ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 10 (ေျခလွမ္းသိုင္း)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ
အခန္း ၁၀ (ေျခလွမ္းသိုင္း)

‘ေလးပညာ တစ္နာရီေလာက္ ေလ့က်င့္ျပီးေတာ့ ေနလည္းေတာ္ေတာ္ ျမင့္လာပါျပီ။

နင္ ကေလးေလးေရ အေမက မင္းကို ေျခလွမ္းသိုင္း သင္ေပးမွာပါ။
စႏိဳး သူ႕သားေလးကို ၾကည့္ျပီး ေျပာလိုက္တယ္။

“ဟုတ္ကဲ့။”

သူ႕တစ္ကိုယ္လံုး နာက်င္တဲ့အထိ တစ္မနက္လံုး ေလ့က်င့္ထားေပမဲ့လည္း ဖင္းေဂါ့ ေတြရဲ့ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ေၾကာင့္ သူ႕ ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္မႈဟာ အလြန္ကို ျမင့္မားလြန္းေနပါတယ္။ အခုေတာ့ သူပင္ပန္းမႈ မခံစားရေတာ့ပဲ ၾကည္ၾကည္လင္လင္ လန္းလန္းဆန္းဆန္း ျပန္ျဖစ္သြားပါျပီ။

“အနီးကပ္ တိုက္ပြဲတိုင္းမွာ ေျခလွမ္းတိုင္းက ဓားသိုင္းလိုပဲ အေရးၾကီးတယ္။ လူႏွစ္ေယာက္တိုက္ခိုက္တယ္ဆို ေျခလွမ္းပိုသာျပီး ပို ျမန္တဲ့သူကို တစ္ဖက္တိုက္ခိုက္တဲ့ သူက ဒဏ္ရာေပးႏိုင္ဖို႕ ခက္ခဲေပမဲ့ သူတို႕ကေတာ့ တစ္ဖက္သူကို အလြယ္တကူ ဒုကၡေပးႏိုင္တယ္။”

နင္ ေခါင္းညိတ္လိုက္တယ္။

သူ ဒီသေဘာတရားေတြ နားလည္ပါတယ္။

အနီးကပ္တိုက္ပြဲဆိုတာ တစ္ေနရာတည္း မတ္တပ္ရပ္ေနျပီးေတာ့ ဓားနဲ႔ ဓားေကာက္ကို ယမ္းေနတဲ့ ငတံုးေတြရဲ့ တိုက္ပြဲမွ မဟုတ္တာ။ မခန္႔မွန္းႏိုင္ေအာင္ အရိပ္လို ေနရာမ်ိဳးစံုကို အခ်ိန္တိုင္း ေရြ႕ ေနရတာေလ။ သူ အရင္ဘ၀တုန္းက တိုက္ကြမ္ဒို နဲ႕ ကာရာေတး ဆရာေတြ တိုက္ခိုက္တာ ျမင္ဖူးပါတယ္။ သူတို႕ေတြဟာ ေျခကြက္ေတြကို အရမ္းတန္ဖိုးထားျပီး ေလ့က်င့္ၾကတယ္။ ေျခကြက္သာတဲ့ သူက ရန္သူရဲ့ လက္သီးခ်က္ ေလာက္ကို အသာအယာ ေရွာင္တိမ္းႏို္င္တယ္။ ဒါမွမဟုတ္ရင္ တဖက္သူရဲ့တိုက္ခိုက္ေရး စြမ္းေရ အမ်ားၾကီး က်သြားေအာင္ စြမ္းေဆာင္ႏိုင္တယ္ေလ။

ေျခကြက္ေတြဟာ သိုင္းကြက္တိုင္းမွာ အလြန္႕ အလြန္ကို အေရးၾကီးတယ္။ ျပီးေတာ့ သူ႕အရင္ဘ၀က နာတာရွည္ မက်န္းမမာျဖစ္ေတာ့ သူဒီလုိ သိုင္းျပိဳင္ပြဲေတြၾကည့္ရတာ ၀ါသနာပါခဲ့တယ္။ ဒါေၾကာင့္ သူ ေျခကြက္ေတြ ဘယ္ေလာက္ အေရးပါလည္းဆိုတာ နားလည္ခဲ့တယ္။

ဒီ နတ္ဆိုးေတြ မိစာၦေတြ ရွိေနတဲ့ ေလာကမွာလည္း အေျခံခံကေတာ့ အတူတူပါပဲ။

ေျခကြက္ဆိုတာ အေရး အၾကီးဆံုးပဲ။

“ငါ နင့္ကို ေလအရိပ္ ေျခသိုင္း သင္ေပးမယ္ေနာ္။ သူ႔ရဲ့နာမည္ ရိုးရွင္းလို႔ အစြမ္းမထက္ဘူး မထင္လိုက္နဲ႔ေနာ္။ ဒါဟာ အရမ္းကို အစြမ္းထက္တဲ့ သိုင္းက်မ္းပဲ။ ဒီ ဂ်ိကလန္ တစ္ခုလံုးမွာ အေမ တစ္ေယာက္ပဲ ဒီသိုင္းကို တတ္တာ။ ဂ်ိကလန္က အကိုင္းအခက္ၾကီး ၅ခုလံုးမွာေတာင္ ဒီသိုင္းက်မ္းကို အစြမ္းအတက္ဆံုး သိုင္းက်မ္းလို႔ ေျပာလို႔ရတယ္။ သားစျပီးေတာ့ ေလ့က်င့္တာနဲ႕ ရႈပ္ေထြးတဲ့ ေနရာေတြကို ဘယ္လို ေရွာင္ရွားရမယ္၊ ဘယ္လို ထြက္ေျပးရမယ္ဆိုတာ နားလည္သြားလိမ့္မယ္။”

“ပထမဆံုး  ဒီ အေျခခံ ၆ကြက္ကို ေသခ်ာဖတ္လိုက္ေနာ္။”
စႏိုး သူမလက္ကို ေ၀ွ႔ယမ္းျပီးေတာ့ စာအုပ္အ၀ါတစ္အုပ္ကို ေလထဲမွာ ထုတ္ယူလို္က္တယ္။

နင္ ေသခ်ာဖတ္ၾကည့္လိုက္တယ္။

ဒီ စာအုပ္မွာေတာ့ ေလအရိပ္ ေျခသိုင္းရဲ့ အေျခခံ ၆ ကြက္ကို ေသခ်ာ ရွင္းျပထားတယ္။ ဒီ ၆ကြက္လံုးမွာ ဘယ္လိုေရြ႔လ်ားရမယ္၊ ဘယ္လို အတြင္းအား အသံုးျပဳရမယ္ ဆိုတာကို အေသးစိတ္ နက္နက္နဲနဲ ရွင္းျပထားတယ္။

“အဲ့ဒါပဲ စိုက္ၾကည့္မေနနဲ႕ဦး။ ဒီဘက္ကို ၾကည့္လိုက္ဦး။” စႏိုး အေ၀တစ္ေနရာကို လက္ညွိဳး ညႊန္ျပလိုက္တယ္။

နင္ ေခါင္းလွည့္ၾကည့္လိုက္ေတာ့ သစ္သားတိုင္ေလးေတြ စိုက္ထားတဲ့ ေနရာကို ေတြ႕လိုက္တယ္။ တိုင္ေပါင္း ေထာင္နဲ႕ ခ်ီေအာင္ စိုက္ထားျပီးေတာ့ အနိမ့္အျမင့္ အကြာအေ၀က တစ္ခုနဲ႕ တစ္ခု မတူၾကဘူး။ ဒီ သစ္သားတိုင္ေတြရဲ့ အထက္မွာ သဲအိ္တ္ေလးေတြကုိ ေထာင္နဲ႕ခ်ီျပီး တြဲေလာင္း ခ်ိတ္ဆြဲထားတယ္။

စႏိုးက ဆက္ေျပာလိုက္တယ္။
“ဒီဟာကို ၾကယ္တစ္ေထာင္ အခင္းအက်င္းလို႕ သိၾကတယ္။ မင္း ဒီမွာ ဆယ္ႏွစ္ ေလ့က်င့္လိုက္ရင္ ေလအရိပ္ေျခသိုင္းက  ရူေ၀ အဆင့္ကို ေရာက္သြားလိမ့္မယ္။ ဒီ ၾကယ္တစ္ေထာင္ အခင္းအက်င္းသာ မရွိရင္ မင္း ဒီဟာထက္ အခ်ိန္ကာလ အဆ တစ္ရာေလာက္ ေပးျပီး ေလ့က်င့္ရလိမ့္မယ္။”

“ေလအရိပ္သိုင္းမွာ အဆင့္ ၃ဆင့္ ရွိတယ္။ “

“ပထမကေတာ့ အေျခခံ အဆင့္ေပါ့။”

“ဒုတိကက ပညရွင္ အဆင့္။”

“တတိယက ကမာၻနဲ႔ တစ္သားတည္း က်သြားတဲ့ အဆင့္။”
စႏိုးက နင္ကို စိုက္ၾကည့္ျပီး
“ေျပာရမယ္ဆိုရင္ ဓားသိုင္း၊ ဓားေကာက္သိုင္း၊ လွံသိုင္း စတဲ့ ဘယ္ ပညာကို မဆို ဒီ အဆင့္ ၃ဆင့္နဲ႔ ပဲ ပိုင္းျခားထားတယ္။ ဥပမာ အေနနဲ႕ ဓားသိုင္းရဲ့ ပညာ ရွင္ အဆင့္ကို ဓားနဲ႕ တစ္သားတည္း အဆင့္လို႕ သိၾကတယ္။”

“မင္း ပထမ ၆ကြက္လံုးကို အလြတ္ရျပီလား။” စႏိုးကေမးလိုက္တယ္။

“ဟုတ္ကဲ့။” နင္ေခါင္းညိတ္လိုက္တယ္။

စႏိုး ၾကယ္တစ္ေထာင္ အခင္းအက်င္းကို ေလွ်ာက္သြားျပီးေတာ့ အတိုဆံုး သစ္သားတိုင္ကို လက္ညိဳးညႊန္ျပီး ေျပာလိုက္တယ္။
“လာ .. ဒီတို္င္ေပၚမွာ မတ္တပ္ရပ္ေနလိုက္။”

“ဟုတ္ကဲ့။” နင္ အလြယ္တကူ ခုန္တက္လိုက္တယ္။

သူ ယိုင္တိုင္တုိင္ ျဖစ္သြားတယ္။ ဒီတိုင္က လံုးပတ္ သိပ္မၾကီးပဲ ေျခတစ္ဖက္ပဲ ခ်လို႔ ရတဲ့ အက်ယ္ပဲ ရွိတယ္။ ေတာ္ေသးတာက သူ ေကာင္းကင္ ကိုးဆင့္ သိုင္းက်မ္းကို က်င့္ထားလို႕ ဟန္ခ်က္ညီေအာင္ ထိန္းသိမ္းထားႏိုင္တယ္။ ဒါေၾကာင့္ သူ ျငိမ္ျငိမ္ေလး ရပ္ ႏိုင္သြားတယ္။

“ငါေျပာလိုက္တာ နားေထာင္ထားလိုက္။ အေျခခံ ၆ကြက္ထဲက ဘယ္ အကြက္ကို သံုးလို႔ ေျပာလိုက္ရင္ ေျပာလိုက္တဲ့ အတုိင္း လိုက္ေရြ႕ ရမယ္။ အေရွ႕တိုး အကြက္။”
စႏိုးေျပာလိုက္တယ္။

နင္ ခ်က္ခ်င္းပဲ ေရွ႕ကတိုင္ကို ခုန္လိုက္တယ္။ ဒါေပမဲ့ သူ အေပၚမွာ ခ်ိတ္ဆြဲထားတဲ့ သားေရသဲအိတ္ကို တိုက္မိျပီၚ ျပဳတ္က်သြားတယ္။

“မွတ္ထားေနာ္။ ဒီ ၾကယ္တစ္ေထာင္ အခင္းအက်င္းမွာ မင္း ဒီ သားေရအိတ္ေတြကိုထိလို႕ မရဘူး။ ထိမိတာနဲ႕ အစက ျပန္စေလ့က်င့္ရမယ္။ စႏိုးေျပာလိုက္တယ္။”

နင္ အံၾကိတ္လိုက္တယ္။
သူဒါမ်ိဳးထပ္ မျဖစ္ေစရဘူး။

သူတိုင္ေပၚကို ခုန္တက္လိုက္တယ္။ ျပီးေတာ့  သားေရအိတ္ေတြကို ေရွာင္ျပီးေတာ့ ေရွ႕ကတိုင္ေပၚကို ဆက္ခုန္လိုက္တယ္။ ဒါေပမဲ့ သူ အားလြန္သြားတဲ့ အတြက္ ဒုတိယတိုင္ေပၚမွာ ျငိမ္ျငိမ္ ရပ္ႏိုင္ဖို႕ နည္းနည္း အခ်ိန္ေပးလိုက္ရတယ္။

“မင္းရဲ့ လႈပ္ရွားမႈတိုင္းဟာ သံမႈိနဲ႕ စြဲထားသလို ျဖစ္ရမယ္။ မင္းေက်ာက္တိုင္ေပၚ ေျခခ်လိုက္တာနဲ့ သံမႈိနဲ႕ စြဲထားသလိုကို ျဖစ္ရမယ္။ ေျခလွမ္းတိုင္းဟာ က်ဥ္းသြားတာ က်ယ္သြားတာ မျဖစ္ရဘူး။ အားမ်ားသြားတာ အားနည္းသြားတာ မျဖစ္ေစရဘူး။ အခုဆို မင္း နည္းနည္း ယိုင္သြားတယ္။ ေသေသရွင္ရွင္ တိုက္ပြဲမွာ ဒီလိုသာျဖစ္ရင္ မင္း ရန္သူက ဟာကြက္ကိုေတြ႕သြားလို႕ မင္းေသသြားေလာက္ျပီ။ ကဲ ဆက္ျပီး ေရွ႕ကို ေရြ႔မယ္။”

“ေဘးေျခလွမ္း။”

“ခုန္တဲ့ ေျခလွမ္း။”

“ေနာက္ဆုတ္ ေျခလွမ္း။”

“ခုန္ဆုတ္ ေျခလွမ္း။”

“ေျပာင္းျပန္လွည့္ ေျခလွမ္း။”

စႏိုး တစ္ခုျပီး တစ္ခု ဆက္ေျပာလိုက္တယ္။

“ေျပာရမယ္ဆိုရင္ေတာ့ ဘယ္ေျခကြက္သိုင္းမဆို ဒီ အေျခခံ ကစတင္ရတာပဲ။ ဒါေပမဲ့ သိုင္းကြက္ေတြရဲ့ အႏွစ္သာရ ကြာျခားခ်က္က ေန႔နဲ႕ ညလိုပဲ။ တစ္ခ်ိဳ႕ သိုင္းေတြက မင္းကို မိုးၾကိဳးလို လ်င္ျမန္ေစတယ္၊ တစ္ခ်ိဳ႕ သိုင္းေတြက မင္းကို ေလနဲ႕ တစ္သားတည္း ျဖစ္ေစတယ္၊ တစ္ခ်ိဳ႕ဆို ၀ိဥာဥ္လိုပဲ ခန္႕မွန္းလို႔ မရေစဘူး။”

ေျခသိုင္းတို္င္းမွာ အႏွစ္သာရဟာ မတူတဲ့အတြက္ တိုက္ပြဲေတြမွာ ရလာဒ္မ်ိဳးစံုကို ျဖစ္ေစႏိုင္တယ္။

“အိုး…”သူ ခုန္လိုက္တာ နိမ့္သြားလို႕ သားေရအိတ္နဲ႕ တိုက္မိျပီးေတာ့ တိုင္ေပၚကို မက်ပဲ ျပဳတ္က်သြားတယ္။

နင္ စကားတစ္ခြန္းမွ မေျပာပဲ တိုင္ေပၚ ျပန္တက္လိုက္တယ္။

“အြတ္..” သူ ဒူးေကြတာ မလံုေလာက္လိုက္ဘူး။

“အြတ္…” သူ အားထုတ္တာ မ်ားသြားတယ္။

…….

ၾကယ္တစ္ေထာင္ အခင္းအက်င္းထဲမွာ ဂ်ိနင္ ဟာ အလင္းတန္း တစ္ခုလို အေျခခံ ၆ကြက္ကို မရပ္နား ေလ့က်င့္ေနတယ္။ သားေရသဲအိတ္ေတြေၾကာင့္ ဂ်ိနင္ အသည္းအသန္ ေရွာင္ျပီး ေရြ႔လ်ားေနရတယ္။ ဒါေပမဲ့ အခုေတာ့ သူဘယ္ေလာက္ပဲ ျမန္ျမန လႈပ္ရွား လႈပ္ရွား သူ႕ ရဲ့ ဟန္ခ်က္ဟာ အလြန္ တည္ျငိမ္သြားပါျပီ။

“အေမ ကၽြန္ေတာ္ ဘယ္ေလာက္ ၾကာၾကာ ဒီအတိုင္း ေလ့က်င့္ရမလဲ”
နင္ အၾကိမ္ေပါင္းမ်ားစြာလည္း ျပဳတ္က်ခဲ့ျပီးပါျပီ။

“နင္၊ သားေလး အတိုဆံုး သစ္သားတိုင္ကေနစျပီးေတာ့ သစ္သားတိုင္ ၁၀၀၈ တိုင္လံုးမွာ ဆံုးတဲ့ ေနာက္ဆံုး အရွည္ဆံုး သစ္သားတိုင္အထိ ဘယ္သားေရသဲအိတ္ကိုမွာ မထိပဲ သြားႏိုင္ရမယ္။”

“သားေလးဒါကို အသက္ ၁၀ ၾကိမ္ ရွဴစာ အခ်ိန္ေလာက္မွာ ျပီးဆံုးေအာင္သြားႏိုင္ရင္ သား အေျခခံ ေျခသိုင္းကို ေအာင္ျမင္သြားျပီ။”
စႏိုး ရီေမာေျပာဆိုလိုက္တယ္။

နင္ မင္သက္သြားတယ္။
“ဘယ္လို။ အသက္ ၁၀ၾကိမ္ ရွဴစရာ အခ်ိန္အတြင္း။ ကၽြန္ေတာ္ ေျမၾကီးမွာ ေျပးသြားရင္ေတာင္ အသက္ ၁၀ခါ ရွဴတဲ့ အခ်ိန္အတြင္းမွာ မေရာက္ဘူးကို။”

၁၀၀၈ ခု ရွိတဲ့ သစ္သားတိုင္ေတြဟာ ျခားထားတဲ့ အတြက္ အက်ယ္အ၀န္း စုစုေပါင္းဟာ မီတာ တစ္ေထာင္၀န္းက်င္ေလာက္ ရွိေနပါတယ္။ ဒီအကြာအေ၀းကို သူ ေျပးဖို႔ေတာင္ အခ်ိန္ အနည္းငယ္ေလာက္ ေပးရမွာ။

“သားေလး၊ ေနာက္ပိုင္ ေကာင္းကင္ကိုးဆင့္ က်င့္စဥ္ကို ပထမပိုင္း ေအာင္ျမင္သြားရင္ အသက္၁၀ခါ ရွဴခ်ိန္အတြင္းမွာ မီတာ၁၀၀၀ ေလာက္ကို အသာေလး ေျပးႏိုင္သြားမွာပါ။”
စႏိုး ရယ္ေမာ ေျပာဆိုလိုက္တယ္။

“ဒါေပမဲ..” နင္ ဘာမွကို ဆက္မေျပာႏိုင္ေတာ့ဘူး.

“ၾကယ္ တစ္ေထာင္ အခင္းအက်င္းကို ေျမျပင္မွာလို သြားႏိုင္သြားတဲ့ အခါက်ရင္ အေျခခံ အဆင့္ကို သား ေအာင္ျမင္သြားျပီလို႔ ေျပာလို႔ရတယ္။”

“ဒါဆို ရင္ ဒုတိယ ပညာရွင္ အဆင့္ကေကာ ဘယ္လိုမ်ိဳးလည္း အေမ။”
နင္ နားမလည္ႏိုင္ပဲ ေမးလိုက္တယ္။

စႏိုး အနီးက သားေရအိတ္ၾကိဳးကို ဆြဲလိုက္တယ္။ သားေရသဲအိတ္ေတြက တစ္ခုနဲ႕ တစ္ခု အဆက္မျပတ္ တိုက္မိျပီး အကုန္လံုးဟာ လားရာမ်ိဳးစံုကို ခ်ိန္သီးလို မရပ္မနား လႊဲေနၾကတယ္။

“ဒီ ပညါရွင္ အဆင့္မွာလည္း သား အတိုဆံုး သစ္သားတိုင္ကေန အရွည္ဆံုး သစ္သားတိုင္ အထိ တိုင္ ၁၀၀၈ တိုင္လံုးကို အသက္ ၁၀ခါ ရွဴခ်ိန္ အတြင္းမွာ ဘယ္သဲအိတ္မွ မထိပဲ ျဖတ္သြားရမယ္။ ဒါေပမဲ့ ပညာရွင္ အဆင့္မွာ သဲအိတ္ေတြက တစ္ခုနဲ႕ တစ္ခု တိုက္မိျပီး လႊဲေနၾကမွာ။ သားအဲ့ဒါကို ေက်ာ္ျဖတ္ႏိုင္ျပီဆို ပညာရွင္ အဆင့္ကို ေအာင္ျမင္သြားျပီ။”

“ဒါ..ဒါေပမဲ့ ဒါက ဘယ္လို ျဖစ္ႏိုင္မွာလဲ။ ဒီ သဲအိတ္ေတြအကုန္လံုး လႊဲခါေနၾကတာ ကၽြန္ေတာ္က ဘယ္လို ေရွာင္ရမွာလည္း။ သဲအိတ္တစ္ခုကို ေရွာင္ဖို႔ကို အခ်ိန္က စကၠန္႔ ပိုင္းေလးေတာင္ မရွိဘူး။”
ဒါဟာ လံုး၀ကို မျဖစ္ႏိုင္တဲ့ ကိစၥလို႔ နင္ခံစားမိတယ္။

“ဒါေၾကာင့္ အေမေျပာတာေပါ့။ ၾကယ္တစ္ေထာင္ အခင္းအက်င္းနဲ႕မွ သားေလး ေလအရိပ္ေျခသိုင္းကို ပညာရွင္ အဆင့္ကို ေရာက္ဖို႕ အခ်ိန္ ၁၀ႏွစ္ လိုအပ္တယ္ဆိုတာ။ အခုကစျပီး ေႏ႕လည္စာ စားတဲ့အခ်ိန္အထိ ဒီ ၾကယ္ တစ္ေထာင္ အခင္းအက်င္းမွာ ေလ့က်င့္ရမယ္။”

“ဒါဆိုရင္ တတိယ အဆင့္ျဖစ္တဲ့ ကမာၻနဲ႕ တစ္သားတည္း အဆင့္က်ေတာ့ေကာ အေမ။”
နင္ မေအာင့္ႏိုင္ပဲ ထပ္ျပီး ေမးလိုက္တယ္။

“ဒါကေတာ့ လံုး၀ကို ကြဲျပားသြားတဲ့ အဆင့္ပဲ။ သားေလး အဲ့ဒီအဆင့္ ေရာက္ရင္ နားလည္သြားလိမ့္မယ္။”
စႏိုး နင္ကို ၾကည့္ျပီး ရယ္ေမာ ေျပာဆိုလိုက္တယ္။

“ဒါ ဘယ္ေလာက္ အစြမ္းထက္တယ္ဆိုတာ အေမ နည္းနည္း ရွင္းျပေပးပါလား။”

“ကဲကဲ.. ဟုတ္ျပီ။ အေမ ေျပာျပရမယ္ဆို အဲ့ဒီ အဆင့္မွာ ျမွားေပါင္း တစ္ေသာင္းက တစ္ျပိဳင္တည္း အေမ့ကို ပစ္လိုက္ရင္ေတာင္ တစ္ခ်က္မွ အေမ့ကို မထိေစရဘူး။”
စႏိုး နင္ကို ၾကည့္ျပီး ေျပာလိုက္တယ္။

“ျမွားေပါင္း တစ္ေသာင္းက တစ္ခ်ိန္တည္း ပစ္လိုက္ရင္ေတာင္။.. နင္ တစ္ခ်က္ စိတ္ကူးၾကည့္လိုက္တယ္။ ျမွားေတြ အမ်ားၾကီး သူ႕ဆီကို ၀္ငလာျပီးေတာ့ တစ္ခ်က္မွ သူ႕ကို မထိခိုက္ႏိုင္တာ…ဒါ လံုး၀ကို မျဖစ္ႏိုင္တာပဲ။ ဒါေပမဲ့ လူခႏၶာကိုယ္တစ္ခုစာ ေနရာကေတာ့ လိုတယ္ေလ။ေသခ်ာစဥ္းစားၾကည့္ရင္ ဒီလုိ မေရမတြက္ႏိုင္တဲ့ ျမွားေတြ ေကာင္းကင္မွာ ျပည့္သြားျပီး ကိုယ့္ဆီ၀င္လာရင္ ဘယ္လိုလုပ္ ေရွာင္ဖို႕ ေနရာရွိမွာလည္း။”

စႏိုး ျပံဳးျပီး ေျပာလိုက္တယ္။
“စိတ္ဓာတ္မက်ပါနဲ႕။မ်ိဳးႏြယ္စု ေပါင္းစံုက ထိပ္ဆံုးဟိုတ်န္သက္ရွိ အဆင့္ ပညာရွင္ေတြေတာင္ ပထမ အေျခခံပဲ ေအာင္ျမင္ၾကတာပါ။”

“ဇင္တ်န္ အဆင့္ေတြသာ မ်ားေသာအားျဖင့္ ဒုတိယ အဆင့္ကို ေရာက္ၾကတာပါ။”

“ဇီဖူ အဆင့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ တတိယ ကမာၻနဲ႕ တစ္သားတည္း အဆင့္ကို ေရာက္ၾကပါတယ္။ ဒါေပမဲ့ တစ္ခ်ိဳး အရမ္းကို ေတာ္တဲ့ ဇင္တ်န္ အဆင့္ေတြကေတာ့ ကမာၻနဲ႕ တစ္သားတည္း အဆင့္ကို ေရာက္ေအာင္ က်င့္ႏိုင္ၾကတယ္။ မင္းအေဖလိုေပါ့။”
စႏိုး ေျပာလိုက္တယ္။

အေဖ… နင္ အ့ံၾသျပီး ၀မ္းသာသြားတယ္။

“မင္းအေဖရဲ့ ေျခသိုင္းက ကမာၻနဲ႕ တစ္သားတည္း အဆင့္ကို ေရာက္ေနပါျပီ။ ျပီးေတာ့ ေျခသိုင္းထက္ ပိုခက္တဲ့ ဓားပညာမွာလည္း မင္းအေဖက ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ေနျပီေလ။ ဒါေၾကာင့္ သားအေဖကို အေနာက္ဘက္ ဂ်ိကလန္မွာ ျပိဳင္ဘက္ကင္းတယ္လို႕ ေျပာၾကတာေပါ့။ ဒါေၾကာင့္ သူ႕ ပံုရိပ္ဟာ မ်ိဳးႏြယ္စုေတြမွာ အရမ္းကို ေက်ာ္ၾကားတာေပါ့။”

“နင္ ရဲ့ ႏွလံုးသားမွာ သူရဲေကာင္းဆန္မႈေတြ ျပည့္ႏွက္သြားတယ္။ သူ႕အေဖလုပ္ႏိုင္တာ သူလည္း လုပ္ႏိုင္ရမယ္။ ျပီးေတာ့ သူ႕မွာ ႏု၀ါရဲ့ ပန္းခ်ီကားနဲ႕ အရင္ဘ၀က ဥာဏ္ပညာေတြလည္းရွိေသးတယ္ေလ။”

“ဆက္လုပ္…”

“ေရွ႕တိုး အကြက္”

“ေနာက္လွည့္ အကြက္”

“ခုန္တဲ့ အကြက္”

နင္ကေလး တစ္ေယာက္ဟာ ၾကယ္တစ္ေထာင္ အခင္းအက်င္းမွာ ေသခ်ာကို ေလ့က်င့္ေနပါတယ္။ ဒါေပမဲ့လည္း သူ အၾကိမ္မ်ားစြာ ျပဳတ္က်ေနပါတယ္။

….

ေန႕လည္စာ စားျပီးေတာ့….

ေန႔လည္စာ တ၀တျပဲ စားျပီးေတာ့ နင္ဟာ သူ႕အေဖနဲ႕ ေလ့က်င့္ေရးကြင္းကို ေရာက္လာျပန္ပါတယ္။ ေႏြဦး ေန႕လည္ ေနဟာ လွပစြာ ေတာက္ပေနျပီးေတာ့ ေႏြးေထြးမႈကို ပတ္၀န္းက်င္ကို ျဖန္႕က်က္ထားပါတယ္။
အေဖ.. နင္ဟာ သားေမြး ၀တ္စံု ၀တ္ထားတဲ့ ေအးစက္စက္ မ်က္ႏွာထားနဲ႕ သူ႔အေဖကို ၾကည့္လိုက္ပါတယ္။ သူ႕ ႏွလံုးသားမွာ သူရဲေကာင္းဆန္တဲ့ အေဖကို ၾကည့္ျပီး အားက်ေနပါတယ္။ သူ႔အေဖဟာ ေၾကာက္မက္ဖြယ္ သတၱ၀ါဆန္းၾကီး ေျမြနဂါးၾကီးကိုေတာင္ သတ္ခဲ့တာ။ ခြန္အားနဲ႕ အစြမ္းေတြမွာဆို သူ႕အေဖဟာ အရမ္းကို ျမင့္တဲ့ အဆင့္ကို ေရာက္ေနပါျပီ။ တစ္ခ်ိဳ႕ ဇင္တ်န္ အဆင့္ေတြေတာင္ သူ႔အေဖဆီမွာ တပည့္လာခံၾကျပီး ဓားသိုင္းလာသင္ၾကတာ။

သူ႕အေဖမွာ တပည့္ရင္း ၉ ေရာက္ရွိတယ္။ ၃ ေရာက္က ဇင္တ်န္ အဆင့္ေတြ။ ဒါေပမဲ့ အေဖက တပည့္ ၉ေယာက္လံုးကို တစ္လမွ တစ္ၾကိမ္တည္းသာ သင္ေပးတယ္။

ဒါေပမဲ့ နင္ကိုေတာ့ ေန႔တိုင္း သင္ေပးတယ္။

“ဒီေန႔ကစျပီးေတာ့ သားကို ဓားဘယ္လို သံုးရတယ္ဆိုတာ သင္ေပးမယ္။ ဓားသိုင္းဟာ ေျခသိုင္းတို႕ ေလးပညာတို႕နဲ႕ တစ္ခုမွ မတူဘူး။”

“ေလးပညာဟာ တစ္ေယာက္ကို ေလးနဲ႕ အကၽြမ္း၀င္သြားတာနဲ႕ သင္လို႕ရျပီ။ တစ္ေယာ္ကရဲ့ ခြန္အားေတြ ၾကီးမားလာတာ ၊ အျမင္ေတြ စူးရွလာတာနဲ႕ တစ္ေယာက္ဟာ အစြမ္းထက္လွတဲ့ ျမွားကို ပစ္လို႕ ရျပီ။”

“ေျခသိုင္းကလည္း အေရးၾကီးတယ္ ဆိုေပမဲ့ သူက အကူအညီေလာက္ပဲ။ ရန္သူကို သတ္ဖို႔ဆို ေနာက္ဆံုးေတာ့ ဓားကို သံုးရတာပဲ။”

“ဓားေတြဟာ အနီးကပ္ လက္နက္ေတြပဲ။ ေပါ့ပါးျပီးေတာ့ အသြားႏွစ္ဘက္ရွိတယ္။ အသံုးျပဳရတာ ေပါ့ပါးျပီးေတာ့ တိက်တယ္။ ျပီေတာ့ ဓားေကာက္ေတြထက္ပိုျပီး နက္နဲတယ္။ ထိုးလိုက္တာျဖစ္ျဖစ္၊ ခုတ္လိုက္တာျဖစ္ျဖစ္ ရန္သူကို အလြယ္တကူ သတ္ႏိုင္တယ္။ တစ္ခါတစ္ေလဆုိ ေလ့က်င့္တာ္ မမွန္တဲ့သူဟာ ကိုယ့္ကိုကိုယ္ ျပန္ျပီးေတာ့ ထိသြားနိုင္တယ္။ ဒါဟာ စစ္ပြဲအတြက္ အေကာင္းဆံုး လက္နက္ပဲ။”
ရီခၽြမ္ သူ႕သားကို ၾကည့္လိုက္တယ္။

“နင္ သူ႕ေသြးေတြ ဆူလာျပီးေတာ့ အရမ္းကို သင္ခ်င္လာတယ္။ သူ႕မ်က္လံုးေတြ အေရာင္ေတာက္လာတယ္။
အေဖ ကၽြန္ေတာ္ ဘယ္ ဓားသုိင္းမ်ိဳး သင္ၾကားရမလဲ။”

“ဓားသုိင္း၊? ႏွစ္နည္းနည္းေလာက္ ေစာင့္လိုက္ပါဦး။” ရီခၽြမ္ ေအးစက္စက္ေျပာလိုက္တယ္။

“ႏွစ္နည္းနည္း ေစာင့္ရမယ္။” နင္ အူေၾကာင္ေၾကာင္ျဖစ္သြားတယ္။

“ဓားရဲ့ လႈပ္ရွားမႈဟာ မင္းရဲ့ ခႏၶာကိုယ္က ေမြးဖြားလာတာ။ မင္းဓားကို ေကာင္းေကာင္း အသံုးခ်ခ်င္ရင္ မင္းရဲ့ ခႏၶာကိုယ္ကို ေကာင္းေကာင္း ထိမ္းခ်ဳပ္ႏိုင္ရမယ္။ မင္းပထမဆံုး လက္သီးထိုးတာ က်င့္ရမယ္။ ေနာက္မွ မင္းရဲ့ ခႏၶာကိုယ္နဲ႕ လက္ေတြဟာ အလြန္ လ်င္ျမန္လာျပီးေတာ့ မင္းရဲ့ ခြန္အားကို ထိန္းခ်ဳပ္နိုင္ျပီဆို ဓားသိုင္းက်င့္ဖို႕ အခ်ိန္ေရာက္ျပီ။”

“ဒါေပမဲ့ ခႏၶာကိုယ္ တစ္ခုပဲ ျပင္ဆင္ရံုနဲ႕ မလံုေလာက္ေသးဘူး။”

“မင္းရဲ့ စိတ္ကို လည္း ဓားသိုင္းက်င့္ဖို႕အတြက္ အဆင္သင့္ ျဖစ္ေအာင္ ျပင္ဆင္ထားရမယ္။”


ဆက္ပါဦးမည္>>>>>>
၀တၳဳ : Desolate era
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…


Unicode

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

အခန်း ၁၀ (ခြေလှမ်းသိုင်း)



‘လေးပညာ တစ်နာရီလောက် လေ့ကျင့်ပြီးတော့ နေလည်းတော်တော် မြင့်လာပါပြီ။



နင် ကလေးလေးရေ အမေက မင်းကို ခြေလှမ်းသိုင်း သင်ပေးမှာပါ။

စနိုး သူ့သားလေးကို ကြည့်ပြီး ပြောလိုက်တယ်။



“ဟုတ်ကဲ့။”



သူ့တစ်ကိုယ်လုံး နာကျင်တဲ့အထိ တစ်မနက်လုံး လေ့ကျင့်ထားပေမဲ့လည်း ဖင်းဂေါ့ တွေရဲ့ ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်ကြောင့် သူ့ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်မှုဟာ အလွန်ကို မြင့်မားလွန်းနေပါတယ်။ အခုတော့ သူပင်ပန်းမှု မခံစားရတော့ပဲ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ပြန်ဖြစ်သွားပါပြီ။



“အနီးကပ် တိုက်ပွဲတိုင်းမှာ ခြေလှမ်းတိုင်းက ဓားသိုင်းလိုပဲ အရေးကြီးတယ်။ လူနှစ်ယောက်တိုက်ခိုက်တယ်ဆို ခြေလှမ်းပိုသာပြီး ပို မြန်တဲ့သူကို တစ်ဖက်တိုက်ခိုက်တဲ့ သူက ဒဏ်ရာပေးနိုင်ဖို့ ခက်ခဲပေမဲ့ သူတို့ကတော့ တစ်ဖက်သူကို အလွယ်တကူ ဒုက္ခပေးနိုင်တယ်။”



နင် ခေါင်းညိတ်လိုက်တယ်။



သူ ဒီသဘောတရားတွေ နားလည်ပါတယ်။



အနီးကပ်တိုက်ပွဲဆိုတာ တစ်နေရာတည်း မတ်တပ်ရပ်နေပြီးတော့ ဓားနဲ့ ဓားကောက်ကို ယမ်းနေတဲ့ ငတုံးတွေရဲ့ တိုက်ပွဲမှ မဟုတ်တာ။ မခန့်မှန်းနိုင်အောင် အရိပ်လို နေရာမျိုးစုံကို အချိန်တိုင်း ရွေ့ နေရတာလေ။ သူ အရင်ဘဝတုန်းက တိုက်ကွမ်ဒို နဲ့ ကာရာတေး ဆရာတွေ တိုက်ခိုက်တာ မြင်ဖူးပါတယ်။ သူတို့တွေဟာ ခြေကွက်တွေကို အရမ်းတန်ဖိုးထားပြီး လေ့ကျင့်ကြတယ်။ ခြေကွက်သာတဲ့ သူက ရန်သူရဲ့ လက်သီးချက် လောက်ကို အသာအယာ ရှောင်တိမ်းနိုင်တယ်။ ဒါမှမဟုတ်ရင် တဖက်သူရဲ့တိုက်ခိုက်ရေး စွမ်းရေ အများကြီး ကျသွားအောင် စွမ်းဆောင်နိုင်တယ်လေ။



ခြေကွက်တွေဟာ သိုင်းကွက်တိုင်းမှာ အလွန့် အလွန်ကို အရေးကြီးတယ်။ ပြီးတော့ သူ့အရင်ဘဝက နာတာရှည် မကျန်းမမာဖြစ်တော့ သူဒီလို သိုင်းပြိုင်ပွဲတွေကြည့်ရတာ ဝါသနာပါခဲ့တယ်။ ဒါကြောင့် သူ ခြေကွက်တွေ ဘယ်လောက် အရေးပါလည်းဆိုတာ နားလည်ခဲ့တယ်။



ဒီ နတ်ဆိုးတွေ မိစ္ဆာတွေ ရှိနေတဲ့ လောကမှာလည်း အခြေံခံကတော့ အတူတူပါပဲ။



ခြေကွက်ဆိုတာ အရေး အကြီးဆုံးပဲ။



“ငါ နင့်ကို လေအရိပ် ခြေသိုင်း သင်ပေးမယ်နော်။ သူ့ရဲ့နာမည် ရိုးရှင်းလို့ အစွမ်းမထက်ဘူး မထင်လိုက်နဲ့နော်။ ဒါဟာ အရမ်းကို အစွမ်းထက်တဲ့ သိုင်းကျမ်းပဲ။ ဒီ ဂျိကလန် တစ်ခုလုံးမှာ အမေ တစ်ယောက်ပဲ ဒီသိုင်းကို တတ်တာ။ ဂျိကလန်က အကိုင်းအခက်ကြီး ၅ခုလုံးမှာတောင် ဒီသိုင်းကျမ်းကို အစွမ်းအတက်ဆုံး သိုင်းကျမ်းလို့ ပြောလို့ရတယ်။ သားစပြီးတော့ လေ့ကျင့်တာနဲ့ ရှုပ်ထွေးတဲ့ နေရာတွေကို ဘယ်လို ရှောင်ရှားရမယ်၊ ဘယ်လို ထွက်ပြေးရမယ်ဆိုတာ နားလည်သွားလိမ့်မယ်။”



“ပထမဆုံး  ဒီ အခြေခံ ၆ကွက်ကို သေချာဖတ်လိုက်နော်။”

စနိုး သူမလက်ကို ဝှေ့ယမ်းပြီးတော့ စာအုပ်အဝါတစ်အုပ်ကို လေထဲမှာ ထုတ်ယူလိုက်တယ်။



နင် သေချာဖတ်ကြည့်လိုက်တယ်။



ဒီ စာအုပ်မှာတော့ လေအရိပ် ခြေသိုင်းရဲ့ အခြေခံ ၆ ကွက်ကို သေချာ ရှင်းပြထားတယ်။ ဒီ ၆ကွက်လုံးမှာ ဘယ်လိုရွေ့လျားရမယ်၊ ဘယ်လို အတွင်းအား အသုံးပြုရမယ် ဆိုတာကို အသေးစိတ် နက်နက်နဲနဲ ရှင်းပြထားတယ်။



“အဲ့ဒါပဲ စိုက်ကြည့်မနေနဲ့ဦး။ ဒီဘက်ကို ကြည့်လိုက်ဦး။” စနိုး အဝေတစ်နေရာကို လက်ညှိုး ညွှန်ပြလိုက်တယ်။



နင် ခေါင်းလှည့်ကြည့်လိုက်တော့ သစ်သားတိုင်လေးတွေ စိုက်ထားတဲ့ နေရာကို တွေ့လိုက်တယ်။ တိုင်ပေါင်း ထောင်နဲ့ ချီအောင် စိုက်ထားပြီးတော့ အနိမ့်အမြင့် အကွာအဝေက တစ်ခုနဲ့ တစ်ခု မတူကြဘူး။ ဒီ သစ်သားတိုင်တွေရဲ့ အထက်မှာ သဲအိတ်လေးတွေကို ထောင်နဲ့ချီပြီး တွဲလောင်း ချိတ်ဆွဲထားတယ်။



စနိုးက ဆက်ပြောလိုက်တယ်။

“ဒီဟာကို ကြယ်တစ်ထောင် အခင်းအကျင်းလို့ သိကြတယ်။ မင်း ဒီမှာ ဆယ်နှစ် လေ့ကျင့်လိုက်ရင် လေအရိပ်ခြေသိုင်းက  ရူေ၀ အဆင့်ကို ရောက်သွားလိမ့်မယ်။ ဒီ ကြယ်တစ်ထောင် အခင်းအကျင်းသာ မရှိရင် မင်း ဒီဟာထက် အချိန်ကာလ အဆ တစ်ရာလောက် ပေးပြီး လေ့ကျင့်ရလိမ့်မယ်။”



“လေအရိပ်သိုင်းမှာ အဆင့် ၃ဆင့် ရှိတယ်။ “



“ပထမကတော့ အခြေခံ အဆင့်ပေါ့။”



“ဒုတိကက ပညရှင် အဆင့်။”



“တတိယက ကမ္ဘာနဲ့ တစ်သားတည်း ကျသွားတဲ့ အဆင့်။”

စနိုးက နင်ကို စိုက်ကြည့်ပြီး

“ပြောရမယ်ဆိုရင် ဓားသိုင်း၊ ဓားကောက်သိုင်း၊ လှံသိုင်း စတဲ့ ဘယ် ပညာကို မဆို ဒီ အဆင့် ၃ဆင့်နဲ့ ပဲ ပိုင်းခြားထားတယ်။ ဥပမာ အနေနဲ့ ဓားသိုင်းရဲ့ ပညာ ရှင် အဆင့်ကို ဓားနဲ့ တစ်သားတည်း အဆင့်လို့ သိကြတယ်။”



“မင်း ပထမ ၆ကွက်လုံးကို အလွတ်ရပြီလား။” စနိုးကမေးလိုက်တယ်။



“ဟုတ်ကဲ့။” နင်ခေါင်းညိတ်လိုက်တယ်။



စနိုး ကြယ်တစ်ထောင် အခင်းအကျင်းကို လျှောက်သွားပြီးတော့ အတိုဆုံး သစ်သားတိုင်ကို လက်ညိုးညွှန်ပြီး ပြောလိုက်တယ်။

“လာ .. ဒီတိုင်ပေါ်မှာ မတ်တပ်ရပ်နေလိုက်။”



“ဟုတ်ကဲ့။” နင် အလွယ်တကူ ခုန်တက်လိုက်တယ်။



သူ ယိုင်တိုင်တိုင် ဖြစ်သွားတယ်။ ဒီတိုင်က လုံးပတ် သိပ်မကြီးပဲ ခြေတစ်ဖက်ပဲ ချလို့ ရတဲ့ အကျယ်ပဲ ရှိတယ်။ တော်သေးတာက သူ ကောင်းကင် ကိုးဆင့် သိုင်းကျမ်းကို ကျင့်ထားလို့ ဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်တယ်။ ဒါကြောင့် သူ ငြိမ်ငြိမ်လေး ရပ် နိုင်သွားတယ်။



“ငါပြောလိုက်တာ နားထောင်ထားလိုက်။ အခြေခံ ၆ကွက်ထဲက ဘယ် အကွက်ကို သုံးလို့ ပြောလိုက်ရင် ပြောလိုက်တဲ့ အတိုင်း လိုက်ရွေ့ ရမယ်။ အရှေ့တိုး အကွက်။”

စနိုးပြောလိုက်တယ်။



နင် ချက်ချင်းပဲ ရှေ့ကတိုင်ကို ခုန်လိုက်တယ်။ ဒါပေမဲ့ သူ အပေါ်မှာ ချိတ်ဆွဲထားတဲ့ သားရေသဲအိတ်ကို တိုက်မိပြီါ် ပြုတ်ကျသွားတယ်။



“မှတ်ထားနော်။ ဒီ ကြယ်တစ်ထောင် အခင်းအကျင်းမှာ မင်း ဒီ သားရေအိတ်တွေကိုထိလို့ မရဘူး။ ထိမိတာနဲ့ အစက ပြန်စလေ့ကျင့်ရမယ်။ စနိုးပြောလိုက်တယ်။”



နင် အံကြိတ်လိုက်တယ်။

သူဒါမျိုးထပ် မဖြစ်စေရဘူး။



သူတိုင်ပေါ်ကို ခုန်တက်လိုက်တယ်။ ပြီးတော့  သားရေအိတ်တွေကို ရှောင်ပြီးတော့ ရှေ့ကတိုင်ပေါ်ကို ဆက်ခုန်လိုက်တယ်။ ဒါပေမဲ့ သူ အားလွန်သွားတဲ့ အတွက် ဒုတိယတိုင်ပေါ်မှာ ငြိမ်ငြိမ် ရပ်နိုင်ဖို့ နည်းနည်း အချိန်ပေးလိုက်ရတယ်။



“မင်းရဲ့ လှုပ်ရှားမှုတိုင်းဟာ သံမှိုနဲ့ စွဲထားသလို ဖြစ်ရမယ်။ မင်းကျောက်တိုင်ပေါ် ခြေချလိုက်တာနဲ့ သံမှိုနဲ့ စွဲထားသလိုကို ဖြစ်ရမယ်။ ခြေလှမ်းတိုင်းဟာ ကျဉ်းသွားတာ ကျယ်သွားတာ မဖြစ်ရဘူး။ အားများသွားတာ အားနည်းသွားတာ မဖြစ်စေရဘူး။ အခုဆို မင်း နည်းနည်း ယိုင်သွားတယ်။ သေသေရှင်ရှင် တိုက်ပွဲမှာ ဒီလိုသာဖြစ်ရင် မင်း ရန်သူက ဟာကွက်ကိုတွေ့သွားလို့ မင်းသေသွားလောက်ပြီ။ ကဲ ဆက်ပြီး ရှေ့ကို ရွေ့မယ်။”



“ဘေးခြေလှမ်း။”



“ခုန်တဲ့ ခြေလှမ်း။”



“နောက်ဆုတ် ခြေလှမ်း။”



“ခုန်ဆုတ် ခြေလှမ်း။”



“ပြောင်းပြန်လှည့် ခြေလှမ်း။”



စနိုး တစ်ခုပြီး တစ်ခု ဆက်ပြောလိုက်တယ်။



“ပြောရမယ်ဆိုရင်တော့ ဘယ်ခြေကွက်သိုင်းမဆို ဒီ အခြေခံ ကစတင်ရတာပဲ။ ဒါပေမဲ့ သိုင်းကွက်တွေရဲ့ အနှစ်သာရ ကွာခြားချက်က နေ့နဲ့ ညလိုပဲ။ တစ်ချို့ သိုင်းတွေက မင်းကို မိုးကြိုးလို လျင်မြန်စေတယ်၊ တစ်ချို့ သိုင်းတွေက မင်းကို လေနဲ့ တစ်သားတည်း ဖြစ်စေတယ်၊ တစ်ချို့ဆို ဝိဉာဉ်လိုပဲ ခန့်မှန်းလို့ မရစေဘူး။”



ခြေသိုင်းတိုင်းမှာ အနှစ်သာရဟာ မတူတဲ့အတွက် တိုက်ပွဲတွေမှာ ရလာဒ်မျိုးစုံကို ဖြစ်စေနိုင်တယ်။



“အိုး…”သူ ခုန်လိုက်တာ နိမ့်သွားလို့ သားရေအိတ်နဲ့ တိုက်မိပြီးတော့ တိုင်ပေါ်ကို မကျပဲ ပြုတ်ကျသွားတယ်။



နင် စကားတစ်ခွန်းမှ မပြောပဲ တိုင်ပေါ် ပြန်တက်လိုက်တယ်။



“အွတ်..” သူ ဒူးကွေတာ မလုံလောက်လိုက်ဘူး။



“အွတ်…” သူ အားထုတ်တာ များသွားတယ်။



…….



ကြယ်တစ်ထောင် အခင်းအကျင်းထဲမှာ ဂျိနင် ဟာ အလင်းတန်း တစ်ခုလို အခြေခံ ၆ကွက်ကို မရပ်နား လေ့ကျင့်နေတယ်။ သားရေသဲအိတ်တွေကြောင့် ဂျိနင် အသည်းအသန် ရှောင်ပြီး ရွေ့လျားနေရတယ်။ ဒါပေမဲ့ အခုတော့ သူဘယ်လောက်ပဲ မြန်မြန လှုပ်ရှား လှုပ်ရှား သူ့ ရဲ့ ဟန်ချက်ဟာ အလွန် တည်ငြိမ်သွားပါပြီ။



“အမေ ကျွန်တော် ဘယ်လောက် ကြာကြာ ဒီအတိုင်း လေ့ကျင့်ရမလဲ”

နင် အကြိမ်ပေါင်းများစွာလည်း ပြုတ်ကျခဲ့ပြီးပါပြီ။



“နင်၊ သားလေး အတိုဆုံး သစ်သားတိုင်ကနေစပြီးတော့ သစ်သားတိုင် ၁၀၀၈ တိုင်လုံးမှာ ဆုံးတဲ့ နောက်ဆုံး အရှည်ဆုံး သစ်သားတိုင်အထိ ဘယ်သားရေသဲအိတ်ကိုမှာ မထိပဲ သွားနိုင်ရမယ်။”



“သားလေးဒါကို အသက် ၁၀ ကြိမ် ရှူစာ အချိန်လောက်မှာ ပြီးဆုံးအောင်သွားနိုင်ရင် သား အခြေခံ ခြေသိုင်းကို အောင်မြင်သွားပြီ။”

စနိုး ရီမောပြောဆိုလိုက်တယ်။



နင် မင်သက်သွားတယ်။

“ဘယ်လို။ အသက် ၁၀ကြိမ် ရှူစရာ အချိန်အတွင်း။ ကျွန်တော် မြေကြီးမှာ ပြေးသွားရင်တောင် အသက် ၁၀ခါ ရှူတဲ့ အချိန်အတွင်းမှာ မရောက်ဘူးကို။”



၁၀၀၈ ခု ရှိတဲ့ သစ်သားတိုင်တွေဟာ ခြားထားတဲ့ အတွက် အကျယ်အဝန်း စုစုပေါင်းဟာ မီတာ တစ်ထောင်ဝန်းကျင်လောက် ရှိနေပါတယ်။ ဒီအကွာအဝေးကို သူ ပြေးဖို့တောင် အချိန် အနည်းငယ်လောက် ပေးရမှာ။



“သားလေး၊ နောက်ပိုင် ကောင်းကင်ကိုးဆင့် ကျင့်စဉ်ကို ပထမပိုင်း အောင်မြင်သွားရင် အသက်၁၀ခါ ရှူချိန်အတွင်းမှာ မီတာ၁၀၀၀ လောက်ကို အသာလေး ပြေးနိုင်သွားမှာပါ။”

စနိုး ရယ်မော ပြောဆိုလိုက်တယ်။



“ဒါပေမဲ..” နင် ဘာမှကို ဆက်မပြောနိုင်တော့ဘူး.



“ကြယ် တစ်ထောင် အခင်းအကျင်းကို မြေပြင်မှာလို သွားနိုင်သွားတဲ့ အခါကျရင် အခြေခံ အဆင့်ကို သား အောင်မြင်သွားပြီလို့ ပြောလို့ရတယ်။”



“ဒါဆို ရင် ဒုတိယ ပညာရှင် အဆင့်ကကော ဘယ်လိုမျိုးလည်း အမေ။”

နင် နားမလည်နိုင်ပဲ မေးလိုက်တယ်။



စနိုး အနီးက သားရေအိတ်ကြိုးကို ဆွဲလိုက်တယ်။ သားရေသဲအိတ်တွေက တစ်ခုနဲ့ တစ်ခု အဆက်မပြတ် တိုက်မိပြီး အကုန်လုံးဟာ လားရာမျိုးစုံကို ချိန်သီးလို မရပ်မနား လွှဲနေကြတယ်။



“ဒီ ပညါရှင် အဆင့်မှာလည်း သား အတိုဆုံး သစ်သားတိုင်ကနေ အရှည်ဆုံး သစ်သားတိုင် အထိ တိုင် ၁၀၀၈ တိုင်လုံးကို အသက် ၁၀ခါ ရှူချိန် အတွင်းမှာ ဘယ်သဲအိတ်မှ မထိပဲ ဖြတ်သွားရမယ်။ ဒါပေမဲ့ ပညာရှင် အဆင့်မှာ သဲအိတ်တွေက တစ်ခုနဲ့ တစ်ခု တိုက်မိပြီး လွှဲနေကြမှာ။ သားအဲ့ဒါကို ကျော်ဖြတ်နိုင်ပြီဆို ပညာရှင် အဆင့်ကို အောင်မြင်သွားပြီ။”



“ဒါ..ဒါပေမဲ့ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီ သဲအိတ်တွေအကုန်လုံး လွှဲခါနေကြတာ ကျွန်တော်က ဘယ်လို ရှောင်ရမှာလည်း။ သဲအိတ်တစ်ခုကို ရှောင်ဖို့ကို အချိန်က စက္ကန့် ပိုင်းလေးတောင် မရှိဘူး။”

ဒါဟာ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စလို့ နင်ခံစားမိတယ်။



“ဒါကြောင့် အမေပြောတာပေါ့။ ကြယ်တစ်ထောင် အခင်းအကျင်းနဲ့မှ သားလေး လေအရိပ်ခြေသိုင်းကို ပညာရှင် အဆင့်ကို ရောက်ဖို့ အချိန် ၁၀နှစ် လိုအပ်တယ်ဆိုတာ။ အခုကစပြီး နေ့လည်စာ စားတဲ့အချိန်အထိ ဒီ ကြယ် တစ်ထောင် အခင်းအကျင်းမှာ လေ့ကျင့်ရမယ်။”



“ဒါဆိုရင် တတိယ အဆင့်ဖြစ်တဲ့ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကျတော့ကော အမေ။”

နင် မအောင့်နိုင်ပဲ ထပ်ပြီး မေးလိုက်တယ်။



“ဒါကတော့ လုံးဝကို ကွဲပြားသွားတဲ့ အဆင့်ပဲ။ သားလေး အဲ့ဒီအဆင့် ရောက်ရင် နားလည်သွားလိမ့်မယ်။”

စနိုး နင်ကို ကြည့်ပြီး ရယ်မော ပြောဆိုလိုက်တယ်။



“ဒါ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ အမေ နည်းနည်း ရှင်းပြပေးပါလား။”



“ကဲကဲ.. ဟုတ်ပြီ။ အမေ ပြောပြရမယ်ဆို အဲ့ဒီ အဆင့်မှာ မြှားပေါင်း တစ်သောင်းက တစ်ပြိုင်တည်း အမေ့ကို ပစ်လိုက်ရင်တောင် တစ်ချက်မှ အမေ့ကို မထိစေရဘူး။”

စနိုး နင်ကို ကြည့်ပြီး ပြောလိုက်တယ်။



“မြှားပေါင်း တစ်သောင်းက တစ်ချိန်တည်း ပစ်လိုက်ရင်တောင်။.. နင် တစ်ချက် စိတ်ကူးကြည့်လိုက်တယ်။ မြှားတွေ အများကြီး သူ့ဆီကို ဝ်ငလာပြီးတော့ တစ်ချက်မှ သူ့ကို မထိခိုက်နိုင်တာ…ဒါ လုံးဝကို မဖြစ်နိုင်တာပဲ။ ဒါပေမဲ့ လူခန္ဓာကိုယ်တစ်ခုစာ နေရာကတော့ လိုတယ်လေ။သေချာစဉ်းစားကြည့်ရင် ဒီလို မရေမတွက်နိုင်တဲ့ မြှားတွေ ကောင်းကင်မှာ ပြည့်သွားပြီး ကိုယ့်ဆီဝင်လာရင် ဘယ်လိုလုပ် ရှောင်ဖို့ နေရာရှိမှာလည်း။”



စနိုး ပြုံးပြီး ပြောလိုက်တယ်။

“စိတ်ဓာတ်မကျပါနဲ့။မျိုးနွယ်စု ပေါင်းစုံက ထိပ်ဆုံးဟိုတျန်သက်ရှိ အဆင့် ပညာရှင်တွေတောင် ပထမ အခြေခံပဲ အောင်မြင်ကြတာပါ။”



“ဇင်တျန် အဆင့်တွေသာ များသောအားဖြင့် ဒုတိယ အဆင့်ကို ရောက်ကြတာပါ။”



“ဇီဖူ အဆင့် တော်တော်များများကတော့ တတိယ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်ကြပါတယ်။ ဒါပေမဲ့ တစ်ချိုး အရမ်းကို တော်တဲ့ ဇင်တျန် အဆင့်တွေကတော့ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်အောင် ကျင့်နိုင်ကြတယ်။ မင်းအဖေလိုပေါ့။”

စနိုး ပြောလိုက်တယ်။



အဖေ… နင် အံ့သြပြီး ဝမ်းသာသွားတယ်။



“မင်းအဖေရဲ့ ခြေသိုင်းက ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်နေပါပြီ။ ပြီးတော့ ခြေသိုင်းထက် ပိုခက်တဲ့ ဓားပညာမှာလည်း မင်းအဖေက ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်နေပြီလေ။ ဒါကြောင့် သားအဖေကို အနောက်ဘက် ဂျိကလန်မှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတာပေါ့။ ဒါကြောင့် သူ့ ပုံရိပ်ဟာ မျိုးနွယ်စုတွေမှာ အရမ်းကို ကျော်ကြားတာပေါ့။”



“နင် ရဲ့ နှလုံးသားမှာ သူရဲကောင်းဆန်မှုတွေ ပြည့်နှက်သွားတယ်။ သူ့အဖေလုပ်နိုင်တာ သူလည်း လုပ်နိုင်ရမယ်။ ပြီးတော့ သူ့မှာ နုဝါရဲ့ ပန်းချီကားနဲ့ အရင်ဘဝက ဉာဏ်ပညာတွေလည်းရှိသေးတယ်လေ။”



“ဆက်လုပ်…”



“ရှေ့တိုး အကွက်”



“နောက်လှည့် အကွက်”



“ခုန်တဲ့ အကွက်”



နင်ကလေး တစ်ယောက်ဟာ ကြယ်တစ်ထောင် အခင်းအကျင်းမှာ သေချာကို လေ့ကျင့်နေပါတယ်။ ဒါပေမဲ့လည်း သူ အကြိမ်များစွာ ပြုတ်ကျနေပါတယ်။



….



နေ့လည်စာ စားပြီးတော့….



နေ့လည်စာ တဝတပြဲ စားပြီးတော့ နင်ဟာ သူ့အဖေနဲ့ လေ့ကျင့်ရေးကွင်းကို ရောက်လာပြန်ပါတယ်။ နွေဦး နေ့လည် နေဟာ လှပစွာ တောက်ပနေပြီးတော့ နွေးထွေးမှုကို ပတ်ဝန်းကျင်ကို ဖြန့်ကျက်ထားပါတယ်။

အဖေ.. နင်ဟာ သားမွေး ဝတ်စုံ ဝတ်ထားတဲ့ အေးစက်စက် မျက်နှာထားနဲ့ သူ့အဖေကို ကြည့်လိုက်ပါတယ်။ သူ့ နှလုံးသားမှာ သူရဲကောင်းဆန်တဲ့ အဖေကို ကြည့်ပြီး အားကျနေပါတယ်။ သူ့အဖေဟာ ကြောက်မက်ဖွယ် သတ္တဝါဆန်းကြီး မြွေနဂါးကြီးကိုတောင် သတ်ခဲ့တာ။ ခွန်အားနဲ့ အစွမ်းတွေမှာဆို သူ့အဖေဟာ အရမ်းကို မြင့်တဲ့ အဆင့်ကို ရောက်နေပါပြီ။ တစ်ချို့ ဇင်တျန် အဆင့်တွေတောင် သူ့အဖေဆီမှာ တပည့်လာခံကြပြီး ဓားသိုင်းလာသင်ကြတာ။



သူ့အဖေမှာ တပည့်ရင်း ၉ ရောက်ရှိတယ်။ ၃ ရောက်က ဇင်တျန် အဆင့်တွေ။ ဒါပေမဲ့ အဖေက တပည့် ၉ယောက်လုံးကို တစ်လမှ တစ်ကြိမ်တည်းသာ သင်ပေးတယ်။



ဒါပေမဲ့ နင်ကိုတော့ နေ့တိုင်း သင်ပေးတယ်။



“ဒီနေ့ကစပြီးတော့ သားကို ဓားဘယ်လို သုံးရတယ်ဆိုတာ သင်ပေးမယ်။ ဓားသိုင်းဟာ ခြေသိုင်းတို့ လေးပညာတို့နဲ့ တစ်ခုမှ မတူဘူး။”



“လေးပညာဟာ တစ်ယောက်ကို လေးနဲ့ အကျွမ်းဝင်သွားတာနဲ့ သင်လို့ရပြီ။ တစ်ယော်ကရဲ့ ခွန်အားတွေ ကြီးမားလာတာ ၊ အမြင်တွေ စူးရှလာတာနဲ့ တစ်ယောက်ဟာ အစွမ်းထက်လှတဲ့ မြှားကို ပစ်လို့ ရပြီ။”



“ခြေသိုင်းကလည်း အရေးကြီးတယ် ဆိုပေမဲ့ သူက အကူအညီလောက်ပဲ။ ရန်သူကို သတ်ဖို့ဆို နောက်ဆုံးတော့ ဓားကို သုံးရတာပဲ။”



“ဓားတွေဟာ အနီးကပ် လက်နက်တွေပဲ။ ပေါ့ပါးပြီးတော့ အသွားနှစ်ဘက်ရှိတယ်။ အသုံးပြုရတာ ပေါ့ပါးပြီးတော့ တိကျတယ်။ ပြီတော့ ဓားကောက်တွေထက်ပိုပြီး နက်နဲတယ်။ ထိုးလိုက်တာဖြစ်ဖြစ်၊ ခုတ်လိုက်တာဖြစ်ဖြစ် ရန်သူကို အလွယ်တကူ သတ်နိုင်တယ်။ တစ်ခါတစ်လေဆို လေ့ကျင့်တာ် မမှန်တဲ့သူဟာ ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ ထိသွားနိုင်တယ်။ ဒါဟာ စစ်ပွဲအတွက် အကောင်းဆုံး လက်နက်ပဲ။”

ရီချွမ် သူ့သားကို ကြည့်လိုက်တယ်။



“နင် သူ့သွေးတွေ ဆူလာပြီးတော့ အရမ်းကို သင်ချင်လာတယ်။ သူ့မျက်လုံးတွေ အရောင်တောက်လာတယ်။

အဖေ ကျွန်တော် ဘယ် ဓားသိုင်းမျိုး သင်ကြားရမလဲ။”



“ဓားသိုင်း၊? နှစ်နည်းနည်းလောက် စောင့်လိုက်ပါဦး။” ရီချွမ် အေးစက်စက်ပြောလိုက်တယ်။



“နှစ်နည်းနည်း စောင့်ရမယ်။” နင် အူကြောင်ကြောင်ဖြစ်သွားတယ်။



“ဓားရဲ့ လှုပ်ရှားမှုဟာ မင်းရဲ့ ခန္ဓာကိုယ်က မွေးဖွားလာတာ။ မင်းဓားကို ကောင်းကောင်း အသုံးချချင်ရင် မင်းရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်း ထိမ်းချုပ်နိုင်ရမယ်။ မင်းပထမဆုံး လက်သီးထိုးတာ ကျင့်ရမယ်။ နောက်မှ မင်းရဲ့ ခန္ဓာကိုယ်နဲ့ လက်တွေဟာ အလွန် လျင်မြန်လာပြီးတော့ မင်းရဲ့ ခွန်အားကို ထိန်းချုပ်နိုင်ပြီဆို ဓားသိုင်းကျင့်ဖို့ အချိန်ရောက်ပြီ။”



“ဒါပေမဲ့ ခန္ဓာကိုယ် တစ်ခုပဲ ပြင်ဆင်ရုံနဲ့ မလုံလောက်သေးဘူး။”



“မင်းရဲ့ စိတ်ကို လည်း ဓားသိုင်းကျင့်ဖို့အတွက် အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားရမယ်။”





ဆက်ပါဦးမည်>>>>>>
ဝတ္ထု : Desolate era
မူရင်း စာရေးဆရာ : I Eat tomatoes
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…

Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)