ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 17 (လက္နက္ ၀ယ္ယူျခင္း)
အခန္း ၁၇ (လက္နက္ ၀ယ္ယူျခင္း)
ႏွစ္ ရက္
ၾကာျပီးေနာက္….
ေတာနက္ထဲက တစ္ေနရာမွာ
ေျမြမိစာၦၾကီးတစ္ေကာင္ကို အနက္ေရာင္ ခ်ပ္၀တ္တန္ဆာ၀တ္ ျမင္းသည္ေတာ္ေတြ
၀ိုင္းရံထားၾကတယ္။
“ဂါး…”
ဒီ မိစာၦၾကီးဟာ
ေသြးေရာင္ ရွိေနျပီးေတာ့ သူ႕ ၀မ္းဗိုက္မွာ ေငြေရာင္ အလင္းတန္းေတြ ျဖာထြက္ေနတယ္။
သူ႕ ၀မ္းဗိုက္မွာ လက္သည္း ႏွစ္စံု ရွိေနတယ္။
ျပီးေတာ့ မ်က္လံုးေတြဟာ ေၾကာက္မက္ဖြယ္ေကာင္းေအာင္ အနီေရာင္ေတြ
ျဖာထြက္ေနတယ္။ ဒါေပမဲ့ အခုေတာ့ ဒီမိစာၦ ၾကီးဟာ ပိုက္ကြန္ထဲမွာ ရုန္းကန္ေနရပါတယ္။
သူဘယ္ေလာက္ ရုန္းရုန္း ပိုက္ကြန္ကို မဖ်က္ဆီးႏိုင္ပါဘူး။
“ဟား..ဟား..ဟား..”
အနီေရာင္ ခ်ပ္၀တ္တန္ဆာ
၀တ္ထားတဲ့ မုတ္ဆိတ္ရွည္နဲ႔ သူက ရီေမာလိုက္ပါတယ္။
“ဥာဏ္မရွိတဲ့ ေျမြ၊
မင္းကို လြယ္လြယ္နဲ႕ အရွင္ဖမ္းမိခဲ့ျပီ။ မင္းတို႕ေတြ ေသခ်ာ ခ်ည္ထားလိုက္စမ္း။”
“ဟုတ္ကဲ့”
အနက္ေရာင္
စစ္သည္ေတာ္ေတြက သံၾကိဳးမည္းၾကီးေတြ တစ္ေခ်ာင္းျပီး တစ္ေခ်ာင္း နဲ႕
ေျမြမိစာၦၾကီးကို အထပ္ထပ္ ခ်ည္လိုက္ၾကတယ္။ ေျမြၾကီးကို ဘယ္လိုမွ
မရုန္းထြက္ႏိုင္ေအာင္ ေသခ်ာ ခ်ည္လိုက္ၾကတယ္။ သိပ္မၾကာခင္မွာပဲ ေျမြၾကီးဟာ
ပါးစပ္ေတာင္ ဟလို႕ မရႏိုင္ေတာ့ဘူး။
“ကြန္မန္ဒါ.
ဒီေျမြၾကီးက ဘယ္က ေရာက္လာတာလဲမ သိဘူးေနာ္။ ဘာလို႕ သူ႕မွာ လက္သည္း ႏွစ္စံု
ရွိေနရတာလဲ။”
“အနီးမွာ ရွိေနတဲ့
အနက္ေရာင္ စစ္သည္ေတာ္က စူးစူးစမ္းစမ္း ေမးလိုက္တယ္။ ဒီ နတ္ဘုရားေသြးပါတဲ့ မိစာၦ
ဘယ္ကလာတယ္ဆိုတာကို သူဘယ္လိုမွ စဥ္းစားလို႕ မရဘူး ျဖစ္ေနတယ္။”
မုတ္ဆိတ္ရွည္နဲ႕ လူက
ရယ္ေမာလိုက္တယ္။
“ေျမြ အမ်ိဳး အႏြယ္
မြန္းစတားေတြဟာ ေသြးေနွာေနၾကတာ။ ငါ ဖင္းေဂါ့ ခႏၶာကုိယ္ ရွိတဲ့ ေျမြ အမ်ိဳးေပါင္း
ရာနဲ႕ခ်ီျပီး ျမင္ဘူးတယ္။ တစ္ခ်ိဳ႕ ေသြးမ်ိဳးဆက္ေတြသာ ေသြးသန္႕ၾကတယ္။ ဒါေၾကာင့္
အဲ့ဒီ မြန္းစတားေတြဟာ နာမည္ သီးသန္႔ ရွိၾကတယ္။ ဒါေပမဲ့ ဒီလို ေသြးေနွာေနတဲ့
ထူးျခားသြာတဲ့ ေကာင္ေတြမွာ ေတာ့ နာမည္ သီးသန္႕ မရွိဘူး။”
“သခင္ေလးက
ဓားသိုင္းက်င့္ဖို႕ အစြမ္းထက္တဲ့ ဟိုတ်န္ အဆင့္ မြန္းစတားေတြ လိုအပ္ေနတာ။ ဒီေကာင္က
သခင္ေလးအတြက္ ေလ့က်င့္ဖို႕ အဆင္ေျပတယ္။ ဒီေကာင့္ကို ျပန္သယ္သြားၾကမယ္။”
“ဟုတ္ကဲ့”
ျမင္းစီသူရဲေတြ
တေလးတစားျပန္ေျဖလိုက္ၾကတယ္။
“ဒီ အဖြဲ႕ ရဲ့
ကြန္မန္ဒါက အေနာက္ဘက္ ဂ်ိကလန္က ဇင္တ်န္အဆင့္ ရွိတဲ့ တန္ခိုးရွင္ တစ္ေယာက္ ျဖစ္တဲ့
နံပါတ္တစ္ ေလးသမား မ်က္ကန္းငါးပါ။ သူဟာ အခုထက္ထိ သခင္ေလးရဲ့ ဆရာတစ္ဦး ျဖစ္တဲ့
အျပင္ ဂ်ိေရာင္နဲ႕ ဂ်ိရီခၽြမ္တို႕ကို သစၥာ ရွိသူ တစ္ေယာက္လည္း ျဖစ္တယ္။ ျပီးေတာ့
သူဟာ သခင္ေလးကို သင္ၾကားေပးရတဲ့အတြက္လည္း ဂုဏ္ယူေနပါတယ္။”
သခင္ေလးဟာ
ဓားသိုင္းက်င့္ရာမွာ မြန္းစတားေတြကို အသံုးျပဳတယ္ဆိုတဲ့ သတင္းဟာ ျပန္႕ႏွံ႕ေနတာ
ၾကာပါျပီ။
“ေျပာရမယ္ဆိုရင္
သံုရက္ကို မြန္စတားတစ္ေကာင္ သတ္ျပီးေလ့က်င့္ေနတာေၾကာင့္ မြန္းစတားေတြ အမ်ားၾကီး
လိုအပ္ေနပါတယ္။ ဒီ လိုအပ္တဲ့ မြန္းစတားေတြကို အဓိက ျဖည့္ဆည္းေပးရတာက ဒီ အနက္ေရာင္
ျမင္းသည္ေတာ္ေတြ တာ၀န္ပါ။ ဒါေၾကာင့္ ဒီသတင္းဟာ စစ္တပ္ထဲမွာ ျပန္႕ေနပါတယ္။”
“သခင္ေလးဟာ ဟိုတ်န္
ထိပ္ဆံုး အဆင့္ကို ေရာက္ေနတာ ၾကာပါျပီ။ သူ႕ ဓားသိုင္းဟာ ဓားနဲ႕ တစ္သားတည္း
အဆင့္ကို ေရာက္ေနခဲ့ျပီးေတာ့ သူဟာ ဂ်ိကလန္ရဲ့ အဆင့္ျမင့္ ဓားသိုင္းကုိလည္း
ေလ့က်င့္ထားေသးတယ္။ ဒါေၾကာင့္ ဟိုတ်န္ ေနာက္ဆံုအဆင့္ မြန္းစတားကို သတ္ဖို႕ဆိုတာ
အလြယ္ေလးပါ။”
“ေျပာရရင္ သူဟာ
ဟိုတ်န္အဆင့္ ေဂါ့မြန္းစတားကိုေတာင္ သတ္ခဲ့ျပီးျပီ။”
“သခင္ေလး
အေၾကာင္းေျပာရရင္ သူ႕မွာ အရမ္းကို အထက္ျပီးေတာ့ ကာကြယ္လို႕ မရတဲ့ ၇တနာ လက္နက္
ရွိေနမွာပဲ။ ဒီလို လက္နက္နဲ႕ အဆင့္ျမင့္ ဓားသိုင္းကို ေပါင္းလိုက္ရင္ ဟိုတ်န္
ေနာက္ဆံုးအဆင့္ ေဂါ့မြန္းစတားကို သတ္ရတာ အရမ္းကို မခက္ေလာက္ပါဘူး။”
အေနာက္ ဂ်ိကလန္
စစ္တပ္မွာ ပ်ံ႕ႏွံ႕ေနတဲ့ ဒ႑ာရီေတြဟာ အရမ္းကို စံုလင္လွပါတယ္။
အေနာက္ဘက္ ဂ်ိကလန္ရဲ့
အစြမ္းထက္ တဲ့ ပုဂိၢဳလ္ တစ္ေယာက္ျဖစ္တဲ့ ဂ်ိလီကေတာ့ နင္ဟာ ေဂါ့မြန္းစတားကို
သတ္ႏို္င္ခဲ့တာ အစြမ္းထက္တဲ့ လက္နက္ တစ္ခုခုရွိလို႔ဆိုျပီး ယံုၾကည္ေနပါတယ္။
..
နဂါးနန္းေတာ္
ေလွာင္အိမ္…
အရမ္းကို ၾကံ့ခိုင္တဲ့
အနက္ေရာင္ အကြက္ေတြနဲ႕ မြန္းစတားၾကီးဟာ ေျမၾကီးေပၚမွာ လဲက်ေနပါတယ္။
သူ႕ခႏၶာကိုယ္မွာ ဒဏ္ရာေတြ ျပည့္ႏွက္ေနျပီးေတာ့ ေသြးေတြ အိုင္ေနပါတယ္။
နင္ ကေတာ့ အဲ့ဒီ
ေနရာနားမွာ မတ္တပ္ရပ္ေနျပီးေတာ့ မ်က္ေမွာင္ၾကဳတ္ျပီး စဥ္းစားေနပါတယ္။ သူ႕လက္ထဲက
ဓားဟာ ေပ်ာက္ကြယ္သြားပါျပီ။ သူဟာ ဒီလို ဟိုတ်န္ ေနာက္ဆံုး အဆင့္ မြန္းစတားေတြနဲ႕
တိုက္ခိုက္တဲ့အခါတိုင္းမွာ သူ႕ အတြင္းအား တစ္မ်ိဳး တည္းကိုသာ အသံုးျပဳျပီးေတာ့
သာမာန္ လက္နက္ကို သာ အသံုးျပဳပါတယ္။ေျပာရရင္ေတာ့ သူရဲ့ ခြန္အားဟာ အလြန္ကို
ၾကီးမားေနတာဆိုေတာ့ အဖိုးတန္ လက္နက္ကို သံုးျပီး ေလ့က်င့္တာဟာ ဘာမွ ထပ္တိုးတက္စရာ
မရွိေတာ့ပါဘူး။
“ဂ်ိနင္.”
အေပၚကေန
ေအာ္ေခၚလိုက္တယ္။
နင္ သူ႕အေဖကို
တအံ့တၾသေမာ့ၾကည့္ ျပီးေမးလိုက္တယ္။
“အေဖ ဘာလို႔ လာခဲ့တာလဲ။”
သူ ဒီ နဂါးနန္းေတာ္မွာ
ပထမဆံုး လစားေခြးၾကီးနဲ႕ တိုက္ခိုက္တဲ့ အခ်ိန္က လြဲလို႕ သံုးရက္ တစ္ၾကိမ္ တိုက္ခိုက္တိုင္းမွာ
သူ႕အေဖ မလာခဲ့ပါဘူး။
“မင္းဓားသိုင္း
ဘယ္ေလာက္ တိုးတက္လာလဲ လာၾကည့္တာ။ မင္း စတင္ခ်ိန္ကို ေရာက္ျပီလို႕ ထင္လား။”
“မေရာက္ေသးဘူး အေဖ။
ကၽြန္ေတာ္ ဒီတိုက္ပြဲတိုင္းမွာ မိုးေရစက္ ဓားသိုင္းနဲ႕ မိုးၾကိဳး မီးေတာက္ သိုင္းက
အနွစ္သာရ အသစ္ေတြကို နားမလည္ေသးဘူးအေဖ။”
“မိုးေရစက္
ဓားသိုင္းမွာ အဓိက သိုင္းကြက္ ၉ ကြက္ ရွိတယ္။”
“မိုးၾကိဳး မီးေတာက္
ဓားသိုင္းမွာ အဓိက သိုင္းကြက္ ၃ ကြက္ရွိတယ္။”
“ဒီ သိုင္းကြက္ေတြ
အကုန္လံုးဟာ အရမ္းကို အစြမ္းထက္တယ္။ တစ္ေယာက္ေယာက္သာ အရမ္းကို အဆင့္ျမင့္တဲ့
အဆင့္ကို ေအာင္ျမင္သြားခဲ့ရင္ ကမာၻနဲ႕ တစ္သားတည္း အဆင့္ကို ေရာက္သြားလိမ့္မယ္။
အဲ့ဒီ အဆင့္ ေရာက္ရင္ ကမာၻက အစြမ္းေတြကို အသံုးခ်လာႏိုင္လိမ့္မယ္။ ဒီအဆင့္ကို
စတင္တဲ့ အဆင့္လို႕လည္း ေခၚၾကတယ္။ ဒါေပမဲ့ အဲဒီအဆင့္ဟာ တတိယ ဓားအဆင့္ကို
ေရာက္သြားျပီလို႕ မဆိုလိုေသးဘူး။ တတိယ ဓားအဆင့္ကို အမွန္တကယ္ေရာက္တယ္ဆိုတာ ကမာၻနဲ႕
တစ္သားတည္းအဆင့္ကို လံုး၀ ေအာင္ျမင္သြားတာကိုဆိုလိုတာပဲ။ ဒီအခ်ိန္မွာ သာမွန္ ဓား
ခုတ္တာ ထိုးတာ အကုန္လံုးမွာ ကမာၻရဲ့ အႏွစ္သာရေတြ ပါ၀င္လာျပီ။ ဒီလို အခ်ိန္က်မွသာ
ကမာၻနဲ႕ တစ္သားတည္း အဆင့္လို႕ ေခၚတယ္။”
“စတင္တဲ့ အဆင့္ဆိုတာ
ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ယာယီ ေရာက္သြားတာကို ေျပာခ်င္တာပဲ။ ဒီအခ်ိန္မွာ
တစ္ခ်ိဳ႕ ဓားသိုင္းေတြ သံုးတဲ့အခါက်ရင္ ကမာၻနဲ႕ တစ္သားတည္းအဆင့္က အစြမ္းေတြကို
ထုတ္လာႏိုင္တယ္။”
သူ႕အေဖေျပာသလိုဆိုရင္
“စတင္တဲ့
အဆင့္ကိုေရာက္တဲ့အခါမွာ နားလည္မႈေတာ္ေတာ္ ျမင့္လာျပီလို႕ ေျပာလို႕ ရတယ္။”
“တစ္ကယ္လို႕သာ ကမာၻနဲ႕
တစ္သားတည္း အဆင့္ကို ေရာက္တယ္လို႕ ေျပာရင္ သူဟာ ပညာရပ္တစ္ခုရဲ့
ဆရာတစ္ဆူျဖစ္သြားျပီလို႕ ေျပာလို႕ရတယ္။”
“ဒ႑ာရီထဲက
ပံုျပင္ေတြအ၇ဆို..
ကမာၻနဲ႕
တစ္သားတည္းအဆင့္ ျပီးသြားရင္ ပိုျပီးေတာ့ နက္နဲတဲ့ အဆင့္ေတြ ရွိလာတယ္။ ဒီ မိုးေ၇စက္
ဓားသိုင္းနဲ႕ မိုးၾကိဳးမီးေတာက္ ဓားသိုင္းေတြဟာ ကမာၻနဲ႕ တစ္သားတည္း အဆင့္ထက္
ပိုျမင့္တဲ့ ပညာရွင္ေတြက ဖန္တီးခဲ့တာ ျဖစ္တယ္။”
“မင္း ဓားပညာကို
ဒီေလာက္အထိ ဆက္ျပီး ၾကိဳးၾကိဳးစားစား ေလ့က်င့္ဖို႕ မလိုအပ္ေတာ့ပါဘူး။ ဒီေန႕
ေနြဦးျမက္နဲ႕ ေဆာင္းဦး သစ္ရြက္ တို႕ကိုေခၚျပီး အျပင္ထြက္လည္လိုက္ပါဦး။”
“ဟုတ္ကဲ့အေဖ။”
နင္
လမ္းက်ဥ္းေလးအတိုင္း လွည့္ထြက္လာခဲ့တယ္။ ေသေနတဲ့ မြန္းစတား အေလာင္းကိုေတာ့
တစ္ေယာက္ေယာက္က ရွင္းေပးသြားပါလိမ့္မယ္။
….
အေနာက္ဘက္ ဂ်ိကလန္
ျမိဳ႕ေတာ္မွာ လူဦးေရသိန္းနဲ႕ခ်ီျပီး ရွိတဲ့ ျမိဳ႕ၾကီးတစ္ျမိဳ႕ပါ။
သခင္ေလး ကၽြန္မတို႔
ဒီလို အျပင္ထြက္မလည္တာ ေတာ္ေတာ္ ၾကာျပီေနာ္။
သူ႕ ရံေရြေတာ္
မေလးႏွစ္ေယာ္ကဟာ ေပ်ာ္ရႊင္စြာနဲ႕ ပါလာၾကတယ္။
နင္လည္း ျပံဳးျပီးေတာ့
လမ္းေပၚမွာ ေလွ်ာက္သြားေနတယ္။ ဒီေနရာဟာ လူအစည္ဆံုး လမ္းမတစ္ခုေပါ့။ ေျပာရမယ္ဆိုရင္
ကုန္သည္ေတြဟာ ဒီလမ္းမွာ ဥဒဟို ျဖတ္သန္းသြားလာေနၾကတယ္။ လမ္းမၾကီးဟာ ဆယ္မီတာေလာက္
က်ယ္၀န္းပါတယ္။ဒါေပမဲ့ တစ္ဖက္ တစ္ခ်က္က ေစ်းဆိုင္ေတြက လမ္းမၾကီး တစ္၀က္ေလာက္ကို
ေနရာယူထားၾကတယ္။ ဒါေၾကာင့္ ေလွ်ာက္စရာလမ္းက ၇မီတာေလာက္ပဲ က်န္ပါေတာ့တယ္။
“ဒီ မိန္းကေလး ကို
ၾကည့္စမ္း။ သူ႕ရင္သားေတြကို ၾကည့္ၾကည့္ၾကစမ္းပါ။ သူ႕အိုးကို ၾကည့္ၾကည့္ၾကစမ္းပါ။
ဘယ္ေလာက္ သန္စြမ္းလည္းဆိုတာ။ သူကေလးေတြ အမ်ားၾကီး ေမြးေပးႏိုင္မွာပဲ။
ဒီေကာင္မေလးတန္ဖိုးက သိုးသားေရ ၁၀ ခု။”
“ဒီ ေယာက်္ားေတြဟာ
စစ္သူရဲေတြပါ။ သူတို႕ဟာ ေပါင္ခ်ိန္ ၁၀၀၀ ကို အသာေလးမႏိုင္တယ္။ ေရႊ ၅တံုးပဲ
ေပးရမယ္ေနာ္။ မင္းတို႕ တစ္ေယာက္၀ယ္ရင္ ကေလးတစ္ေယာက္ပါ အပို လက္ေဆာင္ရမယ္။”
သားေမြး၀တ္စံု
၀တ္ထားတဲ့ ကတံုးနဲ႕ လူၾကီးက ရင္ေခါင္းသံနဲ႕ ေအာ္ဟစ္ ေစ်းေရာင္းေနတယ္။ သူ႕အနားမွာ
သားေမြး၀တ္စံု၀တ္ စစ္သူရဲေတြ အမ်ားၾကီး ကာကြယ္ ၀န္းရံထားတယ္။ သူ႕မွာေတာ့
ညစ္ညစ္ပတ္ပတ္ အ၀တ္အစားေတြ ၀တ္ထားတဲ့ ကၽြန္ေတြ အမ်ားၾကီးကို ေရာင္းခ်ေနတယ္။
ကၽြန္ေတြအကုန္လံုးဟာ သနားစရာ မ်က္လံုးေတြနဲ႕ ပတ္၀န္းက်င္ကလူေတြကို ၾကည့္ေနျပီးေတာ့
သူတို႕စိတ္ထဲမွာ သခင္ေကာင္းနဲ႕ ေတြ႕ဖို႕ ဆုေတာင္းေနၾကတယ္။ သူတို႕ ႏွဖူးမွာ
သေကၤတေတြ ေရးထားတယ္။
ဒီ အမွတ္အသားေတြဟာ
ေရာင္းရန္လို႕ ေဖာ္ျပထားတာျဖစ္တယ္။
……
သူတို႕ေတြ လည္ပတ္
ၾကည့္ရႈေနၾကတယ္။
အဲ့ဒီေနရာမွာ
ကၽြန္ကုန္သည္ေတြ၊ သားေမြးကုန္သည္ေတြ၊ လက္နက္ကုန္သည္ေတြ၊ မြန္းစတားကုန္သည္ေတြ
စသည္ျဖင့္ လူမ်ိဳးစံု ရွိေနပါတယ္။ အလြန္ အဖိုးတန္တဲ့ စာအုပ္ေတြ၊ လက္နက္ေတြ၊
အဆိပ္ေတြနဲ႕ အဖိုးတန္ ေဆးပင္ေတြ အျပင္ သိုင္းက်မ္းေပါင္းစံု နဲ႕ တျခားအဖိုးတန္
ပစၥည္းေပါင္းစံုကို ေရာင္းခ်ေနၾကပါတယ္။
“ ဒီ အဖိုးတန္
လက္နက္ရဖို႕ ငါတို႕ ကလန္က စစ္သူရဲ အေယာက္ ၁၀၀ ေက်ာ္ စေတးခဲ့ရတယ္။ ဒီလက္နက္ကို
ရျပီးေတာ့လည္း အျပန္လမ္းမွာ ၾကမ္းတမ္းတဲ့ အခက္အခဲေတြ အမ်ားၾကီးကုိ
ေက်ာ္ျဖတ္ခဲ့ရတယ္။ ေနာက္ဆံုးမွ ငါတို႕ အေနာက္ပိုင္း ဂ်ိကလန္ကို ေရာက္ခဲ့ၾကတာပါ။
ငါတို႕ေတြ ေရႊတံုး အခ်ိန္ ၃၀ ပိသာ ေပးရင္ေတာင္ ဘယ္လိုမွ မေရာင္းႏိုင္ဘူး။ အဲ့ဒါကိုေတာင္ မင္းတို႕က ေရႊ ၁၀တံုးနဲ႕
ေစ်းလာဆစ္ေနတယ္။ အရမ္း နည္းလြန္းတယ္။ အနည္းဆံုး ေရႊအခ်ိန္ ၁၀၀ ပိသာ ရမွ ေရာင္းႏိုင္မယ္။”
အနီးအနားကေန
ေအာ္ဟစ္သံေတြကို ၾကားလိုက္ရတယ္။
နင္ စူးစူးစမ္းစမ္းနဲ႕
ၾကည့္လိုက္တယ္။
နင္ ကို္ယ္ခႏၶာ
ၾကံ့ခိုင္တဲ့ လူ ၃ ေယာက္ကို လူေတြ ၀ိုင္းၾကည့္ေနတာ ေတြ႕ လိုက္ရတယ္။ ၃ေယာက္မွာ
၁ေယာက္ကေတာ့ ေျမြအနက္တစ္ေကာင္ကို လက္မွာ ပတ္ထားတယ္။ အဲ့ဒီလူကပဲ ဆက္ျပီးေတာ့
“ ေရႊ အခ်ိန္ ၁၀၀ ပဲ။
ေရႊအခ်ိန္ ၁၀၀ ေပးႏိုင္တဲ့ ဘယ္သူမဆို ဒီလက္နက္ကို ပိုင္ဆိုင္ႏိုင္မယ္။”
“အရမ္းကို
ေလာဘၾကီးတာပဲ”
ေႏြဦး ျမက္ကေလးနဲ႕
ေဆာင္းဦး သစ္ရြက္ေလး။ ။ သူတို႕က
ေရႊအခ်ိန္ ၁၀၀ေတာင္ ေတာင္းရဲတယ္။
နင္လည္းအံ့ၾသသြားတယ္။
ဒီ ေရႊအခ်ိန္ တစ္ပိသာဟာ ဒီကမာၻ သားရဲေခါင္းပမာဏရွိတဲ့ ေရႊတံုးကို ေျပာတာျဖစ္ျပီးေတာ့
ေပါင္ခ်ိန္ ၁၀ ခန္႕ အေလးခ်ိန္ရွိတယ္။ အခ်ိန္၁၀၀ဟာ ေပါင္ခ်ိန္ ၁၀၀၀
အေလးခ်ိန္ရွိေနတယ္။ ဒီလို ဂ်ိကလန္ရဲ့ သခင္ေလးအတြက္ ဒီပမာဏက မေျပာပေလာက္ေပမဲ့
သာမာန္ ဂ်ိကလန္၀င္ တစ္ဦးအတြက္ေတာ့ အရမ္းကို မ်ားျပားလြန္းပါတယ္။
“ဘယ္ေလာက္ပဲ
ထက္ေနေအာင္ေသြးထားထား သာမာန္ လက္နက္ပါပဲ”
“ျပီးေတာ့ ဒီဟာက
ေမွာ္ရတနာ အေကာင္းလည္း မဟုတ္ေသးဘူး။ ပ်က္ဆီးေနတဲ့ ေမွာ္ရတနာပဲ။ ဒါေၾကာင့္ သာမာန္
လက္နက္အေန ေလာက္ပဲ အသံုး၀င္ေတာ့တယ္။”
“ေရႊအခ်ိန္ ၂၀။ ငါ
ေရႊအခ်ိန္ ၂၀ေပးမယ္။ ဒါ အမ်ားဆံုးပဲ။ မင္းေရာင္းရင္ ငါ၀ယ္မယ္။”
လူတစ္ခ်ိဳ႕က
ေစ်းေခၚေနၾကတယ္။
“ေရႊအခ်ိန္ ၁၀၀ပဲ။”
လူၾကီးက ေစ်းကို လံုး၀
မေျပာင္းေပးပါဘူး။ သူ႕ေဘးက လူႏွစ္ေယာက္က ပရိတ္သတ္ကို ေသခ်ာ မ်က္ေျခမျပတ္
ၾကည့္ေနတယ္။ တစ္ေယာက္ေယာ္က သူတို႕ ရတနာကို လုယူသြားမွာ ကို စိုးရိမ္ေနတယ္။ ဒီ ရတနာ
အတြက္ သူတို႕ ကလန္က လူေတြ အမ်ားၾကီး အသက္ေပးခဲ့ရတယ္။ ျပီးေတာ့ အထီးက်န္ ေတာအုပ္ေတြကေန
ျမိဳ႕ေပၚကို ေရာက္ေအာင္လာဖို႕ အခက္အခဲေတြ အမ်ားၾကီး ေက်ာ္ျဖတ္ခဲ့ရတဲ့ အတြက္
စစ္သူရဲေတြ ထပ္ျပီးေသဆံုခဲ့ရတယ္။ ဒါေၾကာင္ သူတို႕ ဒီ ရတနာကို ေစ်း အျမင္နဲ႕ပဲ
ေရာင္းမွ တြက္ေျခကိုက္ႏိုင္မယ္။
သူတို႕ေတြ ဒီ ရတနာကို
ေရာင္းခ်ႏိုင္ခဲ့ရင္ သူတို႕ ကလန္အတြက္ ကၽြန္တခ်ိဳ႕ နဲ႕ လက္နက္ေကာင္းတခ်ိဳ႕ကို
၀ယ္ယူလိုက္ႏိုင္မယ္။ ဒီလိုမွသာ သူတို႕ကလန္ကို ျပန္ျပီးေတာ့ အားျဖည့္ေပးႏိုင္မွာ။
ဂ်ိနင္။ ။ ငါ့ကို ခဏ ျပစမ္းပါဦး
ဂ်ိနင္ ရတနာ
ဓားကိုင္ထားတဲ့ လူဆီကို ေလွ်ာက္လွမ္းသြားတယ္။
“သခင္ေလး”
“သခင္ေလး”
“ဒါက ဂ်ိကလန္ရဲ့
သခင္ေလးလား? မိုးေရစက္ ဓားရဲ့ သားေပါ့?”
ေပးကလူေတြက တေလးတစား
ေနာက္ဆုတ္ျပီး လမ္းဖယ္ေပးလိုက္ၾကတယ္။ တန္ဖိုးၾကီး ပစၥည္းကို အသံုးျပဳႏိုင္သူ
ဘယ္သူမဆို သာမာန္လူ တစ္ေယာက္ မျဖစ္ႏိုင္ဘူး။ ျပီးေတာ့ အရင္ႏွစ္ေတြက နင္က ျမွားေရး
ေလ့က်င့္ဖို႕ အတြက္ ေျမေခြးျဖူၾကီးနဲ႕ အတူ ျမိဳ႕ျပင္ ထြက္ထြက္လာတယ္ေလ။ ဒါေၾကာင့္
သူ႕ကို လူေတြက ဂ်ိကလန္ရဲ့ ေတာ္၀င္ သခင္ေလးဆိုတာကို မွတ္မိေနၾကတယ္။ သူ႕ကို မသိတဲ့
သူေတြလည္း တျခားလူေတြ ေျပာတာ ၾကားျပီးေတာ့ အရိုအေသ ေပးလိုက္ၾကတယ္။
ေျမြနက္ၾကီးနဲ႕ လူၾကီးက
တျခားသူေတြ အရိုအေသေပးျပီး လမ္းဖယ္ေပးလိုက္တာရယ္၊ ဂ်ိကလန္ရဲ့ သခင္ေလး လို႕ ၾကားလိုက္တာရယ္
မိုးေရစက္ဓားရဲ့ သားဆိုတာကို သိသြားတဲ့ အခါမွာ သူ႕ ႏွလံုးခုန္ ျမန္လာတယ္။ ဒီ
ဂ်ိကလန္ရဲ့ ပိုင္နက္ ေဒသမွာ ေနထိုက္သူ တစ္ေယာ္က အေနနဲ႕ သူတို႕အကုန္လံုး
မိုးေရစက္ဓားရဲ့ ဒ႑ာရီကို ၾကားဖူးၾကတယ္။ မိုးေရစက္ဓားဟာ အေနာက္ဘက္ ဂ်ိကလန္မွာ
ျပိဳင္ဘက္ကင္း သိုင္းသမား တစ္ေယာက္ ျဖစ္ျပီးေတာ့ သူ႕ ဒ႑ာရီဟာ နတ္ဘုရားတစ္ပါးလို
ျဖစ္ေနျပီ။
ျပီးေတာ့ သူ႕ေရွ႕က သူက
မိုးေရစက္ ဓားရဲ့ တစ္ဦးတည္းေသာ သား?
ဂ်ိနင္။ ။ ငါ့ကို ခဏေပးၾကည့္ပါဦး။
ေျမြနက္နဲ႕ လူၾကီး။ ။ ဂုဏ္သေရရွိ သခင္ေလး ေက်းဇူးျပဳ၍ ေလ့လာၾကည့္ပါဦး ခင္ဗ်ာ။
သူက ဓားကို လက္ႏွစ္ဖက္နဲ႕
ကိုင္ျပီး တရိုတေသ ေပးလိုက္တယ္။ သူ႕ ေနာက္မွာ ရွိတဲ့ လူၾကီး ႏွစ္ေယာက္ကလည္း
စိတ္ေတြ လႈပ္ရွားေနၾကတယ္။ သူတို႕ေတြစိတ္ထဲမွာ ဒီလို ရာထူး ဂုဏ္ရွိန္ ၾကီးက်ယ္
ျမင့္ျမတ္တဲ့ သခင္ေလးက သူတို႕ရတနာကို အတင္းအက်ပ္ ေတာင္းယူသြားမွာ စိုးရိမ္ေနၾကတယ္။
မ်ိဳးႏြယ္စုေတြမွာ ရာထူးၾကီးတဲ့ လူေတြဟာ တျခားသူရဲ့ ရတနာကို အတင္းအက်ပ္
ေတာင္းယူတာဟာ ျဖစ္ေနၾကပဲေလ။ အေနာက္ဘက္ ဂ်ိကလန္ ျမိဳ႕ေတာ္မွာ ဒီလုိ လုပ္ရပ္ေတြကို
တားျမစ္ထားတယ္။ ဘယ္သူမွ ဂ်ိကလန္က ထုတ္ျပန္တဲ့ စည္းမ်ဥ္းကို မခ်ိဳးေဖာက္ရဲဘူးေလ။
ျဖစ္ခ်င္ေတာ့ သူတို႕ေရွ႕က လူငယ္ေလးက ဂ်ိကလန္ရဲ့ သခင္ေလးေလ။ ျပီးေတာ့
မိုးေရစက္ဓားရဲ့ တစ္ဦးတည္းေသာ သား။
နင္ ဓားကို
လက္ခံလိုက္တဲ့ အခါမွာ ဓားအေလးခ်ိန္ေၾကာင့္ သူ႔လက္ အနည္းငယ္ နိမ့္ဆင္းသြားတယ္။
ဒီဓားဟာ မည္းနက္ေနတဲ့ ဓားတစ္လက္ပဲ။ ထူထဲ မည္းနက္ေနတဲ့ ဓားအိမ္ဟာ ရိုးရွင္းျပီး
သိပ္ထူးျခားပါဘူး။ ဒါေပမဲ့ ေသခ်ာ ၾကည့္လိုက္တဲ့ အခါမွာ ဓားအိမ္ထဲမွာ ဓား
၃ေခ်ာင္းရွိေနတာ ေတြ႕ ရတယ္။
ဂ်ိနင္။ ။ ဓားအိမ္တစ္ခု၊ ဓား ၃ေခ်ာင္း။ ထူးျခားတယ္။
နင္ တအံ့တၾသနဲ႕
ဓားေတြကို ဆြဲ ထုတ္လိုက္တယ္။
“ခၽြမ္..”
ဓား ၃ေခ်ာင္းကို
ဆြဲထုတ္လိုက္တဲ့ အခါမွာ ဓားရဲ့ ေအးစက္တဲ့ အေငြ႕ အသက္ေတြ ထြက္လာတယ္။ ျပီးေတာ့ ဓားကိုယ္ထည္မွာ
ရွိေနတဲ့ အလြန္ကို ေရွးက်တဲ့ အနည္းငယ္ ပ်က္ဆီးေနတဲ့ ေမွာ္သေကၤတေတြ ကေနျပီးေတာ့
အလင္းေရာင္ မွိန္ေဖ်ာ့ေဖ်ာ့ ျဖာထြက္လာတယ္။
ဂ်ိနင္။ ။ ဘယ္ေလာက္ ႏွေျမာဖို႕ ေကာင္းလဲ။
သူသက္ျပင္း
ခ်လိုက္မိတယ္။ သူဟာ နန္းေတာ္ မွာ ေနတုန္းက ရတနာ မ်ိဳးစံုကို ေတြ႔ျမင္ဖူးပါတယ္။ ဒီ
ဆန္းက်ယ္တဲ့ ေမွာ္ သေကၤတေတြနဲ႕ သူတို႕ ကထြက္လာတဲ့ စြမ္းအင္ အေငြ႕ အသက္ကို
ခံစားလိုက္ရတာနဲ႕ ဒီဓားေတြဟာ အလြန္ကို အဖိုးတန္တဲ့ ေမွာ္ရတနာ္ေတြဆိုတာ
သူနားလည္ပါတယ္။ ဒီ ဓား ၃ေခ်ာင္းဟာ အင္ေမာ္တယ္ တစ္ေယာက္ရဲ့ ရတနာ ဓားပ်ံ ၃ေခ်ာင္း
ျဖစ္ႏိုင္တယ္။ ဒါေပမဲ့ ဒီ သေကၤတေတြဟာ ပ်က္ဆီးေနျပီ။ ဒီ ေမွာ္ရတနာဟာ
ေတာ္ေတာ္ၾကီးကို ပ်က္ဆီးေနျပီလို႕ ေျပာလို႕ရတယ္။ အခုေတာ့ သာမာန္ လက္နက္ အေနနဲ႕ သာ
သံုးႏိုင္ေတာ့မွာ။
ဂ်ိနင္ ဓားသြားကို
လက္ညွိဳးနဲ႕ ေတာက္လိုက္တယ္။
ခၽြင္…
ေျမြနဲ႕ လူၾကီး။ ။ သတိထားပါ သခင္ေလး။ ဒီဓားေတြက အရမ္းကို
ထက္တယ္။ ေက်ာက္တံုးကိုေတာင္ တုိ႕ဖူးကို ျဖတ္သလို အသာေလး ျဖတ္ႏိုင္တယ္။
နင္ ရဲ့ လက္ညိွဳးထိပ္က
အေရျပားအနည္းငယ္ တုန္ခါသြားတယ္။ သူအလြန္ အံ့ၾသသြားတယ္။
“ငါ့မွာ ေရႊၾကယ္၀တ္စံု
၀တ္ထားတယ္။ ဒီ ၀တ္စံုက ခႏၶာကိုယ္ တစ္ခုလံုးကို ပ်ံ႕ႏွံ႕ျပီးေတာ့ အေရျပားနဲ့
ေပါင္းသြားျပီး ေနရာလပ္မက်န္ ကာကြယ္ေပးထားတယ္။ အခု ငါ့လက္ကို သာမန္ အားမစိုက္ပဲ
လွီးလိုက္တာမွာ ေရႊၾကယ္ ၀တ္စံုကိုပါ သက္ေရာက္မႈ ရွိသြားတယ္။ တစ္ကာ္လို႕သာ ငါ
ခြန္အားထည့္ျပီး ခုတ္လိုက္မယ္ဆိုရင္ ေရႊၾကယ္ ၀တ္စံုရဲံ ကာကြယ္မႈ
ပ်က္ဆီးသြားလိမ့္မယ္။ ငါ ေလးပညာ က်င့္ဖို႕ ျမိဳ႕ုျပင္ထြက္ရင္ ဒီလမ္းကို အျမဲတမ္း
ျဖတ္ရတယ္။ တစ္ခါမွ ဒီလို အဖိုးတန္ျပီး ဒီေလာက္ထက္တဲ့ လက္နက္ကို မေတြ႕ဖူးေသးဘူး။”
တျခားလူေတြလည္း ဒီ
လက္နက္ဟာ အလြန္ ထက္မွန္း သိေပမဲ့ ဘယ္ေလာက္အထိ ထက္ျမေနမွန္းကို မသိၾကဘူး။ ဒါေပမဲ့
နင္ကေတာ့ သူ႕ေရႊၾကယ္ ၀တ္စံုေတာင္ ဒီ ဓားကို မတားဆီးႏိုင္မွန္း သိေနတယ္။
ဂ်ိနင္။ ။ ငါ ဒီလက္နက္ ကို လိုခ်င္တယ္။
သူ ေျမြနဲ႕ လူၾကီးကို
စိုက္ၾကည့္ျပီးေျပာလိုက္တယ္။
လူၾကီးက အရမ္းကို
စိတ္လႈပ္ရွားျပီး စိုးရိမ္ေနတယ္။
ေျမြနဲ႕ လူၾကီး။ ။ သခင္ေလး ခင္ဗ်ာ၊ ဒီ လက္နက္ကို ရဖို႕အတြက္
ကၽြန္ေတာ္တို႕ မ်ိဳးႏြယ္စု……
ဒီလို ရာထူးဂုဏ္ရွိန္
ျမင့္မားလြန္းတဲ့ လူငယ္ေလး ေရွ႕မွာ သူဟာ စိတ္လႈပ္ရွားျပီး တန္ရာတန္ေၾကးကို
ေတာင္းဆိုဖို႕ မ၀ံ့မရဲ ျဖစ္ေနတယ္။
ဆက္ပါဦးမည္>>>>>>
၀တၳဳ : Desolate era
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…
၀တၳဳ : Desolate era
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…
အခန်း ၁၇ (လက်နက် ဝယ်ယူခြင်း)
နှစ် ရက် ကြာပြီးနောက်….
တောနက်ထဲက တစ်နေရာမှာ မြွေမိစ္ဆာကြီးတစ်ကောင်ကို အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် မြင်းသည်တော်တွေ ဝိုင်းရံထားကြတယ်။
“ဂါး…”
ဒီ မိစ္ဆာကြီးဟာ သွေးရောင် ရှိနေပြီးတော့ သူ့ ဝမ်းဗိုက်မှာ ငွေရောင် အလင်းတန်းတွေ ဖြာထွက်နေတယ်။ သူ့ ဝမ်းဗိုက်မှာ လက်သည်း နှစ်စုံ ရှိနေတယ်။ ပြီးတော့ မျက်လုံးတွေဟာ ကြောက်မက်ဖွယ်ကောင်းအောင် အနီရောင်တွေ ဖြာထွက်နေတယ်။ ဒါပေမဲ့ အခုတော့ ဒီမိစ္ဆာ ကြီးဟာ ပိုက်ကွန်ထဲမှာ ရုန်းကန်နေရပါတယ်။ သူဘယ်လောက် ရုန်းရုန်း ပိုက်ကွန်ကို မဖျက်ဆီးနိုင်ပါဘူး။
“ဟား..ဟား..ဟား..”
အနီရောင် ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ မုတ်ဆိတ်ရှည်နဲ့ သူက ရီမောလိုက်ပါတယ်။
“ဉာဏ်မရှိတဲ့ မြွေ၊ မင်းကို လွယ်လွယ်နဲ့ အရှင်ဖမ်းမိခဲ့ပြီ။ မင်းတို့တွေ သေချာ ချည်ထားလိုက်စမ်း။”
“ဟုတ်ကဲ့”
အနက်ရောင် စစ်သည်တော်တွေက သံကြိုးမည်းကြီးတွေ တစ်ချောင်းပြီး တစ်ချောင်း နဲ့ မြွေမိစ္ဆာကြီးကို အထပ်ထပ် ချည်လိုက်ကြတယ်။ မြွေကြီးကို ဘယ်လိုမှ မရုန်းထွက်နိုင်အောင် သေချာ ချည်လိုက်ကြတယ်။ သိပ်မကြာခင်မှာပဲ မြွေကြီးဟာ ပါးစပ်တောင် ဟလို့ မရနိုင်တော့ဘူး။
“ကွန်မန်ဒါ. ဒီမြွေကြီးက ဘယ်က ရောက်လာတာလဲမ သိဘူးနော်။ ဘာလို့ သူ့မှာ လက်သည်း နှစ်စုံ ရှိနေရတာလဲ။”
“အနီးမှာ ရှိနေတဲ့ အနက်ရောင် စစ်သည်တော်က စူးစူးစမ်းစမ်း မေးလိုက်တယ်။ ဒီ နတ်ဘုရားသွေးပါတဲ့ မိစ္ဆာ ဘယ်ကလာတယ်ဆိုတာကို သူဘယ်လိုမှ စဉ်းစားလို့ မရဘူး ဖြစ်နေတယ်။”
မုတ်ဆိတ်ရှည်နဲ့ လူက ရယ်မောလိုက်တယ်။
“မြွေ အမျိုး အနွယ် မွန်းစတားတွေဟာ သွေးနှောနေကြတာ။ ငါ ဖင်းဂေါ့ ခန္ဓာကိုယ် ရှိတဲ့ မြွေ အမျိုးပေါင်း ရာနဲ့ချီပြီး မြင်ဘူးတယ်။ တစ်ချို့ သွေးမျိုးဆက်တွေသာ သွေးသန့်ကြတယ်။ ဒါကြောင့် အဲ့ဒီ မွန်းစတားတွေဟာ နာမည် သီးသန့် ရှိကြတယ်။ ဒါပေမဲ့ ဒီလို သွေးနှောနေတဲ့ ထူးခြားသွာတဲ့ ကောင်တွေမှာ တော့ နာမည် သီးသန့် မရှိဘူး။”
“သခင်လေးက ဓားသိုင်းကျင့်ဖို့ အစွမ်းထက်တဲ့ ဟိုတျန် အဆင့် မွန်းစတားတွေ လိုအပ်နေတာ။ ဒီကောင်က သခင်လေးအတွက် လေ့ကျင့်ဖို့ အဆင်ပြေတယ်။ ဒီကောင့်ကို ပြန်သယ်သွားကြမယ်။”
“ဟုတ်ကဲ့”
မြင်းစီသူရဲတွေ တလေးတစားပြန်ဖြေလိုက်ကြတယ်။
“ဒီ အဖွဲ့ ရဲ့ ကွန်မန်ဒါက အနောက်ဘက် ဂျိကလန်က ဇင်တျန်အဆင့် ရှိတဲ့ တန်ခိုးရှင် တစ်ယောက် ဖြစ်တဲ့ နံပါတ်တစ် လေးသမား မျက်ကန်းငါးပါ။ သူဟာ အခုထက်ထိ သခင်လေးရဲ့ ဆရာတစ်ဦး ဖြစ်တဲ့ အပြင် ဂျိရောင်နဲ့ ဂျိရီချွမ်တို့ကို သစ္စာ ရှိသူ တစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ သူဟာ သခင်လေးကို သင်ကြားပေးရတဲ့အတွက်လည်း ဂုဏ်ယူနေပါတယ်။”
သခင်လေးဟာ ဓားသိုင်းကျင့်ရာမှာ မွန်းစတားတွေကို အသုံးပြုတယ်ဆိုတဲ့ သတင်းဟာ ပြန့်နှံ့နေတာ ကြာပါပြီ။
“ပြောရမယ်ဆိုရင် သုံရက်ကို မွန်စတားတစ်ကောင် သတ်ပြီးလေ့ကျင့်နေတာကြောင့် မွန်းစတားတွေ အများကြီး လိုအပ်နေပါတယ်။ ဒီ လိုအပ်တဲ့ မွန်းစတားတွေကို အဓိက ဖြည့်ဆည်းပေးရတာက ဒီ အနက်ရောင် မြင်းသည်တော်တွေ တာဝန်ပါ။ ဒါကြောင့် ဒီသတင်းဟာ စစ်တပ်ထဲမှာ ပြန့်နေပါတယ်။”
“သခင်လေးဟာ ဟိုတျန် ထိပ်ဆုံး အဆင့်ကို ရောက်နေတာ ကြာပါပြီ။ သူ့ ဓားသိုင်းဟာ ဓားနဲ့ တစ်သားတည်း အဆင့်ကို ရောက်နေခဲ့ပြီးတော့ သူဟာ ဂျိကလန်ရဲ့ အဆင့်မြင့် ဓားသိုင်းကိုလည်း လေ့ကျင့်ထားသေးတယ်။ ဒါကြောင့် ဟိုတျန် နောက်ဆုံအဆင့် မွန်းစတားကို သတ်ဖို့ဆိုတာ အလွယ်လေးပါ။”
“ပြောရရင် သူဟာ ဟိုတျန်အဆင့် ဂေါ့မွန်းစတားကိုတောင် သတ်ခဲ့ပြီးပြီ။”
“သခင်လေး အကြောင်းပြောရရင် သူ့မှာ အရမ်းကို အထက်ပြီးတော့ ကာကွယ်လို့ မရတဲ့ ၇တနာ လက်နက် ရှိနေမှာပဲ။ ဒီလို လက်နက်နဲ့ အဆင့်မြင့် ဓားသိုင်းကို ပေါင်းလိုက်ရင် ဟိုတျန် နောက်ဆုံးအဆင့် ဂေါ့မွန်းစတားကို သတ်ရတာ အရမ်းကို မခက်လောက်ပါဘူး။”
အနောက် ဂျိကလန် စစ်တပ်မှာ ပျံ့နှံ့နေတဲ့ ဒဏ္ဍာရီတွေဟာ အရမ်းကို စုံလင်လှပါတယ်။
အနောက်ဘက် ဂျိကလန်ရဲ့ အစွမ်းထက် တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တဲ့ ဂျိလီကတော့ နင်ဟာ ဂေါ့မွန်းစတားကို သတ်နိုင်ခဲ့တာ အစွမ်းထက်တဲ့ လက်နက် တစ်ခုခုရှိလို့ဆိုပြီး ယုံကြည်နေပါတယ်။
..
နဂါးနန်းတော် လှောင်အိမ်…
အရမ်းကို ကြံ့ခိုင်တဲ့ အနက်ရောင် အကွက်တွေနဲ့ မွန်းစတားကြီးဟာ မြေကြီးပေါ်မှာ လဲကျနေပါတယ်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ပြည့်နှက်နေပြီးတော့ သွေးတွေ အိုင်နေပါတယ်။
နင် ကတော့ အဲ့ဒီ နေရာနားမှာ မတ်တပ်ရပ်နေပြီးတော့ မျက်မှောင်ကြုတ်ပြီး စဉ်းစားနေပါတယ်။ သူ့လက်ထဲက ဓားဟာ ပျောက်ကွယ်သွားပါပြီ။ သူဟာ ဒီလို ဟိုတျန် နောက်ဆုံး အဆင့် မွန်းစတားတွေနဲ့ တိုက်ခိုက်တဲ့အခါတိုင်းမှာ သူ့ အတွင်းအား တစ်မျိုး တည်းကိုသာ အသုံးပြုပြီးတော့ သာမာန် လက်နက်ကို သာ အသုံးပြုပါတယ်။ပြောရရင်တော့ သူရဲ့ ခွန်အားဟာ အလွန်ကို ကြီးမားနေတာဆိုတော့ အဖိုးတန် လက်နက်ကို သုံးပြီး လေ့ကျင့်တာဟာ ဘာမှ ထပ်တိုးတက်စရာ မရှိတော့ပါဘူး။
“ဂျိနင်.”
အပေါ်ကနေ အော်ခေါ်လိုက်တယ်။
နင် သူ့အဖေကို တအံ့တသြမော့ကြည့် ပြီးမေးလိုက်တယ်။
“အဖေ ဘာလို့ လာခဲ့တာလဲ။”
သူ ဒီ နဂါးနန်းတော်မှာ ပထမဆုံး လစားခွေးကြီးနဲ့ တိုက်ခိုက်တဲ့ အချိန်က လွဲလို့ သုံးရက် တစ်ကြိမ် တိုက်ခိုက်တိုင်းမှာ သူ့အဖေ မလာခဲ့ပါဘူး။
“မင်းဓားသိုင်း ဘယ်လောက် တိုးတက်လာလဲ လာကြည့်တာ။ မင်း စတင်ချိန်ကို ရောက်ပြီလို့ ထင်လား။”
“မရောက်သေးဘူး အဖေ။ ကျွန်တော် ဒီတိုက်ပွဲတိုင်းမှာ မိုးရေစက် ဓားသိုင်းနဲ့ မိုးကြိုး မီးတောက် သိုင်းက အနှစ်သာရ အသစ်တွေကို နားမလည်သေးဘူးအဖေ။”
“မိုးရေစက် ဓားသိုင်းမှာ အဓိက သိုင်းကွက် ၉ ကွက် ရှိတယ်။”
“မိုးကြိုး မီးတောက် ဓားသိုင်းမှာ အဓိက သိုင်းကွက် ၃ ကွက်ရှိတယ်။”
“ဒီ သိုင်းကွက်တွေ အကုန်လုံးဟာ အရမ်းကို အစွမ်းထက်တယ်။ တစ်ယောက်ယောက်သာ အရမ်းကို အဆင့်မြင့်တဲ့ အဆင့်ကို အောင်မြင်သွားခဲ့ရင် ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်သွားလိမ့်မယ်။ အဲ့ဒီ အဆင့် ရောက်ရင် ကမ္ဘာက အစွမ်းတွေကို အသုံးချလာနိုင်လိမ့်မယ်။ ဒီအဆင့်ကို စတင်တဲ့ အဆင့်လို့လည်း ခေါ်ကြတယ်။ ဒါပေမဲ့ အဲဒီအဆင့်ဟာ တတိယ ဓားအဆင့်ကို ရောက်သွားပြီလို့ မဆိုလိုသေးဘူး။ တတိယ ဓားအဆင့်ကို အမှန်တကယ်ရောက်တယ်ဆိုတာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို လုံး၀ အောင်မြင်သွားတာကိုဆိုလိုတာပဲ။ ဒီအချိန်မှာ သာမှန် ဓား ခုတ်တာ ထိုးတာ အကုန်လုံးမှာ ကမ္ဘာရဲ့ အနှစ်သာရတွေ ပါဝင်လာပြီ။ ဒီလို အချိန်ကျမှသာ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်လို့ ခေါ်တယ်။”
“စတင်တဲ့ အဆင့်ဆိုတာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ယာယီ ရောက်သွားတာကို ပြောချင်တာပဲ။ ဒီအချိန်မှာ တစ်ချို့ ဓားသိုင်းတွေ သုံးတဲ့အခါကျရင် ကမ္ဘာနဲ့ တစ်သားတည်းအဆင့်က အစွမ်းတွေကို ထုတ်လာနိုင်တယ်။”
သူ့အဖေပြောသလိုဆိုရင်
“စတင်တဲ့ အဆင့်ကိုရောက်တဲ့အခါမှာ နားလည်မှုတော်တော် မြင့်လာပြီလို့ ပြောလို့ ရတယ်။”
“တစ်ကယ်လို့သာ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်တယ်လို့ ပြောရင် သူဟာ ပညာရပ်တစ်ခုရဲ့ ဆရာတစ်ဆူဖြစ်သွားပြီလို့ ပြောလို့ရတယ်။”
“ဒဏ္ဍာရီထဲက ပုံပြင်တွေအ၇ဆို..
ကမ္ဘာနဲ့ တစ်သားတည်းအဆင့် ပြီးသွားရင် ပိုပြီးတော့ နက်နဲတဲ့ အဆင့်တွေ ရှိလာတယ်။ ဒီ မိုးရေစက် ဓားသိုင်းနဲ့ မိုးကြိုးမီးတောက် ဓားသိုင်းတွေဟာ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ထက် ပိုမြင့်တဲ့ ပညာရှင်တွေက ဖန်တီးခဲ့တာ ဖြစ်တယ်။”
“မင်း ဓားပညာကို ဒီလောက်အထိ ဆက်ပြီး ကြိုးကြိုးစားစား လေ့ကျင့်ဖို့ မလိုအပ်တော့ပါဘူး။ ဒီနေ့ နွေဦးမြက်နဲ့ ဆောင်းဦး သစ်ရွက် တို့ကိုခေါ်ပြီး အပြင်ထွက်လည်လိုက်ပါဦး။”
“ဟုတ်ကဲ့အဖေ။”
နင် လမ်းကျဉ်းလေးအတိုင်း လှည့်ထွက်လာခဲ့တယ်။ သေနေတဲ့ မွန်းစတား အလောင်းကိုတော့ တစ်ယောက်ယောက်က ရှင်းပေးသွားပါလိမ့်မယ်။
….
အနောက်ဘက် ဂျိကလန် မြို့တော်မှာ လူဦးရေသိန်းနဲ့ချီပြီး ရှိတဲ့ မြို့ကြီးတစ်မြို့ပါ။
သခင်လေး ကျွန်မတို့ ဒီလို အပြင်ထွက်မလည်တာ တော်တော် ကြာပြီနော်။
သူ့ ရံရွေတော် မလေးနှစ်ယော်ကဟာ ပျော်ရွှင်စွာနဲ့ ပါလာကြတယ်။
နင်လည်း ပြုံးပြီးတော့ လမ်းပေါ်မှာ လျှောက်သွားနေတယ်။ ဒီနေရာဟာ လူအစည်ဆုံး လမ်းမတစ်ခုပေါ့။ ပြောရမယ်ဆိုရင် ကုန်သည်တွေဟာ ဒီလမ်းမှာ ဥဒဟို ဖြတ်သန်းသွားလာနေကြတယ်။ လမ်းမကြီးဟာ ဆယ်မီတာလောက် ကျယ်ဝန်းပါတယ်။ဒါပေမဲ့ တစ်ဖက် တစ်ချက်က ဈေးဆိုင်တွေက လမ်းမကြီး တစ်ဝက်လောက်ကို နေရာယူထားကြတယ်။ ဒါကြောင့် လျှောက်စရာလမ်းက ၇မီတာလောက်ပဲ ကျန်ပါတော့တယ်။
“ဒီ မိန်းကလေး ကို ကြည့်စမ်း။ သူ့ရင်သားတွေကို ကြည့်ကြည့်ကြစမ်းပါ။ သူ့အိုးကို ကြည့်ကြည့်ကြစမ်းပါ။ ဘယ်လောက် သန်စွမ်းလည်းဆိုတာ။ သူကလေးတွေ အများကြီး မွေးပေးနိုင်မှာပဲ။ ဒီကောင်မလေးတန်ဖိုးက သိုးသားရေ ၁၀ ခု။”
“ဒီ ယောကျ်ားတွေဟာ စစ်သူရဲတွေပါ။ သူတို့ဟာ ပေါင်ချိန် ၁၀၀၀ ကို အသာလေးမနိုင်တယ်။ ရွှေ ၅တုံးပဲ ပေးရမယ်နော်။ မင်းတို့ တစ်ယောက်ဝယ်ရင် ကလေးတစ်ယောက်ပါ အပို လက်ဆောင်ရမယ်။”
သားမွေးဝတ်စုံ ဝတ်ထားတဲ့ ကတုံးနဲ့ လူကြီးက ရင်ခေါင်းသံနဲ့ အော်ဟစ် ဈေးရောင်းနေတယ်။ သူ့အနားမှာ သားမွေးဝတ်စုံဝတ် စစ်သူရဲတွေ အများကြီး ကာကွယ် ဝန်းရံထားတယ်။ သူ့မှာတော့ ညစ်ညစ်ပတ်ပတ် အဝတ်အစားတွေ ဝတ်ထားတဲ့ ကျွန်တွေ အများကြီးကို ရောင်းချနေတယ်။ ကျွန်တွေအကုန်လုံးဟာ သနားစရာ မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်ကလူတွေကို ကြည့်နေပြီးတော့ သူတို့စိတ်ထဲမှာ သခင်ကောင်းနဲ့ တွေ့ဖို့ ဆုတောင်းနေကြတယ်။ သူတို့ နှဖူးမှာ သင်္ကေတတွေ ရေးထားတယ်။
ဒီ အမှတ်အသားတွေဟာ ရောင်းရန်လို့ ဖော်ပြထားတာဖြစ်တယ်။
……
သူတို့တွေ လည်ပတ် ကြည့်ရှုနေကြတယ်။
အဲ့ဒီနေရာမှာ ကျွန်ကုန်သည်တွေ၊ သားမွေးကုန်သည်တွေ၊ လက်နက်ကုန်သည်တွေ၊ မွန်းစတားကုန်သည်တွေ စသည်ဖြင့် လူမျိုးစုံ ရှိနေပါတယ်။ အလွန် အဖိုးတန်တဲ့ စာအုပ်တွေ၊ လက်နက်တွေ၊ အဆိပ်တွေနဲ့ အဖိုးတန် ဆေးပင်တွေ အပြင် သိုင်းကျမ်းပေါင်းစုံ နဲ့ တခြားအဖိုးတန် ပစ္စည်းပေါင်းစုံကို ရောင်းချနေကြပါတယ်။
“ ဒီ အဖိုးတန် လက်နက်ရဖို့ ငါတို့ ကလန်က စစ်သူရဲ အယောက် ၁၀၀ ကျော် စတေးခဲ့ရတယ်။ ဒီလက်နက်ကို ရပြီးတော့လည်း အပြန်လမ်းမှာ ကြမ်းတမ်းတဲ့ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတယ်။ နောက်ဆုံးမှ ငါတို့ အနောက်ပိုင်း ဂျိကလန်ကို ရောက်ခဲ့ကြတာပါ။ ငါတို့တွေ ရွှေတုံး အချိန် ၃၀ ပိသာ ပေးရင်တောင် ဘယ်လိုမှ မရောင်းနိုင်ဘူး။ အဲ့ဒါကိုတောင် မင်းတို့က ရွှေ ၁၀တုံးနဲ့ ဈေးလာဆစ်နေတယ်။ အရမ်း နည်းလွန်းတယ်။ အနည်းဆုံး ရွှေအချိန် ၁၀၀ ပိသာ ရမှ ရောင်းနိုင်မယ်။”
အနီးအနားကနေ အော်ဟစ်သံတွေကို ကြားလိုက်ရတယ်။
နင် စူးစူးစမ်းစမ်းနဲ့ ကြည့်လိုက်တယ်။
နင် ကိုယ်ခန္ဓာ ကြံ့ခိုင်တဲ့ လူ ၃ ယောက်ကို လူတွေ ဝိုင်းကြည့်နေတာ တွေ့ လိုက်ရတယ်။ ၃ယောက်မှာ ၁ယောက်ကတော့ မြွေအနက်တစ်ကောင်ကို လက်မှာ ပတ်ထားတယ်။ အဲ့ဒီလူကပဲ ဆက်ပြီးတော့
“ ရွှေ အချိန် ၁၀၀ ပဲ။ ရွှေအချိန် ၁၀၀ ပေးနိုင်တဲ့ ဘယ်သူမဆို ဒီလက်နက်ကို ပိုင်ဆိုင်နိုင်မယ်။”
“အရမ်းကို လောဘကြီးတာပဲ”
နွေဦး မြက်ကလေးနဲ့ ဆောင်းဦး သစ်ရွက်လေး။ ။ သူတို့က ရွှေအချိန် ၁၀၀တောင် တောင်းရဲတယ်။
နင်လည်းအံ့သြသွားတယ်။ ဒီ ရွှေအချိန် တစ်ပိသာဟာ ဒီကမ္ဘာ သားရဲခေါင်းပမာဏရှိတဲ့ ရွှေတုံးကို ပြောတာဖြစ်ပြီးတော့ ပေါင်ချိန် ၁၀ ခန့် အလေးချိန်ရှိတယ်။ အချိန်၁၀၀ဟာ ပေါင်ချိန် ၁၀၀၀ အလေးချိန်ရှိနေတယ်။ ဒီလို ဂျိကလန်ရဲ့ သခင်လေးအတွက် ဒီပမာဏက မပြောပလောက်ပေမဲ့ သာမာန် ဂျိကလန်ဝင် တစ်ဦးအတွက်တော့ အရမ်းကို များပြားလွန်းပါတယ်။
“ဘယ်လောက်ပဲ ထက်နေအောင်သွေးထားထား သာမာန် လက်နက်ပါပဲ”
“ပြီးတော့ ဒီဟာက မှော်ရတနာ အကောင်းလည်း မဟုတ်သေးဘူး။ ပျက်ဆီးနေတဲ့ မှော်ရတနာပဲ။ ဒါကြောင့် သာမာန် လက်နက်အနေ လောက်ပဲ အသုံးဝင်တော့တယ်။”
“ရွှေအချိန် ၂၀။ ငါ ရွှေအချိန် ၂၀ပေးမယ်။ ဒါ အများဆုံးပဲ။ မင်းရောင်းရင် ငါဝယ်မယ်။”
လူတစ်ချို့က ဈေးခေါ်နေကြတယ်။
“ရွှေအချိန် ၁၀၀ပဲ။”
လူကြီးက ဈေးကို လုံး၀ မပြောင်းပေးပါဘူး။ သူ့ဘေးက လူနှစ်ယောက်က ပရိတ်သတ်ကို သေချာ မျက်ခြေမပြတ် ကြည့်နေတယ်။ တစ်ယောက်ယော်က သူတို့ ရတနာကို လုယူသွားမှာ ကို စိုးရိမ်နေတယ်။ ဒီ ရတနာ အတွက် သူတို့ ကလန်က လူတွေ အများကြီး အသက်ပေးခဲ့ရတယ်။ ပြီးတော့ အထီးကျန် တောအုပ်တွေကနေ မြို့ပေါ်ကို ရောက်အောင်လာဖို့ အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရတဲ့ အတွက် စစ်သူရဲတွေ ထပ်ပြီးသေဆုံခဲ့ရတယ်။ ဒါကြောင် သူတို့ ဒီ ရတနာကို ဈေး အမြင်နဲ့ပဲ ရောင်းမှ တွက်ခြေကိုက်နိုင်မယ်။
သူတို့တွေ ဒီ ရတနာကို ရောင်းချနိုင်ခဲ့ရင် သူတို့ ကလန်အတွက် ကျွန်တချို့ နဲ့ လက်နက်ကောင်းတချို့ကို ဝယ်ယူလိုက်နိုင်မယ်။ ဒီလိုမှသာ သူတို့ကလန်ကို ပြန်ပြီးတော့ အားဖြည့်ပေးနိုင်မှာ။
ဂျိနင်။ ။ ငါ့ကို ခဏ ပြစမ်းပါဦး
ဂျိနင် ရတနာ ဓားကိုင်ထားတဲ့ လူဆီကို လျှောက်လှမ်းသွားတယ်။
“သခင်လေး”
“သခင်လေး”
“ဒါက ဂျိကလန်ရဲ့ သခင်လေးလား? မိုးရေစက် ဓားရဲ့ သားပေါ့?”
ပေးကလူတွေက တလေးတစား နောက်ဆုတ်ပြီး လမ်းဖယ်ပေးလိုက်ကြတယ်။ တန်ဖိုးကြီး ပစ္စည်းကို အသုံးပြုနိုင်သူ ဘယ်သူမဆို သာမာန်လူ တစ်ယောက် မဖြစ်နိုင်ဘူး။ ပြီးတော့ အရင်နှစ်တွေက နင်က မြှားရေး လေ့ကျင့်ဖို့ အတွက် မြေခွေးဖြူကြီးနဲ့ အတူ မြို့ပြင် ထွက်ထွက်လာတယ်လေ။ ဒါကြောင့် သူ့ကို လူတွေက ဂျိကလန်ရဲ့ တော်ဝင် သခင်လေးဆိုတာကို မှတ်မိနေကြတယ်။ သူ့ကို မသိတဲ့ သူတွေလည်း တခြားလူတွေ ပြောတာ ကြားပြီးတော့ အရိုအသေ ပေးလိုက်ကြတယ်။
မြွေနက်ကြီးနဲ့ လူကြီးက တခြားသူတွေ အရိုအသေပေးပြီး လမ်းဖယ်ပေးလိုက်တာရယ်၊ ဂျိကလန်ရဲ့ သခင်လေး လို့ ကြားလိုက်တာရယ် မိုးရေစက်ဓားရဲ့ သားဆိုတာကို သိသွားတဲ့ အခါမှာ သူ့ နှလုံးခုန် မြန်လာတယ်။ ဒီ ဂျိကလန်ရဲ့ ပိုင်နက် ဒေသမှာ နေထိုက်သူ တစ်ယော်က အနေနဲ့ သူတို့အကုန်လုံး မိုးရေစက်ဓားရဲ့ ဒဏ္ဍာရီကို ကြားဖူးကြတယ်။ မိုးရေစက်ဓားဟာ အနောက်ဘက် ဂျိကလန်မှာ ပြိုင်ဘက်ကင်း သိုင်းသမား တစ်ယောက် ဖြစ်ပြီးတော့ သူ့ ဒဏ္ဍာရီဟာ နတ်ဘုရားတစ်ပါးလို ဖြစ်နေပြီ။
ပြီးတော့ သူ့ရှေ့က သူက မိုးရေစက် ဓားရဲ့ တစ်ဦးတည်းသော သား?
ဂျိနင်။ ။ ငါ့ကို ခဏပေးကြည့်ပါဦး။
မြွေနက်နဲ့ လူကြီး။ ။ ဂုဏ်သရေရှိ သခင်လေး ကျေးဇူးပြု၍ လေ့လာကြည့်ပါဦး ခင်ဗျာ။
သူက ဓားကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး တရိုတသေ ပေးလိုက်တယ်။ သူ့ နောက်မှာ ရှိတဲ့ လူကြီး နှစ်ယောက်ကလည်း စိတ်တွေ လှုပ်ရှားနေကြတယ်။ သူတို့တွေစိတ်ထဲမှာ ဒီလို ရာထူး ဂုဏ်ရှိန် ကြီးကျယ် မြင့်မြတ်တဲ့ သခင်လေးက သူတို့ရတနာကို အတင်းအကျပ် တောင်းယူသွားမှာ စိုးရိမ်နေကြတယ်။ မျိုးနွယ်စုတွေမှာ ရာထူးကြီးတဲ့ လူတွေဟာ တခြားသူရဲ့ ရတနာကို အတင်းအကျပ် တောင်းယူတာဟာ ဖြစ်နေကြပဲလေ။ အနောက်ဘက် ဂျိကလန် မြို့တော်မှာ ဒီလို လုပ်ရပ်တွေကို တားမြစ်ထားတယ်။ ဘယ်သူမှ ဂျိကလန်က ထုတ်ပြန်တဲ့ စည်းမျဉ်းကို မချိုးဖောက်ရဲဘူးလေ။ ဖြစ်ချင်တော့ သူတို့ရှေ့က လူငယ်လေးက ဂျိကလန်ရဲ့ သခင်လေးလေ။ ပြီးတော့ မိုးရေစက်ဓားရဲ့ တစ်ဦးတည်းသော သား။
နင် ဓားကို လက်ခံလိုက်တဲ့ အခါမှာ ဓားအလေးချိန်ကြောင့် သူ့လက် အနည်းငယ် နိမ့်ဆင်းသွားတယ်။ ဒီဓားဟာ မည်းနက်နေတဲ့ ဓားတစ်လက်ပဲ။ ထူထဲ မည်းနက်နေတဲ့ ဓားအိမ်ဟာ ရိုးရှင်းပြီး သိပ်ထူးခြားပါဘူး။ ဒါပေမဲ့ သေချာ ကြည့်လိုက်တဲ့ အခါမှာ ဓားအိမ်ထဲမှာ ဓား ၃ချောင်းရှိနေတာ တွေ့ ရတယ်။
ဂျိနင်။ ။ ဓားအိမ်တစ်ခု၊ ဓား ၃ချောင်း။ ထူးခြားတယ်။
နင် တအံ့တသြနဲ့ ဓားတွေကို ဆွဲ ထုတ်လိုက်တယ်။
“ချွမ်..”
ဓား ၃ချောင်းကို ဆွဲထုတ်လိုက်တဲ့ အခါမှာ ဓားရဲ့ အေးစက်တဲ့ အငွေ့ အသက်တွေ ထွက်လာတယ်။ ပြီးတော့ ဓားကိုယ်ထည်မှာ ရှိနေတဲ့ အလွန်ကို ရှေးကျတဲ့ အနည်းငယ် ပျက်ဆီးနေတဲ့ မှော်သင်္ကေတတွေ ကနေပြီးတော့ အလင်းရောင် မှိန်ဖျော့ဖျော့ ဖြာထွက်လာတယ်။
ဂျိနင်။ ။ ဘယ်လောက် နှမြောဖို့ ကောင်းလဲ။
သူသက်ပြင်း ချလိုက်မိတယ်။ သူဟာ နန်းတော် မှာ နေတုန်းက ရတနာ မျိုးစုံကို တွေ့မြင်ဖူးပါတယ်။ ဒီ ဆန်းကျယ်တဲ့ မှော် သင်္ကေတတွေနဲ့ သူတို့ ကထွက်လာတဲ့ စွမ်းအင် အငွေ့ အသက်ကို ခံစားလိုက်ရတာနဲ့ ဒီဓားတွေဟာ အလွန်ကို အဖိုးတန်တဲ့ မှော်ရတနာ်တွေဆိုတာ သူနားလည်ပါတယ်။ ဒီ ဓား ၃ချောင်းဟာ အင်မော်တယ် တစ်ယောက်ရဲ့ ရတနာ ဓားပျံ ၃ချောင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီ သင်္ကေတတွေဟာ ပျက်ဆီးနေပြီ။ ဒီ မှော်ရတနာဟာ တော်တော်ကြီးကို ပျက်ဆီးနေပြီလို့ ပြောလို့ရတယ်။ အခုတော့ သာမာန် လက်နက် အနေနဲ့ သာ သုံးနိုင်တော့မှာ။
ဂျိနင် ဓားသွားကို လက်ညှိုးနဲ့ တောက်လိုက်တယ်။
ချွင်…
မြွေနဲ့ လူကြီး။ ။ သတိထားပါ သခင်လေး။ ဒီဓားတွေက အရမ်းကို ထက်တယ်။ ကျောက်တုံးကိုတောင် တို့ဖူးကို ဖြတ်သလို အသာလေး ဖြတ်နိုင်တယ်။
နင် ရဲ့ လက်ညှိုးထိပ်က အရေပြားအနည်းငယ် တုန်ခါသွားတယ်။ သူအလွန် အံ့သြသွားတယ်။
“ငါ့မှာ ရွှေကြယ်ဝတ်စုံ ဝတ်ထားတယ်။ ဒီ ဝတ်စုံက ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့ပြီးတော့ အရေပြားနဲ့ ပေါင်းသွားပြီး နေရာလပ်မကျန် ကာကွယ်ပေးထားတယ်။ အခု ငါ့လက်ကို သာမန် အားမစိုက်ပဲ လှီးလိုက်တာမှာ ရွှေကြယ် ဝတ်စုံကိုပါ သက်ရောက်မှု ရှိသွားတယ်။ တစ်ကာ်လို့သာ ငါ ခွန်အားထည့်ပြီး ခုတ်လိုက်မယ်ဆိုရင် ရွှေကြယ် ဝတ်စုံရဲံ ကာကွယ်မှု ပျက်ဆီးသွားလိမ့်မယ်။ ငါ လေးပညာ ကျင့်ဖို့ မြို့ပြင်ထွက်ရင် ဒီလမ်းကို အမြဲတမ်း ဖြတ်ရတယ်။ တစ်ခါမှ ဒီလို အဖိုးတန်ပြီး ဒီလောက်ထက်တဲ့ လက်နက်ကို မတွေ့ဖူးသေးဘူး။”
တခြားလူတွေလည်း ဒီ လက်နက်ဟာ အလွန် ထက်မှန်း သိပေမဲ့ ဘယ်လောက်အထိ ထက်မြနေမှန်းကို မသိကြဘူး။ ဒါပေမဲ့ နင်ကတော့ သူ့ရွှေကြယ် ဝတ်စုံတောင် ဒီ ဓားကို မတားဆီးနိုင်မှန်း သိနေတယ်။
ဂျိနင်။ ။ ငါ ဒီလက်နက် ကို လိုချင်တယ်။
သူ မြွေနဲ့ လူကြီးကို စိုက်ကြည့်ပြီးပြောလိုက်တယ်။
လူကြီးက အရမ်းကို စိတ်လှုပ်ရှားပြီး စိုးရိမ်နေတယ်။
မြွေနဲ့ လူကြီး။ ။ သခင်လေး ခင်ဗျာ၊ ဒီ လက်နက်ကို ရဖို့အတွက် ကျွန်တော်တို့ မျိုးနွယ်စု……
ဒီလို ရာထူးဂုဏ်ရှိန် မြင့်မားလွန်းတဲ့ လူငယ်လေး ရှေ့မှာ သူဟာ စိတ်လှုပ်ရှားပြီး တန်ရာတန်ကြေးကို တောင်းဆိုဖို့ မဝံ့မရဲ ဖြစ်နေတယ်။
ဆက်ပါဦးမည်>>>>>>
ဝတ္ထု : Desolate era
မူရင်း စာရေးဆရာ : I Eat tomatoes
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
Comments
Post a Comment