ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 9 (ျမွားပစ္ပညာ)

chapter 9 ( archery) (ျမွားပစ္ပညာ)


‘ဒီ ေရႊ၀တ္စံုက ရတနာေပမဲ့ ငါ့ လက္ညွိဳး ၁ေခ်ာင္းတည္းနဲ႕ ဖ်က္စီးလို႕ ရေသးတယ္။’
ရီခၽြမ္က သူ႕သားကို ေျပာလိုက္တယ္။
‘ဒီပစၥည္းေတြ အကုန္လံုးဟာ ျပင္ပအရာေတြပါပဲ။ ေနာက္ဆိုုရင္ မင္းဟာ ဖင္းေဂါ့ က်င့္စဥ္ကို ေအာင္ျမင္သြားလိမ့္မယ္။ ေျပာရရင္ ဖင္းေဂါ့ေတြရဲ႕ ခႏၶာကိုယ္လိုမ်ိဳး ျဖစ္သြားလိမ့္မယ္။ မင္းလုပ္ဖို႕ လိုအပ္တာကေတာ့ မင္း အစြမ္း ရွိသေလာက္ အစြမ္းကုန္ ၾကိဳးစားဖို႕ပဲ။’

‘ဟုတ္ကဲ့’ နင္ ေခါင္းညိတ္လိုက္တယ္။

‘ဖင္းေဂါ့ က်င့္စဥ္ေၾကာင့္ မင္းရဲ့ ခြန္အားေတြ အရမ္းၾကီးမားလာမယ္။ အလြန္ လ်င္ျမန္လာမယ္။ အျမင္အာရံု  မိုင္ေပါင္းမ်ားစြာ ျမင္ႏိုင္တဲ့ အထိ စူးရွလာမယ္။ အၾကားအာရံု တိုးတက္လာမယ္။ ဒဏ္ရာေတြ ျပန္ေကာင္းမႈနွဳန္း အရမ္း ျမန္ဆန္လာမယ္။ ေျပာရရင္ အရမ္းကို အံ့ၾသဖို႕ ေကာင္းေအာင္ အစြမ္းထက္လာမယ္။’

‘ပထမဆံုး မင္းလိုအပ္တာက လက္နက္ပဲ။ မင္းရဲ့ ခြန္အားဟာ ရန္သူထက္ ၁၀ဆ ေလာက္ ၾကီးမားေနေပမဲ့ ရန္သူက မင္းကို အေ၀းကေနပဲ ေသေအာင္ပစ္သတ္လို႔ ရတယ္။ ဒါေၾကာင့္ လက္နက္ေကာင္းေတြဟာ အရမ္းကို လိုအပ္တယ္။’

‘ျပီးေတာ့ မင္းက အနီးကပ္ လက္နက္ေတြကိုင္ ေဆာင္ရာမွာ အစြမ္းထက္တယ္ ဆိုပါစို႕။ ဥပမာအေနနဲ႕ အတြင္းအား မရွိတဲ့ ဓားသမားတစ္ေယာက္ဟာ ဓားကၽြမ္းက်င္မႈမွာ အဆင့္ ၂ ျဖစ္တဲ့ လူနဲ႕ ဓား တစ္ထပ္တည္း အဆင့္ကို ေရာက္ေနျပီ ဆိုရင္ သူဟာ အေတြ႕ အၾကံဳမရွိပဲ အစြမ္းထက္တဲ့ သိုင္းသမားတစ္ေယာက္ရဲ့ လည္ပင္းကို အလါယ္တကး ျဖတ္ႏိုင္တယ္။ အဲ့ဒီ သိုင္းသမားဟာ ဘယ္ေလာက္ပဲ အတြင္းအားေကာင္းေကာင္း ဓားရဲ့ ထက္ျမမႈကိုေတာ့ မတားဆီးႏိုင္ဘူး။ ‘
ရီခၽြမ္ ျဖည္းျဖည္းခ်င္းေျပာလိုက္တယ္။

နင္ ဒီသေဘာတရားေတြကို နားလည္ပါတယ္။

အစြမ္းအရမ္းထက္ေပမဲ့ ခြန္အားၾကီးမႈကိုသာ အားျပဳတဲ့ ႏံုခ်ာတဲ့သူဟာ ဓားေျမာင္ကိုင္တဲ့ နင္ဂ်ာနဲ႔ေတြတဲ့အခါမွာ ပထမ အကြက္ ဖလွယ္တဲ့ အခ်ိန္မွာပဲ အသက္ေပ်ာက္ရတာပဲေလ။

ခႏၶာကိုယ္ ၾကံ့ခိုင္ဖို႕က တစ္က႑ေလ။ အရည္အခ်င္းနဲ႕ ပညာက မင္းဘယ္ေလာက္ အစြမ္းထုတ္သံုႏိုင္မလဲဆိုတာ မူတည္တယ္ေလ။ ဥပမာအေနနဲ႕ အရင္ဘ၀တုန္းက ကစ္ေဘာက္ဆာနဲ႕ ဂ်ဴဂ်စ္ဆု ကစားသမား အမ်ားစုဟာ ခႏၶာကိုယ္ ၾကံ့ခိုင္မႈမွာ အမ်ားၾကီး မကြာျခားၾကပါဘူး။ သူတို႕ရဲ႕ နည္းစနစ္နဲ႕ တိုက္ပြဲအကြက္ခ်ႏိုင္မႈေတြက သူတို႕ ျပိဳင္ဆိုင္မႈကို ဆံုးျဖတ္ေပးသြားၾကတာပါပဲ။

‘မင္းဘာပညာ သင္ခ်င္လည္းဆိုတာ ငါ့ကို ေျပာပါဦး’
ရီခၽြမ္ နင္ကိုၾကည့္ျပီး ေျပာလိုက္တယ္။

‘သားေလး ေသခ်ာ စဥ္းစားေနာ္။’
စႏိုးက သူ႕ကိုေျပာလိုက္တယ္။

‘ေျပာရရင္ေတာ့ သူတို႕ သားအတြက္ စဥ္းစားထားတာ ရွိျပီးသားပါ။ သူတို့သားေလးက ငယ္ေပမဲ့ အရမ္း ဥာဏ္ေကာင္းျပီး ထက္ျမက္တာကို သူတို႕ သိျပီးသားပဲေလ။  ဒါေပမဲ့ သူတို႕ သားျဖစ္ခ်င္တာလည္း အရင္ ေမးရမယ္ေလ။ ဒါမွ ဘယ္လမ္းက ပိုျပီး သင့္ေတာ္လည္းဆိုတာ သူဆံုးျဖတ္ႏိုင္မွာေပါ့။’

ကၽြန္ေတာ္ ပညာ ၃ မ်ိဳး သင္ယူခ်င္ပါတယ္။
‘ပထမဆံုး ကၽြန္ေတာ္ ေလးျမွား ပညာကို သင္ယူခ်င္ပါတယ္။’

သူဟာ ဖင္းေဂါ့ လမ္းစဥ္ကို ေလွ်က္လွမ္းသူပီပီ သူ႔မွာ အရမ္းကို ထက္ျမက္တဲ့ အျမင္ အာ၇ံုနဲ႕ ေကာင္းကင္က ေပးအပ္ထားတဲ့ ခြန္အားေတြကို ပိုင္ဆိုင္ပါတယ္။ ဒါေၾကာင့္ သူ ေလးျမွား အတတ္ပညာကို ေလ့လာ သင္ယူခ်င္တာပါ။ ဖင္းေဂါ့ တစ္ေယာက္ရဲ့ ခြန္အားနဲ့ ပစ္လိုက္တဲ့ ျမွားတစ္ေခ်ာင္းဟာ အသံထက္ျမန္ျပီးေတာ့ အရင္ ဘ၀က စႏိုက္ပါ ေသနတ္က ပစ္လိုက္တဲ့ ျပင္းအားထက္ အဆမ်ားစြာ ကြာျခားပါတယ္။ သူ႕ ရန္သူကို သူ အေ၀ကေန သတ္ပစ္လို႕ ရတယ္။ ျပီးေတာ့ သူဖတ္ခဲ့တဲ့ စာအုပ္ေတြထဲက အတိုင္းဆို ေလးျမွားပညာဟာ အရမ္း မခက္ခဲပါဘူး။

‘ဒုတိယ အေနနဲက  ကၽြန္ေတာ္ ဓားႏွစ္လက္ ပညာကို သင္ယူခ်င္တယ္။’

ဂ်ိကလန္ဟာ ဓားပညာမွာ နာ မည္ၾကီးပါတယ္။
သူ႕အေဖရဲ႕ နာမည္ဟာ မိုးေရစက္ ဓားသမားလို႕ အမည္တြင္ပါတယ္။ ဒီလို အရင္းအျမစ္ေတြ ရွိေနတာေၾကာင့္ သူံ အတြက္ ဓားပညာဟာ သင့္ေတာ္ပါတယ္။

ရီခၽြမ္ မ်က္ေမွာင္ ၾကဳတ္သြားတယ္။
‘ဓားႏွစ္လက္ ပညာ?’
‘ဆက္ပါဦး။’

‘တတိယအေနနဲ႕ ကၽြန္ေတာ္ ျဖတ္လတ္မႈကို အေျချပဳတဲ့ ထြက္ေျပးတဲ့ ပညာကို သင္ခ်င္ပါတယ္။’
ဒါေတြက ကၽြန္ေတာ္ လိုခ်င္တာေတြပဲ။’
‘ဒါမွသာ သူ အစြမ္းထက္တဲ့ သူေတြနဲ႕ ေတြ႕ ရင္ ထြက္ေျပလြတ္ေျမာက္ႏိုင္မွာ။’

ထြက္ေျပးတဲ့ က်င့္စဥ္ ဟာ အသက္ ရွည္ဖို႕ တစ္ခုတည္းေတသာ လမ္းစဥ္ပဲ။ အသက္ ရွည္ရွည္ ေနရေလ ပိုျပီး အခြင့္အလမ္းေကာင္းေလပဲေလ။’

စႏိုး ရီေမာလိုက္တယ္။
‘သား က လမ္းစဥ္ အမွန္အတိုင္းသြားေနတာပဲ။ ဒါေပမဲ့ အေမ အၾကံေပးခ်င္တာက သား ဓားတစ္ေခ်ာင္းတည္းနဲ႕ အရင္ေလ့က်င့္သင့္တယ္။ ဂ်ိကလန္မွာ ဓားႏွစ္ေခ်ာင္း တစ္ျပိဳင္တည္း ကိုင္ႏိုင္တဲ့ ဓားသမားမရွိေသးဘူး။ ဓားသိုင္းကိုေလ့က်င့္တာမွာ အေရး အၾကီးဆံုးက အာရံု စူးစုိက္မႈပဲ။ သားအာရံု အကုန္ လံုးကို ဓားတစ္ေခ်ာင္းတည္းမွာ ပဲ စုစည္းထားသင့္တယ္။ ဒီလိုမွသာ ၾကီးမားတဲ့ ေအာင္ျမင္မႈရမွာ။’

‘သားအေမရဲ့ စကားေတြက မွန္ပါတယ္။’
ရီခၽြမ္ေျပာလိုက္တယ္။

‘အေဖနဲ့ အေမ။ ကၽြန္ေတာ္က ေမြးကတည္း က စိတ္ကို ႏွစ္ပိုင္း ျခမ္းႏိုင္တယ္ေလ။ သူႏု၀ါရဲ့ ပန္းခ်ီကားအေၾကာင္းေတာ့ မရွင္းျပႏိုင္ဘူး။ သူ႕ စိတ္ကို ႏွစ္ပိုင္းပိုင္းႏိုင္တယ္လို႔ပဲ အခိုင္အမာေျပာလိုက္တယ္။’

‘ဘယ္လို။
စိတ္ကို ႏွစ္ပိုင္းခြဲထားတယ္။’

ရီခၽြမ္ေကာ စႏိုးေကာ အံ့ ၾသသြားၾကတယ္။

‘သားစိတ္ကို ႏွစ္ပိုင္းခြဲ တယ္ဆိုတာ အဓိပၸာယ္ေပါက္ရဲ့လား။ ဒါဟာ အလုပ္ေတြကို ခြဲလုပ္တာနဲ့ မတူဘူးေနာ္။  ဒီ အဓိပၸါယ္က သားရဲ့ စိတ္ကို မတူတဲ့ အလုပ္ႏွစ္ခုမွာ  တစ္ျပိဳင္တည္း လုပ္ခိုင္းရာမွာ စိတ္တစ္ခုတည္းလုပ္တာနဲ႕ အတူတူ အလုပ္ႏွစ္ခုလံုးကို ဆံုးရႈးမႈမရွိပဲ အခ်ိန္တူတူမွာ အလုပ္ႏွစ္ဆျပီးေအာင္ လုပ္ႏိုင္တာကို ေျပာတာေနာ္။’

ကၽြန္ေတာ္ တစ္ကယ္ပဲ စိတ္ကို ႏွစ္ပိုင္း ခြဲႏိုင္ပါတယ္။

‘ဒါဆို ငါစမ္းသပ္ရလိမ့္မယ္။’ ရီခၽြမ္ သူသားကို မယံုႏိုင္တဲ့ မ်က္လံုေတြနဲ႕ ၾကည့္ျပီး ေျမျဖဴခဲ ႏွစ္ခုကို ထုတ္ေပးလိုက္တယ္။
‘ဒီ ႏွစ္ခုကို သံုးျပီး ဘယ္ဘက္လက္နဲက အေမ့ နာမည္ ေရးျပီး ညာဘက္လက္နဲ့႕ အေဖ့နာမည္ ေျမၾကီးမွာ တစ္ျပိဳင္တည္း ေရးျပပါ။’

နင္ေျမျဖဴ ႏွစ္ခဲကို ေကာက္ ယူလုိက္တယ္။ အရင္ဘ၀က ေျမျဖဴနဲ႕ သိပ္မကြာပါဘူး။ သူျမန္ျမန္ပဲ အခက္အခဲမရွိ ေရးျပလိုက္တယ္

 ဂ်စ္ ဂ်စ္
သူ႕ ဘယ္လက္ေကာ ညာလက္ေကာ ေရွးက်တဲ့ ရႈပ္ေထြးတဲ့  ဒီကမာၻက စာေတြကို အလြယ္တကူေရးျပလုိက္တယ္။
စာတစ္လံုးက ဂ်ိရီခၽြမ္ လို႕ ေရးထားျပီး ေနာက္တစ္လံုးက ယူခ်ီစႏိုး လို႔ လွပစြာ ေရးထားတယ္။

‘နင္…. ‘စႏိုးအလြန္ အံ့ၾသသြားတယ္။

‘ဒါေပမဲ့ .. ‘ရီခၽြမ္လည္း အ့့ံၾသသြားတယ္။

‘ဟုတ္တယ္။… ဟုတ္တယ္။ ဒါေၾကာင့္ နင္ အနီေရာင္ ေကာင္းကင္ကိုးဆင့္ သိုင္းကို လြယ္လြယ္ကူကူ က်င့္ႏိုင္တာကိုး။ ငါတို႕ သားရဲ့ စိတ္၀ိဥာဥ္ဟာ အလြန္ကို အစြမ္းထက္လြန္းတဲ့ အတြက္ သူစိတ္ကို ႏွစ္ပိုင္း ပိုင္းႏိုင္ေနတာေပါ့။’

‘ရီခၽြမ္ သူ႕သားကို တန္ဖိုး မျဖတ္ႏိုင္တဲ့ ေက်ာက္စိမ္းတံုးလို ၾကည့္ျပီးလိုက္တယ္။ သူအရမ္းကို ၀မ္းသာလြန္းတဲ့ အတြက္ ငါစိတ္ကို ႏွစ္ပိုင္းခြဲလာႏိုင္ခဲ့တာ ဟာ ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္လဲ့လို႕ပဲ။ ဒါေပမဲ့ ငါက ဓားတစ္ေခ်ာင္းတည္းကိုပဲ ငယ္ငယ္ကတည္းက စူးစိုက္ျပီး ေလ့က်င့္ခဲ့တဲ့ အတြက္ ငါ့လမ္းေၾကာင္ဟာ သတ္မွတ္ထားျပီး ေျပာင္းလဲဖို႕ လဲ ခက္သြားတယ္။ ဒါေပမဲ့ ငါ့သားက ေမြးကတည္းက စိတ္ကို ႏွစ္ပိုင္းခြဲ ႏိုင္တာဆိုေတာ့ သူဟာ ေမြးရာပါ ဓားႏွစ္လက္ ပါရမီရွင္ပဲ။ သူဟာ ရန္သူနဲ႕ ေတြ႕လို႕ ဓားႏွစ္လက္ကို ကိုင္ျပီး တိုက္ခိုက္တဲ့ အခါမွာ သူ႕ ရန္သူဟာ လူႏွစ္ေယာက္က တစ္ျပိဳင္တည္းတိုက္ခိုက္လိုက္ သလို ခံစားရလိမ့္မယ္။ ပိုျပီးေတာ့ ေကာင္းတာက ဒီလူႏွစ္ေယာက္ဟာ ႏွလံုးသားေကာ စိတ္ဓာတ္ေကာ ထပ္တူက်ေနတဲ့အတြက္ အက်ီုး သက္ေရာက္မႈဟာ ဆယ္ဆေလာက္ ျပင္းထန္လိမ့္မယ္။’

‘အခု ဒီေန႕ကစျပီး အေဖကိုယ္တိုင္သားကို ဓားပညာသင္ၾကားေပးမယ္။’
ရီခၽြမ္သူ႕သားကို ၾကည္ျပီး ေျပာလိုက္တယ္။
……

ေနာက္တစ္ေန႕ မနက္ခင္းမွာ…
သဘာ၀စြမ္းအင္ေတြဟာ ပတ္၀န္းက်င္မွာ ျပည့္လွ်ံေနပါတယ္။ ရီခၽြမ္က သူ႕သားကို ေလ့က်င့္ေရးကြင္းဆီကို ေခၚလာပါတယ္။
"နင္ ဒီတစ္ေယာက္ကေတာ့ အေနာက္ပိုင္း ဂ်ိကလန္က နံပါတ္တစ္ ေလးသမား မ်က္ကန္းငါးပဲ။ သူ႕ ေလးအစြမ္းဟာ အရမ္းကို ျမင့္မားတယ္။ ဒီကေလးေလးကို မင္းရဲ့ အစြမ္း ျပလိုက္ပါဦး။"
"ဟုတ္ကဲ့"
ရီခၽြမ္က ေပါင္ခ်ိန္ ရာေပါင္းမ်ားစြာေလးတဲ့ ေက်ာက္စားပြဲၾကီး ေလးလံုးထဲကို တစ္လံုးျပီးတစ္လံုး ကာက္ယူျပီး အေ၀းကို ပစ္လိုက္တယ္။ မ်က္စိ တစ္မွိတ္ အတြင္းမွာ စားပြဲ ေလးလံုးလံုး ေလထဲမွာ ပ်ံ၀ဲေနတယ္။ ဒီအရမ္းေလးတျ့ စားပြဲေတြကို ပစ္လိုက္ေတာ့ ေလခြင္းသံဟာ ဆူညံစြာ ထြက္ေပၚလာတယ္။ အဲ့ဒီ စားပြဲေတြဟာ တျဖည္းျဖည္းေ၀းသြားျပီး အေျမွာက္ဆံလိုပဲ ေသးေသးအစက္ကေလးအေနနဲ႕ သာ ေတြ႕ ရေတာ့တယ္။
"အင္း…" မုတ္ဆိတ္ရွည္နဲ႕ မ်က္ကန္းငါးရဲ့ လက္ထဲမွာ နက္ေျပာင္ေနတဲ့ ေလးတစ္လက္နဲ႔ ျမွားေလးေခ်ာင္း ေပၚလာတယ္။ သူေလးညဳိ႕ကို လႊတ္တင္လိုက္တယ္။
"၀ွစ္.၀ွစ္.၀ွစ္.၀ွစ္"
ျမွားေလးေခ်ာင္းလံုး ေလးညြတ္ကေနထြက္ျပီးေတာ့ အစက္ေလးစက္ဆီကို ေျပးထြက္ျပီး ထိမွန္သြားတယ္။ အစက္ေလးစက္လံုး ေပ်ာက္ကြယ္သြားတယ္။
နင္အခ်ိန္အၾကာၾကီး အံ့ၾသမင္သက္ေနမိတယ္။
"အေဖ ဒီစားပြဲေတြ ပစ္လိုက္တာ အေျမွာက္နဲ႕ ပစ္လိုက္သလိုပဲ တစ္ကီလိုမီတာ ႏွစ္ကီလိုမီတာ ေလာက္ေတာင္ ေရာက္သြားတယ္။ ျပီးေတာ့ မ်က္ကန္းငါး ဦးေလးရဲ႕ ျမွားကလည္း မ်က္စိ တစ္မွိတ္အတြင္း အဲ့ဒီ အကြာအေ၀းကို ေရာက္သြားတယ္။ ေသခ်ာတြက္ခ်က္ၾကည့္ရင္ ဒီျမွားရဲ့ အလ်င္ဟာ တစ္စကၠန္႕ကို ႏွစ္ေထာင္မီတာေလာက္ေျပးသြားတာပဲ။"
"ဒ႑ာရီထဲက နတ္ဘုရား ဟုန္ယြိဟာ ျမွားကိုးေခ်ာင္းနဲ႕ ေနကိုးစင္းကို ပစ္ခ်လိုက္တယ္. သခင္ေလးရဲ့ ဆရာ့ ဆီမွာ အ ေပၚယံ ပညာသာ ရွိပါတယ္။"
"ဆရာ မ်က္ကန္းငါးေရ ဒီေက်ာက္တံုးအစအနေတြ က ျပဳတ္က်သြားရင္ ေအာက္က တစ္ေယာက္ေယာက္ကို ထိသြားဦးမယ္ေနာ္.။"
နင္ သတိရလို႕ ေမးလုိက္တယ္။
ရီခၽြမ္ကေခါင္းညိတ္ျပီးေျပာလိုက္တယ္။
"နင္ေရ။ မင္းရဲ့ဆရာက ဇင္တ်န္သက္ရွိအဆင့္မွာ ေရာက္ေနျပီ။ သူ႕ျမွားေတြကို သူ႕ အတြင္းအားနဲ႕ ေပါင္းျပီး ပစ္လိုက္တာေလ။ ဒါေၾကာင့္ျမွားေတြက စားပြဲေတြကိုထိတာနဲ႕ စားပြဲေတြအကုန္လံုး အမႈန္ေတြျဖစ္သြားျပီး ျဖည္းျဖည္းခ်င္းပဲ က်လာေတာ့မွာ။ ဘယ္လိုလုပ္ ေက်ာက္တံုးအစအန ေတြ ရွိေတာ့မွာလည္း။"
နင္ အရမ္းကို အံ့ၾသသြားပါတယ္။
အရမ္းကို အစြမး္ထက္တာပဲ။
"အခုကစျပီးေတာ့ မနက္ခင္းတိုင္း တစ္နာရီဆီ ဆရာမ်က္ကန္းငါးဆီမွာ လာသင္ယူရမယ္။ ဒါမင္းအတြက္ မနက္ခင္း ကိုယ္လက္လႈပ္ရွားမႈပဲ။ မ်က္ကန္းငါးေရ မင္းကိုေတာ့ ဒုကၡေပးမိျပီ။"
"သခင္ေလးကို ပညာသင္ေပးရတာ ကၽြန္ေတာ့္အတြက္ ဂုဏ္တက္စရာပါ။"
မ်က္ကန္းငါး က်ယ္က်ယ္ေလာင္ေလာင္ ရီေမာေျပာဆိုလုိက္တယ္။
..
ေလ့က်င့္ေရးကြင္းဟာ တိတ္ဆိတ္လို႕ ေနပါတယ္။ နင္နဲ့ မ်က္ကန္းငါးကလြဲျပီး တျခား ဘယ္သူမွ မရွိပါဘူး။
"သခင္ေလး။ ျမွားသမားတစ္ေယာက္အတြက္ အေရးအၾကီးဆံုးကိ ေလးနဲ႕ ျမွားပဲ။ ျမွားမွာ ျမွားဦး၊ ျမွားတံ နဲ႕ ေလထိန္း ငွက္ေမႊးဆိုျပီး ၃ ပိုင္းရွိတယ္။ ေလးကို တင္လိုက္တဲ့ အခါက်ရင္ ေလးၾကိဳးဟာ အံ့မခန္းတဲ့ အရွည္အထိ ဆြဲဆန္႕ ႏိုင္ရမယ္။ ေလးကိုထည္ကေတာ့ မာေက်ာစြာ မေကြးပဲ ရွိေနရမယ္။ ငါ့ရဲ့ လက္ထဲက ေလးလိုမ်ိဳးပဲ။"
သူ႕လက္ထဲက နက္ေျပာင္ေနတဲ့ ေလးကို ေပးလိုက္တယ္။
နင္ ေလးကို ကိုင္လိုက္တဲ့ အခါမွာ ဒီေလးဟာ အနည္းဆံုး ေပါင္ ၁၀၀ေလာက္ေလးေနတာ ေတြ႔ ရတယ္။ သူ ေလးကို ေသေသခ်ာခ်ာ ေလ့လာ ၾကည့္လိုက္တယ္။ ဒီ ေလးၾကီးကို နက္ေမွာင္ေနတဲ့ သတၳဳတစ္မ်ိဳးနဲ႕ လုပ္ထားတာပဲ။ ေလးၾကီဳးဟာ လက္ညိဳးလံုးေလာက္ လံုးပတ္ရွိျပီး အျပာေရာင္ သန္းေနတယ္။ ေလးၾကီဳးကေန ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ေငြ႕အသက္ေတြ ထြက္ေနတယ္။
"ေလးကိုယ္ထည္ကို မိုးၾကိဳး ေလေပြ သတၳဳနဲ႕ တည္ေဆာက္ထားတာေလ။ အရမ္းကို မာေၾကာတယ္။ ေလးၾကိဳးကေတာ့ ပိုျပီး အဖိုးတန္တယ္။ နဂါးမ်ိဳးႏြယ္၀င္ ေျမြနဂါး သတၱ၀ါဆန္းၾကီးကို သတ္ျပီး သူ႕ အေၾကာနဲ႕ လုပ္ထားတာေလ။ အရမ္းကို ဆန္႕ႏိုင္အားေကာင္းတယ္။ ငါ့ခြန္အားေတြ အခုထက္ ၁၀ဆေလာက္ သန္စြမ္းလာရင္ေတာင္ ငါမဖ်က္ဆီး ႏိုင္ဘူး။ ငါ ဒီေလးကို မိုးၾကိဳး နဂါး ေလး လို႕ နာမည္ေပးထားတယ္။"
နင္ မ်က္စိအေရာင္ တလက္လက္နဲ႕ နားေထာင္ေနတယ္။
" ေလးၾကိဳးက ေျမြနဂါး သတၱ၀ါဆန္းရဲ့ အေၾကာနဲ႕ လုပ္ထားတယ္?"
"ကဲ.. လာ.လာ.. အေျခခံကေန စၾကရေအာင္။"
မ်က္ကန္းငါးက လက္တစ္ခ်က္ ေ၀ွ႔ယမ္းလိုက္ျပီး သာမာန္ ေလးတစ္ေခ်ာင္းကို ထုတ္ယူလိုက္တယ္။
"မတ္တပ္ပစ္နည္း၊ ခုန္အုပ္ျပီး ပစ္နည္း၊ ေနာက္ဆုတ္ ပစ္နည္း၊ ေျပးျပီးပစ္နည္း၊ ခုန္ခ်ျပီးပစ္နည္း ……… သခင္ေလးေရ မင္းရဲ့ သင္ခန္းစာကို ႏွစ္ပိုင္း ခြဲထားတယ္။ ပထမကေတာ့ အေျခခံ အပိုင္း၊ ဒုတိယတစ္ခုကေတာ့ စိတ္သင္ခန္းစာ အပိုင္းပဲ။"
"အေျခခံ အပိုင္းမွာေတာ့ ပထမေျပာခဲ့တဲ့ အေျခခံ ငါမ်ိဳးကို လက္၊ မ်က္လံုးနဲ႕ ျမွား တစ္သားတည္းက်သည္အထိ ေလ့က်င့္ရမယ္။ မင္းရဲ့ ပစ္မွတ္ကို အျမဲတန္း မွန္ေတာ့မွ ေနာက္သင္ခန္းစာကုိ ဆက္ႏိုင္မယ္။"
"စိတ္ေလ့က်င့္ေရးမွာကေတာ့ ဒီ အကြက္ေတြက အေရးမၾကီးေတာ့ဘူး။ တစ္ခုတည္းလိုအပ္တာက စိတ္နဲ႔ ျမွား တစ္သားတည္း ျဖစ္တဲ့ အဆင့္ပဲ။ ဒီအခ်ိန္မွာ မင္းမ်ကလံုးကို ျမင္ဖိဳက အတြက္ သံုးစရာမလိုေတာ့ဘူး။ မ်က္လံုးသံုးတာက ေတာ္ေတာ္ကို ေႏွးသြားျပီ။ မင္းရဲ့ စိတ္ကိုပဲ အသံုးျပဳရမယ္။ မ်က္စိတစ္မွိတ္ အတြင္းမွာ ရန္သူကို မိုးၾကိဳးပစ္သလို အလ်င္မ်ိဳးနဲ႔ ေလးနဲ႕ ျမွားကို သံုးျပီး တိုက္ခိုက္ရမယ္။ တကယ့္ ေသေရး ရွင္ေရးဆို မင္းအတြက္ ႏွလံုး တစ္ခါ ခုန္စာ အခ်ိန္ေလာက္ပဲ ရမွာ။ မင္းကို ျဖည္းျဖည္းခ်င္း ခ်ိန္ျပီး တိုက္ခိုက္ခြင့္ ဘယ္သူမွ မေပးဘူး။ မင္း စိတ္ေလ့က်င့္ခန္းျပီး ရင္ေတာ့ မင္းသင္ခန္းစာေတြ ျပီးဆံုးသြားျပီ။"
နင္ ေခါင္းညိတ္ျပီး နားေထာင္ေနတယ္။
ျပီးေတာ့ မ်က္ကန္းငါး သင္ျပတဲ့အတိုင္း ေျခခံကေန ေသခ်ာ ေလ့က်င့္သင္ၾကားတယ္။
"လက္ကို ေသခ်ာဆန္႕လိုက္၊ ဘယ္ဘက္လက္ေမာင္းကို ဆန္႔ထုတ္လိုက္။"
"ဒါက ေလးကိုဆြဲတဲ့ ပံုစံ အမွန္ပဲ။ ေသခ်ာရပ္ေနပါ။"
"မ်က္လံုး ၊ မ်က္လံုး။ မင္းမ်က္လံုးကန္းေနလား။"
သူစတင္ျပီး ေသခ်ာသင္ၾကားတာနဲ႔ မ်က္ကန္းငါးက စဆူပါေတာ့တယ္။ မထီေလးစားတတ္တဲ့ နင္ကေတာ့ ပဲျပားလို ျဖစ္သြားျပီ။ တစ္ခ်ိန္လံုး အဆူခံေနရတယ္။ နင္ဘာမွမတတ္ႏိုင္ပဲ တျဖည္းျဖည္းခ်င္း ခံႏိုင္ရည္ ရွိေအာင္ ေလ့က်င့္သင္ၾကားလာခဲ့ပါတယ္။
မီတာ တစ္ေထာင္ေလာက္ျမင့္တဲ့ တိုက္တစ္လံုးကို ေဆာက္ရင္ေတာင္ ေျမၾကီးကပဲ စေဆာက္ရတာပဲေလ။ ကၽြမ္းက်င္တဲ့ ေလးသမားဆိုတာလည္း အေျခခံကေန စသင္ၾကားရမွာပဲေပါ့။

ဆက္ပါဦးမည္>>>>>>
၀တၳဳ : Desolate era
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode

chapter 9 ( archery) (မြှားပစ်ပညာ)




‘ဒီ ရွှေဝတ်စုံက ရတနာပေမဲ့ ငါ့ လက်ညှိုး ၁ချောင်းတည်းနဲ့ ဖျက်စီးလို့ ရသေးတယ်။’

ရီချွမ်က သူ့သားကို ပြောလိုက်တယ်။



‘ဒီပစ္စည်းတွေ အကုန်လုံးဟာ ပြင်ပအရာတွေပါပဲ။ နောက်ဆိုုရင် မင်းဟာ ဖင်းဂေါ့ ကျင့်စဉ်ကို အောင်မြင်သွားလိမ့်မယ်။ ပြောရရင် ဖင်းဂေါ့တွေရဲ့ ခန္ဓာကိုယ်လိုမျိုး ဖြစ်သွားလိမ့်မယ်။ မင်းလုပ်ဖို့ လိုအပ်တာကတော့ မင်း အစွမ်း ရှိသလောက် အစွမ်းကုန် ကြိုးစားဖို့ပဲ။’



‘ဟုတ်ကဲ့’ နင် ခေါင်းညိတ်လိုက်တယ်။



‘ဖင်းဂေါ့ ကျင့်စဉ်ကြောင့် မင်းရဲ့ ခွန်အားတွေ အရမ်းကြီးမားလာမယ်။ အလွန် လျင်မြန်လာမယ်။ အမြင်အာရုံ  မိုင်ပေါင်းများစွာ မြင်နိုင်တဲ့ အထိ စူးရှလာမယ်။ အကြားအာရုံ တိုးတက်လာမယ်။ ဒဏ်ရာတွေ ပြန်ကောင်းမှုနှုန်း အရမ်း မြန်ဆန်လာမယ်။ ပြောရရင် အရမ်းကို အံ့သြဖို့ ကောင်းအောင် အစွမ်းထက်လာမယ်။’



‘ပထမဆုံး မင်းလိုအပ်တာက လက်နက်ပဲ။ မင်းရဲ့ ခွန်အားဟာ ရန်သူထက် ၁၀ဆ လောက် ကြီးမားနေပေမဲ့ ရန်သူက မင်းကို အဝေးကနေပဲ သေအောင်ပစ်သတ်လို့ ရတယ်။ ဒါကြောင့် လက်နက်ကောင်းတွေဟာ အရမ်းကို လိုအပ်တယ်။’



‘ပြီးတော့ မင်းက အနီးကပ် လက်နက်တွေကိုင် ဆောင်ရာမှာ အစွမ်းထက်တယ် ဆိုပါစို့။ ဥပမာအနေနဲ့ အတွင်းအား မရှိတဲ့ ဓားသမားတစ်ယောက်ဟာ ဓားကျွမ်းကျင်မှုမှာ အဆင့် ၂ ဖြစ်တဲ့ လူနဲ့ ဓား တစ်ထပ်တည်း အဆင့်ကို ရောက်နေပြီ ဆိုရင် သူဟာ အတွေ့ အကြုံမရှိပဲ အစွမ်းထက်တဲ့ သိုင်းသမားတစ်ယောက်ရဲ့ လည်ပင်းကို အလါယ်တကး ဖြတ်နိုင်တယ်။ အဲ့ဒီ သိုင်းသမားဟာ ဘယ်လောက်ပဲ အတွင်းအားကောင်းကောင်း ဓားရဲ့ ထက်မြမှုကိုတော့ မတားဆီးနိုင်ဘူး။ ‘

ရီချွမ် ဖြည်းဖြည်းချင်းပြောလိုက်တယ်။



နင် ဒီသဘောတရားတွေကို နားလည်ပါတယ်။



အစွမ်းအရမ်းထက်ပေမဲ့ ခွန်အားကြီးမှုကိုသာ အားပြုတဲ့ နုံချာတဲ့သူဟာ ဓားမြောင်ကိုင်တဲ့ နင်ဂျာနဲ့တွေတဲ့အခါမှာ ပထမ အကွက် ဖလှယ်တဲ့ အချိန်မှာပဲ အသက်ပျောက်ရတာပဲလေ။



ခန္ဓာကိုယ် ကြံ့ခိုင်ဖို့က တစ်ကဏ္ဍလေ။ အရည်အချင်းနဲ့ ပညာက မင်းဘယ်လောက် အစွမ်းထုတ်သုံနိုင်မလဲဆိုတာ မူတည်တယ်လေ။ ဥပမာအနေနဲ့ အရင်ဘဝတုန်းက ကစ်ဘောက်ဆာနဲ့ ဂျူဂျစ်ဆု ကစားသမား အများစုဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အများကြီး မကွာခြားကြပါဘူး။ သူတို့ရဲ့ နည်းစနစ်နဲ့ တိုက်ပွဲအကွက်ချနိုင်မှုတွေက သူတို့ ပြိုင်ဆိုင်မှုကို ဆုံးဖြတ်ပေးသွားကြတာပါပဲ။



‘မင်းဘာပညာ သင်ချင်လည်းဆိုတာ ငါ့ကို ပြောပါဦး’

ရီချွမ် နင်ကိုကြည့်ပြီး ပြောလိုက်တယ်။



‘သားလေး သေချာ စဉ်းစားနော်။’

စနိုးက သူ့ကိုပြောလိုက်တယ်။



‘ပြောရရင်တော့ သူတို့ သားအတွက် စဉ်းစားထားတာ ရှိပြီးသားပါ။ သူတို့သားလေးက ငယ်ပေမဲ့ အရမ်း ဉာဏ်ကောင်းပြီး ထက်မြက်တာကို သူတို့ သိပြီးသားပဲလေ။  ဒါပေမဲ့ သူတို့ သားဖြစ်ချင်တာလည်း အရင် မေးရမယ်လေ။ ဒါမှ ဘယ်လမ်းက ပိုပြီး သင့်တော်လည်းဆိုတာ သူဆုံးဖြတ်နိုင်မှာပေါ့။’



ကျွန်တော် ပညာ ၃ မျိုး သင်ယူချင်ပါတယ်။

‘ပထမဆုံး ကျွန်တော် လေးမြှား ပညာကို သင်ယူချင်ပါတယ်။’



သူဟာ ဖင်းဂေါ့ လမ်းစဉ်ကို လျှေက်လှမ်းသူပီပီ သူ့မှာ အရမ်းကို ထက်မြက်တဲ့ အမြင် အာရုံနဲ့ ကောင်းကင်က ပေးအပ်ထားတဲ့ ခွန်အားတွေကို ပိုင်ဆိုင်ပါတယ်။ ဒါကြောင့် သူ လေးမြှား အတတ်ပညာကို လေ့လာ သင်ယူချင်တာပါ။ ဖင်းဂေါ့ တစ်ယောက်ရဲ့ ခွန်အားနဲ့ ပစ်လိုက်တဲ့ မြှားတစ်ချောင်းဟာ အသံထက်မြန်ပြီးတော့ အရင် ဘဝက စနိုက်ပါ သေနတ်က ပစ်လိုက်တဲ့ ပြင်းအားထက် အဆများစွာ ကွာခြားပါတယ်။ သူ့ ရန်သူကို သူ အဝေကနေ သတ်ပစ်လို့ ရတယ်။ ပြီးတော့ သူဖတ်ခဲ့တဲ့ စာအုပ်တွေထဲက အတိုင်းဆို လေးမြှားပညာဟာ အရမ်း မခက်ခဲပါဘူး။



‘ဒုတိယ အနေနဲက  ကျွန်တော် ဓားနှစ်လက် ပညာကို သင်ယူချင်တယ်။’



ဂျိကလန်ဟာ ဓားပညာမှာ နာ မည်ကြီးပါတယ်။

သူ့အဖေရဲ့ နာမည်ဟာ မိုးရေစက် ဓားသမားလို့ အမည်တွင်ပါတယ်။ ဒီလို အရင်းအမြစ်တွေ ရှိနေတာကြောင့် သူံ အတွက် ဓားပညာဟာ သင့်တော်ပါတယ်။



ရီချွမ် မျက်မှောင် ကြုတ်သွားတယ်။

‘ဓားနှစ်လက် ပညာ?’

‘ဆက်ပါဦး။’



‘တတိယအနေနဲ့ ကျွန်တော် ဖြတ်လတ်မှုကို အခြေပြုတဲ့ ထွက်ပြေးတဲ့ ပညာကို သင်ချင်ပါတယ်။’

ဒါတွေက ကျွန်တော် လိုချင်တာတွေပဲ။’

‘ဒါမှသာ သူ အစွမ်းထက်တဲ့ သူတွေနဲ့ တွေ့ ရင် ထွက်ပြေလွတ်မြောက်နိုင်မှာ။’



ထွက်ပြေးတဲ့ ကျင့်စဉ် ဟာ အသက် ရှည်ဖို့ တစ်ခုတည်းတေသာ လမ်းစဉ်ပဲ။ အသက် ရှည်ရှည် နေရလေ ပိုပြီး အခွင့်အလမ်းကောင်းလေပဲလေ။’



စနိုး ရီမောလိုက်တယ်။

‘သား က လမ်းစဉ် အမှန်အတိုင်းသွားနေတာပဲ။ ဒါပေမဲ့ အမေ အကြံပေးချင်တာက သား ဓားတစ်ချောင်းတည်းနဲ့ အရင်လေ့ကျင့်သင့်တယ်။ ဂျိကလန်မှာ ဓားနှစ်ချောင်း တစ်ပြိုင်တည်း ကိုင်နိုင်တဲ့ ဓားသမားမရှိသေးဘူး။ ဓားသိုင်းကိုလေ့ကျင့်တာမှာ အရေး အကြီးဆုံးက အာရုံ စူးစိုက်မှုပဲ။ သားအာရုံ အကုန် လုံးကို ဓားတစ်ချောင်းတည်းမှာ ပဲ စုစည်းထားသင့်တယ်။ ဒီလိုမှသာ ကြီးမားတဲ့ အောင်မြင်မှုရမှာ။’



‘သားအမေရဲ့ စကားတွေက မှန်ပါတယ်။’

ရီချွမ်ပြောလိုက်တယ်။



‘အဖေနဲ့ အမေ။ ကျွန်တော်က မွေးကတည်း က စိတ်ကို နှစ်ပိုင်း ခြမ်းနိုင်တယ်လေ။ သူနုဝါရဲ့ ပန်းချီကားအကြောင်းတော့ မရှင်းပြနိုင်ဘူး။ သူ့ စိတ်ကို နှစ်ပိုင်းပိုင်းနိုင်တယ်လို့ပဲ အခိုင်အမာပြောလိုက်တယ်။’



‘ဘယ်လို။

စိတ်ကို နှစ်ပိုင်းခွဲထားတယ်။’



ရီချွမ်ကော စနိုးကော အံ့ သြသွားကြတယ်။



‘သားစိတ်ကို နှစ်ပိုင်းခွဲ တယ်ဆိုတာ အဓိပ္ပာယ်ပေါက်ရဲ့လား။ ဒါဟာ အလုပ်တွေကို ခွဲလုပ်တာနဲ့ မတူဘူးနော်။  ဒီ အဓိပ္ပါယ်က သားရဲ့ စိတ်ကို မတူတဲ့ အလုပ်နှစ်ခုမှာ  တစ်ပြိုင်တည်း လုပ်ခိုင်းရာမှာ စိတ်တစ်ခုတည်းလုပ်တာနဲ့ အတူတူ အလုပ်နှစ်ခုလုံးကို ဆုံးရှုးမှုမရှိပဲ အချိန်တူတူမှာ အလုပ်နှစ်ဆပြီးအောင် လုပ်နိုင်တာကို ပြောတာနော်။’



ကျွန်တော် တစ်ကယ်ပဲ စိတ်ကို နှစ်ပိုင်း ခွဲနိုင်ပါတယ်။



‘ဒါဆို ငါစမ်းသပ်ရလိမ့်မယ်။’ ရီချွမ် သူသားကို မယုံနိုင်တဲ့ မျက်လုံတွေနဲ့ ကြည့်ပြီး မြေဖြူခဲ နှစ်ခုကို ထုတ်ပေးလိုက်တယ်။

‘ဒီ နှစ်ခုကို သုံးပြီး ဘယ်ဘက်လက်နဲက အမေ့ နာမည် ရေးပြီး ညာဘက်လက်နဲ့ အဖေ့နာမည် မြေကြီးမှာ တစ်ပြိုင်တည်း ရေးပြပါ။’



နင်မြေဖြူ နှစ်ခဲကို ကောက် ယူလိုက်တယ်။ အရင်ဘဝက မြေဖြူနဲ့ သိပ်မကွာပါဘူး။ သူမြန်မြန်ပဲ အခက်အခဲမရှိ ရေးပြလိုက်တယ်



 ဂျစ် ဂျစ်

သူ့ ဘယ်လက်ကော ညာလက်ကော ရှေးကျတဲ့ ရှုပ်ထွေးတဲ့  ဒီကမ္ဘာက စာတွေကို အလွယ်တကူရေးပြလိုက်တယ်။

စာတစ်လုံးက ဂျိရီချွမ် လို့ ရေးထားပြီး နောက်တစ်လုံးက ယူချီစနိုး လို့ လှပစွာ ရေးထားတယ်။



‘နင်…. ‘စနိုးအလွန် အံ့သြသွားတယ်။



‘ဒါပေမဲ့ .. ‘ရီချွမ်လည်း အ့ံ့သြသွားတယ်။



‘ဟုတ်တယ်။… ဟုတ်တယ်။ ဒါကြောင့် နင် အနီရောင် ကောင်းကင်ကိုးဆင့် သိုင်းကို လွယ်လွယ်ကူကူ ကျင့်နိုင်တာကိုး။ ငါတို့ သားရဲ့ စိတ်ဝိဉာဉ်ဟာ အလွန်ကို အစွမ်းထက်လွန်းတဲ့ အတွက် သူစိတ်ကို နှစ်ပိုင်း ပိုင်းနိုင်နေတာပေါ့။’



‘ရီချွမ် သူ့သားကို တန်ဖိုး မဖြတ်နိုင်တဲ့ ကျောက်စိမ်းတုံးလို ကြည့်ပြီးလိုက်တယ်။ သူအရမ်းကို ဝမ်းသာလွန်းတဲ့ အတွက် ငါစိတ်ကို နှစ်ပိုင်းခွဲလာနိုင်ခဲ့တာ ဟာ နှစ်ပေါင်းများစွာ လေ့ကျင့်လဲ့လို့ပဲ။ ဒါပေမဲ့ ငါက ဓားတစ်ချောင်းတည်းကိုပဲ ငယ်ငယ်ကတည်းက စူးစိုက်ပြီး လေ့ကျင့်ခဲ့တဲ့ အတွက် ငါ့လမ်းကြောင်ဟာ သတ်မှတ်ထားပြီး ပြောင်းလဲဖို့ လဲ ခက်သွားတယ်။ ဒါပေမဲ့ ငါ့သားက မွေးကတည်းက စိတ်ကို နှစ်ပိုင်းခွဲ နိုင်တာဆိုတော့ သူဟာ မွေးရာပါ ဓားနှစ်လက် ပါရမီရှင်ပဲ။ သူဟာ ရန်သူနဲ့ တွေ့လို့ ဓားနှစ်လက်ကို ကိုင်ပြီး တိုက်ခိုက်တဲ့ အခါမှာ သူ့ ရန်သူဟာ လူနှစ်ယောက်က တစ်ပြိုင်တည်းတိုက်ခိုက်လိုက် သလို ခံစားရလိမ့်မယ်။ ပိုပြီးတော့ ကောင်းတာက ဒီလူနှစ်ယောက်ဟာ နှလုံးသားကော စိတ်ဓာတ်ကော ထပ်တူကျနေတဲ့အတွက် အကျီုး သက်ရောက်မှုဟာ ဆယ်ဆလောက် ပြင်းထန်လိမ့်မယ်။’



‘အခု ဒီနေ့ကစပြီး အဖေကိုယ်တိုင်သားကို ဓားပညာသင်ကြားပေးမယ်။’

ရီချွမ်သူ့သားကို ကြည်ပြီး ပြောလိုက်တယ်။

……



နောက်တစ်နေ့ မနက်ခင်းမှာ…

သဘာဝစွမ်းအင်တွေဟာ ပတ်ဝန်းကျင်မှာ ပြည့်လျှံနေပါတယ်။ ရီချွမ်က သူ့သားကို လေ့ကျင့်ရေးကွင်းဆီကို ခေါ်လာပါတယ်။
"နင် ဒီတစ်ယောက်ကတော့ အနောက်ပိုင်း ဂျိကလန်က နံပါတ်တစ် လေးသမား မျက်ကန်းငါးပဲ။ သူ့ လေးအစွမ်းဟာ အရမ်းကို မြင့်မားတယ်။ ဒီကလေးလေးကို မင်းရဲ့ အစွမ်း ပြလိုက်ပါဦး။"

"ဟုတ်ကဲ့"

ရီချွမ်က ပေါင်ချိန် ရာပေါင်းများစွာလေးတဲ့ ကျောက်စားပွဲကြီး လေးလုံးထဲကို တစ်လုံးပြီးတစ်လုံး ကာက်ယူပြီး အဝေးကို ပစ်လိုက်တယ်။ မျက်စိ တစ်မှိတ် အတွင်းမှာ စားပွဲ လေးလုံးလုံး လေထဲမှာ ပျံဝဲနေတယ်။ ဒီအရမ်းလေးတြ့ စားပွဲတွေကို ပစ်လိုက်တော့ လေခွင်းသံဟာ ဆူညံစွာ ထွက်ပေါ်လာတယ်။ အဲ့ဒီ စားပွဲတွေဟာ တဖြည်းဖြည်းဝေးသွားပြီး အမြှောက်ဆံလိုပဲ သေးသေးအစက်ကလေးအနေနဲ့ သာ တွေ့ ရတော့တယ်။

"အင်း…" မုတ်ဆိတ်ရှည်နဲ့ မျက်ကန်းငါးရဲ့ လက်ထဲမှာ နက်ပြောင်နေတဲ့ လေးတစ်လက်နဲ့ မြှားလေးချောင်း ပေါ်လာတယ်။ သူလေးညို့ကို လွှတ်တင်လိုက်တယ်။

"ဝှစ်.ဝှစ်.ဝှစ်.ဝှစ်"
မြှားလေးချောင်းလုံး လေးညွတ်ကနေထွက်ပြီးတော့ အစက်လေးစက်ဆီကို ပြေးထွက်ပြီး ထိမှန်သွားတယ်။ အစက်လေးစက်လုံး ပျောက်ကွယ်သွားတယ်။

နင်အချိန်အကြာကြီး အံ့သြမင်သက်နေမိတယ်။

"အဖေ ဒီစားပွဲတွေ ပစ်လိုက်တာ အမြှောက်နဲ့ ပစ်လိုက်သလိုပဲ တစ်ကီလိုမီတာ နှစ်ကီလိုမီတာ လောက်တောင် ရောက်သွားတယ်။ ပြီးတော့ မျက်ကန်းငါး ဦးလေးရဲ့ မြှားကလည်း မျက်စိ တစ်မှိတ်အတွင်း အဲ့ဒီ အကွာအဝေးကို ရောက်သွားတယ်။ သေချာတွက်ချက်ကြည့်ရင် ဒီမြှားရဲ့ အလျင်ဟာ တစ်စက္ကန့်ကို နှစ်ထောင်မီတာလောက်ပြေးသွားတာပဲ။"

"ဒဏ္ဍာရီထဲက နတ်ဘုရား ဟုန်ယွိဟာ မြှားကိုးချောင်းနဲ့ နေကိုးစင်းကို ပစ်ချလိုက်တယ်. သခင်လေးရဲ့ ဆရာ့ ဆီမှာ အ ပေါ်ယံ ပညာသာ ရှိပါတယ်။"

"ဆရာ မျက်ကန်းငါးရေ ဒီကျောက်တုံးအစအနတွေ က ပြုတ်ကျသွားရင် အောက်က တစ်ယောက်ယောက်ကို ထိသွားဦးမယ်နော်.။"
နင် သတိရလို့ မေးလိုက်တယ်။

ရီချွမ်ကခေါင်းညိတ်ပြီးပြောလိုက်တယ်။
"နင်ရေ။ မင်းရဲ့ဆရာက ဇင်တျန်သက်ရှိအဆင့်မှာ ရောက်နေပြီ။ သူ့မြှားတွေကို သူ့ အတွင်းအားနဲ့ ပေါင်းပြီး ပစ်လိုက်တာလေ။ ဒါကြောင့်မြှားတွေက စားပွဲတွေကိုထိတာနဲ့ စားပွဲတွေအကုန်လုံး အမှုန်တွေဖြစ်သွားပြီး ဖြည်းဖြည်းချင်းပဲ ကျလာတော့မှာ။ ဘယ်လိုလုပ် ကျောက်တုံးအစအန တွေ ရှိတော့မှာလည်း။"

နင် အရမ်းကို အံ့သြသွားပါတယ်။

အရမ်းကို အစွမ်းထက်တာပဲ။

"အခုကစပြီးတော့ မနက်ခင်းတိုင်း တစ်နာရီဆီ ဆရာမျက်ကန်းငါးဆီမှာ လာသင်ယူရမယ်။ ဒါမင်းအတွက် မနက်ခင်း ကိုယ်လက်လှုပ်ရှားမှုပဲ။ မျက်ကန်းငါးရေ မင်းကိုတော့ ဒုက္ခပေးမိပြီ။"

"သခင်လေးကို ပညာသင်ပေးရတာ ကျွန်တော့်အတွက် ဂုဏ်တက်စရာပါ။"
မျက်ကန်းငါး ကျယ်ကျယ်လောင်လောင် ရီမောပြောဆိုလိုက်တယ်။

..
လေ့ကျင့်ရေးကွင်းဟာ တိတ်ဆိတ်လို့ နေပါတယ်။ နင်နဲ့ မျက်ကန်းငါးကလွဲပြီး တခြား ဘယ်သူမှ မရှိပါဘူး။

"သခင်လေး။ မြှားသမားတစ်ယောက်အတွက် အရေးအကြီးဆုံးကိ လေးနဲ့ မြှားပဲ။ မြှားမှာ မြှားဦး၊ မြှားတံ နဲ့ လေထိန်း ငှက်မွှေးဆိုပြီး ၃ ပိုင်းရှိတယ်။ လေးကို တင်လိုက်တဲ့ အခါကျရင် လေးကြိုးဟာ အံ့မခန်းတဲ့ အရှည်အထိ ဆွဲဆန့် နိုင်ရမယ်။ လေးကိုထည်ကတော့ မာကျောစွာ မကွေးပဲ ရှိနေရမယ်။ ငါ့ရဲ့ လက်ထဲက လေးလိုမျိုးပဲ။"
သူ့လက်ထဲက နက်ပြောင်နေတဲ့ လေးကို ပေးလိုက်တယ်။

နင် လေးကို ကိုင်လိုက်တဲ့ အခါမှာ ဒီလေးဟာ အနည်းဆုံး ပေါင် ၁၀၀လောက်လေးနေတာ တွေ့ ရတယ်။ သူ လေးကို သေသေချာချာ လေ့လာ ကြည့်လိုက်တယ်။ ဒီ လေးကြီးကို နက်မှောင်နေတဲ့ သတ္ထုတစ်မျိုးနဲ့ လုပ်ထားတာပဲ။ လေးကြီုးဟာ လက်ညိုးလုံးလောက် လုံးပတ်ရှိပြီး အပြာရောင် သန်းနေတယ်။ လေးကြီုးကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ငွေ့အသက်တွေ ထွက်နေတယ်။

"လေးကိုယ်ထည်ကို မိုးကြိုး လေပွေ သတ္ထုနဲ့ တည်ဆောက်ထားတာလေ။ အရမ်းကို မာကြောတယ်။ လေးကြိုးကတော့ ပိုပြီး အဖိုးတန်တယ်။ နဂါးမျိုးနွယ်ဝင် မြွေနဂါး သတ္တဝါဆန်းကြီးကို သတ်ပြီး သူ့ အကြောနဲ့ လုပ်ထားတာလေ။ အရမ်းကို ဆန့်နိုင်အားကောင်းတယ်။ ငါ့ခွန်အားတွေ အခုထက် ၁၀ဆလောက် သန်စွမ်းလာရင်တောင် ငါမဖျက်ဆီး နိုင်ဘူး။ ငါ ဒီလေးကို မိုးကြိုး နဂါး လေး လို့ နာမည်ပေးထားတယ်။"

နင် မျက်စိအရောင် တလက်လက်နဲ့ နားထောင်နေတယ်။
" လေးကြိုးက မြွေနဂါး သတ္တဝါဆန်းရဲ့ အကြောနဲ့ လုပ်ထားတယ်?"

"ကဲ.. လာ.လာ.. အခြေခံကနေ စကြရအောင်။"
မျက်ကန်းငါးက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး သာမာန် လေးတစ်ချောင်းကို ထုတ်ယူလိုက်တယ်။

"မတ်တပ်ပစ်နည်း၊ ခုန်အုပ်ပြီး ပစ်နည်း၊ နောက်ဆုတ် ပစ်နည်း၊ ပြေးပြီးပစ်နည်း၊ ခုန်ချပြီးပစ်နည်း ……… သခင်လေးရေ မင်းရဲ့ သင်ခန်းစာကို နှစ်ပိုင်း ခွဲထားတယ်။ ပထမကတော့ အခြေခံ အပိုင်း၊ ဒုတိယတစ်ခုကတော့ စိတ်သင်ခန်းစာ အပိုင်းပဲ။"

"အခြေခံ အပိုင်းမှာတော့ ပထမပြောခဲ့တဲ့ အခြေခံ ငါမျိုးကို လက်၊ မျက်လုံးနဲ့ မြှား တစ်သားတည်းကျသည်အထိ လေ့ကျင့်ရမယ်။ မင်းရဲ့ ပစ်မှတ်ကို အမြဲတန်း မှန်တော့မှ နောက်သင်ခန်းစာကို ဆက်နိုင်မယ်။"

"စိတ်လေ့ကျင့်ရေးမှာကတော့ ဒီ အကွက်တွေက အရေးမကြီးတော့ဘူး။ တစ်ခုတည်းလိုအပ်တာက စိတ်နဲ့ မြှား တစ်သားတည်း ဖြစ်တဲ့ အဆင့်ပဲ။ ဒီအချိန်မှာ မင်းမျကလုံးကို မြင်ဖိုက အတွက် သုံးစရာမလိုတော့ဘူး။ မျက်လုံးသုံးတာက တော်တော်ကို နှေးသွားပြီ။ မင်းရဲ့ စိတ်ကိုပဲ အသုံးပြုရမယ်။ မျက်စိတစ်မှိတ် အတွင်းမှာ ရန်သူကို မိုးကြိုးပစ်သလို အလျင်မျိုးနဲ့ လေးနဲ့ မြှားကို သုံးပြီး တိုက်ခိုက်ရမယ်။ တကယ့် သေရေး ရှင်ရေးဆို မင်းအတွက် နှလုံး တစ်ခါ ခုန်စာ အချိန်လောက်ပဲ ရမှာ။ မင်းကို ဖြည်းဖြည်းချင်း ချိန်ပြီး တိုက်ခိုက်ခွင့် ဘယ်သူမှ မပေးဘူး။ မင်း စိတ်လေ့ကျင့်ခန်းပြီး ရင်တော့ မင်းသင်ခန်းစာတွေ ပြီးဆုံးသွားပြီ။"

နင် ခေါင်းညိတ်ပြီး နားထောင်နေတယ်။

ပြီးတော့ မျက်ကန်းငါး သင်ပြတဲ့အတိုင်း ခြေခံကနေ သေချာ လေ့ကျင့်သင်ကြားတယ်။

"လက်ကို သေချာဆန့်လိုက်၊ ဘယ်ဘက်လက်မောင်းကို ဆန့်ထုတ်လိုက်။"

"ဒါက လေးကိုဆွဲတဲ့ ပုံစံ အမှန်ပဲ။ သေချာရပ်နေပါ။"

"မျက်လုံး ၊ မျက်လုံး။ မင်းမျက်လုံးကန်းနေလား။"

သူစတင်ပြီး သေချာသင်ကြားတာနဲ့ မျက်ကန်းငါးက စဆူပါတော့တယ်။ မထီလေးစားတတ်တဲ့ နင်ကတော့ ပဲပြားလို ဖြစ်သွားပြီ။ တစ်ချိန်လုံး အဆူခံနေရတယ်။ နင်ဘာမှမတတ်နိုင်ပဲ တဖြည်းဖြည်းချင်း ခံနိုင်ရည် ရှိအောင် လေ့ကျင့်သင်ကြားလာခဲ့ပါတယ်။

မီတာ တစ်ထောင်လောက်မြင့်တဲ့ တိုက်တစ်လုံးကို ဆောက်ရင်တောင် မြေကြီးကပဲ စဆောက်ရတာပဲလေ။ ကျွမ်းကျင်တဲ့ လေးသမားဆိုတာလည်း အခြေခံကနေ စသင်ကြားရမှာပဲပေါ့။



ဆက်ပါဦးမည်>>>>>>
ဝတ္ထု : Desolate era
မူရင်း စာရေးဆရာ : I Eat tomatoes
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…



Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)