ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 2 (ေရအိုင္ငယ္ေလးတြင္ တာအိုဥာဏ္အလင္း ရရွိျခင္း)


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 2 (ေရအိုင္ငယ္ေလးတြင္ တာအိုဥာဏ္အလင္း ရရွိျခင္း)

ဂ်ိနင္ကေတာ့ သူ႕ရဲ့ ကမာၻနဲ႕ တစ္သားတည္း ကိုယ္ေဖာ့ သိုင္းကို အားကိုးျပီးေတာ့ ေလအလ်င္လို ျမန္ျမန္ဆန္ဆန္ ထြက္ေျပးေနပါတယ္။ အေရွ႕ပိုင္းေတာင္ ႏြံေတာကို ေက်ာ္ျဖတ္ျပီးသြားတဲ့အခါမွာလည္း သူျမန္ျမန္ ဆက္ေျပးေနတာပါ။ ကီလိုမီတာ ေထာင္နဲ႕ခ်ီေအာင္ ေျပးျပီးေတာ့ ေတာအုပ္ အထပ္ထပ္ကို ေက်ာ္ျဖတ္ျပီးသြားတဲ့အခါမွာ ရုတ္တရက္ ရပ္တန္႔လိုက္ပါတယ္။ အခုဆိုရင္ ေရႊက်ီးကန္းျဖစ္တဲ့ ေနမင္းၾကီးဟာ မိုးကုတ္စက္၀ုိင္းထဲ တျဖည္းျဖည္း ၀င္ေရာက္ ေပ်ာက္ကြယ္သြားပါျပီ။ ဒါေပမဲ့ မိုးကုတ္စက္၀ိုင္းကေနျပီးေတာ့ ဆည္းဆာ ေရာင္ျခည္ေတြဟာ ျဖာထြက္ေနျပီး အလင္းေရာင္ အနည္းငယ္ေတာ့ က်န္ပါေသးတယ္။

“၀ွဴး..”
နင္ သူ႕နဖူးက ေခၽြးေတြကို လက္ျပန္သုတ္လိုက္ပါတယ္။

“ငါ ေရေပၚမွာ ကီလိုမီတာ သံုးရာေက်ာ္ေျပးခဲ့ျပီး ေျမျပင္မွာ ကီလိုမီတာ တစ္ေထာင္ေက်ာ္ ေျပးလႊားခဲ့ရတယ္။ ငါ တတ္ႏို္င္သေလာက္ အျမန္ဆံုး ေျပးခဲ့ရတာ။ ငါ တစ္ခါမွ ဒီလို မေျပးခဲ့ဖူးဘူး။ ငါ့ရဲ့ ခႏၶာကိုယ္လို ခႏၶာကိုယ္က ေခၽြးေတြ ဒီေလာက္ ထြက္လိမ့္မယ္လို႕ မထင္မိဘူး။”
နင္ဟာ အေရွ႕ပိုင္းေတာင္ႏြံေတာကို ေက်ာ္ျဖတ္ဖို႕ ကီလိုမီတာေထာင္ေက်ာ္ကို သူ႕ရဲ့ အျမန္ဆံုး အလ်င္နဲ႕ ေျပးလႊားခဲ့ပါတယ္။

ဒါေၾကာင့္ အလြန္ေမာပန္းေနျပီး အခုေျဖးေျဖးခ်င္းပဲ ေလွ်ာက္လာေနပါေတာ့တယ္။ သူ႕ေရွ႕မွာေတာ့ ၾကာပန္းေတြနဲ႕ ျပည့္ေနတဲ့ ေရအိုင္ငယ္ေလး တစ္ခုရွိပါတယ္။ ပန္းေတြကေတာ့ ရႊံ႕ႏြံေတြ ေပက်ံေနျခင္းမရွိပဲ သူတို႕ရဲ့ ပင္စည္က တည့္တည့္မတ္မတ္ ရႊံ႕ထဲကေန ထိုးထြက္ေနပါတယ္။ ၾကာပန္းရနံ႔ေတြ ေမႊးပ်ံ႕ေနျပီး ဒီအနံ႕ေတြကို ရွဴမိသြားတဲ့နင္ဟာ စိတ္ၾကည္လင္သြားျပီး ျပံဳးလိုက္မိပါတယ္။ ျပီးေတာ့ သူေရအိုင္ငယ္ေလးေဘးမွာ ထိုင္ခ်လိုက္ပါေတာ့တယ္။

“ငါ ဒီ ေဘးရန္ေတြကို ေက်ာ္ျဖတ္လာႏိုင္ျပီလို႕ထင္တာပဲ။”
နင္ လက္ေ၀ွ႕ယမ္းလိုက္တဲ့အခါ ၾကည္လင္သန္႕ရွင္းတဲ့ ေရေတြ ျပည့္ေနတဲ့ ၀ါးဆစ္ခြက္ေလး တစ္ခြက္ ေပၚလာပါတယ္။ သူ ေရကို တ၀ ေသာက္လိုက္ပါေတာ့တယ္။

“ေျမြးစိမ္းေလး ဘာေတြ ျဖစ္ေနျပီလည္း မသိဘူး။”
နင္ သက္ျပင္းခ်လိုက္မိပါတယ္။
“ေျမြစိမ္းေလးေရ ငါ့ကို အျပစ္မတင္ပါနဲ႕။ ငါလည္းမင္းကို မကယ္ႏိုင္ေသးပါဘူး။ ငါအနည္းဆံုးေတာ့ ဇင္တ်န္ အဆင့္ ေရာက္ေနရမွာ…”

“ဇင္တ်န္..”

နင္ ဒါကို ေတြးမိျပီးတာ့ စိုးရိမ္စိတ္ေတြ ၀င္လာပါတယ္။

အနီေရာင္ ေကာင္းကင္ကိုးဆင့္ ဖင္းေဂါ့က်င့္စဥ္ဟာ အရမ္းကို အစြမ္းထက္ပါတယ္။ အလြန္႕အလြန္ကို အစြမ္းထက္သလို ေလ့က်င့္ေအာင္ျမင္ဖို႕လည္း အရမ္းခက္ခဲပါတယ္။ ေက်ာေထာက္ေနာက္ခံေကာင္းေကာင္း ရွိတဲ့သူေတာင္ ေအာင္ျမင္ဖို႕ ခက္ခဲလြန္းပါတယ္။
“အဖို နဲ႕ အမကို ေပါင္းစည္းျပီး မီးႏွင့္ေရကို တသားတည္း ”ဆိုတာ ဘယ္လို လုပ္စြမ္းေဆာင္လို႕ရမွာလည္း။

“အင္း.. ငါ ေနာက္တစ္ဆင့္ ေအာင္ျမင္ဖို႕ ဘာဆက္လုပ္ဖို႕လိုလည္း။ ”
နင္ ခါးသီးစြာ ေတြးေနမိပါတယ္။

“ဟူး”
ေလျပည္ညင္းေလး တိုက္ခတ္သြားပါတယ္။ ေအးျမတဲ့ ေႏြရာသီ ညေလညင္းေလးဟာ အရမ္းကို အရသာရွိလွပါတယ္။ ေလျပည္ညင္းေလးက ၾကာပန္းေတြကိုလည္း ေဆာ့ကစားသြားပါတယ္။ ၾကာပန္းေလးေတြဟာ ယိမ္းႏြဲ႕ ကခုန္သြားၾကပါတယ္။

ေလအရိပ္ ေျခလွမ္းမွာ ကမာၻနဲ႕ တစ္သားအဆင့္ကို ေရာက္သြားျပီးတဲ့ေနာက္ နင္ရဲ့ စိတ္ဟာ ေလနဲ႕ တစ္သားတည္းအဆင့္မွာ ရွိေနတယ္လို႕လည္း ေျပာလို႕ရပါတယ္။ ေလညင္းေလးဟာ ၾကာပန္းေလးေတြနဲ႕ ကစားသြားတဲ့အခါမွာေတာ့ သူဟာ ရွင္းရွင္းလင္းလင္း အာရံုရသြားခဲပါတယ္…

“ဟင္..”
နင္ဟာ စူးစူးတဲ့ အရိပ္အေရာင္ေတြ မ်က္ႏွာမွာ ေပၚလာပါတယ္။
“ေလက ၾကာပန္းေတြကို တိုက္ခတ္သြားေတာ့ သူတို႕ေတြ ဘယ္ ညာ ယိမ္းႏြဲ႕သြားၾကတယ္။”

သူ ရုတ္တရက္ တခုခုကို သေဘာေပါက္သြားခဲ့တယ္။

“သစ္ရြက္တစ္ရြက္ကို ေလတိုက္လိုက္ရင္ သူလြင့္ခ်င္ရာကို လြင့္သြားမွာ.. ဦးတည္ခ်က္မရွိဘူး..”

“သစ္ပင္ပုေလးေတြဆိုရင္ေတာ့ ေလတိုက္ရင္ ဘယ္ညာ ယိမ္းႏြဲ႕ေနမွာပဲ။ သူ႕မွာ အရြက္အၾကီးၾကီးေတြလည္း မရွိဘူး။”

“ဒါေပမဲ့ ၾကာပန္းေတြက်ေတာ့ ေလတိုက္ခံရရင္ ၾကာပန္းပြင့္ဖတ္ၾကီးေတြက ဘယ္ညာ လႈပ္ရွားသြားျပီးေတာ့ ေလရဲ့အားကို ေျခဖ်က္လိုက္ၾကတယ္။”

နင္ဟာ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္မိတယ္။ ညကေတာ့ လံုး၀ေရာက္သြားတာမဟုတ္ေသးပါဘူး။ ဒါေပမဲ့ ေကာင္းကင္မွာေတာ့ လရဲ့ အလင္းေရာင္ကို မွိန္မွိန္ေလး ေတြ႕ေနရပါျပီ။
“ေနမင္းျဖစ္တဲ့ ေရႊက်ီးကန္းဟာ အိပ္ေပ်ာ္သြားျပီးေတာ့ ယုန္ျဖစ္တဲ့လဟာ ႏိုးထလာတယ္…. ”

“ဘယ္ လွည့္ ညာလွည့္”

“ေန႕နဲ႕ည… ေန႕ဆိုတာရွိေနလို႕ ညဆိုတာ ရွိေနခဲ့တာ…”
နင္ တီးတိုးေလး ဆက္ေရရြတ္လိုက္ပါတယ္..
“ေမွာင္အတိ ဖံုးေနတဲ့အခ်ိန္မွာ အလင္းေရာင္ ေသးေသးေလးဟာ အရမ္းကို ေတာက္ပတယ္ထင္ရတယ္.. ဘယ္ညာ ယိမ္းႏြဲ႕သြားတဲ့ ၾကာပန္းပြင့္ဖတ္ေတြဟာ တိုက္ခတ္ေနတဲ့ ေလျပည္ညင္းရဲ့ အားကို ေခ်ဖ်က္လိုက္ျပီးေတာ့ ေနရာမွာတင္ ရပ္ေနတယ္..”

နင္မ်က္စိမွိတ္လိုက္ပါတယ္။

သူ႕၀ိဥာဥ္ဟာ ကမာၻနဲ႕ တစ္သားတည္းမွာ ေရာက္ရွိေနျပီးေတာ့ သူဟာ ေလျပည္ေလးနဲ႕ ေရအိုင္ထဲက ၾကာပန္းေလးေတြနဲ႕ တစ္သားျဖစ္သြားပါတယ္။

သူဟာ အရမ္းကို ေလးနက္တဲ့ ဥပေဒသ တစ္ခုကို နားလည္သြားပါတယ္။ စၾကာ၀ဠာ တည္ရွိေနတည္းက ရွိတဲ့ အလြန္ကို ေရွးက်တဲ့ လွ်ိဳ႕၀ွက္ခ်က္တစ္ခု တာအို…. ေလအလ်င္ဟာ တာအိုကို သယ္ေဆာင္သြားသလို တာအိုဟာလည္း အလြန္က်ယ္ျပန္႕ျပီးေတာ့ နားလည္ဖို႕ မကုန္ႏိုင္တဲ့အရာတစ္ခုေပါ့… ဒါေပမဲ့ ေလအလ်င္ဟာ ၾကာပန္းေတြကို ျဖတ္သန္းသြားတဲ့အခါမွာ …. ဒီ အခ်ိန္မွာ နင္ဟာ တာအိုရဲ့ အလင္းကို ၾကာပန္းေတြကေန တစ္ခ်က္ ဖ်တ္ကနဲ ျမင္လိုက္ရပါတယ္။ တာအိုရဲ့ အႏွစ္သာရ အမွန္တရားရဲ႕ အရိပ္အေရာင္ကို ရွာေတြ႕ႏိုင္ခဲ့ပါတယ္။

နင္ဟာ ေရအုိင္ငယ္ေလး ေဘးမွာ ၾကာပန္း သ႑ာန္ တင္ပလႅင္ေခြ ခ်ိတ္ထိုင္ေနဆဲပါပဲ… သူရွာေတြ႕ခဲ့တဲ့ ၾကာပန္းေလးေတြ ယိမ္းႏြဲ႕မႈက တာအိုရဲ့ အစြန္အဖ်ားကို ဆက္ျပီးေတာ့ တရားဆက္ထိုင္ သံုးသပ္ေနဆဲပါပဲ…

………

တာအိုကို သေဘာေပါက္ဖို႕ဆိုတာ သံုသပ္ျခင္းသာ အေျဖအတြက္ ေမွ်ာ္လင့္ခ်က္ရွိ ျပီးေတာ့ တစ္ေယာက္ေယာက္ကို ေမးျမန္းျခင္းဟာ အေျဖထြက္လာမွာ မဟုတ္ပါဘူး..

ဒီအခ်ိန္ေလးအတြင္းမွာ သူ႕၀ိဥာဥ္၊ သူ႕အေတြး၊ ပတ္၀န္းက်င္ နဲ႕ အရာအားလံုးဟာ ေပါင္းစည္းသြားျပီးေတာ့ သူဟာ တာအိုရဲ့ အရိပ္အေရာင္ တခဏ ထိေတြ႕ခြင့္ရခဲ့ပါတယ္။ ဒါေပမဲ့ တာအိုကို လံုး၀ ထိေတြ႕ဖို႕အတြက္ေတာ့ မျဖစ္မေန လိုအပ္ခ်က္တစ္ခု ကမာၻနဲ႕ တစ္သားတည္းအဆင့္ကို ေရာက္ရမွာပါ။ တစ္ေယာက္ရဲ့ စိတ္ဟာ ကမာၻနဲ႕ တစ္သားတည္းျဖစ္တဲ့ အခ်ိန္မွာ ထာ၀ရတာအိုကို ထိေတြ႕ခြင့္ရပါတယ္။

“………………………”
ေရစီေၾကာင္းေလးဟာ ေက်ာက္ေဆာင္ေပၚက ျမက္ပင္ေလးရွိတဲ့ ေနရာကေန စီးက်လာပါတယ္။

“ဂူ..ဂူ..ဂြမ္”

နင္လာခဲ့တဲ့ေ တာအုပ္ေနရာဟာ အခုေတာ့ သီခ်င္းဆိုေနတဲ့ ဖားေတြနဲ႕ ျပည့္ေနပါတယ္။

တျဖည္းျဖည္းခ်င္း..

အလင္းတန္းေတြဟာ နင္ကို လႊမ္းျခံဳသြားပါတယ္။ နင္ကေတာ့ ၾကာပန္းသ႑ာန္ ထိုင္ေနဆဲပါ။ ပထမဆံုး ေရသ႑ာန္ အလင္းတန္းေတြ ေပၚလာျပီးေတာ့ နင္ကို ၀န္းရံထားတဲ့ အရမ္းကိုၾကားမားတဲ့ ၾကာပန္း ပြင့္ဖတ္ၾကီးေတြ အသြင္ကို ေျပာင္းသြားပါတယ္။ နင္ကို ၀န္းရံျပီး ေရသ႑ာန္ ၾကာပန္း ပြက့္ဖတ္ေတြဟာ တစ္ခ်ပ္ျပီး တစ္ခ်ပ္ ေပၚလာျပီးေတာ့ ေလျပည္ညင္းေလးကေလး တိုက္ခတ္ေနပါတယ္။

ရုတ္တရက္ဆိုသလိုပဲ မီးေတာက္ အစက္ အမႈန္ အလင္းေတြဟာ စုစည္းလာျပီးေတာ့ မီးေတာက္ၾကာပန္း ပြင့္ဖတ္ေတြ အသြင္ေျပာင္းသြားပါတယ္။ အရမ္းကိုၾကီးမားတဲ့ မီးေတာက္ၾကာပန္းပြင့္ဖတ္ေတြဟာလည္း နင္ကို ၀န္းရံထားလိုက္ပါတယ္။

ၾကာပန္းပြင့္ဖတ္ ၂လႊာဟာ ျဖစ္ေပၚလာပါတယ္။

ပထမ အလႊာကေတာ့ ေရၾကာပန္း ပြင့္ဖတ္ေတြ ျဖစ္ျပီးေတာ့ ဒုတိယ အလႊာကေတာ့ မီးတာက္ ၾကာပန္းပြင့္ဖတ္အလႊာျဖစ္ပါတယ္။ အလႊာ တိုင္းမွာ ပြင့္ဖတ္ ၃ခု စီ ရွိပါတယ္။

“ဟူး..”
ေရနဲ႕ မီးဟာ ယွက္ႏြယ္သြားပါတယ္။ ေလျပင္းဟာ တိုက္ခတ္လာပါတယ္။

ဟူး..ဟူး..ဟူး..

ၾကာပန္း ပြင့္ဖတ္ အလႊာ ၂ခုမွာ ေလဟာ ဘယ္ကမွန္းမသိ တိုက္ခတ္ေနပါတယ္။ အလႊာ ၂ခုဟာ တျဖည္းျဖည္း လွည့္ပတ္လာပါတယ္။ ေအာက္ပိုင္း ၾကာပန္း အလႊာဟာ ဘယ္ဘက္ကို ဦးတည္ လည္ပတ္လာျပီးေတာ့ အေပၚၾကာပန္းလႊာဟာ ညာဘက္ကို ဦးတည္ လည္ပတ္လာပါတယ္။ အလႊာ ၂ခုဟာ လံုး၀ကို ဆန္႕က်င္ဘက္ကို လည္ပတ္ေနၾကပါတယ္။ တျဖည္းျဖည္း နဲ႕ အားျပင္းလာပါတယ္။ နင္ကေတာ့ သူ႕အတြင္းအားေတြကို အသံုးမျပဳထားေသးပါဘူး။

အကုန္လံုးဟာ သဘာ၀အတိုင္း ျဖစ္ပ်က္ေနတာပါ…

“Sou..”
ေျမေခြးညိဳ တစ္ေကာင္ဟာ ေတာအုပ္ထဲကေန ခုန္ထြက္လာပါတယ္။ သူ႕ ေက်ာက္စိမ္းေရာင္ ေတာက္ပေနတဲ့ မ်က္၀န္းေတြက အေ၀းက သားေမြးနဲ႕ လူငယ္ကို စူးစိုက္ၾကည့္ေနပါတယ္။ မီတာေတာ္ေတာ္ ၾကီးမားက်ယ္ျပန္႕တဲ့ ၾကာပန္း ပြင့္ဖတ္ၾကီးေတြက လူငယ္ကို ၀ုိင္းရံ လွည့္ပတ္ေနတာက ေျမေခြးၾကီးကို အနည္းငယ္ တုန္႕ဆိုင္း သြားေစပါတယ္။ တိရစာၦန္ တစ္ေကာင္အေနနဲ႕ သူဟာ ဥာဏ္ရည္ နိမ့္ပါးေပမဲ့ သူ႕ ဆဌမ အာရံုအရ ဒီ ေရမီး ၾကာပန္း ပြင့္ဖတ္ေတြဟာ ဒီကမာၻရဲ့ အစိတ္အပိုင္း တခုထက္ မပိုဘူးဆိုတာကို ေျပာေနပါတယ္။ ေကာင္းကင္က တိမ္တိုက္ေတြလိုေပါ့။ ဒီဟာေတြကို စိတ္ထဲ ထားဖို႕မလိုဘူးလို ထင္ေနပါတယ္။

ေျမေခြးညိဳၾကီးက သူ႕ အစြယ္ေတြကို ျပင္လိုက္ျပီးေတာ့ လူငယ္ေလးကို ၾကည့္ေနဆဲပါပဲ။

သူ အရမ္းကို ဆာေလာင္ေနတာပါ…

သားေမြး ၀တ္စံု ၀တ္ထားတဲ့ လူငယ္ေလးကေတာ့ မလႈပ္မယွက္ ထိုင္ေနဆဲပါပဲ။ သူဟာ အိပ္ေပ်ာ္ေနသလိုမ်ိဳး ျပန္လည္တိုက္ခိုက္ႏိုင္စြမ္းလည္း ရွိပံု မရပါဘူး။ ျပီးေတာ့ သူ႕အသားက အရမ္းကို ႏူးညံ့ျပီး အရသာ ရွိပံုေပၚပါတယ္။ ေျမေခြးညိဳၾကီးဟာ သားေရတျမားျမား က်လာပါတယ္။

သူ တုန္႕ဆိုင္းမေနေတာ့ပါဘူး။

“Souf..”
ေျမေခြးညိဳၾကီးဟာ ၀တ္စံုျဖဴနဲ႕ လူငယ္ေလးကို အစြယ္ တေဖြးေဖြးနဲ႕ ကိုက္ဖို႕ျပင္ျပီး ခုန္အုပ္လိုက္ပါတယ္။

ဒါေပမဲ့ သူၾကာပန္းပြင့္ဖတ္ၾကီးေတြနဲ႕ ၂မီတာေလာက္ အကြာကို ေရာက္သြားတဲ့ အခ်ိန္မွာ..

“၀ုန္း..”

ၾကာပန္း လႊာ ၂ခုကေန ျဖစ္ေပၚလာတဲ့ ေလအလ်ဥ္ဟာ ကမာၻၾကီးရဲ့ ဖ်က္ဆီးမႈအစြမ္းေတြ ပါေနသလိုပါပဲ။ မ်က္စိ တမွိတ္အခ်ိန္မွာကို ေျမေခြးၾကီးဟာ အသားစေလးေတြျဖစ္သြားျပီးေတာ့ ေသြးေတြ ေနရာအႏွံ႕ ျပန္႕က်ဲကုန္ပါတယ္။

….

ည ေရာက္လာခဲ့ပါတယ္…

သံံမဏိသစ္ပင္ ဂ်န္ နဲ႕ ၀တ္စံုနက္၀တ္ လူအသြင္ေျပာင္းထားတဲ့ သူ႕ရဲ့ ဘိုင္အန္ က်ားၾကီးဟာ ေရခဲ ပ်ားေလးေတြေနာက္ကို ေတာေတာင္ေတြ အထပ္ထပ္ ျဖတ္ေက်ာ္ျပီး လိုက္လာၾကပါတယ္။ ေရခဲပ်ားဆိုတာကေတာ့ ပ်ားေလးေတြပါပဲ။ အရမ္းကို ၾကီးမားတဲ့ ပ်ံသန္းႏိုင္တဲ့ သားရဲၾကီးေတြ မဟုတ္သလို မိစာၦၾကီးေတြလည္း မဟုတ္ဘူးေလ။ ဒါေၾကာင့္ ပ်ားေလးေတြ ဘယ္ေလာက္ ေႏွးမလည္းဆိုတာ သိႏိုင္ပါတယ္။ နင္ရဲ့ ၁၀ ပံု ၁ ပံုေတာင္ မျမန္ပါဘူး။

“ဒီ ဂ်ိကလန္က ေကာင္ေလးက ေတာ္ေတာ္ကို ျမန္တာပဲ။”
သံံမဏိသစ္ပင္ ဂ်န္ရဲ့ မ်က္ႏွာဟာ ပုပ္သိုးျပီးေတာ့ ရက္စက္မႈေတြ ျပည့္ေနပါတယ္။
“အေရွ႕ပိုင္းေတာင္ ႏြံေတာကို ေက်ာ္ျဖတ္ျပီးတာေတာင္ သူ ဆက္ေျပးေနတုန္းပဲ”

အနက္ေရာင္ ၀တ္စံုနဲ႕ လူက ျမန္ျမန္ျပန္ေျဖလိုက္ပါတယ္..
“ဆရာ ဒီ ေရခဲပ်ားေတြက ေတာ္ေတာ္ကို ေနွးပါတယ္။ ဒီ ဂ်ိကလန္က ေကာင္ေလးက မရပ္မနား ဆက္ေျပးေနဦးမယ္ဆိုရင္ အခ်ိန္တစ္ခုမွာ ဂ်ိကလန္ ေဒသၾကီး ၅ခုထဲကို ေရာက္သြားမွာပဲ။ အဲ့ဒါဆိုရင္ ကၽြန္ေတာ္တို႕ေတြ ဖမ္းမိေတာ့မွာ မဟုတ္ဘူး..”

“ဂ်ိကလန္ ေဒသၾကီး ၅ခု ကို ေ၇ာက္ေအာင္ ဆက္ေျပးမယ္…”
သံံမဏိသစ္ပင္ ဂ်န္ ေခါင္းညိတ္လိုက္ပါတယ္..
“သိပ္ေ၀းလြန္းပါတယ္.. အေရွ႕ပိုင္းေတာင္ ႏြံေတာဟာ ဂ်ိကလန္ရဲ့ နယ္စပ္ေဒသပဲေလ.. နယ္စပ္ကေနျပီးေတာ့ ဂ်ိကလန္ရဲ့ ေဒသၾကီး ၅ခုကို ေရာက္ေအာင္ တစ္ထုိင္တည္း ေျပးဖို႕ဆိုတာကေတာ့.. ဒီ ေကာင္ေလးက ဒီေလာက္ေတာ့ ေျပးႏိုင္မွာ မဟုတ္ဘူး…”
သူေျပာသာေျပာေနေပမဲ့ စိတ္ပူေနပါတယ္..တစ္ကယ္လို႕ နင္သာ ဂ်ိကလန္ ေဒသၾကီး ၅ခုကို ေရာက္ေအာင္ ေျပးသြားႏုိ္ငင္ခဲ့ရင္ ဂ်န္ဟာ သူ႕ကိုယ္သူ ယံုၾကည္မႈ ဘယ္ေလာက္ ရွိရွိ သူ႕ရန္သူေတာ္ ေတြရဲ့ ပိုင္နက္ထဲကို မက်ဴးေက်ာ္ရဲေသးပါဘူး..

“ငါတို႕ေတြ သူ႕ကို ေျဖးေျဖးခ်င္းလိုက္ၾကတာေပါ့..”
သံံမဏိသစ္ပင္ ဂ်န္ ဆက္ေျပာလိုက္ပါတယ္…
“ေရခဲပန္း အဆီက ဘယ္ေနရာကို ျဖတ္သန္းသြားသြား သူ႕ရဲ့ ထူးျခားတဲ့ ရနံ႕ကို အျမဲ ခ်န္ထားခဲ့တယ္… သူ႕ရနံ႕က ၃ရက္ ေလာက္ေတာ့ က်န္ႏိုင္တယ္။ ငါတို႕ေတြက အဲ့ဒီ အနံ႕ကို မရေပမဲ့ ေရခဲပ်ားကေတာ့  အနံ႕ ခံႏိုင္တယ္။ ဒီေကာင္ေလး ဂ်ိကလန္ ေဒသၾကီး ၅ခုကို မေရာက္သေရြ႕ေတာ့ ေသခ်ာေပါက္ ေသရမွာပဲ။”

“ဟုတ္တယ္.. ေသကိုေသရမွာ”
၀တ္စံနက္နဲ႕ လူက ေထာက္ခံလိုက္တယ္။

“သူ ငါ့ရဲ့ အစီအစဥ္ အကုန္လံုးကို ဖ်က္ဆီးခဲ့ျပီးေတာ့ အရမ္းကို ေၾကာက္ဖို႕ေကာင္းတဲ့ ရန္သူေတာ္တစ္ေယာက္ကို  အနာဂတ္မွာ ထားခဲ့တယ္။”
သံံမဏိသစ္ပင္ ဂ်န္ က ျမေကာင္းကင္ ေျမြဘုရင္ၾကီး ေနာင္တစ္ခ်ိန္မွာ ဇီဖူအဆင့္ကို ေရာက္တဲ့အခါမွာ ခရီးေတြ ထြက္ရာကေန ျပန္လာျပီး သူ႕ကို လာသတ္တာကို ျမင္ေယာင္ေနမိတယ္။ သူ ဒါကို ေတြးေတြးမိတိုင္း အရိုးထဲထိ စိမ့္ေအာင္ေၾကာက္လန္႕ တုန္လႈပ္ေနမိတယ္။ ဒါကို စဥ္းစားမိေလေလ ဂ်ိနင္ကို ပိုျပီးေတာ့ မုန္းလာေလေလပဲ။
“ငါကိုယ္တိုင္ အဲ့ေကာင္ေလးကို အေရခြံႏႊာပစ္မယ္။”

“ဟုတ္တယ္.. သူ႕ကို အေရခြံႏႊာျပီး ဆြဲဖဲ့ပစ္ရမယ္။”
၀တ္စံုနက္နဲ႕ လူလည္း အံၾကိတ္ျပီးေတာ့ ေျပာလိုက္တယ္။

…..

ေရႊက်ီးကန္းျဖစ္တဲ့ ေနမင္းၾကီးဟာ အေရွ႕အရပ္ ကေန ေခါင္းျပဴစ ျပဳလာပါတယ္။ အခုဆို မိုးေသာက္ေရာက္ေနပါျပီ။ သံံမဏိသစ္ပင္ ဂ်န္ နဲ႕ ဘိုင္အန္က်ားနက္ၾကီးကေတာ့ တျဖည္းျဖည္းခ်င္း လိုက္ေနတုန္းပါ။ သူတို႕ဟာ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ လိုက္လာေနရလို႕ ၀မ္းထဲမွာေတာ့ ေဒါသေတြ ျပည့္ေနပါတယ္။ ဂ်ိေကာင္ေလးဟာ ေတာ္ေတာ္ကို သတိၾကီးပံု ရပါတယ္။ အေရွ႕ပိုင္းေတာင္ ႏြံေတာကို ျဖတ္ေက်ာ္ျပီးတဲ့အခ်ိန္မွာ သူဟာ ကီလိုမီတာ ေထာင္ေက်ာ္ကို မရပ္မနားေျပးလာပံုရပါတယ္။

ကီလိုမီတာ ေထာင္ေက်ာ္ကို ပ်ံသန္းလာရတဲ့ ေရခဲပ်ားကေတာ့ ေတာ္ေတာ္ကို ပင္ပန္းေနပါျပီ။ ေတာ္ေသးတာကေတာ့ ဒီေရခဲပ်ားက mutant ထူးျခားတဲ့ မ်ိဳးကြဲ ျဖစ္ေနလို႕ပါ။

“ဆရာ”..
အနက္ေ၇ာင္လူက မ်က္စိအေရာင္ေတာက္ပလာျပီးေတာ့ အေ၀း တစ္ေနရာကို ညႊန္ျပလိုက္ပါတယ္။

“ဟူ.”
ပင္ပန္းေနတဲ့ ဂ်န္ကလည္း အဲ့ဒီေနရာကို ၾကည့္လိုက္ပါတယ္။ သူဟာ ေ၇အိုင္စပ္က မသဲမကြဲလူရိပ္ကို ေတြ႕လိုက္ပါတယ္။ သူဒါကိုေတြ႕လိုက္ေတာ့ ရုတ္တရက္ ႏိုးၾကားသြားပါတယ္။
သံံမဏိသစ္ပင္ ဂ်န္ မ်က္လံုးေတြ အေရာင္ေတာက္လာျပီးေတာ့ ပါးစပ္လႈပ္ျပီး စိတ္နဲ႕ လွမ္းစကားေျပာလိုက္ပါတယ္။
“လာ .. သြားၾကည့္ရေအာင္”

၀ိဥာဥ္ တိရိစာၦန္နဲ႕ သခင္ၾကားမွာ အခ်ိန္တစ္ခု ရင္းႏွီးလာတဲ့အခါမွာ အသံမထြက္ပဲ ဆက္သြယ္လာႏိုင္ပါတယ္။ အကြာအေ၀းကေတာ့ သူတို႕ေတြရဲ့ ၀ိဥာဥ္ေတြ ဘယ္ေလာက္ အစြမ္းထက္လည္းေပၚမူတည္ပါတယ္။ ျခံဳေျပာရရင္ေတာ့ ဇင္တ်န္ တန္ခိုးရွင္နဲ႕ သူ႕ရဲ့ ၀ိဥာဥ္ တိရိစာၦန္ ေတြဟာ ၁၀ မီတာေလာက္ အကြာအေ၀း အထိကို  အသံတိတ္ ဆက္သြယ္ေျပာဆိုႏိုင္ပါတယ္။

သူတို႕ ၂ေယာက္ဟာ တိတ္တဆိတ္ ေရွ႕ကို တြားသြားလာၾကပါတယ္။

အမွန္ဆိုရင္ေတာ့ သူတို႕ေတြ အသံထြက္လာမွာကို ဂ်န္ မစိုးရိမ္မိပါဘူး။ သူက ဇင္တ်န္ ေနာက္ဆံုးအဆင့္ တန္ခိုးရွင္တစ္ေယာက္ေလ။ သူအျမန္ဆံုး အလ်င္နဲ႕ ေျပးလိုက္ရင္ ဂ်ိနင္ေျပးတာထက္ေတာင္ ပိုျမန္ပါတယ္။ ျပီးေတာ့ သူ႕မွာ အျမန္ႏႈန္းတိုး တန္ခိုး တံဆိပ္ေတာ္ တစ္ခုလည္းပါပါေသးတယ္။ ျပီးေတာ့ တျခား တန္ဖိုးၾကီးတဲ့ တာအို တံဆိပ္ေတာ္ ေတြလည္း ကို္ယ္နဲ႕မကြာ ထည့္လာပါေသးတယ္။ သူ နင္ေျပးသြားတာကို ဘယ္လိုလုပ္ ရပ္ၾကည့္ေနမွာလည္း။

“ဘယ္လိုေတာင္ အ ရတာလည္း။ ငါ ဘယ္ေလာက္ ဂရုစိုက္စိုက္ အသံနည္းနည္းေတာ့ထြက္မွာပဲ။ ဒါေပမဲ့ သူ သတိထားမိမွာမွ မဟုတ္တာ။ သူက ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္က်င့္သူတစ္ေယာက္ ပဲ။ ေျပာရရင္ သူ႕မွာ အရမ္းကို ထက္ျမက္တဲ့ အာရံု ခံမႈ ရွိတယ္။ ဟင္း..ဟင္း..သူမွာ အေတြ႕အၾကံဳေတြေတာ့ မရွိေသးဘူး။ သူ အခုဆို အိပ္ေပ်ာ္ေနတာေနမယ္။”
ဂ်န္ တီးတိုးေျပာရင္ ရယ္ေမာလိုက္တယ္။
“အေကာင္းဆံုး အေျခအေနပဲ။ အခုဆို အခက္အခဲ မရွိေတာ့ဘူး။ ႏို႕မို႕ဆိုရင္ ငါ့ရဲ့တံဆိပ္ေတာ္ေတြကို သံုးလိုက္ရဦးမယ္။”

သံံမဏိသစ္ပင္ ဂ်န္ နဲ႕ ၀တ္စံုနက္ လူတို႕က ေရွ႕ကို ဆက္ျပီးေတာ့ တိုးလာၾကပါတယ္။

တျဖည္းျဖည္း…

သူတို႕ေရွ႕က လူကို ရွင္းရွင္းလင္းလင္း ျမင္လာရပါတယ္။

“ဘာလဲဟ…”
သူတို႕ ၂ေယာက္လံုး အံ့ၾသသြားၾကပါတယ္။

အခုဆိုရင္ ေနက လံုး၀ ထြက္လာပါျပီ။ ေနေရာင္ျခည္ေအာက္မွာ ဒီ ေရနဲ႕ မီး ၾကာပန္းပြင့္ဖတ္ၾကီးေတြဟာ ၾကည္ၾကည္လင္လင္ အလင္းေဖာက္ျပီး ျမင္ေနရပါတယ္။ ေနာက္ဆံုးေတာ့လည္း ဒီ ၾကာပန္းပြင့္ဖတ္ေတြဟာ အစစ္အမွန္ မဟုတ္ၾကဘူးေလ။ သူတို႕ဟာ ကမာၻၾကီးရဲ့ စြမ္းအင္ေတြကေန ျဖစ္ေပၚလာၾကတာ။ ဒါေၾကာင့္ ေနေရာင္ျခည္ေအာက္မွာ သူတို႕ကို ၾကည္ၾကည္လင္လင္ ထြင္းေဖာက္ျမင္ေနရတာပါ။

ၾကာပန္း ပြင့္ဖတ္ၾကီး ၂လႊာဟာ ဆန္႕က်င္ဘက္ အရပ္မ်က္ႏွာကို ဦးတည္လွည့္ပတ္လ်က္ရွိပါတယ္။ ဒါေပမဲ့ သူတို႕ဟာ အလြန္ ထူးျခားတဲ့ စည္းခ်က္အတိုင္း လည္ပတ္ေနတာပါ။ ၾကာပန္းလႊာၾကီး ၂ခုရဲ့ အလယ္ဗဟိုမွာေတာ့ နင္ဟာ ၾကာပန္း သ႑ာန္ ထိုင္ေနပါတယ္။

“ဒါ.ဒါ..ဒါကဘာလဲ”
သံံမဏိသစ္ပင္ ဂ်န္ လိုမ်ိဳး အရမ္းကို အေတြ႕အၾကံဳမ်ားတဲ့ တန္ခိုးရွင္ေတာင္ ဒီလိုအျခင္းအရာကို မၾကံဳေတြ႕ခဲ့ဖူးပါဘူး။
“ဒါ သူ႕ရဲ့ အတြင္းအား ကီစြမ္းအင္ကေန ဖန္တီးထားတာလား။”

“ဒါေပမဲ့ သူ အခု ဇင္တ်န္ တန္ခိုးရွင္အဆင့္ကို ေရာက္ရွိေအာင္ျမင္သြားရင္ေတာင္မွ အေစာပိုင္း ဇင္တ်န္ အဆင့္ပဲ ရွိဦးမွာပဲ။ သူ႕မွာ ဘာေမွာ္ရတနာမွ ပါလာမယ္ မထင္ဘူး။”
ရက္စက္ေၾကာက္မက္ဖို႕ ေကာင္းတဲ့ အမူအရာေတြကို ဂ်န္ရဲ့ မ်က္ႏွာမွာ ျမင္ေတြ႕လိုက္ရပါတယ္။


Chapter 2 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 3 -  ေရ ႏွင့္ မီး ဆင္းသက္ခဲ့ရာ ဇင္တ်န္ တန္ခိုးရွင္ ေမြးဖြား


Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 2 (ရေအိုင်ငယ်လေးတွင် တာအိုဉာဏ်အလင်း ရရှိခြင်း)

ဂျိနင်ကတော့ သူ့ရဲ့ ကမ္ဘာနဲ့ တစ်သားတည်း ကိုယ်ဖော့ သိုင်းကို အားကိုးပြီးတော့ လေအလျင်လို မြန်မြန်ဆန်ဆန် ထွက်ပြေးနေပါတယ်။ အရှေ့ပိုင်းတောင် နွံတောကို ကျော်ဖြတ်ပြီးသွားတဲ့အခါမှာလည်း သူမြန်မြန် ဆက်ပြေးနေတာပါ။ ကီလိုမီတာ ထောင်နဲ့ချီအောင် ပြေးပြီးတော့ တောအုပ် အထပ်ထပ်ကို ကျော်ဖြတ်ပြီးသွားတဲ့အခါမှာ ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ အခုဆိုရင် ရွှေကျီးကန်းဖြစ်တဲ့ နေမင်းကြီးဟာ မိုးကုတ်စက်ဝိုင်းထဲ တဖြည်းဖြည်း ဝင်ရောက် ပျောက်ကွယ်သွားပါပြီ။ ဒါပေမဲ့ မိုးကုတ်စက်ဝိုင်းကနေပြီးတော့ ဆည်းဆာ ရောင်ခြည်တွေဟာ ဖြာထွက်နေပြီး အလင်းရောင် အနည်းငယ်တော့ ကျန်ပါသေးတယ်။



“ဝှူး..”

နင် သူ့နဖူးက ချွေးတွေကို လက်ပြန်သုတ်လိုက်ပါတယ်။


“ငါ ရေပေါ်မှာ ကီလိုမီတာ သုံးရာကျော်ပြေးခဲ့ပြီး မြေပြင်မှာ ကီလိုမီတာ တစ်ထောင်ကျော် ပြေးလွှားခဲ့ရတယ်။ ငါ တတ်နိုင်သလောက် အမြန်ဆုံး ပြေးခဲ့ရတာ။ ငါ တစ်ခါမှ ဒီလို မပြေးခဲ့ဖူးဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်လို ခန္ဓာကိုယ်က ချွေးတွေ ဒီလောက် ထွက်လိမ့်မယ်လို့ မထင်မိဘူး။”

နင်ဟာ အရှေ့ပိုင်းတောင်နွံတောကို ကျော်ဖြတ်ဖို့ ကီလိုမီတာထောင်ကျော်ကို သူ့ရဲ့ အမြန်ဆုံး အလျင်နဲ့ ပြေးလွှားခဲ့ပါတယ်။



ဒါကြောင့် အလွန်မောပန်းနေပြီး အခုဖြေးဖြေးချင်းပဲ လျှောက်လာနေပါတော့တယ်။ သူ့ရှေ့မှာတော့ ကြာပန်းတွေနဲ့ ပြည့်နေတဲ့ ရေအိုင်ငယ်လေး တစ်ခုရှိပါတယ်။ ပန်းတွေကတော့ ရွှံ့နွံတွေ ပေကျံနေခြင်းမရှိပဲ သူတို့ရဲ့ ပင်စည်က တည့်တည့်မတ်မတ် ရွှံ့ထဲကနေ ထိုးထွက်နေပါတယ်။ ကြာပန်းရနံ့တွေ မွှေးပျံ့နေပြီး ဒီအနံ့တွေကို ရှူမိသွားတဲ့နင်ဟာ စိတ်ကြည်လင်သွားပြီး ပြုံးလိုက်မိပါတယ်။ ပြီးတော့ သူရေအိုင်ငယ်လေးဘေးမှာ ထိုင်ချလိုက်ပါတော့တယ်။


“ငါ ဒီ ဘေးရန်တွေကို ကျော်ဖြတ်လာနိုင်ပြီလို့ထင်တာပဲ။”

နင် လက်ဝှေ့ယမ်းလိုက်တဲ့အခါ ကြည်လင်သန့်ရှင်းတဲ့ ရေတွေ ပြည့်နေတဲ့ ဝါးဆစ်ခွက်လေး တစ်ခွက် ပေါ်လာပါတယ်။ သူ ရေကို တ၀ သောက်လိုက်ပါတော့တယ်။


“မြွေးစိမ်းလေး ဘာတွေ ဖြစ်နေပြီလည်း မသိဘူး။”

နင် သက်ပြင်းချလိုက်မိပါတယ်။
“မြွေစိမ်းလေးရေ ငါ့ကို အပြစ်မတင်ပါနဲ့။ ငါလည်းမင်းကို မကယ်နိုင်သေးပါဘူး။ ငါအနည်းဆုံးတော့ ဇင်တျန် အဆင့် ရောက်နေရမှာ…”


“ဇင်တျန်..”



နင် ဒါကို တွေးမိပြီးတာ့ စိုးရိမ်စိတ်တွေ ဝင်လာပါတယ်။



အနီရောင် ကောင်းကင်ကိုးဆင့် ဖင်းဂေါ့ကျင့်စဉ်ဟာ အရမ်းကို အစွမ်းထက်ပါတယ်။ အလွန့်အလွန်ကို အစွမ်းထက်သလို လေ့ကျင့်အောင်မြင်ဖို့လည်း အရမ်းခက်ခဲပါတယ်။ ကျောထောက်နောက်ခံကောင်းကောင်း ရှိတဲ့သူတောင် အောင်မြင်ဖို့ ခက်ခဲလွန်းပါတယ်။

“အဖို နဲ့ အမကို ပေါင်းစည်းပြီး မီးနှင့်ရေကို တသားတည်း ”ဆိုတာ ဘယ်လို လုပ်စွမ်းဆောင်လို့ရမှာလည်း။


“အင်း.. ငါ နောက်တစ်ဆင့် အောင်မြင်ဖို့ ဘာဆက်လုပ်ဖို့လိုလည်း။ ”

နင် ခါးသီးစွာ တွေးနေမိပါတယ်။



“ဟူး”

လေပြည်ညင်းလေး တိုက်ခတ်သွားပါတယ်။ အေးမြတဲ့ နွေရာသီ ညလေညင်းလေးဟာ အရမ်းကို အရသာရှိလှပါတယ်။ လေပြည်ညင်းလေးက ကြာပန်းတွေကိုလည်း ဆော့ကစားသွားပါတယ်။ ကြာပန်းလေးတွေဟာ ယိမ်းနွဲ့ ကခုန်သွားကြပါတယ်။



လေအရိပ် ခြေလှမ်းမှာ ကမ္ဘာနဲ့ တစ်သားအဆင့်ကို ရောက်သွားပြီးတဲ့နောက် နင်ရဲ့ စိတ်ဟာ လေနဲ့ တစ်သားတည်းအဆင့်မှာ ရှိနေတယ်လို့လည်း ပြောလို့ရပါတယ်။ လေညင်းလေးဟာ ကြာပန်းလေးတွေနဲ့ ကစားသွားတဲ့အခါမှာတော့ သူဟာ ရှင်းရှင်းလင်းလင်း အာရုံရသွားခဲပါတယ်…


“ဟင်..”

နင်ဟာ စူးစူးတဲ့ အရိပ်အရောင်တွေ မျက်နှာမှာ ပေါ်လာပါတယ်။
“လေက ကြာပန်းတွေကို တိုက်ခတ်သွားတော့ သူတို့တွေ ဘယ် ညာ ယိမ်းနွဲ့သွားကြတယ်။”



သူ ရုတ်တရက် တခုခုကို သဘောပေါက်သွားခဲ့တယ်။


“သစ်ရွက်တစ်ရွက်ကို လေတိုက်လိုက်ရင် သူလွင့်ချင်ရာကို လွင့်သွားမှာ.. ဦးတည်ချက်မရှိဘူး..”


“သစ်ပင်ပုလေးတွေဆိုရင်တော့ လေတိုက်ရင် ဘယ်ညာ ယိမ်းနွဲ့နေမှာပဲ။ သူ့မှာ အရွက်အကြီးကြီးတွေလည်း မရှိဘူး။”


“ဒါပေမဲ့ ကြာပန်းတွေကျတော့ လေတိုက်ခံရရင် ကြာပန်းပွင့်ဖတ်ကြီးတွေက ဘယ်ညာ လှုပ်ရှားသွားပြီးတော့ လေရဲ့အားကို ခြေဖျက်လိုက်ကြတယ်။”



နင်ဟာ ကောင်းကင်ကို မော့ကြည့်လိုက်မိတယ်။ ညကတော့ လုံးဝရောက်သွားတာမဟုတ်သေးပါဘူး။ ဒါပေမဲ့ ကောင်းကင်မှာတော့ လရဲ့ အလင်းရောင်ကို မှိန်မှိန်လေး တွေ့နေရပါပြီ။
“နေမင်းဖြစ်တဲ့ ရွှေကျီးကန်းဟာ အိပ်ပျော်သွားပြီးတော့ ယုန်ဖြစ်တဲ့လဟာ နိုးထလာတယ်…. ”


“ဘယ် လှည့် ညာလှည့်”


“နေ့နဲ့ည… နေ့ဆိုတာရှိနေလို့ ညဆိုတာ ရှိနေခဲ့တာ…”

နင် တီးတိုးလေး ဆက်ရေရွတ်လိုက်ပါတယ်..
“မှောင်အတိ ဖုံးနေတဲ့အချိန်မှာ အလင်းရောင် သေးသေးလေးဟာ အရမ်းကို တောက်ပတယ်ထင်ရတယ်.. ဘယ်ညာ ယိမ်းနွဲ့သွားတဲ့ ကြာပန်းပွင့်ဖတ်တွေဟာ တိုက်ခတ်နေတဲ့ လေပြည်ညင်းရဲ့ အားကို ချေဖျက်လိုက်ပြီးတော့ နေရာမှာတင် ရပ်နေတယ်..”



နင်မျက်စိမှိတ်လိုက်ပါတယ်။



သူ့ဝိဉာဉ်ဟာ ကမ္ဘာနဲ့ တစ်သားတည်းမှာ ရောက်ရှိနေပြီးတော့ သူဟာ လေပြည်လေးနဲ့ ရေအိုင်ထဲက ကြာပန်းလေးတွေနဲ့ တစ်သားဖြစ်သွားပါတယ်။



သူဟာ အရမ်းကို လေးနက်တဲ့ ဥပဒေသ တစ်ခုကို နားလည်သွားပါတယ်။ စကြာဝဠာ တည်ရှိနေတည်းက ရှိတဲ့ အလွန်ကို ရှေးကျတဲ့ လျှို့ဝှက်ချက်တစ်ခု တာအို…. လေအလျင်ဟာ တာအိုကို သယ်ဆောင်သွားသလို တာအိုဟာလည်း အလွန်ကျယ်ပြန့်ပြီးတော့ နားလည်ဖို့ မကုန်နိုင်တဲ့အရာတစ်ခုပေါ့… ဒါပေမဲ့ လေအလျင်ဟာ ကြာပန်းတွေကို ဖြတ်သန်းသွားတဲ့အခါမှာ …. ဒီ အချိန်မှာ နင်ဟာ တာအိုရဲ့ အလင်းကို ကြာပန်းတွေကနေ တစ်ချက် ဖျတ်ကနဲ မြင်လိုက်ရပါတယ်။ တာအိုရဲ့ အနှစ်သာရ အမှန်တရားရဲ့ အရိပ်အရောင်ကို ရှာတွေ့နိုင်ခဲ့ပါတယ်။



နင်ဟာ ရေအိုင်ငယ်လေး ဘေးမှာ ကြာပန်း သဏ္ဍာန် တင်ပလ္လင်ခွေ ချိတ်ထိုင်နေဆဲပါပဲ… သူရှာတွေ့ခဲ့တဲ့ ကြာပန်းလေးတွေ ယိမ်းနွဲ့မှုက တာအိုရဲ့ အစွန်အဖျားကို ဆက်ပြီးတော့ တရားဆက်ထိုင် သုံးသပ်နေဆဲပါပဲ…



………



တာအိုကို သဘောပေါက်ဖို့ဆိုတာ သုံသပ်ခြင်းသာ အဖြေအတွက် မျှော်လင့်ချက်ရှိ ပြီးတော့ တစ်ယောက်ယောက်ကို မေးမြန်းခြင်းဟာ အဖြေထွက်လာမှာ မဟုတ်ပါဘူး..



ဒီအချိန်လေးအတွင်းမှာ သူ့ဝိဉာဉ်၊ သူ့အတွေး၊ ပတ်ဝန်းကျင် နဲ့ အရာအားလုံးဟာ ပေါင်းစည်းသွားပြီးတော့ သူဟာ တာအိုရဲ့ အရိပ်အရောင် တခဏ ထိတွေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ တာအိုကို လုံး၀ ထိတွေ့ဖို့အတွက်တော့ မဖြစ်မနေ လိုအပ်ချက်တစ်ခု ကမ္ဘာနဲ့ တစ်သားတည်းအဆင့်ကို ရောက်ရမှာပါ။ တစ်ယောက်ရဲ့ စိတ်ဟာ ကမ္ဘာနဲ့ တစ်သားတည်းဖြစ်တဲ့ အချိန်မှာ ထာဝရတာအိုကို ထိတွေ့ခွင့်ရပါတယ်။



“………………………”

ရေစီကြောင်းလေးဟာ ကျောက်ဆောင်ပေါ်က မြက်ပင်လေးရှိတဲ့ နေရာကနေ စီးကျလာပါတယ်။


“ဂူ..ဂူ..ဂွမ်”



နင်လာခဲ့တဲ့ေ တာအုပ်နေရာဟာ အခုတော့ သီချင်းဆိုနေတဲ့ ဖားတွေနဲ့ ပြည့်နေပါတယ်။



တဖြည်းဖြည်းချင်း..



အလင်းတန်းတွေဟာ နင်ကို လွှမ်းခြုံသွားပါတယ်။ နင်ကတော့ ကြာပန်းသဏ္ဍာန် ထိုင်နေဆဲပါ။ ပထမဆုံး ရေသဏ္ဍာန် အလင်းတန်းတွေ ပေါ်လာပြီးတော့ နင်ကို ဝန်းရံထားတဲ့ အရမ်းကိုကြားမားတဲ့ ကြာပန်း ပွင့်ဖတ်ကြီးတွေ အသွင်ကို ပြောင်းသွားပါတယ်။ နင်ကို ဝန်းရံပြီး ရေသဏ္ဍာန် ကြာပန်း ပွက့်ဖတ်တွေဟာ တစ်ချပ်ပြီး တစ်ချပ် ပေါ်လာပြီးတော့ လေပြည်ညင်းလေးကလေး တိုက်ခတ်နေပါတယ်။



ရုတ်တရက်ဆိုသလိုပဲ မီးတောက် အစက် အမှုန် အလင်းတွေဟာ စုစည်းလာပြီးတော့ မီးတောက်ကြာပန်း ပွင့်ဖတ်တွေ အသွင်ပြောင်းသွားပါတယ်။ အရမ်းကိုကြီးမားတဲ့ မီးတောက်ကြာပန်းပွင့်ဖတ်တွေဟာလည်း နင်ကို ဝန်းရံထားလိုက်ပါတယ်။



ကြာပန်းပွင့်ဖတ် ၂လွှာဟာ ဖြစ်ပေါ်လာပါတယ်။



ပထမ အလွှာကတော့ ရေကြာပန်း ပွင့်ဖတ်တွေ ဖြစ်ပြီးတော့ ဒုတိယ အလွှာကတော့ မီးတာက် ကြာပန်းပွင့်ဖတ်အလွှာဖြစ်ပါတယ်။ အလွှာ တိုင်းမှာ ပွင့်ဖတ် ၃ခု စီ ရှိပါတယ်။



“ဟူး..”

ရေနဲ့ မီးဟာ ယှက်နွယ်သွားပါတယ်။ လေပြင်းဟာ တိုက်ခတ်လာပါတယ်။



ဟူး..ဟူး..ဟူး..



ကြာပန်း ပွင့်ဖတ် အလွှာ ၂ခုမှာ လေဟာ ဘယ်ကမှန်းမသိ တိုက်ခတ်နေပါတယ်။ အလွှာ ၂ခုဟာ တဖြည်းဖြည်း လှည့်ပတ်လာပါတယ်။ အောက်ပိုင်း ကြာပန်း အလွှာဟာ ဘယ်ဘက်ကို ဦးတည် လည်ပတ်လာပြီးတော့ အပေါ်ကြာပန်းလွှာဟာ ညာဘက်ကို ဦးတည် လည်ပတ်လာပါတယ်။ အလွှာ ၂ခုဟာ လုံးဝကို ဆန့်ကျင်ဘက်ကို လည်ပတ်နေကြပါတယ်။ တဖြည်းဖြည်း နဲ့ အားပြင်းလာပါတယ်။ နင်ကတော့ သူ့အတွင်းအားတွေကို အသုံးမပြုထားသေးပါဘူး။



အကုန်လုံးဟာ သဘာဝအတိုင်း ဖြစ်ပျက်နေတာပါ…


“Sou..”

မြေခွေးညို တစ်ကောင်ဟာ တောအုပ်ထဲကနေ ခုန်ထွက်လာပါတယ်။ သူ့ ကျောက်စိမ်းရောင် တောက်ပနေတဲ့ မျက်ဝန်းတွေက အဝေးက သားမွေးနဲ့ လူငယ်ကို စူးစိုက်ကြည့်နေပါတယ်။ မီတာတော်တော် ကြီးမားကျယ်ပြန့်တဲ့ ကြာပန်း ပွင့်ဖတ်ကြီးတွေက လူငယ်ကို ဝိုင်းရံ လှည့်ပတ်နေတာက မြေခွေးကြီးကို အနည်းငယ် တုန့်ဆိုင်း သွားစေပါတယ်။ တိရစ္ဆာန် တစ်ကောင်အနေနဲ့ သူဟာ ဉာဏ်ရည် နိမ့်ပါးပေမဲ့ သူ့ ဆဌမ အာရုံအရ ဒီ ရေမီး ကြာပန်း ပွင့်ဖတ်တွေဟာ ဒီကမ္ဘာရဲ့ အစိတ်အပိုင်း တခုထက် မပိုဘူးဆိုတာကို ပြောနေပါတယ်။ ကောင်းကင်က တိမ်တိုက်တွေလိုပေါ့။ ဒီဟာတွေကို စိတ်ထဲ ထားဖို့မလိုဘူးလို ထင်နေပါတယ်။



မြေခွေးညိုကြီးက သူ့ အစွယ်တွေကို ပြင်လိုက်ပြီးတော့ လူငယ်လေးကို ကြည့်နေဆဲပါပဲ။



သူ အရမ်းကို ဆာလောင်နေတာပါ…



သားမွေး ဝတ်စုံ ဝတ်ထားတဲ့ လူငယ်လေးကတော့ မလှုပ်မယှက် ထိုင်နေဆဲပါပဲ။ သူဟာ အိပ်ပျော်နေသလိုမျိုး ပြန်လည်တိုက်ခိုက်နိုင်စွမ်းလည်း ရှိပုံ မရပါဘူး။ ပြီးတော့ သူ့အသားက အရမ်းကို နူးညံ့ပြီး အရသာ ရှိပုံပေါ်ပါတယ်။ မြေခွေးညိုကြီးဟာ သားရေတမြားမြား ကျလာပါတယ်။



သူ တုန့်ဆိုင်းမနေတော့ပါဘူး။


“Souf..”

မြေခွေးညိုကြီးဟာ ဝတ်စုံဖြူနဲ့ လူငယ်လေးကို အစွယ် တဖွေးဖွေးနဲ့ ကိုက်ဖို့ပြင်ပြီး ခုန်အုပ်လိုက်ပါတယ်။



ဒါပေမဲ့ သူကြာပန်းပွင့်ဖတ်ကြီးတွေနဲ့ ၂မီတာလောက် အကွာကို ရောက်သွားတဲ့ အချိန်မှာ..


“ဝုန်း..”



ကြာပန်း လွှာ ၂ခုကနေ ဖြစ်ပေါ်လာတဲ့ လေအလျဉ်ဟာ ကမ္ဘာကြီးရဲ့ ဖျက်ဆီးမှုအစွမ်းတွေ ပါနေသလိုပါပဲ။ မျက်စိ တမှိတ်အချိန်မှာကို မြေခွေးကြီးဟာ အသားစလေးတွေဖြစ်သွားပြီးတော့ သွေးတွေ နေရာအနှံ့ ပြန့်ကျဲကုန်ပါတယ်။



….



ည ရောက်လာခဲ့ပါတယ်…



သံံမဏိသစ်ပင် ဂျန် နဲ့ ဝတ်စုံနက်ဝတ် လူအသွင်ပြောင်းထားတဲ့ သူ့ရဲ့ ဘိုင်အန် ကျားကြီးဟာ ရေခဲ ပျားလေးတွေနောက်ကို တောတောင်တွေ အထပ်ထပ် ဖြတ်ကျော်ပြီး လိုက်လာကြပါတယ်။ ရေခဲပျားဆိုတာကတော့ ပျားလေးတွေပါပဲ။ အရမ်းကို ကြီးမားတဲ့ ပျံသန်းနိုင်တဲ့ သားရဲကြီးတွေ မဟုတ်သလို မိစ္ဆာကြီးတွေလည်း မဟုတ်ဘူးလေ။ ဒါကြောင့် ပျားလေးတွေ ဘယ်လောက် နှေးမလည်းဆိုတာ သိနိုင်ပါတယ်။ နင်ရဲ့ ၁၀ ပုံ ၁ ပုံတောင် မမြန်ပါဘူး။


“ဒီ ဂျိကလန်က ကောင်လေးက တော်တော်ကို မြန်တာပဲ။”

သံံမဏိသစ်ပင် ဂျန်ရဲ့ မျက်နှာဟာ ပုပ်သိုးပြီးတော့ ရက်စက်မှုတွေ ပြည့်နေပါတယ်။
“အရှေ့ပိုင်းတောင် နွံတောကို ကျော်ဖြတ်ပြီးတာတောင် သူ ဆက်ပြေးနေတုန်းပဲ”



အနက်ရောင် ဝတ်စုံနဲ့ လူက မြန်မြန်ပြန်ဖြေလိုက်ပါတယ်..
“ဆရာ ဒီ ရေခဲပျားတွေက တော်တော်ကို နှေးပါတယ်။ ဒီ ဂျိကလန်က ကောင်လေးက မရပ်မနား ဆက်ပြေးနေဦးမယ်ဆိုရင် အချိန်တစ်ခုမှာ ဂျိကလန် ဒေသကြီး ၅ခုထဲကို ရောက်သွားမှာပဲ။ အဲ့ဒါဆိုရင် ကျွန်တော်တို့တွေ ဖမ်းမိတော့မှာ မဟုတ်ဘူး..”


“ဂျိကလန် ဒေသကြီး ၅ခု ကို ရောက်အောင် ဆက်ပြေးမယ်…”

သံံမဏိသစ်ပင် ဂျန် ခေါင်းညိတ်လိုက်ပါတယ်..

“သိပ်ဝေးလွန်းပါတယ်.. အရှေ့ပိုင်းတောင် နွံတောဟာ ဂျိကလန်ရဲ့ နယ်စပ်ဒေသပဲလေ.. နယ်စပ်ကနေပြီးတော့ ဂျိကလန်ရဲ့ ဒေသကြီး ၅ခုကို ရောက်အောင် တစ်ထိုင်တည်း ပြေးဖို့ဆိုတာကတော့.. ဒီ ကောင်လေးက ဒီလောက်တော့ ပြေးနိုင်မှာ မဟုတ်ဘူး…”

သူပြောသာပြောနေပေမဲ့ စိတ်ပူနေပါတယ်..တစ်ကယ်လို့ နင်သာ ဂျိကလန် ဒေသကြီး ၅ခုကို ရောက်အောင် ပြေးသွားနိုငင်ခဲ့ရင် ဂျန်ဟာ သူ့ကိုယ်သူ ယုံကြည်မှု ဘယ်လောက် ရှိရှိ သူ့ရန်သူတော် တွေရဲ့ ပိုင်နက်ထဲကို မကျူးကျော်ရဲသေးပါဘူး..


“ငါတို့တွေ သူ့ကို ဖြေးဖြေးချင်းလိုက်ကြတာပေါ့..”

သံံမဏိသစ်ပင် ဂျန် ဆက်ပြောလိုက်ပါတယ်…

“ရေခဲပန်း အဆီက ဘယ်နေရာကို ဖြတ်သန်းသွားသွား သူ့ရဲ့ ထူးခြားတဲ့ ရနံ့ကို အမြဲ ချန်ထားခဲ့တယ်… သူ့ရနံ့က ၃ရက် လောက်တော့ ကျန်နိုင်တယ်။ ငါတို့တွေက အဲ့ဒီ အနံ့ကို မရပေမဲ့ ရေခဲပျားကတော့  အနံ့ ခံနိုင်တယ်။ ဒီကောင်လေး ဂျိကလန် ဒေသကြီး ၅ခုကို မရောက်သရွေ့တော့ သေချာပေါက် သေရမှာပဲ။”


“ဟုတ်တယ်.. သေကိုသေရမှာ”

ဝတ်စံနက်နဲ့ လူက ထောက်ခံလိုက်တယ်။


“သူ ငါ့ရဲ့ အစီအစဉ် အကုန်လုံးကို ဖျက်ဆီးခဲ့ပြီးတော့ အရမ်းကို ကြောက်ဖို့ကောင်းတဲ့ ရန်သူတော်တစ်ယောက်ကို  အနာဂတ်မှာ ထားခဲ့တယ်။”

သံံမဏိသစ်ပင် ဂျန် က မြကောင်းကင် မြွေဘုရင်ကြီး နောင်တစ်ချိန်မှာ ဇီဖူအဆင့်ကို ရောက်တဲ့အခါမှာ ခရီးတွေ ထွက်ရာကနေ ပြန်လာပြီး သူ့ကို လာသတ်တာကို မြင်ယောင်နေမိတယ်။ သူ ဒါကို တွေးတွေးမိတိုင်း အရိုးထဲထိ စိမ့်အောင်ကြောက်လန့် တုန်လှုပ်နေမိတယ်။ ဒါကို စဉ်းစားမိလေလေ ဂျိနင်ကို ပိုပြီးတော့ မုန်းလာလေလေပဲ။
“ငါကိုယ်တိုင် အဲ့ကောင်လေးကို အရေခွံနွှာပစ်မယ်။”


“ဟုတ်တယ်.. သူ့ကို အရေခွံနွှာပြီး ဆွဲဖဲ့ပစ်ရမယ်။”

ဝတ်စုံနက်နဲ့ လူလည်း အံကြိတ်ပြီးတော့ ပြောလိုက်တယ်။



…..



ရွှေကျီးကန်းဖြစ်တဲ့ နေမင်းကြီးဟာ အရှေ့အရပ် ကနေ ခေါင်းပြူစ ပြုလာပါတယ်။ အခုဆို မိုးသောက်ရောက်နေပါပြီ။ သံံမဏိသစ်ပင် ဂျန် နဲ့ ဘိုင်အန်ကျားနက်ကြီးကတော့ တဖြည်းဖြည်းချင်း လိုက်နေတုန်းပါ။ သူတို့ဟာ အချိန်တော်တော်ကြာအောင် လိုက်လာနေရလို့ ဝမ်းထဲမှာတော့ ဒေါသတွေ ပြည့်နေပါတယ်။ ဂျိကောင်လေးဟာ တော်တော်ကို သတိကြီးပုံ ရပါတယ်။ အရှေ့ပိုင်းတောင် နွံတောကို ဖြတ်ကျော်ပြီးတဲ့အချိန်မှာ သူဟာ ကီလိုမီတာ ထောင်ကျော်ကို မရပ်မနားပြေးလာပုံရပါတယ်။



ကီလိုမီတာ ထောင်ကျော်ကို ပျံသန်းလာရတဲ့ ရေခဲပျားကတော့ တော်တော်ကို ပင်ပန်းနေပါပြီ။ တော်သေးတာကတော့ ဒီရေခဲပျားက mutant ထူးခြားတဲ့ မျိုးကွဲ ဖြစ်နေလို့ပါ။


“ဆရာ”..
အနက်ရောင်လူက မျက်စိအရောင်တောက်ပလာပြီးတော့ အဝေး တစ်နေရာကို ညွှန်ပြလိုက်ပါတယ်။



“ဟူ.”

ပင်ပန်းနေတဲ့ ဂျန်ကလည်း အဲ့ဒီနေရာကို ကြည့်လိုက်ပါတယ်။ သူဟာ ရေအိုင်စပ်က မသဲမကွဲလူရိပ်ကို တွေ့လိုက်ပါတယ်။ သူဒါကိုတွေ့လိုက်တော့ ရုတ်တရက် နိုးကြားသွားပါတယ်။

သံံမဏိသစ်ပင် ဂျန် မျက်လုံးတွေ အရောင်တောက်လာပြီးတော့ ပါးစပ်လှုပ်ပြီး စိတ်နဲ့ လှမ်းစကားပြောလိုက်ပါတယ်။
“လာ .. သွားကြည့်ရအောင်”



ဝိဉာဉ် တိရိစ္ဆာန်နဲ့ သခင်ကြားမှာ အချိန်တစ်ခု ရင်းနှီးလာတဲ့အခါမှာ အသံမထွက်ပဲ ဆက်သွယ်လာနိုင်ပါတယ်။ အကွာအဝေးကတော့ သူတို့တွေရဲ့ ဝိဉာဉ်တွေ ဘယ်လောက် အစွမ်းထက်လည်းပေါ်မူတည်ပါတယ်။ ခြုံပြောရရင်တော့ ဇင်တျန် တန်ခိုးရှင်နဲ့ သူ့ရဲ့ ဝိဉာဉ် တိရိစ္ဆာန် တွေဟာ ၁၀ မီတာလောက် အကွာအဝေး အထိကို  အသံတိတ် ဆက်သွယ်ပြောဆိုနိုင်ပါတယ်။



သူတို့ ၂ယောက်ဟာ တိတ်တဆိတ် ရှေ့ကို တွားသွားလာကြပါတယ်။



အမှန်ဆိုရင်တော့ သူတို့တွေ အသံထွက်လာမှာကို ဂျန် မစိုးရိမ်မိပါဘူး။ သူက ဇင်တျန် နောက်ဆုံးအဆင့် တန်ခိုးရှင်တစ်ယောက်လေ။ သူအမြန်ဆုံး အလျင်နဲ့ ပြေးလိုက်ရင် ဂျိနင်ပြေးတာထက်တောင် ပိုမြန်ပါတယ်။ ပြီးတော့ သူ့မှာ အမြန်နှုန်းတိုး တန်ခိုး တံဆိပ်တော် တစ်ခုလည်းပါပါသေးတယ်။ ပြီးတော့ တခြား တန်ဖိုးကြီးတဲ့ တာအို တံဆိပ်တော် တွေလည်း ကိုယ်နဲ့မကွာ ထည့်လာပါသေးတယ်။ သူ နင်ပြေးသွားတာကို ဘယ်လိုလုပ် ရပ်ကြည့်နေမှာလည်း။


“ဘယ်လိုတောင် အ ရတာလည်း။ ငါ ဘယ်လောက် ဂရုစိုက်စိုက် အသံနည်းနည်းတော့ထွက်မှာပဲ။ ဒါပေမဲ့ သူ သတိထားမိမှာမှ မဟုတ်တာ။ သူက ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ကျင့်သူတစ်ယောက် ပဲ။ ပြောရရင် သူ့မှာ အရမ်းကို ထက်မြက်တဲ့ အာရုံ ခံမှု ရှိတယ်။ ဟင်း..ဟင်း..သူမှာ အတွေ့အကြုံတွေတော့ မရှိသေးဘူး။ သူ အခုဆို အိပ်ပျော်နေတာနေမယ်။”

ဂျန် တီးတိုးပြောရင် ရယ်မောလိုက်တယ်။
“အကောင်းဆုံး အခြေအနေပဲ။ အခုဆို အခက်အခဲ မရှိတော့ဘူး။ နို့မို့ဆိုရင် ငါ့ရဲ့တံဆိပ်တော်တွေကို သုံးလိုက်ရဦးမယ်။”



သံံမဏိသစ်ပင် ဂျန် နဲ့ ဝတ်စုံနက် လူတို့က ရှေ့ကို ဆက်ပြီးတော့ တိုးလာကြပါတယ်။



တဖြည်းဖြည်း…



သူတို့ရှေ့က လူကို ရှင်းရှင်းလင်းလင်း မြင်လာရပါတယ်။



“ဘာလဲဟ…”

သူတို့ ၂ယောက်လုံး အံ့သြသွားကြပါတယ်။



အခုဆိုရင် နေက လုံး၀ ထွက်လာပါပြီ။ နေရောင်ခြည်အောက်မှာ ဒီ ရေနဲ့ မီး ကြာပန်းပွင့်ဖတ်ကြီးတွေဟာ ကြည်ကြည်လင်လင် အလင်းဖောက်ပြီး မြင်နေရပါတယ်။ နောက်ဆုံးတော့လည်း ဒီ ကြာပန်းပွင့်ဖတ်တွေဟာ အစစ်အမှန် မဟုတ်ကြဘူးလေ။ သူတို့ဟာ ကမ္ဘာကြီးရဲ့ စွမ်းအင်တွေကနေ ဖြစ်ပေါ်လာကြတာ။ ဒါကြောင့် နေရောင်ခြည်အောက်မှာ သူတို့ကို ကြည်ကြည်လင်လင် ထွင်းဖောက်မြင်နေရတာပါ။



ကြာပန်း ပွင့်ဖတ်ကြီး ၂လွှာဟာ ဆန့်ကျင်ဘက် အရပ်မျက်နှာကို ဦးတည်လှည့်ပတ်လျက်ရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ အလွန် ထူးခြားတဲ့ စည်းချက်အတိုင်း လည်ပတ်နေတာပါ။ ကြာပန်းလွှာကြီး ၂ခုရဲ့ အလယ်ဗဟိုမှာတော့ နင်ဟာ ကြာပန်း သဏ္ဍာန် ထိုင်နေပါတယ်။



“ဒါ.ဒါ..ဒါကဘာလဲ”

သံံမဏိသစ်ပင် ဂျန် လိုမျိုး အရမ်းကို အတွေ့အကြုံများတဲ့ တန်ခိုးရှင်တောင် ဒီလိုအခြင်းအရာကို မကြုံတွေ့ခဲ့ဖူးပါဘူး။
“ဒါ သူ့ရဲ့ အတွင်းအား ကီစွမ်းအင်ကနေ ဖန်တီးထားတာလား။”


“ဒါပေမဲ့ သူ အခု ဇင်တျန် တန်ခိုးရှင်အဆင့်ကို ရောက်ရှိအောင်မြင်သွားရင်တောင်မှ အစောပိုင်း ဇင်တျန် အဆင့်ပဲ ရှိဦးမှာပဲ။ သူ့မှာ ဘာမှော်ရတနာမှ ပါလာမယ် မထင်ဘူး။”

ရက်စက်ကြောက်မက်ဖို့ ကောင်းတဲ့ အမူအရာတွေကို ဂျန်ရဲ့ မျက်နှာမှာ မြင်တွေ့လိုက်ရပါတယ်။




Chapter 2 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 3 -  ရေ နှင့် မီး ဆင်းသက်ခဲ့ရာ ဇင်တျန် တန်ခိုးရှင် မွေးဖွား




Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)