ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 6 (ဂ်ိနင္ ႏွင့္ Serpentwing)

ခန္းမက်ယ္ၾကီးဟာ တိတ္ဆိတ္ေနျပီးေတာ့ ထြန္းထားတဲ့ ဖေယာင္းတိုင္က မီးေတာက္ေတြဟာ ကခုန္ေနၾကတယ္။

နင္ဟာ ေခါင္းငံု႕ျပီးေတာ့ သူ႕ေရွ႕က စားေကာင္းေသာက္ဖြယ္ေတြကို ပလုတ္ပေလာင္း စားေသာက္ေနတယ္။ ဒီေန႕က သူ႕အေဖ ျပန္လာတာကို ၾကိဳဆိုတဲ့ေန႕ေလ။ ဒါေၾကာင့္သူဒီေန႕ အရက္လည္း ေသာက္ခြင့္ရထားတယ္။

“အေဖ”

“အင္း” ရီခၽြမ္မ်က္ေမွာင္ ၾကဳတ္ျပီးေတာ့ သူ႕သားကို ၾကည့္လိုက္တယ္။

သူ႕အေဖ အခု စိတ္ေကာင္း၀င္ေနတဲ့ အခ်ိန္ဆိုတာ သူခံစားလိုက္မိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူSerpentwing ကို မသတ္ႏိုင္ခဲ့လို႕ပဲ။ ေရထဲမွာ ပုန္းေနတဲ့ ေရအမ်ိဳးအစား ဇင္တ်န္ ေနာက္ဆံုးအဆင့္ မြန္းစတားကို ေရနက္ထဲမွာ ရွာေဖြျပီးေတာ့ သတ္ရတာဟာ အရမ္းကို ခက္ခဲပါတယ္။ အေနာက္ဘက္ ဂ်ိကလန္သာ Serpentwing ကို တစ္ကယ္ေသေအာင္သတ္ခ်င္ရင္ အမ်ားၾကီး ေပးဆပ္ျပီးေတာ့ သတ္မွ ရမယ္။ ဒါေပမဲ့ အေနာက္ဘက္ဂ်ိကလန္က ဒီေပးဆပ္မႈကို မလိုလားဘူး။ ဒါေပမဲ့ ဂ်ိကလန္ရဲ့ ဂုဏ္သိကၡာအတြက္ အေနာက္ဘက္ ကလန္တစ္ခုလံုးက Serpentwing ရဲ့ ေရကန္၀န္းက်င္က မြန္းစတားေတြအကုန္လံုးကို ရွင္းပစ္ျပီးျပီ။ ျပီးေတာ့ Serpentwing ေရကန္ ၀န္းက်င္မွာ ဇင္တ်န္ အဆင့္ တန္ခိုးရွင္ေတြနဲ႕ စစ္တပ္ေတြကို ေသခ်ာ တပ္စြဲထားျပီးျပီ။ Serpentwing ဟာ အျပင္ကို လံုး၀ မထြက္ရဲေတာ့ဘူး။ ဒီတိုက္ပြဲဟာ အရမ္းကို ရွည္ၾကာမဲ့ တိုက္ပြဲပါ။ တစ္ကယ္လို႕သာ Serpentwing သတိလက္လြတ္နဲ႕ ထြက္လာခဲ့တာနဲ႕ ဂ်ိကလန္က ဇင္တ်န္ တန္ခိုးရွင္ေတြဟာ ခ်က္ခ်င္းေရာက္လာျပီး ၀ိုင္းသတ္ၾကမွာပဲ။

“ကၽြန္ေတာ္ အျပင္ကို ထြက္ျပီးေတာ့ ေလ့လာခ်င္တယ္။”

“အျပင္ထြက္ ေလ့လာခ်င္တယ္?” ရီခၽြမ္ မ်က္ေမွာင္ၾကဳတ္လိုက္တယ္။

စႏိုးက စိုးရမ္တၾကီး ၀င္ေျပာလိုက္တယ္။
“နင္၊ မင္းကို Serpentwing က ျခံဳခိုတိုက္ခိုက္လိမ့္မယ္။ မင္း သူဘယ္ေလာက္ ေၾကာင္ဖို႕ ေကာင္းလဲဆိုတာ မသိဘူးလား။ ျပီးေတာ့ အေနာက္ဘက္ ဂ်ိကလန္ရဲ့ ျမိဳ႕ေတာ္ အျပင္ဘက္က ေတာင္ၾကီးေတြ နဲ႕ ေရကန္ၾကီးေတြမွာ မိစာၦၾကီးေတြ အမ်ားၾကီး ပုန္းခိုေနၾကတယ္။ အျပင္ကို ထြက္ျပီးေတာ့ ေလ့လာဖို႕ဆို မင္းအရမ္းကို ငယ္ပါေသးတယ္။ ႏွစ္နည္းနည္းေလာက္ ေစာင့္လိုက္ပါဦး။

“အေနာက္ဘက္ ဂ်ိလန္မွာ ကၽြန္ေတာ္နဲ႕ တိုက္ခိုက္ျပီးေတာ့ ေလ့က်င့္ႏိုင္တဲ့သူ ဘယ္သူမွ မရွိေတာ့ဘူး။”
နင္ေခါင္းခါျပီးေျပာလိုက္တယ္။

“မင္းအသက္ ဘယ္ေလာက္ရွိေသးလို႕လဲ။ အနည္းဆံုး မင္းအသက္ ၁၆ႏွစ္ျပည့္မွ အျပင္ထြက္သင့္တယ္။”
ရီခၽြမ္ခံုကို ရိုက္ျပီးေတာ့ ေျပာလိုက္တယ္။

“ဒါေပမဲ့အေဖ…. ကၽြန္ေတာ္ အေနာက္ပိုင္း ဂ်ိကလန္မွာ ေမြးကတည္း က ရွိေနခဲ့တာ။ ကၽြန္ေတာ္ အေနာက္ဘက္ ဂ်ိကလန္ရဲ့ ေနရာေသးေသးေလး တစ္ေနရာ မွာပဲ ေနခဲ့တာေလ။ ကၽြန္ေတာ္ မေရမတြက္ႏိုင္္တဲ့ မ်ိဳးႏြယ္စု ေတြနဲ႕ ပိုျပီးၾကီးတဲ့ ကမာၻၾကီးကို ၾကည့္ခ်င္ျပီ။ ကၽြန္ေတာ္ အေဖလိုပဲ အႏာၱရယ္ အမ်ိဳးမ်ိဳးကို ေက်ာ္ျဖတ္ စြန္႕စားတဲ့ ခရီးေတြ ထြက္ျပီးေတာ့ မိစာၦၾကီးေတြနဲ႕ တိုက္ခိုက္သတ္ျဖတ္ခ်င္တယ္။”

“ဘာ.. မိစာၦၾကီးေတြ၊ မင္းရဲ့ အစြမ္းနည္းနည္းေလးနဲ႕”
ရီခၽြမ္ ေခ ါင္းခါလိုက္တယ္။

“ကၽြန္ေတာ့္အစြမ္းမွာ ဘာျပသနာမွ မရွိပါဘူး။ Serpentwing ရဲ့ ပါ၀ါအျပည့္ တိုက္ခိုက္တဲ့ တိုက္ခိုက္မႈကိုေတာင္ ကၽြန္ေတာ္ ရွင္ႏိုင္ေနေသးတာ။ ဘာျပသနာမ်ား ကၽြန္ေတာ့္အစြမ္းမွာ ရွိေသးလို႕လည္း။” ဂ်ိနင္ ျမန္ျမန္ေျပာလိုက္တယ္။

ဒီေတာ့မွ ရီခၽြမ္ သတိရသြားတယ္။
“ဟုတ္သားပဲ။ ငါမင္းကို ေမးဖို႕ အခြင့္မသာခဲ့ဘူး။ မင္း Serpentwing တိုက္ခိုက္မႈမွာ ဘယ္လိုလုပ္ အသက္ရွင္ လြတ္ေျမာက္လာတာလဲ?”

အနားမွာ ရွိတဲ့ စႏိုးက ရယ္ေမာလိုက္တယ္။
“ရီခၽြမ္ ရွင္က Serpentwing  နဲ႕ တစ္ခ်ိန္လံုး တိုက္ခိုက္ေနရျပီးေတာ့ ျပန္လာဖို႕ အခြင့္မသာခဲ့ဘူး။ ဒါေၾကာင့္ ကၽြန္မတို႕ေတြ ရွင့္ကို ဘာမွ အသိမေပးရေသးဘူး။ ကၽြန္မတိုသားက Serpentwing ရဲ့ အသက္အႏာၱရယ္ နီးလြန္းတဲ့ တိုက္ခိုက္မႈေအာက္မွာ ေျခလွမ္းသိုင္းကို ကမာၻနဲ႕ တစ္သားတည္း အဆင့္အထိ ေရာက္သြားခဲ့တယ္။ သူ႕ရဲ့ ကမာၻနဲ႕ တစ္သားတည္း ေျခသိုင္းကို သံုးျပီးေတာ့ Serpentwing ရဲ့ တိုက္ခိုက္မႈေအာက္ကေန လြတ္ေျမာက္လာခဲ့တာပဲ။”

ရီခၽြမ္ တအံ့တၾသနဲ႕ နင္ကို ၾကည့္လို္က္တယ္။
“ကမာၻနဲ႕ တစ္သားတည္း အဆင့္…”

ဆယ္ႏွစ္သား ကေလးေလးက ကမာၻနဲ႕ တစ္သားတည္း အဆင့္ကို ေရာက္ခဲ့တယ္။???

“ငါ့ရဲ့ ဓားခ်က္ ၃ခ်က္ကို ခုခံစမ္း”

ရီခၽြမ္ဟာ လက္ကို ေ၀ွ႕ယမ္းလိုက္တာနဲ႕ ဓားအရိပ္ ၃ခုဟာ မိုးၾကိဳးလိုမ်ိဳး အလ်င္နဲ႕ နင္ဆီကို ေျပး၀င္သြားတယ္။

နင္ဟာ ညစာ စားပြဲေပၚမွာပဲ ဒူးေကြးလိုက္ျပီးေတာ့ ဒီ အရမ္းျမန္တဲ့ ဓား ၃ ခ်က္ကို လွလွပပ ေရွာင္တိမ္းလိုက္တယ္။

“အေဖဘယ္လိုထင္လဲ?”
နင္ ၀င့္ၾကြားစြာနဲ႕ ေမးလိုက္တယ္။


“မင္းတစ္ကယ္ ေရာက္သြားျပီပဲ။ ကမာၻနဲ႕ တစ္သားတည္း အဆင့္ကို မင္းေျခသိုင္းက ေရာက္သြားျပီ။ မင္းရဲ့ ဓားသိုင္းကလည္း ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ဖို႕ သိပ္မေ၀းေတာ့ဘူး။”
ရီခၽြမ္ သူ႕သားကို အရမ္းအံ့ၾသသြားတယ္။
သူ႕ႏွလံုးသားထဲမွာ သူ႕သားအတြက္ အရမ္းကို ဂုဏ္ယူျပီးေတာ့ ေပ်ာ္ရႊင္ေနတယ္။ သူ႕သားဟာ အရမ္းကို ပါရမီ ထူးကဲတယ္။ ဒီခ်ိဳင့္၀ွမ္းေဒသမွာ သူဟာ အရမ္းကို ရွားပါးျပီးေတာ့ မြန္းစတားျဖစ္တဲ့ ပါရမီကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပဲ။ ဒီလို ပါရမီ ရွိတဲ့ သူတစ္ေယာက္ဟာ ဘယ္ေတာ့မွ သာမာန္လူ တစ္ေယာက္ လို ျပဳစု ပ်ိဳးေထာင္လို႕ မရဘူး။ နင္ရဲ့ ပါရမီနဲ႕ဆိုရင္ ဒီ အေနာက္ဘက္ ဂ်ိကလန္ျမိဳ႕ေတာ္မွာ သူဆက္ျပီး ေလ့က်င့္ေနလည္း ထပ္ျပီး တိုးတက္ေတာ့မွာ မဟုတ္ဘူး။

“မင္း အျပင္ကို ထြက္ျပီးေတာ့ ေလ့လာခ်င္တယ္ဆိုရင္ မျဖစ္ႏိုင္ဘူးေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ မင္း အေဖ့ရဲ့ သတ္မွတ္ထားတဲ့ အခ်က္ေတြ ျပီးေအာင္ လုပ္ႏိုင္မွ ရမယ္။”

“ရီခၽြမ္”
စႏိုးက ေျပာဖို႕ ျပင္လိုက္တာကို ရီခၽြမ္က လက္ေျမွာက္ျပီးေတာ့ တားလိုက္တယ္။

“အေဖ၊ ေျပာပါ။”
နင္အရမ္းကို စိတ္လႈပ္ရွားေနတယ္။

ရီခၽြမ္က ေခါင္းညိတ္လိုက္ျပီးေတာ့
“ေရႊဓားလုပြဲဟာ ေလးႏွစ္ တစ္ၾကိမ္ က်င္းပတာ။ ဒီ ျပိဳင္ပြဲဟာ အသက္ ၁၆ႏွစ္ေအာက္ လူငယ္ေတြ အကုန္လံုး ၀င္ျပိဳင္ခြင့္ရွိတယ္။ အေဖ မင္းကို ဒီႏွစ္ထဲ က်င္းပမဲ့ ေရႊဓားလုပြဲမွာ ေရႊဒားကို ရေအာင္ လုႏိုင္ေစခ်င္တယ္။ မင္းေရႊဓားကို လုလုိ႕ ရတယ္ဆိုရင္ အေဖမင္းကို အျပင္ထြက္ျပီး ေလ့လာခြင့္ေပးမယ္။”

နင္မ်က္လံုးေတါ အေရာင္လက္လာတယ္။
“ေရႊဓား?”

သူအရင္ကတည္းက ကတိျပဳထားၾကတဲ့ သူသာေရႊဓားကို လုႏိုင္ရင္ အနာဂါတ္မွာ အေနာက္ဘက္ဂ်ိကလန္ရဲ့ သခင္ျဖစ္လာမယ္ဆိုတာကို သူသိထားျပီးျပီ။ ျပီးေတာ့ သူသုိင္းေလ့က်င့္တဲ့ ဒီႏွစ္ေတြထဲမွာ သူ႕အေဖဟာ ေရႊဓားကို လုျပီးေတာ့ ကလန္သခင္ျဖစ္ဖို႕ကို မၾကာခဏေျပာခဲ့တယ္။

“ေရႊဓားကို လုတာက အရမ္းကို လြယ္ပါတယ္။ အေဖ အဲ့ဒီအတြက္ ကၽြန္ေတာ့အစြမ္း ၁၀ပံု ၁ပံုပဲ ထုတ္သံုးဖို႕ လိုအပ္တယ္ေလ။ ဒါကၽြန္ေတာ့္အတြက္ အရမ္းခက္ခဲတဲ့ စမ္းသပ္မႈ မဟုတ္ပါဘူး။ အေဖက အေနာက္ပိုင္း ကလန္ ေခါင္းေဆာင္ေနရာကို မက္ေမာလုိ႕လား?”

သူ႕အေဖရဲ့ ႏွလံုးသားဟာ အင္ေမာ္တယ္ လမ္းစဥ္မွာ နစ္ျမဳပ္ေနပါျပီ။

နင္ဆီမွာလည္း သူ႕အေဖလိုမ်ိဳး အင္ေမာ္တယ္လမ္းစဥ္ ဆက္ေလွ်ာက္ခ်င္တဲ့ ႏွလံုးသား ရွိပါတယ္။

“ကလန္ ေခါင္းေဆာင္ ေနရာ? မင္းဟာ ဂ်ိရီခၽြမ္ရဲ့ တစ္ဦးတည္းေသာသား တစ္ဦးတည္းေသာ ဂုဏ္ယူစရာ။ မင္းဟာ ေနာင္တစ္ခ်ိန္မွာ အေဖထက္ အမ်ားၾကီးေတာ္လာမွ။ ကလန္ေခါင္းေဆာင္ေနရာဟာ မင္းအတြက္ ခ်ဳပ္ေႏွာင္မႈတစ္ခု ျဖစ္ေနမွာပဲ။ မင္းေတာင္ပံေတြကို ျဖန္႔ျပီးေတာ့ အျမင့္ဆံုးကို ပ်ံသန္းလိုက္စမ္းပါ။”

ဂ်ိနင္ စဥ္းစားရ က်ပ္သြားတယ္။
“အေဖ ဒါဆို ဘာလို႕ ကၽြန္ေတာ့္ကို ေရႊဓား လုခိုင္းရတာလဲ?”

“ပထမဆံုး ဂ်ိလီကို အိမ္မက္ ဆက္မမက္ဖို႕ သတိေပးခ်င္လို႕။ ဒုတိယ အခ်က္က မင္းေရႊဓားရျပီးတဲ့အခါ သိလိမ့္မယ္။ ဒါေၾကာင့္ မင္း ေရႊဓားကို လုလို႕ရတာနဲ႕ ငါမင္းကို အျပင္ ထြက္ခြင့္ေပးမယ္။ ဒါေပမဲ့ မင္းေရႊဓားကို မရခဲ့ရင္ေတာ့ အေနာက္ဘက္ျမိဳ႕ေတာ္မွာ ေကာင္းေကာင္းမြန္မြန္ ေနရမယ္။”

နင္ ျပံဳးျပီးေျပာလိုက္တယ္။
“ေကာင္းျပီ။”

အနားမွာ ရွိတဲ့ စႏိုးကေတာ့ စိတ္လႈပ္ရွားျပီး က်န္ခဲ့တယ္။

“ရျပီ။ မင္းအခန္းထဲ ျပန္နားေနလိုက္ေတာ့” ရီခၽြမ္ကေျပာလိုက္တယ္။

နင္ ခ်က္ခ်င္းပဲ ခုန္ထျပီးေတာ့ ေပ်ာ္ရႊင္စြာနဲ႕ အခန္းကို ျပန္သြားတယ္။ ခန္းမၾကီးထဲမွာေတာ့ ရီခၽြမ္က သူ႕မိန္းမကို  ဘာလို႕ ဒီလို လုပ္ရတယ္ဆိုတဲ့အေၾကာင္းကို ရွင္းျပျပီး က်န္ခဲ့တယ္။

…..

ေနာက္တစ္ေန႕ အာရုဏ္ဦး အခ်ိန္မွာ..

ဂ်ိနင္ သူ႕မိဘေတြနဲ႕ မနက္စာ စားေနတဲ့ အခ်ိန္မွာ စႏိုးက မွာၾကားေနတယ္။
“မင္း ေရႊဓားကို ရျပီးရင္ အေမ မင္းအျပင္ထြက္ ေလ့လာတာကို မတားျမစ္ေတာ့ပါဘူး။ ဒါေပမဲ့ မင္း ကိုယ္ရံေတာ္ေတြေတာ့ ေခၚသြားရမယ္။”

နင္ ျမန္ျမန္ ျပန္ေျပာလိုက္တယ္။
“ဒါေပမဲ့ ကၽြန္ေတာ္ က စြန္႕စားခန္း ထြက္တာေလ။ ဘာလို႕ တပည့္ေတြ အမ်ားၾကီးကို ေခၚသြားရမွာလဲ?”

စႏိုးက ရယ္ေမာလိုက္ျပီးေတာ့
“မင္း လူ၂ ေယာက္ပဲ ေခၚသြားဖို႕ လုိပါတယ္။ တစ္ေယာက္ကေတာ့ ေဆာင္းဦး သစ္ရြက္ေလး ပါ။ သူက မင္းရဲ့ အေနအထိုင္ အမူအက်င့္ေတြနဲ႕ ရင္းႏွီး ေနေတာ့ မင္းအတြက္ လိုအပ္တာေတြ စီစဥ္ေပးလိမ့္မယ္။ ေနာက္ တစ္ေယာက္ကေတာ့ ေမာ္ ပါ။ သူဟာ အနက္ေရာင္  ျမင္းစီး Ninefang စစ္သူရဲ တစ္ေယာက္ ျဖစ္သလို မင္းအေဖနဲ႕ အတူ အခ်ိန္အၾကာၾကီး လိုက္ပါခဲ့ဖူးပါတယ္။ သူဟာ အရမ္းကို သစၥာရွိတယ္။ သူက သားေလာက္ေတာ့ အစြမ္းအထက္ေပမဲ့ ၾကမ္းတမ္းတဲ့ ခရီးေတြကို အေတြကအၾကံဳ အမ်ားၾကီး ရွိတယ္ေလ။ ”

နင္ တစ္ခ်င္စဥ္းစားလုိက္ျပီးေတာ့ သေဘာတူလိုက္တယ္။
“ေကာင္းျပီေလ။ ကၽြန္ေတာ္ သူတို႕ကို ေခၚသြားလိုက္မယ္။ တျခားလူေတြေတာ့ ထပ္မေခၚႏိုင္ေတာ့ဘူး။”

……

“သခင္ေလး၊ သခင္ေလး အေနာက္ဘက္ ျမိဳ႕ေတာ္ကေနျပီးေတာ့ ထြက္ခြာေတာ့မွာလား။ ျပီးေတာ့ ကၽြန္မကို သခင္ေလးနဲ႕ အတူ ေခၚသြားမယ္ဆို။?”
ေဆာင္းဦး သစ္ရြက္ေလးက အရမ္းကို စိတ္လႈပ္ရွားေနတယ္။ သူ ဂ်ိကလန္ အေနာက္ပိုင္းေဒသကို ေရာက္ကတည္းက တစ္ခါမွ ျမိဳ႕ေတာ္ကေနျပီးေတာ့ မထြက္ခြာဖူးေသးဘူး။

“ကဲကဲ.. ဒီလို အေပ်ာလြန္ျပီး လုပ္စရာေတြ ေမ့ မေနနဲ႕ဦး။ စာၾကည့္တိုက္ကေနျပီးေတာ့ ဒီခ်ိဳင့္၀ွမ္းေဒသမွာ ရွိတဲ့ မိစာၦၾကီးေတြစာရင္းကို ျမန္ျမန္သြားရွာျပီး ယူခဲ့ေခ်။ ျပီးေတာ့ မ်ိဳးႏြယ္စုေပါင္းစံုနဲ႕ ေျမပံုေတြ အကုန္လံုးပါ ဒီကို ယူလာခဲ့ေခ်။ ငါသြားမဲ့ ေနရာေတြကို အၾကမ္းဖ်င္း ေလ့လာျပီး ျပင္ဆင္ထားမွ ေတာ္ကာက်မယ္။” နင္က ေဆာင္းဦးသစ္ရြက္ေလးကို မွာၾကားလိုက္တယ္။

“ဟုတ္ကဲ့ရွင့္ သခင္ေလး။”
ေဆာင္းဦးသစ္ရြက္ေလး ေျပးလႊားထြက္ခြာသြားတယ္။

ေဆာင္းဦးသစ္ရြက္ေလးဟာ ငယ္ငယ္ေလးကတည္းက နင္ရဲ့ ကိုယ္ရံေတာ္လည္း ျဖစ္ပါတယ္။ သူ႕ကို အရမ္းကိုအဆင့္ျမင့္တဲ့ ကီ က်င့္စဥ္ကို ေလ့က်င့္ေပးထားတာေၾကာင့္ သူမဟာ အရမ္းကို အစြမ္းထက္ပါတယ္။ ျပီးေတာ့ တစ္ကယ့္ အေရး ၾကံဳလာလို႕ ရွိရင္ သူ႕ အသက္ကို စေတးျပီး သူ႕သခင္ကို ကယ္ဖို႕ သင္ၾကားထားပါတယ္။

“လာျပီ။လာျပီ။”
ေဆာင္းဦး သစ္ရြက္ေလးဟာ စာအုပ္တစ္ထပ္ၾကီးကို မျပီး ေရာက္လာပါတယ္။ ဒီစာအုပ္ေတြဟာ အရမ္းကို ၾကီးမားေလးလံျပီးေတာ့ အနည္းဆံုး ေပါင္ ရာ ေက်ာ္ ေလးပါတယ္။ သူမ ေလွ်ာက္လာေတာ့ ေျမၾကီးေတြပါ တုန္ခါေနပါတယ္။

နင္ တစ္အုပ္ခ်င္းဆီကို ေသခ်ာလွန္ေလွာ ဖတ္ရႈလိုက္ပါတယ္။

…..

ဒ႑ာရီထဲက မြန္းစတားၾကီးေတြ တစ္ေကာင္ျပီး တစ္ေကာင္ အေၾကာင္းကို သူေသခ်ာဖတ္ရႈခဲ့တယ္။ ဒီမွာမွ ဒီခ်ိဳင္၀ွမ္းေဒသမွာ မြန္းစတားၾကီးေတြ ဘယ္ေလာက္ မ်ားမွန္း သူအခုမွ သိခဲ့တယ္။ မြန္းစတားၾကီးေတြဟာ ေရကန္ၾကီးေတြနဲ႕ ေတာင္ျမင့္ၾကီးေတြမွာ ခိုေအာင္းေနထိုင္ၾကတယ္။ သူတို႕ကို သတ္ဖို႕ အရမ္းကို ခက္ခဲျပီးေတာ့ အရမ္းကို အေရအတြက္ မ်ားျပားတယ္။ ဒါေၾကာင့္ ဒီမြန္းစတားေတြနဲ႕ ဒီေဒသရဲ့ အရွင္သခင္ ေတြ ဂ်ိကလန္ လိုမ်ိဳး ၂ခုၾကားမွာ မေျပာပဲ နားလည္မႈယူထားတာေတြ ရွိေနၾကတယ္။ ဒါေၾကာင့္ မြန္းစတားၾကီးေတြဟာ လူေတြကို အမ်ားၾကီး ေသေၾကေအာင္ မသတ္သလို ဂ်ိကလန္နဲ႕တျခားတန္ခိုးၾကီး ကလန္ေတြကလည္း မြန္းစတားေတြကို ႏွိမ္နင္းတဲ့ စစ္ပြဲကို မစတင္ခဲ့ၾကဘူး။

၂ ဖက္စလံုးဟာ လက္ေရွာင္ျပီးေတာ့ အေပၚယံ ေအးခ်မ္းမႈကို တည္ေဆာက္ထားၾကတယ္။

တခ်ိဳ႕ မ်ိဳးႏြယ္စု ရြာေလးေတြနဲ႕ တခ်ိဳ႕ မိစာၦၾကီးေတြဟာ အသတ္ခံရေပမဲ့ ဒါေတြက လက္ခံႏိုင္တဲ့ အတို္င္းအတာ တစ္ခုမွာ ရွိေနတယ္။ မြန္းစတားေတြနဲ႕ ဂ်ိကလန္လို တန္ခိုးၾကီး ကလန္ေတြၾကားထဲမွာ ဘယ္သူမွ မျဖတ္ဆီးခ်င္တဲ့ မျမင္ရတဲ့ စည္းတစ္ခု ရွိေနတယ္။ ဒီ စည္းကိုျဖတ္လိုက္တာနဲ႕ ေသြးေခ်ာင္စီးမႈေတြ ရပ္တန္႕ေတာ့မွာ မဟုတ္ဘူး။

“blacktooth မ်ိဳးႏြယ္စု ေက်းရြာ။ ဒီေနရာက ေျမပံုအသစ္မွာ ငါတို႕ အေနာက္ဘက္ ဂ်ိကလန္ နယ္ေျမနဲ႕ အနီးဆံုးပဲ။ ဒီေက်းရြာက အခုမွ စျပီးေတာ့ တည္ေထာင္ထားတာပဲ။ ဒါ ေႏြဦးျမက္ကေလး ရဲ့ အေဖ မ်ိဳးႏြယ္စု ျဖစ္ရမယ္။ ငါတို႕နဲ႕ ကီလိုမီတာ တစ္ေထာင္ေက်ာ္ေလာက္ပဲ ေ၀းတာပဲ။”

“သခင္ေလး ကၽြန္မတို႕ Blacktooth ေက်းရြာကို ၀င္လည္ၾကရေအာင္။ ေႏြဦးျမက္ကေလးနဲ႕လည္း ေတြ႕ရတာေပါ့။”
ေဆာင္းဦးသစ္ရြက္ေလးက ျမန္ျမန္ေျပာလုိက္တယ္။

“ငါတို႕ေတြ ၀င္လည္ၾကတာေပါ့။ ဒါေပမဲ့ ငါတိုေတြ ေလ့လာေရး ခရီးအတြက္ အစီအစဥ္ ဆြဲသြားရမယ္။ ပထမ ဒီ ေနရာ၊ ေနာက္ ဒီေနရာ ၊ ဒီေနရာေတြ ကို ျဖတ္သြားၾကမယ္။ ”
နင္ဟာ ေျမပံုေပၚမွာ အႏၱရယ္ ရွိတဲ့ ေနရာေတြ တစ္ခုျပီးတစ္ခုကို အနက္ေရာင္ အမွတ္အသားေတြ လိုက္မွတ္ထားလိုက္တယ္။

ေဆာင္းဦးသစ္ရြက္ေလး ထိတ္လန္႕သြားတယ္။
“ဒီေနရာေတြ အကုန္လံုးက မိစာၦၾကီးေတြ ခိုေအာင္းေနတဲ့ ေနရာေတြပဲ။ သခင္ေလး။”

“ဟုတ္တာေပါ့။ ငါ တခ်ိဳးမိစာၦေတြကို ၀င္သတ္ဖို႕လို႕။ စိတ္မပူပါနဲ႕။ ငါေရြးထားတဲ့ မြန္းစတားေတြ အကုန္လံုးက ဇင္တ်န္ အဆင့္ ေရာက္ခါစ ေလးေတြပါပဲ။ သူတို႕ေတြက Serpentwing  နဲ႕ ယွဥ္ရင္ အမ်ားၾကီး weak ေသးတယ္။ ငါအကုန္လံုးကို တစ္ေကာင္ခ်င္း သတ္သြားမယ္။ ငါ ဇင္တ်န္ အဆင့္ကို ေရာက္သြားတဲ့အထိ မရပ္မနား ငါ သတ္သြားမယ္။ ငါဇင္တ်န္ အဆင့္ကို ေရာက္တာနဲ႕ Serpentwing ဆီကို သြားလည္ၾကတာေပါ့။”

ေဆာင္းဦးသစ္ရြက္ေလး အလြန္အမင္းထိတ္လန္႕သြားတယ္။
“သခင္ေလး ၊ Serpentwing က ဇင္တ်န္ ေနာက္ဆံုးအဆင့္ မိစာၦၾကီးေလ။”

“ငါ့ကိုငါ ယံုပါတယ္။”

နံပါတ္ ၁ ဖင္းေဂါ့က်င့္စဥ္ျဖစ္တဲ့ အနီေရာင္ေကာင္းကင္ကိုးဆင့္ က်င့္စဥ္ဟာ အရမ္းကို အစြမ္းထက္ပါတယ္။ အခုဆို ၃ဆင့္ပဲ ေရာက္ေသးေပမဲ့ သူဟာ သာမာန္ ကီက်င့္စဥ္ က်င့္ထားတဲ့ ဇင္တ်န္ အေစာဆံုး အဆင့္ရဲ့ အစြမ္းေတြနဲ႕ တူညီေနပါျပီ။ တစ္ကယ္လို႕ သူသာ ေလးဆင့္ကို ေရာက္သြားရင္ ဇင္တ်န္ ကီက်င့္စဥ္ က်င့္ထားတဲ့ ေနာက္ဆံုးအဆင့္ရဲ့ အစြမ္းနဲ႕ ညီသြားပါျပီ။

ဒီဆင့္မွာ သူသာ Serpentwing နဲ႕ ထိပ္တိုက္ တိုက္ခိုက္ရရင္ေတာင္ လက္ရည္တူေလာက္ က်ႏိုင္ပါတယ္။ ဒါေပမဲ့ ဥာဏ္အလင္းပြင့္ျခင္းမွာေတာ့ သူဟာ Serpentwing ထက္ အမ်ားၾကီး အဆင့္ျမင့္ပါတယ္။

နင္ရဲ့ မ်က္လံုးေတြမွာ ေတာရိုင္းစိတ္၀င္တဲ့ အေရာင္ေတြ တလက္လက္ တစ္ခ်က္ ထြက္လာပါတယ္။ သူ႕ကို Serpentwing က အလစ္၀င္ တိုက္ခိုက္သြားခဲ့တာကို သူ ဘယ္ေတာ့မွ မေမ့ပါဘူး။
“မိစာၦၾကီး Serpentwing ဒီတစ္ခါ ငါအျပင္ထြက္လာခဲ့တာ ငါ့ရဲ့ ေနာက္ဆံုး ဦးတည္ခ်က္က မင္းပဲ။ မင္း ငါမေရာက္ခင္ မေသပါေစနဲ႕ ဦးလို႕ ငါေမွ်ာ္လင့္ပါတယ္။”

…………

အေနာက္ဘက္ ဂ်ိကလန္ဟာ လာမဲ့ ေရႊဓားျပိဳင္ပြဲအတြက္ ၾကိဳတင္ျပင္ဆင္ေနၾကပါတယ္။ မေရမတြက္ႏိုင္တဲ့ မ်ိဳးႏြယ္စုေတြက အရည္အခ်င္း ရွိတဲ့ လူငယ္ေတြဟာ ျပိဳင္ပြဲ၀င္ဖို႕ စာရင္းေပးဖို႕အတြက္ ျမိဳ႕ေတာ္ကို ေရာက္ရွိေနၾကပါတယ္။ သူတို႕ေတြအကုန္လံုးဟာ ျပိဳင္ဘက္ေတြအကုန္လံုးကို တစ္ေယာက္ျပီးတစ္ေယာက္ အႏိုင္ယူျပီးေတာ့ လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားခ်င္ၾကပါတယ္။ သူတို႕နာမည္ကို မ်ိဳးႏြယ္စုတိုင္းမွာ ဒ႑ာရီ ျဖစ္ေစခ်င္ၾကပါတယ္။

“ဒီတစ္ခါ ေရြဓားျပိဳက္ပြဲျပီးရင္ ငါ ရြာကို ျပန္မယ္။ ငါ ျပိဳင္ပြဲမွာ ထိပ္ဆံုး ၈ေယာက္မွာ ပါမွာပဲ။ ဒါဆိုငါ ဇင္တ်န္ အဆင့္ကို ေရာက္ေအာင္က်င့္တဲ့ က်မ္းကို ေလ့က်င့္ခြင့္ရွိလာမယ္။ ဒါဆို ငါဇင္တ်န္ အဆင့္ကို ေရာက္သြားမယ္။”
ေက်ာမွာ ဓားနက္ၾကီး တစ္လက္ကို လြယ္ျပီးေတာ့ သားေမြး အက်ၤ ီစုတ္ နဲ႕ သားေရဖိနပ္ အေဟာင္းေလး ၀တ္ထားတဲ့ အသားအေရာင္ နက္ေမွာင္ေနတဲ့ လူငယ္ေလးက တီးတိုးေရရြတ္လိုက္ပါတယ္။

“Tigerhowl ဆိုတဲ့ နာမည္ဟာ ဒီေျမျပင္က မ်ိဳးႏြယ္စုတိုင္း ရဲ့ ဒ႑ာရီ ျဖစ္ရမယ္။”

“ငါသာလွ်င္ အစြမ္းအထက္ဆံုး။”

“ဒါငါ့အတြက္ အင္ေမာ္တယ္ က်င့္စဥ္ရဖို႕ ေနာက္ဆံုး အခြင့္အေရးပဲ။”

မ်ိဳးႏြယ္စုတိုင္းက လူငယ္ေတြဟာ သူတို႕အိပ္မက္နဲ႕ သူတို႕ ေတြးျပီးေတာ့ ေရႊဓားျပိဳင္ပြဲအတြက္ လာေရာက္ အမည္စာရင္းသြင္းေနၾကတယ္။

ဒီပြဲဟာ မေရမတြက္ႏိုင္တဲ့ မ်ိဳးႏြယ္စုေတြ က လူငယ္ေတြ အကုန္လံုးအတြက္ ျမင့္ျမတ္တဲ့ ေနရာပါပဲ။

အေနာက္ဘက္ ဂ်ိကလန္ရဲ့ နယ္နိမိတ္ထဲမွာရွိတဲ့လူငယ္ေတြဟာ အကုန္၀င္ျပိဳင္ၾကပါတယ္။ သူတို႕ေတြဟာ ေက်ာ္ၾကားခ်င္ၾကျပီးေတာ့ အရမ္းကို နက္နဲတဲ့ ပညာေတြနဲ႕ ကီက်င့္စဥ္ေတြကို ျပိဳင္ပြဲကေန ဆုရလိုၾကပါတယ္။ သူတို႕ေတြအတြက္ ဒီက်မ္းေတြဟာ ေနာင္တစ္ခ်ိန္ သူတို႕အိပ္မက္ေတြကို တစ္ကယ္ျဖစ္ေစႏိုင္တဲ့ က်မ္းေတြပါပဲ။

….

“ဘာ .. ဂ်ိနင္က ျပိဳင္ပြဲကို ၀င္ျပိဳင္မယ္ ဟုတ္လား။”
ဂ်ိလီဟာ ဒီသတင္းကို ၾကားၾကားခ်င္း အလန္႕တၾကားေျပာလိုက္တယ္။
သူစဥ္းစားရက်ပ္သြားတယ္။
“ဂ်ိနင္က အခုမွ ၁၀ႏွစ္ပဲ ရွိေသးတာ။ သူ ေရႊဓားျပိဳင္ပြဲကို ေနာက္ ၄ ႏွစ္က်မွ ၀င္ျပိဳင္လို႕လည္း ရေသးတယ္။ ဘာလို႕ အခု၀င္ျပိဳင္တာပါလိမ့္?”

Chapter ၆  ျပီးပါျပီ။

ဆက္ပါဦးမည္>>>>>>
Chapter 7 ( တစ္ေယာက္ႏွင့္ ၇ေယာက္)

Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode

ခန်းမကျယ်ကြီးဟာ တိတ်ဆိတ်နေပြီးတော့ ထွန်းထားတဲ့ ဖယောင်းတိုင်က မီးတောက်တွေဟာ ကခုန်နေကြတယ်။



နင်ဟာ ခေါင်းငုံ့ပြီးတော့ သူ့ရှေ့က စားကောင်းသောက်ဖွယ်တွေကို ပလုတ်ပလောင်း စားသောက်နေတယ်။ ဒီနေ့က သူ့အဖေ ပြန်လာတာကို ကြိုဆိုတဲ့နေ့လေ။ ဒါကြောင့်သူဒီနေ့ အရက်လည်း သောက်ခွင့်ရထားတယ်။



“အဖေ”



“အင်း” ရီချွမ်မျက်မှောင် ကြုတ်ပြီးတော့ သူ့သားကို ကြည့်လိုက်တယ်။



သူ့အဖေ အခု စိတ်ကောင်းဝင်နေတဲ့ အချိန်ဆိုတာ သူခံစားလိုက်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူSerpentwing ကို မသတ်နိုင်ခဲ့လို့ပဲ။ ရေထဲမှာ ပုန်းနေတဲ့ ရေအမျိုးအစား ဇင်တျန် နောက်ဆုံးအဆင့် မွန်းစတားကို ရေနက်ထဲမှာ ရှာဖွေပြီးတော့ သတ်ရတာဟာ အရမ်းကို ခက်ခဲပါတယ်။ အနောက်ဘက် ဂျိကလန်သာ Serpentwing ကို တစ်ကယ်သေအောင်သတ်ချင်ရင် အများကြီး ပေးဆပ်ပြီးတော့ သတ်မှ ရမယ်။ ဒါပေမဲ့ အနောက်ဘက်ဂျိကလန်က ဒီပေးဆပ်မှုကို မလိုလားဘူး။ ဒါပေမဲ့ ဂျိကလန်ရဲ့ ဂုဏ်သိက္ခာအတွက် အနောက်ဘက် ကလန်တစ်ခုလုံးက Serpentwing ရဲ့ ရေကန်ဝန်းကျင်က မွန်းစတားတွေအကုန်လုံးကို ရှင်းပစ်ပြီးပြီ။ ပြီးတော့ Serpentwing ရေကန် ဝန်းကျင်မှာ ဇင်တျန် အဆင့် တန်ခိုးရှင်တွေနဲ့ စစ်တပ်တွေကို သေချာ တပ်စွဲထားပြီးပြီ။ Serpentwing ဟာ အပြင်ကို လုံး၀ မထွက်ရဲတော့ဘူး။ ဒီတိုက်ပွဲဟာ အရမ်းကို ရှည်ကြာမဲ့ တိုက်ပွဲပါ။ တစ်ကယ်လို့သာ Serpentwing သတိလက်လွတ်နဲ့ ထွက်လာခဲ့တာနဲ့ ဂျိကလန်က ဇင်တျန် တန်ခိုးရှင်တွေဟာ ချက်ချင်းရောက်လာပြီး ဝိုင်းသတ်ကြမှာပဲ။



“ကျွန်တော် အပြင်ကို ထွက်ပြီးတော့ လေ့လာချင်တယ်။”



“အပြင်ထွက် လေ့လာချင်တယ်?” ရီချွမ် မျက်မှောင်ကြုတ်လိုက်တယ်။



စနိုးက စိုးရမ်တကြီး ဝင်ပြောလိုက်တယ်။

“နင်၊ မင်းကို Serpentwing က ခြုံခိုတိုက်ခိုက်လိမ့်မယ်။ မင်း သူဘယ်လောက် ကြောင်ဖို့ ကောင်းလဲဆိုတာ မသိဘူးလား။ ပြီးတော့ အနောက်ဘက် ဂျိကလန်ရဲ့ မြို့တော် အပြင်ဘက်က တောင်ကြီးတွေ နဲ့ ရေကန်ကြီးတွေမှာ မိစ္ဆာကြီးတွေ အများကြီး ပုန်းခိုနေကြတယ်။ အပြင်ကို ထွက်ပြီးတော့ လေ့လာဖို့ဆို မင်းအရမ်းကို ငယ်ပါသေးတယ်။ နှစ်နည်းနည်းလောက် စောင့်လိုက်ပါဦး။”



“အနောက်ဘက် ဂျိလန်မှာ ကျွန်တော်နဲ့ တိုက်ခိုက်ပြီးတော့ လေ့ကျင့်နိုင်တဲ့သူ ဘယ်သူမှ မရှိတော့ဘူး။”

နင်ခေါင်းခါပြီးပြောလိုက်တယ်။


“မင်းအသက် ဘယ်လောက်ရှိသေးလို့လဲ။ အနည်းဆုံး မင်းအသက် ၁၆နှစ်ပြည့်မှ အပြင်ထွက်သင့်တယ်။”

ရီချွမ်ခုံကို ရိုက်ပြီးတော့ ပြောလိုက်တယ်။



“ဒါပေမဲ့အဖေ…. ကျွန်တော် အနောက်ပိုင်း ဂျိကလန်မှာ မွေးကတည်း က ရှိနေခဲ့တာ။ ကျွန်တော် အနောက်ဘက် ဂျိကလန်ရဲ့ နေရာသေးသေးလေး တစ်နေရာ မှာပဲ နေခဲ့တာလေ။ ကျွန်တော် မရေမတွက်နိုင်တဲ့ မျိုးနွယ်စု တွေနဲ့ ပိုပြီးကြီးတဲ့ ကမ္ဘာကြီးကို ကြည့်ချင်ပြီ။ ကျွန်တော် အဖေလိုပဲ အန္တာရယ် အမျိုးမျိုးကို ကျော်ဖြတ် စွန့်စားတဲ့ ခရီးတွေ ထွက်ပြီးတော့ မိစ္ဆာကြီးတွေနဲ့ တိုက်ခိုက်သတ်ဖြတ်ချင်တယ်။”



“ဘာ.. မိစ္ဆာကြီးတွေ၊ မင်းရဲ့ အစွမ်းနည်းနည်းလေးနဲ့”

ရီချွမ် ခေ ါင်းခါလိုက်တယ်။



“ကျွန်တော့်အစွမ်းမှာ ဘာပြသနာမှ မရှိပါဘူး။ Serpentwing ရဲ့ ပါဝါအပြည့် တိုက်ခိုက်တဲ့ တိုက်ခိုက်မှုကိုတောင် ကျွန်တော် ရှင်နိုင်နေသေးတာ။ ဘာပြသနာများ ကျွန်တော့်အစွမ်းမှာ ရှိသေးလို့လည်း။” ဂျိနင် မြန်မြန်ပြောလိုက်တယ်။



ဒီတော့မှ ရီချွမ် သတိရသွားတယ်။

“ဟုတ်သားပဲ။ ငါမင်းကို မေးဖို့ အခွင့်မသာခဲ့ဘူး။ မင်း Serpentwing တိုက်ခိုက်မှုမှာ ဘယ်လိုလုပ် အသက်ရှင် လွတ်မြောက်လာတာလဲ?”



အနားမှာ ရှိတဲ့ စနိုးက ရယ်မောလိုက်တယ်။

“ရီချွမ် ရှင်က Serpentwing  နဲ့ တစ်ချိန်လုံး တိုက်ခိုက်နေရပြီးတော့ ပြန်လာဖို့ အခွင့်မသာခဲ့ဘူး။ ဒါကြောင့် ကျွန်မတို့တွေ ရှင့်ကို ဘာမှ အသိမပေးရသေးဘူး။ ကျွန်မတိုသားက Serpentwing ရဲ့ အသက်အန္တာရယ် နီးလွန်းတဲ့ တိုက်ခိုက်မှုအောက်မှာ ခြေလှမ်းသိုင်းကို ကမ္ဘာနဲ့ တစ်သားတည်း အဆင့်အထိ ရောက်သွားခဲ့တယ်။ သူ့ရဲ့ ကမ္ဘာနဲ့ တစ်သားတည်း ခြေသိုင်းကို သုံးပြီးတော့ Serpentwing ရဲ့ တိုက်ခိုက်မှုအောက်ကနေ လွတ်မြောက်လာခဲ့တာပဲ။”



ရီချွမ် တအံ့တသြနဲ့ နင်ကို ကြည့်လိုက်တယ်။

“ကမ္ဘာနဲ့ တစ်သားတည်း အဆင့်…”



ဆယ်နှစ်သား ကလေးလေးက ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်ခဲ့တယ်။???



“ငါ့ရဲ့ ဓားချက် ၃ချက်ကို ခုခံစမ်း”



ရီချွမ်ဟာ လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ ဓားအရိပ် ၃ခုဟာ မိုးကြိုးလိုမျိုး အလျင်နဲ့ နင်ဆီကို ပြေးဝင်သွားတယ်။



နင်ဟာ ညစာ စားပွဲပေါ်မှာပဲ ဒူးကွေးလိုက်ပြီးတော့ ဒီ အရမ်းမြန်တဲ့ ဓား ၃ ချက်ကို လှလှပပ ရှောင်တိမ်းလိုက်တယ်။



“အဖေဘယ်လိုထင်လဲ?”

နင် ဝင့်ကြွားစွာနဲ့ မေးလိုက်တယ်။





“မင်းတစ်ကယ် ရောက်သွားပြီပဲ။ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို မင်းခြေသိုင်းက ရောက်သွားပြီ။ မင်းရဲ့ ဓားသိုင်းကလည်း ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူး။”

ရီချွမ် သူ့သားကို အရမ်းအံ့သြသွားတယ်။

သူ့နှလုံးသားထဲမှာ သူ့သားအတွက် အရမ်းကို ဂုဏ်ယူပြီးတော့ ပျော်ရွှင်နေတယ်။ သူ့သားဟာ အရမ်းကို ပါရမီ ထူးကဲတယ်။ ဒီချိုင့်ဝှမ်းဒေသမှာ သူဟာ အရမ်းကို ရှားပါးပြီးတော့ မွန်းစတားဖြစ်တဲ့ ပါရမီကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ။ ဒီလို ပါရမီ ရှိတဲ့ သူတစ်ယောက်ဟာ ဘယ်တော့မှ သာမာန်လူ တစ်ယောက် လို ပြုစု ပျိုးထောင်လို့ မရဘူး။ နင်ရဲ့ ပါရမီနဲ့ဆိုရင် ဒီ အနောက်ဘက် ဂျိကလန်မြို့တော်မှာ သူဆက်ပြီး လေ့ကျင့်နေလည်း ထပ်ပြီး တိုးတက်တော့မှာ မဟုတ်ဘူး။



“မင်း အပြင်ကို ထွက်ပြီးတော့ လေ့လာချင်တယ်ဆိုရင် မဖြစ်နိုင်ဘူးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း အဖေ့ရဲ့ သတ်မှတ်ထားတဲ့ အချက်တွေ ပြီးအောင် လုပ်နိုင်မှ ရမယ်။”



“ရီချွမ်”

စနိုးက ပြောဖို့ ပြင်လိုက်တာကို ရီချွမ်က လက်မြှောက်ပြီးတော့ တားလိုက်တယ်။



“အဖေ၊ ပြောပါ။”

နင်အရမ်းကို စိတ်လှုပ်ရှားနေတယ်။



ရီချွမ်က ခေါင်းညိတ်လိုက်ပြီးတော့

“ရွှေဓားလုပွဲဟာ လေးနှစ် တစ်ကြိမ် ကျင်းပတာ။ ဒီ ပြိုင်ပွဲဟာ အသက် ၁၆နှစ်အောက် လူငယ်တွေ အကုန်လုံး ဝင်ပြိုင်ခွင့်ရှိတယ်။ အဖေ မင်းကို ဒီနှစ်ထဲ ကျင်းပမဲ့ ရွှေဓားလုပွဲမှာ ရွှေဒားကို ရအောင် လုနိုင်စေချင်တယ်။ မင်းရွှေဓားကို လုလို့ ရတယ်ဆိုရင် အဖေမင်းကို အပြင်ထွက်ပြီး လေ့လာခွင့်ပေးမယ်။”



နင်မျက်လုံးတေါ အရောင်လက်လာတယ်။

“ရွှေဓား?”



သူအရင်ကတည်းက ကတိပြုထားကြတဲ့ သူသာရွှေဓားကို လုနိုင်ရင် အနာဂါတ်မှာ အနောက်ဘက်ဂျိကလန်ရဲ့ သခင်ဖြစ်လာမယ်ဆိုတာကို သူသိထားပြီးပြီ။ ပြီးတော့ သူသိုင်းလေ့ကျင့်တဲ့ ဒီနှစ်တွေထဲမှာ သူ့အဖေဟာ ရွှေဓားကို လုပြီးတော့ ကလန်သခင်ဖြစ်ဖို့ကို မကြာခဏပြောခဲ့တယ်။



“ရွှေဓားကို လုတာက အရမ်းကို လွယ်ပါတယ်။ အဖေ အဲ့ဒီအတွက် ကျွန်တော့အစွမ်း ၁၀ပုံ ၁ပုံပဲ ထုတ်သုံးဖို့ လိုအပ်တယ်လေ။ ဒါကျွန်တော့်အတွက် အရမ်းခက်ခဲတဲ့ စမ်းသပ်မှု မဟုတ်ပါဘူး။ အဖေက အနောက်ပိုင်း ကလန် ခေါင်းဆောင်နေရာကို မက်မောလို့လား?”



သူ့အဖေရဲ့ နှလုံးသားဟာ အင်မော်တယ် လမ်းစဉ်မှာ နစ်မြုပ်နေပါပြီ။



နင်ဆီမှာလည်း သူ့အဖေလိုမျိုး အင်မော်တယ်လမ်းစဉ် ဆက်လျှောက်ချင်တဲ့ နှလုံးသား ရှိပါတယ်။



“ကလန် ခေါင်းဆောင် နေရာ? မင်းဟာ ဂျိရီချွမ်ရဲ့ တစ်ဦးတည်းသောသား တစ်ဦးတည်းသော ဂုဏ်ယူစရာ။ မင်းဟာ နောင်တစ်ချိန်မှာ အဖေထက် အများကြီးတော်လာမှ။ ကလန်ခေါင်းဆောင်နေရာဟာ မင်းအတွက် ချုပ်နှောင်မှုတစ်ခု ဖြစ်နေမှာပဲ။ မင်းတောင်ပံတွေကို ဖြန့်ပြီးတော့ အမြင့်ဆုံးကို ပျံသန်းလိုက်စမ်းပါ။”



ဂျိနင် စဉ်းစားရ ကျပ်သွားတယ်။

“အဖေ ဒါဆို ဘာလို့ ကျွန်တော့်ကို ရွှေဓား လုခိုင်းရတာလဲ?”



“ပထမဆုံး ဂျိလီကို အိမ်မက် ဆက်မမက်ဖို့ သတိပေးချင်လို့။ ဒုတိယ အချက်က မင်းရွှေဓားရပြီးတဲ့အခါ သိလိမ့်မယ်။ ဒါကြောင့် မင်း ရွှေဓားကို လုလို့ရတာနဲ့ ငါမင်းကို အပြင် ထွက်ခွင့်ပေးမယ်။ ဒါပေမဲ့ မင်းရွှေဓားကို မရခဲ့ရင်တော့ အနောက်ဘက်မြို့တော်မှာ ကောင်းကောင်းမွန်မွန် နေရမယ်။”



နင် ပြုံးပြီးပြောလိုက်တယ်။
“ကောင်းပြီ။”



အနားမှာ ရှိတဲ့ စနိုးကတော့ စိတ်လှုပ်ရှားပြီး ကျန်ခဲ့တယ်။



“ရပြီ။ မင်းအခန်းထဲ ပြန်နားနေလိုက်တော့” ရီချွမ်ကပြောလိုက်တယ်။



နင် ချက်ချင်းပဲ ခုန်ထပြီးတော့ ပျော်ရွှင်စွာနဲ့ အခန်းကို ပြန်သွားတယ်။ ခန်းမကြီးထဲမှာတော့ ရီချွမ်က သူ့မိန်းမကို  ဘာလို့ ဒီလို လုပ်ရတယ်ဆိုတဲ့အကြောင်းကို ရှင်းပြပြီး ကျန်ခဲ့တယ်။



…..



နောက်တစ်နေ့ အာရုဏ်ဦး အချိန်မှာ..



ဂျိနင် သူ့မိဘတွေနဲ့ မနက်စာ စားနေတဲ့ အချိန်မှာ စနိုးက မှာကြားနေတယ်။

“မင်း ရွှေဓားကို ရပြီးရင် အမေ မင်းအပြင်ထွက် လေ့လာတာကို မတားမြစ်တော့ပါဘူး။ ဒါပေမဲ့ မင်း ကိုယ်ရံတော်တွေတော့ ခေါ်သွားရမယ်။”



နင် မြန်မြန် ပြန်ပြောလိုက်တယ်။
“ဒါပေမဲ့ ကျွန်တော် က စွန့်စားခန်း ထွက်တာလေ။ ဘာလို့ တပည့်တွေ အများကြီးကို ခေါ်သွားရမှာလဲ?”



စနိုးက ရယ်မောလိုက်ပြီးတော့

“မင်း လူ၂ ယောက်ပဲ ခေါ်သွားဖို့ လိုပါတယ်။ တစ်ယောက်ကတော့ ဆောင်းဦး သစ်ရွက်လေး ပါ။ သူက မင်းရဲ့ အနေအထိုင် အမူအကျင့်တွေနဲ့ ရင်းနှီး နေတော့ မင်းအတွက် လိုအပ်တာတွေ စီစဉ်ပေးလိမ့်မယ်။ နောက် တစ်ယောက်ကတော့ မော် ပါ။ သူဟာ အနက်ရောင်  မြင်းစီး Ninefang စစ်သူရဲ တစ်ယောက် ဖြစ်သလို မင်းအဖေနဲ့ အတူ အချိန်အကြာကြီး လိုက်ပါခဲ့ဖူးပါတယ်။ သူဟာ အရမ်းကို သစ္စာရှိတယ်။ သူက သားလောက်တော့ အစွမ်းအထက်ပေမဲ့ ကြမ်းတမ်းတဲ့ ခရီးတွေကို အတွေကအကြုံ အများကြီး ရှိတယ်လေ။ ”



နင် တစ်ချင်စဉ်းစားလိုက်ပြီးတော့ သဘောတူလိုက်တယ်။

“ကောင်းပြီလေ။ ကျွန်တော် သူတို့ကို ခေါ်သွားလိုက်မယ်။ တခြားလူတွေတော့ ထပ်မခေါ်နိုင်တော့ဘူး။”



……



“သခင်လေး၊ သခင်လေး အနောက်ဘက် မြို့တော်ကနေပြီးတော့ ထွက်ခွာတော့မှာလား။ ပြီးတော့ ကျွန်မကို သခင်လေးနဲ့ အတူ ခေါ်သွားမယ်ဆို။?”

ဆောင်းဦး သစ်ရွက်လေးက အရမ်းကို စိတ်လှုပ်ရှားနေတယ်။ သူ ဂျိကလန် အနောက်ပိုင်းဒေသကို ရောက်ကတည်းက တစ်ခါမှ မြို့တော်ကနေပြီးတော့ မထွက်ခွာဖူးသေးဘူး။


“ကဲကဲ.. ဒီလို အပျောလွန်ပြီး လုပ်စရာတွေ မေ့ မနေနဲ့ဦး။ စာကြည့်တိုက်ကနေပြီးတော့ ဒီချိုင့်ဝှမ်းဒေသမှာ ရှိတဲ့ မိစ္ဆာကြီးတွေစာရင်းကို မြန်မြန်သွားရှာပြီး ယူခဲ့ချေ။ ပြီးတော့ မျိုးနွယ်စုပေါင်းစုံနဲ့ မြေပုံတွေ အကုန်လုံးပါ ဒီကို ယူလာခဲ့ချေ။ ငါသွားမဲ့ နေရာတွေကို အကြမ်းဖျင်း လေ့လာပြီး ပြင်ဆင်ထားမှ တော်ကာကျမယ်။” နင်က ဆောင်းဦးသစ်ရွက်လေးကို မှာကြားလိုက်တယ်။


“ဟုတ်ကဲ့ရှင့် သခင်လေး။”

ဆောင်းဦးသစ်ရွက်လေး ပြေးလွှားထွက်ခွာသွားတယ်။



ဆောင်းဦးသစ်ရွက်လေးဟာ ငယ်ငယ်လေးကတည်းက နင်ရဲ့ ကိုယ်ရံတော်လည်း ဖြစ်ပါတယ်။ သူ့ကို အရမ်းကိုအဆင့်မြင့်တဲ့ ကီ ကျင့်စဉ်ကို လေ့ကျင့်ပေးထားတာကြောင့် သူမဟာ အရမ်းကို အစွမ်းထက်ပါတယ်။ ပြီးတော့ တစ်ကယ့် အရေး ကြုံလာလို့ ရှိရင် သူ့ အသက်ကို စတေးပြီး သူ့သခင်ကို ကယ်ဖို့ သင်ကြားထားပါတယ်။


“လာပြီ။လာပြီ။”

ဆောင်းဦး သစ်ရွက်လေးဟာ စာအုပ်တစ်ထပ်ကြီးကို မပြီး ရောက်လာပါတယ်။ ဒီစာအုပ်တွေဟာ အရမ်းကို ကြီးမားလေးလံပြီးတော့ အနည်းဆုံး ပေါင် ရာ ကျော် လေးပါတယ်။ သူမ လျှောက်လာတော့ မြေကြီးတွေပါ တုန်ခါနေပါတယ်။



နင် တစ်အုပ်ချင်းဆီကို သေချာလှန်လှော ဖတ်ရှုလိုက်ပါတယ်။



…..



ဒဏ္ဍာရီထဲက မွန်းစတားကြီးတွေ တစ်ကောင်ပြီး တစ်ကောင် အကြောင်းကို သူသေချာဖတ်ရှုခဲ့တယ်။ ဒီမှာမှ ဒီချိုင်ဝှမ်းဒေသမှာ မွန်းစတားကြီးတွေ ဘယ်လောက် များမှန်း သူအခုမှ သိခဲ့တယ်။ မွန်းစတားကြီးတွေဟာ ရေကန်ကြီးတွေနဲ့ တောင်မြင့်ကြီးတွေမှာ ခိုအောင်းနေထိုင်ကြတယ်။ သူတို့ကို သတ်ဖို့ အရမ်းကို ခက်ခဲပြီးတော့ အရမ်းကို အရေအတွက် များပြားတယ်။ ဒါကြောင့် ဒီမွန်းစတားတွေနဲ့ ဒီဒေသရဲ့ အရှင်သခင် တွေ ဂျိကလန် လိုမျိုး ၂ခုကြားမှာ မပြောပဲ နားလည်မှုယူထားတာတွေ ရှိနေကြတယ်။ ဒါကြောင့် မွန်းစတားကြီးတွေဟာ လူတွေကို အများကြီး သေကြေအောင် မသတ်သလို ဂျိကလန်နဲ့တခြားတန်ခိုးကြီး ကလန်တွေကလည်း မွန်းစတားတွေကို နှိမ်နင်းတဲ့ စစ်ပွဲကို မစတင်ခဲ့ကြဘူး။



၂ ဖက်စလုံးဟာ လက်ရှောင်ပြီးတော့ အပေါ်ယံ အေးချမ်းမှုကို တည်ဆောက်ထားကြတယ်။



တချို့ မျိုးနွယ်စု ရွာလေးတွေနဲ့ တချို့ မိစ္ဆာကြီးတွေဟာ အသတ်ခံရပေမဲ့ ဒါတွေက လက်ခံနိုင်တဲ့ အတိုင်းအတာ တစ်ခုမှာ ရှိနေတယ်။ မွန်းစတားတွေနဲ့ ဂျိကလန်လို တန်ခိုးကြီး ကလန်တွေကြားထဲမှာ ဘယ်သူမှ မဖြတ်ဆီးချင်တဲ့ မမြင်ရတဲ့ စည်းတစ်ခု ရှိနေတယ်။ ဒီ စည်းကိုဖြတ်လိုက်တာနဲ့ သွေးချောင်စီးမှုတွေ ရပ်တန့်တော့မှာ မဟုတ်ဘူး။



“blacktooth မျိုးနွယ်စု ကျေးရွာ။ ဒီနေရာက မြေပုံအသစ်မှာ ငါတို့ အနောက်ဘက် ဂျိကလန် နယ်မြေနဲ့ အနီးဆုံးပဲ။ ဒီကျေးရွာက အခုမှ စပြီးတော့ တည်ထောင်ထားတာပဲ။ ဒါ နွေဦးမြက်ကလေး ရဲ့ အဖေ မျိုးနွယ်စု ဖြစ်ရမယ်။ ငါတို့နဲ့ ကီလိုမီတာ တစ်ထောင်ကျော်လောက်ပဲ ဝေးတာပဲ။”



“သခင်လေး ကျွန်မတို့ Blacktooth ကျေးရွာကို ဝင်လည်ကြရအောင်။ နွေဦးမြက်ကလေးနဲ့လည်း တွေ့ရတာပေါ့။”

ဆောင်းဦးသစ်ရွက်လေးက မြန်မြန်ပြောလိုက်တယ်။



“ငါတို့တွေ ဝင်လည်ကြတာပေါ့။ ဒါပေမဲ့ ငါတိုတွေ လေ့လာရေး ခရီးအတွက် အစီအစဉ် ဆွဲသွားရမယ်။ ပထမ ဒီ နေရာ၊ နောက် ဒီနေရာ ၊ ဒီနေရာတွေ ကို ဖြတ်သွားကြမယ်။ ”

နင်ဟာ မြေပုံပေါ်မှာ အန္တရယ် ရှိတဲ့ နေရာတွေ တစ်ခုပြီးတစ်ခုကို အနက်ရောင် အမှတ်အသားတွေ လိုက်မှတ်ထားလိုက်တယ်။



ဆောင်းဦးသစ်ရွက်လေး ထိတ်လန့်သွားတယ်။

“ဒီနေရာတွေ အကုန်လုံးက မိစ္ဆာကြီးတွေ ခိုအောင်းနေတဲ့ နေရာတွေပဲ။ သခင်လေး။”



“ဟုတ်တာပေါ့။ ငါ တချိုးမိစ္ဆာတွေကို ဝင်သတ်ဖို့လို့။ စိတ်မပူပါနဲ့။ ငါရွေးထားတဲ့ မွန်းစတားတွေ အကုန်လုံးက ဇင်တျန် အဆင့် ရောက်ခါစ လေးတွေပါပဲ။ သူတို့တွေက Serpentwing  နဲ့ ယှဉ်ရင် အများကြီး weak သေးတယ်။ ငါအကုန်လုံးကို တစ်ကောင်ချင်း သတ်သွားမယ်။ ငါ ဇင်တျန် အဆင့်ကို ရောက်သွားတဲ့အထိ မရပ်မနား ငါ သတ်သွားမယ်။ ငါဇင်တျန် အဆင့်ကို ရောက်တာနဲ့ Serpentwing ဆီကို သွားလည်ကြတာပေါ့။”



ဆောင်းဦးသစ်ရွက်လေး အလွန်အမင်းထိတ်လန့်သွားတယ်။

“သခင်လေး ၊ Serpentwing က ဇင်တျန် နောက်ဆုံးအဆင့် မိစ္ဆာကြီးလေ။”



“ငါ့ကိုငါ ယုံပါတယ်။”



နံပါတ် ၁ ဖင်းဂေါ့ကျင့်စဉ်ဖြစ်တဲ့ အနီရောင်ကောင်းကင်ကိုးဆင့် ကျင့်စဉ်ဟာ အရမ်းကို အစွမ်းထက်ပါတယ်။ အခုဆို ၃ဆင့်ပဲ ရောက်သေးပေမဲ့ သူဟာ သာမာန် ကီကျင့်စဉ် ကျင့်ထားတဲ့ ဇင်တျန် အစောဆုံး အဆင့်ရဲ့ အစွမ်းတွေနဲ့ တူညီနေပါပြီ။ တစ်ကယ်လို့ သူသာ လေးဆင့်ကို ရောက်သွားရင် ဇင်တျန် ကီကျင့်စဉ် ကျင့်ထားတဲ့ နောက်ဆုံးအဆင့်ရဲ့ အစွမ်းနဲ့ ညီသွားပါပြီ။



ဒီဆင့်မှာ သူသာ Serpentwing နဲ့ ထိပ်တိုက် တိုက်ခိုက်ရရင်တောင် လက်ရည်တူလောက် ကျနိုင်ပါတယ်။ ဒါပေမဲ့ ဉာဏ်အလင်းပွင့်ခြင်းမှာတော့ သူဟာ Serpentwing ထက် အများကြီး အဆင့်မြင့်ပါတယ်။



နင်ရဲ့ မျက်လုံးတွေမှာ တောရိုင်းစိတ်ဝင်တဲ့ အရောင်တွေ တလက်လက် တစ်ချက် ထွက်လာပါတယ်။ သူ့ကို Serpentwing က အလစ်ဝင် တိုက်ခိုက်သွားခဲ့တာကို သူ ဘယ်တော့မှ မမေ့ပါဘူး။

“မိစ္ဆာကြီး Serpentwing ဒီတစ်ခါ ငါအပြင်ထွက်လာခဲ့တာ ငါ့ရဲ့ နောက်ဆုံး ဦးတည်ချက်က မင်းပဲ။ မင်း ငါမရောက်ခင် မသေပါစေနဲ့ ဦးလို့ ငါမျှော်လင့်ပါတယ်။”



…………



အနောက်ဘက် ဂျိကလန်ဟာ လာမဲ့ ရွှေဓားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်။ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေက အရည်အချင်း ရှိတဲ့ လူငယ်တွေဟာ ပြိုင်ပွဲဝင်ဖို့ စာရင်းပေးဖို့အတွက် မြို့တော်ကို ရောက်ရှိနေကြပါတယ်။ သူတို့တွေအကုန်လုံးဟာ ပြိုင်ဘက်တွေအကုန်လုံးကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူပြီးတော့ လျှမ်းလျှမ်းတောက် ကျော်ကြားချင်ကြပါတယ်။ သူတို့နာမည်ကို မျိုးနွယ်စုတိုင်းမှာ ဒဏ္ဍာရီ ဖြစ်စေချင်ကြပါတယ်။



“ဒီတစ်ခါ ရွေဓားပြိုက်ပွဲပြီးရင် ငါ ရွာကို ပြန်မယ်။ ငါ ပြိုင်ပွဲမှာ ထိပ်ဆုံး ၈ယောက်မှာ ပါမှာပဲ။ ဒါဆိုငါ ဇင်တျန် အဆင့်ကို ရောက်အောင်ကျင့်တဲ့ ကျမ်းကို လေ့ကျင့်ခွင့်ရှိလာမယ်။ ဒါဆို ငါဇင်တျန် အဆင့်ကို ရောက်သွားမယ်။”

ကျောမှာ ဓားနက်ကြီး တစ်လက်ကို လွယ်ပြီးတော့ သားမွေး အင်္ကျ ီစုတ် နဲ့ သားရေဖိနပ် အဟောင်းလေး ဝတ်ထားတဲ့ အသားအရောင် နက်မှောင်နေတဲ့ လူငယ်လေးက တီးတိုးရေရွတ်လိုက်ပါတယ်။



“Tigerhowl ဆိုတဲ့ နာမည်ဟာ ဒီမြေပြင်က မျိုးနွယ်စုတိုင်း ရဲ့ ဒဏ္ဍာရီ ဖြစ်ရမယ်။”



“ငါသာလျှင် အစွမ်းအထက်ဆုံး။”



“ဒါငါ့အတွက် အင်မော်တယ် ကျင့်စဉ်ရဖို့ နောက်ဆုံး အခွင့်အရေးပဲ။”



မျိုးနွယ်စုတိုင်းက လူငယ်တွေဟာ သူတို့အိပ်မက်နဲ့ သူတို့ တွေးပြီးတော့ ရွှေဓားပြိုင်ပွဲအတွက် လာရောက် အမည်စာရင်းသွင်းနေကြတယ်။



ဒီပွဲဟာ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေ က လူငယ်တွေ အကုန်လုံးအတွက် မြင့်မြတ်တဲ့ နေရာပါပဲ။



အနောက်ဘက် ဂျိကလန်ရဲ့ နယ်နိမိတ်ထဲမှာရှိတဲ့လူငယ်တွေဟာ အကုန်ဝင်ပြိုင်ကြပါတယ်။ သူတို့တွေဟာ ကျော်ကြားချင်ကြပြီးတော့ အရမ်းကို နက်နဲတဲ့ ပညာတွေနဲ့ ကီကျင့်စဉ်တွေကို ပြိုင်ပွဲကနေ ဆုရလိုကြပါတယ်။ သူတို့တွေအတွက် ဒီကျမ်းတွေဟာ နောင်တစ်ချိန် သူတို့အိပ်မက်တွေကို တစ်ကယ်ဖြစ်စေနိုင်တဲ့ ကျမ်းတွေပါပဲ။



….



“ဘာ .. ဂျိနင်က ပြိုင်ပွဲကို ဝင်ပြိုင်မယ် ဟုတ်လား။”

ဂျိလီဟာ ဒီသတင်းကို ကြားကြားချင်း အလန့်တကြားပြောလိုက်တယ်။

သူစဉ်းစားရကျပ်သွားတယ်။

“ဂျိနင်က အခုမှ ၁၀နှစ်ပဲ ရှိသေးတာ။ သူ ရွှေဓားပြိုင်ပွဲကို နောက် ၄ နှစ်ကျမှ ဝင်ပြိုင်လို့လည်း ရသေးတယ်။ ဘာလို့ အခုဝင်ပြိုင်တာပါလိမ့်?”



Chapter ၆  ပြီးပါပြီ။



ဆက်ပါဦးမည်>>>>>>

Chapter 7 ( တစ်ယောက်နှင့် ၇ယောက်)


Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)