ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 3 (ေမြးဖြားျခင္း)

အခန္း ၃ (ေမြးဖြားျခင္း)
ဂ်ိနင္ မ်က္စိဖြင့္ၾကည္႕လိုက္ေတာ့ သားေမြး ၀တ္စံု ၀တ္ထားတဲ့ လူၾကီးတစ္ေယာက္က သူ႕ကို ေပြ႔ခ်ီထားတာ ေတြ႕လိုက္တယ္။
“မင္းတို႕ သြားလို႕ ရျပီ ။”
အခိုင္းအေစ မိန္းကေလးသံုးေယာက္က ရိုေသစြာ ဟုတ္ကဲ့ရွင့္ လို႕ ျပန္ေျပာျပီး ထြက္သြားၾကတယ္။
ဂ်ိနင္ကို ေပြ႕ခ်ီထားသူက သူ႕ဖခင္ျဖစ္လိမ့္မယ္။ သားတစ္ေယာက္ ေမြးလာေပမဲ့ သူ႕အမူအရာက ေရခဲတံုးလို ေအးစက္စက္ျဖစ္ေနျပီး ခန္႔မွန္းရခက္ ေနတယ္။ သူက တင့္တယ္တဲ့ သားေမြး ၀တ္စံုကို ၀တ္ထားျပီး ခုန မိန္းကေလးသံုေယာက္ က ၀တ္ဆင္ထား တဲ့ သားေမြးအက်ီထက္ ပိုျပီး အေရအေသြး ေကာင္းတယ္။
အခန္းက ေတာ္ေတာ္ၾကီးကို ရွင္းေနတယ္။ ပရိေဘာဂေတြက ေက်ာက္တံုးကို ထြင္းထုထားတာေတြ ခ်ည္းပဲ။ ထြင္းထုထားတဲ့ လက္ရာေတြက အရမ္းေရွးက်ျပီးေတာ့ နန္းဆန္ေနတယ္။ အိပ္ရာေပၚမွာေတာ့ ၇မီတာေလာက္ ရွည္တဲ့ သားေမြးေတြကို ၾကမ္းေပၚ အထိ ခ်ိတ္ဆြဲထားတယ္။ တစ္ခ်က္ၾကည့္ ရံုနဲ႕ အရမ္းေစ်းၾကီးတဲ့ သားေမြးမွန္း သိသာတယ္။ မ်က္နွာ နီရဲေနတဲ့ မိန္းမငယ္ေလးဟာ ခုတင္ေပၚမွာ ရွိေနတယ္။
ပရိေဘာဂေတြသာ ေက်ာက္ကို ထြင္းထားတာ မဟုတ္ပဲ အခန္းၾကီးကလည္း ေက်ာက္သားကို ထြင္းထုထားတာ ျဖစ္ေနတယ္။ အေဖေကာ အခိုင္း အေစ မိန္းကေလး ၃ ေယာက္ေကာ က သားေမြးေတြ ၀တ္ထားၾကေတာ့ ဒီကမာၻက သိပၸံ ေခတ္အထိ မတိုးတက္ေလာက္ေသးဘူး။ ဂ်ိနင္ စဥ္းစားေနမိတယ္။
“သားေလး”
ကေလးငယ္ကို ေပြ႕ခ်ီထားေပမဲ့ သူ႕မ်က္နွာမွာ အျပံဳး မရွိပဲ ေအးစက္ေနတယ္။ မ်က္စိေတြမွာသာ စိတ္လႈပ္ရွားတဲ့ အရိပ္အေရာင္ ေတြ႕ ရတယ္။
ဂ်ိနင္ သူ႕ ခႏၶာ ကိုယ္ထဲကို ဆန္းက်ယ္တဲ့ အေအးလႈိင္း စီးဆင္းလာတာ ခံစားမိတယ္။ သူ အရမ္း သက္ေတာင့္သက္သာ ခံစားရျပီးေတာ့ အေအးလႈိင္းေတြ ေပ်ာက္ကြယ္သြားတယ္။
“အန္႕၀မ္၊ သားေလး ဘယ္လို လည္း”
ခုတင္ေပၚက မိန္းကေလးက ေမးလိုက္တယ္။
ထင္တဲ့ အတိုင္ပါပဲ သူ႕ ခႏၶာကိုယ္က ပံုမွန္ပါပဲ လို႕ ညင္သာစြာ ေျပာလိုက္တယ္။
ခုတင္ေပၚက မိန္းမငယ္က မ်က္ရည္၀ိုင္းျပီး ငါ့ကို ခဏေလာက္ ေပးခ်ီပါ။
လူၾကီးက ကေလးကို လက္လႊဲ ေပးလိုက္တယ္။
“မိန္းမငယ္က အခ်စ္ေတြ ျပည့္ေနတဲ့ မ်က္လံုးနဲ႕ ကေလး ငယ္ကို လိမၼာ ေနေနာ္လို႕ ေျပာလိုက္တယ္။ အန္႕၀မ္ ငါတို႕သားေလးက ကိုယ္၀န္ေဆာင္ခ်ိန္မွာ ဒဏ္ရာ ရခဲ့တာ။ သူ သဘာ၀ ရတနာ ေဆးေတြကို စားခဲ့ရေပမဲ့ အကုန္ မေကာင္းခဲ့ဘူး။ သားေလးအတြက္ ေကာင္းေအာင္ မလုပ္ေပးႏိုင္ခဲ့ဘူး။”
“ငါ သေႏၶ သားတုန္းက ဒဏ္ျဖစ္ဖူးတယ္။?”
“သဘာ၀ ရတနာေဆး “
“ဒီကမာၻမွာ ေတြ႕ရတဲ့ မိဘေတြက သာမာန္ုလူေတြ မဟုတ္ေလာက္ဘူး။”
…..
သူ႕ကို ေမြးဖြားခဲ့ရေပမဲ့ သူ႕မိခင္က  အိပ္ရာကေန ခ်က္ျခင္း ထႏိုင္ေနတယ္။ သူမက အျဖဴေ၇ာင္သားေမြး အက်ီကို ၀တ္းထားျပီးေတာ့ သူ႕ေယာက္်ားနဲ႕ လက္ေမာင္းမွာ မွီျပီး အခန္း အျပင္ ထြက္လာၾကတယ္။
သူ႕အေဖ အန္႕၀မ္က အခိုင္းအေစ မိန္းကေလး၃ ေယာက္ကို
“သန္႕ရွင္းေရးလုပ္ထားလိုက္ၾက”
“ဟုတ္ကဲ႕ရွင့္”
မိန္းကေလး၃ေယာက္ က်ိဳးနြံစြာ ျပန္ေျဖတယ္။
တံခါး အျပင္မွာ ခန္းမက်ယ္ၾကီး ရွိျပီး  အဲ့ဒီမွာ ႏွင္းလိုျဖဴတဲ့ ေခြးၾကီးတစ္ေကာင္ ရွိတယ္။ သူ႕အေမြးေတြဟာ ၀ါဂြမ္းလို ရွည္ျပီးေတာ့ သူဟာ အရမ္း လိမၼာတယ္။ သူ ဂ်ိနင္ကိုေတြ့လိုက္ေတာ့ သူစိတ္လႈပ္ရွားမႈနဲ႕ အခ်စ္ေတြနဲ႕ ျပည့္ေနတယ့္ မ်က္၀န္းနဲ႕ ၾကည့္လိုက္တယ္။
ခန္းမက်ယ္ၾကီး အျပင္မွာ နက္ေျပာင္ေနတဲ့ အလြန္ၾကီးမားတဲ စပါးၾကီး ေျမြၾကီး ေခြေနတယ္။ သူ အေခြေပါင္း ေျမာက္မ်ားစြာ ရစ္ပတ္ေခြေနျပီးေတာ့ သူ ေခါင္းကို မီတာ ေတာ္ေတာ္ ျမင့္တဲ့ အထိ ေထာင္ထားတယ္။ သူ႕ ခႏာၱကိုယ္ မွာ နက္ေမွာင္ျပီးေတာ့ ႏွလံုး ရပ္ေလာက္ေအာင္ ေအးစက္တဲ့ အေၾကးခြံေတြနဲက ဖုံးအုပ္ေနတယ္။ သူ႕ေခါင္းကို တျဖည္းျဖည္း ႏွိမ့္ျပီး အနားကပ္လာတယ္။
“ဘုရား ဘုရား…”
ဂ်ိနင္ထိတ္လန္႕သြားတယ္။ ေခြး က ကိစၥ မရွိဘူး ။ သူ အရင္ ဘ၀က ေခြးေတြ အမ်ားၾကီး ျမင္ဖူးတာပဲ။ ဒီေခြးျဖဴ ကေတာ့ ေတာ္ေတာ္ကို ၾကီးတယ္။
ဒါေပမဲ့ ဒီေလာက္ၾကီးကို ေၾကာက္မက္ဖြယ္ေကာင္းေအာင္ ၾကီးမားျပီး ေခြေနတဲ့ ေျမြၾကီး။ ေျမြလို႕ ေကာ ေျပာႏိုင္ေသးလား။
အဆံုး မရွိတဲ့ စက္၀ိုင္းလို ရစ္ေခြေနျပီး ေတာ့ ေခါင္းေထာင္ထားတာေတာင္ မီတာေတာ္ေတာ္ ျမင့္ေနေသးတယ္။ ဒီတစ္ေကာင္လံုးဆို မီတာ ၂၀၀ ၊ ၃၀၀ ေလာက္ ရွည္လိမ့္မယ္။ အရမ္းအံ့ၾသဖို႕ေကာင္းတဲ့ တိရိစာၦန္ၾကီးက သူ႕အိမ္ထဲမွာ ရွိေနတယ္။ ဒါ…………. ေျပာရရင္………..
“သားေလး”
အန္႕၀မ္က သူ႕သားဘယ္လို ခံစားေနရလဲဆိုတာ စိတ္မ၀င္စားဘူး။ ဒီကမာၻမွာ လူေတြက ဒီလိုပဲ ေနထို္င္ ၾကေတာ့ အံ့ၾသစရာ မဟုတ္ေတာ့တာ ျဖစ္ႏိုင္တယ္။ ဂ်ိအန္႕၀မ္က ႏွင္းခဲလိုျဖဴတဲ့ ေခြးၾကီးကို ညႊန္ျပျပီးေတာ့ ဒါက သားရဲ႕ ဦးေလးျဖဴ။ သားအေဖရဲ႕ တသက္တာ သူငယ္ခ်င္းေကာင္းပဲ။ သားအသက္ ကိုလည္ း သူကယ္ဖူးတယ္။ သားသူ႕ကို အေဖ့ ကို ဆက္ဆံသလို ဆက္ဆံရမယ္။
ေခြးၾကီးက ဂ်ိနင္ကို ခ်စ္ျမတ္နိဳးစြာနဲ႕ ၾကည့္ေနတယ္။ ဂ်ိနင္ သူ႕ကို ေခြးျဖဴၾကီး ဘယ္ေလာက္ ခ်စ္တယ္ဆိုတာ ခံစားမိတယ္။
ဒါေပမဲ့
“သူေခြးၾကီးကို ဦးေလးျဖဴလို႕ ေခၚရမယ္?”
“အန္႕၀မ္.. ကေလးက ခုမွ ေမြးကင္းစေလးေလ။ နင္ေျပာတာ ဘယ္လို နားလည္မွာလည္း။ သူ႕ကို ေျပာဖို႕မွ မလိုေသးတာ။ သူ႕အေမက ကေလးကို ခ်ီၿပီး ေၿပာလိုက္တယ္။”
“သူအခု နားမလည္ေပမဲ့ ဒါ အျဖဴေလးနဲ႕ ပထမဆံုး ေတြ႕တဲ့ အခ်ိန္ မို႕ပါ။” ဂ်ိအန္႕၀မ္ ေျမြၾကီး ဘက္ကို မ်က္ႏွာ မူလိုက္ျပီးေတာ့ “အကိုမဲ ေရ…”
“၀ွစ္……..”
ႏိုင္ငံေတြကိုေတာင္ တုန္လႈပ္ေစႏိုင္တဲ့ စပါးၾကီး ေျမြနက္ၾကီးဟာ ရုတ္တရက္ အနက္ေရာင္ မီးခိုးေငြ႕ေတြျဖစ္သြားျပီးတယ္။ ျပီးေတာ့မွ ဆံပင္ အနက္နဲ႕ သက္လတ္ပိုင္း လူတစ္ေယာက္ ေပၚလာတယ္။ သူက ကေလးငယ္ကို ျပံဳးျပီး ၾကည့္ေနတယ္။
…………………….
“အန္႕၀မ္(ရီခ်ြမ္ လို့လည္း ေနာက္ပိုင္း စာအုပ္ မ်ားတြင္ ေခၚေသာေၾကာင့္ ရီခၽြမ္းလိဳ႕ သာ ေျပာင္းေရးေပးေတာ့မည္။) ေရ ၊ မင္းနဲကငါေတြ႔ေတာ့  ငါမင္းေနာက္လိုက္ဖို႕ သေဘာတူခဲ့တယ္။ မ်က္စိ တမွိတ္ အတြင္းမွာ မင္း ကေလး ေတာင္ရသြားျပီ။ လူကေလး ငါ့ကို မေၾကာက္ပါနဲ႕။ ငါက မင္းရဲ႕ ဦးေလးနက္ပါ။”
အန္႔၀မ္က ။  ။ လာ.. အျပင္ထြက္ၾကရေအာင္။ အဖိုးနဲ႕ က်န္တဲ႕လူေတြ ေစာင့္ေနၾကျပီ။ အကိုနက္ေရ မင္း နဂို အတိုင္း ျပန္ေျပာင္းလိုက္တာေကာင္းမယ္။ လူလိုေနရတာ မင္းအတြက္ သက္ေတာင့္သက္သာ မရွိဘူးဆိုတာ ငါသိတယ္။
“၀ွစ္….”
သူေခါင္းညိတ္လိုက္ျပီးေတာ့ အနက္ေရာင္ျမဴေတြ ထြက္လာျပီး ေျမြၾကီး ျပန္ျဖစ္သြားတယ္။ သူျခံစည္းရိုးကို ေက်ာ္ျဖတ္ျပီးေနာက္ လ်င္ျမန္စြာ ေပ်ာက္ကြယ္သြားတယ္။
“ဂ်ိနင္ အံ့ၾသထိတ္လန္႕ျပီး က်န္ခဲ့တယ္။ ဒီကမာၻက လူေတြအတြက္ ပံုမွန္ေပမဲ့ သူ႕အတြက္ေတာ့ အရမ္းကို ထူးဆန္းေနတယ္။ မီတာ ၂၀၀-၃၀၀ ေလာက္ ရွည္တဲ့ ေျမြၾကီးက လူသားအသြင္ ေျပာင္းျပီးေတာ့ သူ႕ရဲ႕ ဦးေလးနက္ ပါလို႕ ေျပာသြားတယ္?”
“မိစာၦ။”
“ဒါဆို ေခြးျဖဴၾကီးကေကာ တန္ခိုးရွင္ပဲလား။”
သူခံစားမိတာကေတာ့ ဒီကမာၻက သူထင္တာထက္ ပိုျပီး စိတ္၀င္စားဖို႕ ေကာင္းေနတာပဲ။
အေဖနဲ႕ အေမက ကေလးကို အတူူတူ ေပြ႕ခ်ီျပီးေတာ့ ေခြးျဖဴၾကီးနဲ႕ တူတူ ေလွ်ာက္လမ္းအတိုင္း ေလွ်ာက္လာတယ္။ ေလွ်ာက္လမ္း အဆံုးမွာေတာ့ ပန္းျခံကို သြားတဲ့ ေက်ာက္ခင္းလမ္းေလး ရွိေနတယ္။
ပန္းျခံကေတာ့ ႏွင္းေတြနဲ႕ ပိတ္ေနတယ္။ ၀တ္ရံုနက္၀တ္ အေစာင့္ေတြဟာ ႏွင္းထုထဲမွာ မလႈပ္မယွက္ ေစာင့္ေနၾကတယ္။ အလယ္မွာေတာ့ လူေတာ္ေတာ္မ်ားမ်ား ရပ္ေနၾကတယ္။ အကုန္လံုးဆီမွာ ေၾကာက္မက္ဖြယ္ တိရိစာၦန္ၾကီးေတြ၊ အဆိပ္ ပိုးေကာင္ၾကီးေတြ၊ နဲ႕ ပ်ံသန္းႏိုင္တဲ့ တန္ခိုးရွိ သတၱ၀ါဆန္းၾကီးေတြ ကိုယ္စီ ပါလာၾကတယ္။
ဂ်ိနင္ က သူ႕ အေဖ တစ္ေယာက္တည္း ထူးျခားေနတာ မဟုတ္ တာကို နားလည္သြားတယ္။ ဒီကမာၻ က လူေတြ က တန္ခိုးရွိ သတၱ၀ါဆန္းေတြကို ေမြးတာ ထံုးစံ ျဖစ္ေနတာပဲ။
ၾကည့္ရတာေတာ့ ငါလည္း ေနာက္က်ရင္ သူတို႕နဲ႕ သူငယ္ခ်င္းဖြဲ႕ ရမယ္ထင္တယ္။ ဂ်ိနင္ ဒီလူေတြ အကုန္လံုးကို ေသခ်ာ ေလ့လာလိုက္တယ္။ အကုန္လံုးက က်ား ေတြ က်ားသစ္ေတြလို မာန္ေတြရွိ ေနတယ္။ အကုန္လံုး နီးပါးက လွလွပပ ခ်ဳပ္ထားတဲ့ သားေမြး ၀တ္စံုကို ၀တ္ဆင္ထားတယ္။ အမ်ိဳး သမီး ၃ ေယာက္ပဲ ပိုး ခ်ည္ ၀တ္စံု ၀တ္ဆင္ထားတယ္။
ဂ်ိနင္ နည္းနည္း အံ့ၾသသြားတယ္။
“ၾကည့္ရတာ အကုန္လံုး သားေမြး ခ်ည္းပဲ ၀တ္ၾကတာ မဟုတ္ဘူး။ ပိုခ်ည္ ေတာင္ ဒီမွာ ေပၚေနျပီပဲ။ ဒီ အမ်ိဳးသမီး ၃ဦး ရပ္ေနတဲ့ ေနရာကို ၾကည့္ရင္ ဒီ လူအုပ္ထဲမွာ အသင့္အတင့္ အေရးပါတဲ့ သူေတြျဖစ္လိမ့္မယ္။ အရွင္းဆံုးကေတာ့ ဒီ ပိုး၀တ္စံုေတြက တန္ဖိုးၾကီး သားေမြး ေတြထက္ေတာ့ မေကာင္းပါဘူး။”
ေငြေ၇ာင္ ဆံပင္ပိုင္ရွင္ အဖိုးအိုက “ရီခ်ြမ္ ေရ ငါ့ကို ကေလးေပးပါ။”
“ဟုတ္ကဲ့အဘိုး။ ရီခၽြမ္က သူ႕မိန္းမလက္ထဲ က ကေလးကို ေပးလိုက္တယ္။”
“ကေလးေလး က ခ်စ္စရာေလးပဲ။” အဘိုးအိုက ေပ်ာ္ရႊင္စြာ ေျပာလိုက္တယ္။ “ရီခၽြမ္ မင္း အခု ကေလးရျပီဆိုေတာ့ ငါစိတ္မပူေတာ့ဘူး။ ငါ့ အပိုင္ေဒသမွာ ေခါင္းေဆာင္ ျဖစ္တာ ႏွစ္ ၈၀ ၾကာခဲ့ျပီ။ ငါတို႕ မ်ိဳးႏြယ္စုရဲ့ စညး္ကမ္းအရဆို ေဒသေခါင္းေဆာင္က ရာစဳ တစ္ႏွစ္ ( ႏွစ္တရာ) ထက္ ပို မအုပ္ခ်ဳပ္ရဘူး။ အရင္ကေတာ့ ငါမင္းကို ဂ်ိ ကလန္ရဲ့ ေျမာက္ပိုင္းေဒသ ေခါင္းေဆာင္ အရိုက္အရာ ကို ဆက္ခံေစခ်င္တာ။ ဒါေပမဲ့ မင္း immortal လမ္းစဥ္ကို ေခါင္းမာမာနဲ႕ ဆက္သြားေနလို႕။ အခုေတာ့ မင္း သားေလးရျပီဆိုေတာ့ ေနာက္ပိုင္းမွာ ကေလးေလးက ေဒသ ရဲ့ေခါင္းေဆာင္ ျဖစ္ႏိဳင္တယ္။”
ေဒသ ေခါင္းေဆာင္ အသစ္? ။ ဂ်ိနင္ အံ့ၾသသြားတယ္။ ၾကည့္ရတာ သူ႕ အဆင့္ေနရာက ေတာ္ေတာ္ ျမင့္ပံုေပၚတယ္။ ကလန္ကလည္း ေတာ္ေတာ္ ထူးျခားတဲ့ ကလန္ ျဖစ္ရမယ္။ အရမ္း က်ိဳးနြံတဲ့ မိန္းကေလး ေျခြအရံေတြ၊ မလႈပ္မယွက္ ရပ္ေနတဲ့ အနက္ေရာင္ ခ်ပ္၀တ္တန္ဆာ၀တ္ စစ္သည္ေတာ္ေတြဟာ ကလန္ရဲ႕ တန္ခိုးထြားမႈကို ထင္ဟပ္ျပသလိုပဲ။
“အကိုၾကီး!!” ေဒါသသၾကီး ေအာ္ဟစ္သံ ထြက္လာတယ္။
“ဘယ္သူက ေဒသ ရဲ႔ အရွင္သခင္ကို ေလးစားမႈမရွိ႔ဲပဲ ဟစ္ေအာ္ရဲရ တာလဲ?”
ဂ်ိနင္ အသံၾကားရာ ၾကည့္မိေတာ့ ဆံပင္နီနဲ႕ အဘိုးၾကီး တစ္ေယာက္ အပူရွိန္ေတြ တရွိန္ရွိန္နဲ႕ ခႏၶာကိုယ္က ထုတ္လႊတ္ေနျပီး လမ္းေလွ်က္လာေနတယ္။ သူနားရြက္မွာ ထင္သာျမင္သာ နားကပ္တစ္ခု ေတြ႕ရတယ္။ ခဏ၊… အဲ့ဒါေတြက လက္ေခ်ာင္း အရြယ္ရွိတဲ့ အနီေရာင္ ေျမြေလးေတြ မဟုတ္ဘူးလား။ ေျမြေတြကို သူက ၀တ္ထားတယ္?
အဘိုးအို ေအာ္ေျပာျပီး ေလွ်ာက္လာတယ္။
“ေဒသေခါင္းေဆာင္ေနရာကို လြယ္လြယ္နဲ႕ ဒီလို မဆံုးျဖတ္သင့္ဘူး။ ျပီးေတာ့ ဘယ္သူက ဒီကေလးမွာ အစြမး္ရွိလာမယ္လို႕ ေျပာႏိုင္မွလဲ။”
“ရီခၽြမ္းသား အစြမ္းက ပံုမွန္ေလာက္ပဲ ေနမွာ။ ဆံပင္နီ အဘိုးအိုက ယံုၾကည္စြာေျပာလိုက္တယ္။” အ့ဲဒီ အခိ်န္မွာပဲ အပူစြမ္းအင္ေတြ ဂ်ိနင္ ကုိယ္ထဲ ၀င္လာျပီးေတာ့ ေနာ္က္ေပ်ာက္ကြယ္သြားတယ္။
 ေငြေရာင္  ဆံပင္နဲ႕ အဘိုးအိုက ရီခၽြမ္း လို့ ေျပာျပီး  သူ႕ေျမးကို ဂုဏ္ယူစြာ ၾကည့္လိုက္တယ္။ သူဘယ္လိုလုပ္ မအံ့ၾသရမွာလဲ။ ဒါက ရီခၽြမ္ရဲ႕ သားေလ။ သူဟာ မိုးေရစက္ ဓားသိုင္းနဲ႕ နာမည္ၾကီး ေနတာ။ ထူးျခားလြန္းတဲ့ မိုးေရစက္ ဓားသိုင္း တစ္ခုတည္းဟာ ေရကန္ ၾကီးေတြနဲ႔ ေတာင္ၾကီးေတြ ေပၚမွာ ရွိေနတဲ မေရမတြက္ႏိုင္တဲ႕ သတၱ၀ါ ဆန္းၾကီးေတြကို နိဂံုး ခ်ဳပ္ေပးခဲ့တယ္။ ေျမာက္ပိုင္း ဂ်ိကန္ရဲ႕ လက္ေအာက္က မေရ မတြက္ႏိုင္ေအာင္ ရွိတဲ့ မ်ဳိးႏြယ္စုေတြမွာ ဒီအေၾကာင္း မသိသူ မရွိဘူး။ ေျပာရမယ္ဆိုရင္ ေဒသေခါင္းေတာင္ထက္ သူ႕ကို လူသိပိုမ်ားတယ္။
ကေလးငယ္က သေႏၶ သား ဘ၀မွာ အဘိုးတန္ ရတနာကို စားထားေတာ့ သူ႕အေနနဲ႕ အေကာင္းဆံုး ဖြံ႕ျဖိဳးလာမွာပဲ။
“အကိုၾကီး”
ေျမြနဲ႕ ေခါင္းေဆာင္ လူၾကီးက ရယ္ေမာလိုက္တယ္။ “ၾကည့္ရတာ ရီခၽြမ္သားက ပံုမွန္ပါပဲ။ ဒီလို အားနည္းတဲ့ ကေလးေလးက ငါတိုေျမာက္ပိုင္း ဂ်ိကလန္ ရဲ႕ လက္ေအာက္က မ်ိဳးနြယ္စု အကုန္လံုးကို ထိန္းခ်ဳပ္ႏိုင္မွာလည္း။? ဂ်ိမ်ိဳးႏြယ္ စုက လူေတြက သုူ႕လက္ေအာက္ခံ ဘယ္သူျဖစ္ခ်င္မွာလည္း။ မေရမတြက္နိုင္တဲ့ ကလန္ေတြကေကာ ဘယ္သူက သူ႕ လက္ခံျဖစ္ခ်င္မွာလည္း။”
“ေဒသေခါင္းေဆာင္ၾကီး ဒီ ကေလးေလးဟာ ဘယ္လိုမွ အရိုက္အရာ ဆက္ခံမဲ့သူ ျဖစ္ဖို႕ မသင့္ေတာ္ဘူး။ အေရးၾကီးတဲ့ ေခါင္းေဆာင္ေနရာကို ဒီလို လြယ္လြယ္ မဆံုးျဖတ္သင့္ဘူး။”
အနားမွာ ရွိေနတဲ့ သူေတြဟာ ေျမာက္ပိုင္း ဂ်ိကလန္ရဲ႕ အဆင့္ျမင့္ ပုဂၢဳိလ္ေတြ ျဖစ္ၾကတယ္ ။ သူတို့ေတြ တီးတိုး ေျပာလာၾကတယ္။
ဂ်ိရီခၽြမ္း မ်က္ေမွာင္ ၾကဳတ္ျပီး “ပါးစပ္ ပိတ္ထားၾကစမ္းလို့” ေအာ္ေျပာလိုက္တယ္။ သူ႕ ေအးစက္စက္ နဲ႕ ၀ိုက္ျပီး ၾကည့္လိုက္ေတာ့ ကလန္က လူေတြ အကုန္လံုး တိတ္ဆိတ္သြားတယ္။
ဒါေပမဲ့ ေျမြနဲ႕ လူၾကီးက ေဒါသ သၾကီး ျပန္ ေအာ္ေျပာလိုက္တယ္။
“ဘာလို႕ ဒီေလာက္စိတ္ ၾကီးရတာလည္း။ ဒီေနရာက ေျမာက္ပိုင္းဂ်ိကလန္ေနရာ။ ငါတို႕ ဒီမွာ စကားေျပာလို့ေတာင္ မရဘူးလား။ မင္းရဲ႕ သားကို ေခါင္းေဆာင္ ျဖစ္ေစခ်င္ရင္ အရည္အခ်င္း ရွိဖို႕လိုတယ္။ ျပီးေတာ့ မင္းက ကလန္အတြက္ အမ်ားၾကီး အက်ိဳးေဆာင္ခဲ့တာဆိုေတာ့ ငါတို့ေတြ ဘာမွ မေျပာလိုဘူး။ ဒါေပမဲ့ မင္း သားက အရမ္း သာမာန္ ျဖစ္လြန္းတယ္။ အဲ့ဒါကို မင္းက ေခါင္ေဆာင္ျဖစ္ေစခ်င္ေနတယ္၊? ေျမာက္ပိုင္း ဂ်ိကလန္က မ်ိဳးႏြယ္စုေတြက အတူတကြ နယ္ေျမလု စစ္ပြဲေတြမွာ တိုက္ေနရတာ။ ျပီးေတာ့ ေရကန္ၾကီးေတြနဲ႕ ေတာင္ၾကီးေတြေပၚက သတၱ၀ါဆန္း ၾကီးေတြ ရန္ကလည္း ရွိေသးတယ္။ ဘယ္လိုလုပ္ အစြမ္းမရွိတဲ့ ေခါင္းေဆာင္က ကလန္ အဖြဲ႕သားေတြ ၊ မ်ိဳးႏြယ္စုေတြကို စိတ္ေရာကိုယ္ပါ နာခံေစဖို႕ တတ္ႏိုင္မွာလည္း။ ေျမာက္ပိုင္း ကလန္က အစြမ္းေတြ ေလ်ာ့ က်လာတယ္ဆို ရင္ ငါတို႕ ပတ္၀န္းက်င္က တျခား အဖြဲ႕ ၾကီးေတြနဲ႕ ဘယ္လို ယွဥ္ျပိဳင္ ႏိုင္ေတာ့မွာလည္း။ ငါတို႕ေတြ ေရကန္ေတြ ေတာင္ေတြကို သြားျပီး တန္ခိုးရွိ ေသာင္းက်န္းေနတဲ့ သတၱ၀ါေတြကို ဘယ္လို ႏွိမ္နင္း ႏိုင္ေတာ့မွာလည္း။”
“ငါကပဲ ေရကန္ေတြ ေတာင္ေတြကို သြားျပီး တန္ခိုးရွိ ေသာင္းက်န္းေနတဲ့ သတၱ၀ါေတြကို ႏွိမ္နင္းေပးေနတာပဲ” လုိ႕ ရီခၽြမ္က ေအးစက္စက္ ေျပ ာလိုက္တယ္။
“မင္းေတာ္ေတာ္ေခါင္းမာတာပဲ။ မင္းရဲ႕ ဂုဏ္သတင္း အတိုင္းပါပဲ ရီခၽြမ္း။ ဒါဆို မင္း ရွိသမွ် တန္ခိုးရွိ သတၱ၀ါဆန္းေတြကို မင္းကိုယ္တိုင္ အကုန္ လိုက္သတ္မွာလား။ ဒါဆို ငါ ဂ်ိလီ မင္းကို တစ္ခုေျပာမယ္။ မင္း တန္ခိုးရွိ သတၱ၀ါဆန္းၾကီးေတြကို အေကာင္ ၁၀၀ ႏွိမ္နင္း ေပးႏိုင္ရင္ ငါ ဘယ္သူေခါင္းေဆာင္ လုပ္မယ္ဆိုတာ ၀င္ မစြက္ဖက္ေတာ့ဘူး။ မင္းသား ေနရာ ယူခ်င္ရင္လည္း ေပးယူတယ္ ။ ေျမြနဲ႕ ေခါင္းေဆာင္က ေျပာလိုက္တယ္။”
ဂ်ိ ရီခၽြမ္း စိုက္ၾကည့္ေနတယ္။
တန္ခိုးရွိ သတၱ၀ါဆန္း ၾကီးေတြ အကုန္လံုးက အရမ္း အစြမ္းထက္ျပီးေတာ့  အရမ္း လ်င္ျမန္တယ္။ ဘယ္လိုလုပ္ သူတို႕ကို လြယ္လြယ္နဲ႕ သတ္ႏိုင္မွာလဲ။ ၁၀ ေကာင္ သတ္ႏိုင္ရင္ေတာင္ ေတာ္ေတာ္ ကံေကာင္းေနျပီ။ အေကာင္ ၁၀၀ ဆို မေျပာနဲ႕ ေတာ့။
“ကဲ..ကဲ.. ေတာ္ျပီ။ ကေလးက ခုပဲေမြးတာ။ မင္းတို႕က ဖိအားေတြ အရမ္းေပးတာပဲ။ ေငြေ၇ာင္ ဆံပင္နဲ႕ အဘိုးအိုက ဆက္ေျပာလိုက္တယ္။ ဒီည ငါတို႕ ႏွင္းေဆာင္း ခန္းမမွာ စားပြဲ က်င္းပၾကမယ္။ အခုေတာ့ အားလံုး သြားႏိုင္ျပီ။”
“ေကာင္းပါျပီ။”
ေျမြနဲ႕ ေခါင္းေဆာင္က အ၇င္ဆံုး က်ယ္ေလာင္ စြာ တုန္႕ျပန္လိုက္တယ္။ သူ လူ တစ္၀က္ေလာက္ကို ဦးေဆာင္ျပီး ထြက္ခြာသြားတယ္။ က်န္တဲ့ သူေတြလည္း သူတို႕အိမ္ကို ျပန္သြားျပီး ပန္းျခံေလး ဒီအတိုင္း က်န္ခဲ့ေတာ့တယ္။
Chapter 3 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
ေဖ့ဘုတ္တြင္ @drpanda88 ဟု search တြင္ရိုက္ ရွာႏိုင္ပါသည္။

Unicode

အခန်း ၃ (မွေးဖွားခြင်း)

ဂျိနင် မျက်စိဖွင့်ကြည့်လိုက်တော့ သားမွေး ဝတ်စုံ ဝတ်ထားတဲ့ လူကြီးတစ်ယောက်က သူ့ကို ပွေ့ချီထားတာ တွေ့လိုက်တယ်။

“မင်းတို့ သွားလို့ ရပြီ ။”

အခိုင်းအစေ မိန်းကလေးသုံးယောက်က ရိုသေစွာ ဟုတ်ကဲ့ရှင့် လို့ ပြန်ပြောပြီး ထွက်သွားကြတယ်။

ဂျိနင်ကို ပွေ့ချီထားသူက သူ့ဖခင်ဖြစ်လိမ့်မယ်။ သားတစ်ယောက် မွေးလာပေမဲ့ သူ့အမူအရာက ရေခဲတုံးလို အေးစက်စက်ဖြစ်နေပြီး ခန့်မှန်းရခက် နေတယ်။ သူက တင့်တယ်တဲ့ သားမွေး ဝတ်စုံကို ဝတ်ထားပြီး ခုန မိန်းကလေးသုံယောက် က ဝတ်ဆင်ထား တဲ့ သားမွေးအကျီထက် ပိုပြီး အရေအသွေး ကောင်းတယ်။

အခန်းက တော်တော်ကြီးကို ရှင်းနေတယ်။ ပရိဘောဂတွေက ကျောက်တုံးကို ထွင်းထုထားတာတွေ ချည်းပဲ။ ထွင်းထုထားတဲ့ လက်ရာတွေက အရမ်းရှေးကျပြီးတော့ နန်းဆန်နေတယ်။ အိပ်ရာပေါ်မှာတော့ ၇မီတာလောက် ရှည်တဲ့ သားမွေးတွေကို ကြမ်းပေါ် အထိ ချိတ်ဆွဲထားတယ်။ တစ်ချက်ကြည့် ရုံနဲ့ အရမ်းဈေးကြီးတဲ့ သားမွေးမှန်း သိသာတယ်။ မျက်နှာ နီရဲနေတဲ့ မိန်းမငယ်လေးဟာ ခုတင်ပေါ်မှာ ရှိနေတယ်။

ပရိဘောဂတွေသာ ကျောက်ကို ထွင်းထားတာ မဟုတ်ပဲ အခန်းကြီးကလည်း ကျောက်သားကို ထွင်းထုထားတာ ဖြစ်နေတယ်။ အဖေကော အခိုင်း အစေ မိန်းကလေး ၃ ယောက်ကော က သားမွေးတွေ ဝတ်ထားကြတော့ ဒီကမ္ဘာက သိပ္ပံ ခေတ်အထိ မတိုးတက်လောက်သေးဘူး။ ဂျိနင် စဉ်းစားနေမိတယ်။

“သားလေး”

ကလေးငယ်ကို ပွေ့ချီထားပေမဲ့ သူ့မျက်နှာမှာ အပြုံး မရှိပဲ အေးစက်နေတယ်။ မျက်စိတွေမှာသာ စိတ်လှုပ်ရှားတဲ့ အရိပ်အရောင် တွေ့ ရတယ်။

ဂျိနင် သူ့ ခန္ဓာ ကိုယ်ထဲကို ဆန်းကျယ်တဲ့ အအေးလှိုင်း စီးဆင်းလာတာ ခံစားမိတယ်။ သူ အရမ်း သက်တောင့်သက်သာ ခံစားရပြီးတော့ အအေးလှိုင်းတွေ ပျောက်ကွယ်သွားတယ်။

“အန့်ဝမ်၊ သားလေး ဘယ်လို လည်း”

ခုတင်ပေါ်က မိန်းကလေးက မေးလိုက်တယ်။

ထင်တဲ့ အတိုင်ပါပဲ သူ့ ခန္ဓာကိုယ်က ပုံမှန်ပါပဲ လို့ ညင်သာစွာ ပြောလိုက်တယ်။

ခုတင်ပေါ်က မိန်းမငယ်က မျက်ရည်ဝိုင်းပြီး ငါ့ကို ခဏလောက် ပေးချီပါ။

လူကြီးက ကလေးကို လက်လွှဲ ပေးလိုက်တယ်။

“မိန်းမငယ်က အချစ်တွေ ပြည့်နေတဲ့ မျက်လုံးနဲ့ ကလေး ငယ်ကို လိမ္မာ နေနော်လို့ ပြောလိုက်တယ်။ အန့်ဝမ် ငါတို့သားလေးက ကိုယ်ဝန်ဆောင်ချိန်မှာ ဒဏ်ရာ ရခဲ့တာ။ သူ သဘာ၀ ရတနာ ဆေးတွေကို စားခဲ့ရပေမဲ့ အကုန် မကောင်းခဲ့ဘူး။ သားလေးအတွက် ကောင်းအောင် မလုပ်ပေးနိုင်ခဲ့ဘူး။”

“ငါ သန္ဓေ သားတုန်းက ဒဏ်ဖြစ်ဖူးတယ်။?”

“သဘာ၀ ရတနာဆေး “

“ဒီကမ္ဘာမှာ တွေ့ရတဲ့ မိဘတွေက သာမာန်ုလူတွေ မဟုတ်လောက်ဘူး။”

…..

သူ့ကို မွေးဖွားခဲ့ရပေမဲ့ သူ့မိခင်က  အိပ်ရာကနေ ချက်ခြင်း ထနိုင်နေတယ်။ သူမက အဖြူရောင်သားမွေး အကျီကို ဝတ်းထားပြီးတော့ သူ့ယောက်ျားနဲ့ လက်မောင်းမှာ မှီပြီး အခန်း အပြင် ထွက်လာကြတယ်။

သူ့အဖေ အန့်ဝမ်က အခိုင်းအစေ မိန်းကလေး၃ ယောက်ကို

“သန့်ရှင်းရေးလုပ်ထားလိုက်ကြ”

“ဟုတ်ကဲ့ရှင့်”

မိန်းကလေး၃ယောက် ကျိုးနွံစွာ ပြန်ဖြေတယ်။

တံခါး အပြင်မှာ ခန်းမကျယ်ကြီး ရှိပြီး  အဲ့ဒီမှာ နှင်းလိုဖြူတဲ့ ခွေးကြီးတစ်ကောင် ရှိတယ်။ သူ့အမွေးတွေဟာ ဝါဂွမ်းလို ရှည်ပြီးတော့ သူဟာ အရမ်း လိမ္မာတယ်။ သူ ဂျိနင်ကိုတွေ့လိုက်တော့ သူစိတ်လှုပ်ရှားမှုနဲ့ အချစ်တွေနဲ့ ပြည့်နေတယ့် မျက်ဝန်းနဲ့ ကြည့်လိုက်တယ်။

ခန်းမကျယ်ကြီး အပြင်မှာ နက်ပြောင်နေတဲ့ အလွန်ကြီးမားတဲ စပါးကြီး မြွေကြီး ခွေနေတယ်။ သူ အခွေပေါင်း မြောက်များစွာ ရစ်ပတ်ခွေနေပြီးတော့ သူ ခေါင်းကို မီတာ တော်တော် မြင့်တဲ့ အထိ ထောင်ထားတယ်။ သူ့ ခန္တာကိုယ် မှာ နက်မှောင်ပြီးတော့ နှလုံး ရပ်လောက်အောင် အေးစက်တဲ့ အကြေးခွံတွေနဲက ဖုံးအုပ်နေတယ်။ သူ့ခေါင်းကို တဖြည်းဖြည်း နှိမ့်ပြီး အနားကပ်လာတယ်။

“ဘုရား ဘုရား…”

ဂျိနင်ထိတ်လန့်သွားတယ်။ ခွေး က ကိစ္စ မရှိဘူး ။ သူ အရင် ဘဝက ခွေးတွေ အများကြီး မြင်ဖူးတာပဲ။ ဒီခွေးဖြူ ကတော့ တော်တော်ကို ကြီးတယ်။

ဒါပေမဲ့ ဒီလောက်ကြီးကို ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားပြီး ခွေနေတဲ့ မြွေကြီး။ မြွေလို့ ကော ပြောနိုင်သေးလား။

အဆုံး မရှိတဲ့ စက်ဝိုင်းလို ရစ်ခွေနေပြီး တော့ ခေါင်းထောင်ထားတာတောင် မီတာတော်တော် မြင့်နေသေးတယ်။ ဒီတစ်ကောင်လုံးဆို မီတာ ၂၀၀ ၊ ၃၀၀ လောက် ရှည်လိမ့်မယ်။ အရမ်းအံ့သြဖို့ကောင်းတဲ့ တိရိစ္ဆာန်ကြီးက သူ့အိမ်ထဲမှာ ရှိနေတယ်။ ဒါ…………. ပြောရရင်………..

“သားလေး”

အန့်ဝမ်က သူ့သားဘယ်လို ခံစားနေရလဲဆိုတာ စိတ်မဝင်စားဘူး။ ဒီကမ္ဘာမှာ လူတွေက ဒီလိုပဲ နေထိုင် ကြတော့ အံ့သြစရာ မဟုတ်တော့တာ ဖြစ်နိုင်တယ်။ ဂျိအန့်ဝမ်က နှင်းခဲလိုဖြူတဲ့ ခွေးကြီးကို ညွှန်ပြပြီးတော့ ဒါက သားရဲ့ ဦးလေးဖြူ။ သားအဖေရဲ့ တသက်တာ သူငယ်ချင်းကောင်းပဲ။ သားအသက် ကိုလည် း သူကယ်ဖူးတယ်။ သားသူ့ကို အဖေ့ ကို ဆက်ဆံသလို ဆက်ဆံရမယ်။

ခွေးကြီးက ဂျိနင်ကို ချစ်မြတ်နိုးစွာနဲ့ ကြည့်နေတယ်။ ဂျိနင် သူ့ကို ခွေးဖြူကြီး ဘယ်လောက် ချစ်တယ်ဆိုတာ ခံစားမိတယ်။

ဒါပေမဲ့

“သူခွေးကြီးကို ဦးလေးဖြူလို့ ခေါ်ရမယ်?”

“အန့်ဝမ်.. ကလေးက ခုမှ မွေးကင်းစလေးလေ။ နင်ပြောတာ ဘယ်လို နားလည်မှာလည်း။ သူ့ကို ပြောဖို့မှ မလိုသေးတာ။ သူ့အမေက ကလေးကို ချီပြီး ပြောလိုက်တယ်။”

“သူအခု နားမလည်ပေမဲ့ ဒါ အဖြူလေးနဲ့ ပထမဆုံး တွေ့တဲ့ အချိန် မို့ပါ။” ဂျိအန့်ဝမ် မြွေကြီး ဘက်ကို မျက်နှာ မူလိုက်ပြီးတော့ “အကိုမဲ ရေ…”

“ဝှစ်……..”

နိုင်ငံတွေကိုတောင် တုန်လှုပ်စေနိုင်တဲ့ စပါးကြီး မြွေနက်ကြီးဟာ ရုတ်တရက် အနက်ရောင် မီးခိုးငွေ့တွေဖြစ်သွားပြီးတယ်။ ပြီးတော့မှ ဆံပင် အနက်နဲ့ သက်လတ်ပိုင်း လူတစ်ယောက် ပေါ်လာတယ်။ သူက ကလေးငယ်ကို ပြုံးပြီး ကြည့်နေတယ်။

…………………….

“အန့်ဝမ်(ရီချွမ် လို့လည်း နောက်ပိုင်း စာအုပ် များတွင် ခေါ်သောကြောင့် ရီချွမ်းလို့ သာ ပြောင်းရေးပေးတော့မည်။) ရေ ၊ မင်းနဲကငါတွေ့တော့  ငါမင်းနောက်လိုက်ဖို့ သဘောတူခဲ့တယ်။ မျက်စိ တမှိတ် အတွင်းမှာ မင်း ကလေး တောင်ရသွားပြီ။ လူကလေး ငါ့ကို မကြောက်ပါနဲ့။ ငါက မင်းရဲ့ ဦးလေးနက်ပါ။”

အန့်ဝမ်က ။  ။ လာ.. အပြင်ထွက်ကြရအောင်။ အဖိုးနဲ့ ကျန်တဲ့လူတွေ စောင့်နေကြပြီ။ အကိုနက်ရေ မင်း နဂို အတိုင်း ပြန်ပြောင်းလိုက်တာကောင်းမယ်။ လူလိုနေရတာ မင်းအတွက် သက်တောင့်သက်သာ မရှိဘူးဆိုတာ ငါသိတယ်။

“ဝှစ်….”

သူခေါင်းညိတ်လိုက်ပြီးတော့ အနက်ရောင်မြူတွေ ထွက်လာပြီး မြွေကြီး ပြန်ဖြစ်သွားတယ်။ သူခြံစည်းရိုးကို ကျော်ဖြတ်ပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားတယ်။

“ဂျိနင် အံ့သြထိတ်လန့်ပြီး ကျန်ခဲ့တယ်။ ဒီကမ္ဘာက လူတွေအတွက် ပုံမှန်ပေမဲ့ သူ့အတွက်တော့ အရမ်းကို ထူးဆန်းနေတယ်။ မီတာ ၂၀၀-၃၀၀ လောက် ရှည်တဲ့ မြွေကြီးက လူသားအသွင် ပြောင်းပြီးတော့ သူ့ရဲ့ ဦးလေးနက် ပါလို့ ပြောသွားတယ်?”

“မိစ္ဆာ။”

“ဒါဆို ခွေးဖြူကြီးကကော တန်ခိုးရှင်ပဲလား။”

သူခံစားမိတာကတော့ ဒီကမ္ဘာက သူထင်တာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတာပဲ။

အဖေနဲ့ အမေက ကလေးကို အတူူတူ ပွေ့ချီပြီးတော့ ခွေးဖြူကြီးနဲ့ တူတူ လျှောက်လမ်းအတိုင်း လျှောက်လာတယ်။ လျှောက်လမ်း အဆုံးမှာတော့ ပန်းခြံကို သွားတဲ့ ကျောက်ခင်းလမ်းလေး ရှိနေတယ်။

ပန်းခြံကတော့ နှင်းတွေနဲ့ ပိတ်နေတယ်။ ဝတ်ရုံနက်ဝတ် အစောင့်တွေဟာ နှင်းထုထဲမှာ မလှုပ်မယှက် စောင့်နေကြတယ်။ အလယ်မှာတော့ လူတော်တော်များများ ရပ်နေကြတယ်။ အကုန်လုံးဆီမှာ ကြောက်မက်ဖွယ် တိရိစ္ဆာန်ကြီးတွေ၊ အဆိပ် ပိုးကောင်ကြီးတွေ၊ နဲ့ ပျံသန်းနိုင်တဲ့ တန်ခိုးရှိ သတ္တဝါဆန်းကြီးတွေ ကိုယ်စီ ပါလာကြတယ်။

ဂျိနင် က သူ့ အဖေ တစ်ယောက်တည်း ထူးခြားနေတာ မဟုတ် တာကို နားလည်သွားတယ်။ ဒီကမ္ဘာ က လူတွေ က တန်ခိုးရှိ သတ္တဝါဆန်းတွေကို မွေးတာ ထုံးစံ ဖြစ်နေတာပဲ။

ကြည့်ရတာတော့ ငါလည်း နောက်ကျရင် သူတို့နဲ့ သူငယ်ချင်းဖွဲ့ ရမယ်ထင်တယ်။ ဂျိနင် ဒီလူတွေ အကုန်လုံးကို သေချာ လေ့လာလိုက်တယ်။ အကုန်လုံးက ကျား တွေ ကျားသစ်တွေလို မာန်တွေရှိ နေတယ်။ အကုန်လုံး နီးပါးက လှလှပပ ချုပ်ထားတဲ့ သားမွေး ဝတ်စုံကို ဝတ်ဆင်ထားတယ်။ အမျိုး သမီး ၃ ယောက်ပဲ ပိုး ချည် ဝတ်စုံ ဝတ်ဆင်ထားတယ်။

ဂျိနင် နည်းနည်း အံ့သြသွားတယ်။

“ကြည့်ရတာ အကုန်လုံး သားမွေး ချည်းပဲ ဝတ်ကြတာ မဟုတ်ဘူး။ ပိုချည် တောင် ဒီမှာ ပေါ်နေပြီပဲ။ ဒီ အမျိုးသမီး ၃ဦး ရပ်နေတဲ့ နေရာကို ကြည့်ရင် ဒီ လူအုပ်ထဲမှာ အသင့်အတင့် အရေးပါတဲ့ သူတွေဖြစ်လိမ့်မယ်။ အရှင်းဆုံးကတော့ ဒီ ပိုးဝတ်စုံတွေက တန်ဖိုးကြီး သားမွေး တွေထက်တော့ မကောင်းပါဘူး။”

ငွေရောင် ဆံပင်ပိုင်ရှင် အဖိုးအိုက “ရီချွမ် ရေ ငါ့ကို ကလေးပေးပါ။”

“ဟုတ်ကဲ့အဘိုး။ ရီချွမ်က သူ့မိန်းမလက်ထဲ က ကလေးကို ပေးလိုက်တယ်။”

“ကလေးလေး က ချစ်စရာလေးပဲ။” အဘိုးအိုက ပျော်ရွှင်စွာ ပြောလိုက်တယ်။ “ရီချွမ် မင်း အခု ကလေးရပြီဆိုတော့ ငါစိတ်မပူတော့ဘူး။ ငါ့ အပိုင်ဒေသမှာ ခေါင်းဆောင် ဖြစ်တာ နှစ် ၈၀ ကြာခဲ့ပြီ။ ငါတို့ မျိုးနွယ်စုရဲ့ စည်းကမ်းအရဆို ဒေသခေါင်းဆောင်က ရာစု တစ်နှစ် ( နှစ်တရာ) ထက် ပို မအုပ်ချုပ်ရဘူး။ အရင်ကတော့ ငါမင်းကို ဂျိ ကလန်ရဲ့ မြောက်ပိုင်းဒေသ ခေါင်းဆောင် အရိုက်အရာ ကို ဆက်ခံစေချင်တာ။ ဒါပေမဲ့ မင်း immortal လမ်းစဉ်ကို ခေါင်းမာမာနဲ့ ဆက်သွားနေလို့။ အခုတော့ မင်း သားလေးရပြီဆိုတော့ နောက်ပိုင်းမှာ ကလေးလေးက ဒေသ ရဲ့ခေါင်းဆောင် ဖြစ်နိုင်တယ်။”

ဒေသ ခေါင်းဆောင် အသစ်? ။ ဂျိနင် အံ့သြသွားတယ်။ ကြည့်ရတာ သူ့ အဆင့်နေရာက တော်တော် မြင့်ပုံပေါ်တယ်။ ကလန်ကလည်း တော်တော် ထူးခြားတဲ့ ကလန် ဖြစ်ရမယ်။ အရမ်း ကျိုးနွံတဲ့ မိန်းကလေး ခြွေအရံတွေ၊ မလှုပ်မယှက် ရပ်နေတဲ့ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် စစ်သည်တော်တွေဟာ ကလန်ရဲ့ တန်ခိုးထွားမှုကို ထင်ဟပ်ပြသလိုပဲ။

“အကိုကြီး!!” ဒေါသသကြီး အော်ဟစ်သံ ထွက်လာတယ်။

“ဘယ်သူက ဒေသ ရဲ့ အရှင်သခင်ကို လေးစားမှုမရှိ့ဲပဲ ဟစ်အော်ရဲရ တာလဲ?”

ဂျိနင် အသံကြားရာ ကြည့်မိတော့ ဆံပင်နီနဲ့ အဘိုးကြီး တစ်ယောက် အပူရှိန်တွေ တရှိန်ရှိန်နဲ့ ခန္ဓာကိုယ်က ထုတ်လွှတ်နေပြီး လမ်းလျှေက်လာနေတယ်။ သူနားရွက်မှာ ထင်သာမြင်သာ နားကပ်တစ်ခု တွေ့ရတယ်။ ခဏ၊… အဲ့ဒါတွေက လက်ချောင်း အရွယ်ရှိတဲ့ အနီရောင် မြွေလေးတွေ မဟုတ်ဘူးလား။ မြွေတွေကို သူက ဝတ်ထားတယ်?

အဘိုးအို အော်ပြောပြီး လျှောက်လာတယ်။

“ဒေသခေါင်းဆောင်နေရာကို လွယ်လွယ်နဲ့ ဒီလို မဆုံးဖြတ်သင့်ဘူး။ ပြီးတော့ ဘယ်သူက ဒီကလေးမှာ အစွမ်းရှိလာမယ်လို့ ပြောနိုင်မှလဲ။”

“ရီချွမ်းသား အစွမ်းက ပုံမှန်လောက်ပဲ နေမှာ။ ဆံပင်နီ အဘိုးအိုက ယုံကြည်စွာပြောလိုက်တယ်။” အဲ့ဒီ အချိန်မှာပဲ အပူစွမ်းအင်တွေ ဂျိနင် ကိုယ်ထဲ ဝင်လာပြီးတော့ နော်က်ပျောက်ကွယ်သွားတယ်။

 ငွေရောင်  ဆံပင်နဲ့ အဘိုးအိုက ရီချွမ်း လို့ ပြောပြီး  သူ့မြေးကို ဂုဏ်ယူစွာ ကြည့်လိုက်တယ်။ သူဘယ်လိုလုပ် မအံ့သြရမှာလဲ။ ဒါက ရီချွမ်ရဲ့ သားလေ။ သူဟာ မိုးရေစက် ဓားသိုင်းနဲ့ နာမည်ကြီး နေတာ။ ထူးခြားလွန်းတဲ့ မိုးရေစက် ဓားသိုင်း တစ်ခုတည်းဟာ ရေကန် ကြီးတွေနဲ့ တောင်ကြီးတွေ ပေါ်မှာ ရှိနေတဲ မရေမတွက်နိုင်တဲ့ သတ္တဝါ ဆန်းကြီးတွေကို နိဂုံး ချုပ်ပေးခဲ့တယ်။ မြောက်ပိုင်း ဂျိကန်ရဲ့ လက်အောက်က မရေ မတွက်နိုင်အောင် ရှိတဲ့ မျိုးနွယ်စုတွေမှာ ဒီအကြောင်း မသိသူ မရှိဘူး။ ပြောရမယ်ဆိုရင် ဒေသခေါင်းတောင်ထက် သူ့ကို လူသိပိုများတယ်။

ကလေးငယ်က သန္ဓေ သား ဘဝမှာ အဘိုးတန် ရတနာကို စားထားတော့ သူ့အနေနဲ့ အကောင်းဆုံး ဖွံ့ဖြိုးလာမှာပဲ။

“အကိုကြီး”

မြွေနဲ့ ခေါင်းဆောင် လူကြီးက ရယ်မောလိုက်တယ်။ “ကြည့်ရတာ ရီချွမ်သားက ပုံမှန်ပါပဲ။ ဒီလို အားနည်းတဲ့ ကလေးလေးက ငါတိုမြောက်ပိုင်း ဂျိကလန် ရဲ့ လက်အောက်က မျိုးနွယ်စု အကုန်လုံးကို ထိန်းချုပ်နိုင်မှာလည်း။? ဂျိမျိုးနွယ် စုက လူတွေက သုူ့လက်အောက်ခံ ဘယ်သူဖြစ်ချင်မှာလည်း။ မရေမတွက်နိုင်တဲ့ ကလန်တွေကကော ဘယ်သူက သူ့ လက်ခံဖြစ်ချင်မှာလည်း။”

“ဒေသခေါင်းဆောင်ကြီး ဒီ ကလေးလေးဟာ ဘယ်လိုမှ အရိုက်အရာ ဆက်ခံမဲ့သူ ဖြစ်ဖို့ မသင့်တော်ဘူး။ အရေးကြီးတဲ့ ခေါင်းဆောင်နေရာကို ဒီလို လွယ်လွယ် မဆုံးဖြတ်သင့်ဘူး။”

အနားမှာ ရှိနေတဲ့ သူတွေဟာ မြောက်ပိုင်း ဂျိကလန်ရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ် ။ သူတို့တွေ တီးတိုး ပြောလာကြတယ်။

ဂျိရီချွမ်း မျက်မှောင် ကြုတ်ပြီး “ပါးစပ် ပိတ်ထားကြစမ်းလို့” အော်ပြောလိုက်တယ်။ သူ့ အေးစက်စက် နဲ့ ဝိုက်ပြီး ကြည့်လိုက်တော့ ကလန်က လူတွေ အကုန်လုံး တိတ်ဆိတ်သွားတယ်။

ဒါပေမဲ့ မြွေနဲ့ လူကြီးက ဒေါသ သကြီး ပြန် အော်ပြောလိုက်တယ်။

“ဘာလို့ ဒီလောက်စိတ် ကြီးရတာလည်း။ ဒီနေရာက မြောက်ပိုင်းဂျိကလန်နေရာ။ ငါတို့ ဒီမှာ စကားပြောလို့တောင် မရဘူးလား။ မင်းရဲ့ သားကို ခေါင်းဆောင် ဖြစ်စေချင်ရင် အရည်အချင်း ရှိဖို့လိုတယ်။ ပြီးတော့ မင်းက ကလန်အတွက် အများကြီး အကျိုးဆောင်ခဲ့တာဆိုတော့ ငါတို့တွေ ဘာမှ မပြောလိုဘူး။ ဒါပေမဲ့ မင်း သားက အရမ်း သာမာန် ဖြစ်လွန်းတယ်။ အဲ့ဒါကို မင်းက ခေါင်ဆောင်ဖြစ်စေချင်နေတယ်၊? မြောက်ပိုင်း ဂျိကလန်က မျိုးနွယ်စုတွေက အတူတကွ နယ်မြေလု စစ်ပွဲတွေမှာ တိုက်နေရတာ။ ပြီးတော့ ရေကန်ကြီးတွေနဲ့ တောင်ကြီးတွေပေါ်က သတ္တဝါဆန်း ကြီးတွေ ရန်ကလည်း ရှိသေးတယ်။ ဘယ်လိုလုပ် အစွမ်းမရှိတဲ့ ခေါင်းဆောင်က ကလန် အဖွဲ့သားတွေ ၊ မျိုးနွယ်စုတွေကို စိတ်ရောကိုယ်ပါ နာခံစေဖို့ တတ်နိုင်မှာလည်း။ မြောက်ပိုင်း ကလန်က အစွမ်းတွေ လျော့ ကျလာတယ်ဆို ရင် ငါတို့ ပတ်ဝန်းကျင်က တခြား အဖွဲ့ ကြီးတွေနဲ့ ဘယ်လို ယှဉ်ပြိုင် နိုင်တော့မှာလည်း။ ငါတို့တွေ ရေကန်တွေ တောင်တွေကို သွားပြီး တန်ခိုးရှိ သောင်းကျန်းနေတဲ့ သတ္တဝါတွေကို ဘယ်လို နှိမ်နင်း နိုင်တော့မှာလည်း။”

“ငါကပဲ ရေကန်တွေ တောင်တွေကို သွားပြီး တန်ခိုးရှိ သောင်းကျန်းနေတဲ့ သတ္တဝါတွေကို နှိမ်နင်းပေးနေတာပဲ” လို့ ရီချွမ်က အေးစက်စက် ပြေ ာလိုက်တယ်။

“မင်းတော်တော်ခေါင်းမာတာပဲ။ မင်းရဲ့ ဂုဏ်သတင်း အတိုင်းပါပဲ ရီချွမ်း။ ဒါဆို မင်း ရှိသမျှ တန်ခိုးရှိ သတ္တဝါဆန်းတွေကို မင်းကိုယ်တိုင် အကုန် လိုက်သတ်မှာလား။ ဒါဆို ငါ ဂျိလီ မင်းကို တစ်ခုပြောမယ်။ မင်း တန်ခိုးရှိ သတ္တဝါဆန်းကြီးတွေကို အကောင် ၁၀၀ နှိမ်နင်း ပေးနိုင်ရင် ငါ ဘယ်သူခေါင်းဆောင် လုပ်မယ်ဆိုတာ ဝင် မစွက်ဖက်တော့ဘူး။ မင်းသား နေရာ ယူချင်ရင်လည်း ပေးယူတယ် ။ မြွေနဲ့ ခေါင်းဆောင်က ပြောလိုက်တယ်။”

ဂျိ ရီချွမ်း စိုက်ကြည့်နေတယ်။

တန်ခိုးရှိ သတ္တဝါဆန်း ကြီးတွေ အကုန်လုံးက အရမ်း အစွမ်းထက်ပြီးတော့  အရမ်း လျင်မြန်တယ်။ ဘယ်လိုလုပ် သူတို့ကို လွယ်လွယ်နဲ့ သတ်နိုင်မှာလဲ။ ၁၀ ကောင် သတ်နိုင်ရင်တောင် တော်တော် ကံကောင်းနေပြီ။ အကောင် ၁၀၀ ဆို မပြောနဲ့ တော့။

“ကဲ..ကဲ.. တော်ပြီ။ ကလေးက ခုပဲမွေးတာ။ မင်းတို့က ဖိအားတွေ အရမ်းပေးတာပဲ။ ငွေရောင် ဆံပင်နဲ့ အဘိုးအိုက ဆက်ပြောလိုက်တယ်။ ဒီည ငါတို့ နှင်းဆောင်း ခန်းမမှာ စားပွဲ ကျင်းပကြမယ်။ အခုတော့ အားလုံး သွားနိုင်ပြီ။”

“ကောင်းပါပြီ။”

မြွေနဲ့ ခေါင်းဆောင်က အ၇င်ဆုံး ကျယ်လောင် စွာ တုန့်ပြန်လိုက်တယ်။ သူ လူ တစ်ဝက်လောက်ကို ဦးဆောင်ပြီး ထွက်ခွာသွားတယ်။ ကျန်တဲ့ သူတွေလည်း သူတို့အိမ်ကို ပြန်သွားပြီး ပန်းခြံလေး ဒီအတိုင်း ကျန်ခဲ့တော့တယ်။

Chapter 3 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

မူရင်း စာရေးဆရာ : I Eat tomatoes

ဘာသာပြန်သူ - Dr – Panda

ဖေ့ဘုတ်တွင် @drpanda88 ဟု search တွင်ရိုက်၍ ရှာနိုင်ပါသည်။






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)