ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 3 Chapter 18 ေသျခင္း ရွင္ျခင္း အဆံုးအျဖတ္
ဓားတန္ခိုးရွင္၏ ဒ႑ာရီ
Book 3
Chapter 18 ေသျခင္း ရွင္ျခင္း အဆံုးအျဖတ္
“ငါ ဆက္ေျပးေနလို႕ မျဖစ္ေတာ့ဘူး။ ဆက္ေျပးေနရင္ ငါ့စြမ္းအင္ေတြ ကုန္သြားရင္
အေမာဆို႕ေသသြားလိမ့္မယ္။ ငါ ဘာမွ တတ္ႏိုင္မွာ မဟုတ္ေတာ့ဘူး။”
ဂ်ိနင္ ထြက္ေျပးေနရာကေန ရုတ္တရက္ ရပ္တန္႕လိုက္ပါတယ္။ ျပီးေတာ့ သူ႕ကို
အၾကာၾကီး လိုက္သတ္ေနရလို႕ ေဒါသထြက္ေနတဲ့ လူ႕ဘီလူးၾကီး ၄ ေယာက္ကို
မ်က္ႏွာခ်င္းဆိုင္ၾကည့္လိုက္ပါတယ္။ လူ႕ဘီလူးၾကီး ေတြကေတာ့ ေျခလွမ္းက်ဲၾကီးေတြနဲ႕
သူ႕ကို ေျပးလိုက္ေနတုန္းပါ။
“ေနာက္ဆံုးေတာ့ သူရပ္သြားျပီ။”
“ဒီလူသားလည္း နတ္ဘုရားစြမ္းအင္ ကုန္သြားျပီ ထင္တယ္။”
“ငါတို႕နဲ႕ လာျပိဳင္ေျပးရဲတယ္။ ငါတို႕က ရက္ေပါင္း ေတာ္ေတာ္ၾကာၾကာကို
မရပ္မနား ေျပးလႊားႏိုင္တယ္။”
ဒီလူ႕ဘီလူးၾကီး ၉ ေယာက္က သူတို႕ေရွ႕က လူကေလးကို စားေသာက္ခ်င္ေနၾကပါတယ္။
နင္ကေတာ့ ဓားကုိ ကိုင္ထားျပီး ေအးေအးေဆးေဆး ရပ္ၾကည့္ေနပါတယ္။
ေသေရး ရွင္ေရးနဲ႕ ၾကံဳလာေတာ့ နင္ရဲ့ စိတ္ႏွလံုးသားဟာ ကြက္လပ္ျဖစ္သြားျပီး
အရမ္းကို တည္ျငိမ္သြားပါတယ္။ ဒီ အခ်ိန္မွာ သူ႕စိတ္ထဲမွာ ဒီတိုက္ပြဲကလြြဲျပီး
တျခားဘာအေတြးမွ မရွိေတာ့ပါဘူး။
“ဟမ့္”
လူ႕ဘီလူးၾကီး ၉ေကာင္ နင္ဆီကို ေျပး၀င္သြားသလို နင္ကလည္း လူ႕ဘီလူးၾကီး
၉ေကာင္ဆီ ေျပး၀င္သြားပါတယ္။ ေရမီးၾကာပန္း ပြင့္ဖတ္ ၃စံုဟာ နင္ရဲ့ ေဘးနားမွာ
ျဖည္းျဖည္းခ်င္းလွည့္ပတ္ေနလို႕ လူ႕ဘီလူးၾကီး ၉ေကာင္ နင္အနားကို ေရာက္လာေပမဲ့
နင့္ကို တိုက္ခိုက္လို႕ မရျဖစ္ေနပါတယ္။
နင့္လက္ထဲက ဓားေရာင္ လက္သြားပါတယ္။
မီးေတာက္ သ႑ာန္ ဓားခ်က္!
ရက္စက္လြန္းတဲ့ လူသတ္ကြက္!
“ဟားဟား.. သူ႕ဓားခ်က္က အရမ္းကို ၀ိတယ္”
“ငါ၀ိေလး။”
လူ႕ဘီလူးၾကီး ေတြက ဒီဓားခ်က္ကို အမႈမထားပါဘူး။ နင္ရဲ့ ဓားခ်က္က သူတို႕ရဲ့
အနက္ေရာင္ အလင္း အကာအကြယ္ကို ျဖတ္သြားေပမဲ့ ဒဏ္ရာေလဒတစ္ခုပဲ ခ်န္ခဲ့ႏိုင္ပါတယ္။
နင္က အရမ္းကို တည္ျငိမ္ေနေပမဲ့ သူ႕ရဲ့ အစြမ္းကုန္ထုတ္ျပီးေတာ့
တိုက္ခိုက္ခဲ့ပါတယ္။
“ငါ့ရဲ့ နတ္ဘုရား အတြင္းအား သိပ္မက်န္ေတာ့ဘူး။”
သူ႕ရဲ့ နတ္ဘုရားအတြင္းအား ကုန္ခမ္းေတာ့မွာကို ခံစားမိပါတယ္။ သူအံကို
တင္းတင္းၾကိတ္လိုက္ျပီးေတာ့ သိမ္းစြန္ရဲလို ေလထဲ ခုန္တက္လိုက္ပါတယ္။
“ရႊစ္”
စၾကၤန္လမ္းက မီတာ ရာေက်ာ္ ျမင့္ပါတယ္။ နင္က မီတာ၁၀၀ေလာက္ေလထဲကို
ခုန္တက္လိုက္တာပါ။ သူေလထဲမွာ ပ်ံ၀ဲေနတုန္း ေရွးေခတ္တာအို တံဆိပ္ေတာ္ ၂ခု လက္ထဲ
ေပၚလာပါတယ္။ တစ္ခုကေတာ့ ကိုယ္ေဖာ့ တံဆိပ္ေတာ္ ျဖစ္ျပီးေတာ့ ေနာက္တစ္ခုကေတာ့
နတ္ဘုရား လႈပ္ရွားမႈ တံဆိပ္ေတာ္ ျဖစ္ပါတယ္။ သူ႕ရဲ့ ဇင္တ်န္ ကီက ဒီ တာအို
တံဆိပ္ေတာ္ ၂ခုထဲကို ခ်က္ျခင္းစီး၀င္သြားျပီးေတာ့ တံဆိပ္ေတာ္ ၂ခု အသက္၀င္သြားျပီး
နင္ကုိယ္ထဲကို အစြမ္းေတြ စီး၀င္သြားပါတယ္။
“ေနာက္ဆံုးဓားခ်က္ပဲ”
နင္ဟာ ေနာက္ဆံုး စၾကၤန္ မ်က္နွာက်က္အထိကို ေရာက္သြားျပီးေတာ့ ရွိသမွ်
အားအကုန္နဲ႕ မ်က္ႏွာက်က္ကို ေျခစံုကန္လိုက္ပါတယ္။
သူ ဓားဦး ေအာက္စိုက္ျပီး ျပန္ဆင္းလာပါတယ္။
အရမ္းကို ျမန္လြန္းတယ္။
ျမန္လြန္းတယ္။
ျမန္လြန္းတယ္။
မ်က္ႏွာက်က္ကို က ကန္ထြက္ခဲ့တဲ့ အားရယ္ ေလေတာင္ပံ ကိုယ္ေဖာ့သိုင္း
အစြမ္းရဲ့ အျမန္ႏႈန္းရယ္ ကမာၻေျမၾကီးရဲ့ ဆြဲငင္အားရယ္ ၊ ကိုယ္ေဖာ့ တံဆိပ္ေတာ္
၊နတ္ဘုရား လႈပ္ရွားမႈ တံဆိပ္ေတာ္ ေတြရဲ့ အစြမ္းေတြ ရယ္ ေပါင္းလိုက္တဲ့အခါမွာ
နင္ရဲ့ အျမန္ႏႈန္းဟာ ေၾကာက္ခမန္းလိလိကို ျဖစ္လာပါတယ္။ ဒီအခ်ိန္မွာ နင္ရဲ့
ဦးစိုက္က်လာတဲ့ ဓားကြက္ရဲ့ ျမန္ဆန္မႈဟာ အလင္းရဲ့ အျမန္ေလာက္ကို ေရာက္သြားပါတယ္။
ျမန္ဆန္မႈဟာလည္း ပါ၀ါပါပဲ။ အျမန္ႏႈန္းဟာ အတိုင္းအတာတစ္ခုကို
ေရာက္သြားတဲ့အခါမွာ ဓားရဲ့ ပါ၀ါဟာလည္း အရမ္းကို ျမင့္မားသြားတာ မဆန္းေတာ့ပါဘူး။
“မိုးေရတစ္စက္ဟာ ေက်ာက္တံုးကို ေတာင္မွ ထိုးေဖာက္ႏိုင္တဲ့ အဓိပၸာယ္ကို
ေဆာင္တယ္။ မိုးေရစက္ဟာ မိုးေရမ်ဥ္းတန္း အဲ့ဒီကေန ေရစီးေၾကာင္းေလး ေနာက္ဆံုးမွာ
ျမစ္ေခ်ာင္း ဒါမွမဟုတ္ သမုဒၵရာ အသြင္ ေျပာင္းသြားတယ္။ ”
နင္ ေျမျပင္ကို ဦးတည္ တိုး၀င္လာတာနဲ႕အတူ မိုးေရစက္ ဓားသိုင္းက လူသတ္ကြက္ျဖစ္တဲ့
မိုးေရစက္ ေက်ာက္တံုးေဖာက္ ဓားသိုင္းကြက္ကို အသံုးျပဳလိုက္ပါတယ္။
သူဒီလိုအခ်ိန္မွာေတာ့ သူ႕အေဖ ဂ်ိရီခၽြမ္ဓားသိုင္း သင္ေပးေနတာကို
ျပန္ျမင္ေယာင္ေနမိပါတယ္။ သူ႕အေဖက မိုးေရစက္ ဓားကြက္ ကိုးကြက္ကို သူ႕ေရွ႕မွာ
၃ၾကိမ္တိတိ သရုပ္ေဖာ္ ကစားျပေပးခဲ့ပါတယ္။
ဒီလို ေသျခင္းတရားကို ရင္ဆိုင္ရတဲ့အခ်ိန္မွာ နင္ ခ်က္ခ်င္း
သေဘာေပါက္သြားပါေတာ့တယ္။
သူ႕အေဖ သူ႕ကို သရုပ္ေဖာ္ သိုင္းကစားျပတုန္းက ေတာ္ေတာ္ ေနွးေနွး
ကစားျပခဲ့ပါတယ္။ သူ မိုးေရစက္ ေက်ာက္တုံုးေဖာက္ ဓားကြက္က စကစားျပီးေတာ့
မိုးေရမ်ဥ္းတန္း ၊ ထာ၀ရ လတ္ဆတ္ေသာ ေရစီးေၾကာင္း၊ ခြင့္လႊတ္ျခင္းမဲ့ ေရစီးေၾကာင္း၊
ေနာက္ဆံုးေတာ့ မိုးေရစက္ ေက်ာက္တုံးေဖာက္ ဓားသိုင္းကြက္နဲ႕ ျပန္အဆံုး
သတ္သြားပါတယ္။
ဒီ ဓားကြက္ေတြျပီးတာနဲ႕ တစ္စက္စက္ မိုးေရစက္၊ မိုးမုန္တိုင္း လိုက္ကာ၊
ေကာင္းကင္မွ ေရလိုက္ကာ နဲ႕ ေနာက္ဆံုး မိုးေရစက္ေက်ာက္တံုးေဖာက္ ဓားကြက္ကို
ဆက္ကစားျပခဲ့ပါတယ္။
ဒါျပီးတာနဲ႕ ထာ၀ရေရစီေၾကာင္းငယ္၊ ေရပက္မ၀င္ ဓားကြက္ေတြကို ကစားျပျပီးေတာ့
ေနာက္ဆံုးေတာ့ မိုးေရစက္ ေက်ာက္တံုးေဖာက္ ဓားသိုင္းနဲ႕ အဆံုး သတ္သြားျပန္ပါတယ္။
“မိုးေရစက္ ေက်ာက္တံုးေဖာက္ ဓားသိုင္းဟာ အ၀ိဆံုး ဓားသိုင္း ျဖစ္သလို
အစြမ္းအထက္ဆံုး ဓားသိုင္းကြက္လည္း ျဖစ္တယ္။ မိုးေရစက္ ဓားသိုင္းက်မ္းရဲ့
အနွစ္သာရဟာ အရမ္းကို နက္ရႈိင္းတယ္။ တစ္ဘ၀လံုး ေလ့က်င့္တာေတာင္မွ ဆံုးခန္းတိုင္မွာ
မဟုတ္ဘူး။ မွတ္ထားပါ… မိုးေရစက္ ဟာ ေက်ာက္တံုးကို ေဖာက္သြားတယ္။”
ဂ်ိရီခၽြမ္က ဒီစကားေတြကို ေျပာခဲ့ပါတယ္။ ေနာက္ဆံုးေတာ့ ဂ်ိနင္
သူနားလည္သြားျပီလို႕ ခံစားမိလိုက္ပါတယ္။
ဒါေပမဲ့ တာအိုအႏွစ္သာရမွာ တညတာ တရားက်င့္ခဲ့ျပီးေတာ့ ဒီလို ေသေရးရွင္ေရး
ဆက္တိုက္ ၾကံဳလာတဲ့အခါမွာေတာ့ ေနာက္ဆံုးမွာေတာ့ နင္က သူ႕အေဖ သူ႕ကို ဘာကို
နည္လည္ေစခ်င္လည္းဆိုတာကို သေဘာေပါက္သြားပါေတာ့တယ္။
ဒါတိုက္ကြက္ပဲ
“မိုးေရစက္!!”
နင္ ေျမျပင္ကို ျမန္ဆန္စြာနဲ႕ ဦးတည္တိုး၀င္လာေနပါတယ္။ လက္ထဲမွာ ဒက္ေနာ့ဓား
၂လက္နဲ႕ ခ်က္ခ်င္းပဲ လူ႕ဘီလူးၾကီး တစ္ေယာက္ရဲ့ ေက်ာက္တုတ္တိုင္ၾကီးကို
တစ္ဖက္လြင့္သြားေအာင္ ရိုက္လိုက္ပါတယ္။ သူ႕ရဲ့ ညာဘက္လက္က ဓားက လူ႕ဘီလူးၾကီးရဲ့
ဦးေခါင္းကို ထိုးေဖာက္သြားပါေတာ့တယ္။ လူ႕ဘီလူးၾကီးရဲ့ ေက်ာက္တုတ္ၾကီးက
နင္ရဲ့ဓားကြက္ကို မကာကြယ္လိုက္ႏိုင္ပါဘူး။ ဒါေပမဲ့ သူမေၾကာက္ရြ႔ံပါဘူး။
“သူ ငါ့ကို ဘာမွ မလုပ္ႏိုင္ဘူး။”
“ေက်ာက္တံုးေဖာက္!!!”
နင္ လူူ႕ဘီလူးၾကီးရဲ့ ဦးေခါင္းကို ေအးေအးေဆးေဆး စိုက္ၾကည့္ေနပါတယ္။
“ခၽြင္”
သူ႕ဓားခ်က္ဟာ အရမ္းေလးလံတဲ့ မိုးေရစက္တစ္စက္ ေက်ာက္တံုးေပၚက်သြားသလိုပါပဲ။
ဓားဟာ အနက္ေရာင္ အလင္း အကာအကြယ္ကို ေဖာက္သြားျပီးေတာ့ လူ႕ဘီလူးၾကီးရဲ့
ဦးေခါင္းခြံကိုပါေဖာက္သြားျပီး ဦးေႏွာက္ထဲအထိကို ေရာက္သြားပါေတာ့တယ္။ အရမ္းကို ျပင္းထန္တဲ့
သဘာ၀ စြမ္းအားေတြ ရုတ္တရက္ ေပါက္ကြဲထြက္လာသလိုပါပဲ။ ခႏၶာကိုယ္ထဲက ဘာအစြမ္းမွ
မတားဆီးႏိုင္ေတာ့ပဲနဲ႕ “ရႊစ္”အသံနဲ႕အတူ ဦးေခါင္းဟာ ေပါက္ကြဲသြားပါေတာ့တယ္။
ခႏၶာကို္ယ္ဟာ အနက္ေရာင္ အရည္ေတြ ျဖစ္သြားျပီးေတာ့ လက္နက္နဲ႕ ခ်ပ္၀တ္တန္ဆာေတြဟာ
ေျမျပင္ေပၚကို က်လာပါတယ္။
“သိမ္းလိုက္စမ္း”
နင္ ခ်က္ခ်င္းပဲ ခ်ပ္၀တ္တန္ဆာေတြနဲ႕ ေက်ာက္တုတ္ၾကီးကို သူ႕ရဲ့
သိုေလွာင္ခန္းရတနာေတြထဲ ထည့္သိမ္းလိုက္ပါတယ္။
ခုနက အနက္ေရာင္ အရည္ေတြဟာ အလြန္အံ့ၾသေနတဲ့ လူ႕ဘီလူးၾကီးအသြင္
ျပန္ေပၚလာပါတယ္။
“ဒါဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလည္း။ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလည္း။”
“မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူး။”
နင္အခု လံုး၀ ယံုၾကည္မႈ ျပည့္သြားပါျပီ။ ဒီ လူ႕ဘီလူးၾကီး ၉ေကာင္က သူ႕ကို
မတားဆီးႏိုင္ေတာ့ပါဘူး။
“ေသစမ္း”
အခုနင္က ေရမီးၾကာပန္းကို ထိန္းခ်ဳပ္ျပီးေတာ့ ၀တ္စံုမရွိေတာ့တဲ့ အနက္ေရာင္
လူ႕ဘီလူးၾကီးကို အမႈန္႕ေခ်လိုက္ပါတယ္။ ၀တ္စံုမရွိေတာ့တဲ့အတြက္ လူ႕ဘီလူးၾကီးဟာ
ေရမီး ၾကာပန္းရဲ့ ၾကိတ္ေျခမႈကို မခုခံႏိုင္ေတာ့ပါဘူး။
“မင္းတို႕ ၈ေယာက္လည္း အခုေသလို႕ ရျပီ”
နင္ ရုတ္တရက္ ေပ်ာက္ကြယ္သြားျပီးေတာ့ လွ်ပ္စီလို တစ္ေနရာတစ္ေနရာေပၚလာပါတယ္။
တာအို စစ္၀တ္စံု ၉စံုဟာ အခ်င္းခ်င္း ခ်ိတ္ဆက္ထားျပီးေတာ့ တစ္ေယာက္နဲ႕
တစ္ေယာက္ စြမ္းအင္ေ၀မွ်ျပီး ကူညီလို႕ ရပါတယ္။ အခုေတာ့ ဒီ လူ႕ဘီလူးၾကီး ၉ေယာက္ဟာ
သူတို႕ ရဲ့ အစြမ္းေတြကို ခ်ိတ္ဆက္ ေပါင္းစည္းလို႕ မရေတာ့ပါဘူး။ ဓားသိုင္းမွာ
အရမ္းကို အစြမ္းထက္လာတဲ့ နင္နဲ႕ ရင္ဆိုင္လိုက္ရေတာ့…. သူတို႕ေတြ ေျပးလို႕လည္း
မလြတ္ေတာ့ပါဘူး။ သူတို႕ေတြကို နင္တစ္ေယာက္ျပီးတစ္ေယာက္ လိုက္သတ္လိုက္ပါတယ္။
သူတို႕ရဲ့ တာအို စစ္၀တ္စံုေတြနဲ႕ ေက်ာက္တုတ္ေတြကေတာ့ နင္ရဲ့ သိုေလွာင္ခန္း
ရတနာေတြထဲ ေရာက္သြားၾကပါျပီ။
“ေသစမ္း”
နင္ အခုဆို မလႈပ္မရွား မတ္တပ္ရပ္ေနျပီးေတာ့ ေရမီးၾကာပန္း ၆ စံုကို
ထိန္းခ်ဳပ္ျပီး လူ႕ဘီလူးၾကီး ၉ ေယာက္ကို ဆက္တိုက္ အမႈန္႕ေျခပါေတာ့တယ္။ သူတို႕ေတြ
အနက္ေရာင္ အရည္ျဖစ္သြားျပီးေတာ့ လူျပန္ျဖစ္လာတာနဲ႕ ထပ္ခါထပ္ခါ အမႈန္႕ေျခလိုက္တာပါ။
အၾကိမ္ေတာ္ေတ္ာမ်ားမ်ား အမႈန္႕ေျချပီးတဲ့အခါမွာေတာ့ ဒီ လူ႕ဘီလူးၾကီးေတြ
အသြင္ျပန္မေျပာင္းႏိုင္ေတာ့ပဲ ေပ်ာက္ကြယ္သြားပါေတာ့တယ္။
စၾကၤန္လမ္းရဲ့ အစြန္း ၂ဖက္က ျမဴေတြလည္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားပါျပီ။
“အေဖ..”
နင္တိုးတိုးေလး ေရရြတ္လိုက္ပါတယ္။
နင္ တာအို အႏွစ္သာရကို ဥာဏ္အလင္း ရခဲ့ျပီးေတာ့ တရားက်င့္ခဲ့တဲ့ ညအခ်ိန္က
ေရဓာတ္ မီးဓာတ္ ေလဓာတ္ေတြကို နားလည္တာပဲ ရွိပါေသးတယ္။ အသံုးခ်ႏိုင္ မခ်ႏိုင္တာက
တက႑ ပါ။ နင္ အရင္ နားလည္ခဲ့တဲ့ ေရမီး ၾကာပန္းဟာ အကာအကြယ္အတြက္ပဲ ျဖစ္ျပီးေတာ့
တိုက္ခိုက္ဖို႕အတြက္ မဟုတ္ခဲ့ပါဘူး။
ဒါေပမဲ့ သူ႕အေဖ သင္ၾကားေပးခဲ့တဲ့ အေျခခံနဲ႕ ေသေရး ရွင္ေရးကို
ၾကံဳလာတဲ့အခါမွာ သူ မိုးေရစက္ ဓားက်မ္းရဲ့ အစစ္အမွန္ အႏွစ္သာရကို နားလည္သြားခဲ့ပါေတာ့တယ္။
နားလည္မႈ အဆင့္အေနနဲ႕ ေျပာရရင္ေတာ့ ကမာၻနဲ႕ တစ္သားတည္း အဆင့္ရဲ့ အထက္ဟာ
တစ္ကယ့္ အစစ္အမွန္ အႏွစ္သာရပါ။
“မိုးေရစက္ဓားသိုင္းရဲ့ အစစ္အမွန္ အႏွစ္သာရဟာ မိုးေရတစ္စက္ကေန အစျပဳလာတယ္။ ”
နင္ တအံ့တၾသနဲ႕ ေရရြတ္လိုက္ပါတယ္။
“မိုးေရတစ္စက္ဟာ အရင္းအျမစ္ ပဲ။ မိုးေရစက္ေတြ အမ်ားၾကီး စုလိုက္တဲ့အခါမွာ
မ်ဥ္းတန္း ျဖစ္သြားျပီးေတာ့ မိုးေရမ်ဥ္းတန္း ျဖစ္သြားတယ္။ ပိုျပီးေတာ့ အမ်ားၾကီး
စုမိလာတဲ့ အခါမွာ ေရစီးေၾကာင္းဟာ အသက္၀င္ စီးဆင္းလာျပီးေတာ့ ထာ၀ရ လတ္ဆတ္တဲ့
ေရစီးေၾကာင္း ျဖစ္လာတယ္။ လႈိင္းလံုးေတြ တားဆီးမရေအာင္ ထန္လာတယ္ဆိုရင္ ဒါက
ခြင့္လႊတ္ျခင္းမဲ့ ေရစီးေၾကာင္း ပဲ။ ဒါေပမဲ့ မိုးေရစက္ေတြ အမ်ားၾကီး
စုစည္းမိသြားတဲ့ ေရတစ္စက္ဆိုရင္လည္း ဒါ မိုးေရတစ္စက္ပဲလို႕ ေျပာလို႕ရေသးတယ္။”
“ မိုးေရစက္ ေက်ာက္တံုးေဖာက္ သိုင္းကြက္ဟာ အစြမ္းအထက္ဆံုး သိုင္းကြက္
ျဖစ္သလို အားအနည္းဆံုး သိုင္းကြက္လည္း ျဖစ္တယ္။”
နင္ ရယ္ေမာလိုက္ပါတယ္။
“အကာအကြယ္ သိုင္းကြက္ေတြ ကလည္း အတူတူပဲ။ တစက္စက္ မိုးေရစက္၊ မိုးမုန္တိုင္း
လိုက္ကာ၊ ေကာင္းကင္မွ ေရလိုက္ကာ အကုန္လံုးဟာ ေနာက္ဆံုးမွာ မိုးေရစက္ ေက်ာက္တံုးေဖာက္
သိုင္းကြက္ ျဖစ္သြားတယ္။ ထာ၀ရေရစီေၾကာင္းငယ္၊ ေရပက္မ၀င္ ဓားကြက္ေတြကလည္း ေနာက္ဆံုး
မိုးေရစက္ ေက်ာက္တံုးေဖာက္ ဓားကြက္ ျဖစ္သြားတာပဲ။”
“မိုးေရစက္ရဲ့ အစစ္အမွန္ အႏွစ္သာရက..”
“အဆံုးမရွိတဲ့ စက္၀ိုင္းပဲ။ အေဖက မိုးေရစက္ ဓားသိုင္းကို တစ္ဘ၀လံုး
ေလ့က်င့္လို႔ ရတယ္ေျပာတာ မမွားပါဘူး။”
နင္ သက္ျပင္း ခ်လိုက္ပါတယ္။
သူ႕အေဖက မိုးေရစက္ ဓားသိုင္းရဲ့ အစစ္အမွန္ အႏွစ္သာရကို နားလည္ခဲ့တာ
ၾကာလွျပီဆိုတာ ျငင္းမရပါဘူး။
တစ္ဘ၀လံုး ႏွစ္ျမဳပ္ျပီးေတာ့ ေလ့က်င့္ခဲ့သူသာ မိုးေရစက္ ဓားသိုင္းရဲ့
အဆံုးမရွိ စက္၀ိုင္းကို နားလည္ျပီးေတာ့ အခ်ိန္ၾကာလာတာနဲ႕ အမွ် အစြမ္း
ထက္လာပါလိမ့္မယ္။
ျခံဳေျပာရရင္ေတာ့
မိုးေရစက္ ဓားသိုင္းရဲ့ အနွစ္သာရကိုပဲ နားလည္ရံုနဲ႕ေတာ့ ဘာမွ
အဖိုးမတန္ေသးပါဘူး။ ဟိုးတုန္းက ဘိုးေဘးတစ္ေယာက္ဟာ မိုးေရစက္ ဓားသိုင္းကို
တီထြင္ခဲ့ျပီးေတာ့ ကိုယ္တိုင္ ဒီအဆင့္ကိုေရာက္လာပါတယ္။ အစစ္အမွန္ အႏွစ္သာရကို
နားလည္ခဲ့တဲ့အခ်ိန္မွာ ကံေကာင္းစြာနဲ႕ ဒီ ထာ၀ရ အဆံုးမရွိတဲ့ ဓားကြက္ ကိုးကြက္ စက္၀ိုင္းကို မေတာ္တဆ တီထြင္
မိခဲ့တာပါ။ ဒါ ဂ်ိကလန္ရဲ့ ဘိုးေဘး မဟုတ္ရင္လည္း အစြမ္းထက္လွတဲ့ အင္ေမာ္တယ္
တစ္ေယာက္ ဒါမွမဟုတ ္ဖင္းေဂါ့တစ္ေယာက္က ဒီ အဆံုးမရွိတဲ့ စက္၀ိုင္း ဓားသိုင္းျဖစ္တဲ့
မိုးေရစက္ ဓားသိုင္းကို တီထြင္ခဲ့တာ ျဖစ္ပါလိမ့္မယ္။
“မိုးေရစက္ ေက်ာက္တံုးေဖာက္..မိုးေရစက္ ေက်ာက္တံုးေဖာက္”
နင္တီးတိုးေရ၇ြတ္ျပီးေတာ့ မ်က္လံုးမွိတ္ အနားယူလိုက္ပါတယ္။ ဒီတိုက္ပြဲက
အရမ္းကို ေမာပန္းေစတဲ့ တိုက္ပြဲပါပဲ။
…..
စားေသာက္ အနားယူျပီးတဲ့အခါမွာေတာ့ နင္ရဲ့ နတ္ဘုရား စြမ္းအင္ေတြ
ျပန္ျပည့္လာပါျပီ။ ဒီေတာ့မွ နင္က သူနားလည္ခဲ့တဲ့ မိုးေရစက္ ဓားသိုင္းရဲ့ အစစ္အမွန္
အႏွစ္သာရကို ျပီးျပည့္စံုေအာင္ ဆက္ျပီးေတာ့ ျပင္ဆင္ပါေတာ့တယ္။ မိုးေရစက္
ဓားသိုင္းရဲ့ အစစ္အမွန္ အႏွစ္သာရကို နားလည္ျပီးတဲ့အခ်ိန္မွာ စးဟာ မိုးေရစက္ေလးေတြ
တစ္စက္ျပီးတစ္စက္ အသံုးျပဳျပီးေတာ့ မိုးေရမ်ဥ္းတန္း သိုင္းကြက္ကို
ထုတ္သံုးလိုက္ပါတယ္။ ဒီတိုက္ကြက္ အခုဆိုရင္ မိုးေရစက္ ေက်ာက္တံုးေဖာက္
ဓားသုိင္းထက္ အမ်ားၾကီး ပိုျပီးေတာ့ အစြမ္းထက္ေနပါျပီ။
အခ်ိန္ေတြ တေရြ႕ေရြ႕ ကုန္ဆံုးသြားပါတယ္။
နင္ အိပ္လိုက္စားလိုက္ အနားယူေနပါတယ္။ သူ႕ရဲ့ ေကေက်ာက္တံုးနဲ႕ သံမဏိသစ္ပင္
ဂ်န္ရဲ့ သိုေလွာင္ခန္း ရတနာမွာ စားစရာေတြ ပါလာတယ္ေလ။ သူ႕မွာ အခု အခ်ိန္
မေလာက္တာပဲ။ သူ႕ရဲ့ အနီေရာင္ ေကာင္္းကင္ကိုးဆင္႕ က်င့္စဥ္ကို
ေနာက္တစ္ဆင့္တက္ႏိုင္ရင ္ဒါမွ မဟုတ္ သူ႕ရဲ႕ ဓားသိုင္းက ပိုျပီးေတာ့
အဆင့္ျမင့္ခဲ့ရင္ သူအသက္ရွင္ဖို႕ ရာခိုင္ႏႈန္း ပိုမ်ားမွာပါ။
နင္ ဒါကုိ နားလည္ပါတယ္။
သူ ပထဆံုးအဆင့္ကို ေရမီးၾကာပန္း အသံုးျပဳျပီးေတာ့ ေက်ာ္ျဖတ္ခဲ့ရတယ္။
ဒုတိယအဆင့္က်ေတာ့ သူေသလုလု ျဖစ္ခဲ့ျပီး ကံေကာင္းေထာက္မစြာနဲ႕ မိုးေရစက္ဓားရဲ့
အစစ္အမွန္ အႏွစ္သာရကို သေဘာေပါက္သြားခဲ့တယ္။ ေနာက္ဆံုးမွာ ဓားသိုင္းမွာ
အဆင့္တစ္ဆင့္ ျမင့္သြားခဲ့တယ္။ ဒီလို အခက္အခဲေတြ ျမင့္လာတဲ့သေဘာအရဆိုရင္ တတိယ
အတားအဆီးဟာ အရမ္းကို ေၾကာက္ဖို႕ ေကာင္းမွာပဲ။ အင္ေမာ္တယ္ ဂ်ဴဟြာက လူသိရွင္ၾကား
တပည့္ေခၚတာကို ေၾကညာခဲ့တာကို ၾကည့္ရင္ သူ႕ရဲ႕ တပည့္ ေရြးခ်ယ္ဖို႕ ျပင္ဆင္ထားတဲ့
ျပိဳင္ပြဲဟာ ဘယ္ေလာက္ေတာင္ ခက္ခဲလဲဆိုတာကို သိႏိုင္ပါတယ္။
…….
Serpentwing ေရကန္မွာေတာ့..
ရီခၽြမ္နဲ႕ စႏိုးတို႕ လင္မယားက ေရကန္ေဘးမွာ ခဏ စခန္းခ်ေနၾကပါတယ္။ သူတို႕သား
ျပန္လာတာကို ေအးေအးေဆးေဆး ေစာင့္ေနၾကတာပါ။ ဒါေပမဲ့ တရက္ျပီး တစ္ရက္ ကုန္ဆံုးလာေတာ့
သူတို႕ေတြ စိတ္ပူလာၾကပါတယ္။ ဘာလို႕လည္းဆိုေတာ့ ရက္ပိုၾကာေလေလ သူတို႕သား
အသက္ရွင္ဖို႕အခြင့္အေရး ပုိနည္းလာေလေလ ျဖစ္ေနတယ္လို႕ ထင္လာလို႕ပါ။
“ဟြတ္..အဟြတ္..”
စႏိုး ေခ်ာင္းဆိုးလိုက္ပါတယ္။
“စိတ္မလႈပ္ရွားပါနဲ႕။ စိတ္မလႈပ္ရွားပါနဲ႕။”
သူ႕မိန္းမ က်န္းမာေရး တစ္လအတြင္း သိသိသာသာ ဆိုးရြားလာတာကို သတိထားမိပါတယ္။
သူ႕မိန္းမကို သူအရမ္း သနားေနမိပါတယ္။
“ကၽြန္မလည္း စိတ္မလႈပ္ရွားခ်င္ပါဘူး။”
စႏိုး အဆံုးမရွိတဲ့ Serpentwing ေရကန္ၾကီးကို ၾကည့္ျပီးေတာ့
သက္ျပင္းခ်လိုက္ပါတယ္။
“ဒါေပမဲ့ .. နင္… နင္… သူ ျပန္မလာတာ တစ္လေက်ာ္ၾကာျပီ။ ဘာလုိ႕
သူျပန္မလာေသးတာလည္း။ ဘာလို႕ ျပန္မလာရေသးတာလည္း။”
စႏိုးအတြက္ေတာ့ သူမသားေလးဟာ သူမကမာၻပါပဲ။
“ငါတို႕ သားေလး ျပန္လာမွာပါ။ ေသခ်ာေပါက္ ျပန္လာမွာပါ။ မင္း နင္ကို
ကိုယ္၀န္ေဆာင္ထားတုန္းက ဖ်ားနာခဲ့တာ။ မင္း ေဒါသထြက္လို႕ မျဖစ္သလို
စိတ္လႈပ္ရွားလို႕လည္း မျဖစ္ဘူး။ မင္းကိုယ္မင္း ေစာင့္ေရွာက္မွ ရမွာ။”
ရီခၽြမ္းႏွလံုးသားလည္း ပူေလာင္ေနပါတယ္။ သူ႕သားအတြက္ စိတ္ပူေနသလို
သူ႕မိန္းမအတြက္လည္း စိတ္ပူေနရပါတယ္။ သူတို႕ေတြ ဒက္ေနာ့ပင္လယ္က အျပန္
တိုက္ပြဲၾကီးတိုက္ခိုက္ခဲ့တာက စခဲ့တာေပါ့…..
ေရျဖဴ ေျမေခြးၾကီးဟာ ဒဏ္ရာအျပင္းအထန္ရေနတာေတာင္ သတိၱရွိရွိနဲ႕ သူ႕မိန္းမကို
ေခၚျပီး ထြက္ေျပးခဲ့လို႕ သူ႕သားေလး အသက္ရွင္ေနခဲ့တာပါ။ သူ႕သားနဲ႕ သူ႕မိန္းမကေတာ့
ဒဏ္ရာရခဲ့ပါတယ္။
“နင္..”
ရီခၽြမ္ေရျပင္ၾကီးကို စိုက္ၾကည့္ေနမိပါတယ္။
“မင္း အသက္ရွင္လ်က္ ျပန္လာရမယ္။”
…..
အဆံုးမရွိတဲ့ ခန္းမၾကီးထဲမွာ…
ဒီ ခန္းမၾကီးထဲမွာ ေန႕ နဲ႕ ည မရွိပါဘူး။ အခ်ိန္ေတြ ဘယ္လို
ကုန္ဆံုးသြားလည္းဆိုတာ ခန္႕မွန္းဖို႕ မလြယ္ကူပါဘူး။ နင္ က အစားၾကီးပါတယ္။ ဒါေပမဲ့
သူ႕ရဲ႕ ေကေက်ာက္တုံးနဲ႕ သံမဏိ သစ္ပင္ဂ်န္ရဲ့ သုိေလွာင္ခန္း ရတနာထဲမွာ ပါလာတဲ့
အစားအေသာက္က ဒီေလာက္ၾကီး မမ်ားပါဘူး။ ေျပာရရင္ သူတို႕ေတြ ခ်ိဳင့္၀ွမ္းေဒသမွာ
ၾကိဳက္တဲ့အခ်ိန္ အမဲလိုက္လို႕ ရေနတာပဲေလ။ ေကေက်ာက္တုန္းကလည္း ေျပာပေလာက္ေအာင္
မက်ယ္၀န္းေတာ့ ဘာလို႕ အမ်ားၾကီး ထည့္ဦးမွာလည္း။
တစ္လေလာက္ေနေတာ့ ပါလာသမွ် စားစရာေတြ ကုန္သြားပါျပီ။
“ထာ၀ရ ေရစီးေၾကာင္းငယ္ နဲ႕ မိုးေရမ်ဥ္းတန္းက အစစ္အမွန္ နက္နဲတဲ့ မိုးေရစက္
အဆင့္ကို ေရာက္သြားျပီ။”
နင္ သူ႕ကိုယ္သူ ေျပာလိုက္ပါတယ္။ တစ္ခုက ကာကြယ္ဖို႕ ျဖစ္ျပီးေတာ့
ေနာက္တစ္ခုက တုိက္ခိုက္တဲ့ အကြက္ပါ။ သူ အမ်ားၾကီး တိုးတက္လာတယ္လို႕ ေျပာလို႕
ရပါတယ္။
“တစ္လေလာက္ ေလ့က်င့္ျပီးေတာ့ ငါ့ရဲ့ နတ္ဘုရား စြမ္းအင္ေတြလည္း
တိုးတက္လာတယ္။ ဒါေနာက္ဆံုး ေက်ာ္ျဖတ္ရမဲ့ အခက္အခဲပဲ။”
ဒီ ေနာက္ဆံုး အခက္အခဲဟာ ဘယ္ေလာက္ေတာင္မွ ခက္ခဲမလဲဆိုတာကို နင္နားလည္ပါတယ္။
သူ ဒါကို ေက်ာ္ျဖတ္ႏိုင္ရင္ အသက္ရွင္မွာကိုလည္း နားလည္ပါတယ္။
ဒါေပမဲ့ သူမေက်ာ္ႏုိင္ရင္ေတာ့ သူေသမွာပါ။
“ေသျခင္း ရွင္ျခင္းက ဒီလိုလည္ပတ္ေနတာပါပဲ။”
“ငါေသရင္ ငါ ငရဲျပည္ထပ္ေရာက္သြားရံုပါပဲ။ ဒီတစ္ခါေတာ့ အဖြားမင္ရဲ့
အတိတ္ေမ့ေဆးရည္ကို မေသာက္ရေလာက္ေအာင္ ကံေကာင္းမွာ မဟုတ္ေတာ့ဘူး။ ငါ အတိတ္ေမ့ေဆးရည္
ေသာက္ျပီးတာနဲ႕ ငါဟာ ငါမဟုတ္ေတာ့ဘူး။”
နင္ အာရံုရေနပါတယ္။ ကိုယ့္ရဲ့ စိတ္၀ိဥာဥ္က အရမ္းကို အစြမ္းထက္လာတဲ့အခါမွာ မသိစိတ္က
အာရံုရလာတာပါ။ သူ႕မသိစိတ္က သူေက်ာ္ျဖတ္ရမဲ့ အခက္အခဲကို အရမ္းကုိ ေၾကာက္ရြံ႕
ေနပါတယ္။
“ေသျခင္းရွင္ျခင္း ဆံုးျဖတ္မဲ့ အခ်ိ္န္ေရာက္ျပီ။”
လက္ထဲမွာ ဒက္ေနာ့ ဓား ၂လက္ကို ကိုင္ထားျပီးေတာ့ သူ စၾကၤန္အေကြ႕တစ္ခုကို
ဆက္သြားလိုက္ပါတယ္။ အဲ့ဒီမွာ သူ အရမး္ၾကီး မပုပ္သိုးေသးတဲ့ အေလာင္း ၃ေလာင္းကို
ေတြ႕လိုက္ပါတယ္။ ေျမျပင္မွာေတာ့ ေမွာ္ရတနာတခ်ိဳ႕ျပန္႕က်ဲေနပါတယ္။
နင္သူ႕ရဲ့ နတ္ဘုရား စိတ္စြမ္းအင္နဲ႕ တစ္ခုခ်င္းေကာက္ျပီးေတာ့ သူ႕ကီနဲ႕
လိုက္ေပါင္းလိုက္ပါတယ္။ ဒီမွာ သူေတြ႕လာရတာက သိုေလွာင္ခန္း ရတနာထဲမွာ ေမွာ္ရတနာေတြ
ေထာင္နဲ႕ခ်ီရွိေနျပီးေတာ့ အကုန္လံုး လြယ္လြယ္ကူကူ ေပါင္းစည္းလိုက္လို႕ ရေနပါတယ္။
ဒါေတြအကုန္လံုးဟာအဆင့္သတ္မွတ္ခ်က္ မရွိေသးတဲ့ ေမွာ္ရတနာေတြပါပဲ။ ဒါေပမဲ့
ဒီေလာက္ပမာဏရွိေနတာဟာ ဘယ္ေလာက္ေတာင္ ခ်မ္းသာလဲဆိုတာကို ျပေနတာပါပဲ။ နင္ စိတ္အရမ္း
တည္ျငိမ္ေနပါတယ္။ သူေသသြားရင္ ဒါေတြက ဘာလုပ္လို႕ ရမွာလည္း။
“ေနာက္ဆံုးေတာ့ မင္းေရာက္လာျပီ။”
ေတာ္၀င္ရွ အင္ပါယာမွာ အသံုးျပဳတဲ့ လူသားဘာသာစကားဟာ ဟိန္းထြက္လာပါတယ္။
နင္ ခ်က္ျခင္း လွမ္းၾကည့္လိုက္ပါတယ္။ အေ၀းမွာေတာ့ အနက္ေရာင္ ျမဴေတြကေန
တစ္ခုခု ေလွ်ာက္လာေနပါတယ္။
သူ႕ခႏၶာကုိယ္ဟာ ဖုထစ္ေနျပီးေတာ့ ဆီေ၀့ေနတဲ့ အၾကည့္စိမ္းနဲ႕ အတူ
တစ္ကိုယ္လံုးဟာ အနက္ေရာင္ သားေမြးေတြ ဖံုးအုပ္ထားပါတယ္။ သူျဖည္းျဖည္းေလး
ေလွ်ာက္လာတယ္ထင္ရေပမဲ့ ေျခတစ္လွမ္းမွာ သူမီတာေတာ္ေတာ္မ်ားမ်ားကို
ခရီးေပါက္ေနပါတယ္။
“ဟုန္း”
မ်က္စိတမွိတ္ကို နင္ရဲ့ ေရွ႕မွာ ေပၚလာပါတယ္။ ရက္စက္တဲ့ အေငြ႕အသက္ေတြ
ျဖာေနတဲ့ ယပ္ေတာင္ၾကီးတစ္ခ်ပ္ အရြယ္ရွိတဲ့ လက္၀ါးၾကီးဟာ နင္ကို ရိုက္ခ်လာပါတယ္။ ဒီ
လက္၀ါးရိုက္ခ်က္ဟာ ျမန္လြန္းတဲ့အတြက္ နင္လြတ္ေအာင္ မေရွာင္ႏိုင္ခဲ့ပါဘူး။
သူ႕ဓား၂လက္နဲ႕ အစြမ္းအထက္ဆံုး အကာအကြယ္ ဓားသိုင္းကို ထုတ္လိုက္ပါတယ္။
ထာ၀ရစီဆင္းေနေသာ ေရစီးေၾကာင္းငယ္ ဓားကြက္နဲ႕ ကာကြယ္လိုက္တာပါ။ ဒီ ဓားသိုင္းက
မိုးေရစက္ဓားရဲ့ အစစ္အမွန္ အႏွစ္သာရေတြ ပါ၀င္ေနပါတယ္။
“ရႊစ္..”
နင္ အေနာက္ကို လြင့္သြားျပီးေတာ့ သူ႕လက္ေတြဟာ ထံုက်င္သြားပါတယ္။
“မဟုတ္ဘူး…”
နင္ လက္ထဲက ဒက္ေနာ့ ဓားေတြကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ၾကည့္ဖို႕
ၾကိဳးစားလိုက္ပါတယ္။ သူ႕ဓားေတြ မရွိေတာ့ရင္ သူဘယ္လိုလုပ္ သိုင္းကြက္ ထုတ္လို႕
ရေတာ့မွာလည္း။ ဒါေပမဲ့ သူ႕လက္ေခ်ာင္းေတြဟာ ထံုက်င္ျပီး ခံစားမႈ မရွိေတာ့ပါဘူး။
သူ႕ရဲ့ တစ္စစီ ျဖစ္သြားတဲ့ လက္ေခ်ာင္းေတြနဲ႕ ဒက္ေနာ့ ဓားေတြဟာ အေ၀းကို
လြင့္သြားျပီးေတာ့ နံရံနဲ႕ ထိရိုက္လိုက္သံ ၾကားလိုက္ရပါတယ္။
နင္တစ္ကိုယ္လံုး အေရျပားေတြ အကုန္ စုတ္ျပဲေနပါတယ္။ သူကတစ္ကိုယ္လံုး ေသြးေတြ
ရႊဲနစ္ေနပါျပီ။ လက္ေခ်ာင္ေတြ အကုန္လံုး က်ိဳးျပတ္ေနပါတယ္။ ျပီးေတာ့
သူ႕တစ္ကိုယ္လံုး ေသြးေရာင္ လႊမ္းေနျပီးေတာ့ သူကိုယ္တိုင္လည္း အေ၀းက ေျမျပင္ေပၚကို ျပဳတ္က်သြားပါေတာ့တယ္။
Chapter 18 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 19 သူေစာင့္ေနခဲ့တာ…..
Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…
Unicode
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 3
Chapter 18 သေခြင်း ရှင်ခြင်း အဆုံးအဖြတ်
“ငါ ဆက်ပြေးနေလို့ မဖြစ်တော့ဘူး။ ဆက်ပြေးနေရင် ငါ့စွမ်းအင်တွေ ကုန်သွားရင် အမောဆို့သေသွားလိမ့်မယ်။ ငါ ဘာမှ တတ်နိုင်မှာ မဟုတ်တော့ဘူး။”
ဂျိနင် ထွက်ပြေးနေရာကနေ ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ ပြီးတော့ သူ့ကို အကြာကြီး လိုက်သတ်နေရလို့ ဒေါသထွက်နေတဲ့ လူ့ဘီလူးကြီး ၄ ယောက်ကို မျက်နှာချင်းဆိုင်ကြည့်လိုက်ပါတယ်။ လူ့ဘီလူးကြီး တွေကတော့ ခြေလှမ်းကျဲကြီးတွေနဲ့ သူ့ကို ပြေးလိုက်နေတုန်းပါ။
“နောက်ဆုံးတော့ သူရပ်သွားပြီ။”
“ဒီလူသားလည်း နတ်ဘုရားစွမ်းအင် ကုန်သွားပြီ ထင်တယ်။”
“ငါတို့နဲ့ လာပြိုင်ပြေးရဲတယ်။ ငါတို့က ရက်ပေါင်း တော်တော်ကြာကြာကို မရပ်မနား ပြေးလွှားနိုင်တယ်။”
ဒီလူ့ဘီလူးကြီး ၉ ယောက်က သူတို့ရှေ့က လူကလေးကို စားသောက်ချင်နေကြပါတယ်။
နင်ကတော့ ဓားကို ကိုင်ထားပြီး အေးအေးဆေးဆေး ရပ်ကြည့်နေပါတယ်။
သေရေး ရှင်ရေးနဲ့ ကြုံလာတော့ နင်ရဲ့ စိတ်နှလုံးသားဟာ ကွက်လပ်ဖြစ်သွားပြီး အရမ်းကို တည်ငြိမ်သွားပါတယ်။ ဒီ အချိန်မှာ သူ့စိတ်ထဲမှာ ဒီတိုက်ပွဲကလွဲပြီး တခြားဘာအတွေးမှ မရှိတော့ပါဘူး။
“ဟမ့်”
လူ့ဘီလူးကြီး ၉ကောင် နင်ဆီကို ပြေးဝင်သွားသလို နင်ကလည်း လူ့ဘီလူးကြီး ၉ကောင်ဆီ ပြေးဝင်သွားပါတယ်။ ရေမီးကြာပန်း ပွင့်ဖတ် ၃စုံဟာ နင်ရဲ့ ဘေးနားမှာ ဖြည်းဖြည်းချင်းလှည့်ပတ်နေလို့ လူ့ဘီလူးကြီး ၉ကောင် နင်အနားကို ရောက်လာပေမဲ့ နင့်ကို တိုက်ခိုက်လို့ မရဖြစ်နေပါတယ်။
နင့်လက်ထဲက ဓားရောင် လက်သွားပါတယ်။
မီးတောက် သဏ္ဍာန် ဓားချက်!
ရက်စက်လွန်းတဲ့ လူသတ်ကွက်!
“ဟားဟား.. သူ့ဓားချက်က အရမ်းကို ဝိတယ်”
“ငါဝိလေး။”
လူ့ဘီလူးကြီး တွေက ဒီဓားချက်ကို အမှုမထားပါဘူး။ နင်ရဲ့ ဓားချက်က သူတို့ရဲ့ အနက်ရောင် အလင်း အကာအကွယ်ကို ဖြတ်သွားပေမဲ့ ဒဏ်ရာလေဒတစ်ခုပဲ ချန်ခဲ့နိုင်ပါတယ်။
နင်က အရမ်းကို တည်ငြိမ်နေပေမဲ့ သူ့ရဲ့ အစွမ်းကုန်ထုတ်ပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။
“ငါ့ရဲ့ နတ်ဘုရား အတွင်းအား သိပ်မကျန်တော့ဘူး။”
သူ့ရဲ့ နတ်ဘုရားအတွင်းအား ကုန်ခမ်းတော့မှာကို ခံစားမိပါတယ်။ သူအံကို တင်းတင်းကြိတ်လိုက်ပြီးတော့ သိမ်းစွန်ရဲလို လေထဲ ခုန်တက်လိုက်ပါတယ်။
“ရွှစ်”
စင်္ကြန်လမ်းက မီတာ ရာကျော် မြင့်ပါတယ်။ နင်က မီတာ၁၀၀လောက်လေထဲကို ခုန်တက်လိုက်တာပါ။ သူလေထဲမှာ ပျံဝဲနေတုန်း ရှေးခေတ်တာအို တံဆိပ်တော် ၂ခု လက်ထဲ ပေါ်လာပါတယ်။ တစ်ခုကတော့ ကိုယ်ဖော့ တံဆိပ်တော် ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ နတ်ဘုရား လှုပ်ရှားမှု တံဆိပ်တော် ဖြစ်ပါတယ်။ သူ့ရဲ့ ဇင်တျန် ကီက ဒီ တာအို တံဆိပ်တော် ၂ခုထဲကို ချက်ခြင်းစီးဝင်သွားပြီးတော့ တံဆိပ်တော် ၂ခု အသက်ဝင်သွားပြီး နင်ကိုယ်ထဲကို အစွမ်းတွေ စီးဝင်သွားပါတယ်။
“နောက်ဆုံးဓားချက်ပဲ”
နင်ဟာ နောက်ဆုံး စင်္ကြန် မျက်နှာကျက်အထိကို ရောက်သွားပြီးတော့ ရှိသမျှ အားအကုန်နဲ့ မျက်နှာကျက်ကို ခြေစုံကန်လိုက်ပါတယ်။
သူ ဓားဦး အောက်စိုက်ပြီး ပြန်ဆင်းလာပါတယ်။
အရမ်းကို မြန်လွန်းတယ်။
မြန်လွန်းတယ်။
မြန်လွန်းတယ်။
မျက်နှာကျက်ကို က ကန်ထွက်ခဲ့တဲ့ အားရယ် လေတောင်ပံ ကိုယ်ဖော့သိုင်း အစွမ်းရဲ့ အမြန်နှုန်းရယ် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားရယ် ၊ ကိုယ်ဖော့ တံဆိပ်တော် ၊နတ်ဘုရား လှုပ်ရှားမှု တံဆိပ်တော် တွေရဲ့ အစွမ်းတွေ ရယ် ပေါင်းလိုက်တဲ့အခါမှာ နင်ရဲ့ အမြန်နှုန်းဟာ ကြောက်ခမန်းလိလိကို ဖြစ်လာပါတယ်။ ဒီအချိန်မှာ နင်ရဲ့ ဦးစိုက်ကျလာတဲ့ ဓားကွက်ရဲ့ မြန်ဆန်မှုဟာ အလင်းရဲ့ အမြန်လောက်ကို ရောက်သွားပါတယ်။
မြန်ဆန်မှုဟာလည်း ပါဝါပါပဲ။ အမြန်နှုန်းဟာ အတိုင်းအတာတစ်ခုကို ရောက်သွားတဲ့အခါမှာ ဓားရဲ့ ပါဝါဟာလည်း အရမ်းကို မြင့်မားသွားတာ မဆန်းတော့ပါဘူး။
“မိုးရေတစ်စက်ဟာ ကျောက်တုံးကို တောင်မှ ထိုးဖောက်နိုင်တဲ့ အဓိပ္ပာယ်ကို ဆောင်တယ်။ မိုးရေစက်ဟာ မိုးရေမျဉ်းတန်း အဲ့ဒီကနေ ရေစီးကြောင်းလေး နောက်ဆုံးမှာ မြစ်ချောင်း ဒါမှမဟုတ် သမုဒ္ဒရာ အသွင် ပြောင်းသွားတယ်။ ”
နင် မြေပြင်ကို ဦးတည် တိုးဝင်လာတာနဲ့အတူ မိုးရေစက် ဓားသိုင်းက လူသတ်ကွက်ဖြစ်တဲ့ မိုးရေစက် ကျောက်တုံးဖောက် ဓားသိုင်းကွက်ကို အသုံးပြုလိုက်ပါတယ်။ သူဒီလိုအချိန်မှာတော့ သူ့အဖေ ဂျိရီချွမ်ဓားသိုင်း သင်ပေးနေတာကို ပြန်မြင်ယောင်နေမိပါတယ်။ သူ့အဖေက မိုးရေစက် ဓားကွက် ကိုးကွက်ကို သူ့ရှေ့မှာ ၃ကြိမ်တိတိ သရုပ်ဖော် ကစားပြပေးခဲ့ပါတယ်။
ဒီလို သေခြင်းတရားကို ရင်ဆိုင်ရတဲ့အချိန်မှာ နင် ချက်ချင်း သဘောပေါက်သွားပါတော့တယ်။
သူ့အဖေ သူ့ကို သရုပ်ဖော် သိုင်းကစားပြတုန်းက တော်တော် နှေးနှေး ကစားပြခဲ့ပါတယ်။ သူ မိုးရေစက် ကျောက်တုံးဖောက် ဓားကွက်က စကစားပြီးတော့ မိုးရေမျဉ်းတန်း ၊ ထာဝရ လတ်ဆတ်သော ရေစီးကြောင်း၊ ခွင့်လွှတ်ခြင်းမဲ့ ရေစီးကြောင်း၊ နောက်ဆုံးတော့ မိုးရေစက် ကျောက်တုံးဖောက် ဓားသိုင်းကွက်နဲ့ ပြန်အဆုံး သတ်သွားပါတယ်။
ဒီ ဓားကွက်တွေပြီးတာနဲ့ တစ်စက်စက် မိုးရေစက်၊ မိုးမုန်တိုင်း လိုက်ကာ၊ ကောင်းကင်မှ ရေလိုက်ကာ နဲ့ နောက်ဆုံး မိုးရေစက်ကျောက်တုံးဖောက် ဓားကွက်ကို ဆက်ကစားပြခဲ့ပါတယ်။
ဒါပြီးတာနဲ့ ထာဝရရေစီကြောင်းငယ်၊ ရေပက်မဝင် ဓားကွက်တွေကို ကစားပြပြီးတော့ နောက်ဆုံးတော့ မိုးရေစက် ကျောက်တုံးဖောက် ဓားသိုင်းနဲ့ အဆုံး သတ်သွားပြန်ပါတယ်။
“မိုးရေစက် ကျောက်တုံးဖောက် ဓားသိုင်းဟာ အဝိဆုံး ဓားသိုင်း ဖြစ်သလို အစွမ်းအထက်ဆုံး ဓားသိုင်းကွက်လည်း ဖြစ်တယ်။ မိုးရေစက် ဓားသိုင်းကျမ်းရဲ့ အနှစ်သာရဟာ အရမ်းကို နက်ရှိုင်းတယ်။ တစ်ဘဝလုံး လေ့ကျင့်တာတောင်မှ ဆုံးခန်းတိုင်မှာ မဟုတ်ဘူး။ မှတ်ထားပါ… မိုးရေစက် ဟာ ကျောက်တုံးကို ဖောက်သွားတယ်။”
ဂျိရီချွမ်က ဒီစကားတွေကို ပြောခဲ့ပါတယ်။ နောက်ဆုံးတော့ ဂျိနင် သူနားလည်သွားပြီလို့ ခံစားမိလိုက်ပါတယ်။
ဒါပေမဲ့ တာအိုအနှစ်သာရမှာ တညတာ တရားကျင့်ခဲ့ပြီးတော့ ဒီလို သေရေးရှင်ရေး ဆက်တိုက် ကြုံလာတဲ့အခါမှာတော့ နောက်ဆုံးမှာတော့ နင်က သူ့အဖေ သူ့ကို ဘာကို နည်လည်စေချင်လည်းဆိုတာကို သဘောပေါက်သွားပါတော့တယ်။
ဒါတိုက်ကွက်ပဲ
“မိုးရေစက်!!”
နင် မြေပြင်ကို မြန်ဆန်စွာနဲ့ ဦးတည်တိုးဝင်လာနေပါတယ်။ လက်ထဲမှာ ဒက်နော့ဓား ၂လက်နဲ့ ချက်ချင်းပဲ လူ့ဘီလူးကြီး တစ်ယောက်ရဲ့ ကျောက်တုတ်တိုင်ကြီးကို တစ်ဖက်လွင့်သွားအောင် ရိုက်လိုက်ပါတယ်။ သူ့ရဲ့ ညာဘက်လက်က ဓားက လူ့ဘီလူးကြီးရဲ့ ဦးခေါင်းကို ထိုးဖောက်သွားပါတော့တယ်။ လူ့ဘီလူးကြီးရဲ့ ကျောက်တုတ်ကြီးက နင်ရဲ့ဓားကွက်ကို မကာကွယ်လိုက်နိုင်ပါဘူး။ ဒါပေမဲ့ သူမကြောက်ရွံ့ပါဘူး။
“သူ ငါ့ကို ဘာမှ မလုပ်နိုင်ဘူး။”
“ကျောက်တုံးဖောက်!!!”
နင် လူူ့ဘီလူးကြီးရဲ့ ဦးခေါင်းကို အေးအေးဆေးဆေး စိုက်ကြည့်နေပါတယ်။
“ချွင်”
သူ့ဓားချက်ဟာ အရမ်းလေးလံတဲ့ မိုးရေစက်တစ်စက် ကျောက်တုံးပေါ်ကျသွားသလိုပါပဲ။ ဓားဟာ အနက်ရောင် အလင်း အကာအကွယ်ကို ဖောက်သွားပြီးတော့ လူ့ဘီလူးကြီးရဲ့ ဦးခေါင်းခွံကိုပါဖောက်သွားပြီး ဦးနှောက်ထဲအထိကို ရောက်သွားပါတော့တယ်။ အရမ်းကို ပြင်းထန်တဲ့ သဘာ၀ စွမ်းအားတွေ ရုတ်တရက် ပေါက်ကွဲထွက်လာသလိုပါပဲ။ ခန္ဓာကိုယ်ထဲက ဘာအစွမ်းမှ မတားဆီးနိုင်တော့ပဲနဲ့ “ရွှစ်”အသံနဲ့အတူ ဦးခေါင်းဟာ ပေါက်ကွဲသွားပါတော့တယ်။ ခန္ဓာကိုယ်ဟာ အနက်ရောင် အရည်တွေ ဖြစ်သွားပြီးတော့ လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေဟာ မြေပြင်ပေါ်ကို ကျလာပါတယ်။
“သိမ်းလိုက်စမ်း”
နင် ချက်ချင်းပဲ ချပ်ဝတ်တန်ဆာတွေနဲ့ ကျောက်တုတ်ကြီးကို သူ့ရဲ့ သိုလှောင်ခန်းရတနာတွေထဲ ထည့်သိမ်းလိုက်ပါတယ်။
ခုနက အနက်ရောင် အရည်တွေဟာ အလွန်အံ့သြနေတဲ့ လူ့ဘီလူးကြီးအသွင် ပြန်ပေါ်လာပါတယ်။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း။”
“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။”
နင်အခု လုံး၀ ယုံကြည်မှု ပြည့်သွားပါပြီ။ ဒီ လူ့ဘီလူးကြီး ၉ကောင်က သူ့ကို မတားဆီးနိုင်တော့ပါဘူး။
“သေစမ်း”
အခုနင်က ရေမီးကြာပန်းကို ထိန်းချုပ်ပြီးတော့ ဝတ်စုံမရှိတော့တဲ့ အနက်ရောင် လူ့ဘီလူးကြီးကို အမှုန့်ချေလိုက်ပါတယ်။ ဝတ်စုံမရှိတော့တဲ့အတွက် လူ့ဘီလူးကြီးဟာ ရေမီး ကြာပန်းရဲ့ ကြိတ်ခြေမှုကို မခုခံနိုင်တော့ပါဘူး။
“မင်းတို့ ၈ယောက်လည်း အခုသေလို့ ရပြီ”
နင် ရုတ်တရက် ပျောက်ကွယ်သွားပြီးတော့ လျှပ်စီလို တစ်နေရာတစ်နေရာပေါ်လာပါတယ်။
တာအို စစ်ဝတ်စုံ ၉စုံဟာ အချင်းချင်း ချိတ်ဆက်ထားပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် စွမ်းအင်ဝေမျှပြီး ကူညီလို့ ရပါတယ်။ အခုတော့ ဒီ လူ့ဘီလူးကြီး ၉ယောက်ဟာ သူတို့ ရဲ့ အစွမ်းတွေကို ချိတ်ဆက် ပေါင်းစည်းလို့ မရတော့ပါဘူး။ ဓားသိုင်းမှာ အရမ်းကို အစွမ်းထက်လာတဲ့ နင်နဲ့ ရင်ဆိုင်လိုက်ရတော့…. သူတို့တွေ ပြေးလို့လည်း မလွတ်တော့ပါဘူး။ သူတို့တွေကို နင်တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်လိုက်ပါတယ်။ သူတို့ရဲ့ တာအို စစ်ဝတ်စုံတွေနဲ့ ကျောက်တုတ်တွေကတော့ နင်ရဲ့ သိုလှောင်ခန်း ရတနာတွေထဲ ရောက်သွားကြပါပြီ။
“သေစမ်း”
နင် အခုဆို မလှုပ်မရှား မတ်တပ်ရပ်နေပြီးတော့ ရေမီးကြာပန်း ၆ စုံကို ထိန်းချုပ်ပြီး လူ့ဘီလူးကြီး ၉ ယောက်ကို ဆက်တိုက် အမှုန့်ခြေပါတော့တယ်။ သူတို့တွေ အနက်ရောင် အရည်ဖြစ်သွားပြီးတော့ လူပြန်ဖြစ်လာတာနဲ့ ထပ်ခါထပ်ခါ အမှုန့်ခြေလိုက်တာပါ။
အကြိမ်တော်တေ်ာများများ အမှုန့်ခြေပြီးတဲ့အခါမှာတော့ ဒီ လူ့ဘီလူးကြီးတွေ အသွင်ပြန်မပြောင်းနိုင်တော့ပဲ ပျောက်ကွယ်သွားပါတော့တယ်။
စင်္ကြန်လမ်းရဲ့ အစွန်း ၂ဖက်က မြူတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပါပြီ။
“အဖေ..”
နင်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
နင် တာအို အနှစ်သာရကို ဉာဏ်အလင်း ရခဲ့ပြီးတော့ တရားကျင့်ခဲ့တဲ့ ညအချိန်က ရေဓာတ် မီးဓာတ် လေဓာတ်တွေကို နားလည်တာပဲ ရှိပါသေးတယ်။ အသုံးချနိုင် မချနိုင်တာက တကဏ္ဍ ပါ။ နင် အရင် နားလည်ခဲ့တဲ့ ရေမီး ကြာပန်းဟာ အကာအကွယ်အတွက်ပဲ ဖြစ်ပြီးတော့ တိုက်ခိုက်ဖို့အတွက် မဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့ သူ့အဖေ သင်ကြားပေးခဲ့တဲ့ အခြေခံနဲ့ သေရေး ရှင်ရေးကို ကြုံလာတဲ့အခါမှာ သူ မိုးရေစက် ဓားကျမ်းရဲ့ အစစ်အမှန် အနှစ်သာရကို နားလည်သွားခဲ့ပါတော့တယ်။
နားလည်မှု အဆင့်အနေနဲ့ ပြောရရင်တော့ ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ရဲ့ အထက်ဟာ တစ်ကယ့် အစစ်အမှန် အနှစ်သာရပါ။
“မိုးရေစက်ဓားသိုင်းရဲ့ အစစ်အမှန် အနှစ်သာရဟာ မိုးရေတစ်စက်ကနေ အစပြုလာတယ်။ ”
နင် တအံ့တသြနဲ့ ရေရွတ်လိုက်ပါတယ်။
“မိုးရေတစ်စက်ဟာ အရင်းအမြစ် ပဲ။ မိုးရေစက်တွေ အများကြီး စုလိုက်တဲ့အခါမှာ မျဉ်းတန်း ဖြစ်သွားပြီးတော့ မိုးရေမျဉ်းတန်း ဖြစ်သွားတယ်။ ပိုပြီးတော့ အများကြီး စုမိလာတဲ့ အခါမှာ ရေစီးကြောင်းဟာ အသက်ဝင် စီးဆင်းလာပြီးတော့ ထာဝရ လတ်ဆတ်တဲ့ ရေစီးကြောင်း ဖြစ်လာတယ်။ လှိုင်းလုံးတွေ တားဆီးမရအောင် ထန်လာတယ်ဆိုရင် ဒါက ခွင့်လွှတ်ခြင်းမဲ့ ရေစီးကြောင်း ပဲ။ ဒါပေမဲ့ မိုးရေစက်တွေ အများကြီး စုစည်းမိသွားတဲ့ ရေတစ်စက်ဆိုရင်လည်း ဒါ မိုးရေတစ်စက်ပဲလို့ ပြောလို့ရသေးတယ်။”
“ မိုးရေစက် ကျောက်တုံးဖောက် သိုင်းကွက်ဟာ အစွမ်းအထက်ဆုံး သိုင်းကွက် ဖြစ်သလို အားအနည်းဆုံး သိုင်းကွက်လည်း ဖြစ်တယ်။”
နင် ရယ်မောလိုက်ပါတယ်။
“အကာအကွယ် သိုင်းကွက်တွေ ကလည်း အတူတူပဲ။ တစက်စက် မိုးရေစက်၊ မိုးမုန်တိုင်း လိုက်ကာ၊ ကောင်းကင်မှ ရေလိုက်ကာ အကုန်လုံးဟာ နောက်ဆုံးမှာ မိုးရေစက် ကျောက်တုံးဖောက် သိုင်းကွက် ဖြစ်သွားတယ်။ ထာဝရရေစီကြောင်းငယ်၊ ရေပက်မဝင် ဓားကွက်တွေကလည်း နောက်ဆုံး မိုးရေစက် ကျောက်တုံးဖောက် ဓားကွက် ဖြစ်သွားတာပဲ။”
“မိုးရေစက်ရဲ့ အစစ်အမှန် အနှစ်သာရက..”
“အဆုံးမရှိတဲ့ စက်ဝိုင်းပဲ။ အဖေက မိုးရေစက် ဓားသိုင်းကို တစ်ဘဝလုံး လေ့ကျင့်လို့ ရတယ်ပြောတာ မမှားပါဘူး။”
နင် သက်ပြင်း ချလိုက်ပါတယ်။
သူ့အဖေက မိုးရေစက် ဓားသိုင်းရဲ့ အစစ်အမှန် အနှစ်သာရကို နားလည်ခဲ့တာ ကြာလှပြီဆိုတာ ငြင်းမရပါဘူး။
တစ်ဘဝလုံး နှစ်မြုပ်ပြီးတော့ လေ့ကျင့်ခဲ့သူသာ မိုးရေစက် ဓားသိုင်းရဲ့ အဆုံးမရှိ စက်ဝိုင်းကို နားလည်ပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ အစွမ်း ထက်လာပါလိမ့်မယ်။
ခြုံပြောရရင်တော့
မိုးရေစက် ဓားသိုင်းရဲ့ အနှစ်သာရကိုပဲ နားလည်ရုံနဲ့တော့ ဘာမှ အဖိုးမတန်သေးပါဘူး။ ဟိုးတုန်းက ဘိုးဘေးတစ်ယောက်ဟာ မိုးရေစက် ဓားသိုင်းကို တီထွင်ခဲ့ပြီးတော့ ကိုယ်တိုင် ဒီအဆင့်ကိုရောက်လာပါတယ်။ အစစ်အမှန် အနှစ်သာရကို နားလည်ခဲ့တဲ့အချိန်မှာ ကံကောင်းစွာနဲ့ ဒီ ထာဝရ အဆုံးမရှိတဲ့ ဓားကွက် ကိုးကွက် စက်ဝိုင်းကို မတော်တဆ တီထွင် မိခဲ့တာပါ။ ဒါ ဂျိကလန်ရဲ့ ဘိုးဘေး မဟုတ်ရင်လည်း အစွမ်းထက်လှတဲ့ အင်မော်တယ် တစ်ယောက် ဒါမှမဟုတ ်ဖင်းဂေါ့တစ်ယောက်က ဒီ အဆုံးမရှိတဲ့ စက်ဝိုင်း ဓားသိုင်းဖြစ်တဲ့ မိုးရေစက် ဓားသိုင်းကို တီထွင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။
“မိုးရေစက် ကျောက်တုံးဖောက်..မိုးရေစက် ကျောက်တုံးဖောက်”
နင်တီးတိုးရေရွတ်ပြီးတော့ မျက်လုံးမှိတ် အနားယူလိုက်ပါတယ်။ ဒီတိုက်ပွဲက အရမ်းကို မောပန်းစေတဲ့ တိုက်ပွဲပါပဲ။
…..
စားသောက် အနားယူပြီးတဲ့အခါမှာတော့ နင်ရဲ့ နတ်ဘုရား စွမ်းအင်တွေ ပြန်ပြည့်လာပါပြီ။ ဒီတော့မှ နင်က သူနားလည်ခဲ့တဲ့ မိုးရေစက် ဓားသိုင်းရဲ့ အစစ်အမှန် အနှစ်သာရကို ပြီးပြည့်စုံအောင် ဆက်ပြီးတော့ ပြင်ဆင်ပါတော့တယ်။ မိုးရေစက် ဓားသိုင်းရဲ့ အစစ်အမှန် အနှစ်သာရကို နားလည်ပြီးတဲ့အချိန်မှာ စးဟာ မိုးရေစက်လေးတွေ တစ်စက်ပြီးတစ်စက် အသုံးပြုပြီးတော့ မိုးရေမျဉ်းတန်း သိုင်းကွက်ကို ထုတ်သုံးလိုက်ပါတယ်။ ဒီတိုက်ကွက် အခုဆိုရင် မိုးရေစက် ကျောက်တုံးဖောက် ဓားသိုင်းထက် အများကြီး ပိုပြီးတော့ အစွမ်းထက်နေပါပြီ။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။
နင် အိပ်လိုက်စားလိုက် အနားယူနေပါတယ်။ သူ့ရဲ့ ကေကျောက်တုံးနဲ့ သံမဏိသစ်ပင် ဂျန်ရဲ့ သိုလှောင်ခန်း ရတနာမှာ စားစရာတွေ ပါလာတယ်လေ။ သူ့မှာ အခု အချိန် မလောက်တာပဲ။ သူ့ရဲ့ အနီရောင် ကောင်းကင်ကိုးဆင့် ကျင့်စဉ်ကို နောက်တစ်ဆင့်တက်နိုင်ရင ်ဒါမှ မဟုတ် သူ့ရဲ့ ဓားသိုင်းက ပိုပြီးတော့ အဆင့်မြင့်ခဲ့ရင် သူအသက်ရှင်ဖို့ ရာခိုင်နှုန်း ပိုများမှာပါ။
နင် ဒါကို နားလည်ပါတယ်။
သူ ပထဆုံးအဆင့်ကို ရေမီးကြာပန်း အသုံးပြုပြီးတော့ ကျော်ဖြတ်ခဲ့ရတယ်။ ဒုတိယအဆင့်ကျတော့ သူသေလုလု ဖြစ်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ မိုးရေစက်ဓားရဲ့ အစစ်အမှန် အနှစ်သာရကို သဘောပေါက်သွားခဲ့တယ်။ နောက်ဆုံးမှာ ဓားသိုင်းမှာ အဆင့်တစ်ဆင့် မြင့်သွားခဲ့တယ်။ ဒီလို အခက်အခဲတွေ မြင့်လာတဲ့သဘောအရဆိုရင် တတိယ အတားအဆီးဟာ အရမ်းကို ကြောက်ဖို့ ကောင်းမှာပဲ။ အင်မော်တယ် ဂျူဟွာက လူသိရှင်ကြား တပည့်ခေါ်တာကို ကြေညာခဲ့တာကို ကြည့်ရင် သူ့ရဲ့ တပည့် ရွေးချယ်ဖို့ ပြင်ဆင်ထားတဲ့ ပြိုင်ပွဲဟာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို သိနိုင်ပါတယ်။
…….
Serpentwing ရေကန်မှာတော့..
ရီချွမ်နဲ့ စနိုးတို့ လင်မယားက ရေကန်ဘေးမှာ ခဏ စခန်းချနေကြပါတယ်။ သူတို့သား ပြန်လာတာကို အေးအေးဆေးဆေး စောင့်နေကြတာပါ။ ဒါပေမဲ့ တရက်ပြီး တစ်ရက် ကုန်ဆုံးလာတော့ သူတို့တွေ စိတ်ပူလာကြပါတယ်။ ဘာလို့လည်းဆိုတော့ ရက်ပိုကြာလေလေ သူတို့သား အသက်ရှင်ဖို့အခွင့်အရေး ပိုနည်းလာလေလေ ဖြစ်နေတယ်လို့ ထင်လာလို့ပါ။
“ဟွတ်..အဟွတ်..”
စနိုး ချောင်းဆိုးလိုက်ပါတယ်။
“စိတ်မလှုပ်ရှားပါနဲ့။ စိတ်မလှုပ်ရှားပါနဲ့။”
သူ့မိန်းမ ကျန်းမာရေး တစ်လအတွင်း သိသိသာသာ ဆိုးရွားလာတာကို သတိထားမိပါတယ်။ သူ့မိန်းမကို သူအရမ်း သနားနေမိပါတယ်။
“ကျွန်မလည်း စိတ်မလှုပ်ရှားချင်ပါဘူး။”
စနိုး အဆုံးမရှိတဲ့ Serpentwing ရေကန်ကြီးကို ကြည့်ပြီးတော့ သက်ပြင်းချလိုက်ပါတယ်။
“ဒါပေမဲ့ .. နင်… နင်… သူ ပြန်မလာတာ တစ်လကျော်ကြာပြီ။ ဘာလို့ သူပြန်မလာသေးတာလည်း။ ဘာလို့ ပြန်မလာရသေးတာလည်း။”
စနိုးအတွက်တော့ သူမသားလေးဟာ သူမကမ္ဘာပါပဲ။
“ငါတို့ သားလေး ပြန်လာမှာပါ။ သေချာပေါက် ပြန်လာမှာပါ။ မင်း နင်ကို ကိုယ်ဝန်ဆောင်ထားတုန်းက ဖျားနာခဲ့တာ။ မင်း ဒေါသထွက်လို့ မဖြစ်သလို စိတ်လှုပ်ရှားလို့လည်း မဖြစ်ဘူး။ မင်းကိုယ်မင်း စောင့်ရှောက်မှ ရမှာ။”
ရီချွမ်းနှလုံးသားလည်း ပူလောင်နေပါတယ်။ သူ့သားအတွက် စိတ်ပူနေသလို သူ့မိန်းမအတွက်လည်း စိတ်ပူနေရပါတယ်။ သူတို့တွေ ဒက်နော့ပင်လယ်က အပြန် တိုက်ပွဲကြီးတိုက်ခိုက်ခဲ့တာက စခဲ့တာပေါ့…..
ရေဖြူ မြေခွေးကြီးဟာ ဒဏ်ရာအပြင်းအထန်ရနေတာတောင် သတ္တိရှိရှိနဲ့ သူ့မိန်းမကို ခေါ်ပြီး ထွက်ပြေးခဲ့လို့ သူ့သားလေး အသက်ရှင်နေခဲ့တာပါ။ သူ့သားနဲ့ သူ့မိန်းမကတော့ ဒဏ်ရာရခဲ့ပါတယ်။
“နင်..”
ရီချွမ်ရေပြင်ကြီးကို စိုက်ကြည့်နေမိပါတယ်။
“မင်း အသက်ရှင်လျက် ပြန်လာရမယ်။”
…..
အဆုံးမရှိတဲ့ ခန်းမကြီးထဲမှာ…
ဒီ ခန်းမကြီးထဲမှာ နေ့ နဲ့ ည မရှိပါဘူး။ အချိန်တွေ ဘယ်လို ကုန်ဆုံးသွားလည်းဆိုတာ ခန့်မှန်းဖို့ မလွယ်ကူပါဘူး။ နင် က အစားကြီးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကေကျောက်တုံးနဲ့ သံမဏိ သစ်ပင်ဂျန်ရဲ့ သိုလှောင်ခန်း ရတနာထဲမှာ ပါလာတဲ့ အစားအသောက်က ဒီလောက်ကြီး မများပါဘူး။ ပြောရရင် သူတို့တွေ ချိုင့်ဝှမ်းဒေသမှာ ကြိုက်တဲ့အချိန် အမဲလိုက်လို့ ရနေတာပဲလေ။ ကေကျောက်တုန်းကလည်း ပြောပလောက်အောင် မကျယ်ဝန်းတော့ ဘာလို့ အများကြီး ထည့်ဦးမှာလည်း။
တစ်လလောက်နေတော့ ပါလာသမျှ စားစရာတွေ ကုန်သွားပါပြီ။
“ထာဝရ ရေစီးကြောင်းငယ် နဲ့ မိုးရေမျဉ်းတန်းက အစစ်အမှန် နက်နဲတဲ့ မိုးရေစက် အဆင့်ကို ရောက်သွားပြီ။”
နင် သူ့ကိုယ်သူ ပြောလိုက်ပါတယ်။ တစ်ခုက ကာကွယ်ဖို့ ဖြစ်ပြီးတော့ နောက်တစ်ခုက တိုက်ခိုက်တဲ့ အကွက်ပါ။ သူ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ ရပါတယ်။
“တစ်လလောက် လေ့ကျင့်ပြီးတော့ ငါ့ရဲ့ နတ်ဘုရား စွမ်းအင်တွေလည်း တိုးတက်လာတယ်။ ဒါနောက်ဆုံး ကျော်ဖြတ်ရမဲ့ အခက်အခဲပဲ။”
ဒီ နောက်ဆုံး အခက်အခဲဟာ ဘယ်လောက်တောင်မှ ခက်ခဲမလဲဆိုတာကို နင်နားလည်ပါတယ်။
သူ ဒါကို ကျော်ဖြတ်နိုင်ရင် အသက်ရှင်မှာကိုလည်း နားလည်ပါတယ်။
ဒါပေမဲ့ သူမကျော်နိုင်ရင်တော့ သူသေမှာပါ။
“သေခြင်း ရှင်ခြင်းက ဒီလိုလည်ပတ်နေတာပါပဲ။”
“ငါသေရင် ငါ ငရဲပြည်ထပ်ရောက်သွားရုံပါပဲ။ ဒီတစ်ခါတော့ အဖွားမင်ရဲ့ အတိတ်မေ့ဆေးရည်ကို မသောက်ရလောက်အောင် ကံကောင်းမှာ မဟုတ်တော့ဘူး။ ငါ အတိတ်မေ့ဆေးရည် သောက်ပြီးတာနဲ့ ငါဟာ ငါမဟုတ်တော့ဘူး။”
နင် အာရုံရနေပါတယ်။ ကိုယ့်ရဲ့ စိတ်ဝိဉာဉ်က အရမ်းကို အစွမ်းထက်လာတဲ့အခါမှာ မသိစိတ်က အာရုံရလာတာပါ။ သူ့မသိစိတ်က သူကျော်ဖြတ်ရမဲ့ အခက်အခဲကို အရမ်းကို ကြောက်ရွံ့ နေပါတယ်။
“သေခြင်းရှင်ခြင်း ဆုံးဖြတ်မဲ့ အချိန်ရောက်ပြီ။”
လက်ထဲမှာ ဒက်နော့ ဓား ၂လက်ကို ကိုင်ထားပြီးတော့ သူ စင်္ကြန်အကွေ့တစ်ခုကို ဆက်သွားလိုက်ပါတယ်။ အဲ့ဒီမှာ သူ အရမ်းကြီး မပုပ်သိုးသေးတဲ့ အလောင်း ၃လောင်းကို တွေ့လိုက်ပါတယ်။ မြေပြင်မှာတော့ မှော်ရတနာတချို့ပြန့်ကျဲနေပါတယ်။
နင်သူ့ရဲ့ နတ်ဘုရား စိတ်စွမ်းအင်နဲ့ တစ်ခုချင်းကောက်ပြီးတော့ သူ့ကီနဲ့ လိုက်ပေါင်းလိုက်ပါတယ်။ ဒီမှာ သူတွေ့လာရတာက သိုလှောင်ခန်း ရတနာထဲမှာ မှော်ရတနာတွေ ထောင်နဲ့ချီရှိနေပြီးတော့ အကုန်လုံး လွယ်လွယ်ကူကူ ပေါင်းစည်းလိုက်လို့ ရနေပါတယ်။ ဒါတွေအကုန်လုံးဟာအဆင့်သတ်မှတ်ချက် မရှိသေးတဲ့ မှော်ရတနာတွေပါပဲ။ ဒါပေမဲ့ ဒီလောက်ပမာဏရှိနေတာဟာ ဘယ်လောက်တောင် ချမ်းသာလဲဆိုတာကို ပြနေတာပါပဲ။ နင် စိတ်အရမ်း တည်ငြိမ်နေပါတယ်။ သူသေသွားရင် ဒါတွေက ဘာလုပ်လို့ ရမှာလည်း။
“နောက်ဆုံးတော့ မင်းရောက်လာပြီ။”
တော်ဝင်ရှ အင်ပါယာမှာ အသုံးပြုတဲ့ လူသားဘာသာစကားဟာ ဟိန်းထွက်လာပါတယ်။
နင် ချက်ခြင်း လှမ်းကြည့်လိုက်ပါတယ်။ အဝေးမှာတော့ အနက်ရောင် မြူတွေကနေ တစ်ခုခု လျှောက်လာနေပါတယ်။
သူ့ခန္ဓာကိုယ်ဟာ ဖုထစ်နေပြီးတော့ ဆီဝေ့နေတဲ့ အကြည့်စိမ်းနဲ့ အတူ တစ်ကိုယ်လုံးဟာ အနက်ရောင် သားမွေးတွေ ဖုံးအုပ်ထားပါတယ်။ သူဖြည်းဖြည်းလေး လျှောက်လာတယ်ထင်ရပေမဲ့ ခြေတစ်လှမ်းမှာ သူမီတာတော်တော်များများကို ခရီးပေါက်နေပါတယ်။
“ဟုန်း”
မျက်စိတမှိတ်ကို နင်ရဲ့ ရှေ့မှာ ပေါ်လာပါတယ်။ ရက်စက်တဲ့ အငွေ့အသက်တွေ ဖြာနေတဲ့ ယပ်တောင်ကြီးတစ်ချပ် အရွယ်ရှိတဲ့ လက်ဝါးကြီးဟာ နင်ကို ရိုက်ချလာပါတယ်။ ဒီ လက်ဝါးရိုက်ချက်ဟာ မြန်လွန်းတဲ့အတွက် နင်လွတ်အောင် မရှောင်နိုင်ခဲ့ပါဘူး။ သူ့ဓား၂လက်နဲ့ အစွမ်းအထက်ဆုံး အကာအကွယ် ဓားသိုင်းကို ထုတ်လိုက်ပါတယ်။ ထာဝရစီဆင်းနေသော ရေစီးကြောင်းငယ် ဓားကွက်နဲ့ ကာကွယ်လိုက်တာပါ။ ဒီ ဓားသိုင်းက မိုးရေစက်ဓားရဲ့ အစစ်အမှန် အနှစ်သာရတွေ ပါဝင်နေပါတယ်။
“ရွှစ်..”
နင် အနောက်ကို လွင့်သွားပြီးတော့ သူ့လက်တွေဟာ ထုံကျင်သွားပါတယ်။
“မဟုတ်ဘူး…”
နင် လက်ထဲက ဒက်နော့ ဓားတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကြည့်ဖို့ ကြိုးစားလိုက်ပါတယ်။ သူ့ဓားတွေ မရှိတော့ရင် သူဘယ်လိုလုပ် သိုင်းကွက် ထုတ်လို့ ရတော့မှာလည်း။ ဒါပေမဲ့ သူ့လက်ချောင်းတွေဟာ ထုံကျင်ပြီး ခံစားမှု မရှိတော့ပါဘူး။ သူ့ရဲ့ တစ်စစီ ဖြစ်သွားတဲ့ လက်ချောင်းတွေနဲ့ ဒက်နော့ ဓားတွေဟာ အဝေးကို လွင့်သွားပြီးတော့ နံရံနဲ့ ထိရိုက်လိုက်သံ ကြားလိုက်ရပါတယ်။
နင်တစ်ကိုယ်လုံး အရေပြားတွေ အကုန် စုတ်ပြဲနေပါတယ်။ သူကတစ်ကိုယ်လုံး သွေးတွေ ရွှဲနစ်နေပါပြီ။ လက်ချောင်တွေ အကုန်လုံး ကျိုးပြတ်နေပါတယ်။ ပြီးတော့ သူ့တစ်ကိုယ်လုံး သွေးရောင် လွှမ်းနေပြီးတော့ သူကိုယ်တိုင်လည်း အဝေးက မြေပြင်ပေါ်ကို ပြုတ်ကျသွားပါတော့တယ်။
Chapter 18 ပြီးပါပြီ။
ဆက်ပါဦးမည်>>>>>>
Chapter 19 သူစောင့်နေခဲ့တာ…..
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
Comments
Post a Comment