ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 14 (ေလွာင္အိမ္)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ
အခန္း ၁၄          (ေလွာင္အိမ္)

“မိုးေရစက္ ဓားသိုင္း…. သူ႕ရဲ့ အႏွစ္သာရဟာ ဒီ စကားပံုေပၚမူတည္တယ္။ တစ္စက္ျခင္း က်ေနတဲ့ ေရစက္ဟာ ေက်ာက္ေတာင္ကို ထိုးခြဲသြားတယ္။”

“သူ႕ရဲ့ တိုက္ခိုက္မႈဟာ အလြန္ကို ညင္သာ ႏူးညံ့တယ္။ ဒါေပမဲ့ မိုးမုန္တိုင္းက မိုးေရစက္ေတြလို အဆံုးမရွိဘူး။  ရန္သူဟာ ေရွာင္တိမ္းႏိုင္ဖို႕ အလြန္ခက္ခဲတယ္။ သူ႕ရဲ့ ကာကြယ္မႈကို ေျပာရရင္ ေရပက္မ၀င္ဘူး။ တစ္ခ်ိန္တည္းမွာ မိုးေရစက္ေပါင္း ဘီလီယံဟာ ေနရာတစ္ခုတည္းကို တိုက္ခိုက္လိုက္ရင္ အလြန္ကို ျပင္းထန္တဲ့ အားျဖစ္ေပၚလာတယ္။ သာမာန္ မိုးေရစက္ေတာင္ ေက်ာက္ေတာင္ကို ထိုးခြဲႏို္င္ရင္ ဓားကေန မိုးေရစက္အသြင္ ေျပာင္းလဲသြားတဲ့ ပညာဟာ ဘယ္ေလာက္ေတာင္ ေၾကာက္မက္ဖြယ္ေကာင္းေအာင္ အစြမ္းထက္မယ္ဆိုတာ နားလည္မွာပါ။”

“ဒီ မိုးေရစက္ဓားသိုင္းဟာ အလြန္ကို နက္နဲျပီးေတာ့ ထူးျခားလြန္းတယ္။”
နင္ ေခါင္းညိတ္ေျပာလိုက္ျပီးေတာ့ ၀င္ရိုးႏွစ္ဖက္ သိုင္းက်မ္းကို ေကာက္ျပီး ဆက္ဖတ္လိုက္တယ္။

“၀င္ရိုးႏွစ္ဖက္ သိုင္းက်မ္းဟာ မူလ ဒ႑ာရီထဲက ၀င္ရိုးႏွစ္ဖက္ ဓားသုိင္းက်မ္းရဲ့ အစိတ္အပိုင္းတစ္ခုပဲ။ ဒီမွာ ဓားသိုင္း ၇ခု ခြဲထားတယ္။ Dubhe, Merak, Phecda, Megrez, Alioth, Mizar, and Alkaid စတဲ့ ၇ခုျဖစ္တယ္။ ဒီ ၇ခု လံုးမွာ ၾကယ္တာရာေတြရဲ့ အစြမ္းေတြပါ၀င္တယ္။ ဒီဓားသိုင္းဟာ အရမ္းကို ရက္စက္ျပီး ေၾကာက္မက္ဖြယ္ေကာင္းတဲ့ အသြင္ ေျပာင္းႏိုင္သလို အရမ္းကို ႏူးညံ့ျပီး ႏွိပ္စက္ႏိုင္တဲ့ ပံုမ်ိဳးလည္းေျပာင္းႏိုင္တယ္။”

“ဒီဓားသိုင္းဟာ အလြန္ကို နက္နဲလွျပီး ကာကြယ္ဖို႕ ခက္ခဲလွတယ္။”

“ဘယ္ေလာက္ေတာင္ ေကာင္းတဲ့ ဓားသိုင္းလဲ။”

နင္ သက္ျပင္းခ်လိုက္ျပီးတာ့ ေနာက္စာအုပ္တစ္အုပ္ ဆက္ဖတ္လိုက္တယ္။

“မိုးၾကိဳးမီးေတာက္ ဓားသိုင္း…. ဒီဟာကေတာ့ ဂ်ိကလန္က ဘိုးေဘးေတြ ေလ့က်င့္ခဲ့ျပီး ကံေကာင္းလို႕ ဒီပညာကို ရရွိခဲ့တာျဖစ္တယ္။ ဘိုးေဘးေတြဟာ မီးေလာင္ေနတဲ့ အၾကြင္းအက်န္ စာအုပ္ကိုသာ ရရွိခဲ့ျပီး စာလံုးေတြက ေသခ်ာမျမင္ရေတာ့ဘူး။ စာအုပ္အဖံုးက ေခါင္းစဥ္ ႏွစ္လံုးသာ ျမင္ရေတာ့တယ္။ မိုးၾကိဳးမီးေတာက္… ျပီးေတာ့ စာအုပ္ထဲမွာ ဓားသိုင္း ၃ခုပဲ အျပည့္အစံု ရွိေတာ့တယ္။”

“ဒီ ၃မ်ိဳးလံုးက တိုက္ခိုက္ရာမွာ သံုးတဲ့ အကြက္ေတြခ်ည္းပဲ။ ဒါေပမဲ့ တိုက္ခိုက္မႈတိုင္းမွာ ေကာင္းကင္ မိုးၾကိဳး နဳ႕ ငရဲမီးေတာက္ စြမ္းအားေတြ ပါ၀င္ေနတယ္။ ဒီက်မ္းဟာ တိုက္ခိုက္ႏိုင္တဲ့ အစြမ္းနဲ႕ ပါတ္သက္ရင္ ဂ်ိကလန္မွာ နံပါတ္ ၁လို႕ ေျပာလို႕ရတယ္။ ဒီလုိ မျပည့္မစံုပါတဲ့ သိုင္းက်မ္းက ဂ်ိကလန္ရဲ့ အဓိက သိုင္းက်မ္း ၅အုပ္ထဲမွာ ပါေနတယ္ဆိုရင္ စာအုပ္ အျပည့္အစံုသာဆို ဘယ္ေလာက္ အစြမ္းထက္မယ္ဆိုတာ ခန္႔မွန္းၾကည့္ေပါ့။ ဒီက်မ္းသာ အျပည့္အစံုဆို တစ္ျခား ဓားသိုင္း ၄ခုကို အျပတ္အသတ္ အႏုိင္ယူႏိုင္မွာပဲ။”

“ဒါေပမဲ့ သူ႕မွာ ေကာင္းတာရွိသလို အားနည္းခ်က္လည္းရွိတယ္။ အဓိကက ေၾကာက္မက္ဖို႕ ေကာင္းတဲ့ ဓားကြက္ ၃ကြက္ပဲ ရွိတယ္။ ျပီးေတာ့ တစ္ခုနဲ႕ တစ္ခု အခ်ိတ္အဆက္ ေကာင္းေကာင္း မမိဘူး။ ျပီးေတာ့ ဒီ ၃ကြက္လံုးက တိုက္စစ္ေတြခ်ည္းပဲ။ ခုခံကာကြယ္တာ မရွိဘူး။ ပညာရွင္တစ္ေယာက္က ခုခံႏိုင္စြမ္းမရွိပဲ ဘယ္လိုလုပ္တိုက္ပြဲ ၀င္မွာလဲ။ ဒါေၾကာင့္ ဒီသုိင္းကို ေလ့က်င့္တဲ့လူ ေတာ္ေတာ္ နည္းတယ္။”

“ကၽြန္ေတာ္ ဒီ မိုးၾကိဳး မီးေတာက္ ဓားသိုင္းကို အစအဆံုး ဖတ္ၿကည့္ခ်င္တိုက္တာ။..”
နင္ သက္ျပင္းခ်လိုက္တယ္။

“ငါတို႔မွာသာ အစအဆံုးရွိရင္  ဒီပညာဟာ  ခ်ိဳင့္၀ွမ္းေဒသမွာ နံပါတ္၁ အင္ေမာ္တယ္ ပညာ ျဖစ္မွာပဲ။”
ရီခၽြမ္ေျပာလိုက္တယ္။

နင္ ေခါင္းညိတ္လိုက္ျပီးေတာ့ ေနာက္တစ္အုပ္ ဆက္ဖတ္လိုက္တယ္။

“ပံုရိပ္ေယာင္ သိုင္း….ဒီဟာက ေျပာရရင္ေတာ့ ဓားသိုင္းမဟုတ္ပါဘူး။ ပံုရိပ္ေယာင္ဟာ တုတ္သိုင္း၊ လွံသိုင္း၊ အကုန္လံုးမွာ ျဖစ္ႏိုင္ျပီးေတာ့ အလြန္ကို လွည့္ဖ်ားႏိုင္စြမ္းၾကီးျပီးေတာ့ တစ္ေယာက္ရဲ့ အစစ္အမွန္ပညာ နဲ႕ တိုက္ခိုက္မႈကို လွ်ိဳ႕၀ွက္ထားေစႏုိင္တယ္။ ရန္သူဟာ ဘာျဖစ္သြားမွန္း မသိပဲ ေသသြားႏိုင္တယ္။”

“အရမ္းကို ေသြးဆာလြန္းတဲ့ သိုင္းပဲ။”

“ဒီဟာက ငါ့စိတ္နဲ့ မကိုက္ေသးပါဘူး။”
နင္ ပထမဆံုး ပံုရိပ္ေယာင္သိုင္းကို ပယ္လိုက္တယ္။ ကိုယ္နဲ႕ လိုက္ေလ်ာညီေထြတဲ့ သိုင္းပညာကို ေရြးခ်ယ္ဖို႕ ဆိုတာ အလြန္အေရးၾကီးတဲ့ အခ်က္ပဲ။ သိုင္းပညဟာ ကိုယ့္စိတ္နဲ႕ ဆန္႕က်င္ေနတယ္ဆို ဘယ္ေလာက္ပဲ အစြမ္းထက္ထက္ ေအာင္ျမင္ေအာင္ ေလ့က်င့္ဖို႕ အလြန္ကို ခက္ခဲပါတယ္။ ဒါေၾကာင့္နင္ ခ်က္ျခင္း ပယ္လိုက္တာပဲ။

“ဟင္း.. ေနာက္ဆံုးက်မ္းကေတာ့ ဂ်ိကလန္ရဲ့ အၾကီးဆံုး ခြန္အားလို႕ ေျပာလို႕ရတဲ့ သံစဥ္ ၁၀၀၀၀ ဓားသိုင္းပဲ။ ဒီဓားသိုင္းဟာ အရမ္းကို ရႈပ္ေထြးလြန္းတယ္။ အရင္က်င့္ဖူးတဲ့ နတ္ဘုရားနဲ႕ မိစာၦ ဓားသိုင္း ၁၀၈ကြက္ထက္ အမ်ားၾကီး ရႈပ္ေထြးတယ္။ ဒါေပမဲ့ သူ႕ကို ေအာင္ျမင္သြားရင္ သံစဥ္ ၁၀၀၀၀ ဓားသိုင္းကို အဓိက အကြက္ ၃ခုအေနနဲ႕ ပိုင္းျခားႏိုင္သြားျပီ။ ဓားတစ္ေခ်ာင္းနဲ့ အရိပ္ ၁၀၀၀၀ အကြက္၊ ဓားတစ္ေသာင္းေပါင္း ဓားတစ္ေခ်ာင္း အကြက္ နဲ႕ ဓား၁၀၀၀၀ ရဲ့ သံစဥ္ ။”

……

နင္ မ်က္စိ စံုမွိတ္ျပီး စဥ္းစားေနမိတယ္။

အရမ္းကို ထူးျခားျပီးေတာ့ အရမ္းကို ရႈပ္ေထြးနက္နဲတာ ဒါမွမဟုတ္ အရိုးရွင္းဆံုးကေတာ့ သံစဥ္ ၁၀၀၀၀ ဓားသိုင္းပဲ။

အရမ္းကို ေျခာက္ျခားဖို႕ ေကာင္းျပီးေတာ့ ခုခံဖို႕ အခက္ခဲဆံုးကေတာ့ ပံုရိပ္ေယာင္ သိုင္းပဲ။

အလြန္ကို ရိုးရွင္းတဲ့ သိုင္းကေတာ့ ၀င္ရိုးႏွစ္ဖက္ သိုင္းပဲ။

ကာကြယ္မႈ အေကာင္းဆံုးကေတာ့ မိုးေရစက္ ဓားသိုင္းပဲ။

အစြမ္းအထက္ဆံုး တိုက္ခို္က္မႈနဲ႕ အနက္နဲဆံုးပညာကေတာ့ မိုးၾကိဳးမီးလွ်ံ ဓားသိုင္းပဲ။

“ပထမဆံုး ပံုရိပ္ေယာင္ သိုင္းကို ပယ္တယ္။ ကၽြန္ေတာ့ စိတ္ဓာတ္နဲ႕ မသင့္ေတာ္ဘူး။ ၀င္ရိုးႏွစ္ဖက္ သိုင္းကေတာ့ ၀င္ရိုးႏွစ္ဖက္ ဓားသိုင္းရဲ့ တစ္စိတ္တစ္ပိုင္းပဲ။ တိုက္္ခိုက္မႈကလည္း အရမ္း အစြမ္းမထက္ဘူး။ ကာကြယ္မႈကလည္း အတူတူပဲ။ ဒီပညာက သာမာန္ေလာက္ပါပဲ။ ပညာရွင္ႏွစ္ေယာက္ တစ္ကယ္ တိုက္ခိုက္လို႕ ရွိရင္ အသာစီးရဖို႕ အေရးၾကီးတယ္။ ဒါေၾကာင့္ ၀င္ရိုးႏွစ္ဖက္ ပညာကို လည္းပယ္လိုက္ျပီ။”

“အခုဆို သံစဥ္ ၁၀၀၀၀ ဓားသိုင္း ၊ မိုးေရစက္ ဓားသိုင္းနဲ႕ မိုးၾကိဳးမုန္တိုင္း ဓားသိုင္း ဒီ ၃မ်ိဳးပဲ ေရြးဖို႔ ရွိေတာ့တယ္။”

“မိုးေရစက္ ဓားသိုင္းကိုေတာ့ ယူလိုက္ျပီ။”

“မိုးေရစက္ ဓားသိုင္းဆိုတာ အဆံုးမရွိတဲ့ မိုးေရစက္ လိုက္ကာက ကိုယ့္ကို လႊမ္းျခံဳ ကာကြယ္ထားသလို  ပါပဲ။ သူဟာ ဒီဓားသုိင္း ၅ မ်ိဳးမွာ အစြမ္းအထက္ဆံုး  ကာကြယ္မႈကို ေပးႏိုင္တယ္။”

“တိုက္ပြဲတစ္ခုမွာ ကာကြယ္ႏိုင္စြမ္းက တိုက္လိုက္ႏိုင္စြမ္းထက္ပိုျပီး အေရးၾကီးတယ္။”

အရင္ဘ၀က နင္ဟာ သိုင္းျပိဳင္ပြဲေတြကို ၾကည့္ဖူးပါတယ္။ ခ်န္ပီယံအကုန္လံုးဟာ ေရွာင္တိန္းမႈေကာ ကာကြယ္မႈေကာ အစြမ္းထက္ၾကတယ္။ ေဘာလံုးပြဲ ဘတ္စကတ္ေဘာပြဲ ေတြမွာေတာင္ ကာကြယ္ႏိုင္သူဟာ ဘုရင္လို႕ေတာင္ ေျပာၾကတာပဲ။ တိုက္စစ္ဟာ ၾကည့္လို႕ ေကာင္းေပမဲ့ ခံစစ္ေၾကာင့္သာ အႏို္င္ ရၾကတာပဲေလ။

သေဘာတရားေတြဟာ အတူတူပါပဲ။

“အသက္လုတိုက္ပြဲေတြမွာ ကာကြယ္ႏို္င္စြမ္းဟာ အေရးပိုၾကီးတယ္။ကိုယ့္ထက္ အစြမ္းထက္တဲ့ သူတစ္ေယာက္နဲ႕ ယွဥ္ျပိဳင္တဲ့ အခါမွာ ကိုယ္ဟာ ခံစစ္ဘက္မွာသာေရာက္ေနတတ္ျပီး တိုက္ခိုက္ဖို႕ အခြင့္မသာႏိုင္ဘူး။ တစ္ကယ္လို႕ ကိုယ့္ ခံစစ္ဟာ အစြမ္းထက္မယ္ဆိုရင္ ကိုယ္ အသက္ရွင္ႏိုင္မယ္။ တစ္ကယ္လို႕ တိုက္ခိုက္တာကိုပဲ အားသာတဲ့ သူတစ္ေယာက္ဟာ သူတို႕ထက္ပိုျပီး အစြမ္းထက္တဲ့ သူနဲ႕ ေတြ႔ရင္ ရႏ္သူကို မထိခိုက္ႏိုင္ပဲ သူတို႕ပဲ အေရးနိမ့္ရမွာ။”

“ကာကြယ္တာဟာ ငါ့အသက္ကို အႏၱရာယ္ မျဖစ္ေစဖို႔ ေကာင္းဆံုးနည္းပဲ။ ပထမ ငါ့အသက္ကို အရင္ ကာကြယ္ရမယ္။ ျပီးမွ သူမ်ားအသက္ကို ႏုတ္ယူႏိုင္မယ္။ ျပီးေတာ့ ဒီသိုင္းက ငါ့အေဖကို နာမည္ၾကီးေစတဲ့ သိုင္း သူကိုယ္တိုင္ သင္ၾကားေပးမွာေၾကာင့္ ငါပိုျပီးတိုးတက္တာ ျမန္လိ္မ့္မယ္။ မိုးေရစက္ ဓားသိူင္းကို ေရြးလိုက္ျပီ။ သံစဥ္ ၁၀၀၀၀ သိုင္းနဲ႕ မိုးၾကိဳးမုန္တိုင္း သိုင္းမွာက်ေတာ့…”

“ဟုတ္ျပီ။ မိုးၾကိဳးမုန္တိုင္း ဓားသိုင္းပဲ။”
နင္ဆံုးျဖတ္ခ်က္ခ်လို္က္တယ္။

သူသာ သာမာန္လူဆိုရင္ သူ ဓားသိုင္း တစ္ခုပဲ သင္ၾကားႏိုင္မွာ။ သူ မိုးေရစက္ဓားသိုင္း ဒါမွမဟုတ္ သံစဥ္၁၀၀၀၀ သိုင္း တစ္ခုခုကို ေရြးခ်ယ္မိမွာ။

“အခုေတာ့ သူဟာ ဓားႏွစ္လက္ကို အသံုးျပဳတာေၾကာင့္ သူ႕မွာ ကာကြယ္ဖို႕အတြက္ မိုးေရစက္ ဓားသိုင္း ရွိေနျပီ။ ဒါေၾကာင့္ ဒုတိယ ဦးစားေပးအေနနဲ႕ သူတိုက္စစ္ အကြက္ခ်ည္းပဲ ရွိတဲ့ မိုးၾကိဳး မီးလွ်ံ ဓားသိုင္းကို ေရြးခ်ယ္လိုက္တာပဲ။ မိုးၾကိဳး မီးလွ်ံ ဓားသိုင္းရဲ့ အားနည္းခ်က္က ကာကြယ္ႈ လံုး၀မရွိတာပဲ။ ဒါေပမဲ့ ဓားႏွစ္လက္ကိုင္လို႕ မိုးေရစ္က ဓားသိုင္းေၾကာင့္ သူ႕မွာ အားနည္းခ်က္ မရွိေတာ့ဘူး။ သူ႕အတြက္လိုအပ္တာက အရမ္းကို အစြမ္းထက္တဲ့ လူသတ္သိုင္းပဲ။”

“မိုးေရစ္က ဓားသိုင္းနဲ႕ မိုးၾကိဳးမီးလွ်ံသိုင္း။ မိုးေရစက္ဓားသိုင္းက ကာကြယ္မႈမွာ ျပိဳင္စံရွားတယ္၊ မိုးၾကိဳးမီးလွ်ံ သိုင္းက ၃ကြက္ပဲ ရွိေပမဲ့ ၃ကြက္လံုးက အရမ္းကို အစြမ္းထက္လွတဲ့ လူသတ္တဲ့ တိုက္ခိုက္ေရး အကြက္ေတြပဲ။ ကၽြန္ေတာ္ ဒီ ၂ခုကို ေရြးတယ္။”

နင္ ဆံုးျဖတ္ခ်က္ ခ်လိုက္တယ္။

ျပီးေတာ့ ကၽြန္ေတာ့္ရဲ့ အနီေရာင္ ေကာင္းကင္ ၉ဆင့္ က်င့္စဥ္သာ ဇင္တ်န္ အဆင့္ ေရာက္သြားရင္ ေန နဲ႕ လ ဒီဗိုင္း တက္တူးေတြက မီး နဲ႕ ေရကို ထိန္းခ်ဳပ္ႏိုင္စြမ္း ေပးလာလိမ့္မယ္။ ေရဟာ မိုးေရစက္ ဓားသိုင္းအတြက္ အထူး သင့္ေတာ္ျပီး မီးဟာ မိုးၾကိဳးမီးလွ်ံ သိုင္းအတြက္ သင့္ေတာ္တယ္။ ကၽြန္ေတာ့ ဓားသိုင္းကို ပိုျပီး အေထာက္အကူ ျဖစ္ေစလိမ့္မယ္။

“ကာကြယ္မႈမွာဆို ငါ့အစြမ္းဟာ ေရစက္ေတာင္ ငါ့နားလာႏိုင္မွာ မဟုတ္ဘူး။ တိုက္ခိုက္ေရးမွာဆိုရင္လည္း ငါ့အစြမ္းဟာ မီးေတာင္ ေပါက္ကြဲသလို အရမ္းကို ျပင္းထန္လိမ့္မယ္။”

“ငါ့မွာ ဓားႏွစ္လက္ ကိုင္တဲ့ အတြက္ တစ္ေခ်ာင္းကို ကာကြယ္ေရး တစ္ေခ်ာင္းကို တိုက္ခိုက္ေရး သံုးႏို္င္သလို ႏွစ္ေခ်ာင္းလံုးကို တစ္ျပိဳင္တည္း ကာကြယ္တာေကာ တိုက္ခိုက္တာပါ စိတ္ရွိသလို အသံုးျပဳႏို္င္တယ္။ သူဟာ လမ္စဥ္ အေရြးမမွားေအာင္ ေသခ်ာ ေလ့လာခဲ့တဲ့အတြက္ သူ႕တိုုးတက္ႏႈန္းဟာ အရမ္းကို ျမန္ဆန္တယ္။”

စစ္ပြဲေတြမွာ ဗ်ဴဟာက အေရးၾကီးတယ္ေလ။ လူတစ္ေယာက္ မၾကီးျပင္းခင္မွာ ေသခ်ာ အစီအစဥ္ ခ်ေပးႏိုင္ရင္ ပိုျပီးေတာ့ တိုးတက္တာ ျမန္လိမ့္မယ္။

တစ္ေယာက္ဟာ ဘယ္လိုမ်ိဳး တိုးတက္ေအာင္ လုပ္ေဆာင္ရမယ္ဆိုတာ နားလည္ရင္ သူဟာ ေန႕စဥ္ အမ်ားၾကီး တိုးတက္ေအာင္ မေဆာင္ရြက္ႏိုင္ေပမဲ့ ၁၀ႏွစ္ ၂၀ ႏွစ္မွာ အမ်ားၾကီး တိုးတက္သြားလိမ့္မယ္။ တစ္ေယာက္ဟာ ပန္းတိုင္မရွိပဲ ထင္ရာ မ်က္ကန္းေတာတိုး သြားေနရင္ သူဟာ တိုးတက္လာဖို႕ ခက္ခဲျပီးေတာ့ ေနာက္ေတာင္ ျပန္က်သြားလိမ့္မယ္။

….

နင္ ၂နာရီေလာက္ စာအုပ္ေတြကို ေသခ်ာဖတ္ျပီး ေရြးခ်ယ္ေနတယ္။ ရီခၽြမ္နဲ႕ စႏိုးတို႕ တိတ္ဆိတ္စြာ ေစာင့္ၾကည့္ေနၾကတယ္။

“အေဖ။ အေမ။”

“ဟင္။ မင္းေရြးျပီးျပီလာ။”

နင္ေခါင္းညိတ္လိုက္တယ္။

“သားေလး တစ္ခုပဲ လား ႏွစ္ခု ေရြးလိုက္တာလား။”
စႏိုးေမးလိုက္တယ္။

“ကၽြန္ေတာ္ ၂ခုေရြးလိုက္တယ္။ တစ္ခုက မိုးေရစက္ ဓားသိုင္းနဲ ေနာက္တစ္ခုက မိုးၾကိဳးမီးေတာက္ ဓားသိုင္း။”

“မိုးေရစက္ ဓားသိုင္းနဲ ေနာက္တစ္ခုက မိုးၾကိဳးမီးေတာက္ ဓားသိုင္း။ ရီခၽြမ္ ေခါင္းညိတ္ျပီးေျပာလိုက္တယ္။ “အေနာက္ပိုင္း ဂ်ိကလန္ရဲ့ နံပါတ္၁ သိုင္းသမားတစ္ေယာက္ အေနနဲ႕ ေနာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ မဟုတ္ပဲ သူ႕သားရဲ့ အစြမ္းေၾကာင့္ သူ နာမည္ပိုၾကီးလာတယ္။ အခုဆို သူ ဘယ္ေလာက္ေတာင္ အစြမ္းထက္ေနမွန္း ဘယ္သူမွ မသိၾကေတာ့ဘူး။ ဒါေပမဲ့ ၁၀ႏွစ္လံုးလံုး ဘယ္သူမွ သူ႕ကို လာမထိရဲၾကတဲ့ အတြက္ ရီခၽြမ္ဟာ အေနာက္ဘက္ ဂ်ိကလန္ရဲ့ နံပါတ္ ၁ဆက္ ျဖစ္ေနတုန္းပဲ။

“ေကာင္းတယ္။”

 “ကၽြန္ေတာ့ကို အၾကံေပးပါဦး အေဖ။”

“မေလာပါနဲ႔။မိုးေရစက္ ဓားသိုင္းအတြက္ အေဖ စဥ္းစားထားတာ ရွိပါတယ္။ ဒါေပမဲ့ မင္း တစ္ခါမွ မေလ့က်င့္ဖူးေသးဘူးေလ။ ဒါေၾကာင့္ အခု ရွင္းျပရင္ေတာင္ မင္း နားလည္နိုင္မွာ မဟုတ္ေသးဘူး။မင္း ပထမဆံုး ၾကိဳးစားေလ့က်င့္ရမယ္။ အသက္လုတိုက္ပြဲေတြ တိုက္ရမယ္။ ျပီးမွ အေဖ ေအာင္ျမင္ေအာင္ လမ္းညႊန္ေပးလို႕ရမယ္။”

“မနက္ျဖန္ မနက္ေစာေစာ မိုးေရစက္ ဓားသိုင္းနဲ  မိုးၾကိဳးမီးေတာက္ ဓားသိုင္း စာအုပ္ အျပည့္အစံု အေဖေပးမယ္။ အဲ့ဒီမွာ အေဖ့ေရွ႔မွာ တစ္ခါ သားေလ့က်င့္ျပရမယ္။ မင္း လႈပ္ရွားတာ မွန္တယ္ဆို လံုေလာက္ျပီ။ ၃ရက္ေနရင္ တစ္ကယ့္ တိုက္ပြဲကို တိုက္ခိုက္ရမယ္။ သာမာန္ ေလ့က်င့္တိုက္ခိုက္တာက ေပ်ာ့ညံ့လြန္းတယ္။ မင္းတကယ့္ အသက္လုတိုက္ပြဲကို တိုက္ခိုက္ရမယ္။”

နင္ ေၾကာင္သြားတယ္။

“အေဖ။ ကၽြန္ေတာ္ အရင္က အသက္လုတိုက္ပြဲ တိုက္ဖူးတယ္မဟုတ္ဘူးလား။ အရင္တုန္းက အေျခခံ ဓားသိုင္းေအာင္ျမင္ေတာ့ အေဖ အက်ဥ္းသား တစ္ခ်ိဳ႕နဲ႕ ကၽြန္ေတာ့္ကို တိုက္ခိုက္ခိုင္းတယ္ မဟုတ္ဘူးလား။ ကၽြန္ေတာ္ေတာင္ ေသမိန့္ခ်ျပီးသား အက်ဥ္းသားတစ္ခ်ိဳ႕ကို သတ္ခဲ့ေသးတယ္ေလ။”

“သူပထဆံူ လူသတ္တာကို သတိရမိတယ္။ အဲ့တုန္းက သူအလြန္ တုန္လႈပ္ေနတယ္။ သူ မေၾကာက္ရဘူးဆိုတာသိေပမဲ့ တုန္လႈပ္ေနမိတယ္။ သူ႕အေဖကေတာ့ ဒါက ပံုမွန္ပါပဲ ေျပာခဲ့တယ္။”

သူ ေသမိန္႕ခ် အက်ဥ္းသားေတာ္ေတာ္မ်ားမ်ား သတ္ျပီးတဲ့ အခ်ိန္မွာေတာ့ သူ တည္တည္ျငိမ္ျငိမ္ျဖစ္သြားျပီ။

“ဒါက တစ္ကယ့္ တိုက္ပြဲ မဟုတ္ေသးဘူး။ အရင္ဆံုး မင္း သတၱိ ရွိေအာင္ သင္ေပးတာ။ အက်ဥ္းသားေတြ အကုန္လံုးက င၀ိ ေတြခ်ည္းပဲကို။ ဒါကို ဘယ္လိုလုက္ အသက္လုတိုက္ပြဲလို႕ ေျပာလို႕ရမွာလည္း။ ၃ ရက္ေနရင္ မင္းမြန္းစတား သတၱ၀ါေတြနဲ႕ တိုက္ခိုက္ဖို႕ ငါစီစဥ္ေပးမယ္။ တစ္ကယ့္ကို အစြမ္းထက္တဲ့ ဟုိတ်န္ ထိပ္ဆံုးအဆင့္ မြႏ္းစတားနဲ႕။”

“မြန္းစတားနဲ႕… “
နင္ မ်က္ႏွာ အမူအရာ နည္းနည္းေျပာင္းသြားတယ္။

“ဒီဖမ္းထားတဲ့ မြန္းစတားေတြဟာ အသက္ရွင္ဖို႕ နဲ႕ အစာစားဖို႕ ရုန္းကန္ေနလို႔ အရမ္းကိုေၾကာက္ဖို႕ ေကာင္းတယ္။ မင္းကို ေလွ်ာ့ေပးမွာ မဟုတ္ဘူး။ ဒီ ေလွာင္အိမ္ၾကီးထဲမွာ မင္း မြန္းစတားနဲ႕ တစ္ေကာင္ခ်င္း ခ်ရမယ္။ ဒီလိုတိုက္ပြဲေတြဟာ ဂ်ိကလန္ရဲ့ အေရးၾကီးတဲ့ မ်ိဳးဆက္ေတြ အကုန္ ေက်ာ္ျဖတ္ရတဲ့ အရာပဲ။ မ်ိဳးဆက္သစ္ တစ္၀က္ေလာက္ဟာ ေလွာင္အိမ္တိုက္ပြဲမွာ ေသဆံုးသြားၾကတယ္။”

“တစ္၀က္ေတာင္…..”

နင္ တုန္လႈပ္သြားတယ္။ ေနာက္ သူ ျပန္တည္ညိမ္သြားတယ္။ ဒါေၾကာင့္ မ်ိဳႏြယ္စုေတြနဲ႕ ကၽြန္ အမ်ိဳးသမီးေတြဟာ  အလြန္က်ု သန္စြမ္းၾကျပီးေတာ့ မ်ိဳးဆက္ပြားနႈန္း ျမင့္မားၾကေပမဲ့ စုစုေပါင္း လူဦးေရဟာ မေျပာင္းလဲခဲ့ဘူး။ ဒီလို အရမ္းကို ခက္ခဲတဲ့ ပတ္၀န္းက်င္ ေတြေၾကာင့္။ အကုန္လံုးဟာ ခက္ခဲတဲ့ သဘာ၀မွာ ရုန္းကန္ေနရသလို  ေတာေတြ ေတာင္ေတြ ခ်ိဳင့္၀ွမ္းေတြမွာ ရွိတဲ့ မြန္းစတားေတြနဲ႕လည္း တို္က္ခိုက္ရုန္းကန္ေနၾကရတယ္။ ျပီးေတာ့ ရန္သူ မ်ိဳးႏြယ္စုေတြနဲ႕လညး္ စစ္ပြဲေတြ ရွိေသးတယ္။ ဒါေၾကာင့္ အနည္းငယ္သာ အသက္ ဆက္ရွင္သန္ႏိုင္တယ္။ ဒီလို ဂ်ိကလန္မွာ ေမြးဖြားတာေတာင္ သူ ဒီလို ေၾကာက္မက္ဖြယ္ ေလ့က်င့္ေရးေတြ ေအာင္ျမင္မွသာ ဆက္ျပီး အသက္ရွင္ႏိုင္မယ္။

ဒါေၾကာင့္ ဂ်ိကလန္၀င္ေတြ အကုန္လံုးဟာ အလြန္ အစြမ္းထက္ျပီးေတာ့ ဂ်ိကလန္ဟာ အလြန္ကို ေက်ာ္ၾကားတာ ျဖစ္တယ္။ ဒါေၾကာင့္ ဂ်ိကလန္ဟာ ဒီပတ္၀န္းက်င္မွာ မင္းမူႏိုင္ေနတာျဖစ္တယ္။

ဆက္ပါဦးမည္>>>>>>
၀တၳဳ : Desolate era
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

အခန်း ၁၄          (လှောင်အိမ်)



“မိုးရေစက် ဓားသိုင်း…. သူ့ရဲ့ အနှစ်သာရဟာ ဒီ စကားပုံပေါ်မူတည်တယ်။ တစ်စက်ခြင်း ကျနေတဲ့ ရေစက်ဟာ ကျောက်တောင်ကို ထိုးခွဲသွားတယ်။”



“သူ့ရဲ့ တိုက်ခိုက်မှုဟာ အလွန်ကို ညင်သာ နူးညံ့တယ်။ ဒါပေမဲ့ မိုးမုန်တိုင်းက မိုးရေစက်တွေလို အဆုံးမရှိဘူး။  ရန်သူဟာ ရှောင်တိမ်းနိုင်ဖို့ အလွန်ခက်ခဲတယ်။ သူ့ရဲ့ ကာကွယ်မှုကို ပြောရရင် ရေပက်မဝင်ဘူး။ တစ်ချိန်တည်းမှာ မိုးရေစက်ပေါင်း ဘီလီယံဟာ နေရာတစ်ခုတည်းကို တိုက်ခိုက်လိုက်ရင် အလွန်ကို ပြင်းထန်တဲ့ အားဖြစ်ပေါ်လာတယ်။ သာမာန် မိုးရေစက်တောင် ကျောက်တောင်ကို ထိုးခွဲနိုင်ရင် ဓားကနေ မိုးရေစက်အသွင် ပြောင်းလဲသွားတဲ့ ပညာဟာ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်မယ်ဆိုတာ နားလည်မှာပါ။”



“ဒီ မိုးရေစက်ဓားသိုင်းဟာ အလွန်ကို နက်နဲပြီးတော့ ထူးခြားလွန်းတယ်။”

နင် ခေါင်းညိတ်ပြောလိုက်ပြီးတော့ ဝင်ရိုးနှစ်ဖက် သိုင်းကျမ်းကို ကောက်ပြီး ဆက်ဖတ်လိုက်တယ်။



“ဝင်ရိုးနှစ်ဖက် သိုင်းကျမ်းဟာ မူလ ဒဏ္ဍာရီထဲက ဝင်ရိုးနှစ်ဖက် ဓားသိုင်းကျမ်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒီမှာ ဓားသိုင်း ၇ခု ခွဲထားတယ်။ Dubhe, Merak, Phecda, Megrez, Alioth, Mizar, and Alkaid စတဲ့ ၇ခုဖြစ်တယ်။ ဒီ ၇ခု လုံးမှာ ကြယ်တာရာတွေရဲ့ အစွမ်းတွေပါဝင်တယ်။ ဒီဓားသိုင်းဟာ အရမ်းကို ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အသွင် ပြောင်းနိုင်သလို အရမ်းကို နူးညံ့ပြီး နှိပ်စက်နိုင်တဲ့ ပုံမျိုးလည်းပြောင်းနိုင်တယ်။”



“ဒီဓားသိုင်းဟာ အလွန်ကို နက်နဲလှပြီး ကာကွယ်ဖို့ ခက်ခဲလှတယ်။”



“ဘယ်လောက်တောင် ကောင်းတဲ့ ဓားသိုင်းလဲ။”



နင် သက်ပြင်းချလိုက်ပြီးတာ့ နောက်စာအုပ်တစ်အုပ် ဆက်ဖတ်လိုက်တယ်။



“မိုးကြိုးမီးတောက် ဓားသိုင်း…. ဒီဟာကတော့ ဂျိကလန်က ဘိုးဘေးတွေ လေ့ကျင့်ခဲ့ပြီး ကံကောင်းလို့ ဒီပညာကို ရရှိခဲ့တာဖြစ်တယ်။ ဘိုးဘေးတွေဟာ မီးလောင်နေတဲ့ အကြွင်းအကျန် စာအုပ်ကိုသာ ရရှိခဲ့ပြီး စာလုံးတွေက သေချာမမြင်ရတော့ဘူး။ စာအုပ်အဖုံးက ခေါင်းစဉ် နှစ်လုံးသာ မြင်ရတော့တယ်။ မိုးကြိုးမီးတောက်… ပြီးတော့ စာအုပ်ထဲမှာ ဓားသိုင်း ၃ခုပဲ အပြည့်အစုံ ရှိတော့တယ်။”



“ဒီ ၃မျိုးလုံးက တိုက်ခိုက်ရာမှာ သုံးတဲ့ အကွက်တွေချည်းပဲ။ ဒါပေမဲ့ တိုက်ခိုက်မှုတိုင်းမှာ ကောင်းကင် မိုးကြိုး နု့ ငရဲမီးတောက် စွမ်းအားတွေ ပါဝင်နေတယ်။ ဒီကျမ်းဟာ တိုက်ခိုက်နိုင်တဲ့ အစွမ်းနဲ့ ပါတ်သက်ရင် ဂျိကလန်မှာ နံပါတ် ၁လို့ ပြောလို့ရတယ်။ ဒီလို မပြည့်မစုံပါတဲ့ သိုင်းကျမ်းက ဂျိကလန်ရဲ့ အဓိက သိုင်းကျမ်း ၅အုပ်ထဲမှာ ပါနေတယ်ဆိုရင် စာအုပ် အပြည့်အစုံသာဆို ဘယ်လောက် အစွမ်းထက်မယ်ဆိုတာ ခန့်မှန်းကြည့်ပေါ့။ ဒီကျမ်းသာ အပြည့်အစုံဆို တစ်ခြား ဓားသိုင်း ၄ခုကို အပြတ်အသတ် အနိုင်ယူနိုင်မှာပဲ။”



“ဒါပေမဲ့ သူ့မှာ ကောင်းတာရှိသလို အားနည်းချက်လည်းရှိတယ်။ အဓိကက ကြောက်မက်ဖို့ ကောင်းတဲ့ ဓားကွက် ၃ကွက်ပဲ ရှိတယ်။ ပြီးတော့ တစ်ခုနဲ့ တစ်ခု အချိတ်အဆက် ကောင်းကောင်း မမိဘူး။ ပြီးတော့ ဒီ ၃ကွက်လုံးက တိုက်စစ်တွေချည်းပဲ။ ခုခံကာကွယ်တာ မရှိဘူး။ ပညာရှင်တစ်ယောက်က ခုခံနိုင်စွမ်းမရှိပဲ ဘယ်လိုလုပ်တိုက်ပွဲ ဝင်မှာလဲ။ ဒါကြောင့် ဒီသိုင်းကို လေ့ကျင့်တဲ့လူ တော်တော် နည်းတယ်။”



“ကျွန်တော် ဒီ မိုးကြိုး မီးတောက် ဓားသိုင်းကို အစအဆုံး ဖတ်ကြည့်ချင်တိုက်တာ။..”

နင် သက်ပြင်းချလိုက်တယ်။



“ငါတို့မှာသာ အစအဆုံးရှိရင်  ဒီပညာဟာ  ချိုင့်ဝှမ်းဒေသမှာ နံပါတ်၁ အင်မော်တယ် ပညာ ဖြစ်မှာပဲ။”

ရီချွမ်ပြောလိုက်တယ်။



နင် ခေါင်းညိတ်လိုက်ပြီးတော့ နောက်တစ်အုပ် ဆက်ဖတ်လိုက်တယ်။



“ပုံရိပ်ယောင် သိုင်း….ဒီဟာက ပြောရရင်တော့ ဓားသိုင်းမဟုတ်ပါဘူး။ ပုံရိပ်ယောင်ဟာ တုတ်သိုင်း၊ လှံသိုင်း၊ အကုန်လုံးမှာ ဖြစ်နိုင်ပြီးတော့ အလွန်ကို လှည့်ဖျားနိုင်စွမ်းကြီးပြီးတော့ တစ်ယောက်ရဲ့ အစစ်အမှန်ပညာ နဲ့ တိုက်ခိုက်မှုကို လျှို့ဝှက်ထားစေနိုင်တယ်။ ရန်သူဟာ ဘာဖြစ်သွားမှန်း မသိပဲ သေသွားနိုင်တယ်။”



“အရမ်းကို သွေးဆာလွန်းတဲ့ သိုင်းပဲ။”



“ဒီဟာက ငါ့စိတ်နဲ့ မကိုက်သေးပါဘူး။”

နင် ပထမဆုံး ပုံရိပ်ယောင်သိုင်းကို ပယ်လိုက်တယ်။ ကိုယ်နဲ့ လိုက်လျောညီထွေတဲ့ သိုင်းပညာကို ရွေးချယ်ဖို့ ဆိုတာ အလွန်အရေးကြီးတဲ့ အချက်ပဲ။ သိုင်းပညဟာ ကိုယ့်စိတ်နဲ့ ဆန့်ကျင်နေတယ်ဆို ဘယ်လောက်ပဲ အစွမ်းထက်ထက် အောင်မြင်အောင် လေ့ကျင့်ဖို့ အလွန်ကို ခက်ခဲပါတယ်။ ဒါကြောင့်နင် ချက်ခြင်း ပယ်လိုက်တာပဲ။



“ဟင်း.. နောက်ဆုံးကျမ်းကတော့ ဂျိကလန်ရဲ့ အကြီးဆုံး ခွန်အားလို့ ပြောလို့ရတဲ့ သံစဉ် ၁၀၀၀၀ ဓားသိုင်းပဲ။ ဒီဓားသိုင်းဟာ အရမ်းကို ရှုပ်ထွေးလွန်းတယ်။ အရင်ကျင့်ဖူးတဲ့ နတ်ဘုရားနဲ့ မိစ္ဆာ ဓားသိုင်း ၁၀၈ကွက်ထက် အများကြီး ရှုပ်ထွေးတယ်။ ဒါပေမဲ့ သူ့ကို အောင်မြင်သွားရင် သံစဉ် ၁၀၀၀၀ ဓားသိုင်းကို အဓိက အကွက် ၃ခုအနေနဲ့ ပိုင်းခြားနိုင်သွားပြီ။ ဓားတစ်ချောင်းနဲ့ အရိပ် ၁၀၀၀၀ အကွက်၊ ဓားတစ်သောင်းပေါင်း ဓားတစ်ချောင်း အကွက် နဲ့ ဓား၁၀၀၀၀ ရဲ့ သံစဉ် ။”



……



နင် မျက်စိ စုံမှိတ်ပြီး စဉ်းစားနေမိတယ်။



အရမ်းကို ထူးခြားပြီးတော့ အရမ်းကို ရှုပ်ထွေးနက်နဲတာ ဒါမှမဟုတ် အရိုးရှင်းဆုံးကတော့ သံစဉ် ၁၀၀၀၀ ဓားသိုင်းပဲ။



အရမ်းကို ခြောက်ခြားဖို့ ကောင်းပြီးတော့ ခုခံဖို့ အခက်ခဲဆုံးကတော့ ပုံရိပ်ယောင် သိုင်းပဲ။



အလွန်ကို ရိုးရှင်းတဲ့ သိုင်းကတော့ ဝင်ရိုးနှစ်ဖက် သိုင်းပဲ။



ကာကွယ်မှု အကောင်းဆုံးကတော့ မိုးရေစက် ဓားသိုင်းပဲ။



အစွမ်းအထက်ဆုံး တိုက်ခိုက်မှုနဲ့ အနက်နဲဆုံးပညာကတော့ မိုးကြိုးမီးလျှံ ဓားသိုင်းပဲ။



“ပထမဆုံး ပုံရိပ်ယောင် သိုင်းကို ပယ်တယ်။ ကျွန်တော့ စိတ်ဓာတ်နဲ့ မသင့်တော်ဘူး။ ဝင်ရိုးနှစ်ဖက် သိုင်းကတော့ ဝင်ရိုးနှစ်ဖက် ဓားသိုင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ တိုက်ခိုက်မှုကလည်း အရမ်း အစွမ်းမထက်ဘူး။ ကာကွယ်မှုကလည်း အတူတူပဲ။ ဒီပညာက သာမာန်လောက်ပါပဲ။ ပညာရှင်နှစ်ယောက် တစ်ကယ် တိုက်ခိုက်လို့ ရှိရင် အသာစီးရဖို့ အရေးကြီးတယ်။ ဒါကြောင့် ဝင်ရိုးနှစ်ဖက် ပညာကို လည်းပယ်လိုက်ပြီ။”



“အခုဆို သံစဉ် ၁၀၀၀၀ ဓားသိုင်း ၊ မိုးရေစက် ဓားသိုင်းနဲ့ မိုးကြိုးမုန်တိုင်း ဓားသိုင်း ဒီ ၃မျိုးပဲ ရွေးဖို့ ရှိတော့တယ်။”



“မိုးရေစက် ဓားသိုင်းကိုတော့ ယူလိုက်ပြီ။”



“မိုးရေစက် ဓားသိုင်းဆိုတာ အဆုံးမရှိတဲ့ မိုးရေစက် လိုက်ကာက ကိုယ့်ကို လွှမ်းခြုံ ကာကွယ်ထားသလို  ပါပဲ။ သူဟာ ဒီဓားသိုင်း ၅ မျိုးမှာ အစွမ်းအထက်ဆုံး  ကာကွယ်မှုကို ပေးနိုင်တယ်။”



“တိုက်ပွဲတစ်ခုမှာ ကာကွယ်နိုင်စွမ်းက တိုက်လိုက်နိုင်စွမ်းထက်ပိုပြီး အရေးကြီးတယ်။”



အရင်ဘဝက နင်ဟာ သိုင်းပြိုင်ပွဲတွေကို ကြည့်ဖူးပါတယ်။ ချန်ပီယံအကုန်လုံးဟာ ရှောင်တိန်းမှုကော ကာကွယ်မှုကော အစွမ်းထက်ကြတယ်။ ဘောလုံးပွဲ ဘတ်စကတ်ဘောပွဲ တွေမှာတောင် ကာကွယ်နိုင်သူဟာ ဘုရင်လို့တောင် ပြောကြတာပဲ။ တိုက်စစ်ဟာ ကြည့်လို့ ကောင်းပေမဲ့ ခံစစ်ကြောင့်သာ အနိုင် ရကြတာပဲလေ။



သဘောတရားတွေဟာ အတူတူပါပဲ။



“အသက်လုတိုက်ပွဲတွေမှာ ကာကွယ်နိုင်စွမ်းဟာ အရေးပိုကြီးတယ်။ကိုယ့်ထက် အစွမ်းထက်တဲ့ သူတစ်ယောက်နဲ့ ယှဉ်ပြိုင်တဲ့ အခါမှာ ကိုယ်ဟာ ခံစစ်ဘက်မှာသာရောက်နေတတ်ပြီး တိုက်ခိုက်ဖို့ အခွင့်မသာနိုင်ဘူး။ တစ်ကယ်လို့ ကိုယ့် ခံစစ်ဟာ အစွမ်းထက်မယ်ဆိုရင် ကိုယ် အသက်ရှင်နိုင်မယ်။ တစ်ကယ်လို့ တိုက်ခိုက်တာကိုပဲ အားသာတဲ့ သူတစ်ယောက်ဟာ သူတို့ထက်ပိုပြီး အစွမ်းထက်တဲ့ သူနဲ့ တွေ့ရင် ရန်သူကို မထိခိုက်နိုင်ပဲ သူတို့ပဲ အရေးနိမ့်ရမှာ။”



“ကာကွယ်တာဟာ ငါ့အသက်ကို အန္တရာယ် မဖြစ်စေဖို့ ကောင်းဆုံးနည်းပဲ။ ပထမ ငါ့အသက်ကို အရင် ကာကွယ်ရမယ်။ ပြီးမှ သူများအသက်ကို နုတ်ယူနိုင်မယ်။ ပြီးတော့ ဒီသိုင်းက ငါ့အဖေကို နာမည်ကြီးစေတဲ့ သိုင်း သူကိုယ်တိုင် သင်ကြားပေးမှာကြောင့် ငါပိုပြီးတိုးတက်တာ မြန်လိမ့်မယ်။ မိုးရေစက် ဓားသိူင်းကို ရွေးလိုက်ပြီ။ သံစဉ် ၁၀၀၀၀ သိုင်းနဲ့ မိုးကြိုးမုန်တိုင်း သိုင်းမှာကျတော့…”



“ဟုတ်ပြီ။ မိုးကြိုးမုန်တိုင်း ဓားသိုင်းပဲ။”

နင်ဆုံးဖြတ်ချက်ချလိုက်တယ်။



သူသာ သာမာန်လူဆိုရင် သူ ဓားသိုင်း တစ်ခုပဲ သင်ကြားနိုင်မှာ။ သူ မိုးရေစက်ဓားသိုင်း ဒါမှမဟုတ် သံစဉ်၁၀၀၀၀ သိုင်း တစ်ခုခုကို ရွေးချယ်မိမှာ။



“အခုတော့ သူဟာ ဓားနှစ်လက်ကို အသုံးပြုတာကြောင့် သူ့မှာ ကာကွယ်ဖို့အတွက် မိုးရေစက် ဓားသိုင်း ရှိနေပြီ။ ဒါကြောင့် ဒုတိယ ဦးစားပေးအနေနဲ့ သူတိုက်စစ် အကွက်ချည်းပဲ ရှိတဲ့ မိုးကြိုး မီးလျှံ ဓားသိုင်းကို ရွေးချယ်လိုက်တာပဲ။ မိုးကြိုး မီးလျှံ ဓားသိုင်းရဲ့ အားနည်းချက်က ကာကွယ်ှု လုံးဝမရှိတာပဲ။ ဒါပေမဲ့ ဓားနှစ်လက်ကိုင်လို့ မိုးရေစ်က ဓားသိုင်းကြောင့် သူ့မှာ အားနည်းချက် မရှိတော့ဘူး။ သူ့အတွက်လိုအပ်တာက အရမ်းကို အစွမ်းထက်တဲ့ လူသတ်သိုင်းပဲ။”



“မိုးရေစ်က ဓားသိုင်းနဲ့ မိုးကြိုးမီးလျှံသိုင်း။ မိုးရေစက်ဓားသိုင်းက ကာကွယ်မှုမှာ ပြိုင်စံရှားတယ်၊ မိုးကြိုးမီးလျှံ သိုင်းက ၃ကွက်ပဲ ရှိပေမဲ့ ၃ကွက်လုံးက အရမ်းကို အစွမ်းထက်လှတဲ့ လူသတ်တဲ့ တိုက်ခိုက်ရေး အကွက်တွေပဲ။ ကျွန်တော် ဒီ ၂ခုကို ရွေးတယ်။”



နင် ဆုံးဖြတ်ချက် ချလိုက်တယ်။



ပြီးတော့ ကျွန်တော့်ရဲ့ အနီရောင် ကောင်းကင် ၉ဆင့် ကျင့်စဉ်သာ ဇင်တျန် အဆင့် ရောက်သွားရင် နေ နဲ့ လ ဒီဗိုင်း တက်တူးတွေက မီး နဲ့ ရေကို ထိန်းချုပ်နိုင်စွမ်း ပေးလာလိမ့်မယ်။ ရေဟာ မိုးရေစက် ဓားသိုင်းအတွက် အထူး သင့်တော်ပြီး မီးဟာ မိုးကြိုးမီးလျှံ သိုင်းအတွက် သင့်တော်တယ်။ ကျွန်တော့ ဓားသိုင်းကို ပိုပြီး အထောက်အကူ ဖြစ်စေလိမ့်မယ်။



“ကာကွယ်မှုမှာဆို ငါ့အစွမ်းဟာ ရေစက်တောင် ငါ့နားလာနိုင်မှာ မဟုတ်ဘူး။ တိုက်ခိုက်ရေးမှာဆိုရင်လည်း ငါ့အစွမ်းဟာ မီးတောင် ပေါက်ကွဲသလို အရမ်းကို ပြင်းထန်လိမ့်မယ်။”



“ငါ့မှာ ဓားနှစ်လက် ကိုင်တဲ့ အတွက် တစ်ချောင်းကို ကာကွယ်ရေး တစ်ချောင်းကို တိုက်ခိုက်ရေး သုံးနိုင်သလို နှစ်ချောင်းလုံးကို တစ်ပြိုင်တည်း ကာကွယ်တာကော တိုက်ခိုက်တာပါ စိတ်ရှိသလို အသုံးပြုနိုင်တယ်။ သူဟာ လမ်စဉ် အရွေးမမှားအောင် သေချာ လေ့လာခဲ့တဲ့အတွက် သူ့တိုုးတက်နှုန်းဟာ အရမ်းကို မြန်ဆန်တယ်။”



စစ်ပွဲတွေမှာ ဗျူဟာက အရေးကြီးတယ်လေ။ လူတစ်ယောက် မကြီးပြင်းခင်မှာ သေချာ အစီအစဉ် ချပေးနိုင်ရင် ပိုပြီးတော့ တိုးတက်တာ မြန်လိမ့်မယ်။



တစ်ယောက်ဟာ ဘယ်လိုမျိုး တိုးတက်အောင် လုပ်ဆောင်ရမယ်ဆိုတာ နားလည်ရင် သူဟာ နေ့စဉ် အများကြီး တိုးတက်အောင် မဆောင်ရွက်နိုင်ပေမဲ့ ၁၀နှစ် ၂၀ နှစ်မှာ အများကြီး တိုးတက်သွားလိမ့်မယ်။ တစ်ယောက်ဟာ ပန်းတိုင်မရှိပဲ ထင်ရာ မျက်ကန်းတောတိုး သွားနေရင် သူဟာ တိုးတက်လာဖို့ ခက်ခဲပြီးတော့ နောက်တောင် ပြန်ကျသွားလိမ့်မယ်။



….



နင် ၂နာရီလောက် စာအုပ်တွေကို သေချာဖတ်ပြီး ရွေးချယ်နေတယ်။ ရီချွမ်နဲ့ စနိုးတို့ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြတယ်။



“အဖေ။ အမေ။”



“ဟင်။ မင်းရွေးပြီးပြီလာ။”



နင်ခေါင်းညိတ်လိုက်တယ်။



“သားလေး တစ်ခုပဲ လား နှစ်ခု ရွေးလိုက်တာလား။”

စနိုးမေးလိုက်တယ်။



“ကျွန်တော် ၂ခုရွေးလိုက်တယ်။ တစ်ခုက မိုးရေစက် ဓားသိုင်းနဲ နောက်တစ်ခုက မိုးကြိုးမီးတောက် ဓားသိုင်း။”



“မိုးရေစက် ဓားသိုင်းနဲ နောက်တစ်ခုက မိုးကြိုးမီးတောက် ဓားသိုင်း။ ရီချွမ် ခေါင်းညိတ်ပြီးပြောလိုက်တယ်။ “အနောက်ပိုင်း ဂျိကလန်ရဲ့ နံပါတ်၁ သိုင်းသမားတစ်ယောက် အနေနဲ့ နောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် မဟုတ်ပဲ သူ့သားရဲ့ အစွမ်းကြောင့် သူ နာမည်ပိုကြီးလာတယ်။ အခုဆို သူ ဘယ်လောက်တောင် အစွမ်းထက်နေမှန်း ဘယ်သူမှ မသိကြတော့ဘူး။ ဒါပေမဲ့ ၁၀နှစ်လုံးလုံး ဘယ်သူမှ သူ့ကို လာမထိရဲကြတဲ့ အတွက် ရီချွမ်ဟာ အနောက်ဘက် ဂျိကလန်ရဲ့ နံပါတ် ၁ဆက် ဖြစ်နေတုန်းပဲ။



“ကောင်းတယ်။”



 “ကျွန်တော့ကို အကြံပေးပါဦး အဖေ။”



“မလောပါနဲ့။မိုးရေစက် ဓားသိုင်းအတွက် အဖေ စဉ်းစားထားတာ ရှိပါတယ်။ ဒါပေမဲ့ မင်း တစ်ခါမှ မလေ့ကျင့်ဖူးသေးဘူးလေ။ ဒါကြောင့် အခု ရှင်းပြရင်တောင် မင်း နားလည်နိုင်မှာ မဟုတ်သေးဘူး။မင်း ပထမဆုံး ကြိုးစားလေ့ကျင့်ရမယ်။ အသက်လုတိုက်ပွဲတွေ တိုက်ရမယ်။ ပြီးမှ အဖေ အောင်မြင်အောင် လမ်းညွှန်ပေးလို့ရမယ်။”



“မနက်ဖြန် မနက်စောစော မိုးရေစက် ဓားသိုင်းနဲ  မိုးကြိုးမီးတောက် ဓားသိုင်း စာအုပ် အပြည့်အစုံ အဖေပေးမယ်။ အဲ့ဒီမှာ အဖေ့ရှေ့မှာ တစ်ခါ သားလေ့ကျင့်ပြရမယ်။ မင်း လှုပ်ရှားတာ မှန်တယ်ဆို လုံလောက်ပြီ။ ၃ရက်နေရင် တစ်ကယ့် တိုက်ပွဲကို တိုက်ခိုက်ရမယ်။ သာမာန် လေ့ကျင့်တိုက်ခိုက်တာက ပျော့ညံ့လွန်းတယ်။ မင်းတကယ့် အသက်လုတိုက်ပွဲကို တိုက်ခိုက်ရမယ်။”



နင် ကြောင်သွားတယ်။



“အဖေ။ ကျွန်တော် အရင်က အသက်လုတိုက်ပွဲ တိုက်ဖူးတယ်မဟုတ်ဘူးလား။ အရင်တုန်းက အခြေခံ ဓားသိုင်းအောင်မြင်တော့ အဖေ အကျဉ်းသား တစ်ချို့နဲ့ ကျွန်တော့်ကို တိုက်ခိုက်ခိုင်းတယ် မဟုတ်ဘူးလား။ ကျွန်တော်တောင် သေမိန့်ချပြီးသား အကျဉ်းသားတစ်ချို့ကို သတ်ခဲ့သေးတယ်လေ။”



“သူပထဆူံ လူသတ်တာကို သတိရမိတယ်။ အဲ့တုန်းက သူအလွန် တုန်လှုပ်နေတယ်။ သူ မကြောက်ရဘူးဆိုတာသိပေမဲ့ တုန်လှုပ်နေမိတယ်။ သူ့အဖေကတော့ ဒါက ပုံမှန်ပါပဲ ပြောခဲ့တယ်။”



သူ သေမိန့်ချ အကျဉ်းသားတော်တော်များများ သတ်ပြီးတဲ့ အချိန်မှာတော့ သူ တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီ။



“ဒါက တစ်ကယ့် တိုက်ပွဲ မဟုတ်သေးဘူး။ အရင်ဆုံး မင်း သတ္တိ ရှိအောင် သင်ပေးတာ။ အကျဉ်းသားတွေ အကုန်လုံးက ငဝိ တွေချည်းပဲကို။ ဒါကို ဘယ်လိုလုက် အသက်လုတိုက်ပွဲလို့ ပြောလို့ရမှာလည်း။ ၃ ရက်နေရင် မင်းမွန်းစတား သတ္တဝါတွေနဲ့ တိုက်ခိုက်ဖို့ ငါစီစဉ်ပေးမယ်။ တစ်ကယ့်ကို အစွမ်းထက်တဲ့ ဟိုတျန် ထိပ်ဆုံးအဆင့် မွန်းစတားနဲ့။”



“မွန်းစတားနဲ့… “

နင် မျက်နှာ အမူအရာ နည်းနည်းပြောင်းသွားတယ်။



“ဒီဖမ်းထားတဲ့ မွန်းစတားတွေဟာ အသက်ရှင်ဖို့ နဲ့ အစာစားဖို့ ရုန်းကန်နေလို့ အရမ်းကိုကြောက်ဖို့ ကောင်းတယ်။ မင်းကို လျှော့ပေးမှာ မဟုတ်ဘူး။ ဒီ လှောင်အိမ်ကြီးထဲမှာ မင်း မွန်းစတားနဲ့ တစ်ကောင်ချင်း ချရမယ်။ ဒီလိုတိုက်ပွဲတွေဟာ ဂျိကလန်ရဲ့ အရေးကြီးတဲ့ မျိုးဆက်တွေ အကုန် ကျော်ဖြတ်ရတဲ့ အရာပဲ။ မျိုးဆက်သစ် တစ်ဝက်လောက်ဟာ လှောင်အိမ်တိုက်ပွဲမှာ သေဆုံးသွားကြတယ်။”



“တစ်ဝက်တောင်…..”



နင် တုန်လှုပ်သွားတယ်။ နောက် သူ ပြန်တည်ညိမ်သွားတယ်။ ဒါကြောင့် မျိုနွယ်စုတွေနဲ့ ကျွန် အမျိုးသမီးတွေဟာ  အလွန်ကျု သန်စွမ်းကြပြီးတော့ မျိုးဆက်ပွားနှုန်း မြင့်မားကြပေမဲ့ စုစုပေါင်း လူဦးရေဟာ မပြောင်းလဲခဲ့ဘူး။ ဒီလို အရမ်းကို ခက်ခဲတဲ့ ပတ်ဝန်းကျင် တွေကြောင့်။ အကုန်လုံးဟာ ခက်ခဲတဲ့ သဘာဝမှာ ရုန်းကန်နေရသလို  တောတွေ တောင်တွေ ချိုင့်ဝှမ်းတွေမှာ ရှိတဲ့ မွန်းစတားတွေနဲ့လည်း တိုက်ခိုက်ရုန်းကန်နေကြရတယ်။ ပြီးတော့ ရန်သူ မျိုးနွယ်စုတွေနဲ့လည်း စစ်ပွဲတွေ ရှိသေးတယ်။ ဒါကြောင့် အနည်းငယ်သာ အသက် ဆက်ရှင်သန်နိုင်တယ်။ ဒီလို ဂျိကလန်မှာ မွေးဖွားတာတောင် သူ ဒီလို ကြောက်မက်ဖွယ် လေ့ကျင့်ရေးတွေ အောင်မြင်မှသာ ဆက်ပြီး အသက်ရှင်နိုင်မယ်။



ဒါကြောင့် ဂျိကလန်ဝင်တွေ အကုန်လုံးဟာ အလွန် အစွမ်းထက်ပြီးတော့ ဂျိကလန်ဟာ အလွန်ကို ကျော်ကြားတာ ဖြစ်တယ်။ ဒါကြောင့် ဂျိကလန်ဟာ ဒီပတ်ဝန်းကျင်မှာ မင်းမူနိုင်နေတာဖြစ်တယ်။



ဆက်ပါဦးမည်>>>>>>

ဝတ္ထု : Desolate era

မူရင်း စာရေးဆရာ : I Eat tomatoes

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…



Unicode







Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)