ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 7 ( တစ္ေယာက္ႏွင့္ ၇ေယာက္)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 2
Chapter 7 ( တစ္ေယာက္ႏွင့္ ၇ေယာက္)

“ဒါမွမဟုတ္ ဂ်ိရီခၽြမ္က သူ႕သားကို ပထမဆံုး အၾကိမ္ စမ္းသပ္ခြင့္ျပဳလိုက္တာထင္တယ္။ ဒါဆို ဂ်ိနင္ ..သူ ဒီတစ္ၾကိမ္မွာ က်ဆံုးရင္ေတာင္ ေနာက္ ၄ႏွစ္ေနရင္ ထပ္ျပီးေတာ့ ၾကိဳးစားခြင့္ ရွိေသးတယ္ေလ။”
ဂ်ိဂ်ိတ္၀ွစ္က ဖန္ခြက္ကို ကိုင္ျပီး စကားေျပာလိုက္တယ္။

“သူတို႕မွာ ၂ခါေတာင္ အခြင့္အေရးရွိတယ္။ ဒါေပမဲ့ ငါ တစ္ၾကိမ္ေတာင္ အခြင့္အေရး မေပးခ်င္ဘူး။ ေတာ္ေသးတာက ငါ Grizzly ကို ေမြးစားခဲ့တာပဲ။”
ဂ်ိလီ စကားေျပာရင္းနဲ႕ ျပံဳးေရာင္သန္းလာတယ္။

ခ်က္ခ်င္းပဲ အနားက အေစခံကို ေျပာလိုက္တယ္။
“Grizzly ကို ငါ့ကိုလာေတြ႕ခိုင္းလိုက္စမ္း။”

“ဟုတ္ကဲ့ သခင္ၾကီး။”ေျခဗလာနဲ႕ အပ်ိဳေတာ္က ဦးညြတ္ျပီး ထြက္ခြာသြားတယ္။

သိပ္မၾကာခင္မွာပဲ အရပ္ျမင့္ျမင့္နဲ႕ ေရႊေရာင္သားေမြး အကၤ် ီ ၀တ္ထားတဲ့ လူငယ္တစ္ေယာက္ အခန္းတြင္းကို ၀င္ေရာက္လာတယ္။ ဒီလူငယ္ဆီကေန အရမ္းကို ေၾကာက္မက္ဖြယ္ေကာင္းတဲ့ အေငြ႕အသက္ေတြ ထြက္ေနတယ္။ သာမာန္လူနဲ႕ မတူပဲ သူ႕မ်က္လံုးေတြမွာ ေရႊေရာင္ ေရးေရး လဲ့ေနတယ္။ တစ္ခ်ိန္တည္းမွာ သူ႕ေက်ာေပၚမွာ လံုး၀နက္ေမွာင္ေနတဲ့ saber ကို လြယ္ထားတယ္။

သူအခန္းထဲကို ၀င္လာတဲ့ပံုစံက ေရႊေရာင္ Grizzly ၀က္၀ံ ပိန္အေသးေလး ၀င္လာတဲ့ ပံုစံနဲ႕ေတာင္ ဆင္ေနပါေသးတယ္။ သူဟာ အသက္ ၁၃ ႏွစ္ ပဲ ရွိေသးေပမဲ့ လီထက္ေတာင္ အရပ္ အနည္းငယ္ ျမင့္ပါေသးတယ္။

“အေဖ…”
Grizzly အရိုအေသေပးျပီး ဦးညြတ္လိုက္တယ္။

“Grizzly.. ေရႊဓားျပိဳင္ပြဲကို ၄ႏွစ္တစ္ၾကိမ္ က်င္းပခဲ့တယ္။ ငါမင္းကို ဒီႏွစ္ ျပိဳင္ပြဲ ၀င္ျပိဳင္ဖို႕ စာရင္းသြင္းေပးထာမယ္။ ငါ့မွာေတာင္းဆိုစရာ တစ္ခုပဲ ရွိတယ္။ ေရႊဓားကို ရေအာင္ယူခဲ့ေပးပါ။”
လီက သူ႕ေမြးစားသားကို စိုက္ၾကည့္ျပီးေတာ့ ေျပာလိုက္တယ္။

“ဟုတ္ကဲ့” Grizzly အေလးအနက္ ေလသံနဲ႕ ျပန္ေျဖလိုက္တယ္။

“ေတာ္တယ္။”
လီေခါင္းညိတ္လိုက္တယ္။ သူဟာ ကေလးေတြ အမ်ားၾကီးကို ေမြးစားခဲ့တဲ့အထဲမွာ တစ္ခ်ိဳ႕ပဲ သူသေဘာက်ခဲ့တယ္။ ဒီထဲမွာမွ Grizzly ဟာ သူ သေဘာအက်ဆံုးကေလးပဲ။ လီဟာ Grizzly ရဲ့ အစြမ္းကို လံုး၀ယံုၾကည္တယ္။ သူဒီႏွစ္ ေရႊဓားျပိဳင္ပြဲမွာ ေရႊဓားကို လုယူႏိုင္လိမ့္မယ္။

လီဆက္ေျပာလိုက္တယ္။
“ဒီတစ္ၾကိမ္ ျပိဳင္ပြဲမွာ မင္းသတိထားဖို႕လိုတာ ရီခၽြမ္ရဲ့ တစ္ဦးတည္းေသာသား ဂ်ိလီပဲ။ သူဟာ တစ္ကယ့္ အသက္လုတိုက္ပြဲ အေတြ႕အၾကံဳ မရွိေပမဲ့ ဂ်ိကလန္ရဲ့ အစြမ္းအထက္ဆံုး ပညာေတြကို ေလ့က်င့္ထားတယ္။ ငါမင္းကို သင္ေပးတဲ့ ပညာေတါဟာ အစြမ္းထက္တာ မွန္ေပမဲ့ ဂ်ိကလန္ရဲ့ လွ်ိဳ႕၀ွက္ပညာေတြနဲ႕ ယွဥ္ရင္ နည္းနည္းေလး အဆင့္နိမ့္ေသးတယ္။”

Grizzly ေခါင္းညိတ္လိုက္တယ္။
သူဟာ ေမြးစားသားဆိုတာကို နားလည္ပါတယ္။ ဒါေပမဲ့ ဂ်ိနင္ကေတာ့ မိုးေရစက္ဓား ဂ်ိရီခၽြမ္ရဲ့ တစ္ဦးတည္းေသာသားေလ။ ျပီးေတာ့ အေနာက္ဘက္ဂ်ိကလန္ ေခါင္းေဆာင္ေနရာ ဆက္ခံသူ။ သူတို႕ႏွစ္ဦးရဲ့ အဆင့္အတန္းဟာ အရမ္းကို ျခားနားလြန္းပါတယ္။ နင္ဟာ အစြမ္းအထက္ဆံုး လွ်ိဳ႕၀ွက္သိုင္းက်မ္းေတြကို ၾကိဳက္သလို ေလ့လာလို႕ ရေပမဲ့ သူ႕လုိေမြးစားသားအတြက္ေတာ့ ဒီပညာေတြေလ့က်င့္ဖို႕ ခြင့္မျပဳထားပါဘူး။

“ျပီးေတာ့ နင္ဟာ ဒီႏွစ္ေတြထဲမွာ ဓားနဲ႕ တစ္သားတည္းအဆင့္ကို  ေရာက္သြားျပီ။ သူနဲ႕တိုက္ခိုက္တဲ့အခါ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ မလြန္ကဲေစနဲ႕။”
လီသူ႕ေမြးစားသားကို ၾကည့္ျပီး ေျပာလိုက္တယ္။

“အေဖ့ရဲ့သား ကၽြန္ေတာ္ ေအာင္ျမင္မႈကို ေဆာင္က်ဥ္းေပးမွာပါ။”
Grizzly ယံုၾကည္စြာ ေျပာလိုက္တယ္။

…..

ေရႊဓားျပိဳင္ပြဲ စတင္ပါျပီ။

လူငယ္ေတြ အမ်ားအျပားဟာ တစ္ေယာက္နဲ႕ တစ္ေယာက္ အႏိုင္ရေအာင္ တိုက္ခိုက္ေနၾကပါတယ္။ တစ္ေယာက္ျပီးတစ္ေယာက္ လြင့္ထြက္ကုန္ၾကတယ္။ ပိုျပီးေတာ့ အစြမ္းထက္တဲ့သူသာ က်န္ရစ္ခဲ့တယ္။ တစ္လေလာက္ ျပိဳင္ပြဲေတြ ဆက္တိုက္လုပ္ျပီးတဲ့ အခါမွာအစြမ္းအထက္ဆံုး လူငယ္ ၈ ေယာက္ကို ေရြးခ်ယ္လို႕ ျပီးသြားပါျပီ။ ေသခ်ာေျပာရရင္ေတာ့ လူငယ္ ၇ေယာက္ေပါ့။ ေနာက္ဆံုး ၈ေယာက္ေျမာက္ လူငယ္ ေနရာကို ၀င္ျပိဳင္ဖို႕မလိုပဲ ေရာက္ေနတာကေတာ့ ဂ်ိနင္ပါ။ သူပါပါရင္ အားလံုးေပါင္း ၈ေယာက္ပါ။

ဂ်ိနင္ဟာ မိုးေရစက္ဓားရဲ့ တစ္ဦးတည္းေသာသားေလ။ ျပီးေတာ့ အေနာက္ဘက္ဂ်ိကလန္ရဲ့ အထူးခၽြန္ဆံုး ပါရမီရွင္။

အေနာက္ဘက္ ဂ်ိကလန္ရဲ့ ေျပာစကားအရ ဂ်ိနင္ဟာ အရမ္းကို အစြမ္းထက္လြန္းလို႕ သူဟာ လူေရြးပြဲမွာ ၀င္ျပိဳင္ဖို႕ကို မလိုဘူး။ သူဟာ ထိပ္ဆံုး ၈ေယာက္ေနရာကို တန္းေရာက္သြားခဲ့တယ္။

ေဒါသေတြ?

မမွ်တမႈေတြ?

“ဟင့္… ေနာက္ဆံုးသူ ဒီ လူငယ္ ၇ေယာက္နဲ႕ ယွဥ္ျပိဳင္ရင္ ဒီဂ်ိနင္ လံုး၀ကို ျပားျပား၀ပ္သြားမွာပဲ။”

“သူဟာ ဘာမွမဟုတ္ပဲ ေနရာယူထားတာ။”

မ်ိဳးႏြယ္စုေတာ္ေတာ္မ်ားမ်ားက လူငယ္ေတြဟာအခ်င္းခ်င္း တီးတိုး စကားေျပာေနၾကပါတယ္။ ေတာ္ေတာကို နည္းတဲ့ မ်ိဳးႏြယ္စု လူငယ္ေတြဟာ ဂ်ိနင္ ဓားနဲ႕ တစ္သားတည္း အဆင့္ကို ေရာက္သြားတဲ့ သတင္းကို သိၾကတာပါ။


“ဖလပ္..ဖလပ္.. ဖလပ္..”
အလံလြင့္သံဟာ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚေနပါတယ္။ အထီးက်န္တဲ့ ေလေအးဟာ ႏွလံုးသားထဲက အပူကို ျငိမ္းသတ္လိုက္ပါတယ္။ ဘာလို႕လဲဆိုေတာ့ ဒီေန႕ဟာ ေရႊဓားျပိဳင္ပြဲရဲ့ ေနာက္ဆံုးေန႕မို႕လို႕ပါ။

ျပိဳင္ပြဲ ကြင္းျပင္အလယ္မွာ စင္ျမင့္တစ္ခုတည္ေဆာက္ထားပါတယ္။ ေအာက္မွာေတာ့ လူငယ္ေလး ၈ေယာက္ ရပ္ေနၾကပါတယ္။ တစ္ေယာက္ကေတာ့ သားေမြး ၀တ္စံု ၀တ္ထားတဲ့ ဂ်ိနင္ပါ။ အျပင္ဘက္မွာေတာ့ အနက္ေရာင္ ျမင္းစီးသူရဲေတြဟာ ျပိဳင္ပြဲကို ေသခ်ာ၀န္းရံျပီး ကာကြယ္ထားၾကပါတယ္။ တျခား ေသာင္းနဲ႕ခ်ီတဲ့ ပြဲၾကည့္ ပရိတ္သတ္ေတြ ျပိဳင္ပြဲေနရာကို အရမ္းတိုးကပ္မလာေအာင္ ကာကြယ္ထားပါတယ္။

“သူတို႕ေတြလာျပီ။”

“ဇင္တ်န္တန္ခိုးရွင္ေတြ လာျပီ။”

ပြဲၾကည့္ပရိတ္သတ္ေတြဟာ အရမ္းကို စိတ္လႈပ္ရွားသြားၾကတယ္။ ေရႊဓားျပိဳင္ပြဲဟာ က်င္းပခ်ိန္ အရမ္းၾကာတဲ့အတြက္ ပံုမွန္ဆို ပြဲၾကည့္ပရိတ္သတ္ သိပ္မရွိပါေတာ့ပါဘူး။ ဒါေပမဲ့ ဒီေန႔ဟာ အထူးေန႕ေလ။ ဘာလို႕လည္းဆိုေတာ့ ဒီေန႕ဟာ ျပိဳင္ပြဲရဲ့ ေနာက္ဆံုးေန႔ ျဖစ္သလို ေနာက္ဆံုးစကာတင္ ၈ေယာက္ရဲ့ ယွဥ္ျပိဳင္ရမဲ့ေန႕ျဖစ္တယ္။ ဒီမွာ ဘယ္သူဟာ ေရႊဓားကို ပိုင္ဆို္င္မလဲဆိုတာကို ဆံုးျဖတ္လိမ့္မယ္။

ေရႊဓားျပိဳင္ပြဲ ေနာက္ဆံုးေန႕မွာ ဒ႑ာရီထဲက ဇင္တ်န္ တန္ခိုးရွင္ေတြပါ လာေရာက္ျပီးေတာ့ ၾကည့္ရႈၾကတယ္။

“လည္ပင္း ရွည္ရွည္နဲ႕ ေၾကာက္စရာ မြန္းစတားကို စီးထားတဲ့ လူက Heavnely Firehammer”

“က်ားျဖဴၾကီးကို စီးထားတဲ့ လူက ငါတို႕ အေနာက္ဘက္ ဂ်ိကလန္ရဲ့ နံပါတ္ ၁ ေလးသမား”

“သူ..သူက မီးနတ္ဘုရား ဂ်ိလီ”

“ဟိုမွာ မိုးေရစက္ဓားသမား။ အဲ့ဒီေနရာက ႏွင္းလို ျဖဴေဖြးေနတဲ့ ေခြးၾကီးေဘးမွာ ရွိေနတာ မိုးေရစက္ဓား ဂ်ိရီခၽြမ္။ သူ႕ေဘးက ေခြးျဖဴၾကီးက ဇင္တ်န္အဆင့္ရွိတဲ့ Whitewater Hound”

“ေခါင္းေဆာင္ၾကီး”

“ဒီေဒသ ေခါင္းေဆာင္ ဂ်ိေယာင္လည္း ဒီပြဲကို လာတက္တာပဲ။”

“ဘာလို႕ ဇင္တ်န္ တန္ခိုးရွင္ေတြ အမ်ားၾကီး ရွိေနရတာလည္း။ သူတို႕ေတြ အမ်ားၾကီး ပဲ။”

“ဇင္တ်န္ တန္ခိုးရွင္ေတြ အမ်ားၾကီးပဲ။”

….

ျပိဳင္ပြဲဟာ ၀က္၀က္ကြဲ အားေပးမႈေတြနဲ႕ ဆူညံေနပါတယ္။

ေရႊဓား လုပြဲေတာ္ဟာ ေလးႏွစ္မွ တစ္ၾကိမ္သာ က်င္းပတာပါ။ ဒါေၾကာင့္ ေျပာရရင္ ဇင္တ်န္ တန္ခိုးရွင္ အနည္းငယ္သာ လာေရာက္ ၾကည့္ရႈၾကပါတယ္။ ဒါေပမဲ့ ဒီေန႕ေတာ့ ဒ႑ာရီထဲက သူေတြ၊ အရမ္းကို mysterious ျဖစ္တဲ့ တစ္ခါတရံမွသာေတြ႕ရတဲ့ အေနာက္ဘက္ ဂ်ိကလန္ရဲ့ နံပါတ္ ၁တန္ခိုးရွင္ ရီခၽြမ္လို ပုဂၢိဳလ္မ်ိဳးေတြ ၊ အရမ္းကို ေဒါသၾကီးတဲ့ မီးနတ္ဘုရား ဂ်ိလီ တို႕ကို ပါေတြ႕ရပါတယ္။

ျပီးေတာ့ ကလန္ရဲ့ အေရးအၾကီးဆံုး အကာအကြယ္ေပးသူ ၁၀ ဦးပါ အကုန္လံုး ေရာက္လာၾကတယ္။

ဘာလို႕လဲဆိုေတာ့ ဒီျပိဳင္ပြျဟာ သာမာန္ ျပိဳင္ပြဲ မဟုတ္လို႕ပဲ။ ဒီျပိဳင္ပြဲဟာ အေနာက္ဘက္ ဂ်ိ ကလန္ရဲ့ ေနာက္တက္မဲ့ မ်ိဳးဆက္သစ္ ေခါင္းေဆာင္ကို ေရြးထုတ္မဲ့ပြဲျဖစ္လို႕ပါပဲ။ နင္ဟာ ေရႊဓားကို ပိုင္ဆိုင္ရတာနဲ႕ သူဟာ ေနာက္မ်ိဳးဆက္ရဲ့ ေခါင္းေဆာင္ ျဖစ္မွာပဲ။ ဒါေၾကာင့္ အေနာက္ဘက္ ဂ်ိကလန္က ဇင္တ်န္ တန္ခိုးရွင္ေတြ အကုန္လံုးဟာ ဒီလိုအေရးၾကီးတဲ့ ကိစၥကို သက္ေသျပဳဖို႕ ေရာက္လာၾကတာပါ။

“ဒီေန႕ဟာ ေရႊဓားျပိဳင္ပြဲရဲ့ ေနာက္ဆံုးေန႕ပဲ ။ ကဲ .. ေရြးခ်ယ္ထားတဲ့ လူငယ္ ၈ေယာက္လံုး စင္ျမင့္ေပၚကို တက္လာၾကပါ။”
ဆံပင္ကေန အျပာေရာင္ အလင္းေတြ ထြက္ေနတဲ့ အမ်ိဳးသမီး တစ္ဦးက စင္ျမင့္ေပၚကေန ေၾကညာလိုက္တယ္။

အရိပ္ ၈ ခုက စင္ျမင့္ေပၚကို ခုန္တက္လာတယ္။

“၀ွစ္..၀ွစ္..၀ွစ္..၀ွစ္.. ၀ွစ္..၀ွစ္..၀ွစ္..၀ွစ္..”

နင္ သူတို႕ကို ၾကည့္လိုက္တဲ့အခါမွာ အဲ့ ၇ေယာက္ကလည္း သူ႕ကို စူးစူးစမ္းစမ္း အၾကည့္နဲ႕ ၾကည့္ေနတာ ျပန္ေတြ႕လိုက္ရတယ္။ ဒီ ၇ေယာက္လံုးက သူ ျပိဳင္ပြဲမွာ ၀င္မျပိဳင္ပဲနဲ႕ ေနာက္ဆံုး အဆင့္ကို တခါတည္းေရာက္လာတာကို မေက်နပ္ၾကတာ ေသခ်ာပါတယ္။

“ငါက ဒီလုိ ျဖစ္ခ်င္တယ္လို႕ မင္းတို႕က ထင္ေနၾကတာလား……?”

နင္ ႏႈတ္ခမ္းကို တင္းတင္းေစ့ျပီး ၾကိတ္ေျပာလိုက္တယ္။
ဒီဟာက ေခါင္းေဆာင္ၾကီး ဂ်ိေယာင္ရဲ့ ဆံုးျဖတ္ခ်က္ အမိန္႔ပဲ ျဖစ္ပါတယ္။

“ဒါေပမဲ့ ဒီ ၇ ေယာက္လံုးက အကုန္ အရပ္ျမင့္ၾကတယ္။ အရပ္ အပုဆံုး မိန္းကေလးေတာင္ ၁.၇ မီတာေလာက္ ရွိတယ္။ ငါ့ထက္ေတာင္ နည္းနည္း အရပ္ျမင့္ေသးတယ္။ အား… အဲ့ ေကာင္စုတ္က အရပ္ ၂.၃ မီတာေတာင္ ရွိေနျပီ။…”

သူတို႕ေတြ အကုန္လံုးဟာ အရမ္း ငယ္ရြယ္ၾကေပမဲ့ သူတို႕ရဲ့ ေလ့က်င့္မႈေတြမွာ  အရမ္းကို ထူးခၽြန္ခဲ့ျပီးျပီ။ ေတာ္ေတာ္မ်ားမ်ားက ၁၆ႏွစ္ ျပည့္ေတာ့မယ္။ နင္တစ္ေယာက္တည္း ၁၀ႏွစ္ပဲ ရွိေသးတယ္။ သူက အားလံုးထဲမွာ အပုဆံုးပဲ။

“မင္းတို႕ ၈ေယာက္လံုး အခ်င္းခ်င္း တစ္ေယာက္ခ်င္းဆီ တိုက္ခိုက္ၾကရမယ္။ ရႈံးတဲ့လူက ထြက္ရမယ္။ေနာက္ဆံုး ႏိုင္တဲ့လူ ၄ေယာက္ပဲ က်န္ရမယ္။ ေနာက္က်န္တဲ့ ၄ေယာက္က ဆက္ျပီးတိုက္ခိုက္ၾကရ မယ္။ ေနာက္ ႏိုင္တဲ့ ၂ေယာက္ က်န္မယ္။ ေနာက္ဆံုးမွာ ၁ေယာက္ပဲ က်န္တဲ့ အစြမ္းအထက္ဆံုး လူကို ေရြးခ်ယ္မွာပဲ။”
ဆံပင္ရွည္နဲ႕ အမ်ိဳးသမီးက ေျပာလိုက္တယ္။

နင္နဲ႕ လူငယ္ ၇ေယာက္လံုးက ေသခ်ာနားေထာင္ေနၾကတယ္။
ရုတ္တရက္…
“ခဏရပ္ဦး…” ေအးစက္စက္အသံ ထြက္ေပၚလာတယ္။

ပြဲၾကည့္ေနတဲ့ လူငယ္ေတြနဲ႕ ဂ်ိကလန္ရဲ့ ျပည္သူေတြဟာ အသံထြက္ေပၚလာတဲ့ ေနရာကို ၾကည့္လိုက္ၾကတယ္။ ဆံပင္ရွည္နဲ႔ အမ်ိဳးသမီးေတာင္ လွည့္ၾကည့္ျပီး မ်က္ေမွာင္ၾကဳတ္သြားတယ္။ သူဟာ အေနာက္ဘက္ဂ်ိကလန္ရဲ့ ဇင္တ်န္ တန္ခိုးရွင္တစ္ဦးျဖစ္လို ေနာက္ဆံုးျပိဳင္ပြဲေန႔ျဖစ္လို႕ ဒီေန႕တစ္ေန႕တည္း ဒီေနရာကို တာ၀န္ယူေပးထားတာပါ။ ဘယ္သူက ဒီလို ဆူဆူညံညံ လုပ္ရဲတာလည္း။?။ သူ႕လွည့္ၾကည့္လိုက္ေတာ့ ေျပာလိုက္တဲ့လူက သားေမြး၀တ္စံု၀တ္ထားတဲ့ ခႏၶာကိုယ္ ထြားထြားၾကိဳင္းၾကိဳင္းလူၾကီးကို ေတြ႕လိုက္ရတယ္။

ဆံပင္ရွည္နဲ႕ အမ်ိဳးသမီး တုန္လႈပ္သြားတယ္။

“မိုးေရစက္ဓား ဂ်ိရီခၽြမ္…”

“မိုးေရစက္ဓား…”

“မိုးေရစက္ဓားဟာ ေရခဲေတာင္ၾကီး ဒီနားေရာက္လာတာ နဲ႕ေတာင္ တူတယ္။ ငါေတာင္ သူ႕ကို ၾကည့္ျပီး ေက်ာထဲစိမ့္လာျပီ။ ”
ေသာင္းခ်ီတဲ့ ပရိတ္သတ္ေတြဟာ လႈပ္လႈပ္ရွားရွားနဲ႕ ဘာဆက္ျဖစ္မယ္ဆိုတာ စိတ္၀င္စားေနၾကတယ္။ ဇင္တ်န္ တန္ခိုးရွင္ မွန္သမွ်ဟာ သူတို႕အတြက္ ဖင္းေဂါ့ေတြပါပဲ။ ဒါေပမဲ့ ရီခၽြမ္ကေတာ့ ဒီေဒသမွာ လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားတဲ့ ဒ႑ာရီထဲက တန္ခိုးရွင္တစ္ေယာက္ပါ။

“ဒီေရႊဓားျပိဳင္ပြဲ ေနာက္ဆံုးေန႕ဟာ ဒီေနာက္ဆံုး ဆန္ကာတင္ ၈ေယာက္ထဲမွာမွ အစြမ္းအထက္ဆံုး တစ္ေယာက္ကို ေရြးတာေလ။ ငါ့အျမင္ကေတာ့ ဂ်ိနင္ကို က်န္တဲ့ ၇ေယာက္လံုးနဲ႕ တိုက္ခိုက္ခိုင္းလိုက္ပါ။”
ရီခၽြမ္ေအးစက္စက္ေျပာလိုက္တယ္။

“တစ္ေယာက္နဲ႕ ၇ေယာက္ … ဒါေပမဲ့..ဒါ…”
ဆံပင္ရွည္နဲ႔ အမ်ိဳးသမီး ေၾကာင္သြားတယ္။

“ဘာ…”

“တစ္ေယာက္နဲ႕ ၇ေယာက္..? က်န္တဲ့ ၇ေယာက္လံုးက အရမ္းကို ပါရမီရွိတဲ့ လူငယ္ေတြပဲ။”

“ဒါက..”

အကုန္လံုးဟာ အရမ္းကို အံ့ၾသသြားၾကတယ္။

ရီခၽြမ္ေဘးမွာ ထိုင္ေနတဲ့ ေခါင္းေဆာင္ၾကီး ဂ်ိေယာင္ေတာင္ အံ့ၾသသြားတယ္။ ဂ်ိေယာင္ရဲ့ တစ္ဖက္ အျခမ္းမွာ ထိုင္ေနတဲ့ ေျမြနားကြင္းနဲ႕ အဘိုးအို ဂ်ိလီက ဒီစကားကို ၾကားေတာ့ က်ယ္က်ယ္ေလာင္ေလာင္ ရယ္ေမာလိုက္တယ္။

“ေကာင္းတယ္.. အရမ္းကို ေကာင္းတယ္။ ဂ်ိနင္ဟာ ငါတို႕ အေနာက္ဘက္ ဂ်ိကလန္ရဲ့ အထူးခၽြန္ဆံုးပါရမီရွင္ပဲ။ သူရံႈးရင္ေတာင္မွ သူ႕အတြက္ ေလ့က်င့္မႈတစ္ခုပဲျဖစ္မွာ။ ဒါနဲ႕ ရီခၽြမ္ မင္းရဲ့သားက ဒီ ၇ေယာက္နဲ႕ တိုက္လိုက္လို႕ ရံႈးသြားခဲ့ရင္ .. အဲ့ဒါဆို ဘယ္လိုလုပ္မလဲ?”

“သူရံႈးသြားခဲ့ရင္ သူ ရံႈးေၾကာင္း ၀န္ခံလိမ့္မယ္။ ေရႊဓားျပိဳင္ပြဲဟာ သူနဲ႕ မသက္ဆိုင္ေတာ့ဘူး။”
ရီခၽြမ္ေအးေအးေဆးေဆး ေျပာလိုက္တယ္။

“ေကာင္းတယ္..”
ဂ်ိလီ ေခါင္းညိတ္လိုက္တယ္။

“ရီခၽြမ္ေျပာတဲ့အတိုင္း ျဖစ္ေစ။”
ဂ်ိေယာင္က ရီခၽြမ္ကို တစ္ခ်က္ၾကည့္ျပီးေတာ့ ေျပာလိုက္တယ္။

“ဟုတ္ကဲ့ပါ ေခါင္းေဆာင္ၾကီး။”
ဆံပင္ရွည္နဲ႕ အမ်ိဳးသမီးဟာ ဒီအျဖစ္အပ်က္ေတြကို ေတြ႕ျပီးေတာ့ ေခါင္းညိတ္လိုက္တယ္။ အေနာက္ဘက္ဂ်ိကလန္ရဲ့ တန္ခိုးအၾကီးဆံုး အဖြဲ႔ ၂ဖြဲ႕က သေဘာတူညီမႈ ရျပီးျပီ။ သူ ဘာမွ ၀င္စြက္ဖက္စရာ အေၾကာင္းမရွိေတာ့ဘူး။ ဂ်ိရီခၽြမ္ဟာ အရမ္းကို တစြတ္ထိုး ဆန္တာပဲလို႕ သူစိတ္ထဲကေနျပီးေတြးျပီးေတာ့ သက္ျပင္းခ်လိုက္တယ္။

“မင္းတို႕ ၈ေယာက္လံုး။”
အမ်ိဳးသမီးက လူငယ္ ၈ေယာက္လံုးကို ၾကည့္ျပီးေတာ့
‘ကဲ ဒီကိုလာျပီး မင္းတို႕အသံုးျပဳမဲ့ လက္နက္ကို လာေရြးၾက။ လက္နက္ေရြးျပီးရင္ ငါ့အမိန္႕ကို ေစာင့္ေနၾက။ ငါအမိ္န္႕ စေပးလိုက္တာနဲ ဂ်ိနင္နဲ႕ မင္းတို႕ ၇ေယာက္လံုး တိုက္ခိုက္ၾကရမယ္။ ဂ်ိနင္ရံႈးရႈံး မင္းတို႕ ရႈံးရံႈး တစ္ဖက္ဖက္ ရံႈးတာနဲ႕ ျပိဳင္ပြဲကို ရပ္လိုက္ၾကရမယ္။”

၀ုန္း…
အမ်ိဳးသမီးက လက္တစ္ဖက္ကို ေ၀ွ႕ယမ္းလိုက္ေတာ့ စင္ေပၚမွာ လက္နက္ေပါင္းမ်ားစြာ ေပၚလာတယ္။ ဒါေပမဲ့ ဒီလက္နက္ေတြ အကုန္လံုးက အသြားမပါၾကဘူး။

“ေရြးၾက..”
အမ်ိဳးသမီးက ေျပာလိုက္တယ္။

နင္နဲ႕ က်န္တဲ့ လူငယ္ ၇ေယာက္လံံုး ေျပးသြားျပီးေတာ့ သူတို႕သံုးမဲ့ လက္နက္ကို ျမန္ျမန္ ေရြးခ်ယ္လိုက္တယ္။ ္နင္ကေတာ့ ေပါင္ခ်ိန္ ၅၀ေလာက္ရွိတဲ့ တံုးေနတဲ့ အနက္ေရာင္ ဓားရွည္တစ္လက္ကို ေရြးခ်ယ္လိုက္တယ္။

စင္ေအာက္မွာေတာ့ ေသာင္းခ်ီတဲ့ ပရိတ္သတ္ ေတြဟာ တီးတိုးစကားေျပာေနၾကတယ္။ သူတို႕ေတာ္ေတာ္မ်ားမ်ားက မိုးေရစက္ဓားကို အခုမွ ျမင္ဖူးၾကတာ။ သူတို႕ေတြဟာ ရီခၽြမ္ကို ေတြ႕တာ ေရွးက်တဲ့ ေရခဲေတာင္ၾကီး အေနနဲ႕ ခံစားရျပီးေတာ့ တုန္လႈပ္ေနၾကတယ္။
“ရီခၽြမ္ဟာ အရမ္းကိ တဇြတ္ထိုးဆန္ျပီး အရမ္းကို တိက်တယ္။ သူက သူ႕သားကိုေတာင္ ဒီလိုဆက္ဆံတယ္။ တစ္ေယာက္နဲ႕ ၇ေယာက္။? ဂ်ိနင္ရဲ့ တစ္ကယ့္အစြမ္းက ဒီ၇ေယာက္ထက္ သာတယ္ထားဦး ၇ေယာက္လံုးကို တစ္ျပိဳင္တည္း ဘယ္လို အႏိုင္ယူႏိုင္မွာလည္း။”

“သူတစ္ကယ္ကို ရူးမိုက္တာပဲ”

“ငါၾကားတာက ဂ်ိနင္ က ၁၀ႏွစ္ပဲ ရွိေသးေပမဲ့ သူ႕အေဖက သူ႕ကို ေရႊဓားျပိဳင္ပြဲ ၀င္ျပိဳင္ဖို႕ အမိန္႔ေပးခဲ့တယ္တဲ့။ သနားစရာေကာင္းတဲ့ ကေလးပဲ။”

ပရိတ္သတ္ ေတာ္ေတာ္မ်ားမ်ားဟာ ဂ်ိနင္အတြက္ စိတ္မေကာင္းျဖစ္သြားၾကတယ္။ ေနာက္ဆံုးေျပာရရင္ ၈ေယာက္လံုးမွာ နင္ဟာ အပုဆံုးနဲ႕ အေသးဆံုးပဲေလ။ ျပီးေတာ့ အသက္ အငယ္ဆံုးေလ။ ျပီးေတာ့ နင္ဟာ အရမ္းကို ခန္႕ညားတယ္။ ၾကည့္ေကာင္းတယ္ေပါ့။  ဒါေပမဲ့ သူ႕မွာ ဒ႑ာရီထဲက ႏွလံုးသား ေအးစက္တဲ့ အေဖ ရွိေနတယ္။ သူ႕အေဖ ဘယ္ေလာက္ သူ႕အေပၚတင္းက်ပ္မလဲဆိုတာကို ခန္႕မွန္းလို႕ရတယ္။

“မင္းတို႕ေတြ ေရြးလို႕ျပီးျပီလား။”
ဆံပင္ရွည္နဲ႕ အမ်ိဳးသမီးက လူငယ္ ၈ေယာက္ကို ေမးလိုက္တယ္။

စင္ျမင့္ရဲ့တစ္ဖက္မွာ လူငယ္ ၇ေယာက္ လက္နက္မ်ိဳးစံုကို ကိုင္ျပီးေတာ့ နင္ကို ရပ္ၾကည့္ေနၾကတယ္။ ဓား ၊ လွံ ၊ ..

တစ္ဖက္မွာေတာ့ နင္တစ္ေယာ္ကတည္း ရပ္ေနတယ္။

နင္ဟာ ဓားရွည္ကို ကိုင္ျပီးေတာ့ ေအးေအးေဆးေဆး တည္တည္ညိမ္ညိမ္ ရပ္ၾကည့္ေနတယ္။

“မင္းတို႕ေတြ ေရြးခ်ယ္ျပီးျပီဆိုရင္ေတာ့ .. ကဲ စတင္တိုက္ခိုက္လို႕ ရျပီ။”
ဆံပင္ရွည္နဲ႕ အမ်ိဳးသမီးက လက္ေ၀ွ႕ယမ္းျပီး က်န္တဲ့ လက္နက္ေတြကို သိမ္းဆည္းလိုက္တယ္။

သူ႕စကားသံလည္းထြက္လာေရာ…

၀ွစ္..၀ွစ္… ၀ွစ္…
စင္ျမင့္ တစ္ဖက္မွာ ရွိေနတဲ့ ၇ေယာက္လံုးဟာ တစ္ဖက္မွာ ရပ္ေနတဲ့ နင္ဆီကို အရမ္းျမန္တဲ့ အလ်င္တနဲ႕ ေျပး၀င္သြားၾကတယ္။



Chapter ၇  ျပီးပါျပီ။

ဆက္ပါဦးမည္>>>>>>
Chapter 8 ( ဂ်ိနင္ဓား..)

Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 2

Chapter 7 ( တစ်ယောက်နှင့် ၇ယောက်)



“ဒါမှမဟုတ် ဂျိရီချွမ်က သူ့သားကို ပထမဆုံး အကြိမ် စမ်းသပ်ခွင့်ပြုလိုက်တာထင်တယ်။ ဒါဆို ဂျိနင် ..သူ ဒီတစ်ကြိမ်မှာ ကျဆုံးရင်တောင် နောက် ၄နှစ်နေရင် ထပ်ပြီးတော့ ကြိုးစားခွင့် ရှိသေးတယ်လေ။”

ဂျိဂျိတ်ဝှစ်က ဖန်ခွက်ကို ကိုင်ပြီး စကားပြောလိုက်တယ်။


“သူတို့မှာ ၂ခါတောင် အခွင့်အရေးရှိတယ်။ ဒါပေမဲ့ ငါ တစ်ကြိမ်တောင် အခွင့်အရေး မပေးချင်ဘူး။ တော်သေးတာက ငါ Grizzly ကို မွေးစားခဲ့တာပဲ။”

ဂျိလီ စကားပြောရင်းနဲ့ ပြုံးရောင်သန်းလာတယ်။



ချက်ချင်းပဲ အနားက အစေခံကို ပြောလိုက်တယ်။

“Grizzly ကို ငါ့ကိုလာတွေ့ခိုင်းလိုက်စမ်း။”



“ဟုတ်ကဲ့ သခင်ကြီး။”ခြေဗလာနဲ့ အပျိုတော်က ဦးညွတ်ပြီး ထွက်ခွာသွားတယ်။



သိပ်မကြာခင်မှာပဲ အရပ်မြင့်မြင့်နဲ့ ရွှေရောင်သားမွေး အင်္ကျ ီ ဝတ်ထားတဲ့ လူငယ်တစ်ယောက် အခန်းတွင်းကို ဝင်ရောက်လာတယ်။ ဒီလူငယ်ဆီကနေ အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ အငွေ့အသက်တွေ ထွက်နေတယ်။ သာမာန်လူနဲ့ မတူပဲ သူ့မျက်လုံးတွေမှာ ရွှေရောင် ရေးရေး လဲ့နေတယ်။ တစ်ချိန်တည်းမှာ သူ့ကျောပေါ်မှာ လုံးဝနက်မှောင်နေတဲ့ saber ကို လွယ်ထားတယ်။



သူအခန်းထဲကို ဝင်လာတဲ့ပုံစံက ရွှေရောင် Grizzly ဝက်ဝံ ပိန်အသေးလေး ဝင်လာတဲ့ ပုံစံနဲ့တောင် ဆင်နေပါသေးတယ်။ သူဟာ အသက် ၁၃ နှစ် ပဲ ရှိသေးပေမဲ့ လီထက်တောင် အရပ် အနည်းငယ် မြင့်ပါသေးတယ်။



“အဖေ…”

Grizzly အရိုအသေပေးပြီး ဦးညွတ်လိုက်တယ်။



“Grizzly.. ရွှေဓားပြိုင်ပွဲကို ၄နှစ်တစ်ကြိမ် ကျင်းပခဲ့တယ်။ ငါမင်းကို ဒီနှစ် ပြိုင်ပွဲ ဝင်ပြိုင်ဖို့ စာရင်းသွင်းပေးထာမယ်။ ငါ့မှာတောင်းဆိုစရာ တစ်ခုပဲ ရှိတယ်။ ရွှေဓားကို ရအောင်ယူခဲ့ပေးပါ။”

လီက သူ့မွေးစားသားကို စိုက်ကြည့်ပြီးတော့ ပြောလိုက်တယ်။



“ဟုတ်ကဲ့” Grizzly အလေးအနက် လေသံနဲ့ ပြန်ဖြေလိုက်တယ်။



“တော်တယ်။”

လီခေါင်းညိတ်လိုက်တယ်။ သူဟာ ကလေးတွေ အများကြီးကို မွေးစားခဲ့တဲ့အထဲမှာ တစ်ချို့ပဲ သူသဘောကျခဲ့တယ်။ ဒီထဲမှာမှ Grizzly ဟာ သူ သဘောအကျဆုံးကလေးပဲ။ လီဟာ Grizzly ရဲ့ အစွမ်းကို လုံးဝယုံကြည်တယ်။ သူဒီနှစ် ရွှေဓားပြိုင်ပွဲမှာ ရွှေဓားကို လုယူနိုင်လိမ့်မယ်။



လီဆက်ပြောလိုက်တယ်။

“ဒီတစ်ကြိမ် ပြိုင်ပွဲမှာ မင်းသတိထားဖို့လိုတာ ရီချွမ်ရဲ့ တစ်ဦးတည်းသောသား ဂျိလီပဲ။ သူဟာ တစ်ကယ့် အသက်လုတိုက်ပွဲ အတွေ့အကြုံ မရှိပေမဲ့ ဂျိကလန်ရဲ့ အစွမ်းအထက်ဆုံး ပညာတွေကို လေ့ကျင့်ထားတယ်။ ငါမင်းကို သင်ပေးတဲ့ ပညာတေါဟာ အစွမ်းထက်တာ မှန်ပေမဲ့ ဂျိကလန်ရဲ့ လျှို့ဝှက်ပညာတွေနဲ့ ယှဉ်ရင် နည်းနည်းလေး အဆင့်နိမ့်သေးတယ်။”



Grizzly ခေါင်းညိတ်လိုက်တယ်။

သူဟာ မွေးစားသားဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ဂျိနင်ကတော့ မိုးရေစက်ဓား ဂျိရီချွမ်ရဲ့ တစ်ဦးတည်းသောသားလေ။ ပြီးတော့ အနောက်ဘက်ဂျိကလန် ခေါင်းဆောင်နေရာ ဆက်ခံသူ။ သူတို့နှစ်ဦးရဲ့ အဆင့်အတန်းဟာ အရမ်းကို ခြားနားလွန်းပါတယ်။ နင်ဟာ အစွမ်းအထက်ဆုံး လျှို့ဝှက်သိုင်းကျမ်းတွေကို ကြိုက်သလို လေ့လာလို့ ရပေမဲ့ သူ့လိုမွေးစားသားအတွက်တော့ ဒီပညာတွေလေ့ကျင့်ဖို့ ခွင့်မပြုထားပါဘူး။



“ပြီးတော့ နင်ဟာ ဒီနှစ်တွေထဲမှာ ဓားနဲ့ တစ်သားတည်းအဆင့်ကို  ရောက်သွားပြီ။ သူနဲ့တိုက်ခိုက်တဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှု မလွန်ကဲစေနဲ့။”

လီသူ့မွေးစားသားကို ကြည့်ပြီး ပြောလိုက်တယ်။



“အဖေ့ရဲ့သား ကျွန်တော် အောင်မြင်မှုကို ဆောင်ကျဉ်းပေးမှာပါ။”

Grizzly ယုံကြည်စွာ ပြောလိုက်တယ်။



…..



ရွှေဓားပြိုင်ပွဲ စတင်ပါပြီ။



လူငယ်တွေ အများအပြားဟာ တစ်ယောက်နဲ့ တစ်ယောက် အနိုင်ရအောင် တိုက်ခိုက်နေကြပါတယ်။ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်ကုန်ကြတယ်။ ပိုပြီးတော့ အစွမ်းထက်တဲ့သူသာ ကျန်ရစ်ခဲ့တယ်။ တစ်လလောက် ပြိုင်ပွဲတွေ ဆက်တိုက်လုပ်ပြီးတဲ့ အခါမှာအစွမ်းအထက်ဆုံး လူငယ် ၈ ယောက်ကို ရွေးချယ်လို့ ပြီးသွားပါပြီ။ သေချာပြောရရင်တော့ လူငယ် ၇ယောက်ပေါ့။ နောက်ဆုံး ၈ယောက်မြောက် လူငယ် နေရာကို ဝင်ပြိုင်ဖို့မလိုပဲ ရောက်နေတာကတော့ ဂျိနင်ပါ။ သူပါပါရင် အားလုံးပေါင်း ၈ယောက်ပါ။



ဂျိနင်ဟာ မိုးရေစက်ဓားရဲ့ တစ်ဦးတည်းသောသားလေ။ ပြီးတော့ အနောက်ဘက်ဂျိကလန်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်။



အနောက်ဘက် ဂျိကလန်ရဲ့ ပြောစကားအရ ဂျိနင်ဟာ အရမ်းကို အစွမ်းထက်လွန်းလို့ သူဟာ လူရွေးပွဲမှာ ဝင်ပြိုင်ဖို့ကို မလိုဘူး။ သူဟာ ထိပ်ဆုံး ၈ယောက်နေရာကို တန်းရောက်သွားခဲ့တယ်။



ဒေါသတွေ?



မမျှတမှုတွေ?



“ဟင့်… နောက်ဆုံးသူ ဒီ လူငယ် ၇ယောက်နဲ့ ယှဉ်ပြိုင်ရင် ဒီဂျိနင် လုံးဝကို ပြားပြားဝပ်သွားမှာပဲ။”



“သူဟာ ဘာမှမဟုတ်ပဲ နေရာယူထားတာ။”



မျိုးနွယ်စုတော်တော်များများက လူငယ်တွေဟာအချင်းချင်း တီးတိုး စကားပြောနေကြပါတယ်။ တော်တောကို နည်းတဲ့ မျိုးနွယ်စု လူငယ်တွေဟာ ဂျိနင် ဓားနဲ့ တစ်သားတည်း အဆင့်ကို ရောက်သွားတဲ့ သတင်းကို သိကြတာပါ။







“ဖလပ်..ဖလပ်.. ဖလပ်..”

အလံလွင့်သံဟာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အထီးကျန်တဲ့ လေအေးဟာ နှလုံးသားထဲက အပူကို ငြိမ်းသတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာ ရွှေဓားပြိုင်ပွဲရဲ့ နောက်ဆုံးနေ့မို့လို့ပါ။



ပြိုင်ပွဲ ကွင်းပြင်အလယ်မှာ စင်မြင့်တစ်ခုတည်ဆောက်ထားပါတယ်။ အောက်မှာတော့ လူငယ်လေး ၈ယောက် ရပ်နေကြပါတယ်။ တစ်ယောက်ကတော့ သားမွေး ဝတ်စုံ ဝတ်ထားတဲ့ ဂျိနင်ပါ။ အပြင်ဘက်မှာတော့ အနက်ရောင် မြင်းစီးသူရဲတွေဟာ ပြိုင်ပွဲကို သေချာဝန်းရံပြီး ကာကွယ်ထားကြပါတယ်။ တခြား သောင်းနဲ့ချီတဲ့ ပွဲကြည့် ပရိတ်သတ်တွေ ပြိုင်ပွဲနေရာကို အရမ်းတိုးကပ်မလာအောင် ကာကွယ်ထားပါတယ်။



“သူတို့တွေလာပြီ။”



“ဇင်တျန်တန်ခိုးရှင်တွေ လာပြီ။”



ပွဲကြည့်ပရိတ်သတ်တွေဟာ အရမ်းကို စိတ်လှုပ်ရှားသွားကြတယ်။ ရွှေဓားပြိုင်ပွဲဟာ ကျင်းပချိန် အရမ်းကြာတဲ့အတွက် ပုံမှန်ဆို ပွဲကြည့်ပရိတ်သတ် သိပ်မရှိပါတော့ပါဘူး။ ဒါပေမဲ့ ဒီနေ့ဟာ အထူးနေ့လေ။ ဘာလို့လည်းဆိုတော့ ဒီနေ့ဟာ ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ ဖြစ်သလို နောက်ဆုံးစကာတင် ၈ယောက်ရဲ့ ယှဉ်ပြိုင်ရမဲ့နေ့ဖြစ်တယ်။ ဒီမှာ ဘယ်သူဟာ ရွှေဓားကို ပိုင်ဆိုင်မလဲဆိုတာကို ဆုံးဖြတ်လိမ့်မယ်။



ရွှေဓားပြိုင်ပွဲ နောက်ဆုံးနေ့မှာ ဒဏ္ဍာရီထဲက ဇင်တျန် တန်ခိုးရှင်တွေပါ လာရောက်ပြီးတော့ ကြည့်ရှုကြတယ်။


“လည်ပင်း ရှည်ရှည်နဲ့ ကြောက်စရာ မွန်းစတားကို စီးထားတဲ့ လူက Heavnely Firehammer”



“ကျားဖြူကြီးကို စီးထားတဲ့ လူက ငါတို့ အနောက်ဘက် ဂျိကလန်ရဲ့ နံပါတ် ၁ လေးသမား”



“သူ..သူက မီးနတ်ဘုရား ဂျိလီ”



“ဟိုမှာ မိုးရေစက်ဓားသမား။ အဲ့ဒီနေရာက နှင်းလို ဖြူဖွေးနေတဲ့ ခွေးကြီးဘေးမှာ ရှိနေတာ မိုးရေစက်ဓား ဂျိရီချွမ်။ သူ့ဘေးက ခွေးဖြူကြီးက ဇင်တျန်အဆင့်ရှိတဲ့ Whitewater Hound”



“ခေါင်းဆောင်ကြီး”



“ဒီဒေသ ခေါင်းဆောင် ဂျိယောင်လည်း ဒီပွဲကို လာတက်တာပဲ။”



“ဘာလို့ ဇင်တျန် တန်ခိုးရှင်တွေ အများကြီး ရှိနေရတာလည်း။ သူတို့တွေ အများကြီး ပဲ။”



“ဇင်တျန် တန်ခိုးရှင်တွေ အများကြီးပဲ။”



….



ပြိုင်ပွဲဟာ ဝက်ဝက်ကွဲ အားပေးမှုတွေနဲ့ ဆူညံနေပါတယ်။



ရွှေဓား လုပွဲတော်ဟာ လေးနှစ်မှ တစ်ကြိမ်သာ ကျင်းပတာပါ။ ဒါကြောင့် ပြောရရင် ဇင်တျန် တန်ခိုးရှင် အနည်းငယ်သာ လာရောက် ကြည့်ရှုကြပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ ဒဏ္ဍာရီထဲက သူတွေ၊ အရမ်းကို mysterious ဖြစ်တဲ့ တစ်ခါတရံမှသာတွေ့ရတဲ့ အနောက်ဘက် ဂျိကလန်ရဲ့ နံပါတ် ၁တန်ခိုးရှင် ရီချွမ်လို ပုဂ္ဂိုလ်မျိုးတွေ ၊ အရမ်းကို ဒေါသကြီးတဲ့ မီးနတ်ဘုရား ဂျိလီ တို့ကို ပါတွေ့ရပါတယ်။



ပြီးတော့ ကလန်ရဲ့ အရေးအကြီးဆုံး အကာအကွယ်ပေးသူ ၁၀ ဦးပါ အကုန်လုံး ရောက်လာကြတယ်။



ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဟြာ သာမာန် ပြိုင်ပွဲ မဟုတ်လို့ပဲ။ ဒီပြိုင်ပွဲဟာ အနောက်ဘက် ဂျိ ကလန်ရဲ့ နောက်တက်မဲ့ မျိုးဆက်သစ် ခေါင်းဆောင်ကို ရွေးထုတ်မဲ့ပွဲဖြစ်လို့ပါပဲ။ နင်ဟာ ရွှေဓားကို ပိုင်ဆိုင်ရတာနဲ့ သူဟာ နောက်မျိုးဆက်ရဲ့ ခေါင်းဆောင် ဖြစ်မှာပဲ။ ဒါကြောင့် အနောက်ဘက် ဂျိကလန်က ဇင်တျန် တန်ခိုးရှင်တွေ အကုန်လုံးဟာ ဒီလိုအရေးကြီးတဲ့ ကိစ္စကို သက်သေပြုဖို့ ရောက်လာကြတာပါ။



“ဒီနေ့ဟာ ရွှေဓားပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ပဲ ။ ကဲ .. ရွေးချယ်ထားတဲ့ လူငယ် ၈ယောက်လုံး စင်မြင့်ပေါ်ကို တက်လာကြပါ။”

ဆံပင်ကနေ အပြာရောင် အလင်းတွေ ထွက်နေတဲ့ အမျိုးသမီး တစ်ဦးက စင်မြင့်ပေါ်ကနေ ကြေညာလိုက်တယ်။



အရိပ် ၈ ခုက စင်မြင့်ပေါ်ကို ခုန်တက်လာတယ်။



“ဝှစ်..ဝှစ်..ဝှစ်..ဝှစ်.. ဝှစ်..ဝှစ်..ဝှစ်..ဝှစ်..”



နင် သူတို့ကို ကြည့်လိုက်တဲ့အခါမှာ အဲ့ ၇ယောက်ကလည်း သူ့ကို စူးစူးစမ်းစမ်း အကြည့်နဲ့ ကြည့်နေတာ ပြန်တွေ့လိုက်ရတယ်။ ဒီ ၇ယောက်လုံးက သူ ပြိုင်ပွဲမှာ ဝင်မပြိုင်ပဲနဲ့ နောက်ဆုံး အဆင့်ကို တခါတည်းရောက်လာတာကို မကျေနပ်ကြတာ သေချာပါတယ်။



“ငါက ဒီလို ဖြစ်ချင်တယ်လို့ မင်းတို့က ထင်နေကြတာလား……?”



နင် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ကြိတ်ပြောလိုက်တယ်။

ဒီဟာက ခေါင်းဆောင်ကြီး ဂျိယောင်ရဲ့ ဆုံးဖြတ်ချက် အမိန့်ပဲ ဖြစ်ပါတယ်။



“ဒါပေမဲ့ ဒီ ၇ ယောက်လုံးက အကုန် အရပ်မြင့်ကြတယ်။ အရပ် အပုဆုံး မိန်းကလေးတောင် ၁.၇ မီတာလောက် ရှိတယ်။ ငါ့ထက်တောင် နည်းနည်း အရပ်မြင့်သေးတယ်။ အား… အဲ့ ကောင်စုတ်က အရပ် ၂.၃ မီတာတောင် ရှိနေပြီ။…”



သူတို့တွေ အကုန်လုံးဟာ အရမ်း ငယ်ရွယ်ကြပေမဲ့ သူတို့ရဲ့ လေ့ကျင့်မှုတွေမှာ  အရမ်းကို ထူးချွန်ခဲ့ပြီးပြီ။ တော်တော်များများက ၁၆နှစ် ပြည့်တော့မယ်။ နင်တစ်ယောက်တည်း ၁၀နှစ်ပဲ ရှိသေးတယ်။ သူက အားလုံးထဲမှာ အပုဆုံးပဲ။



“မင်းတို့ ၈ယောက်လုံး အချင်းချင်း တစ်ယောက်ချင်းဆီ တိုက်ခိုက်ကြရမယ်။ ရှုံးတဲ့လူက ထွက်ရမယ်။နောက်ဆုံး နိုင်တဲ့လူ ၄ယောက်ပဲ ကျန်ရမယ်။ နောက်ကျန်တဲ့ ၄ယောက်က ဆက်ပြီးတိုက်ခိုက်ကြရ မယ်။ နောက် နိုင်တဲ့ ၂ယောက် ကျန်မယ်။ နောက်ဆုံးမှာ ၁ယောက်ပဲ ကျန်တဲ့ အစွမ်းအထက်ဆုံး လူကို ရွေးချယ်မှာပဲ။”

ဆံပင်ရှည်နဲ့ အမျိုးသမီးက ပြောလိုက်တယ်။



နင်နဲ့ လူငယ် ၇ယောက်လုံးက သေချာနားထောင်နေကြတယ်။

ရုတ်တရက်…

“ခဏရပ်ဦး…” အေးစက်စက်အသံ ထွက်ပေါ်လာတယ်။



ပွဲကြည့်နေတဲ့ လူငယ်တွေနဲ့ ဂျိကလန်ရဲ့ ပြည်သူတွေဟာ အသံထွက်ပေါ်လာတဲ့ နေရာကို ကြည့်လိုက်ကြတယ်။ ဆံပင်ရှည်နဲ့ အမျိုးသမီးတောင် လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်သွားတယ်။ သူဟာ အနောက်ဘက်ဂျိကလန်ရဲ့ ဇင်တျန် တန်ခိုးရှင်တစ်ဦးဖြစ်လို နောက်ဆုံးပြိုင်ပွဲနေ့ဖြစ်လို့ ဒီနေ့တစ်နေ့တည်း ဒီနေရာကို တာဝန်ယူပေးထားတာပါ။ ဘယ်သူက ဒီလို ဆူဆူညံညံ လုပ်ရဲတာလည်း။?။ သူ့လှည့်ကြည့်လိုက်တော့ ပြောလိုက်တဲ့လူက သားမွေးဝတ်စုံဝတ်ထားတဲ့ ခန္ဓာကိုယ် ထွားထွားကြိုင်းကြိုင်းလူကြီးကို တွေ့လိုက်ရတယ်။



ဆံပင်ရှည်နဲ့ အမျိုးသမီး တုန်လှုပ်သွားတယ်။



“မိုးရေစက်ဓား ဂျိရီချွမ်…”



“မိုးရေစက်ဓား…”



“မိုးရေစက်ဓားဟာ ရေခဲတောင်ကြီး ဒီနားရောက်လာတာ နဲ့တောင် တူတယ်။ ငါတောင် သူ့ကို ကြည့်ပြီး ကျောထဲစိမ့်လာပြီ။ ”

သောင်းချီတဲ့ ပရိတ်သတ်တွေဟာ လှုပ်လှုပ်ရှားရှားနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားနေကြတယ်။ ဇင်တျန် တန်ခိုးရှင် မှန်သမျှဟာ သူတို့အတွက် ဖင်းဂေါ့တွေပါပဲ။ ဒါပေမဲ့ ရီချွမ်ကတော့ ဒီဒေသမှာ လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ ဒဏ္ဍာရီထဲက တန်ခိုးရှင်တစ်ယောက်ပါ။



“ဒီရွှေဓားပြိုင်ပွဲ နောက်ဆုံးနေ့ဟာ ဒီနောက်ဆုံး ဆန်ကာတင် ၈ယောက်ထဲမှာမှ အစွမ်းအထက်ဆုံး တစ်ယောက်ကို ရွေးတာလေ။ ငါ့အမြင်ကတော့ ဂျိနင်ကို ကျန်တဲ့ ၇ယောက်လုံးနဲ့ တိုက်ခိုက်ခိုင်းလိုက်ပါ။”

ရီချွမ်အေးစက်စက်ပြောလိုက်တယ်။



“တစ်ယောက်နဲ့ ၇ယောက် … ဒါပေမဲ့..ဒါ…”

ဆံပင်ရှည်နဲ့ အမျိုးသမီး ကြောင်သွားတယ်။



“ဘာ…”



“တစ်ယောက်နဲ့ ၇ယောက်..? ကျန်တဲ့ ၇ယောက်လုံးက အရမ်းကို ပါရမီရှိတဲ့ လူငယ်တွေပဲ။”



“ဒါက..”



အကုန်လုံးဟာ အရမ်းကို အံ့သြသွားကြတယ်။



ရီချွမ်ဘေးမှာ ထိုင်နေတဲ့ ခေါင်းဆောင်ကြီး ဂျိယောင်တောင် အံ့သြသွားတယ်။ ဂျိယောင်ရဲ့ တစ်ဖက် အခြမ်းမှာ ထိုင်နေတဲ့ မြွေနားကွင်းနဲ့ အဘိုးအို ဂျိလီက ဒီစကားကို ကြားတော့ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်တယ်။


“ကောင်းတယ်.. အရမ်းကို ကောင်းတယ်။ ဂျိနင်ဟာ ငါတို့ အနောက်ဘက် ဂျိကလန်ရဲ့ အထူးချွန်ဆုံးပါရမီရှင်ပဲ။ သူရှုံးရင်တောင်မှ သူ့အတွက် လေ့ကျင့်မှုတစ်ခုပဲဖြစ်မှာ။ ဒါနဲ့ ရီချွမ် မင်းရဲ့သားက ဒီ ၇ယောက်နဲ့ တိုက်လိုက်လို့ ရှုံးသွားခဲ့ရင် .. အဲ့ဒါဆို ဘယ်လိုလုပ်မလဲ?”



“သူရှုံးသွားခဲ့ရင် သူ ရှုံးကြောင်း ဝန်ခံလိမ့်မယ်။ ရွှေဓားပြိုင်ပွဲဟာ သူနဲ့ မသက်ဆိုင်တော့ဘူး။”

ရီချွမ်အေးအေးဆေးဆေး ပြောလိုက်တယ်။



“ကောင်းတယ်..”

ဂျိလီ ခေါင်းညိတ်လိုက်တယ်။



“ရီချွမ်ပြောတဲ့အတိုင်း ဖြစ်စေ။”

ဂျိယောင်က ရီချွမ်ကို တစ်ချက်ကြည့်ပြီးတော့ ပြောလိုက်တယ်။



“ဟုတ်ကဲ့ပါ ခေါင်းဆောင်ကြီး။”

ဆံပင်ရှည်နဲ့ အမျိုးသမီးဟာ ဒီအဖြစ်အပျက်တွေကို တွေ့ပြီးတော့ ခေါင်းညိတ်လိုက်တယ်။ အနောက်ဘက်ဂျိကလန်ရဲ့ တန်ခိုးအကြီးဆုံး အဖွဲ့ ၂ဖွဲ့က သဘောတူညီမှု ရပြီးပြီ။ သူ ဘာမှ ဝင်စွက်ဖက်စရာ အကြောင်းမရှိတော့ဘူး။ ဂျိရီချွမ်ဟာ အရမ်းကို တစွတ်ထိုး ဆန်တာပဲလို့ သူစိတ်ထဲကနေပြီးတွေးပြီးတော့ သက်ပြင်းချလိုက်တယ်။



“မင်းတို့ ၈ယောက်လုံး။”

အမျိုးသမီးက လူငယ် ၈ယောက်လုံးကို ကြည့်ပြီးတော့
‘ကဲ ဒီကိုလာပြီး မင်းတို့အသုံးပြုမဲ့ လက်နက်ကို လာရွေးကြ။ လက်နက်ရွေးပြီးရင် ငါ့အမိန့်ကို စောင့်နေကြ။ ငါအမိန့် စပေးလိုက်တာနဲ ဂျိနင်နဲ့ မင်းတို့ ၇ယောက်လုံး တိုက်ခိုက်ကြရမယ်။ ဂျိနင်ရှုံးရှုံး မင်းတို့ ရှုံးရှုံး တစ်ဖက်ဖက် ရှုံးတာနဲ့ ပြိုင်ပွဲကို ရပ်လိုက်ကြရမယ်။”



ဝုန်း…

အမျိုးသမီးက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တော့ စင်ပေါ်မှာ လက်နက်ပေါင်းများစွာ ပေါ်လာတယ်။ ဒါပေမဲ့ ဒီလက်နက်တွေ အကုန်လုံးက အသွားမပါကြဘူး။



“ရွေးကြ..”

အမျိုးသမီးက ပြောလိုက်တယ်။



နင်နဲ့ ကျန်တဲ့ လူငယ် ၇ယောက်လံုံး ပြေးသွားပြီးတော့ သူတို့သုံးမဲ့ လက်နက်ကို မြန်မြန် ရွေးချယ်လိုက်တယ်။ ်နင်ကတော့ ပေါင်ချိန် ၅၀လောက်ရှိတဲ့ တုံးနေတဲ့ အနက်ရောင် ဓားရှည်တစ်လက်ကို ရွေးချယ်လိုက်တယ်။



စင်အောက်မှာတော့ သောင်းချီတဲ့ ပရိတ်သတ် တွေဟာ တီးတိုးစကားပြောနေကြတယ်။ သူတို့တော်တော်များများက မိုးရေစက်ဓားကို အခုမှ မြင်ဖူးကြတာ။ သူတို့တွေဟာ ရီချွမ်ကို တွေ့တာ ရှေးကျတဲ့ ရေခဲတောင်ကြီး အနေနဲ့ ခံစားရပြီးတော့ တုန်လှုပ်နေကြတယ်။

“ရီချွမ်ဟာ အရမ်းကိ တဇွတ်ထိုးဆန်ပြီး အရမ်းကို တိကျတယ်။ သူက သူ့သားကိုတောင် ဒီလိုဆက်ဆံတယ်။ တစ်ယောက်နဲ့ ၇ယောက်။? ဂျိနင်ရဲ့ တစ်ကယ့်အစွမ်းက ဒီ၇ယောက်ထက် သာတယ်ထားဦး ၇ယောက်လုံးကို တစ်ပြိုင်တည်း ဘယ်လို အနိုင်ယူနိုင်မှာလည်း။”



“သူတစ်ကယ်ကို ရူးမိုက်တာပဲ”



“ငါကြားတာက ဂျိနင် က ၁၀နှစ်ပဲ ရှိသေးပေမဲ့ သူ့အဖေက သူ့ကို ရွှေဓားပြိုင်ပွဲ ဝင်ပြိုင်ဖို့ အမိန့်ပေးခဲ့တယ်တဲ့။ သနားစရာကောင်းတဲ့ ကလေးပဲ။”



ပရိတ်သတ် တော်တော်များများဟာ ဂျိနင်အတွက် စိတ်မကောင်းဖြစ်သွားကြတယ်။ နောက်ဆုံးပြောရရင် ၈ယောက်လုံးမှာ နင်ဟာ အပုဆုံးနဲ့ အသေးဆုံးပဲလေ။ ပြီးတော့ အသက် အငယ်ဆုံးလေ။ ပြီးတော့ နင်ဟာ အရမ်းကို ခန့်ညားတယ်။ ကြည့်ကောင်းတယ်ပေါ့။  ဒါပေမဲ့ သူ့မှာ ဒဏ္ဍာရီထဲက နှလုံးသား အေးစက်တဲ့ အဖေ ရှိနေတယ်။ သူ့အဖေ ဘယ်လောက် သူ့အပေါ်တင်းကျပ်မလဲဆိုတာကို ခန့်မှန်းလို့ရတယ်။



“မင်းတို့တွေ ရွေးလို့ပြီးပြီလား။”

ဆံပင်ရှည်နဲ့ အမျိုးသမီးက လူငယ် ၈ယောက်ကို မေးလိုက်တယ်။



စင်မြင့်ရဲ့တစ်ဖက်မှာ လူငယ် ၇ယောက် လက်နက်မျိုးစုံကို ကိုင်ပြီးတော့ နင်ကို ရပ်ကြည့်နေကြတယ်။ ဓား ၊ လှံ ၊ ..



တစ်ဖက်မှာတော့ နင်တစ်ယော်ကတည်း ရပ်နေတယ်။



နင်ဟာ ဓားရှည်ကို ကိုင်ပြီးတော့ အေးအေးဆေးဆေး တည်တည်ညိမ်ညိမ် ရပ်ကြည့်နေတယ်။



“မင်းတို့တွေ ရွေးချယ်ပြီးပြီဆိုရင်တော့ .. ကဲ စတင်တိုက်ခိုက်လို့ ရပြီ။”

ဆံပင်ရှည်နဲ့ အမျိုးသမီးက လက်ဝှေ့ယမ်းပြီး ကျန်တဲ့ လက်နက်တွေကို သိမ်းဆည်းလိုက်တယ်။



သူ့စကားသံလည်းထွက်လာရော…



ဝှစ်..ဝှစ်… ဝှစ်…

စင်မြင့် တစ်ဖက်မှာ ရှိနေတဲ့ ၇ယောက်လုံးဟာ တစ်ဖက်မှာ ရပ်နေတဲ့ နင်ဆီကို အရမ်းမြန်တဲ့ အလျင်တနဲ့ ပြေးဝင်သွားကြတယ်။







Chapter ၇  ပြီးပါပြီ။



ဆက်ပါဦးမည်>>>>>>

Chapter 8 ( ဂျိနင်ဓား..)


Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…



Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)