ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 5 ဂ်ိကလန္

အခန္း 5 : ဂ်ိကလန္

ေႏြဦးရဲ႕ ေနေရာင္ျခည္ေတြ ေႏြးေတြးစြာ ျဖာက်ေနတယ္။
နီရဲေနတဲ့ ႏုတ္ခမ္းနဲ႕ ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာနဲ႔ ကေလးငယ္ေလးကို မိန္းမပ်ိဳေလးက သားေမြး အက်ီ ကူ၀တ္ေပးေနတယ္။ တျခားမိန္းမပ်ိဳ တစ္ေယာက္က ေရဇလံုနဲ႕ ဆား ပန္းကန္လံုးေလး ကိုင္ျပီး ရပ္ေစာင့္ေနတယ္။
“အရင္ဘ၀က ငါ နာမက်န္းေပမဲ့ ငါ့ အ၀တ္ငါ ၀တ္ရတယ္။ အခု ဘ၀က်ေတာ့ ငါ လံုး၀ က်န္းမာရံုတင္ မက ေျခအရံေတြလည္း အသင့္ပဲ။”
ဂ်ိနင္ကို သူေမြးကတည္းက အေျခြအရံ အသင့္ ကူညီေပးေနတယ္။တစ္ခါတစ္ေလ သူ႔ဖာသာ သာ အ၀တ္၀တ္မိရင္ေတာင္ ေႏြဦးႏွင္းပန္းနဲ႕ ေဆာင္းဦး သစ္ရြက္လို႔ ေခၚတဲ့ အေျခြ အရံ ႏွစ္ေယာက္က ေၾကာက္လန့္တုန္လႈပ္စြာ ဒူးေထာက္ေတာင္းပန္ၾကတယ္။
“ငါ့ကိုေပးပါ…”
သူ ေရဇလံုနဲ႔ ဆားကို ယူျပီး အေရွ႕ က ေရပန္းကို ထြက္လာတယ္။ ္ဆားနဲ႔ သူသြားတိုက္လိုက္တယ္။
ေတာ္ေတာ္ ဘ၀ပ်က္ေနတဲ့ ေခတ္ပဲ။ သြားတိုက္တံလည္း မရွိဘူး။ ကိုယ့္လက္နဲ႕ ကိုယ္သြားတိုက္ေနရတယ္။သြားတိုက္ေဆးလည္း မရွိဘူး ဆားခဲပဲရွိတယ္။
သူ သြားျမန္ျမန္ တိုက္လိုက္တယ္။
သူတစ္ခုနားမလည္တာက သူေမြးကတည္းက အရမ္း သန္႕ရွင္းေနတာပဲ။ ပါးစပ္မွာ အနံ႕ေတာင္ မနံဖူးဘူး။ ဒါေၾကာင္ သူသြားတိုက္ဖို႕ေတာင္ မလိုဘူး။ သူ႕ အေမက သြားမတိုက္ရင္ ဆူလို႕ သြားတိုက္ေနရတာ။
ပါးလုပ္က်င္းျပီး ေရဇလံုကို အနီးက ေကာင္မေလးကို ေပးလို္က္တယ္။
“ေဆာင္းဦးသစ္ရြက္ေရ နင္တို႕ မ်ိဳးႏြယ္စုမွာ ဆားနဲ႕ သြားတိုက္ၾကရဲ႕လား လို႕ ေမးလိုက္တယ္။ သူ ေလးႏွစ္ရွိျပီ ျဖစ္ျပီီး စာေတြ အမ်ားၾကီး ေလ့လာခဲ့ျပီးျပီ။ ေတာ္ေတာ္မ်ားမ်ား နားလည္ေနျပီ။ ဒါေပမဲ့ သူ မ်ိဳးႏြယ္စုေတြ အေၾကာင္း ေသေသခ်ာခ်ာ နားမလည္ေသးဘူး။”
“ဘယ္လို လုပ္ သြားတို္က္ ၾကမွာလဲ” လို႕ ေဆာင္းဦး သစ္ရြက္ ေလးက တုန္လႈပ္စြာ ျပန္ေျဖတယ္။ “သူတို႕ သံူးေနက် ဆားေတာင္ ဒီ ဆားေလာက္ မျဖဴဘူး။ အဲ့ ဆားနဲ႕ ဘယ္လို သြားတိုက္လိုက ရမွာလဲ။ လူအမ်ားၾကီး တစ္ဘ၀လံုး သြားမတိုက္ၾကဘူး။ ဒီလို ဇလံုေတာင္ အရမ္း တန္ဖိုး ၾကီးလို႕ စြပ္ျပဳတ္ တည္ရင္သာ အသံုးျပဳၾကတယ္။ ငါတို႕ သြားတိုက္ဖို႕ မသံုး ႏိုင္ၾကပါဘူး။”
“စြပ္ျပဳတ္အိုး?”
၈်ိနင္ မ်က္စိ ပြတ္သပ္ျပီးေတာ့ “ဒါကို စြပ္ျပဳတ္တည္ဖို႕ သံုးတယ္?”
“လာ..လာ.. ထမင္းသြားစားရေအာင္။”
ေကာင္မေလးႏွစ္ေယာက္ ဂ်ိနင္ေနာက္က လိုက္ပါသြားတယ္။
“အေဖနဲ႔ အေမ..”
ဂ်ိနင္ ခန္းမၾကီးကိုေရာက္ေတာ့ သူ ခ်က္ခ်င္းပဲ ဦးညြတ္ လိုက္တယ္။
“အင္း…”
သူ႕ အေဖက ေရွ့တည့္တည့္မွာ ထိုင္ေနျပီးေတာ့ သူ႕အေမက လက္၀ဲ ဖက္မွာထိုင္ေနတယ္။ သူ႕ေနရာက ညာဖက္မွာ။ သူ႕ေရွ႕မွာ နက္ေမွာင္ေနတဲ့ ေက်ာက္သားနဲ႕ လုပ္ထားတဲ့ စားပြဲၾကီးရွိျပီးေတာ့ စားပြဲ ေပၚမွာ ပန္းကန္လံုး ၾကီး ၃ လံုးရွိေနတယ္။ တစ္ပန္းကန္မွာ ေမႊးၾကိဳင္တဲ့ အသားဟင္းေတြ ရွိျပီးေတာ့ ေနာက္တစ္ပန္းကန္မွာ ေပ်ာ့ေျပာင္းတဲ့ မုန့္ေတြ ရွိတယ္။ ေနာက္ တစ္ပန္းကန္က ေနရေနြးေတြ ထည့္ထားတယ္။ ဒါ သူ႕ မနက္စာပဲ။
တကယ္လို႕ သာ ဒီ က ေလးႏွစ္သားကေလး စားတဲ့ မနက္စာကို အရင္ဘ၀က ကမာၻ မွာဆို လူၾကီး ၃ေယာက္ေလာက္ စားမွ ကုန္မယ္။ ဒီကမာၻ မွာ ေတာ့ ကေလးတိုင္းက အမ်ားၾကီး စားၾကေတာ့ သူ႕အတြက္လည္း မထူးဆန္းပါဘူး။
ဂ်ိနင္ ပထမ ပန္းကန္က အသားတံုးကို ယူစားလိုက္ျပီးေတာ့ ေျပာလိုက္တယ္။ အရသာရွိလိုက္တာ။ သူ အရသာကို ေတာ့ ေကာင္းမေကာင္း ခြဲတတ္ေသးတယ္ေလ။ သူ႕ခႏၶာကိုယ္က သာမာန္ေပမဲ့ သူေမြးကတည္းက အထူးအစားအစာေတြ ပဲ ေကၽြးခဲ့တယ္။ သူစားေနတဲ့ အသားေတြက သာမာန္ ေတာရိုင္း တိရိစာၦန္ ေတြရဲ့ အသားေတြ မဟုတ္ဘူးေလ။ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ တန္ခိုးရွိ သတၱ ၀ါဆန္းေတြရဲ့ အသားေတြေလ။ မ်ိဳးႏြယ္စုေတြအတြက္ အဲ့ဒီ အသားေတြက ရွားပါးျပီး အင္မတန္ တန္ဖိုးၾကီးေပမဲ့ သူကေတာ့ေန႔တိုင္းစားေနတယ္။
အဲ့ အသားေတြမွာ ထူးျခားတဲ့ အစြမ္းေတြပါလို႕ ဂ်ိနင္ ပိုျပီး သန္စြမ္းလာတယ္။
“ကၽြန္ေတာ္စားလို႕ ျပီးျပီ။” သူတစ္ခုမက်န္ စားပစ္လိုက္တယ္။ ေနာက္ ပလုတ္က်င္းျပီး ေရေႏြးေသာက္လိုက္တယ္။
“လာ..သြားရေအာင္။” ေကာင္မေလးႏွစ္ေယာက္ သူ႕ေနာက္ ေျပးလိုက္သြားတယ္။
စႏိုး သူ႕ သားေလးေျပးထြက္သြားတာ ၾကည့္ျပီး ၇ယ္ေမာေျပာဆိုလိုက္တယ္။ သူ သေႏၶသားတုန္းက ဒဏ္ရာရခဲ့လို႕ ေမြးလာေတာ့ ေတာ္ေတာ္ အားနည္းခဲ့တယ္။ သူ႕ အလားအလာက ေတာ္ေတာ္ေကာင္းတယ္။ ၾကည့္ပါဦး.. သူေန႔တိုင္း ေတာရိုင္းသားကို စားႏိုင္ေနတာ။ သူ႕ ခႏၶာကိုယ္ ပိုျပီးသန္မာလာလိမ့္မယ္။
ရီခၽြမ္ေခါင္း ညိတ္လိုက္တယ္။ သတၱ၀ါဆန္းေတြရဲ႕ အသားက သာမာန္ ေတာရိုင္းသားေတြနဲက မတူဘူး။ သူတို႕က သဘာ၀ အေျခခံ စြမ္းအင္ေတြကို အမ်ားၾကီး စုပ္ယူထားေတာ့ သူတို႕ အသားေတြမွာ စြမ္းအင္ေတြ ျပည့္ေနတာပဲ။ သာမာန္ကေလးေတြဆို အဲ့ဒီ အသားကို မနက္စာ စားျပီးရင္ ႏွစ္ရက္ေလာက္ ဘာမွ မစားႏိုင္ေတာ့ဘူး။ ဂ်ိနင္ ကေတာ့ တစ္ရက္ကို ပံုမွန္ ၃ နပ္စားႏိုင္ေနတယ္။ သူ ဒီ စြမ္းအင္ေတြ စုပ္ယူႏို္င္တာ အေသအခ်ာပဲ။
………………………
မိန္းမပ်ိဳေလး ႏွစ္ေယာက္က နင္ ေနာက္ကေန စာအုပ္ အထူၾကီး ေတြ အမ်ားၾကီး ကိုင္ျပီး လိုက္လာတယ္။ သူတို႕ေနာက္မွာေတာ့ ေတာက္ပတဲ့ အနီေရာင္ ခ်ပ္၀တ္တန္ဆာကို ၀တ္ဆင္ထားတဲ့ ခႏၵာကိုယ္ ၾကံ့ခိုင္တဲ့ ေစာင့္ေရွာက္ေတြ ထပ္ခ်ပ္မကြာ လိုက္လာၾကတယ္။ ဒီ အနီေရာင္ စစ္သားၾကီးေတြရဲ့ ခ်ပ္၀တ္တန္ဆာမွာ ရွိတဲ့ ထူးျခားတဲ့ စြမ္းအင္ေတြ ျဖာထြက္ေနတဲ့ ထူးျခားတဲ့ ေရွးေဟာင္း အင္းစာလံုးေတြ ေၾကာင့္ သူတို႕ေတြ အကုန္လံုး ဆီကေန အရွိန္အ၀ါ ၾကီးမားမႈ အေငြ႕အသက္ေတြ ပတ္၀န္းက်င္ကို လႊမ္းျခံဳထားတယ္။  The red armored guards had mysterious runes scrawled onto their armor, which faintly seemed to hum with a strange energy, causing all of them to emanate a powerful aura.
ဒီ အနီေရာင္ စစ္သားေတြက သူတို႕ ဂ်ိကလန္ရဲ႕ အစြမ္း အထက္ဆံုး စစ္သားေတြပဲ။ (အမွားျပင္ဆင္ခ်က္။ ။အေရွ့ရွိ အပိုင္းမ်ားတြင္ ေျမာက္ပိုင္း ဂ်ိကလန္ဟု မွားေရးမိထားပါသည္။ အေနာက္ပိုင္း ဂ်ိကလန္ ဟု ျပန္လည္ ျပင္ဆင္ဖတ္ရႈေပးပါ။) အေနာက္ဂ်ိကလန္မွာ ဂ်ိရီခၽြမ္ရဲ႕ တိုက္ရိုက္ အမိ္န္႔ေပးေစခိုင္းႏိုင္တဲ့ အနီေရာင္စစ္သား အေယာက္ ၁၀၀ ပဲ ရွိတယ္။ ရီခၽြမ္က ဂ်ိနင္ကို အခ်ိန္ျပည့္ ေစာင့္ေရွာက္ဖို႕ ၁၈ေယာက္ လႊတ္ထားတယ္။ ဂ်ိနင္ အျပင္ထြက္တိုင္း အဲ့ဒီ ၁၈ေယာက္က ထပ္ခ်ပ္မကြာ လိုက္ေစာင့္ေရွာက္ေပးတယ္။
“ေလ့က်င့္ကြင္းထဲ သြားရေအာင္။”
ဘယ္သူမွ သူကကို မေနွာင့္ယွက္ရဲဘူး။
အေနာက္ပိုင္း ျမိဳ႕ေတာ္ဟာ အရမ္းၾကီးမားလြန္းပါတယ္။ လူဦးေ၇ သန္းနဲ႕ ခ်ီျပီးရွိျပီးေတာ့ ၃ပိုင္ ခြဲျခားထားတယ္။ ျမိဳ့တြင္းပိုင္း၊ စစ္႒ာနပိုင္း နဲ႕ ေလ့က်င့္ကြင္းပိုင္း ဆိုျပီး ရွိတယ္။
ျမိဳ႕တြင္းပိုင္းမွာ အေနာက္ပိုင္း ဂ်ိကလန္၀င္ေတြ ေနထို္င္ၾကတယ္။ အဓိက စီမံခန္႔ခြဲမႈ ဧရိယာလည္း ျဖစ္တယ္။
အေနာက္ပိုင္း ဂ်ိကလန္ရဲ႕ စစ္တပ္ကေတာ့ စစ္႒ာနပိုင္းမွာ ေနၾကတယ္။
ေလ့က်င့္ကြင္း အရပ္ကေတာ့ ဂ်ိကလန္က လူငယ္ေတြနဲ႕ တျခားဂ်ိကလန္ လက္ေအာက္ခံ မ်ိဳးႏြယ္စုေတြ က လူငယ္ေတြ လာေရာက္ ေလ့က်င့္ရာ အရပ္ျဖစ္တယ္။
ျမိဳ႕တြင္းပိုင္းနဲ႕ ေလ့က်င့္ကြင္းကို လမ္းတေျဖာင့္တည္းဆက္သြယ္ထားတယ္။ ဂ်ိနင္ သူ႕ အေစာင့္တပ္သားေတြနဲ႕ ေလ့က်င့္ကြင္းထဲ ေ၇ာက္လာတယ္။ ေလ့က်င့္ကြင္းထဲမွာေတာ့ လူငယ္ေတြ သိန္းနဲ႕ခ်ီျပီး ေလ့က်င့္ေနၾကတယ္။
“ဒါ ဂ်ိနင္ပဲ။”
“မိုးေရစက္ဓားရဲ႕ တစ္ဦးတည္းေသာသား ဂ်ိနင္?”
“မိန္းကေလး အေျခြအရံေတြက စာအုပ္ေတြ သယ္လာၾကတာလား။ ငါ့ကလန္ကို ဒီ စာအုပ္ကုန္သည္ေတြ ျဖတ္သြားတုန္းက ဒီ စာအုပ္တစ္အုပ္စီကို  ႏြားသားေရ ၁၀၀၀ ခ်ပ္စီ တန္တယ္လို႕ ၾကားဖူးတယ္။”
လူငယ္ေတြက အခ်င္းခ်င္းတီးတိုးေျပာေနၾကတယ္။ လူငယ္ေတာ္ေတာ္မ်ားမ်ားက သူ႕ကို ဂ်ိကလန္ရဲ႕ အေတာ္ဆံုး သိုင္းသမား မိုးေရစက္ဓားရဲ႕ တစ္ဦးတည္းေသာသား လို႕ သတိထားမိၾကတယ္။ ဂ်ိနင္က အစြမ္းထက္ျပီး အထက္တန္းက်တဲ့ မိသားစုက ေမြးဖြားလာလို႕ သူ႕ကို ေတာ္ေတာ္မ်ားမ်ားက မနာလိုၾကဘူး။ သူလည္း ဘယ္သူ႕ကို မွ အနိုင္မက်င့္ဖူးပါဘူး။ ဒါေပမဲ့ သူတို႕ဘယ္လို ၾကည့္မရျဖစ္ျဖစ္ သြားေတာ့ မစရဲၾကဘူး။
ဂ်ိနင္ စိတ္လႈပ္ရွားစြာနဲ႕ ခံုမွာထိုင္လိုက္တယ္။ အရင္ဘ၀က သူ အရမ္း အထီးက်န္ျဖစ္ခဲ့တယ္။ အခုေတာ့ သူ လူေတြ အမ်ားၾကီးရွိတဲ့ ဆူညံတဲ့ ေနရာမွာ ေရာက္ေနျပီ။
“ငါ့ကို စာအုပ္ေပးပါ။ ဂ်ိနင္ ေႏြဦးျမက္ကေလး လက္ထဲက စာအုပ္ထူၾကီးကို လွမ္းယူလိုက္တယ္။ သတၱ၀ါ တစ္ေကာင္ေကာင္ရဲ႕ ႏူးညံ့တဲ့ သားေရနဲ့ ခ်ဳပ္ထားတဲ့ စာအုပ္ၾကီးက ၂၀ စင္တီမီတာေလာက္္ကို ထူတယ္။ ဒီေခတ္မွာက က်ြန္စနစ္က ရွိေသးေတာ့ စာအုပ္ေတြက အလြန္ တန္ဖိုးရွိတယ္။ ဂ်ိနင္ ကေတာ့ စာအုပ္ေတြဟာ ကိုယ္ပိုင္ စာၾကည့္တိုက္မွာ ဖတ္ရံု တင္မက အျပင္ကိုပါ ယူခဲ့ရဲတယ္။”
ေမြးကတည္းက နင္ အတြက္ အလုပ္ ၂ခုပဲ ရွိတယ္။
တစ္ခုကေတာ့ နတ္ဘုရားမ ႏု၀ါရဲ့ ပံုရိပ္ေဖာ္ တရားမွတ္က်င့္စဥ္ကို က်င့္တာပဲ။အခုဆို  သူ႕ စိတ္၀ိဥာဥ္ဟာ အလြန္ အစြမ္းထက္လာတဲ့ အတြက္ သူဟာ အရာရာကို ဓာတ္ပံုရိုက္ထားသလို မွတ္မိေနျပီ။ လြန္ခဲ့တဲ့ လ၀က္ကပဲ သူဟာ စိတ္ ကို ႏွစ္ပိုင္းခြဲ ႏိုင္ေနျပီ။
စိတ္ကို ႏွစ္ပိုင္းခြဲတာ ဥပမာေပးရရင္.. သူ တစ္ခ်ိန္တည္းမွာ ဘယ္ဘက္လက္နဲ႕ ကဗ်ာေရးျပီး ညာဘက္လက္နဲ႕ ပန္းခ်ီ ဆြဲေန ႏိုင္တာကို ေျပာခ်င္တာ။ သူ႕ သိစိတ္ကို ႏွစ္ပိုင္းခြဲ ထားေပမဲ့ တစ္ခုနဲ႕ တစ္ခု အေနွာင့္ အယွက္ မျဖစ္ၾကဘူး.။
ဒါေပမဲ့ ဒီလိုျဖစ္ရပ္က ထူးဆန္းဖြယ္ရာေတာ့ မဟုတ္ပါဘူး။ စာအုပ္ ထဲက အတိုင္းဆို  အင္ေမာ္တယ္ က်င့္ စဥ္ကို က်င့္ျပီး အင္ေမာ္တယ္ ျဖစ္တဲ့ သူတိုင္းက သူတို႔ စိတ္နဲ႕ တစ္ခ်ိန္တည္းမွာာ မတူတဲ့ အလုပ္ေတြ အကုန္လံုး တစ္ျပိဳင္တည္း လုပ္ႏိုင္တယ္။ သူတို႕ေတြက တိုက္ခိုက္တဲ့ အခါ တစ္ခ်ိန္တည္းမွာ ရတနာ ပစၥည္း အေျမာက္အမ်ားကို ထိန္းခ်ဳပ္ျပီး တိုက္ခိုက္ႏိုင္တယ္။ ႏု၀ါရဲ့ က်င့္စဥ္ရဲ့ အစြမ္းထက္မႈကေတာ့ ဂ်ိနင္ ေလ့က်င့္ျပီး ႏွစ္ႏွစ္ ေလာက္မွာ စိတ္ကို ႏွစ္ပိုင္း ခြဲ လာႏိုင္တာပါပဲ။
ဒုတိယ သူ႕ရဲ့ အလုပ္ကေတာ့ စာဖတ္တာပဲ။
သူေမြးဖြားျပီး ၆လအရြယ္ တစ္ခ်ိဳ႕ စကားလံုးေတြ ေျပာတတ္တဲ့ အရြယ္မွာ စာအုပ္ၾကီးကို ဖက္ျပီးေတာ့ တစ္ခ်ိဳ႕ စာလံုးေတြကို ေထာက္ျပီး ဒီဟာ..ဒီဟာ..ဒီဟာ.. လို႕ အသံထြက္ေျပာလိုက္တယ္။ ေႏြဦး ျမက္ကေလးနဲ႕ ေဆာင္းဦး သစ္ရြက္ေလး ႏွစ္ေယာက္ဟာ သူ႕ရဲ့ ကိုယ္ပိုင္ ရံေရြေဖာ္ေတြပဲ။ သူတို႕ က စာဖတ္တတ္ေနျပီ။ သူတို႕ေတြ ဂ်ိနင္ကို ျပန္မေျပာျပပဲ မေန၀ံ့ၾကဘူး။ သူတို႕ရဲ႕ အကူအညီနဲ႕ သိပ္မၾကာခင္ သူစာလံုးေတြ နားလည္လာတယ္။ ေနာက္ သူစာဖတ္တဲ့ အက်င့္ စတင္လာတယ္။
ဓားကို မ်ားမ်ားေသြး ဖို႔ အခ်ိန္ပိုေပးေလ ျဖတ္တဲ့ အလုပ္ ပို ျမန္ေလ ဆိုတဲ့ စကားပံုတိုင္းပဲ။
ဂ်ိနင္ သူ႕ဒီတစ္ဘ၀လံုးကို အင္ေမာ္တယ္ ျဖစ္ေအာင္ က်င့္ဖို႕ စိတ္ပိုင္းျဖတ္ထားေပမဲ့ သူနားလည္တာက ေလာေနျခင္းဟာ အျမဲတမ္း အက်ိဳး မရွိဘူးဆိုတာပဲ။ စာဖတ္ျခင္းဟာ ဓားေသြးျခင္းလိုပဲ အင္ေမာ္တယ္ျဖစ္ဖို႕ အေထာက္အကူျဖစ္တယ္ဆိုတာ နားလည္ထားတယ္။ ပထမဆံုး သူ ဒီကမာၻ အေၾကာင္း အလံုးစံု သိဖို႕လိုတယ္။ျပီးေတာ့ အင္ေမာ္တယ္ ျဖစ္တယ္ဆို တာ ဘာျဖစ္တာကို ေျပာတာလဲ၊ အင္ေမာ္တယ္ကေကာ ဘယ္ႏွမ်ိဳးရွိလဲ ဆိုတာ နဲ႕ ေနာက္ထပ္ သိစရာေတြ အမ်ားၾကီးပဲ။
ဒီအေၾကာင္းေတြ အကုန္ နားလည္မွသာ ဘယ္လမ္းေၾကာင္းဟာ သူ႕အတြက္ အသင့္ေတာ္ဆံုး ျဖစ္မာ္ဆိုတာ ဆံု ျဖတ္ရမွာ။
စာအုပ္ေတြ အမ်ားၾကီး ဖတ္ျပီးေတာ့ သူသိလာတာက အေနာက္ပိုင္း ဂ်ိကလန္ဆိုတာ ဒါဆီရန္ မင္းဆက္ အုပ္ခ်ဳပ္တဲ့ အလြန္ၾကီးမား က်ယ္ျပန္႔လွတဲ့ နယ္ေျမေဒသထဲကမွ အလြန္ေသးငယ္တဲ့ အင္အားစုေလး ျဖစ္တယ္။ ဂ်ိကလန္ အေနာက္ပိုင္း နယ္ေျမရဲ့ ထိန္းခ်ဳပ္ထားတဲ့ ေျမအက်ယ္အ၀န္းက ေျမာက္နဲ့ေတာင္ကို ၃၀၀၀ ကီလိုမီတာ ရွိျပီး အေရွ႕နဲ႕ အေနာက္္ကို ၅၀၀၀ ကီလိုမီတာ က်ယ္ျပန္႕တယ္။ အဲ့ဒီမွာ ေျမမွာ မေရမတြက္ႏိုင္တဲ့ မ်ိဳးႏြယ္စုေလးေတြဟာ ေနထိုင္ျပီးေတာ့ အကုန္လံုးက ဂ်ိကလန္ရဲ႕ လက္ေအာက္ခံေလးေတြ ျဖစ္ၾကတယ္။ ဒီထက္ေတာ့ အေနာက္ပိုင္းဂ်ိကလန္ေၾကာင္းထပ္ေျပာစရာ မရွိေတာ့ဘူး။
ျပီးေတာ့ ဂ်ိကလန္ဆိုတာ အလြန္ေရွးက်တဲ့ ေခတ္ထဲက ရွိတဲ့ ကလန္။ အဲ့ ကလန္ကို အလယ္ပိုင္း ဂ်ိကလန္၊ အေရွံ႕ပိုင္း ဂ်ိကလန္၊ အေနာက္ပိုင္း ဂ်ိ ကလန္၊ ေတာင္ပိုင္း ဂ်ိကလန္ နဲ႕ ေျမာက္ပိုင္းဂ်ိ ကလန္ဆိုျပီးရွိတယ္။ ဒီအပိုင္း ၅ခုကို ေပါင္းျပီးမွ ဂ်ိကလန္လို႕ေခၚတယ္။ ဒါေပမဲ့ ဒါဆီရန္ မင္းဆက္ေတြက အရမ္းကို က်ယ္ျပန္႕လြန္းတယ္။ သူ႕နယ္ေျမ အက်ယ္အ၀န္းက အကန့္အသတ္ မရွိ သေလာက္ပဲ။ ျပီးေတာ့ သူတို႕က ေရွးက် လွတဲ့ မင္းဆက္ေတြ ။ ထရီလီယံ ခ်ီတဲ့ မေရမတြက္ႏိုင္တဲ့ ႏွစ္ေတြက ေၾကာက္မက္ဖြယ္ fiendgod era ဖင္းေဂါ့ ေခတ္တည္းက ဒီမင္းဆက္ ေတြ စတင္လာတာ။ မင္းဆက္ တစ္ခုဟာ ထရီလီယံ ခ်ီတဲ့ မေရမတြက္ႏိုင္တဲ့ ႏွစ္ေတြ ၾကာေလာက္ေအာင္ တည္တံ့လာတယ္ဆိုတာ ဂ်ိနင္မယံုႏိုင္ဘူး။
ဂ်ိကလန္ဆိုတာ ဒါဆီရန္ အင္ပါယာ နယ္ေျမထဲက အင္အား ေသးေသးေလးဆိုတာထက္မပိုပါဘူး။ ဒါေပမဲ့ ကလန္နယ္ေျမထဲက  မ်ိဳးႏြယ္စုေတြ အတြက္ေတာ့ ဂ်ိကလန္ က ဘုရင္ပဲ။
“ဒီ ကမာၻဟာ အင္ေမာ္တယ္နဲ႕ မိစာၦ ေတြ တကယ္ေနထို္င္တဲ့ ေနရာပဲ။ သူသက္ျပင္းခ်မိတယ္။ သာမာန္ ကမာ အတြကဆို အင္ပါယာ တစ္ခု ႏွစ္ တစ္ေထာင္ေလာက္ တည္တံ့ဖို႕ ဆိုတာ မျဖစ္ႏိုင္ဘူး။ ဒီ ေရွးကမာၻ အတြက္ေတာ့ ေရွးက်လွတဲ့ အင္ပါယာဟာ ငါ့စိတ္ကူးထက္ေတာင္ ေက်ာ္လြန္ေနျပီ။”
“ဟုတ္ျပီ။ ငါအခု ႏွစ္ႏွစ္ ရွိျပီ။ ငါ အင္ေမာ္တယ္ က်င့္စဥ္အေၾကာင္း နည္းနည္းပဲ သိေသးတယ္။ အခု စတင္ရမဲ့ အခ်ိန္ပဲ။”
သူ အေမဘိုက္ထဲမွာ ၁ ႏွစ္ေနခဲ့ျပီး  ေမြးလာေတာ့ ေဆာင္းတြင္းၾကီး ျပီးေတာ့ မၾကာခင္ ႏွစ္သစ္ေရာက္လာတယ္။ အခု သူ ဒီကမာၻမွာ ေနတာ ႏွစ္ႏွစ္ရွိျပီ။
ညနက္ၾကီးမွာ….
ခန္းမၾကီးရဲ႕ တစ္ဖက္တစ္ခ်က္မွာ မီးအိမ္ေတြ အမ်ားၾကီး ထြန္းညွိထား လို႕ အလြန္ လင္းထိန္ေနတယ္။သူ႕ အေဖရဲ့ ညာဘက္မွာ ဂ်ိနင္ထိုင္ေနျပီး ဘယ္ဘက္မွာ သူ႕ အေမထိုင္ေနတယ္။ စားပြဲေပၚမွာ ဟင္းပန္းကန္ေတြ အမ်ားၾကီး ခ်ထားတယ္။
“ဂ်ိနင္”
“ႏြမ္..ႏြမ္..ႏြမ္…”အသားေတြကို ပလုတ္ပေလာင္းစားျပီးေတာ့ ေခါင္းေထာင္ျပီး “အေဖနဲ့ အေမ…”
“အင္..ဘာလဲ သား..” ရီခ်မ္းနဲ့ စႏိူးက ေမးလိုက္တယ္။
သူတို႕ သား ဥာဏ္ ေကာင္းလို႕ သူတို႕ ၀မ္းသာေပမဲ့ အရမး္ေတာ့ ထူးထူးဆန္းဆန္းျဖစ္မေနၾကဘူး။ ဘာလို႕လဲဆို ဒီ ကမာၻမွာ ေၾကာက္ဖို႕ေကာင္းေလာက္ေအာင္ ထူးျခားသူေတြ မေရမတြက္ႏိုင္ေအာင္ ရွိေနလို႕ပဲ။
ဂ်ိနင္ အေလးအနက္ေျပာလိုက္တယ္
“ကၽြန္ေတာ္ ပညာသင္ခ်င္ပါတယ္။ အင္ေမာ္တယ္ ျဖစ္ေအာင္ သင္ခ်င္ပါတယ္။”
သူသားရဲ့ မ်က္နွာထားကို ျမင္ေတာ့ စႏိုး ရာ္ေမာလိုက္တယ္။ အင္ေမာ္တယ္ျဖစ္ေအာင္ ေလ့က်င့္ခ်င္တယ္။ ရီခၽြမ္ေရ ငါတို႕ သားေလးက အင္ေမာ္တယ္ ျဖစ္ေအာင္ ေလ့က်င့္ခ်င္လို႕တဲ့။
ရီခၽြမ္က ေအးစက္စက္နဲ႕ သူသားကို ၾကည့္ျပီး ေျပာလိုက္တယ္။
“အင္ေမာ္တယ္။ မင္း အင္ေမာ္တယ္ျဖစ္ဖို႕ က်င့္တယ္ဆိုတာ ဘာကို ေျပာတာလည္း နားလည္ရဲ႕လား?”

ဆက္ပါဦးမည္>>>>>>
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
ေဖ့ဘုတ္တြင္ @drpanda88 ဟု search တြင္ရိုက္ ရွာႏိုင္ပါသည္။

Unicode

အခန်း 5 : ဂျိကလန်



နွေဦးရဲ့ နေရောင်ခြည်တွေ နွေးတွေးစွာ ဖြာကျနေတယ်။

နီရဲနေတဲ့ နုတ်ခမ်းနဲ့ ဖြူဖျော့ဖျော့မျက်နှာနဲ့ ကလေးငယ်လေးကို မိန်းမပျိုလေးက သားမွေး အကျီ ကူဝတ်ပေးနေတယ်။ တခြားမိန်းမပျို တစ်ယောက်က ရေဇလုံနဲ့ ဆား ပန်းကန်လုံးလေး ကိုင်ပြီး ရပ်စောင့်နေတယ်။

“အရင်ဘဝက ငါ နာမကျန်းပေမဲ့ ငါ့ အဝတ်ငါ ဝတ်ရတယ်။ အခု ဘဝကျတော့ ငါ လုံး၀ ကျန်းမာရုံတင် မက ခြေအရံတွေလည်း အသင့်ပဲ။”

ဂျိနင်ကို သူမွေးကတည်းက အခြွေအရံ အသင့် ကူညီပေးနေတယ်။တစ်ခါတစ်လေ သူ့ဖာသာ သာ အဝတ်ဝတ်မိရင်တောင် နွေဦးနှင်းပန်းနဲ့ ဆောင်းဦး သစ်ရွက်လို့ ခေါ်တဲ့ အခြွေ အရံ နှစ်ယောက်က ကြောက်လန့်တုန်လှုပ်စွာ ဒူးထောက်တောင်းပန်ကြတယ်။

“ငါ့ကိုပေးပါ…”

သူ ရေဇလုံနဲ့ ဆားကို ယူပြီး အရှေ့ က ရေပန်းကို ထွက်လာတယ်။ ်ဆားနဲ့ သူသွားတိုက်လိုက်တယ်။

တော်တော် ဘဝပျက်နေတဲ့ ခေတ်ပဲ။ သွားတိုက်တံလည်း မရှိဘူး။ ကိုယ့်လက်နဲ့ ကိုယ်သွားတိုက်နေရတယ်။သွားတိုက်ဆေးလည်း မရှိဘူး ဆားခဲပဲရှိတယ်။

သူ သွားမြန်မြန် တိုက်လိုက်တယ်။

သူတစ်ခုနားမလည်တာက သူမွေးကတည်းက အရမ်း သန့်ရှင်းနေတာပဲ။ ပါးစပ်မှာ အနံ့တောင် မနံဖူးဘူး။ ဒါကြောင် သူသွားတိုက်ဖို့တောင် မလိုဘူး။ သူ့ အမေက သွားမတိုက်ရင် ဆူလို့ သွားတိုက်နေရတာ။

ပါးလုပ်ကျင်းပြီး ရေဇလုံကို အနီးက ကောင်မလေးကို ပေးလိုက်တယ်။

“ဆောင်းဦးသစ်ရွက်ရေ နင်တို့ မျိုးနွယ်စုမှာ ဆားနဲ့ သွားတိုက်ကြရဲ့လား လို့ မေးလိုက်တယ်။ သူ လေးနှစ်ရှိပြီ ဖြစ်ပြီး စာတွေ အများကြီး လေ့လာခဲ့ပြီးပြီ။ တော်တော်များများ နားလည်နေပြီ။ ဒါပေမဲ့ သူ မျိုးနွယ်စုတွေ အကြောင်း သေသေချာချာ နားမလည်သေးဘူး။”

“ဘယ်လို လုပ် သွားတိုက် ကြမှာလဲ” လို့ ဆောင်းဦး သစ်ရွက် လေးက တုန်လှုပ်စွာ ပြန်ဖြေတယ်။ “သူတို့ သူံးနေကျ ဆားတောင် ဒီ ဆားလောက် မဖြူဘူး။ အဲ့ ဆားနဲ့ ဘယ်လို သွားတိုက်လိုက ရမှာလဲ။ လူအများကြီး တစ်ဘဝလုံး သွားမတိုက်ကြဘူး။ ဒီလို ဇလုံတောင် အရမ်း တန်ဖိုး ကြီးလို့ စွပ်ပြုတ် တည်ရင်သာ အသုံးပြုကြတယ်။ ငါတို့ သွားတိုက်ဖို့ မသုံး နိုင်ကြပါဘူး။”

“စွပ်ပြုတ်အိုး?”

၈ျိနင် မျက်စိ ပွတ်သပ်ပြီးတော့ “ဒါကို စွပ်ပြုတ်တည်ဖို့ သုံးတယ်?”

“လာ..လာ.. ထမင်းသွားစားရအောင်။”

ကောင်မလေးနှစ်ယောက် ဂျိနင်နောက်က လိုက်ပါသွားတယ်။

“အဖေနဲ့ အမေ..”

ဂျိနင် ခန်းမကြီးကိုရောက်တော့ သူ ချက်ချင်းပဲ ဦးညွတ် လိုက်တယ်။

“အင်း…”

သူ့ အဖေက ရှေ့တည့်တည့်မှာ ထိုင်နေပြီးတော့ သူ့အမေက လက်ဝဲ ဖက်မှာထိုင်နေတယ်။ သူ့နေရာက ညာဖက်မှာ။ သူ့ရှေ့မှာ နက်မှောင်နေတဲ့ ကျောက်သားနဲ့ လုပ်ထားတဲ့ စားပွဲကြီးရှိပြီးတော့ စားပွဲ ပေါ်မှာ ပန်းကန်လုံး ကြီး ၃ လုံးရှိနေတယ်။ တစ်ပန်းကန်မှာ မွှေးကြိုင်တဲ့ အသားဟင်းတွေ ရှိပြီးတော့ နောက်တစ်ပန်းကန်မှာ ပျော့ပြောင်းတဲ့ မုန့်တွေ ရှိတယ်။ နောက် တစ်ပန်းကန်က နေရနွေးတွေ ထည့်ထားတယ်။ ဒါ သူ့ မနက်စာပဲ။

တကယ်လို့ သာ ဒီ က လေးနှစ်သားကလေး စားတဲ့ မနက်စာကို အရင်ဘဝက ကမ္ဘာ မှာဆို လူကြီး ၃ယောက်လောက် စားမှ ကုန်မယ်။ ဒီကမ္ဘာ မှာ တော့ ကလေးတိုင်းက အများကြီး စားကြတော့ သူ့အတွက်လည်း မထူးဆန်းပါဘူး။

ဂျိနင် ပထမ ပန်းကန်က အသားတုံးကို ယူစားလိုက်ပြီးတော့ ပြောလိုက်တယ်။ အရသာရှိလိုက်တာ။ သူ အရသာကို တော့ ကောင်းမကောင်း ခွဲတတ်သေးတယ်လေ။ သူ့ခန္ဓာကိုယ်က သာမာန်ပေမဲ့ သူမွေးကတည်းက အထူးအစားအစာတွေ ပဲ ကျွေးခဲ့တယ်။ သူစားနေတဲ့ အသားတွေက သာမာန် တောရိုင်း တိရိစ္ဆာန် တွေရဲ့ အသားတွေ မဟုတ်ဘူးလေ။ ကြောက်မက်ဖွယ်ကောင်းတဲ့ တန်ခိုးရှိ သတ္တ ဝါဆန်းတွေရဲ့ အသားတွေလေ။ မျိုးနွယ်စုတွေအတွက် အဲ့ဒီ အသားတွေက ရှားပါးပြီး အင်မတန် တန်ဖိုးကြီးပေမဲ့ သူကတော့နေ့တိုင်းစားနေတယ်။

အဲ့ အသားတွေမှာ ထူးခြားတဲ့ အစွမ်းတွေပါလို့ ဂျိနင် ပိုပြီး သန်စွမ်းလာတယ်။

“ကျွန်တော်စားလို့ ပြီးပြီ။” သူတစ်ခုမကျန် စားပစ်လိုက်တယ်။ နောက် ပလုတ်ကျင်းပြီး ရေနွေးသောက်လိုက်တယ်။

“လာ..သွားရအောင်။” ကောင်မလေးနှစ်ယောက် သူ့နောက် ပြေးလိုက်သွားတယ်။

စနိုး သူ့ သားလေးပြေးထွက်သွားတာ ကြည့်ပြီး ၇ယ်မောပြောဆိုလိုက်တယ်။ သူ သန္ဓေသားတုန်းက ဒဏ်ရာရခဲ့လို့ မွေးလာတော့ တော်တော် အားနည်းခဲ့တယ်။ သူ့ အလားအလာက တော်တော်ကောင်းတယ်။ ကြည့်ပါဦး.. သူနေ့တိုင်း တောရိုင်းသားကို စားနိုင်နေတာ။ သူ့ ခန္ဓာကိုယ် ပိုပြီးသန်မာလာလိမ့်မယ်။

ရီချွမ်ခေါင်း ညိတ်လိုက်တယ်။ သတ္တဝါဆန်းတွေရဲ့ အသားက သာမာန် တောရိုင်းသားတွေနဲက မတူဘူး။ သူတို့က သဘာ၀ အခြေခံ စွမ်းအင်တွေကို အများကြီး စုပ်ယူထားတော့ သူတို့ အသားတွေမှာ စွမ်းအင်တွေ ပြည့်နေတာပဲ။ သာမာန်ကလေးတွေဆို အဲ့ဒီ အသားကို မနက်စာ စားပြီးရင် နှစ်ရက်လောက် ဘာမှ မစားနိုင်တော့ဘူး။ ဂျိနင် ကတော့ တစ်ရက်ကို ပုံမှန် ၃ နပ်စားနိုင်နေတယ်။ သူ ဒီ စွမ်းအင်တွေ စုပ်ယူနိုင်တာ အသေအချာပဲ။

………………………

မိန်းမပျိုလေး နှစ်ယောက်က နင် နောက်ကနေ စာအုပ် အထူကြီး တွေ အများကြီး ကိုင်ပြီး လိုက်လာတယ်။ သူတို့နောက်မှာတော့ တောက်ပတဲ့ အနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတဲ့ ခန္ဒာကိုယ် ကြံ့ခိုင်တဲ့ စောင့်ရှောက်တွေ ထပ်ချပ်မကွာ လိုက်လာကြတယ်။ ဒီ အနီရောင် စစ်သားကြီးတွေရဲ့ ချပ်ဝတ်တန်ဆာမှာ ရှိတဲ့ ထူးခြားတဲ့ စွမ်းအင်တွေ ဖြာထွက်နေတဲ့ ထူးခြားတဲ့ ရှေးဟောင်း အင်းစာလုံးတွေ ကြောင့် သူတို့တွေ အကုန်လုံး ဆီကနေ အရှိန်အဝါ ကြီးမားမှု အငွေ့အသက်တွေ ပတ်ဝန်းကျင်ကို လွှမ်းခြုံထားတယ်။  The red armored guards had mysterious runes scrawled onto their armor, which faintly seemed to hum with a strange energy, causing all of them to emanate a powerful aura.

ဒီ အနီရောင် စစ်သားတွေက သူတို့ ဂျိကလန်ရဲ့ အစွမ်း အထက်ဆုံး စစ်သားတွေပဲ။ (အမှားပြင်ဆင်ချက်။ ။အရှေ့ရှိ အပိုင်းများတွင် မြောက်ပိုင်း ဂျိကလန်ဟု မှားရေးမိထားပါသည်။ အနောက်ပိုင်း ဂျိကလန် ဟု ပြန်လည် ပြင်ဆင်ဖတ်ရှုပေးပါ။) အနောက်ဂျိကလန်မှာ ဂျိရီချွမ်ရဲ့ တိုက်ရိုက် အမိန့်ပေးစေခိုင်းနိုင်တဲ့ အနီရောင်စစ်သား အယောက် ၁၀၀ ပဲ ရှိတယ်။ ရီချွမ်က ဂျိနင်ကို အချိန်ပြည့် စောင့်ရှောက်ဖို့ ၁၈ယောက် လွှတ်ထားတယ်။ ဂျိနင် အပြင်ထွက်တိုင်း အဲ့ဒီ ၁၈ယောက်က ထပ်ချပ်မကွာ လိုက်စောင့်ရှောက်ပေးတယ်။

“လေ့ကျင့်ကွင်းထဲ သွားရအောင်။”

ဘယ်သူမှ သူကကို မနှောင့်ယှက်ရဲဘူး။

အနောက်ပိုင်း မြို့တော်ဟာ အရမ်းကြီးမားလွန်းပါတယ်။ လူဦးရေ သန်းနဲ့ ချီပြီးရှိပြီးတော့ ၃ပိုင် ခွဲခြားထားတယ်။ မြို့တွင်းပိုင်း၊ စစ်ဋ္ဌာနပိုင်း နဲ့ လေ့ကျင့်ကွင်းပိုင်း ဆိုပြီး ရှိတယ်။

မြို့တွင်းပိုင်းမှာ အနောက်ပိုင်း ဂျိကလန်ဝင်တွေ နေထိုင်ကြတယ်။ အဓိက စီမံခန့်ခွဲမှု ဧရိယာလည်း ဖြစ်တယ်။

အနောက်ပိုင်း ဂျိကလန်ရဲ့ စစ်တပ်ကတော့ စစ်ဋ္ဌာနပိုင်းမှာ နေကြတယ်။

လေ့ကျင့်ကွင်း အရပ်ကတော့ ဂျိကလန်က လူငယ်တွေနဲ့ တခြားဂျိကလန် လက်အောက်ခံ မျိုးနွယ်စုတွေ က လူငယ်တွေ လာရောက် လေ့ကျင့်ရာ အရပ်ဖြစ်တယ်။

မြို့တွင်းပိုင်းနဲ့ လေ့ကျင့်ကွင်းကို လမ်းတဖြောင့်တည်းဆက်သွယ်ထားတယ်။ ဂျိနင် သူ့ အစောင့်တပ်သားတွေနဲ့ လေ့ကျင့်ကွင်းထဲ ရောက်လာတယ်။ လေ့ကျင့်ကွင်းထဲမှာတော့ လူငယ်တွေ သိန်းနဲ့ချီပြီး လေ့ကျင့်နေကြတယ်။

“ဒါ ဂျိနင်ပဲ။”

“မိုးရေစက်ဓားရဲ့ တစ်ဦးတည်းသောသား ဂျိနင်?”

“မိန်းကလေး အခြွေအရံတွေက စာအုပ်တွေ သယ်လာကြတာလား။ ငါ့ကလန်ကို ဒီ စာအုပ်ကုန်သည်တွေ ဖြတ်သွားတုန်းက ဒီ စာအုပ်တစ်အုပ်စီကို  နွားသားရေ ၁၀၀၀ ချပ်စီ တန်တယ်လို့ ကြားဖူးတယ်။”

လူငယ်တွေက အချင်းချင်းတီးတိုးပြောနေကြတယ်။ လူငယ်တော်တော်များများက သူ့ကို ဂျိကလန်ရဲ့ အတော်ဆုံး သိုင်းသမား မိုးရေစက်ဓားရဲ့ တစ်ဦးတည်းသောသား လို့ သတိထားမိကြတယ်။ ဂျိနင်က အစွမ်းထက်ပြီး အထက်တန်းကျတဲ့ မိသားစုက မွေးဖွားလာလို့ သူ့ကို တော်တော်များများက မနာလိုကြဘူး။ သူလည်း ဘယ်သူ့ကို မှ အနိုင်မကျင့်ဖူးပါဘူး။ ဒါပေမဲ့ သူတို့ဘယ်လို ကြည့်မရဖြစ်ဖြစ် သွားတော့ မစရဲကြဘူး။

ဂျိနင် စိတ်လှုပ်ရှားစွာနဲ့ ခုံမှာထိုင်လိုက်တယ်။ အရင်ဘဝက သူ အရမ်း အထီးကျန်ဖြစ်ခဲ့တယ်။ အခုတော့ သူ လူတွေ အများကြီးရှိတဲ့ ဆူညံတဲ့ နေရာမှာ ရောက်နေပြီ။

“ငါ့ကို စာအုပ်ပေးပါ။ ဂျိနင် နွေဦးမြက်ကလေး လက်ထဲက စာအုပ်ထူကြီးကို လှမ်းယူလိုက်တယ်။ သတ္တဝါ တစ်ကောင်ကောင်ရဲ့ နူးညံ့တဲ့ သားရေနဲ့ ချုပ်ထားတဲ့ စာအုပ်ကြီးက ၂၀ စင်တီမီတာလောက်ကို ထူတယ်။ ဒီခေတ်မှာက ကျွန်စနစ်က ရှိသေးတော့ စာအုပ်တွေက အလွန် တန်ဖိုးရှိတယ်။ ဂျိနင် ကတော့ စာအုပ်တွေဟာ ကိုယ်ပိုင် စာကြည့်တိုက်မှာ ဖတ်ရုံ တင်မက အပြင်ကိုပါ ယူခဲ့ရဲတယ်။”

မွေးကတည်းက နင် အတွက် အလုပ် ၂ခုပဲ ရှိတယ်။

တစ်ခုကတော့ နတ်ဘုရားမ နုဝါရဲ့ ပုံရိပ်ဖော် တရားမှတ်ကျင့်စဉ်ကို ကျင့်တာပဲ။အခုဆို  သူ့ စိတ်ဝိဉာဉ်ဟာ အလွန် အစွမ်းထက်လာတဲ့ အတွက် သူဟာ အရာရာကို ဓာတ်ပုံရိုက်ထားသလို မှတ်မိနေပြီ။ လွန်ခဲ့တဲ့ လဝက်ကပဲ သူဟာ စိတ် ကို နှစ်ပိုင်းခွဲ နိုင်နေပြီ။

စိတ်ကို နှစ်ပိုင်းခွဲတာ ဥပမာပေးရရင်.. သူ တစ်ချိန်တည်းမှာ ဘယ်ဘက်လက်နဲ့ ကဗျာရေးပြီး ညာဘက်လက်နဲ့ ပန်းချီ ဆွဲနေ နိုင်တာကို ပြောချင်တာ။ သူ့ သိစိတ်ကို နှစ်ပိုင်းခွဲ ထားပေမဲ့ တစ်ခုနဲ့ တစ်ခု အနှောင့် အယှက် မဖြစ်ကြဘူး.။

ဒါပေမဲ့ ဒီလိုဖြစ်ရပ်က ထူးဆန်းဖွယ်ရာတော့ မဟုတ်ပါဘူး။ စာအုပ် ထဲက အတိုင်းဆို  အင်မော်တယ် ကျင့် စဉ်ကို ကျင့်ပြီး အင်မော်တယ် ဖြစ်တဲ့ သူတိုင်းက သူတို့ စိတ်နဲ့ တစ်ချိန်တည်းမှာာ မတူတဲ့ အလုပ်တွေ အကုန်လုံး တစ်ပြိုင်တည်း လုပ်နိုင်တယ်။ သူတို့တွေက တိုက်ခိုက်တဲ့ အခါ တစ်ချိန်တည်းမှာ ရတနာ ပစ္စည်း အမြောက်အများကို ထိန်းချုပ်ပြီး တိုက်ခိုက်နိုင်တယ်။ နုဝါရဲ့ ကျင့်စဉ်ရဲ့ အစွမ်းထက်မှုကတော့ ဂျိနင် လေ့ကျင့်ပြီး နှစ်နှစ် လောက်မှာ စိတ်ကို နှစ်ပိုင်း ခွဲ လာနိုင်တာပါပဲ။

ဒုတိယ သူ့ရဲ့ အလုပ်ကတော့ စာဖတ်တာပဲ။

သူမွေးဖွားပြီး ၆လအရွယ် တစ်ချို့ စကားလုံးတွေ ပြောတတ်တဲ့ အရွယ်မှာ စာအုပ်ကြီးကို ဖက်ပြီးတော့ တစ်ချို့ စာလုံးတွေကို ထောက်ပြီး ဒီဟာ..ဒီဟာ..ဒီဟာ.. လို့ အသံထွက်ပြောလိုက်တယ်။ နွေဦး မြက်ကလေးနဲ့ ဆောင်းဦး သစ်ရွက်လေး နှစ်ယောက်ဟာ သူ့ရဲ့ ကိုယ်ပိုင် ရံရွေဖော်တွေပဲ။ သူတို့ က စာဖတ်တတ်နေပြီ။ သူတို့တွေ ဂျိနင်ကို ပြန်မပြောပြပဲ မနေဝံ့ကြဘူး။ သူတို့ရဲ့ အကူအညီနဲ့ သိပ်မကြာခင် သူစာလုံးတွေ နားလည်လာတယ်။ နောက် သူစာဖတ်တဲ့ အကျင့် စတင်လာတယ်။

ဓားကို များများသွေး ဖို့ အချိန်ပိုပေးလေ ဖြတ်တဲ့ အလုပ် ပို မြန်လေ ဆိုတဲ့ စကားပုံတိုင်းပဲ။

ဂျိနင် သူ့ဒီတစ်ဘဝလုံးကို အင်မော်တယ် ဖြစ်အောင် ကျင့်ဖို့ စိတ်ပိုင်းဖြတ်ထားပေမဲ့ သူနားလည်တာက လောနေခြင်းဟာ အမြဲတမ်း အကျိုး မရှိဘူးဆိုတာပဲ။ စာဖတ်ခြင်းဟာ ဓားသွေးခြင်းလိုပဲ အင်မော်တယ်ဖြစ်ဖို့ အထောက်အကူဖြစ်တယ်ဆိုတာ နားလည်ထားတယ်။ ပထမဆုံး သူ ဒီကမ္ဘာ အကြောင်း အလုံးစုံ သိဖို့လိုတယ်။ပြီးတော့ အင်မော်တယ် ဖြစ်တယ်ဆို တာ ဘာဖြစ်တာကို ပြောတာလဲ၊ အင်မော်တယ်ကကော ဘယ်နှမျိုးရှိလဲ ဆိုတာ နဲ့ နောက်ထပ် သိစရာတွေ အများကြီးပဲ။

ဒီအကြောင်းတွေ အကုန် နားလည်မှသာ ဘယ်လမ်းကြောင်းဟာ သူ့အတွက် အသင့်တော်ဆုံး ဖြစ်မာ်ဆိုတာ ဆုံ ဖြတ်ရမှာ။

စာအုပ်တွေ အများကြီး ဖတ်ပြီးတော့ သူသိလာတာက အနောက်ပိုင်း ဂျိကလန်ဆိုတာ ဒါဆီရန် မင်းဆက် အုပ်ချုပ်တဲ့ အလွန်ကြီးမား ကျယ်ပြန့်လှတဲ့ နယ်မြေဒေသထဲကမှ အလွန်သေးငယ်တဲ့ အင်အားစုလေး ဖြစ်တယ်။ ဂျိကလန် အနောက်ပိုင်း နယ်မြေရဲ့ ထိန်းချုပ်ထားတဲ့ မြေအကျယ်အဝန်းက မြောက်နဲ့တောင်ကို ၃၀၀၀ ကီလိုမီတာ ရှိပြီး အရှေ့နဲ့ အနောက်ကို ၅၀၀၀ ကီလိုမီတာ ကျယ်ပြန့်တယ်။ အဲ့ဒီမှာ မြေမှာ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုလေးတွေဟာ နေထိုင်ပြီးတော့ အကုန်လုံးက ဂျိကလန်ရဲ့ လက်အောက်ခံလေးတွေ ဖြစ်ကြတယ်။ ဒီထက်တော့ အနောက်ပိုင်းဂျိကလန်ကြောင်းထပ်ပြောစရာ မရှိတော့ဘူး။

ပြီးတော့ ဂျိကလန်ဆိုတာ အလွန်ရှေးကျတဲ့ ခေတ်ထဲက ရှိတဲ့ ကလန်။ အဲ့ ကလန်ကို အလယ်ပိုင်း ဂျိကလန်၊ အရှေံ့ပိုင်း ဂျိကလန်၊ အနောက်ပိုင်း ဂျိ ကလန်၊ တောင်ပိုင်း ဂျိကလန် နဲ့ မြောက်ပိုင်းဂျိ ကလန်ဆိုပြီးရှိတယ်။ ဒီအပိုင်း ၅ခုကို ပေါင်းပြီးမှ ဂျိကလန်လို့ခေါ်တယ်။ ဒါပေမဲ့ ဒါဆီရန် မင်းဆက်တွေက အရမ်းကို ကျယ်ပြန့်လွန်းတယ်။ သူ့နယ်မြေ အကျယ်အဝန်းက အကန့်အသတ် မရှိ သလောက်ပဲ။ ပြီးတော့ သူတို့က ရှေးကျ လှတဲ့ မင်းဆက်တွေ ။ ထရီလီယံ ချီတဲ့ မရေမတွက်နိုင်တဲ့ နှစ်တွေက ကြောက်မက်ဖွယ် fiendgod era ဖင်းဂေါ့ ခေတ်တည်းက ဒီမင်းဆက် တွေ စတင်လာတာ။ မင်းဆက် တစ်ခုဟာ ထရီလီယံ ချီတဲ့ မရေမတွက်နိုင်တဲ့ နှစ်တွေ ကြာလောက်အောင် တည်တံ့လာတယ်ဆိုတာ ဂျိနင်မယုံနိုင်ဘူး။

ဂျိကလန်ဆိုတာ ဒါဆီရန် အင်ပါယာ နယ်မြေထဲက အင်အား သေးသေးလေးဆိုတာထက်မပိုပါဘူး။ ဒါပေမဲ့ ကလန်နယ်မြေထဲက  မျိုးနွယ်စုတွေ အတွက်တော့ ဂျိကလန် က ဘုရင်ပဲ။

“ဒီ ကမ္ဘာဟာ အင်မော်တယ်နဲ့ မိစ္ဆာ တွေ တကယ်နေထိုင်တဲ့ နေရာပဲ။ သူသက်ပြင်းချမိတယ်။ သာမာန် ကမာ အတွကဆို အင်ပါယာ တစ်ခု နှစ် တစ်ထောင်လောက် တည်တံ့ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒီ ရှေးကမ္ဘာ အတွက်တော့ ရှေးကျလှတဲ့ အင်ပါယာဟာ ငါ့စိတ်ကူးထက်တောင် ကျော်လွန်နေပြီ။”

“ဟုတ်ပြီ။ ငါအခု နှစ်နှစ် ရှိပြီ။ ငါ အင်မော်တယ် ကျင့်စဉ်အကြောင်း နည်းနည်းပဲ သိသေးတယ်။ အခု စတင်ရမဲ့ အချိန်ပဲ။”

သူ အမေဘိုက်ထဲမှာ ၁ နှစ်နေခဲ့ပြီး  မွေးလာတော့ ဆောင်းတွင်းကြီး ပြီးတော့ မကြာခင် နှစ်သစ်ရောက်လာတယ်။ အခု သူ ဒီကမ္ဘာမှာ နေတာ နှစ်နှစ်ရှိပြီ။



ညနက်ကြီးမှာ….

ခန်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာ မီးအိမ်တွေ အများကြီး ထွန်းညှိထား လို့ အလွန် လင်းထိန်နေတယ်။သူ့ အဖေရဲ့ ညာဘက်မှာ ဂျိနင်ထိုင်နေပြီး ဘယ်ဘက်မှာ သူ့ အမေထိုင်နေတယ်။ စားပွဲပေါ်မှာ ဟင်းပန်းကန်တွေ အများကြီး ချထားတယ်။

“ဂျိနင်”

“နွမ်..နွမ်..နွမ်…”အသားတွေကို ပလုတ်ပလောင်းစားပြီးတော့ ခေါင်းထောင်ပြီး “အဖေနဲ့ အမေ…”

“အင်..ဘာလဲ သား..” ရီချမ်းနဲ့ စနိူးက မေးလိုက်တယ်။

သူတို့ သား ဉာဏ် ကောင်းလို့ သူတို့ ဝမ်းသာပေမဲ့ အရမ်းတော့ ထူးထူးဆန်းဆန်းဖြစ်မနေကြဘူး။ ဘာလို့လဲဆို ဒီ ကမ္ဘာမှာ ကြောက်ဖို့ကောင်းလောက်အောင် ထူးခြားသူတွေ မရေမတွက်နိုင်အောင် ရှိနေလို့ပဲ။

ဂျိနင် အလေးအနက်ပြောလိုက်တယ် 
“ကျွန်တော် ပညာသင်ချင်ပါတယ်။ အင်မော်တယ် ဖြစ်အောင် သင်ချင်ပါတယ်။”

သူသားရဲ့ မျက်နှာထားကို မြင်တော့ စနိုး ရာ်မောလိုက်တယ်။ အင်မော်တယ်ဖြစ်အောင် လေ့ကျင့်ချင်တယ်။ ရီချွမ်ရေ ငါတို့ သားလေးက အင်မော်တယ် ဖြစ်အောင် လေ့ကျင့်ချင်လို့တဲ့။

ရီချွမ်က အေးစက်စက်နဲ့ သူသားကို ကြည့်ပြီး ပြောလိုက်တယ်။

“အင်မော်တယ်။ မင်း အင်မော်တယ်ဖြစ်ဖို့ ကျင့်တယ်ဆိုတာ ဘာကို ပြောတာလည်း နားလည်ရဲ့လား?”



ဆက်ပါဦးမည်>>>>>>

မူရင်း စာရေးဆရာ : I Eat tomatoes

ဘာသာပြန်သူ - Dr – Panda


ဖေ့ဘုတ်တွင် @drpanda88 ဟု search တွင်ရိုက်၍ ရှာနိုင်ပါသည်။

Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)