ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 11 (ႏြံေတာထဲ၀ယ္…)

နင္ နဲ႕ သူ႕ရဲ့ အဖြဲ႕သားေတြဟာ ဖယ္ရို မြန္းစတာၾကီး ၃ေကာင္ကို ဒုန္းစိုင္စီးျပီးေတာ့ ေတာင္ေပၚေတာအုပ္ ဧရိယာထဲကို ၀င္သြားၾကပါတယ္။

“ေရွ႕မွာ ျမင္ေနရတာက အေရွ႕ပိုင္းေတာင္ ႏြံေတာ ပါ သခင္ေလး..”

“အေရွ႕ပိုင္းေတာင္ ႏြံေတာ..”
နင္ အေရွ႕ကို လွမ္းေမွ်ာ္ ၾကည့္လိုက္တယ္။

အရမ္းကို ၾကီးမားလြန္းတဲ့ မ်က္စိတဆံုး အထိကို ျဖန္႕က်က္ထားတဲ့ ေႏြဦး ေနေရာင္ျခည္ေတြ အလင္းျပန္ျပီး ပ်ိဳးပ်ိဳးပ်က္ပ်က္နဲ႕ အရမ္းသာယာ လွပါတဲ့ ေရကန္ၾကီးကို ျမင္လိုက္ရတယ္။ အၾကည့္တစ္ခ်က္မွာတင္ သတၱ၀ါၾကီးေတြ ေရထဲမွာ ခုန္ေပါက္ျပီးေတာ့ ငါးေတြ ဖမ္းေနတာနဲ႕ အရမ္းကို ၾကီးမားတဲ့ ေရသတၱ၀ါၾကီးေတြ ကမ္းေျခတစ္ေလွ်ာက္ ေက်ာက္တန္းေတြမွာ ေမွးစက္ေနတာကို ေတြ႕လိုက္ရတယ္။ တစ္ခါတစ္ေလ သတၱ၀ါၾကီးေတြရဲ႕ ဦးေခါင္းၾကီးေတြ ေရေပၚေပၚလာတာကိုလည္း ျမင္ေတြ႕ေနရတယ္။ တစ္ကယ့္ကို သတၱ၀ါဆန္း မြန္းစတားၾကီးေတြရဲ့ ကမာၻပါပဲ။

“အေရွ႕ပိုင္းေတာင္ ႏြံေတာ… ေနာက္ဆံုးေတာ့ ငါတို႕ ေရာက္လာခဲ့ျပီ။”

အေရွ႕ပိုင္းေတာင္ ႏြံေတာ ၾကီးဟာ ဂ်ိကလန္နဲ႕ သံမဏိ သစ္ပင္ ကလန္တို႕ရဲ့ ၾကားနယ္နိမိတ္မွာ တည္ရွိပါတယ္။ သံမဏိ သစ္ပင္ ကလန္ဆိုတာလည္း ဒီ ခ်ိဳင့္၀ွမ္းေဒသၾကီးထဲက အရမ္းကို အစြမ္းထက္တဲ့ ကလန္ၾကီး ျဖစ္ျပီးေတာ့ ဂ်ိကလန္ ရဲ့ ရန္သူေတာ္လည္း ျဖစ္ပါတယ္။

အေရွ႕ပိုင္းေတာင္ ႏြံေတာ ဟာ ကီလိုမီတာ ေထာင္ေက်ာ္ က်ယ္ျပန္႕ျပီးေတာ့ ဂ်ိနင္အရင္ဘ၀က တရုတ္ႏိုင္ငံမွာ ရွိတဲ့ ျပည္နယ္ၾကီး တစ္ခုစာ က်ယ္ျပန္႔ပါတယ္။ ဒီေလာက္ၾကီးမားလြန္းတဲ့ ေရကန္ၾကီးမွာ မေရမတြက္ႏိုင္တဲ့ မြန္းစတားေပါင္းစံု မွီတင္းေနထိုင္ေနတာ မဆန္းပါဘူး။ ဂ်ိကလန္က သိထားတဲ့ မြန္းစတာ အေရအတြက္ဟာ ဂဏန္း ၁၂လံုး အေရအတြက္အထိ ရွိေနပါတယ္။

အေနာက္ဘက္ ဂ်ိကလန္ ျမိဳ႕ေတာ္ကေန ခရီး စထြက္လာကတည္းက နင္ဟာ ဇင္တ်န္အဆင့္ မြန္းစတားတခ်ိဳ႕နဲ႕ တုိက္ခိုက္ခ်င္ေနခဲ့တာပါ။ ဒါေပမဲ့ မိစာၦမြန္းစတားၾကီးတြ မွန္သမွ်က ေရကန္ၾကီးေတြနဲ႕ ေတာင္ျမင့္ၾကီးေတြမွာပဲ ပုန္းခိုေနၾကတာ မ်ားပါတယ္။ သူတို႕ေတြကို ဘယ္လိုလုပ္ လြယ္လြယ္နဲ႕ ရွာေတြ႕မွာလည္း။ အရင္ တစ္ေခါက္တုန္းက သူ တစ္လေလာက္ အခ်ိန္ အကုန္ခံျပီး ရွာတာ တစ္ေကာင္မွ မေတြ႕ ခဲ့ဘူး။ ဒါနဲ႕ နင္ က အေရွ႕ပိုင္းေတာင္ ႏြံေတာကို လမ္းေၾကာင္းေျပာင္းျပီးေတာ့ လာခဲ့တာေပါ့။

“အေရွ႕ပိုင္းေတာင္ ႏြံေတာမွာ မြန္းစတားေတြ အမ်ားၾကီး ရွိေနတယ္။ ေတာ္ေတာ္မ်ားမ်ားက ဇင္တ်န္ အစဦးအဆင့္ မြန္းစတားေတြ။ ငါတစ္ေကာင္မွ ရင္ဆိုင္မေတြ႕ဘူးဆိုတာကို မယံုဘူး။”
နင္ဟာ ေမြးခါစ ႏြားေပါက္ေလးလိုပဲ ေၾကာက္လန္႕မႈကို နားမလည္တတ္ဘူး ျဖစ္ေနတယ္။ ဒါေပမဲ့ သူဟာ အရမ္းကို သတိၾကီးပါတယ္။ ဂ်ိကလန္ရဲ့ မိသားစုေတြအမ်ားၾကီး ဒီအေရွ႕ပိုင္းေတာင္ ႏြံေတာမွာ အသက္ဆံုးရွံဳးခဲ့ၾကတယ္။ သူ႕အဖိုး တစ္ေယာက္လည္းအေရွ႕ပိုင္းေတာင္ ႏြံေတာမွာ ေသဆံုးခဲ့ဖူးတယ္ေလ။

…..

“မို၀ူ ၊ ေဆာင္းဦး သစ္ရြက္ေလး…”
နင္ သူ႕ရဲ့ ဖယ္ရို သတၱ၀ါၾကီးေပၚကေန ခုန္ဆင္းလိုက္ျပီးေတာ့ မွာလိုက္တယ္။
“အေရွ႕ပိုင္းေတာင္ ႏြံေတာ ဟာ အရမ္းကို အႏ ၱရာယ္မ်ားတယ္။ ေနရာတိုင္းမွာ အႏ ၱရာယ္ရွိတဲ့ ေနရာခ်ည္းပဲ။ ျပီးေတာ့ ဖယ္ရို မြန္းစတားေတြကို ေရထဲမွာ သံုးလို႕ အဆင္မေျပဘူး။ မင္းတို႕ ၂ေယာက္ ဒီ ဖယ္ရို မြန္းစတား ၂ေကာင္ကို ျပန္ေခၚသြားျပီးေတာ့ မက္တယ္စတုန္း မ်ိဳးႏြယ္စု ေနရာမွာ သြားေနျပီး ငါျပန္လာတာကို ေစာင့္ေနလိုက္ေတာ့။”

မို၀ူနဲ႕ ေဆာင္းဦးသစ္ရြက္ေလး တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾကျပီးေတာ့ တေလးတစားနဲ႕
“သခင္ေလး အမိန္႕အတိုင္းပါ။”

“ဒယ္လာ… မင္းနဲ႕ငါ ဒီေရကန္ထဲမွာ ခရီးဆက္ၾကမယ္။ မင္းငါ့ကို ဒီပတ္၀န္းက်င္အေနအထားနဲ႕ ကၽြမ္း၀င္ေအာင္ လိုက္ျပျပီးရင္ မင္းရဲ့မ်ိဳးႏြယ္စုေက်းရြာကို ျပန္ျပီးေတာ့ နားလို႕ရျပီ။”
နင္ ေခၽြးေတြ ရႊဲေနတဲ့ လူၾကီးကို ၾကည့္ျပီးေတာ့ ေျပာလိုက္တယ္။

“ဟုတ္ကဲ့ပါ သခင္ေလး…”
ဦးေလးဒယ္လာ ရိုရိုေသေသနဲ႕ ေျဖလိုက္ပါတယ္။

“သြားၾကစို႕..”

နင္ ေရွ႕ကေန ဦးေဆာင္သြားျပီးေတာ့ ဦးေလးဒယ္လာက သူ႕ရဲ့ ပုဆိန္ၾကီးကို လြယ္ျပီးေတာ့ ေနာက္ကေန လိုက္ပါလာတယ္။ ေဆာင္းဦးသစ္ရြက္ေလးနဲ႕ မို၀ူတို႕ သူတို႕ သခင္ေလး အေရွ႕ပိုင္းေတာင္ ႏြံေတာထဲ ၀င္ေရာက္သြားတာကို စိတ္လႈပ္ရွားစြာနဲ႕ ၾကည့္ေနၾကတယ္။ သူတို႕ေတြလည္း ဒီေနရာမွာ ဘာမွ မကူညီေပးႏိုင္ၾကပါဘူး။ တစ္ေယာက္က အခိုင္းအေစ ေကာင္မေလး ျဖစ္ျပီးေတာ့ တေယာက္ကေတာ့ သခင္ေလးကို အရမ္းမ်ားျပားတဲ့ သူ႕ရဲ့ ဘ၀ ခရီးသြားတဲ့ အေတြ႕အၾကံဳေတြ အေၾကာင္း သင္ၾကားေပးဖို႕ လိုက္ပါလာသူသာ ျဖစ္ပါတယ္။ သူတို႕ရဲ့ ပါ၀ါက နင္နဲ႕ ႏႈိင္းယွဥ္လိုက္ရင္ အမ်ားၾကီး နိမ့္ပါတယ္။

ေရကန္ၾကီး တစ္ခုလံုးဟာ အရမ္းကို လွပတဲ့ ရႈခင္းေတြနဲ႕ ျပည့္ေနပါတယ္။

“ဒီေရကန္ၾကီးထဲမွာ ေျမၾကီးမာတဲ့ ကၽြန္းကေလးေတြလည္း ရွိပါတယ္ သခင္ေလး။ တစ္ခ်ိဳ႕ေနရာေတြမွာဆို ရြာကေလးေတြေတာင္ ရွိပါေသးတယ္။ ဒါေပမဲ့ ေနရာေတာ္ေတာ္မ်ားမ်ားက ရႊံ႕ႏြံေတြခ်ည္းပါပဲ။ သခင္ေလး အဲ့ေနရာေတြ နင္းမိသြားတာနဲ႕ နြံထဲကို နစ္သြားလိမ့္မယ္။ ျပီးေတာ့ တစ္ခ်ိဳ႕ေနရာေတြမွာ အနက္တိုင္းလို႕မရေအာင္ကို ေရအရမ္းကို နက္ပါတယ္။ ဒီ ႏြံေတာထဲမွာ သခင္ေလး သတိထားျပီး မသြားရင္ ႏြံေတာက သခင္ေလးကို ၀ါးမ်ိဳသြားပါလိမ့္မယ္ေနာ္။”
ဦးေလး ဒယ္လာက နင္ကို ေျပာျပလိုက္တယ္။

နင္က သူ႕ေဘးမွာ ရွိေနတယ္။

“ကၽြန္ေတာ္တို႕ မက္တယ္စတုန္း မ်ိဳးႏြယ္စုဟာ ႏြံေတာ ၀န္းက်င္က ရြာေလးမွာ ေနထို္င္ခဲ့တာ ရာစုႏွစ္ တခ်ိဳ႕ ရွိေနပါျပီ။ ကၽြန္ေတာ္တို႕ေတြ မၾကာခဏ ဒီမွာ ငါးလာဖမ္းၾကပါတယ္။ ဘယ္လမ္းကို သြားသင့္တယ္ ဘယ္လမ္းကို မသြားသင့္ဘူးဆိုတာကို ကၽြန္ေတာ္တို႕ေတြ ေသခ်ာ သိၾကပါတယ္။”
ဦးေလး ဒယ္လာဟာ သူ႕ကို သူ အရမ္းကို ယံုၾကည္မႈ ရွိေနပါတယ္။

Pa! Pa!

ရႊံ႕ႏြံထဲမွာ ျဖတ္သန္းျပီးေတာ့ ဂ်ိနင္ဟာ သူ႕ရဲ့ စစ္သူရဲ ေနာက္ကေန လိုက္လာေနပါတယ္။

“ၾကည့္စမ္းပါဦး”
ဂ်ိနင္လက္ထဲမွာ သားေရျပား ခ်ပ္တစ္ခ်ပ္ ေပၚလာတယ္။
“ဒီဟာက အေရွ႕ပိုင္းေတာင္ ႏြံေတာရဲ့ ေျမပံုပဲ။ ငါ အမွတ္ေလးေတြ ၀ိုင္းထားတဲ့ ေနရာေတြကို ပို႕ေပးပါဦး။”

“အား… ”
ဦးေလး ဒယ္လာ အလန္႕တၾကားေအာ္လိုက္တယ္။
“ဒီေနရာ.. ဒီေနရာေတြက မြန္းစတားၾကီးေတြ ခိုေအာင္းေနတဲ့ ေနရာေတြ ခ်ည္းပဲ။ အႏ ၱရာယ္ အမ်ားဆံုးေနရာေတြ။ ကၽြန္ေတာ္တို႕ သြားလို႕ မျဖစ္ဘူး။”

“မင္း အဲ့ဒီေနရာေတြကို သြားဖို႕မလိုပါဘူး။”
နင္ ေခါင္းညိတ္လိုက္ျပီးေတာ့
“ငါ့ကို ေနရာေရာက္တဲ့ အထိ လမ္းျပေပးျပီး ဘယ္ေလာက္ဆက္သြားရမယ္ဆိုတာပဲ ေျပာေပးရမွာပါ။”

ဦးေလး ဒယ္လာ ဦးေခါင္းမွာ ေခၽြးေတြ ဘူးသီး လံုးေလာက္ သီးလာတယ္။ သူေခါင္းညိတ္လို္က္ပါတယ္။
“ေကာင္းပါျပီ သခင္ေလး။ ကၽြန္ေတာ္ သခင္ေလးကို ေခၚသြားပါ့မယ္။”

…..

အေရွ႕ပိုင္းေတာင္ ႏြံေတာ ဟာ အရမ္းကို က်ယ္ျပန္႕လြန္းပါတယ္။ သူတို႕ေတြ လမ္းေလွ်ာက္ျပီး သြားေနရတဲ့ အတြက္လည္း ခရီးက သိပ္မတြင္လွပါဘူး။ ျပီးေတာ့ လမ္းေတြက အရမ္းကို ရႈပ္ေထြးတဲ့အျပင္ နင္ကလည္း အခုမွ ပထမဦးဆံုး ဒီကို ေရာက္ဖူးတာေလ။ ဒါေပမဲ့ ဦးေလးဒယ္လာက အေတြ႕အၾကံဳ အရမ္းမ်ားျပီး ျဖတ္လမ္းေတြကို သိတာေၾကာင့္ သူတို႕ေတြ ႏြံေတာကို အခက္အခဲ မရွိပဲ သြားလာႏိုင္ခဲ့ပါတယ္။

မ်က္စိ တမွိတ္အတြင္းမွာ တစ္လဟာ ကုန္ဆံုးသြားခဲ့ပါတယ္။

နင္ဟာ ရိကၡာေတြ ေသာက္စရာေတြကို သူ႕ရဲ့ ေကေက်ာက္တံုးထဲ အျပည့္အစံု ထည့္ခဲ့ျပီးေတာ့ ျပင္ဆင္ခဲ့တဲ့အျပင္ကို ေတာေကာင္ေတြကိုလည္း ကင္ျပီးေတာ့ စားေသာက္ၾကပါေသးတယ္။ သူတို႕ေတြဟာ ေကာင္းကင္ကို ေစာင္ ေျမျပင္ကို အိပ္ရာလုပ္ျပီးေတာ့ ၾကံဳသလို အိပ္စက္ျပီး ခရီးဆက္ၾကပါတယ္။ ဒါေပမဲ့ နင္ဟာ မြန္းစတားေတြကို အေလာတၾကီး ရွာေဖြျပီးေတာ့ မတိုက္ခိုက္ပါဘူး။ ပထမဆံုး သူတို႕ ရွိမဲ့ေနရာကို အတည္ျပဳလိုက္ပါတယ္။ ျပီးေတာ့မွ သူတစ္ေယာက္တည္း ႏြံေတာထဲကို သြားျပီးေတာ့ ကမာၻနဲ႕ တစ္သားတည္း ေျခကြက္ကို အသံုးျပဳျပီး ႏြံေတာေပၚကေန ျဖတ္ေလွ်ာက္သြားပါတယ္။ ဒါေၾကာင့္ သူဟာ တစ္ရက္တည္းမွာ ကီလိုမီတာေပါင္းမ်ားစြာကို ျဖတ္သန္းသြားလာႏိုင္ေနပါတယ္။

“ဒီေနရာကေတာ့ ေနာက္ဆံုးေနရာပါပဲ။”
ဦးေလး ဒယ္လာက အေ၀းတစ္ေနရာကို လက္ညိဳးညႊန္ျပလိုက္ပါတယ္။ အဲ့ဒီေနရာမွာ အနည္းဆံုး ၃မီတာေလာက္ ျမင့္တဲ့ အဖိုးတန္တဲ့ ေရသစ္ပင္မ်ိဳးစံု ေပါက္ေနၾကျပီးေတာ့ ေလထဲမွာ ယိမ္းႏြဲ႕ လႈပ္ရွားေနၾကပါတယ္။
“အဲ့ဒီ အပင္ေတြ ေပါက္ေနတဲ့ ေနရာက အရမ္းကို ၾကီးမားတဲ့ မြန္းစတားၾကီးေတြ ရဲ့ နယ္ေျမပါပဲ။ အဲ့ဒီ မွာ အင္မတန္႕ အင္မတန္ ၾကီးမားတဲ့ မိစာၦမြန္းစတား ေရ ၾကံံ့ၾကီး ေတြ ရွိျပီးေတာ့ အနည္းဆံုး တစ္ေကာင္ကို ေတာင္ကေလးတစ္လံုးစာေလာက္ကို ၾကီးမားပါတယ္။”

“ေကာင္းျပီ။ ငါတို႕ေတြ ျပန္ၾကရေအာင္။ မက္တယ္စတုန္း မ်ိဳးႏြယ္စုကို ငါတို႕ ျပန္ေရာက္ရင္ မင္းကို ဆုလာဘ္ေတြ အမ်ားၾကီး ခ်ီးျမွင့္ဦးမယ္။”

“သခင္ေလး ကၽြန္ေတာ့ကို ေပးထားတာေတြက လိုတာထက္ေတာင္ ပိုပါေသးတယ္။”
ဦးေလးဒယ္လာ ခ်က္ျခင္းျပန္ေျပာလိုက္ပါတယ္။

ဒီ အခုမွ ျမင္ရတဲ့ လူငယ္ေလးဟာ ေၾကာက္စရာေကာင္းေလာက္ေအာင္ကို အစြမ္းထက္လြန္းေနပါတယ္။ အေရွ႕ပိုင္းေတာင္ ႏြံေတာမွာ ေနခဲ့တဲ့ တစ္လတာအတြင္းမွာ သူတို႕ကို မြန္းစတားေတြ က အျမဲဆိုသလို လာတိုက္ခိုက္ၾကတယ္။ ဒါေပမဲ့ အကုန္လံုး ဒီ လူငယ္ေလးရဲ့ ဓားခ်က္ တစ္ခ်က္တည္းနဲ႕ အသက္ ေပ်ာက္ကုန္ၾကပါတယ္။ နင္ဟာ မြန္းစတားေတြရဲ့ အေလာင္းကို ဒီတိုင္း ဂရုမစိုက္ပဲ ပစ္ထားေပမဲ့ ဦးေလးဒယ္လာကေတာ့ ဒီမြန္းစတားေတြရဲ့ အေလာင္းကို ခ်န္ခဲ့ရတုိင္း စိတ္မေကာင္း ျဖစ္ေနပါတယ္။ ဒီမြန္းစတားအသားေတြဟာ တန္ဖိုးအလြန္ၾကီးမားပါတယ္။ သူတို႕ ရြာေလးကို ျပန္သယ္သြားႏိုင္ျပီးေတာ့ ေရာင္းခ်ခြင့္ရခဲ့ရင္ သူတို႕ရြာေလး ေတာ္ေတာ္ကို အေျခအေန ေကာင္းလာမွာပါ။ ဒါေပမဲ့ သူလည္း ျပန္မသယ္သြားႏိုင္တဲ့အတြက္ မြန္းစတား အေလာင္းေတြက တန္ဖိုးရွိတဲ့ အပိုင္းတစ္ခ်ိဳ႕ကို ပဲ လွီးျဖတ္ျပီးေတာ့ အိ္တ္နဲ႕ ဆံ့သေလာက္ တပိုင္ပဲ သယ္သြားေနရပါတယ္။

“ဟင္…?”
နင္ ေကာ ဦးေလး ဒယ္လာေကာက အေ၀းတစ္ေနရာကို စူးစိုက္ၾကည့္လိုက္ၾကပါတယ္။

အဲ့ဒီ အေ၀းတစ္ေနရာမွာ လူေတာ္ေတာ္ပါတဲ့ စစ္သူရဲ တစ္စု ကို ေတြ႕လိုက္ရပါတယ္။

ႏြံေတာထဲမွာက ေျမမာတဲ့ေနရာ ၊ ေျမေပ်ာ့တဲ့ ေနရာ ၊ ေတာင္ကုန္းေလးေတြ နဲ႕ ေတာင္ကုန္းၾကီးေတြ လည္း အမ်ားၾကီး ရွိေနပါတယ္။ ဒီေတာင္ကုန္းၾကီးေတြကို အေရွ႕ပိုင္း ေတာင္ကုန္းေတြလို႕ သိၾကျပီးေတာ့ ဒီေတာင္ကုန္းကို အစြဲျပဳျပီး အေရွ႕ပိုင္းေတာင္ ႏြံေတာၾကီးကို လူေတြ သိၾကပါတယ္။

အေ၀းတစ္ေနရာက ေတာင္ကုန္းေပၚမွာ လူ ရ ာေက်ာ္ရွိတဲ့ စစ္သူရဲ တပ္တစ္ခုကို ေတြ႕လိုက္ရပါတယ္။ ခ်က္ျခင္းပဲ လူ ၁၀ေယာက္ေလာက္က နင္နဲ႕ ဦးေလး ဒယ္လာဆီကို ေျပးလာၾကပါတယ္။

“ဘာျဖစ္တာလဲဟ?”
နင္ မ်က္ေမွာင္ ၾကဳတ္လိုက္တယ္။

“ျမန္ျမန္ ထြက္သြားၾကရေအာင္”
ဦးေလး ဒယ္လာ ေၾကာက္လန္႕ျပီးေတာ့ ေနာက္ကို လွည့္ေျပးပါေတာ့တယ္။

Shua!
လူ တစ္ေယာက္က အျပာေရာင္ သံခ်ပ္ကာ ၀တ္စံုကို ၀တ္ဆင္ထားျပီးေတာ့ အရမ္းျမန္တဲ့ အလ်င္နဲ႕ ေျပးလာျပီး ဦးေလးဒယ္လာေရွ႕မွာ ရုတ္တရက္ ပိတ္ရပ္လိုက္ပါတယ္။

“မင္းတို႕ ၂ေယာက္”
သံခ်ပ္ကာ အျပာေရာင္နဲ႕ လူက သူတို႕ကို ေအးစက္စက္ အၾကည့္နဲ႕ ၾကည့္လိုက္ျပီးေတာ့ နင္ရဲ့ အရမ္း အဖိုးတန္တဲ့ သားေမြး ၀တ္စံုေတြကို ျမင္ျပီး အံ့ၾသျပီး တစ္ခ်က္ စကားေျပာတုန္႕ သြားပါတယ္။
“ငါတို႕နဲ႕ လိုက္ခဲ့ရမယ္”

“ကၽြန္ေတာ္တို႕ဆီက ဘာမ်ား အလိုရွိလို႕ပါလဲ?”
ဦးေလး ဒယ္လာက အျပာေရာင္ သံခ်ပ္ကာကို ေတြ႕ေတာ့ တေလးတစားနဲ႕ ေမးလိုက္ပါတယ္။

တျခား လူ၉ေယာက္လည္း သူတို႕ အနီးကို ေရာက္လာပါတယ္။ သူတို႕ေတြ အကုန္လံုး ခ်ပ္၀တ္တန္ဆာေတြ ၀တ္ထားၾကပါတယ္။

“ျမန္ျမန္လာစမ္း။ မင္းတို႕ကို ငါတို႕နဲ႕ လိုက္ခဲ့ေျပာရင္ လိုက္ခဲ့ လိုက္။ ဒါမွမဟုတ္ရင္ ေသေန႕ေစ့သြားလိမ့္မယ္။”
ဒီ သံခ်ပ္ကာ ၀တ္ထားတဲ့ လူေတြ အကုန္လံုး လက္နက္ေတြကို အသင့္ျပင္ထားျပီးေတာ့ သူတို႕ကို ေအးစက္စကအ စိုက္ၾကည့္ေနၾကပါတယ္။ သူတို႕ေတြရဲ့ လက္နက္ေတြကို သူတို႔ အရမ္းကၽြမ္းကၽြမ္းက်င္က်င္ သံုးတတ္တာကို ၾကည့္တာနဲ႕ သိႏိုင္ပါတယ္။

ဦးေလးဒယ္လာက နင္ကို ၾကည့္လိုက္ပါတယ္။

“သြားၾကည့္ၾကည့္ၾကတာေပါ့။”
နင္ဟာ အရမ္းကို ေအးေဆး တည္ျငိမ္ေနပါတယ္။ ဒီ သံခ်ပ္ကာ၀တ္ စစ္သားေတြဟာ သာမာန္လူေတြ နဲ႕ မတူပါဘူး။ ဒါေပမဲ့ သူ႕အတြက္ေတာ့ သူတို႕ေတြဟာ ၾကက္ေပါက္ကေလးေတြ ၀ံပုေလြနဲ႕ ေတြ႕တာနဲ႕ အတူတူပါပဲ။ ဒါေပမဲ့ ဒီ စစ္သားေတြက သူကို ဘာလို႕ လိုက္ေစခ်င္ရတာလည္း? နင္လည္း မလိုအပ္ပဲနဲ႕ သတ္ျဖတ္တာေတြ လုပ္ရတာ ၀ါသနာ မပါပါဘူး။

“သြားစမ္း..”

“ျမန္ျမန္..”

စစ္သား ၁၀ေယာက္ ျခံရံျပီးေတာ့ နင္နဲ႕ ဦးေလး ဒယ္လာ ေတာင္ကုန္းဆီကို ဦးတည္လာေနပါတယ္။

ေတာင္ကုန္းေပၚမွာ ျမက္ပင္ တခ်ိဳ႕ ေပါက္ေနျပီးေတာ့ လူတစ္ရာေက်ာ္ေလာက္ ရွိေနပါတယ္။ အမ်ားစုဟာ ေျခလက္ေတြ တုပ္ေႏွာင္ခံထားရပါတယ္။ သူတို႕ ၀န္းက်င္မွာ သံခ်ပ္ကာ၀တ္ စစ္သား တစ္ရာေက်ာ္ ေစာင့္ၾကည့္ေနပါတယ္။ အားလံုးရဲ့ အလယ္မွာ ေက်ာက္ကုလားထိုင္ တစ္လံုးရွိေနျပီးေတာ့ ကုလားထုိင္ေပၚမွာ အရပ္ ၆ေပေက်ာ္ ၾကြက္သားေတြ အျပိဳင္းျပိဳင္းနဲ႕ သံခ်ပ္ကာ အထူၾကီး ၀တ္ထားတဲ့ လူၾကီးက ၾသဇာအျပည့္ အၾကည့္နဲ႕ အကုန္လံုးကို ၾကည့္ေနပါတယ္။

နင္ အဲ့ဒီ လူၾကီးကို ေတြ႕လိုက္ရေတာ့ အံ့ၾသသြားပါတယ္။ နင္ရဲ့ အိတ္ေဆာင္ထဲက မိစာၦေက်ာက္တံုးဟာ ခ်က္ျခင္းပူလာပါတယ္။ ဒီအနီး၀န္းက်င္မွာ မိစာၦ ရွိေနတာ ေသခ်ာပါတယ္။ နင္က ကုလားထိုင္ေပၚက လူၾကီးမွာ တမူထူးျခားတဲ့ အေငြ႕အသက္ေတြ ထြက္ေနတာကို တစ္ခ်ိန္တည္း ခံစားလိုက္မိပါတယ္။

“ဒီအနီဒးအနားမွာ မြန္းစတားၾကီး ရွိေနျပီ။”
နင္ ခ်က္ျခင္း အနီးအနားက လူေတြအကုန္လံုးကို ေလ့လာၾကည့္လို္က္တယ္။

သူျမင္သမွ် အကုန္လံုးက လူေတြခ်ည္းပါပဲ။ လူအသြင္ေျပာင္ႏိုင္တဲ့ မြန္းစတာဆိုရင္ မိစာၦမြန္းစတားၾကီး ဆိုတာေသခ်ာေနပါျပီ။

နင္ဟာ ပစၥည္းကိရိယာ ေပါင္းစံုကို သူနဲ႕အတူ ယူေဆာင္လာတဲ့ အထဲမွာ မိစာၦေက်ာက္တံုးလည္း တစ္ခု အပါအ၀င္ပါ။ မိစာၦေက်ာက္တံုးဆိုတာက အရမ္းကို ထူးျခားတဲ့ သဘာ၀တြင္းထြက္ေက်ာက္တစ္မ်ိဳးပါ။ သူတို႕ေတြ မိစာၦရဲ့ အေငြ႕အသက္ကို ရလိုက္တာနဲ႕ အပူနဲ႕ အလင္း စြမ္းအင္ကို ထုတ္ေပးပါတယ္။ အေနာက္ဘက္ ဂ်ိျမိဳ႕ေတာ္ထက္ၾကီးတဲ့ ျမိဳ႕ေတာ္ၾကီးေတြမွာဆိုရင္ မိစာၦ ေဖာ္မွန္ၾကီးေတြကို ျမိဳ႕တံခါးေတြမွာ တပ္ဆင္ထားၾကပါတယ္။ အဲ့ဒီမွန္ၾကီးေတြက မိစာၦေက်ာက္တံုးေတြ အမ်ားၾကီးနဲ႕ ဖြဲ႕စည္းျပဳလုပ္ထားတာပါ။ မြန္းစတား မိစာၦေတြ အနီးကို ေရာက္လာတာနဲ႕ မိစာၦေဖာ္မွန္ ၾကီးေတြက အလင္းေတြ ထြက္လာပါတယ္။

လူေတြမွာလည္း အေငြ႕အသက္ရွိသလို မြန္းစတားေတြမွာလည္း သူတို႕ရဲ့ အေငြ႕အသက္ေတြ ရွိပါတယ္။ ေအာ္ရာေတြေပါ့။ ဒါေတြဟာ ေအာ္ရာအမ်ိဳးအစား ေတြထဲက တစ္မ်ိဳးေပါ့။

“ဒယ္လာ”

“ဦးေလး ဒယ္လာ”

ရုတ္တရက္ ေအာ္ေခၚသံေတြ ၾကားလိုက္ရပါတယ္။

နင္ ေကာ ဦးေလး ဒယ္လာေကာက လွည့္ၾကည့္လိုက္ေတာ့ တုပ္ေႏွာင္ခံထားရတဲ့ လူေတြထဲက ၁၀ေယာက္ေလာက္က သူတို႕ကို ေခၚေနတာ ေတြ႕လိုက္ရပါတယ္။ ဒီလူေတြကိုျမင္ေတာ့ ဦးေလးဒယ္လာ အရမ္းကို ၀မ္းနည္းသြားပါတယ္။ သူတို႕ ၁၀ေယာက္ ေလာက္က သူ႕ရဲ႕ မ်ိဳးႏြယ္စုက လူေတြျဖစ္ေနလို႕ပါ။

“က်ားနက္.. မင္းဘာလို႕ ဒီမွာ အခ်ဳပ္ခံထားရတာလည္း?”

“ဒယ္လာ မင္းဒီကို ဘာလာလုပ္တာလည္း။ အဲ့ဒီ လူ အၾကီးၾကီးက မိစာၦၾကီး။ သူက ငါတို႕ အားလံုးကို စားပစ္ေတာ့မွာ။”
အခ်ဳပ္ခံထားရတဲ့ လူတစ္ေယာက္က ေအာ္ဟစ္ေျပာလိုက္ပါတယ္။

“မိစာၦ မြန္းစတားၾကီး….”
ဦးေလးဒယ္လာ ထိတ္လန္႕သြားပါတယ္။

နင္ဟာ စစ္သားေတြအလယ္က ခံုမွာ ထို္င္ေနတဲ့ လူအၾကီးၾကီးကို ေသခ်ာၾကည့္လိုက္ပါတယ္။ သူေသခ်ာၾကည့္လိုက္ေတာ့ လူၾကီးရဲ့ ႏႈတ္ခမ္းစြမ္းမွာ ေသြးစေတြကို ေတြ႕လိုက္ျပီးေတာ့ သူကေသြးစေတြကို ရက္စက္ေၾကာက္မက္ဖြယ္ရာ သ႑ာန္နဲ႕ ႏႈတ္ခမ္းသတ္ ေနတာေတြ႕လိုက္ပါတယ္။ နင္ ရဲ့ စိတ္ထဲမွာ ရုတ္တရက္ သတ္ျဖတ္ခ်င္စိတ္ေတြ အဆမတန္ ၾကီးမားလာပါတယ္။
“ဒါ မိစာၦၾကီးပဲ။ ငါ့ မိစာၦေက်ာက္တံုးက အာရံုရခဲ့တာ သူ႕ကိုပဲ။ အေရွ႕ပိုင္းေတာင္ ႏြံေတာ မွာ မြန္းစတားၾကီး ၁၂ေကာင္ အုပ္စိုးတယ္။ ဒီေကာင္က ဘယ္တစ္ေကာင္ျဖစ္မလဲ။”

“မင္းတို႕ပါးစပ္ေတြ ပိတ္ထားလိုက္ၾကစမ္း။”
စစ္သားတစ္ေယာက္က ေရာက္လာျပီးေတာ့ ေအာ္ဟစ္ေနတဲ့ လူကို ကန္ေက်ာက္လိုက္တယ္။
“မင္းတို႕အားလံုး ေသာက္ပါးစပ္ကို ပိတ္ထားလိုက္ၾက။”

“မင္းက မင္းရဲ့ မ်ိဳးႏြယ္၀င္ လူသားေတြကို မြန္းစတားၾကီးအတြက္ နွိပ္စက္ေနတယ္။ ဒါကို မင္းက ငါတို႕ကို ပါးစပ္ပိတ္ခိုင္းထားရဲေသးတယ္။”

“ျပီးေတာ့ မင္းတို႕ေတြက သံမဏိ သစ္ပင္ ကလန္က အျပာေရာင္ သူရဲေကာင္း ေတြပဲ။ မင္းတို႕ လုပ္ရပ္က သံမဏိ သစ္ပင္ ကလန္ကို အရွက္ရေစတယ္။ ရွက္ဖြယ္လိလိပဲ။”

“ကန္လိုက္စမ္းပါ။ ၾကိဳက္သေလာက္ ကန္လိုက္စမ္းပါ။ ငါတို႕အကုန္ ေသသြားတဲ့ အထိ မင္းစိတ္ၾကိဳက္ ကန္လိုက္စမ္းပါ။”

လူေတြ အကုန္လံုး ဆူပူ ေအာ္ဟစ္ကုန္ၾကပါေတာ့တယ္။

“ရပ္ၾကစမ္း”
ေက်ာက္ကုလားထိုင္ေပၚထိုင္ေနတဲ့ လူသန္ၾကီးက ေအာ္ဟစ္လိုက္တယ္။ သူ႕အသံဟာ ကၽြဲခ်ိဳမႈတ္လိုက္သလို အရမ္းကို စူးရွက်ယ္ေလာင္ေနတယ္။
“မင္း သူတို႕ကို ေသေအာင္ ကန္လိုက္ရင္ ငါမင္းကို စားပစ္ရလိမ့္မယ္။”

စစ္သူရဲက လူသန္ၾကီးကို တစ္ခ်က္ၾကည့္ျပီးေတာ့ သူ႕ေနရာသူ ျပန္ထိုင္ေနလိုက္တယ္။

ကတံုးေျပာင္နဲ႕ အျပာေရာင္ စစ္သူရဲတစ္ေယာက္က
“ေရၾကံ့ ဘုရင္ၾကီး ခင္ဗ်ာ…ကၽြန္ေတာ္တို႕ေတြ အရွင့္အတြက္ လူအေယာက္ ၅၀၀ေက်ာ္ ကို ဖမ္းဆီးေပးခဲ့ျပီးပါျပီ။ ကၽြန္ေတာ့္ လူေတြက ေနရာတိုင္းမွာ ျဖန္႕က်က္ျပီးေတာ့ တာ၀န္ေက်ေက် လုပ္ေဆာင္ေပးခဲ့ပါတယ္။ ကၽြန္ေတာ္တို႕ရဲ့ သခင္ေလးကို ျပန္လႊတ္ေပးပါ။ ကၽြန္ေတာ္တို႕ သံမဏိ သစ္ပင္ ကလန္က ဒီအျဖစ္အပ်က္ေတြကို သင္ပုန္းေခ်ေပးပါ့မယ္။ တစ္ကယ္လို႕သာ ဒီလို ဆက္ျဖစ္ေနမယ္ဆိုရင္ .. အရွင္ေရၾကံ့ ဘုရင္ၾကီးလည္း နားလည္ပါတယ္။ အရွင္ ကၽြန္ေတာ္တို႕ သံမဏိ သစ္ပင္ ကလန္ရဲ့ ေဒါသကို ထိပ္တိုက္ မရင္ဆိုင္ႏိုင္ပါဘူး။”

ဒီအျဖစ္အပ်က္ကို နင္ဟာ စစ္သူရဲေတြ ၀န္းရံခံေနရာကေနၾကည့္ျပီးေတာ့ မ်က္လံုးေတြ အေရာင္ တဖိတ္ဖိတ္ ေတာက္လာပါတယ္။

“ေရၾကံ့ဘုရင္ၾကီး။”

မြန္းစတားၾကီး ၁၂ေကာင္မွာ ေရၾကံ့မြန္းစတားၾကီး တစ္ေကာင္ပဲ ရွိျပီးေတာ့ အဲ့ဒီ အေကာင္က ဇင္တ်န္ ပထမဦးဆံုးအဆင့္ မွာ ရွိေနပါတယ္။

“ဇင္တ်န္ ပထမဆံုးအဆင့္”
နင္ရဲ့ မ်က္လံုးမွာ ေသမင္းအရိပ္ေတြ ေပၚလာပါတယ္။
“ငါ ဒီလိုအဆင့္ရွိတဲ့ မြန္းစတားကို ေတြ႕ရဖို႕ အခ်ိန္အၾကာၾကီး ရွာေဖြခဲ့ရတယ္။ ရွာေဖြေလ ေတြ႕ရွိေလဆိုတာ တစ္ကယ့္ကို မမွားေပဘူးပဲ။ ဒါေပမဲ့ ဒီလိုၾကီး ခ်က္ျခင္း ေတြ႕ရတာကေတာ့”
နင္ ရဲ့ မ်က္ႏွာမွာ ျပံဳးေရာင္သန္းသြားပါတယ္။



Chapter 11 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>

Chapter 12 ( သတ္ျဖတ္မႈ စတင္ျခင္း…)

Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode

နင် နဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ ဖယ်ရို မွန်းစတာကြီး ၃ကောင်ကို ဒုန်းစိုင်စီးပြီးတော့ တောင်ပေါ်တောအုပ် ဧရိယာထဲကို ဝင်သွားကြပါတယ်။



“ရှေ့မှာ မြင်နေရတာက အရှေ့ပိုင်းတောင် နွံတော ပါ သခင်လေး..”


“အရှေ့ပိုင်းတောင် နွံတော..”

နင် အရှေ့ကို လှမ်းမျှော် ကြည့်လိုက်တယ်။



အရမ်းကို ကြီးမားလွန်းတဲ့ မျက်စိတဆုံး အထိကို ဖြန့်ကျက်ထားတဲ့ နွေဦး နေရောင်ခြည်တွေ အလင်းပြန်ပြီး ပျိုးပျိုးပျက်ပျက်နဲ့ အရမ်းသာယာ လှပါတဲ့ ရေကန်ကြီးကို မြင်လိုက်ရတယ်။ အကြည့်တစ်ချက်မှာတင် သတ္တဝါကြီးတွေ ရေထဲမှာ ခုန်ပေါက်ပြီးတော့ ငါးတွေ ဖမ်းနေတာနဲ့ အရမ်းကို ကြီးမားတဲ့ ရေသတ္တဝါကြီးတွေ ကမ်းခြေတစ်လျှောက် ကျောက်တန်းတွေမှာ မှေးစက်နေတာကို တွေ့လိုက်ရတယ်။ တစ်ခါတစ်လေ သတ္တဝါကြီးတွေရဲ့ ဦးခေါင်းကြီးတွေ ရေပေါ်ပေါ်လာတာကိုလည်း မြင်တွေ့နေရတယ်။ တစ်ကယ့်ကို သတ္တဝါဆန်း မွန်းစတားကြီးတွေရဲ့ ကမ္ဘာပါပဲ။


“အရှေ့ပိုင်းတောင် နွံတော… နောက်ဆုံးတော့ ငါတို့ ရောက်လာခဲ့ပြီ။”



အရှေ့ပိုင်းတောင် နွံတော ကြီးဟာ ဂျိကလန်နဲ့ သံမဏိ သစ်ပင် ကလန်တို့ရဲ့ ကြားနယ်နိမိတ်မှာ တည်ရှိပါတယ်။ သံမဏိ သစ်ပင် ကလန်ဆိုတာလည်း ဒီ ချိုင့်ဝှမ်းဒေသကြီးထဲက အရမ်းကို အစွမ်းထက်တဲ့ ကလန်ကြီး ဖြစ်ပြီးတော့ ဂျိကလန် ရဲ့ ရန်သူတော်လည်း ဖြစ်ပါတယ်။



အရှေ့ပိုင်းတောင် နွံတော ဟာ ကီလိုမီတာ ထောင်ကျော် ကျယ်ပြန့်ပြီးတော့ ဂျိနင်အရင်ဘဝက တရုတ်နိုင်ငံမှာ ရှိတဲ့ ပြည်နယ်ကြီး တစ်ခုစာ ကျယ်ပြန့်ပါတယ်။ ဒီလောက်ကြီးမားလွန်းတဲ့ ရေကန်ကြီးမှာ မရေမတွက်နိုင်တဲ့ မွန်းစတားပေါင်းစုံ မှီတင်းနေထိုင်နေတာ မဆန်းပါဘူး။ ဂျိကလန်က သိထားတဲ့ မွန်းစတာ အရေအတွက်ဟာ ဂဏန်း ၁၂လုံး အရေအတွက်အထိ ရှိနေပါတယ်။



အနောက်ဘက် ဂျိကလန် မြို့တော်ကနေ ခရီး စထွက်လာကတည်းက နင်ဟာ ဇင်တျန်အဆင့် မွန်းစတားတချို့နဲ့ တိုက်ခိုက်ချင်နေခဲ့တာပါ။ ဒါပေမဲ့ မိစ္ဆာမွန်းစတားကြီးတွ မှန်သမျှက ရေကန်ကြီးတွေနဲ့ တောင်မြင့်ကြီးတွေမှာပဲ ပုန်းခိုနေကြတာ များပါတယ်။ သူတို့တွေကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ရှာတွေ့မှာလည်း။ အရင် တစ်ခေါက်တုန်းက သူ တစ်လလောက် အချိန် အကုန်ခံပြီး ရှာတာ တစ်ကောင်မှ မတွေ့ ခဲ့ဘူး။ ဒါနဲ့ နင် က အရှေ့ပိုင်းတောင် နွံတောကို လမ်းကြောင်းပြောင်းပြီးတော့ လာခဲ့တာပေါ့။


“အရှေ့ပိုင်းတောင် နွံတောမှာ မွန်းစတားတွေ အများကြီး ရှိနေတယ်။ တော်တော်များများက ဇင်တျန် အစဦးအဆင့် မွန်းစတားတွေ။ ငါတစ်ကောင်မှ ရင်ဆိုင်မတွေ့ဘူးဆိုတာကို မယုံဘူး။”

နင်ဟာ မွေးခါစ နွားပေါက်လေးလိုပဲ ကြောက်လန့်မှုကို နားမလည်တတ်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ သူဟာ အရမ်းကို သတိကြီးပါတယ်။ ဂျိကလန်ရဲ့ မိသားစုတွေအများကြီး ဒီအရှေ့ပိုင်းတောင် နွံတောမှာ အသက်ဆုံးရှုံးခဲ့ကြတယ်။ သူ့အဖိုး တစ်ယောက်လည်းအရှေ့ပိုင်းတောင် နွံတောမှာ သေဆုံးခဲ့ဖူးတယ်လေ။



…..


“မိုဝူ ၊ ဆောင်းဦး သစ်ရွက်လေး…”

နင် သူ့ရဲ့ ဖယ်ရို သတ္တဝါကြီးပေါ်ကနေ ခုန်ဆင်းလိုက်ပြီးတော့ မှာလိုက်တယ်။
“အရှေ့ပိုင်းတောင် နွံတော ဟာ အရမ်းကို အန ္တရာယ်များတယ်။ နေရာတိုင်းမှာ အန ္တရာယ်ရှိတဲ့ နေရာချည်းပဲ။ ပြီးတော့ ဖယ်ရို မွန်းစတားတွေကို ရေထဲမှာ သုံးလို့ အဆင်မပြေဘူး။ မင်းတို့ ၂ယောက် ဒီ ဖယ်ရို မွန်းစတား ၂ကောင်ကို ပြန်ခေါ်သွားပြီးတော့ မက်တယ်စတုန်း မျိုးနွယ်စု နေရာမှာ သွားနေပြီး ငါပြန်လာတာကို စောင့်နေလိုက်တော့။”



မိုဝူနဲ့ ဆောင်းဦးသစ်ရွက်လေး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးတော့ တလေးတစားနဲ့
“သခင်လေး အမိန့်အတိုင်းပါ။”


“ဒယ်လာ… မင်းနဲ့ငါ ဒီရေကန်ထဲမှာ ခရီးဆက်ကြမယ်။ မင်းငါ့ကို ဒီပတ်ဝန်းကျင်အနေအထားနဲ့ ကျွမ်းဝင်အောင် လိုက်ပြပြီးရင် မင်းရဲ့မျိုးနွယ်စုကျေးရွာကို ပြန်ပြီးတော့ နားလို့ရပြီ။”

နင် ချွေးတွေ ရွှဲနေတဲ့ လူကြီးကို ကြည့်ပြီးတော့ ပြောလိုက်တယ်။


“ဟုတ်ကဲ့ပါ သခင်လေး…”

ဦးလေးဒယ်လာ ရိုရိုသေသေနဲ့ ဖြေလိုက်ပါတယ်။


“သွားကြစို့..”



နင် ရှေ့ကနေ ဦးဆောင်သွားပြီးတော့ ဦးလေးဒယ်လာက သူ့ရဲ့ ပုဆိန်ကြီးကို လွယ်ပြီးတော့ နောက်ကနေ လိုက်ပါလာတယ်။ ဆောင်းဦးသစ်ရွက်လေးနဲ့ မိုဝူတို့ သူတို့ သခင်လေး အရှေ့ပိုင်းတောင် နွံတောထဲ ဝင်ရောက်သွားတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေကြတယ်။ သူတို့တွေလည်း ဒီနေရာမှာ ဘာမှ မကူညီပေးနိုင်ကြပါဘူး။ တစ်ယောက်က အခိုင်းအစေ ကောင်မလေး ဖြစ်ပြီးတော့ တယောက်ကတော့ သခင်လေးကို အရမ်းများပြားတဲ့ သူ့ရဲ့ ဘ၀ ခရီးသွားတဲ့ အတွေ့အကြုံတွေ အကြောင်း သင်ကြားပေးဖို့ လိုက်ပါလာသူသာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပါဝါက နင်နဲ့ နှိုင်းယှဉ်လိုက်ရင် အများကြီး နိမ့်ပါတယ်။



ရေကန်ကြီး တစ်ခုလုံးဟာ အရမ်းကို လှပတဲ့ ရှုခင်းတွေနဲ့ ပြည့်နေပါတယ်။


“ဒီရေကန်ကြီးထဲမှာ မြေကြီးမာတဲ့ ကျွန်းကလေးတွေလည်း ရှိပါတယ် သခင်လေး။ တစ်ချို့နေရာတွေမှာဆို ရွာကလေးတွေတောင် ရှိပါသေးတယ်။ ဒါပေမဲ့ နေရာတော်တော်များများက ရွှံ့နွံတွေချည်းပါပဲ။ သခင်လေး အဲ့နေရာတွေ နင်းမိသွားတာနဲ့ နွံထဲကို နစ်သွားလိမ့်မယ်။ ပြီးတော့ တစ်ချို့နေရာတွေမှာ အနက်တိုင်းလို့မရအောင်ကို ရေအရမ်းကို နက်ပါတယ်။ ဒီ နွံတောထဲမှာ သခင်လေး သတိထားပြီး မသွားရင် နွံတောက သခင်လေးကို ဝါးမျိုသွားပါလိမ့်မယ်နော်။”

ဦးလေး ဒယ်လာက နင်ကို ပြောပြလိုက်တယ်။



နင်က သူ့ဘေးမှာ ရှိနေတယ်။


“ကျွန်တော်တို့ မက်တယ်စတုန်း မျိုးနွယ်စုဟာ နွံတော ဝန်းကျင်က ရွာလေးမှာ နေထိုင်ခဲ့တာ ရာစုနှစ် တချို့ ရှိနေပါပြီ။ ကျွန်တော်တို့တွေ မကြာခဏ ဒီမှာ ငါးလာဖမ်းကြပါတယ်။ ဘယ်လမ်းကို သွားသင့်တယ် ဘယ်လမ်းကို မသွားသင့်ဘူးဆိုတာကို ကျွန်တော်တို့တွေ သေချာ သိကြပါတယ်။”

ဦးလေး ဒယ်လာဟာ သူ့ကို သူ အရမ်းကို ယုံကြည်မှု ရှိနေပါတယ်။



Pa! Pa!



ရွှံ့နွံထဲမှာ ဖြတ်သန်းပြီးတော့ ဂျိနင်ဟာ သူ့ရဲ့ စစ်သူရဲ နောက်ကနေ လိုက်လာနေပါတယ်။



“ကြည့်စမ်းပါဦး”

ဂျိနင်လက်ထဲမှာ သားရေပြား ချပ်တစ်ချပ် ပေါ်လာတယ်။
“ဒီဟာက အရှေ့ပိုင်းတောင် နွံတောရဲ့ မြေပုံပဲ။ ငါ အမှတ်လေးတွေ ဝိုင်းထားတဲ့ နေရာတွေကို ပို့ပေးပါဦး။”


“အား… ”

ဦးလေး ဒယ်လာ အလန့်တကြားအော်လိုက်တယ်။
“ဒီနေရာ.. ဒီနေရာတွေက မွန်းစတားကြီးတွေ ခိုအောင်းနေတဲ့ နေရာတွေ ချည်းပဲ။ အန ္တရာယ် အများဆုံးနေရာတွေ။ ကျွန်တော်တို့ သွားလို့ မဖြစ်ဘူး။”


“မင်း အဲ့ဒီနေရာတွေကို သွားဖို့မလိုပါဘူး။”

နင် ခေါင်းညိတ်လိုက်ပြီးတော့
“ငါ့ကို နေရာရောက်တဲ့ အထိ လမ်းပြပေးပြီး ဘယ်လောက်ဆက်သွားရမယ်ဆိုတာပဲ ပြောပေးရမှာပါ။”



ဦးလေး ဒယ်လာ ဦးခေါင်းမှာ ချွေးတွေ ဘူးသီး လုံးလောက် သီးလာတယ်။ သူခေါင်းညိတ်လိုက်ပါတယ်။
“ကောင်းပါပြီ သခင်လေး။ ကျွန်တော် သခင်လေးကို ခေါ်သွားပါ့မယ်။”



…..



အရှေ့ပိုင်းတောင် နွံတော ဟာ အရမ်းကို ကျယ်ပြန့်လွန်းပါတယ်။ သူတို့တွေ လမ်းလျှောက်ပြီး သွားနေရတဲ့ အတွက်လည်း ခရီးက သိပ်မတွင်လှပါဘူး။ ပြီးတော့ လမ်းတွေက အရမ်းကို ရှုပ်ထွေးတဲ့အပြင် နင်ကလည်း အခုမှ ပထမဦးဆုံး ဒီကို ရောက်ဖူးတာလေ။ ဒါပေမဲ့ ဦးလေးဒယ်လာက အတွေ့အကြုံ အရမ်းများပြီး ဖြတ်လမ်းတွေကို သိတာကြောင့် သူတို့တွေ နွံတောကို အခက်အခဲ မရှိပဲ သွားလာနိုင်ခဲ့ပါတယ်။



မျက်စိ တမှိတ်အတွင်းမှာ တစ်လဟာ ကုန်ဆုံးသွားခဲ့ပါတယ်။



နင်ဟာ ရိက္ခာတွေ သောက်စရာတွေကို သူ့ရဲ့ ကေကျောက်တုံးထဲ အပြည့်အစုံ ထည့်ခဲ့ပြီးတော့ ပြင်ဆင်ခဲ့တဲ့အပြင်ကို တောကောင်တွေကိုလည်း ကင်ပြီးတော့ စားသောက်ကြပါသေးတယ်။ သူတို့တွေဟာ ကောင်းကင်ကို စောင် မြေပြင်ကို အိပ်ရာလုပ်ပြီးတော့ ကြုံသလို အိပ်စက်ပြီး ခရီးဆက်ကြပါတယ်။ ဒါပေမဲ့ နင်ဟာ မွန်းစတားတွေကို အလောတကြီး ရှာဖွေပြီးတော့ မတိုက်ခိုက်ပါဘူး။ ပထမဆုံး သူတို့ ရှိမဲ့နေရာကို အတည်ပြုလိုက်ပါတယ်။ ပြီးတော့မှ သူတစ်ယောက်တည်း နွံတောထဲကို သွားပြီးတော့ ကမ္ဘာနဲ့ တစ်သားတည်း ခြေကွက်ကို အသုံးပြုပြီး နွံတောပေါ်ကနေ ဖြတ်လျှောက်သွားပါတယ်။ ဒါကြောင့် သူဟာ တစ်ရက်တည်းမှာ ကီလိုမီတာပေါင်းများစွာကို ဖြတ်သန်းသွားလာနိုင်နေပါတယ်။



“ဒီနေရာကတော့ နောက်ဆုံးနေရာပါပဲ။”

ဦးလေး ဒယ်လာက အဝေးတစ်နေရာကို လက်ညိုးညွှန်ပြလိုက်ပါတယ်။ အဲ့ဒီနေရာမှာ အနည်းဆုံး ၃မီတာလောက် မြင့်တဲ့ အဖိုးတန်တဲ့ ရေသစ်ပင်မျိုးစုံ ပေါက်နေကြပြီးတော့ လေထဲမှာ ယိမ်းနွဲ့ လှုပ်ရှားနေကြပါတယ်။

“အဲ့ဒီ အပင်တွေ ပေါက်နေတဲ့ နေရာက အရမ်းကို ကြီးမားတဲ့ မွန်းစတားကြီးတွေ ရဲ့ နယ်မြေပါပဲ။ အဲ့ဒီ မှာ အင်မတန့် အင်မတန် ကြီးမားတဲ့ မိစ္ဆာမွန်းစတား ရေ ကြံံ့ကြီး တွေ ရှိပြီးတော့ အနည်းဆုံး တစ်ကောင်ကို တောင်ကလေးတစ်လုံးစာလောက်ကို ကြီးမားပါတယ်။”


“ကောင်းပြီ။ ငါတို့တွေ ပြန်ကြရအောင်။ မက်တယ်စတုန်း မျိုးနွယ်စုကို ငါတို့ ပြန်ရောက်ရင် မင်းကို ဆုလာဘ်တွေ အများကြီး ချီးမြှင့်ဦးမယ်။”


“သခင်လေး ကျွန်တော့ကို ပေးထားတာတွေက လိုတာထက်တောင် ပိုပါသေးတယ်။”

ဦးလေးဒယ်လာ ချက်ခြင်းပြန်ပြောလိုက်ပါတယ်။



ဒီ အခုမှ မြင်ရတဲ့ လူငယ်လေးဟာ ကြောက်စရာကောင်းလောက်အောင်ကို အစွမ်းထက်လွန်းနေပါတယ်။ အရှေ့ပိုင်းတောင် နွံတောမှာ နေခဲ့တဲ့ တစ်လတာအတွင်းမှာ သူတို့ကို မွန်းစတားတွေ က အမြဲဆိုသလို လာတိုက်ခိုက်ကြတယ်။ ဒါပေမဲ့ အကုန်လုံး ဒီ လူငယ်လေးရဲ့ ဓားချက် တစ်ချက်တည်းနဲ့ အသက် ပျောက်ကုန်ကြပါတယ်။ နင်ဟာ မွန်းစတားတွေရဲ့ အလောင်းကို ဒီတိုင်း ဂရုမစိုက်ပဲ ပစ်ထားပေမဲ့ ဦးလေးဒယ်လာကတော့ ဒီမွန်းစတားတွေရဲ့ အလောင်းကို ချန်ခဲ့ရတိုင်း စိတ်မကောင်း ဖြစ်နေပါတယ်။ ဒီမွန်းစတားအသားတွေဟာ တန်ဖိုးအလွန်ကြီးမားပါတယ်။ သူတို့ ရွာလေးကို ပြန်သယ်သွားနိုင်ပြီးတော့ ရောင်းချခွင့်ရခဲ့ရင် သူတို့ရွာလေး တော်တော်ကို အခြေအနေ ကောင်းလာမှာပါ။ ဒါပေမဲ့ သူလည်း ပြန်မသယ်သွားနိုင်တဲ့အတွက် မွန်းစတား အလောင်းတွေက တန်ဖိုးရှိတဲ့ အပိုင်းတစ်ချို့ကို ပဲ လှီးဖြတ်ပြီးတော့ အိတ်နဲ့ ဆံ့သလောက် တပိုင်ပဲ သယ်သွားနေရပါတယ်။


“ဟင်…?”

နင် ကော ဦးလေး ဒယ်လာကောက အဝေးတစ်နေရာကို စူးစိုက်ကြည့်လိုက်ကြပါတယ်။



အဲ့ဒီ အဝေးတစ်နေရာမှာ လူတော်တော်ပါတဲ့ စစ်သူရဲ တစ်စု ကို တွေ့လိုက်ရပါတယ်။



နွံတောထဲမှာက မြေမာတဲ့နေရာ ၊ မြေပျော့တဲ့ နေရာ ၊ တောင်ကုန်းလေးတွေ နဲ့ တောင်ကုန်းကြီးတွေ လည်း အများကြီး ရှိနေပါတယ်။ ဒီတောင်ကုန်းကြီးတွေကို အရှေ့ပိုင်း တောင်ကုန်းတွေလို့ သိကြပြီးတော့ ဒီတောင်ကုန်းကို အစွဲပြုပြီး အရှေ့ပိုင်းတောင် နွံတောကြီးကို လူတွေ သိကြပါတယ်။



အဝေးတစ်နေရာက တောင်ကုန်းပေါ်မှာ လူ ရ ာကျော်ရှိတဲ့ စစ်သူရဲ တပ်တစ်ခုကို တွေ့လိုက်ရပါတယ်။ ချက်ခြင်းပဲ လူ ၁၀ယောက်လောက်က နင်နဲ့ ဦးလေး ဒယ်လာဆီကို ပြေးလာကြပါတယ်။


“ဘာဖြစ်တာလဲဟ?”

နင် မျက်မှောင် ကြုတ်လိုက်တယ်။


“မြန်မြန် ထွက်သွားကြရအောင်”

ဦးလေး ဒယ်လာ ကြောက်လန့်ပြီးတော့ နောက်ကို လှည့်ပြေးပါတော့တယ်။



Shua!

လူ တစ်ယောက်က အပြာရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ အရမ်းမြန်တဲ့ အလျင်နဲ့ ပြေးလာပြီး ဦးလေးဒယ်လာရှေ့မှာ ရုတ်တရက် ပိတ်ရပ်လိုက်ပါတယ်။



“မင်းတို့ ၂ယောက်”

သံချပ်ကာ အပြာရောင်နဲ့ လူက သူတို့ကို အေးစက်စက် အကြည့်နဲ့ ကြည့်လိုက်ပြီးတော့ နင်ရဲ့ အရမ်း အဖိုးတန်တဲ့ သားမွေး ဝတ်စုံတွေကို မြင်ပြီး အံ့သြပြီး တစ်ချက် စကားပြောတုန့် သွားပါတယ်။
“ငါတို့နဲ့ လိုက်ခဲ့ရမယ်”


“ကျွန်တော်တို့ဆီက ဘာများ အလိုရှိလို့ပါလဲ?”

ဦးလေး ဒယ်လာက အပြာရောင် သံချပ်ကာကို တွေ့တော့ တလေးတစားနဲ့ မေးလိုက်ပါတယ်။



တခြား လူ၉ယောက်လည်း သူတို့ အနီးကို ရောက်လာပါတယ်။ သူတို့တွေ အကုန်လုံး ချပ်ဝတ်တန်ဆာတွေ ဝတ်ထားကြပါတယ်။


“မြန်မြန်လာစမ်း။ မင်းတို့ကို ငါတို့နဲ့ လိုက်ခဲ့ပြောရင် လိုက်ခဲ့ လိုက်။ ဒါမှမဟုတ်ရင် သေနေ့စေ့သွားလိမ့်မယ်။”

ဒီ သံချပ်ကာ ဝတ်ထားတဲ့ လူတွေ အကုန်လုံး လက်နက်တွေကို အသင့်ပြင်ထားပြီးတော့ သူတို့ကို အေးစက်စကအ စိုက်ကြည့်နေကြပါတယ်။ သူတို့တွေရဲ့ လက်နက်တွေကို သူတို့ အရမ်းကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တာကို ကြည့်တာနဲ့ သိနိုင်ပါတယ်။



ဦးလေးဒယ်လာက နင်ကို ကြည့်လိုက်ပါတယ်။


“သွားကြည့်ကြည့်ကြတာပေါ့။”

နင်ဟာ အရမ်းကို အေးဆေး တည်ငြိမ်နေပါတယ်။ ဒီ သံချပ်ကာဝတ် စစ်သားတွေဟာ သာမာန်လူတွေ နဲ့ မတူပါဘူး။ ဒါပေမဲ့ သူ့အတွက်တော့ သူတို့တွေဟာ ကြက်ပေါက်ကလေးတွေ ဝံပုလွေနဲ့ တွေ့တာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဒီ စစ်သားတွေက သူကို ဘာလို့ လိုက်စေချင်ရတာလည်း? နင်လည်း မလိုအပ်ပဲနဲ့ သတ်ဖြတ်တာတွေ လုပ်ရတာ ဝါသနာ မပါပါဘူး။


“သွားစမ်း..”


“မြန်မြန်..”



စစ်သား ၁၀ယောက် ခြံရံပြီးတော့ နင်နဲ့ ဦးလေး ဒယ်လာ တောင်ကုန်းဆီကို ဦးတည်လာနေပါတယ်။



တောင်ကုန်းပေါ်မှာ မြက်ပင် တချို့ ပေါက်နေပြီးတော့ လူတစ်ရာကျော်လောက် ရှိနေပါတယ်။ အများစုဟာ ခြေလက်တွေ တုပ်နှောင်ခံထားရပါတယ်။ သူတို့ ဝန်းကျင်မှာ သံချပ်ကာဝတ် စစ်သား တစ်ရာကျော် စောင့်ကြည့်နေပါတယ်။ အားလုံးရဲ့ အလယ်မှာ ကျောက်ကုလားထိုင် တစ်လုံးရှိနေပြီးတော့ ကုလားထိုင်ပေါ်မှာ အရပ် ၆ပေကျော် ကြွက်သားတွေ အပြိုင်းပြိုင်းနဲ့ သံချပ်ကာ အထူကြီး ဝတ်ထားတဲ့ လူကြီးက သြဇာအပြည့် အကြည့်နဲ့ အကုန်လုံးကို ကြည့်နေပါတယ်။



နင် အဲ့ဒီ လူကြီးကို တွေ့လိုက်ရတော့ အံ့သြသွားပါတယ်။ နင်ရဲ့ အိတ်ဆောင်ထဲက မိစ္ဆာကျောက်တုံးဟာ ချက်ခြင်းပူလာပါတယ်။ ဒီအနီးဝန်းကျင်မှာ မိစ္ဆာ ရှိနေတာ သေချာပါတယ်။ နင်က ကုလားထိုင်ပေါ်က လူကြီးမှာ တမူထူးခြားတဲ့ အငွေ့အသက်တွေ ထွက်နေတာကို တစ်ချိန်တည်း ခံစားလိုက်မိပါတယ်။


“ဒီအနီဒးအနားမှာ မွန်းစတားကြီး ရှိနေပြီ။”

နင် ချက်ခြင်း အနီးအနားက လူတွေအကုန်လုံးကို လေ့လာကြည့်လိုက်တယ်။



သူမြင်သမျှ အကုန်လုံးက လူတွေချည်းပါပဲ။ လူအသွင်ပြောင်နိုင်တဲ့ မွန်းစတာဆိုရင် မိစ္ဆာမွန်းစတားကြီး ဆိုတာသေချာနေပါပြီ။



နင်ဟာ ပစ္စည်းကိရိယာ ပေါင်းစုံကို သူနဲ့အတူ ယူဆောင်လာတဲ့ အထဲမှာ မိစ္ဆာကျောက်တုံးလည်း တစ်ခု အပါအဝင်ပါ။ မိစ္ဆာကျောက်တုံးဆိုတာက အရမ်းကို ထူးခြားတဲ့ သဘာဝတွင်းထွက်ကျောက်တစ်မျိုးပါ။ သူတို့တွေ မိစ္ဆာရဲ့ အငွေ့အသက်ကို ရလိုက်တာနဲ့ အပူနဲ့ အလင်း စွမ်းအင်ကို ထုတ်ပေးပါတယ်။ အနောက်ဘက် ဂျိမြို့တော်ထက်ကြီးတဲ့ မြို့တော်ကြီးတွေမှာဆိုရင် မိစ္ဆာ ဖော်မှန်ကြီးတွေကို မြို့တံခါးတွေမှာ တပ်ဆင်ထားကြပါတယ်။ အဲ့ဒီမှန်ကြီးတွေက မိစ္ဆာကျောက်တုံးတွေ အများကြီးနဲ့ ဖွဲ့စည်းပြုလုပ်ထားတာပါ။ မွန်းစတား မိစ္ဆာတွေ အနီးကို ရောက်လာတာနဲ့ မိစ္ဆာဖော်မှန် ကြီးတွေက အလင်းတွေ ထွက်လာပါတယ်။



လူတွေမှာလည်း အငွေ့အသက်ရှိသလို မွန်းစတားတွေမှာလည်း သူတို့ရဲ့ အငွေ့အသက်တွေ ရှိပါတယ်။ အော်ရာတွေပေါ့။ ဒါတွေဟာ အော်ရာအမျိုးအစား တွေထဲက တစ်မျိုးပေါ့။


“ဒယ်လာ”


“ဦးလေး ဒယ်လာ”



ရုတ်တရက် အော်ခေါ်သံတွေ ကြားလိုက်ရပါတယ်။



နင် ကော ဦးလေး ဒယ်လာကောက လှည့်ကြည့်လိုက်တော့ တုပ်နှောင်ခံထားရတဲ့ လူတွေထဲက ၁၀ယောက်လောက်က သူတို့ကို ခေါ်နေတာ တွေ့လိုက်ရပါတယ်။ ဒီလူတွေကိုမြင်တော့ ဦးလေးဒယ်လာ အရမ်းကို ဝမ်းနည်းသွားပါတယ်။ သူတို့ ၁၀ယောက် လောက်က သူ့ရဲ့ မျိုးနွယ်စုက လူတွေဖြစ်နေလို့ပါ။


“ကျားနက်.. မင်းဘာလို့ ဒီမှာ အချုပ်ခံထားရတာလည်း?”


“ဒယ်လာ မင်းဒီကို ဘာလာလုပ်တာလည်း။ အဲ့ဒီ လူ အကြီးကြီးက မိစ္ဆာကြီး။ သူက ငါတို့ အားလုံးကို စားပစ်တော့မှာ။”

အချုပ်ခံထားရတဲ့ လူတစ်ယောက်က အော်ဟစ်ပြောလိုက်ပါတယ်။


“မိစ္ဆာ မွန်းစတားကြီး….”

ဦးလေးဒယ်လာ ထိတ်လန့်သွားပါတယ်။



နင်ဟာ စစ်သားတွေအလယ်က ခုံမှာ ထိုင်နေတဲ့ လူအကြီးကြီးကို သေချာကြည့်လိုက်ပါတယ်။ သူသေချာကြည့်လိုက်တော့ လူကြီးရဲ့ နှုတ်ခမ်းစွမ်းမှာ သွေးစတွေကို တွေ့လိုက်ပြီးတော့ သူကသွေးစတွေကို ရက်စက်ကြောက်မက်ဖွယ်ရာ သဏ္ဍာန်နဲ့ နှုတ်ခမ်းသတ် နေတာတွေ့လိုက်ပါတယ်။ နင် ရဲ့ စိတ်ထဲမှာ ရုတ်တရက် သတ်ဖြတ်ချင်စိတ်တွေ အဆမတန် ကြီးမားလာပါတယ်။
“ဒါ မိစ္ဆာကြီးပဲ။ ငါ့ မိစ္ဆာကျောက်တုံးက အာရုံရခဲ့တာ သူ့ကိုပဲ။ အရှေ့ပိုင်းတောင် နွံတော မှာ မွန်းစတားကြီး ၁၂ကောင် အုပ်စိုးတယ်။ ဒီကောင်က ဘယ်တစ်ကောင်ဖြစ်မလဲ။”


“မင်းတို့ပါးစပ်တွေ ပိတ်ထားလိုက်ကြစမ်း။”

စစ်သားတစ်ယောက်က ရောက်လာပြီးတော့ အော်ဟစ်နေတဲ့ လူကို ကန်ကျောက်လိုက်တယ်။
“မင်းတို့အားလုံး သောက်ပါးစပ်ကို ပိတ်ထားလိုက်ကြ။”


“မင်းက မင်းရဲ့ မျိုးနွယ်ဝင် လူသားတွေကို မွန်းစတားကြီးအတွက် နှိပ်စက်နေတယ်။ ဒါကို မင်းက ငါတို့ကို ပါးစပ်ပိတ်ခိုင်းထားရဲသေးတယ်။”


“ပြီးတော့ မင်းတို့တွေက သံမဏိ သစ်ပင် ကလန်က အပြာရောင် သူရဲကောင်း တွေပဲ။ မင်းတို့ လုပ်ရပ်က သံမဏိ သစ်ပင် ကလန်ကို အရှက်ရစေတယ်။ ရှက်ဖွယ်လိလိပဲ။”


“ကန်လိုက်စမ်းပါ။ ကြိုက်သလောက် ကန်လိုက်စမ်းပါ။ ငါတို့အကုန် သေသွားတဲ့ အထိ မင်းစိတ်ကြိုက် ကန်လိုက်စမ်းပါ။”



လူတွေ အကုန်လုံး ဆူပူ အော်ဟစ်ကုန်ကြပါတော့တယ်။


“ရပ်ကြစမ်း”

ကျောက်ကုလားထိုင်ပေါ်ထိုင်နေတဲ့ လူသန်ကြီးက အော်ဟစ်လိုက်တယ်။ သူ့အသံဟာ ကျွဲချိုမှုတ်လိုက်သလို အရမ်းကို စူးရှကျယ်လောင်နေတယ်။
“မင်း သူတို့ကို သေအောင် ကန်လိုက်ရင် ငါမင်းကို စားပစ်ရလိမ့်မယ်။”



စစ်သူရဲက လူသန်ကြီးကို တစ်ချက်ကြည့်ပြီးတော့ သူ့နေရာသူ ပြန်ထိုင်နေလိုက်တယ်။



ကတုံးပြောင်နဲ့ အပြာရောင် စစ်သူရဲတစ်ယောက်က
“ရေကြံ့ ဘုရင်ကြီး ခင်ဗျာ…ကျွန်တော်တို့တွေ အရှင့်အတွက် လူအယောက် ၅၀၀ကျော် ကို ဖမ်းဆီးပေးခဲ့ပြီးပါပြီ။ ကျွန်တော့် လူတွေက နေရာတိုင်းမှာ ဖြန့်ကျက်ပြီးတော့ တာဝန်ကျေကျေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ သခင်လေးကို ပြန်လွှတ်ပေးပါ။ ကျွန်တော်တို့ သံမဏိ သစ်ပင် ကလန်က ဒီအဖြစ်အပျက်တွေကို သင်ပုန်းချေပေးပါ့မယ်။ တစ်ကယ်လို့သာ ဒီလို ဆက်ဖြစ်နေမယ်ဆိုရင် .. အရှင်ရေကြံ့ ဘုရင်ကြီးလည်း နားလည်ပါတယ်။ အရှင် ကျွန်တော်တို့ သံမဏိ သစ်ပင် ကလန်ရဲ့ ဒေါသကို ထိပ်တိုက် မရင်ဆိုင်နိုင်ပါဘူး။”



ဒီအဖြစ်အပျက်ကို နင်ဟာ စစ်သူရဲတွေ ဝန်းရံခံနေရာကနေကြည့်ပြီးတော့ မျက်လုံးတွေ အရောင် တဖိတ်ဖိတ် တောက်လာပါတယ်။


“ရေကြံ့ဘုရင်ကြီး။”



မွန်းစတားကြီး ၁၂ကောင်မှာ ရေကြံ့မွန်းစတားကြီး တစ်ကောင်ပဲ ရှိပြီးတော့ အဲ့ဒီ အကောင်က ဇင်တျန် ပထမဦးဆုံးအဆင့် မှာ ရှိနေပါတယ်။



“ဇင်တျန် ပထမဆုံးအဆင့်”

နင်ရဲ့ မျက်လုံးမှာ သေမင်းအရိပ်တွေ ပေါ်လာပါတယ်။

“ငါ ဒီလိုအဆင့်ရှိတဲ့ မွန်းစတားကို တွေ့ရဖို့ အချိန်အကြာကြီး ရှာဖွေခဲ့ရတယ်။ ရှာဖွေလေ တွေ့ရှိလေဆိုတာ တစ်ကယ့်ကို မမှားပေဘူးပဲ။ ဒါပေမဲ့ ဒီလိုကြီး ချက်ခြင်း တွေ့ရတာကတော့”

နင် ရဲ့ မျက်နှာမှာ ပြုံးရောင်သန်းသွားပါတယ်။







Chapter 11 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>



Chapter 12 ( သတ်ဖြတ်မှု စတင်ခြင်း…)


Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)