ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 1 Chapter 8 (နေကို လက် တစ်ဖက်မှာ ထားပြီး လကို နောက် လက်တစ်ဖက်မှာ)
ခန်းမထဲမှာတော့
ဒါ..ဒါ…
….
ရေခဲ နဲ့ မီးတောက်…
စနိုး ရေရွတ်လိုက်တယ်။
“မှန်တယ်။”
“ဟူး..”
“ဟုတ်ကဲ့”
“အဖေ ။”
“ကေကျောက်တုန်း”
စနိုးက ပြောလိုက်တယ်။
“ဒါက ဘာပါလိမ့်”
“အရမ်း အစွမ်းထက်တာပဲ။”
နင် အံ့သြသွားတယ်။
ရီချွမ်ပြောလိုက်တယ်။
ဆက်ပါဦးမည်>>>>>>
ဘာသာပြန်သူ - Dr – Panda
Unicode
Chapter 8 (နေကို လက် တစ်ဖက်မှာ ထားပြီး လကို နောက် လက်တစ်ဖက်မှာ)
နင်ပြောနိုင်တာက သူ့ရဲ့ အသိစိတ်က ကမ္ဘာ အလွှာတွေ အကုန်လုံးကို ကျော်ဖြတ်ပြီးတော့ ဆက်သွားနေတာပဲ။ အလွှာ အများကြီး ကျော်ဖြတ်ပြီးတဲ့ အခါမှာတော့ သူ အဆူံမဲ့ လေဟာနယ်ထဲ ရောက်သွားတယ်။ ဒီ လေဟာနယ်ထဲမှာ နှိုင်းယှဉ်လို့ မရတဲ့ ဒီကောင်းကင် ကိုယ်ထည် ၂ခုကို တွေ့ရတယ်။ တစ်ခုကတော့ အလျှံညီးညီး မီးတောက်တွေ မျက်နှာပြင်ပေါ် ကခုန်နေပြီးတော့ အလင်းရောင်တွေ ဖြန့်ကျက်လွှတ်ထားတာ လေဟာနယ်ထဲမှာ အရမ်းကို ကြီးမားတဲ့ မီးတောက်ဘောလုံးကြီးလို ပါပဲ။
တစ်ခုကတာ့ မျက်နှာပြင်မှာ မဆုံးနိုင်တဲ့ ရေခဲပြင် တွေ ဖုံးလွှမ်းထားတာပြီးတော့ အရမ်းကိုကြီးမားတဲ့ osmanthus tree (အော့မန်းသပ် ပန်းပင်ကြီးဟာ) ရေခဲပြင်ထဲမှာ တစ်ပင်ထဲ ပေါက်နေပါတယ်။ ဒီ ကောင်းကင် ကိုယ်ထည် တစ်ခုကလည်း ကမ္ဘာ နောက်တစ်ပိုင်းကို အေးစက်စက် အလင်းရောင်တွေ ဖြန့်ကြတ်ပေးထားတယ်။
ဒါတွေဟာ အလွန်ကို ရှေးကျလှတဲ့ ကောင်းကင် ကိုယ်ထည်တွေဖြစ်ကြပြီးတော့ တစ်ခုက ဆိုလာကြယ် ဖြစ်ပြီး နောက်တစ်ခုက လကြယ်ဖြစ်တယ်။
အရမ်းကို လှတာပဲ။ နင် လုံး၀ အံ့သြသွားတယ်။ သူ အရမ်းကြီးမားလှတဲ့ မီးတောက်ကြီးတွေနဲ့ အရမ်းကြီးမားလှတဲ့ အော့မန်းသပ်သစ်ရွက်ကြီးတွေကို သေချာမြင်တွေ ရတယ်။တခြား [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) ကျင့်သူတွေဟာ ဒီ ဆိုလာကြယ်နဲ့ လကြယ်ကို မှုန်ဝါးဝါး မြင်ရဖို့တောင် အင်မတန် ခက်ခဲတယ်။ သူကတော့ သစ်ရွက်ကြီးတွေကိုပါ သေချာမြင်နေရတယ်။
ခန်းမထဲမှာတော့
ရီချွမ်နဲ့ စနိုးက အ့ံ့သြစွာနဲ့ ကြည့်နေကြတယ်။ သူတို့တွေ မရေမတွက်နိုင်တဲ့ ကြယ် အလင်းမှုန်တွေ နင်ဘေးနားမှာ ပေါ်လာတာ တွေ့လိုက်တယ်။ ဒီ ကြယ် အလင်းမှုန်တွေဟာ ရွှေရောင်နဲ့ ငွေရောင် လေးတွေပါပဲ။ ဒါပေမဲ့ အရမ်းကို ပူလောင်လှတဲ့ ရွှေ အလင်းမှုန်လေးတွေနဲ့ အလွန်တရာအေးစက်တဲ့ ငွေ အလင်းမှုန် လေးတွေ ဖြစ်နေကြတာ။ အလင်းမှုန်လေးတွေက နင်ကို မရက်မနား လှည့်ပတ်နေကြတယ်။
ဖြည်းဖြည်းချင်းပဲ နင်ရဲ့ ဘယ်ဖဝါးမှာ ကြယ်ပုံစံတူ အသေးလေး ဖြစ်ပေါ်လာတယ်။ အဲ့ကြယ်လေးပေါ်မှာ အော့စ်မန်းသပ် သစ်ပင်ကို ရေးတေးတေး မြင်နေရတယ်။ ဒီကြယ်ဟာ လကြယ်ပါပဲ။
သူ့ရဲ့ ညာလက်မှာတော့ အရမ်းကို ပူလောင်တဲ့ ကြယ်အသေးလေး ဖြစ်ပေါ်လာတယ်။ ကြယ်အသေးလေးကို ရွှေ ကျီးကန်းက ဝန်းရံထားတယ်။ ဒီဟာကတော့ ဆိုလာကြယ် ဖြစ်တယ်။
( တရုတ် ဒဏ္ဍာရီတွင် နေကို ရွှေကျီးကန်းဟုလည်း ခေါ်ဆိုသည်။ နောက်ပိုင်း ဂျိနင် အလွန် အစွမ်းထက်လာသည့် အပိုင်းများတွင် ဒဏ္ဍာရီထဲမှ ဟုန်ယွိ၊ စွန်းဝူခုန်း တို့ ပါလာပါလိမ့်မည်။ )
နေကို လက် တစ်ဖက်မှာ ထားပြီး လကို နောက် လက်တစ်ဖက်မှာ။
ကြယ် အလင်းမှုန်တွေက ဝန်းရံထားပြီးတော့ နင်ရဲ့ မျက်နှာဟာ အရမ်းကို အေးချမ်းနေတယ်။
ဒါ..ဒါ…
ရီချွမ်နဲ့ စနိုးတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အလွန် အံ့သြသွားကြတယ်။
"နေကို လက် တစ်ဖက်မှာ ထားပြီး လကို နောက် လက်တစ်ဖက်မှာ? "ရီချွမ် ဘယ်လောက်ပဲ အေးစက်စက် နိုင်နိုင် သူ့ မျက်နှာမှာ အံ့သြတုန်လှုပ်မှုကို မဖုံးကွယ်နိုင်ဘူး။" အော့မန်းတပ် သစ်ပင်က တစ်ဖက်မှာ ပေါက်လာပြီးတော့ ရွှေကျီးကန်းက တစ်ဖက်မှာ ပျံဝဲနေတယ်။?"
"ဒဏ္ဍာရီထဲက နေကို လက် တစ်ဖက်မှာ ထားပြီး လကို နောက် လက်တစ်ဖက်မှာ?" စနိုး သူ့သားလက်ထဲက ကြယ် ပုံစံတူလေးတွေကို စိုက်ကြည့်နေမိတယ်။" ပြီးတော့ အော့မန်းတပ် သစ်ပင်က တစ်ဖက်မှာ ပေါက်လာပြီးတော့ ရွှေကျီးကန်းက တစ်ဖက်မှာ ပျံဝဲနေတယ်။?"
သူတိုဲ နှစ်ယောက်စလုံး အံ့သြမှင်သက် နေမိ ကြတယ်။ ပြောရရင်တော့ သူတို့ နှစ်ယောက်စလုံးက ဒီ အကြောင်းတွေကို သာမာန် လူတွေထက် ပိုသိပြီးသားပါ။ ဒီ ကျမ်းကိုလည်း အစအဆုံး ဖတ်ထားပြီးသား။ ဒီလို မြင်တွေ့ ရတာဟာ ဘယ်အဆင့် ရောက်နေပြီလည်းဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) ဟာ ကျင့်ဖို့ အလွန် ခက်ပြီးတော့ တိုးတက်ဖို့လည်း အရမ်း နှေးပါတယ်။
ကျင့်စဉ်အစမှာ စတင်ပုံ ဟာလည်း အမျိုးမျိုးရှိတယ်။
ပထမ စတင်ပုံ တစ်ခုက ကြယ် အလင်းမျှင် ဖြစ်ပေါ်ခြင်းလို့ခေါ်တယ်။ ကြယ် အလင်းတန်း မျှင်လေး နှစ်ခုဟာ ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းလေး စီးဝင်သွားတယ်။ ဒါကတော့ အညံံ့ဆုံး ကျင့်စဉ် စတင်ပုံဖြစ်ပြီး ဒီလိုစတင်သူဟာ တိုးတက်ရာမှာ အလွန့် အလွန်ကို နှေးကွေးပါတယ်။
ဒုတိယ စတင်ပုံ တစ်မျိုးကတော့ ကြယ် အလင်းတိမ်တိုက်လို့ ခေါ်တယ်။ ကြယ် အလင်းတန်းတွေ အများကြီးဟာ ခန္ဓာကိုယ်ဘေးမှာ တိမ်တိုက်သဖွယ် ဝန်းရံထားကြတယ်။ ဒါလို စတင်ရင်တော့ အခြေ အနေ မဆိုးဘူးပြောနိုင်တယ်။
တတိယ စတင်ပုံကတော့ ကြယ် အလင်းတန်း လေပွေ၊ နေကို လက် တစ်ဖက်မှာ ထားပြီး လကို နောက် လက်တစ်ဖက်မှာထားခြင်း။ လို့ ခေါ်ကြတယ်။ မရေမတွက်နိုင်တဲ့ ကြယ်အလင်းတန်းတွေက ဟာ လေဆင်နှာမောင်းသဖွယ် ခန္ဓာကိုယ်ဘေးမှာ ဖြစ်ပေါ်လာပြီးတော့ ဘယ်ဘက်လက်မှာ လကြယ် နဲ့ ညာဘက်လက်မှာ နေကြယ် ဖြစ်ပေါ်လာတယ်။ ဒါကတော့ အထွဋ်အထိပ် အဆင့် အခြေအနေပဲ။ ဒါပေမဲ့ ဒီ ကြယ်ပုံစံတူ နှစ်ခုဟာ အရမ်းကို အစစ်နဲ့ တူလွန်းပြီးတော့ အော့မန်းသပ် သစ်ပင်ကို လပေါ်မှာ မြင်ရပြီး ရွှေကျီးကန်းကို နေပေါ်မှာ မြင်ရတဲ့ အဆင့်ကိုတော့ ဒဏ္ဍာရီထဲမှာသာ ကြားဖူးတဲ့ အလုံးစုံ ပြည့်စုံနေတဲ့ အဆင့်လို့ ပြောနိုင်တယ်။
ဒီလို အဖြေမျိုးတွေ့ရတာကလည်း သိပ်တော့ အံ့သြစရာ မကောင်းလှပါဘူး။
နင်က နုဝါရဲ့ ပုံရိပ်ဖော် ပန်းချီကားကျင့်စဉ်ကို မွေးကတည်းက လေ့ကျင့်ထားတာဆိုတော့ အရမ်းကို ပြည့်စုံနေတာပါ။ ဒီကျင့်စဉ်က ဒီဗာ လောကမှာတောင် နံပါတ်တစ်ကျင့်စဉ်လို့ ပြောလို့ ရတယ်။ ပြီးတော့ နင်က အခု စိတ်ကိုတောင် နှစ်ပိုင်းခွဲလို့ ရနေပြီ။ သူ့ရဲ့ စိတ်ဟာ ဘယ်လောက် အစွမ်းထက်နေပြီလည်းဆိုတာ မှန်းလို့ ရပါတယ်။ ပြီးတော့ မွေးကတည်းက သူ့ ခန္ဓာကိုယ်ဟာ  သဘာ၀ စွမ်းအင်တွေနဲ့ အမြဲတမ်း သန့်စင်နေတာဆိုတော့ အခုအချိန်မှာ သူ့ ခန္ဓာကိုယ်မှာ မကောင်းမှုတွေ မရှိပဲ မွေးကာစကလေးငယ်လို လုံး၀  ဖြူစင်နေပါတယ်။ သူ့ ခန္ဓာကိုယ် ဖြူစင်မှုဟာ ဇင်တျန် သက်ရှိ အဆင့် လောက်နဲ့ ကို တူညီနေပါပြီ။
သူ့ ခန္ဓာကိုယ်ဟာ ဇင်တျန် သက်ရှိလို သန့်စင်နေပြီး သူ့ စိတ်ဟာ နှစ်ပိုင်းခွဲလို့ ရနေပြီ။
ဒီ အစွမ်းနှစ်ခု ပေါင်းတာနဲ့ သူဟာ ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ် အတွက်ကို စတင်ဖို့ အကောင်းဆုံး အဆင့်ကို ရောက်နေပါပြီ။
စနိုး အရမ်း စိတ်လှုပ်ရှားလို့ ခန္ဓာကိုယ် တဆတ်ဆတ်တုန်လာပြီး မျက်နှာ အနည်းငယ် နီ သွားပါတယ်။
“ကျွန်မတို့ သားမှာ ဒီလို သဘာဝက ပေးတဲ့ လက်ဆောင်မျိုး ရှိနေတာ ၊ ရီချွမ်ရေ နေကို လက် တစ်ဖက်မှာ ထားပြီး လကို နောက် လက်တစ်ဖက်မှာထားပြီး အော့မန်းသပ် သစ်ပင်ကို လပေါ်မှာ မြင်ရပြီး ရွှေကျီးကန်းကို နေပေါ်မှာ မြင်ရတဲ့ အဆင့် ဆိုတာ။ ဒါ ဒဏ္ဍာရီထဲက အဆင့်ပဲ။ ငါတို့သားလေးဟာ ဒီ [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်)ကို သူပြီးဆုံးအောင် လေ့ကျင့်နိုင်လိမ့်မယ်။”
ရီချွမ်လည်း အရမ်းကို ဝမ်းသာနေတယ်။
“သူ့သားလေး မွေးလာတုန်းက သူ့သားရဲ့ သွေးကြောမကြီးက အရမ်းကို အားနည်းနေပြီး သူ့ အရိုး အဆစ်တွေက သာမာန် လောက်ပဲဆိုတာ သတိထားမိတယ်။ သူ့သားလေး မမွေးခင် သန္ဓေသားတုန်းက ဒဏ်ဖြစ်ဖူးကြောင့် သူ နားလည်ပေမဲ့ သူ စိတ်ညစ်မိတယ်။ ဒီလို လူ အချင်းချင်း သတ်ဖြတ်နေတဲ့ ခေတ်ကြီးမှာ အစွမ်း မရှိသူတစ်ယောက်ဟာ သာယာတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ခက်ခဲ လွန်းပါတယ်။ သူမသေခင် မှာ သူ့သားကို ကာကွယ်ပေးနိုင်ပေမဲ့ သူ သေသွားတဲ့ အခါဆိုရင်ကော?”
ရီချွမ် သူ့မိန်းမကို ဖက်ပြီးတော့ ဒါ ငါ့ တို့ သားလေး၊ ငါတို့ သားလေး လို့ ဝမ်းသာအားရ အော်လိုက်ပြီး နင်ကို ကြည့်နေမိတယ်။ မိဘက သားသမီးကို နဂါးတစ်ကောင်လို ပျံဝဲနေတာ မမြင်ချင်တာ ဘယ်မှာ ရှိလို့လဲ။
….
နင်ဟာ နေကို လက်ဖက် လကို လက်တစ်ဖက် ဆက်ကိုင်ထားပြီးတော့ တရားဆက်ထိုင်နေတယ်။
ဒီကြယ် နှစ်ခုက စွမ်းအင်တွေဟာ နင် ခန္ဓာကိုယ်ထဲကို အဆင်မပြတ် စီးဝင်နေတယ်။ ဒီစွမ်းအင်တွေကို နင်ရဲ့ ခန္ဓာကိုယ်က ဆဲလ်တွေက အငမ်းမရ စုပ်ယူနေပြီးတော့ သူ့ကြွက်သားတွေ အရိုးအဆစ်တွေဟာ ချက်ခြင်း ပြောင်းလဲလာတယ်။
ဝှစ်.. ရေခဲလွှာလေးတစ်ထပ် နင်ရဲ့ သားမွေး အကျီၤ ပေါ်ကို ဖုံးအုပ်သွားတယ်။ ကလစ်..ကလစ်… ချက်ခြင်းပဲနင်ရဲ့ ကျောဘက်မှာ အဝတ်အစားတွေကို မီးလောင်လာတယ်။
ရေခဲ နဲ့ မီးတောက်…
ရီချွမ်းက လက်ညိုးက အလင်းတန်းနဲ့  နင်ရဲ့ ကျောဘက်ကို ညွှန်လိုက်တယ်။ သူ့မီးလောင်နေတဲ့ အကျီၤ ပြုတ်ကျသွား ပြီး နင်ရဲ့ ကျောပြင် ပေါ်လာတယ်။ သူ့ကျောပြင်မှာ ဘယ်ဘက်မှာ ငွေရောင် အလင်းတွေ ထွက်နေပြီး ညာဘက်မှာတော့ ရွှေရောင် အလင်းတွေ ထွက်နေတယ်။
ဘယ်ဘက်က ရေခဲဘက်ဖြစ်ပြီး ငွေရောင် အလင်းတန်းတွေဟာ တဖြည်းဖြည်း င်္သကတ တွေ ဖြစ်သွားကြတယ်။
ညာဘက်က တောက်လောင်နေတဲ့ ဆီက ရွှေရောင် အလင်းတန်းတွေကလည်း င်္သကတတွေ ဖြစ်သွားကြတယ်။
စနိုး ရေရွတ်လိုက်တယ်။
“Divine တက်တူး! သူ ပထမဆုံး လေ့ကျင့်တာတောင် ဒီ တက်တူးတွေ ဖြစ်ပေါ်လာတယ်။ ဒီ နှုန်းအတိုင် တက်တူး ဆက်ဖြစ်နေရင် ၁၀ ရက်လောက်ဆိုရင် တက်တူး အပြည့်အ၀ ဖြစ်ပေါ်မှုပြီးလောက်ပြီ။ ဒါဆို [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်) ရဲ့ ပထမ အဆင့် အောင်မြင်သွားပြီ။”
ရီချွမ်ထောက်ခံလိုက်တယ်။
“မှန်တယ်။”
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတယ်..
နင်ရဲ့ ကျောပေါ်က နတ်ဘုရား တက်တူးတွေ ဆက်ပြီး တောက်ပနေကြတယ်။ ကြည့်ပြီး ပြောနိုင်တာကတော့ ဘယ်ဘက် အခြမ်းက ယုန်ကလေးပေါ်နေပြီး ညာဘက်တော့ ရွှေကျီးကန်းပုံပေါ်လာတာပဲ။
အံ့ခမန်းဖွယ် နတ်ဘုရား တက်တူး နှစ်စုံ။ တစ်ခုက လနတ်ဘုရားတက်တူးဖြစ်တဲ့ လ ပေါ်က ယုန် ဖြစ်ပြီး နောက်တစ်ခုက တော့ နေနတ်ဘုရား တက်တူးဖြစ်တဲ့ ရွှေကျီးကန်းပါ။
“ဟူး..”
နင် ရုတ်တရက် မျက်စိဖွင့်ပြီး သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်တယ်။ သူ့ကျောပေါ်က နတ်ဘုရား တက်တူးတွေ ပျောက်ကွယ်သွားတယ်။ လက်နှစ်ဖက်ထဲက နေနဲ့ လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ ဒီလုဖြစ်တာတွေ့တော့ နင် အံ့သြသွားတယ်။ သူက [Crimsonbright Diagram of the Nine Heavens] (အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ်)ကို သေချာဖတ်ပြီးတော့ နေကို လက် တစ်ဖက်မှာ ထားပြီး လကို နောက် တစ်ဖက်မှာ ကိုင်ပြီး အော့မန်းသပ် သစ်ပင်ကို လပေါ်မှာ မြင်ရပြီး ရွှေကျီးကန်းကို နေပေါ်မှာ မြင်ရတဲ့ အဆင့်ကို ဆိုတာ ဘယ် အခြေအနေလည်း ဆိုတာ သူနားလည်ပါတယ်။
“ဘယ်လောက်တောင် အစွမ်းထက်တဲ့ အားလည်း။” နင် လက်သီး ဆုပ်လိုက်ပြီးတော့ သူ့ခန္ဓာကိုယ်မှာ ခွန်အားတွေ အများကြီး တိုးပွားလာခံစားလိုက်ရတယ်။ “ငါ အခုမှ ၄နှစ် အရွယ် ကလေးပဲ ရှပြီးတော့ ဖင်းဂေါ့ ကျင့်စဉ်စကျင့်တာ ဒီလောက်တောင် ငါ ခွန်အားကြီးလာတယ်။”
ရုတ်တရက် အေးစက်စက် အသံ ထွက်လာတယ်။
“အဝတ်တွေ လဲ လိုက်ပါ။” ရီချွမ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တော့ ကလေးသားမွေး ဝတ်စုံတစ်စုံထွက်ပေါ်လာတယ်။ နင်ဆီကို ပစ်ပေးလိုက်တယ်။
“ဟုတ်ကဲ့”
နင် ကမန်းကတန်း ကောက်ဝတ်လိုက်တယ်။
စနိုးကတော့ သူ့သားလေးကို ပျော်မဆုံးပဲ ကြည့်မ၀ ဖြစ်နေတယ်။ သူ့သားဟာ သူ့အတွက် ဂုဏ်ယူစရာ ဖြစ်စေခဲ့ပြီ။ သူမွေးဖွားလာတုန်းက သူ့ အနာဂတ် အတွက် စိုး ရိမ် ခဲ့ ရတယ်။ အခုတော့ သူ့သားရဲ့ အရည်အချင်းတွေကို တွေ့လိုက်ရပြီ။ အမေတစ်ယောက် အနေနဲ့ နှလုံးပီတိ ဂွမ်းဆီထိ ဖြစ်သွားရပြီ။
“နင်” ရီချွမ် ခေါ်လိုက်တယ်။
“အဖေ ။”
“သားရဲ့ အရည်အချင်းဟာ သာမာန် မဟုတ်ပါဘူး။ ဒါပေမဲ့ သာမာန်လူသားကနေ ဇင်တျန် သက်ရှိအဖြစ်ကို ရောက်ချင်ပြီး အင်မော်တယ် ဖြစ်ချင်ရင်တော့ ဒီတစ်ခုတည်းနဲ့ မလုံလောက်သေးဘူး။ သားအကောင်းဆုံး ဖြစ်တဲ့ သင်ကြားမှုတွေကို ရဖို့ လိုအပ်တယ်။”
“အဖေကျွန်တော့ကို သင်ကြားပေးပါ။ “သူ ဦးညွတ်ပြီး ပြောလိုက်တယ်။
“စနိုးရေ။” ရိချွမ် စနိုးကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ စနိုး လက်စတ်ဖက် ယမ်းလိုက်တာ ပစ္စည်း ၂ခု ပေါ်လာတယ်။ တစ်ခုကတော့ လက်သည်းခွံ အရွယ်ရှိတဲ့ အစိမ်း ရောင်ရင့်ရင့် ကျောက်မျက်တုံး ပါ။ နောက်တစ်ခုကသက်တံ့ရောင်လက်နေတဲ့ လက်သီးဆုပ်အရွယ် ကျောက်တုံးပါ။
“ဒီ အစိမ်းရင့်ရောင် ကျောက်မျက် ကို ကေ ကျောက်တုန်းလို့ လူသိများကြတယ်။ ဒါက သဘာ၀ အတိုင်းဖြစ်ပေါ်နေတဲ့ ကျောက်ဖြစ်ပြီး သူ့အထဲမှာ သီးသန့် နေရာတစ်ခုပါတယ်။ ဒီကျောက်လေးကို လက်စွပ်တွေမှာ တပ်ဆင်ပြီးတော့ ပစ္စည်း အသေးလေးတွေ ထည့်ဖို့ အသုံးပြုနိုင်တယ်။ ဒါမှမဟုတ် ခါးပတ်ထဲမှာ သိမ်းပြီးတော့ အသုံးပြုနိုင်တယ်။ သားလုပ်ရမှာကတော့ သားရဲ့ သွေးစက်နဲ့ ဒီပစ္စည်းကို ကိုယ်ပိုင်ဖြစ်အောင် ပေါင်းစပ် လိုက်ဖို့ပါပဲ။”
နင်ပျော်ရွှင်သွားတယ်။
“ကေကျောက်တုန်း”
“အင်မော်တယ်လမ်းကို လျှေက်လှမ်းရာမှာ လမ်း နှစ်သွယ် ရှိတယ်။ ခန္ဓာကိုယ် ကျင့်စဉ်နဲ့ ကီကျင့်စဉ်။
ခန္ဓာကိုယ် ကျင့်စဉ်ကျင့်သူတွေဟာ ဖင်းဂေါ့လမ်းကို လျှောက်လှမ်းကြသူတွေ ဖြစ်ပြီး သူတို့တွေက တန်ခိုးရှိ ရတနာ ပစ္စည်းတွေကို အသုံး မပြုနိုင်ကြပါဘူး။”
“ကီကျင့်စဉ် ကျင့်သူတွေကတော့ ဇင်တျန် သက်ရှိဖြစ်သွားတာနဲ့ အဆင့်နိမ့် ရတနာ တချို့ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ရတနာ ပစ္စည်းတွေကို အသုံးပြု ရာမှာ အနိမ့်ဆုံး ရတနာ ပစ္စည်းရဲ့ အနည်းဆုံး လိုအပ်ချက်က ဇင်တျန်အဆင့် ရောက်တဲ့ ကီကျင့်သူဖြစ်ရမှာပါ။ ဒါကြောင့် ဖင်းဂေါ့ ကျင့်စဉ် ကျင့်သူတွေက ကီ ကျင့်စဉ်ကိုလည်း တစ်ပြိုင်တည်း ကျင့်ကြပါတယ်။”
“ဒါပေမဲ့ ကောင်းကင်က လူတိုင်းကို အခွင့်အရေး ပေးထားပါတယ်။”
“တစ်ချို့ သဘာ၀ အလျောက် ဖြစ်ပေါ်လာတဲ့ ပစ္စည်းတွေမှာ တခြားဘာစွမ်းအားမှ သုံးဖို့ မလိုပဲ သွေးနဲံ့ပဲ ပေါင်းပြီးတော့ ထိန်းချုပ်လို့ ရပါတယ်။ ကေကျောက်တုန်းကလည်း ဒီ အမျိုးအစားထဲမှာ ပါပါတယ်။”
“ဒါကို အရင် ပေါင်းလိုက်ပါဦး။”
စနိုးက ပြောလိုက်တယ်။
“ဟုတ်ကဲ့ အမေ။ “နင် လက်ခံလိုက်တယ်။ သူ မတုန့်ဆိုင်းနေပဲ လက်ချောင်းထိပ်ကို ဓားမြှောင်နဲ့ ဖောက်လိုက်ပါတယ်။ သွေးတစ်စက် ကျသွားပြီးတော့ ကေကျောက်တုန်းက သွေးစက်ကို စုပ်ယူသွားပါတယ်။ ကေကျောက်တုန်း သွေးရောင် နည်းနည်း ပေါ်လာတယ်။
“အထဲ ဝင်စမ်း။” နင်က စိတ်ထဲကနေညွှန်ကြားလိုက်တဲ့အခါ ဓားမြှောင်က ပျောက်ကွယ်သွားပြီး ကေကျောက်တုန်းထဲက နေရာလွတ်ထဲ မှာ ပေါ်လာပါတယ်။
“ထွက်လာခဲ့စမ်း။” ဓားမြှောင် သူ့လက်ပေါ်မှာ ပေါ်လာပါတယ်။
“ဘယ်လောက်တောင် မှော်ဆန်လိုက်တာလည်း။”
သူ အရင်ကတည်းက ဒီလို ထည့်စရာပါတဲ့ သဘာ၀ ကျောက်တွေ ရှိနေတာ ကြားဖူးပါတယ်။ သူတို့တွေက လူတွေပြုလုပ်ထားတဲ့ ကွက်လပ် အကျယ်ကြီး ပါတဲ့ ရတနာတွေနဲ့ တော့ မတူကြပါဘူး။ ကေ ကျောက်တုံးဟာ သဘာဝအတိုင်းဖြစ်လို့ နေရာလွတ် အသေးလေးသာ ပါပါတယ်။ တစ်ချို့ ကျောက်လေးတွေက လက်သီးဆုပ်၊ ဦးခေါင်း အရွယ် လောက်သာ နေရာလွတ် ရှိပါတယ်။ မီတာ တစ်ဝက် အရွယ်လောက် ရှိတဲ့ ဒီ ကျောက်တုံးဟာ အလွန် အဖိုးတန်ပါတယ်။
“အမေ။ ကျွန်တော့ရဲ့ ကေကျောက်တုံး ထည့်ဖို့ ခါးပါတ်လေး လုပ်ပေးပါလား။”
စနိုး ခေါင်းညိတ်လိုက်တယ်”။ ရပါတယ်။ဒီကေကျောက် ဟာ အဖိုးတန်တယ်လို့ ပြောလို့ ရပေမဲ့ ငါတို့ ဂျိကလန်အတွက်တော့ သိပ်တန်ဖိုး မရှိပါဘူး။ မင်း အဖေရဲ့ အဆင့်အတန်းနဲ့ဆိုရင် စကားထဲ ထည့်ပြောဖို မလိုပါဘူး။ ဒါပေမဲ့ နောက် ရတနာကတော့ မင်းအဖေ အသက်နဲ့ရင်းပြီးမှ ရလာခဲ့တာပါ။”
စနိုးက လက်သီးဆုပ် အရွယ် သက်တံ့ရောင် ဖြာထွက်နေတဲ့ ကျောက်ကို လှမ်းပေးလိုက်တယ်။
“ဒါကိုလည်း ပေါင်းလိုက်ပါ။”
နင် လက်ချောင်းထိပ်ကို ဖောက်လိုက်ပြီး ကျောက်တုံပေါ်ကို သွေးစက်တစ်စက် ချလိုက်ပါတယ်။ ကျောက်တုံးက သွေးစက်ကို စုပ်ယူသွားတယ်။ ကျောက်တုံးထဲမှာ သွေးကျောမျှင်လေးတွေ အများကြီး ပေါ်လာတာ မြင်လိုက်ရတယ်။ ပြီးတော့ ကျောက်တုံးဟာ အရည် ဖြစ်သွားပြီး နင်ဆီကို စီးသွားပါတယ်။
နင် ခန္ဓာကိုယ် တစ်ခုလုံး အေးစက်သွားတယ်။
“ဒါက ဘာပါလိမ့်”
“ဒါကလည်း ကေကျောက်လိုပဲ သဘာ၀ ရတနာပါ။ ဒီ ရတနာ နာမည်က ရွှေရောင် ဝတ်စုံလို့ ခေါ်တယ်။ သား ဒါကို ပေါင်းပြီးတာနဲ့ ချက်ခြင်း အသုံး ပြုနိုင်တယ်။ ဒီရတနာဟာ ကိုယ်ထဲကို စီးဝင်ပြီး ပိုင်ရှင်ရဲ့ အရေပြားတစ်စိတ်တစ်ပိုင်း ဖြစ်သွားတယ်။ ဒီ ရွှေဝတ်စုံ အကာအကွယ် ရှိရင် ဇင်တျန် သက်ရှိအောက် အဆင့်ရှိတဲ့ ဘယ်သူမဆို သားရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်ဘူး။”
“အရမ်း အစွမ်းထက်တာပဲ။”
နင် အံ့သြသွားတယ်။
သူဘယ်စာအုပ်မှာမှ မဖတ်ဖူးဘူး။
ရီချွမ်ပြောလိုက်တယ်။
“ဖင်းဂေါ့ ခေတ်ထဲက ရှိတဲ့ ဒါဆီယန် မင်းဆက်အုပ်ချုပ်တဲ့ နယ်မြေဟာ အလွန်ကို ကျယ်ပြန့်လှတယ်။ ဒီချိုင့်ဝှမ်းဒေသမှာတော့ ငါတို့ ဂျိကလန်က အရမ်းကို ကျော်ကြားပါတယ်။ ဒါပေမဲ့ အလွန်အလှမ်းဝေတဲ့ ဒေသတွေမှာ ငါတို့ ဂျိကလန်ထက် အစွမ်းထက်တဲ့ သူတွေ အများကြီး ရှိနေပါတယ်။ တစ်ချို့ ရှေးကျပြီး အလွန် အစွမ်းထက်တဲ့ ကလန်တွေမှာ အလားအလာ ကောင်းတဲ့ မျိုးဆက်သစ်လေးတွေ ကို ကာကွယ်ဖို့ ငယ်စဉ်တည်းက ရွှေဝတ်စုံ ပေးထားကြပါတယ်။”
နင် မင်သက်အံ့သြသွားတယ်။ သူအဖေကို ကြည့်ပြီး ရင်ထဲ နွေးထွေးသွားတယ်။
သူ့မိဘတွေက သူ့အပေါ် အရမ်း ချစ် ကြတာပဲ။
ဆက်ပါဦးမည်>>>>>>
မူရင်း စာရေးဆရာ : I Eat tomatoes
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Comments
Popular posts from this blog
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 1 Chapter 1 သေသူတို့ နေထိုင်ရာအရပ် (land of the dead)
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် 3 Chapter 1 (နှလုံးသား မှ လူသတ်ငွေ့)
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 2 Chapter 8 ( ဂျိနင်ဓား..)