ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 2 ( ဘ၀ျပန္ ၀င္စားျခင္း)


အခန္း ၂ ( ဘ၀ျပန္ ၀င္စားျခင္း) 
Chapter 2 ( Reincarnation)

“ခ်ိဳင္သခင္ရဲ့ အမိန္႕နဲ႕ ငါမင္းကို ေရပန္း၀ါလမ္းကို လိုက္ပို႕ေပးဖို႕ လာခဲ့တာပဲ။”
ဂ်ိနင္လက္ကို ဆြဲထားျပီး ေလထဲမွာ ပ်ံသန္းျပီးေနတဲ့ ခရမ္းေရာင္၀တ္ မိန္းမပ်ိဳက ေျပာလိုက္တယ္။
ဂ်ိနင္ သူ႔ ပတ္၀န္းက်င္ကို အကဲခတ္လိုက္တယ္။
“ခုနကပဲ သူ ခ်ိဳင္သခင္ရဲ႕ နန္းေတာ္ထဲမွာ ရွိေသးတယ္။ ရုတ္တရက္ၾကီး ဘယ္လိုလုပ္ ေလထဲမွာ ရပ္ေနလ်က္သား ျဖစ္ေနရတာလဲ?”
“ကၽြန္ေတာ္ တစ္ခုေလာက္ ေမးခြင္႔ရွိမလား မသိဘူး။ ခ်ိဳင္ သခင္ဆို တာ ဘယ္သူလဲ ခင္ဗ်။”
“ကၽြန္ေတာ္ ၾကားဖူးတာက ဘ၀သစ္ ျပန္မ၀င္စားခင္မွာ ယမမင္းနဲ႕ ေတြ႕ရတယ္ဆို? ယမမင္းက အတိတ္ေတြကို စစ္ ေဆးျပီးေတာ့မွ အမိန္႕ ခ်မွတ္တယ္ဆို?”

“မင္းယမမင္းကို ေတြ႕ခဲ့ျပီးတာကို မသိဘူးလား။” ခရမ္းေရာင္၀တ္ မိန္းမပ်ိဳက ရယ္ေမာျပီး ေျပာလိုက္တယ္။
“ေသျခင္း ရွင္ျခင္း ကံၾကမၼာ စာအုပ္ကို လက္၀ယ္ရွိသူတစ္ေယာက္ အေနနဲ႕ ခ်ိဳင္သခင္ဟာ ငရဲရဲ႕ ပထမဆံုး တရားသူၾကီးပဲ။”
“သူကိုယ္တိုင္ေတာင္ မင္းကို စစ္ေဆးဖို႕ လာတယ္ဆိုေတာ့ တျခား ပံုမွန္ ယမမင္းေတြ လာဖို႕ မလိုေတာ့ဘူးေလ။”
“ငရဲျပည္ရဲ႕အျမင့္ဆံုး အာဏာရွိသူက ခန္းမၾကီး ၁၀ ခုက ယာမ ဘုရင္၁၀ ပါးပဲ။ သူတို႕ရဲ႕ ေအာက္တဆင္႕မွာ အျမင့္ဆံုးက အာဏာရွိသူက ေသသူတို႕ရဲ့ ပထမဆံုး တရားသူၾကီး ခ်ိဳင္သခင္ပဲ။ သူ႕ရဲ႕ ေက်ာ္ၾကားမွဟာ အလႊာ ၃ လႊာ စၾကာ၀႒ာ မွာ မသိသူ မရွိသေလာက္ေအာင္ ပ်ံ႕ႏွံ႕ ေနတာ ၾကာခဲ့ျပီ။”
“သက္ရွိေတြ ေနတဲ့ စၾကာ၀ဠာနယ္ပယ္မွာ ႏႈိင္းယွဥ္လို႕ မရေအာက္ က်ယ္ျပန့္တယ္။ အဲ့ဒီမွာ အဓိက ကမာၾကီး သံုးေထာင္ နဲ႕ ထရီလီယံ (a million million million)( trillion ) ခ်ီတဲ့ ကမာ ငယ္ေလးေတြ မေရတြက္ႏိူင္ေအာင္ ရွိတယ္။ အဲ့ဒီမွာ ရွိတဲ့ သက္ရွိမွန္သမွ်ရဲ႕ ေကာင္းမႈ ၊ မေကာင္းမႈေတြကို ယမမင္းေတြ က စစ္ေဆးေပးရတယ္။ဘယ္ေလာက္ထိေတာင္ မ်ားျပားလွတဲ့ အလုပ္ေတြလဲ။ ဒါေၾကာင့္မို့လို႕ ငရဲျပည္မွာ ယမမင္းေတြ မေရမတြက္နုိင္ေအာင္ ထရီလီယံ ပမာဏေလာက္ရွိတယ္။ သူတို့ဟာ ထရီလီယံ (a million million million)( trillion ) ခ်ီတဲ့ ကမာ ငယ္ေလးေတြက ၀ိဥာဥ္ေတြကို တာ၀န္ယူ စီရင္ခ်က္ခ်ရတယ္။”
“ဒါေပမဲ့ ခ်ိုဳင္သခင္က ယမမင္းအားလံုးရဲ႕ ေခါင္းေဆာင္ျဖစ္ျပီးေတာ့ ပထမဆံုး တရားသူႀကီးလို႕ နာမည္တြင္ခဲ့တယ္။
သူဟာ ေသျခင္း ရွင္ျခင္း ကံၾကမၼာ စာအုပ္ရဲ႕ တစ္ဦးတည္းေသာ ပိုင္ရွင္လည္းလည္း ျဖစ္တယ္။
သူ႕အစြမ္းဟာ အလြန္ႀကီးမားလို႕  ငရဲျပည္ရဲ႕အျမင့္ဆံုး အာဏာရွိသူက ခန္းမၾကီး ၁၀ ခုက ယာမ ဘုရင္၁၀ ပါး နဲ႕ အဆင့္ျခင္း တူညီသူ တစ္ေယာက္လည္းျဖစ္တယ္။”
မိန္းမပ်ိဳက ၀ိဥာဥ္ေတြ မ်ားၾကီး တန္းစီေနတဲ့ လမ္းမက်ယ္ႀကီးကို ညႊန္ျပျပီးေတာ့ ေဟာဒါက အ၀ါေ၇ာင္ ေရပန္းလမ္းမၾကီးပဲလို႕ ေျပာလိုက္တယ္။
“မင္းဒီလမ္းအတိုင္း ဆက္ေလွ်ာက္သြားရင္ ေမွ်ာ္လင့္ခ်က္မဲ့ တံတားကို အျမန္ဆံုးေရာက္သြားလိမ့္မယ္။ မင္း တံတားကို ျဖတ္ျပီး အဘြးမင္ရဲ႕ သတိေမ့ ေဆးရည္ ေသာက္ျပီးတာနဲ႕ မင္း ဘ၀အသစ္ ျပန္၀င္စားလို႕ရျပီ။
သြားေတာ့”
မိန္းကေလးက လက္ေ၀ွ႕ယမ္းလိုက္တယ္။
ရုတ္တရက္ ေပၚလာတဲ့ေရႊေ၇ာင္ အလင္းတန္းေတြက ဂ်ိနင္ ခႏၶာကိုယ္ကို လႊမ္းျခံဳုသြားျပီးေတာ့ လမ္းမၾကီးမွာ တန္းစီေနတဲ့ သူေတြကိုေက်ာ္ျပီး ေရွ႕ ဆံုးေ၇ာက္ေအာင္ သူကို ပုိ႕ေဆာင္သြားတယ္။
ေရွ႕မွာ ရွိတဲ့ က်ြဲေခါင္းနဲ႕ စစ္သားေတြက ေလထဲက ခရမ္းေရာင္ မိန္းမပ်ိဳကို ေတြ႕လိုက္ေတာ့ ဘာမွ မေျပာရဲေတာ့ဘူး။
သူတို႕ဟာ ဂ်ိနင္ အတြက္ ဂုဏ္ယူစြာနဲ႕ ျပာျပာသလဲ လမ္းျပတစ္ေယာက္ စီစဥ္ေပးလိုက္တယ္။
….
ေရပန္း၀ါလမ္းမဟာ ျမဴႏွင္းေတြ ပိတ္ဆိုင္းလို႕ ေနပါတယ္။
ဂ်ိနင္နဲ႕ မေရမတြက္နိုင္တဲ့ ၀ိဥာဥ္ေတြဟာ သူတို႕လမ္းေၾကာင္းအတိုင္း ေလွ်ာက္လ်က္ရွိတယ္။
သူတို႕ေရွ႕က ျမဴႏွင္းထု သိပ္သည္းလြန္းအားႀကီးတာေႀကာင့္ ေရွ႕မွာ ေလွ်ာက္၀င္သြားတဲ့ ၀ိဥာဥ္ေတြကို ထပ္မေတြ႕ရေတာ့ဘူး။
ဆက္ေလွ်ာက္သြားေလ ေရွ႕မွာရွိတာ ေမွ်ာ္လင့္ခ်က္မဲ့တံတားပဲ လို႕ အနားမွာရွိတဲ့ (minotaur soldier) ကၽြဲေခါင္းစစ္သားက ေျပာလိုက္တယ္။
ဂ်ိနင္ ေခါင္းညိတ္ျပီးေတာ့ ေႏွးေကြးမေနပဲ ျမဴႏွင္းထုထဲ ဆက္ေလွ်ာက္သြားတယ္။ သူ႕ပတ္၀န္းက်င္ နဲ႕ ကာလယႏၱရား  (space time had changed) ေတြ ရုတ္တရက္ေျပာင္းလဲသြားတယ္။ ဂ်ိနင္ ပတ္၀န္းက်င္ကို ေလ့လာႀကည့္ျပီး ဒါဘယ္ေနရာပါလိမ့္လို႕ နားမလည္ႏိုင္ပဲ ေျပာလိုက္တယ္။ သူ႕ေရွ႕မွာ ရွိေနတာကေတာ့ ေလေတြတိုက္ခတ္ေနတဲ့ လမ္းက်ဥ္းေလးရွိေနတယ္။ သူ႕ေရွ႔မွာေတာ့ အေရအတြက္ နည္းငယ္ပဲရွိတဲ႕ ၀ိဥာဥ္ေတြကို ၀ါးတားတား ေတြ႕ရတယ္။ လမ္းေလးရဲ႕ ေရွ႔မွာေတာ့ ေရစီးသန္တဲ့ ျမစ္တစ္ခုကိုေတြ႕ရတယ္။
“ဒါ ဒ႑ာရီထဲက ေမ်ွာ္လင့္ခ်က္မဲ့ တံတားျဖစ္ရမယ္။” သူေရွ႕ဆက္ေလွ်ာက္သြားတယ္။
“ထူးဆန္းလိုက္တာ။”
“ခုနက မေရမတြက္ႏီုင္တဲ့ သူေတြ ဒီေနရာကို ၀င္လာတာပဲ။ ဒါေပမဲ့ ငါေရာက္ေတာ့ ဘာလို႕ လူနည္းနည္းပဲ ေတြ႕ရတာလဲ? “
ေမွ်ာ္လင့္ခ်က္မဲ့တံတားဟာ အျပင္ေလာကနဲ႕ အခ်ိန္ စီးဆင္းမႈမတူတာကို သူဘယ္လိုလုပ္သိမွာလဲ။
ေျပာစကားအရဆိုရင္ နတ္ျပည္မွာ တစ္ရက္ဟာ လူျပည္ မွာတစ္ႏွစ္နဲ႕ေတာင္ ညီတယ္လို႕ ေျပာၾကတယ္။
ေမွ်ာ္လင့္ခ်က္မဲ့ တံတားရဲ႕ အခ်ိန္စီးဆင္းမႈဟာ ပိုျပီး ျမန္ဆန္တယ္။ ငရဲျပည္က တစ္၇က္ဟာ ေမွ်ာ္လင့္ခ်က္မဲ့ တံတားမွာ ႏွစ္ေပါင္းမ်ားစြာနဲ႕ ညီမွ်တယ္။
“အား ၊ အား။”
“ငါေတာင္းပန္ပါတယ္။”
ဂ်ိနင္ တံတားေပၚမွာ ေလွ်ာက္လာေနတုန္း တျခားေဘးဘက္မွာ ေသြးကန္ၾကီးကိုေတြ႕လိုက္တယ္။ ေသြးကန္ၾကီးထဲမွာ ေၾကာက္မက္ဖြယ္ အဆိပ္ပိုးေကာင္ေတြ၊ ေၿမြေတြ၊ နဲ႕ ငရဲေခြးၾကီးေတြဟာ အထဲကလူေတြကို ကိုက္ျဖတ္စားေသာက္ေနၾကတယ္။ ၀ိဥာဥ္ေတာ္ေတာ္မ်ားမ်ားက ေသြးကန္ၾကီးကို ဘာမွမျဖစ္သလို ျဖတ္သြားၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း ေလွ်ာက္ေနရင္းနဲ႔ ျပဳတ္က်သြားက်တယ္။ ေျပာရရင္ေတာ့ ဒီလူေတြဟာ အျပစ္ၾကီးေတြကို က်ဴးလြန္ထားတာေၾကာင့္ ကန္ထဲက်တာကို ေရွာင္လြဲလို႕ မရတာျဖစ္တယ္။
“မင္းတို႕ေတြ ဒီေန႕လို ျဖစ္မယ္ဆိုတာ သိရင္ အရင္က ဒီလိူမ်ိဳး ျပစ္မႈက်ဴးလြန္ ဦးမွာလား? ဂ်ိနင္ ေခါင္း တျငိမ့္ျငိမ့္နဲက တျခားဖက္ကို လွည့္ၾကည့္လိုက္တယ္။”
“အရမ္းလွလိုက္တာ။”
ခြင့္လႊတ္ျခင္း ျမစ္ရဲ႕ တျခားဖက္မွာ လွပတဲ့ ပန္းခင္းၾကီးေတြကို ေတြ႕ရတယ္။
တံတားနဲ႕ မနီးမေ၀းမွာေတာ့ အဖိုးတန္ ေက်ာက္မ်က္ေတြဟာ အေရာင္တဖိတ္ဖိတ္ လက္လ်က္ရွိေနတယ္။ အဲ့ဒီေနရာဟာ ဒ႑ာရီထဲက အသက္သံုးပါးေက်ာက္မ်က္ ရတနာ ေနရာျဖစ္တယ္။ ဒီေနရာမွာ အတိတ္ဘ၀၊ ပစၥဳပၸန္ ဘ၀နဲ႕ ေနာက္ဘ၀ကို ပံုရိပ္ထင္ဟပ္ျပတဲ့ ေနရာျဖစ္တယ္။
အသက္သံုးပါးေက်ာက္မ်က္ ရတနာ ေနရာနဲ႕ မလွမ္းမကမ္းမွာေတာ့ ေက်ာက္ မုခ္ဦး တစ္ခုကို ေတြ႕ရတယ္။
အဲ့ေနရာကေတာ့ ကိုယ့္ရဲ႕ ဇာတိကို ျပန္ၾကည့္ျခင္း လို့႕ ေျပာတဲ့ ေနရာျဖစ္တယ္။ ေက်ာက္မုခ္ဦးကို ၀ိဥာဥ္ေတြ ျဖတ္ျပီးတဲ့ အခါမွာေတာ့ အဘြားမင္ ရွိတဲ့ေနရာကို ေရာက္ရွိသြားလိမ့္မယ္။
အဘြားမင္ ပံုစံကေတာ့ သာမာန္ အဘြားအို ပံုစံပါပဲ။ သူမ လက္ထဲမွာ ေရပန္ကန္ ေလး ကိုင္ထားျပီးေတာ့ ၀ိဥာဥ္တိုင္းကို ပန္းကန္ထဲကေရ လိုက္တိုက္ေနတယ္။ ေရေသာက္ျပီးတဲ့ ၀ိဥာဥ္ေတြဟာ နည္းနည္း ရုန္းကန္မႈျပျပီး တာနဲ႕ သူတို႕ဟာ ဘာမွ မသိေတာ့သလို ေရွတည့္တည့္ ၾကည့္ျပီးေတာ့ ေရွ႕က အဘြားမင္ရဲ႕ ေနာက္မွာရွိတဲ့ ေမြးဖြားျခင္း ဂိတ္ ၆ ေပါက္ ကို အလိုအေလ်ာက္ ေလွ်ာက္ သြားၾကတယ္။
အဘြားမင္ရဲ႕ ေနာက္မွ နက္ရိႈင္းတဲ ဂူေပါက္ေတြ အေနနဲ႕ ေတြ႕ရတဲ့ ေမြးဖြားျခင္း လမ္းေၾကာင္း ၆ ေၾကာင္း  ဒီဗာ (devas) ၊ အဇူရာ (Asuras) ၊ လူသား၊ တိရိစာၦန္ ၊ သရဲ မ်ိဳးႏြယ္ (petra ghost) နဲ႔ ၊ ငရဲေနထိုင္သူ (Hell being) ကို ဂ်ိနင္ စိုက္ၾကည့္ေနမိတယ္။
“ငါ မေသာက္ခ်င္ဘူး။ မေသာက္ခ်င္ဘူး။ ငါ သတိ မေမ့ခ်င္ဘူး ။ သတိ မေမ့ခ်င္လို႕ပါ။”
၀ိဥာဥ္ေတြ အမ်ားစု မေသာက္ခ်င္လို႕ ရုန္းကန္ေအာ္ဟစ္ၾကတယ္။
သူတို႕ေတြ ဘယ္လိုပဲ ရုန္းရုန္း မျမင္နိုင္တဲ့က စြမ္းအားတစ္ခုက သူတို႕ ကို ဆက္ျပီးေတာ့ ေလွ်ာက္သြား ေစတယ္။ သူတို႕ အဘြားမင္ ရဲ႕ ေရွ႕ကို ေ၇ာက္တာနဲ႕ မျမင္နိုင္တဲ့ စြမ္းအင္ေတြကေန ခ်ဳပ္ကိုင္ျပီးေတာ့ အတိတ္ေမ့ ေဆးရည္ကို ေသာက္ေစတယ္။ သူတို႕ေတြ ဘယ္လိုပဲ ေအာ္ဟစ္ ရုန္းကန္ေနပါေစ ေနာက္ဆံုးေတာ့ လည္း ဆးရည္ကို ေသာက္ရတာပါပဲ။ ေဆးရည္ကို ေသာက္ျပီးတာနဲ႕ သူတို႕ ခံစားခ်က္ ဘယ္ေလာက္ ပဲနက္ရႈိင္း နက္ရႈိင္း၊ သူတို႕ ဘယ္ေလာက္ပဲ ဥာဏ္ေကာင္း ဥာဏ္ေကာင္း အကုန္လံုးကို ေမ့သြားခဲ့တာပါပဲ။ ျပီးတာနဲ႕ သူတို႕ဟာ ယခင္က ၀ိဥာဥ္ေတြ မဟုတ္ၾကေတာ့ပါဘူး။
ဂ်ိနင္က “ငါက နတ္ျပည္ (DEVA REALM) ဒီဗာ ရီလမ္ကို သြားမွာပဲ။ ငါ့ရဲ႕ မွတ္ဥာဏ္ေတြကို အသက္ ၁၆ႏွစ္ က်ရင္ ငါ့ဘ၀ေဟာင္းကို ျပန္ မွတ္မိမွာဆိုေတာ့ အဲ့ဒီ အခါက်ရင္ ငါ့ နတ္ျပည္မွာေနတဲ့ ၁၆ႏွစ္ ဘ၀ နဲ႕ ငါ ဆက္ေနရမွာလား ? ဒါမွ မဟုတ္ ငါ့ဘ၀ေဟာင္း က မွတ္ဥာဏ္နဲ႕ သူ ဆက္ျဖစ္နိုင္ မလား? ငါကေကာ ငါကိုယ္တိုင္ ျဖစ္ေနပါ့ဦးမလား” လို႕ ၀မ္းနည္းစြာ ေတြးမိတယ္။
သူနားလည္ပါတယ္။
ဒီဘ၀မွာ သူ ၁၈ႏွစ္ပဲ အသက္ရွင္ခဲ့တယ္။ ဒီဗာ ရီလမ္မွာ သူေနထိုင္တဲ့ ၁၆ႏွစ္အတြင္း မွာ အရင္ဘ၀နဲ႕က မတူပဲ စြမ္းအားေတြ အမ်ားႀကီး ရွိလာလိမ့္မယ္။ သူ႕ ဘ၀ေဟာင္းဟာ အေရးမၾကီးေတာ့ပါဘူး။
ဒါေပမဲ့ ငါ ဘာလုပ္ႏိုင္မွာလဲ။ သူ႕ကို မျမင္ရတဲ့ စြမး္အားေတြက အေရွ႕ တျဖည္းျဖည္း တြန္းပို႕ သြားတယ္။
သူ႕ေရွ႕ က ၀ိဥာဥ္ေတြ အကုန္ အဘြားမင္ရဲ႕ ေဆးေသာက္ လိုက္ၾကရတယ္။၆ ေယာက္ေလာက္ပဲ သူ႕ေရွ႕မွာ က်န္ေတာ့တယ္။
အဘြားမင္ရဲ႕ ေဆးရည္။ အဘြားမင္ကို စိုက္ၾကည့္ေနမိတယ္။
အဲ့ အခ်ိန္မွာပဲ အဘြားမင္ ေခါင္းေမာ့ၾကည့္လိုက္တယ္။ သူ အဘြားမင္ ေမာ့ၾကည့္တာ ပထမဆံုး ျမင္ဖူးတာပဲ။ အဘြားမင္ အလွမ္းေ၀တဲ့ ေနရာက ေကာင္းကင္ကို ၾကည့္ျပီးေတာ့ ေဒါသနဲ႕ ေအာ္ေျပာလိုက္တယ္။ “ရိုင္းစိုင္းတဲ့ ေကာင္ေတြ။”
၀ုန္း
ေကာင္းကင္ၾကီး  တစစီ ပ်က္စီးသေယာင္ ေျမျပင္ၾကီး ကြဲအက္လာသေယာင္ထင္ ရတယ္။ ပတ္၀န္းက်င္ ေကာင္းကင္ၾကီး အက္ကြဲ သြားျပီးေတာ့ အံုးဆိုင္းေနတဲ့ ျမဴႏွင္းထုလည္းရွင္းသြားတယ္။ ျမဴႏွင္းေတြ မရွိေတာ့ ေတာ့ မေရမတြက္နိုင္တဲ့ ၀ိဥာဥ္ေတြ ေပၚလာတယ္။ ေလဟာနယ္ က အက္ကြဲေၾကာင္းၾကီးေတြဟာ ၀ိဥာဥ္ေပါင္းမ်ားစြာကို ဖုန္မႈန္႕ေတြလို ဖ်က္စီးလိုက္တယ္။ ဆပ္ျပာ ပူေဖာင္း ေလးေတြလိုပဲ မေရမတြက္ႏိုင္တဲ့ ၀ိဥာဥ္ေတြ ေၾကာက္လန္႕တၾကား ေအာ္ဟစ္ ေပ်ာက္ကြယ္သြားၾကတယ္။
၀ုန္း….၀ုန္း….၀ုန္း
၀ုန္း….၀ုန္း….၀ုန္း ……….. ေကာင္းကင္မွာ မေရမတြက္ ႏိုင္တဲ့ နဂါး နက္ၾကီးေတြ ေတြ႕ရတယ္။ နဂါးၾကီးေတြ အေကာင္တိုင္းဟာ ေတာင္တန္းၾကီးေတြနဲ႕ေတာင္ ဆင္ေနတယ္။ ဂ်ိနင္ ဟာ ႏွလံုးရပ္သြားေလာက္ေအာင္ ေၾကာက္ဖို႕ေကာင္းတဲ့ နဂါး အေၾကးခြံေတြကိုေတာင္ ေတြ႕ေနရပါတယ္။ နဂါးၾကီးေတြ ျမဴးတူးစြာ ေကာင္းကင္မွာ ပ်ံေနၾကျပီးေတာ့ အနက္ေရာင္ မိုးၾကိဳးေတြကို ပါးစပ္ကေန မႈတ္ထုတ္ေနၾကတယ္။ မ်က္စိ တမွိတ္ အတြင္းမွာကို မေရမတြက္ႏိုင္တဲ့ အနက္ေရာင္ မိုးၾကိဳးေတြ ကို ပစ္ခ်ေနၾကတယ္။ မိုးၾကိဳးေတြဟာ ေကာင္းကင္နဲ႕ ေျမၾကီး ႏွစ္ျခမ္းကြဲေလာက္ေအာင္ အင္အားျပင္းထန္လွတယ္။
ကပ္ေဘး နဂါးရဲ႕ ေသျခင္းရွင္ျခင္း စုေပါင္း သိုင္းကြက္? မင္းတို႕ေတြ ေမြးဖြားျခင္း ဂိတ္ ၆ ေပါက္ကို လာတိုက္ရဲ ေလာက္ေအာင္ အတင့္ရဲလွ ခ်ည္လား။ အဘြားမင္ ေဒါသကို မခ်ဳပ္တည္းနိဳင္ေတာ့ဘူး။ သူမဟာ အလင္းတန္းလို ေျပာင္းလဲသြား ျပီးေတာ့ သန္းနဲ႕ခ်ီတဲ့ နဂါးေတြဆီကို ပ်ံတက္သြားတယ္။ နဂါးေတြဟာ ခ်က္ခ်င္းပဲ အဘြားမင္ကို ၀ုိင္းထားလိုက္တယ္။
အုန္း.. ၀ုန္း… ၀ုန္း…
ကမာၻၾကီးမွာ အက္ေၾကာင္းၾကီးေတြ ေပၚလာျပီးေတာ့ ခြင့္လႊတ္ျခင္း ျမစ္မွာ ေရလႈိင္းေတြ ထန္လာပါေတာ့တယ္။ ေရကို ထိမိတဲ့ ၀ိဥာဥ္ေတြ အကုန္လံုး ခ်က္ျခင္း ေပ်ာက္ကြယ္သြားၾကတယ္။ ေမွ်ာ္လင့္ခ်က္မဲ့ တံတားလညး္ က်ိဳးသြားျပီးေတာ့ ၀ိဥာဥ္ေတြ ျမစ္ထဲ ျပဳတ္က်ကုန္က်တယ္။ ေမြးဖြားျခင္း ဂိတ္ ၆ ေပါက္ရဲ႕ နက္ရႈိင္းလွတဲ့ ဂူေတြဟာလည္း တုန္ခါလာျပီးေတာ့ အထဲကေန အလင္းေရာင္ေတြ ျဖာထြက္လာၾကတယ္။
“အို..”
ဂ်ိနင္ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ကပ္ေဘးကို မ်က္ျမင္ေတြ႕လိုက္ရတယ္။ အဲ႔ဒီ အခ်ိန္မွာပဲ ၀ိဥာဥ္ေတြကို ထိန္းခ်ဳပ္ထားတဲ့ အင္အားေတြဟာလည္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားတယ္။
“ငါစြန္႕စားမွ ရမယ္။”
ခ်ဳပ္ေနွာင္ထားတာ ကြယ္ေပ်ာက္သြားတာေၾကင့္ ဂ်ိနင္ အ့ံၾသ ၀မ္းသာသြားတယ္။ သူ အေျပးတစ္ပိုင္း နဲ႔ ေမာ္တယ္ ရီလမ္ (MORTAL REALM) ဂူေပါက္ကို ခုန္၀င္လိုက္တယ္။ ေမြးဖြားျခင္း ဂိတ္ ၆ ေပါက္ ဟာ တစ္ခုနဲ႕ တစ္ခု အေတာ္ အလွမ္းေ၀းတယ္။ ျပီးေတာ့ ေတာ္ေတာ္မ်ားမ်ားက သက္ရွိ ကမာၻ ေမာ္တယ္ ရီလမ္ (MORTAL REALM) ကို ျပန္၀င္စားၾကေတာ့ သူ႕ဂိတ္ေပါက္၀က အဘြားမင္ရဲ႕ ေနာက္မွာ ရွိေနတာေၾကာင့္ ဂ်ိနင္နဲ႕ အနီးဆံုးျဖစ္ေနတယ္။ ဒါေၾကာင့္ ဘယ္လိုဘဲျဖစ္ျဖစ္ ဂ်ိနင္ အဲ့ ဂိတ္ကိုပဲ ခုန္၀င္ရမွာပဲ။
တျခား ၀ိဥာဥ္ေတြလည္း အနီးဆံုး ေနရာေတြကို ခုန္၀င္ၾကရတယ္။ တခ်ိဳ႕ ၀ိဥာဥ္ေတြက အေ၀းဆံုးေနရာက ဒီဗာ ရီလမ္ (deva realm) ကို ခုန္၀င္ဖို႕ ေျပးလႊားသြားၾကတယ္။ ဒါေပမဲ့ နဂါးေတြရဲ႕ အနက္ေရာင္မိုးၾကိဳး က အဲ့ဒီေနရာနားကို က်လာတဲ့အတြက္ ပတ္၀န္းက်င္က ၀ိဥာဥ္ေတြပါ ပ်က္စီးေပ်ာက္ကြယ္သြားၾကတယ္။
……………………
ငရဲျပည္မွာ ဘာေတြျဖစ္ေနၾကတာပါလိမ့္။ မေရမတြက္နိဳင္တဲ့ နဂါးနက္ေတြဟာ ေကာင္းကင္မွာ လွည့္ပတ္ပ့်ံသန္းေနၾကတယ္။ ထရီလီယံ မေရမတြက္ႏိုင္တဲ့ ပမာဏ ရွိတဲ့ မိုးၾကိဳးနက္ေတြဟာ မာန္ဟုန္ျပင္းစြာ ပစ္ ေနတဲ့ အတြက္ေၾကာင့္ ဂ်ိနင္ အရမ္း ေၾကာက္လန္႕ တုန္လႈပ္ေနတယ္။ ဒါေပမဲ့ ရိုးရိုး ၀ိဥာဥ္ တစ္ေကာင္အေနနဲ႕ သူစိတ္ပူေနလို႕ အေၾကာင္းမထူးဘးဆိုတာ နားလည္တယ္။ အခု သူ႕ မွွာ စိိတ္ပူဖို႕ အခ်ိန္မရွိတာက သူေခါင္း အရမ္းကိုက္လာလို႕ပဲ။ သူေခါင္းကို တစ္ခုခုက ခြန္အားတစ္ခုခုက ျဖစ္ညွစ္လို႕ ေပါက္ကြဲ ေလာက္ေအာင္ အရမ္း နာက်င္လာတာ သူခံစားမိတယ္။
သူ႕ လည္ပင္း၊ ခႏၶာကိုယ္ အကုန္လံုး ဖိအားေတြ ခံလာရတယ္။
၀ါး…………
ရုတ္တရက္ သူ သက္ေတာင့္သက္သာျဖစ္သြားတယ္။ ျပီးေတာ့ အရိုးခဲမတတ္ ေအးခဲမႈကို ခံစားလိုက္ရတယ္။ အဲ့အခ်ိန္မွာပဲ သူ႕ပါးစပ္ထဲကို ေလေအးေတြ ၀င္လာတယ္။ ဒါ ဂ်ိနင္ ေသျပီးလို႕ ပထဆံုး အသက္ စရွဴျခင္းပဲ။
အသက္၀ေအာင္ ရွဴျပီးေနာက္ ဂ်ိနင္ ေအာ္ငို လိုက္တယ္။ ၀ါး…..
ကေလးငယ္ရဲ႕ ငိုေၾကြးသံ….
“သားေလး…သားေလး….”
သူ႕ အၾကားအာရံဳ အရမ္း မေကာင္းေသးေပမဲ့ သူတို႕ ဘာေျပာလည္းဆိုတာ ေတာ့ နားလည္လိုက္တယ္။
“အို.. ငါ ျပန္ ေမြးဖြားခဲ့ျပီ…..”
ဂ်ိနင္နားလည္သြားတယ္။
Chapter 2 ျပီးပါျပီ….
…………………….
ဆက္ပါဦးမည္>>>>>>
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
ေဖ့ဘုတ္တြင္ @drpanda88 ဟု search တြင္ရိုက္ ရွာႏိုင္ပါသည္။
အခ်ိန္ေပးဖတ္ေပးသူေတြ အားလံုးကို ေက်းဇူးတင္ပါတယ္ေနာ္။

Unicode


အခန်း ၂ ( ဘဝပြန် ဝင်စားခြင်း)

Chapter 2 ( Reincarnation)



“ချိုင်သခင်ရဲ့ အမိန့်နဲ့ ငါမင်းကို ရေပန်းဝါလမ်းကို လိုက်ပို့ပေးဖို့ လာခဲ့တာပဲ။”

ဂျိနင်လက်ကို ဆွဲထားပြီး လေထဲမှာ ပျံသန်းပြီးနေတဲ့ ခရမ်းရောင်ဝတ် မိန်းမပျိုက ပြောလိုက်တယ်။

ဂျိနင် သူ့ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။

“ခုနကပဲ သူ ချိုင်သခင်ရဲ့ နန်းတော်ထဲမှာ ရှိသေးတယ်။ ရုတ်တရက်ကြီး ဘယ်လိုလုပ် လေထဲမှာ ရပ်နေလျက်သား ဖြစ်နေရတာလဲ?”

“ကျွန်တော် တစ်ခုလောက် မေးခွင့်ရှိမလား မသိဘူး။ ချိုင် သခင်ဆို တာ ဘယ်သူလဲ ခင်ဗျ။”

“ကျွန်တော် ကြားဖူးတာက ဘဝသစ် ပြန်မဝင်စားခင်မှာ ယမမင်းနဲ့ တွေ့ရတယ်ဆို? ယမမင်းက အတိတ်တွေကို စစ် ဆေးပြီးတော့မှ အမိန့် ချမှတ်တယ်ဆို?”



“မင်းယမမင်းကို တွေ့ခဲ့ပြီးတာကို မသိဘူးလား။” ခရမ်းရောင်ဝတ် မိန်းမပျိုက ရယ်မောပြီး ပြောလိုက်တယ်။

“သေခြင်း ရှင်ခြင်း ကံကြမ္မာ စာအုပ်ကို လက်ဝယ်ရှိသူတစ်ယောက် အနေနဲ့ ချိုင်သခင်ဟာ ငရဲရဲ့ ပထမဆုံး တရားသူကြီးပဲ။”

“သူကိုယ်တိုင်တောင် မင်းကို စစ်ဆေးဖို့ လာတယ်ဆိုတော့ တခြား ပုံမှန် ယမမင်းတွေ လာဖို့ မလိုတော့ဘူးလေ။”

“ငရဲပြည်ရဲ့အမြင့်ဆုံး အာဏာရှိသူက ခန်းမကြီး ၁၀ ခုက ယာမ ဘုရင်၁၀ ပါးပဲ။ သူတို့ရဲ့ အောက်တဆင့်မှာ အမြင့်ဆုံးက အာဏာရှိသူက သေသူတို့ရဲ့ ပထမဆုံး တရားသူကြီး ချိုင်သခင်ပဲ။ သူ့ရဲ့ ကျော်ကြားမှဟာ အလွှာ ၃ လွှာ စကြာဝဋ္ဌာ မှာ မသိသူ မရှိသလောက်အောင် ပျံ့နှံ့ နေတာ ကြာခဲ့ပြီ။”

“သက်ရှိတွေ နေတဲ့ စကြာဝဠာနယ်ပယ်မှာ နှိုင်းယှဉ်လို့ မရအောက် ကျယ်ပြန့်တယ်။ အဲ့ဒီမှာ အဓိက ကမ္ဘာ ကြီး သုံးထောင် နဲ့ ထရီလီယံ (a million million million)( trillion ) ချီတဲ့ ကမ္ဘာ ငယ်လေးတွေ မရေတွက်နိူင်အောင် ရှိတယ်။ အဲ့ဒီမှာ ရှိတဲ့ သက်ရှိမှန်သမျှရဲ့ ကောင်းမှု ၊ မကောင်းမှုတွေကို ယမမင်းတွေ က စစ်ဆေးပေးရတယ်။ဘယ်လောက်ထိတောင် များပြားလှတဲ့ အလုပ်တွေလဲ။ ဒါကြောင့်မို့လို့ ငရဲပြည်မှာ ယမမင်းတွေ မရေမတွက်နိုင်အောင် ထရီလီယံ ပမာဏလောက်ရှိတယ်။ သူတို့ဟာ ထရီလီယံ (a million million million)( trillion ) ချီတဲ့ ကမ္ဘာ ငယ်လေးတွေက ဝိဉာဉ်တွေကို တာဝန်ယူ စီရင်ချက်ချရတယ်။”

“ဒါပေမဲ့ ချိုုင်သခင်က ယမမင်းအားလုံးရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ ပထမဆုံး တရားသူကြီးလို့ နာမည်တွင်ခဲ့တယ်။

သူဟာ သေခြင်း ရှင်ခြင်း ကံကြမ္မာ စာအုပ်ရဲ့ တစ်ဦးတည်းသော ပိုင်ရှင်လည်းလည်း ဖြစ်တယ်။

သူ့အစွမ်းဟာ အလွန်ကြီးမားလို့  ငရဲပြည်ရဲ့အမြင့်ဆုံး အာဏာရှိသူက ခန်းမကြီး ၁၀ ခုက ယာမ ဘုရင်၁၀ ပါး နဲ့ အဆင့်ခြင်း တူညီသူ တစ်ယောက်လည်းဖြစ်တယ်။”

မိန်းမပျိုက ဝိဉာဉ်တွေ များကြီး တန်းစီနေတဲ့ လမ်းမကျယ်ကြီးကို ညွှန်ပြပြီးတော့ ဟောဒါက အဝါရောင် ရေပန်းလမ်းမကြီးပဲလို့ ပြောလိုက်တယ်။

“မင်းဒီလမ်းအတိုင်း ဆက်လျှောက်သွားရင် မျှော်လင့်ချက်မဲ့ တံတားကို အမြန်ဆုံးရောက်သွားလိမ့်မယ်။ မင်း တံတားကို ဖြတ်ပြီး အဘွးမင်ရဲ့ သတိမေ့ ဆေးရည် သောက်ပြီးတာနဲ့ မင်း ဘဝအသစ် ပြန်ဝင်စားလို့ရပြီ။

သွားတော့”

မိန်းကလေးက လက်ဝှေ့ယမ်းလိုက်တယ်။

ရုတ်တရက် ပေါ်လာတဲ့ရွှေရောင် အလင်းတန်းတွေက ဂျိနင် ခန္ဓာကိုယ်ကို လွှမ်းခြုံုသွားပြီးတော့ လမ်းမကြီးမှာ တန်းစီနေတဲ့ သူတွေကိုကျော်ပြီး ရှေ့ ဆုံးရောက်အောင် သူကို ပို့ဆောင်သွားတယ်။

ရှေ့မှာ ရှိတဲ့ ကျွဲခေါင်းနဲ့ စစ်သားတွေက လေထဲက ခရမ်းရောင် မိန်းမပျိုကို တွေ့လိုက်တော့ ဘာမှ မပြောရဲတော့ဘူး။

သူတို့ဟာ ဂျိနင် အတွက် ဂုဏ်ယူစွာနဲ့ ပြာပြာသလဲ လမ်းပြတစ်ယောက် စီစဉ်ပေးလိုက်တယ်။

….

ရေပန်းဝါလမ်းမဟာ မြူနှင်းတွေ ပိတ်ဆိုင်းလို့ နေပါတယ်။

ဂျိနင်နဲ့ မရေမတွက်နိုင်တဲ့ ဝိဉာဉ်တွေဟာ သူတို့လမ်းကြောင်းအတိုင်း လျှောက်လျက်ရှိတယ်။

သူတို့ရှေ့က မြူနှင်းထု သိပ်သည်းလွန်းအားကြီးတာကြောင့် ရှေ့မှာ လျှောက်ဝင်သွားတဲ့ ဝိဉာဉ်တွေကို ထပ်မတွေ့ရတော့ဘူး။

ဆက်လျှောက်သွားလေ ရှေ့မှာရှိတာ မျှော်လင့်ချက်မဲ့တံတားပဲ လို့ အနားမှာရှိတဲ့ (minotaur soldier) ကျွဲခေါင်းစစ်သားက ပြောလိုက်တယ်။

ဂျိနင် ခေါင်းညိတ်ပြီးတော့ နှေးကွေးမနေပဲ မြူနှင်းထုထဲ ဆက်လျှောက်သွားတယ်။ သူ့ပတ်ဝန်းကျင် နဲ့ ကာလယန္တရား  (space time had changed) တွေ ရုတ်တရက်ပြောင်းလဲသွားတယ်။ ဂျိနင် ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီး ဒါဘယ်နေရာပါလိမ့်လို့ နားမလည်နိုင်ပဲ ပြောလိုက်တယ်။ သူ့ရှေ့မှာ ရှိနေတာကတော့ လေတွေတိုက်ခတ်နေတဲ့ လမ်းကျဉ်းလေးရှိနေတယ်။ သူ့ရှေ့မှာတော့ အရေအတွက် နည်းငယ်ပဲရှိတဲ့ ဝိဉာဉ်တွေကို ဝါးတားတား တွေ့ရတယ်။ လမ်းလေးရဲ့ ရှေ့မှာတော့ ရေစီးသန်တဲ့ မြစ်တစ်ခုကိုတွေ့ရတယ်။

“ဒါ ဒဏ္ဍာရီထဲက မျှော်လင့်ချက်မဲ့ တံတားဖြစ်ရမယ်။” သူရှေ့ဆက်လျှောက်သွားတယ်။

“ထူးဆန်းလိုက်တာ။”

“ခုနက မရေမတွက်နီုင်တဲ့ သူတွေ ဒီနေရာကို ဝင်လာတာပဲ။ ဒါပေမဲ့ ငါရောက်တော့ ဘာလို့ လူနည်းနည်းပဲ တွေ့ရတာလဲ? “

မျှော်လင့်ချက်မဲ့တံတားဟာ အပြင်လောကနဲ့ အချိန် စီးဆင်းမှုမတူတာကို သူဘယ်လိုလုပ်သိမှာလဲ။

ပြောစကားအရဆိုရင် နတ်ပြည်မှာ တစ်ရက်ဟာ လူပြည် မှာတစ်နှစ်နဲ့တောင် ညီတယ်လို့ ပြောကြတယ်။

မျှော်လင့်ချက်မဲ့ တံတားရဲ့ အချိန်စီးဆင်းမှုဟာ ပိုပြီး မြန်ဆန်တယ်။ ငရဲပြည်က တစ်၇က်ဟာ မျှော်လင့်ချက်မဲ့ တံတားမှာ နှစ်ပေါင်းများစွာနဲ့ ညီမျှတယ်။

“အား ၊ အား။”

“ငါတောင်းပန်ပါတယ်။”

ဂျိနင် တံတားပေါ်မှာ လျှောက်လာနေတုန်း တခြားဘေးဘက်မှာ သွေးကန်ကြီးကိုတွေ့လိုက်တယ်။ သွေးကန်ကြီးထဲမှာ ကြောက်မက်ဖွယ် အဆိပ်ပိုးကောင်တွေ၊ မြွေတွေ၊ နဲ့ ငရဲခွေးကြီးတွေဟာ အထဲကလူတွေကို ကိုက်ဖြတ်စားသောက်နေကြတယ်။ ဝိဉာဉ်တော်တော်များများက သွေးကန်ကြီးကို ဘာမှမဖြစ်သလို ဖြတ်သွားကြတယ်။ တချို့ကျတော့လည်း လျှောက်နေရင်းနဲ့ ပြုတ်ကျသွားကျတယ်။ ပြောရရင်တော့ ဒီလူတွေဟာ အပြစ်ကြီးတွေကို ကျူးလွန်ထားတာကြောင့် ကန်ထဲကျတာကို ရှောင်လွဲလို့ မရတာဖြစ်တယ်။

“မင်းတို့တွေ ဒီနေ့လို ဖြစ်မယ်ဆိုတာ သိရင် အရင်က ဒီလိူမျိုး ပြစ်မှုကျူးလွန် ဦးမှာလား? ဂျိနင် ခေါင်း တငြိမ့်ငြိမ့်နဲက တခြားဖက်ကို လှည့်ကြည့်လိုက်တယ်။”

“အရမ်းလှလိုက်တာ။”

ခွင့်လွှတ်ခြင်း မြစ်ရဲ့ တခြားဖက်မှာ လှပတဲ့ ပန်းခင်းကြီးတွေကို တွေ့ရတယ်။

တံတားနဲ့ မနီးမဝေးမှာတော့ အဖိုးတန် ကျောက်မျက်တွေဟာ အရောင်တဖိတ်ဖိတ် လက်လျက်ရှိနေတယ်။ အဲ့ဒီနေရာဟာ ဒဏ္ဍာရီထဲက အသက်သုံးပါးကျောက်မျက် ရတနာ နေရာဖြစ်တယ်။ ဒီနေရာမှာ အတိတ်ဘဝ၊ ပစ္စုပ္ပန် ဘဝနဲ့ နောက်ဘဝကို ပုံရိပ်ထင်ဟပ်ပြတဲ့ နေရာဖြစ်တယ်။

အသက်သုံးပါးကျောက်မျက် ရတနာ နေရာနဲ့ မလှမ်းမကမ်းမှာတော့ ကျောက် မုခ်ဦး တစ်ခုကို တွေ့ရတယ်။

အဲ့နေရာကတော့ ကိုယ့်ရဲ့ ဇာတိကို ပြန်ကြည့်ခြင်း လို့ ပြောတဲ့ နေရာဖြစ်တယ်။ ကျောက်မုခ်ဦးကို ဝိဉာဉ်တွေ ဖြတ်ပြီးတဲ့ အခါမှာတော့ အဘွားမင် ရှိတဲ့နေရာကို ရောက်ရှိသွားလိမ့်မယ်။

အဘွားမင် ပုံစံကတော့ သာမာန် အဘွားအို ပုံစံပါပဲ။ သူမ လက်ထဲမှာ ရေပန်ကန် လေး ကိုင်ထားပြီးတော့ ဝိဉာဉ်တိုင်းကို ပန်းကန်ထဲကရေ လိုက်တိုက်နေတယ်။ ရေသောက်ပြီးတဲ့ ဝိဉာဉ်တွေဟာ နည်းနည်း ရုန်းကန်မှုပြပြီး တာနဲ့ သူတို့ဟာ ဘာမှ မသိတော့သလို ရှေတည့်တည့် ကြည့်ပြီးတော့ ရှေ့က အဘွားမင်ရဲ့ နောက်မှာရှိတဲ့ မွေးဖွားခြင်း ဂိတ် ၆ ပေါက် ကို အလိုအလျောက် လျှောက် သွားကြတယ်။

အဘွားမင်ရဲ့ နောက်မှ နက်ရှိုင်းတဲ ဂူပေါက်တွေ အနေနဲ့ တွေ့ရတဲ့ မွေးဖွားခြင်း လမ်းကြောင်း ၆ ကြောင်း  ဒီဗာ (devas) ၊ အဇူရာ (Asuras) ၊ လူသား၊ တိရိစ္ဆာန် ၊ သရဲ မျိုးနွယ် (petra ghost) နဲ့ ၊ ငရဲနေထိုင်သူ (Hell being) ကို ဂျိနင် စိုက်ကြည့်နေမိတယ်။

“ငါ မသောက်ချင်ဘူး။ မသောက်ချင်ဘူး။ ငါ သတိ မမေ့ချင်ဘူး ။ သတိ မမေ့ချင်လို့ပါ။”
ဝိဉာဉ်တွေ အများစု မသောက်ချင်လို့ ရုန်းကန်အော်ဟစ်ကြတယ်။

သူတို့တွေ ဘယ်လိုပဲ ရုန်းရုန်း မမြင်နိုင်တဲ့က စွမ်းအားတစ်ခုက သူတို့ ကို ဆက်ပြီးတော့ လျှောက်သွား စေတယ်။ သူတို့ အဘွားမင် ရဲ့ ရှေ့ကို ရောက်တာနဲ့ မမြင်နိုင်တဲ့ စွမ်းအင်တွေကနေ ချုပ်ကိုင်ပြီးတော့ အတိတ်မေ့ ဆေးရည်ကို သောက်စေတယ်။ သူတို့တွေ ဘယ်လိုပဲ အော်ဟစ် ရုန်းကန်နေပါစေ နောက်ဆုံးတော့ လည်း ဆးရည်ကို သောက်ရတာပါပဲ။ ဆေးရည်ကို သောက်ပြီးတာနဲ့ သူတို့ ခံစားချက် ဘယ်လောက် ပဲနက်ရှိုင်း နက်ရှိုင်း၊ သူတို့ ဘယ်လောက်ပဲ ဉာဏ်ကောင်း ဉာဏ်ကောင်း အကုန်လုံးကို မေ့သွားခဲ့တာပါပဲ။ ပြီးတာနဲ့ သူတို့ဟာ ယခင်က ဝိဉာဉ်တွေ မဟုတ်ကြတော့ပါဘူး။

ဂျိနင်က “ငါက နတ်ပြည် (DEVA REALM) ဒီဗာ ရီလမ်ကို သွားမှာပဲ။ ငါ့ရဲ့ မှတ်ဉာဏ်တွေကို အသက် ၁၆နှစ် ကျရင် ငါ့ဘဝဟောင်းကို ပြန် မှတ်မိမှာဆိုတော့ အဲ့ဒီ အခါကျရင် ငါ့ နတ်ပြည်မှာနေတဲ့ ၁၆နှစ် ဘ၀ နဲ့ ငါ ဆက်နေရမှာလား ? ဒါမှ မဟုတ် ငါ့ဘဝဟောင်း က မှတ်ဉာဏ်နဲ့ သူ ဆက်ဖြစ်နိုင် မလား? ငါကကော ငါကိုယ်တိုင် ဖြစ်နေပါ့ဦးမလား” လို့ ဝမ်းနည်းစွာ တွေးမိတယ်။

သူနားလည်ပါတယ်။

ဒီဘဝမှာ သူ ၁၈နှစ်ပဲ အသက်ရှင်ခဲ့တယ်။ ဒီဗာ ရီလမ်မှာ သူနေထိုင်တဲ့ ၁၆နှစ်အတွင်း မှာ အရင်ဘဝနဲ့က မတူပဲ စွမ်းအားတွေ အများကြီး ရှိလာလိမ့်မယ်။ သူ့ ဘဝဟောင်းဟာ အရေးမကြီးတော့ပါဘူး။

ဒါပေမဲ့ ငါ ဘာလုပ်နိုင်မှာလဲ။ သူ့ကို မမြင်ရတဲ့ စွမ်းအားတွေက အရှေ့ တဖြည်းဖြည်း တွန်းပို့ သွားတယ်။

သူ့ရှေ့ က ဝိဉာဉ်တွေ အကုန် အဘွားမင်ရဲ့ ဆေးသောက် လိုက်ကြရတယ်။၆ ယောက်လောက်ပဲ သူ့ရှေ့မှာ ကျန်တော့တယ်။

အဘွားမင်ရဲ့ ဆေးရည်။ အဘွားမင်ကို စိုက်ကြည့်နေမိတယ်။

အဲ့ အချိန်မှာပဲ အဘွားမင် ခေါင်းမော့ကြည့်လိုက်တယ်။ သူ အဘွားမင် မော့ကြည့်တာ ပထမဆုံး မြင်ဖူးတာပဲ။ အဘွားမင် အလှမ်းဝေတဲ့ နေရာက ကောင်းကင်ကို ကြည့်ပြီးတော့ ဒေါသနဲ့ အော်ပြောလိုက်တယ်။ “ရိုင်းစိုင်းတဲ့ ကောင်တွေ။”

ဝုန်း

ကောင်းကင်ကြီး  တစစီ ပျက်စီးသယောင် မြေပြင်ကြီး ကွဲအက်လာသယောင်ထင် ရတယ်။ ပတ်ဝန်းကျင် ကောင်းကင်ကြီး အက်ကွဲ သွားပြီးတော့ အုံးဆိုင်းနေတဲ့ မြူနှင်းထုလည်းရှင်းသွားတယ်။ မြူနှင်းတွေ မရှိတော့ တော့ မရေမတွက်နိုင်တဲ့ ဝိဉာဉ်တွေ ပေါ်လာတယ်။ လေဟာနယ် က အက်ကွဲကြောင်းကြီးတွေဟာ ဝိဉာဉ်ပေါင်းများစွာကို ဖုန်မှုန့်တွေလို ဖျက်စီးလိုက်တယ်။ ဆပ်ပြာ ပူဖောင်း လေးတွေလိုပဲ မရေမတွက်နိုင်တဲ့ ဝိဉာဉ်တွေ ကြောက်လန့်တကြား အော်ဟစ် ပျောက်ကွယ်သွားကြတယ်။

ဝုန်း….ဝုန်း….ဝုန်း

ဝုန်း….ဝုန်း….ဝုန်း ……….. ကောင်းကင်မှာ မရေမတွက် နိုင်တဲ့ နဂါး နက်ကြီးတွေ တွေ့ရတယ်။ နဂါးကြီးတွေ အကောင်တိုင်းဟာ တောင်တန်းကြီးတွေနဲ့တောင် ဆင်နေတယ်။ ဂျိနင် ဟာ နှလုံးရပ်သွားလောက်အောင် ကြောက်ဖို့ကောင်းတဲ့ နဂါး အကြေးခွံတွေကိုတောင် တွေ့နေရပါတယ်။ နဂါးကြီးတွေ မြူးတူးစွာ ကောင်းကင်မှာ ပျံနေကြပြီးတော့ အနက်ရောင် မိုးကြိုးတွေကို ပါးစပ်ကနေ မှုတ်ထုတ်နေကြတယ်။ မျက်စိ တမှိတ် အတွင်းမှာကို မရေမတွက်နိုင်တဲ့ အနက်ရောင် မိုးကြိုးတွေ ကို ပစ်ချနေကြတယ်။ မိုးကြိုးတွေဟာ ကောင်းကင်နဲ့ မြေကြီး နှစ်ခြမ်းကွဲလောက်အောင် အင်အားပြင်းထန်လှတယ်။

ကပ်ဘေး နဂါးရဲ့ သေခြင်းရှင်ခြင်း စုပေါင်း သိုင်းကွက်? မင်းတို့တွေ မွေးဖွားခြင်း ဂိတ် ၆ ပေါက်ကို လာတိုက်ရဲ လောက်အောင် အတင့်ရဲလှ ချည်လား။ အဘွားမင် ဒေါသကို မချုပ်တည်းနိုင်တော့ဘူး။ သူမဟာ အလင်းတန်းလို ပြောင်းလဲသွား ပြီးတော့ သန်းနဲ့ချီတဲ့ နဂါးတွေဆီကို ပျံတက်သွားတယ်။ နဂါးတွေဟာ ချက်ချင်းပဲ အဘွားမင်ကို ဝိုင်းထားလိုက်တယ်။

အုန်း.. ဝုန်း… ဝုန်း…

ကမ္ဘာကြီးမှာ အက်ကြောင်းကြီးတွေ ပေါ်လာပြီးတော့ ခွင့်လွှတ်ခြင်း မြစ်မှာ ရေလှိုင်းတွေ ထန်လာပါတော့တယ်။ ရေကို ထိမိတဲ့ ဝိဉာဉ်တွေ အကုန်လုံး ချက်ခြင်း ပျောက်ကွယ်သွားကြတယ်။ မျှော်လင့်ချက်မဲ့ တံတားလည်း ကျိုးသွားပြီးတော့ ဝိဉာဉ်တွေ မြစ်ထဲ ပြုတ်ကျကုန်ကျတယ်။ မွေးဖွားခြင်း ဂိတ် ၆ ပေါက်ရဲ့ နက်ရှိုင်းလှတဲ့ ဂူတွေဟာလည်း တုန်ခါလာပြီးတော့ အထဲကနေ အလင်းရောင်တွေ ဖြာထွက်လာကြတယ်။

“အို..”

ဂျိနင် ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ဘေးကို မျက်မြင်တွေ့လိုက်ရတယ်။ အဲ့ဒီ အချိန်မှာပဲ ဝိဉာဉ်တွေကို ထိန်းချုပ်ထားတဲ့ အင်အားတွေဟာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။

“ငါစွန့်စားမှ ရမယ်။”

ချုပ်နှောင်ထားတာ ကွယ်ပျောက်သွားတာကြေင့် ဂျိနင် အံ့သြ ဝမ်းသာသွားတယ်။ သူ အပြေးတစ်ပိုင်း နဲ့ မော်တယ် ရီလမ် (MORTAL REALM) ဂူပေါက်ကို ခုန်ဝင်လိုက်တယ်။ မွေးဖွားခြင်း ဂိတ် ၆ ပေါက် ဟာ တစ်ခုနဲ့ တစ်ခု အတော် အလှမ်းဝေးတယ်။ ပြီးတော့ တော်တော်များများက သက်ရှိ ကမ္ဘာ မော်တယ် ရီလမ် (MORTAL REALM) ကို ပြန်ဝင်စားကြတော့ သူ့ဂိတ်ပေါက်ဝက အဘွားမင်ရဲ့ နောက်မှာ ရှိနေတာကြောင့် ဂျိနင်နဲ့ အနီးဆုံးဖြစ်နေတယ်။ ဒါကြောင့် ဘယ်လိုဘဲဖြစ်ဖြစ် ဂျိနင် အဲ့ ဂိတ်ကိုပဲ ခုန်ဝင်ရမှာပဲ။

တခြား ဝိဉာဉ်တွေလည်း အနီးဆုံး နေရာတွေကို ခုန်ဝင်ကြရတယ်။ တချို့ ဝိဉာဉ်တွေက အဝေးဆုံးနေရာက ဒီဗာ ရီလမ် (deva realm) ကို ခုန်ဝင်ဖို့ ပြေးလွှားသွားကြတယ်။ ဒါပေမဲ့ နဂါးတွေရဲ့ အနက်ရောင်မိုးကြိုး က အဲ့ဒီနေရာနားကို ကျလာတဲ့အတွက် ပတ်ဝန်းကျင်က ဝိဉာဉ်တွေပါ ပျက်စီးပျောက်ကွယ်သွားကြတယ်။

……………………

ငရဲပြည်မှာ ဘာတွေဖြစ်နေကြတာပါလိမ့်။ မရေမတွက်နိုင်တဲ့ နဂါးနက်တွေဟာ ကောင်းကင်မှာ လှည့်ပတ်ပျံ့သန်းနေကြတယ်။ ထရီလီယံ မရေမတွက်နိုင်တဲ့ ပမာဏ ရှိတဲ့ မိုးကြိုးနက်တွေဟာ မာန်ဟုန်ပြင်းစွာ ပစ် နေတဲ့ အတွက်ကြောင့် ဂျိနင် အရမ်း ကြောက်လန့် တုန်လှုပ်နေတယ်။ ဒါပေမဲ့ ရိုးရိုး ဝိဉာဉ် တစ်ကောင်အနေနဲ့ သူစိတ်ပူနေလို့ အကြောင်းမထူးဘးဆိုတာ နားလည်တယ်။ အခု သူ့ မှှာ စိတ်ပူဖို့ အချိန်မရှိတာက သူခေါင်း အရမ်းကိုက်လာလို့ပဲ။ သူခေါင်းကို တစ်ခုခုက ခွန်အားတစ်ခုခုက ဖြစ်ညှစ်လို့ ပေါက်ကွဲ လောက်အောင် အရမ်း နာကျင်လာတာ သူခံစားမိတယ်။

သူ့ လည်ပင်း၊ ခန္ဓာကိုယ် အကုန်လုံး ဖိအားတွေ ခံလာရတယ်။

ဝါး…………

ရုတ်တရက် သူ သက်တောင့်သက်သာဖြစ်သွားတယ်။ ပြီးတော့ အရိုးခဲမတတ် အေးခဲမှုကို ခံစားလိုက်ရတယ်။ အဲ့အချိန်မှာပဲ သူ့ပါးစပ်ထဲကို လေအေးတွေ ဝင်လာတယ်။ ဒါ ဂျိနင် သေပြီးလို့ ပထဆုံး အသက် စရှူခြင်းပဲ။

အသက်ဝအောင် ရှူပြီးနောက် ဂျိနင် အော်ငို လိုက်တယ်။ ဝါး…..

ကလေးငယ်ရဲ့ ငိုကြွေးသံ….

“သားလေး…သားလေး….”

သူ့ အကြားအာရုံ အရမ်း မကောင်းသေးပေမဲ့ သူတို့ ဘာပြောလည်းဆိုတာ တော့ နားလည်လိုက်တယ်။

“အို.. ငါ ပြန် မွေးဖွားခဲ့ပြီ…..”

ဂျိနင်နားလည်သွားတယ်။

Chapter 2 ပြီးပါပြီ….

…………………….

ဆက်ပါဦးမည်>>>>>>

မူရင်း စာရေးဆရာ : I Eat tomatoes

ဘာသာပြန်သူ - Dr – Panda

ဖေ့ဘုတ်တွင် @drpanda88 ဟု search တွင်ရိုက်၍ ရှာနိုင်ပါသည်။

အချိန်ပေးဖတ်ပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်နော်။



Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)