ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 6 အျပန္လမ္း၀ယ္


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 6 အျပန္လမ္း၀ယ္

“ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း ဟာ ငါတို႕ ယုခ်ီ ကလန္ရဲ့ မူလ အေျခခံ အုတ္ျမစ္ က်င့္စဥ္ ျဖစ္ျပီးေတာ့ အျပင္သူေတြကို သင္ၾကားေပးခြင့္ မရွိဘူး။”

ေရႊေရာင္ စာအုပ္အဖံုးကို လွန္လိုက္ျပီးတာ့ ပထမဆံုး ေတြ႕လိုက္ရတဲ့ စာသားပါ။ နင္ အလြန္ အံ့ၾသသြားပါတယ္။ ယုခ်ီ ကလန္.. သူ႕အေမ နာမည္က ယုခ်ီ စႏိုးေလ.. ဒါဆို အေမက ယုခ်ီ ကလန္ကလား… ဒီလို ၾကမ္းတမ္းတဲ့ ေဒသၾကီးထဲမွာ ကလန္ေလးေတြဟာ နာမည္ေကာင္းေကာင္း မရွိၾကပါဘူး.. မ်ားေသာအားျဖင့္ Blacktooth , blackstone , Ironhead…etc.. စသည္ျဖင့္ အဆင္ေျပသလို နာမည္ေပးၾကပါတယ္။ အရမ္းကို ၾကီးက်ယ္တဲ့ ကလန္ၾကီးေတြသာ မ်ိဳးရိုးနာမည္ကို သံုးၾကတာပါ။

“အေမက ယုခ်ီကလန္အေၾကာင္း ငါ့ကို တခါမွ မေျပဖူးဘူး။ ငါက အေမ့သားဆိုေတာ့ ယုခ်ီကလန္ရဲ့ ေသြးမ်ိဳးဆက္လို႕ ေျပာလို႕ရတယ္။ ဒါေပမဲ့ ငါက ယုခ်ီကလန္ရဲ့ တစိတ္တပိုင္းပဲ ဆိုင္တယ္။ ဒါေပမဲ့ အေမက ငါ့ကို ဒီပညာ သင္ေပးခဲ့တာပဲ။ ငါေမြးကတည္း စျပီးေတာ့ ယုခ်ီကလန္အေၾကာင္း တခါမွ မၾကားဖူးဘူး။”

တဘ၀လံုး နင္ဖတ္ခဲ့တဲ့ စာအုပ္ေတြကို အမ်ားၾကီးရွိျပီ ေျပာလို႕ရတယ္။ ဒါေပမဲ့ ဘယ္စာအုပ္မွာမွ ယုခ်ီ ကလန္ အေၾကာင္း မပါဘူး။ ဒါေၾကာင့္ ယုခ်ီ ကလန္က အနီး၀န္းက်င္ ေဒသေတြက မျဖစ္ႏိုင္ဘူး။

ဒါလည္း အဓိပၸါယ္ ရွိပါတယ္…

အေမ နဲ႕ အေဖက ဟိုး အေ၀းတစ္ေနရာက ဒက္ေနာ့ ပင္လယ္ မွာ ေတြ႕ဆံုခဲ့ၾကျပီးေတာ့ အတူတူ စြန္႕စားခန္းေတြ ထြက္ခဲ့ၾကတာ။

“အေမ တခါမွ ယုခ်ီ ကလန္အေၾကာင္း ေျပာတာ မၾကားဖူးဘူး။ အေမက ကလန္ကို စြန္႕ခြာလာတာလား ဒါမွ မဟုတ္ ကလန္ ပ်က္ဆီးသြားတာလား တခုခုပဲ။ ထားလိုက္ပါ.. ဒါေတြက အခု အေရးမပါေတာ့ပါဘူး..”

နင္ေခါင္းငံု႕ျပီးေတာ့ စာဆက္ဖတ္လိုက္ပါတယ္။ ဒီစာအုပ္က “ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” က်င့္စဥ္ရဲ့ ရာဇ၀င္ကို အေသးစိတ္ ေဖာ္ျပထားပါတယ္။

ယုခ်ီ ကလန္ရဲ့ စတင္တည္ေထာင္သူ ယုခ်ီ အန္တြန္ ဆိုတဲ့ ဘိုးေဘးၾကီးဟာ ကၽြန္တစ္ဦးအေနနဲ႕ ေမြးဖြားလာတာပါ။

တစ္ရက္ ေတာင္ကုန္းေပၚမွာ အမဲလိုက္ရင္နဲ႕ ဒဏ္ရာျပင္းျပင္းထန္ထန္ရေနတဲ့ ကေလးတစ္ဦးကို ကယ္တင္ခဲ့ပါတယ္။ သူအလုပ္ကို ၾကိဳးၾကိဳးစားစားလုပ္ျပီးေတာ့ ေငြရွာျပီး ကေလးေလးကို ေသခ်ာျပဳစုခဲ့တဲ့အတြက္ ကေလးငယ္ဟာ ေနျပန္ေကာင္းစ ျပဳလာပါတယ္။  ႏွစ္၀က္ေလာက္ အၾကာမွာေတာ့ ကေလးငယ္ဟာ သူ႕ရဲ့ မူလဇစ္ျမစ္ကို အသိေပးလိုက္ပါတယ္။ ဒီ ကေလးငယ္ေလးဟာ တကယ္ေတာ့ ႏွစ္ေပါင္းမ်ားစြာ တရားက်င့္ခဲ့တဲ့ ေကာင္းကင္ တန္ခိုးရွင္ တစ္ဦးပါ။ ေလကသံုးပါး ရဲ့ အခ်ဳပ္အေႏွာင္ကေန ကင္းလြတ္သြားခဲ့တာ ႏွစ္ေပါင္း မေရမတြက္ႏိုင္ေတာ့ပါဘူး။ ဒီတစ္ၾကိမ္မွာ သူဟာ ကပ္ေဘးၾကီးတစ္ခုနဲ႕ ရင္ဆိုင္ၾကံဳေတြ႕ခဲ့ရတဲ့အတြက္ အစြမ္းကုန္ သံုးျပီးေတာ့ ဒီေတာင္ကုန္းကို ထြက္ေျပးလြတ္ေျမာက္လာခဲ့တာပါ။ သူ ဒဏ္ရာ အၾကီးအက်ယ္ရခဲ့ျပီး အစြမ္းမဲ့ခဲ့ပါတယ္။ ဒီ အခ်ိန္မွာသာ သူ မြန္းစတား သတၱ၀ါဆိုး တစ္ေကာင္ေကာင္နဲ႕ ေတြ႕ခဲ့ရင္ အစားခံရရံုပဲ ရွိပါတယ္။

ဒီကေလးငယ္က သူ႕ကိုယ္သူ ဆူဟန္ လို႕ ေျပာပါတယ္။ ျပီးေတာ့ သူဟာ ဖင္းေဂါ့ေခတ္ကတည္းက အင္ေမာ္တယ္ ျဖစ္ခဲ့ျပီးျပီလို႕လည္း ေျပာျပခဲ့ပါတယ္။

ဒီ အင္ေမာ္တယ္ ဆူဟန္ဟာ အန္တြန္ကို ပညာေတြ သင္ၾကားေပးခဲ့ပါတယ္။ အန္တြန္ဟာ ဖင္းေဂ့ါ ခႏၶာကိုယ္ က်င့္စဥ္မွာ ပါရမီ အရမ္း ရွိလိမ့္မယ္လို႕ ဘယ္သူမွ မထင္ထားၾကပါဘူး။ ဆူဟန္ဟာ အန္တြန္နဲ႕ ႏွစ္ေပါင္းတရာတိတိ အတူရွိေနခဲ့ျပီး သူ႕ရဲ့ နတ္ဘုရား ပညာရပ္ေတြကိုလည္း သင္ၾကားပို႕ခ်ေပးခဲ့ပါတယ္။ “ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” ကို သင္ၾကားေပးျပီးတဲ့အခါမွာေတာ့
“ငါတို႕ရဲ့ ေရစက္က ဒီေနရာမွာ အဆံုးသတ္ခဲ့ျပီ။ မင္းေကာင္းေကာင္းမြန္မြန္ ေနထိုင္ႏိုင္လိမ့္မယ္လို႕ ငါေမွ်ာ္လင့္မိပါတယ္။”

သူ အေ၀းကို ပ်ံသန္း ေပ်ာက္ကြယ္သြားပါေတာ့တယ္။

….

“Celestial Immortal ေကာင္းကင္ အင္ေမာ္တယ္”
“နတ္ဘုရား တန္ခိုးပညာ”
နင္ အရမ္း အံ့ၾသသြားပါတယ္။

ဒါ..ဒါက..

ငရဲျပည္မွာ ခ်ိဳင္ နန္းေတာ္သခင္ေျပာခဲ့တာက ေကာင္းကင္ စစ္သားေတြ နဲ႕ စစ္သူၾကိးေတြဟာ( ႏု၀ါရဲ့ ပန္းခ်ီကားလိုမ်ိဳး)  ပံုရိပ္ေဖာ္ တရားက်င့္စဥ္ေတြကို ရရွိျပီးခဲ့တာေတာင္မွ စမ္းသပ္မႈနဲ႕ ကပ္ေဘးေပါင္း မေရမတြက္ႏိုင္ေအာင္ ေက်ာ္ျဖတ္ႏိုင္မွ ေကာင္းကင္ အင္ေမာ္တယ္ ျဖစ္တာ။  ဒါဆီယန္ မင္းဆက္မွာေတာင္မွ ေကာင္းကင္ တန္ခိုးရွင္တစ္ေယာက္ဟာ ႏွစ္ေပါင္း သန္းနဲ႕ခ်ီ ၾကာခဲ့ရင္ေတာင္မွ မေပၚလာႏိုင္ေသးဘူး။ သူတို႕ေတြဟာ ေလာက သံုးပါးမွာ အေႏွာင္အဖြဲ႕ မရွိ ၾကိဳက္သလို သြားလာႏိုင္သူ ဧကန္ အမွန္ပါပဲ။ ငရဲျပည္ ခံုရံုး နဲ႕ နတ္ျပည္ ခံုရံုးက သူတို႕ကို စည္းၾကပ္ထားျခင္းမရွိေတာ့ပါဘူး။ သူတို႕ဟာ သူတို႕ စိတ္ၾကိဳက္ ေနထိုင္ႏိုင္တဲ့ အင္ေမာ္တယ္ တန္ခိုးရွင္ အစစ္အမွန္ေတြပါပဲ။

“အေမ႔ရဲ့ ယုခ်ီကလန္ဟာ ဒီလို သမိုင္းေၾကာင္းမ်ိဳး ရွိလိမ့္မယ္လို႕ ဘယ္သူက ထင္မွာလည္း။ ”
နင္ေတာ္ေတ္ာ တုန္လႈပ္သြားပါတယ္။
“ဒီ သမိုင္းေၾကာင္းက ငါတို႕ ဂ်ိကလန္ရဲ့ သမိုင္းေၾကာင္းထက္ ပိုျပီးေတာ့ ၾကီးက်ယ္ခမ္းနား လြန္းတယ္။”

“ျပီးေတာ့ “ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” က နတ္ဘုရား က်င့္စဥ္ ပညာရပ္”

နင္ အသက္ေတာင္ မရွဴႏိုင္တာ့ပါဘူး။

နတ္ဘုရား က်င့္စဥ္ ပညာရပ္ဆိုတာဘာလည္း။
တခ်ိဳ႕ ဒ႑ာရီလာ နတ္ဘုရား အစြမ္းေတြကေတာ့ ေနဖမ္း သိုင္းက်မ္း၊ အသြင္ေျပာင္းျခင္း ၇၂ပါး၊ ေခါင္း ၃လံုး လက္ ၆ဖက္၊ ဟုန္ယြိ ေနပစ္ ျမားပညာ စတဲ့ ပညာရပ္ေတြ ပါ။ ဒါေတြဟာ ေရွးေခတ္ ဒ႑ာရီထဲက ဖင္းေဂါ့ေတြ ေမြးကတည္းက ပါလာ ဒါမွ မဟုတ္ တီထြင္ခဲ့တဲ့ ပညာရပ္ေတြပါ။ ဒီ ပညာရပ္ေတြကိုပဲ နတ္ဘုရား ပညာရပ္ေတြလို႕ ေခၚလို႕ရပါတယ္။ ဖင္းေဂါ့ ခႏၶာကုိယ္ ပိုင္ဆိုင္တဲ့ ဖင္းေဂါ့က်င့္စဥ္ က်င့္သူေတြသာ ေလ့က်င့္လို႕ ရတဲ့ ပညာရပ္ေတြျဖစ္ျပီးေတာ့ ဇီဖူတန္ခိုးရွင္အဆင့္မွာ စတင္ေလ့က်င့္လို႕ ရပါတယ္။

ဒါေပမဲ့ နတ္ဘုရား က်င့္စဥ္ေတြဟာ အရမ္းကို ရွားပါး တန္ဖိုး ၾကီးမားလြန္းလွတဲ့အတြက္ ဇီဖူအဆင့္ေရာက္သူတိုင္းဟာ ေလ့က်င့္လို႕ရတယ္ေျပာေပမဲ့ တစ္ကယ္တမ္းေတာ့ သူတို႕ေတြမွာ ေလ့က်င့္ခြင့္ကို တဘ၀လံုး မရသြားတဲ့ သူေတြ အမ်ားၾကီးပါပဲ။

“နတ္ဘုရား အစြမ္း က်င့္စဥ္ေတြဟာ ဇီဖူအဆင့္မွာ စျပီးအသံုးျပဳလို႕ ရျပီဆိုေပမဲ့ အေမက ဇင္တ်န္ အဆင့္မွာထဲက စျပီး ေလ့က်င့္ဖို႕ မွာတားတယ္။ ဘာလို႕ပါလိမ့္။”
နင္လည္း “ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” ရဲ့ အေသးစိတ္ကို ေသခ်ာ ဖတ္ရႈေနမိပါေတာ့တယ္။

ဖတ္…
ေရႊစာရြက္ တရြက္ျပီး တစ္ရြက္ လွန္လိုက္တဲ့အခါမွာေတာ့ စာရြက္တစ္ရြက္က မျခားစာရြက္ေတြနဲ႕ မတူပဲ ထူးျခားေနတာ ေတြ႕ရပါတယ္။ ဒီ ေရႊစာရြက္က အလင္းေတြ ထြက္ေနတာေတြ႕ရျပီးေတာ့ ပံုတစ္ပံုကို စာရြက္ ထိပ္မွာ ျခစ္ထားပါတယ္။ အလြန္ၾကီးမားတဲ့ လင္းယုန္ ငွက္ၾကီး ပ်ံသန္းေနပံုပါ။

ငွက္ၾကီးဟာ ေတာင္ပံျဖန္႕ထားပါတယ္။  တစ္ခ်ိန္မွာ သူဟာ ေျမျပင္ကို ထိုးစိုက္ဆင္းသြားပါတယ္။ တစ္ခ်ိန္မွာေတာ့ ေကာင္းကင္ ကိုးခုကို ျဖတ္သြားပါတယ္။ တခါတရံမွာ ပင္လယ္ထဲကို ထိုးစိုက္ဆင္းသြားပါတယ္။ တစ္ခ်ိန္မွာေတာ့ ေျမျပင္မွာ ရပ္နားလိုက္ပါတယ္။ တစ္ခ်ိန္မွာေတာ့ ေျမၾကီးရဲ့ အနက္ရႈိင္းဆံုးကို ထိုးေဖာက္၀င္ေရာက္သြားပါတယ္။

နင္ဟာ ဒီပံုရိပ္ရဲ့ အက်ိဳးသက္ေရာက္မႈကို ခံရပါတယ္။  သူဟာ ပ်ံသန္းေနတဲ့ ငွက္ၾကီးကို ျမင္ရံုတင္မကပဲ  ငွက္ၾကီးဟာ ၾကယ္တာရာ အလင္းေတြပါ ေတာက္ပေနတာ ေတြ႕ရပါတယ္။ နတ္ဘုရား စြမ္းအင္ေတြဟာ ငွက္ၾကီးရဲ့ ေသြးေၾကာေတြထဲ စီးဆင္းေနသလိုပါပဲ။

အလင္း ၂ခုက ေတာင္ပံတစံုမွာ ေတာက္ပေနပါတယ္။

“လင္းယုန္ ငွက္ၾကီးက ေတာင္ပံျဖန္႕ျပီးေတာ့ ကီလိုမီတာ ေထာင္ခ်ီ ပ်ံသန္းခဲ့တယ္။”

“ဆရာ ဆူဟန္ ေျပာသလိုပဲ။ ငါက ေတာ္ေတာ္ကို အဆင့္နိမ့္ေနေသးတယ္။ ငါ့ရဲ့ ယုခ်ီကလန္က ဆင္းသက္လာသူတိုင္း ဒီ “ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” က်င့္စဥ္ကို အာရံုစိုက္ ေလ့က်င့္သင့္တယ္။ တရက္ေတာ့ သူတို႕ေတြ ဒီ နတ္ဘုရား စြမ္းအင္ ပညာရပ္မွာ အဆင့္အျမင့္ဆံုးကို ေရာက္ဖို႕ပဲ ေမွ်ာ္လင့္မိတယ္။ “ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” ရဲ့ ပံု ၈၁ ပံုဟာ အရမ္းကို နက္နဲျပီးေတာ့ လွ်ိဳ႕၀ွက္ခ်က္ေတြနဲ႕ ျပည့္ေနတယ္။ သူကို တရားထိုင္ေလ့က်င့္ခဲ့ရင္ ရမဲ့ အကိ်ဳၚေက်းဇူးဟာ အႏိႈင္းအဆမဲ့ပဲ။”

““ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” ကို အဆင့္မ်ားၾကီး ခြဲထားတယ္။ တစ္ခ်ိန္မွာ နတ္ဘုရား စြမ္းအင္ဟာ ခႏၶာကိုယ္မွာ ေတာင္ပံတစ္စံု ဖြဲ႕ႏိုင္ျပီဆိုမွသာ နတ္ဘုရား အစြမ္း ရျပီ ေျပာလို႕ ရတယ္။ ဒါေပမဲ့ “ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” ဟာ နတ္ဘုရားက်င့္စဥ္အေနနဲ႕ ရွိျပီးေတာ့ ေတာ္၀င္ ရွ အင္ပါယာက အရမ္းကို ေက်ာ္ၾကားတဲ့ တန္ခိုးရွင္ေတြဟာ မနာလိုမႈေတြ ရွိေနျပီးေတာ့ ဒီ ပညာကို အျပိဳင္အဆိုင္ လိုခ်င္ေနၾကတယ္။ ဒါေၾကာင့္ ငါ့ကလန္ရဲ့ သားစဥ္ေျမးဆက္ဟာ ေတာင္ပံေမွာ္ရတနာကိုပါ ၀တ္ဆင္ျပီးေတာ့ ဒီပညာနဲ႕ အတူ တြဲသံုးရမယ္။ ဒါမွသာ သူတို႕ေတြဟာ ေမွာ္ရတနာကို အမွီျပဳျပီးေတာ့ ျမန္ျမန္ ပ်ံသန္းႏိုင္ရံုသာမက ဒီလို နတ္ဘုရား အစြမ္းက်င့္စဥ္ ရွီတယ္ဆိုတာကို လည္း ဘယ္သူမွ မသိေအာင္ ဖံုးကြယ္ျပီးသား ျဖစ္မယ္။”

နင္ စာအုပ္ကို ပိတ္လိုက္ပါေတာ့တယ္။

အခ်ိန္ေတာ္ေတာ္ၾကာမွ သူ စိတ္တည္ျငိမ္မႈ ရလာပါတယ္။

“ငါ့ အေမမွာ သာမာန္မဟုတ္တဲ့ ေက်ာေထာက္ေနာက္ခံ ရွိေနတာပဲ။”
နင္ မ်က္ေမွာင္ ၾကဳတ္လိုက္ပါတယ္။
“ဒီ စာအုပ္က စာရြက္တိုင္းဟာ ေရႊေရာင္ ျဖစ္ေနေပမဲ့ လင္းယုန္ပံု ၈၁ ပံုပါေနတဲ့ စာရြက္က မတူပဲ ကြဲေနတယ္။ ျပီးေတာ့ ဒီ အံ့မခန္း ဖြယ္ ရုပ္ပံုေတြဟာ အင္ေမာ္တယ္ ဆူဟန္ ကိုယ္တိုင္ ေရးေပးခဲ့ပံုရတယ္။”

“အင္ေမာ္တယ္ ဆူဟန္ဟာ “ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” ကို သင္ၾကားေပးခဲ့ေပမဲ့ မိတၳဳ တခုပဲ ေပးခဲ့ပံုရတယ္။ ေျပာရရင္ေတာ့ ယုခ်ီကလန္မွာ လွ်ိဳ႕၀ွက္က်မ္း တစ္ခုတည္း ရွိတာပဲ။”
နင္ ေတြးေနမိတယ္။

သူဟာ ပထမဆံုး အၾကိမ္ လင္းယုန္ပံု ၈၁ ပံုကို ေတြ႕တာျဖစ္ေပမဲ့၊ နင္ဟာ ဒီ ပံုေတြအားလံုးဟာ မခန္႔မွန္းႏိုင္တဲ့ လွ်ိဳ႕၀ွက္ခ်က္ေတြ ျပည့္ေနတယ္လို႕ အာရံုရေနတယ္။ သူ တာအိုရဲ့ ဥာဏ္ပညာရတုန္းက ခံစားမႈနဲ႕ အတူတူပဲ။ အရမ္းကို နက္နဲတဲ့ အရာကို သိတဲ့ ခံစားမႈ။ ဒီက်င့္စဥ္ကို အဆင့္အျမင့္ဆံုး ေရာက္ေအာင္ က်င့္ႏိုင္သူသာ ဒီလို ပံုမ်ိဳးေတြ ေရးဆြဲႏိုင္မွာပါ။

“ဘိုးေဘး ယုခ်ီဟာ ဒီစာအုပ္ ေကာ္ပီ တစ္အုပ္တည္း ရွိေပမဲ့ အခု အေမက သိမ္းထားတယ္။ ယုခ်ီကလန္ ပ်က္ဆီးသြားတာမ်ားလား… တျခား အေၾကာင္း ရွိဦးမလား….”
နင္ ေတြးေနမိတယ္။

သူ႕အေမရဲ့ ေဆြမ်ိဳးသားခ်င္းေတြအတြက္ စိတ္ပူမိေပမဲ့ သူဟာ ယုခ်ီကလန္နဲ႕ တိုက္ရိုက္ ဆက္ႏြယ္ေနမႈ မရွိပါဘူး။ နင္ေတြးေနတာကို ရပ္တန္႕လိုက္ပါတယ္။

“ငါ ေသေသခ်ာခ်ာ ေလ့က်င့္မွရမယ္။”

လဟာ ေကာင္းကင္ အျမင့္ဆံုးကို ေရာက္ေနပါျပီ။ နင္ဟာ ေရကန္ စပ္မွာ ထိုင္လိုက္ျပီးေတာ့ လင္းယုန္ပံုေတါကို ေသခ်ာ ၾကည့္ေနမိပါတယ္။

“ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း”ဟာ အဆင့္ေတြ အမ်ားၾကီး ခြဲျခားထားပါတယ္။ နတ္ဘုရားစြမ္းအင္ေတြနဲ႕ ေတာင္ပံတစ္စံု ဖန္ဆင္းႏိုင္မွသာ ဒီက်င့္စဥ္ တည္ေဆာက္ျပီးျပီ ေျပာလို႕ရပါတယ္။ ဒါေပမဲ့ လိုအပ္တဲ့ နတ္ဘုရား စြမ္းအင္ေတြက အရမ္းမ်ားျပားပါတယ္။ ဇီဖူအဆင့္မွသာ အသံုးျပဳလို႕ ရပါလိမ့္မယ္။

“ငါ့အေမက ငါ့ကို ဇင္တ်န္ အဆင့္မွာတည္းက ဖတ္ခိုင္းထားတယ္။”
နင္ ရယ္ေမာလိုက္ပါတယ္။
“ငါ နတ္ဘုရား အစြမ္းနဲ႕ ေတာင္ပံတစံု မဖန္တီးႏိုင္ေသးေပမဲ့ လင္းယုန္ပံု ၈၁ ပံုဟာ မခန္႕မွန္းႏိုင္တဲ့ လွ်ိဳ႕၀ွက္မႈေတြ ျပည့္ေနတယ္။ ငါ ဒီမွာ ဥာဏ္အလင္း ရခဲ့ရင္ ငါ့ခႏၶာကိုယ္အတြက္ ေတာ္ေတာ္ အေထာက္အကူ ရွိမွာပဲ။”

နင္ဟာ တာအို ရဲ့ အစစ္အမွန္ သေဘာတရားကို အစြန္အဖ်ားေလာက္ နားလည္ေနပါျပီ။

တစ္ေယာက္ရဲ့ ဥဏ္အလင္း ျမင့္မားလာတာနဲ႕ အမွ် လင္းယုန္ ပံု ၈၁ ပံုဟာ ဘယ္ေလာက္ေတာင္ အံ့မခန္း ေလးနက္မႈေတြ ပါေနတယ္ဆိုတာကို ေျပာလာႏိုင္ပါတယ္။ သူ ဒီက်င့္စဥ္ကို ေသခ်ာ တရား ရွဳမွတ္ ေလ့က်င့္ဖို႕ လိုအပ္ပါတယ္။

….

အခ်ိန္ေတြ ကုန္ဆံုးလာခဲ့ပါျပီ။

ေရႊက်ီးကန္း ဆိုတဲ့ ေနမင္းၾကီး အိပ္ေပ်ာ္သြားလို႕ ယုန္ကေလး လဟာ ထြက္ေပၚလာပါတယ္။

တစ္ရက္ျပီး တစ္ရက္ ကုန္ဆံုးသြားပါျပီ။ နင္ကေတာ့ ေတာအုပ္ေလးထဲမွာ “ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” ကို စိတ္ႏွစ္ေလ့လာေနပါတယ္။ သူ႕ခႏၶာကုိယ္ဟာ ေတာအုပ္ကို မၾကာခဏ ျဖတ္သန္းသြားပါတယ္။ အခ်ိန္တိုင္းမွာ လႈပ္ရွားမႈဟာ ပို ေ၀းကြာလာျပီးေတာ့ ပိုျပီးလည္း ျမန္လာပါတယ္။

“ငါဒီမွာ ေလ့က်င့္တာ တစ္လေက်ာ္ ရွိျပီ။”
နင္ဟာ ေကာင္းကင္က ေနကို ၾကည့္ျပီး အာရံုျပန္ရလာပါတယ္။
“အင္း.. ငါမျပန္ရင္ ေဆာင္းဦးသစ္ရြက္ေလး နဲ႕ က်န္တဲ့သူေတြ အလန္႕တၾကား အေနာက္ဘက္ျမိဳ႕ေတာ္ကို သတင္းပို႕ၾကဦးမယ္။”

“ကဲ.. ျပန္ဖို႕ အခ်ိန္တန္ျပီ။”

နင္ျပံဳးလိုက္ပါတယ္။ ပတ္၀န္းက်င္ကို ေလ့လာၾကည့္လိုက္ေတာ့ ေရကန္ေလးကလည္း တည္ညိမ္ျမဲ တည္ျငိမ္ေနဆဲပါပဲ။ ေရျမက္ေလးေတြဟာ ေရကန္ေလး ေအာက္ေျခမွာ လႈပ္ရွားေနၾကပါတယ္။

“လြန္ခဲ့တဲ့ လမွာ ငါေတာ္ေတာ္ တိုးတက္လာတယ္။”
နင္အရမ္းကို ေပ်ာရႊင္ေနပါတယ္။
သူဟာ ကီေကာ ဖင္းေဂါ့ ခႏၶာကိုယ္မွာပါ ဇင္တ်န္ အဆင့္ေရာက္တာင္ မကပဲ နတ္ဘုရား အစြမ္းျဖစ္တဲ့ “ေလ ေတာင္ပံ ေရွာင္ရွားနည္း ကုိယ္ေဖာ့က်မ္း” ကိုလည္း ေလ့လာခဲ့ျပီးပါျပီ။ သူ အမ်ားၾကီး တိုးတက္လာပါတယ္။

“အိမ္ျပန္ဖို႕ အခ်ိန္ေရာက္ျပီ။”

နင္ ခုန္ေျပးလိုက္ပါတယ္။

“ရႊစ္”

အရိပ္ ဗလာသာ ျမင္ရျပီးေတာ့ ငွက္ကေလး တစ္ေကာင္ ပ်ံသန္းသြားသလို တစ္ခဏ အတြင္း ကီလိုမီတာ တစ္ခု အကြာအေ၀းကို ေရာက္သြားပါတယ္။ သူ႕အျမန္နႈန္းဟာ သံမဏိ သစ္ပင္ဂ်န္ ခႏၶာေပါ့ပါး တံဆိပ္ေတာ္ နဲ႕ နတ္ဘုရား လႈပ္ရွားမႈ တံဆိပ္ေတာ္ အသံုးျပဳျပီး ေျပးသြားတာထက္ေတာင္မွ အမ်ားၾကီး ျမန္ေနပါတယ္။


ၾကမ္းတမ္းတဲ့ တစ္ေနရာက အထီးက်န္တဲ့ မ်ိဳးႏြယ္စုေလးတစုမွာ .. ေက်ာက္တံုးနဲ႕ လုပ္ထားတဲ့ အခန္းေလးေတြ အမ်ားၾကီး ရွိေနပါတယ္။ ဒီမ်ိဳးႏြယ္စုဟာ လံုး၀ တိတ္ဆိတ္ေနပါတယ္။ မ်ိဳးႏြယ္စု ရြာသားေတြဟာ စြန္႕ခြာသြားခဲ့ၾကတာေတာ္ေတာ္ၾကာပံု ရပါတယ္။

ဒါေပမဲ့ ရြာအစြန္က ေက်ာက္တံုး အိမ္ေလးေတြမွာေတာ့ အနက္ေရာင္ ၀တ္ထားတဲ့ အေစာင့္ေတြ စုေနတာကို ေတြ႕ရပါတယ္။

ေဆာင္းဦးသစ္ရြက္ေလးဟာ ေက်ာက္တံုးေပၚမွာ ထိုင္ျပီး အေ၀းကို ေငးၾကည့္ေနပါတယ္။

Serpentwing ေရကန္က အျဖစ္အပ်က္ေၾကာင့္ ဂ်ိနင္ဟာ မို၀ူ နဲ႕ ေဆာင္းဦးသစ္ရြက္ေလးကို မက္တယ္စတုန္း မ်ိဳးနြယ္စုအျပင္ ေခၚထုတ္လာခဲ့ပါတယ္။ အခုေတာ့ ဒီအျဖစ္အပ်က္ေတြ ေအးခ်မ္းသြားပါျပီ။ နင္က ေဆာင္းဦးသစ္ရြက္ေလးနဲ႕ မို၀ူတို႕ကို အနက္ေ၇ာင္ စစ္သူရဲေတြနဲ႕ ခဏ ထားခဲ့ပါတယ္။

ဂ်ိကလန္ အုပ္ခ်ဳပ္တဲ့ နယ္ေျမေတြဟာ အရမ္းကို ၾကီးမားက်ယ္ျပန္႕လြန္းပါတယ္။ အနက္ေရာင္ ျမင္းစီးသူရဲေတြဟာ ေဒသအႏွံ႕မွာ ျဖန္႕က်က္ ထားရပါတယ္။ သူတို႕ေတြကို လိုအပ္တဲ့အခါမွာ စုစည္းလိုက္ရင္ မေရမတြက္ ႏိုင္ေအာင္မ်ားျပားတဲ့ မ်ိဳးႏြယ္စုေတြအကုန္ ေၾကာက္ရြံ႕ရတဲံ တပ္ၾကီ း ျဖစ္လာပါလိမ့္မယ္။

“သခင္ေလး..”
ေဆာင္းဦးသစ္ရြက္ေလးျပံဳးျပီးေတာ့ အေ၀းကို ေမွ်ာ္ၾကည့္ျပီး မတ္တပ္ရပ္လိုက္ပါတယ္။

မို၀ူနဲ႕ အနက္ေရာင ္ျမင္းစီးသူရဲေတြလည္း လွည့္ၾကည့္လိုက္ၾကပါတယ္။ အေ၀းက လူရိပ္ဟာ ခ်က္ျခင္းပဲ ေတာအုပ္ကို ျဖတ္သန္းျပီးေတာ့ ရြာေလးထဲ ေရာက္လာတာကို ေတြ႕လိုက္ရပါတယ္။ နင္က ျပံဳးျပီးေတာ့ ေလွ်ာက္လွမ္းလာပါတယ္။

“ဟင္..”
ေဆာင္းဦး သစ္ရြက္ေလး နည္းနည္း အံ့ၾသသြားပါတယ္။ အေ၀းက ေလွ်ာက္လာတဲ့ သူမရဲ့ သခင္ေလးဟာ တမ်ိဳးေျပာင္းလဲေနတာ သတိထားမိတာပါ။ သူ႕ရဲ့ ရင္းႏွီးျပီးသား ေအာ္ရာကေတာ့ မေျပာင္းလဲေပမဲ့ ေကာင္းကင္နဲ႕ ေျမၾကီးရဲ့ အႏွစ္သာရေတြဟာ သခင္ေလးဆီကေန ျဖာထြက္ေနသလိုပါပဲ။ ဒါေပမဲ့ နင္ အနီးမွာ ငယ္ငယ္ေလး ကတည္းက ေနခဲ့တဲ့ သူမသာ ဒီေလာက္ေလး ေျပာင္းလဲသြားမႈေတြကို သတိထားမိတာပါ။

“သခင္ေလး…”
မို၀ူ ေရွ႕ထြက္ျပီးေတာ့ ဦးညြတ္ အရိုအေသ ေပးလိုက္ပါတယ္။

“သခင္ေလး…”
အနက္ေရာင္ စစ္သူရဲေတြလည္း ဒူးေထာက္ အရိုအေသ ေပးလိုက္ၾကပါတယ္။

“မင္းတို႕ေတြ ျပင္ဆင္ထားၾကေတာ့..။ အခု ငါ့အတြက္ အိမ္ျပန္ဖို႕ အခ်ိန္တန္ျပီ။”
နင္ရယ္ေမာေျပာဆိုလိုက္ပါတယ္။

ေဆာင္းဦးသစ္ရြက္ေလး ပါးစပ္ အေဟာင္းသား ျဖစ္သြားပါတယ္။
“ျပန္.. ျပန္မယ္…”

“ပထမဆံုး Serpentwing ေရကန္ကို သြားၾကမယ္။”
နင္ရဲ့ မ်က္၀န္းဟာ အေရာင္ေတာက္ပေနပါတယ္။ သူ ဒီ ခရီးစဥ္ တေလွ်ာက္မွာ ဆံုးျဖတ္ခ်က္တခု ခ်ခဲ့ပါတယ္။ သူ ဇင္တ်န္ အဆင့္ကို ေရာက္သြားတာနဲ႕ Serpentwing နဲ႕ သြားရင္ဆိုင္ဖို႕ပါ။ Serpentwing က ဇင္တ်န္ အထြဋ္အထိပ္ အဆင့္ကိုေရာက္သြားေပမဲ့လည္း နင္က သူ႕ကိုယ္သူ ယံုၾကည္မႈ ျပည့္ေနပါတယ္။

“သခင္ေလး.. နင္…”
ေဆာင္းဦး သစ္ရြက္ေလးဟာ အံ့ၾသသလို ေပ်ာ္လည္း ေပ်ာ္ရႊင္ေနပါတယ္။ သူမက နင္သာ ဇင္တ်န္ အဆင့္ကို ေရာက္သြားတာနဲ႕ Serpentwing နဲ႕ သြားရင္ဆိုင္ဖို႕ စီစဥ္ထားတာကို ၾကိဳသိေနပါတယ္။

“ဟုတ္တယ္…”
နင္ ေခါင္းညိတ္လိုက္ပါတယ္။

ေဆာင္းဦးသစ္ရြက္ေလး အရမ္းကို သတိအျပည့္နဲ႕ ေနလိုက္ပါတယ္။ သူမ တခြန္းမွ ထပ္မေျပာေတာ့ပါဘူး။ ေခါင္းပဲ အထပ္ထပ္ ညိတ္လိုက္ပါတယ္။
“မို၀ူ.. ပစၥည္းေတြ ျမန္ျမန္ သိမ္းစမ္း.. ငါတို႕ သြားၾကေတာ့မယ္။”

တခဏအၾကာမွာ..
နင္၊ ေဆာင္းဦးသစ္ရြက္ေလး နဲ႕ မို၀ူတို႕ ၃ေယာက္သား အနက္ေရာင္ သတၱ၀ါၾကီးေတြ ကိုယ္စီ စီးနင္းျပီးေတာ့ ဒီ အထီးက်န္ ေဒသကေန ထြက္ခြာလာၾကပါေတာ့တယ္။

Chapter ၆ ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 7 Blacktooth မ်ိဳးႏြယ္စု


Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…


Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 6 အပြန်လမ်းဝယ်



“လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း ဟာ ငါတို့ ယုချီ ကလန်ရဲ့ မူလ အခြေခံ အုတ်မြစ် ကျင့်စဉ် ဖြစ်ပြီးတော့ အပြင်သူတွေကို သင်ကြားပေးခွင့် မရှိဘူး။”



ရွှေရောင် စာအုပ်အဖုံးကို လှန်လိုက်ပြီးတာ့ ပထမဆုံး တွေ့လိုက်ရတဲ့ စာသားပါ။ နင် အလွန် အံ့သြသွားပါတယ်။ ယုချီ ကလန်.. သူ့အမေ နာမည်က ယုချီ စနိုးလေ.. ဒါဆို အမေက ယုချီ ကလန်ကလား… ဒီလို ကြမ်းတမ်းတဲ့ ဒေသကြီးထဲမှာ ကလန်လေးတွေဟာ နာမည်ကောင်းကောင်း မရှိကြပါဘူး.. များသောအားဖြင့် Blacktooth , blackstone , Ironhead…etc.. စသည်ဖြင့် အဆင်ပြေသလို နာမည်ပေးကြပါတယ်။ အရမ်းကို ကြီးကျယ်တဲ့ ကလန်ကြီးတွေသာ မျိုးရိုးနာမည်ကို သုံးကြတာပါ။


“အမေက ယုချီကလန်အကြောင်း ငါ့ကို တခါမှ မပြေဖူးဘူး။ ငါက အမေ့သားဆိုတော့ ယုချီကလန်ရဲ့ သွေးမျိုးဆက်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ငါက ယုချီကလန်ရဲ့ တစိတ်တပိုင်းပဲ ဆိုင်တယ်။ ဒါပေမဲ့ အမေက ငါ့ကို ဒီပညာ သင်ပေးခဲ့တာပဲ။ ငါမွေးကတည်း စပြီးတော့ ယုချီကလန်အကြောင်း တခါမှ မကြားဖူးဘူး။”



တဘဝလုံး နင်ဖတ်ခဲ့တဲ့ စာအုပ်တွေကို အများကြီးရှိပြီ ပြောလို့ရတယ်။ ဒါပေမဲ့ ဘယ်စာအုပ်မှာမှ ယုချီ ကလန် အကြောင်း မပါဘူး။ ဒါကြောင့် ယုချီ ကလန်က အနီးဝန်းကျင် ဒေသတွေက မဖြစ်နိုင်ဘူး။



ဒါလည်း အဓိပ္ပါယ် ရှိပါတယ်…



အမေ နဲ့ အဖေက ဟိုး အဝေးတစ်နေရာက ဒက်နော့ ပင်လယ် မှာ တွေ့ဆုံခဲ့ကြပြီးတော့ အတူတူ စွန့်စားခန်းတွေ ထွက်ခဲ့ကြတာ။


“အမေ တခါမှ ယုချီ ကလန်အကြောင်း ပြောတာ မကြားဖူးဘူး။ အမေက ကလန်ကို စွန့်ခွာလာတာလား ဒါမှ မဟုတ် ကလန် ပျက်ဆီးသွားတာလား တခုခုပဲ။ ထားလိုက်ပါ.. ဒါတွေက အခု အရေးမပါတော့ပါဘူး..”



နင်ခေါင်းငုံ့ပြီးတော့ စာဆက်ဖတ်လိုက်ပါတယ်။ ဒီစာအုပ်က “လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” ကျင့်စဉ်ရဲ့ ရာဇဝင်ကို အသေးစိတ် ဖော်ပြထားပါတယ်။



ယုချီ ကလန်ရဲ့ စတင်တည်ထောင်သူ ယုချီ အန်တွန် ဆိုတဲ့ ဘိုးဘေးကြီးဟာ ကျွန်တစ်ဦးအနေနဲ့ မွေးဖွားလာတာပါ။



တစ်ရက် တောင်ကုန်းပေါ်မှာ အမဲလိုက်ရင်နဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေတဲ့ ကလေးတစ်ဦးကို ကယ်တင်ခဲ့ပါတယ်။ သူအလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီးတော့ ငွေရှာပြီး ကလေးလေးကို သေချာပြုစုခဲ့တဲ့အတွက် ကလေးငယ်ဟာ နေပြန်ကောင်းစ ပြုလာပါတယ်။  နှစ်ဝက်လောက် အကြာမှာတော့ ကလေးငယ်ဟာ သူ့ရဲ့ မူလဇစ်မြစ်ကို အသိပေးလိုက်ပါတယ်။ ဒီ ကလေးငယ်လေးဟာ တကယ်တော့ နှစ်ပေါင်းများစွာ တရားကျင့်ခဲ့တဲ့ ကောင်းကင် တန်ခိုးရှင် တစ်ဦးပါ။ လေကသုံးပါး ရဲ့ အချုပ်အနှောင်ကနေ ကင်းလွတ်သွားခဲ့တာ နှစ်ပေါင်း မရေမတွက်နိုင်တော့ပါဘူး။ ဒီတစ်ကြိမ်မှာ သူဟာ ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက် အစွမ်းကုန် သုံးပြီးတော့ ဒီတောင်ကုန်းကို ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။ သူ ဒဏ်ရာ အကြီးအကျယ်ရခဲ့ပြီး အစွမ်းမဲ့ခဲ့ပါတယ်။ ဒီ အချိန်မှာသာ သူ မွန်းစတား သတ္တဝါဆိုး တစ်ကောင်ကောင်နဲ့ တွေ့ခဲ့ရင် အစားခံရရုံပဲ ရှိပါတယ်။



ဒီကလေးငယ်က သူ့ကိုယ်သူ ဆူဟန် လို့ ပြောပါတယ်။ ပြီးတော့ သူဟာ ဖင်းဂေါ့ခေတ်ကတည်းက အင်မော်တယ် ဖြစ်ခဲ့ပြီးပြီလို့လည်း ပြောပြခဲ့ပါတယ်။



ဒီ အင်မော်တယ် ဆူဟန်ဟာ အန်တွန်ကို ပညာတွေ သင်ကြားပေးခဲ့ပါတယ်။ အန်တွန်ဟာ ဖင်းဂေ့ါ ခန္ဓာကိုယ် ကျင့်စဉ်မှာ ပါရမီ အရမ်း ရှိလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားကြပါဘူး။ ဆူဟန်ဟာ အန်တွန်နဲ့ နှစ်ပေါင်းတရာတိတိ အတူရှိနေခဲ့ပြီး သူ့ရဲ့ နတ်ဘုရား ပညာရပ်တွေကိုလည်း သင်ကြားပို့ချပေးခဲ့ပါတယ်။ “လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” ကို သင်ကြားပေးပြီးတဲ့အခါမှာတော့
“ငါတို့ရဲ့ ရေစက်က ဒီနေရာမှာ အဆုံးသတ်ခဲ့ပြီ။ မင်းကောင်းကောင်းမွန်မွန် နေထိုင်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်မိပါတယ်။”



သူ အဝေးကို ပျံသန်း ပျောက်ကွယ်သွားပါတော့တယ်။



….

“Celestial Immortal ကောင်းကင် အင်မော်တယ်”
“နတ်ဘုရား တန်ခိုးပညာ”

နင် အရမ်း အံ့သြသွားပါတယ်။



ဒါ..ဒါက..



ငရဲပြည်မှာ ချိုင် နန်းတော်သခင်ပြောခဲ့တာက ကောင်းကင် စစ်သားတွေ နဲ့ စစ်သူကြိးတွေဟာ( နုဝါရဲ့ ပန်းချီကားလိုမျိုး)  ပုံရိပ်ဖော် တရားကျင့်စဉ်တွေကို ရရှိပြီးခဲ့တာတောင်မှ စမ်းသပ်မှုနဲ့ ကပ်ဘေးပေါင်း မရေမတွက်နိုင်အောင် ကျော်ဖြတ်နိုင်မှ ကောင်းကင် အင်မော်တယ် ဖြစ်တာ။  ဒါဆီယန် မင်းဆက်မှာတောင်မှ ကောင်းကင် တန်ခိုးရှင်တစ်ယောက်ဟာ နှစ်ပေါင်း သန်းနဲ့ချီ ကြာခဲ့ရင်တောင်မှ မပေါ်လာနိုင်သေးဘူး။ သူတို့တွေဟာ လောက သုံးပါးမှာ အနှောင်အဖွဲ့ မရှိ ကြိုက်သလို သွားလာနိုင်သူ ဧကန် အမှန်ပါပဲ။ ငရဲပြည် ခုံရုံး နဲ့ နတ်ပြည် ခုံရုံးက သူတို့ကို စည်းကြပ်ထားခြင်းမရှိတော့ပါဘူး။ သူတို့ဟာ သူတို့ စိတ်ကြိုက် နေထိုင်နိုင်တဲ့ အင်မော်တယ် တန်ခိုးရှင် အစစ်အမှန်တွေပါပဲ။


“အမေ့ရဲ့ ယုချီကလန်ဟာ ဒီလို သမိုင်းကြောင်းမျိုး ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလည်း။ ”

နင်တော်တေ်ာ တုန်လှုပ်သွားပါတယ်။
“ဒီ သမိုင်းကြောင်းက ငါတို့ ဂျိကလန်ရဲ့ သမိုင်းကြောင်းထက် ပိုပြီးတော့ ကြီးကျယ်ခမ်းနား လွန်းတယ်။”



“ပြီးတော့ “လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” က နတ်ဘုရား ကျင့်စဉ် ပညာရပ်”



နင် အသက်တောင် မရှူနိုင်တာ့ပါဘူး။



နတ်ဘုရား ကျင့်စဉ် ပညာရပ်ဆိုတာဘာလည်း။

တချို့ ဒဏ္ဍာရီလာ နတ်ဘုရား အစွမ်းတွေကတော့ နေဖမ်း သိုင်းကျမ်း၊ အသွင်ပြောင်းခြင်း ၇၂ပါး၊ ခေါင်း ၃လုံး လက် ၆ဖက်၊ ဟုန်ယွိ နေပစ် မြားပညာ စတဲ့ ပညာရပ်တွေ ပါ။ ဒါတွေဟာ ရှေးခေတ် ဒဏ္ဍာရီထဲက ဖင်းဂေါ့တွေ မွေးကတည်းက ပါလာ ဒါမှ မဟုတ် တီထွင်ခဲ့တဲ့ ပညာရပ်တွေပါ။ ဒီ ပညာရပ်တွေကိုပဲ နတ်ဘုရား ပညာရပ်တွေလို့ ခေါ်လို့ရပါတယ်။ ဖင်းဂေါ့ ခန္ဓာကိုယ် ပိုင်ဆိုင်တဲ့ ဖင်းဂေါ့ကျင့်စဉ် ကျင့်သူတွေသာ လေ့ကျင့်လို့ ရတဲ့ ပညာရပ်တွေဖြစ်ပြီးတော့ ဇီဖူတန်ခိုးရှင်အဆင့်မှာ စတင်လေ့ကျင့်လို့ ရပါတယ်။



ဒါပေမဲ့ နတ်ဘုရား ကျင့်စဉ်တွေဟာ အရမ်းကို ရှားပါး တန်ဖိုး ကြီးမားလွန်းလှတဲ့အတွက် ဇီဖူအဆင့်ရောက်သူတိုင်းဟာ လေ့ကျင့်လို့ရတယ်ပြောပေမဲ့ တစ်ကယ်တမ်းတော့ သူတို့တွေမှာ လေ့ကျင့်ခွင့်ကို တဘဝလုံး မရသွားတဲ့ သူတွေ အများကြီးပါပဲ။



“နတ်ဘုရား အစွမ်း ကျင့်စဉ်တွေဟာ ဇီဖူအဆင့်မှာ စပြီးအသုံးပြုလို့ ရပြီဆိုပေမဲ့ အမေက ဇင်တျန် အဆင့်မှာထဲက စပြီး လေ့ကျင့်ဖို့ မှာတားတယ်။ ဘာလို့ပါလိမ့်။”

နင်လည်း “လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” ရဲ့ အသေးစိတ်ကို သေချာ ဖတ်ရှုနေမိပါတော့တယ်။



ဖတ်…

ရွှေစာရွက် တရွက်ပြီး တစ်ရွက် လှန်လိုက်တဲ့အခါမှာတော့ စာရွက်တစ်ရွက်က မခြားစာရွက်တွေနဲ့ မတူပဲ ထူးခြားနေတာ တွေ့ရပါတယ်။ ဒီ ရွှေစာရွက်က အလင်းတွေ ထွက်နေတာတွေ့ရပြီးတော့ ပုံတစ်ပုံကို စာရွက် ထိပ်မှာ ခြစ်ထားပါတယ်။ အလွန်ကြီးမားတဲ့ လင်းယုန် ငှက်ကြီး ပျံသန်းနေပုံပါ။



ငှက်ကြီးဟာ တောင်ပံဖြန့်ထားပါတယ်။  တစ်ချိန်မှာ သူဟာ မြေပြင်ကို ထိုးစိုက်ဆင်းသွားပါတယ်။ တစ်ချိန်မှာတော့ ကောင်းကင် ကိုးခုကို ဖြတ်သွားပါတယ်။ တခါတရံမှာ ပင်လယ်ထဲကို ထိုးစိုက်ဆင်းသွားပါတယ်။ တစ်ချိန်မှာတော့ မြေပြင်မှာ ရပ်နားလိုက်ပါတယ်။ တစ်ချိန်မှာတော့ မြေကြီးရဲ့ အနက်ရှိုင်းဆုံးကို ထိုးဖောက်ဝင်ရောက်သွားပါတယ်။



နင်ဟာ ဒီပုံရိပ်ရဲ့ အကျိုးသက်ရောက်မှုကို ခံရပါတယ်။  သူဟာ ပျံသန်းနေတဲ့ ငှက်ကြီးကို မြင်ရုံတင်မကပဲ  ငှက်ကြီးဟာ ကြယ်တာရာ အလင်းတွေပါ တောက်ပနေတာ တွေ့ရပါတယ်။ နတ်ဘုရား စွမ်းအင်တွေဟာ ငှက်ကြီးရဲ့ သွေးကြောတွေထဲ စီးဆင်းနေသလိုပါပဲ။



အလင်း ၂ခုက တောင်ပံတစုံမှာ တောက်ပနေပါတယ်။


“လင်းယုန် ငှက်ကြီးက တောင်ပံဖြန့်ပြီးတော့ ကီလိုမီတာ ထောင်ချီ ပျံသန်းခဲ့တယ်။”


“ဆရာ ဆူဟန် ပြောသလိုပဲ။ ငါက တော်တော်ကို အဆင့်နိမ့်နေသေးတယ်။ ငါ့ရဲ့ ယုချီကလန်က ဆင်းသက်လာသူတိုင်း ဒီ “လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” ကျင့်စဉ်ကို အာရုံစိုက် လေ့ကျင့်သင့်တယ်။ တရက်တော့ သူတို့တွေ ဒီ နတ်ဘုရား စွမ်းအင် ပညာရပ်မှာ အဆင့်အမြင့်ဆုံးကို ရောက်ဖို့ပဲ မျှော်လင့်မိတယ်။ “လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” ရဲ့ ပုံ ၈၁ ပုံဟာ အရမ်းကို နက်နဲပြီးတော့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတယ်။ သူကို တရားထိုင်လေ့ကျင့်ခဲ့ရင် ရမဲ့ အကျိုါ်ကျေးဇူးဟာ အနှိုင်းအဆမဲ့ပဲ။”


““လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” ကို အဆင့်များကြီး ခွဲထားတယ်။ တစ်ချိန်မှာ နတ်ဘုရား စွမ်းအင်ဟာ ခန္ဓာကိုယ်မှာ တောင်ပံတစ်စုံ ဖွဲ့နိုင်ပြီဆိုမှသာ နတ်ဘုရား အစွမ်း ရပြီ ပြောလို့ ရတယ်။ ဒါပေမဲ့ “လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” ဟာ နတ်ဘုရားကျင့်စဉ်အနေနဲ့ ရှိပြီးတော့ တော်ဝင် ရှ အင်ပါယာက အရမ်းကို ကျော်ကြားတဲ့ တန်ခိုးရှင်တွေဟာ မနာလိုမှုတွေ ရှိနေပြီးတော့ ဒီ ပညာကို အပြိုင်အဆိုင် လိုချင်နေကြတယ်။ ဒါကြောင့် ငါ့ကလန်ရဲ့ သားစဉ်မြေးဆက်ဟာ တောင်ပံမှော်ရတနာကိုပါ ဝတ်ဆင်ပြီးတော့ ဒီပညာနဲ့ အတူ တွဲသုံးရမယ်။ ဒါမှသာ သူတို့တွေဟာ မှော်ရတနာကို အမှီပြုပြီးတော့ မြန်မြန် ပျံသန်းနိုင်ရုံသာမက ဒီလို နတ်ဘုရား အစွမ်းကျင့်စဉ် ရှီတယ်ဆိုတာကို လည်း ဘယ်သူမှ မသိအောင် ဖုံးကွယ်ပြီးသား ဖြစ်မယ်။”



နင် စာအုပ်ကို ပိတ်လိုက်ပါတော့တယ်။



အချိန်တော်တော်ကြာမှ သူ စိတ်တည်ငြိမ်မှု ရလာပါတယ်။


“ငါ့ အမေမှာ သာမာန်မဟုတ်တဲ့ ကျောထောက်နောက်ခံ ရှိနေတာပဲ။”

နင် မျက်မှောင် ကြုတ်လိုက်ပါတယ်။
“ဒီ စာအုပ်က စာရွက်တိုင်းဟာ ရွှေရောင် ဖြစ်နေပေမဲ့ လင်းယုန်ပုံ ၈၁ ပုံပါနေတဲ့ စာရွက်က မတူပဲ ကွဲနေတယ်။ ပြီးတော့ ဒီ အံ့မခန်း ဖွယ် ရုပ်ပုံတွေဟာ အင်မော်တယ် ဆူဟန် ကိုယ်တိုင် ရေးပေးခဲ့ပုံရတယ်။”


“အင်မော်တယ် ဆူဟန်ဟာ “လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” ကို သင်ကြားပေးခဲ့ပေမဲ့ မိတ္ထု တခုပဲ ပေးခဲ့ပုံရတယ်။ ပြောရရင်တော့ ယုချီကလန်မှာ လျှို့ဝှက်ကျမ်း တစ်ခုတည်း ရှိတာပဲ။”

နင် တွေးနေမိတယ်။



သူဟာ ပထမဆုံး အကြိမ် လင်းယုန်ပုံ ၈၁ ပုံကို တွေ့တာဖြစ်ပေမဲ့၊ နင်ဟာ ဒီ ပုံတွေအားလုံးဟာ မခန့်မှန်းနိုင်တဲ့ လျှို့ဝှက်ချက်တွေ ပြည့်နေတယ်လို့ အာရုံရနေတယ်။ သူ တာအိုရဲ့ ဉာဏ်ပညာရတုန်းက ခံစားမှုနဲ့ အတူတူပဲ။ အရမ်းကို နက်နဲတဲ့ အရာကို သိတဲ့ ခံစားမှု။ ဒီကျင့်စဉ်ကို အဆင့်အမြင့်ဆုံး ရောက်အောင် ကျင့်နိုင်သူသာ ဒီလို ပုံမျိုးတွေ ရေးဆွဲနိုင်မှာပါ။



“ဘိုးဘေး ယုချီဟာ ဒီစာအုပ် ကော်ပီ တစ်အုပ်တည်း ရှိပေမဲ့ အခု အမေက သိမ်းထားတယ်။ ယုချီကလန် ပျက်ဆီးသွားတာများလား… တခြား အကြောင်း ရှိဦးမလား….”

နင် တွေးနေမိတယ်။



သူ့အမေရဲ့ ဆွေမျိုးသားချင်းတွေအတွက် စိတ်ပူမိပေမဲ့ သူဟာ ယုချီကလန်နဲ့ တိုက်ရိုက် ဆက်နွယ်နေမှု မရှိပါဘူး။ နင်တွေးနေတာကို ရပ်တန့်လိုက်ပါတယ်။


“ငါ သေသေချာချာ လေ့ကျင့်မှရမယ်။”



လဟာ ကောင်းကင် အမြင့်ဆုံးကို ရောက်နေပါပြီ။ နင်ဟာ ရေကန် စပ်မှာ ထိုင်လိုက်ပြီးတော့ လင်းယုန်ပုံတေါကို သေချာ ကြည့်နေမိပါတယ်။



“လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း”ဟာ အဆင့်တွေ အများကြီး ခွဲခြားထားပါတယ်။ နတ်ဘုရားစွမ်းအင်တွေနဲ့ တောင်ပံတစ်စုံ ဖန်ဆင်းနိုင်မှသာ ဒီကျင့်စဉ် တည်ဆောက်ပြီးပြီ ပြောလို့ရပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ နတ်ဘုရား စွမ်းအင်တွေက အရမ်းများပြားပါတယ်။ ဇီဖူအဆင့်မှသာ အသုံးပြုလို့ ရပါလိမ့်မယ်။


“ငါ့အမေက ငါ့ကို ဇင်တျန် အဆင့်မှာတည်းက ဖတ်ခိုင်းထားတယ်။”

နင် ရယ်မောလိုက်ပါတယ်။
“ငါ နတ်ဘုရား အစွမ်းနဲ့ တောင်ပံတစုံ မဖန်တီးနိုင်သေးပေမဲ့ လင်းယုန်ပုံ ၈၁ ပုံဟာ မခန့်မှန်းနိုင်တဲ့ လျှို့ဝှက်မှုတွေ ပြည့်နေတယ်။ ငါ ဒီမှာ ဉာဏ်အလင်း ရခဲ့ရင် ငါ့ခန္ဓာကိုယ်အတွက် တော်တော် အထောက်အကူ ရှိမှာပဲ။”



နင်ဟာ တာအို ရဲ့ အစစ်အမှန် သဘောတရားကို အစွန်အဖျားလောက် နားလည်နေပါပြီ။



တစ်ယောက်ရဲ့ ဥဏ်အလင်း မြင့်မားလာတာနဲ့ အမျှ လင်းယုန် ပုံ ၈၁ ပုံဟာ ဘယ်လောက်တောင် အံ့မခန်း လေးနက်မှုတွေ ပါနေတယ်ဆိုတာကို ပြောလာနိုင်ပါတယ်။ သူ ဒီကျင့်စဉ်ကို သေချာ တရား ရှုမှတ် လေ့ကျင့်ဖို့ လိုအပ်ပါတယ်။



….



အချိန်တွေ ကုန်ဆုံးလာခဲ့ပါပြီ။



ရွှေကျီးကန်း ဆိုတဲ့ နေမင်းကြီး အိပ်ပျော်သွားလို့ ယုန်ကလေး လဟာ ထွက်ပေါ်လာပါတယ်။



တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားပါပြီ။ နင်ကတော့ တောအုပ်လေးထဲမှာ “လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” ကို စိတ်နှစ်လေ့လာနေပါတယ်။ သူ့ခန္ဓာကိုယ်ဟာ တောအုပ်ကို မကြာခဏ ဖြတ်သန်းသွားပါတယ်။ အချိန်တိုင်းမှာ လှုပ်ရှားမှုဟာ ပို ဝေးကွာလာပြီးတော့ ပိုပြီးလည်း မြန်လာပါတယ်။


“ငါဒီမှာ လေ့ကျင့်တာ တစ်လကျော် ရှိပြီ။”

နင်ဟာ ကောင်းကင်က နေကို ကြည့်ပြီး အာရုံပြန်ရလာပါတယ်။
“အင်း.. ငါမပြန်ရင် ဆောင်းဦးသစ်ရွက်လေး နဲ့ ကျန်တဲ့သူတွေ အလန့်တကြား အနောက်ဘက်မြို့တော်ကို သတင်းပို့ကြဦးမယ်။”


“ကဲ.. ပြန်ဖို့ အချိန်တန်ပြီ။”



နင်ပြုံးလိုက်ပါတယ်။ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်တော့ ရေကန်လေးကလည်း တည်ညိမ်မြဲ တည်ငြိမ်နေဆဲပါပဲ။ ရေမြက်လေးတွေဟာ ရေကန်လေး အောက်ခြေမှာ လှုပ်ရှားနေကြပါတယ်။



“လွန်ခဲ့တဲ့ လမှာ ငါတော်တော် တိုးတက်လာတယ်။”

နင်အရမ်းကို ပျောရွှင်နေပါတယ်။

သူဟာ ကီကော ဖင်းဂေါ့ ခန္ဓာကိုယ်မှာပါ ဇင်တျန် အဆင့်ရောက်တာင် မကပဲ နတ်ဘုရား အစွမ်းဖြစ်တဲ့ “လေ တောင်ပံ ရှောင်ရှားနည်း ကိုယ်ဖော့ကျမ်း” ကိုလည်း လေ့လာခဲ့ပြီးပါပြီ။ သူ အများကြီး တိုးတက်လာပါတယ်။


“အိမ်ပြန်ဖို့ အချိန်ရောက်ပြီ။”



နင် ခုန်ပြေးလိုက်ပါတယ်။


“ရွှစ်”



အရိပ် ဗလာသာ မြင်ရပြီးတော့ ငှက်ကလေး တစ်ကောင် ပျံသန်းသွားသလို တစ်ခဏ အတွင်း ကီလိုမီတာ တစ်ခု အကွာအဝေးကို ရောက်သွားပါတယ်။ သူ့အမြန်နှုန်းဟာ သံမဏိ သစ်ပင်ဂျန် ခန္ဓာပေါ့ပါး တံဆိပ်တော် နဲ့ နတ်ဘုရား လှုပ်ရှားမှု တံဆိပ်တော် အသုံးပြုပြီး ပြေးသွားတာထက်တောင်မှ အများကြီး မြန်နေပါတယ်။







ကြမ်းတမ်းတဲ့ တစ်နေရာက အထီးကျန်တဲ့ မျိုးနွယ်စုလေးတစုမှာ .. ကျောက်တုံးနဲ့ လုပ်ထားတဲ့ အခန်းလေးတွေ အများကြီး ရှိနေပါတယ်။ ဒီမျိုးနွယ်စုဟာ လုံး၀ တိတ်ဆိတ်နေပါတယ်။ မျိုးနွယ်စု ရွာသားတွေဟာ စွန့်ခွာသွားခဲ့ကြတာတော်တော်ကြာပုံ ရပါတယ်။



ဒါပေမဲ့ ရွာအစွန်က ကျောက်တုံး အိမ်လေးတွေမှာတော့ အနက်ရောင် ဝတ်ထားတဲ့ အစောင့်တွေ စုနေတာကို တွေ့ရပါတယ်။



ဆောင်းဦးသစ်ရွက်လေးဟာ ကျောက်တုံးပေါ်မှာ ထိုင်ပြီး အဝေးကို ငေးကြည့်နေပါတယ်။



Serpentwing ရေကန်က အဖြစ်အပျက်ကြောင့် ဂျိနင်ဟာ မိုဝူ နဲ့ ဆောင်းဦးသစ်ရွက်လေးကို မက်တယ်စတုန်း မျိုးနွယ်စုအပြင် ခေါ်ထုတ်လာခဲ့ပါတယ်။ အခုတော့ ဒီအဖြစ်အပျက်တွေ အေးချမ်းသွားပါပြီ။ နင်က ဆောင်းဦးသစ်ရွက်လေးနဲ့ မိုဝူတို့ကို အနက်ရောင် စစ်သူရဲတွေနဲ့ ခဏ ထားခဲ့ပါတယ်။



ဂျိကလန် အုပ်ချုပ်တဲ့ နယ်မြေတွေဟာ အရမ်းကို ကြီးမားကျယ်ပြန့်လွန်းပါတယ်။ အနက်ရောင် မြင်းစီးသူရဲတွေဟာ ဒေသအနှံ့မှာ ဖြန့်ကျက် ထားရပါတယ်။ သူတို့တွေကို လိုအပ်တဲ့အခါမှာ စုစည်းလိုက်ရင် မရေမတွက် နိုင်အောင်များပြားတဲ့ မျိုးနွယ်စုတွေအကုန် ကြောက်ရွံ့ရတဲံ တပ်ကြီ း ဖြစ်လာပါလိမ့်မယ်။



“သခင်လေး..”

ဆောင်းဦးသစ်ရွက်လေးပြုံးပြီးတော့ အဝေးကို မျှော်ကြည့်ပြီး မတ်တပ်ရပ်လိုက်ပါတယ်။



မိုဝူနဲ့ အနက်ရောင ်မြင်းစီးသူရဲတွေလည်း လှည့်ကြည့်လိုက်ကြပါတယ်။ အဝေးက လူရိပ်ဟာ ချက်ခြင်းပဲ တောအုပ်ကို ဖြတ်သန်းပြီးတော့ ရွာလေးထဲ ရောက်လာတာကို တွေ့လိုက်ရပါတယ်။ နင်က ပြုံးပြီးတော့ လျှောက်လှမ်းလာပါတယ်။


“ဟင်..”

ဆောင်းဦး သစ်ရွက်လေး နည်းနည်း အံ့သြသွားပါတယ်။ အဝေးက လျှောက်လာတဲ့ သူမရဲ့ သခင်လေးဟာ တမျိုးပြောင်းလဲနေတာ သတိထားမိတာပါ။ သူ့ရဲ့ ရင်းနှီးပြီးသား အော်ရာကတော့ မပြောင်းလဲပေမဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေဟာ သခင်လေးဆီကနေ ဖြာထွက်နေသလိုပါပဲ။ ဒါပေမဲ့ နင် အနီးမှာ ငယ်ငယ်လေး ကတည်းက နေခဲ့တဲ့ သူမသာ ဒီလောက်လေး ပြောင်းလဲသွားမှုတွေကို သတိထားမိတာပါ။


“သခင်လေး…”

မိုဝူ ရှေ့ထွက်ပြီးတော့ ဦးညွတ် အရိုအသေ ပေးလိုက်ပါတယ်။


“သခင်လေး…”

အနက်ရောင် စစ်သူရဲတွေလည်း ဒူးထောက် အရိုအသေ ပေးလိုက်ကြပါတယ်။



“မင်းတို့တွေ ပြင်ဆင်ထားကြတော့..။ အခု ငါ့အတွက် အိမ်ပြန်ဖို့ အချိန်တန်ပြီ။”

နင်ရယ်မောပြောဆိုလိုက်ပါတယ်။



ဆောင်းဦးသစ်ရွက်လေး ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။
“ပြန်.. ပြန်မယ်…”


“ပထမဆုံး Serpentwing ရေကန်ကို သွားကြမယ်။”

နင်ရဲ့ မျက်ဝန်းဟာ အရောင်တောက်ပနေပါတယ်။ သူ ဒီ ခရီးစဉ် တလျှောက်မှာ ဆုံးဖြတ်ချက်တခု ချခဲ့ပါတယ်။ သူ ဇင်တျန် အဆင့်ကို ရောက်သွားတာနဲ့ Serpentwing နဲ့ သွားရင်ဆိုင်ဖို့ပါ။ Serpentwing က ဇင်တျန် အထွဋ်အထိပ် အဆင့်ကိုရောက်သွားပေမဲ့လည်း နင်က သူ့ကိုယ်သူ ယုံကြည်မှု ပြည့်နေပါတယ်။


“သခင်လေး.. နင်…”

ဆောင်းဦး သစ်ရွက်လေးဟာ အံ့သြသလို ပျော်လည်း ပျော်ရွှင်နေပါတယ်။ သူမက နင်သာ ဇင်တျန် အဆင့်ကို ရောက်သွားတာနဲ့ Serpentwing နဲ့ သွားရင်ဆိုင်ဖို့ စီစဉ်ထားတာကို ကြိုသိနေပါတယ်။


“ဟုတ်တယ်…”

နင် ခေါင်းညိတ်လိုက်ပါတယ်။



ဆောင်းဦးသစ်ရွက်လေး အရမ်းကို သတိအပြည့်နဲ့ နေလိုက်ပါတယ်။ သူမ တခွန်းမှ ထပ်မပြောတော့ပါဘူး။ ခေါင်းပဲ အထပ်ထပ် ညိတ်လိုက်ပါတယ်။
“မိုဝူ.. ပစ္စည်းတွေ မြန်မြန် သိမ်းစမ်း.. ငါတို့ သွားကြတော့မယ်။”



တခဏအကြာမှာ..

နင်၊ ဆောင်းဦးသစ်ရွက်လေး နဲ့ မိုဝူတို့ ၃ယောက်သား အနက်ရောင် သတ္တဝါကြီးတွေ ကိုယ်စီ စီးနင်းပြီးတော့ ဒီ အထီးကျန် ဒေသကနေ ထွက်ခွာလာကြပါတော့တယ်။


Chapter ၆ ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 7 Blacktooth မျိုးနွယ်စု




Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…





Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)