ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 8 ေႏြဦးျမက္ကေလး…
ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 8 ေႏြဦးျမက္ကေလး…
ရြာသားေတြဟာ ဂ်ိနင္ကိုၾကည့္ျပီးေတာ့ အလြန္ထိတ္လန္႕
ေျခာက္ျခားသြားၾကပါေတာ့တယ္။
Serpentwing ကို သတ္မယ္…
သူတို႕ ေရွ႕မွာ ရွိေနတဲ့ လူငယ္ေလးက Serpentwing ကို သတ္မယ္….
“မင္းတို႕ေတြ ငါ့ကို မညာထားဘူး မလား။”
နင္က ရြာသားေတြကို အၾကည့္တစ္ခ်က္ ၀ိုက္ၾကည့္လိုက္ပါတယ္။
“မီ၀ွား တစ္ကယ္ ေသသြားတာလား..”
“ကၽြန္ေတာ္တို႕ေတြ ဘာလို႕ ညာရမွာလည္း။ Blacktooth တစ္ရြာလံုး ဒီ အေၾကာင္းကို သိပါတယ္။”
ရြာသားေတြ အကုန္လံုး တစ္ကယ္ကို ထိတ္လန္႔ တုန္လႈပ္ေနၾကတာပါ။ လက္ထဲမွာ
ကိုင္ထားတဲ့ ဂ်ိတံဆိပ္ေတာ္အျပင္ ဂ်ိနင္ ကိုယ္က ေန ထြက္ေပၚလာေနတဲ့ အေငြ႕အသက္ေၾကာင့္
သူ႕ကို လံုး၀ ေၾကာက္ရြံ႕ေနၾကတာပါ။
“သြားၾကစို႕”
နင္က သူ႕ရဲ့ စီးေတာ္ သတၱ၀ါၾကီးကို စီးလိုက္ျပီးေတာ့ Blacktooth
ေက်းရြာထဲကို တခါတည္း ၀င္သြားပါေတာ့တယ္။
ေဆာင္းဦးသစ္ရြက္ေလး နဲ႕ မို၀ူလည္း စီးေတာ္ သတၱ၀ါေတြကို ကိုယ္စီ
ျမန္ျမန္တက္စီးျပီးေတာ့ နင္ေနာက္ကေန လိုက္ပါသြားပါေတာ့တယ္။
……
ရြာတံခါးက ျမားပစ္ ေမွ်ာ္စင္ ၂ဖက္မွာ ေလးသမား ၁၀ေယာက္ေက်ာ္စီ
ကင္းေစာင့္ေနၾကပါတယ္။
“လူစိမ္းေတြ ရပ္ေဟ့…”
စစ္သူရဲ တစ္ဦးက ခ်က္ျခင္းပဲ ေအာ္ေျပာလိုက္ပါတယ္။
မ်က္နွာ ပုပ္သိုးေနတဲ့ နင္က သူ႕ရဲ့ တံဆိပ္ေတာ္ကို ျပျပီးေတာ့
ေအာ္ေျပာလိုက္ပါတယ္။
“Blacktooth ကို ငါ့ကို လာေတြ႕ ခိုင္းလိုက္စမ္း!!!!!”
“Blacktooth ကို ငါ့ကို လာေတြ႕ ခိုင္းလိုက္စမ္း!!!!!”
တံဆိပ္ေတာ္ေတြ႕သြားတဲ့ စစ္သူရဲက ေၾကာက္ရြံ႕ တုန္လႈပ္စြာနဲ႕ ျပာျပာသလဲ
အေျဖေပးလိုက္ပါတယ္။
“ခဏေလး ေစာင့္ေပးပါခင္ဗ်ာ.. ကၽြန္ေတာ္မ်ိဳး ရြာသူၾကီးကို ခုခ်က္ျခင္း
သြားအေၾကာင္းၾကားလိုက္ပါ့မယ္။”
စစ္သူရဲဟာ စကားဆံုးသြားတာနဲ႕ ေျမျပင္ေပၚကို ခုန္ဆင္းလိုက္ျပီးေတာ့ ရြာထဲကို
ခုန္ေျပး၀င္ေရာက္သြားပါေတာ့တယ္။ တခဏ အၾကာမွာေတာ့ သားေမြးနက္ ၀တ္စံုကို ၀တ္ထားတဲ့
ေၾကာက္ရြံ႕ေနတဲ့ လူၾကီးက စစ္သူရဲ အခ်ိဳ႕ ျခံရံျပီး အေျပးေလး ထြက္ေပၚလာပါတယ္။
သူကေတာ့ Blacktooth ရြာသူၾကီး Blacktooth
ကိုယ္တိုင္ပါပဲ။
သူ စီးေတာ္ သတၱ၀ါ စီးထားတဲ့ လူသံုးေယာက္ ရပ္ေနတဲ့ထဲမွာ ေခါင္းေဆာင္ျဖစ္တဲ့
သူကို ျမင္လိုက္ေတာ့ သူ႕ ခႏၶာကုိယ္ တဆတ္ဆတ္ တုန္လာပါတယ္။ သူ ခ်က္ျခင္းပဲ
ေအာ္ေျပာလိုက္ပါတယ္။
“ျမန္ျမန္ ဂိတ္တံခါးေတြ ဖြင့္လိုက္ျပီးေတာ့ ဂ်ိကလန္ရဲ့ သခင္ေလးကို
ၾကိဳဆိုၾကေလ။”
“ဂ်ိကလန္ရဲ့ သခင္ေလး?”
ဒီလို ရြာေသးေသးေလးက Blacktooth ရြာသားေတြ ဒီစကားကို ၾကားလိုက္ေတာ့
ရင္ထိတ္သြားၾကပါေတာ့တယ္။ သူတို႕ေတြ အရမ္းေလးလံတဲ့ ဂိတ္တံခါးကို ျမန္ျမန္
တြန္းဖြင့္ေပးလိုက္ၾကပါတယ္။
Blacktooth က ပထမဆံုး ဒူးေထာက္
အရိုအေသေပးလိုက္ပါတယ္။
“Blacktooth သခင္ေလးကို ႏႈတ္ခြန္းဆက္သပါတယ္။”
တျခား ရြာက စစ္သူရဲေတြလည္း အကုန္လံုး ဒူးေထာက္အရိုအေသေပးလိုက္ၾကပါတယ္။
“မင္းရဲ့ အိမ္ေတာ္ကို သြားမယ္။”
နင္က စီးေတာ္ သတၱ၀ါၾကီးေပၚကေန မဆင္းပဲ ညႊန္ၾကားလိုက္ပါတယ္။
“ဟုတ္ကဲ့ခင္ဗ်”
Blacktooth ဦးေဆာင္ျပီးေတာ့ လမ္းျပေခၚသြားပါတယ္။
နင္ Blacktoothကို ၾကည့္ျပီးေတာ့ ရင္ထဲမွာ မုန္းတီးမႈေတြ တိုးလာပါတယ္။
ဒါေပမဲ့ ေႏြဦးျမက္ပင္ေလး ေသဆံုးတာ Blacktooth ကို အျပစ္တင္လို႕ မရသလို Blacktooth
ကို္ယ္တိုင္လည္း ရင္ကြဲနာ က်ေနမွာ အမွန္ပါပဲ။ ဒါေပမဲ့ နင္ ရဲ့ ရင္ထဲက မုန္းတီး
နာက်င္မႈကို ထိန္းလို႕ မရခဲ့ပါဘူး။ ေႏြဦး ျမက္ပင္ေလးကို သူ႕အေဖနဲ႕ အတူ
ထည့္ေပးျခင္းဟာ ေသဆံုးမႈကို ဦးတည္သြားမယ္လို႕ သူမထင္မိခဲ့ဘူး။ တစ္ကယ္လို႕
ေႏြဦးျမက္ပင္ေလးသာ သူနဲ႕ အတူ က်န္ရစ္ေနခဲ့ရင္…
နင္ သည္းမခံႏိုင္ပဲ လက္သီးကို တင္းတင္းဆုပ္ထားလိုက္ပါတယ္။ သူ႕ရဲ့
လက္သီးရိုးေနရာေတြဟာ တျဖည္းျဖည္း ျဖဴလာပါတယ္။
“သခင္ေလး .. ဒါကေတာ့ ကၽြန္ေတာ္မ်ိဳးရဲ့ အိမ္ေတာ္ပါ။”
ေက်ာက္တံုးေတြ နဲ႕ တည္ေဆာက္ထားတဲ့ ေတာ္ေတာ္ၾကီးမားတဲ့ အိမ္တစ္လံုး
ေရွ႕ေရာက္ေတာ့ Blacktooth က ေျပာျပလိုက္ပါတယ္။ အိမ္တံခါး၀မွာေတာ့ မိန္းမ ၂ေယာက္နဲ႕
ကေလးငယ္ တစ္ေယာက္ ရွိေနပါတယ္။ ဒီ ကေလးငယ္ေကာ မိန္းမ ၂ေယာက္ေကာ ေၾကာက္ရြံ႕
ေနပံုပါပဲ။
“သူက?”
နင္က ကေလးငယ္ကို ၾကည့္ျပီးေတာ့ ေမးလိုက္ပါတယ္။ ဒီ ကေလးငယ္က
ေႏြဦးျမက္ကေလးနဲ႕ ေတာ္ေတာ္ ဆင္တူေနလို႕ နင္ေတာင္ အသက္ရွဴ နည္းနည္း ျမန္သြားပါတယ္။
“ကၽြန္ေတာ့ သားေလးပါ။”
Blacktooth ရိုရိုေသေသ ေျဖၾကားလိုက္ပါတယ္။ တစ္ခ်ိန္တည္း သူ႕မိန္းမနဲ႕
သားကို ေအာ္ေျပာလိုက္ပါတယ္။
“မင္းတို႕ေတြ ဘာလို႕ မထြက္သြားၾကေသးတာလည္း။”
မိန္းမ ၂ေယာက္နဲ႕ ကေလးငယ္တို႕ ခ်က္ျခင္းပဲ ထြက္ခြာသြားၾကပါတယ္။
“အထဲမွာ စကားေျပာၾကတာေပါ့။ မို၀ူ မင္း တံခါး၀မွာ ေစာင့္ေနခဲ့။ ဘယ္သူ႕မွ အိမ္ထဲကို ေပးမ၀င္နဲ႕။”
နင္ စီးေတာ္ သတၱ၀ါၾကီးေပၚကေနဆင္းျပီးေတာ့ ေဆာင္းဦးသစ္ရြက္ေလးကို ေခၚျပီး
အိမ္ထဲ ၀င္သြားပါတယ္။ ေၾကာက္လန္႕ေနတဲ့ Blacktooth ကေတာ့ အေနာက္ကေန
လိုက္၀င္သြားပါေတာ့တယ္။
…..
အခန္းထဲမွာေတာ့…
နင္ဟာ ေက်ာက္ ကုလားထိုင္ ေပၚမွာ ထိုင္ရင္း Blacktooth ကို ၾကည့္ျပီး
ေအးစက္စက္ ေလသံနဲ႕ စကားေျပာလိုက္ပါတယ္။
“Blacktooth ငါ ေဆာင္းဦးသစ္ရြက္ေလးကို မင္းနဲ႕ ျပန္ထည့္ေပးလိုက္တုန္းက မင္းတို႕သားအဖ ၂ေယာက္ ျပန္ဆံုေတြ႕ျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနထိုင္သြားႏိုင္မယ္လို႕ ေမွ်ာ္လင့္ခဲ့မိတယ္။ အခုငါလာေတာ့ ေႏြဦးျမက္ပင္ကေလးကို ဘာလို႕ မေတြ႕ရေတာ့တာလည္း။”
“Blacktooth ငါ ေဆာင္းဦးသစ္ရြက္ေလးကို မင္းနဲ႕ ျပန္ထည့္ေပးလိုက္တုန္းက မင္းတို႕သားအဖ ၂ေယာက္ ျပန္ဆံုေတြ႕ျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနထိုင္သြားႏိုင္မယ္လို႕ ေမွ်ာ္လင့္ခဲ့မိတယ္။ အခုငါလာေတာ့ ေႏြဦးျမက္ပင္ကေလးကို ဘာလို႕ မေတြ႕ရေတာ့တာလည္း။”
Blacktooth ကျမန္ျမန္ ျပန္ေျဖလိုက္ပါတယ္။
“သခင္ေလး ခင္ဗ်ာ ၊ ေႏြဦးသစ္ရြက္ကေလးက အခု ရြာထဲမွာ မရွိေသးပါဘူး။”
“ရြာထဲမွာ မရွိေသးဘူး?”
နင္ Blacktooth ကို တရားခံကို
ၾကည့္သလို မ်က္ေမွာင္ ၾကဳတ္ျပီး ၾကည့္လိုက္ပါတယ္။ Blacktooth က အခုထက္ထိ ညာခ်င္ေနတုန္းပဲလား?
“ေႏြဦးသစ္ရြက္ကေလး ရြာကို ေရာက္ေရာက္ခ်င္းမွာ သူသေဘာက်တဲ့ လူငယ္ ကုန္သည္တစ္ေယာက္နဲ႕ ဆံုေတြ႕ခဲ့ပါတယ္။ ကၽြန္ေတာ္မ်ိဳးလည္း ဒီ ကုန္သည္ေလးကို သိလို႕ ယံုၾကည္ခဲ့ပါတယ္။ သမီးတစ္ေယာက္ လူလားေျမာက္တဲ့အခါမွာ လက္ထပ္ရမွာ ဓမၼတာ ပါပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္မ်ိဳး ဒီ ကုန္သည္ေလးနဲ႕ သမီးေလးကို လက္ထပ္ေပးလိုက္ခဲ့မိပါတယ္။ ေႏြဦးျမက္ကေလး က ကုန္သည္ေလးနဲ႕ မလိုက္သြားခင္မွာ သခင္ေလးအတြက္ စာတစ္ေစာင္ ခ်န္ရစ္ခဲ့ေပးပါတယ္ ခင္ဗ်ာ။”
ဒီ ေနာက္ဆံုး စကားလံုးေတြကို မၾကားခင္မွာ နင္နားေထာင္ရင္းနဲ႕ ေဒါသေတြ
တလိပ္လိ္ပ္ ထြက္လာပါတယ္။ Blacktooth က ငါ့ကို လာလိမ္ရဲတယ္လား။ ဒါေပမဲ့ ေနာက္ဆံုး
စာေၾကာင္းကို ၾကားလိုက္တဲ့အခါမွာေတာ့..
“စာခ်န္ခဲ့တယ္?”
“ကၽြန္ေတာ္မ်ိဳး အခုသြားယူလိုက္ပါ့မယ္။”
Blacktooth အနီးက အခန္းထဲကို ျမန္ျမန္ ၀င္သြားပါတယ္။
“သခင္ေလး…”
ေဆာင္းဦးသစ္ရြက္ေလး နင္ကို ၾကည့္လိုက္ပါတယ္။
နင္ ညင္ညင္သာသာ စကားျပန္ေျပာလိုက္ပါတယ္။
“စိတ္မေလာပါနဲ႕”
နင္ဟာ ဥာဏ္ရည္ခ်ိဳ႕တဲ့သူ မဟုတ္ဘူးေလ။ သူက ေလ့က်င့္ဖို႕ တစ္ခုတည္းပဲ
နားလည္ေနတဲ့ လူစားမဟုတ္ဘူး။ သူ သိခဲ့တဲ့ သတင္းအခ်က္အလက္အရ ေႏြဦးျမက္ကေလးဟာ
အမွန္တကယ္ ေသသြားခဲ့ပါျပီ။ ရြာအျပင္က ရြာသားေတြကေတာင္ နင္ဘယ္သူ႕ကိုေမးေမး ဒီအေျဖပဲ
ရမယ္လို႕ ေျပာခဲ့ေသးတာပဲ။
အဲ့ဒီ ရြာသားေတြက နင္ကို လိမ္ေျပာစရာ ဘာအေၾကာင္းမွ မရွိဘူးေလ။
ျပီးေတာ့ … သူမ အေဖနဲ႕ ခြဲခြာခဲ့ရတဲ့ အခ်ိန္ဟာ အလြန္ကို ၾကာရွည္လြန္းခဲ့တဲ့အတြက္
နင္ဟာ အေဖနဲက အတူ ေနခြင့္ရဖို႕အတြက္ နင္ကို ထားရစ္ခဲ့တယ္ေလ။ သူမ အေဖနဲ႔
ျပန္ဆံုေတြ႕ျပီး အတူေနတာ သိပ္မၾကာေသးပဲ ဘယ္လိုလုပ္ ခ်က္ျခင္းမဂၤလာ ေဆာင္ျပီးေတာ့
ထြက္ခြာသြားရတာ ျဖစ္မွာလည္း?
“သခင္ေလး.. ဒါ ေႏြဦးျမက္ကေလး သခင္ေလးဖို႕ ထားရစ္ခဲ့တဲ့ စာပါ။”
Blacktooth က အျဖဴေရာင္ သားေရစာခ်ပ္တစ္ခ်ပ္ကို နင္ ထံ ဆက္သလိုက္ပါတယ္။
နင္ အသက္ျပင္းျပင္း တစ္ခ်က္ရွဴလိုက္မိပါတယ္။ စာ..? ဒါသူမရဲ့ ေသတမ္းစာ
ျဖစ္လိမ့္မယ္။ ေႏြဦးျမက္ကေလးဟာ သူမ အသည္းအသန္ နာမက်န္းျဖစ္တဲ့အခ်ိန္မွာ နင္ အတြက္
တမင္ ခ်န္ခဲ့ေပးတဲ့ စာျဖစ္လိမ့္မယ္။ လက္ တုန္လႈပ္ေနတဲ့ လက္ကိုဆန္႔ျပီးေတာ့
အျဖဴေရာင္ သားေရခ်ပ္ကို လက္ခံလိုက္ပါတယ္။ ျပီးေတာ့ ေသခ်ာ ဖြင့္ျပီး
ဖတ္လိုက္ပါေတာ့တယ္။
အရမ္းကို လွပါတဲ့ လက္ေရးေလးေတြကို ေတြ႕လိုက္ပါတယ္။ ဒီလက္ေရးေလးေတြဟာ သူနဲ႕
အင္မတန္မွ ရင္းႏွီးခဲ့တာပါ။ ဒီ လက္ေရးေတြကို ျမင္ေတာ့ နင္ ႏွလံုး ခုန္ျမန္သြားရပါတယ္။
ဒါ ေႏြဦးျမက္ကေလးရဲ့ လက္ေရး အမွန္ပါပဲ။
“သခင္ေလးရွင့္၊ မ်ိဳးႏြယ္စု ရြာကို ျပန္ေရာက္ေတာ့ ကၽြန္မ အရမ္းကို ေပ်ာ္ရႊင္ခဲ့ပါတယ္။ ကၽြန္မ အေဖ ကိုလည္း ေန႔တိုင္း ေတြ႕ခြင့္ရတဲ့အျပင္ ေမာင္ေလး ၂ေယာက္ လည္း ရွိေနပါတယ္။ ဒါေပမဲ့ ကၽြန္မ ငယ္ငယ္တုန္းက မိဘေတြနဲ႕ အတူေနရတဲ့ ခံစားမႈမ်ိဳးကို ခံစားရပါတယ္။….”
ဒါကေတာ့ စာထဲမွာ ေျပာထားတာေတြပါ။
ဒီစာထဲမွာ ေႏြဦးျမက္ကေလး ေပ်ာ္ရႊင္ခဲ့ရတဲ့ အေၾကာင္းေတြ
အကုန္လံုးေရးထားပါတယ္။ နင္လည္း ေပ်ာ္ရႊင္မႈေတြ စာထဲကေန ျဖာထြက္ေနတာကို
ခံစားမိပါတယ္။ ေႏြဦးျမက္ေလး သူမရြာကို ျပန္ေရာက္ေတာ့ တစ္ကယ္ကို ေပ်ာ္ရႊင္ခဲ့တာပါ။
“ေမာင္ေလး ၂ေယာက္?”
နင္ေတြးမိသြားတယ္။ သူ Blacktooth ရဲ့ သားတစ္ေယာက္ပဲ ေတြ႕ခဲ့တယ္။ ျပီးေတာ့
ရြာသားေတြ ေျပာတာက Serpentwing ေသာင္းက်န္းတုန္းက Blacktooth ရြာသားေတြ
တစ္၀က္ေက်ာ္ေသသြားတယ္ေျပာခဲ့တယ္။ ရြာသူၾကီးရဲ့ သားတစ္ေယာက္ အပါအ၀င္ေပါ့။
နင္ စာကို ဆက္ဖတ္လိုက္ပါတယ္။
“ကၽြန္မ သူနဲ႕ ဆံုေတြ႕ခဲ့တယ္။”
“မိန္းကေလးတိုင္းမွာ သူတို႕အတြက္ ဖူးစာဖက္ တစ္ေယာက္စီ ရွိၾကတယ္ေလ။ ကၽြန္မ
သူ႕ကိုေတြ႕ေတြ႕ခ်င္း သူဟာ ဒီတစ္ေယာက္ပဲလို႕ သိလိုက္တယ္။ ကၽြန္မ သူျပံဳးတာ ျမင္ရရင္
ကၽြန္မလည္း ေပ်ာ္ရႊင္တယ္။ သူ မ်က္ေမွာင္ၾကဳတ္တာျမင္ရရင္ စိတ္ပူမိတယ္။ သူ
ဓားသိုင္းကို ၾကိဳးၾကိဳးစားစား ေလ့က်င့္ေနတဲ့ အခ်ိန္ဆိုရင္ ကၽြန္မ ေဘးမွ
ရပ္ျပီးေတာ့ ၾကည့္ေနမိတယ္။ သူ႕ကို ၾကည့္ခြင့္ရတာကိုက ေကာင္းကင္ရဲ့ ဆုလာဘ္
တစ္ပါးပါပဲ။ ဒါနဲ႕.. ကၽြန္မ သူနဲ႕ လက္ထပ္ဖို႕ ဆံုးျဖတ္ခ်က္ ခ်လိုက္ပါတယ္။”
နင္ဟာ မ်က္ရည္စက္ တစ္စက္ က်ျပီးေတာ့ ထင္ေနတဲ့ အရာကို ေတြ႕လိုက္ပါတယ္။
နင္ ႏွလံုးသားတစ္ခုလံုး တုန္လႈပ္သြားတယ္။
လက္ထပ္တယ္..?
“ေႏြဦးျမက္ကေလး ေျပာျပတဲ့ ေကာင္ေလးက သူကိုယ္တိုင္ပဲလား။ ကၽြန္မ
သူ႕ကိုေတြ႕ေတြ႕ခ်င္း သူဟာ ဒီတစ္ေယာက္ပဲလို႕ သိလိုက္တယ္။ ကၽြန္မ သူျပံဳးတာ ျမင္ရရင္
ကၽြန္မလည္း ေပ်ာ္ရႊင္တယ္။ သူ မ်က္ေမွာင္ၾကဳတ္တာျမင္ရရင္ စိတ္ပူမိတယ္။ သူ
ဓားသိုင္းကို ၾကိဳးၾကိဳးစားစား ေလ့က်င့္ေနတဲ့ အခ်ိန္ဆိုရင္ ကၽြန္မ ေဘးမွ
ရပ္ျပီးေတာ့ ၾကည့္ေနမိတယ္။ ……”
မင္း ငါ့ကို လက္ထပ္ခ်င္ရင္ ဘာျဖစ္လို႕ ငါ့ကို
ကိုယ္တိုင္လာမေျပာရတာလည္း!!!!!!!
နင္ မ်က္လံုးမွိတ္လိုက္မိပါတယ္။ မ်က္ရည္ေတြဟာ အတားအဆီးမရွိ က်လာပါတယ္။
ေႏြဦးျမက္ကေလးက အေျခြအရံ တစ္ေယာက္ေပမဲ့ ဒီေခတ္က ေယာက်္ား
ေတာ္ေတ္ာမ်ားမ်ားက မိန္းမ အမ်ားၾကီး ယူၾကတယ္ေလ။ အရင္ ဘ၀တုန္းက နင္
ဘယ္ေကာင္မေလးနဲ႕မွ မခ်စ္ၾကိဳက္ခဲ့ပါဘူး။ ဒီဘ၀မွာေတာ့ သူ ဒီ ယဥ္ေက်းမႈနဲ႕ အသားက်ေနပါျပီ။
သူ မိန္းမ အမ်ားၾကီးယူလည္း ကိစၥ မရွိပါဘူး။ ဒါေပမဲ့ ဒီမိန္းမေတြအားလံုးက သူ
ခ်စ္တဲ့ သူေတြပဲ ျဖစ္ဖို႕လိုတယ္။
နင္ တစ္ကယ္ကို ေခါင္းျပန္ညိတ္ျပီးေတာ့ သေဘာတူမွာပဲ။ ေႏြဦးျမက္ပင္ေလးကို
သူ႕ရဲ့ ေကာင္မေလး ျဖစ္ခြင့္ေပးမွာပါပဲ။
“သခင္ေလး!!!”
အနီးက ေဆာင္းဦးသစ္ရြက္ေလးက နင္ မ်က္ရည္က်လာတာေတြ႕လိုက္ရေတာ့ ရင္ထဲ
နာက်င္သြားပါတယ္။ သူမက ငယ္ငယ္ေလးထဲက အေျခႊအရံ တစ္ေယာက္ပဲေလ။ နင္ဖတ္ေနတဲ့ စာကို သူမ
သြားမဖတ္ရဲပါဘူး။ ဒါေပမဲ့ နင္ငိုတာ ျမင္ရေတာ့ ေဆာင္းဦးသစ္ရြက္ေလး ႏွလံုးသား မွာ
ေဆာက္တည္ရာမရ ျဖစ္သြားပါတယ္။
နင္ မ်က္လံုး ျပန္ဖြင့္လိုက္ပါတယ္။
သူ စာကို ဆက္ဖတ္လိုက္ပါတယ္။
“သခင္ေလး… ဒီစာကို ေတြ႕တဲ့ အဓိပၸါယ္က သခင္ေလး Blacktooth မ်ိဳးႏြယ္စုမွာ ကၽြန္မကို လာရွာေနပါျပီ။ ကၽြန္မ အရမ္းကို ၀မ္းသာပါတယ္။ လိႈ္က္လႈိက္လွဲလွဲကို ၀မ္းသာပါတယ္။ ေႏြဦးျမက္ေလးဟာ အေျခြအရံေလး တစ္ေယာက္သာပါ။ သူ႕အတြက္ သခင္ေလးကိုယ္တိုင္ Blacktooth မ်ိဳးႏြယ္စုကို လာလည္တယ္ဆိုတာ …. အနည္းဆံုးေတာ့ သခင္ေလးရဲ့ ႏွလံုးသားထဲမွာ ေႏြဦးျမက္ကေလးအတြက္ ကိုယ္ပိုင္ေနရာေသးေသးေလးတစ္ခုေတာ့ ရွိေနတာ ေသခ်ာပါျပီ။ ေႏြဦးျမက္ကေလးေလ အရမ္းအရမ္းကို ေပ်ာ္ရႊင္ရပါတယ္။”
စာ ဒီမွာပဲ ျပီးဆံုးသြားခဲ့ပါတယ္။
နင္ရဲ့ မ်က္လံုးေတြလည္း မ်က္ရည္ စိုစြတ္ေနပါျပီ။
အရမ္းကို ေပ်ာ္ရႊင္တယ္?
မင္းတစ္ကယ့္ကို ေပ်ာ္ရႊင္ခဲ့ရတာလား?
“ဟား..ဟား..ဟား…”
နင္ အလြန္ က်ယ္ေလာင္စြာ ရယ္ေမာလိုက္ပါတယ္။ သူ႕ရယ္ေမာသံဟာ အက္ကြဲ
ေဆြးေျမ႕ေနပါတယ္။ ဒီဟာက သူနဲ႕အတူ တစ္ဘ၀လံုး မိသားစုလို အတူရွိခဲ့တဲ့ သူ တစ္ေယာက္
………………..
“သခင္ေလး…”
ေဆာင္းဦးသစ္ရြက္ကေလး အရမ္းကို စိတ္ပူသြားပါတယ္။
နင္ Blacktooth ကို လွည့္ၾကည့္လိုက္ပါတယ္။ သူ႕မ်က္လံုးေတြဟာ အရမ္းကို
ထက္တဲ့ ဓားေတြလိုပါပဲ။ သူ လႈိက္ျပီးေတာ့ ေျပာလိုက္ပါတယ္။
“ Blacktooth ငါ့ကို အခုထက္ထိ လိမ္ညာခ်င္ေနေသးတာလား။ အခုေျပာစမ္း။ ငါ့ကို .. ငါ့ကို မျခြင္းမခ်န္ အျဖစ္မွန္ အကုန္ေျပာျပစမ္း!!!!!”
“ Blacktooth ငါ့ကို အခုထက္ထိ လိမ္ညာခ်င္ေနေသးတာလား။ အခုေျပာစမ္း။ ငါ့ကို .. ငါ့ကို မျခြင္းမခ်န္ အျဖစ္မွန္ အကုန္ေျပာျပစမ္း!!!!!”
ဒါကို ၾကားလိုက္ရေတာ့ Blacktooth မ်က္ႏွာ အရမ္းပ်က္သြားပါေတာ့တယ္။
သူ႕တစ္ကိုယ္လံုး တုန္လႈပ္ေနပါတယ္။
ထပ္..
Blacktooth ဒူးေခါင္းနဲ႕ ေျမၾကီး ထိသြားခဲ့ပါတယ္။ သူ႕တစ္ကိုယ္လံုး ေၾကကြဲ
၀မ္းနည္းမႈနဲ႕ တုန္ခါေနပါတယ္။ ႏွလံုးေၾကကြဲေလာက္တဲ့ ငိုသံနဲ႕ သူ အခ်ိန္အၾကာၾကီး
ေအာ္ဟစ္တမ္းတ လိုက္ပါတယ္။
“မီ၀ွားးးးးးးးးးးးးးးးးးးးး…………………….!!!!”
Chapter 8 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 9 ျမစ္ကမ္းေဘး မ်ိဳးႏြယ္စု
Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္စာေရးဆရာ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…
Unicode
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
စာစဉ် 3
Chapter 8 နွေဦးမြက်ကလေး…
ရွာသားတွေဟာ ဂျိနင်ကိုကြည့်ပြီးတော့ အလွန်ထိတ်လန့် ခြောက်ခြားသွားကြပါတော့တယ်။
Serpentwing ကို သတ်မယ်…
သူတို့ ရှေ့မှာ ရှိနေတဲ့ လူငယ်လေးက Serpentwing ကို သတ်မယ်….
“မင်းတို့တွေ ငါ့ကို မညာထားဘူး မလား။”
နင်က ရွာသားတွေကို အကြည့်တစ်ချက် ဝိုက်ကြည့်လိုက်ပါတယ်။
“မီဝှား တစ်ကယ် သေသွားတာလား..”
“ကျွန်တော်တို့တွေ ဘာလို့ ညာရမှာလည်း။ Blacktooth တစ်ရွာလုံး ဒီ အကြောင်းကို သိပါတယ်။”
ရွာသားတွေ အကုန်လုံး တစ်ကယ်ကို ထိတ်လန့် တုန်လှုပ်နေကြတာပါ။ လက်ထဲမှာ ကိုင်ထားတဲ့ ဂျိတံဆိပ်တော်အပြင် ဂျိနင် ကိုယ်က နေ ထွက်ပေါ်လာနေတဲ့ အငွေ့အသက်ကြောင့် သူ့ကို လုံး၀ ကြောက်ရွံ့နေကြတာပါ။
“သွားကြစို့”
နင်က သူ့ရဲ့ စီးတော် သတ္တဝါကြီးကို စီးလိုက်ပြီးတော့ Blacktooth ကျေးရွာထဲကို တခါတည်း ဝင်သွားပါတော့တယ်။
ဆောင်းဦးသစ်ရွက်လေး နဲ့ မိုဝူလည်း စီးတော် သတ္တဝါတွေကို ကိုယ်စီ မြန်မြန်တက်စီးပြီးတော့ နင်နောက်ကနေ လိုက်ပါသွားပါတော့တယ်။
……
ရွာတံခါးက မြားပစ် မျှော်စင် ၂ဖက်မှာ လေးသမား ၁၀ယောက်ကျော်စီ ကင်းစောင့်နေကြပါတယ်။
“လူစိမ်းတွေ ရပ်ဟေ့…”
စစ်သူရဲ တစ်ဦးက ချက်ခြင်းပဲ အော်ပြောလိုက်ပါတယ်။
မျက်နှာ ပုပ်သိုးနေတဲ့ နင်က သူ့ရဲ့ တံဆိပ်တော်ကို ပြပြီးတော့ အော်ပြောလိုက်ပါတယ်။
“Blacktooth ကို ငါ့ကို လာတွေ့ ခိုင်းလိုက်စမ်း!!!!!”
တံဆိပ်တော်တွေ့သွားတဲ့ စစ်သူရဲက ကြောက်ရွံ့ တုန်လှုပ်စွာနဲ့ ပြာပြာသလဲ အဖြေပေးလိုက်ပါတယ်။
“ခဏလေး စောင့်ပေးပါခင်ဗျာ.. ကျွန်တော်မျိုး ရွာသူကြီးကို ခုချက်ခြင်း သွားအကြောင်းကြားလိုက်ပါ့မယ်။”
စစ်သူရဲဟာ စကားဆုံးသွားတာနဲ့ မြေပြင်ပေါ်ကို ခုန်ဆင်းလိုက်ပြီးတော့ ရွာထဲကို ခုန်ပြေးဝင်ရောက်သွားပါတော့တယ်။ တခဏ အကြာမှာတော့ သားမွေးနက် ဝတ်စုံကို ဝတ်ထားတဲ့ ကြောက်ရွံ့နေတဲ့ လူကြီးက စစ်သူရဲ အချို့ ခြံရံပြီး အပြေးလေး ထွက်ပေါ်လာပါတယ်။ သူကတော့ Blacktooth ရွာသူကြီး Blacktooth ကိုယ်တိုင်ပါပဲ။
သူ စီးတော် သတ္တဝါ စီးထားတဲ့ လူသုံးယောက် ရပ်နေတဲ့ထဲမှာ ခေါင်းဆောင်ဖြစ်တဲ့ သူကို မြင်လိုက်တော့ သူ့ ခန္ဓာကိုယ် တဆတ်ဆတ် တုန်လာပါတယ်။ သူ ချက်ခြင်းပဲ အော်ပြောလိုက်ပါတယ်။
“မြန်မြန် ဂိတ်တံခါးတွေ ဖွင့်လိုက်ပြီးတော့ ဂျိကလန်ရဲ့ သခင်လေးကို ကြိုဆိုကြလေ။”
“ဂျိကလန်ရဲ့ သခင်လေး?”
ဒီလို ရွာသေးသေးလေးက Blacktooth ရွာသားတွေ ဒီစကားကို ကြားလိုက်တော့ ရင်ထိတ်သွားကြပါတော့တယ်။ သူတို့တွေ အရမ်းလေးလံတဲ့ ဂိတ်တံခါးကို မြန်မြန် တွန်းဖွင့်ပေးလိုက်ကြပါတယ်။
Blacktooth က ပထမဆုံး ဒူးထောက် အရိုအသေပေးလိုက်ပါတယ်။
“Blacktooth သခင်လေးကို နှုတ်ခွန်းဆက်သပါတယ်။”
တခြား ရွာက စစ်သူရဲတွေလည်း အကုန်လုံး ဒူးထောက်အရိုအသေပေးလိုက်ကြပါတယ်။
“မင်းရဲ့ အိမ်တော်ကို သွားမယ်။”
နင်က စီးတော် သတ္တဝါကြီးပေါ်ကနေ မဆင်းပဲ ညွှန်ကြားလိုက်ပါတယ်။
“ဟုတ်ကဲ့ခင်ဗျ”
Blacktooth ဦးဆောင်ပြီးတော့ လမ်းပြခေါ်သွားပါတယ်။
နင် Blacktoothကို ကြည့်ပြီးတော့ ရင်ထဲမှာ မုန်းတီးမှုတွေ တိုးလာပါတယ်။ ဒါပေမဲ့ နွေဦးမြက်ပင်လေး သေဆုံးတာ Blacktooth ကို အပြစ်တင်လို့ မရသလို Blacktooth ကိုယ်တိုင်လည်း ရင်ကွဲနာ ကျနေမှာ အမှန်ပါပဲ။ ဒါပေမဲ့ နင် ရဲ့ ရင်ထဲက မုန်းတီး နာကျင်မှုကို ထိန်းလို့ မရခဲ့ပါဘူး။ နွေဦး မြက်ပင်လေးကို သူ့အဖေနဲ့ အတူ ထည့်ပေးခြင်းဟာ သေဆုံးမှုကို ဦးတည်သွားမယ်လို့ သူမထင်မိခဲ့ဘူး။ တစ်ကယ်လို့ နွေဦးမြက်ပင်လေးသာ သူနဲ့ အတူ ကျန်ရစ်နေခဲ့ရင်…
နင် သည်းမခံနိုင်ပဲ လက်သီးကို တင်းတင်းဆုပ်ထားလိုက်ပါတယ်။ သူ့ရဲ့ လက်သီးရိုးနေရာတွေဟာ တဖြည်းဖြည်း ဖြူလာပါတယ်။
“သခင်လေး .. ဒါကတော့ ကျွန်တော်မျိုးရဲ့ အိမ်တော်ပါ။”
ကျောက်တုံးတွေ နဲ့ တည်ဆောက်ထားတဲ့ တော်တော်ကြီးမားတဲ့ အိမ်တစ်လုံး ရှေ့ရောက်တော့ Blacktooth က ပြောပြလိုက်ပါတယ်။ အိမ်တံခါးဝမှာတော့ မိန်းမ ၂ယောက်နဲ့ ကလေးငယ် တစ်ယောက် ရှိနေပါတယ်။ ဒီ ကလေးငယ်ကော မိန်းမ ၂ယောက်ကော ကြောက်ရွံ့ နေပုံပါပဲ။
“သူက?”
နင်က ကလေးငယ်ကို ကြည့်ပြီးတော့ မေးလိုက်ပါတယ်။ ဒီ ကလေးငယ်က နွေဦးမြက်ကလေးနဲ့ တော်တော် ဆင်တူနေလို့ နင်တောင် အသက်ရှူ နည်းနည်း မြန်သွားပါတယ်။
“ကျွန်တော့ သားလေးပါ။”
Blacktooth ရိုရိုသေသေ ဖြေကြားလိုက်ပါတယ်။ တစ်ချိန်တည်း သူ့မိန်းမနဲ့ သားကို အော်ပြောလိုက်ပါတယ်။
“မင်းတို့တွေ ဘာလို့ မထွက်သွားကြသေးတာလည်း။”
မိန်းမ ၂ယောက်နဲ့ ကလေးငယ်တို့ ချက်ခြင်းပဲ ထွက်ခွာသွားကြပါတယ်။
“အထဲမှာ စကားပြောကြတာပေါ့။ မိုဝူ မင်း တံခါးဝမှာ စောင့်နေခဲ့။ ဘယ်သူ့မှ အိမ်ထဲကို ပေးမဝင်နဲ့။”
နင် စီးတော် သတ္တဝါကြီးပေါ်ကနေဆင်းပြီးတော့ ဆောင်းဦးသစ်ရွက်လေးကို ခေါ်ပြီး အိမ်ထဲ ဝင်သွားပါတယ်။ ကြောက်လန့်နေတဲ့ Blacktooth ကတော့ အနောက်ကနေ လိုက်ဝင်သွားပါတော့တယ်။
…..
အခန်းထဲမှာတော့…
နင်ဟာ ကျောက် ကုလားထိုင် ပေါ်မှာ ထိုင်ရင်း Blacktooth ကို ကြည့်ပြီး အေးစက်စက် လေသံနဲ့ စကားပြောလိုက်ပါတယ်။
“Blacktooth ငါ ဆောင်းဦးသစ်ရွက်လေးကို မင်းနဲ့ ပြန်ထည့်ပေးလိုက်တုန်းက မင်းတို့သားအဖ ၂ယောက် ပြန်ဆုံတွေ့ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်မယ်လို့ မျှော်လင့်ခဲ့မိတယ်။ အခုငါလာတော့ နွေဦးမြက်ပင်ကလေးကို ဘာလို့ မတွေ့ရတော့တာလည်း။”
Blacktooth ကမြန်မြန် ပြန်ဖြေလိုက်ပါတယ်။
“သခင်လေး ခင်ဗျာ ၊ နွေဦးသစ်ရွက်ကလေးက အခု ရွာထဲမှာ မရှိသေးပါဘူး။”
“ရွာထဲမှာ မရှိသေးဘူး?”
နင် Blacktooth ကို တရားခံကို ကြည့်သလို မျက်မှောင် ကြုတ်ပြီး ကြည့်လိုက်ပါတယ်။ Blacktooth က အခုထက်ထိ ညာချင်နေတုန်းပဲလား?
“နွေဦးသစ်ရွက်ကလေး ရွာကို ရောက်ရောက်ချင်းမှာ သူသဘောကျတဲ့ လူငယ် ကုန်သည်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ကျွန်တော်မျိုးလည်း ဒီ ကုန်သည်လေးကို သိလို့ ယုံကြည်ခဲ့ပါတယ်။ သမီးတစ်ယောက် လူလားမြောက်တဲ့အခါမှာ လက်ထပ်ရမှာ ဓမ္မတာ ပါပဲ။ ဒါကြောင့် ကျွန်တော်မျိုး ဒီ ကုန်သည်လေးနဲ့ သမီးလေးကို လက်ထပ်ပေးလိုက်ခဲ့မိပါတယ်။ နွေဦးမြက်ကလေး က ကုန်သည်လေးနဲ့ မလိုက်သွားခင်မှာ သခင်လေးအတွက် စာတစ်စောင် ချန်ရစ်ခဲ့ပေးပါတယ် ခင်ဗျာ။”
ဒီ နောက်ဆုံး စကားလုံးတွေကို မကြားခင်မှာ နင်နားထောင်ရင်းနဲ့ ဒေါသတွေ တလိပ်လိပ် ထွက်လာပါတယ်။ Blacktooth က ငါ့ကို လာလိမ်ရဲတယ်လား။ ဒါပေမဲ့ နောက်ဆုံး စာကြောင်းကို ကြားလိုက်တဲ့အခါမှာတော့..
“စာချန်ခဲ့တယ်?”
“ကျွန်တော်မျိုး အခုသွားယူလိုက်ပါ့မယ်။”
Blacktooth အနီးက အခန်းထဲကို မြန်မြန် ဝင်သွားပါတယ်။
“သခင်လေး…”
ဆောင်းဦးသစ်ရွက်လေး နင်ကို ကြည့်လိုက်ပါတယ်။
နင် ညင်ညင်သာသာ စကားပြန်ပြောလိုက်ပါတယ်။
“စိတ်မလောပါနဲ့”
နင်ဟာ ဉာဏ်ရည်ချို့တဲ့သူ မဟုတ်ဘူးလေ။ သူက လေ့ကျင့်ဖို့ တစ်ခုတည်းပဲ နားလည်နေတဲ့ လူစားမဟုတ်ဘူး။ သူ သိခဲ့တဲ့ သတင်းအချက်အလက်အရ နွေဦးမြက်ကလေးဟာ အမှန်တကယ် သေသွားခဲ့ပါပြီ။ ရွာအပြင်က ရွာသားတွေကတောင် နင်ဘယ်သူ့ကိုမေးမေး ဒီအဖြေပဲ ရမယ်လို့ ပြောခဲ့သေးတာပဲ။
အဲ့ဒီ ရွာသားတွေက နင်ကို လိမ်ပြောစရာ ဘာအကြောင်းမှ မရှိဘူးလေ။
ပြီးတော့ … သူမ အဖေနဲ့ ခွဲခွာခဲ့ရတဲ့ အချိန်ဟာ အလွန်ကို ကြာရှည်လွန်းခဲ့တဲ့အတွက် နင်ဟာ အဖေနဲက အတူ နေခွင့်ရဖို့အတွက် နင်ကို ထားရစ်ခဲ့တယ်လေ။ သူမ အဖေနဲ့ ပြန်ဆုံတွေ့ပြီး အတူနေတာ သိပ်မကြာသေးပဲ ဘယ်လိုလုပ် ချက်ခြင်းမင်္ဂလာ ဆောင်ပြီးတော့ ထွက်ခွာသွားရတာ ဖြစ်မှာလည်း?
“သခင်လေး.. ဒါ နွေဦးမြက်ကလေး သခင်လေးဖို့ ထားရစ်ခဲ့တဲ့ စာပါ။”
Blacktooth က အဖြူရောင် သားရေစာချပ်တစ်ချပ်ကို နင် ထံ ဆက်သလိုက်ပါတယ်။
နင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်မိပါတယ်။ စာ..? ဒါသူမရဲ့ သေတမ်းစာ ဖြစ်လိမ့်မယ်။ နွေဦးမြက်ကလေးဟာ သူမ အသည်းအသန် နာမကျန်းဖြစ်တဲ့အချိန်မှာ နင် အတွက် တမင် ချန်ခဲ့ပေးတဲ့ စာဖြစ်လိမ့်မယ်။ လက် တုန်လှုပ်နေတဲ့ လက်ကိုဆန့်ပြီးတော့ အဖြူရောင် သားရေချပ်ကို လက်ခံလိုက်ပါတယ်။ ပြီးတော့ သေချာ ဖွင့်ပြီး ဖတ်လိုက်ပါတော့တယ်။
အရမ်းကို လှပါတဲ့ လက်ရေးလေးတွေကို တွေ့လိုက်ပါတယ်။ ဒီလက်ရေးလေးတွေဟာ သူနဲ့ အင်မတန်မှ ရင်းနှီးခဲ့တာပါ။ ဒီ လက်ရေးတွေကို မြင်တော့ နင် နှလုံး ခုန်မြန်သွားရပါတယ်။ ဒါ နွေဦးမြက်ကလေးရဲ့ လက်ရေး အမှန်ပါပဲ။
“သခင်လေးရှင့်၊ မျိုးနွယ်စု ရွာကို ပြန်ရောက်တော့ ကျွန်မ အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်။ ကျွန်မ အဖေ ကိုလည်း နေ့တိုင်း တွေ့ခွင့်ရတဲ့အပြင် မောင်လေး ၂ယောက် လည်း ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်မ ငယ်ငယ်တုန်းက မိဘတွေနဲ့ အတူနေရတဲ့ ခံစားမှုမျိုးကို ခံစားရပါတယ်။….”
ဒါကတော့ စာထဲမှာ ပြောထားတာတွေပါ။
ဒီစာထဲမှာ နွေဦးမြက်ကလေး ပျော်ရွှင်ခဲ့ရတဲ့ အကြောင်းတွေ အကုန်လုံးရေးထားပါတယ်။ နင်လည်း ပျော်ရွှင်မှုတွေ စာထဲကနေ ဖြာထွက်နေတာကို ခံစားမိပါတယ်။ နွေဦးမြက်လေး သူမရွာကို ပြန်ရောက်တော့ တစ်ကယ်ကို ပျော်ရွှင်ခဲ့တာပါ။
“မောင်လေး ၂ယောက်?”
နင်တွေးမိသွားတယ်။ သူ Blacktooth ရဲ့ သားတစ်ယောက်ပဲ တွေ့ခဲ့တယ်။ ပြီးတော့ ရွာသားတွေ ပြောတာက Serpentwing သောင်းကျန်းတုန်းက Blacktooth ရွာသားတွေ တစ်ဝက်ကျော်သေသွားတယ်ပြောခဲ့တယ်။ ရွာသူကြီးရဲ့ သားတစ်ယောက် အပါအဝင်ပေါ့။
နင် စာကို ဆက်ဖတ်လိုက်ပါတယ်။
“ကျွန်မ သူနဲ့ ဆုံတွေ့ခဲ့တယ်။”
“မိန်းကလေးတိုင်းမှာ သူတို့အတွက် ဖူးစာဖက် တစ်ယောက်စီ ရှိကြတယ်လေ။ ကျွန်မ သူ့ကိုတွေ့တွေ့ချင်း သူဟာ ဒီတစ်ယောက်ပဲလို့ သိလိုက်တယ်။ ကျွန်မ သူပြုံးတာ မြင်ရရင် ကျွန်မလည်း ပျော်ရွှင်တယ်။ သူ မျက်မှောင်ကြုတ်တာမြင်ရရင် စိတ်ပူမိတယ်။ သူ ဓားသိုင်းကို ကြိုးကြိုးစားစား လေ့ကျင့်နေတဲ့ အချိန်ဆိုရင် ကျွန်မ ဘေးမှ ရပ်ပြီးတော့ ကြည့်နေမိတယ်။ သူ့ကို ကြည့်ခွင့်ရတာကိုက ကောင်းကင်ရဲ့ ဆုလာဘ် တစ်ပါးပါပဲ။ ဒါနဲ့.. ကျွန်မ သူနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။”
နင်ဟာ မျက်ရည်စက် တစ်စက် ကျပြီးတော့ ထင်နေတဲ့ အရာကို တွေ့လိုက်ပါတယ်။
နင် နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားတယ်။
လက်ထပ်တယ်..?
“နွေဦးမြက်ကလေး ပြောပြတဲ့ ကောင်လေးက သူကိုယ်တိုင်ပဲလား။ ကျွန်မ သူ့ကိုတွေ့တွေ့ချင်း သူဟာ ဒီတစ်ယောက်ပဲလို့ သိလိုက်တယ်။ ကျွန်မ သူပြုံးတာ မြင်ရရင် ကျွန်မလည်း ပျော်ရွှင်တယ်။ သူ မျက်မှောင်ကြုတ်တာမြင်ရရင် စိတ်ပူမိတယ်။ သူ ဓားသိုင်းကို ကြိုးကြိုးစားစား လေ့ကျင့်နေတဲ့ အချိန်ဆိုရင် ကျွန်မ ဘေးမှ ရပ်ပြီးတော့ ကြည့်နေမိတယ်။ ……”
မင်း ငါ့ကို လက်ထပ်ချင်ရင် ဘာဖြစ်လို့ ငါ့ကို ကိုယ်တိုင်လာမပြောရတာလည်း!!!!!!!
နင် မျက်လုံးမှိတ်လိုက်မိပါတယ်။ မျက်ရည်တွေဟာ အတားအဆီးမရှိ ကျလာပါတယ်။
နွေဦးမြက်ကလေးက အခြွေအရံ တစ်ယောက်ပေမဲ့ ဒီခေတ်က ယောကျ်ား တော်တေ်ာများများက မိန်းမ အများကြီး ယူကြတယ်လေ။ အရင် ဘဝတုန်းက နင် ဘယ်ကောင်မလေးနဲ့မှ မချစ်ကြိုက်ခဲ့ပါဘူး။ ဒီဘဝမှာတော့ သူ ဒီ ယဉ်ကျေးမှုနဲ့ အသားကျနေပါပြီ။ သူ မိန်းမ အများကြီးယူလည်း ကိစ္စ မရှိပါဘူး။ ဒါပေမဲ့ ဒီမိန်းမတွေအားလုံးက သူ ချစ်တဲ့ သူတွေပဲ ဖြစ်ဖို့လိုတယ်။
နင် တစ်ကယ်ကို ခေါင်းပြန်ညိတ်ပြီးတော့ သဘောတူမှာပဲ။ နွေဦးမြက်ပင်လေးကို သူ့ရဲ့ ကောင်မလေး ဖြစ်ခွင့်ပေးမှာပါပဲ။
“သခင်လေး!!!”
အနီးက ဆောင်းဦးသစ်ရွက်လေးက နင် မျက်ရည်ကျလာတာတွေ့လိုက်ရတော့ ရင်ထဲ နာကျင်သွားပါတယ်။ သူမက ငယ်ငယ်လေးထဲက အခြွှေအရံ တစ်ယောက်ပဲလေ။ နင်ဖတ်နေတဲ့ စာကို သူမ သွားမဖတ်ရဲပါဘူး။ ဒါပေမဲ့ နင်ငိုတာ မြင်ရတော့ ဆောင်းဦးသစ်ရွက်လေး နှလုံးသား မှာ ဆောက်တည်ရာမရ ဖြစ်သွားပါတယ်။
နင် မျက်လုံး ပြန်ဖွင့်လိုက်ပါတယ်။
သူ စာကို ဆက်ဖတ်လိုက်ပါတယ်။
“သခင်လေး… ဒီစာကို တွေ့တဲ့ အဓိပ္ပါယ်က သခင်လေး Blacktooth မျိုးနွယ်စုမှာ ကျွန်မကို လာရှာနေပါပြီ။ ကျွန်မ အရမ်းကို ဝမ်းသာပါတယ်။ လှိုက်လှိုက်လှဲလှဲကို ဝမ်းသာပါတယ်။ နွေဦးမြက်လေးဟာ အခြွေအရံလေး တစ်ယောက်သာပါ။ သူ့အတွက် သခင်လေးကိုယ်တိုင် Blacktooth မျိုးနွယ်စုကို လာလည်တယ်ဆိုတာ …. အနည်းဆုံးတော့ သခင်လေးရဲ့ နှလုံးသားထဲမှာ နွေဦးမြက်ကလေးအတွက် ကိုယ်ပိုင်နေရာသေးသေးလေးတစ်ခုတော့ ရှိနေတာ သေချာပါပြီ။ နွေဦးမြက်ကလေးလေ အရမ်းအရမ်းကို ပျော်ရွှင်ရပါတယ်။”
စာ ဒီမှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။
နင်ရဲ့ မျက်လုံးတွေလည်း မျက်ရည် စိုစွတ်နေပါပြီ။
အရမ်းကို ပျော်ရွှင်တယ်?
မင်းတစ်ကယ့်ကို ပျော်ရွှင်ခဲ့ရတာလား?
“ဟား..ဟား..ဟား…”
နင် အလွန် ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။ သူ့ရယ်မောသံဟာ အက်ကွဲ ဆွေးမြေ့နေပါတယ်။ ဒီဟာက သူနဲ့အတူ တစ်ဘဝလုံး မိသားစုလို အတူရှိခဲ့တဲ့ သူ တစ်ယောက် ………………..
“သခင်လေး…”
ဆောင်းဦးသစ်ရွက်ကလေး အရမ်းကို စိတ်ပူသွားပါတယ်။
နင် Blacktooth ကို လှည့်ကြည့်လိုက်ပါတယ်။ သူ့မျက်လုံးတွေဟာ အရမ်းကို ထက်တဲ့ ဓားတွေလိုပါပဲ။ သူ လှိုက်ပြီးတော့ ပြောလိုက်ပါတယ်။
“ Blacktooth ငါ့ကို အခုထက်ထိ လိမ်ညာချင်နေသေးတာလား။ အခုပြောစမ်း။ ငါ့ကို .. ငါ့ကို မခြွင်းမချန် အဖြစ်မှန် အကုန်ပြောပြစမ်း!!!!!”
ဒါကို ကြားလိုက်ရတော့ Blacktooth မျက်နှာ အရမ်းပျက်သွားပါတော့တယ်။ သူ့တစ်ကိုယ်လုံး တုန်လှုပ်နေပါတယ်။
ထပ်..
Blacktooth ဒူးခေါင်းနဲ့ မြေကြီး ထိသွားခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံး ကြေကွဲ ဝမ်းနည်းမှုနဲ့ တုန်ခါနေပါတယ်။ နှလုံးကြေကွဲလောက်တဲ့ ငိုသံနဲ့ သူ အချိန်အကြာကြီး အော်ဟစ်တမ်းတ လိုက်ပါတယ်။
“မီဝှားးးးးးးးးးးးးးးးးးးးး…………………….!!!!”
Chapter 8 ပြီးပါပြီ။
ဆက်ပါဦးမည်>>>>>>
Chapter 9 မြစ်ကမ်းဘေး မျိုးနွယ်စု
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်စာရေးဆရာ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
Comments
Post a Comment