ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 6 တန္ခိုးရွင္ အျဖစ္ ေလ့က်င့္ျခင္း

အခန္း ၆ း တန္ခိုးရွင္ အျဖစ္ ေလ့က်င့္ျခင္း

“ကၽြန္ေတာ္ မသိပါဘူး။ ေျပာျပပါ အေဖ။”
ဂ်ိနင္ ရိုေသစြာ ေမးလိုက္တယ္။
ေျပာရ၇င္ေတာ့ သူစာအုပ္ေတြ အမ်ားၾကီး ဖတ္ထားလို႕ သိသင့္သေလာက္ေတာ့ သိျပီးျပီ။ ဒါေပမဲ့ ၄ႏွစ္ အရြယ္ ကေလးတစ္ေယာက္ အေနနဲ႕ အရမ္းၾကီး နားလည္ျပေနဖို႕ ေတာ့ မလိုဘူးေလ။
ရီခၽြမ္က ေအးစက္စက္ျပန္ ေျပာလိုက္တယ္။
“ဒါဆို မင္းနားလည္ေအာင္ ရွင္းျပမယ္။ ပထမဆံုး အဆင့္ၾကီး ၇ ဆင့္ အေၾကာင္း ေျပာျပမယ္။”
“ပထမ ဆံုး အဆင့္က (Houtain) ဟိုတ်န္ အဆင့္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ အသက္ ရွင္ေနႏိုင္တယ္။”
“ဒုတိယ အဆင့္က (Xiantian) ရွင္ တ်န္ အဆင့္။ ႏွစ္ေပါင္း၂၀၀ ေက်ာ္ အသက္ ရွင္သန္ ႏိုင္တယ္။”
“တတိယ အဆင့္ က (Zifu)  ဇီဖူ အဆင့္။ ခရမ္းေရာင္ နန္းေတာ္ရွင္ အဆင့္လို႕ လည္းေခၚတယ္။ ဒီ အဆင့္ကိုေ၇ာက္ သြားရင္ ဇီဖူ တန္ခိုးရွင္လို႕ ေခၚတြင္ၾကျပီးေတာ့ ႏွစ္ေပါင္း ၅၀၀ တိုင္ေအာင္ အသက္ရွင္ ေနထိုင္ႏိုင္တယ္။”
“စတုတၳ အဆင့္ကေတာ့ (Wanxing) ၀မ္ရွင္း အဆင့္လို႕ေခၚတယ္။ ပတ္၀န္းက်င္ က အရာ၀တၳဳ ေတြကို ထိန္းခ်ဳပ္လာႏိုင္တယ္။ ဒီ အဆင့္ကိုေတာ့ ၀မ္ရွင္း သူေတာ္စင္ လို႕ တပ္ျပီး ေခၚဆိုၾကတယ္။ ႏွစ္ေပါင္း ၈၀၀ ေလာက္ အသက္ရွင္ ေနထိုင္ႏိုင္တယ္။”
“၅ ဆင့္ေျမာက္ အဆင့္ကိုေတာ့ (primordial) မူလအစတန္ခိုးရွင္ လို့ ေခၚတြင္ၾကတယ္။”
“၆ဆင့္ ေျမာက္ ကို ၾကေတာ့ (void) အတည္ မျဖစ္ေသးေသာ တန္ခိုးရွင္ အဆင့္လို႕ ေခၚဆိုၾကတယ္။ land immortal or earth immortal ေျမအင္ေမာ္တယ္လို႕လည္း ေခၚၾကတယ္။ void အဆင့္ ေနာက္ပိုင္းေတြ ေရာက္လာရင္ ေကာင္းကင္ရဲ႕ စမ္းသပ္ျခင္းကို ခံၾကရမယ္။ ဒီ စမ္းသပ္မႈေတြမွာ က်ဆံုးခဲ့ရင္ သူတို့ ခႏၶာကိုယ္ ပ်က္စီးျပီးေတာ့ ၀ိဥာဥ္လည္း ေသဆံုးသြားမယ္။ တစ္ကယ္လို႕သာ ဒီအဆင့္မွာ သူ႕ရဲ႕ ခႏၶာကိုယ္ပဲ ပ်က္စီးျပီးေတာ့ ၀ိဥာဥ္နဲ႕ လြတ္ေျမာက္သြားရင္ လြတ္ေျမာက္ေနေသာ အင္ေမာ္တယ္ လို႕ ေခၚဆိုတယ္။ သူတို႕ရဲ႕ အစြမ္းဟာ ေျမအင္ေမာ္တယ္နဲ႕ အစြမ္းတူတူေလာက္ပဲ လို႕ေျပာလို႕ ရတယ္။”
“၇ ဆင့္ေျမာက္ အဆင့္ကိုေတာ့ (celestial immortal)ေကာင္းကင္ တန္ခိုးရွင္လို႕ ေခၚတြင္တယ္။  ဒီအဆင့္ကို ေရာက္မွသာ သရီး ရီလမ္ အျပင္ကို ေျခဆန္႕ ႏိုင္ျပီးေတာ့ ခႏၵာကိုယ္ဟာ ဓာတ္ၾကီး ၅ပါးနဲ႕ တည္ေဆာက္မႈ မရွိေတာ့ဘူး။”
ရီခ်မ္းက သူ႕သားကို အံ့ၾသမႈေတြ ျပလာမလားလို႕ စုိက္ၾကည့္ေနေပမဲ့ သူ႕သားက ဒါေတြၾကားလို႕ အံ့ၾသပံုမေပၚဘူး။
“ကဲ မင္း အင္ေမာ္တယ္ ျဖစ္ခ်င္တယ္ဆို ျဖစ္ဖို႕ ဘယ္ေလာက္ ခက္ခဲတယ္ဆိုတာ သိျပီလား။ ရီခၽြမ္ ေျပာလိုက္တယ္။ ပထမဦးဆံုး ျဖတ္ေက်ာ္ရမွာက ဟိုတ်န္ အဆင့္ကေန ဇင္တ်န္ အဆင့္ ကို ေရာက္ေအာင္က်င့္ဖို့ပဲ။”
“ဇင္တ်န္ရဲ႕ အဓိပၸါယ္ကို ရွင္းျပမယ္။  ေကာင္းကင္နဲ့ ေျမၾကီးကေန ေမြးဖြားလာတဲ့ သက္ရွိကို သာ ဇင္တ်န္ လို႕ ေခၚဆိုႏိုင္တယ္။ ေရွး ဖင္းေဂါ့ ေခတ္တုန္းက ေကာင္ကင္နဲ႕ ေျမၾကီးက အလိုေလ်ာက္ေမြးဖြားလာတဲ့ ဖင္းေဂါ့ေတြဟာ အရမ္းတန္ခိုးၾကီးၾကတယ္။ ျပီးေတာ့ နတ္ျပည္မွ ျပန္ေမြးဖြားလာတဲ့  အဇူရာနဲ႕ ဒီဗာေတြ ရွိတယ္။ ဒီ အဇူရာနဲ႕ ဒီဗာေတြက သဘာ၀ကေန ေမြးဖြားလာလို႕ သူတို႕ေတြဟာလည္း ေမြးကတည္းက ဇင္တ်န္ သက္ရွိေတြ ျဖစ္ၾကတယ္။ ဒါေၾကာင့္ သူတို႕ေတြ ေလ့က်င့္ရင္ အရမ္း တိုးတက္တာျမန္တယ္။ ဘာလို႕ လည္းဆိုေတာ့ ဇင္တ်န္ သက္ရွိ အဆင့္ဟာ  အင္ေမာ္တယ္ ျဖစ္ဖို႕ စတင္ရတဲ့ အဆင့္ပဲ။”
-

‘သာမာန္လူသားေတြ  အင္ေမာ္တယ္ ျဖစ္ေအာင္ ေလ့က်င့္ဖိုံ႕ မျဖစ္နီုင္ဘူး။ ဒါေပမဲ့ ေကာင္းကင္က ေမ်ွာ္လင့္ခ်က္ ေလးေပးထားတယ္။ ဒါေၾကာင့္ ေရွးတုန္းက လူၾကီးေတြက သာမာန္လူသားေတြရဲ႕ ခႏၶာကိုယ္ကို ဇင္တ်န္ သက္ရွိရဲ႕ ခႏၶာကိုယ္လို ေလ့က်င့္ႏိုင္ေအာင္ နည္းစနစ္ေတြ ခ်န္ေပးခဲ့တယ္။ ဒါေၾကာင့္ သာမာန္လူေတြ အင္ေမာ္တယ္ျဖစ္ေအာင္ ေလ့က်င့္လာႏိုင္တာ။ ‘
‘ဒါေပမဲ့ သာမာန္လူက ဇင္တ်န္ သက္ရွိ ျဖစ္ေအာင္ ေလ့က်င့္ဖို႕ ဆိုတာ ေကာင္းကင္ စည္းမ်ဥ္းနဲ႕ ဆန္႕က်င္ေနတဲ့ အတြက္ အရမ္းခက္ခဲတယ္။ ေအာင္ျမင္ဖို႕ဆိုတာ တစ္ေသာင္းမွာ တစ္ေယာက္သာ ျဖစ္ႏိုင္တယ္။ ငါ့ကို ေျပာ စမ္းပါ ခက္လား မခက္ဘူးလားလို႕။’
ဂ်ိနင္ ဆက္နားေထာင္ေနတယ္။
‘ဇင္တ်န္ သက္ရွိ ဘ၀။ သူသာ ငရဲျပည္က မေတာ္တဆ ျဖစ္ရပ္ မၾကံဳခဲ့ရင္ ေကာင္းကင္က ဒီဗာ ရီလမ္မွာ သူျပန္ ၀င္စားျပီးေနျပီ။ ဒါဆို သူ ေမြးကတည္းက ဇင္တ်န္ သက္ရွိ ျဖစ္ေနမွာ။ အခုေတာ့ သူက သာမာန္လူသားပဲ။ ျပီးေတာ့ သာမာန္ လူသားကေန ဇင္တ်န္ သက္ရွိ ျဖစ္ဖို႕က အရမ္းကို ခက္ခဲလြန္းလွတယ္။’
‘အင္ေမာ္တယ္ ျဖစ္ဖို႕ ဒုတိယ အတား အဆီးကေတာ့ ဇင္တ်န္ အဆင့္ကေန ဇီဖူ အဆင့္ကို ေရာက္ေအာင္က်င့္ရတာပဲ။’
‘ခရမ္းေရာင္ နန္းေတာ္ရွင္ အဆင့္လို႕ သိၾကတဲ့ ဇီဖူ အဆင့္ကို ေရာက္မွသာ အင္ေမာ္တယ္အျဖစ္ ဆက္လက္က်င့္ၾကံလို႕ ရမွာ။ ခရမ္းေရာင္နန္းေတာ္ ကို ဆက္သြယ္ ရတယ္ဆိုတာ အိမ္ေဆာက္တဲ့ အခါ အုတ္ျမစ္ ခ်သလိုမ်ီဳး ၊ စပါးစိုက္ျပီး ရိတ္သိမ္းသလိုမ်ိဳး အင္ေမာ္တယ္ ျဖစ္ဖို႕ အေျခခံပဲ။ ဒါဟာ အင္ေမာ္တယ္လမ္းစဥ္အတြက္ အုတ္ျမစ္ပဲ။ က်င့္ၾကံသူ တစ္ေယာက္ဟာ ခႏၶာကိုယ္ထဲက ခရမ္းေရာင္ နန္းေတာ္ကို ဖြင့္ႏိုင္မွသာ အင္ေမာ္တယ္ လမ္းစဥ္ေပၚ ေရာက္ေနျပီလို႕ ေျပာႏိုင္တယ္။ ဒီလိုလူကိုသာ ဇီဖူ ဆရာလို႕ နာမည္တပ္ေျပာႏိုင္တယ္။ ဇင္တ်န္က ေန ဇီဖူေရာက္ဖို႕ ကို တစ္ေထာင္မွာ တစ္ေယာက္သာ ေရာက္ႏိုင္လို႕ ခက္လားမခက္လား ေျဖပါဦး။’
ဂ်ိနင္ ေခါင္းညိတ္လိုက္တယ္။
‘ဟုတ္တယ္။’ တစ္ကယ္ကို ခက္ပါတယ္။
သူ ဂရုတစို္က္ ဆက္နားေထာင္ေနတယ္။ အေနာက္ဖက္ ဂ်ိကလန္မွာ ရွိတဲ့ စာအုပ္ေတြမွာလည္း ဒီ အခက္အခဲ ႏွစ္ခုအေၾကာင္း ေသခ်ာ ရွင္းျပထားေပးတယ္။ ဒီ အခက္အခဲ ႏွစ္ခုျပီး ေက်ာ္ျဖတ္ျပီးေတာ့ ေတြ႕ ရမဲ့ အခက္အခဲေတြေတာ့ မရွင္းျပထားဘူး။
‘ဇီဖူ ျဖစ္ျပီးေတာ့ အင္ေမာ္တယ္ ျဖစ္လာတယ္ဆိုရင္ ဒီလူဟာ ကမာၻကို ကိုင္လႈပ္ႏိုင္တဲ့ အစြမ္း ပိုင္ဆိုင္ထားတာပဲ။’
‘ဒါေပမဲ့ အင္ေမာ္တယ္ ျဖစ္လာတယ္ဆိုတာ သဘာသ တရားၾကီးရဲ႕ သတ္မွတ္ထားတဲ့ ဥပေဒကို လြန္ဆန္တာပဲ။ ဒါေၾကာင့္မို႕ လိုက ဇီဖူ ျဖစ္ျပီးလို႕ အင္ေမာ္တယ္ လမ္းစဥ္ကို စတင္ေျခခ် မိတာနဲ႕ အႏွစ္ သံုးရာတုိင္းမွာ ေကာင္းကင္က ပ်က္စီးျခင္း စမ္းသပ္မႈေတြ ေရာက္လာလိမ့္မယ္။ အႏွစ္ ၉၀၀ တိုင္းမွာ ေပးဆပ္ျခင္းၾကီးေတြကို ေက်ာ္ျဖတ္ရမယ္။ ဒါေၾကာင့္ ဆိုရိုးစကား ုေတာင္ရွိတယ္။ ရာစုႏွစ္ ၃ ခုတိုင္း ပ်က္စီးျခင္းနဲ့ ရာစုႏွစ္ ၉ ခုတိုင္း ေပးဆပ္ျခင္း ေတြ ဆိုျပီးေတာ့ေပါ့။ ပ်က္ဆီးျခင္းေတြကို ေက်ာ္ျဖတ္ရတာ လြယ္ကူေပမဲ့ ေပးဆပ္ျခင္း စမ္းသပ္မႈေတြကေတာ့ ေက်ာ္ျဖတ္ဖို႕ ခက္ခဲတယ္။ အင္ေမာ္တယ္ လမ္းစဥ္ေပၚ ေရာက္သြားတိုင္း ဒီ ပ်က္ဆီးမႈ ၊ ေပးဆပ္မႈေတြကို ႏွစ္ ၃၀၀ နဲ႕ ၉၀၀ ျပည့္တိုင္းမွာ အျမဲတမ္း ေတြ႕ၾကံဳရမယ္။ မင္း ေကာင္းကင္တန္ခိုးရွင္ ျဖစ္မွသာ ဒီလိုအခက္အခဲေတြကေန ကင္းလြတ္ခြင့္ရမယ္။’
‘ပ်က္ဆီးျခင္း ၃ပါးနဲ႕ ေပးဆပ္ျခင္း ၉ပါး?’
‘သံုးရာစု မွာ ပ်က္ဆီးျခင္းနဲ႕ ၉ ရာစုမွာ ေပးဆပ္ျခင္း? ပ်က္ဆီးျခင္းေတြက ေက်ာ္ျဖတ္ရ လြယ္ကူျပီး ေပးဆပ္ျခင္းေတြက ေက်ာ္ျဖတ္ဖို႕ ခက္ခဲတယ္?’
ဂ်ိနင္ တကယ္ကို အ့ံ ၾသသြားတယ္။ ‘ဆယ္လယ္ဆီယယ္ အင္ေမာ္တယ္ ( ေကာင္းကင္ တန္ခိုးရွင္ မျဖစ္မျခင္း) အင္ေမာ္တယ္မွန္ သမွ် ႏွစ္ ၃ ရာနဲ႕ ၉ ရာတိုင္းမွာ အျမဲေတြ႕ ၾကံဳ ရမယ္။’
….
ရီခၽြမ္နဲ႕ စႏိုးက သူတို႕ သားေလးကို ၾကည့္ေနတယ္။ အခုေတာ့ သူတို႕ သားမ်က္ႏွာမွာ အံ့ၾသမႈေတြ ေတြ႕လာရတယ္။ ဒီ အမူအရာကို ၾကည့္ျပီး ရီခၽြမ္ ေခါင္းညိတ္လိုက္တယ္။ အခုေတာ့ သူ႕ သားကို အ့ံၾသေအာင္ လုပ္ႏိုင္သြားျပီေပါ့။
‘ငါတို႕ သားက အရမ္းငယ္ ေသးပါတယ္။ ဘာလို႕ သူ႕ကို ဒီ အေၾကာင္းေတြ ေျပာျပရတာလဲ။ ‘စႏိုး မေပ်ာ္မရႊင္နဲ႕ ေျပာလိုက္တယ္။
‘အေဖ။ သာမာန္လူကေန ဇင္တ်န္၊ ဇင္တ်န္ကေန ဇီဖူ ျဖစ္ဖို႕ေတာင္  အခက္အခဲေတြ အမ်ားၾကီး ေက်ာ္ျဖတ္ရဦးမယ္။ ပ်က္ဆီးျခင္း ၃ပါးနဲ႕ ေပးဆပ္ျခင္း ၉ ပါးဆိုတာ အရမ္း အရမ္းကို ေ၀းကြာလြန္းပါေသးတယ္။ ကၽြန္ေတာ္ အဲ့ဒါေတြအတြက္ စိတ္ မပူေသးပါဘူး။’ ဂ်ိနင္ ရယ္ေမာ ေျပာဆိုလုိက္တယ္။
‘အင္။ မင္းေျပာတာ မဆိုးဘူး။ အခုေလာေလာ ဆယ္ မင္းဇီဖူ ျဖစ္ဖို႕ စိတ္ပူဖို႕ မလုိ ေသးပါဘူး။ မင္းအတြက္ အရမ္းေ၀း ကြာလြန္းေသးတယ္။ အလြန္က်ယ္တဲ႕ ဒီ ေတာင္ၾကားေဒသမွာ ရွိတဲ့ မေရမတြက္နိုင္တဲ့ မ်ိဳးႏြယ္စုေတြနဲ႕  ဂ်ိကလန္ရဲ႕ အစြမ္းအထက္ဆံုးေသာ လူေတြဟာ ဇီဖူ အဆင့္ မွာပဲ ရွိၾကပါေသးတယ္။ အင္ေမာ္တယ္ လမ္းစဥ္ဟာ ေလွ်က္လွမ္းဖို႕ အလြန္ခက္တယ္။ ငါတို႕ရဲ႕ ဒါဆီရန္ မင္းဆက္ေတာင္ ႏွစ္ သန္းေပါင္း မ်ားစြာ ၾကာမွ  ေကာင္းကင္ တန္ခိုးရွင္ တစ္ေယာက္သာ ေပၚထြက္ခဲ့ေသးတယ္။’
နင္ ျဖည္းျဖည္းေလး ေခါင္းညိတ္လိုက္တယ္။
‘ ငရဲျပည္မွာ တုန္းက ခ်ိဳင္ နန္းေတာ္ရွင္က ႏု၀ါရဲ႕ ပန္းခ်ီကားသာ သူ႕ကို ေကာင္းကင္ တန္ခိုးရွင္ ျဖစ္ေစႏိုင္မယ္လို႕ ေျပာလိုက္တယ္။ ဒါေတာင္ အခက္အခဲေတြ အမ်ားၾကီး ေက်ာ္ျဖတ္ ရဦးမယ္။ ျပီးေတာ့ ခ်ိဳင္သခင္က သူ႕ကို ဒီဗာ မွာ ျပန္ ၀င္စားေစျပီးေတာ့ ေကာင္းကင္ စစ္တပ္မွာ အမႈထမ္းဖို႕ ေျပာလိုက္တယ္။ ဒီ အခ်က္ေတြ ၾကည့္ျပီးေတာ့ ေကာင္းကင္ တန္ခိုးရွင္ျဖစ္ ဖို႕ ဘယ္ေလာက္ ခက္ခဲတယ္ ဆိုတာ  ေတြ႕ႏိုင္တယ္။ သရီး ရီလမ္ တားျမစ္မႈေတြကို ေက်ာ္လြန္ျပီးေတာ့ ဓာတ္ၾကး ၅ပါးနဲ႕ တည္ေဆာက္ထားမႈေတြ ကေန လြတ္ေျမာက္ဖို႕ ဆိုတာ လြယ္လြယ္ေလးေတာ့ ဘယ္ျဖစ္မလဲ။’
မင္းအခု အင္ေမာ္တယ္ ျဖစ္ဖို႕ က်င့္ျခင္ေသးလား။ နင္ကို ၾကည့္ျပီး ရီခၽြမ္ ေမးလိုက္တယ္။
‘ဟုတ္ကဲ့..’
နင္ ေခါင္းညိတ္လိုက္တယ္။
ရီခၽြမ္ လည္း ေခါင္ ညိတ္လိုက္တယ္။ တကယ္လို႕ သာ သူ႕ သားက ေျပာျပတာေတြ နားေထာင္ျပီး ေၾကာက္ရြံ႕ ပံု ျပေနရင္ သူေတာ္ေတာ္ စိတ္ဆိုးမိမွာ။ သူမသိတာက ဂ်ိနင္ ဘယ္လိုလုပ္ ေၾကာက္တတ္မွာလည္းဆိုတာပဲ။ ဘယ္ဟာမွေတာ့ မစြန္႕စားပဲ မရပါဘူး။ လမ္းေပၚမွာ လမ္းေလွ်ာက္ေနရင္ေတာင္ ေခါင္းေပၚ ေက်ာက္ခဲ ျပဳတ္က်ျပီး ေသႏိဳင္တာပဲ။ ထမင္းစားရင္ေတာင္ နင္ျပီး ေသတတ္တာပဲ။ အင္ေမာ္တယ္ျဖစ္ဖို႕ ဆိုတာ အရမ္းကို စြန္႕စားရတယ္။
ရီခၽြမ္က ဆက္ေျပာတယ္။
‘ဒါေပမဲ့ မင္းက ငယ္ ေသးတယ္။ က်င့္စဥ္ေတြက အရမ္းကို ရႈပ္ေထြး နက္နဲ လြန္းလွတယ္။ ငါက အဆင့္ျမင့္တဲ့ အင္ေမာ္တယ္ က်င့္စဥ္ေတြ မင္းးကို လက္ဆင့္ကမ္းေပးျပီး မင္းက်င့္တာ မွားသြားရင္ ခႏၶာကိုယ္အတြက္ မေကာင္းဘူး။ သာမာန္က်င့္စဥ္ေတြ ကလည္း ေလ့က်င့္ဖို႕ မတန္ဘူး။’
ဂ်ိနင္ ေျပာလိုက္တယ္။
‘အေဖ ။ ကၽြန္ေတာ္ ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္ကို က်င့္ခ်င္ပါတယ္။’
‘အို.. မင္း ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္ကို သိတယ္လား။ ‘
ရီခၽြမ္ အံ့ၾသသြားတယ္။ စႏုိးက ရယ္ေမာျပီး ေျပာလိုက္တယ္။
‘ငါတို႕သားေလး စာေတာ္ေတာ္ ဖတ္ထားေတာ့ သူ အင္ေမာ္တယ္ ျဖစ္ဖို႕ က်င့္စဥ္ နည္းလမ္း ၂ ခုရွိတယ္ဆိုတာေတာင္ သိေနျပီပဲ။’
အင္ေမာ္တယ္ ျဖစ္ဖို႕ အတြက္ က်င့္ရမဲ့ လမ္း ၂ လမ္းရွိတယ္။
ပထမကေတာ့ ကီက်င့္စဥ္ပဲ။ Ki refining။ ကီ စြမ္းအားေတြကို သန္႕ စင္တဲ့ က်င့္စဥ္ပဲ။ ၉၉ % ေလာက္ အင္ေမာ္တယ္ က်င့္စဥ္ က်င့္သူေတြက ဒီလမ္းစဥ္ကို က်င့္ၾကတယ္။ ဒီလမ္းစဥ္ကို က်င့္သူေတြဟာ ထူးဆန္းတဲ့ အင္ေမာ္တယ္ ရတနာေတြ အသံုးျပဳႏိုင္တယ္၊ ရွုပ္ေထြးတဲ့ ေက်ာက္ဘီလူးေတြ တည္ေဆာက္ႏိုင္တယ္။ ေမွာ္ သတၱ၀ါ ဆန္းေတြ အမ်ားၾကီးကို ထိန္းခ်ဳပ္ႏိုင္တယ္။ ျပီးေတာ့ ေမွာ္ ၀ဂၤဘာ ေတြကို တည္ေဆာက္ႏိုင္တယ္။ အရမ္းကို ေၾကာက္မက္ဖြယ္ ေကာင္းတဲ့ ပညာေတြ အမ်ားၾကီး အသံုးျပဳႏိုင္တယ္။ ေျပာရရင္ေတာ့ အရမ္းကိုအံ့ၾသဖို႕ ေကာင္းတဲ့ လမ္းေၾကာင္းပဲ။
ေနာက္ က်င့္စဥ္ တစ္လမ္းကေတာ့ ဖင္းေဂါ့ ခႏၵာကိုယ္ သန္႕စင္နည္းပဲ။ ေျပာရရင္ေတာ့ သရီး ရီလမ္မွာ ဖင္းေဂါ့ေတြ အမ်ားအျပား ေမြးဖြားခဲ့တယ္။ ဖင္းေဂါ့ေတြ အကုန္လံုးက သဘာ၀တရား ၾကီးကေန ေမြးဖြားလာတာဆိုေတာ့ ေမြးကတည္းက အရမ္း အစြမ္း ထက္ၾကတယ္။ ဒီ စၾကာ၀႒ာ ၾကီးကို တည္ေဆာက္ခဲ့သူ ပန္ဂူး ဆိုတဲ့ နတ္ဘုရားဟာ ( fiendgod of the primal chaos) ပရိုင္မာ ေခ်ာရဲ့ ဖင္းေဂါ့ျဖစ္ျပီးေတာ့ အစြမ္းအထက္ဆံုးပဲ။ သူဟာ အစြမ္းအထက္ဆံုး ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတယ္။ ဒါေၾကာင့္ ေရွး လူၾကီးေတြက ဖင္းေဂါ့ ခႏၵာကိုယ္ က်င့္စဥ္ကို တီထြင္ခဲ့ၾကတယ္။ ေလ့က်င့္သူေတြဟာ ဖင္းေဂါ့ေတြရဲ့ ခႏၶာ ကိုယ္လိုမ်ိဳး  အစြမ္းထက္သြားၾကတယ္။ ဖ်က္ဆီးလို႕ မရတဲ့ ခႏၶာကိုယ္၊ အလြန္ ခြန္အားၾကီးမား ျခင္း၊ ေခါင္း ၃ လံုး လက္ေျခာက္ဖက္ ထြက္ေအာင္ လုပ္ႏိုင္လာျခင္း၊(three head six arms)၊ ေသြးတစ္စက္ ကေန ခႏၶာကိုယ္ အသစ္ ျပန္ ေမြးဖြားလာႏိုင္ျခင္း၊ အင္ေမာ္တယ္ ျဖစ္ျပီး မေသဆံုးႏီုင္ ျခင္း စတဲ့ ဒီလို အစြမ္းေတြကို ဖင္းေဂါ့ က်င့္စဥ္ က်င့္သူေတြ ပိုင္ဆိုင္ထားတယ္။ အဆင့္ျခင္းတူရင္ေတာင္ ဖင္းေဂါ့ေတြဟာ သူတို႕ ျပိဳင္ဖက္ကို  အသာစီးကေန ယွဥ္ျပိဳင္ ႏိုင္တယ္။
‘ခႏၶာကိုယ္ က်င့္စဥ္ဟာ ကီ က်င့္စဥ္ထက္ အဆ၁၀၀ ေလာက္ ပိုခက္ခဲတယ္။ ဖင္းေဂါ့ ကိုယ္ခႏၶာက်င့္စဥ္  က်င့္သူေတြဟာ ဖင္းေဂါ့ေတြရဲ႕ အစြမ္းကို ပိုင္ဆိုင္ထားတယ္ ဆုိေတာ့ ဘယ္ေလာက္ အစြမ္းထက္မယ္ဆိုတာ စဥ္းစားၾကည့္ ေပါ့။’
‘အေဖ ကၽြန္ေတာ္ ဖင္းေဂါ့ က်င့္စဥ္ကို အရင္က်င့္ျပီးမွ ကီ က်င့္စဥ္ကိုဆက္ က်င့္ပါ့မယ္။ ဒီ က်င့္စဥ္ ၂ မ်ိဳးလံုးကို တစ္ခ်ိန္တည္းစီ က်င့္ျပီးေတာ့မွ ကၽြန္ေတာ္ အတြက္ ပိုျပီး အဆင္ေျပတဲ့ က်င့္စဥ္ကို အဓိက လမ္းေၾကာင္းအေနနဲ႕ သတ္မွတ္ျပီး ေသခ်ာေလ့က်င့္မယ္ေလ။ ျပီးေတာ့ ကၽြန္ေတာ္ အရမ္းငယ္ေသးတာဆိုေတာ့ ကီ က်င့္စဥ္ က်င့္ရင္ ေသြးေၾကာေတြကို ထိခိုက္ႏိုင္လိမ္မယ္။ ဖင္းေဂါ့ က်င္စဥ္မွာေတာ့ ထိခိုက္မယ့္ဟာ သိပ္မရွိဘူး။’
ရီခၽြမ္ နဲ႕ စႏိုး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္လိုက္တယ္။
သူတို႕ ကေလးက ေတာ္ေတာ္ကို နားလည္ေနျပီပဲ။ ဖင္းေဂါ့ က်င့္စဥ္က ခႏၶာကိုယ္ ၾကြက္သားေတြနဲ႕ အတြင္း အဂၤါေတြ ကို သန္စြမ္းလာေအာင္ လုပ္ေပးတာပဲ။ ေသြးေၾကာေတြနဲ႕ ပတ္သက္ျပီးေတာ့ ဘာမွ ထိခိုက္ဖို႕ အေၾကာင္း မရွိဘူး။ ေျပာၾကတာေတာ့ ေမြးရာပါ ဖင္းေဂါ့ေတြက ပံုစံမ်ိဳး စံုနဲ႕ လာၾကတာပဲ။ သူတို႕ရဲ႕ ဖြဲ စည္းပံုက သာမာန္ လူသားေတြရဲ႕ ခႏၶာကိုယ္ ဖြဲ႕စည္းပံုနဲ႕ မတူၾကဘူး။ ေရွးလူၾကီးေတြက ဖင္းေဂါ့ေတြရဲ႕ ခႏၶာကိုယ္ကို ေလ့လာျပီး ဒီ က်င့္စဥ္ေတြကို တီထြင္ခဲ့တာပဲ။ ဒါေၾကာင့္ သူတို႕ေတြက ေသြးေၾကာဖြဲ႕ စည္းပံုေတြကို လ်စ္လ်ဴရႈထားၾကတယ္။’
ရီခၽြမ္ေျပာလိုက္တယ္။
‘ဟုတ္ျပီ။ ဖင္းေဂါ့ က်င့္စဥ္ေတြဟာ အရမ္းကို တန္ဖိုးရွိတယ္။ ငါတို႕ ဂ်ိကလန္မွာမွ စုစုေပါင္း ၁၉ အုပ္ပဲ ရွိတယ္။ အဲ့ ၁၉အုပ္လံုးက ဂ်ိကလန္ နယ္ေျမ ၅ခု လံုးမွာ ပ်ံ႕နွံ႕ ေနတယ္။ မင္းၾကိဳက္တာ တစ္ခုကို ေလ့က်င့့္လို႕ ရတယ္။’
ဂ်ိနင္ အရမ္း ၀မ္းသာသြားတယ္။
‘ဟုတ္ကဲ့။’
ရီခၽြမ္ ေအာ္ေျပာလိုက္တယ္။
‘အကိုနက္ေရ။’
သက္လတ္ပိုင္းအရြယ္ လူတစ္ေယာက္ အျပင္က ၀င္လာတယ္။ သူကေတာ့ ေျမြနက္ၾကီးရဲ႕ လူပံုစံ အသြင္ပဲ ျဖစ္တယ္။
ဂ်ိနင္ ႏႈတ္ဆက္လိုက္တယ္။
‘ဦးေလးနက္။’
‘လြန္ခဲ့ တဲ့ ႏွစ္နွစ္ကတည္းက ဒီလူၾကီးက ဇင္တ်န္ သက္ရွိ အဆင့္ကို ေရာက္ေနျပီ ျဖစ္တဲ့ သတၱ၀ါၾကီး ဆိုတာ ဂ်ိနင္ သိခဲ့တယ္။ ေျပာရရင္ေတာ့ ဘယ္ တိရိစာၦန္ မဆို သူ႕အသိဥာဏ္ အလင္းရခဲ့ရင္ (monster) သတၱ၀ါဆန္းလို႕ ေခၚၾကတယ္။ သဘာ၀ကေန စြမ္းအင္ေတြကို စုပ္ယူျပီးတဲ့ ေနာက္မွာ သူတို႕ ေတြဟာ က်င့္စဥ္ေတြ မရွိတဲ့ အတြက္ သူတို႕ေတြ အဆင့္တက္ဖို႕ဟာ လူသားေတြထက္ ပိုျပီး ခက္ခဲၾကတယ္။ သူတို႕ေတြ ဇင္တ်န္ သက္ရွိ အဆင့္ေရာက္မွသာ ပုစံ ေျပာင္းႏိုင္တဲ့ အစြမ္းကို ပိုင္ဆိုင္လာၾကတယ္။’
ရီခၽြမ္ နင္ ဘာလိုခ်င္လဲ လို႕ ျပံဳးျပီးေမးလိုက္တယ္။
ငါနင့္ကို နည္းနည္း ဒုကၡေပးလိုက္ဦးမယ္။ စာၾကည့္တိုက္ တစ္ခ်က္ သြားေပးဖို႕ ေျပာမလို႕ပါ။ ငါ့ကို ဒီ ဖင္းေဂါ့ က်င့္စဥ္ ၁၉ မ်ိဳး အၾကမ္းဖ်င္း ကို ကူးခဲ့ေပးပါ။ နင္က ေလ့ က်င့္ခ်င္ေနလို႕ပါ။
‘နင္ ေလ့က်င့္ခ်င္လို႕၊ တစ္ေယာက္ေယာက္က ဖင္းေဂါ့ က်င့္စဥ္ က်င့္လိုက္ရင္ ဖင္းေဂါ့ ရဲ႕ အစြမ္းေတြကို ပိုင္ဆိုင္လာ မွာပဲ။ ဂ်ိနင္ ေတာ္ေတာ္ ရည္မွန္းခ်က္ ၾကီးတာပဲ။’ ေျမြနက္ၾကီး ျပံဳးျပီး ေျပာလိုက္တယ္။
‘၀ုန္း’
သူေပ်ာက္ကြယ္သြားတယ္။
နင္ အသက္ ၀၀ တစ္ခ်က္ ရွဴလိုက္တယ္။
ဦးေလးနက္ေျပာတာလည္း မွန္ပါတယ္။ သူရည္မွန္းခ်က္ ေတာ္ေတာ္ ၾကီးပါတယ္။ ပထမ အေၾကာင္းျပခ်က္က သူအရမ္းငယ္လို႕ သူ႕အေဖက သူ႕ကို ကီ က်င့္စဥ္ က်င့္ေစခ်င္မွာ မဟုတ္ဘူး။ ကိုယ့္ဘာသာေလ့က်င္ဖို႕ေတာ့ ဂ်ိနင္ သတၱိ မရွိေသးဘူး။ ဒုတိယကေတာ့ ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္ဟာ ေကာင္းတဲ့အခ်က္ အရမ္း မ်ားတယ္။  ဖင္းေဂါ့ က်င္စဥ္ က်င့္ထားသူ တစ္ေယာက္ကို သတ္ဖို႕ ဆိုတာ ကီ က်င့္စဥ္ က်င့္ထားသူကို သတ္ဖို႔ ထက္ အဆ တစ္ေထာင္ ပိုခက္ခဲတယ္။  ဖင္းေဂါ့က်င့္စဥ္ ဆရာၾကီးေတြဟာ အဆင့္သူ ကီ က်င့္စဥ္ က်င့္သူေတြကို အလြယ္တကူ အႏိုင္ ယူႏိုင္တယ္။ သူတို႕ေတြဟာ ကိုယ့္ကိုကိုယ္ မေသေအာင္ ထိန္းသိမ္းႏိုင္တဲ့ စြမ္းရည္နဲ႕ ၾကီးမားတဲ့ အစြမ္းေတြ ပိုင္ဆိုင္ထားၾကတယ္။ ဒါေၾကာင္ ဂ်ိနင္က ဖင္းေဂါ့ က်င့္စဥ္ကို ပိုျပီး သေဘာက် ေနတာ။
ဟူး…..
ေလညင္းေလး တိုက္ခတ္လာျပီးေတာ့ ဦးေလးနက္ ခန္းမအလယ္မွာ ေပၚလာတယ္။ သူမ်က္ႏ်ာ ျပံဳးရႊင္ေနတယ္။
‘နင္ေရ နင္လိုခ်င္ေနတဲ့ ဖင္းေဂါ့ က်င့္စဥ္ အၾကမ္းဖ်င္း ေကာ္ပီေတြ ရျပီ။’
‘နင္ ဒီအၾကမ္းဖ်င္း ေကာ္ပီေတြမွာ က်င့္စဥ္ေတြရဲ႕ ပထမပိုင္းနဲ႕ အက်ဥ္းခ်ဳပ္ ရွင္ျပထားတာပဲ ပါေသးတယ္။ သားေသခ်ာ ၾကည့္ျပီး ေရြးခ်ယ္ပါ။’
ဦးေလးနက္ က်မ္းသာအုပ္ေတြကို နင္ အေရွ႕ စီထားေပးလိုက္တယ္။
စာအုပ္အကုန္လံုးက အရမ္းပါးလႊာပါတယ္။ ဒါေတြက မျပည့္စံုေသတဲ့ ေကာ္ပီေတြပဲေလ။ တကယ္လို႕ အခိုးခံ ရရင္ေတာင္ ဂ်ိကလန္ကို ထိခိုက္ဖို႕ အေၾကာင္းမရွိဘူး။ သူတို႕ေတြ အရမ္း တန္ဖိုးရွိတဲ့ အင္ေမာ္တယ္ က်င့္စဥ္ စာအုပ္ေတြကို စာၾကည့္တိုက္ထဲ ဒီတိုင္း အကုန္ မထည့္ထားရဲပါဘူး။ ဒါေပမဲ့ ဒီ ေကာ္ပီ စာအုပ္ေတြေတာင္ သာမာန္လူေတြ ဖတ္ဖို႕ အတြက္ မျဖစ္ႏိုင္ေသးပါဘူး။ ဒါေၾကာင္ ရီခၽြမ္က ဦးေလးနက္္ကို သြားယူခိုင္းလိုက္တာျဖစ္တယ္။
က်င့္စဥ္ ၁၉ မ်ိဳး။
ဂ်ိနင္ စတင္ျပီး ေလ့လာပါေတာ့တယ္။
……


ဆက္ပါဦးမည္>>>>>>
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
ေဖ့ဘုတ္တြင္ @drpanda88 ဟု search တြင္ရိုက္ ရွာႏိုင္ပါသည္။

Unicode

အခန်း ၆ း တန်ခိုးရှင် အဖြစ် လေ့ကျင့်ခြင်း



“ကျွန်တော် မသိပါဘူး။ ပြောပြပါ အဖေ။”

ဂျိနင် ရိုသေစွာ မေးလိုက်တယ်။

ပြောရ၇င်တော့ သူစာအုပ်တွေ အများကြီး ဖတ်ထားလို့ သိသင့်သလောက်တော့ သိပြီးပြီ။ ဒါပေမဲ့ ၄နှစ် အရွယ် ကလေးတစ်ယောက် အနေနဲ့ အရမ်းကြီး နားလည်ပြနေဖို့ တော့ မလိုဘူးလေ။

ရီချွမ်က အေးစက်စက်ပြန် ပြောလိုက်တယ်။

“ဒါဆို မင်းနားလည်အောင် ရှင်းပြမယ်။ ပထမဆုံး အဆင့်ကြီး ၇ ဆင့် အကြောင်း ပြောပြမယ်။”

“ပထမ ဆုံး အဆင့်က (Houtain) ဟိုတျန် အဆင့် နှစ်ပေါင်း ၁၀၀ ကျော် အသက် ရှင်နေနိုင်တယ်။”

“ဒုတိယ အဆင့်က (Xiantian) ရှင် တျန် အဆင့်။ နှစ်ပေါင်း၂၀၀ ကျော် အသက် ရှင်သန် နိုင်တယ်။”

“တတိယ အဆင့် က (Zifu)  ဇီဖူ အဆင့်။ ခရမ်းရောင် နန်းတော်ရှင် အဆင့်လို့ လည်းခေါ်တယ်။ ဒီ အဆင့်ကိုရောက် သွားရင် ဇီဖူ တန်ခိုးရှင်လို့ ခေါ်တွင်ကြပြီးတော့ နှစ်ပေါင်း ၅၀၀ တိုင်အောင် အသက်ရှင် နေထိုင်နိုင်တယ်။”

“စတုတ္ထ အဆင့်ကတော့ (Wanxing) ဝမ်ရှင်း အဆင့်လို့ခေါ်တယ်။ ပတ်ဝန်းကျင် က အရာဝတ္ထု တွေကို ထိန်းချုပ်လာနိုင်တယ်။ ဒီ အဆင့်ကိုတော့ ဝမ်ရှင်း သူတော်စင် လို့ တပ်ပြီး ခေါ်ဆိုကြတယ်။ နှစ်ပေါင်း ၈၀၀ လောက် အသက်ရှင် နေထိုင်နိုင်တယ်။”

“၅ ဆင့်မြောက် အဆင့်ကိုတော့ (primordial) မူလအစတန်ခိုးရှင် လို့ ခေါ်တွင်ကြတယ်။”

“၆ဆင့် မြောက် ကို ကြတော့ (void) အတည် မဖြစ်သေးသော တန်ခိုးရှင် အဆင့်လို့ ခေါ်ဆိုကြတယ်။ land immortal or earth immortal မြေအင်မော်တယ်လို့လည်း ခေါ်ကြတယ်။ void အဆင့် နောက်ပိုင်းတွေ ရောက်လာရင် ကောင်းကင်ရဲ့ စမ်းသပ်ခြင်းကို ခံကြရမယ်။ ဒီ စမ်းသပ်မှုတွေမှာ ကျဆုံးခဲ့ရင် သူတို့ ခန္ဓာကိုယ် ပျက်စီးပြီးတော့ ဝိဉာဉ်လည်း သေဆုံးသွားမယ်။ တစ်ကယ်လို့သာ ဒီအဆင့်မှာ သူ့ရဲ့ ခန္ဓာကိုယ်ပဲ ပျက်စီးပြီးတော့ ဝိဉာဉ်နဲ့ လွတ်မြောက်သွားရင် လွတ်မြောက်နေသော အင်မော်တယ် လို့ ခေါ်ဆိုတယ်။ သူတို့ရဲ့ အစွမ်းဟာ မြေအင်မော်တယ်နဲ့ အစွမ်းတူတူလောက်ပဲ လို့ပြောလို့ ရတယ်။”

“၇ ဆင့်မြောက် အဆင့်ကိုတော့ (celestial immortal)ကောင်းကင် တန်ခိုးရှင်လို့ ခေါ်တွင်တယ်။  ဒီအဆင့်ကို ရောက်မှသာ သရီး ရီလမ် အပြင်ကို ခြေဆန့် နိုင်ပြီးတော့ ခန္ဒာကိုယ်ဟာ ဓာတ်ကြီး ၅ပါးနဲ့ တည်ဆောက်မှု မရှိတော့ဘူး။”

ရီချမ်းက သူ့သားကို အံ့သြမှုတွေ ပြလာမလားလို့ စိုက်ကြည့်နေပေမဲ့ သူ့သားက ဒါတွေကြားလို့ အံ့သြပုံမပေါ်ဘူး။

“ကဲ မင်း အင်မော်တယ် ဖြစ်ချင်တယ်ဆို ဖြစ်ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သိပြီလား။ ရီချွမ် ပြောလိုက်တယ်။ ပထမဦးဆုံး ဖြတ်ကျော်ရမှာက ဟိုတျန် အဆင့်ကနေ ဇင်တျန် အဆင့် ကို ရောက်အောင်ကျင့်ဖို့ပဲ။”

“ဇင်တျန်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြမယ်။  ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာတဲ့ သက်ရှိကို သာ ဇင်တျန် လို့ ခေါ်ဆိုနိုင်တယ်။ ရှေး ဖင်းဂေါ့ ခေတ်တုန်းက ကောင်ကင်နဲ့ မြေကြီးက အလိုလျောက်မွေးဖွားလာတဲ့ ဖင်းဂေါ့တွေဟာ အရမ်းတန်ခိုးကြီးကြတယ်။ ပြီးတော့ နတ်ပြည်မှ ပြန်မွေးဖွားလာတဲ့  အဇူရာနဲ့ ဒီဗာတွေ ရှိတယ်။ ဒီ အဇူရာနဲ့ ဒီဗာတွေက သဘာဝကနေ မွေးဖွားလာလို့ သူတို့တွေဟာလည်း မွေးကတည်းက ဇင်တျန် သက်ရှိတွေ ဖြစ်ကြတယ်။ ဒါကြောင့် သူတို့တွေ လေ့ကျင့်ရင် အရမ်း တိုးတက်တာမြန်တယ်။ ဘာလို့ လည်းဆိုတော့ ဇင်တျန် သက်ရှိ အဆင့်ဟာ  အင်မော်တယ် ဖြစ်ဖို့ စတင်ရတဲ့ အဆင့်ပဲ။”

-



‘သာမာန်လူသားတွေ  အင်မော်တယ် ဖြစ်အောင် လေ့ကျင့်ဖိုံ့ မဖြစ်နီုင်ဘူး။ ဒါပေမဲ့ ကောင်းကင်က မျှော်လင့်ချက် လေးပေးထားတယ်။ ဒါကြောင့် ရှေးတုန်းက လူကြီးတွေက သာမာန်လူသားတွေရဲ့ ခန္ဓာကိုယ်ကို ဇင်တျန် သက်ရှိရဲ့ ခန္ဓာကိုယ်လို လေ့ကျင့်နိုင်အောင် နည်းစနစ်တွေ ချန်ပေးခဲ့တယ်။ ဒါကြောင့် သာမာန်လူတွေ အင်မော်တယ်ဖြစ်အောင် လေ့ကျင့်လာနိုင်တာ။ ‘

‘ဒါပေမဲ့ သာမာန်လူက ဇင်တျန် သက်ရှိ ဖြစ်အောင် လေ့ကျင့်ဖို့ ဆိုတာ ကောင်းကင် စည်းမျဉ်းနဲ့ ဆန့်ကျင်နေတဲ့ အတွက် အရမ်းခက်ခဲတယ်။ အောင်မြင်ဖို့ဆိုတာ တစ်သောင်းမှာ တစ်ယောက်သာ ဖြစ်နိုင်တယ်။ ငါ့ကို ပြော စမ်းပါ ခက်လား မခက်ဘူးလားလို့။’

ဂျိနင် ဆက်နားထောင်နေတယ်။

‘ဇင်တျန် သက်ရှိ ဘဝ။ သူသာ ငရဲပြည်က မတော်တဆ ဖြစ်ရပ် မကြုံခဲ့ရင် ကောင်းကင်က ဒီဗာ ရီလမ်မှာ သူပြန် ဝင်စားပြီးနေပြီ။ ဒါဆို သူ မွေးကတည်းက ဇင်တျန် သက်ရှိ ဖြစ်နေမှာ။ အခုတော့ သူက သာမာန်လူသားပဲ။ ပြီးတော့ သာမာန် လူသားကနေ ဇင်တျန် သက်ရှိ ဖြစ်ဖို့က အရမ်းကို ခက်ခဲလွန်းလှတယ်။’

‘အင်မော်တယ် ဖြစ်ဖို့ ဒုတိယ အတား အဆီးကတော့ ဇင်တျန် အဆင့်ကနေ ဇီဖူ အဆင့်ကို ရောက်အောင်ကျင့်ရတာပဲ။’

‘ခရမ်းရောင် နန်းတော်ရှင် အဆင့်လို့ သိကြတဲ့ ဇီဖူ အဆင့်ကို ရောက်မှသာ အင်မော်တယ်အဖြစ် ဆက်လက်ကျင့်ကြံလို့ ရမှာ။ ခရမ်းရောင်နန်းတော် ကို ဆက်သွယ် ရတယ်ဆိုတာ အိမ်ဆောက်တဲ့ အခါ အုတ်မြစ် ချသလိုမျီုး ၊ စပါးစိုက်ပြီး ရိတ်သိမ်းသလိုမျိုး အင်မော်တယ် ဖြစ်ဖို့ အခြေခံပဲ။ ဒါဟာ အင်မော်တယ်လမ်းစဉ်အတွက် အုတ်မြစ်ပဲ။ ကျင့်ကြံသူ တစ်ယောက်ဟာ ခန္ဓာကိုယ်ထဲက ခရမ်းရောင် နန်းတော်ကို ဖွင့်နိုင်မှသာ အင်မော်တယ် လမ်းစဉ်ပေါ် ရောက်နေပြီလို့ ပြောနိုင်တယ်။ ဒီလိုလူကိုသာ ဇီဖူ ဆရာလို့ နာမည်တပ်ပြောနိုင်တယ်။ ဇင်တျန်က နေ ဇီဖူရောက်ဖို့ ကို တစ်ထောင်မှာ တစ်ယောက်သာ ရောက်နိုင်လို့ ခက်လားမခက်လား ဖြေပါဦး။’

ဂျိနင် ခေါင်းညိတ်လိုက်တယ်။

‘ဟုတ်တယ်။’ တစ်ကယ်ကို ခက်ပါတယ်။

သူ ဂရုတစိုက် ဆက်နားထောင်နေတယ်။ အနောက်ဖက် ဂျိကလန်မှာ ရှိတဲ့ စာအုပ်တွေမှာလည်း ဒီ အခက်အခဲ နှစ်ခုအကြောင်း သေချာ ရှင်းပြထားပေးတယ်။ ဒီ အခက်အခဲ နှစ်ခုပြီး ကျော်ဖြတ်ပြီးတော့ တွေ့ ရမဲ့ အခက်အခဲတွေတော့ မရှင်းပြထားဘူး။

‘ဇီဖူ ဖြစ်ပြီးတော့ အင်မော်တယ် ဖြစ်လာတယ်ဆိုရင် ဒီလူဟာ ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ အစွမ်း ပိုင်ဆိုင်ထားတာပဲ။’

‘ဒါပေမဲ့ အင်မော်တယ် ဖြစ်လာတယ်ဆိုတာ သဘာသ တရားကြီးရဲ့ သတ်မှတ်ထားတဲ့ ဥပဒေကို လွန်ဆန်တာပဲ။ ဒါကြောင့်မို့ လိုက ဇီဖူ ဖြစ်ပြီးလို့ အင်မော်တယ် လမ်းစဉ်ကို စတင်ခြေချ မိတာနဲ့ အနှစ် သုံးရာတိုင်းမှာ ကောင်းကင်က ပျက်စီးခြင်း စမ်းသပ်မှုတွေ ရောက်လာလိမ့်မယ်။ အနှစ် ၉၀၀ တိုင်းမှာ ပေးဆပ်ခြင်းကြီးတွေကို ကျော်ဖြတ်ရမယ်။ ဒါကြောင့် ဆိုရိုးစကား ုတောင်ရှိတယ်။ ရာစုနှစ် ၃ ခုတိုင်း ပျက်စီးခြင်းနဲ့ ရာစုနှစ် ၉ ခုတိုင်း ပေးဆပ်ခြင်း တွေ ဆိုပြီးတော့ပေါ့။ ပျက်ဆီးခြင်းတွေကို ကျော်ဖြတ်ရတာ လွယ်ကူပေမဲ့ ပေးဆပ်ခြင်း စမ်းသပ်မှုတွေကတော့ ကျော်ဖြတ်ဖို့ ခက်ခဲတယ်။ အင်မော်တယ် လမ်းစဉ်ပေါ် ရောက်သွားတိုင်း ဒီ ပျက်ဆီးမှု ၊ ပေးဆပ်မှုတွေကို နှစ် ၃၀၀ နဲ့ ၉၀၀ ပြည့်တိုင်းမှာ အမြဲတမ်း တွေ့ကြုံရမယ်။ မင်း ကောင်းကင်တန်ခိုးရှင် ဖြစ်မှသာ ဒီလိုအခက်အခဲတွေကနေ ကင်းလွတ်ခွင့်ရမယ်။’

‘ပျက်ဆီးခြင်း ၃ပါးနဲ့ ပေးဆပ်ခြင်း ၉ပါး?’

‘သုံးရာစု မှာ ပျက်ဆီးခြင်းနဲ့ ၉ ရာစုမှာ ပေးဆပ်ခြင်း? ပျက်ဆီးခြင်းတွေက ကျော်ဖြတ်ရ လွယ်ကူပြီး ပေးဆပ်ခြင်းတွေက ကျော်ဖြတ်ဖို့ ခက်ခဲတယ်?’

ဂျိနင် တကယ်ကို အံ့ သြသွားတယ်။ ‘ဆယ်လယ်ဆီယယ် အင်မော်တယ် ( ကောင်းကင် တန်ခိုးရှင် မဖြစ်မခြင်း) အင်မော်တယ်မှန် သမျှ နှစ် ၃ ရာနဲ့ ၉ ရာတိုင်းမှာ အမြဲတွေ့ ကြုံ ရမယ်။’

….

ရီချွမ်နဲ့ စနိုးက သူတို့ သားလေးကို ကြည့်နေတယ်။ အခုတော့ သူတို့ သားမျက်နှာမှာ အံ့သြမှုတွေ တွေ့လာရတယ်။ ဒီ အမူအရာကို ကြည့်ပြီး ရီချွမ် ခေါင်းညိတ်လိုက်တယ်။ အခုတော့ သူ့ သားကို အံ့သြအောင် လုပ်နိုင်သွားပြီပေါ့။

‘ငါတို့ သားက အရမ်းငယ် သေးပါတယ်။ ဘာလို့ သူ့ကို ဒီ အကြောင်းတွေ ပြောပြရတာလဲ။ ‘စနိုး မပျော်မရွှင်နဲ့ ပြောလိုက်တယ်။

‘အဖေ။ သာမာန်လူကနေ ဇင်တျန်၊ ဇင်တျန်ကနေ ဇီဖူ ဖြစ်ဖို့တောင်  အခက်အခဲတွေ အများကြီး ကျော်ဖြတ်ရဦးမယ်။ ပျက်ဆီးခြင်း ၃ပါးနဲ့ ပေးဆပ်ခြင်း ၉ ပါးဆိုတာ အရမ်း အရမ်းကို ဝေးကွာလွန်းပါသေးတယ်။ ကျွန်တော် အဲ့ဒါတွေအတွက် စိတ် မပူသေးပါဘူး။’ ဂျိနင် ရယ်မော ပြောဆိုလိုက်တယ်။

‘အင်။ မင်းပြောတာ မဆိုးဘူး။ အခုလောလော ဆယ် မင်းဇီဖူ ဖြစ်ဖို့ စိတ်ပူဖို့ မလို သေးပါဘူး။ မင်းအတွက် အရမ်းဝေး ကွာလွန်းသေးတယ်။ အလွန်ကျယ်တဲ့ ဒီ တောင်ကြားဒေသမှာ ရှိတဲ့ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေနဲ့  ဂျိကလန်ရဲ့ အစွမ်းအထက်ဆုံးသော လူတွေဟာ ဇီဖူ အဆင့် မှာပဲ ရှိကြပါသေးတယ်။ အင်မော်တယ် လမ်းစဉ်ဟာ လျှေက်လှမ်းဖို့ အလွန်ခက်တယ်။ ငါတို့ရဲ့ ဒါဆီရန် မင်းဆက်တောင် နှစ် သန်းပေါင်း များစွာ ကြာမှ  ကောင်းကင် တန်ခိုးရှင် တစ်ယောက်သာ ပေါ်ထွက်ခဲ့သေးတယ်။’

နင် ဖြည်းဖြည်းလေး ခေါင်းညိတ်လိုက်တယ်။

‘ ငရဲပြည်မှာ တုန်းက ချိုင် နန်းတော်ရှင်က နုဝါရဲ့ ပန်းချီကားသာ သူ့ကို ကောင်းကင် တန်ခိုးရှင် ဖြစ်စေနိုင်မယ်လို့ ပြောလိုက်တယ်။ ဒါတောင် အခက်အခဲတွေ အများကြီး ကျော်ဖြတ် ရဦးမယ်။ ပြီးတော့ ချိုင်သခင်က သူ့ကို ဒီဗာ မှာ ပြန် ဝင်စားစေပြီးတော့ ကောင်းကင် စစ်တပ်မှာ အမှုထမ်းဖို့ ပြောလိုက်တယ်။ ဒီ အချက်တွေ ကြည့်ပြီးတော့ ကောင်းကင် တန်ခိုးရှင်ဖြစ် ဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာ  တွေ့နိုင်တယ်။ သရီး ရီလမ် တားမြစ်မှုတွေကို ကျော်လွန်ပြီးတော့ ဓာတ်ကြး ၅ပါးနဲ့ တည်ဆောက်ထားမှုတွေ ကနေ လွတ်မြောက်ဖို့ ဆိုတာ လွယ်လွယ်လေးတော့ ဘယ်ဖြစ်မလဲ။’

မင်းအခု အင်မော်တယ် ဖြစ်ဖို့ ကျင့်ခြင်သေးလား။ နင်ကို ကြည့်ပြီး ရီချွမ် မေးလိုက်တယ်။



‘ဟုတ်ကဲ့..’

နင် ခေါင်းညိတ်လိုက်တယ်။

ရီချွမ် လည်း ခေါင် ညိတ်လိုက်တယ်။ တကယ်လို့ သာ သူ့ သားက ပြောပြတာတွေ နားထောင်ပြီး ကြောက်ရွံ့ ပုံ ပြနေရင် သူတော်တော် စိတ်ဆိုးမိမှာ။ သူမသိတာက ဂျိနင် ဘယ်လိုလုပ် ကြောက်တတ်မှာလည်းဆိုတာပဲ။ ဘယ်ဟာမှတော့ မစွန့်စားပဲ မရပါဘူး။ လမ်းပေါ်မှာ လမ်းလျှောက်နေရင်တောင် ခေါင်းပေါ် ကျောက်ခဲ ပြုတ်ကျပြီး သေနိုင်တာပဲ။ ထမင်းစားရင်တောင် နင်ပြီး သေတတ်တာပဲ။ အင်မော်တယ်ဖြစ်ဖို့ ဆိုတာ အရမ်းကို စွန့်စားရတယ်။

ရီချွမ်က ဆက်ပြောတယ်။

‘ဒါပေမဲ့ မင်းက ငယ် သေးတယ်။ ကျင့်စဉ်တွေက အရမ်းကို ရှုပ်ထွေး နက်နဲ လွန်းလှတယ်။ ငါက အဆင့်မြင့်တဲ့ အင်မော်တယ် ကျင့်စဉ်တွေ မင်းးကို လက်ဆင့်ကမ်းပေးပြီး မင်းကျင့်တာ မှားသွားရင် ခန္ဓာကိုယ်အတွက် မကောင်းဘူး။ သာမာန်ကျင့်စဉ်တွေ ကလည်း လေ့ကျင့်ဖို့ မတန်ဘူး။’

ဂျိနင် ပြောလိုက်တယ်။

‘အဖေ ။ ကျွန်တော် ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ကို ကျင့်ချင်ပါတယ်။’

‘အို.. မင်း ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ကို သိတယ်လား။ ‘

ရီချွမ် အံ့သြသွားတယ်။ စနိုးက ရယ်မောပြီး ပြောလိုက်တယ်။

‘ငါတို့သားလေး စာတော်တော် ဖတ်ထားတော့ သူ အင်မော်တယ် ဖြစ်ဖို့ ကျင့်စဉ် နည်းလမ်း ၂ ခုရှိတယ်ဆိုတာတောင် သိနေပြီပဲ။’

အင်မော်တယ် ဖြစ်ဖို့ အတွက် ကျင့်ရမဲ့ လမ်း ၂ လမ်းရှိတယ်။

ပထမကတော့ ကီကျင့်စဉ်ပဲ။ Ki refining။ ကီ စွမ်းအားတွေကို သန့် စင်တဲ့ ကျင့်စဉ်ပဲ။ ၉၉ % လောက် အင်မော်တယ် ကျင့်စဉ် ကျင့်သူတွေက ဒီလမ်းစဉ်ကို ကျင့်ကြတယ်။ ဒီလမ်းစဉ်ကို ကျင့်သူတွေဟာ ထူးဆန်းတဲ့ အင်မော်တယ် ရတနာတွေ အသုံးပြုနိုင်တယ်၊ ရှုပ်ထွေးတဲ့ ကျောက်ဘီလူးတွေ တည်ဆောက်နိုင်တယ်။ မှော် သတ္တဝါ ဆန်းတွေ အများကြီးကို ထိန်းချုပ်နိုင်တယ်။ ပြီးတော့ မှော် ဝင်္ဂဘာ တွေကို တည်ဆောက်နိုင်တယ်။ အရမ်းကို ကြောက်မက်ဖွယ် ကောင်းတဲ့ ပညာတွေ အများကြီး အသုံးပြုနိုင်တယ်။ ပြောရရင်တော့ အရမ်းကိုအံ့သြဖို့ ကောင်းတဲ့ လမ်းကြောင်းပဲ။

နောက် ကျင့်စဉ် တစ်လမ်းကတော့ ဖင်းဂေါ့ ခန္ဒာကိုယ် သန့်စင်နည်းပဲ။ ပြောရရင်တော့ သရီး ရီလမ်မှာ ဖင်းဂေါ့တွေ အများအပြား မွေးဖွားခဲ့တယ်။ ဖင်းဂေါ့တွေ အကုန်လုံးက သဘာဝတရား ကြီးကနေ မွေးဖွားလာတာဆိုတော့ မွေးကတည်းက အရမ်း အစွမ်း ထက်ကြတယ်။ ဒီ စကြာဝဋ္ဌာ ကြီးကို တည်ဆောက်ခဲ့သူ ပန်ဂူး ဆိုတဲ့ နတ်ဘုရားဟာ ( fiendgod of the primal chaos) ပရိုင်မာ ချောရဲ့ ဖင်းဂေါ့ဖြစ်ပြီးတော့ အစွမ်းအထက်ဆုံးပဲ။ သူဟာ အစွမ်းအထက်ဆုံး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် ရှေး လူကြီးတွေက ဖင်းဂေါ့ ခန္ဒာကိုယ် ကျင့်စဉ်ကို တီထွင်ခဲ့ကြတယ်။ လေ့ကျင့်သူတွေဟာ ဖင်းဂေါ့တွေရဲ့ ခန္ဓာ ကိုယ်လိုမျိုး  အစွမ်းထက်သွားကြတယ်။ ဖျက်ဆီးလို့ မရတဲ့ ခန္ဓာကိုယ်၊ အလွန် ခွန်အားကြီးမား ခြင်း၊ ခေါင်း ၃ လုံး လက်ခြောက်ဖက် ထွက်အောင် လုပ်နိုင်လာခြင်း၊(three head six arms)၊ သွေးတစ်စက် ကနေ ခန္ဓာကိုယ် အသစ် ပြန် မွေးဖွားလာနိုင်ခြင်း၊ အင်မော်တယ် ဖြစ်ပြီး မသေဆုံးနီုင် ခြင်း စတဲ့ ဒီလို အစွမ်းတွေကို ဖင်းဂေါ့ ကျင့်စဉ် ကျင့်သူတွေ ပိုင်ဆိုင်ထားတယ်။ အဆင့်ခြင်းတူရင်တောင် ဖင်းဂေါ့တွေဟာ သူတို့ ပြိုင်ဖက်ကို  အသာစီးကနေ ယှဉ်ပြိုင် နိုင်တယ်။

‘ခန္ဓာကိုယ် ကျင့်စဉ်ဟာ ကီ ကျင့်စဉ်ထက် အဆ၁၀၀ လောက် ပိုခက်ခဲတယ်။ ဖင်းဂေါ့ ကိုယ်ခန္ဓာကျင့်စဉ်  ကျင့်သူတွေဟာ ဖင်းဂေါ့တွေရဲ့ အစွမ်းကို ပိုင်ဆိုင်ထားတယ် ဆိုတော့ ဘယ်လောက် အစွမ်းထက်မယ်ဆိုတာ စဉ်းစားကြည့် ပေါ့။’

‘အဖေ ကျွန်တော် ဖင်းဂေါ့ ကျင့်စဉ်ကို အရင်ကျင့်ပြီးမှ ကီ ကျင့်စဉ်ကိုဆက် ကျင့်ပါ့မယ်။ ဒီ ကျင့်စဉ် ၂ မျိုးလုံးကို တစ်ချိန်တည်းစီ ကျင့်ပြီးတော့မှ ကျွန်တော် အတွက် ပိုပြီး အဆင်ပြေတဲ့ ကျင့်စဉ်ကို အဓိက လမ်းကြောင်းအနေနဲ့ သတ်မှတ်ပြီး သေချာလေ့ကျင့်မယ်လေ။ ပြီးတော့ ကျွန်တော် အရမ်းငယ်သေးတာဆိုတော့ ကီ ကျင့်စဉ် ကျင့်ရင် သွေးကြောတွေကို ထိခိုက်နိုင်လိမ်မယ်။ ဖင်းဂေါ့ ကျင်စဉ်မှာတော့ ထိခိုက်မယ့်ဟာ သိပ်မရှိဘူး။’

ရီချွမ် နဲ့ စနိုး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်တယ်။

သူတို့ ကလေးက တော်တော်ကို နားလည်နေပြီပဲ။ ဖင်းဂေါ့ ကျင့်စဉ်က ခန္ဓာကိုယ် ကြွက်သားတွေနဲ့ အတွင်း အင်္ဂါတွေ ကို သန်စွမ်းလာအောင် လုပ်ပေးတာပဲ။ သွေးကြောတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ ထိခိုက်ဖို့ အကြောင်း မရှိဘူး။ ပြောကြတာတော့ မွေးရာပါ ဖင်းဂေါ့တွေက ပုံစံမျိုး စုံနဲ့ လာကြတာပဲ။ သူတို့ရဲ့ ဖွဲ စည်းပုံက သာမာန် လူသားတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ မတူကြဘူး။ ရှေးလူကြီးတွေက ဖင်းဂေါ့တွေရဲ့ ခန္ဓာကိုယ်ကို လေ့လာပြီး ဒီ ကျင့်စဉ်တွေကို တီထွင်ခဲ့တာပဲ။ ဒါကြောင့် သူတို့တွေက သွေးကြောဖွဲ့ စည်းပုံတွေကို လျစ်လျူရှုထားကြတယ်။’

ရီချွမ်ပြောလိုက်တယ်။

‘ဟုတ်ပြီ။ ဖင်းဂေါ့ ကျင့်စဉ်တွေဟာ အရမ်းကို တန်ဖိုးရှိတယ်။ ငါတို့ ဂျိကလန်မှာမှ စုစုပေါင်း ၁၉ အုပ်ပဲ ရှိတယ်။ အဲ့ ၁၉အုပ်လုံးက ဂျိကလန် နယ်မြေ ၅ခု လုံးမှာ ပျံ့နှံ့ နေတယ်။ မင်းကြိုက်တာ တစ်ခုကို လေ့ကျင့့်လို့ ရတယ်။’

ဂျိနင် အရမ်း ဝမ်းသာသွားတယ်။

‘ဟုတ်ကဲ့။’

ရီချွမ် အော်ပြောလိုက်တယ်။

‘အကိုနက်ရေ။’

သက်လတ်ပိုင်းအရွယ် လူတစ်ယောက် အပြင်က ဝင်လာတယ်။ သူကတော့ မြွေနက်ကြီးရဲ့ လူပုံစံ အသွင်ပဲ ဖြစ်တယ်။

ဂျိနင် နှုတ်ဆက်လိုက်တယ်။

‘ဦးလေးနက်။’

‘လွန်ခဲ့ တဲ့ နှစ်နှစ်ကတည်းက ဒီလူကြီးက ဇင်တျန် သက်ရှိ အဆင့်ကို ရောက်နေပြီ ဖြစ်တဲ့ သတ္တဝါကြီး ဆိုတာ ဂျိနင် သိခဲ့တယ်။ ပြောရရင်တော့ ဘယ် တိရိစ္ဆာန် မဆို သူ့အသိဉာဏ် အလင်းရခဲ့ရင် (monster) သတ္တဝါဆန်းလို့ ခေါ်ကြတယ်။ သဘာဝကနေ စွမ်းအင်တွေကို စုပ်ယူပြီးတဲ့ နောက်မှာ သူတို့ တွေဟာ ကျင့်စဉ်တွေ မရှိတဲ့ အတွက် သူတို့တွေ အဆင့်တက်ဖို့ဟာ လူသားတွေထက် ပိုပြီး ခက်ခဲကြတယ်။ သူတို့တွေ ဇင်တျန် သက်ရှိ အဆင့်ရောက်မှသာ ပုစံ ပြောင်းနိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်လာကြတယ်။’

ရီချွမ် နင် ဘာလိုချင်လဲ လို့ ပြုံးပြီးမေးလိုက်တယ်။

ငါနင့်ကို နည်းနည်း ဒုက္ခပေးလိုက်ဦးမယ်။ စာကြည့်တိုက် တစ်ချက် သွားပေးဖို့ ပြောမလို့ပါ။ ငါ့ကို ဒီ ဖင်းဂေါ့ ကျင့်စဉ် ၁၉ မျိုး အကြမ်းဖျင်း ကို ကူးခဲ့ပေးပါ။ နင်က လေ့ ကျင့်ချင်နေလို့ပါ။

‘နင် လေ့ကျင့်ချင်လို့၊ တစ်ယောက်ယောက်က ဖင်းဂေါ့ ကျင့်စဉ် ကျင့်လိုက်ရင် ဖင်းဂေါ့ ရဲ့ အစွမ်းတွေကို ပိုင်ဆိုင်လာ မှာပဲ။ ဂျိနင် တော်တော် ရည်မှန်းချက် ကြီးတာပဲ။’ မြွေနက်ကြီး ပြုံးပြီး ပြောလိုက်တယ်။

‘ဝုန်း’

သူပျောက်ကွယ်သွားတယ်။

နင် အသက် ၀၀ တစ်ချက် ရှူလိုက်တယ်။

ဦးလေးနက်ပြောတာလည်း မှန်ပါတယ်။ သူရည်မှန်းချက် တော်တော် ကြီးပါတယ်။ ပထမ အကြောင်းပြချက်က သူအရမ်းငယ်လို့ သူ့အဖေက သူ့ကို ကီ ကျင့်စဉ် ကျင့်စေချင်မှာ မဟုတ်ဘူး။ ကိုယ့်ဘာသာလေ့ကျင်ဖို့တော့ ဂျိနင် သတ္တိ မရှိသေးဘူး။ ဒုတိယကတော့ ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ဟာ ကောင်းတဲ့အချက် အရမ်း များတယ်။  ဖင်းဂေါ့ ကျင်စဉ် ကျင့်ထားသူ တစ်ယောက်ကို သတ်ဖို့ ဆိုတာ ကီ ကျင့်စဉ် ကျင့်ထားသူကို သတ်ဖို့ ထက် အဆ တစ်ထောင် ပိုခက်ခဲတယ်။  ဖင်းဂေါ့ကျင့်စဉ် ဆရာကြီးတွေဟာ အဆင့်သူ ကီ ကျင့်စဉ် ကျင့်သူတွေကို အလွယ်တကူ အနိုင် ယူနိုင်တယ်။ သူတို့တွေဟာ ကိုယ့်ကိုကိုယ် မသေအောင် ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်နဲ့ ကြီးမားတဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင် ဂျိနင်က ဖင်းဂေါ့ ကျင့်စဉ်ကို ပိုပြီး သဘောကျ နေတာ။

ဟူး…..

လေညင်းလေး တိုက်ခတ်လာပြီးတော့ ဦးလေးနက် ခန်းမအလယ်မှာ ပေါ်လာတယ်။ သူမျက်နျာ ပြုံးရွှင်နေတယ်။

‘နင်ရေ နင်လိုချင်နေတဲ့ ဖင်းဂေါ့ ကျင့်စဉ် အကြမ်းဖျင်း ကော်ပီတွေ ရပြီ။’

‘နင် ဒီအကြမ်းဖျင်း ကော်ပီတွေမှာ ကျင့်စဉ်တွေရဲ့ ပထမပိုင်းနဲ့ အကျဉ်းချုပ် ရှင်ပြထားတာပဲ ပါသေးတယ်။ သားသေချာ ကြည့်ပြီး ရွေးချယ်ပါ။’

ဦးလေးနက် ကျမ်းသာအုပ်တွေကို နင် အရှေ့ စီထားပေးလိုက်တယ်။

စာအုပ်အကုန်လုံးက အရမ်းပါးလွှာပါတယ်။ ဒါတွေက မပြည့်စုံသေတဲ့ ကော်ပီတွေပဲလေ။ တကယ်လို့ အခိုးခံ ရရင်တောင် ဂျိကလန်ကို ထိခိုက်ဖို့ အကြောင်းမရှိဘူး။ သူတို့တွေ အရမ်း တန်ဖိုးရှိတဲ့ အင်မော်တယ် ကျင့်စဉ် စာအုပ်တွေကို စာကြည့်တိုက်ထဲ ဒီတိုင်း အကုန် မထည့်ထားရဲပါဘူး။ ဒါပေမဲ့ ဒီ ကော်ပီ စာအုပ်တွေတောင် သာမာန်လူတွေ ဖတ်ဖို့ အတွက် မဖြစ်နိုင်သေးပါဘူး။ ဒါကြောင် ရီချွမ်က ဦးလေးနက်ကို သွားယူခိုင်းလိုက်တာဖြစ်တယ်။

ကျင့်စဉ် ၁၉ မျိုး။

ဂျိနင် စတင်ပြီး လေ့လာပါတော့တယ်။

……





ဆက်ပါဦးမည်>>>>>>

မူရင်း စာရေးဆရာ : I Eat tomatoes

ဘာသာပြန်သူ - Dr – Panda

ဖေ့ဘုတ်တွင် @drpanda88 ဟု search တွင်ရိုက်၍ ရှာနိုင်ပါသည်။






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)