပန္ေျပာင္းသြားပါတယ္။ ဒက္ေနာ့ ဓားက အဆိပ္က ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးကို သိပ္ ဒုကၡေပးႏိုင္ပံု မေပၚပါဘူး။ သူကိုယ္တို္င္က အဆိပ္မ်ိဳးႏြယ္၀င္ ျဖစ္ေနတာကိုး။

Sou!

နင္ဟာ ေရျပင္ကေန ေကာင္းကင္ေပၚကို အျမင့္ၾကီး ခုန္လိုက္ပါတယ္။

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးက သူ႕ ခႏၶာကိုယ္ၾကီးကို ေခြလိုက္ျပီးေတာ့ အေ၀းက လူငယ္ေလးကို စိုက္ၾကည့္လိုက္ပါတယ္။ ဒီလူငယ္ေလးက ပထမ တစ္ခ်က္မွာတင္ သူ႕ကို ဒဏ္ရာရေစခဲ့တယ္။

ရုတ္တရက္..

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးရဲ့ အလြန္ၾကီးမားတဲ့ ခႏၶာကိုယ္ၾကီးဟာ ခ်က္ခ်င္းပဲ ေသးငယ္သြားပါတယ္။ ပထမတုန္းကေတာ့ သူက serpentwing ထက္ ခႏၶာကိုယ္ ပိုျပီး ၾကီးမားေပမဲ့ အခုေတာ့ ၁၀ မီတာေလာက္ ပဲ ရွိပါေတာ့တယ္။ သူ႕လံုးပတ္ဟာ လူသား ကိုယ္လံုး အရြယ္သာ ရွိပါေတာ့တယ္။ တစ္ခ်ိန္တည္းမွာ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးက နင္ကိုစိုက္ၾကည့္ျပီးေတာ့  “ံHisssssssss” ေျမြတြန္သံ ျပဳလိုက္ပါတယ္။

“အေျခအေန မေကာင္းဘူး”
နင္ရဲ့ မ်က္ႏွာ မည္းသည္းလာပါတယ္။

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးက နတ္ဘုရား ေသြးပါတဲ့ မြန္းစတား ျဖစ္ပါတယ္။ သူ႕ခႏၶာကိုယ္ကို အၾကီးအေသး ၾကိဳက္သလို ေျပာင္းႏိုင္ျပီးေတာ့ သူ႕ရဲ့ ျမန္ဆန္မႈေၾကာင့္ ေက်ာ္ၾကားပါတယ္။ သူ အရြယ္အစား ေသးလိုက္ေလေလ ပိုျပီးေၾကာက္ဖို႕ေကာင္းလာေလေလပါပဲ။

ခရမ္းေရာင္ ေဆးလံုးတစ္လံုး နင္ရဲ့ လက္ထဲမွာ ရုတ္တရက္ေပၚလာျပီးေတာ့ သူအလ်င္အျမန္ ေဆးလံုးကို ပါးစပ္ထဲ ထည့္လိုက္ပါတယ္။ ဒီဟာက အဆိပ္ေျဖ ၀ိဥာဥ္ေဆးလံုးပါ။ နင္ မိစာၦၾကီးေတြနဲ႕ တိုက္ခိုက္မဲ့ ဒီ စြန္႕စားခန္းေတြ ထြက္မလာခင္က ၾကိဳတင္ျပင္ဆင္ခဲ့တဲ့ အဆိပ္ေျဖေဆး မ်ိဳးစံုထဲက တစ္မ်ိဳးပါ။ ဒီ ေျဖေဆးက ထင္ေယာင္ထင္မွား ညိဳ႕ယူမႈ အဆိပ္အတြက္ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။

နင္ဟာ ဒက္ေနာ့ ဓား ၂ေခ်ာင္းကို လက္မွာ ကိုင္ထားျပီးေတာ့ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးကို မ်က္ေျခမျပတ္ ၾကည့္ေနပါတယ္။

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးရဲ့ ဦးေခါင္းၾကီးဟာ ယိမ္းထိုးေနျပီးေတာ့ သူ႕ကိုယ္သူ ယံုၾကည္မႈေတြ ျပည့္၀လာပံု ရေနပါတယ္။ သူဟာ အရမ္းအေတြ႕အၾကံဳ ရင့္က်က္တဲ့ မုဆိုးသဖြယ္ နင္ရဲ့ အားနည္းခ်က္ေတြကို ရွာေဖြေနပါတယ္။ သူဟာ ပါးပ်ဥ္းေထာင္ထားျပီးေတာ့ နင္ဆီကို တျဖည္းျဖည္း ခ်ည္းကပ္လာပါတယ္။ ဒါေပမဲ့ နင္ကေတာ့ ေျခတစ္လွမ္းစီ ဆုတ္လိုက္ျပီး သူတို႕ ၾကားက အကြာအေ၀းကို ထိန္းထားပါတယ္။

“ရွဴး”
ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးဟာ ျမစိမ္းေရာင္ မိုးၾကိဳးသ႑ာန္ အသြင္ေျပာင္းသြားပါတယ္။

နင္ဆီကို ဦးတည္တိုး၀င္သြားပါတယ္။

နင္ရဲ့ မ်က္လံုးေတြမွာ ေၾကာက္မက္ဖြယ္ အလင္းေရာင္ လက္သြားပါတယ္။ ညာဘက္လက္က ဒက္ေနာ့ ဓားဟာ လက္သြားျပီးေတာ့ ခုတ္လိုက္တဲ့ ဓားအလင္းတန္းဟာ အျမန္ဆံုးေျပးထြက္သြားပါတယ္။ ဒီဓားကြက္က ရက္စက္တဲ့ မိုးၾကိဳးမီးေတာက္ ဓားသိုင္းက ဓားကြက္ ၃ကြက္ထဲက တစ္ခုျဖစ္တဲ့ လွ်ပ္စီးမီပြား အလင္းတန္း ဓားကြက္ပါ။ ဒီ ဓားကြက္မွာ “ျမန္ဆန္မႈ” ဆိုတဲ့ အႏွစ္သာရ စကားတစ္လံုးပဲ ရွိပါတယ္။ ဒီဓားကြက္က နင္မွာ ရွိေနတဲ့ အျမန္ဆံုး ဓားကြက္ျဖစ္ျပီးေတာ့ ရုတ္တရက္ တိုး၀င္လာတဲ့  ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးရဲ့ တိုက္ခိုက္မႈကို ခုခံႏိုင္တဲ့ ဓားကြက္တစ္ခုပါ။

“ရႊမ္း.. ရႊမ္း…”

ဒါေပမဲ့ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးဟာ မ်က္စိတစ္မွိတ္အတြင္းကို ေနရာ ၁၂ ေနရာ ေျပာင္းလည္းသြားခဲ့ပါတယ္။  ေမွာ္အရိပ္သဖြယ္ နင္ရဲ့ ညာဘက္လက္က ဒက္ေနာ့ ဓားရဲ့ ဓားခ်က္ေတြကို ရင္ဆိုင္ခဲ့ျပီး  သူ႕ခႏၶာကိုယ္ဟာ တျဖည္းျဖည္း ေသးငယ္လာပါတယ္။ သူ႕အစြမ္းေတြဟာ တျဖည္းျဖည္း ျမင့္တက္လာပါတယ္။ ဒက္ေနာ့ ဓားေတြကို ရင္ဆိုင္ႏိုင္ေလာက္ေအာင္ တျဖည္းျဖည္း အစြမ္းထက္လာပါတယ္။

ဒါေပမဲ့ နင္ရဲ့ ဘယ္ဘက္လက္မွာ ရွိေနတဲ့ ဒက္ေနာ့ဓားက စက္၀ိုင္းသ႑ာန္ ေရစက္ကြင္းကို ဖန္တီးလိုက္ပါတယ္။ သူ႕ရဲ့ အစြမ္းအထက္ဆံုး အကာအကြယ္ သိုင္းကြက္ျဖစ္တဲ့ မိုးေရစက္ ဓားသိုင္းက ေရပက္မ၀င္ သိုင္းကြက္။

“ခလြမ္”

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးရဲ့ ဦးေခါင္းနဲ႕ ဒက္ေနာ့ ဓားတို႕ ထိပ္တိုက္ ရင္ဆိုင္မိၾကပါတယ္။  ဘုရင္ၾကီးလည္း မတတ္သာပဲ သူ႕ကိုယ္လံုးကို ေဘးကို နည္းနည္း တိမ္းလို္က္ပါတယ္။

သူတို႕ ၂ခုက တစ္ခုနဲ႕ တစ္ခု ျဖတ္သြားၾကပါတယ္။

“ဖန္း”
 သူတို႕ ၂ခု ျဖတ္သြားခ်ိန္မွာပဲ ေရထဲကေန ေၾကာက္မက္ဖြယ္ရာ အရိပ္တစ္ခုက တိုးထြက္လာျပီး နင္ကို တိုက္ခိုက္လိုက္ပါတယ္။ နင္ ဟာ မကာကြယ္လိုက္ႏိုင္ေတာ့ပဲ ရင္၀ကို ေလးလံတဲ့ အရာတစ္ခုတိုး၀င္လာတာ ခံစားလိုက္ရပါတယ္။
“ခြမ္”
နင္ ေသြးခ်က္ခ်င္း အန္လိုက္ျပီးေတာ့ မ်က္ႏွာ ပိုနီရဲသြားပါတယ္။ သူ႕ခႏၶာကိုယ္ကေတာ့ ေရျပင္ကို ျ့ဖတ္ျပီးေတာ့ အေ၀းကို လြင့္ထြက္သြားပါေတာ့တယ္။

“ဟူး..ဟူး”
ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးကေတာ့ နင္ရွိတဲ့ေနရာကို ေရျပင္ကို ျဖတ္သန္းျပီး အလ်င္အျမန္ တိုး၀င္လာပါတယ္။

“ဒီၾကာပြတ္အျမီး ရိုက္ခ်က္က အရမ္းကို ျမန္လြန္းတယ္။ Serpentwing အဖိုးၾကီးရဲ့ အျမီး ရီုက္ခ်က္ထက္ ပိုျမန္ေနတယ္။”
နင္ဟာ ေလထဲမွာ ကိုယ္လံုးကို လွည့္လိုက္ျပီး ေရျပင္ေပၚကို လွလွပပေလး က်လာပါတယ္။ သူ႕ရင္၀ကို ဖိကို္င္ထားမိတယ္။ သူ႕အရိုးေတြ က်ိဳးသြၾးတာကို သူခံစားလိုက္မိတယ္။ ဒါေပမဲ့ စြမ္းအင္ အရမ္း ျပင္းထန္တဲ့ ဖင္းေဂါ့က်င့္စဥ္ရဲ့ ျပန္ေကာင္းႏိုင္စြမ္းေၾကာင့္ အေကာင္းပကိအတိုင္း ျပန္ျဖစ္သြားတယ္။

“ခြပ္..ခြပ္..ခလြပ္”
သူ႕ရင္၀မွာ က်ိဳးေနတဲ့ နံရိုးေတြ ခ်က္ခ်င္းအေကာင္းပကတိ ျပန္ျဖစ္သြားတယ္။

“သူ႕ခြန္အားကေတာ့ Serpentwing ထက္ပိုျပီး အားနည္းပါတယ္။”
နင္သူ႕ရင္၀ကို ျပန္ၾကည့္မိတယ္။ သူ႕သားေမြး ၀တ္စံုသာ စုတ္ျပဲေနပါေတာ့တယ္။ ျပီးေတာ့ ေရႊၾကယ္ အက်ၤ ီ အကာအကြယ္ေၾကာင့္ သူ ဒဏ္ရာ သိပ္ျပီး မျပင္းထန္ပါဘူး။

“ရွဴး”

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးက သူဆီကို မိုးၾကိဳးပစ္သလို အျမန္နဲ႕ ထပ္ျပီး တိုး၀င္လာျပန္ပါတယ္။

အရမ္းအရမ္းကို ျမန္လြန္းတယ္။

“လာစမ္း”
နင္က သူ႕လက္ထဲက ဓား ၂လက္ကို ခပ္ၾကမ္းၾကမ္း ၇မ္းလိုက္ျပီး ကာကြယ္တဲ့ ပံုစံ ျပင္ထားလိုက္ပါတယ္။ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးက သူ႕ေခါင္းၾကီးကို ကိုက္ဖို႕ သံုးျပီး သူ႕ ခႏၶာကိုယ္ကို ရစ္ပတ္ဖို႕ သံုးပါတယ္။ သူ႕အျမီးကိုေတာ့ ၾကာပြတ္သဖြယ္ သံုးျပီး ရိုက္လိုက္ပါတယ္။ သူကခႏၶာကုိယ္ တစ္ခုလံုးဟာ လက္နက္ ပါပဲ။ နင္ကို ရစ္ပတ္ျပီေတာ့ ၾကမ္းၾကမ္းတမ္းတမ္း ဆက္တိုက္ တိုက္ခိုက္လိုက္ပါတယ္။ ဒီလုိ အနီးကပ္တိုက္ပြဲဟာ မ်က္စိတစ္မွိတ္ အတြင္းမွာေတာင္  တိုက္ကြက္ အခ်က္ေပါင္မ်ားစြာ ဖလွယ္ခဲ့ျပီးပါျပီ။

နင္ရဲ့ မိုးေရစက္ ဓားသုိင္းနဲ႕ ရက္စက္တဲ့ မိုးၾကိဳးမီးေတာက္ ဓားသုိင္းက အဆင့္ျမင့္အဆင့္ကို ေရာက္ေနပါျပီ။ ဒါေပမဲ့ သူ ဓားပညာမွာ ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ဖို႕ လိုေနပါေသးတယ္။

တစ္ကယ္လို႕သာ သူ႕ဓားသုိင္းက ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ခဲ့ရင္ သာမာန္ ရိုးရွင္းတဲ့ ခုတ္လိုက္ ထစ္လို္က္ ထိုးလိုက္တဲ့ ဓားခ်က္ေတြဟာ သဘာ၀ စြမ္းအင္ေတြကိုဆြဲယူ အသံုးျပဳႏိုင္လာပါလိမ့္မယ္။ ဒီအခ်ိန္မွသာ ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေသခ်ာေရာက္တာပါ။ နင္က ဒီအဆင့္ကိုေရာက္ဖို႕လိုေသးတဲ့အတြက္ သူ႕တိုက္ခိုက္မႈေတြမွာ ကမာၻရဲ့ စြမ္းအင္ေတြ မပါေသးပါဘူး။ သဘာ၀စြမ္းအင္ ဆြဲသံုးတာ ရပ္သြားတာနဲ႕ ဓားသိုင္းအစြမ္းဟာ သိသိသာသာ က်သြားပါတယ္။ ဒါသူ႕ရဲ႕ အၾကီးဆံုး အားနည္းခ်က္ပါပဲ။ ဒါေၾကာင့္ သူ႕ရဲ့ ဓား ၂လက္ ကို အားကိုျပီး ေတာ့ တိုက္ခိုက္ေနရတာပါ။ ဒါေပမဲ့ ေနာက္ဆံုးေတာ့ တစ္ေယာက္အနိုင္ရဖို႕ တစ္ေယာက္ ရွံဴးနိမ့္မွ ျဖစ္မွာပါ။

“ခၽြင္”

ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးရဲ့ ဦးေခါင္းဟာ နင္ရဲ့ လည္ဂုတ္ေနရာကို ကိုက္ထားျပီးေတာ့ သူ႕ရဲ့ ထက္ျမက္လွတဲ့ အဆိပ္စြယ္ေတြဟာ ေရႊၾကယ္ ၀တ္စံုကို ထိုးေဖာက္ျပီး နင္ရဲ့ ကိုယ္ထဲ နစ္၀င္ေနပါတယ္။ အဆိပ္ေတြဟာ နင္ရဲ့ ကို္ယ္ထဲကို ပ်ံ႕လာပါတယ္။ အရမ္းကို ျပင္းထန္တဲ့ ထံုက်ဥ္တဲ့ ေ၀ဒနာဟာ နင္တစ္ကိုယ္လံုးကို ပ်ံ႕လာပါတယ္။ နင္ဟာ သူ႕ပါးစပ္ထဲက လွ်ာေအာက္မွာ ငံုထားတဲ့ အဆိပ္ေျဖေဆးကို ခ်က္ခ်င္းမ်ိဳခ်လိုက္ပါတယ္။

“ေသစမ္း”
နင္က သူ႕လက္ထဲက ဓား ၂လက္နဲ႔ ဆက္တိုက္ ထိုးခ်လိုက္ပါတယ္။ ဓား ၂လက္လံုးက(ရက္စက္တဲ့ မိုးၾကိဳးမီးေတာက္ ဓားသိုင္းက) ပိုးဖလံမ်ိဳးမီးတိုး ဓားကြက္ကို အသံုးျပဳလိုက္တာပါ။ ဓား ၂လက္ဟာ ေလာင္ကၽြမ္းေနတဲ့ မီးမ်ဥ္းတန္း ၂ခုအသြင္ ေျပာင္းလဲသြားျပီးေတာ့ သူ႕လည္ပင္းကို ခဲထားတဲ့ ရတနာ ျမ ေကာင္းကင္ ေျမြဘုရင္ၾကီးရဲ့ ဦးေခါင္းကို တည့္တည့္မတ္မတ္ တိုး၀င္သြားပါေတာ့တယ္။




Chapter 14 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>

Chapter 15 (ကမာၻနဲ႕ တစ္သားတည္းအဆင့္)

Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…


Unicode

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 2

Chapter 14 (နတ်ဘုရား သွေးမျိုးဆက် ရတနာ မြ ကောင်းကင် မြွေဘုရင်)



“ဘာလဲဟ”

ဂျိနင် သူ့ရှေ့က အဖြစ်အပျက်ကို အံ့သြမင်သက်စွာနဲ့ ရပ်ပြီး ကြည့်နေမိပါတယ်။
“ရတနာ မြ ကောင်းကင် မြွေဘုရင် ဆိုတာကြီးက တစ်ကယ်ပေါ်လာမှာလား?”

နင်ဘာမှ တွေးမနေတော့ပဲ ဝဲကတော့ရဲ့ ဆန့်ကျင်ဘက်ကို ဦးတည်ပြီး ရေပေါ်ရှပ် ထွက်ပြေးပါတော့တယ်။ သူအခုဆို ပြေးဖို့အတွေး တစ်ခုပဲ ရှိတော့တယ်။


“ဟား….”



ကျောက်စိမ်းရောင် အကြေးခွံတွေ လွှမ်ခြုံထားပြီးတော့ ပြိုင်ဘက်ကင်းအောင် လှပတဲ့မြွေခေါင်းကြီးတစ်ခေါင်းဟာ ရေမျက်နှာပြင်ပေါ်ကို ပေါ်လာပါတယ်။



ဒီ ရတနာ မြ ကောင်းကင် မြွေဘုရင် ကြီးရဲ့ ဦးခေါင်းကြီးကိုကြည့်ပြီး နင်မျက်စိမျက်နှာ ပျက်သွားပါတယ်။
“ငါတော့ ဒုက္ခနဲ့ လှလှတွေ့ပြီ။ ဒီ ရတနာ မြ ကောင်းကင် မြွေဘုရင် ကို ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်မိဘူး။ ငါ့ရဲ့ ကမ္ဘာနဲ့ တစ်သားအဆင့် ကိုယ်ဖော့သိုင်းနဲ့ ( ခြေသိုင်းကို ကိုယ်ဖော့သိုင်းလို့ ပြောင်းရေးပေးပါမယ်) ဘယ် မွန်းစတားကြီးတွေလက်ထဲကမဆို လွတ်အောင်ပြေးနိုင်တယ်။ ဒီ အရှေ့ပိုင်းတောင် နွံတောက ငါ့ကို ဒုက္ခပေးနိုင်တဲ့ မွန်းစတားတွေ ထဲမှာ ရတနာ မြ ကောင်းကင် မြွေဘုရင် လည်းတစ်ကောင်အပါဝင်ပဲ။”


“ငါ့ရဲ့ပထမဆုံး အရှေ့ပိုင်းတောင်နွံတောရဲ့ စွန့်စားခန်းမှာ ဒီကောင်နဲက ရင်ဆိုင်ဖူးပြီ။”

နင် ဟာ အနောက်ဘက် ဂျိကလန်မှာတုန်းက ဖတ်ခဲ့တဲ့ ရတနာ မြ ကောင်းကင် မြွေဘုရင် နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြန်စဉ်းစားနေမိတယ်။


ရတနာ မြ ကောင်းကင် မြွေဘုရင် ဆိုတာဟာ နတ်ဘုရား သွေးမျိုးဆက် ထဲမှာ သိကြတဲ့ မြကောင်းကင် မြွေ မွန်းစတား အမျိုးအစားပါ။ ဂျိကလန်ရဲ့ နောက်ဆုံး သိခဲ့တဲ့ သတင်းတွေအရ ဒီ မွန်းစတားဟာ အစဦး ဇင်တျန် တန်ခိုးရှင် အစွမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူဟာ အစောပိုင်း ဇင်တျန် တန်ခိုးရှင် အဆင့်သာ ဖြစ်ပေမဲ့ ဖင်းဂေါ့ သွေးမျိုးဆက်ကြောင့် သူ့အစွမ်းဟာ Serpentwing  ရဲ့ အစွမ်းနဲ့တောင် နှိုင်းယှဉ်လို့ရတယ်။



ရတနာ မြ ကောင်းကင် မြွေဘုရင် ဟာ သူ့ရဲ့ မြန်ဆန်မှုကြောင့် အလွန်ကျော်ကြားပါတယ်။ တခြား အစွမ်းတွေမှာတော့ Serpentwing ထက် အဆင့် အနည်းငယ် နိမ့်ကောင်းနိမ့်နိုင်ပေမဲ့ မြန်ဆန်မှုမှာ တော့ Serpentwing ထက် အများကြီး သာပါတယ်။ ထပ်ပေါင်းပြောရရင် ရတနာ မြ ကောင်းကင် မြွေဘုရင် ရဲ့ အဆိပ်ဟာ အလွန်ပြင်းထန်တဲ့ ထင်ယောင်ထင်မှား ညို့နိုင်တဲ့ အစွမ်း ရှိပါတယ်။ မိစ္ဆာ မွန်းစတားကြီးတွေတောင်မှ အကိုက်ခံလိုက်ရရင် ထင်ယောင်ထင်မှား အညို့ခံလိုက်ရမှာပါ။


“ငါ့ရဲ့ အစွမ်းအထက်ဆုံး လျင်မြန်မှုအပိုင်းက ဒီမှာ ထိပ်တိုက် ယှဉ်နိုင်ပါ့မလား”

နင် တော်တော် စိတ်ပူနေမိပါတယ်။



အသက်လု တိုက်ပွဲတွေမှာ လျင်မြန်မှုဟာ ခွန်အားထက် အများကြီး အရေးကြီးပါတယ်။



ဥပမာအနေနဲ့ ရေကြံ့ဘုရင်ကြီးရဲ့ ခွန်အားဟာ နင်ရဲ့ ခွန်အားထက် အဆများစွာ ကြီးမားပါတယ်။ သူ့ကာကွယ်မှု အစွမ်းကလည်း နင်ထက် အများကြီး သာလွန်ပါတယ်။ ဒါပေမဲ့ နင်ရဲ့ မျက်စိထဲမှာတော့ ရေကြံ့ဘုရင်ကြီးဟာ ထုံထုံထိုင်ထိုင်း ခပ်ညံ့ညံ့ သတ္တဝါတစ်ကောင်အနေ ထက်မပိုပါဘူး။ သူ ရေကြံ့ဘုရင်ကြီးကို စိတ်ကြိုတ် လှည့်ပတ်တိုက်ခိုက်ပြီး လွယ်လွယ်ကူကူ သတ်ဖြတ်လိုက်တယ်လေ။ သူက နင်ကို နင်းချင်ပေမဲ့ နင်းဖို့ အခွင့်မသာခဲ့ဘူး။ ဒါပေမဲ့ ဒီ ရတနာ မြ ကောင်းကင် မြွေဘုရင် ကတော့ လျင်မြန်မှုမှာ အရမ်းကို ကျော်ကြားပါတယ်။



….




“huahuahuahau..”

ရေမျက်နှာပြင် ပေါ်မှာတေ့ာ အကြေးခွံနဲ့ မြွေကြီး တစ်ကောင် ရဲ့ ကိုယ်လုံး တစ်ဖြည်းဖြည်းပေါ်လာတာကို အဝေးကနေ မြင်လိုက်ရပါတယ်။



ရတနာ မြ ကောင်းကင် မြွေဘုရင် က သူ့ဦးခေါင်းကြီးကို မြောက်ပြီး နင်ကို နားမလည်နိုင်တဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။ သူ အသံနိမ့်နိမ့် တစ်ချို့ အော်မြည်လိုက်ပါတယ်။


“ဟင်?”

နင် လည်း ရတနာ မြ ကောင်းကင် မြွေဘုရင်ကို မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်လိုက်ပါတယ်။ ဒီမြွေဘုရင်က ဘာပြောလိုက်တာလဲ? သူ နားမလည်ဘူး။ ရတနာ မြ ကောင်းကင် မြွေဘုရင် ဟာ နတ်ဘုရား မွန်းစတားမျိုး ဖြစ်ပြီးတော့ အစဦး ဇင်တျန် အဆင့် ဖြစ်ပေမဲ့ အသွင်လည်း မပြောင်းနိုင်သေးသလို လူစကားလည်း မပြောနိုင်သေးဘူး။


“ဟား”



လူပဲသဏ္ဍာန် တစ်ခု ရေထဲကနေ ထွက်လာပြီးတော့ ရတနာ မြ ကောင်းကင် မြွေဘုရင်ဘေးနား ယှဉ်ရပ်လိုက်ပါတယ်။ ဝတ်စုံဖြူ ဝတ်ထားတဲ့ ပိန်ပိန်ပါးပါး လူ တစ်ယောက် ဖြစ်ပြီးတော့ နင်ကို စိုက်ကြည့်နေပါတယ်။ သူကအော်ပြောလိုက်တယ်။

“ငါ့ဘုရင်ကြီးက မေးနေတယ်။ မင်းက ရေကြံ့ကြီးကို သတ်လိုက်တဲ့ တစ်ယောက်လား။?”


“ငါမသတ်ဘူးလို့ ပြောရင် မင်းယုံမှာလား။”

နင်က ပြန်မေးလိုက်တယ်။


“ဒီနေရာဝန်းကျင်မှာ မင်းကလွဲပြီး တခြား လူသားလည်းမရှိဘူး။ မင်းသတ်တာ မဟုတ်ရင် ဘယ်သူက သတ်တာဖြစ်မှာလည်း။?”

ဝတ်စုံဖြူနဲ့ ပိန်ပိန်ရှည်ရှည်လူက အေးစက်စက် ရယ်မောလိုက်တယ်။
“ပြီးတော့ မင်းက ရေပေါ်မှာ ပြေးနိုင်နေပြီဆိုတော့ မင်းက ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်နေပြီဆိုတာကို သက်သေပြလိုက်တာပဲ။”



ရုတ်တရက် ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးက အသံတချို့ မာန်ဖီလိုက်တဲ့အခါမှာ ဝတ်စုံဖြူနဲကလူက ပြောနေတဲ့ အကြောင်းအရာကို ပြောင်းလိုက်ပါတယ်။
“ဒါပေမဲ့ ရေကြံ့ကြီး ရဲ့ ခန္ဓာကိုယ် အနီးဝန်းကျင်မှာ ဇင်တျန် စွမ်းအားအကြွင်းအကျန်တွေကို မခံစားမိဘူး။ မင်းက ဇင်တျန်အဆင့်ကို မရောက်သေးတာလား?”


“ငါက အဖြေပေးလိုက်ရင် ငါ့ကို သွားခွင့်ပေးမှာလား။”

နင်က ပြန်မေးလိုက်ပါတယ်။


“’ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း။ မင်းက ဘုရင်ကြီးရဲ့ ရဲဘော်တစ်ယောက်ဖြစ်တဲ့ ရေကြံ့ကြီးကို သတ်ပစ်လိုက်တာ။ ငါတို့က ဒီအတိုင်း သွားခွင့်ပေးလိုက်ရင် ဘုရင်ကြီးရဲ့ ဂုဏ်သိက္ခာတွေ ဘယ်လို ဖြစ်သွားမလည်း။”

အဖြူရောင်လူက ရယ်မောပြောဆိုလိုက်တယ်။



နင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြန်အော်ပြောလိုက်တယ်။

“ဒါဆိုလည်း ပြောတာ ရပ်လိုက်တော့။ မင်းတို့က တိုက်ခိုက်ချင်တယ်ဆိုရင် လည်း တိုက်ခိုက်ရတာပေါ့။ မင်းတို့က မတိုက်ခိုက်ချင်ရင်တော့ ငါသွားပြီ။”



ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးက သူ့မျက်လုံးကြီးတွေနဲ့ နင်ကို စိုက်ကြည့်နေပြီး သူ့စိတ်ထဲမှာ အတွေးတွေ အများကြီး တွေးနေမိတယ်။သူ့ရှေ့က လူသား ကလေးလေးက စိတ်ထဲကတောင် သူ့ကို ကြောက်ပုံမရဘူး။ ဒါပေမဲ့ ရေကြံ့ကြီး ဝန်းကျင်က ဧရိယာတစ်ဝိုက်က သိပ်မဟန်ဘူး။ တဟ်ကယ်ကို ဇင်တျန် စွမ်းအင် အကြွင်းအကျန် မရှိဘူး။ ဘယ်လိုလုပ် သူက သေသွားရတာလည်း။ ဇင်တျန် အဆင့်မဟုတ်တဲ့ တစ်ယောက်ယောက်က မိစ္ဆာကြီးတွေကို သတ်ခဲ့တာလား။


“ဟင်း…”

နင်ဟာ လေပြည်ညင်းသဖွယ် မြန်မြန်ဆန်ဆန် ရေပေါ်ကနေ ထွက်ပြေးသွားပါတယ်။



သူက စွန့်စားခန်း ထွက်လာပေမဲ့ သူ့ရဲ့ အတိုင်းအဆကို သူနားလည်တယ်လေ။ သူသာ အရမ်းကို အစွမ်းထက်တဲ့ မိစ္ဆာနဲ့ တိုက်ပွဲဖြစ်ရင် သူ့သေမင်းကို သူ လက်ရပ်ခေါ်နေသလို ဖြစ်မှာပေါ့။ နင် က ရတနာ မြ ကောင်းကင် မြွေဘုရင် ကို တိုက်ခိုက်ဖို့ဆိုတာ တွေးတောင်မတွေးမိဘူး။



“Hua”

ရတနာ မြ ကောင်းကင် မြွေဘုရင်လည်း ရေပြင်ပေါ်မှာ ငွေရောင်လှိုင်းတံပိုးတွေ အသွင်ပြောင်းသွားပြီးတော့ နင်နောက်ကို လိုက်လာပါတယ်။



ချက်ခြင်းဆိုသလို မြွေကြီးရဲ့ ဦးခေါင်းကြီးဟာ နင်ရဲ့ အရှေ့မှာ ပေါ်လာပြန်ပါတယ်။



“သူ ငါ့ထက် အများကြီး မြန်တာပဲ။”

နင် ရုတ်တရက် ရပ်လိုက်ရပါတယ်။ သူ့မျက်စိတွေမှာတော့ စိတ်ရိုင်းအငွေ့အသက်တွေ ပြည့်နေပါတယ်။
“ဒီ တိုက်ပွဲက တစ်ကယ်ကို ရှောင်လွဲလို့ မရတာပဲ။ ဒါဆိုလည်း ချကြတာပေါ့။”


“ဒီ အရှေ့ပိုင်းတောင် နွံတောမှာ  ငါ့ရဲ့ ဘု၇င်ကြီးထက် ပိုမြန် တစ်ဦးတည်းသောသူက ရှေးမွန်းစတားကြီးဖြစ်တဲ့ ရှေးဦးနှင်းတောင် ဖားပြုတ်ကြီးပဲ။ မင်း အဲ့ဒီ ဖားပြုတ်ကြီးကို သိလား။ သူက ဒီ အရှေ့ပိုင်းတောင် နွံတောမှာ အစွမ်းအထက်ဆုံး မိစ္ဆာ မွန်းစတာကြီးပဲ။ နင့်ကို အသက်တစ်ချက် ရှူထုတ်တာနဲ့ အေးခဲပြီး သေအောင် သတ်ပစ်လိုက်လို့ရတယ်။”

ဝတ်စုံဖြူနဲ့ လူကလည်း ရေပေါ်မှာ သာသာယာယာ လျှောက်လာနေပါတယ်။ သူ့ခြေလှမ်းတိုင်းမှာ ရေ လှိုင်းကလေးတွေ လှုပ်ရှားသွားပေမဲ့ သူ့ရွှေ့လျားမှုဟာ နင်လောက်တော့ လှပသေသပ်မှု မရှိပါဘူး။
“မင်း ငါ့ရဲ့ ဘုရင်ကြီး လက်ထဲမှာ ကောင်းကောင်းမွန်မွန် သေလိုက်တာ ပိုကောင်းမယ်။”



နင်ဟာ မျက်မှောင် ကြုတ်လိုက်ပြီတော့ ဝတ်စုံဖြူနဲ့ လူဆီကို ဦးတည်ပြေးဝင်သွားပါတယ်။
“မွန်းစတား မင်းတော်တော် စကားများတာပဲ။ ငါ့ဓားတစ်ချက် မြည်းကြည့်စမ်း။”


“ရွှစ်”

အေးစက်စက် အလင်းတန်းတစ်ခုက ဝတ်စုံဖြူနဲ့ လူဆီကို တိုးဝင်သွားပါတယ်။ ဝတ်စုံဖြူနဲက လူလည်း ကြောက်လန့်တကြား ရေထဲကို ချက်ချင်း ငုပ်လျှိုးသွားပါတော့တယ်။
“ပလုံ”

သူက ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးကို အမှုထမ်းနေပေမဲ့ ရေကြံ့ဘုရင်ကြီးထက်စာရင်တော့ တော်တော်ကို အစွမ်းနည်းပါတယ်။ သူဒီလူငယ်ကို ဘယ်လိုလုပ် တိုက်ခိုက်ရဲမှာလည်း။


“ဂရား…”

ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးက ချက်ချင်းပဲ ဒေါသတကြီး မာန်ဖီလိုက်ပါတယ်။



နသ်ကတော့ အကြောက်အလန့်မရှိ သူ့ကို စိုက်ကြည့်လိုက်ပါတယ်။ သူပြေးလို့ မလွတ်နိုင်တော့ဘူးဆိုမှတော့ သူ့စိတ်ထဲက နှလုံးသားထဲက ကြောက်စိတ်တွေကို လုံး၀ ရှင်းထုတ်လိုက်ပါတယ်။ သူ့မှာ အပူဒေါသ တစ်ခုပဲ ကျန်ပါတော့တယ်။ ဒီတိုက်ပွဲအတွက် ဆာလောင်လာတဲ့ အပူ စွမ်းအင်။ သူ့ကို တစ်ကယ်ကို ဖိနှိပ်နိုင်တဲ့ ရန်သူနဲ့တွေ့မှသာ သူ အသွေးအသား ခန္ဓာကိုယ်ထဲကနေ သွေးတွေဟာ ဆူပွက်လာပါတယ်။


“ဟား…”

ရုတ်တရက် ရေထဲကနေ အစိမ်းရောင် အကြေးခွံတွေနဲ့ အမြီးကြီးက နင်ဆီကို အလွန် မြန်ဆန်တဲ့ အလျင်နဲ့ ပြေးဝင်လာပါတယ်။


“အရမ်းမြန်တယ်ဟ”

နင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး  အနီရောင် ပြောင်းလဲစပြုလာပါတယ်။  နေ နဲ့ လရဲ့ စွမ်းအင်တွေဟာ သူ့ရဲ့ ခန္ဓာကိုယ် အတိုင်းအတာ တစ်ခုအထိကို အစွမ်းတွေ မြှင့်ပေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ခြေလှမ်းတွေဟာ လေအရိပ် ကိုယ်ဖော့သိုင်း အတိုင်း ရွေ့လျားလာပြီးတော့ လက်ထဲမှာ ဒက်နော့ ဓား ၂လက်ကို ကိုင်ထားပါတယ်။  ဓားတစ်ချောင်းရဲ့ အသွားမှာ အပြာရောင် လက်နေတဲ့ အဆိပ်တစ်မျိုး သုတ်ထားပါတယ်။ ဒက်နော့ ဓားတွေက ဓား ၃ချောင်းနဲ့ ဓားအိမ် တစ်ခု ရှိတယ်လေ။ ဓား ၂လက် ပုံမှန်ပေမဲ့ တတိယ တစ်လက်ကိုတော့ နင်ကိုယ်တိုင် အဆိပ်တစ်မျိုး သုတ်လိမ်းထားပါတယ်။



ပြောရရင် မြှားဦးထိပ်တောင်မှ အဆိပ် သုတ်သေးတာပဲ။  အသက်လုတိုက်ပွဲရဲ့ ရည်ရွယ်ချက်က ရန်သူကို အသေသတ်နိုင်ဖို့ပဲလေ။ ဘယ်လို ပဲသေအောင်သတ်သတ် လက်ခံလို့ရတယ်။ သူမသေရင် ကိုယ်သေမှာလေ။ ရေကြံ့ဘုရင်ကြီးနဲ့ တိုက်ပွဲတုန်းက နင် အဆိပ်သုံး ဖို့ စိတ်မဝင်စားပေမဲ့ ဒီ ရတနာ မြ ကောင်းကင် မြွေဘုရင် ကတော့ တော်တော်ကို အန္တာရာယ် ရှိနေပြီ။



လက်တစ်ဖက်နေပြီးတော့ ထာဝရ ရေစီးကြောင်းငယ် ဓားသိုင်းကွက်ကို ထုတ်သုံးလိုက်ပါတယ်။



နောက်လက် တစ်ဖက်ကနေပြီးတော့ မိုးရေမျဉ်းကြောင်း ဓားသိုင်းကို ထုတ်သုံးလိုက်ပါတယ်။



ဒက်နော့ ဓား၂လက်လုံး လှုပ်ရှားသွားပြီးတော့ သဘာဝစွမ်းအင်တွေကိုပါ ဆွဲငင် အသုံးချလိုက်ပါတယ်။

Huahuahua.. မျက်စိနဲ့ တွေ့မြင်ရတဲ့ ရေစီးကြောင်းငယ်လေးဟာ မြွေကြီးရဲ့ အမြီးတိုက်ခိုက်မှုဆီကို ဦးတည်တိုးဝင်သွားပါတယ်။ ဒီရေစီးကြောင်းလေးဟာ မထင်မှတ်လောက်အောင်ကို မာကျောပြီးတော့ မြွေကြီးအမြီးကို ရစ်ပတ်လိုက်ပြီး အမြီးရဲ့ မြန်ဆန်မှုကို ထိန်းချုပ်လိုက်ပါတယ်။



တစ်ချိန်တည်းမှာပဲ ရေစက်လေးတွေဟာ စုစည်းသွားပြီးတော့ ရေမျဉ်းကြောင်းလေး သဖွယ် ဖြစ်သွားပြီး မြွေကြီးရဲ့ ခန္ဓာကိုယ်ကို ခုတ်ချလိုက်တဲ့ လခြမ်းကွေး မျဉ်းကြောင်း သဏ္ဍာန် တိုးဝင်သွားပါတယ်။



“ဖန်း…”

နင်ဟာ စွမ်းအားတွေ ထိပ်တိုက် တွေ့ဆုံ ပေါက်ကွဲမှုကြောင့် အဝေးကို လွင့်ထွက်သွားပါတယ်။ ရေမှုန်ရေမွှားတွေ နေရာတိုင်း ပြန့်ကျဲကျလာပါတယ်။


“ဟာဂါး”

မြစိမ်းရောင် သွေးတွေဟာ မြွေကြီးရဲ့ ခန္ဓာကိုယ်က ဒဏ်ရာကြီးကနေ စီးကျနေပေမဲ့ ဒဏ်ရာက သွေးထွက် နည်းလာပြီးတော့ တဖြည်းဖြည်း သေးငယ် ပျောက်ကွယ်သွားပါတယ်။ သွေးတွေဟာ ပထမက အမဲရောင် ဖြစ်ပေမဲ့ နောက်တော့ မြစိမ်းရောင် ပြန်ပြောင်းသွားပါတယ်။ ဒက်နော့ ဓားက အဆိပ်က ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးကို သိပ် ဒုက္ခပေးနိုင်ပုံ မပေါ်ပါဘူး။ သူကိုယ်တိုင်က အဆိပ်မျိုးနွယ်ဝင် ဖြစ်နေတာကိုး။



Sou!



နင်ဟာ ရေပြင်ကနေ ကောင်းကင်ပေါ်ကို အမြင့်ကြီး ခုန်လိုက်ပါတယ်။



ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးက သူ့ ခန္ဓာကိုယ်ကြီးကို ခွေလိုက်ပြီးတော့ အဝေးက လူငယ်လေးကို စိုက်ကြည့်လိုက်ပါတယ်။ ဒီလူငယ်လေးက ပထမ တစ်ချက်မှာတင် သူ့ကို ဒဏ်ရာရစေခဲ့တယ်။



ရုတ်တရက်..



ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးရဲ့ အလွန်ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးဟာ ချက်ချင်းပဲ သေးငယ်သွားပါတယ်။ ပထမတုန်းကတော့ သူက serpentwing ထက် ခန္ဓာကိုယ် ပိုပြီး ကြီးမားပေမဲ့ အခုတော့ ၁၀ မီတာလောက် ပဲ ရှိပါတော့တယ်။ သူ့လုံးပတ်ဟာ လူသား ကိုယ်လုံး အရွယ်သာ ရှိပါတော့တယ်။ တစ်ချိန်တည်းမှာ ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးက နင်ကိုစိုက်ကြည့်ပြီးတော့  “ံHisssssssss” မြွေတွန်သံ ပြုလိုက်ပါတယ်။


“အခြေအနေ မကောင်းဘူး”

နင်ရဲ့ မျက်နှာ မည်းသည်းလာပါတယ်။



ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးက နတ်ဘုရား သွေးပါတဲ့ မွန်းစတား ဖြစ်ပါတယ်။ သူ့ခန္ဓာကိုယ်ကို အကြီးအသေး ကြိုက်သလို ပြောင်းနိုင်ပြီးတော့ သူ့ရဲ့ မြန်ဆန်မှုကြောင့် ကျော်ကြားပါတယ်။ သူ အရွယ်အစား သေးလိုက်လေလေ ပိုပြီးကြောက်ဖို့ကောင်းလာလေလေပါပဲ။



ခရမ်းရောင် ဆေးလုံးတစ်လုံး နင်ရဲ့ လက်ထဲမှာ ရုတ်တရက်ပေါ်လာပြီးတော့ သူအလျင်အမြန် ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်ပါတယ်။ ဒီဟာက အဆိပ်ဖြေ ဝိဉာဉ်ဆေးလုံးပါ။ နင် မိစ္ဆာကြီးတွေနဲ့ တိုက်ခိုက်မဲ့ ဒီ စွန့်စားခန်းတွေ ထွက်မလာခင်က ကြိုတင်ပြင်ဆင်ခဲ့တဲ့ အဆိပ်ဖြေဆေး မျိုးစုံထဲက တစ်မျိုးပါ။ ဒီ ဖြေဆေးက ထင်ယောင်ထင်မှား ညို့ယူမှု အဆိပ်အတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။



နင်ဟာ ဒက်နော့ ဓား ၂ချောင်းကို လက်မှာ ကိုင်ထားပြီးတော့ ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးကို မျက်ခြေမပြတ် ကြည့်နေပါတယ်။



ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးရဲ့ ဦးခေါင်းကြီးဟာ ယိမ်းထိုးနေပြီးတော့ သူ့ကိုယ်သူ ယုံကြည်မှုတွေ ပြည့်ဝလာပုံ ရနေပါတယ်။ သူဟာ အရမ်းအတွေ့အကြုံ ရင့်ကျက်တဲ့ မုဆိုးသဖွယ် နင်ရဲ့ အားနည်းချက်တွေကို ရှာဖွေနေပါတယ်။ သူဟာ ပါးပျဉ်းထောင်ထားပြီးတော့ နင်ဆီကို တဖြည်းဖြည်း ချည်းကပ်လာပါတယ်။ ဒါပေမဲ့ နင်ကတော့ ခြေတစ်လှမ်းစီ ဆုတ်လိုက်ပြီး သူတို့ ကြားက အကွာအဝေးကို ထိန်းထားပါတယ်။


“ရှူး”

ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးဟာ မြစိမ်းရောင် မိုးကြိုးသဏ္ဍာန် အသွင်ပြောင်းသွားပါတယ်။



နင်ဆီကို ဦးတည်တိုးဝင်သွားပါတယ်။



နင်ရဲ့ မျက်လုံးတွေမှာ ကြောက်မက်ဖွယ် အလင်းရောင် လက်သွားပါတယ်။ ညာဘက်လက်က ဒက်နော့ ဓားဟာ လက်သွားပြီးတော့ ခုတ်လိုက်တဲ့ ဓားအလင်းတန်းဟာ အမြန်ဆုံးပြေးထွက်သွားပါတယ်။ ဒီဓားကွက်က ရက်စက်တဲ့ မိုးကြိုးမီးတောက် ဓားသိုင်းက ဓားကွက် ၃ကွက်ထဲက တစ်ခုဖြစ်တဲ့ လျှပ်စီးမီပွား အလင်းတန်း ဓားကွက်ပါ။ ဒီ ဓားကွက်မှာ “မြန်ဆန်မှု” ဆိုတဲ့ အနှစ်သာရ စကားတစ်လုံးပဲ ရှိပါတယ်။ ဒီဓားကွက်က နင်မှာ ရှိနေတဲ့ အမြန်ဆုံး ဓားကွက်ဖြစ်ပြီးတော့ ရုတ်တရက် တိုးဝင်လာတဲ့  ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တဲ့ ဓားကွက်တစ်ခုပါ။


“ရွှမ်း.. ရွှမ်း…”



ဒါပေမဲ့ ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးဟာ မျက်စိတစ်မှိတ်အတွင်းကို နေရာ ၁၂ နေရာ ပြောင်းလည်းသွားခဲ့ပါတယ်။  မှော်အရိပ်သဖွယ် နင်ရဲ့ ညာဘက်လက်က ဒက်နော့ ဓားရဲ့ ဓားချက်တွေကို ရင်ဆိုင်ခဲ့ပြီး  သူ့ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း သေးငယ်လာပါတယ်။ သူ့အစွမ်းတွေဟာ တဖြည်းဖြည်း မြင့်တက်လာပါတယ်။ ဒက်နော့ ဓားတွေကို ရင်ဆိုင်နိုင်လောက်အောင် တဖြည်းဖြည်း အစွမ်းထက်လာပါတယ်။



ဒါပေမဲ့ နင်ရဲ့ ဘယ်ဘက်လက်မှာ ရှိနေတဲ့ ဒက်နော့ဓားက စက်ဝိုင်းသဏ္ဍာန် ရေစက်ကွင်းကို ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့ အစွမ်းအထက်ဆုံး အကာအကွယ် သိုင်းကွက်ဖြစ်တဲ့ မိုးရေစက် ဓားသိုင်းက ရေပက်မဝင် သိုင်းကွက်။


“ခလွမ်”



ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးရဲ့ ဦးခေါင်းနဲ့ ဒက်နော့ ဓားတို့ ထိပ်တိုက် ရင်ဆိုင်မိကြပါတယ်။  ဘုရင်ကြီးလည်း မတတ်သာပဲ သူ့ကိုယ်လုံးကို ဘေးကို နည်းနည်း တိမ်းလိုက်ပါတယ်။



သူတို့ ၂ခုက တစ်ခုနဲ့ တစ်ခု ဖြတ်သွားကြပါတယ်။


“ဖန်း”

 သူတို့ ၂ခု ဖြတ်သွားချိန်မှာပဲ ရေထဲကနေ ကြောက်မက်ဖွယ်ရာ အရိပ်တစ်ခုက တိုးထွက်လာပြီး နင်ကို တိုက်ခိုက်လိုက်ပါတယ်။ နင် ဟာ မကာကွယ်လိုက်နိုင်တော့ပဲ ရင်ဝကို လေးလံတဲ့ အရာတစ်ခုတိုးဝင်လာတာ ခံစားလိုက်ရပါတယ်။

“ခွမ်”

နင် သွေးချက်ချင်း အန်လိုက်ပြီးတော့ မျက်နှာ ပိုနီရဲသွားပါတယ်။ သူ့ခန္ဓာကိုယ်ကတော့ ရေပြင်ကို ြ့ဖတ်ပြီးတော့ အဝေးကို လွင့်ထွက်သွားပါတော့တယ်။


“ဟူး..ဟူး”

ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးကတော့ နင်ရှိတဲ့နေရာကို ရေပြင်ကို ဖြတ်သန်းပြီး အလျင်အမြန် တိုးဝင်လာပါတယ်။


“ဒီကြာပွတ်အမြီး ရိုက်ချက်က အရမ်းကို မြန်လွန်းတယ်။ Serpentwing အဖိုးကြီးရဲ့ အမြီး ရီုက်ချက်ထက် ပိုမြန်နေတယ်။”

နင်ဟာ လေထဲမှာ ကိုယ်လုံးကို လှည့်လိုက်ပြီး ရေပြင်ပေါ်ကို လှလှပပလေး ကျလာပါတယ်။ သူ့ရင်ဝကို ဖိကိုင်ထားမိတယ်။ သူ့အရိုးတွေ ကျိုးသွြးတာကို သူခံစားလိုက်မိတယ်။ ဒါပေမဲ့ စွမ်းအင် အရမ်း ပြင်းထန်တဲ့ ဖင်းဂေါ့ကျင့်စဉ်ရဲ့ ပြန်ကောင်းနိုင်စွမ်းကြောင့် အကောင်းပကိအတိုင်း ပြန်ဖြစ်သွားတယ်။



“ခွပ်..ခွပ်..ခလွပ်”

သူ့ရင်ဝမှာ ကျိုးနေတဲ့ နံရိုးတွေ ချက်ချင်းအကောင်းပကတိ ပြန်ဖြစ်သွားတယ်။


“သူ့ခွန်အားကတော့ Serpentwing ထက်ပိုပြီး အားနည်းပါတယ်။”

နင်သူ့ရင်ဝကို ပြန်ကြည့်မိတယ်။ သူ့သားမွေး ဝတ်စုံသာ စုတ်ပြဲနေပါတော့တယ်။ ပြီးတော့ ရွှေကြယ် အင်္ကျ ီ အကာအကွယ်ကြောင့် သူ ဒဏ်ရာ သိပ်ပြီး မပြင်းထန်ပါဘူး။


“ရှူး”



ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးက သူဆီကို မိုးကြိုးပစ်သလို အမြန်နဲ့ ထပ်ပြီး တိုးဝင်လာပြန်ပါတယ်။



အရမ်းအရမ်းကို မြန်လွန်းတယ်။


“လာစမ်း”
နင်က သူ့လက်ထဲက ဓား ၂လက်ကို ခပ်ကြမ်းကြမ်း ၇မ်းလိုက်ပြီး ကာကွယ်တဲ့ ပုံစံ ပြင်ထားလိုက်ပါတယ်။ ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးက သူ့ခေါင်းကြီးကို ကိုက်ဖို့ သုံးပြီး သူ့ ခန္ဓာကိုယ်ကို ရစ်ပတ်ဖို့ သုံးပါတယ်။ သူ့အမြီးကိုတော့ ကြာပွတ်သဖွယ် သုံးပြီး ရိုက်လိုက်ပါတယ်။ သူကခန္ဓာကိုယ် တစ်ခုလုံးဟာ လက်နက် ပါပဲ။ နင်ကို ရစ်ပတ်ပြီတော့ ကြမ်းကြမ်းတမ်းတမ်း ဆက်တိုက် တိုက်ခိုက်လိုက်ပါတယ်။ ဒီလို အနီးကပ်တိုက်ပွဲဟာ မျက်စိတစ်မှိတ် အတွင်းမှာတောင်  တိုက်ကွက် အချက်ပေါင်များစွာ ဖလှယ်ခဲ့ပြီးပါပြီ။



နင်ရဲ့ မိုးရေစက် ဓားသိုင်းနဲ့ ရက်စက်တဲ့ မိုးကြိုးမီးတောက် ဓားသိုင်းက အဆင့်မြင့်အဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ သူ ဓားပညာမှာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်ဖို့ လိုနေပါသေးတယ်။



တစ်ကယ်လို့သာ သူ့ဓားသိုင်းက ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်ခဲ့ရင် သာမာန် ရိုးရှင်းတဲ့ ခုတ်လိုက် ထစ်လိုက် ထိုးလိုက်တဲ့ ဓားချက်တွေဟာ သဘာ၀ စွမ်းအင်တွေကိုဆွဲယူ အသုံးပြုနိုင်လာပါလိမ့်မယ်။ ဒီအချိန်မှသာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို သေချာရောက်တာပါ။ နင်က ဒီအဆင့်ကိုရောက်ဖို့လိုသေးတဲ့အတွက် သူ့တိုက်ခိုက်မှုတွေမှာ ကမ္ဘာရဲ့ စွမ်းအင်တွေ မပါသေးပါဘူး။ သဘာဝစွမ်းအင် ဆွဲသုံးတာ ရပ်သွားတာနဲ့ ဓားသိုင်းအစွမ်းဟာ သိသိသာသာ ကျသွားပါတယ်။ ဒါသူ့ရဲ့ အကြီးဆုံး အားနည်းချက်ပါပဲ။ ဒါကြောင့် သူ့ရဲ့ ဓား ၂လက် ကို အားကိုပြီး တော့ တိုက်ခိုက်နေရတာပါ။ ဒါပေမဲ့ နောက်ဆုံးတော့ တစ်ယောက်အနိုင်ရဖို့ တစ်ယောက် ရှူံးနိမ့်မှ ဖြစ်မှာပါ။


“ချွင်”



ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးရဲ့ ဦးခေါင်းဟာ နင်ရဲ့ လည်ဂုတ်နေရာကို ကိုက်ထားပြီးတော့ သူ့ရဲ့ ထက်မြက်လှတဲ့ အဆိပ်စွယ်တွေဟာ ရွှေကြယ် ဝတ်စုံကို ထိုးဖောက်ပြီး နင်ရဲ့ ကိုယ်ထဲ နစ်ဝင်နေပါတယ်။ အဆိပ်တွေဟာ နင်ရဲ့ ကိုယ်ထဲကို ပျံ့လာပါတယ်။ အရမ်းကို ပြင်းထန်တဲ့ ထုံကျဉ်တဲ့ ဝေဒနာဟာ နင်တစ်ကိုယ်လုံးကို ပျံ့လာပါတယ်။ နင်ဟာ သူ့ပါးစပ်ထဲက လျှာအောက်မှာ ငုံထားတဲ့ အဆိပ်ဖြေဆေးကို ချက်ချင်းမျိုချလိုက်ပါတယ်။


“သေစမ်း”

နင်က သူ့လက်ထဲက ဓား ၂လက်နဲ့ ဆက်တိုက် ထိုးချလိုက်ပါတယ်။ ဓား ၂လက်လုံးက(ရက်စက်တဲ့ မိုးကြိုးမီးတောက် ဓားသိုင်းက) ပိုးဖလံမျိုးမီးတိုး ဓားကွက်ကို အသုံးပြုလိုက်တာပါ။ ဓား ၂လက်ဟာ လောင်ကျွမ်းနေတဲ့ မီးမျဉ်းတန်း ၂ခုအသွင် ပြောင်းလဲသွားပြီးတော့ သူ့လည်ပင်းကို ခဲထားတဲ့ ရတနာ မြ ကောင်းကင် မြွေဘုရင်ကြီးရဲ့ ဦးခေါင်းကို တည့်တည့်မတ်မတ် တိုးဝင်သွားပါတော့တယ်။








Chapter 14 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>



Chapter 15 (ကမ္ဘာနဲ့ တစ်သားတည်းအဆင့်)


Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…





Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)