ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 18 (ေတာင္ပံ)

အခန္း ၁၈ (ေတာင္ပံ)

လက္ကို ေလထဲမွာ တစ္ခ်က္ ေ၀ွ႔ယမ္းလိုက္တာနဲ႕ အျပာေရာင္ ေရႊတံုး တစ္တံုး နင္ရဲ့ လက္ထဲမွာ ေပၚလာတယ္။ သူ ဒီ ေရႊတံုးကို ေျမြနဲ႕ လူၾကီးဆီကို ပစ္ေပးလိုက္တယ္။

ဂ်ိနင္။    ။“အင္း… ဒါကို ယူလိုက္ေတာ့..”

ေျမြႏွင့္ လူၾကီး။   ။ဒီ ေရႊတံုး ေသးေသးေလးပဲလား ခင္ဗ်…ျပီးေတာ့ ဒီဟာက ၾကည့္ရတာ သန္႕စင္ထားပုံေတာင္မရဘူး။

ေျမြနဲ႕ လူၾကီး နဲ႕ သူ႕ေနာက္က လူ ၾကီး ႏွစ္ေယာက္ ေရႊတံုးကို ၾကည့္ျပီး ေသြးထြက္သြားၾကတယ္။

“သခင္ေလး ခင္ဗ်ာ..”

“ေလးစားရတဲ့ သခင္ေလးရယ္…”
လူၾကီး ၃ေယာက္လံုး ဒူးေထာက္ျပီး ေအာ္ဟစ္လိုက္ၾကတယ္။ သူတို႕ ကလန္ကို ဘယ္လို မ်က္ႏွာ နဲ႕ ျပန္လို႕ရမွာလည္း။ သူတို႕နဲ႕ အတူ ကလန္က လူေတြ ပါလာၾကပါတယ္။ ဒါေပမဲ့ ျမိဳ႕ ၀င္ေၾကးက အရမ္းကို ေစ်းၾကီးလို႕ သူတို႕လို သာမာန္မ်ိဳးႏြယ္စု ကလန္ ကေလးေတြအတြက္ ဘယ္လိုမွ  လူအကုန္ပါေအာင္ ျမိဳ႕ထဲကို ၀င္ဖို႕ မတတ္ႏိုင္ၾကဘူးေလ။ ဒါေၾကာင့္ သူတို႕ ကလန္က က်န္တဲ့ လူေတြ အကုန္လံုး ျမိဳ႕ျပင္မွာပဲ ေစာင့္ေနၾကတယ္။

“မင္းတို႕ ငတံုးေတြပဲ။ ဒီ ေရႊတံုးကို မိုးၾကိဳးေရႊတံုးလို႕ ေခၚတယ္။”

“ငါဆိုရင္ ဒီ အရြယ္ မိုးၾကိဳးေရႊတံုးအတြက္ကို ေရႊအခ်ိန္ ၁၀၀ နဲ႕ ရရင္ ခ်က္ခ်င္း၀ယ္လိုက္တယ္။”

“ဘာ.. ေရႊအခ်ိန္ ၁၀၀ ပဲ ဟုတ္လား… ငါသာဆို ဒီ အရြယ္ မိုးၾကိဳး ေရႊတံုးအတြက္ ေရႊ အခ်ိန္ ၁၆၀ ေပးႏိုင္တယ္။ ငါခ်က္ခ်င္း ငါ့အိမ္ေတာ္ကို လူလႊတ္ျပီး ေရႊအခ်ိန္ ၁၆၀ သြားယူခိုင္းလိုက္မယ္။”

ခ်က္ခ်င္းပဲ အနားမွာ ရွိတဲ့ လူေတြက တစ္ေယာက္တစ္ေပါက္ ေစ်းေတြေပးျပီး ၀ယ္ကုန္ၾကတယ္။ ဒီ လူေတြအကုန္လံုးက အေနာက္ဘက္ ဂ်ိကလန္က ရာထူးၾကီးတဲ့ လူေတြ နဲ႕ တျခား တန္ခိုးၾကီးတဲ့ အနီးက ကလန္ေတြကေန လာၾကတဲ့ ဇင္တ်န္ အဆင့္ တန္ခိုးရွင္ေတြ ျဖစ္ၾကတယ္။ သူတို႕ ဒီလို အလုအယက္ ေစ်းေပးကုန္ၾကေတာ့ ဒီ မိုးၾကိဳးေရႊတံုးဟာ ဘယ္လိုမွ သာမာန္ေရႊတံုး မျဖစ္ႏိုင္ေတာ့ဘူး။

အနက္ေရာင္ ေျမြနဲ႕ လူၾကီးက ခ်က္ျခင္းပဲ ေရႊတံုးကို လက္မွာ က်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္တယ္။ သူဒီမွာ ခံစားမိတာက ဒီေရႊတံုးရဲ့ အေလးခ်ိန္ဟာ သာမာန္ အ၀ါေရာင္ ေရႊတံုးရဲ့ အေလးခ်ိန္ထက္ အမ်ားၾကီး ေလးေနတာ ေတြ႕လိုက္ရတယ္။

“ေက်းဇူး ၾကီးမားလွပါေပတယ္ သခင္ေလး ခင္ဗ်ာ..”

“ေက်းဇူးၾကီးမားလွပါေပတယ္။ တန္ခိုးၾကီးမားလွတဲ့ သခင္ေလးခင္ဗ်ာ..”

လူူၾကီး ၃ေယာက္က သူ႕ကို အရမ္း ေက်းဇူးတင္သြားၾကတယ္။

“မင္းတုိ႕ က အခုက်ေတာ့ သူ႕ကို ေက်းဇူးတင္သြားျပီေပါ့။ ဟုတ္တယ္မလား။ မိုးေရစက္ဓား ဆိုတာ သာမာန္ လူတစ္ေယာက္ မဟုတ္တာ မင္းတို႕ သိၾကတာပဲ။ ဒီလို လူဆီမွာ ဘယ္လိုသားမ်ိဳး ရွိမလဲဆိုတာ မင္းတို႕ နားလည္သင့္တယ္။ သူက မင္းတို႕ကို ဘယ္လိုလုပ္ အႏို္င္က်င့္ျပီး ပစၥည္းယူမွာလဲ။ သူလႊင့္ပစ္လို႔ ရတဲ့ ဒီ ေရႊတံုးေတာင္ မင္းတို႕ အတြက္ အရမ္းကို တန္ဖိုးၾကီးတဲ့ ရတနာ ျဖစ္ေနတာ။ဟား..ဟား..ဟား..”

အသက္ၾကီးၾကီး ၀၀ နဲ႕ သားေမြး ၀တ္စံု၀တ္ထားတဲ့ လူၾကီးက ရယ္ေမာေျပာဆိုလိုက္တယ္။ သူက သိပ္ေ၀းေ၀းကို မေရာက္ေသးတဲ့ နင္ၾကားေအာင္ တမင္ ေအာ္ေျပာလိုက္တာပါ။

နင္ ျပံဳးလိုက္ျပီးေတာ့ သူ႔ ဓား ၃ေခ်ာင္းကို ေက ေက်ာက္တုန္းထဲ ထည့္လိုက္တယ္။ ဒီ ေကေက်ာက္တံုးက အခန္းက အကန္႔အသတ္ ေသးလြန္းလို႕ ဒီ ထဲမွာ ေရႊတံုး အနည္းငယ္ပဲ သူထည့္ထားပါတယ္။ က်န္တာေတြကေတာ့ အလြန္အဖိုးတန္တဲ့ ရတနာ ပစၥည္းေတြပါ။

……

အခန္းထဲမွာ

ရီခၽြမ္နဲ႕ စႏိုးတို႕ ျဖည္းျဖည္းခ်င္း စားေသာက္ဖြယ္ရာေတြ အတူတူ စားေနၾကတယ္။

၀ွစ္..

နင္ သူလည္လို႕ ၀လို႕ ျပန္ေရာက္လာတယ္။

“အေဖ..အေမ..”

ရီခၽြမ္။    ။ သားဘာလုိ႕ အျပင္မွာ ေအးေအးေဆးေဆး အခ်ိန္ေပးျပီး ေလွ်ာက္မလည္တာလည္း။ မင္းတစ္ခါတစ္ေလမွ အျပင္ထြက္ျဖစ္တာကို။

နင္ အသံမထြက္ပဲ ျမန္ျမန္ သူ႕ခံုမွာ ရိုရိုေသေသ ၀င္ထုိင္လိုက္ျပီးေတာ့ အစားအေသာက္ေတြကို အတူတူ စားလိုက္တယ္။ စားပြဲ ေပၚမွာေတာ့ စားေသာက္ဖြယ္ရာ အရက္ေတြက အျပည့္ပါပဲ။ နင္ရဲ့ အခုအခ်ိန္မွာ ရွိတဲ့ စားေသာက္ႏႈန္းဟာ အရမ္းကို ျမင့္မားလာတဲ့ အတြက္ စားပြဲေပၚက အစားအေသာက္ေတြ သိပ္မၾကာခင္ပဲ ေျပာင္သလင္းခါသြားတယ္။

စႏိုး သူ႕သားေလး ေလမုန္တိုင္းတိုက္သလို အစားအေသာက္ စားတာၾကည့္ျ႔ပီး တခစ္ခစ္ ရယ္ေမာေနမိတယ္။

ဂ်ိနင္။    ။ အေဖ နဲ႕ အေမေရ။ သား ဒီေန႕ အျပင္မွာ ေလွ်ာက္လည္ေတာ့ မ်ိဳးႏြယ္စုေလး တစ္ခုက စစ္သူရဲ ၃ေယာက္နဲ႕ ေတြ႕ခဲ့တယ္ေလ။ သူတို႕က ဟုိး အေ၀းၾကီးကေန အေနာက္ဘက္ ဂ်ိကလန္ ျမိဳ႕ေတာ္အထိ ေရာက္ေအာင္ လာခဲ႔ ရတာ။ သူတို႕ လာတဲ့ ရည္ရြယ္ခ်က္က ရတနာဓားေတြကို ေရာင္းဖို႕ ေလ။ အဲဒါ ကၽြန္ေတာ္ အဲ့ဒီ ဓားေတြကို ၀ယ္လာခဲ့တယ္။

ရီခၽြမ္။    ။ အဖိုးတန္ ရတနာ လက္နက္ေတြ။ ငါတို႕ အေနာက္ဘက္ ဂ်ိကလန္ရဲ့ လက္နက္ တိုက္မွာ အဖိုးတန္ ရတနာ လက္နက္ေတြ အမ်ားၾကီး ရွိတယ္။ အရင္တုန္းက မင္း ေတာင္ လက္နက္ ၂ ခုေရြးဖူးတယ္ မဟုတ္လား။ ဘယ္လိုလုပ္ အဆင့္နိမ္႕တဲ့ ေစ်းသည္ဆီမွာ ရတနာ လက္နက္က ရွိရမွာလည္း။

ေျပာရရင္ သူဟာ ဇင္တ်န္ အဆင့္ ကီက်င့္စဥ္ကို ဖတ္ဖူးထားေပမဲ့ သူ ေမွာ္ရတနာေတြကို မထိန္းခ်ဳပ္ႏိုင္ေသးဘူးေလ။ ဒါေၾကာင့္ သူ ရတနာ လက္နက္တိုက္ကို သြားျပီး အဖိုးတန္ ဓား ၂ေခ်ာင္းကို ယူခဲ့တယ္။ ဒါေပမဲ့ သူ ေလွာင္အိမ္ထဲမွာ ေလ့က်င့္တဲ့ အခါမွာေတာ့ သာမာန္လက္နက္ကိုပဲ အသံုးျပဳခဲ့တယ္။

ဂ်ိနင္။    ။ အေဖ၊ ကၽြန္ေတာ္ ရတနာတိုက္က ယူခဲ့တဲ့ လက္နက္ ၂ခု ဒီ လက္နက္ေတြနဲ႕ ယွဥ္ရင္ အမ်ားၾကီး အဆင့္နိမ္႔ေနတယ္။

အို…

ဂ်ိနင္။    ။ ေျပာရရင္ ကၽြန္ေတာ္၀ယ္ခဲ့တဲ့ လက္နက္၂ခုက ထိခိုက္ထားတဲ့ ဓား ၃ေခ်ာင္းပဲ။ ဒီ ဓားေတြမွာ ေမွာ္ သေကၤတေတြ ထြင္းထားေပမဲ့ အကုန္လံုးနီးပါး ပ်က္ဆီးေနျပီ။ ဒါေၾကာင့္ အဲ့ဒီ ဓားေတြကို အခုဆို အနီးကပ္တိုက္ပြဲေတြမွာပဲ သံုးလို႕ အဆင္ေျပေတာ့မယ္။ ဒါေပမဲ့ ဒီ ဓားေတြက အရမ္းကို ထက္ျမလြန္းေနတယ္။ ဘယ္ေလာက္ထက္ထဲဆိုရင္ ကၽြန္ေတာ္တို႔ဆီမွာ ရွိတဲ့ လက္နက္ အကုန္လံုးထက္ကို ပိုျပီး ထက္လိမ့္မယ္။ ကၽြန္ေတာ္ ခြန္အားနည္းနည္း ထည့္ျပီး ခုတ္လိုက္မယ္ဆို ေရႊၾကယ္ သံခ်ပ္ကာ အကၤ်ီကို ေတာင္ ျဖတ္သြားႏိုင္တယ္။

ရီခၽြမ္။    ။ ေရႊၾကယ္ ၀တ္စံုကိုေတာင္ ေဖာက္ထြက္သြားႏိုင္တယ္လား။ ငါ့ကို ျပၾကည့္စမ္းပါဦး။

နင္ သူ႕လက္ကို ဆန္႕တန္းလိုက္ေတာ့ ဓား ၃ေခ်ာင္းေပၚလာတယ္။ သူအေဖကို သူကမ္းေပးလိုက္တယ္။

ရီခၽြမ္ဓားကို ယးလိုက္ျပီးေတာ့ ေသေသခ်ာခ်ာ ေလ့လာလိုက္တယ္။

ရီခၽြမ္။    ။ ဒီ ေမွာ္ သေကၤတေတြက လံုး၀ကို ပ်က္ဆီးေနျပီပဲ။ ဒါေပမဲ့ အေဖခံစားမိတာက ဒီဓားေတြဟာ ရတနာ ေမွာ္ဓားပ်ံေတြပဲ။ ဒါေပမဲ့ ဒီဟာက ထိခိုက္ထားတဲ့ ေမွာ္ရတနာပါပဲ။ မ်ားေသာအားျဖင့္ ထိခိုက္ထားတဲ့ ေမွာ္ရတနာေတြက သိပ္အဖိုးမတန္ေတာ့ပါဘူး။ သူတို႕ကို အေဟာင္း ပစၥည္းေတြနဲ႕ ေရာေရာင္းၾကတာမ်ားတယ္။

နင္ ေခါင္းညိတ္လိုက္တယ္။

သူဒီ လက္နက္မ်ိဳး ေတြ ေၾကာင္းကို စာအုပ္ေတြထဲမွာ ဖတ္ဖူးတယ္ေလ။ ဒီ လက္နက္ေတြက သိပ္ အဖိုးမတန္ေတာ့ဘူး။ ဘာလုို႕လည္းဆိုေတာ့ လက္နက္ လုပ္ရာမွာ သံုးတဲ့ မူလ ပစၥည္းေတြက ေပါင္းစပ္မႈမ်ိဳးစံုကို ျဖတ္သန္းခဲ့ရတယ္ေလ။ ဒါေၾကာင့္ ဒီ လက္နက္ အေဟာင္းေတြကို ဖ်က္ဆီးျပီးေတာ့ အရည္က်ိဳ သတၳဳေတြ ယူရင္ေတာင္ မူလ ထည့္ထားတဲ့ ပစၥည္းေတြကို အကုန္ ျပန္မရႏိုင္ေတာ့ဘူးေလ။

ရီခၽြမ္ ဓားဦးကို လက္နဲ႕ေတာက္လိုက္တယ္။

“ခၽြင္”

သူ႕မ်က္ႏွာမွာ တုန္လႈပ္သြားတဲ့ အရိပ္အေရာင္ တခ်ိဳ႕ ေပၚလာတယ္။

ရီခၽြမ္။    ။ ဘယ္ေလာက္ေတာင္ ထက္လိုက္တဲ့ ဓားလည္း။ တျခား အစြမ္းေတြ ေပါင္းစပ္ထားတာ မရွိေတာ့တာေတာင္ ဒီေလာက္ထိ ထက္ေနတုန္းပဲ။ ငါ တစ္ခါမွ ဒီလို ဓားမ်ိဳး မျမင္ဖူးဘူး။ စႏိုး ဒီမွာ လာၾကည့္ၾကည့္စမ္း။ မင္း ဒီဓားကို ဘယ္က လာတာလည္းဆို ေျပာႏိုင္မလားလို႕။

စႏိုးဓားကို ယူလိုက္ျပီးေတာ့ ေသေသခ်ာခ်ာ ေလ့လာလိုက္တယ္။

“ကၽြန္မ မခန္႕မွန္းႏိုင္ဘူး...”

ဂ်ိနင္။    ။ အေမ ဒီ ရတနာ ဓားပ်ံသာ ထိခိုက္မႈ မရိွခဲ့ရင္ သူ႕ကို အဆင့္ သတ္မွတ္ထားတဲ့ ရတနာလို႕ ေျပာႏိုင္မလား။

စႏိုး။     ။ ဒီဟာက အဆင့္ သတ္မွတ္ထားတဲ့ ရတနာ ဓားပ်ံ သိပ္ဟုတ္တာေပါ့။ အခုလို ထိခိုက္ထားတာေတာင္ သူ႕ရဲ့ ထက္ျမမႈ အစြမ္းဟာ သာမာန္ အဆင့္ သတ္မွတ္ခ်က္ထဲ မပါတဲ့ ရတနာ လက္နက္ေတြနဲ႕ အဆင့္ခ်င္းတူတူပဲ ျဖစ္ေနတယ္။ ဒီဓားဟာ ထိခိုက္မႈ မရွိရင္ ဘယ္အဆင့္ သတ္မွတ္ခ်က္ထဲ ၀င္မလဲေတာ့ အေမလည္း မေျပာတတ္ဘူး။ ဒီ ခ်ိဳင့္၀ွမ္းေဒသက  ဘယ္သူမွ ဒီဓားရဲ့ အဆင့္ကို ေျပာႏိုင္မွာ မဟုတ္ၾကဘူး။

နင္ ေခါင္းညိတ္လိုက္တယ္။
ေျပာရမယ္ဆိုရင္ ကီက်င့္စဥ္မွာ ဇင္တ်န္ အဆင့္ ေရာက္ေနတဲ့ သူေတြ သံုးၾကတဲ့ လက္နက္ေတြက အဆင့္ သတ္မွတ္မႈထဲ မ၀င္တဲ့ ဟာေတြ ပါပဲ။ ဇီဖူ အဆင့္နဲ႕ အထက္ေတြမွသာ အဆင့္ သတ္မွတ္ထားတဲ့ ေမွာ္ရတနာေတြ အသံုးျပဳႏိုင္ၾကတာ။ ဒီ ေမွာ္လက္နက္ ကို ဖန္တီးျပဳလုပ္ဖို႕ ဆိုရင္ ပိုျပီးေတာ့ ခက္ခဲေသးတယ္။ ဒီ ခ်ိဳင္႔၀ွမ္းေဒသမွာ ရတနာ လက္နက္ လုပ္တတ္တဲ့ သူတစ္ေယာက္မွ မရွိေသးဘူး။ အရမ္းကို ေ၀းကြာလြန္းတဲ့ ေဒသက အစြမ္းထက္လြန္းတဲ့ ကလန္ေတြမွာေတာ့ ေမွာ္ရတနာ လက္နက္ ျပဳလုပ္ႏိုင္သူေတြ ရွိႏိုင္ပါတယ္။

……

ရီခၽြမ္။    ။ ဒါဆီယန္ အင္ပါယာ ကေတာ့ ဖင္းေဂါ့ ေခတ္ကေန အခု ေခတ္အထိကို ဆက္ျပီး တည္ျမဲေနခဲ့တယ္။ ဒီ အင္ပါယာဟာ မခန္႔မွန္းႏိုင္ေလာက္ေအာင္ က်ယ္ေျပာတဲ့ လြင္ျပင္ၾကီးကို ႏွစ္ ေပါင္း ထရီလီယံမ်ားစြာ ၾကာေအာင္ အုပ္ခ်ဳပ္ခဲ့တယ္။ ဒီလို အခ်ိန္အတြင္းမွာ မ်ိဳးႏြယ္စုေပါင္းမေရမတြက္ႏိုင္ေအာင္ ေပၚထြက္ခဲ့ၾကျပီး မေရမတြက္ႏိုင္ေအာင္ ပ်က္ဆီးခဲ့ၾကတယ္။ ဒါေၾကာင့္ မေရမတြက္ႏိုင္တဲ့ ရတနာ ပစၥည္းေတြဟာ ၾကြင္းက်န္ရစ္ခဲ့ၾကတယ္။ စစ္ပြဲေတြမွာ က်န္ရစ္ခဲ့တဲ့ ရတနာ ပစၥည္းေတြဟာ ေနရာတိုင္းမွာ ပ်ံ႕ႏွံ႕ေနတယ္။ ငါတို႕ ဂ်ိကလန္မွာလည္း ထိခိုက္ထားတဲ့ ေမွာ္ရတနာေတြ အမ်ိဳးေပါင္း ၁၀၀ ေက်ာ္ ရွိေနတယ္ ဒါေပမဲ့။ ဒီ ေမွာ္ရတနာေတြရဲ့ မူလ အရင္းအျမစ္ကို အကုန္မသိၾကဘူးေလ။ ျပီးေတာ့ သားဆီမွာ အခု ရွိေနတဲ့ ထိခိုက္ထားတဲ့ ေမွာ္ရတနာေလာက္ ထက္တဲ့ ရတနာမ်ိဳးဟာ အရမ္းကို ရွားပါးတယ္။ ဒီ လက္နက္က ငါ့သားအတြက္ သင့္ေတာ္ပါတယ္။

စႏိုး။     ။ သားေလး မင္း ေနာက္ပိုင္းမွာ ကီက်င့္စဥ္မွာ ဇင္တ်န္ အဆင့္ကို ေရာက္သြားလို႕ရွိရင္ မင္းရဲ့ အသက္စြမ္းအားနဲ႕ အဆင့္ သတ္မွတ္ ခ်က္ မရွိေသးတဲ့ လက္နက္ေတြကို ထိန္းခ်ဳပ္လို႕ ရျပီ။ ဒါေပမဲ့ အဲ့ဒီလက္နက္ေတြ အကုန္လံုးက ဒီ ဓားထက္ အမ်ားၾကီး အဆင့္နိမ့္တယ္။

နင္ ေခါင္းညိတ္လိုက္တယ္။
ေမွာ္ရတနာေတြဟာ အရမ္းကို မခန္႔မွန္းႏိုင္ေအာင္ နက္နဲ သိမ္ေမြ႕လြန္းပါတယ္။

ပံုမွန္ဆိုရင္ေတာ့ ကီက်င့္စဥ္လမ္းကို ေလွ်ာက္သူေတြဟာ ေမွာ္ တန္ခိုးစြမ္းအင္မ်ိဳးစံုကို ေထာင္နဲ႕ခ်ီတဲ့ အေရအတြက္ေလာက္ အမ်ိဳးမ်ိဳး ေျပာင္းသံုးႏိုင္တယ္။ ဒါေပမဲ့ ဖင္းေဂါ့လမ္းစဥ္ ေလွ်ာက္လွမ္းသူေတြကေတာ့ အနီးကပ္ တိုက္ခိုက္မႈဟာ အရမ္းကို အားသာတယ္။ သူတို႕ဟာ မဖ်က္ဆီးႏိုင္တဲ့ ခႏၶာကိုယ္၊ အလြန္ၾကီးမားတဲ့ ခြန္အာ နဲ႕ အရမ္းကို ျမင့္မားတဲ့ ဒဏ္ရာ ျပန္ေကာင္း အစြမ္းေတြ အကုန္လံုးကို ပိုင္ဆိုင္ၾကတယ္။ ဒါေၾကာင့္ ဖင္းေဂါ့ က်င့္စဥ္ က်င့္သူေတြဟာ မ်ားေသာအားျဖင့္ ဓား လွံ တုတ္  စတဲ့ လက္နက္မ်ိဳး စံုကို ပဲ အသံုးျပဳၾကတယ္။

ဂ်ိနင္။    ။ဒီ ဓား၃ေခ်ာင္းဟာ ငါ ဇင္တ်န္ အဆင့္ေရာက္တဲ့ အထိ အသံုး၀င္ဦးမွာပဲ။ ဒီဟာ က ငါနဲ႕အတူတူ အခ်ိန္ အၾကာၾကီး ရွိေနမွာဆိုေတာ့ ငါ့ဒီဓားေတြကို ဒက္ေနာ့ဓားေတြလို႕ (DARKNORTH SWORD)  နာမည္ေပးလိုက္မယ္။

သူ ဒီ ဒက္ေနာ့ဆိုတဲ့ နာမည္ကို စေတြးမိတာ အေၾကာင္းရွိေသးတယ္။

ဟိုးအရင္တုန္းက သူ႕အေဖဟာ ဒီခ်ိဳင့္၀ွမ္းေဒသက ထြက္ခြာျပီးေတာ့ အေျပာက်ယ္လွတဲ့ ကမာၻၾကီးမွာ ေလွ်ာက္သြားခဲ့တယ္။ သူဟာ ေျမာက္ပိုင္းက ပင္လယ္ၾကီးဆီ ေရာက္ခဲ့တယ္။ ဒီ အေျပာက်ယ္လွတဲ့ ပင္လယ္ၾကီးနာမည္က ဒက္ေနာ့ ပင္လယ္ ( DARKNORTH SEA) လို႕ ေခၚၾကတယ္။ ဒီ ပင္လယ္ထဲမွာ က်ြန္းေတြ အမ်ားၾကီး ရွိေနျပီးေတာ့ ရီခၽြမ္ဟာ တစ္ကၽြန္းျပီး တစ္ကၽြန္း ေျခဆန္႕ခဲ့တယ္။ ေနာက္ဆံုးမွာ ယူခ်ီစႏိုးနဲ႕ ေတြ႕ဆံုခဲ့တယ္။ သူတို႕ေတြဟာ အတူ ခရီးသြားေဖာ္ေတြ ျဖစ္ခဲ့ၾကျပီးေတာ့ အသက္လုတိုက္ပြဲေပါင္းမ်ားစြာကို အတူတူ ေက်ာ္ျဖတ္ခဲ့ ၾကရင္း ေနာက္ဆံုးမွာ ခ်စ္သူျဖစ္သြားၾကတယ္။ ေနာက္ေတာ့ စႏိုးဟာ ဂ်ိနင္ကို ကိုယ္၀န္ရလာခဲ့တယ္။

ဒီလုိ ကိုယ္၀န္ရလာခဲ့တဲ့အတြက္ သူတို႕ဟာ အႏ ၱာရယ္ထူေျပာလွတဲ့ ဒက္ေနာ့ ပင္လယ္ကို စြန္႕ခြာခဲ့ၾကျပီး ခ်ိဳင့္၀ွမ္းေဒသကို ျပန္လာခဲ့ၾကတယ္။ ဒါေပမဲ့ အျပန္လမ္း တစ္၀က္ေလာက္မွာ သူတို႕ဟာ အသက္အႏာၱရာယ္ တစ္ခုကို ၾကံဳေတြ႕ခဲ့ရျပီး ယူခ်ီစနိုး ဒဏ္ရာ အၾကီးအက်ယ္ ရခဲ့တယ္။ နင္ဟာ ဒါေၾကာင့္ သေႏၶသားဘ၀မွာ ဒဏ္ရာ ရခဲ့တယ္။ ဒီလို ေသေရးရွင္ေရး ၾကံဳေနတဲ့ အခ်ိန္မွာ ေရေျမေခြး ျဖဴၾကီးဟာ စႏိုးကို သယ္ေဆာင္ျပီး ထြက္ေျပးခဲ့တယ္။

ဒါေၾကာင့္ ဦးေလးျဖဴက နင္ အသက္ကို တစ္ခါ ကယ္တင္ဖူးတယ္လို႕ ရီခၽြမ္က မၾကာခဏ ေျပာေလ့ ရွိတယ္။

သူ႕မိဘေတြဟာ ဒက္ေနာ့ ပင္လယ္မွာ ေတြ႕ဆံုခဲ့တယ္၊ ခ်စ္ကၽြမ္း၀င္ခဲ့တယ္၊ ေနာက္သူ႕ကို ရရွိခဲ့တယ္။

ဒါေၾကာင့္ ဒီ ဒက္ေနာ့ ဆိုတဲ့ နာမည္ဟာ သူ႕အတြက္ အရမ္းကို အဓိပၸာယ္ရွိေနတယ္။

ဂ်ိနင္။    ။ အေဖ နဲ႕ အေမ။ကၽြန္ေတာ္ ဒီ ဓား ၃ေခ်ာင္းကို ဒက္ေနာ့ ဓားေတြလို႕ နာမည္ေပးလိုက္ျပီ။


နင္ ဒက္ေနာ့ ဓားကို လက္ခံ ရရွိတဲ့ တစ္ခ်ိန္တည္းမွာပဲ ခ်ိဳင့္၀ွမ္းေဒသမွာ ရွိတဲ့ ( SERPANT WING LAKE) ေတာင္ပံေျမြ ေရကန္ၾကီးတဲမွာ….

ေတာင္ပံေျမြ ေရကန္ဆိုတာကေတာ့ အလြန္ကို ၾကီးမားလွတဲ့ ေရကန္ၾကီးပါပဲ။ ကီလိုမီတာရာနဲ႕ခ်ီျပီးေတာ့ က်ယ္၀န္းတယ္။ ကန္ရဲ့ တစ္ဖက္ကမ္းစပ္ကိုေတာင္ လွမ္းၾကည့္ရင္ မေတြ႕ ရပါဘူး။

ဆို၇ိုးစကား အရဆိုရင္ ေတာင္ျမင့္ၾကီးေတြနဲ႕ ေရကန္ၾကီးေတြမွ အျမဲတမ္း မိစာၦေတြ ေနထိုင္ၾကတယ္တဲ့။

ဒီ စကားဟာ မမွားပါဘူး။ ဒီ အရမ္း က်ယ္ေျပာတဲ့ ဆန္းၾကယ္တဲ့ ေရကန္ၾကီးထဲမွာ မိစာၦၾကီးတစ္ေကာင္ ရွိျပီးေတာ့ မေရမတြက္ႏိုင္တဲ့ မိစာၦငယ္ေလးေတြ အမ်ားၾကီး ေနထိုင္ၾကပါတယ္။ ဒီမွာေနတဲ့ မိစာၦၾကီး နာမည္ကေတာ့ ေတာင္ပံေျမြ ဆိုတဲ့ ေကာင္ၾကီး ျဖစ္ပါတယ္။ ဒီ မိစာၦ ၾကီးဟာ အလြန္ ေရွးက်တဲ့ ေခတ္ကတည္း က ရွိေနျပီးေတာ့ အသက္ ေထာင္နဲ႕ ခ်ီ ရွိေနပါျပီ။ သူ႕တန္ခိုးေတြဟာ အရမ္းကို ၾကီးမားလြန္းပါတယ္။ သူဟာ ေမြးကတည္း ပ်ံသန္းႏိုင္စြမ္း ရွိျပီးေတာ့ ေရနဲ႕ အဆိပ္ကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒီမိစာၦၾကီးဟာ အရမ္းကို ေၾကာင္မက္ဖြယ္ေကာင္းလွပါတယ္။

ဒီေရကန္ရဲ့ အလယ္မွာ ကၽြန္းကေလးတစ္ခု ရွိေနပါတယ္။ ဒီကၽြန္းဟာ ေျမြေတာင္ပံၾကီးရဲ့ ေနအိမ္ပါပဲ။

“၀ုန္း”

မီတာ ရာေပါင္းမ်ားစြာ  ရွည္တဲ့ အနက္ေရာင္ ေျမြၾကီးဟာ ေခြေနပါတယ္။ သူ႕မွာ ရွိတဲ့ ေတာင္ပံ ၂ဖက္ကို ျဖန္႕ထားျပီးေတာ့ ၾကည့္လိုက္ရင္ ေကာင္းကင္ကိုေတာင္ ကြယ္ထားပါတယ္။ သူ႕ရဲ့ နီရဲေနတဲ့ မ်က္လံူ ၂ လံုးက တုန္လႈပ္ေၾကာက္ရြံ႕ေနတဲ့ မြန္းစတားအဖြဲ႕ေလးကို စိုက္ၾကည့္ေနပါတယ္။ အနီး၀န္းက်င္မွာေတာ့ အေအးလႈိင္ေတြ ပ်ံ႕ႏွံ႕ေနျပီး ေျမၾကီးကိုေတာင္ ေရခဲအလႊာေလး ဖုံးအုပ္ေနပါတယ္။

မြန္းစတား မိစာၦေလးေတြဟာ အကုန္လံုး တစ္စုတစ္စည္းတည္း ဒူးေထာက္ ထို္င္ေနၾကပါတယ္။ သူတို႕မ်က္ႏွာေတြမွာ ေၾကာက္ရြံ႕တုန္လႈပ္မႈေတြ ေပၚေနပါတယ္။

ဒီအနီးအနားမွာပဲ ရာနဲ႕ခ်ီတဲ့ မြန္းစတားေတြဟာ ေရခဲတံုးျဖစ္ျပီးေတာ့ ေျမျပင္ေပၚမွာ လဲက်ေနၾကပါတယ္။

ဂါး…………….

ေျမြပ်ံၾကီး ေဒါသတၾကီးနဲ႕ မာန္ဖီလိုက္ပါတယ္။

ဒီေၾကာက္လန္႔ တုန္လႈပ္ေနတဲ့ မြန္းစတားငယ္ေတြဟာ ေျမြ၊ ငါး ၊  ဂဏန္း စတဲ့ ေရသတၱ၀ါ မ်ိဳးစံု မိစာၦေတြ ျဖစ္ၾကပါတယ္။ အကုန္လံူ အရမ္းကို တုန္လႈပ္ေျခာက္ျခားေနၾကတယ္။

ROAR,,,
၀ုန္း.. ၀ုန္း..၀ုန္း..

မြန္းစတားေတြ အကုန္လံုး အျမန္ ထြက္ေျပးသြားၾကတယ္။ မြန္းစတားေတာ္ေတာ္မ်ားမ်ားက ကြၽန္းကိုခြာျပီး ေရနက္ထဲကို ငုပ္ေျပးသြားၾကတယ္။ တစ္ခ်ိဳ႕တစ္၀က္သာ ကၽြန္းအနွံ႕မွွာ ကာကြယ္ဖို႕ အသင့္ေနရာယူထားၾကတယ္။

ေျမြနက္ၾကီးဟာ မီးခိုးလံုးၾကီးအသြင္ ေျပာင္းသြားျပီးေတာ့ မီးခိုးလံုးကေန အနက္ေရာင္၀တ္ လူတစ္ေယာက္ ေပၚထြက္လာပါတယ္။

SERPENTWING (ေတာင္ပံေျမြ)။   ။ငါ ေတာင္ပံေျမြဆီမွာ သား ၉၂ ေယာက္ ရွိတယ္။ သူတို႕ေတြ ၾကီးျပင္းလာေတာ့ ေတာ္ေတာ္မ်ားမ်ား ေသဆံုးကုန္ၾကတယ္။ ၁၆ေယာက္ပဲ အသက္ရွင္ က်န္တယ္။ ဒီထဲမွာမွ တစ္ေယာက္ပဲ ဖင္းေဂါ့ ေသြးမ်ိဳးဆက္ပါတယ္။ ငါ့ အခ်စ္ဆံုး သားေလး အျမီးနီ။

ေျမြေတြဟာ သဘာ၀အရ ကာမစိတ္ ၾကီးၾကတယ္။

သူဟာ ဖင္းေဂါ့ ေသြးမ်ိဳးဆက္ မဟုတ္ေပမဲ့ တစ္ျခားဟိုတ်န္ မြန္းစတားေတြနဲက အတူ ေနထိုင္ခဲ့တယ္။ တစ္ခ်ိဳး မြန္းစတားေတြက နတ္ဘုရားမြန္းစတား အမ်ိဳးအစားေတြ ျဖစ္ၾကတယ္။ သူ႕လို ႏွစ္ေပါင္း ေထာင္ခ်ီ ေအာင္ က်င့္ၾကံခဲ့တဲ့ မြန္းစတား တစ္ေကာင္ အေနနဲ႕ ဟိုတ်န္အဆင့္ နတ္ဘုရားမြန္းစတား ေတြကို ရေအာင္ယူဖို႔က အလြယ္ေလးပဲေလ။ ဒါေပမဲ့ နတ္ဘုရားမြန္းစတား ေတြဟာ ကိုယ္၀န္ရ မလြယ္ၾကဘူး။ ဒါေၾကာင့္သူ႕မွာ ဖင္းေဂါ့ ေသြးမ်ိဳးဆက္ပါတဲ့ အျမီးနီဆိုတဲ့ သား တစ္ေယာက္ပဲ ရွိတယ္။

သူ အခ်စ္ဆံုး ကေလးေလး။ သူ က အျမီးနီဟာ မၾကာခင္ ဇင္တ်န္ အဆင့္ကို ေရာက္ေတာ့မယ္ဆိုတာ သိေနခဲ့တယ္။ သူ႕အတြက္ အနာဂတ္ဟာ အရမ္းကို ေတာက္ပေကာင္းမြန္ ေနတာ။

အလြန္ကို ၀မ္းနည္းေနတဲ့ ေတာင္ပံေျမြၾကီး။            ။“အျမီးနီေလး၊ အေဖ မင္းကို အျမဲမွာတယ္။ ဇင္တ်န္ အဆင့္ မေရာက္ခင္ အျပင္ ေလွ်ာက္မသြားပါနဲ႕လို႕။ လူသားေတြဟာ အရသာရွိေပမဲ့ မင္းက သူတို႕ကို အမ်ားၾကီး စားလိုက္တယ္။ ဒါေၾကာင့္ ဂ်ိကလန္က ေရာက္လာျပီး မင္းကို ဖမ္းဆီးသြားတာပဲ။”

 သူ႕ရဲ့ ဂုဏ္ အယူရဆံုး၊ သူ႕ရဲ့ ဘ၀၊ အျမီးနီေလး ဟာလူသားကို တျခား မြန္းစတားအသားေတြထက္ ပိုျပီး သေဘာက် ႏွစ္သက္တယ္။ အမွန္လည္း လူသားဟာ အရမ္းကို စားေကာင္းပါတယ္။

ဒါေၾကာင့္ အျမီးနီေလးဟာ သူ႕အေဖ လစ္တဲ့အခ်ိန္ ခိုးထြက္ျပီးေတာ့ လူေတြကို သတ္စားတာေလ။

“ငါ့ ကေလးေလး။ ငါ မင္းကို လာကယ္ျပီ။”

အကၤ် ီ နက္နဲ႕ လူၾကီးဟာ ခ်က္ခ်င္းပဲ ေတာင္ပံနဲ႕ ေျမြၾကီး အသြင္ကို ျပန္ေျပာင္းသြားတယ္။ သူ႕ရဲ႕ အလြန္ ၾကီးမားတဲ့ ခႏၶာကိုယ္ၾကီးဟာ ေလေပၚ ေျမာက္သြားျပီးေတာ့ အနက္ေရာင္ အလင္းတန္းျဖစ္သြားျပီး ေကာင္းကင္ကို ျဖတ္သန္းကာ တိမ္ေတြၾကားမွာ ေပ်ာက္ကြယ္သြားတယ္။



ဆက္ပါဦးမည္>>>>>>
၀တၳဳ : Desolate era
မူရင္း စာေရးဆရာ : I Eat tomatoes
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…



Unicode

အခန်း ၁၈ (တောင်ပံ)



လက်ကို လေထဲမှာ တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ အပြာရောင် ရွှေတုံး တစ်တုံး နင်ရဲ့ လက်ထဲမှာ ပေါ်လာတယ်။ သူ ဒီ ရွှေတုံးကို မြွေနဲ့ လူကြီးဆီကို ပစ်ပေးလိုက်တယ်။



ဂျိနင်။    ။“အင်း… ဒါကို ယူလိုက်တော့..”



မြွေနှင့် လူကြီး။   ။ဒီ ရွှေတုံး သေးသေးလေးပဲလား ခင်ဗျ…ပြီးတော့ ဒီဟာက ကြည့်ရတာ သန့်စင်ထားပုံတောင်မရဘူး။



မြွေနဲ့ လူကြီး နဲ့ သူ့နောက်က လူ ကြီး နှစ်ယောက် ရွှေတုံးကို ကြည့်ပြီး သွေးထွက်သွားကြတယ်။



“သခင်လေး ခင်ဗျာ..”



“လေးစားရတဲ့ သခင်လေးရယ်…”

လူကြီး ၃ယောက်လုံး ဒူးထောက်ပြီး အော်ဟစ်လိုက်ကြတယ်။ သူတို့ ကလန်ကို ဘယ်လို မျက်နှာ နဲ့ ပြန်လို့ရမှာလည်း။ သူတို့နဲ့ အတူ ကလန်က လူတွေ ပါလာကြပါတယ်။ ဒါပေမဲ့ မြို့ ဝင်ကြေးက အရမ်းကို ဈေးကြီးလို့ သူတို့လို သာမာန်မျိုးနွယ်စု ကလန် ကလေးတွေအတွက် ဘယ်လိုမှ  လူအကုန်ပါအောင် မြို့ထဲကို ဝင်ဖို့ မတတ်နိုင်ကြဘူးလေ။ ဒါကြောင့် သူတို့ ကလန်က ကျန်တဲ့ လူတွေ အကုန်လုံး မြို့ပြင်မှာပဲ စောင့်နေကြတယ်။



“မင်းတို့ ငတုံးတွေပဲ။ ဒီ ရွှေတုံးကို မိုးကြိုးရွှေတုံးလို့ ခေါ်တယ်။”



“ငါဆိုရင် ဒီ အရွယ် မိုးကြိုးရွှေတုံးအတွက်ကို ရွှေအချိန် ၁၀၀ နဲ့ ရရင် ချက်ချင်းဝယ်လိုက်တယ်။”



“ဘာ.. ရွှေအချိန် ၁၀၀ ပဲ ဟုတ်လား… ငါသာဆို ဒီ အရွယ် မိုးကြိုး ရွှေတုံးအတွက် ရွှေ အချိန် ၁၆၀ ပေးနိုင်တယ်။ ငါချက်ချင်း ငါ့အိမ်တော်ကို လူလွှတ်ပြီး ရွှေအချိန် ၁၆၀ သွားယူခိုင်းလိုက်မယ်။”



ချက်ချင်းပဲ အနားမှာ ရှိတဲ့ လူတွေက တစ်ယောက်တစ်ပေါက် ဈေးတွေပေးပြီး ဝယ်ကုန်ကြတယ်။ ဒီ လူတွေအကုန်လုံးက အနောက်ဘက် ဂျိကလန်က ရာထူးကြီးတဲ့ လူတွေ နဲ့ တခြား တန်ခိုးကြီးတဲ့ အနီးက ကလန်တွေကနေ လာကြတဲ့ ဇင်တျန် အဆင့် တန်ခိုးရှင်တွေ ဖြစ်ကြတယ်။ သူတို့ ဒီလို အလုအယက် ဈေးပေးကုန်ကြတော့ ဒီ မိုးကြိုးရွှေတုံးဟာ ဘယ်လိုမှ သာမာန်ရွှေတုံး မဖြစ်နိုင်တော့ဘူး။



အနက်ရောင် မြွေနဲ့ လူကြီးက ချက်ခြင်းပဲ ရွှေတုံးကို လက်မှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ သူဒီမှာ ခံစားမိတာက ဒီရွှေတုံးရဲ့ အလေးချိန်ဟာ သာမာန် အဝါရောင် ရွှေတုံးရဲ့ အလေးချိန်ထက် အများကြီး လေးနေတာ တွေ့လိုက်ရတယ်။



“ကျေးဇူး ကြီးမားလှပါပေတယ် သခင်လေး ခင်ဗျာ..”



“ကျေးဇူးကြီးမားလှပါပေတယ်။ တန်ခိုးကြီးမားလှတဲ့ သခင်လေးခင်ဗျာ..”



လူူကြီး ၃ယောက်က သူ့ကို အရမ်း ကျေးဇူးတင်သွားကြတယ်။



“မင်းတို့ က အခုကျတော့ သူ့ကို ကျေးဇူးတင်သွားပြီပေါ့။ ဟုတ်တယ်မလား။ မိုးရေစက်ဓား ဆိုတာ သာမာန် လူတစ်ယောက် မဟုတ်တာ မင်းတို့ သိကြတာပဲ။ ဒီလို လူဆီမှာ ဘယ်လိုသားမျိုး ရှိမလဲဆိုတာ မင်းတို့ နားလည်သင့်တယ်။ သူက မင်းတို့ကို ဘယ်လိုလုပ် အနိုင်ကျင့်ပြီး ပစ္စည်းယူမှာလဲ။ သူလွှင့်ပစ်လို့ ရတဲ့ ဒီ ရွှေတုံးတောင် မင်းတို့ အတွက် အရမ်းကို တန်ဖိုးကြီးတဲ့ ရတနာ ဖြစ်နေတာ။ဟား..ဟား..ဟား..”



အသက်ကြီးကြီး ၀၀ နဲ့ သားမွေး ဝတ်စုံဝတ်ထားတဲ့ လူကြီးက ရယ်မောပြောဆိုလိုက်တယ်။ သူက သိပ်ဝေးဝေးကို မရောက်သေးတဲ့ နင်ကြားအောင် တမင် အော်ပြောလိုက်တာပါ။



နင် ပြုံးလိုက်ပြီးတော့ သူ့ ဓား ၃ချောင်းကို ကေ ကျောက်တုန်းထဲ ထည့်လိုက်တယ်။ ဒီ ကေကျောက်တုံးက အခန်းက အကန့်အသတ် သေးလွန်းလို့ ဒီ ထဲမှာ ရွှေတုံး အနည်းငယ်ပဲ သူထည့်ထားပါတယ်။ ကျန်တာတွေကတော့ အလွန်အဖိုးတန်တဲ့ ရတနာ ပစ္စည်းတွေပါ။



……



အခန်းထဲမှာ



ရီချွမ်နဲ့ စနိုးတို့ ဖြည်းဖြည်းချင်း စားသောက်ဖွယ်ရာတွေ အတူတူ စားနေကြတယ်။



ဝှစ်..



နင် သူလည်လို့ ဝလို့ ပြန်ရောက်လာတယ်။



“အဖေ..အမေ..”



ရီချွမ်။    ။ သားဘာလို့ အပြင်မှာ အေးအေးဆေးဆေး အချိန်ပေးပြီး လျှောက်မလည်တာလည်း။ မင်းတစ်ခါတစ်လေမှ အပြင်ထွက်ဖြစ်တာကို။



နင် အသံမထွက်ပဲ မြန်မြန် သူ့ခုံမှာ ရိုရိုသေသေ ဝင်ထိုင်လိုက်ပြီးတော့ အစားအသောက်တွေကို အတူတူ စားလိုက်တယ်။ စားပွဲ ပေါ်မှာတော့ စားသောက်ဖွယ်ရာ အရက်တွေက အပြည့်ပါပဲ။ နင်ရဲ့ အခုအချိန်မှာ ရှိတဲ့ စားသောက်နှုန်းဟာ အရမ်းကို မြင့်မားလာတဲ့ အတွက် စားပွဲပေါ်က အစားအသောက်တွေ သိပ်မကြာခင်ပဲ ပြောင်သလင်းခါသွားတယ်။



စနိုး သူ့သားလေး လေမုန်တိုင်းတိုက်သလို အစားအသောက် စားတာကြည့်ြ့ပီး တခစ်ခစ် ရယ်မောနေမိတယ်။



ဂျိနင်။    ။ အဖေ နဲ့ အမေရေ။ သား ဒီနေ့ အပြင်မှာ လျှောက်လည်တော့ မျိုးနွယ်စုလေး တစ်ခုက စစ်သူရဲ ၃ယောက်နဲ့ တွေ့ခဲ့တယ်လေ။ သူတို့က ဟိုး အဝေးကြီးကနေ အနောက်ဘက် ဂျိကလန် မြို့တော်အထိ ရောက်အောင် လာခဲ့ ရတာ။ သူတို့ လာတဲ့ ရည်ရွယ်ချက်က ရတနာဓားတွေကို ရောင်းဖို့ လေ။ အဲဒါ ကျွန်တော် အဲ့ဒီ ဓားတွေကို ဝယ်လာခဲ့တယ်။



ရီချွမ်။    ။ အဖိုးတန် ရတနာ လက်နက်တွေ။ ငါတို့ အနောက်ဘက် ဂျိကလန်ရဲ့ လက်နက် တိုက်မှာ အဖိုးတန် ရတနာ လက်နက်တွေ အများကြီး ရှိတယ်။ အရင်တုန်းက မင်း တောင် လက်နက် ၂ ခုရွေးဖူးတယ် မဟုတ်လား။ ဘယ်လိုလုပ် အဆင့်နိမ့်တဲ့ ဈေးသည်ဆီမှာ ရတနာ လက်နက်က ရှိရမှာလည်း။



ပြောရရင် သူဟာ ဇင်တျန် အဆင့် ကီကျင့်စဉ်ကို ဖတ်ဖူးထားပေမဲ့ သူ မှော်ရတနာတွေကို မထိန်းချုပ်နိုင်သေးဘူးလေ။ ဒါကြောင့် သူ ရတနာ လက်နက်တိုက်ကို သွားပြီး အဖိုးတန် ဓား ၂ချောင်းကို ယူခဲ့တယ်။ ဒါပေမဲ့ သူ လှောင်အိမ်ထဲမှာ လေ့ကျင့်တဲ့ အခါမှာတော့ သာမာန်လက်နက်ကိုပဲ အသုံးပြုခဲ့တယ်။



ဂျိနင်။    ။ အဖေ၊ ကျွန်တော် ရတနာတိုက်က ယူခဲ့တဲ့ လက်နက် ၂ခု ဒီ လက်နက်တွေနဲ့ ယှဉ်ရင် အများကြီး အဆင့်နိမ့်နေတယ်။



အို…



ဂျိနင်။    ။ ပြောရရင် ကျွန်တော်ဝယ်ခဲ့တဲ့ လက်နက်၂ခုက ထိခိုက်ထားတဲ့ ဓား ၃ချောင်းပဲ။ ဒီ ဓားတွေမှာ မှော် သင်္ကေတတွေ ထွင်းထားပေမဲ့ အကုန်လုံးနီးပါး ပျက်ဆီးနေပြီ။ ဒါကြောင့် အဲ့ဒီ ဓားတွေကို အခုဆို အနီးကပ်တိုက်ပွဲတွေမှာပဲ သုံးလို့ အဆင်ပြေတော့မယ်။ ဒါပေမဲ့ ဒီ ဓားတွေက အရမ်းကို ထက်မြလွန်းနေတယ်။ ဘယ်လောက်ထက်ထဲဆိုရင် ကျွန်တော်တို့ဆီမှာ ရှိတဲ့ လက်နက် အကုန်လုံးထက်ကို ပိုပြီး ထက်လိမ့်မယ်။ ကျွန်တော် ခွန်အားနည်းနည်း ထည့်ပြီး ခုတ်လိုက်မယ်ဆို ရွှေကြယ် သံချပ်ကာ အင်္ကျီကို တောင် ဖြတ်သွားနိုင်တယ်။



ရီချွမ်။    ။ ရွှေကြယ် ဝတ်စုံကိုတောင် ဖောက်ထွက်သွားနိုင်တယ်လား။ ငါ့ကို ပြကြည့်စမ်းပါဦး။



နင် သူ့လက်ကို ဆန့်တန်းလိုက်တော့ ဓား ၃ချောင်းပေါ်လာတယ်။ သူအဖေကို သူကမ်းပေးလိုက်တယ်။



ရီချွမ်ဓားကို ယးလိုက်ပြီးတော့ သေသေချာချာ လေ့လာလိုက်တယ်။



ရီချွမ်။    ။ ဒီ မှော် သင်္ကေတတွေက လုံးဝကို ပျက်ဆီးနေပြီပဲ။ ဒါပေမဲ့ အဖေခံစားမိတာက ဒီဓားတွေဟာ ရတနာ မှော်ဓားပျံတွေပဲ။ ဒါပေမဲ့ ဒီဟာက ထိခိုက်ထားတဲ့ မှော်ရတနာပါပဲ။ များသောအားဖြင့် ထိခိုက်ထားတဲ့ မှော်ရတနာတွေက သိပ်အဖိုးမတန်တော့ပါဘူး။ သူတို့ကို အဟောင်း ပစ္စည်းတွေနဲ့ ရောရောင်းကြတာများတယ်။



နင် ခေါင်းညိတ်လိုက်တယ်။



သူဒီ လက်နက်မျိုး တွေ ကြောင်းကို စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်လေ။ ဒီ လက်နက်တွေက သိပ် အဖိုးမတန်တော့ဘူး။ ဘာလို့လည်းဆိုတော့ လက်နက် လုပ်ရာမှာ သုံးတဲ့ မူလ ပစ္စည်းတွေက ပေါင်းစပ်မှုမျိုးစုံကို ဖြတ်သန်းခဲ့ရတယ်လေ။ ဒါကြောင့် ဒီ လက်နက် အဟောင်းတွေကို ဖျက်ဆီးပြီးတော့ အရည်ကျို သတ္ထုတွေ ယူရင်တောင် မူလ ထည့်ထားတဲ့ ပစ္စည်းတွေကို အကုန် ပြန်မရနိုင်တော့ဘူးလေ။



ရီချွမ် ဓားဦးကို လက်နဲ့တောက်လိုက်တယ်။



“ချွင်”



သူ့မျက်နှာမှာ တုန်လှုပ်သွားတဲ့ အရိပ်အရောင် တချို့ ပေါ်လာတယ်။



ရီချွမ်။    ။ ဘယ်လောက်တောင် ထက်လိုက်တဲ့ ဓားလည်း။ တခြား အစွမ်းတွေ ပေါင်းစပ်ထားတာ မရှိတော့တာတောင် ဒီလောက်ထိ ထက်နေတုန်းပဲ။ ငါ တစ်ခါမှ ဒီလို ဓားမျိုး မမြင်ဖူးဘူး။ စနိုး ဒီမှာ လာကြည့်ကြည့်စမ်း။ မင်း ဒီဓားကို ဘယ်က လာတာလည်းဆို ပြောနိုင်မလားလို့။



စနိုးဓားကို ယူလိုက်ပြီးတော့ သေသေချာချာ လေ့လာလိုက်တယ်။



“ကျွန်မ မခန့်မှန်းနိုင်ဘူး...”



ဂျိနင်။    ။ အမေ ဒီ ရတနာ ဓားပျံသာ ထိခိုက်မှု မရှိခဲ့ရင် သူ့ကို အဆင့် သတ်မှတ်ထားတဲ့ ရတနာလို့ ပြောနိုင်မလား။



စနိုး။     ။ ဒီဟာက အဆင့် သတ်မှတ်ထားတဲ့ ရတနာ ဓားပျံ သိပ်ဟုတ်တာပေါ့။ အခုလို ထိခိုက်ထားတာတောင် သူ့ရဲ့ ထက်မြမှု အစွမ်းဟာ သာမာန် အဆင့် သတ်မှတ်ချက်ထဲ မပါတဲ့ ရတနာ လက်နက်တွေနဲ့ အဆင့်ချင်းတူတူပဲ ဖြစ်နေတယ်။ ဒီဓားဟာ ထိခိုက်မှု မရှိရင် ဘယ်အဆင့် သတ်မှတ်ချက်ထဲ ဝင်မလဲတော့ အမေလည်း မပြောတတ်ဘူး။ ဒီ ချိုင့်ဝှမ်းဒေသက  ဘယ်သူမှ ဒီဓားရဲ့ အဆင့်ကို ပြောနိုင်မှာ မဟုတ်ကြဘူး။



နင် ခေါင်းညိတ်လိုက်တယ်။

ပြောရမယ်ဆိုရင် ကီကျင့်စဉ်မှာ ဇင်တျန် အဆင့် ရောက်နေတဲ့ သူတွေ သုံးကြတဲ့ လက်နက်တွေက အဆင့် သတ်မှတ်မှုထဲ မဝင်တဲ့ ဟာတွေ ပါပဲ။ ဇီဖူ အဆင့်နဲ့ အထက်တွေမှသာ အဆင့် သတ်မှတ်ထားတဲ့ မှော်ရတနာတွေ အသုံးပြုနိုင်ကြတာ။ ဒီ မှော်လက်နက် ကို ဖန်တီးပြုလုပ်ဖို့ ဆိုရင် ပိုပြီးတော့ ခက်ခဲသေးတယ်။ ဒီ ချိုင့်ဝှမ်းဒေသမှာ ရတနာ လက်နက် လုပ်တတ်တဲ့ သူတစ်ယောက်မှ မရှိသေးဘူး။ အရမ်းကို ဝေးကွာလွန်းတဲ့ ဒေသက အစွမ်းထက်လွန်းတဲ့ ကလန်တွေမှာတော့ မှော်ရတနာ လက်နက် ပြုလုပ်နိုင်သူတွေ ရှိနိုင်ပါတယ်။



……



ရီချွမ်။    ။ ဒါဆီယန် အင်ပါယာ ကတော့ ဖင်းဂေါ့ ခေတ်ကနေ အခု ခေတ်အထိကို ဆက်ပြီး တည်မြဲနေခဲ့တယ်။ ဒီ အင်ပါယာဟာ မခန့်မှန်းနိုင်လောက်အောင် ကျယ်ပြောတဲ့ လွင်ပြင်ကြီးကို နှစ် ပေါင်း ထရီလီယံများစွာ ကြာအောင် အုပ်ချုပ်ခဲ့တယ်။ ဒီလို အချိန်အတွင်းမှာ မျိုးနွယ်စုပေါင်းမရေမတွက်နိုင်အောင် ပေါ်ထွက်ခဲ့ကြပြီး မရေမတွက်နိုင်အောင် ပျက်ဆီးခဲ့ကြတယ်။ ဒါကြောင့် မရေမတွက်နိုင်တဲ့ ရတနာ ပစ္စည်းတွေဟာ ကြွင်းကျန်ရစ်ခဲ့ကြတယ်။ စစ်ပွဲတွေမှာ ကျန်ရစ်ခဲ့တဲ့ ရတနာ ပစ္စည်းတွေဟာ နေရာတိုင်းမှာ ပျံ့နှံ့နေတယ်။ ငါတို့ ဂျိကလန်မှာလည်း ထိခိုက်ထားတဲ့ မှော်ရတနာတွေ အမျိုးပေါင်း ၁၀၀ ကျော် ရှိနေတယ် ဒါပေမဲ့။ ဒီ မှော်ရတနာတွေရဲ့ မူလ အရင်းအမြစ်ကို အကုန်မသိကြဘူးလေ။ ပြီးတော့ သားဆီမှာ အခု ရှိနေတဲ့ ထိခိုက်ထားတဲ့ မှော်ရတနာလောက် ထက်တဲ့ ရတနာမျိုးဟာ အရမ်းကို ရှားပါးတယ်။ ဒီ လက်နက်က ငါ့သားအတွက် သင့်တော်ပါတယ်။



စနိုး။     ။ သားလေး မင်း နောက်ပိုင်းမှာ ကီကျင့်စဉ်မှာ ဇင်တျန် အဆင့်ကို ရောက်သွားလို့ရှိရင် မင်းရဲ့ အသက်စွမ်းအားနဲ့ အဆင့် သတ်မှတ် ချက် မရှိသေးတဲ့ လက်နက်တွေကို ထိန်းချုပ်လို့ ရပြီ။ ဒါပေမဲ့ အဲ့ဒီလက်နက်တွေ အကုန်လုံးက ဒီ ဓားထက် အများကြီး အဆင့်နိမ့်တယ်။



နင် ခေါင်းညိတ်လိုက်တယ်။

မှော်ရတနာတွေဟာ အရမ်းကို မခန့်မှန်းနိုင်အောင် နက်နဲ သိမ်မွေ့လွန်းပါတယ်။



ပုံမှန်ဆိုရင်တော့ ကီကျင့်စဉ်လမ်းကို လျှောက်သူတွေဟာ မှော် တန်ခိုးစွမ်းအင်မျိုးစုံကို ထောင်နဲ့ချီတဲ့ အရေအတွက်လောက် အမျိုးမျိုး ပြောင်းသုံးနိုင်တယ်။ ဒါပေမဲ့ ဖင်းဂေါ့လမ်းစဉ် လျှောက်လှမ်းသူတွေကတော့ အနီးကပ် တိုက်ခိုက်မှုဟာ အရမ်းကို အားသာတယ်။ သူတို့ဟာ မဖျက်ဆီးနိုင်တဲ့ ခန္ဓာကိုယ်၊ အလွန်ကြီးမားတဲ့ ခွန်အာ နဲ့ အရမ်းကို မြင့်မားတဲ့ ဒဏ်ရာ ပြန်ကောင်း အစွမ်းတွေ အကုန်လုံးကို ပိုင်ဆိုင်ကြတယ်။ ဒါကြောင့် ဖင်းဂေါ့ ကျင့်စဉ် ကျင့်သူတွေဟာ များသောအားဖြင့် ဓား လှံ တုတ်  စတဲ့ လက်နက်မျိုး စုံကို ပဲ အသုံးပြုကြတယ်။



ဂျိနင်။    ။ဒီ ဓား၃ချောင်းဟာ ငါ ဇင်တျန် အဆင့်ရောက်တဲ့ အထိ အသုံးဝင်ဦးမှာပဲ။ ဒီဟာ က ငါနဲ့အတူတူ အချိန် အကြာကြီး ရှိနေမှာဆိုတော့ ငါ့ဒီဓားတွေကို ဒက်နော့ဓားတွေလို့ (DARKNORTH SWORD)  နာမည်ပေးလိုက်မယ်။



သူ ဒီ ဒက်နော့ဆိုတဲ့ နာမည်ကို စတွေးမိတာ အကြောင်းရှိသေးတယ်။



ဟိုးအရင်တုန်းက သူ့အဖေဟာ ဒီချိုင့်ဝှမ်းဒေသက ထွက်ခွာပြီးတော့ အပြောကျယ်လှတဲ့ ကမ္ဘာကြီးမှာ လျှောက်သွားခဲ့တယ်။ သူဟာ မြောက်ပိုင်းက ပင်လယ်ကြီးဆီ ရောက်ခဲ့တယ်။ ဒီ အပြောကျယ်လှတဲ့ ပင်လယ်ကြီးနာမည်က ဒက်နော့ ပင်လယ် ( DARKNORTH SEA) လို့ ခေါ်ကြတယ်။ ဒီ ပင်လယ်ထဲမှာ ကျွန်းတွေ အများကြီး ရှိနေပြီးတော့ ရီချွမ်ဟာ တစ်ကျွန်းပြီး တစ်ကျွန်း ခြေဆန့်ခဲ့တယ်။ နောက်ဆုံးမှာ ယူချီစနိုးနဲ့ တွေ့ဆုံခဲ့တယ်။ သူတို့တွေဟာ အတူ ခရီးသွားဖော်တွေ ဖြစ်ခဲ့ကြပြီးတော့ အသက်လုတိုက်ပွဲပေါင်းများစွာကို အတူတူ ကျော်ဖြတ်ခဲ့ ကြရင်း နောက်ဆုံးမှာ ချစ်သူဖြစ်သွားကြတယ်။ နောက်တော့ စနိုးဟာ ဂျိနင်ကို ကိုယ်ဝန်ရလာခဲ့တယ်။



ဒီလို ကိုယ်ဝန်ရလာခဲ့တဲ့အတွက် သူတို့ဟာ အန ္တာရယ်ထူပြောလှတဲ့ ဒက်နော့ ပင်လယ်ကို စွန့်ခွာခဲ့ကြပြီး ချိုင့်ဝှမ်းဒေသကို ပြန်လာခဲ့ကြတယ်။ ဒါပေမဲ့ အပြန်လမ်း တစ်ဝက်လောက်မှာ သူတို့ဟာ အသက်အန္တာရာယ် တစ်ခုကို ကြုံတွေ့ခဲ့ရပြီး ယူချီစနိုး ဒဏ်ရာ အကြီးအကျယ် ရခဲ့တယ်။ နင်ဟာ ဒါကြောင့် သန္ဓေသားဘဝမှာ ဒဏ်ရာ ရခဲ့တယ်။ ဒီလို သေရေးရှင်ရေး ကြုံနေတဲ့ အချိန်မှာ ရေမြေခွေး ဖြူကြီးဟာ စနိုးကို သယ်ဆောင်ပြီး ထွက်ပြေးခဲ့တယ်။



ဒါကြောင့် ဦးလေးဖြူက နင် အသက်ကို တစ်ခါ ကယ်တင်ဖူးတယ်လို့ ရီချွမ်က မကြာခဏ ပြောလေ့ ရှိတယ်။



သူ့မိဘတွေဟာ ဒက်နော့ ပင်လယ်မှာ တွေ့ဆုံခဲ့တယ်၊ ချစ်ကျွမ်းဝင်ခဲ့တယ်၊ နောက်သူ့ကို ရရှိခဲ့တယ်။



ဒါကြောင့် ဒီ ဒက်နော့ ဆိုတဲ့ နာမည်ဟာ သူ့အတွက် အရမ်းကို အဓိပ္ပာယ်ရှိနေတယ်။



ဂျိနင်။    ။ အဖေ နဲ့ အမေ။ကျွန်တော် ဒီ ဓား ၃ချောင်းကို ဒက်နော့ ဓားတွေလို့ နာမည်ပေးလိုက်ပြီ။







နင် ဒက်နော့ ဓားကို လက်ခံ ရရှိတဲ့ တစ်ချိန်တည်းမှာပဲ ချိုင့်ဝှမ်းဒေသမှာ ရှိတဲ့ ( SERPANT WING LAKE) တောင်ပံမြွေ ရေကန်ကြီးတဲမှာ….



တောင်ပံမြွေ ရေကန်ဆိုတာကတော့ အလွန်ကို ကြီးမားလှတဲ့ ရေကန်ကြီးပါပဲ။ ကီလိုမီတာရာနဲ့ချီပြီးတော့ ကျယ်ဝန်းတယ်။ ကန်ရဲ့ တစ်ဖက်ကမ်းစပ်ကိုတောင် လှမ်းကြည့်ရင် မတွေ့ ရပါဘူး။



ဆိုရိုးစကား အရဆိုရင် တောင်မြင့်ကြီးတွေနဲ့ ရေကန်ကြီးတွေမှ အမြဲတမ်း မိစ္ဆာတွေ နေထိုင်ကြတယ်တဲ့။



ဒီ စကားဟာ မမှားပါဘူး။ ဒီ အရမ်း ကျယ်ပြောတဲ့ ဆန်းကြယ်တဲ့ ရေကန်ကြီးထဲမှာ မိစ္ဆာကြီးတစ်ကောင် ရှိပြီးတော့ မရေမတွက်နိုင်တဲ့ မိစ္ဆာငယ်လေးတွေ အများကြီး နေထိုင်ကြပါတယ်။ ဒီမှာနေတဲ့ မိစ္ဆာကြီး နာမည်ကတော့ တောင်ပံမြွေ ဆိုတဲ့ ကောင်ကြီး ဖြစ်ပါတယ်။ ဒီ မိစ္ဆာ ကြီးဟာ အလွန် ရှေးကျတဲ့ ခေတ်ကတည်း က ရှိနေပြီးတော့ အသက် ထောင်နဲ့ ချီ ရှိနေပါပြီ။ သူ့တန်ခိုးတွေဟာ အရမ်းကို ကြီးမားလွန်းပါတယ်။ သူဟာ မွေးကတည်း ပျံသန်းနိုင်စွမ်း ရှိပြီးတော့ ရေနဲ့ အဆိပ်ကို ထိန်းချုပ်နိုင်ပါတယ်။ ဒီမိစ္ဆာကြီးဟာ အရမ်းကို ကြောင်မက်ဖွယ်ကောင်းလှပါတယ်။



ဒီရေကန်ရဲ့ အလယ်မှာ ကျွန်းကလေးတစ်ခု ရှိနေပါတယ်။ ဒီကျွန်းဟာ မြွေတောင်ပံကြီးရဲ့ နေအိမ်ပါပဲ။



“ဝုန်း”



မီတာ ရာပေါင်းများစွာ  ရှည်တဲ့ အနက်ရောင် မြွေကြီးဟာ ခွေနေပါတယ်။ သူ့မှာ ရှိတဲ့ တောင်ပံ ၂ဖက်ကို ဖြန့်ထားပြီးတော့ ကြည့်လိုက်ရင် ကောင်းကင်ကိုတောင် ကွယ်ထားပါတယ်။ သူ့ရဲ့ နီရဲနေတဲ့ မျက်လူံ ၂ လုံးက တုန်လှုပ်ကြောက်ရွံ့နေတဲ့ မွန်းစတားအဖွဲ့လေးကို စိုက်ကြည့်နေပါတယ်။ အနီးဝန်းကျင်မှာတော့ အအေးလှိုင်တွေ ပျံ့နှံ့နေပြီး မြေကြီးကိုတောင် ရေခဲအလွှာလေး ဖုံးအုပ်နေပါတယ်။



မွန်းစတား မိစ္ဆာလေးတွေဟာ အကုန်လုံး တစ်စုတစ်စည်းတည်း ဒူးထောက် ထိုင်နေကြပါတယ်။ သူတို့မျက်နှာတွေမှာ ကြောက်ရွံ့တုန်လှုပ်မှုတွေ ပေါ်နေပါတယ်။



ဒီအနီးအနားမှာပဲ ရာနဲ့ချီတဲ့ မွန်းစတားတွေဟာ ရေခဲတုံးဖြစ်ပြီးတော့ မြေပြင်ပေါ်မှာ လဲကျနေကြပါတယ်။



ဂါး…………….



မြွေပျံကြီး ဒေါသတကြီးနဲ့ မာန်ဖီလိုက်ပါတယ်။



ဒီကြောက်လန့် တုန်လှုပ်နေတဲ့ မွန်းစတားငယ်တွေဟာ မြွေ၊ ငါး ၊  ဂဏန်း စတဲ့ ရေသတ္တဝါ မျိုးစုံ မိစ္ဆာတွေ ဖြစ်ကြပါတယ်။ အကုန်လူံ အရမ်းကို တုန်လှုပ်ခြောက်ခြားနေကြတယ်။



ROAR,,,

ဝုန်း.. ဝုန်း..ဝုန်း..



မွန်းစတားတွေ အကုန်လုံး အမြန် ထွက်ပြေးသွားကြတယ်။ မွန်းစတားတော်တော်များများက ကျွန်းကိုခွာပြီး ရေနက်ထဲကို ငုပ်ပြေးသွားကြတယ်။ တစ်ချို့တစ်ဝက်သာ ကျွန်းအနှံ့မှှာ ကာကွယ်ဖို့ အသင့်နေရာယူထားကြတယ်။



မြွေနက်ကြီးဟာ မီးခိုးလုံးကြီးအသွင် ပြောင်းသွားပြီးတော့ မီးခိုးလုံးကနေ အနက်ရောင်ဝတ် လူတစ်ယောက် ပေါ်ထွက်လာပါတယ်။



SERPENTWING (တောင်ပံမြွေ)။   ။ငါ တောင်ပံမြွေဆီမှာ သား ၉၂ ယောက် ရှိတယ်။ သူတို့တွေ ကြီးပြင်းလာတော့ တော်တော်များများ သေဆုံးကုန်ကြတယ်။ ၁၆ယောက်ပဲ အသက်ရှင် ကျန်တယ်။ ဒီထဲမှာမှ တစ်ယောက်ပဲ ဖင်းဂေါ့ သွေးမျိုးဆက်ပါတယ်။ ငါ့ အချစ်ဆုံး သားလေး အမြီးနီ။



မြွေတွေဟာ သဘာဝအရ ကာမစိတ် ကြီးကြတယ်။



သူဟာ ဖင်းဂေါ့ သွေးမျိုးဆက် မဟုတ်ပေမဲ့ တစ်ခြားဟိုတျန် မွန်းစတားတွေနဲက အတူ နေထိုင်ခဲ့တယ်။ တစ်ချိုး မွန်းစတားတွေက နတ်ဘုရားမွန်းစတား အမျိုးအစားတွေ ဖြစ်ကြတယ်။ သူ့လို နှစ်ပေါင်း ထောင်ချီ အောင် ကျင့်ကြံခဲ့တဲ့ မွန်းစတား တစ်ကောင် အနေနဲ့ ဟိုတျန်အဆင့် နတ်ဘုရားမွန်းစတား တွေကို ရအောင်ယူဖို့က အလွယ်လေးပဲလေ။ ဒါပေမဲ့ နတ်ဘုရားမွန်းစတား တွေဟာ ကိုယ်ဝန်ရ မလွယ်ကြဘူး။ ဒါကြောင့်သူ့မှာ ဖင်းဂေါ့ သွေးမျိုးဆက်ပါတဲ့ အမြီးနီဆိုတဲ့ သား တစ်ယောက်ပဲ ရှိတယ်။



သူ အချစ်ဆုံး ကလေးလေး။ သူ က အမြီးနီဟာ မကြာခင် ဇင်တျန် အဆင့်ကို ရောက်တော့မယ်ဆိုတာ သိနေခဲ့တယ်။ သူ့အတွက် အနာဂတ်ဟာ အရမ်းကို တောက်ပကောင်းမွန် နေတာ။



အလွန်ကို ဝမ်းနည်းနေတဲ့ တောင်ပံမြွေကြီး။            ။“အမြီးနီလေး၊ အဖေ မင်းကို အမြဲမှာတယ်။ ဇင်တျန် အဆင့် မရောက်ခင် အပြင် လျှောက်မသွားပါနဲ့လို့။ လူသားတွေဟာ အရသာရှိပေမဲ့ မင်းက သူတို့ကို အများကြီး စားလိုက်တယ်။ ဒါကြောင့် ဂျိကလန်က ရောက်လာပြီး မင်းကို ဖမ်းဆီးသွားတာပဲ။”



 သူ့ရဲ့ ဂုဏ် အယူရဆုံး၊ သူ့ရဲ့ ဘဝ၊ အမြီးနီလေး ဟာလူသားကို တခြား မွန်းစတားအသားတွေထက် ပိုပြီး သဘောကျ နှစ်သက်တယ်။ အမှန်လည်း လူသားဟာ အရမ်းကို စားကောင်းပါတယ်။



ဒါကြောင့် အမြီးနီလေးဟာ သူ့အဖေ လစ်တဲ့အချိန် ခိုးထွက်ပြီးတော့ လူတွေကို သတ်စားတာလေ။



“ငါ့ ကလေးလေး။ ငါ မင်းကို လာကယ်ပြီ။”



အင်္ကျ ီ နက်နဲ့ လူကြီးဟာ ချက်ချင်းပဲ တောင်ပံနဲ့ မြွေကြီး အသွင်ကို ပြန်ပြောင်းသွားတယ်။ သူ့ရဲ့ အလွန် ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးဟာ လေပေါ် မြောက်သွားပြီးတော့ အနက်ရောင် အလင်းတန်းဖြစ်သွားပြီး ကောင်းကင်ကို ဖြတ်သန်းကာ တိမ်တွေကြားမှာ ပျောက်ကွယ်သွားတယ်။







ဆက်ပါဦးမည်>>>>>>

ဝတ္ထု : Desolate era

မူရင်း စာရေးဆရာ : I Eat tomatoes

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…







Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)