ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 1 Chapter 13 (ဓားသိုင်းကြီး ၅ ကွက်)
“အဖေ….”
“ဂရစ်ဇီ..”
လီ စဉ်းစားမိသွားတယ်။
လီ ရေရွတ်နေမိတယ်။
“ဟုတ်တယ်။ “
….
“ဂွပ်ဂွပ်ဂွပ်.. “
“ဟား..ဟားး..ဟား.. ကလေးရယ်။”
စနိုးပြောလိုက်တယ်။
“၀ုန်း..”
“မင်း ရွေးချယ်ပါ။”
“ဟုတ်ကဲ့။”
“မိုးရေစက်ဓားသိုင်း…”
ဆက်ပါဦးမည်>>>>>>
ဝတ္ထု : Desolate era
ဘာသာပြန်သူ - Dr – Panda
Thanks u all…
Unicode
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
အခန်း ၁၃          (ဓားသိုင်းကြီး ၅ ကွက်)
လီ လူသတ်ချင်နေတဲ့ မျက်နှာနဲ့ သူ့နန်းတော်ကို ပြန်လာခဲ့တယ်။ သူ့ စီးတော်မြင်းပေါ်က ဆင်းလိုက်တယ်။ နန်းတော်မှာတော့ အခြွေအရံတွေနဲ့ စစ်သားတွေက သူ့ကို မြင်တော့ ဒူးထောက်ကြိုဆိုလိုက်ကြတယ်။ ဘယ်သူမှ အသက်ပြင်းပြင်း မရှူရဲ ကြဘူး။ သူတို့ဆရာလီ ပေါက်ကွဲနေတယ်ဆိုတာ သတိထားမိကြတယ်။ တစ်ခုခု မှားယွင်း လှုပ်ရှားမိတာနဲ့ အသတ်ခံရမယ်ဆိုတာ သိနေကြတယ်လေ။
“အဖေ….”
သတ်လတ်ပိုင်းအရွယ် ဆံပင် ကျစ်စာမီးတွေ ကျစ်ထားတဲ့ လူငယ်တစ်ယောက်က လှမ်းခေါ်လိုက်တယ်။
လီ လှမ်းကြည့်လိုက်တယ်။ ဇင်တျန် အဆင့်ရောက်နေတဲ့ သူ့ရဲ့ အတော်ဆုံးသားပဲ။ ဂျိ ဂျိတ်ဝျစ် ။လီမျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။
“ဂျိတ်ဝျစ် အဲ့သတင်း အမှန်ပဲလား။ ငါ အမဲလိုက်ထွက်ရုံပဲ ရှိသေးတယ် ရီချွမ်ရဲ့ သတ္တဝါလေးက ဓားနဲ့ တစ်သားတည်း အဆင့် ရောက်သွားပြီဆိုတဲ့ သတင်းက ရောက်လာတယ်။”
“ဟုတ်တယ် အဖေ။ အမှန်ပဲ။ ဒီနေ့ပဲ ဂျိနင်နဲ့ နိုင်းဖန် စစ်သူရဲ ကိုးယောက်တို့ လေ့ကျင့်ကြတာ။ သူ ဓားပညာမှာ နောက်တစ်ဆင့်ကို တိုးတက်သွားတယ်။ ဒီသတင်းမှားဖို့တော့ မရှိဘူး။”
ဂျိတ်ဝျစ် သက်ပြင်းချ ပြောလိုက်တယ်။
“အား…. ကောင်းကင်က ငါ ဂျိလီနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်နေတာပဲ။ ငါ့ အကို ဂျိယောင် ဟာ ငါ့ထက် အကုန်လုံး နိမ့်ကျတယ်။ ဒါပေမဲ့ ငါ့ရဲ့ ဆောင့်ကြွားကြွား အပြုအမူတွေကြောင့် သူက အနောက်ဂျိကလန်ရဲ့ သခင်ဖြစ်သွားတယ်။ ပြီးတော့ သူ့သား ဂျိရီချွမ် က အရမ်းတော်တော့ သူ့နေရာက တည်ငြိမ်သွားတယ်။ အခုတော့ ပိုပြီးတော့ တော်တဲ့ ဂျိနင်ကို မွေးလာပြန်ပြီ။ ၆နှစ်ထဲနဲ့ ဓားနဲ့ တစ်သားတည်း အဆင့်ကို ရောက်လာတဲ့ ကောင်လေး။”
“ဓားနဲ့ တစ်သားတည်း အဆင့်ကို ၆နှစ်တည်းနဲ့ ရောက်ဖို့ဆိုတာ အရမ်းကို ရှားပါးတယ်။ ငါ အခု ပတ်ဝန်းကျင်မျိုးနွယ်စုတွေက ရွေးထားတဲ့ ထူးချွန်တဲ့ သူ ၃ယောက်တောင် သူ့နောက် အများကြီး နောက်ကျကျန်နေပြီ။ “
ဂျိလီ ခေါင်းခါပြီး ပြောလိုက်တယ်။
ဂျိနင်တိုးတက်တာကို အဟန့်အတားဖြစ်ဖို့အတွက် အရမ်းထူးချွန်တဲ့ မျိုးနွယ်စုက ကလေးတွေကို ရွေးချယ်လေ့ကျင့်ထားတာ။ အခုတော့သူတို့ အကုန်လုံးက ဂျိနင်လောက် မထူးချွန်ကြဘူး။
တစ်ကယ်လို့ ဂရစ်ဇီ သာ ၃နှစ်လောက်ငယ်ခဲ့ရင်…
ဂျိတ်ဝျစ် သက်ပြင်းချလိုက်တယ်။
“ဂရစ်ဇီ..”
လီ စဉ်းစားမိသွားတယ်။
“လွန်ခဲ့တဲ့ နှစ် အနည်းငယ်က မျိုးနွယ်စုကြီးတစ်ခုက စည်းကမ်းဖောက်ဖျက်တဲ့အတွက် အပြစ်ပေးဖို့ သူစစ်တပ်နဲ့ စစ်ချီတက်လာတဲ့အခါ လမ်းမှာ ရွှေရောင် ဂစ်ဇရီ ဝက်ဝံ မွန်းစတားကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အသေအကြေတိုက်ခိုက်ခဲ့ပြီးနောက်မှာ ရွှေရောင် ဂစ်ဇရီ ဝက်ဝံ မွန်းစတားကြီး အရေးနိမ်ပြီး ထွက်ပြေးသွားခဲ့တယ်။ လီ ရွှေရောင် ဂစ်ဇရီ ဝက်ဝံ မွန်းစတားကြီး သားရဲတွင်းကို ရှာဖွေတဲ့အခါ မွေးခါစ ကလေးငယ်လေးတစ်ယောက်ကို တွေ့ခဲ့တယ်။ ဒီကလေးငယ်ဟာ မွေးဖွားတာ ၁ နှစ်ပြည့်ပုံ တောင် မပေါက်သေးပေမဲ့ အလွန်ကို ခွန်အားကြီးမားတယ်။ ဒါကြောင့်လီသူ့ကို အလွန်သဘောကျသွားတယ်။”
“ကလေး မင်းကို ရွှေရောင် ဂရစ်ဇီ ဝက်ဝံ မွန်းစတားကြီးက ဖမ်းခဲ့ပေမဲ့ မင်းကို မသတ်ခဲ့ဘူး။ အဲ့ဒီအစား မင်းကို သူက မွေးခဲ့တယ်။ဟား..ဟား…ဟား.. ဒီနေ့ကစပြီး မင်းဟာ ငါ ဂျိလီရဲ့ မွေးစားသားဖြစ်သွားပြီ။ မင်းနာမည်က ဂစ်ဇရီ….”
ဒီလို တမူထူးခြားတဲ့ ကလေးတွေကို တွေ့ရင် မွေးစားတဲ့ အလေ့အကျင့်ဟာ ဒီခေတ်မှာ ထုံးစံလိုပါပဲ။
“ဂရစ်ဇီကို အိမ်ခေါ်လာတော့ သူ့ကို တစ်နှစ်ပြည့်ပြီလို့ သတ်မှတ်လိုက်တယ်။ အခုတော့ သူ အသက် ၁၃နှစ် ရှိသွားပြီ။ လီဟာ ဂစ်ဇရီကို မွန်းစတား တစ်ကောင်ကို မွေးမြူသလို ပြုစု ပျိုးထောင်လာတယ်။ သူ့ကို တွားသွားတတ် အရွယ်ကတည်းက မွန်းစတား ငယ်တွေနဲ့ အမြဲ ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းခဲ့တယ်။ တစ်ခါတစ်လေ မွန်းစတားကြီးတွေနဲ့ပါ တိုက်ခိုက်ခိုင်းခဲ့တယ်။ ပြောရရင်တော့ ဂစ်ဇရီ အတွက် အသင့်လျော်ဆုံးပါပဲ။”
ဒီလို တိုက်ပွဲတွေကြားထဲမှာ လွန်ခဲ့တဲ့ နှစ်ကပဲ ဂစ်ဇရီ ဟာ ဓားကောက်နဲ့ တစ်သားတည်း အဆင့်ကို ရောက်ခဲ့တယ်။
“ရွှေဓားလု ပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပခဲ့တယ်။ ဒီနှစ်ထဲမှာ တစ်ကြိမ်ရှိတယ်။ နောက်လေးနှစ်မှာ နောက်တစ်ကြိမ်။ နောက်ထပ်လေးနှစ်ဆို ဂစ်ဇရီ ၁၇နှစ် ဖြစ်ပြီ။ ၁၆နှစ်နဲ့ ၁၆နှစ်အောက် ငယ်တဲ့ သူတွေပဲ ရွှေဓားလု ပြိုင်ပွဲကို ဝင်ပြိုင်လို့ရတယ်။ အခုကစပြီး နောက်လေးနှစ်ဆိုရင် ဂစ်ဇရီ ဝင်ပြိုင်လို့ မရတော့ဘူး။ နင်ကို ထိန်းချုပ်နိုင်ဖို့ ဝေးသွားပြီ။”
“ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ချာတိတ် ၃ကောင်ပဲ။ သူတို့ ၃ကောင် နောက် လေးနှစ်ဆို ဇင်တျန် အဆင့် ဖြစ်လာလောက်ပါတယ်။”
လီ ရေရွတ်နေမိတယ်။
“ဟုတ်တယ်။ “
ဂျိတ်ဝျစ် ခေါင်းညိတ်ပြီး ဆက်ပြောလိုက်တယ်။
“ကျွန်တော်ကိုယ်တိုင် ဒီ ၃ယောက်ကို မျိုးနွယ်စုတွေကနေ ခေါ်လာတာ။ သူတို့အတွက် ကီကျင့်စဉ်က အရမ်းကို သင့်လျော်တယ်။ သူတို့တွေက ဟိုတျန်အဆင့် အထွဋ်အထိပ်ကို ရောက်နေတာ ကြာနေပြီ။ သူတို့ထဲက တစ်ယောက်ယောက်သာ ဇင်တျန်အဆင့်ကို ရောက်သွားရင် ငါတို့ အနိုင်ရဖို့ ကျိန်းသေနေပြီ။”
လီခေါင်းညိတ်ထောက်ခံလိုက်တယ်။
“ဇင်တျန် ကီကျင့်စဉ် ကျင့်သူတစ်ယောက်ဟာ မှော်ရတနာတွေကို အသုံးပြုနိုင်တာကြောင့် သူတို့ သေချာပေါက် နိုင်မှာပဲ။ ဒါပေမဲ့ ဇင်တျန်အဆင့် ဖြစ်ဖို့ကို  အရမ်းကို ခက်ခဲတာ။”
“ငါတို့တွေ ကံကြမ္မာ မျက်နှာသာ ပေးတာကိုပဲ စောင့်ကြည့်ရတော့မယ်။”
ဂျိတ်ဝျစ် ဖြည်းညင်းစွာ ပြောလိုက်တယ်။
လီလည်း ခေါင်းညိတ်ထောက်ခံလိုက်တယ်။
သူတို့တွေ ခေါင်းဆောင် နေရာကို လုဖို့ ရုန်းကန်နေပေမဲ့ ဂျိလီ နဲ့ ဂျိဂျိတ်ဝျစ်တို့ တစ်ခါမှ ဂျိနင်ကို သတ်ပစ်ဖို့ မစဉ်းစားဖူးဘူး။ ဒီလို အပြောကျယ်လှတဲ့ ကမ္ဘာကြီးမှာ ကလန်တစ်ခု အသက်ရှင်ရပ်တည်ဖို့အတွက် သူတို့တွေအကုန်လုံး စည်းလုံး ညီညွတ်ရမယ်။ အချင်းချင်း ဒုက္ခပေးတာကို ပြင်းထန်စွာ တားမြစ်ထားတယ်။ ပြီးတော့ နင်ဟာ အမွေဆက်ခံသူအဖြစ် လျာထားခြင်း ခံရသူလည်း ဖြစ်တယ်။ တစ်ကယ်လို့သာ တစ်ယောက်ယောက်က ကောက်ကျစ်တဲ့ နည်းနဲ့ နင်ကို သတ်ဖို့ ကြိုးစားခဲ့ရင် ဂျိကလန် ငါးခုလုံးကပေါင်းပြီးတော့ လူသတ်သမားကို ရေမြေဆုံးစေ ရှာဖွေ အပြစ်ပေးမှာ ဖြစ်တယ်။
….
ဖယောင်းတိုင် အကြီးကြီးတစ်တိုင်ကို ဟောခန်းထဲမှာ ထွန်းထားတယ်။ ရီချွမ်ဟာ အလယ်က ခုံမှာ ထိုင်နေပြီး တစ်ဖက်တစ်ချက်မှာ နင်နဲ့ စနိုးတို့ ထိုင်နေကြတယ်။
သူတို့တွေ စားပွဲပေါ်က စားကောင်း သောက်ဖွယ်တွေကို စားသောက်နေကြတယ်။
နင်ရဲ့ လက်နဲ့ ပါးစပ်မှာ ဟင်းတွေ ပေကျံနေတယ်။
စနိုးက သူ့သားကို ဂုဏ်ယူစွာနဲ့ ကြည့်လိုက်တယ်။
“ရီချွမ် ငါတို့ သားလေးက အခြေခံကို ၃ နှစ်အတွင်း ကျွမ်းကျင်ပိုင်နိုင်သွားတယ်။ နောက် ၃နှစ်မှာ ဓားနဲ့ တစ်သားတည်းအဆင့်ကို ရောက်သွားတယ်။ ကြည့်ရတာတော့ အနောက်ပိုင်း ခေါင်းဆောင်နေရာကိုရဖို့ သူ့အတွက် လွယ်ကူမယ်ထင်တယ်။”
ရီချွမ်ဝိုင်ဖန်ခွက်ကို ချလိုက်ပြီးတော့ ခေါင်းညိတ်စကားပြောလိုက်တယ်။
“နင် တစ်ခြားသူတွေနဲ့ တိုက်ခိုက်လေ့ကျင့်တဲ့ အခါမှာ သူ့အတွင်းအားတစ်မျိုးသာ သုံးခဲ့တယ်။ သူ နံပါတ်၁ ဖင်းဂေါ့ကျင့်စဉ်ဖြစ်တဲ့ အနီရောင် ကောင်းကင် ၉ဆင့် ကျင့်စဉ်က အစွမ်းတွေကို အသုံးခဲ့ဘူး။ ပြီးတော့ အပြင်သူတွေနဲ့ လေ့ကျင့်တိုက်ခိုက်တဲ့ အခါမှာ သူဓားတစ်ချောင်းတည်းကိုပဲ သုံးခဲ့တယ်။”
“အပြင်လူ ဘယ်သူမှ နင်ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မသိကြဘူး။ ရီချွမ်နဲ့ သူ့မိန်းမပဲ နင်ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာ သိကြတယ်။”
“ရွှေဓားလုဖို့ဆိုတာကတော့…
နင်အတွက်ဆို သူ့အိတ်ကပ်ထဲပ နှိုက်လိုက်သလောက်ကို လွယ်တယ်။”
“နင်ရဲ့ လက်ရှိ အစွမ်းနဲ့ဆို ရွှေဓားကို အလွယ်တကူ လုယူနိုင်နေပြီ။ နောက်ထပ် ၄နှစ်ဆိုရင် ဇင်တျန်အဆင့်တောင် သူ့ကို မတားနိုင်တော့ဘူး။”
ရီချွမ် ဝိုင်နောက်တစ်ခွက် ငှဲ့သောက်လိုက်တယ်။
နင်ကတော့ အေးအေးဆေးဆေး တဝတပြဲ ဆက်စားသောက်နေတယ်။
သူ နံပါတ်၁ ဖင်းဂေါ့ကျင့်စဉ် အနီရောင် ကောင်းကင်ကိုးဆင့် ကျင့်စဉ်ကို ကျင့်ထားလို့ သူ့စားသောက်တဲ့ ပမာဏက ဖင်းဂေါ့ တစ်ယောက်လိုပဲ။ သူ မွန်းစတား အသားတွေကို ပေါင်ချိန်များစွာ တစ်ပြိုင်တည်း စားသောက်နိုင်တယ်။ သူဟာ အနီရောင် ကောင်းကင်ကိုးဆင့် ကျင့်စဉ်ကို လွန်ခဲ့တဲ့ နှစ်နှစ်တည်းက ၃ ဆင့် အောင်မြင်သွားပြီးပြီ။ အခုသူ နောက်တစ်ဆင့်ကို မတက်နိုင်ပဲ ကျင့်စဉ်တစ်ဝက်မှာ တန့်နေတယ်။ တစ်ကယ်လို့ သူ ဒါကို ကျော်ဖြတ်နိုင်ရင် ၄ဆင့်ကို ရောက်ပြီ။
အဆင့်လေးမှာ ဖင်းဂေါ့ကနေ သူ ဇင်တျန်အဆင့်ကို ရောက်မယ်။ နံပါတ် ၁ ကျင့်စဉ်ကနေပေါ့။ ဒါကြောင့် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ သာမာန် ဖင်းဂေါ့ကျင့်စဉ် ကျင့်ထားသူရဲ့ အဆ ၁၀၀ အဆ၁၀၀၀ လောက် ပိုပြီး အစွမ်းထက်လိမ့်မယ်။
“ဂွပ်ဂွပ်ဂွပ်.. “
သူ စွတ်ပြုတ် တစ်ပန်းကန်လုံး အငမ်းမရ သောက်လိုက်ပြီးတော့ ဝသွားပြီး ဗိုက်ပွတ်နေလိုက်တယ်။
“ဟား..ဟားး..ဟား.. ကလေးရယ်။”
စနိုး သူ့သားကို ကြည့်ပြီး ရယ်မောလိုက်တယ်။ နင်ဟာ အရမ်းကို လိမ္မာတယ်။ သူ့အဖေကလည်း အရမ်း ချစ်တယ်။ ကလန်ကလည်း သူ့ကို တန်ဖိုးထားတယ်။ သူ့အမေရဲ့ အနာဂါတ်ဟာ သူ့ဆီမှာပဲ။ သူ့မျက်စိထဲမှာ နင်ဟာ သူ့အဖေလိုပဲ သူမအတွက် အရေးကြီးတယ်။ ဂျိကလန်ရဲ့ အောင်မြင်မှု ကျဆုံးမှုက ဂျိနင်လောက် အရေးမကြီးဘူး။
“သားအဖေ သားကို နတ်ဘုရားနဲက မိစ္ဆာဓားသိူင်း ၁၀၈ ကွက်သင်ပေးတော့ ဒီဓားသိုင်းဟာ သားအတွက် အလွန်ကို ရှုပ်ထွေတဲ့ အဆင့်မှာ ရှိတယ်။ ဒီ ဓားသိုင်းကပဲ ဓားနဲက တစ်သားတည်း အဆင့်ကို  ရောက်စေနိုင်တယ်။အခုတော့ သား ဓားနဲ့ တစ်သားတည်း အဆင့်ကို ရောက်သွားပြီ။ ဒီ နတ်ဘုရားနဲ့ မိစ္ဆာဓားသိုင်း ၁၀၈ ကွက်က သားကို ထပ်ပြီး တိုးတက်ဖို့ မစွမ်းဆောင်နိုင်တော့ဘူး။”
စနိုးပြောလိုက်တယ်။
ရီချွမ်ကလည်း ဆက်ပြောလိုက်တယ်
“ဟုတ်တယ် သား။အခုပဲ။ ဂျိနင်။ မင်း စိတ်နဲ့ ကိုယ်ကို အဆင်သင့် ပြင်ပြီးတာနဲ့ မင်းရဲ့ ဓားချင်တိုင်းကို လျှပ်စီးလို မြန်ပြီးတော့ တိကျအောင်တိုက်ခိုက်ဖို့လိုတယ်။ မင်းဒါကို အရိုးထဲစွဲအောင် ကျင့်ရမယ်။မင်းကို ဒီ ဓားသိုင်း ၁၀၈ ကွက်သင်ပေးတာဟာ မင်းကို ရိုးရှင်းတာကနေ ရှုပ်ထွေး တာကို ဘယ်လိုသွားရလဲဆို နားလည်စေဖို့ပဲ။”
“ဓားပညာမှာ ပထမဆုံး ရိုးရှင်းတာကနေ ရှုပ်ထွေးတာကို သွားတယ်။ နောက်တစ်ဆင့်မှာ ရှုပ်ထွေးတာကနေ ရိုးရှင်းတာကို ပြန်သွားတယ်။ ဒီလိုအဆင့်ရောက်မှသာ ဓားသိုင်း ပညာရှင်တစ်ယောက် ဖြစ်လာမှာ။ မင်းအခုဆို ဓားနဲ့ တစ်သားတည်း ဖြစ်သွားပြီ။ မင်းဓားကို ကိုယ့်လက်လို သဘောထားနိုင် သွားပြီ။ မင်းဟာ ရှုပ်ထွေးတာကနေ ရိုးရှင်းမှုကို ပြန်သွားနိုင်ပြီလို့ ပြောလို့ရတယ်။”
နင် ခေါင်းညိတ်လိုက်တယ်။
သူဒီသဘောတရားတွေကို နားလည်ပါတယ်။ သူပထမ အခြေခံ ၁၃ကွက်ကိုသာ ထုံထိုင်းလွန်းလု့ အမြဲတမ်း အသုံးပြုရင်တောင် သူ့ကို ဓားဆရာ တစ်ယော်ကလို့ သတ်မှတ်လို့ ရတယ်။ ဒါပေမဲ့ ရိုးတာကနေ ရှုပ်ထွေးတာ ၊ ရှုပ်ထွေးတာကနေ ရိုးရှင်းတာကို အတွေ့အကြုံ မရှိခဲ့ရင် ဓားနဲ့ တစ်သားတည်းအဆင့် ရောက်ဖို့ အလွန်ကို ခက်ခဲတယ်။
“နောက်တစ်ဆင့်ကတော့ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ကို ရောက်ဖို့ပဲ။ ဒီအဆင့်ကတော့ အရမ်းကို ခက်ခဲတယ်။”
ရီချွမ် သက်ပြင်းချလိုက်တယ်။
“ကမ္ဘာနဲ့ တစ်သားတည်း။” နင်အရမ်းကို စိတ် လှုပ်ရှားသွားတယ်။
“အရင် မင်းသင်ခဲ့တဲ့ ဓားသိုင်းတွေဟာ မင်းအတွက် အခု အသုံးမဝင်တော့ဘူး။ မင်းအခုအဆင့်ဟာ ဂျိကလန်ရဲ့ အမြင့်ဆုံး ဓားသိုင်းပညာကို သင်ဖို့ လုံလောက်ပြီ။”
နင်မျက်စိတွေ အရောင်လက်သွားတယ်။  ဂျိကလန်ရဲ့ အစွမ်းအထက်ဆုံး ဓားသိုင်း။
“ငါတို့ ဂျိကလန်ဟာ ငါတို့ ဓားသိုင်းကြောင့် နာမည်ကြီးခဲ့တယ်။ ငါတို့ ဂျိကလန်ရဲ့ ပင်မမြို့တော်ကို ဓားတစ်သောင်းမြို့လို့ နာမည်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ ဘိုးဘေးတွေရဲ့ သံစဉ် ၁၀၀၀၀ ဓားသိုင်းကြောင့် ငါတို့ ဂျိကလန်ဟာ အရမ်းကို ကျော်ကြားခဲ့ပြီး ဒီလို နေရာမှာ ငါတို့ ရပ်တည်လာနိုင်တာပဲ။”
“နှစ်ပေါင်း ၁၀၀၀လောက် ကြာပြီးတဲ့ အခါမှာ ငါတို့ ဂျိကလန်မှာ အမြင့်ဆုံး ဓားသိုင်း ငါးမျိုး ပိုင်ဆိုင်ခဲ့ပြီ။  အဲ့ဒါတွေက သံစဉ် ၁၀၀၀၀ ဓားသိုင်း၊ မီးမိုးကြိုါ် ဓားသိုင်း၊ ပုံရိပ်ရောင် ဓားသိုင်း၊ မိုးရေစက် ဓားသိုင်း၊ နောက်ဆုံးက ဝင်ရိုး နှစ်ဖက် လျှို့ဝှက်ကျမ်းပဲ။ ဓားသိုင်းတိုင်းဟာ အရမ်းကို နက်နဲပြီးတော့ ဓားနဲ့ တစ်သားတည်းအဆင့် ထက်တောင် အများကြီး အစွမ်းထက်တယ်။ မင်းတစ်ခုခုကို အောင်မြင်သွားတာနဲ့ သူတို့ရဲ့ အစွမ်းကို မင်း မြင်ရလိမ့်မယ်။ အဖေတောင် မိုးရေစက် ဓားသိုင်းကို လေ့ကျင့်ခဲ့တယ်။ လူအများကတော့ ဓားနဲ့ တစ်သားတည်းအဆင့်မှာ ဒီသိုင်းကျမ်းတွေထဲက တစ်ခုသာ သေချာလေ့ ကျင့်လို့ ရတယ်။ ဘာလို့လဲဆိုတော့ စိတ်ကို ၂ပိုင်းခွဲဖို့က မတတ်နိုင်ကြလို့ပဲ။ နင် သားလေး မင်းကတော့ စိတ်ကို ၂ပိုင်း ပိုင်းနိုင်လို့ မင်းဓားသိုင်း ၂ခုကို တစ်ပြိုင်တည်း သင်ကြားလို့ရမယ်။”
“ဝုန်း..”
ရီချွမ်လက်ထဲမှာ စာအုပ်ကြီး ၅အုပ်ပေါ်လာတယ်။ သူစားပွဲပေါ်ကို ပန်းကန်တွေကို မထိစေပဲ ပစ်တင်လိုက်တယ်။
“အဆင့်အမြင့်ဆုံး ဓားသိုင်း? နင် စာအုပ်ကြီး ၅အုပ်ကို ကြည့်နေမိတယ်။ ဒါတွေဟာ ရှင်းပြထားတဲ ကော်ပီ စာအုပ်တွေပဲ။ သူ ရွေးချယ်မှု လုပ်ပြီးမှသာ မူရင်းစာအုပ်ကို ဖတ်ခွင့်ရမယ်ဆိုတာ နားလည်ပါတယ်။”
“မင်း ရွေးချယ်ပါ။”
“မင်းရွေးချယ်ပြီးတာနဲ့ မင်းရွေးချယ်မှုတွေကို ဂျိကလန်ရဲ့ ဌာန ၅ခုလုံးမှာ မှတ်တမ်းတင်ထားပြီးပြီပဲ။ တစ်ကယ်လို့ မှတ်တမ်းတင်ထားတာ မရှိရင် မင်းဒါကို ခိုးပြီးလေ့ကျင့်တယ်လို့ ဌာန ၅ခုလုံးက သတ်မှတ်ပြီး စုပေါင်းနှိမ်နင်းခြင်းကို ခံရလိမ့်မယ်။”
“အာ… ဒါဆို ကျွန်တော် လေ့ကျင့်နေတဲ့ အနီရောင် ကောင်းကင်ကိုးဆင့် ကျင့်စဉ်ကို ကျတော့ ဘာလို့ မှတ်တမ်းမတင်ထားတာလဲ။”
“အနီရောင် ကောင်းကင်ကိုးဆင့် ကျင့်စဉ်ဟာ နံပါတ်တစ် ဖင်းဂေါ့ ကျင့်စဉ် ဖြစ်ပေမဲ့ လူတိုင်းနီးပါးမှာ ဒီကျမ်းတွေ ရှိနေတာ။ ငါတို့ ဂျိကလန်လောက် ရှိတဲ့ မျိုးနွယ်စုတိုင်းမှာ ဒီပညာရှိတယ်။ ဒါကြောင့် ဒီဟာက ကိစ္စမရှိဘူး။ ကီကျင့်စဉ်တော်တော်များများနဲ့ ဖင်းဂေါ့ ကျင့်စဉ် တော်တော်များများ က သိပ် အဖိုးမတန်ဘူး။ အခု ဓားသိုင်း ၅မျိုးလို ကလန်တွေရဲ့ လျှို့ဝှက်သိုင်းကျမ်းတွေသာ အထူး တားမြစ်ထားတာ။ ဒီမြေနိမ့်လွင်ပြင်တစ်ခုလုံးမှာ ငါတို့ဂျိကလန်ဟာ  ဓားသိုင်း၄ခုကို ပိုင်ဆိုင်တာ။ ဝင်ရိုးနှစ်ဖက်လျှို့ ဝှက်ကျမ်းကတော့ ဘလက်ဖလိမ် သိုင်းကျောင်းမှာလည်း ရှိတယ်။”
နင်ခေါင်းညိတ်လိုက်တယ်။
သူသိနေတယ်။ ဒီ မြေနိမ့်လွင်ပြင်မှာ ရှိနေတဲ့ ဒါဆီယန် စစ်တပ်ကို မတွက်ရင် ဒီမှာ အဓိက အင်အားကြီး ၅ခုရှိတယ်။ ဂျိကလန်က တစ်ခု အပါအဝင်ပေါ့။
ဒီ အင်အားကြီး ၅ခုဟာ အမြဲတမ်း တိုက်ပွဲတွေဖြစ်နေပေမဲ့ ဘယ်သူမှ ဒါဆီယန် အင်ပါယာရဲ့ စစ်တပ်ကို သွားပြီး မထိရဲကြဘူး။
“ဟုတ်ကဲ့။”
နင် ဓားသိုင်း စာအုပ်တွေကို သေချာဖတ်လိုက်တယ်။ တစ်ယောက်သာ ဓားနဲ့ တစ်သားတည်အဆင့်ကို ရောက်ပြီးတော့ ဒီလို ဓားသိုင်းတစ်ခုကိုပါ အောင်မြင်ခဲ့ရင် သူ့ရဲ့အစွမ်းဟာ အဆများစွာတိုးတက်လာမှာ။
“မိုးရေစက်ဓားသိုင်း…”
နင် ဒီဓားသိုင်းကို ပထမဆုံး လေ့လာမိတယ်။ သူ့အဖေကို ကျော်ကြားစေခဲ့တဲ့ ဓားသိုင်း။
သူ့အဖေနာမည်ကိုလည်း “မိုးရေစက်ဓား” လို့ ခေါ်ကြတယ်လေ။
ဆက်ပါဦးမည်>>>>>>
ဝတ္ထု : Desolate era
မူရင်း စာရေးဆရာ : I Eat tomatoes
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…