ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 3 Chapter 16 မိဘေတြ ေမွ်ာ္ေနၾကျပီ


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
Book 3
Chapter 16 မိဘေတြ ေမွ်ာ္ေနၾကျပီ

အေနာက္ပိုင္း ဂ်ိျမဳိ႕ေတာ္မွာေတာ့….

“ရီခၽြမ္၊ ဂ်ိနင္ အခု ဇင္တ်န္အဆင့္ကို ေရာက္သြားျပီ လို႕ ငါသတင္းရတယ္။ ဂုဏ္ယူပါတယ္ေနာ္။”

“ရီခၽြမ္ မင္းသားက တစ္ကယ္ကို ေတာ္တာပဲ။”

“သူက အခုမွ ၁၁ ႏွစ္ပဲ ရွီေသးတာ မဟုတ္လား။ ဒါေပမဲ့ သူက ငါတို႕ ဂ်ိကလန္ ေဒသၾကိး ငါးခုလံုးရဲ့ ႏွစ္တစ္ေထာင္ သမိုင္းမွာ အေတာ္ဆံုး ၃ေယာက္အဆင့္ထဲ ပါေနျပီ။”

အျမဲတမ္း ေအးစက္စက္ ျဖစ္ေနတဲ့ ရီခၽြမ္းမ်က္ႏွာ အခုေတာ့ ေတာက္ပေနပါတယ္။ သူ႕မ်က္ႏွာက သုန္သုန္မႈန္မႈန္ ပံုစံေပမဲ့ သူနဲ႕ ရင္းႏွီးသူ မွန္သမွ် သူဘယ္ေလာက္ေပ်ာ္ေနၽြွန္း သိၾကပါတယ္။ ဂ်ိနင္က ျမစ္ကမ္းေဘး မ်ိဳးႏြယ္စု ျမိဳ႕တံတိုင္းကို ေျခနဲ႕ ကန္ျဖိဳလိုက္ျပီး ျမစ္တန္ခိုးရွင္ ဆန္စီကို ကန္ထုတ္လိုက္တဲ့ သတင္းဟာ ဂ်ိကလန္ တစ္ခုလံုးမွာ ပ်ံ႕ႏွံ႕လို႕ ေနပါျပီ။

ဒီ သတင္းဟာ ဂ်ိေဒသၾကီး ၅ခုလံုးမွာ ပ်ံ႕ေနျပီးသားပါ။ အေဖျဖစ္တဲ့ ရီခၽြမ္က အရမ္းကို ေပ်ာ္ေနပါတယ္။ သူ႕ကို ဂုဏ္ျပဳစကားေတြ လာေျပာၾကတာ ၂ရက္ေတာင္ ရွိပါျပီ။ လူေတြက ေတာ္တဲ့ လူေတြကို ပိုျပီး ခ်ီးက်ဴးျခင္ ၾကတယ္ မဟုတ္လား။ နင္ဆိုတာက အေနာက္ပိုင္း ဂ်ိကလန္ရဲ့ ေနာက္တက္မဲ့ ေခါင္းေဆာင္ ျဖစ္ရံုတင္မကဘူး ေၾကာက္စရာ ပါရမီရွင္ ကေလးတစ္ေယာက္ ပဲေလ။ အသက္ ၁၁ႏွစ္နဲ႕ ဇင္တ်န္ ျဖစ္သြားခဲ့တယ္။ ဒါေၾကာင့္ ဂ်ိရီခၽြမ္ရဲ့ မ်ိဳးဆက္အနာဂတ္ဟာ အရမ္းကို ေတာက္ပလို႕ ေနပါတယ္။

ဒီ သားအဖ ႏွစ္ေယာက္ရဲ့ ရာထူးအဆင့္အတန္းဟာ ဂ်ိကလန္မွာ အရမ္းကို ျမင့္မားေနတာ ေသခ်ာပါတယ္။

“ရွင္ ဘယ္ေလာက္ေတာင္ ေပ်ာ္ေနတာလည္း သတိထားမိရဲ့လား”
ယူခ်ီစႏိုးက ပန္းပင္ ေရေလာင္းရင္း ေျပာလိုက္ပါတယ္။

“ငါ ဘယ္လိုလုပ္ မေပ်ာ္ပဲ ေနႏိုင္မွာလည္း။”
ရီခၽြမ္က ေက်ာက္ခံုတန္းေလးမွာထိုင္ျပီးေတာ့ သစ္သီး၀ိုင္တစ္ခြက္ကို ေမာ့ေသာက္လိုက္ပါတယ္။

“နင္က ေရၾကံံ့ ဘုရင္ၾကီးကို ဇင္တ်န္ အဆင့္မေရာက္ခင္ကတည္းက သတ္လိုက္ႏိုင္တယ္။ အခုဆို သူ ဇင္တ်န္ တန္ခိုးရွင္ ျဖစ္သြားျပီ။ ဒီျဖစ္ျဖစ္ခ်င္းမွာပဲ ျမစ္တန္ခိုးရွင္ဟီကို တစ္ခ်က္တည္းနဲ႕ အေ၀းကို လြင့္သြားေအာင္ ကန္ထည့္လိုက္ေသးတယ္။ ျမစ္တန္ခိုးရွင္ဟီဆိုတာက ဇင္တ်န္အဆင့္ကို ေရာက္ေနတာ ၾကာလွျပီ။ အရမ္းကို ထူးခၽြန္တဲ့ အလယ္အဆင့္ ဇင္တ်န္ကီ အသံုးျပဳသူ တစ္ေယာက္လည္း ျဖစ္တယ္။ ဒါေတာင္မွ ငါ့သားရဲ့ ေျခကန္ခ်က္ကို မခံႏိုင္ဘူး။ ဒီအဓိပၸာယ္က နင္ ဖင္းေဂါ့ က်င့္စဥ္မွာလည္း ဇင္တ်န္အဆင့္ကို ေရာက္သြားလို႕ပဲ။”

ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုမွာ စခန္းခ်ထားတဲ့ အနက္ေရာင္ ျမင္းစီးသူရဲတစ္ေယာက္က နင္ ျမစ္တန္ခိုးရွင္ဟီကို ေျခကန္ခ်က္တစ္ခ်က္နဲ႕ လြင့္သြားေစခဲ့တယ္ဆိုျပီး သတင္းပို႕လာပါတယ္။

နင္ ကီက်င့္စဥ္မွာပါ ဇင္တ်န္ အဆင့္ေရာက္သြားတာ ေသခ်ာပါတယ္။

ဒါေပမဲ့ ရီခၽြမ္က သူ႕သားရဲ့ ေသြးေၾကာမၾကီးထဲမွာ ဒဏ္ရာ ရခဲ့ဖူးတာကို သိပါတယ္။ ဒါသူ႕ရဲ့ အားနည္းခ်က္ပါ။ ဒါေပမဲ့ ဖင္းေဂါ့ က်င့္စဥ္မွာ ဇင္တ်န္ အဆင့္ေရာက္သြားတဲ့အခါမွာ ခႏၶာကိုယ္ အသစ္ ျပန္တည္ေဆာက္လိုက္တဲ့အတြက္ ဒီ အားနည္းခ်က္ေပ်ာက္သြားပါတယ္။ ဒါေၾကာင့္ ကီက်င့္စဥ္မွာ ဇင္တ်န္အဆင့္ေရာက္ေအာင္ ဆက္က်င့္လို႕ လြယ္ကူသြားတာပါ။

ရီခၽြမ္ စႏိုးကို ၾကည့္လိုက္ျပီးေတာ့
“ အနီေရာင္ ေကာင္းကင္ ကိုးဆင့္ က်င့္စဥ္က…  ဒါက ဒ႑ာရီလာ နံပါတ္ ၁ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္ပဲ။ ငါတို႕ ဂ်ိကလန္မွာ ဒီ က်င့္စဥ္နဲ႕ ဇင္တ်န္အဆင့္ ေရာက္သြားသူ တစ္ေယာက္မွ မေပၚခဲ့ဖူးေသးဘူး။ ဒါေပမဲ့ အခုနင္ ေအာင္ျမင္သြားျပီ။ အနာဂတ္ကာလာမွာ သူ ငါ့ထက္အမ်ားၾကီး အစြမ္းထက္လာမွာပဲ။ သူ႕နာမည္ဟာ မေရမတြက္ႏိုင္တဲ့ မ်ိဳးႏြယ္စုေတြအကုန္လံုးအထိကို ပ်ံ႕နွံ႕ျပီး ငါတို႕ ဂ်ိကလန္လည္း တျဖည္းျဖည္း အင္အားၾကီးမားလာလိမ့္မယ္။”
ရီခၽြမ္ ေလသံဟာ အခုေတာ့ သူရဲေကာင္းဆန္မႈေတြ ျပည့္ေနပါတယ္။

“ဂ်ိကလန္ အမ်ားၾကီး တန္ခိုးထြားလာမယ္။”
စႏိုး ေခါင္းျဖည္းျဖည္းခ်င္းညိတ္လိုက္ပါတယ္။
“ကၽြန္မသားေလးေၾကာင့္ ဂ်ိကလန္ဟာ ကၽြန္မရဲ့ ယူခ်ီကလန္ ေက်ာ္ၾကားခဲ့သေလာက္ကို ေက်ာ္ၾကားလာပါလိမ့္မယ္။ ဒါေပမဲ့ ကၽြန္မရဲ့ ယူခ်ီကလန္ကေတာ့…..”

“ထာ၀ရ တည္ျမဲေနတဲ့ ကလန္ဆိုတာ မရွိပါဘူးေလ။”
ရီခၽြမ္ေျပာလိုက္ပါတယ္။
“အင္မတန္ ၾကီးမားလွတဲ့ ေတာ္၀င္ ရွအင္ပါယာ… ႏွစ္ေပါင္း မေရမတြက္ႏိုင္ေအာင္ ၾကာခဲ့တဲ့ အခ်ိန္ကာလကတည္းက… ဖင္းေဂါ့ေခတ္ကတည္းကေန တည္ေထာင္ခဲ့ျပီးေတာ့ ဒီ ကမာၻမွာ အရင္က ရွိခဲ့တဲ့ ေရွးအင္ပါယာေတြကို ဖယ္ရွားခဲ့ျပီး ဒီကမာၻတစ္ခုလံုးကို သူ႕ရဲ့ အုပ္ခ်ဳပ္မႈေအာက္မွာ တစုတစည္းတည္း ေပါင္းစည္းေပးခဲ့တယ္။ ပ်က္ဆီးသြားတဲ့ ေရွးအင္ပါယာေတြဟာလည္း အရမ္းကို ရွည္လ်ားတဲ့ ဒ႑ာရီ  သမိုင္းေၾကာင္း ရွိခဲ့တာပါပဲ။ ဒါေပမဲ့ သူတို႕ေတြ ေနာက္ဆံုး ပ်က္ဆီးသြားခဲ့ရတယ္ေလ။”

“ကၽြန္မ နားလည္ပါတယ္။ ဒီအတြက္ ကၽြန္မစိတ္မွာ အသားက်ေနပါျပီ။ နင္ရဲ့ေသြးထဲမွာလည္း ယူခ်ီ ကလန္ရဲ့ ေသြးေတြ စီးဆင္းေနတာပါပဲ။ နင္ရဲ့ နာမည္ဟာ ဒီကမာၻတစ္ခြင္မွာ ေက်ာ္ၾကားလာတဲ့ အခ်ိန္က်ရင္ ကၽြန္မ ကလန္ရဲ့ ဘိုးေဘးေတြလည္း တမလြန္ကေန ၾကည့္ျပီး ေပ်ာ္ရႊင္ ေက်နပ္ ေနၾကမွာပါ။”

“ဟုတ္တာေပါ့ကြယ္..”
ရီခၽြမ္ေခါင္းညိတ္လိုက္ပါတယ္။
….

လင္မယား ၂ေယာက္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စကားေျပာေနရာကေန ရုတ္တရက္ ရီခၽြမ္ မ်က္ႏွာပ်က္သြားပါတယ္။ ဒီ အခ်ိန္မွာပဲ နင္က Serpentwing သားရဲဂူကေနျပီးေတာ့ ေရွးေခတ္ အၾကြင္အက်န္ ေရေအာက္ကမာၻကို ပို႕ေဆာင္ျခင္းခံလိုက္ရပါတယ္။

“ဒါ ဘာျဖစ္တာလည္း?”
စႏိုးလည္း သတိျပဳမိသြားျပီး ေမးလိုက္ပါတယ္။
“ဘာျဖစ္လို႕လဲ?”

“ဘာမွ မဟုတ္ပါဘူး။ ငါ လုပ္စရာ တစ္ခုကို သတိ ရသြားလို႕။”
ရီခၽြမ္ေခါင္းခါလိုက္ျပီး ေျဖလိုက္ပါတယ္။

“ရွင္က ကၽြန္မကို လာလိမ္ေနတာလား။ ရွင့္မ်က္ႏွာ အမူအရာနဲ႕ တစ္သက္လံုး လိမ္လို႕ မရဘူး။ ရွင့္ရဲ့ စိတ္စြမ္းအင္နဲ႕ ဆိုရင္ သာမာန္ကိစၥေလးေတြက ရွင့္ကို မ်က္ႏွာပ်က္ေစမွာ မဟုတ္ဘူး။ ရွင္ဒီေလာက္အထိ မ်က္ႏွာပ်က္သြားတယ္ဆိုေတာ့ အရမ္းအေရးၾကီးတာ ျဖစ္ေနျပီ။ ေျပာစမ္းပါ။”

သူ႕မိန္းမကို ၾကည့္ျပီးေတာ့ ရီခၽြမ္ သက္ျပင္း ခ်လိုက္ပါတယ္။
“ငါ နင္ကို ေက်ာက္စိမ္းဓားေလး ေပးထားတယ္ေလ။ သူဘယ္ေလာက္ ေ၀းေ၀းကို ေရာက္ေရာက္ သူဘယ္ေနရာ ေရာက္ေနလဲဆိုတာ ခံစားလို႕ ရတယ္။  ျပီးေတာ့ သူကို ျပင္းျပင္းထန္ထန္ သတိေပးထားေသးတယ္။ အေနာက္ပိုင္း ျမိဳ႕ေတာ္ကေန ကီလိုမီတာ တစ္ေသာင္းအကြာအေ၀း အျပင္ဘက္ကို မထြက္သြားဖို႕ေပါ့။ သူ ဒီ နယ္နိမိတ္ကို ေက်ာ္သြားရင္ သူ႕ကို ငါခ်က္ျခင္း ေျပးဖမ္းျပီး ေထာင္ထဲမွာ ၃ႏွစ္ ထည့္ထားမယ္ ေျပာထားတယ္။ ”

“ဘာ.. အခု သူ အေနာက္ပိုင္း ဂ်ိျမိဳ႕ေတာ္ကေန ကီလိုမီတာ တစ္ေသာင္း အျပင္ဘက္ကို ေရာက္သြားျပီလား။”
စႏိုး အေရးတၾကီးေမးလိုက္ပါတယ္။

“အဲ့ဒါ မဟုတ္ဘူး။”
ရီခၽြမ္းမ်က္ႏွာ ပ်က္ေနပါတယ္။
“ငါ ေက်ာက္စိမ္းဓားတည္ေနရာကို ခံစားလို႕ မရေတာ့တာ။”

“ဘာ!!!”
စႏိုး မတ္တပ္ရပ္လိုက္တဲ့အခ်ိန္မွာပဲ ေခ်ာင္းဆက္တိုက္ ဆိုးလာပါတယ္။

“ငါ ဒါကို အသိမေပးခ်င္ပါဘူး။ ဒါေပမဲ့ မင္းက အတင္း ေျပာခိုင္းေနလို႕။”
ရီခၽြမ္ သူ႕မိန္းမကို တြဲလိုက္ျပီးေတာ့ ေက်ာကုန္းကို သပ္ေပးလိုက္ပါတယ္။
“ေနေကာင္းရဲ့လား။”

စႏိုး စိတ္လႈပ္ရွားစြာ ေျပာလိုက္ပါတယ္။
“ရွင္က ေက်ာက္စိမ္းဓားတည္ေနရာကို ဘယ္လိုလုပ္ အာရံုမရေတာ့တာလည္း။ ရွင္ ဒီေက်ာက္စိမ္းဓားကို ဘယ္ေလာက္ေ၀းေ၀းကို ေရာက္ေရာက္ တည္ေနရာကို ခံစားလို႕ ရတယ္ဆို။ ရွင္ အခုခံစားလို႕ မရေတာ့တာ နင္အႏၱရာယ္ တစ္ခုခု ၾကံဳေနလို႕လား။?”

“စိတ္မပူပါနဲ႔။ ငါ အာရံုခံလို႕ မရတာ ျဖစ္ႏိုင္တာက ၂ခ်က္ပဲ ရွိတယ္။”

“ပထမ ျဖစ္ႏိုင္တာက နင္ အႏၱရာယ္ တစ္ခု ၾကံဳလို႕ ေက်ာက္စိမ္းဓားကို ခ်ိဳးဖို႕ ထုတ္လိုက္တဲ့အခ်ိန္မွာ ရန္သူက ဓားကို ခ်က္ျခင္း ေလာင္ကၽြမ္း အမႈန္႕ေျခပစ္လိုက္လို႕ ျဖစ္ႏိုင္တယ္။”

“ဒုတိယ ျဖစ္ႏိုင္တာကေတာ့ သူ႕ကို အရမ္းကို ေ၀းကြာတဲ့ ေနရာတစ္ေနရာကို ခ်က္ျခင္း ေခၚေဆာင္ သြားလို႕ လည္းျဖစ္ႏိုင္တယ္။ အရမ္းကို ေ၀းကြာလြန္းလို႕ ငါေတာင္မွ ဘယ္ေနရာမွန္း အာရံုခံလို႕ မရေတာ့တာ။”

စႏိုး စိတ္နည္းနည္း ျငိမ္သြားပါျပီ။
စႏိုးလည္း အရမ္း အေတြ႕အၾကံဳ ရင့္က်က္သူ တစ္ေယာက္ ျဖစ္ပါတယ္။
“ရွင့္ရဲ့ ေက်ာက္စိမ္းဓားက ပ်က္စီးျပီးေတာ့ အမႈန္ေလးေတြ ျဖစ္သြားရင္ေတာင္ ရွင္ အာရံုခံမိမွာပဲ။ လံုး၀ ေလာင္ကၽြမ္းျပီး ဘာမွ မက်န္ေတာ့မွသာ ရွင္ အာရံုခံမရေတာ့မွာ။ အခုဆိုရင္ နင္က အရမ္းကို အစြမ္းထက္လာျပ။ ျမစ္တန္ခိုးရွင္ ဆန္စီကို ေတာင္မွ လြင့္သြားေအာင္ ကန္လိုက္ႏိုင္တယ္။ အသက္အႏၱရာယ္ တစ္ခုခု ၾကံဳခဲ့ရင္ေတာင္မွ သူ ေက်ာက္စိမ္းဓားကို ထုတ္ျပီးေတာ့ ခ်ိဳးႏိုင္မွာ အေသအခ်ာပဲ။ သူ႕မွာ ဓားကို ခ်ိဳးဖို႕ အခြင့္အေရး မရတာ မျဖစ္ႏိုင္ပါဘူး။”

“ျပီးေတာ့ နင္ကို သတ္ျပီးေတာ့ ဓားကို ခ်က္ျခင္း ေဖ်ာက္ဖ်က္ပစ္ႏိုင္တဲ့သူဆိုတာက… သူ႕မွာ နင္ကိုေတာင္ လြယ္လြယ္ သတ္ႏိုင္တဲ့ အစြမ္း ရွိေနျပီပဲ။ ဘာလို႕ ဓားကို အလုပ္ရႈပ္ခံျပီး ဖ်က္စီးေနဦးမွာလည္း။”

စႏိုး တျဖည္းျဖည္း ေတြးမိျပီးေတာ့ စိတ္သက္သာရာ ရသြားပါတယ္။

ေျပာရရင္ေတာ့ သူမသား မေသေသးပါဘူး။

“ဒါဆို ဒုတိယေကာက္ခ်က္ ျဖစ္မယ္ထင္တယ္။”
ရီခၽြမ္ေျပာလိုက္ပါတယ္။
“နင္ကို တိုင္းတာလို႕ မရေအာင္ ကြာေ၀းတဲ့ ေနရာကို ပို႕ေဆာင္ျခင္းခံလိုက္ရတာပဲ။ ငါ့ ေက်ာက္စိမ္းဓား ဘယ္ေနရာကို ေရာက္ေရာက္ ငါ အာရံုခံမိပါတယ္။ တစ္မီလီယံ ကီလိုမီတာေလာက္အထိ ဆိုရင္ေတာင္ ငါ အာရံုခံလို႕ ရေသးတယ္။ တစ္ခဏေလးနဲ႕ တစ္မီလီယံ ကီလိုမီတာထက္ ေ၀းေ၀းကို ေရာက္သြားတယ္ဆိုတာေတာ့.. အရမ္းကို ဆိုးလြန္းတယ္။ ငါထင္တာေတာ့ နင့္ကို ေနာက္ထပ္ အခ်ိန္စၾကာ၀ဠာ တည္ေနရာတစ္ခုဆီ ပို႕လိုက္တာပဲ ျဖစ္မယ္။ သူ ေရွးေဟာင္း အၾကြင္းအက်န္ ေဒသတစ္ခုကို ေရာက္သြားျပီထင္တယ္။”

“ေရွးေဟာင္းအၾကြင္းအက်န္ ေဒသ….?”
စႏိုး ေခါင္းညိတ္လိုက္ပါတယ္။

သူတို႕ ၂ေယာက္ဟာ အျပင္ကမာၻမွာ စြန္႕စားခန္း အတူတူ ထြက္ခဲ့ဘူးတဲ့အတြက္ အေတြ႕အၾကံဳ ရင့္က်က္ေနၾကပါျပီ။ ဒီ အရမ္းကို ၾကီးမားတဲ့ ကမာၻၾကီးဟာ အံ့ၾသဖြယ္ရာေတြနဲ႕ ျပည့္ေနတာပါ။ ဖင္းေဂါ့ေခတ္က ခ်န္ခဲ့တဲ့ ေရွးေဟာင္း အၾကြင္းအက်န္ ေဒသေတြဟာ မေရမတြက္ႏိုင္ေအာင္ မ်ားျပားပါတယ္။ တခ်ိဳ႕ အင္အားစုၾကီးေတြဆိုရင္ ကိုယ္ပိုင္ တည္ေနရာ စၾကာ၀ဠာ အသစ္ ဒါမွ မဟုတ္ ကမာၻ ငယ္ေလးေတြ တည္ေဆာက္ျပီး ေနထိုင္ၾကပါတယ္။

“နင္ကို ေနာက္ဆံုး အာရံုခံမိလိုက္တဲ့ ေနရာက ဘယ္ေနရာလည္း။”
စႏိုး ျမန္ျမန္ေမးလိုက္ပါတယ္။

“Serpentwing ေရကန္”
ရီခၽြမ္ ေျပာလိုက္ပါတယ္။

“Serpentwing ေရကန္ကို သြားၾက….စို႕.. ဟြတ္ဟြတ္..”
စႏိုး ေခ်ာင္းဆိုး သြားပါတယ္။

ရီခၽြမ္ ျမန္ျမန္ ေျပာလိုက္ပါတယ္။
“ငါ သြားလို႕ ရတယ္။ မင္းသြားလို႕ မျဖစ္ဘူး။”

“နင္က အႏၱရာယ္ ၾကံဳေနတာ။ ကၽြန္မက ဘာလို႕ သြားလို႕ မရရတာလည္း။”
စႏိုး ေခါင္းခါလိုက္ပါတယ္။
“ရွင္သိပါတယ္။ ငါ နင္ကို ကိုယ္၀န္ေဆာင္ထားတုန္းကတည္းက ေနမေကာင္း ျဖစ္ေနတာပါ။ ရပါတယ္။”

သူ႕မိန္းမရဲ့ မ်က္၀န္းေတြကို ေတြ႕လိုက္ရေတာ့ ရီခၽြမ္ ေခါင္းပဲ ညိတ္လိုက္ႏိုင္ပါေတာ့တယ္။
“ေကာင္းျပီေလ။ ငါတို႕ အန္တီ ပန္းပြင့္ဆီကေန မီးငွက္နီကို ခနဌားသြားတာေပါ့။ ငါတို႕ေတြ Serpentwing ေရကန္ကို အျမန္ဆံုး ေရာက္ေအာင္ သြားၾကမယ္။”

…..

က်ယ္ေျပာလွတဲ့ Serpentwing ေ၇ကန္က ျငိမ္သက္လ်က္ရွိပါတယ္။

နတ္ဘုရား ေမာင္ႏွံဟာ မီးငွက္နီၾကီးကို စီးျပီးေတာ့ Serpentwing ေ၇ကန္ကို အျမန္ဆံုး ပ်ံသန္းလာေနပါတယ္။

“ျမန္ျမန္ ဘုရင္ၾကီးကို သြားသတင္းပို႕ေဟ့။ ဂ်ိရီခၽြမ္ ျပန္လာေနျပီလို႕။ မိ္န္းမတစ္ေယာက္လည္း ေခၚခဲ့ေသးတယ္လို႕။”

“ဂ်ိရီခၽြမ္”

“သူက မီးငွက္နီေပၚမွာ ထိုင္ေနတာေလ။”

မိစာၦငယ္ေလးေတြဟာ ေကာင္းကင္ကို ေမာ့ၾကည့္ျပီးေတာ့ ေၾကာက္အားလန္႕အား သတင္း သြားပို႕ ၾကပါတယ္။

မီးငွက္နီေပၚက ရီခၽြမ္နဲ႕ သူ႕မိန္းမတို႕ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္လိုက္ပါတယ္။ ျပီးေတာ့မွ ရီခၽြမ္က ကမ္းေျခတစ္ခုကို လက္ညႈိး ညႊန္လိုက္ပါတယ္။
“အဲ့မွာ အနက္ေရာင္ စစ္သူရဲေတြ ရွိတယ္။ မီးငွက္နီ အဲ့ဒီကို သြားစမ္း။”
မီးငွက္နီက ညႊန္ျပထားတဲ့ ေနရာကို ပ်ံသန္းသြားပါတယ္။ အေစာင့္တာ၀န္ က်ေနတဲ့ စစ္သူရဲ ၂ေယာက္က မီးငွက္ေပၚက စံုတြဲကို ေတြ႕ျပီး အံ့ၾသသြားၾကပါတယ္။

“ကြန္မန္ဒါကို အရိုအေသ ျပဳပါတယ္။”
စစ္သူရဲ ၂ေယာက္ ေၾကာက္လန္႕တၾကား ဒူးေထာက္ အရိုအေသ ေပးလိုက္ပါတယ္။ သူတို႕ေတြ ရီခၽြမ္ကို မွတ္မိၾကတယ္ေလ။

“မင္းတို႕ကို ေမးမလို႕။ ငါ့သား ဂ်ိနင္ကို ေတြ႕မိၾကေသးလား။”
ရီခၽြမ္ေမးခြန္း ထုတ္လိုက္ပါတယ္။

“ကၽြန္ေတာ္မ်ိဳးတို႕ ေတြ႕လိုက္ပါတယ္။”
အရပ္ပိုျမင့္တဲ့ စစ္သူရဲ တစ္ေယာက္က ေျဖလိုက္ပါတယ္။
“ခုနကပဲ သခင္ေလး ဂ်ိနင္က ေရေပၚမွာ လမ္းေလွ်ာက္ျပီးေတာ့ Serpentwing ကို သူနဲ႕ တိုက္ခိုက္ဖို႕ စိန္ေခၚေနတာ။”

“Serpentwing?”

ရီခၽြမ္ေကာ စႏိုးပါ အေတြးတူေနပါတယ္။ ဒါေပမဲ့ သူတို႕သားရဲ့ လက္ရွိအစြမ္းနဲ႕ ဆိုရင္ Serpentwing တိုက္ခိုက္တဲ့အခါမွာ ေက်ာက္စိမ္းဓားကို မခ်ိဳးလို္က္ႏိုင္ဘူးဆိုတာ မျဖစ္ႏိုင္ပါဘူး။ နင္က Serpentwing ရဲ့ ထိပ္တိုက္ တိုက္ခိုက္မႈမွာေတာင္မွ အသက္ရွင္ ေနႏိုင္မယ္လို႕ေတာင္ ယံုၾကည္ထားတာပါ။

“ဒါေပမဲ့ ဒီတစ္ခါ Serpentwingက အျပင္ကို မထြက္လာခဲ့ဘူး။”
အနက္ေရာင္ စစ္သူရဲက ေျပာလိုက္ပါတယ္။
“သခင္ေလးက သူ႕ကို ထြက္လာျပီး တိုက္ခိုက္ဖို႕ ဆက္တိုက္ စိန္ေခၚေနတာ။ သူ႕အသံက ပဲ့တင္သံထပ္ေနလို႕ တျခားတစ္ဖက္မွာ ရွိတဲ့ အေစာင့္ေတြလည္း ၾကားမွာ ေသခ်ာပါတယ္။ Serpentwing ကထြက္လာဖို႕ ျငင္းဆိုတဲ့ အတြက္ ဘာမွ မျဖစ္လာပါဘူး။ ကၽြန္ေတာ္မ်ိဳးတို႕ေတြလည္း အရမ္းကို ေ၀းေနေတာ့ သခင္ေလး ေရေပၚမွာ လမ္းေလွ်ာက္ျပီး ဘယ္ထြက္သြားလည္းဆိုတာ မသိလိုက္ပါဘူး။”

Serpentwingေရကန္အလယ္မွာ ကၽြန္းကေလး တစ္ကၽြန္း ရွိပါတယ္။

ကၽြန္းက ကမးေျခနဲ႕ ၁၀ ကီလိုမီတာေလာက္ေ၀းပါတယ္။ အနက္ေရာင္ စစ္သူရဲေတြက ၁၀ ကီလိုမီတာေလာက္ကို ဘယ္လိုမွ မေတြ႕ႏိုင္ပါဘူး။

“သူတို႕ မတိုက္ခိုက္ခဲ့ဘူးဆိုတာ ေသခ်ာလား။”
ရီခၽြမ္ေမးလိုက္ပါတယ္။

“သူတို႕ေတြ မတိုက္ခိုက္ၾကပါဘူး။ ကၽြန္ေတာ္မ်ိဳးတို႕ ဘာသံမွကို မၾကားလိုက္တာပါ။”
စစ္သူရဲ ၂ေယာက္ကေတာ့ အခိုင္အမာေျပာလိုက္ပါတယ္။

……

ရီခၽြမ္လည္း တျခား စစ္သူရဲေတြကို လိုက္လံ ေမးျမန္းပါတယ္။ စုရပ္မွာ ေစာင့္ေနတဲ့ ေဆာင္းဦးသစ္ရြက္ေလးနဲ႕ မို၀ူကိုေတာင္မွ ေခၚျပီး ေမးလိုက္ပါတယ္။ သူတို႕ ၂ေယာက္ကေန ရီခၽြမ္သိလာတာက နင္က Serpentwingကို သတ္ဖို႕ ေဒသတၾကီးနဲ႕ ေရာက္လာတာပါ။ ဒါေပမဲ့ Serpentwingက ေရထဲမွာပဲ ပုန္းေနျပီး မထြက္လာရဲပါဘူး။ နင္ေရေပၚမွာ လမ္းေလွ်ာက္ျပီးေတာ့ ေပ်ာက္ကြယ္သြားပါတယ္။

“သူဘယ္ကို သြားတာလည္း?”
ရီခၽြမ္နဲ႕ စႏိုးတို႕ ေရျပင္က်ယ္ၾကီးကို မ်က္ေမွာင္ၾကဳတ္ျပီး ၾကည့္ေနပါတယ္။

“မိန္းမ မင္းေကာ ဘာထင္လည္း။”
ရီခၽြမ္သူ႕မိန္းမကို ေမးလိုက္ပါတယ္။

“ဒီမွာ ဘာမွ ျဖစ္သြားတာ မေတြ႕လိုက္ဘူး။ တိုက္ပြဲ မျဖစ္တာ ေသခ်ာတယ္။ သူေရွးေဟာင္း အၾကြင္းအက်န္ ေဒသကို ေရာက္သြားတာေနမယ္။ ဒီ ေရွးေဟာင္း ေဒသက ေနရာလြတ္ တခုခု မွာ ရွိျပီးေတာ့ ငါတို႕နဲ႕ အလႊာေလးပဲ ျခားထားမယ္ထင္တယ္။ ဒါေပမဲ့ ငါတို႕ ဘယ္လိုမွ အာရံုခံလို႕ မရဘူး။”

“ျဖစ္ႏိုင္တာက  ငါတို႕သားေလး Serpentwing ေရကန္ေအာက္က သဲတစ္ပြင့္မွာ သိမ္းထားတဲ့ ကမာၻတစ္ခုကို ေရာက္သြားတာေနမယ္။”

“ဒါမွမဟုတ္ ေရွးကတည္းက ကိုယ္ေရာင္ေဖ်ာက္ထားတဲ့ ၀ဂၤဘာတစ္ခုခု မွာ ပိတ္မိေနတာလား မသိဘူး။”

“ကၽြန္မတို႕ ၂ေယာက္တည္းနဲ႕ ဒါေတြကို ရင္ဆိုင္ဖို႕ မလံုေလာက္ေသးဘူး။”
စႏိုးေခါင္းခါလိုက္ပါတယ္။
“အခု ကၽြန္မတို႕ သားေလး ျပန္လာတာ ေစာင့္ေနရံုပဲ ရိွေတာ့တယ္။”

“အမွန္ပဲ။ ေစာင့္ေနမွပဲ ရေတာ့မယ္။”
ရီခၽြမ္ ေရျပင္ၾကီးကို ၾကည့္ျပီး ေျပာလိုက္ပါတယ္။
“ငါတို႕သားေလး ေရျပင္ေပၚကေန ငါတို႕ဆီကို ေျပးလာတာကို ျမင္ေယာင္ေနမိတယ္။….”

စႏိုး ေခါင္းညိတ္လို္က္ျပီးေတာ့ ရီခၽြမ္းရင္ခြင္ထဲ မွီလို္က္ပါတယ္။

သူတုိ႕ေတြ ေစာင့္ေနၾကမွာပါ။ သူတို႕သား ျပန္အလာကို ေစာင့္ၾကိဳေနၾကမွာပါ။

….

ေရေအာက္နန္းေတာ္က စၾကၤန္လမ္းကေတာ့ အလြန္ကို ေမွာင္မိုက္ေနပါတယ္။ ဒီေနရာမွာ အခ်ိန္စီးဆင္းမႈ အလြန္ေႏွးေကြးတယ္လို႕ ခံစားမိပါတယ္။

နင္ရဲ့ နတ္ဘုရား စြမ္းအင္ေတြ ျပန္ျပည့္လာလို႕ မတ္တပ္ရပ္လိုက္ပါတယ္။ ေနာက္ စၾကၤန္လမ္းတစ္ဖက္က အရိုးစုေတြကို စိုက္ၾကည့္လိုက္ပါတယ္။ သူနားလည္လိုက္ပါတယ္။ သူ႕မွာ ေနာက္ျပန္လွည့္စရာလမ္း မရွိပါဘူး။ သူ ဒီကလြတ္ေျမာက္ခ်င္ရင္ ေရွ႕ဆက္သြားဖို႕တစ္နည္းပဲ ရွိပါတယ္။

“ငါ အသက္ရွင္ရမယ္။”
နင္ အရိုးစုေတြကို စိုက္ၾကည့္လိုက္ပါတယ္။ ျပီးတာ့ သူလမ္းဆက္ေလွ်ာက္သြားပါေတာ့တယ္။


Chapter 16 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 17 တာအို တိုက္ပြဲ၀င္ ခ်ပ္၀တ္တန္ဆာ




Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…




Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 3

Chapter 16 မိဘတွေ မျှော်နေကြပြီ



အနောက်ပိုင်း ဂျိမြို့တော်မှာတော့….



“ရီချွမ်၊ ဂျိနင် အခု ဇင်တျန်အဆင့်ကို ရောက်သွားပြီ လို့ ငါသတင်းရတယ်။ ဂုဏ်ယူပါတယ်နော်။”


“ရီချွမ် မင်းသားက တစ်ကယ်ကို တော်တာပဲ။”


“သူက အခုမှ ၁၁ နှစ်ပဲ ရှီသေးတာ မဟုတ်လား။ ဒါပေမဲ့ သူက ငါတို့ ဂျိကလန် ဒေသကြိး ငါးခုလုံးရဲ့ နှစ်တစ်ထောင် သမိုင်းမှာ အတော်ဆုံး ၃ယောက်အဆင့်ထဲ ပါနေပြီ။”



အမြဲတမ်း အေးစက်စက် ဖြစ်နေတဲ့ ရီချွမ်းမျက်နှာ အခုတော့ တောက်ပနေပါတယ်။ သူ့မျက်နှာက သုန်သုန်မှုန်မှုန် ပုံစံပေမဲ့ သူနဲ့ ရင်းနှီးသူ မှန်သမျှ သူဘယ်လောက်ပျော်နျွှေန်း သိကြပါတယ်။ ဂျိနင်က မြစ်ကမ်းဘေး မျိုးနွယ်စု မြို့တံတိုင်းကို ခြေနဲ့ ကန်ဖြိုလိုက်ပြီး မြစ်တန်ခိုးရှင် ဆန်စီကို ကန်ထုတ်လိုက်တဲ့ သတင်းဟာ ဂျိကလန် တစ်ခုလုံးမှာ ပျံ့နှံ့လို့ နေပါပြီ။



ဒီ သတင်းဟာ ဂျိဒေသကြီး ၅ခုလုံးမှာ ပျံ့နေပြီးသားပါ။ အဖေဖြစ်တဲ့ ရီချွမ်က အရမ်းကို ပျော်နေပါတယ်။ သူ့ကို ဂုဏ်ပြုစကားတွေ လာပြောကြတာ ၂ရက်တောင် ရှိပါပြီ။ လူတွေက တော်တဲ့ လူတွေကို ပိုပြီး ချီးကျူးခြင် ကြတယ် မဟုတ်လား။ နင်ဆိုတာက အနောက်ပိုင်း ဂျိကလန်ရဲ့ နောက်တက်မဲ့ ခေါင်းဆောင် ဖြစ်ရုံတင်မကဘူး ကြောက်စရာ ပါရမီရှင် ကလေးတစ်ယောက် ပဲလေ။ အသက် ၁၁နှစ်နဲ့ ဇင်တျန် ဖြစ်သွားခဲ့တယ်။ ဒါကြောင့် ဂျိရီချွမ်ရဲ့ မျိုးဆက်အနာဂတ်ဟာ အရမ်းကို တောက်ပလို့ နေပါတယ်။



ဒီ သားအဖ နှစ်ယောက်ရဲ့ ရာထူးအဆင့်အတန်းဟာ ဂျိကလန်မှာ အရမ်းကို မြင့်မားနေတာ သေချာပါတယ်။


“ရှင် ဘယ်လောက်တောင် ပျော်နေတာလည်း သတိထားမိရဲ့လား”

ယူချီစနိုးက ပန်းပင် ရေလောင်းရင်း ပြောလိုက်ပါတယ်။


“ငါ ဘယ်လိုလုပ် မပျော်ပဲ နေနိုင်မှာလည်း။”

ရီချွမ်က ကျောက်ခုံတန်းလေးမှာထိုင်ပြီးတော့ သစ်သီးဝိုင်တစ်ခွက်ကို မော့သောက်လိုက်ပါတယ်။


“နင်က ရေကြံံ့ ဘုရင်ကြီးကို ဇင်တျန် အဆင့်မရောက်ခင်ကတည်းက သတ်လိုက်နိုင်တယ်။ အခုဆို သူ ဇင်တျန် တန်ခိုးရှင် ဖြစ်သွားပြီ။ ဒီဖြစ်ဖြစ်ချင်းမှာပဲ မြစ်တန်ခိုးရှင်ဟီကို တစ်ချက်တည်းနဲ့ အဝေးကို လွင့်သွားအောင် ကန်ထည့်လိုက်သေးတယ်။ မြစ်တန်ခိုးရှင်ဟီဆိုတာက ဇင်တျန်အဆင့်ကို ရောက်နေတာ ကြာလှပြီ။ အရမ်းကို ထူးချွန်တဲ့ အလယ်အဆင့် ဇင်တျန်ကီ အသုံးပြုသူ တစ်ယောက်လည်း ဖြစ်တယ်။ ဒါတောင်မှ ငါ့သားရဲ့ ခြေကန်ချက်ကို မခံနိုင်ဘူး။ ဒီအဓိပ္ပာယ်က နင် ဖင်းဂေါ့ ကျင့်စဉ်မှာလည်း ဇင်တျန်အဆင့်ကို ရောက်သွားလို့ပဲ။”



မြစ်ကမ်းဘေး မျိုးနွယ်စုမှာ စခန်းချထားတဲ့ အနက်ရောင် မြင်းစီးသူရဲတစ်ယောက်က နင် မြစ်တန်ခိုးရှင်ဟီကို ခြေကန်ချက်တစ်ချက်နဲ့ လွင့်သွားစေခဲ့တယ်ဆိုပြီး သတင်းပို့လာပါတယ်။



နင် ကီကျင့်စဉ်မှာပါ ဇင်တျန် အဆင့်ရောက်သွားတာ သေချာပါတယ်။



ဒါပေမဲ့ ရီချွမ်က သူ့သားရဲ့ သွေးကြောမကြီးထဲမှာ ဒဏ်ရာ ရခဲ့ဖူးတာကို သိပါတယ်။ ဒါသူ့ရဲ့ အားနည်းချက်ပါ။ ဒါပေမဲ့ ဖင်းဂေါ့ ကျင့်စဉ်မှာ ဇင်တျန် အဆင့်ရောက်သွားတဲ့အခါမှာ ခန္ဓာကိုယ် အသစ် ပြန်တည်ဆောက်လိုက်တဲ့အတွက် ဒီ အားနည်းချက်ပျောက်သွားပါတယ်။ ဒါကြောင့် ကီကျင့်စဉ်မှာ ဇင်တျန်အဆင့်ရောက်အောင် ဆက်ကျင့်လို့ လွယ်ကူသွားတာပါ။



ရီချွမ် စနိုးကို ကြည့်လိုက်ပြီးတော့
“ အနီရောင် ကောင်းကင် ကိုးဆင့် ကျင့်စဉ်က…  ဒါက ဒဏ္ဍာရီလာ နံပါတ် ၁ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ပဲ။ ငါတို့ ဂျိကလန်မှာ ဒီ ကျင့်စဉ်နဲ့ ဇင်တျန်အဆင့် ရောက်သွားသူ တစ်ယောက်မှ မပေါ်ခဲ့ဖူးသေးဘူး။ ဒါပေမဲ့ အခုနင် အောင်မြင်သွားပြီ။ အနာဂတ်ကာလာမှာ သူ ငါ့ထက်အများကြီး အစွမ်းထက်လာမှာပဲ။ သူ့နာမည်ဟာ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေအကုန်လုံးအထိကို ပျံ့နှံ့ပြီး ငါတို့ ဂျိကလန်လည်း တဖြည်းဖြည်း အင်အားကြီးမားလာလိမ့်မယ်။”

ရီချွမ် လေသံဟာ အခုတော့ သူရဲကောင်းဆန်မှုတွေ ပြည့်နေပါတယ်။



“ဂျိကလန် အများကြီး တန်ခိုးထွားလာမယ်။”

စနိုး ခေါင်းဖြည်းဖြည်းချင်းညိတ်လိုက်ပါတယ်။
“ကျွန်မသားလေးကြောင့် ဂျိကလန်ဟာ ကျွန်မရဲ့ ယူချီကလန် ကျော်ကြားခဲ့သလောက်ကို ကျော်ကြားလာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မရဲ့ ယူချီကလန်ကတော့…..”


“ထာဝရ တည်မြဲနေတဲ့ ကလန်ဆိုတာ မရှိပါဘူးလေ။”

ရီချွမ်ပြောလိုက်ပါတယ်။
“အင်မတန် ကြီးမားလှတဲ့ တော်ဝင် ရှအင်ပါယာ… နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့တဲ့ အချိန်ကာလကတည်းက… ဖင်းဂေါ့ခေတ်ကတည်းကနေ တည်ထောင်ခဲ့ပြီးတော့ ဒီ ကမ္ဘာမှာ အရင်က ရှိခဲ့တဲ့ ရှေးအင်ပါယာတွေကို ဖယ်ရှားခဲ့ပြီး ဒီကမ္ဘာတစ်ခုလုံးကို သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ တစုတစည်းတည်း ပေါင်းစည်းပေးခဲ့တယ်။ ပျက်ဆီးသွားတဲ့ ရှေးအင်ပါယာတွေဟာလည်း အရမ်းကို ရှည်လျားတဲ့ ဒဏ္ဍာရီ  သမိုင်းကြောင်း ရှိခဲ့တာပါပဲ။ ဒါပေမဲ့ သူတို့တွေ နောက်ဆုံး ပျက်ဆီးသွားခဲ့ရတယ်လေ။”


“ကျွန်မ နားလည်ပါတယ်။ ဒီအတွက် ကျွန်မစိတ်မှာ အသားကျနေပါပြီ။ နင်ရဲ့သွေးထဲမှာလည်း ယူချီ ကလန်ရဲ့ သွေးတွေ စီးဆင်းနေတာပါပဲ။ နင်ရဲ့ နာမည်ဟာ ဒီကမ္ဘာတစ်ခွင်မှာ ကျော်ကြားလာတဲ့ အချိန်ကျရင် ကျွန်မ ကလန်ရဲ့ ဘိုးဘေးတွေလည်း တမလွန်ကနေ ကြည့်ပြီး ပျော်ရွှင် ကျေနပ် နေကြမှာပါ။”


“ဟုတ်တာပေါ့ကွယ်..”

ရီချွမ်ခေါင်းညိတ်လိုက်ပါတယ်။

….



လင်မယား ၂ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေရာကနေ ရုတ်တရက် ရီချွမ် မျက်နှာပျက်သွားပါတယ်။ ဒီ အချိန်မှာပဲ နင်က Serpentwing သားရဲဂူကနေပြီးတော့ ရှေးခေတ် အကြွင်အကျန် ရေအောက်ကမ္ဘာကို ပို့ဆောင်ခြင်းခံလိုက်ရပါတယ်။


“ဒါ ဘာဖြစ်တာလည်း?”

စနိုးလည်း သတိပြုမိသွားပြီး မေးလိုက်ပါတယ်။

“ဘာဖြစ်လို့လဲ?”


“ဘာမှ မဟုတ်ပါဘူး။ ငါ လုပ်စရာ တစ်ခုကို သတိ ရသွားလို့။”

ရီချွမ်ခေါင်းခါလိုက်ပြီး ဖြေလိုက်ပါတယ်။


“ရှင်က ကျွန်မကို လာလိမ်နေတာလား။ ရှင့်မျက်နှာ အမူအရာနဲ့ တစ်သက်လုံး လိမ်လို့ မရဘူး။ ရှင့်ရဲ့ စိတ်စွမ်းအင်နဲ့ ဆိုရင် သာမာန်ကိစ္စလေးတွေက ရှင့်ကို မျက်နှာပျက်စေမှာ မဟုတ်ဘူး။ ရှင်ဒီလောက်အထိ မျက်နှာပျက်သွားတယ်ဆိုတော့ အရမ်းအရေးကြီးတာ ဖြစ်နေပြီ။ ပြောစမ်းပါ။”



သူ့မိန်းမကို ကြည့်ပြီးတော့ ရီချွမ် သက်ပြင်း ချလိုက်ပါတယ်။
“ငါ နင်ကို ကျောက်စိမ်းဓားလေး ပေးထားတယ်လေ။ သူဘယ်လောက် ဝေးဝေးကို ရောက်ရောက် သူဘယ်နေရာ ရောက်နေလဲဆိုတာ ခံစားလို့ ရတယ်။  ပြီးတော့ သူကို ပြင်းပြင်းထန်ထန် သတိပေးထားသေးတယ်။ အနောက်ပိုင်း မြို့တော်ကနေ ကီလိုမီတာ တစ်သောင်းအကွာအဝေး အပြင်ဘက်ကို မထွက်သွားဖို့ပေါ့။ သူ ဒီ နယ်နိမိတ်ကို ကျော်သွားရင် သူ့ကို ငါချက်ခြင်း ပြေးဖမ်းပြီး ထောင်ထဲမှာ ၃နှစ် ထည့်ထားမယ် ပြောထားတယ်။ ”


“ဘာ.. အခု သူ အနောက်ပိုင်း ဂျိမြို့တော်ကနေ ကီလိုမီတာ တစ်သောင်း အပြင်ဘက်ကို ရောက်သွားပြီလား။”

စနိုး အရေးတကြီးမေးလိုက်ပါတယ်။


“အဲ့ဒါ မဟုတ်ဘူး။”

ရီချွမ်းမျက်နှာ ပျက်နေပါတယ်။
“ငါ ကျောက်စိမ်းဓားတည်နေရာကို ခံစားလို့ မရတော့တာ။”



“ဘာ!!!”

စနိုး မတ်တပ်ရပ်လိုက်တဲ့အချိန်မှာပဲ ချောင်းဆက်တိုက် ဆိုးလာပါတယ်။


“ငါ ဒါကို အသိမပေးချင်ပါဘူး။ ဒါပေမဲ့ မင်းက အတင်း ပြောခိုင်းနေလို့။”

ရီချွမ် သူ့မိန်းမကို တွဲလိုက်ပြီးတော့ ကျောကုန်းကို သပ်ပေးလိုက်ပါတယ်။
“နေကောင်းရဲ့လား။”



စနိုး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
“ရှင်က ကျောက်စိမ်းဓားတည်နေရာကို ဘယ်လိုလုပ် အာရုံမရတော့တာလည်း။ ရှင် ဒီကျောက်စိမ်းဓားကို ဘယ်လောက်ဝေးဝေးကို ရောက်ရောက် တည်နေရာကို ခံစားလို့ ရတယ်ဆို။ ရှင် အခုခံစားလို့ မရတော့တာ နင်အန္တရာယ် တစ်ခုခု ကြုံနေလို့လား။?”


“စိတ်မပူပါနဲ့။ ငါ အာရုံခံလို့ မရတာ ဖြစ်နိုင်တာက ၂ချက်ပဲ ရှိတယ်။”


“ပထမ ဖြစ်နိုင်တာက နင် အန္တရာယ် တစ်ခု ကြုံလို့ ကျောက်စိမ်းဓားကို ချိုးဖို့ ထုတ်လိုက်တဲ့အချိန်မှာ ရန်သူက ဓားကို ချက်ခြင်း လောင်ကျွမ်း အမှုန့်ခြေပစ်လိုက်လို့ ဖြစ်နိုင်တယ်။”


“ဒုတိယ ဖြစ်နိုင်တာကတော့ သူ့ကို အရမ်းကို ဝေးကွာတဲ့ နေရာတစ်နေရာကို ချက်ခြင်း ခေါ်ဆောင် သွားလို့ လည်းဖြစ်နိုင်တယ်။ အရမ်းကို ဝေးကွာလွန်းလို့ ငါတောင်မှ ဘယ်နေရာမှန်း အာရုံခံလို့ မရတော့တာ။”



စနိုး စိတ်နည်းနည်း ငြိမ်သွားပါပြီ။

စနိုးလည်း အရမ်း အတွေ့အကြုံ ရင့်ကျက်သူ တစ်ယောက် ဖြစ်ပါတယ်။
“ရှင့်ရဲ့ ကျောက်စိမ်းဓားက ပျက်စီးပြီးတော့ အမှုန်လေးတွေ ဖြစ်သွားရင်တောင် ရှင် အာရုံခံမိမှာပဲ။ လုံး၀ လောင်ကျွမ်းပြီး ဘာမှ မကျန်တော့မှသာ ရှင် အာရုံခံမရတော့မှာ။ အခုဆိုရင် နင်က အရမ်းကို အစွမ်းထက်လာပြ။ မြစ်တန်ခိုးရှင် ဆန်စီကို တောင်မှ လွင့်သွားအောင် ကန်လိုက်နိုင်တယ်။ အသက်အန္တရာယ် တစ်ခုခု ကြုံခဲ့ရင်တောင်မှ သူ ကျောက်စိမ်းဓားကို ထုတ်ပြီးတော့ ချိုးနိုင်မှာ အသေအချာပဲ။ သူ့မှာ ဓားကို ချိုးဖို့ အခွင့်အရေး မရတာ မဖြစ်နိုင်ပါဘူး။”


“ပြီးတော့ နင်ကို သတ်ပြီးတော့ ဓားကို ချက်ခြင်း ဖျောက်ဖျက်ပစ်နိုင်တဲ့သူဆိုတာက… သူ့မှာ နင်ကိုတောင် လွယ်လွယ် သတ်နိုင်တဲ့ အစွမ်း ရှိနေပြီပဲ။ ဘာလို့ ဓားကို အလုပ်ရှုပ်ခံပြီး ဖျက်စီးနေဦးမှာလည်း။”



စနိုး တဖြည်းဖြည်း တွေးမိပြီးတော့ စိတ်သက်သာရာ ရသွားပါတယ်။



ပြောရရင်တော့ သူမသား မသေသေးပါဘူး။


“ဒါဆို ဒုတိယကောက်ချက် ဖြစ်မယ်ထင်တယ်။”

ရီချွမ်ပြောလိုက်ပါတယ်။
“နင်ကို တိုင်းတာလို့ မရအောင် ကွာဝေးတဲ့ နေရာကို ပို့ဆောင်ခြင်းခံလိုက်ရတာပဲ။ ငါ့ ကျောက်စိမ်းဓား ဘယ်နေရာကို ရောက်ရောက် ငါ အာရုံခံမိပါတယ်။ တစ်မီလီယံ ကီလိုမီတာလောက်အထိ ဆိုရင်တောင် ငါ အာရုံခံလို့ ရသေးတယ်။ တစ်ခဏလေးနဲ့ တစ်မီလီယံ ကီလိုမီတာထက် ဝေးဝေးကို ရောက်သွားတယ်ဆိုတာတော့.. အရမ်းကို ဆိုးလွန်းတယ်။ ငါထင်တာတော့ နင့်ကို နောက်ထပ် အချိန်စကြာဝဠာ တည်နေရာတစ်ခုဆီ ပို့လိုက်တာပဲ ဖြစ်မယ်။ သူ ရှေးဟောင်း အကြွင်းအကျန် ဒေသတစ်ခုကို ရောက်သွားပြီထင်တယ်။”


“ရှေးဟောင်းအကြွင်းအကျန် ဒေသ….?”

စနိုး ခေါင်းညိတ်လိုက်ပါတယ်။



သူတို့ ၂ယောက်ဟာ အပြင်ကမ္ဘာမှာ စွန့်စားခန်း အတူတူ ထွက်ခဲ့ဘူးတဲ့အတွက် အတွေ့အကြုံ ရင့်ကျက်နေကြပါပြီ။ ဒီ အရမ်းကို ကြီးမားတဲ့ ကမ္ဘာကြီးဟာ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နေတာပါ။ ဖင်းဂေါ့ခေတ်က ချန်ခဲ့တဲ့ ရှေးဟောင်း အကြွင်းအကျန် ဒေသတွေဟာ မရေမတွက်နိုင်အောင် များပြားပါတယ်။ တချို့ အင်အားစုကြီးတွေဆိုရင် ကိုယ်ပိုင် တည်နေရာ စကြာဝဠာ အသစ် ဒါမှ မဟုတ် ကမ္ဘာ ငယ်လေးတွေ တည်ဆောက်ပြီး နေထိုင်ကြပါတယ်။


“နင်ကို နောက်ဆုံး အာရုံခံမိလိုက်တဲ့ နေရာက ဘယ်နေရာလည်း။”

စနိုး မြန်မြန်မေးလိုက်ပါတယ်။



“Serpentwing ရေကန်”

ရီချွမ် ပြောလိုက်ပါတယ်။


“Serpentwing ရေကန်ကို သွားကြ….စို့.. ဟွတ်ဟွတ်..”

စနိုး ချောင်းဆိုး သွားပါတယ်။



ရီချွမ် မြန်မြန် ပြောလိုက်ပါတယ်။
“ငါ သွားလို့ ရတယ်။ မင်းသွားလို့ မဖြစ်ဘူး။”


“နင်က အန္တရာယ် ကြုံနေတာ။ ကျွန်မက ဘာလို့ သွားလို့ မရရတာလည်း။”

စနိုး ခေါင်းခါလိုက်ပါတယ်။
“ရှင်သိပါတယ်။ ငါ နင်ကို ကိုယ်ဝန်ဆောင်ထားတုန်းကတည်းက နေမကောင်း ဖြစ်နေတာပါ။ ရပါတယ်။”



သူ့မိန်းမရဲ့ မျက်ဝန်းတွေကို တွေ့လိုက်ရတော့ ရီချွမ် ခေါင်းပဲ ညိတ်လိုက်နိုင်ပါတော့တယ်။
“ကောင်းပြီလေ။ ငါတို့ အန်တီ ပန်းပွင့်ဆီကနေ မီးငှက်နီကို ခနဌားသွားတာပေါ့။ ငါတို့တွေ Serpentwing ရေကန်ကို အမြန်ဆုံး ရောက်အောင် သွားကြမယ်။”



…..


ကျယ်ပြောလှတဲ့ Serpentwing ရေကန်က ငြိမ်သက်လျက်ရှိပါတယ်။



နတ်ဘုရား မောင်နှံဟာ မီးငှက်နီကြီးကို စီးပြီးတော့ Serpentwing ရေကန်ကို အမြန်ဆုံး ပျံသန်းလာနေပါတယ်။



“မြန်မြန် ဘုရင်ကြီးကို သွားသတင်းပို့ဟေ့။ ဂျိရီချွမ် ပြန်လာနေပြီလို့။ မိန်းမတစ်ယောက်လည်း ခေါ်ခဲ့သေးတယ်လို့။”



“ဂျိရီချွမ်”


“သူက မီးငှက်နီပေါ်မှာ ထိုင်နေတာလေ။”



မိစ္ဆာငယ်လေးတွေဟာ ကောင်းကင်ကို မော့ကြည့်ပြီးတော့ ကြောက်အားလန့်အား သတင်း သွားပို့ ကြပါတယ်။



မီးငှက်နီပေါ်က ရီချွမ်နဲ့ သူ့မိန်းမတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပါတယ်။ ပြီးတော့မှ ရီချွမ်က ကမ်းခြေတစ်ခုကို လက်ညှိုး ညွှန်လိုက်ပါတယ်။
“အဲ့မှာ အနက်ရောင် စစ်သူရဲတွေ ရှိတယ်။ မီးငှက်နီ အဲ့ဒီကို သွားစမ်း။”

မီးငှက်နီက ညွှန်ပြထားတဲ့ နေရာကို ပျံသန်းသွားပါတယ်။ အစောင့်တာဝန် ကျနေတဲ့ စစ်သူရဲ ၂ယောက်က မီးငှက်ပေါ်က စုံတွဲကို တွေ့ပြီး အံ့သြသွားကြပါတယ်။


“ကွန်မန်ဒါကို အရိုအသေ ပြုပါတယ်။”

စစ်သူရဲ ၂ယောက် ကြောက်လန့်တကြား ဒူးထောက် အရိုအသေ ပေးလိုက်ပါတယ်။ သူတို့တွေ ရီချွမ်ကို မှတ်မိကြတယ်လေ။


“မင်းတို့ကို မေးမလို့။ ငါ့သား ဂျိနင်ကို တွေ့မိကြသေးလား။”

ရီချွမ်မေးခွန်း ထုတ်လိုက်ပါတယ်။


“ကျွန်တော်မျိုးတို့ တွေ့လိုက်ပါတယ်။”

အရပ်ပိုမြင့်တဲ့ စစ်သူရဲ တစ်ယောက်က ဖြေလိုက်ပါတယ်။
“ခုနကပဲ သခင်လေး ဂျိနင်က ရေပေါ်မှာ လမ်းလျှောက်ပြီးတော့ Serpentwing ကို သူနဲ့ တိုက်ခိုက်ဖို့ စိန်ခေါ်နေတာ။”



“Serpentwing?”



ရီချွမ်ကော စနိုးပါ အတွေးတူနေပါတယ်။ ဒါပေမဲ့ သူတို့သားရဲ့ လက်ရှိအစွမ်းနဲ့ ဆိုရင် Serpentwing တိုက်ခိုက်တဲ့အခါမှာ ကျောက်စိမ်းဓားကို မချိုးလိုက်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ နင်က Serpentwing ရဲ့ ထိပ်တိုက် တိုက်ခိုက်မှုမှာတောင်မှ အသက်ရှင် နေနိုင်မယ်လို့တောင် ယုံကြည်ထားတာပါ။


“ဒါပေမဲ့ ဒီတစ်ခါ Serpentwingက အပြင်ကို မထွက်လာခဲ့ဘူး။”

အနက်ရောင် စစ်သူရဲက ပြောလိုက်ပါတယ်။
“သခင်လေးက သူ့ကို ထွက်လာပြီး တိုက်ခိုက်ဖို့ ဆက်တိုက် စိန်ခေါ်နေတာ။ သူ့အသံက ပဲ့တင်သံထပ်နေလို့ တခြားတစ်ဖက်မှာ ရှိတဲ့ အစောင့်တွေလည်း ကြားမှာ သေချာပါတယ်။ Serpentwing ကထွက်လာဖို့ ငြင်းဆိုတဲ့ အတွက် ဘာမှ မဖြစ်လာပါဘူး။ ကျွန်တော်မျိုးတို့တွေလည်း အရမ်းကို ဝေးနေတော့ သခင်လေး ရေပေါ်မှာ လမ်းလျှောက်ပြီး ဘယ်ထွက်သွားလည်းဆိုတာ မသိလိုက်ပါဘူး။”



Serpentwingရေကန်အလယ်မှာ ကျွန်းကလေး တစ်ကျွန်း ရှိပါတယ်။



ကျွန်းက ကမးခြေနဲ့ ၁၀ ကီလိုမီတာလောက်ဝေးပါတယ်။ အနက်ရောင် စစ်သူရဲတွေက ၁၀ ကီလိုမီတာလောက်ကို ဘယ်လိုမှ မတွေ့နိုင်ပါဘူး။


“သူတို့ မတိုက်ခိုက်ခဲ့ဘူးဆိုတာ သေချာလား။”

ရီချွမ်မေးလိုက်ပါတယ်။


“သူတို့တွေ မတိုက်ခိုက်ကြပါဘူး။ ကျွန်တော်မျိုးတို့ ဘာသံမှကို မကြားလိုက်တာပါ။”

စစ်သူရဲ ၂ယောက်ကတော့ အခိုင်အမာပြောလိုက်ပါတယ်။



……



ရီချွမ်လည်း တခြား စစ်သူရဲတွေကို လိုက်လံ မေးမြန်းပါတယ်။ စုရပ်မှာ စောင့်နေတဲ့ ဆောင်းဦးသစ်ရွက်လေးနဲ့ မိုဝူကိုတောင်မှ ခေါ်ပြီး မေးလိုက်ပါတယ်။ သူတို့ ၂ယောက်ကနေ ရီချွမ်သိလာတာက နင်က Serpentwingကို သတ်ဖို့ ဒေသတကြီးနဲ့ ရောက်လာတာပါ။ ဒါပေမဲ့ Serpentwingက ရေထဲမှာပဲ ပုန်းနေပြီး မထွက်လာရဲပါဘူး။ နင်ရေပေါ်မှာ လမ်းလျှောက်ပြီးတော့ ပျောက်ကွယ်သွားပါတယ်။



“သူဘယ်ကို သွားတာလည်း?”

ရီချွမ်နဲ့ စနိုးတို့ ရေပြင်ကျယ်ကြီးကို မျက်မှောင်ကြုတ်ပြီး ကြည့်နေပါတယ်။


“မိန်းမ မင်းကော ဘာထင်လည်း။”

ရီချွမ်သူ့မိန်းမကို မေးလိုက်ပါတယ်။



“ဒီမှာ ဘာမှ ဖြစ်သွားတာ မတွေ့လိုက်ဘူး။ တိုက်ပွဲ မဖြစ်တာ သေချာတယ်။ သူရှေးဟောင်း အကြွင်းအကျန် ဒေသကို ရောက်သွားတာနေမယ်။ ဒီ ရှေးဟောင်း ဒေသက နေရာလွတ် တခုခု မှာ ရှိပြီးတော့ ငါတို့နဲ့ အလွှာလေးပဲ ခြားထားမယ်ထင်တယ်။ ဒါပေမဲ့ ငါတို့ ဘယ်လိုမှ အာရုံခံလို့ မရဘူး။”


“ဖြစ်နိုင်တာက  ငါတို့သားလေး Serpentwing ရေကန်အောက်က သဲတစ်ပွင့်မှာ သိမ်းထားတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားတာနေမယ်။”


“ဒါမှမဟုတ် ရှေးကတည်းက ကိုယ်ရောင်ဖျောက်ထားတဲ့ ဝင်္ဂဘာတစ်ခုခု မှာ ပိတ်မိနေတာလား မသိဘူး။”


“ကျွန်မတို့ ၂ယောက်တည်းနဲ့ ဒါတွေကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး။”

စနိုးခေါင်းခါလိုက်ပါတယ်။
“အခု ကျွန်မတို့ သားလေး ပြန်လာတာ စောင့်နေရုံပဲ ရှိတော့တယ်။”


“အမှန်ပဲ။ စောင့်နေမှပဲ ရတော့မယ်။”

ရီချွမ် ရေပြင်ကြီးကို ကြည့်ပြီး ပြောလိုက်ပါတယ်။
“ငါတို့သားလေး ရေပြင်ပေါ်ကနေ ငါတို့ဆီကို ပြေးလာတာကို မြင်ယောင်နေမိတယ်။….”



စနိုး ခေါင်းညိတ်လိုက်ပြီးတော့ ရီချွမ်းရင်ခွင်ထဲ မှီလိုက်ပါတယ်။



သူတို့တွေ စောင့်နေကြမှာပါ။ သူတို့သား ပြန်အလာကို စောင့်ကြိုနေကြမှာပါ။



….



ရေအောက်နန်းတော်က စင်္ကြန်လမ်းကတော့ အလွန်ကို မှောင်မိုက်နေပါတယ်။ ဒီနေရာမှာ အချိန်စီးဆင်းမှု အလွန်နှေးကွေးတယ်လို့ ခံစားမိပါတယ်။



နင်ရဲ့ နတ်ဘုရား စွမ်းအင်တွေ ပြန်ပြည့်လာလို့ မတ်တပ်ရပ်လိုက်ပါတယ်။ နောက် စင်္ကြန်လမ်းတစ်ဖက်က အရိုးစုတွေကို စိုက်ကြည့်လိုက်ပါတယ်။ သူနားလည်လိုက်ပါတယ်။ သူ့မှာ နောက်ပြန်လှည့်စရာလမ်း မရှိပါဘူး။ သူ ဒီကလွတ်မြောက်ချင်ရင် ရှေ့ဆက်သွားဖို့တစ်နည်းပဲ ရှိပါတယ်။



“ငါ အသက်ရှင်ရမယ်။”

နင် အရိုးစုတွေကို စိုက်ကြည့်လိုက်ပါတယ်။ ပြီးတာ့ သူလမ်းဆက်လျှောက်သွားပါတော့တယ်။




Chapter 16 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 17 တာအို တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ







Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…










Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)