ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် 2 Chapter 15 (ကမ္ဘာနဲ့ တစ်သာတည်းအဆင့်)
ချောင်းကြည့်နေပါတယ်။
“ဟင်”
စိတ်စေဆောင်ရာ!
…..
“ဟင်..”
…..
“သတ်ရမယ်!”
“သတ်ရမယ်!”
“ခလွမ်..ခလွမ်..ထန်..ထန်..”
အဆိပ်ဖြေ ၀ိဥာဉ်ဆေး အစွမ်းကြေင့် မြွေဘုရင်ကြီးရဲ့ အဆိပ်ဟာ သူ့ကို နည်းနည်း
တဖြည်းဖြည်း…
ပိုခက်ခဲလာပါတယ်။
“ဟူး…ဟူး….ဟူး..ဟူး…”
“အင်း…”
သတိထားမိလိုက်ပါပြီ။
မရှိတော့ဘူး။
“ငါ့ဓားပညာ…”
ပြုံးရောင်သန်းလာတယ်။
“ဟား ..ဟား..ဟား..”
လိုတာပါ။
….
“Hissssssssssss!”
“Hissssssssss…”
ချလိုက်ပါတယ်။
ထုတ်သုံးလိုက်ပါတယ်။
“ဂါး…..”
ဒါပေမဲ့ အခုတော့…
ရင်ဆိုင်ရတာတောင် သူ သာသာယာယာ ထွက်ပြေးလာနိုင်ခဲ့ပါတယ်။
……
ရွှစ်…
“ဟား..ဟား…ဟား”
မှော်ရတန်ာတွေ၊ အင်းကွက်တွေနဲ့ ဖော်မေးရှင်း မျိုစုံကို အသုံးပြုနိုင်ကြပါတယ်။
ဖင်းဂေါ့လိုမျိုး အံ့မခန်း အသွင်ပြောင်း နိုင်တဲ့ တန်ခိုးတွေကို
မှတ်စုလေး တစ်ခုပါတယ်။”
Chapter 15 ပြီးပါပြီ။
ဆက်ပါဦးမည်>>>>>>
Novel – Desolate era
ဘာသာပြန်သူ - Dr –
Panda
Dr – Panda ကို like
Thanks u all…
အဖြူရောင် ဝတ်စုံနဲ့ ပိန်ပိန်ပါးပါး ပုဂ္ဂိုလ်က ဂျိနင် နဲ့ မြကောင်းကင် မြွေဘုရင်ရဲ့ တိုက်ပွဲကို ရေထဲကနေ ပြီးတော့ တိတ်တဆိတ် ချောင်းကြည့်နေပါတယ်။
“ဒီ လူငယ်က အစွမ်းမသေးဘူးဘဲ။”
အဖြူရောင် ဝတ်စုံနဲ့ ပိန်ပိန်ပါးပါး ပုဂ္ဂိုလ်က မခံစားနိုင်တော့ဘဲ တအံ့တသြ သက်ပြင်းတွေ ချနေမိတယ်။
“သူက ဘုရင်ကြီးကို ဒီလောက်အရွယ်အစားအထိကို ခန္ဓာကိုယ်ကို ကျုံ့ပြီးတော့ တိုက်ခိုက်ခိုင်းနိုင်ခဲ့တယ်။ အခုတောင် ငါက ဒီလူငယ်လောက် အစွမ်းမထက်သေးဘူး။ တစ်ကယ်လို့ နောင်တစ်ချိန်မှာ ဒီလူငယ်နဲ့ ထပ်တွေ့ခဲ့ရင်တော်တော် သတိထားမှ ဖြစ်မယ်။ ဒါပေမဲ့ ဒီလူငယ်က အခုသေနေ့စေ့နေပါပြီ။”
“သူသေသွားရင် ငါသူ့အသားကို မြည်းစမ်းကြည့်ဦးမှပဲ။ ငါ နှစ်ပေါင်း ၃၀၀ လုံးလုံး တရားကျင့်ခဲ့တာ ဒီလိုလူငယ်မျိုးကို မကြုံဖူးခဲ့သေးဘူး။”
“ဟင်”
“သူ အခြေအနေ မကောင်းတော့ဘူးပဲ။”
ဝတစုံဖြူနဲ့ လူက ခေါင်းညိတ်ကြည့်နေမိတယ်။
နင် ရဲ့ သားမွေး ဝတ်စုံတွေက တော်တော်ကို စုတ်ပြတ်နေပါပြီ။ သွေးတွေကလည်း ရင်ဝကနေ စီးကျနေပါတယ်။ သူ့ဆံပင်စည်းကြိုးလည်း ပြေလျော့နေပြီး ဆံပင်တွေ ဖွာထွက်နေပါတယ်။ ဒါပေမဲ့ သူ့ ဒက်နော့ ဓား ၂ချောင်းကို တည်တည်ငြိမ်ငြိမ် တော့ ဆက်ကိုင်ထားနိုင်ပြီး မျက်လုံးတွေမှာ မီးတောက်တွေ ဖြာထွက်တော့သယောင် တလက်လက် တောက်ပနေပါတယ်။
စိတ်စေေဆောင်ရာ!
အနိုင်ရဖို့အတွက် စိတ်စေဆောင်နေပါတယ်။ အခုလို ဆက်တိုက် အရေးနိမ့်နေပြီးတော့ ဒဏ်ရာတွေ အများကြီး ရနေပေမဲ့ နင်ဟာ လက်မလျှော့ပါဘူး။
…..
“မင်းဖင်းဂေါ့ ကျင့်စဉ်ကျင့်ထားတော့ကော ဘာအရေးလည်း။ အခုမှ ဟိုတျန် အဆင့်ပဲ ရှိနေသေးတယ်။ ဒဏ်ရာ ခဏခဏ ရပြီးတော့ ပြန်ကောင်းလာပေမဲ့ တစ်ခါပြန်ကောင်းလာဖို့ကို သူ့စွမ်းအင်တွေ အများကြီး အသုံးပြုနေရတာ။ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ ကုန်ဆုံးသွားရင် သူ လှုပ်နိုင်တော့မှာ မဟုတ်ဘူး။”
အဖြူရောင် ဝတ်စုံနဲ့ လူက ဒီလောက် အစွမ်းထက်နေတဲ့ ပါရမီရှင်လေးကို သူ့ဘုရင်ကြီးနဲက အတူ စားသောက်ချင်နေတယ်။
“ဘာ်လောက်တောင် ဝမ်းနည်းဖို့ကောင်းလည်း။ တစ်ချိန်မှာ ဒီဒေသရဲ့ သူရဲကောင်းတစ်ဦး ဖြစ်လာမဲ့ သူက အခုဒီနေရာမှာ နိဂုံးချုပ်ရတော့မယ်။”
ဝတ်စုံဖြူနဲ့ လူက မျက်တောင်တောင် မခတ်ပဲ တစ်ခုမှ မလွတ်တမ်း ကြည့်နေမိတယ်။
“ဟင်..”
သူ့မျက်နှာ ရုတ်တရက်ပျက်သွားတယ်။
“သူ့ဓားသိုင်းက ဘာလို့ ဒီလို ဖြစ်လာတာလဲ?”
…..
မြကောင်းကင် မြွေဘုရင်ကြီးဟာ တစ်ကယ့်ကို အစွမ်းထက်လွန်းပါတယ်။ သူ့ခန္ဓာကိုယ်ကို ကျုံလိုက်တဲ့အခါမှာ အင်မတန်မှ မာကျောသွားပြီးတော့ သံမဏိကြာပွတ်လို ဖြစ်သွားပါတယ်။ ပိုပြီးတော့ မြန်ဆန်လာပြီး ပိုပြီးကြောက်ဖို့ကောင်းလာပါတယ်။ ခွန်အား၊ ကာကွယ်မှု အစွမ်း၊ မြန်ဆန်မှုမှာ နင်ထက်အများကြီး အစွမ်းထက် နေပါတယ်။နင်ရဲ့ တစ်ခုတည်းသော အားသာချက်က လက်ထဲမှာ ဒက်နော့ ဓား၂လက် ရှိနေတာပါပဲ။
မြကောင်းကင် မြွေဘုရင်ကြီးရဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေဟာ နင်ကို စိတ်ထဲမှာ နောက်ထပ် တိုက်ခိုက်မှုကို စောင့်နေတာကလွဲပြီး ဘာအတွေးမှ မရှိစေတော့ပါဘူး။ သူ့စိတ်ထဲမှာ ဒီ တိုက်ပွဲကလွဲပြီး တခြားဘာစိတ်မှ မရှိတော့ပါဘူး။
“သတ်ရမယ်!”
“သတ်ရမယ်!”
မြကောင်းကင် မြွေဘုရင်ကြီးရဲ့ တိုက်ခိုက်မှုတွေက သူ့အတွက် အိမ်မက်ဆိုးတွေပါပဲ။ သူ့ ရိုက်ချက်တွေဟာ နင်ရဲ့ မိုးကြိုးမီးပွား လျှက်စီးထက် ပိုပြီးတော့ မြန်ပါတယ်။ သူ့ရဲ့ ရစ်ခွေနေတဲ့ ခန္ဓာကိုယ်ဟာ နင်ရဲ့ ထာဝရ ရေစီးကြောင်းငယ် သိုင်းကွက်ထက် ပိုပြီးတော့ ပျော့ပြောင်းပါတယ်။ သူ့အမြီးနဲ့ ရိုက်လိုက်တိုင်း နင် အသက်ရှူမှားသွားရပါတယ်။ ဒါပေမဲ့ လက်ထဲက ဒက်နော့ ဓား ၂ချောင်းကြောင့် သူသက်သာရာ ရနေတာပါ။
ဓားတစ်ချောင်းက မကာကွယ်နိုင်ရင် နောက်တစ်ချောင်းက နေရာယူလိုက်ပါတယ်။
“ခလွမ်..ခလွမ်..ထန်..ထန်..”
ပထမတော့ နင် ဒဏ်ရာဆက်တိုက်ရနေပါတယ်။
ဒါပေမဲ့ ဖင်းဂေါ့ ကျင့်စဉ်ကြောင့်ရယ်နဲ့ အဆိပ်ဖြေ ဝိဉာဉ်ဆေး အစွမ်းကြေင့် မြွေဘုရင်ကြီးရဲ့ အဆိပ်ဟာ သူ့ကို နည်းနည်း ထုံကျဉ်စေတာကလွဲပြီး တိုက်ခိုက်မှုစွမ်းရည်ကို မကျဆင်းစေခဲ့ပါဘူး။ သွေးထွက်များနေတာကိုတော့ နင်ဂရုမစိုက်ပါဘူး။
တဖြည်းဖြည်း…
မြကောင်းကင်မြွေဘုရင်ကြီးဟာ နင်ရဲ့ ဒက်နော့ ဓား ၂လက်ရဲ့ အကာအကွယ်ကို ထိုးဖောက်ရခက်လာတာတွေ့ရပါတယ်။ နင်ကို ဒဏ်ရာရစေဖို့ ပိုခက်ခဲလာပါတယ်။
“ဟူး…ဟူး….ဟူး..ဟူး…”
ဓားရောင်တွေဟာ နေရာတိုင်း လက်လာပြီးတော့ ကမ္ဘာရဲ့ စွမ်းအားတွေကို ဆွဲငင် အသုံးပြုလာပါတယ်။
မြွေဘုရင်ကြီးဟာ မြစိမ်းရောင် အလင်းတန်းအသွင် ပြောင်းသွားပြီးတော့ နင်ကို ရစ်ပတ်ပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်တိုက်တိုက်ခိုက်လိုက်ပါတယ်။ ဒါပေမဲ့ အခုဆို ကမ္ဘာရဲ့ စွမ်းအင်တွေ ပါလာတဲ့ အဆင့်မြင့် ဓားပညာက ဖျက်ဆီးလို့ မရတဲ့ ပြည့်စုံတဲ့ အကာအကွယ်ကို ပေးနေပါတယ်။ ဓားရောင်တွေ တစ်ချက်ပြီးတစ်ချက် လက်သွားတာဟာ ငွေရောင်မိုးကြိုးလိုပါပဲ။ ဓားစက်ဝန်းမှာ အက်ကြောင်းလေး တစ်ကြောင်းတောင် မရှိတော့ပါဘူး။ မြွေဘုရင်ကြီးရဲ့ တိုက်ခိုက်မှုက အချည်းနှီး ဖြစ်နေပါတော့တယ်။
“အင်း…”
နင် အခုတော့ သူစဉ်းစားချိန်ရလာတာ သတိထားမိလိုက်ပါပြီ။
အစောပိုင်း အချိန်တွေတုန်းက မြကောင်းကင် မြွေဘုရင်ကြီးက သူ့ကို ဖိအားတွေ အများကြီးပေးခဲ့တယ်။ ဒါကြောင့် သူခုခံဖို့ကိုပဲ စိတ်နှစ်ပြီးတော့ ကာကွယ်ခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ ဖိအားတွေကျသွားလို့ သူနည်းနည်း စဉ်းစားချိန်ရလာပြီ။ သူသိလိုက်ရတာက မြွေဘုရင်ကြီးရဲ့ ဖိနှိပ် တိုက်ခိုက်မှုအောက်မှာ သူ့ဓားပညာဟာ ပြီးပြည့်စုံသွားခဲ့တယ်။ သူထုတ်လိုက်တဲ့ ဓားချက်တိုင်းမှာ ဟာကွက်ဆိုတာ မရှိတော့ဘူး။
“ငါ့ဓားပညာ…”
နင်ရဲ့ မျက်နှာ တဖြည်းဖြည်း ပြုံးရောင်သန်းလာတယ်။
“ဟား ..ဟား..ဟား..”
နင်ရုတ်တရက် ပျော်ပျော်ရွှင်ရွှင် ရယ်မောလိုက်တယ်။
“ငါ နောက်တစ်ဆင့် တက်သွားပြီ။ ဟားဟားဟား.. မြွေဘုရင်ကြီး မင်းရဲ့ ကျေးဇူးကြောင့် ငါနောက်တစ်ဆင့်ကို အဆင့်မြင့်သွားပြီ။ ငါ ဓားပညာမှာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်သွားပြီ။”
“ကမ္ဘာနဲ့ တစ်သားတည်းအဆင့်”
ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲကြီး ၂ခုကို အတွေ့အကြုံ ရပြီးတဲ့အခါမှာ.. အထူးသဖြင့်တော့ မြကောင်းကင် မြွေဘုရင်ရဲ့ ဖိနှိပ်တိုက်ခိုက်မှုအောက်မှာပေါ့ နင်ဟာ နောက်ဆုံးတော့ ဓားပညာမှာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်သွားခဲ့ပြီ။ နင်ဟာ အဆင့်မြင့် ဓားပညာကို ပြီးဆုံးနေခဲ့ပြီးတော့ နောက်တစ်ဆင့်ကို တက်သွားဖို့ အရမ်းကို နီးစပ်နေခဲ့တာကို သူကိုယ်တိုင်လည်း သိပါတယ်။ သူ့အတွက် ကံကြမ္မာက နည်းနည်းလေး မျက်နှာသာပေးဖို့ပဲ လိုတာပါ။
သူသာ အနောက်ဘက် ဂျိကလန်မှာ ဖြည်းဖြည်းချင်းလေ့ကျင့်နေရင် နောက်ထပ် နှစ်အနည်းငယ်နေမှ နောက်တစ်ဆင့်ကို တိုးတက်အောင်မြင်မှာပါ။
….
“Hissssssssssss!”
မြွေတွန်သံ အသံလှိုင်း အနိမ့်တစ်ခု ထွက်ပေါ်လာပါတယ်။ မြွေဘုရင်ကြီး ဒေါသပေါက်ကွဲနေပါပြီ။ မာနဝင့်ကြွားတဲ့ မြွေဘုရင်ကြီးဟာ သူ အမဲလိုက်နေတဲ့ လူငယ်လေး ရုတ်တရက် အခြေအနေကောင်းသွားလိမ့်မယ်လို့ မထင်ထားမိပါဘူး။
“ဒေါသထွက်လို့ ဘာရမှာလည်း။ ငါ မင်းကို လုံးဝကို မကြောက်တော့ဘူး။”
နင်ကရေပေါ်မှာ ပြေးရင်းနဲ့ အော်ပြောလိုက်ပါတယ်။
“Hissssssssss…”
ဒေါသတကြီးနဲ့ တွန်လိုက်ပြီးတော့ မြွေဘုရင်ကြီးက နင်ဆီကို ကိုယ်လုံးကြီး ပစ်သွင်းလိုက်ပါတယ်။ သူ့အကာအကွယ်အတွက် ထည့်မစဉ်းစားတော့ပါဘူး။ အစဦးတုန်းကတော့ မြွေဘုရင်ကြီးက အသာစီးရထားတဲ့အတွက် ဒဏ်ရာအနည်းအကျဉ်းကို ဂရုမစိုက်ခဲ့ပါဘူး။ ဒါမေပဲ့ အခုတော့ သူဒဏ်ရာရရင်တောင် ဒီလူငယ်ကို သေအောင် သတ်ပစ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
“လာခဲစမ်းပါ.. တွန့်တွန့် တွန့်တွန့် နဲ့ မြွေကလေးရေ..”
နင်က ဒက်နော့ ဓား ၂လက်ကို လက်မှာ ကိုင်ထားပါတယ်။ ဒီ အချိန်မှာတော့ သူဟာ လှလှပပ ဓားစွမ်းပြရတာကို ပျော်ရွှင်နေပါတယ်။ သူပြီးပြည့်စုံတဲ့ ဟာကွက်မရှိတဲ့ ဓားချက်တွေ တစ်ချက်ပြီးတစ်ချက် ထုတ်သုံးလိုက်ပါတယ်။
သာမာန် ခုတ်လိုက်တဲ့ ဓားချက်တွေတောင်မှ ဖျက်ဆီးလို့မရအောင် နက်နဲမှုတွေ ပါနေပါတယ်။
“ငါတို့ တိုက်ပွဲ ဒီနေ့ ဒီတင်ရပ်ကြတာပေါ့ မြွေဘုရင်ကြီး။ ငါ့ကို နောက်တစ်ဆင့် တိုးတက်သွားအောင် ကူညီပေးလို့ မင်းကို လည်း ကျေးဇူးတင်တယ်နော်။”
နင်ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြီးတော့ စတင်ထွက်ပြေး သွားပါတော့တယ်။
လက်ထဲက ဒက်နော့ ဓား ၂လက်နဲ့ မိုးရေစက် ဓားသိုင်းက ရေပက်မဝင် ဓားကွက်ကို ထုတ်သုံးလိုက်ပါတယ်။ သူက တိုက်ခိုက်မှု တစ်ခုမှ မလုပ်ပဲ ကာကွယ်မှု အပြည့်အ၀ လုပ်ထားတဲ့ အတွက် မြကောင်းကင် မြွေဘုရင်ကြီးဟာ ဂျိနင်ကို ဘာမှ လုပ်ဖို့ မတတ်နိုင်တော့ ပါဘူး။ မျက်စိတစ်မှိတ်အတွင်း ဂျိနင် အဝေးကို ရောက်သွားပါတော့တယ်။
အချိန်တော်တော် ကြာသွားပြီးနောက်….
“ဂါး…..”
မြကောင်းကင် မြွေဘုရင်ကြီးဟာ ရေထဲ ပြန်လှည့်ကူးခတ်သွားပါတယ်။ မကျေမနပ်နဲက ကောင်းကင်ကို မျှော်ကြည့်ပြီးတော့ မာန်ဖီလိုက်ပါတယ်။ သူ့တစ်ဘဝလုံးမှာ ကမ္ဘာနဲ့ တစ်သားတည်း ရောက်နေတဲ့ ဇင်တျန် တန်ခိုးရှင်အဆင့် လူသားတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး အကုန်လုံးကို ကောင်းကောင်း ပညာပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ဓား၂လက် ကိုင်ထားတဲ့ လူငယ်လေးအလှည့်ကျတော့ သူ့ဓား ၂လက်ဟာ စိတ်ချင်း ဆက်နေတဲ့ လူ၂ယောက်နဲ့ အလားသဏ္ဍာန် တူပြီးတော့ ဒီ ဓား ၂လက်က သူ့ကို ကောင်းကောင်း ဒုက္ခပေးခဲ့ပါတယ်။ ဒီ ဓား ၂လက်ဟာ သာမာန်ထက်တော့ ပိုပြီး အန္တာရာယ်ကြီးပါတယ်။
နင်ဟာ ဘယ်လိုပဲ အခြေအနေ အရေးနိမ့်နိမ့် သူ့ဓားသိုင်းကြောင့် ခဏတာ ရလာတဲ့ ကမ္ဘာနဲ့ တစ်သားတည်းအဆင့် ဖြစ်နေရင်တောင် သူ့တိုက်ပွဲ စွမ်းရည်ဟာ လက်နက်တစ်ခုတည်း အသုံးပြုတဲ့ ကမ္ဘာနဲ့ တစ်သားတည်းအဆင့် အောက်တော့ နိမ့်ကျစရာအကြောင်း မရှိပါဘူး။
ဒါပေမဲ့ အခုတော့…
နင်ဟာ လုံး၀ ပြီးပြည့်စုံအောင် အောင်မြင်သွားတဲ့ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကြောင့် သူ့အစွမ်းတွေဟာ ထိမ်းမနိုင်အောင် ပေါက်ကွဲထွက်လာပါတယ်။ ဇင်တျန် နတ်ဘုရားသွေးမျိုးဆက် မွန်းစတားကြီးနဲ့ ရင်ဆိုင်ရတာေတောင် သူ သာသာယာယာ ထွက်ပြေးလာနိုင်ခဲ့ပါတယ်။
……
ရွှစ်…
သူ လေအလျင်အတိုင်း ထွက်ပြေးနေပါတယ်။
“ဟား..ဟား…ဟား”
နင် အရမ်းကို ပျော်ရွှင်နေပါတယ်။ ရေပေါ်မှာ ပြေးလွှားပြီးနောက် တောအုပ်ထဲကို ရောက်လာပါတယ်။ အချိန်တော်တော်ကြာ ပြေးလာခဲ့ပြီးတဲ့ အချိန်မှာ သူ သစ်ပင်ကြီး တစ်ပင်ထိပ်ကို ခုန်တက်လိုက်ပါတယ်။နောက်တော့ သစ်ပင် တစ်ပင်ပြီး တစ်ပင် လှလှပပ ပျံဝဲ ခုန်ကူးပြီးနောက် တောင်စောင်းပေါ်ကို ဆင်းသက်လိုက်ပါတယ်။ သူ သိပ်မကြာခင်မှာပဲ တောင်ထိပ်ပေါ်ကို ရောက်သွားပါတယ်။
တောင်ထိပ်ပေါ်မှာ အေးအေးဆေးဆေး ထိုင်လိုက်ပြီးတော့ သူ့ ကေ ကျောက်တုံးထဲက သစ်သီးဝိုင် တစ်ပုလင်းကို ထုတ်ယူပြီး မော့သောက်လိုက်ပါတယ်။ နင် အော်ဟစ်လိုက်ပါတယ်။
“ပျော်စရာကြီး.. တစ်ကယ့်ကို ပျော်စရာကြီးပဲ။”
သူ မိစ္ဆာကြီး ၂ကောင် နဲ့ ရင်ဆိုင်တွေ့ခဲ့ပြီးတော့ ရေကြံံ့ကြီးကို သတ်ပစ်နိုင်ခဲ့တယ်။ နောက် မြကောင်းကင် မြွေဘုရင်ကတော့ တစ်ကယ့်ကို စွမ်းလွန်းလှပါတယ်။ သူ့ရဲ့ ဖိနှိပ်တိုက်ခိုက်မှုအောက်မှာ နင်ဟာ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။
“ကမ္ဘာနဲ့ တစ်သားတည်းအဆင့်”
နင်တွေးတွေးရင်းနဲ့ ပြုံးပျော်နေပါတယ်။]
“အနောက်ပိုင်း ဂျိကလန်က ဇင်တျန် တန်ခိုးရှင်တွေ က မှော်ရတနာတွေကိနု အသုံးပြုနိုင်ကြပေမဲ့ အရည်အချင်းမှာတော့ တော်တော်များများ ငါ့ကို မမှီလောက်တော့ဘူး။”
“ငါ အဖေ့ကိုပဲ ဘယ်အဆင့်ရောက်နေမှန်း ခန့်မှန်းလို့မရတာ။ ငါအပြင်မထွက်ခင်အချိန်အထိ အဖေဟာ အနောက်ဘက် ဂျိကလန်ရဲ့ နံပါတ်တစ်တန်ခိုးရှင်တစ်ယောက်ပဲ။သူ ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်တာကြာလှပြီ။ သူ ၁၀နှစ်လောက် စွန့်စားခန်း ထွက်ခဲ့ပြီးတော့နောက်ပိုင်းမှာ ငါ့အမေနဲ့ ဆုံခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး သူ အနောက်ဘက် ဂျိကလန်မှာ အေးအေးချမ်းချမ်း နေထိုင်ခဲ့တယ်။ သူ ဘယ်လောက် အစွမ်းထက်မှန်း ဘယ်သူမှ မသိကြဘူး။”
နင် တစ်ကိုယ်တည်း ရေရွတ်နေမိတယ်။
“ပြီးတော့ မိစ္ဆာကြီး Serpetnwing လာတိုက်ခိုက်တုန်းက အဖေက ဓားလှိုင်းကို အဝေးကြီးကနေ လွှတ်ပြီး တိုက်ခိုက်လိုက်သေးတယ်။”
အဲ့ဒီ ဓားချက်ဟာ အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်။
“အဖေ့ရဲ့ အရည်အချင်းဟာ ငါ့ထက်တော့ ပိုပြီး အစွမ်းထက်မှာပဲ။”
နင်ခေါင်းညိတ်လိုက်တယ်…
“တော်သင့်ပြီ.. ငါက ဇင်တျန် အဆင့်တောင် မရောက်သေးဘူး။”
ဇင်တျန် တန်ခိုးရင်တွေဟာ တမူထူခြားတဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။
ဇင်တျန်အဆင့် ကီ တန်ခိုးရှင်တွေတောင်မှ မှော်ရတနာ်တွေ၊ အင်းကွက်တွေနဲ့ ဖော်မေးရှင်း မျိုစုံကို အသုံးပြုနိုင်ကြပါတယ်။ ဖင်းဂေါ့ ကျင့်စဉ် ကျင့်ထားတဲ့ ဇင်တျန် တန်ခိုးရှင်တွေကတော့ တစ်ကယ့် ဖင်းဂေါ့လိုမျိုး အ့ံ့မခန်း အသွင်ပြောင်း နိုင်တဲ့ တန်ခိုးတွေကို ပိုင်ဆိုင်လာကြပါတယ်။ ရှေး ဖင်းဂေါ့ ခေတ်ကတည်းက ဖင်းဂေါ့တွေဟာ အနိမ့်ဆုံး ဇင်တျန် အဆင့်နဲ့ သာ မွေးဖွားလာကြတာပါ။
“ငါကျင့်ထားတဲ့ ဖင်းဂေါ့ကျင့်စဉ်က အစွမ်းအထက်ဆုံး ဖင်းဂေ့ါကျင့်စဉ်လို့ ပြောကြတယ်။ ဂျိကလန်ရဲ့ သမိုင်းမှာ ဒီကျင့်စဉ်ကနေ ပြီးတော့ ဇင်တျန်အဆင့်ကို အောင်မြင်သွားတဲ့သူ တစ်ယောက်မှ မရှိသေးဘူး။”
နင် တော်တော်ကို စိတ်ပူနေမိပါတယ်။
“ငါ နောက်တစ်ဆင့်ကို ဘယ်လို တက်ရမလဲ?”
အနီရောင် ကောင်းကင်ကိုးဆင့် ဖင်းဂေါ့ကျင့်စဉ်ဟာ အင်မတန်မှကို ခက်ခဲလွန်းပါတယ်။
နင်ရဲ့ သဘာ၀ လက်ဆောင်ကြောင့် သူ့ခန္ဓာကိုယ်ဟာ မွေးခါစ ကလေးငယ်လို အင်မတန်မှကို သန့်စင်နေပါတယ်။ နတ်ဘုရားမ နုဝါရဲ့ ပုံရိပ်ဖော် ကျင့်စဉ်ကြောင့် သူ့စိတ် ဝိဉာဉ်အစွမ်းဟာ နေ့စဉ် နေ့တိုင်း တိုးတက်နေပါတယ်။ ဒီအချက်က သူ့ ခန္ဓာကိုယ် ကျင့်စဉ် ကျင့်ရာမှာ အင်မတန်မှ အထောက်အကူ ဖြစ်စေပြီးတော့ အင်မတန်မှကို တိုးတက်မှု မြန်စေပါတယ်။ သူသာ တခြား သာမာန်ဖင်းဂေါ့ကျင့်စဉ် ကျင့်ထားတယ်ဆိုရင် ဇင်တန်အဆင့်ကို ရောက်နေတာ ကြာလှပါပြီ။
ပြေရမယ်ဆိုရင်တော့ နင်မှာ ကီ ကျင့်စဉ်နဲ့ ပတ်သက်ပြီး ပါရမီက အနည်းငယ် အားနည်းနေပါတယ်။
ဘာလို့လည်းဆိုတော့ သူအမိဝမ်းမှာ တုန်းက ဒဏ်ရာရခဲ့လို့ သူ့ပင်မသွေးကြော စနစ်ဟာ ထိခိုက်ခဲ့ပါတယ်။ အဲ့တုန်းက သူ့အဖေနဲ့ သခင်ကြီး ဂျိယောင်တို့က သူ့ သွေးကြောစနစ်ကို သေချာ စမ်းသပ်ခဲ့ပြီးတော့ သာမာန်လူအတိုင်း ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ ဇင်တျန် တန်ခိုးရှင်အများစုဟာ ကီကျင့်စဉ်ကို အခြေခံပြီးတော့ အင်မော်တယ် လမ်းစဉ်ကို လျှောက်လှမ်းကြပါတယ်။ ဘယ်သူမှ နင်ရဲ့ ကီ ကျင့်စဉ်ဟာ အရမ်းကို သနားစရာဖြစ်နေပြီးတော့ ဖင်းဂေါ့ကျင့်စဉ်မှာ အရမ်းကို ကြမ်းနေမယ်လို့ မထင်မိကြပါဘူး။
“အနီရောင် ကောင်းကင်ကိုးဆင့် သိုင်းကျင့်စဉ်မှာ မှတ်စုလေး တစ်ခုပါတယ်။”
“ငါဟာ အဖို နဲ့ အမ ( ယင် နဲ့ ယန် ) ကို တစ်သားတည်းဖြစ်စေပြီးတော့ မီး နဲ့ ရေကို ပေါင်းစဉ်းပေးခဲ့တယ်။ နေ နဲ့ လရဲ့ အစွမ်းဟာ တစ်ခုတည်း ပေါင်းစပ် အသွင်ပြောင်းသွားပြီးတော့ အနီရောင် တောက်ပမှု Divine ပါဝါ ဖြစ်လာတယ်။”
နင် တစ်ကိုယ်တည်း ရေရွတ်နေမိတယ်။
“ဒါပေမဲ့ ရေနဲ့ မီးကို ဘယ်လို ပေါင်းစဉ်းရမလဲ။ လ နဲ့ နေရဲ့ အစွမ်းကို တစ်ခုတည်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။”
နင် နားလည်တာကတော့ ရေနဲ့ မီးဟာ ပေါင်းစပ်လို့ မရပါဘူး။ ဒါဆို သူတို့ကို ဘယ်လို ပေါင်းစည်းပေးရမလည်း။
ဒါအရမ်းကို ခက်ခဲတဲ့ အဆင့်ပါ.
“ငါ ဇင်တျန် အဆင့်ကို ရောက်ရမယ်”
နင်ဟာ မတ်တပ်ရပ်လိုက်ပါတယ်။ သူ့မျက်လုံးမှာ ပြင်းထန်တဲ့ ဆန္ဒအရောင်တွေ ပြည့်နေပါတယ်။
“ဇင်တျန် တန်ခိုးရှင်အဆင့်…. ဟိုး အဝေးက ဒီဗာ ရီလမ်မှာ ဒါဟာ စတင် အဆင့်ပဲ။ ရှေးခေတ် ဖင်းဂေါ့တွေအတွက်ကတော့ မွေးခါစကည်းက ရောက်နေတဲ့ အဆင့်ပဲ။ ငါ ဇင်တျန်အဆင့်ကို ရောက်အောင် မလုပ်နိုင်ရင် ငါ့ရဲ့ ကံကြမ္မာကို ထိန်းချုပ်မယ်လို့ ငါဘယ်လိုလုပ်ကြွေးကြော်လို့ ရမှာလည်း….”
Chapter 15 ပြီးပါပြီ။
ဆက်ပါဦးမည်>>>>>>
Chapter 16 (သားမွေး စုဆောင်းသူ)
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
Comments
Post a Comment