ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 16 (ေလာကကို လႈပ္ခါေစျခင္း)
အခန္း ၁၆ (ေလာကကို လႈပ္ခါေစျခင္း)
နင္ ဓားသိုင္း ၂ခုကို
ရျပီးတဲ့ အခါမွာ သူစတင္ျပီးေတာ့ ေလ့က်င့္ပါေတာ့တယ္။ အခုဆိုရင္ သူဟာ မိုးေရစက္
ဓားသိုင္းနဲ႕ မိုးၾကိဳး မီးေတာက္ ဓားသိုင္းက အစြမ္းေတြကို ထုတ္သံုးလာႏိုင္တဲ့အတြက္
သူဟာ အစြမ္းပိုထက္လာပါျပီ။ ဒါေပမဲ့ သူ႕အေဖ ကိုယ္တိုင္ မိုးေရစက္ ဓားသိုင္း
အႏွစ္ခ်ဳပ္ကို ရွင္းျပေပးေပမဲ့ အပိုင္းအနည္းငယ္ပဲ ေအာင္ျမင္ပါေသးတယ္။
မိုးၾကိဳးမီးေတာက္
ဓားသိုင္းက မိုးၾကိဳးလွ်ပ္စီး အကြက္ဟာ လူသတ္ကြက္ တစ္ခုပါပဲ။ သူ႔အကြက္မွာ
အႏွစ္ခ်ဳပ္ အတြက္ စာ တစ္လံုးတည္းနဲ႕ ရွင္းျပႏိုင္တယ္။ လ်င္ျမန္မႈ။
မိုးၾကိဳး လုိ
ျမန္ဆန္ရမယ္။ မီးေတာက္လို ေရြ႕လ်ားႏိုင္ရမယ္။
စႏိုးကေျပာလိုက္တယ္။
“နင္ရဲ့ ဓားသိုင္း နဲ႕
ေျခသိုင္းဟာ အံ့မခန္းတိုးတက္လာတာပဲ။ လစားေခြးဟာ အရိပ္လိုမ်ိဳး အလြန္ ျမန္ဆန္တယ္။
နင္ထက္ေတာင္ ျမန္တယ္ေျပာလို႕ရတယ္။ နင္ကေတာ့ အရိပ္မဲ့ ေျခသိုင္းကို သံုးျပီး
ဦးတည္ခ်က္မ်ိဳးစံုကို ေျပာင္းလဲႏိုင္ေနတယ္။ ဒီတိုက္ပြဲဟာ နင္ရဲ့
ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနျပီပဲ။ သူ႕ဓားသိုင္းဟာ
အဆင့္ျမင့္ အဆင့္ကို ေရာက္သြားတဲ့ အတြက္ သူ႕လႈပ္ရွားမႈကို ၾကိဳက္သလို
ေျပာင္းလဲႏို္င္ေနျပီ။ ဒီ မြန္းစတားေခြးနဲ႕ တိုက္ခိုက္တဲ့အခါမွာဆိုရင္ နင္ရဲ့
ခုခံမႈဟာ ေရပက္မ၀င္ဘူးလို႕ ေျပာလို႕ရတယ္။”
ရီခၽြမ္
ေခါင္းညိတ္လိုက္တယ္။
“ဖင္းေဂါ့ က်င့္စဥ္နဲ႕
ေပါင္းလိုက္ရင္ နင္ရဲ့ အဓိက အစြမ္းဟာ ခံစစ္မွာ အားသာတယ္။ သူ ဟာ အနည္းငယ္
ေႏွးေကြးေနေသးတယ္။ ဒါေပမဲ့ သူတိုက္ခိုက္ေနတာက နတ္ဘုရားေသြးပါတဲ့ မြန္းစတားေလ။
ဒီလိုမြန္းစတားေတြရဲ့ အသက္ဓာတ္ဟာ အရမ္းကို သန္စြမ္းတယ္။ ခုနကလို ဒဏ္ရာဟာ သူ႕အတြက္
အေပၚရံ အေရျပား ဒဏ္ရာေလာက္ပဲ ရွိေသးတယ္။ သူအစြမ္းကုန္ ထုတ္သံုးျပီး
တိုက္ခိုက္ေတာ့မယ္။ နင္ဟာ ဒီလုိ တိုက္ခိုက္မႈမ်ိဳးကို အေတြ႕ အၾကံဳ မရွိေသးဘူး။
ဒါေၾကာင့္ တိုက္ပြဲ အေျဖကို အခု မွန္းဆလို႕ မရႏိုင္ေသးဘူး။”
…..
တိုက္ပြဲ
ကြင္းျပင္ထဲမွာ..
နင္ဟာ အရာရာ သူ႕
ထိန္းခ်ဳပ္မႈေအာက္ ေရာက္ေနျပီဆိုတာ နားလည္လိုက္တယ္။ သူဟာ တျဖည္းျဖည္း
လစားေခြးၾကီးဆီကို တိုးသြားတယ္။
“အူ…၀ူး…”
ဒီလူသားငယ္ဆီကေန
ေသျခင္း အေငြ႕အသက္ေတြကို ခံစားမိလိုက္လို႕ လစားေခြးၾကီး တစ္ခ်က္အူ ျပီး
မာန္ဖီလိုက္တယ္။ သူ႕အေမြးေတြအကုန္လံုး ေထာင္မတ္လာတယ္။ မ်က္လံုးေတြကေန အေရာင္ေတြ
ထြက္လာတယ္။ ဒီလိုျဖစ္သြားတဲ့ အေျခအေနအရ လစားေခြးၾကီးဟာ သားရဲ စိတ္ေတြ ႏိုးထလာတဲ့
အဆင့္ကို ေရာက္သြားျပီလို႕ ေျပာလို႕ရတယ္။
သူ႕ဆီကေန ေၾကာက္မက္မက္
ေကာင္းတဲ့ အေငြ႕အသက္ေတြ ထြက္လာလို႕ နင္ေျခလွမ္း တစ္ခ်က္ရပ္လိုက္တယ္။
“လူသတ္ေငြ႕?”
“ေ၀ါင္း…”
ေခြးၾကီးဟာ
တစ္ရွိန္ထိုး နင္ဆီကို ေျပး၀င္လာတယ္။ ေျမၾကီးပါ တုန္ခါလာတယ္။
နင္ကေတာ့
ေလေျပညင္းေလးလို သာသာယာယာ ေရွာင္လိုက္တယ္။ ရိုးရွင္းတဲ့ ေျခလွမ္းေတြနဲ႕ သူ႕
ဦးတည္ခ်က္ကို ေျပာင္းလိုက္တယ္။ တစ္ခ်ိန္တည္းမွာပဲ သူ႕ ဓားေရာင္ လက္သြားတယ္။
“ခၽြင္…”
လစားေခြးၾကီးရဲ့
ရင္ဘတ္မွာ ေသြးေတြ ျဖာက်လာျပီး ေနာက္ထပ္ ဒဏ္ရာတစ္ခု ေပၚလာတယ္။ ဒါေပမဲ့
ဒီတစ္ခါမွာေတာ့ ေခြးၾကီးက ဒဏ္ရာကို ဂရုမစိုက္ေတာ့ပဲ လက္သည္းေတြနဲ႕ ဆက္ျပီး
တိုက္ခိုက္လာတယ္။
နင္ ေနာက္ကို ခုန္ေရွာင္လိုက္ျပီးေတာ့
တစ္ဆက္တည္း သူ႕ဓားနဲ႕ ကာကြယ္လိုက္တယ္။
“ခၽြင္..”
ေခြးၾကီးရဲ့
လက္သည္းရွည္ၾကီးေတြက ဓားေပၚကို က်လာျပီးေတာ့ တစ္ဆက္တည္း ခ်ိတ္ေကာက္လို ဓားကို
ဆြဲယူလိုက္တယ္။ ဒါေပမဲ့ နင္ရဲ့ ဖင္းေဂါ့ က်င့္စဥ္ အစြမ္းနဲ႕ ကိုင္ထားတဲ့ဓားကို
လြယ္လြယ္နဲ႕ ဘယ္လုလို႕ ရမွာလည္း။ ဒီလုိ နွစ္ၾကိမ္ဆက္တိုက္ တိုက္ခိုက္ျပီးလို႕
ေခြးၾကီး ေနာက္တစ္ခ်က္ေလာက္ဆုတ္သြားရင္ မဆိုးပါဘူး။ ဒါေပမဲ့ ေခြးၾကီးက
ေနာက္မဆုတ္ပဲ သူ႕လက္သည္းရွည္ေတြနဲ႕ တတိယ အၾကိမ္ ဆက္ျပီးေတာ့ တိုက္ခိုက္လာတယ္။
“ခၽြမ္…”
ေခြးၾကီးရဲ့
ဘယ္ဘက္လက္ဟာ ေသြးေတြနဲ႕ အနီေရာင္ေျပာင္းသြားျပီးေတာ့ အရိုးက်ိဳးသံ သဲ့သဲ့
ၾကားလိုက္ရတယ္။
“ဟိုင္း…
ေ၀ါင္း..”
တျခား လက္ တစ္ဖက္က
နင္ရဲ့ ရင္ဘတ္ထဲကို ၀င္လာတယ္။ ဒီအကြာအေ၀းက အရမ္းကို နီးကပ္ေနလို႕ နင္ ကာကြယ္ဖို႕
မျဖစ္ႏိုင္ေတာ့ဘူး။ သူအသက္ကို ျပင္းျပင္းတစ္ခ်က္ရႈလိုက္ျပီး ရင္ဘတ္ကို ၃
စင္တီမီတာေလာက္ ေနာက္ကို ရႈံ႕လိုက္လိုက္တယ္။
“ရႊစ္..ရႊစ္..”
နင္ရဲ့ ရင္ဘတ္က
သားေမြးအက်ီ ၤေတြ စုတ္ျပဲသြားျပီး ေသြးေတြျဖာက်လာတယ္။ သူလည္း အေနာက္ကို
လြင့္သြားျပီး ေျမၾကီးေပၚက်သြားတယ္။ သူက်သြားတဲ့ ေျမျပင္မွာေတာ့ အက္ကြဲေၾကာင္းေတြ
ေပၚလာျပီး ခ်ိဳင့္ၾကီးျဖစ္သြားတယ္။
“၀ုန္း..”
နင္ ျမန္ျမန္ ခုန္ထျပီး
ေနာက္ဆက္ခုန္လိုက္တယ္။
နင္ ေခြးၾကီးကို
မမွိတ္မသုန္ စိုက္ၾကည့္လိုက္တယ္။
လစားေခြးၾကီးဟာ
သူ႕လက္နဲ႕ ဓားနဲ႕ ထိပ္တိုက္ေတြ႔ျပီးတိုက္ခိုက္ခဲ့တယ္။ ဒီေကာင္ၾကီးက သူ႕ကိုယ္သူ
ဒဏ္ရာ ရမွာကို မေၾကာက္ေတာ့ဘူး။ ဒါေၾကာင့္ အခု သူ႕ ဘယ္ဘက္လက္ဟာ သံုးလို႕မရေတာ့ဘူး။
သူ႕ ျမန္ဆန္မႈဟာ ေလ်ာ့က်သြားျပီ။ ဒါေပမဲ့ သူ႕လက္သည္းတို္က္ခိုက္မႈဟာ နင္ ရင္ဘတ္က
သားေမြးေတြကို စုတ္ျပဲေစျပီးေတာ့ နင္ကို ဒဏ္ရာရေစခဲ့တယ္။ နင္ရဲ့
သားေမြး၀တ္စံုဟာေတြဟာ ဇင္တ်န္သက္ရွိအဆင့္ မြန္းစတားရဲ့ သားေမြးေတြနဲ႕
ခ်ဳပ္ထားတာျဖစ္တယ္။ မြန္းစတားရဲ့ ကိုယ္ေပၚက အစြမ္းေတြ ၀တ္စံုမွာ မေပါင္းထားေပမဲ့
ဒီဇင္တ်န္ အဆင့္ သားေမြးဟာ သာမာန္ ဟိုတ်န္အဆင့္ သတၱ၀ါက ဖ်က္ဆီးလို႕ မရဘူး။
ဒါေပမဲ့
ဒီလစားေခြးၾကီးရဲ့ အားကုန္ထည့္ထားတဲ့ တိုက္ခိုက္မႈေအာက္မွာ ဒီသားေမြးေတြဟာ
စုတ္ျပဲသြားတယ္။
နင္ဟာ သူ႕ကိုယ္သူ
ကာကြယ္ဖို႕အတြက္ ေရႊၾကယ္ ၀တ္စံု ရွိေသးတယ္။ နင္ဟာ ဒီေရႊၾကယ္၀တ္စံုကို
သူ႕ခႏၶာကုိယ္က အေရးၾကီးတဲ့ ေနရာေတြ ကာကြယ္ဖို႕ ၀တ္စံုဧရိယာကို လိုသလို ေရြ႕လ်ားထားလိုက္တယ္။
“ဒီလို
အသက္လုတိုက္ပြဲေတြဟာ သာမာန္ အားစမ္းတိုက္ပြဲေတြနဲ႕ မတူဘူးပဲကိုး။ အားစမ္းတဲ့
တိုက္ပြဲမွာ ဘယ္သူမွ ကိုယ့္ကိုကုိယ္ အေသခံ မတိုက္ခိုက္ဘူး. အသက္လုတိုက္ပြဲမွာေတာ့
သူတို႕ ရည္မွန္းခ်က္က တစ္ခုပဲရွိတယ္။ ျပိဳင္ဘက္ကို အေသသတ္ဖို႕။ ဒီလိုအခ်ိန္မွာ
ေပးလိုက္ရတဲ့ တန္ဖိုးဟာ ကိုယ့္အသက္ေလာက္ အေရးမၾကီးဘူး။”
“ငါ ေနာက္ဆို ပိုျပီး
သတိထားမွ ျဖစ္မယ္။”
နင္ ဟာ အခု အေတြ႕အၾကံဳ
ရွိသြားျပီ ျဖစ္တယ္။ သူ႕ ရင္ဘတ္က ဒဏ္ရာဟာ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားတယ္။
သိပ္မၾကာခင္ပဲ ေသြးတိတ္သြားျပီးေတာ့ ဒဏ္ရာလံုး၀ မရွိေတာ့ဘူး။ သာမာန္
အသားအေရအတိုင္း ျပန္ျဖစ္သြားျပီ။
ဒီဟာက ဖင္းေဂါ့
က်င့္စဥ္ေၾကာင့္ ရလာတဲ့ အစြမ္းထက္တဲ့ ျပန္ေကာင္းနိုင္စြမ္းပဲျဖစ္တယ္။
သာမာန္ ဖင္းေဂါ့
က်င့္စဥ္ေတြဟာ ဇင္တ်န္အဆင့္ေရာက္မွ ပ်က္ဆီးသြားတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို
ျပန္ေကာင္းလာႏိုင္ေစတယ္။ ဒါေပမဲ့ နင္က နံပါတ္ ၁ ဖင္းေဂါ့ က်င့္စဥ္ကို
က်င့္ထားတဲ့အတြက္ သူ႕ ျပန္ေကာင္းႏိုင္စြမ္းဟာ ဟုိတ်န္ အဆင့္မွာတည္းက
အံ့မခန္းျဖစ္ေနျပီ။
“ေကာင္းတယ္။”
“ဒီေကာင္က ငါ့ဓားကိုေတာင္
ရေအာင္ ဆြဲလုသြားႏိုင္တယ္။”
“ေ၀ါင္း..”
နင္ရဲ့ ဓားဟာ
ေခြးၾကီးရဲ့ ဘယ္ဘက္လက္မွာ စိုက္၀င္ေနတယ္။ နင္ကို ေသြးဆာေနတဲ့ မ်က္လံုးေတြနဲ႕
စိုက္ၾကည့္ေနတယ္။ ဒီလူငယ္ရဲ့ ဒဏ္ရာျပန္ေကာင္းႏိုင္စြမ္းဟာ
နတ္ဘုရားေသြးမ်ိဳးဆက္ျဖစ္တဲ့ သူ႕ အစြမ္းထက္ပိုျပီး အစြမ္းထက္မွန္း လစားေခြးၾကီး
သေဘာေပါက္သြားတယ္။
နင္ လက္ကို တစ္ခ်က္
ထပ္ေ၀ွ႕ယမ္းလိုက္ေတာ့ ဓားေနာက္တစ္ေခ်ာင္း သူ႕လက္ထဲ ေပၚလာတယ္။
“လာျပီ..”
နင္ ဟာ အရိပ္လို
ေျပာင္းလဲသြားျပီး ေခြးၾကီးဆီကို
ခုန္၀င္တိုက္ခိုက္လိုက္တယ္။
“ေ၀ါင္း..”
ေခြးၾကီးလည္း
တစ္ရွိန္ထိုး ေျပး၀င္တိုက္ခိုက္လိုက္တယ္။
…..
ဒီ ႏွစ္ဦးဟာ ဆက္တိုက္
ဦးတည္ျပီးေတာ့ တိုက္ခိုက္ၾကတယ္။ တိုက္ခိုက္မႈ ဖလွယ္တိုင္း ဖလွယ္တိုင္းမွာ
တစ္ေယာက္အသက္ တစ္ေယာက္ ႏႈတ္ယူႏိုင္ေလာက္ေအာင္ ၾကီဳးစားခဲ့ၾကတယ္။ နင္ဟာ
အရမ္းေၾကာက္မက္ဖို႕ ေကာင္းတဲ့ ခြန္အားနဲ႕ ျပန္ေကာင္းႏိုင္စြမ္းကို
ပိုင္ဆိုင္ျပီးေတာ့ အရမ္းအစြမ္းထက္တဲ့ ဓားသုိင္းလည္းတတ္ေျမာက္ထားတယ္။
လစားေခြးၾကီးကေတာ့ အစြယ္၊ လက္သည္း၊ အျမီး တစ္ကုိယ္လံုးကို လက္နက္လို
အသံုးျပဳႏိုင္တယ္။ ျပီးေတာ့ သူ႕ ခႏၶာကုိယ္ဟာ အလြန္ ၾကီးမားတဲ့အတြက္ ဓားဒဏ္ရာေတြဟာ
ျပန္ေကာင္းသြားျပီး ဒုကၡမေပးႏိုင္ဘူး။
“ေအာ္.. သူက ေရႊၾကယ္
၀တ္စံုကို အေရးၾကီး အစိတ္အပိုင္းေတြ ကာကြယ္ဖို႕ပဲ အသံုးျပဳတာေပါ့။”
ရီခၽြမ္ မ်က္ႏွာ
ျပံဳးေရာင္သန္းလာတယ္။
“နင္ တစ္ကယ္ကို
ၾကိဳးစားေနတာပဲ။”
စႏိုးကေတာ့ အရမ္းကို
စိတ္လႈပ္ရွားေနတယ္။
သူ႕သားက ေသြးေတြ ေပက်ံ
ေနတာ ဘယ္ မိခင္က စိတ္မပူပဲ ေနမလည္း။
“စိတ္မပူပါနဲ႕ ။ နင္က
ေရႊၾကယ္ ၀တ္စံုကို အေရးၾကီး အစိတ္အပိုင္းေတြ ကာကြယ္ထားပါတယ္။ သူဒဏ္ရာရရင္ေတာင္
အသက္အႏၱာရယ္ မျဖစ္ပါဘူး။ သူ ေျချပတ္ လက္ျပတ္ ေလာက္ပဲ ျဖစ္မွာပါ။ ဒါေပမဲ့ သူ႕
ျပန္ေကာင္းႏိုင္စြမ္းနဲ႕ တြက္လိုက္ရင္ အခ်ိန္ အနည္းငယ္အတြင္း ေျခေတြ လက္ေတြ
ျပန္ေပါက္လာမွာပါ။”
“ေျချပတ္လက္ျပတ္…”
စႏိုးေဒါသထြက္သြားတယ္။
ဒါေပမဲ့ အင္ေမာ္တယ္ လမ္းစဥ္ဟာ ဘယ္ေလာက္ခက္ခဲေၾကာင္း သူမ နားလည္ပါတယ္။
…..
“ဟိုင္း..ဟိုင္း..ဟို္င္း..”
နင္ဟာ ဖင္းေဂါ့
ခႏၶာကိုယ္ရွိေပမဲ့ သူဟာ ေသမင္းနဲ႕ ရင္ဆိုင္ေတြ႕ ေနရလို႕ အလြန္ေမာပန္းေနပါျပီ။
သူ႕သားေမြး၀တ္စံုဟာ ရစရာမရွိေအာင္ စုတ္ျပဲေနျပီးေတာ့ သူ႕ခႏၶာကိုယ္က ဒဏ္ရာေတြကေတာ့
တျဖည္းျဖည္း ျပန္ေကာင္းလာေနပါတယ္။
“ေ၀ါင္း….”
လစားေခြးၾကီးလည္းနာက်င္စြာ
ေအာ္ဟစ္လိုက္ပါတယ္။ သူဟာ မနည္း ေျမၾကီးမွာ မတ္ေအာင္ ရပ္ေနရတာျဖစ္ျပီး သူ႕
ေျခလက္ေတြဟာ တုန္ခါေနပါတယ္။ သူ အခ်ိန္မေရြး လဲက်သြားႏိုင္ေနပါတယ္။သူ႕
ခႏၶာကိုယ္တစ္ခုလံုး ဒဏ္ရာေတြ ျပည့္ႏွက္ေနျပီးေတာ့ သူ႕ဦးေခါင္းမွာ အလြန္ၾကီးမားတဲ့
ဒဏ္ရာၾကီးတစ္ခု ရွိေနပါျပီ။
သူ႕ ေျခလက္ေတြဟာ
စုတ္ျပတ္ေနပမဲ့ သူ မတ္တပ္ရပ္ႏိုင္ေနေသးတာ အံ့မခန္းပါပဲ။
နင္ သူ႕မ်က္ႏွာက
ေသြးေတြကို သုတ္လိုက္ျပီးေတာ့ ေျပာလိုက္ပါတယ္။
“မင္းရႈံးသြားျပီ။ ငါ
ဟာမင္းထက္ပိုျပီးေတာ့ အစြမ္းထက္တယ္။ ဒါေပမဲ့ မင္းကို အႏို္င္ယူႏိုင္ဖို႕ေတာ့
ေတာ္ေတာ္ကို ခက္ခဲပါတယ္။ မင္းရဲ့ သားရဲစိတ္ရိုင္းနဲ႕ ေသြးဆာမႈေတြေၾကာင့္ ငါ
အစြမ္းကုန္ ထုတ္ျပီးေတာ့ တိုက္ခိုက္ႏိုင္ခဲ့တာပဲ။ မင္းဟာ ငါပထဆံုး သတ္ရတဲ့ မြန္းစတား
ျဖစ္လို႕ မင္းကို ငါ့ရဲ့ အစြမ္းအထက္ဆံုး သုိင္းကြက္နဲ႕ အသက္ႏႈတ္ေပးပါ့မယ္။”
နင္ရဲ့
လက္ေနာက္တစ္ဖက္မွာ ဓားတစ္ေခ်ာင္းထပ္ေပၚလာပါတယ္။ ဓားႏွစ္ေခ်ာင္းကို
စံုကိုင္ျပီးေတာ့ လစားေခြးၾကီးကို နင္စိုက္ၾကည့္လိုက္တယ္။
“၀ွစ္..”
နင္ဟာ အရိပ္လို
ေျပာင္းလဲသြားျပီးေတာ့ လစားေခြးၾကီးဆီကို တိုး၀င္သြားပါတယ္။ ေခြးၾကီးကလည္း
ေနာက္ဆံုးတစ္ၾကိမ္ အူလိုက္ျပီးေတာ့ သူ႕ခႏၶာကိုယ္ကို နင္ဆီကို ပစ္သြင္းလိုက္ပါတယ္။
ဓားေရာင္ ႏွစ္ခ်က္
လက္သြားျပီးေတာ့ လစားေခြးၾကီးရဲ့ ေျခေထာက္ေတြကို ျဖတ္လိုက္ပါတယ္။
ဓားေနာက္တစ္ခ်က္ကေတာ့ ေခြးၾကီးရဲ့ ေခါင္းကို ျဖတ္လိုက္ျပီးေတာ့ ေသြးေတြ
ေနရာတိုင္းကို ျဖာက်သြားပါတယ္။
နင္ ေျမျပင္ေပၚကို
ျပန္က်လာပါတယ္။
ေခြးၾကီး ေျမျပင္ေပၚကို
လဲက်သြားပါတယ္။ ေနရာတိုင္းမွာ ဦးေနွာက္ေတြ ျပန္႕က်ဲေနပါတယ္။ သူ႕ခႏၶာကုိယ္ေပၚက
ေငြေရာင္ အေမြးေတြဟာ ရႊံ႕ေတြ ေသြးေတြနဲ႕ ေပက်ံေနပါတယ္။ ဖင္းေဂါ့ ေသြးမ်ိဳးဆက္
ေျမေခြးၾကီးဟာ ေသဆံုးသြားပါျပီ။
ရီခၽြမ္က သူ႕သားကို
ငံု႕ၾကည့္လိုက္ျပီးေတာ့
“သားဘယ္လိုခံစားရလဲ?”
“အခုအရမ္းကုိ
ေပ်ာ္ပါတယ္။ တစ္ရက္ကို တစ္ၾကမ္ေလာက္ ဒီလို တိုက္ခိုက္ရေအာင္။”
နင္က သူ႕အေဖကို
ခ်စ္ျမတ္ႏိုးတဲ့ မ်က္လံုးနဲ႕ စိုက္ၾကည့္ျပီး ေျပာလိုက္ပါတယ္။
ရီခၽြမ္း မ်က္ေမွာင္
က်ဳတ္ျပီးေျပာလိုက္တယ္။
“မင္း ဒီလို ဟိုတ်န္
ေနာက္ဆံုးအဆင့္ မြန္းစတားကို ဖမ္းတယ္ဆိုတာ လြယ္တယ္မ်ား မွတ္ေနလား။ သံုးရက္တစ္ၾကမ္
မင္း သာမာန္ မြန္းစတားနဲ႕ တိုက္ခိုက္လို႕ ရမယ္။ မင္းနတ္ဘုရားေသြးမ်ိဳးဆက္
မြန္းစတားလိုခ်င္ရင္ေတာ့ မင္းကံေကာင္းလြန္းမွ ရမယ္။ ငါ မင္းအတြက္ အစြမ္းအထက္ဆံုး
မြန္းစတား သားရဲေကာင္ေတြကို ဒီ နဂါးနန္းေတာ္မွာ စီစဥ္ေပးထားမယ္။”
ကၽြန္ေတာ္
အစြမ္းမထက္တဲ့ မြန္းစတားေတြနဲ႕ တိုက္ခိုက္လို႔ ရွိရင္ ကၽြန္ေတာ့ အစြမ္းေတြကို
ထိန္းခ်ဳပ္ျပီး တိုက္ခိုက္ပါ့မယ္။
ဖင္းေဂါ့ ခႏၶာကိုယ္
က်င့္စဥ္နဲ႕ ဆိုရင္ သာမာန္ ဟို တ်န္ မြန္းစတား ဟာ လက္နဲ႕ ညွစ္သတ္လို႕ ရေနျပီ။
ဒါေၾကာင့္မို႕လို႕ နတ္ဘုရားေသြးမ်ိဳးဆက္ မြန္းစတားေတြသာ နင္ကို
ယွဥ္ျပိဳင္တိုက္ခိုက္ႏိုင္ေနတာ ျဖစ္တယ္။
….
အခ်ိန္ေတြ တေရြ႕ ေရြ႕
ကုန္ဆံုးသြားၾကတယ္။
နင္ဟာ မြန္းစတား
သားရဲေတြ တစ္ေကာင္ျပီး တစ္ေကာင္ တိုက္ခိုက္လာခဲ့တယ္။ သူ႕ ဓားသိုင္းနဲ႕ ေျခသုိင္းဟာ
အမ်ားၾကီး တိုးတက္လာတယ္။ ေနာက္ျပီးေတာ့ အသက္လုတိုက္ပြဲေတြမွာ ဘယ္လို စိတ္ညိမ္ေအာင္
ေနရမယ္ဆိုတာ သူနားလည္လာတယ္။ သူ႕ ႏွလံုးသား မတည္ညိမ္ရင္ သူ႕အစြမ္းေတြကို
ျပီးျပည့္စံေအာင္ ထုတ္ႏိုင္မွာ မဟုတ္ဘူးေလ။
….
ေဆာင္းဦး ေရာက္ခဲ့ျပီ။
ခ်ိဳင့္၀ွမ္းေဒသမွာ အလြန္ကို ေအးလာျပီ။ တစ္ခ်ိဳ႕ ခြန္အားနည္းတဲ့
မ်ိဳးႏြယ္စုေလးေတြဟာ ဆက္ျပီး ရွင္သန္ဖို႕ ခက္ခဲလာခဲ့တယ္။ အထူးသျဖင့္ ရက္စက္တဲ့
မြန္းစတား သတၱ၀ါ ဆန္းၾကီးေတြရဲ့ တိုက္ခိုက္မႈမွာ တစ္ခ်ိဳ႕ မ်ိဳးႏြယ္စုေလးေတြဟာ
ေပ်ာက္ကြယ္ခဲ့ ရတယ္။
ဒုန္း..ဒုန္း…ဒုန္း….
ေျမျပင္ဟာ
တုန္လႈပ္ေနတယ္။
ဒီ အထီးက်န္ ေျမျပန္႕
လြင္ျပင္ေပၚမွာ အနက္ေရာင္ ခ်ပ္၀တ္တန္ဆာ၀တ္ ျမင္း စီး သူရဲေတြ ဟာ သူတို႕ရဲ့
သားရဲေကာင္ေတြကို စီးသြားေနၾကတယ္။ သူတို႕ပံုစံဟာ ဒီ လြင္ျပင္ကို အနက္ေရာင္
လႈိင္းလံုးၾကီး စီးဆင္းလာတာနဲ႕ တူေနတာ့တယ္။
“ရပ္ၾက…”
အမိန္႔ေပးသံေအာက္မွာ
ျမင္းစီးသူရဲ ၃၀၀ လံုးဟာ အရွိန္သတ္ ရပ္တန္႕လိုက္ၾကတယ္။
“ကြန္မန္ဒါ ၊ ဒီေနရာက
ေျမြမိစာၦၾကီး ေနာက္ဆံုးေပၚခဲ့တဲ့ေနရာပဲ။ ဒီ နယ္ေျမဟာ ရွပ္ဟြန္း မ်ိဳးႏြယ္စု
နယ္ေျမပဲ။ လြန္ခဲ့တဲ့ ၃ ရက္ေလာက္က မိစာၦၾကီးက ရွပ္ဟြန္း မ်ိဳးႏြယ္စုကို ရုတ္တရက္
၀င္တိုက္ခိုက္ျပီး လူ ၁၈ေယာက္ကို စားလိုက္တယ္။ လူ ၁၀၀ ေလာက္က တိုက္ခိုက္ခံရျပီး
ေသဆံုးသြားတယ္။ ရွပ္ဟြန္းမ်ိဳးႏြယ္စုကေတာ့ လံုး၀ကို ဖ်က္ဆီး ခံလိုက္ရတယ္။”
အနက္ေရာင္ သံခ်ပ္ကာ၀တ္
ျမင္းစီးသူရဲက ရိုေသစြာ ေျပာလိုက္တယ္။
“ဒီ မြန္းစတား ၾကီး
ေသာင္းက်န္းေနတာ တစ္လေလာက္ ရွိျပီ။ တစ္လ အတြင္းမွာ လူေပါင္း ေထာင္နဲ႕ခ်ီ
ေသသြားျပီးေတာ့ မ်ိဳးႏြယ္စု ၁၀ ခု ပ်က္ဆီးခဲ့ရတယ္။ ဒါေပမဲ့ ဒီမ်ိဳးႏြယ္စုေလးေတြက
အေသးေလေတြပဲ ရွိေသးေတာ့ ဒီ မြန္းစတားဟာ ဖင္းေဂါ့ေသြးမ်ိဳးဆက္ ဟိုတ်န္ ေနာက္ဆံု
အဆင့္ သတၱ၀ါ ဒါမွမဟုတ္ရင္ ဇင္တ်န္ အဆင့္ စတင္ ေရာက္သြားတဲ့ မြန္းစတားၾကီး ပဲ ျဖစ္ရမယ္။”
“ဟင္း….”
က်ားျဖဴၾကီးကို
စီးထားျပီးေတာ့ အနီေရာင္ သံခ်ပ္ကာ ၀တ္ထားတဲ့ လူက ေခါင္းညိတ္ျပျပီး
ဆက္ေျပာလိုက္တယ္။
“ဒီ ေျမြ မိစာၦ ၾကီးဟာ
ငါတို႕ အေနာက္ဘက္ ဂ်ိကလန္ နယ္ေျမထဲမွာ ျပသနာ ျဖစ္ေစခဲ့တာ ၾကာျပီ။ ဒီ ေကာင္
ေသသင့္ေနျပီ။ ဒီ မိစာၦက ဒီ ေနရာ ၀န္းက်င္မွာပဲ ေပၚလာတာ ဆိုေတာ့ မင္းတို႕ အားလံုး
လူ ၃၀ စီပါတဲ့ အဖြဲ႕ေလးေတြ ခြဲျပီးေတာ့ ရွာၾကစမ္း။ မင္းတို႕ရွာေတြ႕တာနဲ႕ အခ်က္ျပ
ျမွားကို ပစ္လႊတ္လိုက္။”
“ဟုတ္ကဲ့၊
အမိန္႕အတိုင္းပါ။”
ျမင္းစီးသူရဲ ၃၀၀ လံုး
သံျပိဳင္ ဟစ္ေၾကြးလိုက္တယ္။
“ဟိုင္း…”
မၾကာခင္ပဲ ဒီ ျမင္းစီးသူရဲ ၃၀၀ လံုးဟာ လူ ၃၀ စီ ပါတဲ့ အဖြဲေလးေတြဖြဲ႕ ျပီး
ပတ္၀န္းက်င္ကို လိုက္လံ ရွာေဖြပါေတာ့တယ္။
ဆက္ပါဦးမည္>>>>>>
၀တၳဳ : Desolate era
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…
၀တၳဳ : Desolate era
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…
အခန်း ၁၆ (လောကကို လှုပ်ခါစေခြင်း)
နင် ဓားသိုင်း ၂ခုကို ရပြီးတဲ့ အခါမှာ သူစတင်ပြီးတော့ လေ့ကျင့်ပါတော့တယ်။ အခုဆိုရင် သူဟာ မိုးရေစက် ဓားသိုင်းနဲ့ မိုးကြိုး မီးတောက် ဓားသိုင်းက အစွမ်းတွေကို ထုတ်သုံးလာနိုင်တဲ့အတွက် သူဟာ အစွမ်းပိုထက်လာပါပြီ။ ဒါပေမဲ့ သူ့အဖေ ကိုယ်တိုင် မိုးရေစက် ဓားသိုင်း အနှစ်ချုပ်ကို ရှင်းပြပေးပေမဲ့ အပိုင်းအနည်းငယ်ပဲ အောင်မြင်ပါသေးတယ်။
မိုးကြိုးမီးတောက် ဓားသိုင်းက မိုးကြိုးလျှပ်စီး အကွက်ဟာ လူသတ်ကွက် တစ်ခုပါပဲ။ သူ့အကွက်မှာ အနှစ်ချုပ် အတွက် စာ တစ်လုံးတည်းနဲ့ ရှင်းပြနိုင်တယ်။ လျင်မြန်မှု။
မိုးကြိုး လို မြန်ဆန်ရမယ်။ မီးတောက်လို ရွေ့လျားနိုင်ရမယ်။
စနိုးကပြောလိုက်တယ်။
“နင်ရဲ့ ဓားသိုင်း နဲ့ ခြေသိုင်းဟာ အံ့မခန်းတိုးတက်လာတာပဲ။ လစားခွေးဟာ အရိပ်လိုမျိုး အလွန် မြန်ဆန်တယ်။ နင်ထက်တောင် မြန်တယ်ပြောလို့ရတယ်။ နင်ကတော့ အရိပ်မဲ့ ခြေသိုင်းကို သုံးပြီး ဦးတည်ချက်မျိုးစုံကို ပြောင်းလဲနိုင်နေတယ်။ ဒီတိုက်ပွဲဟာ နင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီပဲ။ သူ့ဓားသိုင်းဟာ အဆင့်မြင့် အဆင့်ကို ရောက်သွားတဲ့ အတွက် သူ့လှုပ်ရှားမှုကို ကြိုက်သလို ပြောင်းလဲနိုင်နေပြီ။ ဒီ မွန်းစတားခွေးနဲ့ တိုက်ခိုက်တဲ့အခါမှာဆိုရင် နင်ရဲ့ ခုခံမှုဟာ ရေပက်မဝင်ဘူးလို့ ပြောလို့ရတယ်။”
ရီချွမ် ခေါင်းညိတ်လိုက်တယ်။
“ဖင်းဂေါ့ ကျင့်စဉ်နဲ့ ပေါင်းလိုက်ရင် နင်ရဲ့ အဓိက အစွမ်းဟာ ခံစစ်မှာ အားသာတယ်။ သူ ဟာ အနည်းငယ် နှေးကွေးနေသေးတယ်။ ဒါပေမဲ့ သူတိုက်ခိုက်နေတာက နတ်ဘုရားသွေးပါတဲ့ မွန်းစတားလေ။ ဒီလိုမွန်းစတားတွေရဲ့ အသက်ဓာတ်ဟာ အရမ်းကို သန်စွမ်းတယ်။ ခုနကလို ဒဏ်ရာဟာ သူ့အတွက် အပေါ်ရံ အရေပြား ဒဏ်ရာလောက်ပဲ ရှိသေးတယ်။ သူအစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်တော့မယ်။ နင်ဟာ ဒီလို တိုက်ခိုက်မှုမျိုးကို အတွေ့ အကြုံ မရှိသေးဘူး။ ဒါကြောင့် တိုက်ပွဲ အဖြေကို အခု မှန်းဆလို့ မရနိုင်သေးဘူး။”
…..
တိုက်ပွဲ ကွင်းပြင်ထဲမှာ..
နင်ဟာ အရာရာ သူ့ ထိန်းချုပ်မှုအောက် ရောက်နေပြီဆိုတာ နားလည်လိုက်တယ်။ သူဟာ တဖြည်းဖြည်း လစားခွေးကြီးဆီကို တိုးသွားတယ်။
“အူ…ဝူး…”
ဒီလူသားငယ်ဆီကနေ သေခြင်း အငွေ့အသက်တွေကို ခံစားမိလိုက်လို့ လစားခွေးကြီး တစ်ချက်အူ ပြီး မာန်ဖီလိုက်တယ်။ သူ့အမွေးတွေအကုန်လုံး ထောင်မတ်လာတယ်။ မျက်လုံးတွေကနေ အရောင်တွေ ထွက်လာတယ်။ ဒီလိုဖြစ်သွားတဲ့ အခြေအနေအရ လစားခွေးကြီးဟာ သားရဲ စိတ်တွေ နိုးထလာတဲ့ အဆင့်ကို ရောက်သွားပြီလို့ ပြောလို့ရတယ်။
သူ့ဆီကနေ ကြောက်မက်မက် ကောင်းတဲ့ အငွေ့အသက်တွေ ထွက်လာလို့ နင်ခြေလှမ်း တစ်ချက်ရပ်လိုက်တယ်။
“လူသတ်ငွေ့?”
“ဝေါင်း…”
ခွေးကြီးဟာ တစ်ရှိန်ထိုး နင်ဆီကို ပြေးဝင်လာတယ်။ မြေကြီးပါ တုန်ခါလာတယ်။
နင်ကတော့ လေပြေညင်းလေးလို သာသာယာယာ ရှောင်လိုက်တယ်။ ရိုးရှင်းတဲ့ ခြေလှမ်းတွေနဲ့ သူ့ ဦးတည်ချက်ကို ပြောင်းလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ ဓားရောင် လက်သွားတယ်။
“ချွင်…”
လစားခွေးကြီးရဲ့ ရင်ဘတ်မှာ သွေးတွေ ဖြာကျလာပြီး နောက်ထပ် ဒဏ်ရာတစ်ခု ပေါ်လာတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ခွေးကြီးက ဒဏ်ရာကို ဂရုမစိုက်တော့ပဲ လက်သည်းတွေနဲ့ ဆက်ပြီး တိုက်ခိုက်လာတယ်။
နင် နောက်ကို ခုန်ရှောင်လိုက်ပြီးတော့ တစ်ဆက်တည်း သူ့ဓားနဲ့ ကာကွယ်လိုက်တယ်။
“ချွင်..”
ခွေးကြီးရဲ့ လက်သည်းရှည်ကြီးတွေက ဓားပေါ်ကို ကျလာပြီးတော့ တစ်ဆက်တည်း ချိတ်ကောက်လို ဓားကို ဆွဲယူလိုက်တယ်။ ဒါပေမဲ့ နင်ရဲ့ ဖင်းဂေါ့ ကျင့်စဉ် အစွမ်းနဲ့ ကိုင်ထားတဲ့ဓားကို လွယ်လွယ်နဲ့ ဘယ်လုလို့ ရမှာလည်း။ ဒီလို နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ပြီးလို့ ခွေးကြီး နောက်တစ်ချက်လောက်ဆုတ်သွားရင် မဆိုးပါဘူး။ ဒါပေမဲ့ ခွေးကြီးက နောက်မဆုတ်ပဲ သူ့လက်သည်းရှည်တွေနဲ့ တတိယ အကြိမ် ဆက်ပြီးတော့ တိုက်ခိုက်လာတယ်။
“ချွမ်…”
ခွေးကြီးရဲ့ ဘယ်ဘက်လက်ဟာ သွေးတွေနဲ့ အနီရောင်ပြောင်းသွားပြီးတော့ အရိုးကျိုးသံ သဲ့သဲ့ ကြားလိုက်ရတယ်။
“ဟိုင်း…
ဝေါင်း..”
တခြား လက် တစ်ဖက်က နင်ရဲ့ ရင်ဘတ်ထဲကို ဝင်လာတယ်။ ဒီအကွာအဝေးက အရမ်းကို နီးကပ်နေလို့ နင် ကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူး။ သူအသက်ကို ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ရင်ဘတ်ကို ၃ စင်တီမီတာလောက် နောက်ကို ရှုံ့လိုက်လိုက်တယ်။
“ရွှစ်..ရွှစ်..”
နင်ရဲ့ ရင်ဘတ်က သားမွေးအကျီ ၤတွေ စုတ်ပြဲသွားပြီး သွေးတွေဖြာကျလာတယ်။ သူလည်း အနောက်ကို လွင့်သွားပြီး မြေကြီးပေါ်ကျသွားတယ်။ သူကျသွားတဲ့ မြေပြင်မှာတော့ အက်ကွဲကြောင်းတွေ ပေါ်လာပြီး ချိုင့်ကြီးဖြစ်သွားတယ်။
“ဝုန်း..”
နင် မြန်မြန် ခုန်ထပြီး နောက်ဆက်ခုန်လိုက်တယ်။
နင် ခွေးကြီးကို မမှိတ်မသုန် စိုက်ကြည့်လိုက်တယ်။
လစားခွေးကြီးဟာ သူ့လက်နဲ့ ဓားနဲ့ ထိပ်တိုက်တွေ့ပြီးတိုက်ခိုက်ခဲ့တယ်။ ဒီကောင်ကြီးက သူ့ကိုယ်သူ ဒဏ်ရာ ရမှာကို မကြောက်တော့ဘူး။ ဒါကြောင့် အခု သူ့ ဘယ်ဘက်လက်ဟာ သုံးလို့မရတော့ဘူး။ သူ့ မြန်ဆန်မှုဟာ လျော့ကျသွားပြီ။ ဒါပေမဲ့ သူ့လက်သည်းတိုက်ခိုက်မှုဟာ နင် ရင်ဘတ်က သားမွေးတွေကို စုတ်ပြဲစေပြီးတော့ နင်ကို ဒဏ်ရာရစေခဲ့တယ်။ နင်ရဲ့ သားမွေးဝတ်စုံဟာတွေဟာ ဇင်တျန်သက်ရှိအဆင့် မွန်းစတားရဲ့ သားမွေးတွေနဲ့ ချုပ်ထားတာဖြစ်တယ်။ မွန်းစတားရဲ့ ကိုယ်ပေါ်က အစွမ်းတွေ ဝတ်စုံမှာ မပေါင်းထားပေမဲ့ ဒီဇင်တျန် အဆင့် သားမွေးဟာ သာမာန် ဟိုတျန်အဆင့် သတ္တဝါက ဖျက်ဆီးလို့ မရဘူး။
ဒါပေမဲ့ ဒီလစားခွေးကြီးရဲ့ အားကုန်ထည့်ထားတဲ့ တိုက်ခိုက်မှုအောက်မှာ ဒီသားမွေးတွေဟာ စုတ်ပြဲသွားတယ်။
နင်ဟာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ရွှေကြယ် ဝတ်စုံ ရှိသေးတယ်။ နင်ဟာ ဒီရွှေကြယ်ဝတ်စုံကို သူ့ခန္ဓာကိုယ်က အရေးကြီးတဲ့ နေရာတွေ ကာကွယ်ဖို့ ဝတ်စုံဧရိယာကို လိုသလို ရွေ့လျားထားလိုက်တယ်။
“ဒီလို အသက်လုတိုက်ပွဲတွေဟာ သာမာန် အားစမ်းတိုက်ပွဲတွေနဲ့ မတူဘူးပဲကိုး။ အားစမ်းတဲ့ တိုက်ပွဲမှာ ဘယ်သူမှ ကိုယ့်ကိုကိုယ် အသေခံ မတိုက်ခိုက်ဘူး. အသက်လုတိုက်ပွဲမှာတော့ သူတို့ ရည်မှန်းချက်က တစ်ခုပဲရှိတယ်။ ပြိုင်ဘက်ကို အသေသတ်ဖို့။ ဒီလိုအချိန်မှာ ပေးလိုက်ရတဲ့ တန်ဖိုးဟာ ကိုယ့်အသက်လောက် အရေးမကြီးဘူး။”
“ငါ နောက်ဆို ပိုပြီး သတိထားမှ ဖြစ်မယ်။”
နင် ဟာ အခု အတွေ့အကြုံ ရှိသွားပြီ ဖြစ်တယ်။ သူ့ ရင်ဘတ်က ဒဏ်ရာဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ သိပ်မကြာခင်ပဲ သွေးတိတ်သွားပြီးတော့ ဒဏ်ရာလုံး၀ မရှိတော့ဘူး။ သာမာန် အသားအရေအတိုင်း ပြန်ဖြစ်သွားပြီ။
ဒီဟာက ဖင်းဂေါ့ ကျင့်စဉ်ကြောင့် ရလာတဲ့ အစွမ်းထက်တဲ့ ပြန်ကောင်းနိုင်စွမ်းပဲဖြစ်တယ်။
သာမာန် ဖင်းဂေါ့ ကျင့်စဉ်တွေဟာ ဇင်တျန်အဆင့်ရောက်မှ ပျက်ဆီးသွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြန်ကောင်းလာနိုင်စေတယ်။ ဒါပေမဲ့ နင်က နံပါတ် ၁ ဖင်းဂေါ့ ကျင့်စဉ်ကို ကျင့်ထားတဲ့အတွက် သူ့ ပြန်ကောင်းနိုင်စွမ်းဟာ ဟိုတျန် အဆင့်မှာတည်းက အံ့မခန်းဖြစ်နေပြီ။
“ကောင်းတယ်။”
“ဒီကောင်က ငါ့ဓားကိုတောင် ရအောင် ဆွဲလုသွားနိုင်တယ်။”
“ဝေါင်း..”
နင်ရဲ့ ဓားဟာ ခွေးကြီးရဲ့ ဘယ်ဘက်လက်မှာ စိုက်ဝင်နေတယ်။ နင်ကို သွေးဆာနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ ဒီလူငယ်ရဲ့ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းဟာ နတ်ဘုရားသွေးမျိုးဆက်ဖြစ်တဲ့ သူ့ အစွမ်းထက်ပိုပြီး အစွမ်းထက်မှန်း လစားခွေးကြီး သဘောပေါက်သွားတယ်။
နင် လက်ကို တစ်ချက် ထပ်ဝှေ့ယမ်းလိုက်တော့ ဓားနောက်တစ်ချောင်း သူ့လက်ထဲ ပေါ်လာတယ်။
“လာပြီ..”
နင် ဟာ အရိပ်လို ပြောင်းလဲသွားပြီး ခွေးကြီးဆီကို ခုန်ဝင်တိုက်ခိုက်လိုက်တယ်။
“ဝေါင်း..”
ခွေးကြီးလည်း တစ်ရှိန်ထိုး ပြေးဝင်တိုက်ခိုက်လိုက်တယ်။
…..
ဒီ နှစ်ဦးဟာ ဆက်တိုက် ဦးတည်ပြီးတော့ တိုက်ခိုက်ကြတယ်။ တိုက်ခိုက်မှု ဖလှယ်တိုင်း ဖလှယ်တိုင်းမှာ တစ်ယောက်အသက် တစ်ယောက် နှုတ်ယူနိုင်လောက်အောင် ကြီုးစားခဲ့ကြတယ်။ နင်ဟာ အရမ်းကြောက်မက်ဖို့ ကောင်းတဲ့ ခွန်အားနဲ့ ပြန်ကောင်းနိုင်စွမ်းကို ပိုင်ဆိုင်ပြီးတော့ အရမ်းအစွမ်းထက်တဲ့ ဓားသိုင်းလည်းတတ်မြောက်ထားတယ်။ လစားခွေးကြီးကတော့ အစွယ်၊ လက်သည်း၊ အမြီး တစ်ကိုယ်လုံးကို လက်နက်လို အသုံးပြုနိုင်တယ်။ ပြီးတော့ သူ့ ခန္ဓာကိုယ်ဟာ အလွန် ကြီးမားတဲ့အတွက် ဓားဒဏ်ရာတွေဟာ ပြန်ကောင်းသွားပြီး ဒုက္ခမပေးနိုင်ဘူး။
“အော်.. သူက ရွှေကြယ် ဝတ်စုံကို အရေးကြီး အစိတ်အပိုင်းတွေ ကာကွယ်ဖို့ပဲ အသုံးပြုတာပေါ့။”
ရီချွမ် မျက်နှာ ပြုံးရောင်သန်းလာတယ်။
“နင် တစ်ကယ်ကို ကြိုးစားနေတာပဲ။”
စနိုးကတော့ အရမ်းကို စိတ်လှုပ်ရှားနေတယ်။
သူ့သားက သွေးတွေ ပေကျံ နေတာ ဘယ် မိခင်က စိတ်မပူပဲ နေမလည်း။
“စိတ်မပူပါနဲ့ ။ နင်က ရွှေကြယ် ဝတ်စုံကို အရေးကြီး အစိတ်အပိုင်းတွေ ကာကွယ်ထားပါတယ်။ သူဒဏ်ရာရရင်တောင် အသက်အန္တာရယ် မဖြစ်ပါဘူး။ သူ ခြေပြတ် လက်ပြတ် လောက်ပဲ ဖြစ်မှာပါ။ ဒါပေမဲ့ သူ့ ပြန်ကောင်းနိုင်စွမ်းနဲ့ တွက်လိုက်ရင် အချိန် အနည်းငယ်အတွင်း ခြေတွေ လက်တွေ ပြန်ပေါက်လာမှာပါ။”
“ခြေပြတ်လက်ပြတ်…”
စနိုးဒေါသထွက်သွားတယ်။ ဒါပေမဲ့ အင်မော်တယ် လမ်းစဉ်ဟာ ဘယ်လောက်ခက်ခဲကြောင်း သူမ နားလည်ပါတယ်။
…..
“ဟိုင်း..ဟိုင်း..ဟိုင်း..”
နင်ဟာ ဖင်းဂေါ့ ခန္ဓာကိုယ်ရှိပေမဲ့ သူဟာ သေမင်းနဲ့ ရင်ဆိုင်တွေ့ နေရလို့ အလွန်မောပန်းနေပါပြီ။ သူ့သားမွေးဝတ်စုံဟာ ရစရာမရှိအောင် စုတ်ပြဲနေပြီးတော့ သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကတော့ တဖြည်းဖြည်း ပြန်ကောင်းလာနေပါတယ်။
“ဝေါင်း….”
လစားခွေးကြီးလည်းနာကျင်စွာ အော်ဟစ်လိုက်ပါတယ်။ သူဟာ မနည်း မြေကြီးမှာ မတ်အောင် ရပ်နေရတာဖြစ်ပြီး သူ့ ခြေလက်တွေဟာ တုန်ခါနေပါတယ်။ သူ အချိန်မရွေး လဲကျသွားနိုင်နေပါတယ်။သူ့ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေ ပြည့်နှက်နေပြီးတော့ သူ့ဦးခေါင်းမှာ အလွန်ကြီးမားတဲ့ ဒဏ်ရာကြီးတစ်ခု ရှိနေပါပြီ။
သူ့ ခြေလက်တွေဟာ စုတ်ပြတ်နေပမဲ့ သူ မတ်တပ်ရပ်နိုင်နေသေးတာ အံ့မခန်းပါပဲ။
နင် သူ့မျက်နှာက သွေးတွေကို သုတ်လိုက်ပြီးတော့ ပြောလိုက်ပါတယ်။
“မင်းရှုံးသွားပြီ။ ငါ ဟာမင်းထက်ပိုပြီးတော့ အစွမ်းထက်တယ်။ ဒါပေမဲ့ မင်းကို အနိုင်ယူနိုင်ဖို့တော့ တော်တော်ကို ခက်ခဲပါတယ်။ မင်းရဲ့ သားရဲစိတ်ရိုင်းနဲ့ သွေးဆာမှုတွေကြောင့် ငါ အစွမ်းကုန် ထုတ်ပြီးတော့ တိုက်ခိုက်နိုင်ခဲ့တာပဲ။ မင်းဟာ ငါပထဆုံး သတ်ရတဲ့ မွန်းစတား ဖြစ်လို့ မင်းကို ငါ့ရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်နဲ့ အသက်နှုတ်ပေးပါ့မယ်။”
နင်ရဲ့ လက်နောက်တစ်ဖက်မှာ ဓားတစ်ချောင်းထပ်ပေါ်လာပါတယ်။ ဓားနှစ်ချောင်းကို စုံကိုင်ပြီးတော့ လစားခွေးကြီးကို နင်စိုက်ကြည့်လိုက်တယ်။
“ဝှစ်..”
နင်ဟာ အရိပ်လို ပြောင်းလဲသွားပြီးတော့ လစားခွေးကြီးဆီကို တိုးဝင်သွားပါတယ်။ ခွေးကြီးကလည်း နောက်ဆုံးတစ်ကြိမ် အူလိုက်ပြီးတော့ သူ့ခန္ဓာကိုယ်ကို နင်ဆီကို ပစ်သွင်းလိုက်ပါတယ်။
ဓားရောင် နှစ်ချက် လက်သွားပြီးတော့ လစားခွေးကြီးရဲ့ ခြေထောက်တွေကို ဖြတ်လိုက်ပါတယ်။ ဓားနောက်တစ်ချက်ကတော့ ခွေးကြီးရဲ့ ခေါင်းကို ဖြတ်လိုက်ပြီးတော့ သွေးတွေ နေရာတိုင်းကို ဖြာကျသွားပါတယ်။
နင် မြေပြင်ပေါ်ကို ပြန်ကျလာပါတယ်။
ခွေးကြီး မြေပြင်ပေါ်ကို လဲကျသွားပါတယ်။ နေရာတိုင်းမှာ ဦးနှောက်တွေ ပြန့်ကျဲနေပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်က ငွေရောင် အမွေးတွေဟာ ရွှံ့တွေ သွေးတွေနဲ့ ပေကျံနေပါတယ်။ ဖင်းဂေါ့ သွေးမျိုးဆက် မြေခွေးကြီးဟာ သေဆုံးသွားပါပြီ။
ရီချွမ်က သူ့သားကို ငုံ့ကြည့်လိုက်ပြီးတော့
“သားဘယ်လိုခံစားရလဲ?”
“အခုအရမ်းကို ပျော်ပါတယ်။ တစ်ရက်ကို တစ်ကြမ်လောက် ဒီလို တိုက်ခိုက်ရအောင်။”
နင်က သူ့အဖေကို ချစ်မြတ်နိုးတဲ့ မျက်လုံးနဲ့ စိုက်ကြည့်ပြီး ပြောလိုက်ပါတယ်။
ရီချွမ်း မျက်မှောင် ကျုတ်ပြီးပြောလိုက်တယ်။
“မင်း ဒီလို ဟိုတျန် နောက်ဆုံးအဆင့် မွန်းစတားကို ဖမ်းတယ်ဆိုတာ လွယ်တယ်များ မှတ်နေလား။ သုံးရက်တစ်ကြမ် မင်း သာမာန် မွန်းစတားနဲ့ တိုက်ခိုက်လို့ ရမယ်။ မင်းနတ်ဘုရားသွေးမျိုးဆက် မွန်းစတားလိုချင်ရင်တော့ မင်းကံကောင်းလွန်းမှ ရမယ်။ ငါ မင်းအတွက် အစွမ်းအထက်ဆုံး မွန်းစတား သားရဲကောင်တွေကို ဒီ နဂါးနန်းတော်မှာ စီစဉ်ပေးထားမယ်။”
ကျွန်တော် အစွမ်းမထက်တဲ့ မွန်းစတားတွေနဲ့ တိုက်ခိုက်လို့ ရှိရင် ကျွန်တော့ အစွမ်းတွေကို ထိန်းချုပ်ပြီး တိုက်ခိုက်ပါ့မယ်။
ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်နဲ့ ဆိုရင် သာမာန် ဟို တျန် မွန်းစတား ဟာ လက်နဲ့ ညှစ်သတ်လို့ ရနေပြီ။ ဒါကြောင့်မို့လို့ နတ်ဘုရားသွေးမျိုးဆက် မွန်းစတားတွေသာ နင်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်နေတာ ဖြစ်တယ်။
….
အချိန်တွေ တရွေ့ ရွေ့ ကုန်ဆုံးသွားကြတယ်။
နင်ဟာ မွန်းစတား သားရဲတွေ တစ်ကောင်ပြီး တစ်ကောင် တိုက်ခိုက်လာခဲ့တယ်။ သူ့ ဓားသိုင်းနဲ့ ခြေသိုင်းဟာ အများကြီး တိုးတက်လာတယ်။ နောက်ပြီးတော့ အသက်လုတိုက်ပွဲတွေမှာ ဘယ်လို စိတ်ညိမ်အောင် နေရမယ်ဆိုတာ သူနားလည်လာတယ်။ သူ့ နှလုံးသား မတည်ညိမ်ရင် သူ့အစွမ်းတွေကို ပြီးပြည့်စံအောင် ထုတ်နိုင်မှာ မဟုတ်ဘူးလေ။
….
ဆောင်းဦး ရောက်ခဲ့ပြီ။ ချိုင့်ဝှမ်းဒေသမှာ အလွန်ကို အေးလာပြီ။ တစ်ချို့ ခွန်အားနည်းတဲ့ မျိုးနွယ်စုလေးတွေဟာ ဆက်ပြီး ရှင်သန်ဖို့ ခက်ခဲလာခဲ့တယ်။ အထူးသဖြင့် ရက်စက်တဲ့ မွန်းစတား သတ္တဝါ ဆန်းကြီးတွေရဲ့ တိုက်ခိုက်မှုမှာ တစ်ချို့ မျိုးနွယ်စုလေးတွေဟာ ပျောက်ကွယ်ခဲ့ ရတယ်။
ဒုန်း..ဒုန်း…ဒုန်း….
မြေပြင်ဟာ တုန်လှုပ်နေတယ်။
ဒီ အထီးကျန် မြေပြန့် လွင်ပြင်ပေါ်မှာ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် မြင်း စီး သူရဲတွေ ဟာ သူတို့ရဲ့ သားရဲကောင်တွေကို စီးသွားနေကြတယ်။ သူတို့ပုံစံဟာ ဒီ လွင်ပြင်ကို အနက်ရောင် လှိုင်းလုံးကြီး စီးဆင်းလာတာနဲ့ တူနေတာ့တယ်။
“ရပ်ကြ…”
အမိန့်ပေးသံအောက်မှာ မြင်းစီးသူရဲ ၃၀၀ လုံးဟာ အရှိန်သတ် ရပ်တန့်လိုက်ကြတယ်။
“ကွန်မန်ဒါ ၊ ဒီနေရာက မြွေမိစ္ဆာကြီး နောက်ဆုံးပေါ်ခဲ့တဲ့နေရာပဲ။ ဒီ နယ်မြေဟာ ရှပ်ဟွန်း မျိုးနွယ်စု နယ်မြေပဲ။ လွန်ခဲ့တဲ့ ၃ ရက်လောက်က မိစ္ဆာကြီးက ရှပ်ဟွန်း မျိုးနွယ်စုကို ရုတ်တရက် ဝင်တိုက်ခိုက်ပြီး လူ ၁၈ယောက်ကို စားလိုက်တယ်။ လူ ၁၀၀ လောက်က တိုက်ခိုက်ခံရပြီး သေဆုံးသွားတယ်။ ရှပ်ဟွန်းမျိုးနွယ်စုကတော့ လုံးဝကို ဖျက်ဆီး ခံလိုက်ရတယ်။”
အနက်ရောင် သံချပ်ကာဝတ် မြင်းစီးသူရဲက ရိုသေစွာ ပြောလိုက်တယ်။
“ဒီ မွန်းစတား ကြီး သောင်းကျန်းနေတာ တစ်လလောက် ရှိပြီ။ တစ်လ အတွင်းမှာ လူပေါင်း ထောင်နဲ့ချီ သေသွားပြီးတော့ မျိုးနွယ်စု ၁၀ ခု ပျက်ဆီးခဲ့ရတယ်။ ဒါပေမဲ့ ဒီမျိုးနွယ်စုလေးတွေက အသေးလေတွေပဲ ရှိသေးတော့ ဒီ မွန်းစတားဟာ ဖင်းဂေါ့သွေးမျိုးဆက် ဟိုတျန် နောက်ဆုံ အဆင့် သတ္တဝါ ဒါမှမဟုတ်ရင် ဇင်တျန် အဆင့် စတင် ရောက်သွားတဲ့ မွန်းစတားကြီး ပဲ ဖြစ်ရမယ်။”
“ဟင်း….”
ကျားဖြူကြီးကို စီးထားပြီးတော့ အနီရောင် သံချပ်ကာ ဝတ်ထားတဲ့ လူက ခေါင်းညိတ်ပြပြီး ဆက်ပြောလိုက်တယ်။
“ဒီ မြွေ မိစ္ဆာ ကြီးဟာ ငါတို့ အနောက်ဘက် ဂျိကလန် နယ်မြေထဲမှာ ပြသနာ ဖြစ်စေခဲ့တာ ကြာပြီ။ ဒီ ကောင် သေသင့်နေပြီ။ ဒီ မိစ္ဆာက ဒီ နေရာ ဝန်းကျင်မှာပဲ ပေါ်လာတာ ဆိုတော့ မင်းတို့ အားလုံး လူ ၃၀ စီပါတဲ့ အဖွဲ့လေးတွေ ခွဲပြီးတော့ ရှာကြစမ်း။ မင်းတို့ရှာတွေ့တာနဲ့ အချက်ပြ မြှားကို ပစ်လွှတ်လိုက်။”
“ဟုတ်ကဲ့၊ အမိန့်အတိုင်းပါ။”
မြင်းစီးသူရဲ ၃၀၀ လုံး သံပြိုင် ဟစ်ကြွေးလိုက်တယ်။
“ဟိုင်း…”
မကြာခင်ပဲ ဒီ မြင်းစီးသူရဲ ၃၀၀ လုံးဟာ လူ ၃၀ စီ ပါတဲ့ အဖွဲလေးတွေဖွဲ့ ပြီး ပတ်ဝန်းကျင်ကို လိုက်လံ ရှာဖွေပါတော့တယ်။
ဆက်ပါဦးမည်>>>>>>
ဝတ္ထု : Desolate era
မူရင်း စာရေးဆရာ : I Eat tomatoes
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
Comments
Post a Comment