ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 10 (အေရွ႕ပိုင္းေတာင္ ႏြံေတာ)

အေနာက္ပိုင္း ျမိဳ႕ေတာ္ရဲ့ အျပင္ဘက္ ေတာင္တန္း နဲ႕ ေတာအုပ္ၾကီးထဲမွာ…
ဂ်ိနင္၊ မို၀ူနဲ႕ ေဆာင္းဦး သစ္ရြက္ေလးတို႕ဟာ အနက္ေရာင္ ဖီရို သတၱ၀ါၾကီး ကုိယ္စီ စီးျပီးေတာ့ သြားေနၾကပါတယ္။ ဒီ သတၱ၀ါၾကီးရဲ့ ပံုပန္းသ႑ာန္က က်ားသစ္နဲ႕ ဆင္တူျပီးေတာ့ က်ားသစ္လို အကြက္ေတြလည္း ပါပါတယ္။ ဦးေခါင္းမွာ ခ်ိဳတစ္ေခ်ာင္းရွိျပီးေတာ့ အလြန္ကို ေၾကာက္ဖို႕ေကာင္းတဲ့ သတၱ၀ါၾကီးေတြပါ။ အေကာင္ကလည္း ၾကီးမားျပီးေတာ့ ေတာင္ေတြကိုေတာင္ ေျမျပင္လို သေဘာထားျပီး သြားႏီုင္ပါတယ္။ အရမ္းကို ေကာင္းတဲ့ စီးေတာ္ တိရိစာၦန္ တစ္မ်ိဳး ျဖစ္ေပမဲ့ သင္ၾကားထားတဲ့ မြန္းစတားၾကီးေတြထက္ေတာ့ အဆင့္ နည္းနည္းနိမ့္ပါတယ္။

နင္ရဲ့ ရာထူးဂုဏ္ရွိန္နဲ႕ဆိုရင္ ဒီ စီးေတာ္ သတၱ၀ါဟာ ေတာ္ေတာ္ ကို အဆင့္နိမ့္ပါတယ္။ နင္ဟာ သူ႕ကိုသူ ႏွိမ့္ခ်ျပီးေတာ့ ေနထိုင္ႏိုင္သူ တစ္ေယာက္ပါ။

“အေနာက္ပိုင္း ျမိဳ႕ေတာ္..”
နင္ အေနာက္ကို ေခါင္းလွည့္လိုက္ျပီးေတာ့ က်န္ခဲ့တဲ့ ျမိဳ႕ေတာ္ၾကီးကို လြမ္းလြမ္းေဆြးေဆြး တစ္ခ်က္ၾကည့္လိုက္ပါတယ္။ ဒီ ျမိဳ႕ေတာ္ၾကီးဟာ သူၾကီးျပင္းလာတဲ့ ျမိဳ႕ေတာ္ၾကီးေလ။

“သြားၾကရေအာင္” နင္ေအာ္ေျပာလိုက္တယ္။

စီးေတာ္ သတၱ၀ါၾကီး လက္ျပင္ကို ေျခနဲ႕ တစ္ခ်က္ ကန္လိုက္ပါတယ္။  သတၱ၀ါၾကီးဟာ ခ်က္ျခင္းပဲ ဒုန္းဆိုင္းေျပးထြက္သြားပါေတာ့တယ္။ မို၀ူနဲ႕ ေဆာင္းဦးသစ္ရြက္ေလးတို႕ သူတို႕ ဖီရိုေကာင္ၾကီးေတြ စီးျပီး ေနာက္က လိုက္ပါလာၾကပါတယ္။

…..

ေဆာင္းရာသီ ကုန္ဆံုးသြားလို႕ ေနြရာသီ ေရာက္ခဲ့ျပီ….
ေတာင္ေပၚရြာေလးတစ္ရြာ အနီးက ျမက္ခင္းျပင္ၾကီးေပၚမွာ သားေမြး၀တ္စံု ၀တ္ထားသူအမ်ားအျပား ေပ်ာ္ရႊင္ ျမဴးတူးစြာနဲ႕ အထုပ္အပိုးေတြ ထမ္းျပီး လမ္းေလွ်ာက္လာေနၾကတယ္။

အေတြ႕အၾကံဳ ရွိပံုမေပၚတဲ့ လွံရွည္ကိုင္ထားတဲ့ ႏုနယ္တဲ့ လူငယ္ေလးတစ္ေယာက္က..
“ဦးေလး ဒလာ…အရင္တုန္းကဆို ဦးေလး ကၽြန္ေတာ္တို႕ကို အေရွ႕ပိုင္းေတာင္ ႏြံေတာကို ဘယ္ေတာ့မွ မလာဖို႕ တားျမစ္ထားတယ္။ အေရွ႕ပိုင္းေတာင္ ႏြံေတာ က အရမ္းကို အႏာၱရာယ္မ်ားတယ္ဆို။ဒါေပမဲ့ ဒီတစ္ေခါက္လာတာ  ကၽြန္ေတာ္တို႕ ဘာမွလည္း မေတြ႕ရဘူး။ ငါးေတြ အမ်ားၾကီးလည္း ဖမ္းမိလာတယ္။ ဒါေတြက ကၽြန္ေတာ္တို႕ မ်ိဳးႏြယ္စု ကာလေတာ္ေတာ္ၾကာ စားဖို႕ လံုေလာက္ေနျပီ။”

လူငယ္အနီးမွာ ရွိတဲ့ ၀က္၀ံ ခႏၶာကိုယ္ လို ထြားၾကိဳင္းတဲ့ သူရဲေကာင္းဆန္တဲ့ မ်က္ႏွာနဲ႕ လူၾကီးက ရယ္ေမာလိုက္ျပီးေတာ့
“အာ့ရီ.. မင္း က ငါတို႕အတြက္ ကံေကာင္းျခင္းကို ယူလာေပးတာ။ ဒီတစ္ေခါက္ အေရွ႕ပိုင္းေတာင္ ႏြံေတာ မွာ ဘယ္သူမွ မေသခဲ့ၾကဘူး။ ဒါေပမဲ့ အေရွ႕ပိုင္းေတာင္ ႏြံေတာ ကို အထင္မေသး မိေစနဲ႕။ အေရွ႕ပိုင္းေတာင္ ႏြံေတာ ဟာ ဧရိယာ စတုရန္း ကီလိုမီတာ တစ္ေထာင္ အတြင္းမွာ မိစာၦၾကီးေတြ အမ်ားဆံုးေနထုိင္တဲ့ ေနရာပဲ။ ျပီးေတာ့ အေရွ႕ပိုင္းေတာင္ ႏြံေတာ မွာ ငါးေတြကလည္း ေပါမ်ားတာကလည္း နံပါတ္ ၁ ပဲ။”

“အာ့ရီ .. ဒါမင္း ပထမဦးဆံုးအၾကိမ္ ငါတို႕နဲ႕ လိုက္ျပီးေတာ့ ငါးဖမ္းတာပဲ။ သံုး ေလး ေခါက္ေလာက္ လိုက္ျပီးရင္ေတာ့ ဒီခရီးဟာ ဘယ္ေလာက္ အႏၱရာယ္မ်ားတယ္ဆိုတာ မင္း သိလာလိမ့္မယ္။ ငါတို႕ ျပန္ေရာက္ရင္ မင္း ပိုျပီးေတာ့ ၾကိဳးၾကိဳးစားစား ေလ့က်င့္ရမယ္။မင္းရဲ့ ကီကို ပိုျပီးေတာ့ သန္႕စင္လာေအာင္ လုပ္ရမယ္။ မင္းမွာ ခြန္အားရွိမွသာ အသက္ရွည္ရွည္ ေနႏိုင္မွာ။” သူတို႕နားမွာ ရွိေနတဲ့ လက္တစ္ဖက္နဲ႕ လူက ရယ္ေမာ ေျပာဆိုလိုက္တယ္။

“အာ့ရီ က ကေလးေလး မဟုတ္ေတာ့ပါဘူး။ ဒီ တစ္ခါ ငါတို႕ ရြာျပန္ရင္ သူ႕အတြက္ ေကာင္မေလး တစ္ေယာက္ေလာက္ ရွာေပးရမယ္။ အာ့ရီ မင္း အဖိုးတန္တဲ့ သားေမြးေတြမ်ားမ်ား စုထားစမ္း။ ငါတို႕ နဲ႕ အိမ္နီးခ်င္း မ်ိဳးႏြယ္စုေလးေတြက ေတာင့္ေတာင့္တင္းတင္းနဲ႕ ကေလးမ်ားမ်ား ေမြးႏိုင္တဲ့ေကာင္မေလးတစ္ေယာက္ကို သြားတင္ေတာင္းရမယ္။ ”

“အာ .. မိန္းမမ်ားမ်ား တင္ေတာင္းရမွာ။ ဒါမွ ပိုျပီးေတာ့ ကေလး မ်ားမ်ားေမြးႏိုင္မွာ။”
အဖိုးၾကီးေတြက ဒီ ေကာင္ေလးကို ၀ုိင္းျပီး စေနာက္ေနၾကတယ္။

ဒီအခ်ိန္မွာပဲ အနီးအနားက ေက်ာက္တံုးၾကီးေတြနဲ႕ ခ်ံဳဖုတ္ေတြၾကားထဲမွာ အမဲေရာင္သားေမြးနဲ႕ မြန္းစတားၾကီးတစ္ေကာင္ ၀ပ္ျပီးေတာ့ သူတို႕အဖြဲ႕ကို ေစာင့္ၾကည့္ေနတယ္။ သူအေမြးေတြဟာ အရမ္းကို ေခ်ာေမြ႕ျပီးေတာ့ သူ႕ခႏၶာကိုယ္ဟာ ေပ်ာ့ေျပာင္းျပီး ေျပာင္လက္ေနတယ္။ က်ားသစ္မ်ိဳးႏြယ္၀င္ သတၱ၀ါတစ္ေကာင္ေပါ့။ သူ႕မ်က္လံုးေတြဟာ အစိမ္းေရာင္ ေဖ်ာ့ေဖ်ာ့ ထြက္ေနျပီးေတာ့ သူ႕ခႏၶာကိုယ္ဟာ ၇မီတာေတာင္ ရွိတယ္။ သူ႕လည္ဆံေမႊးေတြဟာ အရမ္းကို မာေက်ာပါတယ္။ လည္ပင္းမွာ အခၽြန္ေတြ အမ်ားၾကီး ပါတဲ့ လည္ပတ္ၾကီး ပတ္ထားသလိုပါပဲ။

ဒီမြန္းစတားၾကီးဟာ အခြင့္ေကာင္းကို ေခ်ာင္းေနတယ္။

“ဟာ..ကၽြန္ေတာ့အတြက္ စိတ္မပူၾကပါနဲ႕။ ကၽြန္ေတာ့္ဖာသာ ကၽြန္ေတာ္ ေကာင္မေလး တစ္ေယာက္ရွာလိုက္ပါ့မယ္။”
အာ့ရီဟာ မ်က္ႏွာနီသြားျပီးေတာ့ ျမန္ျမန္ ျပန္ေျပာလိုက္တယ္။

“ဟား..ဟား.. ေကာင္ေလးက ရွက္ေနေသးတယ္။”
အဖိုးၾကီးေတြ ပြဲက်သြားၾကတယ္။

ရုတ္တရက္….

“ေ၀ါင္း.. ဂရား….”
အနက္ေရာင္ အရိပ္ဟာ ခုန္ထြက္လာျပီးေတာ့ သူနဲ႕ အနီးဆံုးက ၀ါလံုးခၽြန္ကိုင္ထားတဲ့ ရြာသားကို ခုန္အုပ္လိုက္တယ္။

“မြန္းစတားၾကီး..!!!!”

ရြာသားေတြ အကုန္လံုး ေဒါသတၾကီးနဲ႕ ေအာ္ဟစ္မန္သြင္းလိုက္ၾကျပီးေတာ့ လက္ထဲက လွံေတြ ဓားေတြနဲ႕ ၀ိုင္းထိုးလိုက္ၾကတယ္။ သူတို႕ေတြ အကုန္လံုးဟာ ေမြးကတည္းက အေသအေၾက ေလ့က်င့္လာခဲ့ၾကတာေၾကာင့္ အတြင္းအားေကာင္းၾကျပီးေတာ့ ခြန္အားေတြ အလြန္ၾကီးမားၾကတယ္။

“ဖန္း…”
အနက္ေရာင္ အရိပ္ၾကီးရဲ့ လက္သည္းေတြဟာ လွံေတြ ဓားေတြကို တစ္ခ်က္တည္းယမ္းျပီးေတာ့ လြင့္ထြက္သြားေစခဲ့တယ္။

“ျမန္ျမန္..”

“သတ္!!!!!!!!!!!!!!”

အနီးအနားက ရြာသားေတြ အကုန္လံုး ေဒါသနဲ႕ ေအာ္ဟစ္ေျပးလႊား လာၾကျပီးေတာ့ လွံရွည္ေတြနဲ႕  ထပ္ထိုးလိုက္ၾကတယ္။ မ်ိဳးႏြယ္စု ငယ္ကေလး ျဖစ္တာေၾကာင့္ သူတို႕ေတြအားလံုး နက္နဲတဲ့ အင္ေမာ္တယ္ ပညာေတြ မတတ္ၾကပါဘူး။ လွံရွည္နဲ႕ ၀ါးခၽြန္ေတြဟာ သူတို႕ေတြ အသံုးမ်ားတဲ့ လက္နက္ေတြ ပါ။ သူတို႕ေတြ ရိုးရွင္းတဲ့ ပညာေလးေတြကို ေန႕တိုင္းေလ့က်င့္ၾကရင္ ႏွစ္ေပါင္းမ်ားစြာ ၾကာလာတဲ့အခါမွာ ဒီ ရိုးရွင္းတဲ့ ပညာေတြဟာ သာမာန္ထက္ပိုျပီးေတာ့ အစြမ္းေတြ ထက္လာၾကမွာပါ။

“ေ၀ါင္း”
လွံရွည္ေတြေပၚကေန နင္းျပီးေတာ့ အရိပ္မဲၾကီးဟာ ရြာသားေတြအားလံုးရဲ့ အလယ္ကို ခုန္၀င္သြားတယ္။

ဒီ ရြာသားေတြဟာ အေရွ႕ပိုင္းေတာင္ ႏြံေတာကို မၾကာခဏ လာျပီးေတာ့ ငါးဖမ္းေလ့ ရွိတာေၾကာင့္ သူတို႕ေတြဟာ သတၱ၀ါၾကီးေတြနဲ႕ ရင္ဆိုင္ေတြ႕ ဖို႕ ခဲယဥ္းတဲ့ ေတာ္ေတာ္ ေဘးကင္းတဲ့ လမ္းေၾကာင္းကို  အသံုးျပဳၾကတယ္။ ဒါေပမဲ့ သူတို႕ေတြ အကုန္လံုး ၾကီးႏိုင္ငယ္ညွင္း ေတာစည္းကမ္းကို နားလည္တာေၾကာင့္ ဘယ္ေတာ့မွ သတိ လက္မလြတ္ပဲ  ၀ါးခၽြန္ေတြ ကိုင္ထားတဲ့  ရြာသားေတြက အလယ္မွာ စုေနၾကျပီး လက္နက္မ်ိဳးစံု ကိုင္ထားတဲ့ အစြမ္းထက္တဲ့ ရြာသားေတြကေတာ့ အျပင္စည္းမွာ ေနရာယူျပီး ေနၾကတယ္။

လက္တစ္ဖက္ျပတ္ေနတဲ့ လူက ေအာ္ဟစ္လိုက္တယ္။
“မြန္းစတားၾကီး… သတိထားၾကေဟ့။”
သူက ေျပာေျပာဆိုဆိုနဲ႔ လက္ထဲက ဓားနဲ႕ အရိပ္မဲၾကီးဆီကို ခုန္၀င္သြားတယ္။

“မြန္းစတားၾကီး… ေသစမ္း…”
ရြာသားေတြထဲက အစြမ္းအထက္ဆံုး ဦးေလး ဒယ္လာကလည္း သူ႕ရဲ့ လက္စြဲေတာ္ ပုဆိန္ၾကီးကို လႊဲျပီးေတာ့ အရိပ္မဲၾကီးဆီ ခုန္၀င္သြားတယ္။

“သတ္ၾကေဟ့..”

ရြာသားေတြ အကုန္လံုး ဟာ အသည္းအသန္ ၀ုိင္းတိုက္ခိုက္ၾကတယ္။ သူတို႕ေတြ အကုန္လံုးက ဒီ Bi’an က်ား( ဘိုင္အန္) ဟာ ဘယ္ေလာက္ အစြမ္းထက္တယ္ဆိုတာကို နားလည္ၾကတယ္။ အခုဆို အစြမ္းထက္တဲ့ ရြာသား ၆ေယာက္ေလာက္ ဒီ က်ားကို ၀ိုင္းတိုက္ခိုက္ေနၾကေပမဲ့ ဘို္င္အန္က်ားက သူတို႕လက္နက္ေတြေပၚကေန နင္းသြားျပီးေတာ့ အလယ္ဗ ဟိုကို ခုန္၀င္သြားတယ္။ ဒီမွာ သူတို႕ထပ္နားလည္သြားတာက ဒီဘိုင္အန္က်ားဟာ ဟိုတ်န္ အဆင့္ အထြဋ္အထိပ္ကို ေရာက္ေနတဲ့ မြန္းစတားတစ္ေကာင္ ျဖစ္တယ္ဆိုတာပဲ။ ဒီေန႔ေတာ့ ရြာသားေတြ ေတာ္ေတာ္မ်ားမ်ား ေသလိမ့္ဦးမယ္။

“ဂါး…..”
ဘိုင္အန္ က်ားၾကီးဟာ အခုဆိုရင္ ေဒါသထြက္ျပီးေတာ့ ပိုျပီး ၾကမ္းလာတယ္။ တိုက္ခိုက္မႈေတြက ပိုျပီးေတာ့ ျမန္လာတယ္။

“ခလြမ္..”
လက္တစ္ဖက္နဲ႕ လူဟာ လြင့္စင္ထြက္သြားတယ္။ ဦးေလး ဒယ္လာကေတာ့ သူ႕ ပုဆိန္ၾကီးနဲ႕ ၾကမ္းၾကမ္းတမ္းတမ္း ဆက္လႊဲခုတ္ေနတယ္။ ဘုိင္ယန္ က်ားၾကီးက ဒီ ပုဆိန္ၾကီး ကိုင္ထားတဲ့ လူဟာ ဒီ လူစုထဲမွာ ေၾကာက္ဖို႕ အေကာင္းဆံုး ဆိုတာကို နားလည္သြားတယ္။ ဒါေၾကာင့္ ဒီ လူကို ပဲ သူ သတိထားျပီးေတာ့ လက္သည္းနဲ႕ တန္ျပန္တိုက္ခိုက္လိုက္တယ္။ ပုဆိန္ၾကီးဟာ လက္သည္းနဲ႕ ပုတ္ထုတ္ခံရျပီး ဦးတည္ရာလြဲသြားတယ္။ ဒါေပမဲ့ ပုဆိန္ၾကီးဟာ က်ားၾကီးရဲ့ လက္ျပင္ေပၚကို ထိသြားျပီးေတာ့ ဒဏ္ရာၾကီးတစ္ခု ေပၚလာတယ္။ ဘိုင္အန္ က်ားၾကီးဟာ သူ႕ၾကြက္သားေတြကို က်ံဳ႕လိုက္ျပီးေတာ့ ေသြးထြက္တာကို နည္းေအာင္ ထိန္းခ်ဳပ္လိုက္တယ္။ တစ္ကယ့္ျပသနာက ပုဆိန္ခ်က္က ေပးလိုက္တဲ့ ဒဏ္ရာက ဒုကၡေပးေလာက္ေအာင္ မနက္ဘူး။ တစ္ခ်ိန္တည္းမွာပဲ ဘိုင္အန္က်ားၾကီးက လက္နဲ႕ ပုဆိန္ကို ပုတ္ထုတ္လိုက္ျပီးေတာ့ ပါးစပ္ၾကီးကို ျဖဲျပီး ဦးေလး ဒယ္လာကို ကိုက္ခ်လိုက္တယ္။

“ဦးေလးဒယ္လာ..”
အာ့ရီ လွမ္းေအာ္ လိုက္တယ္။

“ဒယ္လာ…”

“ဒယ္လာ…”
ရြာသားေတြ အကုန္လံုး အရမ္း စိုးရိမ္သြားတယ္။

ရုတ္တရက္..

“ရႊပ္..”
တစံုတခုက ဥကၠာပ်ံ ခဲလိုမ်ိဳး အလင္းလက္သြားျပီး အေ၀းကေန ၀င္လာတယ္။ ဒီအရာက ဘိုင္အန္က်ားၾကီးရဲ့ ဦးေခါင္းခြံကို ထုတ္ခ်င္းေပါက္ ေဖာက္သြားျပီးေတာ့ တစ္ဖက္မွာရွိတဲ့ သစ္ပင္ၾကီးကိုလည္း ထုတ္ခ်င္းေပါက္ ဆက္ေဖာက္သြားတယ္။

“ဂါး…”

ဦးေလး ဒယ္လာ ေျမျပင္ေပၚကို လဲက်သြားတယ္။ ဘုိင္အန္ က်ားၾကီးရဲ့ ကိုယ္လံုးကလည္း သူ႕ေပၚကို လဲက်လာျပီးေတာ့ ေသြးေတြဟာ ဦးေလး။္လာတစ္ကိုယ္လံုး ရႊဲနစ္သြားတယ္။

“ဦးေလးဒယ္လာ”
အာ့ရီ ငိုျပီးေတာ့ ဦးေလးဒယ္လာကို ေျပးဖက္လိုက္တယ္။

“ငါ အဆင္ေျပပါတယ္။ ဒါငါ့ေသြးေတြ မဟုတ္ဘူး။ ဘုိင္အန္က်ားၾကီးရဲ့ ေသြးေတြပါဟ။”
လူၾကီးက သူ႕ကိုယ္ေပၚက က်ားၾကီးကို ဖယ္လိုက္ျပီးေတာ့ ေသြးေတြ သုတ္လိုက္တယ္။

လက္တစ္ဖက္နဲ႔ လူၾကီးက ေရာက္လာျပီးေတာ့ လဲက်ေနတဲ့ ဘုိင္အန္က်ားၾကီးကို တစ္ခ်က္ သစ္ပင္ၾကီးကို တစ္ခ်က္ ၾကည့္ ျပီး စစ္ေဆး လိုက္တယ္။ သူ႕မ်က္ေမွာင္ၾကဳတ္လိုက္ျပီးေတာ့ တိုးတိုးေလး ေျပာလိုက္တယ္..

“ေက်ာက္တံုးလိုမာတဲ့ ဘိုင္အန္က်ားရဲ့ ဦးေခါင္းခြံကို ေဖာက္သြားျပီးေတာ့ သစ္နက္ပင္ၾကီးကို ဆက္ျပီးေဖာက္သြားႏိုင္တဲ့ ျမွားခ်က္ဟာ အင္မတန္ကို ေၾကာက္ဖို႕ ေကာင္းတယ္။ ျပီးေတာ့ ဘုိင္အန္ က်ားၾကီး ခုန္လိုက္တဲ့ အခ်ိန္မွာပဲ ဒီ ျမွားက ဦးေခါင္းကို ပစ္လိုက္တာ.. ဒီေလာက္ထိ တိက်တဲ့ျမွားခ်က္….”

“နတ္ဘုရားအဆင့္ ေလးသမား တစ္ေယာက္ပဲ ျဖစ္ရမယ္။”
ရြာသားေတြ အကုန္လံုးက ဘိုင္အန္ က်ားၾကီးနဲ႕ သစ္ပင္ၾကီးကို ၾကည့္ျပီးေတာ့ ျမွားစတင္လာႏိုင္တဲ့ အရပ္ကို ၀ိုင္းၾကည့္လိုက္ၾကတယ္။ ဒီေနရာမွာ ဒီ ေလးသမားရွိမွာပဲေလ။

“ဟိုင္း…ဟိုင္း…ဟိုင္း..”

လူ ၃ေယာက္ ေတာင္ေပၚ ေတာအုပ္ထဲကေန ထြက္လာတယ္။ သိပ္မၾကာခင္မွာ ပီပီျပင္ျပင္ေတြ႕လိုက္ရတယ္။ လူ ၃ေယာက္က အရမ္းကို ၾကည့္ေကာင္းတဲ့ ဖယ္ရို မြန္းစတားေတြ စီးလာတာပဲ။ ဒီ အနက္ေရာင္ ဖယ္ရို မြန္းစတားေတြဟာ ေတာင္ေစာင္းကို ေျမျပန္႕လို သေဘာထားျပီး ေအးေအးေဆးေဆး ေျပးလာတာ မၾကာခင္ ရြာသားေတြ အနီးကို ေရာက္လာတယ္။

“အာ…”
ရြာသားေတြအကုန္လံုး အရမ္းကို အံ့ၾသေနၾကတယ္။ သူတို႕ေတြစီးထားတဲ့ ဖယ္ရို မြန္းစတားေတြတင္သာမကပဲ ပုိင္ရွင္ေတြကလည္း အရမ္းကို ၾကည့္ေကာင္းတဲ့ သားေမြး အက်ၤ ီေတြ ၀တ္ထားၾကတယ္။ အေရွ႕ဆံုးက ပုဂိၢဳလ္က အရမ္းကို ငယ္ျပီးေတာ့ ရုပ္ရည္ခန္႕ညားတဲ့ လူငယ္ကေလး တစ္ေယာက္ ျဖစ္ျပီး သူ႕ေဘးမွာေတာ့ အရမ္းကို လွပါတဲ့ ေကာင္မေလး တစ္ေယာက္ ရွိေနတယ္။ ရြာသားေတြအကုန္လံုးက ဒီေလာက္လွတဲ့ မိန္းကေလးကို တစ္ခါမွေတာင္ မျမင္ဖူးဘူးလို႕ သစၥာဆိုႏိုင္ၾကတယ္။ သူတို႕နားက မ်ိဳးႏြယ္စုေလးေတြမွွာ ဒီေလာက္လွပတဲ့ သူေတြ မရွိၾကဘူး။ ဒီေကာင္မေလးက စစ္၀တ္တန္ဆာကို ၀တ္ထားေပမဲ့ လွပမႈကို မဖံုးကြယ္ႏိုင္ဘူး။ လူငယ္ေလးရဲ့ တစ္ဖက္မွာေတာ့ အရမ္းကို ေသမင္း (ေအာ္ရာ aura) အေငြ႕အသက္ေတြ ထြက္ေနတဲ့ ျမင္သူတိုင္း ေျခာက္ျခားမႈခံရေလာက္ေအာင္ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ေအာ္ရာနဲ႕ လူတစ္ေယာက္ရွိေနတယ္။ ရြာသားေတြ အကုန္လံုး သူ႕ကို ျမင္ျပီး ေျခာက္ျခားသြားၾကတယ္။

အဲ့ ဒီ ေၾကာက္စရာေကာင္းတဲ့ လူၾကီးက သူ႕ရဲ့ ဖယ္ရို မြန္းစတားၾကီးေပၚကေနဆင္းျပီးေတာ့ သစ္နက္ပင္ၾကီးနဲ႕ မလွမ္းမကမ္းမွာ က်ေနတဲ့ ျမွားကို သြားေကာက္လိုက္တယ္။

“သခင္ေလး”
လူၾကီးက လူငယ္ေလးဆီကို ေလွ်ာက္သြားျပီးေတာ့ ရိုရိုေသေသနဲ႕ ျမွားကို ေပးလိုက္တယ္။

ဂ်ိနင္ က လက္ခံယူလိုက္တယ္။

သူတို႕ေတြမွာ ခရီးထြက္ဖို႕ ျမားေတြ အမ်ားၾကီး ျပင္လာေပမဲ့ ေနရာတိုင္းမွာ ျမွားပစ္ျပီး ျပန္မေကာက္ရင္ မၾကာခင္ ပါလာတဲ့ ျမွားေတြ ကုန္သြားမွာေပါ့။ ျပီးေတာ့ ဒီျမွားေတြက အရမ္းကို အဖိုးတန္တယ္။ ေလး ငါး ခါေလာက္ ဆက္တိုက္ သံုးလို႕ ရတယ္။

“ေလးစားရတဲ့ သခင္ေလး ခင္ဗ်ာ.. ကၽြန္ေတာ္တို႕ေတြကို ကယ္တင္ေပးလို႕ ေက်းဇူးအမ်ားၾကီးတင္ပါတယ္။ ကၽြန္ေတာ္တို႕ မက္တယ္စတုန္း မ်ိဳးႏြယ္စုအေနနဲက သခင္ေလးအတြက္ ဘယ္လိုမ်ား ျပန္ျပီးေတာ့ အက်ိဳးေဆာင္ေပးရပါဦးမလဲ ခင္ဗ်ာ။”
လက္တစ္ဖက္နဲ႕ ရြာသားၾကီးက ေရွ႕ကို ထြက္လာျပီးေတာ့ အရိုအေသေပးျပီး ႏႈတ္ဆက္လုိက္တယ္။

တျခားရြာသားေတြကေတာ့ တုပ္တုပ္ေတာင္ မလႈပ္ရဲၾကပါဘူး။

ဒီလို ေၾကာက္စရာ ကိုယ္ရံေတာ္ စစ္သားနဲ႕ အေျခြအရံ ေကာင္မေလးတစ္ေယာက္ကို အျပင္ထြက္တဲ့အခါ ေခၚသြားႏိုင္တာ သာမာန္လူတစ္ေယာက္ေတာ့ မျဖစ္ႏိုင္ေတာ့ဘူးေလ။ ျပီးေတာ့ သူ႕ကို သခင္ေလးလို႕ ပထမဆံုး ေခၚလိုက္ေသးတယ္ေလ။ သခင္ေလးလို႕ ေခၚထိုက္တဲ့သူေတြဟာ အနည္းဆံုး လူဦးေရ သိန္းခ်ီတဲ့ မ်ိဳးႏြယ္စုၾကီးေတြရဲ့ ေခါင္းေဆာင္ရဲ့ သား ေတြပဲ ျဖစ္ႏိုင္တယ္။ ဒီ လူငယ္ေလးရဲ့ မ်ိဳးႏြယ္စုဟာ အင္မတန္မွကို တန္ခိုးၾကီးမွာပဲ။

“မင္းတို႕ အေရွ႕ပိုင္းေတာင္ ႏြံေတာ ကို ကၽြမ္းကၽြမ္းက်င္က်င္ သြားတတ္လား။”
နင္က မြန္းစတားၾကီးေပၚမွာထိုင္လ်က္ ေမးလိုက္တယ္။

ရြာသားေတြ တစ္ေယာက္မ်က္နွာတစ္ေယာက္ ၾကည့္လိုက္ၾကတယ္။ ဘာလို႕ ဒီလူငယ္က အေရွ႕ပိုင္းေတာင္ ႏြံေတာ ကို သြားခ်င္ရတာပါလိမ့္? သူက သူတို႕လို ငါးမွ်ားဖို႕ သြားတာေတာ့ မဟုတ္ေလာက္ဘူး မလား။ အေရွ႕ပိုင္းေတာင္ ႏြံေတာ က အရမ္းကို အႏ ၱရာယ္မ်ားတယ္။

“ကၽြန္ေတာ္ပါ.. ကၽြန္ေတာ္ အေရွ႕ပိုင္းေတာင္ ႏြံေတာ မွာ ငါးဖမ္းေနတာ ႏွစ္ေတာ္ေတာ္ၾကာပါျပီ။ ကၽြန္ေတာ္ ဒီေနရာနဲ႕ေတာ္ေတာ္ ရင္းႏွီ ကၽြမ္း၀င္ေနပါျပီ။ သခင္ေလး အေရွ႕ပိုင္းေတာင္ ႏြံေတာကို သြားခ်င္တယ္ဆိုရင္ ကၽြန္ေတာ္လမ္းျပေပးပါ့မယ္။”
အစြမ္းအထက္ဆံုး ဦးေလး ဒယ္လာက ေျဖလိုက္တယ္။

“ေကာင္းတယ္.. ငါတို႕နဲ႕ လိုက္ခဲ့ပါ။”
နင္က လက္ေ၀ွ႕ယမ္းလိုက္ေတာ့ လက္ထဲမွာ ေရႊတံုးတစ္တံုးေပၚလာတယ္။ ေရႊတံုးကို ပစ္ေပးလိုက္တယ္။

ဦးေလး ဒယ္လာ ေရႊတံုးကို လက္ခံလိုက္ တဲ့အခါမွာ မ်က္စိေတြ အေရာင္ေတာက္သြားတယ္။ ဒီေရႊတံုး အေလးခ်ိန္က ၁၀ ေပါင္တိတိေလးတယ္။ သူ႔ကေလးအတြက္ တစ္သက္လံုး ေအးေအးေဆးေဆး ေနထိုင္သြားလို႕ရေအာင္ကို လံုေလာက္တယ္။ သူေရႊတံုးကို အနီးက လက္တစ္ဖက္နဲ႕ ရြာသားကို ေပးလိုက္ျပီးေတာ့
“ငါ့ရဲ့ သားအၾကီးဆံုးကို ဒီေရႊတံုးေလး ေပးေပးပါ။ ငါေသသြားခဲ့ရင္ ငါ့ကေလး ၃ေယာက္ ေကာင္းေကာင္းမြန္မြန္ၾကီးျပင္းလာေအာင္ ကူညီေပးပါ။”

“စိတ္မပူပါနဲ႕..”
လက္တစ္ဖက္နဲက လူက ေခါင္းညိတ္လိုက္တယ္။

“ေလးစားရပါေသာ သခင္ေလး ခင္ဗ်ာ ကၽြန္ေတာ့္ကို ဒယ္လာလို႕ ေခၚႏို္င္ပါတယ္။”
ဦးေလးဒယ္လာ အရိုအေသေပးလိုက္တယ္။

“ဒယ္လာ ေကာင္မေလးရဲ့ ဖယ္ရို မြန္းစတားကို ယူစီးလိုက္ပါ။ ေဆာင္းဦးသစ္ရြက္ေလး ငါနဲ႕ အတူလာထို္င္စီးလိုက္။”

“ဟုတ္ကဲ့ရွင့္ သခင္ေလး။”

ေဆာင္းဦးသစ္ရြက္ေလး ခ်က္ျခင္းပဲ နင္ရဲ့ ဖယ္ရို မြန္းစတားေပၚခုန္တက္လိုက္ျပီးေတာ့ နင္ရဲ့ခါးကို ဖက္ထားလုိက္တယ္။ သူက နင္ကို ငယ္ငယ္ေလးထဲက ထိန္းေက်ာင္းလာတာဆိုေတာ့ သူတို႕ေတြက တစ္ကယ့္ ေမာင္ႏွမ ရင္းခ်ာလို ျဖစ္ေနပါျပီ။ ျပီးေတာ့ နင္ရဲ့ ကိုယ္ပိုင္ ရံေရြေတာ္ တစ္ေယာက္အေနနဲ႕ သူ႕ကိုယ္သူ နင္ရဲ့ ေကာင္မေလး အျဖစ္ အေစာၾကီးထဲက သတ္မွတ္ထားျပီးသားပါ။ သူတို႕ႏွစ္ေယာက္ၾကားမွာ ဘာမွ မသင့္ေလ်ာ္တာ မရွိပါဘူး။

ဦးေလး ဒယ္လာက အသက္ေအာင့္ျပီးေတာ့ ဖယ္ရို မြႏ္းစတားၾကီး ေက်ာေပၚခုန္တက္လိုက္တယ္။ သူတစ္ခါမွ ဒီေကာင္ၾကီးမ်ိဳး မစီးဖူးဘူးေလ။

“သြားၾကစို႕..”
နင္ အမိန္႔ေပးလိုက္တယ္။

“ဟိုင္း..”
မၾကာခင္မွာပဲ နင္နဲ႕ တျခားလူေတြ အကုန္လံုး ေတာင္ေပၚ သစ္ေတာမွာ ေပ်ာက္ကြယ္သြားပါတယ္။

“ဦးေလး ေဆဘာ.. ဦးေလး ဒယ္လာက သူတို႕ကို အေရွ႕ပိုင္းေတာင္ ႏြံေတာ လမ္းညႊန္ေပးရမွာ မဟုတ္လား။ အဲ့ဒါ အရမ္း အႏ ၱရာယ္မ်ားတာေပါ့။”
လူငယ္ေလး အာ့ရီက လက္တစ္ဖက္ျပတ္ လူၾကီးကို ေမးလိုက္တယ္။

လက္တစ္ဖက္နဲ႕ လူၾကီးက ေခါင္းညိတ္လုိက္ျပီးေတာ့
“သူတို႕ေတြက ငါတို႕လို မဟုတ္ဘူး။ အဲ့ဒီ လူငယ္ေလးက အရမ္းကို ၾကီးမားတဲ့ မ်ိဳးႏြယ္စု ေခါင္းေဆာင္ရဲ့ သားျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ သူ ငယ္ငယ္ေလးထဲက အေကာင္းဆံုး ပညာေတြကို သင္ထားရမွာပဲ။ ခုနက ျမွားကလည္း သူပစ္လိုက္တာ ျဖစ္ႏိုင္တယ္။ သူက အေရွ႕ပိုင္းေတာင္ ႏြံေတာ ကိုလာတာ အေတြ႕အၾကံဳရွာခ်င္လို႕ လာတာပဲ ျဖစ္ရမယ္။ သူ မြန္းစတားေတြ အမ်ားၾကီး သတ္ခဲ့ဖူးမွာပဲ။ ဒါေပမဲ့ အေရွ႕ပိုင္းေတာင္ ႏြံေတာက အရမ္းကို ရႈတ္ေထြးျပီးေတာ့ အရမ္းကို က်ယ္ျပန္႕တယ္။ ေျမပံုတစ္ခုတည္း အားကိုးျပီး သြားလို႕ အဆင္မေျပဘူး။ ဒါေၾကာင့္ သူတို႕ ဦးေလး ဒယ္လာကို လမ္းျပေပးဖို႕ ေခၚသြားတာ။”

“အေတြ႕အၾကံဳ ရွိေအာင္? ဒါေပမဲ့ ခုနလူငယ္ေလးက အရြယ္ေတာင္ မေရာက္ေသးဘူး။”
အာ့ရီက ေမးလိုက္တယ္။

“တစ္ခ်ိဳ႕က သူတို႕အရြယ္ထက္ပိုျပီး အိုၾကတယ္။ တစ္ခ်ိဳ႕ကေတာ့ အရမ္းကို ႏုပ်ိဳၾကတယ္ေလ။”
လက္တစ္ဖက္နဲ႕ လူၾကီးက ေျပာလိုက္တယ္။

အခုဆိုရင္ နင္က အသက္ ၁၁ႏွစ္ ျပည့္သြားပါျပီ။  ဒါေပမဲံ သူက ၁.၇ မီတာ ပဲ အရပ္ရွိေသးတယ္။ အရင္ဘ၀က အရပ္ေလာက္ပဲ။

“ဒါေပမဲ့ အဲ႔ဒီ သခင္ေလးက အရမ္းကို ၾကင္နာစိတ္ၾကီးမားတယ္။  ခုနက ဘိုင္အန္က်ားၾကီး ငါတို႕ကို ၀င္တိုက္တုန္းက သူသာ ၀င္မကူရင္ ငါတို႕ရြာသားေတြ ေတာ္ေတာ္မ်ားမ်ား အသက္ဆံုးရႈံးမွာ။ ပထမဆံုး ေသမွာက ဒယ္လာပဲ။ သူ႕အသက္ ကယ္ေပးလို႕ ဒယ္လာက လမ္းျပေပးဖို႕တာ၀န္ကို ယူလိုက္တာ။ သူ႕အသက္ပင္ေသေသ သူ ျပန္ေပးဆပ္မွာပဲ။ ျပီးေတာ့ အဲ့ဒီ သခင္ေလးက ေရႊတံုးတစ္တံုးလည္း ေပးသြားေသးတယ္ေလ။ ၁၀ေပါင္ေတာင္ရွိတဲ့ ေရႊတံုး။”

“ျမန္ျမန္ေဟ့ ..ျမန္ျမန္..”
“ဒီ ဘို္င္အန္က်ားၾကီးကို အမဲဖ်က္ သယ္သြားၾကမယ္ေဟ့။”
လက္တစ္ဖက္နဲ႕ လူၾကီးက ခ်က္ျခင္းေအာ္ေျပာလိုက္တယ္။

“ျမန္ျမန္ေဟ့”

“လာၾကေဟ့။”

ရြာသားေတြ တစ္ေယာက္ျပီး တစ္ေယာက္ ဓားေတြ ထုတ္ၾကျပီးေတာ့ ဘိုင္အန္က်ားၾကီးရဲ့ အေလာင္းကို အိမ္အျပန္လမ္းအတြက္ အမဲ၀ိုင္းဖ်က္ေနၾကပါေတာ့တယ္။

Chapter 10 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>

Chapter 11 ( ႏြံေတာထဲ၀ယ္…)
Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode
အနောက်ပိုင်း မြို့တော်ရဲ့ အပြင်ဘက် တောင်တန်း နဲ့ တောအုပ်ကြီးထဲမှာ…

ဂျိနင်၊ မိုဝူနဲ့ ဆောင်းဦး သစ်ရွက်လေးတို့ဟာ အနက်ရောင် ဖီရို သတ္တဝါကြီး ကိုယ်စီ စီးပြီးတော့ သွားနေကြပါတယ်။ ဒီ သတ္တဝါကြီးရဲ့ ပုံပန်းသဏ္ဍာန်က ကျားသစ်နဲ့ ဆင်တူပြီးတော့ ကျားသစ်လို အကွက်တွေလည်း ပါပါတယ်။ ဦးခေါင်းမှာ ချိုတစ်ချောင်းရှိပြီးတော့ အလွန်ကို ကြောက်ဖို့ကောင်းတဲ့ သတ္တဝါကြီးတွေပါ။ အကောင်ကလည်း ကြီးမားပြီးတော့ တောင်တွေကိုတောင် မြေပြင်လို သဘောထားပြီး သွားနီုင်ပါတယ်။ အရမ်းကို ကောင်းတဲ့ စီးတော် တိရိစ္ဆာန် တစ်မျိုး ဖြစ်ပေမဲ့ သင်ကြားထားတဲ့ မွန်းစတားကြီးတွေထက်တော့ အဆင့် နည်းနည်းနိမ့်ပါတယ်။



နင်ရဲ့ ရာထူးဂုဏ်ရှိန်နဲ့ဆိုရင် ဒီ စီးတော် သတ္တဝါဟာ တော်တော် ကို အဆင့်နိမ့်ပါတယ်။ နင်ဟာ သူ့ကိုသူ နှိမ့်ချပြီးတော့ နေထိုင်နိုင်သူ တစ်ယောက်ပါ။



“အနောက်ပိုင်း မြို့တော်..”

နင် အနောက်ကို ခေါင်းလှည့်လိုက်ပြီးတော့ ကျန်ခဲ့တဲ့ မြို့တော်ကြီးကို လွမ်းလွမ်းဆွေးဆွေး တစ်ချက်ကြည့်လိုက်ပါတယ်။ ဒီ မြို့တော်ကြီးဟာ သူကြီးပြင်းလာတဲ့ မြို့တော်ကြီးလေ။


“သွားကြရအောင်” နင်အော်ပြောလိုက်တယ်။



စီးတော် သတ္တဝါကြီး လက်ပြင်ကို ခြေနဲ့ တစ်ချက် ကန်လိုက်ပါတယ်။  သတ္တဝါကြီးဟာ ချက်ခြင်းပဲ ဒုန်းဆိုင်းပြေးထွက်သွားပါတော့တယ်။ မိုဝူနဲ့ ဆောင်းဦးသစ်ရွက်လေးတို့ သူတို့ ဖီရိုကောင်ကြီးတွေ စီးပြီး နောက်က လိုက်ပါလာကြပါတယ်။



…..



ဆောင်းရာသီ ကုန်ဆုံးသွားလို့ နွေရာသီ ရောက်ခဲ့ပြီ….

တောင်ပေါ်ရွာလေးတစ်ရွာ အနီးက မြက်ခင်းပြင်ကြီးပေါ်မှာ သားမွေးဝတ်စုံ ဝတ်ထားသူအများအပြား ပျော်ရွှင် မြူးတူးစွာနဲ့ အထုပ်အပိုးတွေ ထမ်းပြီး လမ်းလျှောက်လာနေကြတယ်။



အတွေ့အကြုံ ရှိပုံမပေါ်တဲ့ လှံရှည်ကိုင်ထားတဲ့ နုနယ်တဲ့ လူငယ်လေးတစ်ယောက်က..
“ဦးလေး ဒလာ…အရင်တုန်းကဆို ဦးလေး ကျွန်တော်တို့ကို အရှေ့ပိုင်းတောင် နွံတောကို ဘယ်တော့မှ မလာဖို့ တားမြစ်ထားတယ်။ အရှေ့ပိုင်းတောင် နွံတော က အရမ်းကို အန္တာရာယ်များတယ်ဆို။ဒါပေမဲ့ ဒီတစ်ခေါက်လာတာ  ကျွန်တော်တို့ ဘာမှလည်း မတွေ့ရဘူး။ ငါးတွေ အများကြီးလည်း ဖမ်းမိလာတယ်။ ဒါတွေက ကျွန်တော်တို့ မျိုးနွယ်စု ကာလတော်တော်ကြာ စားဖို့ လုံလောက်နေပြီ။”



လူငယ်အနီးမှာ ရှိတဲ့ ဝက်ဝံ ခန္ဓာကိုယ် လို ထွားကြိုင်းတဲ့ သူရဲကောင်းဆန်တဲ့ မျက်နှာနဲ့ လူကြီးက ရယ်မောလိုက်ပြီးတော့
“အာ့ရီ.. မင်း က ငါတို့အတွက် ကံကောင်းခြင်းကို ယူလာပေးတာ။ ဒီတစ်ခေါက် အရှေ့ပိုင်းတောင် နွံတော မှာ ဘယ်သူမှ မသေခဲ့ကြဘူး။ ဒါပေမဲ့ အရှေ့ပိုင်းတောင် နွံတော ကို အထင်မသေး မိစေနဲ့။ အရှေ့ပိုင်းတောင် နွံတော ဟာ ဧရိယာ စတုရန်း ကီလိုမီတာ တစ်ထောင် အတွင်းမှာ မိစ္ဆာကြီးတွေ အများဆုံးနေထိုင်တဲ့ နေရာပဲ။ ပြီးတော့ အရှေ့ပိုင်းတောင် နွံတော မှာ ငါးတွေကလည်း ပေါများတာကလည်း နံပါတ် ၁ ပဲ။”


“အာ့ရီ .. ဒါမင်း ပထမဦးဆုံးအကြိမ် ငါတို့နဲ့ လိုက်ပြီးတော့ ငါးဖမ်းတာပဲ။ သုံး လေး ခေါက်လောက် လိုက်ပြီးရင်တော့ ဒီခရီးဟာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မင်း သိလာလိမ့်မယ်။ ငါတို့ ပြန်ရောက်ရင် မင်း ပိုပြီးတော့ ကြိုးကြိုးစားစား လေ့ကျင့်ရမယ်။မင်းရဲ့ ကီကို ပိုပြီးတော့ သန့်စင်လာအောင် လုပ်ရမယ်။ မင်းမှာ ခွန်အားရှိမှသာ အသက်ရှည်ရှည် နေနိုင်မှာ။” သူတို့နားမှာ ရှိနေတဲ့ လက်တစ်ဖက်နဲ့ လူက ရယ်မော ပြောဆိုလိုက်တယ်။



“အာ့ရီ က ကလေးလေး မဟုတ်တော့ပါဘူး။ ဒီ တစ်ခါ ငါတို့ ရွာပြန်ရင် သူ့အတွက် ကောင်မလေး တစ်ယောက်လောက် ရှာပေးရမယ်။ အာ့ရီ မင်း အဖိုးတန်တဲ့ သားမွေးတွေများများ စုထားစမ်း။ ငါတို့ နဲ့ အိမ်နီးချင်း မျိုးနွယ်စုလေးတွေက တောင့်တောင့်တင်းတင်းနဲ့ ကလေးများများ မွေးနိုင်တဲ့ကောင်မလေးတစ်ယောက်ကို သွားတင်တောင်းရမယ်။ ”


“အာ .. မိန်းမများများ တင်တောင်းရမှာ။ ဒါမှ ပိုပြီးတော့ ကလေး များများမွေးနိုင်မှာ။”

အဖိုးကြီးတွေက ဒီ ကောင်လေးကို ဝိုင်းပြီး စနောက်နေကြတယ်။



ဒီအချိန်မှာပဲ အနီးအနားက ကျောက်တုံးကြီးတွေနဲ့ ချုံဖုတ်တွေကြားထဲမှာ အမဲရောင်သားမွေးနဲ့ မွန်းစတားကြီးတစ်ကောင် ဝပ်ပြီးတော့ သူတို့အဖွဲ့ကို စောင့်ကြည့်နေတယ်။ သူအမွေးတွေဟာ အရမ်းကို ချောမွေ့ပြီးတော့ သူ့ခန္ဓာကိုယ်ဟာ ပျော့ပြောင်းပြီး ပြောင်လက်နေတယ်။ ကျားသစ်မျိုးနွယ်ဝင် သတ္တဝါတစ်ကောင်ပေါ့။ သူ့မျက်လုံးတွေဟာ အစိမ်းရောင် ဖျော့ဖျော့ ထွက်နေပြီးတော့ သူ့ခန္ဓာကိုယ်ဟာ ၇မီတာတောင် ရှိတယ်။ သူ့လည်ဆံမွှေးတွေဟာ အရမ်းကို မာကျောပါတယ်။ လည်ပင်းမှာ အချွန်တွေ အများကြီး ပါတဲ့ လည်ပတ်ကြီး ပတ်ထားသလိုပါပဲ။



ဒီမွန်းစတားကြီးဟာ အခွင့်ကောင်းကို ချောင်းနေတယ်။


“ဟာ..ကျွန်တော့အတွက် စိတ်မပူကြပါနဲ့။ ကျွန်တော့်ဖာသာ ကျွန်တော် ကောင်မလေး တစ်ယောက်ရှာလိုက်ပါ့မယ်။”

အာ့ရီဟာ မျက်နှာနီသွားပြီးတော့ မြန်မြန် ပြန်ပြောလိုက်တယ်။


“ဟား..ဟား.. ကောင်လေးက ရှက်နေသေးတယ်။”

အဖိုးကြီးတွေ ပွဲကျသွားကြတယ်။



ရုတ်တရက်….


“ဝေါင်း.. ဂရား….”

အနက်ရောင် အရိပ်ဟာ ခုန်ထွက်လာပြီးတော့ သူနဲ့ အနီးဆုံးက ဝါလုံးချွန်ကိုင်ထားတဲ့ ရွာသားကို ခုန်အုပ်လိုက်တယ်။


“မွန်းစတားကြီး..!!!!”



ရွာသားတွေ အကုန်လုံး ဒေါသတကြီးနဲ့ အော်ဟစ်မန်သွင်းလိုက်ကြပြီးတော့ လက်ထဲက လှံတွေ ဓားတွေနဲ့ ဝိုင်းထိုးလိုက်ကြတယ်။ သူတို့တွေ အကုန်လုံးဟာ မွေးကတည်းက အသေအကြေ လေ့ကျင့်လာခဲ့ကြတာကြောင့် အတွင်းအားကောင်းကြပြီးတော့ ခွန်အားတွေ အလွန်ကြီးမားကြတယ်။


“ဖန်း…”

အနက်ရောင် အရိပ်ကြီးရဲ့ လက်သည်းတွေဟာ လှံတွေ ဓားတွေကို တစ်ချက်တည်းယမ်းပြီးတော့ လွင့်ထွက်သွားစေခဲ့တယ်။


“မြန်မြန်..”


“သတ်!!!!!!!!!!!!!!”



အနီးအနားက ရွာသားတွေ အကုန်လုံး ဒေါသနဲ့ အော်ဟစ်ပြေးလွှား လာကြပြီးတော့ လှံရှည်တွေနဲ့  ထပ်ထိုးလိုက်ကြတယ်။ မျိုးနွယ်စု ငယ်ကလေး ဖြစ်တာကြောင့် သူတို့တွေအားလုံး နက်နဲတဲ့ အင်မော်တယ် ပညာတွေ မတတ်ကြပါဘူး။ လှံရှည်နဲ့ ဝါးချွန်တွေဟာ သူတို့တွေ အသုံးများတဲ့ လက်နက်တွေ ပါ။ သူတို့တွေ ရိုးရှင်းတဲ့ ပညာလေးတွေကို နေ့တိုင်းလေ့ကျင့်ကြရင် နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာ ဒီ ရိုးရှင်းတဲ့ ပညာတွေဟာ သာမာန်ထက်ပိုပြီးတော့ အစွမ်းတွေ ထက်လာကြမှာပါ။


“ဝေါင်း”

လှံရှည်တွေပေါ်ကနေ နင်းပြီးတော့ အရိပ်မဲကြီးဟာ ရွာသားတွေအားလုံးရဲ့ အလယ်ကို ခုန်ဝင်သွားတယ်။



ဒီ ရွာသားတွေဟာ အရှေ့ပိုင်းတောင် နွံတောကို မကြာခဏ လာပြီးတော့ ငါးဖမ်းလေ့ ရှိတာကြောင့် သူတို့တွေဟာ သတ္တဝါကြီးတွေနဲ့ ရင်ဆိုင်တွေ့ ဖို့ ခဲယဉ်းတဲ့ တော်တော် ဘေးကင်းတဲ့ လမ်းကြောင်းကို  အသုံးပြုကြတယ်။ ဒါပေမဲ့ သူတို့တွေ အကုန်လုံး ကြီးနိုင်ငယ်ညှင်း တောစည်းကမ်းကို နားလည်တာကြောင့် ဘယ်တော့မှ သတိ လက်မလွတ်ပဲ  ဝါးချွန်တွေ ကိုင်ထားတဲ့  ရွာသားတွေက အလယ်မှာ စုနေကြပြီး လက်နက်မျိုးစုံ ကိုင်ထားတဲ့ အစွမ်းထက်တဲ့ ရွာသားတွေကတော့ အပြင်စည်းမှာ နေရာယူပြီး နေကြတယ်။



လက်တစ်ဖက်ပြတ်နေတဲ့ လူက အော်ဟစ်လိုက်တယ်။
“မွန်းစတားကြီး… သတိထားကြဟေ့။”

သူက ပြောပြောဆိုဆိုနဲ့ လက်ထဲက ဓားနဲ့ အရိပ်မဲကြီးဆီကို ခုန်ဝင်သွားတယ်။


“မွန်းစတားကြီး… သေစမ်း…”

ရွာသားတွေထဲက အစွမ်းအထက်ဆုံး ဦးလေး ဒယ်လာကလည်း သူ့ရဲ့ လက်စွဲတော် ပုဆိန်ကြီးကို လွှဲပြီးတော့ အရိပ်မဲကြီးဆီ ခုန်ဝင်သွားတယ်။


“သတ်ကြဟေ့..”



ရွာသားတွေ အကုန်လုံး ဟာ အသည်းအသန် ဝိုင်းတိုက်ခိုက်ကြတယ်။ သူတို့တွေ အကုန်လုံးက ဒီ Bi’an ကျား( ဘိုင်အန်) ဟာ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို နားလည်ကြတယ်။ အခုဆို အစွမ်းထက်တဲ့ ရွာသား ၆ယောက်လောက် ဒီ ကျားကို ဝိုင်းတိုက်ခိုက်နေကြပေမဲ့ ဘိုင်အန်ကျားက သူတို့လက်နက်တွေပေါ်ကနေ နင်းသွားပြီးတော့ အလယ်ဗ ဟိုကို ခုန်ဝင်သွားတယ်။ ဒီမှာ သူတို့ထပ်နားလည်သွားတာက ဒီဘိုင်အန်ကျားဟာ ဟိုတျန် အဆင့် အထွဋ်အထိပ်ကို ရောက်နေတဲ့ မွန်းစတားတစ်ကောင် ဖြစ်တယ်ဆိုတာပဲ။ ဒီနေ့တော့ ရွာသားတွေ တော်တော်များများ သေလိမ့်ဦးမယ်။


“ဂါး…..”

ဘိုင်အန် ကျားကြီးဟာ အခုဆိုရင် ဒေါသထွက်ပြီးတော့ ပိုပြီး ကြမ်းလာတယ်။ တိုက်ခိုက်မှုတွေက ပိုပြီးတော့ မြန်လာတယ်။


“ခလွမ်..”

လက်တစ်ဖက်နဲ့ လူဟာ လွင့်စင်ထွက်သွားတယ်။ ဦးလေး ဒယ်လာကတော့ သူ့ ပုဆိန်ကြီးနဲ့ ကြမ်းကြမ်းတမ်းတမ်း ဆက်လွှဲခုတ်နေတယ်။ ဘိုင်ယန် ကျားကြီးက ဒီ ပုဆိန်ကြီး ကိုင်ထားတဲ့ လူဟာ ဒီ လူစုထဲမှာ ကြောက်ဖို့ အကောင်းဆုံး ဆိုတာကို နားလည်သွားတယ်။ ဒါကြောင့် ဒီ လူကို ပဲ သူ သတိထားပြီးတော့ လက်သည်းနဲ့ တန်ပြန်တိုက်ခိုက်လိုက်တယ်။ ပုဆိန်ကြီးဟာ လက်သည်းနဲ့ ပုတ်ထုတ်ခံရပြီး ဦးတည်ရာလွဲသွားတယ်။ ဒါပေမဲ့ ပုဆိန်ကြီးဟာ ကျားကြီးရဲ့ လက်ပြင်ပေါ်ကို ထိသွားပြီးတော့ ဒဏ်ရာကြီးတစ်ခု ပေါ်လာတယ်။ ဘိုင်အန် ကျားကြီးဟာ သူ့ကြွက်သားတွေကို ကျုံ့လိုက်ပြီးတော့ သွေးထွက်တာကို နည်းအောင် ထိန်းချုပ်လိုက်တယ်။ တစ်ကယ့်ပြသနာက ပုဆိန်ချက်က ပေးလိုက်တဲ့ ဒဏ်ရာက ဒုက္ခပေးလောက်အောင် မနက်ဘူး။ တစ်ချိန်တည်းမှာပဲ ဘိုင်အန်ကျားကြီးက လက်နဲ့ ပုဆိန်ကို ပုတ်ထုတ်လိုက်ပြီးတော့ ပါးစပ်ကြီးကို ဖြဲပြီး ဦးလေး ဒယ်လာကို ကိုက်ချလိုက်တယ်။


“ဦးလေးဒယ်လာ..”

အာ့ရီ လှမ်းအော် လိုက်တယ်။


“ဒယ်လာ…”


“ဒယ်လာ…”

ရွာသားတွေ အကုန်လုံး အရမ်း စိုးရိမ်သွားတယ်။



ရုတ်တရက်..


“ရွှပ်..”

တစုံတခုက ဥက္ကာပျံ ခဲလိုမျိုး အလင်းလက်သွားပြီး အဝေးကနေ ဝင်လာတယ်။ ဒီအရာက ဘိုင်အန်ကျားကြီးရဲ့ ဦးခေါင်းခွံကို ထုတ်ချင်းပေါက် ဖောက်သွားပြီးတော့ တစ်ဖက်မှာရှိတဲ့ သစ်ပင်ကြီးကိုလည်း ထုတ်ချင်းပေါက် ဆက်ဖောက်သွားတယ်။


“ဂါး…”



ဦးလေး ဒယ်လာ မြေပြင်ပေါ်ကို လဲကျသွားတယ်။ ဘိုင်အန် ကျားကြီးရဲ့ ကိုယ်လုံးကလည်း သူ့ပေါ်ကို လဲကျလာပြီးတော့ သွေးတွေဟာ ဦးလေး။်လာတစ်ကိုယ်လုံး ရွှဲနစ်သွားတယ်။



“ဦးလေးဒယ်လာ”

အာ့ရီ ငိုပြီးတော့ ဦးလေးဒယ်လာကို ပြေးဖက်လိုက်တယ်။


“ငါ အဆင်ပြေပါတယ်။ ဒါငါ့သွေးတွေ မဟုတ်ဘူး။ ဘိုင်အန်ကျားကြီးရဲ့ သွေးတွေပါဟ။”

လူကြီးက သူ့ကိုယ်ပေါ်က ကျားကြီးကို ဖယ်လိုက်ပြီးတော့ သွေးတွေ သုတ်လိုက်တယ်။



လက်တစ်ဖက်နဲ့ လူကြီးက ရောက်လာပြီးတော့ လဲကျနေတဲ့ ဘိုင်အန်ကျားကြီးကို တစ်ချက် သစ်ပင်ကြီးကို တစ်ချက် ကြည့် ပြီး စစ်ဆေး လိုက်တယ်။ သူ့မျက်မှောင်ကြုတ်လိုက်ပြီးတော့ တိုးတိုးလေး ပြောလိုက်တယ်..


“ကျောက်တုံးလိုမာတဲ့ ဘိုင်အန်ကျားရဲ့ ဦးခေါင်းခွံကို ဖောက်သွားပြီးတော့ သစ်နက်ပင်ကြီးကို ဆက်ပြီးဖောက်သွားနိုင်တဲ့ မြှားချက်ဟာ အင်မတန်ကို ကြောက်ဖို့ ကောင်းတယ်။ ပြီးတော့ ဘိုင်အန် ကျားကြီး ခုန်လိုက်တဲ့ အချိန်မှာပဲ ဒီ မြှားက ဦးခေါင်းကို ပစ်လိုက်တာ.. ဒီလောက်ထိ တိကျတဲ့မြှားချက်….”


“နတ်ဘုရားအဆင့် လေးသမား တစ်ယောက်ပဲ ဖြစ်ရမယ်။”

ရွာသားတွေ အကုန်လုံးက ဘိုင်အန် ကျားကြီးနဲ့ သစ်ပင်ကြီးကို ကြည့်ပြီးတော့ မြှားစတင်လာနိုင်တဲ့ အရပ်ကို ဝိုင်းကြည့်လိုက်ကြတယ်။ ဒီနေရာမှာ ဒီ လေးသမားရှိမှာပဲလေ။


“ဟိုင်း…ဟိုင်း…ဟိုင်း..”



လူ ၃ယောက် တောင်ပေါ် တောအုပ်ထဲကနေ ထွက်လာတယ်။ သိပ်မကြာခင်မှာ ပီပီပြင်ပြင်တွေ့လိုက်ရတယ်။ လူ ၃ယောက်က အရမ်းကို ကြည့်ကောင်းတဲ့ ဖယ်ရို မွန်းစတားတွေ စီးလာတာပဲ။ ဒီ အနက်ရောင် ဖယ်ရို မွန်းစတားတွေဟာ တောင်စောင်းကို မြေပြန့်လို သဘောထားပြီး အေးအေးဆေးဆေး ပြေးလာတာ မကြာခင် ရွာသားတွေ အနီးကို ရောက်လာတယ်။


“အာ…”

ရွာသားတွေအကုန်လုံး အရမ်းကို အံ့သြနေကြတယ်။ သူတို့တွေစီးထားတဲ့ ဖယ်ရို မွန်းစတားတွေတင်သာမကပဲ ပိုင်ရှင်တွေကလည်း အရမ်းကို ကြည့်ကောင်းတဲ့ သားမွေး အင်္ကျ ီတွေ ဝတ်ထားကြတယ်။ အရှေ့ဆုံးက ပုဂ္ဂိုလ်က အရမ်းကို ငယ်ပြီးတော့ ရုပ်ရည်ခန့်ညားတဲ့ လူငယ်ကလေး တစ်ယောက် ဖြစ်ပြီး သူ့ဘေးမှာတော့ အရမ်းကို လှပါတဲ့ ကောင်မလေး တစ်ယောက် ရှိနေတယ်။ ရွာသားတွေအကုန်လုံးက ဒီလောက်လှတဲ့ မိန်းကလေးကို တစ်ခါမှတောင် မမြင်ဖူးဘူးလို့ သစ္စာဆိုနိုင်ကြတယ်။ သူတို့နားက မျိုးနွယ်စုလေးတွေမှှာ ဒီလောက်လှပတဲ့ သူတွေ မရှိကြဘူး။ ဒီကောင်မလေးက စစ်ဝတ်တန်ဆာကို ဝတ်ထားပေမဲ့ လှပမှုကို မဖုံးကွယ်နိုင်ဘူး။ လူငယ်လေးရဲ့ တစ်ဖက်မှာတော့ အရမ်းကို သေမင်း (အော်ရာ aura) အငွေ့အသက်တွေ ထွက်နေတဲ့ မြင်သူတိုင်း ခြောက်ခြားမှုခံရလောက်အောင် ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ရာနဲ့ လူတစ်ယောက်ရှိနေတယ်။ ရွာသားတွေ အကုန်လုံး သူ့ကို မြင်ပြီး ခြောက်ခြားသွားကြတယ်။



အဲ့ ဒီ ကြောက်စရာကောင်းတဲ့ လူကြီးက သူ့ရဲ့ ဖယ်ရို မွန်းစတားကြီးပေါ်ကနေဆင်းပြီးတော့ သစ်နက်ပင်ကြီးနဲ့ မလှမ်းမကမ်းမှာ ကျနေတဲ့ မြှားကို သွားကောက်လိုက်တယ်။


“သခင်လေး”

လူကြီးက လူငယ်လေးဆီကို လျှောက်သွားပြီးတော့ ရိုရိုသေသေနဲ့ မြှားကို ပေးလိုက်တယ်။



ဂျိနင် က လက်ခံယူလိုက်တယ်။



သူတို့တွေမှာ ခရီးထွက်ဖို့ မြားတွေ အများကြီး ပြင်လာပေမဲ့ နေရာတိုင်းမှာ မြှားပစ်ပြီး ပြန်မကောက်ရင် မကြာခင် ပါလာတဲ့ မြှားတွေ ကုန်သွားမှာပေါ့။ ပြီးတော့ ဒီမြှားတွေက အရမ်းကို အဖိုးတန်တယ်။ လေး ငါး ခါလောက် ဆက်တိုက် သုံးလို့ ရတယ်။


“လေးစားရတဲ့ သခင်လေး ခင်ဗျာ.. ကျွန်တော်တို့တွေကို ကယ်တင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ မက်တယ်စတုန်း မျိုးနွယ်စုအနေနဲက သခင်လေးအတွက် ဘယ်လိုများ ပြန်ပြီးတော့ အကျိုးဆောင်ပေးရပါဦးမလဲ ခင်ဗျာ။”

လက်တစ်ဖက်နဲ့ ရွာသားကြီးက ရှေ့ကို ထွက်လာပြီးတော့ အရိုအသေပေးပြီး နှုတ်ဆက်လိုက်တယ်။



တခြားရွာသားတွေကတော့ တုပ်တုပ်တောင် မလှုပ်ရဲကြပါဘူး။



ဒီလို ကြောက်စရာ ကိုယ်ရံတော် စစ်သားနဲ့ အခြွေအရံ ကောင်မလေးတစ်ယောက်ကို အပြင်ထွက်တဲ့အခါ ခေါ်သွားနိုင်တာ သာမာန်လူတစ်ယောက်တော့ မဖြစ်နိုင်တော့ဘူးလေ။ ပြီးတော့ သူ့ကို သခင်လေးလို့ ပထမဆုံး ခေါ်လိုက်သေးတယ်လေ။ သခင်လေးလို့ ခေါ်ထိုက်တဲ့သူတွေဟာ အနည်းဆုံး လူဦးရေ သိန်းချီတဲ့ မျိုးနွယ်စုကြီးတွေရဲ့ ခေါင်းဆောင်ရဲ့ သား တွေပဲ ဖြစ်နိုင်တယ်။ ဒီ လူငယ်လေးရဲ့ မျိုးနွယ်စုဟာ အင်မတန်မှကို တန်ခိုးကြီးမှာပဲ။


“မင်းတို့ အရှေ့ပိုင်းတောင် နွံတော ကို ကျွမ်းကျွမ်းကျင်ကျင် သွားတတ်လား။”

နင်က မွန်းစတားကြီးပေါ်မှာထိုင်လျက် မေးလိုက်တယ်။



ရွာသားတွေ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြတယ်။ ဘာလို့ ဒီလူငယ်က အရှေ့ပိုင်းတောင် နွံတော ကို သွားချင်ရတာပါလိမ့်? သူက သူတို့လို ငါးမျှားဖို့ သွားတာတော့ မဟုတ်လောက်ဘူး မလား။ အရှေ့ပိုင်းတောင် နွံတော က အရမ်းကို အန ္တရာယ်များတယ်။


“ကျွန်တော်ပါ.. ကျွန်တော် အရှေ့ပိုင်းတောင် နွံတော မှာ ငါးဖမ်းနေတာ နှစ်တော်တော်ကြာပါပြီ။ ကျွန်တော် ဒီနေရာနဲ့တော်တော် ရင်းနှီ ကျွမ်းဝင်နေပါပြီ။ သခင်လေး အရှေ့ပိုင်းတောင် နွံတောကို သွားချင်တယ်ဆိုရင် ကျွန်တော်လမ်းပြပေးပါ့မယ်။”

အစွမ်းအထက်ဆုံး ဦးလေး ဒယ်လာက ဖြေလိုက်တယ်။


“ကောင်းတယ်.. ငါတို့နဲ့ လိုက်ခဲ့ပါ။”

နင်က လက်ဝှေ့ယမ်းလိုက်တော့ လက်ထဲမှာ ရွှေတုံးတစ်တုံးပေါ်လာတယ်။ ရွှေတုံးကို ပစ်ပေးလိုက်တယ်။



ဦးလေး ဒယ်လာ ရွှေတုံးကို လက်ခံလိုက် တဲ့အခါမှာ မျက်စိတွေ အရောင်တောက်သွားတယ်။ ဒီရွှေတုံး အလေးချိန်က ၁၀ ပေါင်တိတိလေးတယ်။ သူ့ကလေးအတွက် တစ်သက်လုံး အေးအေးဆေးဆေး နေထိုင်သွားလို့ရအောင်ကို လုံလောက်တယ်။ သူရွှေတုံးကို အနီးက လက်တစ်ဖက်နဲ့ ရွာသားကို ပေးလိုက်ပြီးတော့

“ငါ့ရဲ့ သားအကြီးဆုံးကို ဒီရွှေတုံးလေး ပေးပေးပါ။ ငါသေသွားခဲ့ရင် ငါ့ကလေး ၃ယောက် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာအောင် ကူညီပေးပါ။”



“စိတ်မပူပါနဲ့..”

လက်တစ်ဖက်နဲက လူက ခေါင်းညိတ်လိုက်တယ်။


“လေးစားရပါသော သခင်လေး ခင်ဗျာ ကျွန်တော့်ကို ဒယ်လာလို့ ခေါ်နိုင်ပါတယ်။”

ဦးလေးဒယ်လာ အရိုအသေပေးလိုက်တယ်။


“ဒယ်လာ ကောင်မလေးရဲ့ ဖယ်ရို မွန်းစတားကို ယူစီးလိုက်ပါ။ ဆောင်းဦးသစ်ရွက်လေး ငါနဲ့ အတူလာထိုင်စီးလိုက်။”


“ဟုတ်ကဲ့ရှင့် သခင်လေး။”



ဆောင်းဦးသစ်ရွက်လေး ချက်ခြင်းပဲ နင်ရဲ့ ဖယ်ရို မွန်းစတားပေါ်ခုန်တက်လိုက်ပြီးတော့ နင်ရဲ့ခါးကို ဖက်ထားလိုက်တယ်။ သူက နင်ကို ငယ်ငယ်လေးထဲက ထိန်းကျောင်းလာတာဆိုတော့ သူတို့တွေက တစ်ကယ့် မောင်နှမ ရင်းချာလို ဖြစ်နေပါပြီ။ ပြီးတော့ နင်ရဲ့ ကိုယ်ပိုင် ရံရွေတော် တစ်ယောက်အနေနဲ့ သူ့ကိုယ်သူ နင်ရဲ့ ကောင်မလေး အဖြစ် အစောကြီးထဲက သတ်မှတ်ထားပြီးသားပါ။ သူတို့နှစ်ယောက်ကြားမှာ ဘာမှ မသင့်လျော်တာ မရှိပါဘူး။



ဦးလေး ဒယ်လာက အသက်အောင့်ပြီးတော့ ဖယ်ရို မွန်းစတားကြီး ကျောပေါ်ခုန်တက်လိုက်တယ်။ သူတစ်ခါမှ ဒီကောင်ကြီးမျိုး မစီးဖူးဘူးလေ။


“သွားကြစို့..”

နင် အမိန့်ပေးလိုက်တယ်။


“ဟိုင်း..”

မကြာခင်မှာပဲ နင်နဲ့ တခြားလူတွေ အကုန်လုံး တောင်ပေါ် သစ်တောမှာ ပျောက်ကွယ်သွားပါတယ်။


“ဦးလေး ဆေဘာ.. ဦးလေး ဒယ်လာက သူတို့ကို အရှေ့ပိုင်းတောင် နွံတော လမ်းညွှန်ပေးရမှာ မဟုတ်လား။ အဲ့ဒါ အရမ်း အန ္တရာယ်များတာပေါ့။”

လူငယ်လေး အာ့ရီက လက်တစ်ဖက်ပြတ် လူကြီးကို မေးလိုက်တယ်။



လက်တစ်ဖက်နဲ့ လူကြီးက ခေါင်းညိတ်လိုက်ပြီးတော့
“သူတို့တွေက ငါတို့လို မဟုတ်ဘူး။ အဲ့ဒီ လူငယ်လေးက အရမ်းကို ကြီးမားတဲ့ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ သားဖြစ်နိုင်တယ်။ ဒါကြောင့် သူ ငယ်ငယ်လေးထဲက အကောင်းဆုံး ပညာတွေကို သင်ထားရမှာပဲ။ ခုနက မြှားကလည်း သူပစ်လိုက်တာ ဖြစ်နိုင်တယ်။ သူက အရှေ့ပိုင်းတောင် နွံတော ကိုလာတာ အတွေ့အကြုံရှာချင်လို့ လာတာပဲ ဖြစ်ရမယ်။ သူ မွန်းစတားတွေ အများကြီး သတ်ခဲ့ဖူးမှာပဲ။ ဒါပေမဲ့ အရှေ့ပိုင်းတောင် နွံတောက အရမ်းကို ရှုတ်ထွေးပြီးတော့ အရမ်းကို ကျယ်ပြန့်တယ်။ မြေပုံတစ်ခုတည်း အားကိုးပြီး သွားလို့ အဆင်မပြေဘူး။ ဒါကြောင့် သူတို့ ဦးလေး ဒယ်လာကို လမ်းပြပေးဖို့ ခေါ်သွားတာ။”


“အတွေ့အကြုံ ရှိအောင်? ဒါပေမဲ့ ခုနလူငယ်လေးက အရွယ်တောင် မရောက်သေးဘူး။”

အာ့ရီက မေးလိုက်တယ်။


“တစ်ချို့က သူတို့အရွယ်ထက်ပိုပြီး အိုကြတယ်။ တစ်ချို့ကတော့ အရမ်းကို နုပျိုကြတယ်လေ။”

လက်တစ်ဖက်နဲ့ လူကြီးက ပြောလိုက်တယ်။



အခုဆိုရင် နင်က အသက် ၁၁နှစ် ပြည့်သွားပါပြီ။  ဒါပေမဲံ သူက ၁.၇ မီတာ ပဲ အရပ်ရှိသေးတယ်။ အရင်ဘဝက အရပ်လောက်ပဲ။


“ဒါပေမဲ့ အဲ့ဒီ သခင်လေးက အရမ်းကို ကြင်နာစိတ်ကြီးမားတယ်။  ခုနက ဘိုင်အန်ကျားကြီး ငါတို့ကို ဝင်တိုက်တုန်းက သူသာ ဝင်မကူရင် ငါတို့ရွာသားတွေ တော်တော်များများ အသက်ဆုံးရှုံးမှာ။ ပထမဆုံး သေမှာက ဒယ်လာပဲ။ သူ့အသက် ကယ်ပေးလို့ ဒယ်လာက လမ်းပြပေးဖို့တာဝန်ကို ယူလိုက်တာ။ သူ့အသက်ပင်သေသေ သူ ပြန်ပေးဆပ်မှာပဲ။ ပြီးတော့ အဲ့ဒီ သခင်လေးက ရွှေတုံးတစ်တုံးလည်း ပေးသွားသေးတယ်လေ။ ၁၀ပေါင်တောင်ရှိတဲ့ ရွှေတုံး။”



“မြန်မြန်ဟေ့ ..မြန်မြန်..”

“ဒီ ဘိုင်အန်ကျားကြီးကို အမဲဖျက် သယ်သွားကြမယ်ဟေ့။”

လက်တစ်ဖက်နဲ့ လူကြီးက ချက်ခြင်းအော်ပြောလိုက်တယ်။



“မြန်မြန်ဟေ့”



“လာကြဟေ့။”


ရွာသားတွေ တစ်ယောက်ပြီး တစ်ယောက် ဓားတွေ ထုတ်ကြပြီးတော့ ဘိုင်အန်ကျားကြီးရဲ့ အလောင်းကို အိမ်အပြန်လမ်းအတွက် အမဲဝိုင်းဖျက်နေကြပါတော့တယ်။



Chapter 10 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>



Chapter 11 ( နွံတောထဲဝယ်…)

Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…




Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)