ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 7 အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္

အခန္း ၇.၁ း အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္

အက်ည္းခ်ဳပ္ စာအုပ္ေတြ ထပ္ျပီး စားပြဲေပၚတင္ထားတယ္။ ဂ်ိနင္ စာအုပ္နာမည္ေတြကို ေသခ်ာၾကည့္လိုက္တယ္။
စာအုပ္နာမည္ေတြက …
[Calamity Fiend] (ကပ္ေဘးမိစာၦ သိုင္းက်မ္း) [Indestructible Blood Fiend] (အႏိွဳင္းမဲ့ ေသြးမိစာၦ သိုင္းက်မ္း)   [Song of the Inferno] (ေခ်ာ္ရည္မီးမိစာၦရဲ့ ဟစ္ေၾကြးသံ သိုင္းက်မ္း) [Vajra Buddhist Sutras]( ဗုဒၶ ရဲ႕နတ္ဘုရားလက္နက္ မိုးၾကိဳး က်မ္း) [Freeform Soul] ( ၀ိဥာဥ္လြင့္က်မ္း) [Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ )[Eternal Mysteries of the Yellow Earth] (ေျမ၀ါရဲ႕ ထာ၀ရ တည္တံ့ျခင္းက်မ္း) [Spirit Fox Sutra] (၀ိဥာဥ္ေျမေခြး က်မ္း)  [Sutra of the Future Buddha] (အနာဂတ္ ဗုဒၶရဲ႕ က်မ္း)
…စာအုပ္ အကုန္လံုးကို အလြန္ ေရွးက်တဲ့ စာလံုးေတြနဲ႕ ေရးထားတယ္။ ေတာ္ေသးတာက နင္က ဒီ ကမာၻမွာ ေမြးကတည္းက ဒီ စကားလံုးေတြနဲ႕ ၾကီးျပင္းလာတာဆိုေတာ့ သူနားလည္ေနတယ္။ နင္ အသက္၀၀ တစ္ခ်က္ ရွဴလိုက္တယ္။ ဒီဟာက သူ႕အတြက္ အလြန္ အေရးၾကီးတဲ့ အခ်ိန္ပဲ။ သူ႕ရဲ႕ ကံၾကမၼာကို သတ္မွတ္ေပးမဲ့ ဆံုးျဖတ္ခ်က္ပဲ။
သူစာအုပ္တစ္အုပ္ကို ေကာက္ဖတ္လိုက္တယ္။
[Calamity Fiend] (ကပ္ေဘးမိစာၦ သိုင္းက်မ္း) ။ ဒီဟာကိုက်င့္ဖို႕ဆို က်င့္မဲ့သူရဲ႕ ခႏၶာကိုယ္ကို ေမွာ္ တက္တူးေတြ အျပည့္ ထိုးထားရမယ္။ ျပီးေတာ့ ခႏၶာကိုယ္ကို ငရဲမီးလွ်ံနဲ႕ တစ္သားတည္းျဖစ္သည္အထိ ထားက်င့္ရမယ္။ ဒါ အရမ္းကို နာက်င္ရမွာပဲ။ ခႏၶာကိုယ္ကို ေမွာ္ တက္တူး ၉မ်ိဳးနဲ႕ ဖံုးလြမ္းျပီးတဲ့ အခါ ငရဲ မီးလွ်ံထဲ ၈၁ ၾကိမ္ ၀င္ျပီး ေလ့က်င့္ရမယ္။ ဒါဆို ခႏၶာကိုယ္ဟာ ဇင္တ်န္ သက္ရွိရဲ႕ အဆင့္ကို ေရာက္သြားျပီးေတာ့ ခ်က္ခ်င္းပဲ အလြန္ ခြန္အား ၾကီးမားလာမယ္၊ ငရဲမီးလွ်ံ မႈတ္ထုတ္လာႏိူင္မယ္၊ ပ်က္စီးသြားတဲ့ ဘယ္ခႏၶာကိုယ္ အစိတ္အပိုင္းမဆို ျပန္ျပီး ေပါက္လာမယ္။ ဒီက်င့္စဥ္ဟာ အလြန္ ခက္ခဲျပီးေတာ့ အလြန္ကို တိုးတက္မႈ ျမန္ဆန္တဲ့ က်င့္စဥ္ပဲ။ သီအိုရီအတိုင္းဆို ဇင္တ်န္ သက္ရွိျဖစ္ဖို႕ ၈၁ ရက္ပဲ လိုတယ္။
[Indestructible Blood Fiend] (အႏိွဳင္းမဲ့ ေသြးမိစာၦ သိုင္းက်မ္း ။ဒီက်င့္စဥ္မွာ ေတြ႕ၾကံဳရမဲ့ နာက်င္မႈက ကပ္ေဘးမိစာၦ က်မ္းက နာက်င္မႈထက္ ပိုလိမ့္မယ္။ ဒီက်င့္စဥ္မွာ ေမွာ္တက္တူးအတြက္ ၃ႏွစ္ အခ်ိန္ေပးဖို႕လိုျပီးေတာ့ ငရဲဆန္တဲ့ ႏွိပ္စက္မႈမ်ိဳးနဲ႕ တူတဲ့ က်င့္စဥ္ကို ၃ ႏွစ္ က်င့္ရမယ္။
[Song of the Inferno] (ေခ်ာ္ရည္မီးမိစာၦရဲ့ ဟစ္ေၾကြးသံ သိုင္းက်မ္း) ။ဒီက်င့္စဥ္မွာေတာ့ အရင္ဆံုး ေတာက္ေလာင္ေနတဲ့ ေခ်ာ္ရည္ ေတြနားမွာ က်င့္ရမယ္။ ျပီးရင္ ေခ်ာ္ရည္ေတြထဲမွာ ျမဳပ္ျပီး က်င့္ရမယ္။
ေနာက္ဆံုးမွာေတာ့ မီးေတာင္က ေခ်ာ္ရည္တြင္းထဲကို ဘယ္လို မွ နာက်င္မႈမရွိပဲ ၀င္သြားႏို္င္လိမ့္မယ္။ ဒီက်င့္စဥ္က လူတစ္ေယာက္ကို မီးနဲ႕ တစ္သားတည္း က်သြားေစတယ္။ တစ္စံုတစ္ေယာက္ဟာ မီးရဲ႕ အစြမ္းကို လိုသလို ထိန္းခ်ဳပ္ႏိုင္ျပီဆိုရင္ သူ ဇင္တ်န္ သက္ရွိ အဆင့္ကိုေ ရာက္ျပီ။
ဒီ ၃ခုကို ဖတ္ျပီး နင္ စိတ္ရွဳပ္သြားတယ္။
“ဘာလို႕ ဒီ ဖင္းေဂါ့ က်င့္စဥ္ေတြက အရမ္းကို နာက်င္ေစေနရတာပါလိမ့္။ ဒါေတြဟာ ႏိွပ္စက္မႈေတြထက္ ဆိုးရြားတယ္။”
စႏိုးကေျပာလိုက္တယ္။ “နင္ အရူးကေလးပဲ။တစ္ခ်ိဳ႕ ဖင္းေဂါ့က်င့္စဥ္ေတြပဲ နာက်င္မႈေတြ ေတြ႕ရတာပါ။ ဒီစာအုပ္ ၁၉အုပ္မွာ ၅အုပ္ပဲ နာက်င္မႈေတြနဲ႕ ေလ့က်င့္ရတာပါ။ တစ္ျခား စာအုပ္ေတြက ဒီေလာက္ မဆိုးရြားပါဘူး။ နင္က အဲ့ဒီထဲက ၃အုပ္ကို ေကာက္ဖတ္လိုက္တာကိုး။”
“အိုး….” ဂ်ိနင္ စိတ္သက္သာရာ ရသြားတယ္။
ရီခၽြမ္က ေျပာလိုက္တယ္။” ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္ဟာ ကီ က်င့္စဥ္ထက္ ပိုျပီး ခက္ခဲတယ္။ သာမာန္လူ တစ္ေယာက္ဟာ ဇင္တ်န္ သက္ရွိ ျဖစ္ဖို႕ဆိုတာ သဘာ၀တရားၾကီးရဲ႕ စည္းကမ္းေတြနဲ႕ ဆန္႕က်င္ေနတာပဲ။ ဒါေၾကာင့္ ဖင္းေဂါ့ က်င့္စဥ္ဟာ အရမ္းခက္ခဲတယ္။ ဒါေၾကာင့္ ဒီလို အရမ္းရက္စက္ျပီး နာက်င္ရတဲ့ က်င့္စဥ္ေတြဟာ အရမ္းကို ခက္ခဲျပီး အရမ္းကို ျမန္ဆန္တာေၾကာင့္ ေလ့က်င့္သူမွာ အေျခခံ အုတ္ျမစ္ေကာင္းေကာင္း မရွိႏိုင္ဘူး။”
နင္ ေခါင္းညိတ္လိုက္ျပီး ဆက္ဖတ္လိုက္တယ္။
[Vajra Buddhist Sutras]( ဗုဒၶ ရဲ႕နတ္ဘုရားလက္နက္ မိုးၾကိဳး က်မ္း) ။ ဒီက်မ္းကေတာ့ ဗုဒၶ ဗာဂ်ရာနဲ့ က်င့္စဥ္ပဲ။
 [Freeform Soul] ( ၀ိဥာဥ္လြင့္က်မ္း) ။ဒါကေတာ့ အခ်ိန္အၾကာၾကီး ေပးဖို့႕လိုအပ္တယ္။ ဒါေပမဲ့ ဇင္တ်န္ အဆင့္ ေ၇ာက္သြားရင္ေတာ့ သူ႕ခႏၶာကိုယ္ကို ၾကိဳက္သလို အသြင္ေျပာင္းႏိုင္ျပီးေတာ့ အသက္ဓာတ္ေတြနဲ႕ ျပည့္၀ေနေစတယ္။ သူ႕ရဲ႕ ခႏၶာကိုယ္ကို အစိတ္အပိုင္း ေသးေသးေလးေတြ ပိုင္းလိုက္ရင္ေတာင္ ခ်က္ျခင္းကို ခႏၶာကိုယ္ ျပန္တည္ေဆာက္ႏို္င္ေစတယ္။ ဒီက်င့္စဥ္ဟာ ကိုယ့္ အသက္ကို ကာကြယ္ဖို႕ အေကာင္းဆံုး ထိပ္တန္း က်င့္စဥ္ပဲ။
[Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ ) ။ဒီက်င့္စဥ္ကေတာ့ ျပိဳင္ဘက္မရွိတဲ့ နံပါတ္ ၁ ဖင္းေဂါ့ က်င့္စဥ္ပဲ။
“ဘယ္လို???….”
ဂ်ိနင္ မ်က္စိေတြ မွာ လိုခ်င္မႈ အေရာင္ေတြ ေတာက္လာတယ္။ သူ ဒီ[Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ ) ကို ေသခ်ာ ဖတ္လိုက္တယ္။
(အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ ) မွာ အဓိက ၉ပိုင္းရွိတယ္။


(အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ ) မွာ အဓိက ၉ပိုင္းရွိတယ္။
ပထမ ၃ ပိုင္းကေတာ့ ဟိုတ်န္ အဆင့္ အတြက္ ျဖစ္တယ္။
အလယ္ ၃ ပိုင္းကေတာ့ ဇင္တ်န္ အဆင့္ အတြက္ ျဖစ္တယ္။
ေနာက္ဆံုး ၃ ပိုင္းကေတာ့ ဇီဖူ အဆင့္ အတြက္ ျဖစ္တယ္။
“ဒီက်မ္းဟာ ေတာ္ေတာ္ ထူးျခားတာပဲ။ တျခား က်မ္းေတြဆိုရင္ အထြဋ္အထိပ္ကို ေရာက္သြားရင္ ဇင္တ်န္ ထိပ္ဆံုး အဆင့္ ကိုပဲ ေ၇ာက္ေအာင္ ေလ့က်င္ႏိုင္တယ္။ ဒါေပမဲ့ ဒီ(အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ ) မွာ ေလ့က်င့္သူကို ဇီဖူ အဆင့္ အထြဋ္အထိပ္ထိပ္ကို ေရာက္ေအာင္ ပို့ေပးႏိုင္တယ္။” နင္ ေသခ်ာစြာ ဖတ္ျပီးေတာ့ တီးတိုး ေရရြတ္လိုက္တယ္။
ဇင္တ်န္ အဆင့္ ကို ေရာက္သူ တစ္ေယာက္ဟာ ေရ နဲ႕ မီး စတဲ့ ဓာတ္ေတြကို ထိန္းခ်ဳပ္ႏိုင္လာျပီးေတာ့ ခြန္အားအလြန္ ၾကီးမားလာတယ္။ တစ္ေယာက္ရဲ႕ ခႏၶာကိုယ္ဟာ အလြန္ ေပါ့ပါးလာျပီးေတာ့ အာရံု ၆ပါးလံုး စူးရွ လာတယ္။ ခႏၶာကိုယ္ အစိတ္အပိုင္းေတြ အျဖတ္ခံရရင္ေတာင္ ျပန္ ေပါက္လာတယ္။
ဇီဖူ အဆင့္ကို ေရာက္သြားသူ တစ္ေယာက္ အေနနဲ႕ ကေတာ့ ေသြးတစ္စက္ပဲ ရွိေတာ့ရင္ေတာင္ ေသြးစက္ကေန ခႏၶာကိုယ္ ျပန္ တည္ေဆာက္လာႏိုင္တယ္။ ၀မ္ရွင္း အဆင့္ကို ေရာက္သြားသူေတြကေတာ့ အရမ္းကို ေၾကက္မက္ဖြယ္ေကာင္းေလာက္ေအာင္ အစြမ္းေတြ ထက္ျမက္လာျပီးေတာ့ ေခါင္း၃လံုး လက္၆ဖက္ အစြမ္းေတြ၊ ေနကို စားလာႏိုင္တဲ့ အစြမ္းေတြ၊ မီးေတာက္ နဂါး မ်က္၀န္း အစြမ္းေတြ ရွိလာႏိုင္တယ္။ ဒါေပမဲ့ ဒီ အစြမ္းေတြက ၀မ္ရွင္း အဆင့္ ေရာက္မွ သူ႕က်မ္းနဲ႕ သူ ဆက္က်င့္မွ ရလာမဲ့ အစြမ္းေတြ ပါ။
“ဖင္းေဂါ့ က်င့္ စဥ္ က်င့္သူ ၀မ္ရွင္း သူေတာ္စင္ေတြဟာ ကီက်င့္စဥ္ပဲ ေလ့က်င့္ ထားသူ ၀မ္ ရွင္း သူေတာ္စင္ေတြကို သာသာယာယာ အႏိုင္ယူႏိုင္တယ္။”
“ဒါေပမဲ့ (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ ) ကေတာ့ တျခား ဖင္းေဂါ့ က်င့္စဥ္က်င့္ထားသူေတြ အကုန္လံုးကို အႏိုင္ယူႏိုင္တယ္။”
“ဒါက လူတိုင္းသိေနတဲ့ ဗဟုသုတပဲ။”
“ဒါေပမဲ့ ေလ့က်င့္ဖို့ ေအာင္ျမင္ရာမွာ အလြန္ကို ေျပာစရာ မလိုေအာင္ ခက္ခဲလြန္းလွတယ္။”
တျခား က်င့္စဥ္စာအုပ္ေတြ အကုန္ လွန္ေလွာ ဖတ္ရႈ အျပီးမွာေတာ့ ဂ်ိနင္ ဆံုးျဖတ္ခ်က္ ခ် လိုက္တယ္။ “ဒီ(အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ ) ဟာ ငါ့ရဲ႕ ေရြးခ်ယ္မႈပဲ။”
ရီခၽြမ္က သူ႕ရဲ႕ သားကိုၾကည့္ျပီး” သားေရြးျပီးသြားျပီလား။”
“ဟုတ္ကဲ့”။ ဂ်ိနင္ ေခါင္းညိတ္လိုက္တယ္။
ရီခၽြမ္က ဆက္ေျပာလိုက္တယ္။
“(အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ ) ဒီဟာက တစ္ကမာၻလံုးက အစြမ္းအထက္ဆံုးလို႕ သတ္မွတ္ထားတဲ့ ဖင္းေဂါ့က်င့္စဥ္ပဲ။ ဒီက်င့္စဥ္ဟာ [Song of the Inferno] (ေခ်ာ္ရည္မီးမိစာၦရဲ့ ဟစ္ေၾကြးသံ သိုင္းက်မ္း[Vajra Buddhist Sutras]( ဗုဒၶ ရဲ႕နတ္ဘုရားလက္နက္ မိုးၾကိဳး က်မ္း) [Calamity Fiend] (ကပ္ေဘးမိစာၦ သိုင္းက်မ္း)  ေတြထက္ အမ်ားၾကီး ပိုနက္နဲတယ္။ ဒီဟာက ဇီဖူ အဆင့္ အထိပဲ ေျပာေသးတာ။ ေနာက္ပိုင္း အဆင့္ေတြဟာ ပိုျပီး နက္နဲလာတယ္။ မင္းသာ ဇီဖူ အဆင့္ ေရာက္သြားရင္ ေနာက္ထပ္ ပိုျမင့္တဲ့ အဆင့္ေတြကို က်င့္ဖို႕ က မခက္ခဲေတာ့ဘူး။”
“ဒီဖင္းေဂါ့က်င့္စဥ္ဟာ အရမ္းကို လူသိမ်ားေနျပီးေတာ့ က်မ္းေတြကို အလြယ္တကူ ရရွိ ႏိုင္တယ္။ ဒါေပမဲ့ က်င့္ဖို႕ အခက္ခဲဆံုးပဲ။”
ဂ်ိနင္ ရယ္ေမာလိုက္တယ္။
“သူဒီမွာ ၂ ႏွစ္ေတာင္ စာဖတ္ျပီး အခ်ိန္ျဖဳန္းခဲ့ ျပီးျပီ။ ဒါေၾကာင့္ ဒီ ခႏၶာကိုယ္ သန့္စင္ က်င့္စဥ္ေတြဟာ အရမ္းကို အေရးၾကီးတာ သူသိတယ္။ က်င့္စဥ္ေတြဟာ အရမ္းနက္နဲ လာတာနဲ႕ အမွ် ေလ့က်င့္ဖို႕ အလြန္ ခက္ခဲလာတယ္။ ျပီးေတာ့ အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ ဟာ အဆင့္ျမင့္လာတဲ့ က်မ္းေတြကို အလြယ္တကူ ရရွိ ႏိုင္တာေၾကာင့္ သူ႕အတြက္ ဒီဟာေရြးခ်ယ္ဖို႕ အသင့္ေတာ္ဆံုးပဲ။”
“ဒီက်င့္စဥ္ဟာ အစြမ္း အၾကီးမားဆံုးပဲ။ ျပိဳင္ဘက္ကင္းတယ္။”
“ဒီက်င့္စဥ္ဟာ အကုန္လံုးမွာ ပ်ံ႕ႏွံ႕ေနျပီးျပီ။”
“ဒါေၾကာင့္ ဒီက်င့္စဥ္ကို အလြယ္ဆံုး နည္းလမ္းနဲ႕ ရယူႏိုင္လိမ့္မယ္။”
ရီခၽြမ္က ေျပာလိုက္တယ္။
“ဒီက်င့္စဥ္မွာ ေကာင္းတာေတြ အမ်ားၾကီးပဲ။ ဒါေပမဲ့ အလြန္ ခက္ခဲတယ္။ ဂ်ိကလန္ရဲ႕ အဓိက အကိုင္းၾကီး ၅ ကိုင္းမွာ ဒီ က်မ္းကို အဆင့္ေလးဆင့္ အထိ ေအာင္ျမင္လို႕ ဇင္တ်န္ ျဖစ္သြားတာ တစ္ေယာက္မွ ရွိေသးဘူး။”
“ဘယ္လို။ ဂ်ိကလန္ရဲ႕ အဓိက အကိုင္းၾကီး ၅ ကိုင္းမွာ ဒီ က်မ္းကို အဆင့္ေလးဆင့္ အထိ ေအာင္ျမင္လို႕ ဇင္တ်န္ ျဖစ္သြားတာ တစ္ေယာက္မွ ရွိေသးဘူး? သူတို႕ ဇီဖူ အဆင့္အထိ မျဖစ္ေသးဘူးေျပာရင္ ပိုေကာင္းလိမ့္မွာ။ “ဂ်ိနင္ တစ္ေယာက္ အရမ္းကို အ့ံၾသသြားတယ္။
“အခုေတာ့ တစ္ေယာက္မွ ဒီက်င့္စဥ္နဲ႕ ဇင္တ်န္ေတာင္ မျဖစ္ၾကေသးဘူး။”
:’(
ရီခၽြမ္ဆက္ေျပာလိုက္တယ္။
“ဟုတ္တယ္။ တစ္ေယာက္မွကို မရွိေသးတာ။ ဘာလို႕လည္းဆိုေတာ့ အရမ္းကို ခက္လြန္းလို႕။ နင္ စိတ္ကူးထားတာထက္ကို ပိုျပီး ခက္တယ္။ ဒါေပမဲ့ ငါေျပာရဲတာက ဒါဟာ အရမ္းကို ဆန္းၾကယ္ျပီး အစြမ္းထက္လြန္းတဲ့ ဖင္းေဂါ့ က်င့္စဥ္လို႕ ေျပာရဲတယ္။ ဒ႑ာရီထဲမွာေတာင္ ဒါကို အစြမ္း အထက္ဆံုးလို႕ ေျပာၾကတယ္။”
“ဒါဆို ဒီက်င့္စဥ္ဟာ ကၽြန္ေတာ့ရဲ႕ ေ၇ြးခ်ယ္မႈပဲ။ “ ဂ်ိနင္ တုံ႕ဆိုင္းမေနတာ့ဘူး။
“သူဟာ ဒီ ကမာၻမွာ ႏု၀ါရဲ႕ ပန္းခ်ီကား ထိပ္ဆံုး အဆင့္ေရာက္ေနတဲ့ ပံုရိပ္ေဖာ္ တရားက်င့္စဥ္နဲ႕ ေမြးဖြားလာတာ။ နတ္စည္သူၾကီး အေနနဲ႕ေတာင္ မားမားမတ္မတ္ နတ္ျပည္မွာ ရပ္တည္ႏိုင္ေစတဲ့ က်င့္စဥ္။ ဒီေလာက္ သူ႕မွာ အေျခခံ ေကာင္းေနတာ သူဘာလို႕ ဖင္းေဂါ့က်င့္စဥ္ကို မစမ္းၾကည့္ရဲရမွာလည္း။ သူ မေအာင္ျမင္ရင္ေတာင္မွ ျပသနာ မဟုတ္ဘူး။ တစ္ျခားက်င့္စဥ္တစ္ခု ေျပာင္းက်င့္ရံုပဲ။”
“ေကာင္းျပီ။”
ရီခၽြမ္ ရွားရွားပါးပါးျပံဳးလိုက္တယ္။ သူ႕သား ဆံုျဖတ္မႈအတြက္ သူအရမ္း၀မ္းသာေနတာ။
” ကဲဒါဆိုငါ မင္းအတြက္ အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ ကို သြားယူလိုက္ဦးမယ္။”
ဂ်ိနင္ ေမွ်ာ္လင့္ေနတဲ့ “မ်က္လံုးေတြနဲ႕ ေက်းဇူးပါပဲ အေဖ” လို့ ေျပာလိုက္တယ္။
………

ေမွာင္မိုက္ေနေသာ ညအခ်ိန္
တံခါးပိတ္ထားတဲ့ ခန္းမထဲမွာ လက္ေမာင္းလုံးေလာက္ ဖေယာင္းတိုင္ၾကီးက မီးေတာက္ က တဖ်ပ္ဖ်ပ္နဲ႔ ကခုန္ေနတယ္။ အခန္းထဲ မွာေတာ့ လူ ၃ေယာက္ပဲ ရွိတယ္။ ရီခၽြမ္၊ စႏိုး နဲ႕ သူတို႕သားငယ္ ဂ်ိနင္တို႕ ျဖစ္ၾကတယ္။
ဂ်ိနင္က အလြန္ထူထဲျပီးေတာ့ ေတာက္ပတဲ့ အနီေရာင္ စာလံုးၾကီးေတြနဲ႕ ျပည့္နက္ေနတဲ့ စာအုပ္ၾကီးကို ေသခ်ာ ဖတ္ရႈေနတယ္။ ဒီစာအုပ္ကေတာ့ ဒ႑ာရီထဲက [Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္) ျဖစ္တယ္။
တစ္ကယ္ကို ခက္တာပဲ။ ဂ်ိနင္ မ်က္ေမွာင္က်ဳတ္ျပီး ေရရြတ္လိုက္တယ္။
[Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္) မွာ အခက္အခဲေတြ အမ်ားၾကီး ရွိေနတယ္။
ပထမ နိဒါန္းမွာ ေျပာထားတာကေတာ့ စတင္ ေလ့က်င့္သူ တစ္ဦးဟာ ေကာင္းကင္မွာရွိတဲ့ အဖိုဓာတ္ (great yang) ေနမင္း နဲ႕ အမဓာတ္ (great yin) လမင္း တို႕ကို အာရံုခံစားႏိုင္ရမယ္။ တျခား ဖင္းေဂါ့က်င့္စဥ္ေတြဟာ မီး၊ေရ၊ လွ်ပ္စစ္ စတဲ့ စြမ္းအင္ေတြကို စုပ္ယူဖို႕ပဲ လိုအပ္တယ္။ ဒါေပမဲ့ [Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္) ကေတာ့ ေကာင္းကင္ ခႏၶာကိုယ္ေတြ ျဖစ္တဲ့ ေန နဲ႕ လ ကို စေလ့က်င့္ျခင္းမွပဲ သူတို႕ စြမ္းအင္ေတြကို စုပ္ယူႏိုင္ရမယ္။
ေလ့က်င့္သူေတာ္ေတာ္ မ်ားမ်ားဟာ ေန နဲ႕ လရဲ႕ စြမ္းအင္ေတြကို အာရံဳခံစားလို႕ မရၾကဘူး။ ဒါကေတာ့ ပထမ အဆင့္ပါပဲ။
ေနာက္ တစ္ဆင့္မွာေတာ့ ေနနဲ႕ လရဲ႕ စြမ္းအင္ေတြကို စုပ္ယူျပီးတဲ့ အခါမွာ ခႏၶာကိုယ္ကို နတ္ဘုရား တက္တူးေတြက လႊမ္းျခံဳသြားတယ္။ after divine sun tattoo and divine moon tattoo ျမင့္ျမတ္ေသာ ေန နဲ႕ လရဲ့ တက္တူးေတြ ျဖစ္ေပၚမႈ ျပီးဆံုးသြားရင္ေတာ့ ပထမအဆင့္ ေအာင္ျမင္သြားျပီ ေျပာလို႕ ရျပီ။ ဒီၤ တစ္ဆင့္တည္းမွာတင္ ဒီက်င့္စဥ္ ဘယ္ေလာက္ ေလးနက္တယ္ ဆိုတာ ခန္႔မွန္းလို႕ ရတယ္။ ဘာလို့လည္းဆိုေတာ့ တျခားက်င့္စဥ္ေတြမွာ ေမွာ္တက္တူးေတြကို ကိုယ့္ဘာသာကိုယ္ ထိုးရတာျဖစ္ေနလို႕ပဲ။
ဒါေပမဲ့ ဒ႑ာရီထဲက [Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္) ကေတာ့ ဒီ ေမွာ္တက္တူးေတြဟာ ေန နဲ႕ လ ကေန သဘာ၀အတိုင္း ခႏၶာကိုယ္မွာ ေပၚလာတာေၾကာင့္ပဲ။
 ပထမ အဆင့္ကို ေအာင္ျမင္သြားရင္ေတာ့ တတိယအဆင့္ကို ေအးေအးေဆးေဆး ေရာက္သြားႏိုင္တယ္။
ဒါေပမဲ့ ဇင္တ်န္ သက္ရွိ အဆင့္ျဖစ္ဖို႕ အဆင့္ ေလး က်င့္စဥ္ ေရာက္တဲ့ အခါ မွာ ေအာင္ျမင္ဖို႕ ပိုခက္သြားျပီ။
ဒီ အဆင့္မွာ  အဖိ္ုနဲ႕ အမ ေပါင္းစပ္ရမယ္။ မီး နဲ႕ ေရဟာ တစ္သားတည္း ျဖစ္သြားရမယ္။ ဒါဆိုရင္ ဇင္တ်န္ သက္ရွိျဖစ္ျပီ။
ေနာက္ပိုင္း အဆင့္ေတြကေတာ့ ေျပာဖို႕ အမ်ားၾကီး ေ၀းပါေသးတယ္။
၀ွဴး သူ သက္ျပင္းရွည္ၾကီး ခ်မိတယ္။
သူ႕ အေဖကို ၾကည့္ျပီး
အေဖေရ၊[Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္) ပထမ အဆင့္က လွ်ိဳ႕၀ွက္ခ်က္ေတြနဲ႕ ပါတ္သက္ျပီး အေဖ နည္းနည္း ရွင္းျပေပးပါလား။
 [Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္) ကို နားလည္ဖို႕ကေတာ့ လြယ္ပါတယ္။ သားလုပ္ရမွာက ပံုထဲက အညႊန္းအတိုင္း ေလ့က်င့္ရုံပဲ။ ပထမအဆင့္မွာ ပံု ၉ပံု ရွိတယ္ေလ။ လြယ္ပါတယ္။
ရီခၽြမ္က ေျပာလိုက္တယ္။
နင္ ေခါင္းညိတ္လိုက္တယ္။ သူ ဒီကမာၻမွာ စာအုပ္ေတြ အမ်ားၾကီး ဖတ္ဖူးတာပဲ။ သူေသခ်ာ လွန္ေလွာ ဖတ္ၾကည့္ျပီးေတာ့ က်င့္စဥ္ဟာ ဘယ္လို မ်ိဳးလည္းဆိုတာ နားလည္သြားတယ္။ ဒါေပမဲ့ သူ နက္နဲတဲ့ ေနရာတစ္ခ်ိဳ႕ မျမင္ပဲ ေက်ာ္သြားမွာကို စိုးရိမ္ေနမိတာ။ ဒီက်င့္စဥ္ေတြကို သူေလာေလာ ေလာေလာ နဲ႕ မက်င့္ျခင္ဘူး။ သူ႕အေဖက အညႊန္း အတိုင္းသာ က်င့္ဖို႕လိုတယ္လို႕ အတည္ျပဳ ေျပာလိုက္ေတာ့ သူစတင္ဖို႕ အခ်ိန္တန္ခဲ့ျပီ။
နင္ မ်က္စိကို မွိတ္လိုုက္တယ္။ လက္သီးကို ဆုပ္ျပီး ေျမွာက္လိုက္တယ္။ ေနာက္ ဦး ညြတ္္လိုက္တယ္။ ဒါ ကေတာ့ ေန နဲ႕ လကို အရိုအေသေပးတဲ့ ပထမဦးဆံုး အကြက္ပဲ။ သူ စာအုပ္ထဲက ရုပ္ပံုေတြအတိုင္း တစ္ကြက္ျပီး တစ္ကြက္ ကစားလာခဲ့တယ္။ သူ႕ၾကည့္ရတာ ထူးထူးျခားျခား ကခုန္ျပီးေတာ့ ပူေဇာ္ပသေနတဲ့ ပံုမ်ိဳးနဲ႕ေတာင္ တူတယ္။ သူခႏၶာကိုယ္ကေန ေရွးက်ျပီး ထူးျခားတဲ့ အေငြ႕အသက္ေတြ ထြက္ေပၚလာတယ္။
အင္း.. သူပထမဦးဆံုး လႈပ္ရွားမႈေတြဟာ အရမ္းကို တိက်ျပီးေတာ့ ေသသပ္လွတယ္။ ရီခၽြမ္ေကာ စႏိုးပါ အ့ံအားသင့္ ေနၾကတယ္။ လူေတာ္ေတာမ်ားမ်ား က ေလ့က်င့္ၾကတဲ့ အခါမွာ ေကာင္းေကာင္းမြန္မြန္ လုပ္ႏိုင္တယ္ ထင္ေပမဲ့ သူတို႕ စိတ္ထဲ ထင္သလို မတိက်ၾကပဲ လႊဲေခ်ာ္မႈေတြ ရွိၾကတာမ်ားတယ္။ နင္ကေတာ့ ႏု၀ါရဲ့ ပန္းခ်ီကားကို ေမြးကတည္းက က်င့္လာတာဆိုေတာ့ သူ႕ စိတ္ဟာ အရမ္းကို အစြမ္းထက္လာျပီးေတာ့ ခႏၶာကိုယ္ကို အျပည့္အ၀ ထိန္းခ်ဳပ္ထားႏိုင္လာတယ္။ သူ ကိုယ္စူ သဘာ၀ စြမ္းအင္ေတြ နဲ႕ အျမဲတမ္း သန္႕စင္မႈေတြ လုပ္ေနေတာ့ သူက စိတ္ဟာ အခုေတာ့ ေမြးစကေလးငယ္ အတိုင္ အရမ္းကို စင္ၾကယ္ေနျပီ ျဖစ္တယ္။ ဒါေၾကာင့္ သူ တိတိက်က် လႈပ္ရွားႏိုင္တာျဖစ္တယ္။
ဟား…
နင္ရဲ႕ ေနာက္ဆံု လႈပ္ရွားမႈကေတာ့ ဒူးေထာက္ထိုင္ခ်လိုက္တာပဲ။ သူလက္နွစ္ဘက္ကို ေအာက္စိုက္ခ်ထားတယ္။ တစ္ဖက္ကေတာ့ ေန နားမွာ ျဖစ္ျပီးေတာ့ ေနာက္တစ္ဖက္ကေတာ့ လေန ရာမွာျဖစ္တယ္။
လံုး၀ ျငိမ္သက္သြားၾကတယ္။
ရီခၽြမ္းနဲ႕ စႏိုးတို႕ အသက္ရွဴဖို႕ေတာင္ ေမ့ေနၾကတယ္။ ဒါ အေရးၾကီးတဲ့ ေနရာေရာက္ျပီ ဆိုတာ  နားလည္လိုက္ၾကတယ္။ အေရွ႕ပိုင္းက လႈပ္ရွားမႈေတြက အဖို နဲ႕ အမဓာတ္ ( ေန နဲ႕ လ) ကို အာရံု ခံမိလာေအာင္ သင္ၾကားေပးတာပဲ။ နင္က ဒီ  ျမင့္ျမတ္လွတဲ့ ေကာင္းကင္ ခႏၶာကိုယ္ ႏွစ္ခုကို အာရံု ခံမိေနျပီးျပီ။
ဒီေနရာဟာ [Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္) ရဲ႕ အစမိတ္ဆက္ေနရာေပမဲ့ မေရမတြက္ႏိုင္တဲ့ သူေတြ မေလ့က်င့္ႏိုင္ေအာင္ တားျမစ္ႏိုင္ခဲ့တယ္။
ႏွစ္ေယာက္လံုးသိတာက [Crimsonbright Diagram of the Nine Heavens] (အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္) ဟာ အခက္ခဲဆံုး ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္ပဲ။ ျပီးေတာ့ သူတို႕ရဲ႕ ေလးႏွစ္ အရြယ္ သားငယ္ရဲ႕ ပထမအဆင့္ ေအာင္ျမင္ဖို႕ ရာခိုင္ႏႈန္းဟာ အရမ္းအရမ္းကို နည္းလြန္းလွတယ္။ ဒါေပမဲ့ မိဘတိုင္းက သားသမီးေတြကို ေအာင္ျမင္ ေစခ်င္ၾကတာပဲ။ သူတို႕ေတြဟာ ေပ်ာ္ရႊင္စရာ အံ့ၾသမႈေတြကို ေမွ်ာ္လင့္ေစာင့္စားေနၾကတယ္။ 

Chapter 7 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။

Unicode

အခန်း ၇.၁ း အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်



အကျည်းချုပ် စာအုပ်တွေ ထပ်ပြီး စားပွဲပေါ်တင်ထားတယ်။ ဂျိနင် စာအုပ်နာမည်တွေကို သေချာကြည့်လိုက်တယ်။

စာအုပ်နာမည်တွေက …

[Calamity Fiend] (ကပ်ဘေးမိစ္ဆာ သိုင်းကျမ်း) [Indestructible Blood Fiend] (အနှိုင်းမဲ့ သွေးမိစ္ဆာ သိုင်းကျမ်း)   [Song of the Inferno] (ချော်ရည်မီးမိစ္ဆာရဲ့ ဟစ်ကြွေးသံ သိုင်းကျမ်း) [Vajra Buddhist Sutras]( ဗုဒ္ဓ ရဲ့နတ်ဘုရားလက်နက် မိုးကြိုး ကျမ်း) [Freeform Soul] ( ဝိဉာဉ်လွင့်ကျမ်း) [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် )[Eternal Mysteries of the Yellow Earth] (မြေဝါရဲ့ ထာဝရ တည်တံ့ခြင်းကျမ်း) [Spirit Fox Sutra] (ဝိဉာဉ်မြေခွေး ကျမ်း)  [Sutra of the Future Buddha] (အနာဂတ် ဗုဒ္ဓရဲ့ ကျမ်း)…

…စာအုပ် အကုန်လုံးကို အလွန် ရှေးကျတဲ့ စာလုံးတွေနဲ့ ရေးထားတယ်။ တော်သေးတာက နင်က ဒီ ကမ္ဘာမှာ မွေးကတည်းက ဒီ စကားလုံးတွေနဲ့ ကြီးပြင်းလာတာဆိုတော့ သူနားလည်နေတယ်။ နင် အသက်၀၀ တစ်ချက် ရှူလိုက်တယ်။ ဒီဟာက သူ့အတွက် အလွန် အရေးကြီးတဲ့ အချိန်ပဲ။ သူ့ရဲ့ ကံကြမ္မာကို သတ်မှတ်ပေးမဲ့ ဆုံးဖြတ်ချက်ပဲ။

သူစာအုပ်တစ်အုပ်ကို ကောက်ဖတ်လိုက်တယ်။

[Calamity Fiend] (ကပ်ဘေးမိစ္ဆာ သိုင်းကျမ်း) ။ ဒီဟာကိုကျင့်ဖို့ဆို ကျင့်မဲ့သူရဲ့ ခန္ဓာကိုယ်ကို မှော် တက်တူးတွေ အပြည့် ထိုးထားရမယ်။ ပြီးတော့ ခန္ဓာကိုယ်ကို ငရဲမီးလျှံနဲ့ တစ်သားတည်းဖြစ်သည်အထိ ထားကျင့်ရမယ်။ ဒါ အရမ်းကို နာကျင်ရမှာပဲ။ ခန္ဓာကိုယ်ကို မှော် တက်တူး ၉မျိုးနဲ့ ဖုံးလွမ်းပြီးတဲ့ အခါ ငရဲ မီးလျှံထဲ ၈၁ ကြိမ် ဝင်ပြီး လေ့ကျင့်ရမယ်။ ဒါဆို ခန္ဓာကိုယ်ဟာ ဇင်တျန် သက်ရှိရဲ့ အဆင့်ကို ရောက်သွားပြီးတော့ ချက်ချင်းပဲ အလွန် ခွန်အား ကြီးမားလာမယ်၊ ငရဲမီးလျှံ မှုတ်ထုတ်လာနိူင်မယ်၊ ပျက်စီးသွားတဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမဆို ပြန်ပြီး ပေါက်လာမယ်။ ဒီကျင့်စဉ်ဟာ အလွန် ခက်ခဲပြီးတော့ အလွန်ကို တိုးတက်မှု မြန်ဆန်တဲ့ ကျင့်စဉ်ပဲ။ သီအိုရီအတိုင်းဆို ဇင်တျန် သက်ရှိဖြစ်ဖို့ ၈၁ ရက်ပဲ လိုတယ်။

[Indestructible Blood Fiend] (အနှိုင်းမဲ့ သွေးမိစ္ဆာ သိုင်းကျမ်း ။ဒီကျင့်စဉ်မှာ တွေ့ကြုံရမဲ့ နာကျင်မှုက ကပ်ဘေးမိစ္ဆာ ကျမ်းက နာကျင်မှုထက် ပိုလိမ့်မယ်။ ဒီကျင့်စဉ်မှာ မှော်တက်တူးအတွက် ၃နှစ် အချိန်ပေးဖို့လိုပြီးတော့ ငရဲဆန်တဲ့ နှိပ်စက်မှုမျိုးနဲ့ တူတဲ့ ကျင့်စဉ်ကို ၃ နှစ် ကျင့်ရမယ်။

[Song of the Inferno] (ချော်ရည်မီးမိစ္ဆာရဲ့ ဟစ်ကြွေးသံ သိုင်းကျမ်း) ။ဒီကျင့်စဉ်မှာတော့ အရင်ဆုံး တောက်လောင်နေတဲ့ ချော်ရည် တွေနားမှာ ကျင့်ရမယ်။ ပြီးရင် ချော်ရည်တွေထဲမှာ မြုပ်ပြီး ကျင့်ရမယ်။

နောက်ဆုံးမှာတော့ မီးတောင်က ချော်ရည်တွင်းထဲကို ဘယ်လို မှ နာကျင်မှုမရှိပဲ ဝင်သွားနိုင်လိမ့်မယ်။ ဒီကျင့်စဉ်က လူတစ်ယောက်ကို မီးနဲ့ တစ်သားတည်း ကျသွားစေတယ်။ တစ်စုံတစ်ယောက်ဟာ မီးရဲ့ အစွမ်းကို လိုသလို ထိန်းချုပ်နိုင်ပြီဆိုရင် သူ ဇင်တျန် သက်ရှိ အဆင့်ကိုေ ရာက်ပြီ။

ဒီ ၃ခုကို ဖတ်ပြီး နင် စိတ်ရှုပ်သွားတယ်။

“ဘာလို့ ဒီ ဖင်းဂေါ့ ကျင့်စဉ်တွေက အရမ်းကို နာကျင်စေနေရတာပါလိမ့်။ ဒါတွေဟာ နှိပ်စက်မှုတွေထက် ဆိုးရွားတယ်။”

စနိုးကပြောလိုက်တယ်။ “နင် အရူးကလေးပဲ။တစ်ချို့ ဖင်းဂေါ့ကျင့်စဉ်တွေပဲ နာကျင်မှုတွေ တွေ့ရတာပါ။ ဒီစာအုပ် ၁၉အုပ်မှာ ၅အုပ်ပဲ နာကျင်မှုတွေနဲ့ လေ့ကျင့်ရတာပါ။ တစ်ခြား စာအုပ်တွေက ဒီလောက် မဆိုးရွားပါဘူး။ နင်က အဲ့ဒီထဲက ၃အုပ်ကို ကောက်ဖတ်လိုက်တာကိုး။”

“အိုး….” ဂျိနင် စိတ်သက်သာရာ ရသွားတယ်။

ရီချွမ်က ပြောလိုက်တယ်။” ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ဟာ ကီ ကျင့်စဉ်ထက် ပိုပြီး ခက်ခဲတယ်။ သာမာန်လူ တစ်ယောက်ဟာ ဇင်တျန် သက်ရှိ ဖြစ်ဖို့ဆိုတာ သဘာဝတရားကြီးရဲ့ စည်းကမ်းတွေနဲ့ ဆန့်ကျင်နေတာပဲ။ ဒါကြောင့် ဖင်းဂေါ့ ကျင့်စဉ်ဟာ အရမ်းခက်ခဲတယ်။ ဒါကြောင့် ဒီလို အရမ်းရက်စက်ပြီး နာကျင်ရတဲ့ ကျင့်စဉ်တွေဟာ အရမ်းကို ခက်ခဲပြီး အရမ်းကို မြန်ဆန်တာကြောင့် လေ့ကျင့်သူမှာ အခြေခံ အုတ်မြစ်ကောင်းကောင်း မရှိနိုင်ဘူး။”

နင် ခေါင်းညိတ်လိုက်ပြီး ဆက်ဖတ်လိုက်တယ်။

[Vajra Buddhist Sutras]( ဗုဒ္ဓ ရဲ့နတ်ဘုရားလက်နက် မိုးကြိုး ကျမ်း) ။ ဒီကျမ်းကတော့ ဗုဒ္ဓ ဗာဂျရာနဲ့ ကျင့်စဉ်ပဲ။

 [Freeform Soul] ( ဝိဉာဉ်လွင့်ကျမ်း) ။ဒါကတော့ အချိန်အကြာကြီး ပေးဖို့လိုအပ်တယ်။ ဒါပေမဲ့ ဇင်တျန် အဆင့် ရောက်သွားရင်တော့ သူ့ခန္ဓာကိုယ်ကို ကြိုက်သလို အသွင်ပြောင်းနိုင်ပြီးတော့ အသက်ဓာတ်တွေနဲ့ ပြည့်ဝနေစေတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို အစိတ်အပိုင်း သေးသေးလေးတွေ ပိုင်းလိုက်ရင်တောင် ချက်ခြင်းကို ခန္ဓာကိုယ် ပြန်တည်ဆောက်နိုင်စေတယ်။ ဒီကျင့်စဉ်ဟာ ကိုယ့် အသက်ကို ကာကွယ်ဖို့ အကောင်းဆုံး ထိပ်တန်း ကျင့်စဉ်ပဲ။

[Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် ) ။ဒီကျင့်စဉ်ကတော့ ပြိုင်ဘက်မရှိတဲ့ နံပါတ် ၁ ဖင်းဂေါ့ ကျင့်စဉ်ပဲ။

“ဘယ်လို???….”

ဂျိနင် မျက်စိတွေ မှာ လိုချင်မှု အရောင်တွေ တောက်လာတယ်။ သူ ဒီ[Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် ) ကို သေချာ ဖတ်လိုက်တယ်။

(အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် ) မှာ အဓိက ၉ပိုင်းရှိတယ်။





(အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် ) မှာ အဓိက ၉ပိုင်းရှိတယ်။

ပထမ ၃ ပိုင်းကတော့ ဟိုတျန် အဆင့် အတွက် ဖြစ်တယ်။

အလယ် ၃ ပိုင်းကတော့ ဇင်တျန် အဆင့် အတွက် ဖြစ်တယ်။

နောက်ဆုံး ၃ ပိုင်းကတော့ ဇီဖူ အဆင့် အတွက် ဖြစ်တယ်။

“ဒီကျမ်းဟာ တော်တော် ထူးခြားတာပဲ။ တခြား ကျမ်းတွေဆိုရင် အထွဋ်အထိပ်ကို ရောက်သွားရင် ဇင်တျန် ထိပ်ဆုံး အဆင့် ကိုပဲ ရောက်အောင် လေ့ကျင်နိုင်တယ်။ ဒါပေမဲ့ ဒီ(အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် ) မှာ လေ့ကျင့်သူကို ဇီဖူ အဆင့် အထွဋ်အထိပ်ထိပ်ကို ရောက်အောင် ပို့ပေးနိုင်တယ်။” နင် သေချာစွာ ဖတ်ပြီးတော့ တီးတိုး ရေရွတ်လိုက်တယ်။

ဇင်တျန် အဆင့် ကို ရောက်သူ တစ်ယောက်ဟာ ရေ နဲ့ မီး စတဲ့ ဓာတ်တွေကို ထိန်းချုပ်နိုင်လာပြီးတော့ ခွန်အားအလွန် ကြီးမားလာတယ်။ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ အလွန် ပေါ့ပါးလာပြီးတော့ အာရုံ ၆ပါးလုံး စူးရှ လာတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အဖြတ်ခံရရင်တောင် ပြန် ပေါက်လာတယ်။

ဇီဖူ အဆင့်ကို ရောက်သွားသူ တစ်ယောက် အနေနဲ့ ကတော့ သွေးတစ်စက်ပဲ ရှိတော့ရင်တောင် သွေးစက်ကနေ ခန္ဓာကိုယ် ပြန် တည်ဆောက်လာနိုင်တယ်။ ဝမ်ရှင်း အဆင့်ကို ရောက်သွားသူတွေကတော့ အရမ်းကို ကြေက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းတွေ ထက်မြက်လာပြီးတော့ ခေါင်း၃လုံး လက်၆ဖက် အစွမ်းတွေ၊ နေကို စားလာနိုင်တဲ့ အစွမ်းတွေ၊ မီးတောက် နဂါး မျက်ဝန်း အစွမ်းတွေ ရှိလာနိုင်တယ်။ ဒါပေမဲ့ ဒီ အစွမ်းတွေက ဝမ်ရှင်း အဆင့် ရောက်မှ သူ့ကျမ်းနဲ့ သူ ဆက်ကျင့်မှ ရလာမဲ့ အစွမ်းတွေ ပါ။

“ဖင်းဂေါ့ ကျင့် စဉ် ကျင့်သူ ဝမ်ရှင်း သူတော်စင်တွေဟာ ကီကျင့်စဉ်ပဲ လေ့ကျင့် ထားသူ ဝမ် ရှင်း သူတော်စင်တွေကို သာသာယာယာ အနိုင်ယူနိုင်တယ်။”

“ဒါပေမဲ့ (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် ) ကတော့ တခြား ဖင်းဂေါ့ ကျင့်စဉ်ကျင့်ထားသူတွေ အကုန်လုံးကို အနိုင်ယူနိုင်တယ်။”

“ဒါက လူတိုင်းသိနေတဲ့ ဗဟုသုတပဲ။”

“ဒါပေမဲ့ လေ့ကျင့်ဖို့ အောင်မြင်ရာမှာ အလွန်ကို ပြောစရာ မလိုအောင် ခက်ခဲလွန်းလှတယ်။”

တခြား ကျင့်စဉ်စာအုပ်တွေ အကုန် လှန်လှော ဖတ်ရှု အပြီးမှာတော့ ဂျိနင် ဆုံးဖြတ်ချက် ချ လိုက်တယ်။ “ဒီ(အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် ) ဟာ ငါ့ရဲ့ ရွေးချယ်မှုပဲ။”

ရီချွမ်က သူ့ရဲ့ သားကိုကြည့်ပြီး” သားရွေးပြီးသွားပြီလား။”

“ဟုတ်ကဲ့”။ ဂျိနင် ခေါင်းညိတ်လိုက်တယ်။

ရီချွမ်က ဆက်ပြောလိုက်တယ်။

“(အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် ) ဒီဟာက တစ်ကမ္ဘာလုံးက အစွမ်းအထက်ဆုံးလို့ သတ်မှတ်ထားတဲ့ ဖင်းဂေါ့ကျင့်စဉ်ပဲ။ ဒီကျင့်စဉ်ဟာ [Song of the Inferno] (ချော်ရည်မီးမိစ္ဆာရဲ့ ဟစ်ကြွေးသံ သိုင်းကျမ်း[Vajra Buddhist Sutras]( ဗုဒ္ဓ ရဲ့နတ်ဘုရားလက်နက် မိုးကြိုး ကျမ်း) [Calamity Fiend] (ကပ်ဘေးမိစ္ဆာ သိုင်းကျမ်း)  တွေထက် အများကြီး ပိုနက်နဲတယ်။ ဒီဟာက ဇီဖူ အဆင့် အထိပဲ ပြောသေးတာ။ နောက်ပိုင်း အဆင့်တွေဟာ ပိုပြီး နက်နဲလာတယ်။ မင်းသာ ဇီဖူ အဆင့် ရောက်သွားရင် နောက်ထပ် ပိုမြင့်တဲ့ အဆင့်တွေကို ကျင့်ဖို့ က မခက်ခဲတော့ဘူး။”

“ဒီဖင်းဂေါ့ကျင့်စဉ်ဟာ အရမ်းကို လူသိများနေပြီးတော့ ကျမ်းတွေကို အလွယ်တကူ ရရှိ နိုင်တယ်။ ဒါပေမဲ့ ကျင့်ဖို့ အခက်ခဲဆုံးပဲ။”

ဂျိနင် ရယ်မောလိုက်တယ်။

“သူဒီမှာ ၂ နှစ်တောင် စာဖတ်ပြီး အချိန်ဖြုန်းခဲ့ ပြီးပြီ။ ဒါကြောင့် ဒီ ခန္ဓာကိုယ် သန့်စင် ကျင့်စဉ်တွေဟာ အရမ်းကို အရေးကြီးတာ သူသိတယ်။ ကျင့်စဉ်တွေဟာ အရမ်းနက်နဲ လာတာနဲ့ အမျှ လေ့ကျင့်ဖို့ အလွန် ခက်ခဲလာတယ်။ ပြီးတော့ အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် ဟာ အဆင့်မြင့်လာတဲ့ ကျမ်းတွေကို အလွယ်တကူ ရရှိ နိုင်တာကြောင့် သူ့အတွက် ဒီဟာရွေးချယ်ဖို့ အသင့်တော်ဆုံးပဲ။”

“ဒီကျင့်စဉ်ဟာ အစွမ်း အကြီးမားဆုံးပဲ။ ပြိုင်ဘက်ကင်းတယ်။”

“ဒီကျင့်စဉ်ဟာ အကုန်လုံးမှာ ပျံ့နှံ့နေပြီးပြီ။”

“ဒါကြောင့် ဒီကျင့်စဉ်ကို အလွယ်ဆုံး နည်းလမ်းနဲ့ ရယူနိုင်လိမ့်မယ်။”

ရီချွမ်က ပြောလိုက်တယ်။

“ဒီကျင့်စဉ်မှာ ကောင်းတာတွေ အများကြီးပဲ။ ဒါပေမဲ့ အလွန် ခက်ခဲတယ်။ ဂျိကလန်ရဲ့ အဓိက အကိုင်းကြီး ၅ ကိုင်းမှာ ဒီ ကျမ်းကို အဆင့်လေးဆင့် အထိ အောင်မြင်လို့ ဇင်တျန် ဖြစ်သွားတာ တစ်ယောက်မှ ရှိသေးဘူး။”

“ဘယ်လို။ ဂျိကလန်ရဲ့ အဓိက အကိုင်းကြီး ၅ ကိုင်းမှာ ဒီ ကျမ်းကို အဆင့်လေးဆင့် အထိ အောင်မြင်လို့ ဇင်တျန် ဖြစ်သွားတာ တစ်ယောက်မှ ရှိသေးဘူး? သူတို့ ဇီဖူ အဆင့်အထိ မဖြစ်သေးဘူးပြောရင် ပိုကောင်းလိမ့်မှာ။ “ဂျိနင် တစ်ယောက် အရမ်းကို အံ့သြသွားတယ်။

“အခုတော့ တစ်ယောက်မှ ဒီကျင့်စဉ်နဲ့ ဇင်တျန်တောင် မဖြစ်ကြသေးဘူး။”

:’(

ရီချွမ်ဆက်ပြောလိုက်တယ်။

“ဟုတ်တယ်။ တစ်ယောက်မှကို မရှိသေးတာ။ ဘာလို့လည်းဆိုတော့ အရမ်းကို ခက်လွန်းလို့။ နင် စိတ်ကူးထားတာထက်ကို ပိုပြီး ခက်တယ်။ ဒါပေမဲ့ ငါပြောရဲတာက ဒါဟာ အရမ်းကို ဆန်းကြယ်ပြီး အစွမ်းထက်လွန်းတဲ့ ဖင်းဂေါ့ ကျင့်စဉ်လို့ ပြောရဲတယ်။ ဒဏ္ဍာရီထဲမှာတောင် ဒါကို အစွမ်း အထက်ဆုံးလို့ ပြောကြတယ်။”

“ဒါဆို ဒီကျင့်စဉ်ဟာ ကျွန်တော့ရဲ့ ရွေးချယ်မှုပဲ။ “ ဂျိနင် တုံ့ဆိုင်းမနေတာ့ဘူး။

“သူဟာ ဒီ ကမ္ဘာမှာ နုဝါရဲ့ ပန်းချီကား ထိပ်ဆုံး အဆင့်ရောက်နေတဲ့ ပုံရိပ်ဖော် တရားကျင့်စဉ်နဲ့ မွေးဖွားလာတာ။ နတ်စည်သူကြီး အနေနဲ့တောင် မားမားမတ်မတ် နတ်ပြည်မှာ ရပ်တည်နိုင်စေတဲ့ ကျင့်စဉ်။ ဒီလောက် သူ့မှာ အခြေခံ ကောင်းနေတာ သူဘာလို့ ဖင်းဂေါ့ကျင့်စဉ်ကို မစမ်းကြည့်ရဲရမှာလည်း။ သူ မအောင်မြင်ရင်တောင်မှ ပြသနာ မဟုတ်ဘူး။ တစ်ခြားကျင့်စဉ်တစ်ခု ပြောင်းကျင့်ရုံပဲ။”

“ကောင်းပြီ။”

ရီချွမ် ရှားရှားပါးပါးပြုံးလိုက်တယ်။ သူ့သား ဆုံဖြတ်မှုအတွက် သူအရမ်းဝမ်းသာနေတာ။

” ကဲဒါဆိုငါ မင်းအတွက် အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် ကို သွားယူလိုက်ဦးမယ်။”

ဂျိနင် မျှော်လင့်နေတဲ့ “မျက်လုံးတွေနဲ့ ကျေးဇူးပါပဲ အဖေ” လို့ ပြောလိုက်တယ်။

………



မှောင်မိုက်နေသော ညအချိန်

တံခါးပိတ်ထားတဲ့ ခန်းမထဲမှာ လက်မောင်းလုံးလောက် ဖယောင်းတိုင်ကြီးက မီးတောက် က တဖျပ်ဖျပ်နဲ့ ကခုန်နေတယ်။ အခန်းထဲ မှာတော့ လူ ၃ယောက်ပဲ ရှိတယ်။ ရီချွမ်၊ စနိုး နဲ့ သူတို့သားငယ် ဂျိနင်တို့ ဖြစ်ကြတယ်။

ဂျိနင်က အလွန်ထူထဲပြီးတော့ တောက်ပတဲ့ အနီရောင် စာလုံးကြီးတွေနဲ့ ပြည့်နက်နေတဲ့ စာအုပ်ကြီးကို သေချာ ဖတ်ရှုနေတယ်။ ဒီစာအုပ်ကတော့ ဒဏ္ဍာရီထဲက [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) ဖြစ်တယ်။

တစ်ကယ်ကို ခက်တာပဲ။ ဂျိနင် မျက်မှောင်ကျုတ်ပြီး ရေရွတ်လိုက်တယ်။

[Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) မှာ အခက်အခဲတွေ အများကြီး ရှိနေတယ်။

ပထမ နိဒါန်းမှာ ပြောထားတာကတော့ စတင် လေ့ကျင့်သူ တစ်ဦးဟာ ကောင်းကင်မှာရှိတဲ့ အဖိုဓာတ် (great yang) နေမင်း နဲ့ အမဓာတ် (great yin) လမင်း တို့ကို အာရုံခံစားနိုင်ရမယ်။ တခြား ဖင်းဂေါ့ကျင့်စဉ်တွေဟာ မီး၊ရေ၊ လျှပ်စစ် စတဲ့ စွမ်းအင်တွေကို စုပ်ယူဖို့ပဲ လိုအပ်တယ်။ ဒါပေမဲ့ [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) ကတော့ ကောင်းကင် ခန္ဓာကိုယ်တွေ ဖြစ်တဲ့ နေ နဲ့ လ ကို စလေ့ကျင့်ခြင်းမှပဲ သူတို့ စွမ်းအင်တွေကို စုပ်ယူနိုင်ရမယ်။

လေ့ကျင့်သူတော်တော် များများဟာ နေ နဲ့ လရဲ့ စွမ်းအင်တွေကို အာရုံခံစားလို့ မရကြဘူး။ ဒါကတော့ ပထမ အဆင့်ပါပဲ။

နောက် တစ်ဆင့်မှာတော့ နေနဲ့ လရဲ့ စွမ်းအင်တွေကို စုပ်ယူပြီးတဲ့ အခါမှာ ခန္ဓာကိုယ်ကို နတ်ဘုရား တက်တူးတွေက လွှမ်းခြုံသွားတယ်။ after divine sun tattoo and divine moon tattoo မြင့်မြတ်သော နေ နဲ့ လရဲ့ တက်တူးတွေ ဖြစ်ပေါ်မှု ပြီးဆုံးသွားရင်တော့ ပထမအဆင့် အောင်မြင်သွားပြီ ပြောလို့ ရပြီ။ ဒီၤ တစ်ဆင့်တည်းမှာတင် ဒီကျင့်စဉ် ဘယ်လောက် လေးနက်တယ် ဆိုတာ ခန့်မှန်းလို့ ရတယ်။ ဘာလို့လည်းဆိုတော့ တခြားကျင့်စဉ်တွေမှာ မှော်တက်တူးတွေကို ကိုယ့်ဘာသာကိုယ် ထိုးရတာဖြစ်နေလို့ပဲ။

ဒါပေမဲ့ ဒဏ္ဍာရီထဲက [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) ကတော့ ဒီ မှော်တက်တူးတွေဟာ နေ နဲ့ လ ကနေ သဘာဝအတိုင်း ခန္ဓာကိုယ်မှာ ပေါ်လာတာကြောင့်ပဲ။

 ပထမ အဆင့်ကို အောင်မြင်သွားရင်တော့ တတိယအဆင့်ကို အေးအေးဆေးဆေး ရောက်သွားနိုင်တယ်။

ဒါပေမဲ့ ဇင်တျန် သက်ရှိ အဆင့်ဖြစ်ဖို့ အဆင့် လေး ကျင့်စဉ် ရောက်တဲ့ အခါ မှာ အောင်မြင်ဖို့ ပိုခက်သွားပြီ။

ဒီ အဆင့်မှာ  အဖိုနဲ့ အမ ပေါင်းစပ်ရမယ်။ မီး နဲ့ ရေဟာ တစ်သားတည်း ဖြစ်သွားရမယ်။ ဒါဆိုရင် ဇင်တျန် သက်ရှိဖြစ်ပြီ။

နောက်ပိုင်း အဆင့်တွေကတော့ ပြောဖို့ အများကြီး ဝေးပါသေးတယ်။

ဝှူး သူ သက်ပြင်းရှည်ကြီး ချမိတယ်။

သူ့ အဖေကို ကြည့်ပြီး

အဖေရေ၊[Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) ပထမ အဆင့်က လျှို့ဝှက်ချက်တွေနဲ့ ပါတ်သက်ပြီး အဖေ နည်းနည်း ရှင်းပြပေးပါလား။

 [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) ကို နားလည်ဖို့ကတော့ လွယ်ပါတယ်။ သားလုပ်ရမှာက ပုံထဲက အညွှန်းအတိုင်း လေ့ကျင့်ရုံပဲ။ ပထမအဆင့်မှာ ပုံ ၉ပုံ ရှိတယ်လေ။ လွယ်ပါတယ်။

ရီချွမ်က ပြောလိုက်တယ်။

နင် ခေါင်းညိတ်လိုက်တယ်။ သူ ဒီကမ္ဘာမှာ စာအုပ်တွေ အများကြီး ဖတ်ဖူးတာပဲ။ သူသေချာ လှန်လှော ဖတ်ကြည့်ပြီးတော့ ကျင့်စဉ်ဟာ ဘယ်လို မျိုးလည်းဆိုတာ နားလည်သွားတယ်။ ဒါပေမဲ့ သူ နက်နဲတဲ့ နေရာတစ်ချို့ မမြင်ပဲ ကျော်သွားမှာကို စိုးရိမ်နေမိတာ။ ဒီကျင့်စဉ်တွေကို သူလောလော လောလော နဲ့ မကျင့်ခြင်ဘူး။ သူ့အဖေက အညွှန်း အတိုင်းသာ ကျင့်ဖို့လိုတယ်လို့ အတည်ပြု ပြောလိုက်တော့ သူစတင်ဖို့ အချိန်တန်ခဲ့ပြီ။

နင် မျက်စိကို မှိတ်လိုုက်တယ်။ လက်သီးကို ဆုပ်ပြီး မြှောက်လိုက်တယ်။ နောက် ဦး ညွတ်လိုက်တယ်။ ဒါ ကတော့ နေ နဲ့ လကို အရိုအသေပေးတဲ့ ပထမဦးဆုံး အကွက်ပဲ။ သူ စာအုပ်ထဲက ရုပ်ပုံတွေအတိုင်း တစ်ကွက်ပြီး တစ်ကွက် ကစားလာခဲ့တယ်။ သူ့ကြည့်ရတာ ထူးထူးခြားခြား ကခုန်ပြီးတော့ ပူဇော်ပသနေတဲ့ ပုံမျိုးနဲ့တောင် တူတယ်။ သူခန္ဓာကိုယ်ကနေ ရှေးကျပြီး ထူးခြားတဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာတယ်။

အင်း.. သူပထမဦးဆုံး လှုပ်ရှားမှုတွေဟာ အရမ်းကို တိကျပြီးတော့ သေသပ်လှတယ်။ ရီချွမ်ကော စနိုးပါ အံ့အားသင့် နေကြတယ်။ လူတော်တောများများ က လေ့ကျင့်ကြတဲ့ အခါမှာ ကောင်းကောင်းမွန်မွန် လုပ်နိုင်တယ် ထင်ပေမဲ့ သူတို့ စိတ်ထဲ ထင်သလို မတိကျကြပဲ လွှဲချော်မှုတွေ ရှိကြတာများတယ်။ နင်ကတော့ နုဝါရဲ့ ပန်းချီကားကို မွေးကတည်းက ကျင့်လာတာဆိုတော့ သူ့ စိတ်ဟာ အရမ်းကို အစွမ်းထက်လာပြီးတော့ ခန္ဓာကိုယ်ကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်လာတယ်။ သူ ကိုယ်စူ သဘာ၀ စွမ်းအင်တွေ နဲ့ အမြဲတမ်း သန့်စင်မှုတွေ လုပ်နေတော့ သူက စိတ်ဟာ အခုတော့ မွေးစကလေးငယ် အတိုင် အရမ်းကို စင်ကြယ်နေပြီ ဖြစ်တယ်။ ဒါကြောင့် သူ တိတိကျကျ လှုပ်ရှားနိုင်တာဖြစ်တယ်။

ဟား…

နင်ရဲ့ နောက်ဆုံ လှုပ်ရှားမှုကတော့ ဒူးထောက်ထိုင်ချလိုက်တာပဲ။ သူလက်နှစ်ဘက်ကို အောက်စိုက်ချထားတယ်။ တစ်ဖက်ကတော့ နေ နားမှာ ဖြစ်ပြီးတော့ နောက်တစ်ဖက်ကတော့ လနေ ရာမှာဖြစ်တယ်။

လုံး၀ ငြိမ်သက်သွားကြတယ်။

ရီချွမ်းနဲ့ စနိုးတို့ အသက်ရှူဖို့တောင် မေ့နေကြတယ်။ ဒါ အရေးကြီးတဲ့ နေရာရောက်ပြီ ဆိုတာ  နားလည်လိုက်ကြတယ်။ အရှေ့ပိုင်းက လှုပ်ရှားမှုတွေက အဖို နဲ့ အမဓာတ် ( နေ နဲ့ လ) ကို အာရုံ ခံမိလာအောင် သင်ကြားပေးတာပဲ။ နင်က ဒီ  မြင့်မြတ်လှတဲ့ ကောင်းကင် ခန္ဓာကိုယ် နှစ်ခုကို အာရုံ ခံမိနေပြီးပြီ။

ဒီနေရာဟာ [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) ရဲ့ အစမိတ်ဆက်နေရာပေမဲ့ မရေမတွက်နိုင်တဲ့ သူတွေ မလေ့ကျင့်နိုင်အောင် တားမြစ်နိုင်ခဲ့တယ်။

နှစ်ယောက်လုံးသိတာက [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) ဟာ အခက်ခဲဆုံး ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ပဲ။ ပြီးတော့ သူတို့ရဲ့ လေးနှစ် အရွယ် သားငယ်ရဲ့ ပထမအဆင့် အောင်မြင်ဖို့ ရာခိုင်နှုန်းဟာ အရမ်းအရမ်းကို နည်းလွန်းလှတယ်။ ဒါပေမဲ့ မိဘတိုင်းက သားသမီးတွေကို အောင်မြင် စေချင်ကြတာပဲ။ သူတို့တွေဟာ ပျော်ရွှင်စရာ အံ့သြမှုတွေကို မျှော်လင့်စောင့်စားနေကြတယ်။



Chapter 7 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

မူရင်း စာရေးဆရာ : I Eat tomatoes

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။









Comments

  1. Slots Casinos 2021: Top 10 Games at The UK Casino
    Slots is 안전공원 one of 스포츠 토토 중계 넷마블 the 토토 놀이터 넷마블 most popular 프로토 승부 식 slots games in the UK and a great addition 토토 분석 to the UK casino scene. In this article, we take a look at the best casino

    ReplyDelete

Post a Comment

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)