Book 4
“ဒဏ်ရာရအောင်…”
“ကြိုးစားမနေနဲ့။ သေလိုက်တော့။”
နင်က သူ့ရဲ့ေ၇မီးကြာပန်း ၃စုံကို ထုတ်ပြီးတော့ ကာကွယလိုက်ပေမဲ့ သတ္တ၀ါကြီး တိုက်ခိုက်မှုအစွမ်းက မလျော့သွားပါဘူး။
“ကြိုးစားမနေနဲ့”
“၀ုန်း”
သတ္တ၀ါကြီးက စက္ကန့်ပိုင်းအတွင် နင်ရဲ့ အရှေ့ကို ထပ်ေ၇ာက်လာပါတယ်။
“သေလိုက်တော့”
“မဖြစ်နိုင်ဘူး။”
….
သတ္တ၀ါကြီး နင်ရှေ့ကိုေ၇ာက်လာပါပြီ။
“သေလိုက်တော့”
“ဘုန်း…”
Chapter 19 ပြီးပါပြီ။
ဆက်ပါဦးမည်>>>>>>
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Thanks u all…
Unicode
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 4
Chapter 1 သူစောင့်နေခဲ့တာ…..
နင့် တစ်ကိုယ်လုံး ရစရာမရှိအောင် စုတ်ပြတ်သတ်သွားပါတယ်။ သူ့ အတွင်းကလီစာတွေပါ ထွက်ကျလာပါတယ်။ ဒါပေမဲ့ ဖင်းဂေါ့ ခန္ဓာကိုယ် ကြောင့် ချက်ချင်း ပြန်လည် အနာကျက်ပြီး ပြန်ကောင်းသွားပါတော့တယ်။ သူ အခုခံစားမှုအာရုံတွေ ပြန်ရလာပါပြီ။
“အရမ်း ကြောက်ဖို့ ကောင်းတာပဲ။ သူ့ရဲ့ အမြန်နှုန်း…. သူ့လက်ဝါးက ငါဘယ်လိုမှ ရှောင်လို့ မရဘူး။ ခုနက လူ့ဘီလူးကြီးတွေနဲ့ တခြားစီပဲ။”
ဟို အနက်ရောင် အမွှေးရှည်နဲ့ သတ္တဝါကြီးက
“ငါ စောင့်နေတာကြာပြီ။ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ ငါ မသိတော့ဘူး။ မင်း အနေနဲ့ ဒီ စမ်းသပ်ချက် ၃ချက်ကို မသေပဲ ကျော်ဖြတ်သွားရင် ရပြီ။ မင်းငါ့ကို သတ်ဖို့ မလိုဘူး။ ငါ့ကို တစ်ချက်လောက် အနောက် ယိုင်သွားအောင် .. ပြောရရင် ဒဏ်ရာနည်းနည်းလောက် ရအောင် လုပ်နိုင်ရင် ရပြီ။”
“မင်းကို နောက်ယိုင်သွားအောင်…”
“မဟုတ်ဘူး… သေချာပြောရရင် မင်းငါ့ကို နည်းနည်းလောက် ဒဏ်ရာလေး ပေးလိုက်နိုင်ရင် .. ဥပမာ..ငါ့ရဲ့ အရေပြားကို ဖောက်နိုင်ရင် ငါသွေးထွက်လာမယ်။ အာ့ဆိုရပြီ။”
“ငါ မှတ်မိသလောက်ဆို အင်မော်တယ် ဂျူဟွာ နောက်ဆုံး တပည့်လက်ခံခဲ့တုန်းက လူ၁၀ယောက် လောက် ငါ့ဆီ ရောက်လာခဲ့တယ်။ အဲ့တုန်းက လူငယ်လေးတစ်ယောက်က အရမ်းအစွမ်းထက်တဲ့ တာအို တံဆိပ်တော်ကို အသုံးပြုပြီးတော့ ဒဏ်ရာရစေခဲ့တယ်။ ဒါပေမဲ့ ငါက ခြေတစ်လှမ်းပဲ ဆုတ်ခဲ့ပြီး မလှဲချလိုက်ဘူး။ ငါသာ လှဲချလိုက်ရင် ဒီလို အထီးကျန်တဲ့ နှစ်ပေါင်းများစွာကို ကျော်ဖြတ်ဖို့ မလိုတော့ဘူး။ အထီးကျန် အချိန်တွေဟာ အရမ်းကို ကြောက်ဖို့ကောင်းတယ်။ ကြောက်ဖို့ကောင်းတယ်။”
ဒီလောက် နှစ်ပေါင်းများစွာကို သာမာန် အင်မော်တယ် တစ်ယောက် အသက် မရှင်နိုင်ပါဘူး။ ကောင်းကင် တန်ခိုးရှင်သာ အသက်ရှင်နိုင်တာပါ။ ဒါပေမဲ့ ဒီသတ္တဝါကြီးက ကောင်းကင်တန်ခိုးရှင်လည်းဖြစ်ပုံမရပါဘူး။
“လာ ငါ့ကို ဒဏ်ရာ ရအောင်လာချစမ်းပါ။ မင်း ငါ့ကို ဒဏ်ရာရစေခဲ့ရင် ငါချက်ချင်းလဲကျသွားမှာ..”
“ဒဏ်ရာရအောင်…”
မန်ဟို ကျိုးသွားတဲ့ လက်ချောင်လေးတွေ ပြန်ကောင်းလာပါတယ်။ သတ္တဝါကြီးကတော့ ဘာမှ မပြောပဲ မန်ဟိုကြည့်နေပါတယ်။
“မင်းအစွမ်း အပြည့်နဲ့သာ တိုက်ခိုက်လိုက်။ ငါ လူတိုင်းကို ဒီအခွင့်အရေး ပေးခဲ့တယ်။ တစ်ယောက်ယောက်က ငါ့ကို ဒဏ်ရာရစေတာနဲ့ ငါလဲကျသွားမှာပဲ။ ခက်တာက တစ်ယောက်မှ ငါ့ကို ဒဏ်ရာ မရစေခဲ့သေးတာပဲ။တာအို တံဆိပ်တော် သုံးတုန်းက ငါ ဒဏ်ရာရခဲ့တာပဲ။ ဘာလို့ ငါမလဲကျမိတာလည်း။ ငါဒီအခွင့်အရေး တစ်ခါ ဆုံးရှုံးခဲ့ပြီးတော့ ပြန်မရတော့ဘူး။”
ပြောရရင် ဒီ အမွေးရှည် သတ္တဝါကြီးဟာ သက်၇ှိမဟုတ်ပါဘူး။ တည်ဆောက်ထားတဲ့ ဂိုလမ် တစ်ကောင် (စက်ရုပ် တစ်ကောင်ပါ)။ဂိုလမ်တွေဟာ ဖျက်စီးတာ အသတ်ခံရတာ မဟုတ်ရင် ဘယ်တော့မှ မသေပါဘူး။ သူတို့ဟာ သခင်ပြောသမျှ အကုန် သစ္စာရှိရှိ အမိန့်နာခံကြပါတယ်။ သူက နှစ်ပေါင်းများစွာ အထီးကျန် ကျော်ဖြတ်လာရတော့ ရူးတော့မတတ်ဖြစ်နေပါပြီ။ သူ အသက်မရှင်ချင်တော့ပါဘူး။
နင်ဆီမှာက ကိုယ်ဖော့ တံဆိပ်တော်နဲ့ နတ်ဘုရား လှုပ်ရှားမှုတံဆိပ်တော်တွေပဲများတာပါ။ တခြား တာအိုတံဆိပ်တော်တွေက နှစ်ကြာလို့ အစွမ်း မရှိတော့ပါဘူး။
နင် ဝင်ရောက် တိုက်ခိုက်လိုက်ပါတယ်။
“မိုးရေတစ်စက် ကျောက်တုံးဖောက်”
နင်ရဲ့ ဓားဦးဟာ သတ္တဝါကြီး အရေပြားကို ထိပြီး ရပ်သွားပါတယ်။
“မင်းအများကြီး လိုသေးတယ်။ ”
“မတတ်နိုင်ဘူးလေ။ ငါမင်းကို သတ်ရမှာပဲ။ နောက်တစ်ယောက်လာတာ ဆက်စောင့်ရတော့မှာပေါ့။”
နင် က လက်မခံနိုင်ပဲ မိုးရေမျဉ်းတန်းနဲ့ ပိုးဖလံမီးတိုး ဓားသိုင်းကို အသုံးပြုပြီး ဆက်တိုက် တိုက်ခိုက်လိုက်ပါတယ်။ ဒါပေမဲ့ သတ္တဝါကြီးကို ဘာမှ မဖြစ်စေခဲ့ပါဘူး။
သတ္တဝါကြီးက နင်ထက် အဆများစွာ မြန်ပါတယ်။
“ကြိုးစားမနေနဲ့။ သေလိုက်တော့။”
သတ္တဝါကြီး ပျောက်သွားပြီး နောက်ကို ခုန်ပြေးသွားတဲ့ နင်ရဲ့နောက်မှာ ပေါ်လာပါတယ်။
နင်က သူ့ရဲ့ ရေမီးကြာပန်း ၃စုံကို ထုတ်ပြီးတော့ ကာကွယလိုက်ပေမဲ့ သတ္တဝါကြီး တိုက်ခိုက်မှုအစွမ်းက မလျော့သွားပါဘူး။
“မိုးရေစက် ကျောက်တုံးဖောက်.. ”
“ငါပြေးလို့လည်း မလွတ်ဘူး။ ကာကွယ်လို့လည်းမရဘူး။ ငါ အသက်ရှင်ဖို့ ကြံမှ ဖြစ်မယ်။ သေစမ်း သေစမ်း။ သူ့ခန္ဓာကိုယ်မှာ ငါ ဓားနဲ့ထိုးလို့ရမဲ့ အားနည်းချက်ရှိတဲ့နေရာ ရှိမှာပဲ။”
“ကြိုးစားမနေနဲ့”
သူ့ရဲ့ လက်ဝါးကြီးက နင်ရဲ့ ကာကွယ် တိုက်ခိုက်မှုတွေကို ဖျက်ဆီးပြီးတော့ နင်ရဲ့ ကိုယ်ပေါ်ကို ကျလာပါတယ်။
“ဝုန်း”
နင် သေခြင်းအငွေ့ အသက်ကို ရလိုက်ပြီးတော့ သူ ဘာမှ မလုပ်နိုင်ပဲ ခန္ဓာကိုယ်တစ်ခုလုံး ပျက်ဆီးပြီး လွင့်သွားပြန်ပါတယ်။ သူ့တစ်ကိုယ်လုံး ပြန်တည်ဆောက်မှာ ဖြစ်ပေမဲ့ အချိန်က လိုပါတယ်။ သူ့တစ်ကိုယ်လုံး ဘာမှ လှုပ်ရှားလို့ မရတော့ပါဘူး။
သတ္တဝါကြီးက စက္ကန့်ပိုင်းအတွင် နင်ရဲ့ အရှေ့ကို ထပ်ရောက်လာပါတယ်။
“သေလိုက်တော့”
“မဖြစ်နိုင်ဘူး။”
နင် ငရဲပြည်မှာ အဖွားမင်ရဲ့ အတိတ်မေ့ဆေးရည်ကို တွေးမိပါတယ်။ သူ ဒီဆေးရည်ကို မသောက်ချင်ပါဘူး။ သူအသက်ရှင်ချင်ပါတယ်။
“ငါ ဘာလုပ်၇မလဲ။ ငါ ဘယ်လိုမှ အသက်ရှင်မှာလည်း။ ငါ့တစ်ကိုယ်လုံး လှုပ်ရှားလို့ မရတော့ဘူး။ ငါ့မှာ နတ်ဘုရားစိတ်စွမ်းအင်ပဲ သုံးလို့ ရတော့တာ။ ငါ့ရဲ့ နတ်ဘုရား စိတ်စွမ်းအင်နဲ့ ဒက်နော့ဓားတွေကို ကောက်ကိုင်ပြီးတော့ အနက်ရောင် သတ္တဝါကြီးကို ထိုးကြည့်ရမလား။”
သူ့ရဲ့ နတ်ဘုရား စိတ်စွမ်းအင်ဟာ သံမဏိ သစ်ပင် ဂျန်ကို သတ်တုန်းက သစ်ပင်ကြီးတွေကို ဆွဲနှုတ်နိုင်တာ ကျောက်တုံးကြီးတွေကို ပစ်ပေါက်နိုင်တာကြောင့် ဖင်းဂေါ့ ဇင်တျန် နောက်ဆုံး အဆင့် တန်ခိုးရှင်ရဲ့ ကိုယ်ခန္ဓာ စွမ်းအားနဲ့ အလားတူပမာဏလောက်ကို ရောက်နြေပြီဆိုတာကို သူတွေ့ရှိခဲ့ပါတယ်။ အရမ်းကို အစွမ်းထက်ပြီး အားအင်ကြီးလှပါတယ်။ ဒါပေမဲ့ ဒါက ဘယ်မှာ သွားသုံးလို့ ရမှာလည်း။
….
သတ္တဝါကြီး နင်ရှေ့ကို ရောက်လာပါပြီ။
“ငါ့မှာ ဒါတွေ ရှိသေးတယ်။အကုန်ထွက်ခဲ့”
သူရဲကောင်းဆန်စွာ သူအော်ပြောလိုက်ပါတယ်။
အဲ့မှာတင် သိုလှောင်ခန်း ရတနာတွေထဲက ဓားလှံ မှော်ရတနာပေါင်း ထောင်နဲ့ချီပြီးတော့ ပျံသန်းထွက်ပေါ်လာပါတယ်။ အားလုံးရဲ့ အဖျားတွေဟာ သတ္တဝါကြီးကို ချိန်ထားပါတယ်။
“ငါ့ရဲ့ ဇင်တျန်ကီ တန်ခိုး သွားတော့………….”
ဇင်တျန်ကီက မှော် လက်နက် ရတနာ ထောင်ကျော်ကို စီးဆင်းသွားပါတယ်။ မမြင်ရတဲ့ လက်ပေါင်း ထောင်ချီက ရတနာနက်လက်တွေကို ကိုင်ဆွဲလိုက်သလိုပါပဲ။ သတ္တဝါကြီးကို ချိန်ရွယ်ပြီး တိုက်ခိုက်ဖို့ အသင့် ဖြစ်နေကြပါပြီ။
နင့်အတွက် ရတနာတွေအများကြီးကို ထိန်းချုပ်ရတဲ့အတွက် သူ့ရဲ့ ဇင်တျန်ကီ အများကြီး အသုံးပြုရပါတယ်။ သူ့ရဲ့ သွေးကြောမကြီးဟာ ပေါက်ကွဲ စုတ်ပြတ်သွားပါတယ်။ သူအကြာကြီး ထိမ်းချုပ် မတိုက်ခိုက်နိုင်ပါဘူး။
“သေလိုက်တော့”
ဒဏ်ရာအကြီးအကျယ်ရပြီး မလှုပ်ရှားနိုင်တော့တဲ့နင်က ရတနာတွေကို ထိမ်းချုပ်ပြီး နောက်ဆုံးတစ်ကြိမ် မာန်သွင်းအော်ဟစ်လိုက်ပါတယ်။
ရွှစ် ရွှစ် ရွှစ် ရွှစ်
ရွှစ် ရွှစ် ရွှစ် ရွှစ်
လက်နက်ပေါင်း ထောင်ချီဟာ တလက်လက်နဲ့ အခန်းတစ်ခုလုံးပြည့်မတတ် ပျံသန်းပြီး သတ္တဝါကြီးဆီ တိုးဝင်သွားပါတယ်။ ဒါကို တွေ့လိုက်ရတဲ့ သတ္တဝါကြီးက လက် ၂ဖက်ကို ကားလိုက်ပြီး ရင်ဝကို ဖွင့်ပေးလိုက်ပါတော့တယ်။
“ဘုန်း…”
Chapter 19 ပြီးပါပြီ။
ဆက်ပါဦးမည်>>>>>>
Book 4 Chapter 2 ပဉ္စမမြောက် နန်းတော်ရှင်
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
Comments
Popular posts from this blog
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 1 Chapter 1 သေသူတို့ နေထိုင်ရာအရပ် (land of the dead)
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် 3 Chapter 1 (နှလုံးသား မှ လူသတ်ငွေ့)
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 2 Chapter 8 ( ဂျိနင်ဓား..)