ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 4(နယ္ေျမသခင္)
အခန္း ၄ (နယ္ေျမသခင္)
ႏွင္းေဆာင္း ခန္းမမွာ စားပြဲကို ေနာက္က်သည္ အထိ
က်င္းပေနၾကတယ္။ သန္းေခါင္အခ်ိန္ ေကာင္းကင္မွာ ၾကယ္ေတြစံုေနျပီ။ ရီခၽြမ္နဲ႕ သူ႕မိန္းမ
ကေလးေလးကို အိမ္ခန္း ျပန္ေခၚလာတယ္။
“၀ိုး..”
ဂ်ိနင္ မ်က္စိေလးထဲမွာ ၾကယ္ေတြျပည့္ေနတဲ့ ေကာင္းကင္ၾကီးကို
ေတြ႕လိုက္ရတယ္။ သူ လမ္းမွာပဲ ျပန္အိပ္ေပ်ာ္သြားခဲ့တယ္။
ခန္းမၾကီးထဲမွာ အ့့ံၾသစရာ ေဖ်ာ္ေျဖပြဲေတြ၊ ဂီတတီးမႈတ္သူေတြ၊
လွပတဲ့ ကေခ်သည္ေတြ ျပည့္ေနတယ္။ ကမာၻ က ေဖ်ာ္ေျဖပြဲေတြနဲ႔ ေတာ့ မတူေပမဲ့ အရမ္းၾကည့္ေကာင္းလြန္းတယ္။
သူက အခုမွ ရင္ခြင္ပိုက္ပဲ ရွိေသးတယ္။ သူျပန္ အိပ္ေပ်ာ္သြားျပန္တယ္။
“ရီခၽြမ္ ရွင္ဘာလို႕ ညစာစားပြဲမွာ ကၽြန္မတို႕
ကေလးကို ေ၇ႊဓား လုပြဲမွာ ၀င္ျပိဳင္ခိုင္းမယ္လို႔ ေျပာရတာလဲ။ အရမ္းခက္ခဲတယ္ ဆိုတာ ရွင္မသိဘူးလား။”
ေဒါသသံနဲ့ေျပာလိုက္တယ္။
“ငါေတာင္ လုႏိုင္ခဲ့တာပဲကို။” ရီခၽြမ္ မ်က္ေမွာင္
က်ဳတ္ေျပာလိုက္တယ္။
“ရွင္က အေနာက္ဖက္ ဂ်ိ ကလန္ နယ္ေျမရဲ႕ အစြမ္းအထက္ဆံုးလူပဲေလ။
ရွင္ ငယ္ငယ္ေလးထဲက ေရႊ ဓား ရခဲ့တာ။ အေနာက္ ဂ်ိ နယ္ေျမရဲ႕ ႏွစ္ေထာင္ခ်ီေနတဲ့ သမိုင္းမွာ
ရွင့္လိုလူ ဘယ္ႏွေယာက္ ေပၚဖူးလို႕လဲ။ ယုခ်ီစႏိုးေတာ္ေတာ္ ေဒါသထြက္ေနတယ္။ သူမက အရမ္းႏူးညံ့
သိမ္ေမြ႕သူပါ။ သူမရဲ႕ သားနဲ႕ ပါတ္သက္ျပီး စိတ္ဆိုးေနတာ။ ဒီေန႕ ေျပာရရင္ ေခါင္းေဆာင္ၾကီးက
ဂ်ိနင္ကို ဆက္ခံသူ ျဖစ္ထိုက္လားလို႕ ေမးေတာ့ ၀ါၾကီး ပုဂိၢဳလ္ ၅ ဦးက ေထာက္ခံခဲ့တယ္။
ေနာက္တစ္ေယာက္ ေထာက္ခံဖို႕ပဲ လိုတယ္။ ရွင္လုပ္ရမွာက ေနာက္ထပ္ လူၾကီး တစ္ေယာက္ကို စည္းရံုးဖို႕ပဲလိုတယ္။
၀ါၾကီး ပုဂၢိဳလ္ ၆ ဦး ေထာက္ခံရင္ ကၽြန္မသား ဆက္ခံသူ ေအးေအးေဆးေဆး ျဖစ္တယ္။ ေရႊဓားကို
ဘာလို႕ သြားလုေနရဦး မွာလဲ။”
ေရႊဓား လုပြဲ ဟာ အရမ္းကို ခက္ခဲ လြန္းတယ္။
ရီခၽြမ္း ေခါင္းခါျပီး “မိန္းမ မင္းနားမလည္ပါဘူးကြာ။”
စႏိုး ေဒါသတၾကီးနဲ႕ “ကၽြန္မ ဘာလို႕ နားမလည္ရမွာလဲ”
တုန္႕ျပန္လိုက္တယ္။
ရီခၽြမ္ ျပန္ရွင္းျပတယ္။
“မင္းက ေျမာက္ပိုင္းေဒသမွာ ရွိေနတာ ၾကာမွ မၾကာေသးတာ။
ကလန္ထဲမွာ ရႈပ္ေထြးမႈေတြ အမ်ားၾကီးပဲ။ ေျမာက္ပိုင္း ၀ါၾကီး ပုဂိၢဳလ္ ၁၀ ေယာက္ဟာ ေခါင္းေဆာင္
ဖက္နဲ႕ ဂ်ိလီ ဖက္ ႏွစ္ဖက္ ျဖစ္ေနတာ။ ဒီလိုျဖစ္တာ ႏွစ္ ၃၀၀ ရွိ ေနျပီ။ တစ္ေယာက္ေယာက္
ကို ကိုယ့္ဖက္ပါေအာင္ ထပ္စည္းရံုးဖို႕ အမ်ားၾကီး ရင္းရမယ္။”
စနိုး မေပ်ာ္မရႊင္ စြာနဲ႕
“အဲ့လို ဆိုေရာ ဘာျဖစ္လဲ။”
ရီခၽြမ္က ျပန္ေျပာတယ္။ “ဟုတ္တယ္ ငါတို႕ အမ်ားၾကီး
ရင္းခဲ့ရင္ သားေလးက ဆက္ခံသူ ျဖစ္မွာပဲ။ ဒါေပမဲ့ သူက အရည္အခ်င္းမရွိပဲ ေခါင္းေဆာင္ေနရာကို
ရခဲ့ရင္ သူအမ်ားၾကီး ဒုကၡ ေ၇ာက္လိမ့္မယ္။ ေျပာျပလို့ မရေအာင္ကို ဒုကၡေရာက္မွာ။ ဒါက
ႏွိပ္စက္မႈ တစ္မ်ိဳးပဲ။”
ယုခ်ီ စႏိုး တုန္လႈပ္သြားတယ္။
ရီခၽြမ္ ဆက္ေျပာတယ္။
“ငါ့သားကို ငါ ဒုကၡ မေရာက္ေစခ်င္ဘူး။ ဒါေၾကာင့္
ေ၇ႊဓား လုဖို႕ ငါေျပာတာ။ သူသာ တိုးတက္သာ အရမ္းျမန္ျပီးေတာ့ အရမ္းေတာ္လြန္းရင္ ေရႊဓားကို
သူယူႏိုင္မွာပဲ။ ေရႊဓား ရျပီးလို႕ သူေခါင္းေဆာင္ေနရာကို ယူရင္ ဘယ္သူမွ အသံထြက္ရဲမွာ
မဟုတ္ဘူး။ ဒါေပမဲ့ သူ ေရႊဓား မလုႏိုင္လဲ သူ တစ္ဘ၀လံုး အပူအပင္မရွိ ေနရေအာင္ ငါေစာင့္ေရွာက္မွာပါ။”
စႏိုး အခုေတာ့ နားလည္သြားျပီ။
နယ္ေျမေခါင္းေဆာင္ျဖစ္တာနဲ႕ သက္သာတဲ့ ဘ၀ရတာမွ
မဟုတ္တာ။ အစြမ္းရွိသူက ေခါင္းေဆာင္လုပ္ရင္ သူ႕ နယ္ေျမ ေအးခ်မ္းမယ္။ မသင့္ေလ်ာ္တဲ့ သူ
ေနရာယူမိရင္ သူဒုကၡ ေ၇ာက္မွာပဲ။
“ရီခၽြမ္ ရွင့္ကို အျပစ္ပံုခ်မိျပီ” လို႔ ႏူးညံ့စြာေျပာလိုက္တယ္။
ရီခၽြမ္ ေခါင္းငံု႕ျပီး ကေလးမ်က္ႏွာကို ပြတ္ျပီးေတာ့
“သူမ်က္စိ ျပဴးေနတာပဲ ႏိုးတာၾကာျပီထင္တယ္။”
“ဟုတ္သားပဲ ရီခၽြမ္။ ငါတို႕ သူ႕ကို ဘာနာမည္ ေပးရမလဲ။
ကၽြန္မ ကိုယ္၀န္ေဆာင္တည္းက ရွင့္ကိိုေျပာတာ ရွင္က ဘယ္နာမည္မွ မၾကိဳက္ဘူးျဖစ္ေနတယ္။
အခုသူေမြးလာျပီဆိုေတာ့ သင့္ေတာ္တဲ့ နာမည္ေလး ေပးၾကရေအာင္။”
“ရီခၽြမ္က ငါဘယ္လိုလုပ္ ဂရုမစိုက္မိမွာလဲ။ ငါအရမ္း
စိတ္ေတြ ရႈပ္ေထြးေနလို႕။ အခု ငါ နာမည္ တစ္ခုစဥ္းစားမိတယ္။ သူ႕ ကို နင္ လို႕ေပးၾကရေအာင္။
နင္ ဆို တာ ေအးခ်မ္းျခင္းလို႕ အဓိပၸာယ္ရတယ္။ သူက ဘ၀မွာ သာမာန္ပဲျဖစ္ျဖစ္ အံ့ၾသဖို့
ေကာင္း ေလာက္ေအာင္ပဲျဖစ္ျဖစ္ ၊ သူ ေတာ္သည္ ျဖစ္ ေစ မေတာ္သည္ျဖစ္ေစ သူအျမဲ ေအးခ်မ္းတဲ့
ႏွလံုးသား ရွိပါေစ။”
စႏိုး ေရရြတ္ေနမိတယ္။
“နင္… ဂ်ိနင္…. ဂ်ိနင္….၊”
“ဂ်ိနင္!”
ကေလးငယ္က မ်က္စိျပဴးျပီး ၾကည့္ေနတယ္။ ဒီ နာမည္က
ယမမင္း ငရဲရဲ႕ ပထမ တရားသူၾကီး ခ်ိဳင္ သခင္ရဲ့ ကံၾကမၼာ စာအုပ္မွာ ေျပာခဲ့ထားတဲ့ နာမည္
မဟုတ္ဘူးလား။ တိုက္ဆိုင္မႈလား။
“ဒီဘ၀မွာလည္း ဂ်ိနင္လို႕ နာမည္ ထပ္ေပးခံရျပန္ျပီ။”
ေျမာက္ပိုင္း ဂ်ိကလန္က အစြမ္းအထက္ဆံုး လူက မိုးေရစက္ဓားလို႕
ေခၚတဲ့ ဂ်ိရီခၽြမ္းပဲ။
ဒုတိယက က်ားနတ္ဆိုးလို႕ နာမည္တြင္တဲ့ ဂ်ိလီပဲ။
ဂ်ိနင္ အဖိုးရဲ့ညီ ရီခၽြမ္ရဲ့ ဦးေလး။
လီရဲ့ နန္းေတာ္မွာ…
“ဂုဏ္ယူပါတယ္ အေဖ။ သက္လတ္ပိုင္း အရြယ္ က်စ္စာမီးေတြ
အမ်ားၾကီးနဲ႕ လူက ေျပာလိုက္တယ္။ ဒီ ရီခၽြမ္က ေတာ္ေတာ္ ေမာက္မာျပီးေတာ့ မျမင္တတ္သူပဲ။
သူ႕သားကို ေရႊဓား လုခိုင္းမယ္လို႕ ေၾကညာရဲတယ္။ ဒီေျမာက္ပိုင္းေဒသက ငါတိုက ဂ်ိကလန္လက္ထဲမွာ
မ်ိဳးဆက္ေတြ အမ်ားၾကီးတိုင္ခဲ့ျပီ။ ေရႊဓားရျပီး ေခါင္းေဆာင္ျဖစ္တာ တစ္ေယာက္မွ မရွိေသးဘူး။”
မီးေတာက္လို နီရဲတဲ့ ဆံပင္နဲ႕ အေ၇ာင္ထြက္ေနတဲ့
ေျမြေတြ နားမွာ ၀တ္ထားတဲ့ အဘိုးအိုက လက္ခုပ္တစ္ခ်က္တီးလိုက္တယ္။
“ငါငယ္ငယ္တုန္းက ေခါင္းေဆာင္ျဖစ္ဖို႕ အခြင့္အေရးရခဲ့တယ္။
ဒါေပမဲ့ ငါ ဟန္ေရးျပတာ မ်ားသြားလို့ ငါ့အကို ဂ်ိေရွာ ကို ရႈံးနိမ့္ခဲ့တယ္။ ဒီ အဘိုးၾကီး
ေခါင္းေဆာင္ ေနရာ ယူထားတာ ႏွစ္ ၈၀ ရွိေနျပီ။”
“ႏွစ္ ၈၀ တိတိ ရွိေနျပီ!”
“ငါတစ္ခ်ိန္လံုး ေစာင့္ ဆိုင္းေနတာ။ ေန႕တိုင္းဟာ
ငါ့အတြက္ ၾကမ္းတမ္းလြန္းတယ္။”
လီအံၾကိတ္ျပီး
ေျပာလိုက္တယ္။
“ငါသူ႕မ်ိဳးဆက္ကေန ရီခၽြမ္း ေမြးလာမယ္လို႕ မထင္ထားဘူး။
သူဟာ အရမ္း အံ့ၾသစရာေကာင္းေအာင္ ထူးခၽြန္တယ္။ ေတာ္ေသးတာက ရီခၽြမ္က အင္ေမာ္တယ္ ျဖစ္ဖို႕
က်င့္စဥ္ ကို ပဲ က်င့္ဖို႕ စိတ္၀င္စားျပီး ေခါင္းေဆာင္ေနရာကို စိတ္မ၀င္စားခဲ့ဘူး။ ရီခၽြမ္း
ဒီေနေတာ့ အရမ္း ေမာက္မာသြားျပီ။ သူ႕သားအတြက္ ဒီလမ္းကို သူ ေ၇ြးေပးရဲတယ္!”
“ၾကည့္ရတာ ဒီတခါ ငါတို႕ ေခါင္းေဆာင္ေနရာရဖို႕
က မိုးနတ္မင္းအလိုအရပဲျဖစ္မယ္။”
သက္လတ္ပိုင္လူက
ေပ်ာ္ရႊင္စြာ ေျပာလိုက္တယ္။
“မေလာနဲ႔ဦး။”
လီေအာ္ေျပာလိုက္တယ္။ “ငါငယ္ငယ္တုန္းက သင္ခန္းစာရခဲ့တယ္။
လူတစ္ေယာက္ဟာ တစ္ကယ္ မေအာင္ျမင္ခင္ ေအာင္ပြဲ ခံ မေပ်ာ္ရႊင္ေနသင့္ဘူး။ ငါတို႕ လိုအပ္တာေတြ
ျပင္ဆင္ရမယ္။”
“အေဖ။ ေျပာခ်င္တာက……”
လီက မ်က္ေမွာက္ ၾကဳတ္ျပီး စဥ္းစားေနတယ္။
အခ်ိန္ေတြ တေရြ႔ေရြ႔ ကုန္ဆံုးလာတယ္။သက္လတ္ပိုင္းလူက
ေနရာနည္းနည္း ေ၇ႊ႔လိုက္တယ္။ သူ႕အေဖကို မေႏွာင္႔ယွက္ရဲဘူး။
“ဟုတ္ျပီ! ဒါငါတို႕ လုပ္ရမဲ့ အလုပ္ပဲ။ ဂ်ိလီ
ညင္သာစြာ ေျပာလိုက္တယ္။”
“သက္လတ္ပိုင္လူက အေဖ့ အစီအစဥ္က ဘာလဲ?”
…..
Chapter 4.4
ေရႊဓားလုဖို႕အတြက္ တစ္ေယာက္တည္းကေန မ်ိဳးႏြယ္စုမွာ
ရွိသမွ် လူငယ္ေတြအျပင္ ဂ်ိကလန္ရဲ႕ မ်ိဳးဆက္သစ္ေတြကို ပါ ျပိဳင္ပြဲမွာ ႏိုင္ရမယ္။ ကလန္
မ်ိဳးဆက္သစ္ေတြက နည္းေပမဲ့ သူတို႕ေတြ အကုန္လံုးက ရတနာပစၥည္းေတြနဲ႕ လွ်ိဳ႕၀ွက္ သိုင္းက်မ္းေတြ
အမ်ားၾကီးကို ေလ့လာႏိုင္တယ္။ ဒါေပမဲ့ မ်ိဳးႏြယ္စုေတြက လူငယ္ေတြကေတာ့ အရမ္းမ်ားျပီး
အမ်ားစုမွာ ရတနာပစၥည္းေတြနဲ႕ လွ်ိဳ႕၀ွက္ သိုင္းက်မ္းေတြ မရွိၾကဘူး။
ဒါေပမဲ့ ေရႊဓားလုပြဲ ၅ ခု ၆ က်င္းပရင္ ဂ်ိကလန္က
မ်ိဳးဆက္ တစ္ခုေလာက္ပဲ ႏိုင္တယ္။
သက္လတ္လူက ေခါင္းညိတ္ျပီး ဒါ မ်ိဳးႏြယ္စုက လူေတြက
အရမ္းမ်ားလြန္းလို႕ေလ။ အရမ္းေတာ္တဲ့ သူက အျမဲတမ္း ထြက္လာေနတာပဲ။ ဒါေပမဲ့ သူတို့ ဘယ္ေလာက္
အစြမ္းထက္ထက္ ငါတို႕ ဂ်ိကလန္ရဲ႕ အရမ္းအစြမ္းထက္တဲ့ ပညာေတြကို မသင္ေပးခဲ့ဘူး။ သူတို႕ကို
တစ္ဆင့္နိမ့္တဲ့ ပညာပဲ အျမဲသင္ေပးတယ္။ ဒီမ်ိဳးႏြယ္စု က လူငယ္ေတြက ေရႊဓားလုပြဲမွာ အရမ္း
အစြမ္းထက္ေပမဲ့ ႏွစ္ ၇၀ -၈၀ ၾကာတဲ့အခါ အစြမ္းထက္လာသူေတြကေတာ့ ဂ်ိကလန္က လူေတြပဲ။
“ငါေျပာခ်င္တာက….”
.ဂ်ိလီ တိုးတိုးေလးေျပာလိုက္တယ္
“………… မ်ိဳးႏြယ္စုေတြက အရမ္းေတာ္တဲ့ လူငယ္ေတြကို
ေရြးခ်ယ္ျပီးေတာ့ လိုအပ္တဲ့ ရတနာေတြ၊ အေထာက္အပံ့ေတြေပးျပီး သင္ေပးလိုက္စမ္း။ ငါတို႕
ပံုမွန္ သင္ရိုး မရွိတာေတာင္ ဒီ လူငယ္ေတြက အရမ္းေတာ္ေနတာ။ သူတို႕ ငါ့ရဲ့ ပို႕ခ်မႈကို
ရရင္ ပိုျပီး အစြမ္းထက္လာလိမ့္မယ္။ ငါရီခၽြမ္ရဲ့ သား က ျပိဳင္ပြဲ၀င္ေတြ အကုန္ လံုးကို
အႏိုင္ရျပီးေတာ့ ေ၇ႊဓားရမယ္ဆိုတာကို မယံုဘူး။”
“ဟုတ္တယ္..ဟုတ္တယ္..”
သူ႕သားက
ေခါင္းျမန္ျမန္ညိမ့္လိုက္တယ္။
“အမွန္ဆို မ်ိဳးႏြယ္စုေတြက ကေလးေတြကို ဂ်ိကလန္
က ကေလးေတြနဲ႕ အျမဲတမ္း ခြဲခဲြ ျခားျခား ဆက္ဆံတာပဲ။
ဂ်ိကလန္က ကေလးေတြက ဂ်ိမိသားစု မ်ိဳးဆက္သစ္ ေတြပဲေလ။
ဒါေၾကာင့္ သူတို႕ကို အျမဲ ေကာင္းေကာင္း ဆက္ဆံတယ္။ မ်ိဳးႏြယ္စု ေတြက ကေလးေတြကို က်ေတာ့
သူတို႕ကို သိမ္းသြင္းျပီးေတာ့ ထိန္းခ်ဳပ္ႏိုင္ေအာင္ စီစဥ္ထား တာပဲ။ ဒါေပမဲ့ ဒီတခါေတာ့
သူ႕အစြမ္းကုန္ ၾကိဳးစားျပီး မ်ိဳးႏြယ္စု က ထက္ျမက္တဲ့ ကေလးေတြကို ပ်ိဳးေထာင္ေပးမွာပဲ။”
“အေဖ ဒီလို စီစဥ္လိုက္ရင္ ရီခၽြမ္သားက လံုး၀ကို
ရႈံးနိမ္႔မွာပဲ။”
သူ ယံုၾကည္စြာ
ေျပာလိုက္တယ္။
“ဟား..ဟား..ဟား ..” လီ ရီေမာလိုက္တယ္။
“တစ္ခုမေမ့နဲဦး… ငါတို႕ လူေတြ ရီခၽြမ္ လက္ ေအာက္ထဲ
တိတ္တဆိတ္ ထည့္ထားရဦးမယ္။ ငါ သူ႕သား ဘယ္ေလာက္ တိုးတက္လာတယ္ဆိုတာ အတိအက် သိခ်င္တယ္။
ရန္သူရဲ႕ အေျခအေနမွန္ နဲ႕ ကိုယ့္ရဲ႕ အေျခအေနအမွန္ကိ နားလည္သူ သာ ေအာင္ႏိုင္သူ ျဖစ္မယ္။”
“ဟုတ္ကဲ့…”
သက္လတ္ပိုင္း လူၾကီးက မ်က္စိ အေရာင္ တလက္လက္နဲ႕
ေထာက္ခံလိုက္တယ္။
…………..
Chapter 4.5
ယုခ်ီစႏိုးက ကေလးကို အိပ္ရာထဲ ထည့္လိုက္တယ္။
“ဂ်ိနင္.. လိမ္မာတဲ့ ကေလးေလး အိပ္မါေတာ့ကြယ္လို႕”
ေျပာျပီး ကေလးေလးကို နမ္းကာ သူပါ ကေလးေဘးမွာ အိပ္လိုက္တယ္။
နင္ရဲ႕ မ်က္ႏွာမွာ စိတ္မသက္မသာ မႈေတြ ေပၚေနတယ္။
သူ႕ ႏုတ္ခမ္းကို သူသုတ္လိုက္တယ္။ ခုပဲ သူႏို႕စို႕ထားတာ။
တစ္မ်ိဳးၾကီးပဲ။
အခု ျဖတ္သန္းခဲ့တဲ့ နာရီ ၂၀ ေလာက္က မယံု ၾကည္ႏိုင္စရာ
အရမ္း အံ့ၾသဖို႕ေကာင္းတယ္။
သူ ပထမ ေမွ်ာ္လင့္ခ်က္မဲ့ တံတားကို ျဖတ္ခဲ့ ရတယ္။
ေနာက္ အဘြားမင္ရဲ႕ ေဆးကို ေသာက္ခါနီးမွာ ငရဲ ျပည္မွာ တိုက္ပြဲေတြ ျဖစ္လာတယ္။ ကမာၻေတာင္
တစစီ ပ်က္စီးသြားသလိုပဲ။ သူကံေကာင္းလို့႕ ေမာ္တယ္ ရီလမ္ကို ျမန္ျမန္ ခုန္ခ်လိုက္လို႕
ျပန္ေမြးဖြားလာရတာ။
ေခြးျဖဴၾကီးကလည္း သူ႕ရဲ့ ဦးေလးျဖဴ ျဖစ္ေနျပန္တယ္။
မီတာမ်ားစြာရွည္ျပီး အိမ္အၾကီးၾကီးေလာက္ ရွိတဲ့
ေျမြနက္ၾကီးကလည္း လူအသြင္ေျပာင္းျပီး သူ႕ ဦးေလးနက္လို႕ ေျပာျပန္တယ္။
အခု သူေရႊဓားကို လုယူျပီး နယ္ေျမ တစ္ခုရဲ႕ေဒသ
ေခါင္းေဆာင္ ဆက္ခံရဦးမယ္။
“မင္းတို႕ေတြ ငါ ဘယ္လို ခံစားေနရလဲ ဆိုတာ ေမးစမ္းၾကပါဦး။”
“ကၽြတ္… ရင္ခြင္ပိုက္ ကေလး အတြက္ human
right မွ မရွိတာ။” သူ႕ ႏုတ္ခမ္းမွာ တင္က်န္ေနတဲ့
ႏို႕စက္ကို လ်က္လိုက္တယ္။
သူဒီကို ေရာက္ေရာက္ခ်င္းပဲ သူ႕ကလန္က တန္ခိုးထြားတဲ့
ကလန္ဆိုတာ သူနားလည္လိုက္တယ္။ မ်ိဳးနြယ္စုေတြ မေရမတြက္ႏိုင္ေအာင္ လက္ေအာက္ခံရွိေနတဲ့
ကလန္က ဘယ္လိုလုပ္ သာမာန္ ကလန္ ျဖစ္ႏိုင္မွာလဲ။ ဒါေပမဲ့ ေဒသေခါင္းေဆာင္ ေနရာကို က်ေတာ့
အကုန္ စိတ္၀င္စားေနၾကတယ္။ နားမွာ ေျမြနဲ႕ အဘိုးအိုကလည္း ေခသူတစ္ေယာက္မ ဟုတ္ဘူး။ သူက
ေခါင္းေဆာင္ကိုေတာင္ ေဒါသတၾကီး ျပန္ေျပာရဲျပီး ဂ်ိနင္ အေဖကိုေတာင္ စကားမ်ားခဲ့တယ္။
“ေတာ္ျပီ..ေတာ္ျပီ…”
“သူက အခုမွ ရင္ခြင္ပိုက္ အရြယ္ပဲ ရွိေသးတာ။ ဒါ
သူ႕ စိတ္ပူရမဲ့ ကိစၥ မဟုတ္ဘူး။ အေရးအၾကီးဆံုးက သူအခုေလ့က်င့္ရမယ္။ နတ္ဘုရားမ ႏု၀ါရဲ႕
အာရံုမွတ္တဲ့ က်င့္စဥ္ကို က်င့္ရမယ္။”
“ခ်ိဳင္သခင္က နတ္ဘုရားမ ႏု၀ါရဲ့ ပန္းခ်ီကား က်င့္စဥ္က
သူ႕ကို ထင္ရွားသူျဖစ္ေစ လိမ့္မယ္ေျပာခဲ့တယ္။ သူ ဒီဗာ ရီလမ္မွာ ေမြးလို႕ ေကာင္းကင္ ျပည္သူျဖစ္ရင္ေတာင္
ထင္ရွားေစမယ္ဆို ေမာ္တယ္ ကမာၻမွာ ဆို ေျပာမေနနဲ႕ေတာ့။ ေမာ္တယ္ ကမာၻ မွာဆို နံပါတ္တစ္
အာရံုမွတ္ က်င့္စဥ္ေတြထဲ ပါလိမ့္မယ္။ ဒီလို တန္ဖိုးရွိတဲ့ က်င့္စဥ္ သူ႕မွတ္ဥာဏ္ထဲမွာ
ရွိေနတာ သူ႔အတြက္ ဒီကမာၻမွာ အၾကီးမားဆံုး အေတာက္အပံ့ပဲ။”
အရင္ ဘ၀က သူ ၁၈ႏွစ္လံုးလံုး ဖ်ားနာခဲ့တယ္။သူ
နာရီ၀က္ေလာက္ လမ္းေလွ်ာက္ရရင္ေတာင္ ေမာေနတာ။ သူ႕မွာ အရမ္းကို အစြမ္းမဲ့ေနတယ္လို႕ ခံစားရတယ္။
ေသျခင္းတရားကို ခုခံရာ အားမရွိပဲ ရင္ဆိုင္ခဲ့ရတယ္။
ဒါမ်ိဳးျဖစ္ရပ္ေတြ ေတာ္သင့္ျပီ။ ေတာ္ျပီ။ေတာ္ျပီ။ငါ့ရဲ့ ကံၾကမၼာကို ငါလက္နဲ႕ စီမံႏိုင္ရမယ္။
ဒီလို စီမံႏိုင္ဖို႔ကို ခ်ိဳင္ နန္းေတာ္သခင္ ေျပာျပလိုက္တဲ့ အင္ေမာ္တယ္ immortal (ျမန္မာလို
တိုက္ရိုက္သာ ျပန္ေပးပါမယ္။ ဘာလို႕လဲဆိုေတာ့ ေနာက္က်ရင္ ရွိတဲ့ က်င့္စဥ္ေတြဟာ ျမန္မာစာနဲက
ေရးေပးရင္ အဓိပါၸယ္ မျပည့္စံုလို႕ပါ။) ျဖစ္ေအာင္ က်င့္ၾကံႏိုင္မွ ျဖစ္မယ္။
အင္ေမာ္တယ္ ျဖစ္ဖို႕ က်င့္ၾကံတဲ့ လမ္းစဥ္ဟာ သူ႕အတြက္
တစ္ခုတညး္ေသာ ေရြးခ်ယ္ရာပဲ။
နင္ မ်က္စိထပ္မွိတ္လိုက္တယ္။
သဘာ၀ စြမ္းအင္ေတြ သူ႕ ခႏၶာကိုယ္ထဲကို တျဖည္းျဖည္း
၀င္ေရာက္လာတယ္။ ဒီ စြမ္းအင္ေတြက သူ႕ သိစိတ္မွာ အေျခတည္ေနျပီးေတာ့ သူ႕ soul အသက္၀ိဥာဥ္ ကို ခြန္အားျဖည့္ေပးေနတယ္။ ဒါေပမဲ့ သဘာ၀ စြမ္းအင္
စုပ္ယူမႈက နည္းေသးတဲ့အတြက္ စႏိုးေကာ ရီခၽြမ္ေကာ မသိလိုက္ၾကဘူး။
“သဘာ၀ စြမ္းအင္ကို စုပ္ယူႏိုင္တဲ့ အာရံုမွတ္
က်င့္စဥ္?”
“ဒါ အရမ္းကို မယံုႏိုင္စရာ ေကာင္းတာပဲ။”
အေၾကာင္း ကေတာ့ ဒါက အင္ေမာ္တယ္ ေတြက်င့္စဥ္ မဟုတ္သလို
အင္ေမာ္တယ္ တန္ခိုးက်င့္စဥ္လဲ မဟုတ္ဘူး။ ဒီဟာသာ အင္ေမာ္တယ္ က်င့္စဥ္ဆို ပတ္၀န္းက်င္
က သဘာ၀စြမ္းအားေတြကို အမ်ားၾကီး စုပ္ယူလိုက္မွာပဲ။ ဒါေပမဲ့ အာရံုမွတ္ က်င့္စဥ္က သဘာ၀
စြမ္းအင္ နည္းနည္းပဲ လိုအပ္တဲ့ အတြက္ အရမ္းကို ထူးျခားတဲ့ က်င့္စဥ္ပဲ။
“၀ွစ္..၀ွစ္…”
အပ္ခ်ည္မွ်င္လိုမ်ိဳး စြမ္းအားေတြ စီးဆင္းျပီး
နင္ရဲ့ ခႏၶာကိုယ္ထဲကို ၀င္ေရာက္ေနတယ္။
သဘာ၀ စြမ္းအားေတြ အဆက္မျပတ္ ခႏၶာကိုယ္ထဲ စီး
၀င္ျပီး သူ႕ ခႏၶာကိုယ္ ပိုျပီး သန္႔စင္လာတယ္။ ကေလးေတြဟာ ျဖဴစင္စြာ ေမြးဖြားလာၾကတာ။
ဘ၀ အေတြ႕ အၾကံဳေတြေၾကာင့္ သူတို႕ စိတ္ဓာတ္ေတြ ညစ္ပတ္လာၾကတယ္။ အခုေတာ့ ဂ်ိနင္ရဲ႕ ခႏၶာကိုယ္မွာ
မေကာင္းမႈေတြ ဟာ မရွိသေလာက္ပဲ။ သဘာ၀ စြမ္းအင္ေတြ သူ႕ခႏၶာကိုယ္ကို အဆက္မျပတ္ ၀င္ေရာက္
သန္႕ စင္ေပးတာ သူ ေမြးခါစအတိုင္း လံုး၀ကို ျဖဴစင္သူ ျဖစ္သြားျပီ။
ဆက္ပါဦးမည္>>>>>>
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
ေဖ့ဘုတ္တြင္ @drpanda88 ဟု search တြင္ရိုက္၍
ရွာႏိုင္ပါသည္။
Unicode
အခန်း ၄ (နယ်မြေသခင်)
နှင်းဆောင်း ခန်းမမှာ စားပွဲကို နောက်ကျသည် အထိ ကျင်းပနေကြတယ်။ သန်းခေါင်အချိန် ကောင်းကင်မှာ ကြယ်တွေစုံနေပြီ။ ရီချွမ်နဲ့ သူ့မိန်းမ ကလေးလေးကို အိမ်ခန်း ပြန်ခေါ်လာတယ်။
“ဝိုး..”
ဂျိနင် မျက်စိလေးထဲမှာ ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးကို တွေ့လိုက်ရတယ်။ သူ လမ်းမှာပဲ ပြန်အိပ်ပျော်သွားခဲ့တယ်။
ခန်းမကြီးထဲမှာ အ့ံ့သြစရာ ဖျော်ဖြေပွဲတွေ၊ ဂီတတီးမှုတ်သူတွေ၊ လှပတဲ့ ကချေသည်တွေ ပြည့်နေတယ်။ ကမ္ဘာ က ဖျော်ဖြေပွဲတွေနဲ့ တော့ မတူပေမဲ့ အရမ်းကြည့်ကောင်းလွန်းတယ်။ သူက အခုမှ ရင်ခွင်ပိုက်ပဲ ရှိသေးတယ်။ သူပြန် အိပ်ပျော်သွားပြန်တယ်။
“ရီချွမ် ရှင်ဘာလို့ ညစာစားပွဲမှာ ကျွန်မတို့ ကလေးကို ရွှေဓား လုပွဲမှာ ဝင်ပြိုင်ခိုင်းမယ်လို့ ပြောရတာလဲ။ အရမ်းခက်ခဲတယ် ဆိုတာ ရှင်မသိဘူးလား။” ဒေါသသံနဲ့ပြောလိုက်တယ်။
“ငါတောင် လုနိုင်ခဲ့တာပဲကို။” ရီချွမ် မျက်မှောင် ကျုတ်ပြောလိုက်တယ်။
“ရှင်က အနောက်ဖက် ဂျိ ကလန် နယ်မြေရဲ့ အစွမ်းအထက်ဆုံးလူပဲလေ။ ရှင် ငယ်ငယ်လေးထဲက ရွှေ ဓား ရခဲ့တာ။ အနောက် ဂျိ နယ်မြေရဲ့ နှစ်ထောင်ချီနေတဲ့ သမိုင်းမှာ ရှင့်လိုလူ ဘယ်နှယောက် ပေါ်ဖူးလို့လဲ။ ယုချီစနိုးတော်တော် ဒေါသထွက်နေတယ်။ သူမက အရမ်းနူးညံ့ သိမ်မွေ့သူပါ။ သူမရဲ့ သားနဲ့ ပါတ်သက်ပြီး စိတ်ဆိုးနေတာ။ ဒီနေ့ ပြောရရင် ခေါင်းဆောင်ကြီးက ဂျိနင်ကို ဆက်ခံသူ ဖြစ်ထိုက်လားလို့ မေးတော့ ဝါကြီး ပုဂ္ဂိုလ် ၅ ဦးက ထောက်ခံခဲ့တယ်။ နောက်တစ်ယောက် ထောက်ခံဖို့ပဲ လိုတယ်။ ရှင်လုပ်ရမှာက နောက်ထပ် လူကြီး တစ်ယောက်ကို စည်းရုံးဖို့ပဲလိုတယ်။ ဝါကြီး ပုဂ္ဂိုလ် ၆ ဦး ထောက်ခံရင် ကျွန်မသား ဆက်ခံသူ အေးအေးဆေးဆေး ဖြစ်တယ်။ ရွှေဓားကို ဘာလို့ သွားလုနေရဦး မှာလဲ။”
ရွှေဓား လုပွဲ ဟာ အရမ်းကို ခက်ခဲ လွန်းတယ်။
ရီချွမ်း ခေါင်းခါပြီး “မိန်းမ မင်းနားမလည်ပါဘူးကွာ။”
စနိုး ဒေါသတကြီးနဲ့ “ကျွန်မ ဘာလို့ နားမလည်ရမှာလဲ” တုန့်ပြန်လိုက်တယ်။
ရီချွမ် ပြန်ရှင်းပြတယ်။
“မင်းက မြောက်ပိုင်းဒေသမှာ ရှိနေတာ ကြာမှ မကြာသေးတာ။ ကလန်ထဲမှာ ရှုပ်ထွေးမှုတွေ အများကြီးပဲ။ မြောက်ပိုင်း ဝါကြီး ပုဂ္ဂိုလ် ၁၀ ယောက်ဟာ ခေါင်းဆောင် ဖက်နဲ့ ဂျိလီ ဖက် နှစ်ဖက် ဖြစ်နေတာ။ ဒီလိုဖြစ်တာ နှစ် ၃၀၀ ရှိ နေပြီ။ တစ်ယောက်ယောက် ကို ကိုယ့်ဖက်ပါအောင် ထပ်စည်းရုံးဖို့ အများကြီး ရင်းရမယ်။”
စနိုး မပျော်မရွှင် စွာနဲ့
“အဲ့လို ဆိုရော ဘာဖြစ်လဲ။”
ရီချွမ်က ပြန်ပြောတယ်။ “ဟုတ်တယ် ငါတို့ အများကြီး ရင်းခဲ့ရင် သားလေးက ဆက်ခံသူ ဖြစ်မှာပဲ။ ဒါပေမဲ့ သူက အရည်အချင်းမရှိပဲ ခေါင်းဆောင်နေရာကို ရခဲ့ရင် သူအများကြီး ဒုက္ခ ရောက်လိမ့်မယ်။ ပြောပြလို့ မရအောင်ကို ဒုက္ခရောက်မှာ။ ဒါက နှိပ်စက်မှု တစ်မျိုးပဲ။”
ယုချီ စနိုး တုန်လှုပ်သွားတယ်။
ရီချွမ် ဆက်ပြောတယ်။
“ငါ့သားကို ငါ ဒုက္ခ မရောက်စေချင်ဘူး။ ဒါကြောင့် ရွှေဓား လုဖို့ ငါပြောတာ။ သူသာ တိုးတက်သာ အရမ်းမြန်ပြီးတော့ အရမ်းတော်လွန်းရင် ရွှေဓားကို သူယူနိုင်မှာပဲ။ ရွှေဓား ရပြီးလို့ သူခေါင်းဆောင်နေရာကို ယူရင် ဘယ်သူမှ အသံထွက်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ရွှေဓား မလုနိုင်လဲ သူ တစ်ဘဝလုံး အပူအပင်မရှိ နေရအောင် ငါစောင့်ရှောက်မှာပါ။”
စနိုး အခုတော့ နားလည်သွားပြီ။
နယ်မြေခေါင်းဆောင်ဖြစ်တာနဲ့ သက်သာတဲ့ ဘဝရတာမှ မဟုတ်တာ။ အစွမ်းရှိသူက ခေါင်းဆောင်လုပ်ရင် သူ့ နယ်မြေ အေးချမ်းမယ်။ မသင့်လျော်တဲ့ သူ နေရာယူမိရင် သူဒုက္ခ ရောက်မှာပဲ။
“ရီချွမ် ရှင့်ကို အပြစ်ပုံချမိပြီ” လို့ နူးညံ့စွာပြောလိုက်တယ်။
ရီချွမ် ခေါင်းငုံ့ပြီး ကလေးမျက်နှာကို ပွတ်ပြီးတော့ “သူမျက်စိ ပြူးနေတာပဲ နိုးတာကြာပြီထင်တယ်။”
“ဟုတ်သားပဲ ရီချွမ်။ ငါတို့ သူ့ကို ဘာနာမည် ပေးရမလဲ။ ကျွန်မ ကိုယ်ဝန်ဆောင်တည်းက ရှင့်ကိုပြောတာ ရှင်က ဘယ်နာမည်မှ မကြိုက်ဘူးဖြစ်နေတယ်။ အခုသူမွေးလာပြီဆိုတော့ သင့်တော်တဲ့ နာမည်လေး ပေးကြရအောင်။”
“ရီချွမ်က ငါဘယ်လိုလုပ် ဂရုမစိုက်မိမှာလဲ။ ငါအရမ်း စိတ်တွေ ရှုပ်ထွေးနေလို့။ အခု ငါ နာမည် တစ်ခုစဉ်းစားမိတယ်။ သူ့ ကို နင် လို့ပေးကြရအောင်။ နင် ဆို တာ အေးချမ်းခြင်းလို့ အဓိပ္ပာယ်ရတယ်။ သူက ဘဝမှာ သာမာန်ပဲဖြစ်ဖြစ် အံ့သြဖို့ ကောင်း လောက်အောင်ပဲဖြစ်ဖြစ် ၊ သူ တော်သည် ဖြစ် စေ မတော်သည်ဖြစ်စေ သူအမြဲ အေးချမ်းတဲ့ နှလုံးသား ရှိပါစေ။”
စနိုး ရေရွတ်နေမိတယ်။
“နင်… ဂျိနင်…. ဂျိနင်….၊”
“ဂျိနင်!”
ကလေးငယ်က မျက်စိပြူးပြီး ကြည့်နေတယ်။ ဒီ နာမည်က ယမမင်း ငရဲရဲ့ ပထမ တရားသူကြီး ချိုင် သခင်ရဲ့ ကံကြမ္မာ စာအုပ်မှာ ပြောခဲ့ထားတဲ့ နာမည် မဟုတ်ဘူးလား။ တိုက်ဆိုင်မှုလား။
“ဒီဘဝမှာလည်း ဂျိနင်လို့ နာမည် ထပ်ပေးခံရပြန်ပြီ။”
မြောက်ပိုင်း ဂျိကလန်က အစွမ်းအထက်ဆုံး လူက မိုးရေစက်ဓားလို့ ခေါ်တဲ့ ဂျိရီချွမ်းပဲ။
ဒုတိယက ကျားနတ်ဆိုးလို့ နာမည်တွင်တဲ့ ဂျိလီပဲ။ ဂျိနင် အဖိုးရဲ့ညီ ရီချွမ်ရဲ့ ဦးလေး။
လီရဲ့ နန်းတော်မှာ…
“ဂုဏ်ယူပါတယ် အဖေ။ သက်လတ်ပိုင်း အရွယ် ကျစ်စာမီးတွေ အများကြီးနဲ့ လူက ပြောလိုက်တယ်။ ဒီ ရီချွမ်က တော်တော် မောက်မာပြီးတော့ မမြင်တတ်သူပဲ။ သူ့သားကို ရွှေဓား လုခိုင်းမယ်လို့ ကြေညာရဲတယ်။ ဒီမြောက်ပိုင်းဒေသက ငါတိုက ဂျိကလန်လက်ထဲမှာ မျိုးဆက်တွေ အများကြီးတိုင်ခဲ့ပြီ။ ရွှေဓားရပြီး ခေါင်းဆောင်ဖြစ်တာ တစ်ယောက်မှ မရှိသေးဘူး။”
မီးတောက်လို နီရဲတဲ့ ဆံပင်နဲ့ အရောင်ထွက်နေတဲ့ မြွေတွေ နားမှာ ဝတ်ထားတဲ့ အဘိုးအိုက လက်ခုပ်တစ်ချက်တီးလိုက်တယ်။
“ငါငယ်ငယ်တုန်းက ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေးရခဲ့တယ်။ ဒါပေမဲ့ ငါ ဟန်ရေးပြတာ များသွားလို့ ငါ့အကို ဂျိရှော ကို ရှုံးနိမ့်ခဲ့တယ်။ ဒီ အဘိုးကြီး ခေါင်းဆောင် နေရာ ယူထားတာ နှစ် ၈၀ ရှိနေပြီ။”
“နှစ် ၈၀ တိတိ ရှိနေပြီ!”
“ငါတစ်ချိန်လုံး စောင့် ဆိုင်းနေတာ။ နေ့တိုင်းဟာ ငါ့အတွက် ကြမ်းတမ်းလွန်းတယ်။”
လီအံကြိတ်ပြီး ပြောလိုက်တယ်။
“ငါသူ့မျိုးဆက်ကနေ ရီချွမ်း မွေးလာမယ်လို့ မထင်ထားဘူး။ သူဟာ အရမ်း အံ့သြစရာကောင်းအောင် ထူးချွန်တယ်။ တော်သေးတာက ရီချွမ်က အင်မော်တယ် ဖြစ်ဖို့ ကျင့်စဉ် ကို ပဲ ကျင့်ဖို့ စိတ်ဝင်စားပြီး ခေါင်းဆောင်နေရာကို စိတ်မဝင်စားခဲ့ဘူး။ ရီချွမ်း ဒီနေတော့ အရမ်း မောက်မာသွားပြီ။ သူ့သားအတွက် ဒီလမ်းကို သူ ရွေးပေးရဲတယ်!”
“ကြည့်ရတာ ဒီတခါ ငါတို့ ခေါင်းဆောင်နေရာရဖို့ က မိုးနတ်မင်းအလိုအရပဲဖြစ်မယ်။”
သက်လတ်ပိုင်လူက ပျော်ရွှင်စွာ ပြောလိုက်တယ်။
“မလောနဲ့ဦး။”
လီအော်ပြောလိုက်တယ်။ “ငါငယ်ငယ်တုန်းက သင်ခန်းစာရခဲ့တယ်။ လူတစ်ယောက်ဟာ တစ်ကယ် မအောင်မြင်ခင် အောင်ပွဲ ခံ မပျော်ရွှင်နေသင့်ဘူး။ ငါတို့ လိုအပ်တာတွေ ပြင်ဆင်ရမယ်။”
“အဖေ။ ပြောချင်တာက……”
လီက မျက်မှောက် ကြုတ်ပြီး စဉ်းစားနေတယ်။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာတယ်။သက်လတ်ပိုင်းလူက နေရာနည်းနည်း ရွှေ့လိုက်တယ်။ သူ့အဖေကို မနှောင့်ယှက်ရဲဘူး။
“ဟုတ်ပြီ! ဒါငါတို့ လုပ်ရမဲ့ အလုပ်ပဲ။ ဂျိလီ ညင်သာစွာ ပြောလိုက်တယ်။”
“သက်လတ်ပိုင်လူက အဖေ့ အစီအစဉ်က ဘာလဲ?”
…..
Chapter 4.4
ရွှေဓားလုဖို့အတွက် တစ်ယောက်တည်းကနေ မျိုးနွယ်စုမှာ ရှိသမျှ လူငယ်တွေအပြင် ဂျိကလန်ရဲ့ မျိုးဆက်သစ်တွေကို ပါ ပြိုင်ပွဲမှာ နိုင်ရမယ်။ ကလန် မျိုးဆက်သစ်တွေက နည်းပေမဲ့ သူတို့တွေ အကုန်လုံးက ရတနာပစ္စည်းတွေနဲ့ လျှို့ဝှက် သိုင်းကျမ်းတွေ အများကြီးကို လေ့လာနိုင်တယ်။ ဒါပေမဲ့ မျိုးနွယ်စုတွေက လူငယ်တွေကတော့ အရမ်းများပြီး အများစုမှာ ရတနာပစ္စည်းတွေနဲ့ လျှို့ဝှက် သိုင်းကျမ်းတွေ မရှိကြဘူး။
ဒါပေမဲ့ ရွှေဓားလုပွဲ ၅ ခု ၆ ကျင်းပရင် ဂျိကလန်က မျိုးဆက် တစ်ခုလောက်ပဲ နိုင်တယ်။
သက်လတ်လူက ခေါင်းညိတ်ပြီး ဒါ မျိုးနွယ်စုက လူတွေက အရမ်းများလွန်းလို့လေ။ အရမ်းတော်တဲ့ သူက အမြဲတမ်း ထွက်လာနေတာပဲ။ ဒါပေမဲ့ သူတို့ ဘယ်လောက် အစွမ်းထက်ထက် ငါတို့ ဂျိကလန်ရဲ့ အရမ်းအစွမ်းထက်တဲ့ ပညာတွေကို မသင်ပေးခဲ့ဘူး။ သူတို့ကို တစ်ဆင့်နိမ့်တဲ့ ပညာပဲ အမြဲသင်ပေးတယ်။ ဒီမျိုးနွယ်စု က လူငယ်တွေက ရွှေဓားလုပွဲမှာ အရမ်း အစွမ်းထက်ပေမဲ့ နှစ် ၇၀ -၈၀ ကြာတဲ့အခါ အစွမ်းထက်လာသူတွေကတော့ ဂျိကလန်က လူတွေပဲ။
“ငါပြောချင်တာက….”
.ဂျိလီ တိုးတိုးလေးပြောလိုက်တယ်
“………… မျိုးနွယ်စုတွေက အရမ်းတော်တဲ့ လူငယ်တွေကို ရွေးချယ်ပြီးတော့ လိုအပ်တဲ့ ရတနာတွေ၊ အထောက်အပံ့တွေပေးပြီး သင်ပေးလိုက်စမ်း။ ငါတို့ ပုံမှန် သင်ရိုး မရှိတာတောင် ဒီ လူငယ်တွေက အရမ်းတော်နေတာ။ သူတို့ ငါ့ရဲ့ ပို့ချမှုကို ရရင် ပိုပြီး အစွမ်းထက်လာလိမ့်မယ်။ ငါရီချွမ်ရဲ့ သား က ပြိုင်ပွဲဝင်တွေ အကုန် လုံးကို အနိုင်ရပြီးတော့ ရွှေဓားရမယ်ဆိုတာကို မယုံဘူး။”
“ဟုတ်တယ်..ဟုတ်တယ်..”
သူ့သားက ခေါင်းမြန်မြန်ညိမ့်လိုက်တယ်။
“အမှန်ဆို မျိုးနွယ်စုတွေက ကလေးတွေကို ဂျိကလန် က ကလေးတွေနဲ့ အမြဲတမ်း ခွဲခွဲ ခြားခြား ဆက်ဆံတာပဲ။
ဂျိကလန်က ကလေးတွေက ဂျိမိသားစု မျိုးဆက်သစ် တွေပဲလေ။ ဒါကြောင့် သူတို့ကို အမြဲ ကောင်းကောင်း ဆက်ဆံတယ်။ မျိုးနွယ်စု တွေက ကလေးတွေကို ကျတော့ သူတို့ကို သိမ်းသွင်းပြီးတော့ ထိန်းချုပ်နိုင်အောင် စီစဉ်ထား တာပဲ။ ဒါပေမဲ့ ဒီတခါတော့ သူ့အစွမ်းကုန် ကြိုးစားပြီး မျိုးနွယ်စု က ထက်မြက်တဲ့ ကလေးတွေကို ပျိုးထောင်ပေးမှာပဲ။”
“အဖေ ဒီလို စီစဉ်လိုက်ရင် ရီချွမ်သားက လုံးဝကို ရှုံးနိမ့်မှာပဲ။”
သူ ယုံကြည်စွာ ပြောလိုက်တယ်။
“ဟား..ဟား..ဟား ..” လီ ရီမောလိုက်တယ်။
“တစ်ခုမမေ့နဲဦး… ငါတို့ လူတွေ ရီချွမ် လက် အောက်ထဲ တိတ်တဆိတ် ထည့်ထားရဦးမယ်။ ငါ သူ့သား ဘယ်လောက် တိုးတက်လာတယ်ဆိုတာ အတိအကျ သိချင်တယ်။ ရန်သူရဲ့ အခြေအနေမှန် နဲ့ ကိုယ့်ရဲ့ အခြေအနေအမှန်ကိ နားလည်သူ သာ အောင်နိုင်သူ ဖြစ်မယ်။”
“ဟုတ်ကဲ့…”
သက်လတ်ပိုင်း လူကြီးက မျက်စိ အရောင် တလက်လက်နဲ့ ထောက်ခံလိုက်တယ်။
…………..
Chapter 4.5
ယုချီစနိုးက ကလေးကို အိပ်ရာထဲ ထည့်လိုက်တယ်။
“ဂျိနင်.. လိမ်မာတဲ့ ကလေးလေး အိပ်မါတော့ကွယ်လို့” ပြောပြီး ကလေးလေးကို နမ်းကာ သူပါ ကလေးဘေးမှာ အိပ်လိုက်တယ်။
နင်ရဲ့ မျက်နှာမှာ စိတ်မသက်မသာ မှုတွေ ပေါ်နေတယ်။
သူ့ နုတ်ခမ်းကို သူသုတ်လိုက်တယ်။ ခုပဲ သူနို့စို့ထားတာ။ တစ်မျိုးကြီးပဲ။
အခု ဖြတ်သန်းခဲ့တဲ့ နာရီ ၂၀ လောက်က မယုံ ကြည်နိုင်စရာ အရမ်း အံ့သြဖို့ကောင်းတယ်။
သူ ပထမ မျှော်လင့်ချက်မဲ့ တံတားကို ဖြတ်ခဲ့ ရတယ်။ နောက် အဘွားမင်ရဲ့ ဆေးကို သောက်ခါနီးမှာ ငရဲ ပြည်မှာ တိုက်ပွဲတွေ ဖြစ်လာတယ်။ ကမ္ဘာတောင် တစစီ ပျက်စီးသွားသလိုပဲ။ သူကံကောင်းလို့ မော်တယ် ရီလမ်ကို မြန်မြန် ခုန်ချလိုက်လို့ ပြန်မွေးဖွားလာရတာ။
ခွေးဖြူကြီးကလည်း သူ့ရဲ့ ဦးလေးဖြူ ဖြစ်နေပြန်တယ်။
မီတာများစွာရှည်ပြီး အိမ်အကြီးကြီးလောက် ရှိတဲ့ မြွေနက်ကြီးကလည်း လူအသွင်ပြောင်းပြီး သူ့ ဦးလေးနက်လို့ ပြောပြန်တယ်။
အခု သူရွှေဓားကို လုယူပြီး နယ်မြေ တစ်ခုရဲ့ဒေသ ခေါင်းဆောင် ဆက်ခံရဦးမယ်။
“မင်းတို့တွေ ငါ ဘယ်လို ခံစားနေရလဲ ဆိုတာ မေးစမ်းကြပါဦး။”
“ကျွတ်… ရင်ခွင်ပိုက် ကလေး အတွက် human right မှ မရှိတာ။” သူ့ နုတ်ခမ်းမှာ တင်ကျန်နေတဲ့ နို့စက်ကို လျက်လိုက်တယ်။
သူဒီကို ရောက်ရောက်ချင်းပဲ သူ့ကလန်က တန်ခိုးထွားတဲ့ ကလန်ဆိုတာ သူနားလည်လိုက်တယ်။ မျိုးနွယ်စုတွေ မရေမတွက်နိုင်အောင် လက်အောက်ခံရှိနေတဲ့ ကလန်က ဘယ်လိုလုပ် သာမာန် ကလန် ဖြစ်နိုင်မှာလဲ။ ဒါပေမဲ့ ဒေသခေါင်းဆောင် နေရာကို ကျတော့ အကုန် စိတ်ဝင်စားနေကြတယ်။ နားမှာ မြွေနဲ့ အဘိုးအိုကလည်း ခေသူတစ်ယောက်မ ဟုတ်ဘူး။ သူက ခေါင်းဆောင်ကိုတောင် ဒေါသတကြီး ပြန်ပြောရဲပြီး ဂျိနင် အဖေကိုတောင် စကားများခဲ့တယ်။
“တော်ပြီ..တော်ပြီ…”
“သူက အခုမှ ရင်ခွင်ပိုက် အရွယ်ပဲ ရှိသေးတာ။ ဒါ သူ့ စိတ်ပူရမဲ့ ကိစ္စ မဟုတ်ဘူး။ အရေးအကြီးဆုံးက သူအခုလေ့ကျင့်ရမယ်။ နတ်ဘုရားမ နုဝါရဲ့ အာရုံမှတ်တဲ့ ကျင့်စဉ်ကို ကျင့်ရမယ်။”
“ချိုင်သခင်က နတ်ဘုရားမ နုဝါရဲ့ ပန်းချီကား ကျင့်စဉ်က သူ့ကို ထင်ရှားသူဖြစ်စေ လိမ့်မယ်ပြောခဲ့တယ်။ သူ ဒီဗာ ရီလမ်မှာ မွေးလို့ ကောင်းကင် ပြည်သူဖြစ်ရင်တောင် ထင်ရှားစေမယ်ဆို မော်တယ် ကမ္ဘာမှာ ဆို ပြောမနေနဲ့တော့။ မော်တယ် ကမ္ဘာ မှာဆို နံပါတ်တစ် အာရုံမှတ် ကျင့်စဉ်တွေထဲ ပါလိမ့်မယ်။ ဒီလို တန်ဖိုးရှိတဲ့ ကျင့်စဉ် သူ့မှတ်ဉာဏ်ထဲမှာ ရှိနေတာ သူ့အတွက် ဒီကမ္ဘာမှာ အကြီးမားဆုံး အတောက်အပံ့ပဲ။”
အရင် ဘဝက သူ ၁၈နှစ်လုံးလုံး ဖျားနာခဲ့တယ်။သူ နာရီဝက်လောက် လမ်းလျှောက်ရရင်တောင် မောနေတာ။ သူ့မှာ အရမ်းကို အစွမ်းမဲ့နေတယ်လို့ ခံစားရတယ်။ သေခြင်းတရားကို ခုခံရာ အားမရှိပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒါမျိုးဖြစ်ရပ်တွေ တော်သင့်ပြီ။ တော်ပြီ။တော်ပြီ။ငါ့ရဲ့ ကံကြမ္မာကို ငါလက်နဲ့ စီမံနိုင်ရမယ်။ ဒီလို စီမံနိုင်ဖို့ကို ချိုင် နန်းတော်သခင် ပြောပြလိုက်တဲ့ အင်မော်တယ် immortal (မြန်မာလို တိုက်ရိုက်သာ ပြန်ပေးပါမယ်။ ဘာလို့လဲဆိုတော့ နောက်ကျရင် ရှိတဲ့ ကျင့်စဉ်တွေဟာ မြန်မာစာနဲက ရေးပေးရင် အဓိပါ္ပယ် မပြည့်စုံလို့ပါ။) ဖြစ်အောင် ကျင့်ကြံနိုင်မှ ဖြစ်မယ်။
အင်မော်တယ် ဖြစ်ဖို့ ကျင့်ကြံတဲ့ လမ်းစဉ်ဟာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်ရာပဲ။
နင် မျက်စိထပ်မှိတ်လိုက်တယ်။
သဘာ၀ စွမ်းအင်တွေ သူ့ ခန္ဓာကိုယ်ထဲကို တဖြည်းဖြည်း ဝင်ရောက်လာတယ်။ ဒီ စွမ်းအင်တွေက သူ့ သိစိတ်မှာ အခြေတည်နေပြီးတော့ သူ့ soul အသက်ဝိဉာဉ် ကို ခွန်အားဖြည့်ပေးနေတယ်။ ဒါပေမဲ့ သဘာ၀ စွမ်းအင် စုပ်ယူမှုက နည်းသေးတဲ့အတွက် စနိုးကော ရီချွမ်ကော မသိလိုက်ကြဘူး။
“သဘာ၀ စွမ်းအင်ကို စုပ်ယူနိုင်တဲ့ အာရုံမှတ် ကျင့်စဉ်?”
“ဒါ အရမ်းကို မယုံနိုင်စရာ ကောင်းတာပဲ။”
အကြောင်း ကတော့ ဒါက အင်မော်တယ် တွေကျင့်စဉ် မဟုတ်သလို အင်မော်တယ် တန်ခိုးကျင့်စဉ်လဲ မဟုတ်ဘူး။ ဒီဟာသာ အင်မော်တယ် ကျင့်စဉ်ဆို ပတ်ဝန်းကျင် က သဘာဝစွမ်းအားတွေကို အများကြီး စုပ်ယူလိုက်မှာပဲ။ ဒါပေမဲ့ အာရုံမှတ် ကျင့်စဉ်က သဘာ၀ စွမ်းအင် နည်းနည်းပဲ လိုအပ်တဲ့ အတွက် အရမ်းကို ထူးခြားတဲ့ ကျင့်စဉ်ပဲ။
“ဝှစ်..ဝှစ်…”
အပ်ချည်မျှင်လိုမျိုး စွမ်းအားတွေ စီးဆင်းပြီး နင်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နေတယ်။
သဘာ၀ စွမ်းအားတွေ အဆက်မပြတ် ခန္ဓာကိုယ်ထဲ စီး ဝင်ပြီး သူ့ ခန္ဓာကိုယ် ပိုပြီး သန့်စင်လာတယ်။ ကလေးတွေဟာ ဖြူစင်စွာ မွေးဖွားလာကြတာ။ ဘ၀ အတွေ့ အကြုံတွေကြောင့် သူတို့ စိတ်ဓာတ်တွေ ညစ်ပတ်လာကြတယ်။ အခုတော့ ဂျိနင်ရဲ့ ခန္ဓာကိုယ်မှာ မကောင်းမှုတွေ ဟာ မရှိသလောက်ပဲ။ သဘာ၀ စွမ်းအင်တွေ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ဝင်ရောက် သန့် စင်ပေးတာ သူ မွေးခါစအတိုင်း လုံးဝကို ဖြူစင်သူ ဖြစ်သွားပြီ။
ဆက်ပါဦးမည်>>>>>>
မူရင်း စာရေးဆရာ : I Eat tomatoes
ဘာသာပြန်သူ - Dr – Panda
ဖေ့ဘုတ်တွင် @drpanda88 ဟု search တွင်ရိုက်၍ ရှာနိုင်ပါသည်။

Comments
Post a Comment