ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 3 Chapter 17 တိုက္ပြဲ၀င္ တာအို ခ်ပ္၀တ္တန္ဆာ

ဓားတန္ခိုးရွင္၏ ဒ႑ာရီ
Book 3
Chapter 17 တိုက္ပြဲ၀င္ တာအို ခ်ပ္၀တ္တန္ဆာ

လက္ထဲမွာ ဒက္ေနာ့ ဓား ၂လက္ကို အသင့္ ျပင္ထားျပီးေတာ့ ဂ်ိနင္ ေရွးေဟာင္း စၾကၤန္လမ္းရဲ့ အလယ္ကေန ေလွ်ာက္သြားပါတယ္။

ရုတ္တရက္ သူ႕ေရွ႕ မီတာ ၁၀၀၀ အကြာေလာက္ကေနျပီးေတာ့ နက္ျပာေရာင္ သစ္ေစ့ေတြ ေလထဲေပၚလာပါတယ္။ သူ႕အေနာက္မွာေတာ့ ၅ေစ့ ေပၚလာပါတယ္။ ဒီ သစ္ေစ့ေတြဟာ ေပၚလာတာနဲ႕ တစ္ခ်ိန္တည္း တိုက္ပြဲ၀င္ ခ်ပ္၀တ္တန္ဆာ ၉ စံုလည္း ေပၚလာပါတယ္။ ဒီ ခ်ပ္၀တ္တန္ဆာေတြဟာ တစ္ပံုစံတည္း ျဖစ္ျပီးေတာ့ အနက္ေရာင္ ရွိျပီး ေက်ာက္နဲ႕ လုပ္ထားတဲ့ တုတ္လက္နက္ေတြပါပါတယ္။

သစ္ေစ့ ၉ေစ့နဲ႕ ခ်ပ္၀တ္တန္ဆာ ၉ စံု။

“ယား”
နက္ျပာေရာင္ သစ္ေစ့ေတြဟာ အရည္အသြင္ေျပာင္းသြားျပီးေတာ့ ခ်ပ္၀တ္တန္ဆာေတြထဲ စီး၀င္သြားပါတယ္။ ျပီးေတာ့ နက္ျပာေရာင္ အသားအေရရွိတဲ့ လူသန္ၾကီးအသြင္ကို ေျပာင္းလဲသြားပါေတာ့တယ္။ ဒီိလူသန္ၾကီးေတြဟာ မီတာ အနည္းငယ္ ျမင့္ျပီေတာ့ ဦးေခါင္းမွာ ခ်ိဳ ၂ေခ်ာင္းပါပါတယ္။ သူတို႕က အရမ္းကို ရုပ္ဆိုးျပီးေတာ့ ပါးစပ္မွာလည္း အစြယ္ေတြ ပါပါတယ္။ သူတို႕ ခ်ပ္၀တ္တန္ဆာနဲက အံ၀င္ခြင္က် ျဖစ္သြားတာနဲ႕ တျပိဳင္နက္ ၃မီတာ အရွည္ရွိတဲ့ ေက်ာက္တုတ္ကို ကိုင္ေဆာင္လိုက္ပါေတာ့တယ္။

လူ႕ဘီလူၾကီး ၉ေကာင္ကို တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾကပါတယ္။ သူတို႕မ်က္နွာဟာ စိတ္လႈပ္ရွားမႈ ရက္စက္မႈေတြနဲ႕ ျပည့္ေနပါတယ္။

“ငါတို႔ေတြ အျပင္ထပ္မထြက္ခဲ့ရတာ ေတာ္ေတာ္ကို ၾကာခဲ့ျပီ။”

“ဒီတစ္ခါ ငါတို႕ ရင္ဆိုင္ရမွာက ဒီ လူသားငယ္ေလးပဲ။ ဒီေလာက္ ႏူးည့့ံတဲ့ လူသားကို ငါ လက္နဲ႕ ဆြဲျဖဲျပီးေတာ့ စားၾကည့္ခ်င္တယ္။ ငါတို႕ ကိုးေယာက္နဲ႔ ဒီ နတ္ဘုရား ခ်ပ္၀တ္တန္ဆာနဲ႔ လက္နက္ေတြနဲ႕ ေပါင္းလိုက္ရင္ ဒါက ကေလးကစား သလိုပါပဲ။”

“၀ဂၤဘာကို အရင္ဆင္ေဟ့”

လူ႕ဘီလူးၾကီး ၉ေယာက္က နင္နားမလည္ႏိုင္တဲ့ ဘာသာစကားနဲ႕ အခ်င္းခ်င္း စကားေျပာေနၾကပါတယ္။ ဒါေပမဲ့ နင္အရမ္းကို စိတ္ပူသြားျပီး မ်က္ႏွာပ်က္သြားပါတယ္။ ဒီ လူ႕ဘီလူးၾကီး ၉ေယာက္ဟာ အသိဥာဏ္ရွိျပီးေတာ့ အခ်င္းခ်င္း စကားေျပာႏိုင္ေနလို႕ပါ။

စၾကၤန္လမ္းရဲ့ အစြန္း၂ဖက္မွာ ျမဴေတြ သိပ္သိပ္သည္းသည္း အံု႕ဆိုင္းသြားပါတယ္။

“လူေလး ေသဖို႕သာျပင္ေပေတာ့။”
လူ႕ဘီလူးၾကီး ၉ေယာက္ မာန္သြင္း ေအာ္ဟစ္လိုက္ၾကပါတယ္။ သူတို႕ ရဲ့ ေရွးေခတ္ ခ်ပ္၀တ္တန္ဆာေတြဟာ အနက္ေရာင္ အလင္းေတြ ထြက္လာပါတယ္။ ဒီ အနက္ေရာင္အလင္းေတြ နဲ႕အတူ ေသြးညီွနံ႕ပါ ရလာျပီးေတာ့ ၀တ္စံုက အလင္းေရာင္ေတြဟာ တစ္ေယာက္နဲ႕ တစ္ေယာက္ ပိုက္ကြန္သဖြယ္ ခ်ိတ္ဆက္သြားပါေတာ့တယ္။

“တိုက္ပြဲ၀င္ တာအို စစ္၀တ္စံု?”
နင္ ထိတ္လန္႕သြားပါေတာ့တယ္။

တာအို စစ္သူရဲဆိုတာကေတာ့ သစ္ေစ့ကေန လုပ္ထားတဲ့ စစ္သူရဲ အမ်ိဳးအစားျဖစ္ျပီးေတာ့ ေတာ္၀င္ ရွ အင္ပါယာက မၾကာခဏ အသံုးျပဳေလ့ ရွိပါတယ္။ ဂ်ိကလန္ရဲ့ အစြမ္းအထက္ဆံုး သစ္ေစ့ စစ္သူရဲက အနီေရာင္ အေစာင့္အေရွာက္ေတြ ျဖစ္ျပီးေတာ့ အဆင့္အနိမ့္ဆံုး တာအို စစ္သူရဲ အမ်ိဳးအစားပါ။ တာအို စစ္၀တ္စံုေတြမွာ ေမွာ္စာလံုးေတြ အမ်ားၾကီး ေရးခ်ယ္ထားပါတယ္။ တာအို စစ္သူရဲေတြဟာ သူတို႕ စြမ္းအင္ေတြကို စုေပါင္း ခ်ိတ္ဆက္ အသံုးခ်ျပီးေတာ့ တိုက္ခိုက္ႏိုင္ၾကပါတယ္။ စုေပါင္းျပီး ကာကြယ္မႈကိုလည္း လုပ္ႏို္င္ၾကပါတယ္။

ဂ်ိကလန္က အနီေရာင္ တာအို အေစာင့္အေရွာက္ေတြရဲ့ တာအို စစ္၀တ္စံုဟာ တာအို စစ္သူရဲ ၉ေယာက္အထိ အမ်ားဆံုး ခ်ိတ္ဆက္ႏို္င္ပါတယ္။ သူတို႕ေတြ စြမ္းအင္ေတြကို ခ်ိတ္ဆက္လိုက္တဲ့ အခါက်ရင္ ဇင္တ်န္ အေစာပိုင္း အဆင့္ တန္ခိုးရွင္ကိုေတာင္ ေကာင္းေကာင္း ဒုကၡေပးႏိုင္ပါတယ္။

ထပ္ေျပာရရင္ ဂ်ိကလန္မွာ သစ္ေစ့ စစ္သူရဲ အနီေရာင္ အေစာင့္အေရွာက္ေတြ ၅ သိန္း တိတိရွိပါတယ္။

ဒါ ဂ်ိကလန္ရဲ့ တပ္မၾကီးပါပဲ။

သာမာန္ ကိစၥ ေတြကို အနက္ေရာင္ စစ္သူရဲေတြက ေဆာင္ရြက္ေပးပါတယ္။ ဒီ အနီေရာင္ အေစာင့္အေရွာက္ေတြ ထုတ္သံုးရတဲ့ ကိစၥဆိုရင္ ဂ်ိကလန္က ေဒသေခါင္းေဆာင္ ၅ ဦးလံုး သေဘာတူျပီးမွသာ အသံုးျပဳခြင့္ရပါတယ္။ ဒါဆိုရင္ ဒီလိုအခ်ိန္ဟာ ဂ်ိကလန္အတြက္ အေရးၾကီးတဲ့ ကိစၥ တစ္ခုခု ျဖစ္ပြားေနတာ ေသခ်ာပါတယ္။

“တာအို စစ္၀တ္စံု… ဒါေတြက ဟိုတ်န္အဆင့္ေတြ အသံုးျပဳတဲ့ဟာ မဟုတ္ဘူးလား… ျပီးေတာ့ ဒီလို ၀တ္စံုေတြမွာ ေမွာ္သေကၤတေတြ အမ်ားၾကီး ေရးထားၾကတယ္ေလ.. ဒါေပမဲ့ ဒီ ဘီလူးၾကီး  ၉ေကာင္လံုးရဲ့ တာအို စစ္၀တ္စံုမွာ ဘာေမွာ္သေကၤတမွ မပါဘူး။ ျပီးေတာ့ တစ္ေယာက္မွ ဇင္တ်န္အဆင့္ထက္နိမ့္မဲ့ပံုလည္း မရဘူး။”

“ငါေတာ့ ဒုကၡ လွလွ ေတြ႕ျပီ။”
နင္ အသက္ရွဴဖို႕ေတာင္ ေမ့ေနပါတယ္။

ဇင္တ်န္ တန္ခိုးရွင္ အသံုးျပဳရတဲ့ တာအို စစ္၀တ္စံုဟာ  ခ်ိဳင့္၀ွမ္းေဒသက ကလန္ၾကီး ၆ခုလံုးမွာ မရွိပါဘူး။ နင္ ဒီလို ၀တ္စံုမ်ိဳး ရွိေၾကာင္းလည္း မၾကားဖူးပါဘူး။ ေတာ္၀င္ ရွအင္ပါယာရဲ့ စစ္တပ္သာ ဒီလို စစ္၀တ္စံုမ်ိဳး ရွိမွာပါ။

“သတ္ေဟ့”
ဘီလူးၾကီးေတြက သူတို႕ရဲ့ တုတ္ၾကီးေတြ ေျမာက္ျပီးေတာ့ ေအာ္ဟစ္ ေျပး၀င္လာၾကပါတယ္။ သူတို႕ကို ခ်ိတ္ဆက္ထားတဲ့ အမဲေရာင္ အလင္းကေတာ့ ရွိေနဆဲပါပဲ။

နင္ခ်က္ျခင္းပဲ ျမဴခိုးတန္း ျဖစ္သြားျပီးေတ့ာ လူ႕ဘီလူၾကီး ၄ ေကာင္ ရွိတဲ့ဘက္ကို ရင္ဆိုင္လိုက္ပါတယ္။ လူ႕ဘီလူးၾကီးေတြက တစ္ေယာက္နဲ႕ တစ္ေယာက္ ေတာ္ေတာ္ေ၀းေ၀း ျခားေနျပီးေတာ့ သူတို႕ရဲ့ ေျခလွမ္းေတြဟာ အင္မတန္မွ က်ယ္လွပါတယ္။

“သတ္”
လူ႕ဘီလူးၾကီး တစ္ေကာင္က သူ႕ရဲ့ ေက်ာက္တုတ္ၾကီးနဲ႕ ရိုက္ခ်လိုက္ပါတယ္။

“လာစမ္းပါ”
နင္ရဲ့ စြမ္းအင္ေတြ ေပါက္ကြဲထြက္လာပါတယ္။ သူ႕ရဲ့ ဖင္းေဂါ့ စြမ္းအင္ေတြဟာ ဒက္ေနာ့ ဓားထဲ စီး၀င္ေနပါတယ္။ သူဘီလူးၾကီးရ့ဲ ရိုက္ခ်က္ကို ရင္ဆိုင္လိုက္ပါတယ္။ သူ ဒီ ဘီလူးၾကီးေတြ တိုက္ခိုက္မႈမွာ ခြန္အားဘယ္ေလာက္ပါလည္းဆိုတာကို သိဖို႕ အားစမ္းလိုက္တာပါ။

“ရႊစ္”

ဒီ ေက်ာက္တုတ္ဟာ လူ လံုးပတ္ေလာက္ ရွိျပီးေတာ့ ၃မီတာ ရွည္ပါတယ္။ နင္ရဲ့ ဒက္ေနာ့ ဓား ေပၚကို ေလကိုခြင္းျပီးေတာ့ က်လာပါတယ္။

“၀ုန္း”
နင္က ေတာ္ေတာ္ ေ၀းေ၀းကို လြင့္ထြက္သြားျပီးေတာ့ လူ႕ဘီလူးၾကီးကေတာ့ ေျခတစ္လွမ္းပဲ ဆုတ္လိုက္ပါတယ္။ သူရဲ့ ဘာသာစကားနဲ႕
“ဒီ လူငယ္ေလးရဲ့ အတြင္းအားက မေသးဘူး။ ဒါေပမဲ့ သူငါ့ကို မယွဥ္ႏိုင္ဘူး။ ငါတို႕ ကိုးေယာက္ေပါင္းဆို ေမွ်ာ္လင့္ခ်က္ကို မရွိတာ။”

နင္က တစ္ေယာက္တည္းကို ရင္ဆိုင္ တိုက္ခိုက္လိုက္တာ ျဖစ္ေပမဲ့ တာအို စစ္၀တ္စံုေၾကာင့္ သူတို႕မွာ ကိုးေယာက္ေပါင္းရဲ့ ခြန္အားေတြ စုေပါင္းရင္ဆိုင္ရတာနဲ႕ တူေနတာပါ။

နင္ အေနာက္ကို လြင့္သြားတဲ့အခ်ိန္မွာ သူ႕တစ္ကိုယ္လံုး ထံုက်င္သြားတာကို ခံစားလိုက္ရပါတယ္။ သူ႕လက္ေတြလည္း စုတ္ျပတ္သတ္သြားျပီးေတာ့ ဒက္ေနာ့ဓားလည္း အေ၀းကို လြင့္သြားပါတယ္။

“ငါ ထိပ္တိုက္ ရင္ဆိုင္ တိုက္ခိုက္လို႕ မျဖစ္ဘူး။”
နင္ ကၽြမ္းတစ္ခ်က္ ပစ္ျပီး ရပ္တန္႕သြားပါတယ္။ ရရွိခဲ့ဒဏ္ရာက ဖင္းေဂါ့ ခႏၶာကိုယ္ေၾကာင့္ ျပန္ေကာင္းသြားပါျပီ။ နင္က စၾကၤန္ နံရံကို ကန္ျပီးေတာ့ ငွက္တစ္ေကာင္လို တိုး၀င္လာတဲ့ တိုက္ခိုက္မႈေတြကို ခုန္ပ်ံေရွာင္တိမ္းလိုက္ပါတယ္။

“မေျပးနဲ႕”

“ေျပးတတ္တာ ပါရမီ မဟုတ္ဘူး။”

“လူေတြက ထြက္ေျပးဖို႕ပဲ သင္ထားၾကတာ။”

လူ႕ဘီလူးၾကီး ၉ေယာက္က အစြယ္ၾကီးေတြနဲ႕ ပါးစပ္ကို ျဖဲျပီး ေဒါသတၾကီး ေအာ္ဟစ္လိုက္ၾကပါတယ္။ ဒီလူငယ္ေလးက သူတို႕ထက္ ျမန္ေနတာ ခက္တယ္။

နင္ အေ၀းကေန လက္ညႈိး ညႊန္လိုက္ျပီးေတာ့
“ေရမီးၾကာပန္း”

ဟုန္းဟုန္းဟုန္း

ေရမီး ၾကာပန္း ပြင့္ဖတ္ တစ္ခုစီပါတဲ့ ၾကာပန္း ၆ ပြင့္ ထြက္ေပၚလာပါတယ္။ ျပီးေတာ့ ဒီ လူ႕ဘီလူးၾကီး ၉ ေကာင္ကို ၀န္းရံထားလိုက္ပါတယ္။ ေရနဲ႔မီးဟာ ဆန္႕က်င္ဘက္ကို လွည့္ပတ္ေနျပီးေတာ့ စတင္ ၾကိတ္ေျခပါေတာ့တယ္။

“ေတာ္ေတာ္ အစြမ္း ထက္တဲ့ လူသားပဲ”
လူ႕ဘီလူးၾကီးေတြ ရပ္တန္႕သြားျပီးေတာ့ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾကပါတယ္။
“ဒီ နတ္ဘုရား သံခ်ပ္ကာ မရွိရင္ ငါတို႔ေတြ ဒဏ္ရာရတာၾကာျပီ။”

နင္ကေတာ့ ဒီ လူ႕ဘီလူးၾကီးေတြ ရပ္တန္႕သြားျပီးေတာ့ သူတို႕ ဘာသာစကားနဲ႕ သူတို႕ စကားေျပာေနၾကတာပဲ ေတြရပါတယ္။

ဒါေပမဲ့ အျမဲတမ္း ေအာင္ျမင္ခဲ့တဲ့ သူ႕ရဲ့ ေရမီး ၾကာပန္းဟာ အခုေတာ့ ဘာမွ မလုပ္ႏိုင္ပါဘူး။

“ဒါ အသံုးမ၀င္ဘူးဟ”
နင္ အံ့ၾသသြားပါတယ္။ ေနာက္ဆံုး အၾကိမ္ သံမဏိ သစ္ပင္ ဂ်န္နဲ႕ တိုက္ခိုက္တုန္းက ဂ်န္က သူ႕ရဲ့ ၀ဂၤဘာနဲ႕ တာအို စိန္တံဆိပ္ေတာ္ ကို သံုးျပီးေတာ့ အခ်ိန္ေတာ္ေတာ္ၾကာ ၾကံ့ၾကံ့ ခံႏို္င္ခဲ့တယ္။ သူ႕ရဲ့ ေရမီးၾကာပန္းဟာ အရာအားလံုးကုိေတာ့ မၾကိတ္ေျခႏိုင္မွန္း နင္နားလည္ပါတယ္။

“ငါ့ရဲ့ ေရမီးၾကာပန္းအစြမ္းက ငါ ေအာင္ျမင္တာ မၾကာေသးတဲ့ အျပင္ ဒါက ငါ့ကုိ ကာကြယ္ဖို႕အတြက္ပဲ စိတ္ကူးခဲ့တာ။ ဒါေၾကာင့္ တိုက္ခိုက္မႈေတြမွာ အားနည္းခ်က္ေတြ ရွိလိမ့္မယ္။”

သူတို႕ရဲ့ ေက်ာက္တုတ္ၾကီးေတြကို ကိုင္ျပီးေတာ့ တစ္ခု ၀ိုင္းျပီး တိုက္ခိုက္လိုက္ၾကပါတယ္။

“ၾကာပန္း အကာအကြယ္”
နင္ရဲ့ ၀န္းက်င္မွာ ေရမီးၾကာပန္း ပြင့္ခ်ပ္ ၃စံုစီ ေပၚလာျပီးေတာ့ ၀န္းရံလိုက္ပါတယ္။ လူ႕ဘီလူးၾကီး ကိုးေကာင္က ေရမီးၾကာပန္း အကာအကြယ္နဲ႕ ရင္ဆိုင္လိုက္မိတဲ့အခါမွာ သူတို႕ေတြ တုန္႔သြားၾကာျပီး နင္ကို မတိုက္ခိုက္ႏိုင္ၾကေတာ့ပါဘူး။

နင္က သူ႕ရဲ့ ဒက္ေနာ့ ဓားနဲ႕ အနီးက တစ္ေယာက္ကို တိုက္ခိုက္လိုက္ပါတယ္။

“ေသစမ္း”
သူ႔ရဲ့ ဓားကေန မီးေတာက္ တစ္ခ်က္လက္သြားျပီး ေၾကာက္မက္ဖြယ္ လူသတ္ကြက္ျဖစ္တဲ့ မိုးၾကိဳးမီးေတာက္ ဓားသိုင္းရဲ့ လွ်ပ္စီ မီး ဓားကြက္နဲ႕ ထုတ္ေဖာ္တိုက္ခိုက္လိုက္ပါတယ္။

ဟုန္းဟုန္းဟုန္း

ဓားအလင္း ၀င္လာေတာ့ လူ႕ဘီလူးၾကီးက သူ႕ရဲ့ ေက်ာက္တုတ္ၾကီးနဲ႕ ကာကြယ္လိုက္ပါတယ္။ ဒီေက်ာက္တုတ္ၾကီးဟာ အင္မတန္မွကို ေလးလံပါတယ္။ နင္ ရင္ဆိုင္ခဲ့တုန္းကဆိုရင္ သူကတစ္ကိုယ္လံုး ထံုက်င္သြားခဲ့ပါတယ္။ သူတို႕ရဲ့ တိုက္ခိုက္မႈကို ထိပ္တို္က္ ရင္မဆိုင္ရဲေတာ့ပဲ သူ႕ရဲ့ အစြမ္းထက္လွတဲ့ ဓားကြက္ေတြနဲ႕ပဲ သူ႕ေရွ႕က လူ႕ဘီလူးၾကီးကို ဦးေအာင္ တိုက္ခိုက္လို္က္ပါတယ္။

တာအို စစ္၀တ္စံုဟာ ခႏၶာကို္ယ္ အစိတ္အပိုင္းအခ်ိဳ႕ကိုပဲ ကာကြယ္ေပးႏိုင္တာ ျဖစ္ျပီးေတာ့ ေပၚေနတဲ့ ဦးေခါင္းတို႕ လက္တို႕ကိုေတာ့ မကာကြယ္ေပးႏိုင္ပါဘူး။

နင္ရဲ့ ဓားခ်က္တိုင္းက လူ႕ဘီလူးၾကီးရဲ့ ဦးေခါင္းကိုပဲ တိုက္ခိုက္တာပါ။

တိုက္ခိုက္မႈတိုင္းက ဘီလူးၾကီးေတြရဲ့ ခ်ိတ္ဆက္ထားတဲ့ အနက္ေရာင္ အလင္းတန္းအတားအဆီး ကိုေက်ာ္ျဖတ္ရျပီးေတာ့ ေနာက္ဆံုးမွာ အလင္းတန္းကို ေက်ာ္ျဖတ္ႏိုင္ရံု တိုက္ခိုက္လိုက္ႏိုင္ျပီး  လူ႕ဘီလူးၾကီးရဲ့ မ်က္ႏွာမွာ ဒဏ္ရာတစ္ခ်ိဳ႕ ထားရစ္ေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီ ဒဏ္ရာေတြက ခ်က္ျခင္း ျပန္ေကာင္းသြားျပီးေတာ့ မူလပကတိ အတိုင္း ျပန္ျဖစ္သြားပါေတာ့တယ္။

သတ္ သတ္ သတ္
နင္ အစြမ္းကုန္ထုတ္ တိုက္ခိုက္ပါေတာ့တယ္။

“ငါ အသက္ရွင္မွ ျဖစ္မယ္။ ငါအသက္ရွင္ဖို႕ မင္းတို႕အားလံုးကို သတ္မွ ျဖစ္မယ္။ ”
နင္ အစြမ္းကုန္ ထုတ္ျပီး တိုက္ခိုက္ပါတယ္။ သူ႕ရဲ့ ဒက္ေနာ့ ဓားကို လည္း ဇင္တ်န္ ကီ အစြမ္းေတြ ပို႕လႊတ္ျပီးေတာ့ တိုက္ခိုက္ပါတယ္။ သူလုပ္ႏိုင္တာကေတာ့ဒီ လူ႕ဘီလူးၾကီးေတြမွာ ဒဏ္ရာ အသစ္ေတြ ေပးႏိုင္ခဲ့တာပါပဲ။ ဒါေပမဲ့ ဒီ လူ႕ဘီလူးၾကီး ေတြအတြက္ေတာ့ ဒီဒဏ္ရာေၾကာင့္ ေလ်ာ့သြားတဲ့ အစြမ္းက ဂရုစိုက္စရာ မလိုေအာင္လို နည္းပါးပါတယ္။

သူတို႕ေတြ ေရေႏြးတစ္အိုးက်က္ အခ်ိ္န္ၾကာတဲ့အထိ တိုက္ခိုက္ၾကပါတယ္။

ဒါေပမဲ့ နင္က သူ႕ရဲ့ ေရမီး ၾကာပန္း ကို ထိန္းခ်ဳပ္ရတာအျပင္ကို ဖင္းေဂါ့အစြမး္ေတြ အစြမ္းကုန္ ထုတ္သံုးျပီးေတာ့ တိုက္ရတဲ့အတြက္ သူ႕ရဲ့ ခႏၶာကိုယ္ထဲက  နတ္ဘုရား စြမ္းအင္ဟာ တျဖည္းျဖည္္း ခန္းေျခာက္လာပါတယ္။

“သူတို႕ေတြ အစြမ္းက မက်လာဘူး။ ငါလည္း သူတို႕ကို ဒဏ္ရာ ၾကီးၾကီး က်ယ္က်ယ္ ရေအာင္ မတိုက္ခိုက္ႏိုင္ ျဖစ္ေနတယ္။”
သူ႕ရဲ့ ခႏၶာကုိယ္ထဲမွာ ရွိတဲ့ နတ္ဘုရား စြမ္းအင္ဟာ တစ္၀က္ေလာက္ပဲ က်န္ေတာ့တာကို နင္ခံစားမိလိုက္ပါတယ္။ သူ ဒီလိုမ်ိဳး မရူးအမူး မတိုက္ခိုက္ရဲေတာ့ပါဘူး။ သူ႕ရဲ့ ေလေတာင္ပံ ကိုယ္ေဖာ့သိုင္းနဲ႔ ၀ိုင္းထားတဲ့ ေနရာကေန ေရွာင္တိမ္းမႈ မ်ိဳးစံုနဲ႕ လြတ္ေအာင္ ခုန္ထြက္လိုက္ပါတယ္။

“လူသားေလး မေျပးနဲ႕”

“မင္းေျပးလည္း လြတ္မွာ မဟုတ္ဘူး။”

“လူသားေတြက ေျပးတာပဲ တတ္တာ။”
ဒီ တာအို စစ္သည္ေတာ္ ၉ေယာက္ဟာ ေဒါသတၾကီး ေအာ္ဟစ္ရင္း ေသခ်ာ အကြက္က်က် နင္ကို ၀န္းရံ တုိက္ခိုက္လိုက္ၾကပါတယ္။ နင္ကေတာ့ သူတို႕ တိုက္ခိုက္မႈေတြကို ထိပ္တိုက္ရင္မဆိုင္ ႏိုင္ေတာ့ပါဘူး။ သူရဲ့ ေလေတာင္ပံ ကိုယ္ေဖာ့သိုင္းနဲ႕ အခ်ိန္တိုင္း ေရွာင္တိမ္း ေနပါေတာ့တယ္။

သူ႕ရင္ထဲမွာေတာ့ မေကာင္းပါဘူး။ သူသက္ျပင္းခ်မိပါတယ္။

သူ ဓားသိုင္းကို အခ်ိန္အမ်ားၾကီး ေပးျပီး ေလ့က်င့္ခဲ့ေပမဲ့ ေနာက္ဆံုးေတာ့ ေလေတာင္ပံ ကိုယ္ေဖာ့သိုင္းေၾကာင့္ သူအသက္ရွင္ေနရတာပါ။
……

အခ်ိန္ေတာ္ေတာ္ ၾကာသြားခဲ့ပါျပီ။

“ငါ ဘယ္လို လုပ္ရမလဲ။”
နင္ ထြက္ေျပးေရွာင္တိမ္းရင္းနဲ႕ အသည္းအသန္ စဥ္းစားေနမိပါတယ္။ ဘယ္ေတာ့မွ ေမာပန္းလာမွာ မဟုတ္တဲ့ လူ႕ဘီလူးၾကီး ၉ေယာက္ကို  သူ ၾကည့္ေနမိပါတယ္။
“သူတို႕ ငါ့ကို ေန႔တစ္၀က္ၾကာေအာင္ ၀ုိင္းတိုက္ခိုက္တာေတာင္ တစ္ေယာက္မွ ေမာလာပံု မရဘူး။ ငါ့ရဲ့ ခႏၶာကိုယ္ထဲက နတ္ဘုရား စြမ္းအင္ကေတာ့ ၂၀ ရာခို္င္ႏႈန္းပဲ က်န္ေတာ့တယ္။”

ေလေတာင္ပံ ကိုယ္ေဖာ့ ပညာ သူ႕ရဲ့ အနီေရာင္ ေကာင္းကင္ ကိုးဆင့္ က်င့္စဥ္ရဲ့ စြမ္းအင္ကို ထုတ္သံုးဖို႕ လိုအပ္ပါတယ္။ ဒီကိုယ္ေဖာ့သိုင္းအတြက္ ထုတ္သံုးရတဲ့ စြမ္းအင္က တိုက္ပြဲမွာ တိုက္ခိုက္တဲ့ ပမာဏေလာက္ မမ်ားေပမဲ့ ေန႕တစ္၀က္ေလာက္ၾကာလာေတာ့ စြမ္းအင္ပမာဏ ေလ်ာ့နည္းလာတာ ေတာ္ေတာ္ သိသာလာပါတယ္။

“ငါ့ရဲ့ အစြမ္းအထက္ဆံူးဓားသိုင္းက သူတို႕ကို အေပၚယံ ဒဏ္ရာရရံုေလာက္ပဲ တတ္ႏိုင္တယ္။”
နင္ ေရရြတ္လိုက္ပါတယ္။
“ဒါေပမဲ့ ဒီ ၉ေယာက္က သစ္ေစ့ကေန အသြင္ ေျပာင္းထားတာပဲ။ အရင္ ေရႊေရာင္ စစ္သည္ေတာ္  ၈၁ေယာက္လိုမ်ိဳးပဲ။ ငါ သူတို႕ကို အမႈန္႕ၾကိတ္လိုက္လည္း ခ်က္ျခင္း ခႏၶာကိုယ္ အသစ္ ျပန္ျဖစ္မွာပဲ။”

နင္ ေသခ်ာနားလည္ပါတယ္။ သူ႕ဓားက ဦးေခါင္းကို ထိုးလိုက္ရင္ေတာင္မွ သူတို႕ေတြ မေသႏိုင္ပါဘူး။

ပိုဆိုးတာက သူ႕ရဲ့ အစြမ္းအျပည့္တိုက္ခိုက္မႈဟာ အေပၚယံ ဒဏ္ရာေတြကိုပဲ ေပးႏိုင္ေနတာပါ။

“ငါ ဘာဆက္လုပ္ရမလဲ။”

“ဘာဆက္လုပ္ရမလဲ။”
သူ ေတြးေနမိပါတယ္။
သူ႕မွာ ေရြးခ်ယ္စရာလမ္း မရွိေတာ့ပါဘူး။
ေမွ်ာ္လင့္ခ်က္မဲ့ေနပါျပီ။

“ဟိုး ေရွးတုန္းကလည္း ဒီကို ေရာက္လာတဲ့ ဖင္းေဂါ့ ဇင္တ်န္ တန္ခိုးရွင္ေတဟာ ငါလိုပဲ သူတို႕ရဲ့ နတ္ဘုရားစြမ္းအင္ ကုန္ဆံုးသြားတဲ့ အခ်ိန္ကို ေမွ်ာ္လင့္ခ်က္မဲ့မဲ့နဲ႕ ေစာင့္ၾကည့္ေနခဲ့ရမွာပဲ။”
နင္ သူ႕ရဲ့ အားနည္းခ်က္ကို နားလည္သြားပါျပီ။
သူ႕ရဲ့ အားနည္းခ်က္ကေတာ့ အနီေရာင္ ေကာင္းကင္ကိုးဆင့္ က်င့္စဥ္ဟာ ေလးဆင့္ေျမာက္ပဲ ေရာက္ေသးတာပါပဲ။

ဒီ စၾကၤန္လမ္းက ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္က်င့္ထားတဲ့ ဇင္တ်န္တန္ခိုး ရွင္ေတြ အတြက္ပါ။

အင္ေမာ္တယ္ ဂ်ဴဟြာ တပည့္အသစ္ လက္ခံတုန္းကေတာ့ သူ႕ဆီကို လာၾကတဲ့ သူေတြဟာ ဖင္းေဂါ့ ဇင္တ်န္အဆင့္ အထြဋ္အထိပ္ တန္ခိုးရွင္ေတြ ျဖစ္မွာ ေသခ်ာပါတယ္။ ဂ်ိနင္က်ေတာ့ေကာ.. ဂ်ိနင္ကေတာ့ အနီေရာင္ ေကာင္းကင္ ကိုးဆင့္ က်င့္စဥ္ကို ၆ဆင့္ေျမာက္ အဆင့္ ေရာက္မွသာ ဇင္တ်န္ အထြဋ္အထိပ္ တန္ခိုးရွင္ ျဖစ္မွာပါ။ သူက အခုမွ ေလးအဆင့္ ပဲ ရွိပါေသးတယ္။ နတ္ဘုရားစြမ္းအင္ေတြ သန္႕စင္မင အစြမ္းထက္မႈမွာေတာ့ ဇင္တ်န္ အထြဋ္အထိပ္အဆင့္ေရာက္ဖို႕ အမ်ားၾကီး အလွမ္းကြာပါေသးတယ္။

ဒါေၾကာင့္ သူ ဒီစမ္းသပ္မႈ ၃ခုကို မေက်ာ္ျဖတ္ႏိုင္တာ မထူးဆန္းပါဘူး။

“အရင္က အင္ေမာ္တယ္ ဂ်ဴဟြာဆီကုိ တပည့္ခံဖို႕ လာၾကတဲ့ ဇင္တ်န္ တန္ခိုးရွင္ေတြနဲ႕ စာရင္ ငါ့ရဲ့ နတ္ဘုရား အတြင္းအားဟာ အရမ္းကို နိမ့္ပါေသးတယ္။ ေတာ္ေသးတာကေတာ့ ငါတာအိုရဲ့ အစစ္အမွန္ တရားကို အနည္းအက်ဥ္းေလာက္ ျမင္ခဲ့လို႕ ေရမီးၾကာပန္းကို တည္ေဆာက္ႏိုင္ခဲ့တယ္။ ဒါေၾကာင့္ ငါ ပထမစမ္းသပ္မႈကို ေက်ာ္ျဖတ္လာႏုိင္တာပဲ။ ႏို႕မို႕ဆိုရင္ ငါပထမ တစ္ခုေတာင္ ေက်ာ္ျဖတ္ႏိုင္မွာ မဟုတ္ဘူး။”

“ဒါေပမဲ့ ဒီမွာက စမ္းသပ္မႈ ၃ခု ရွိေနတယ္။”

“ေနာက္ဆံုးဟာ အသာထားဦး.. ဒီ ဒုတိယ စမ္းသပ္မႈက…”

နင္ သူ႕ရဲ့ ခႏၶာကိုယ္ထဲက အနီေရာင္ေကာင္းကင္ကိုးဆင့္ က်င့္စဥ္ရဲ့ နတ္ဘုရား စြမ္းအင္ ၁၀ ရာခိုင္ႏႈန္းေအာက္ကို က်သြားတာ သိလိုက္ပါတယ္။ သူႏွလံုးေသြးရပ္မတတ္ ေျခာက္ျခားသြားပါေတာ့တယ္။

Chapter 17 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 18 ေသျခင္း ရွင္ျခင္း အဆံုးအျဖတ္




Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…



Unicode

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 3

Chapter 17 တိုက်ပွဲဝင် တာအို ချပ်ဝတ်တန်ဆာ



လက်ထဲမှာ ဒက်နော့ ဓား ၂လက်ကို အသင့် ပြင်ထားပြီးတော့ ဂျိနင် ရှေးဟောင်း စင်္ကြန်လမ်းရဲ့ အလယ်ကနေ လျှောက်သွားပါတယ်။



ရုတ်တရက် သူ့ရှေ့ မီတာ ၁၀၀၀ အကွာလောက်ကနေပြီးတော့ နက်ပြာရောင် သစ်စေ့တွေ လေထဲပေါ်လာပါတယ်။ သူ့အနောက်မှာတော့ ၅စေ့ ပေါ်လာပါတယ်။ ဒီ သစ်စေ့တွေဟာ ပေါ်လာတာနဲ့ တစ်ချိန်တည်း တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ ၉ စုံလည်း ပေါ်လာပါတယ်။ ဒီ ချပ်ဝတ်တန်ဆာတွေဟာ တစ်ပုံစံတည်း ဖြစ်ပြီးတော့ အနက်ရောင် ရှိပြီး ကျောက်နဲ့ လုပ်ထားတဲ့ တုတ်လက်နက်တွေပါပါတယ်။



သစ်စေ့ ၉စေ့နဲ့ ချပ်ဝတ်တန်ဆာ ၉ စုံ။



“ယား”

နက်ပြာရောင် သစ်စေ့တွေဟာ အရည်အသွင်ပြောင်းသွားပြီးတော့ ချပ်ဝတ်တန်ဆာတွေထဲ စီးဝင်သွားပါတယ်။ ပြီးတော့ နက်ပြာရောင် အသားအရေရှိတဲ့ လူသန်ကြီးအသွင်ကို ပြောင်းလဲသွားပါတော့တယ်။ ဒီလူသန်ကြီးတွေဟာ မီတာ အနည်းငယ် မြင့်ပြီတော့ ဦးခေါင်းမှာ ချို ၂ချောင်းပါပါတယ်။ သူတို့က အရမ်းကို ရုပ်ဆိုးပြီးတော့ ပါးစပ်မှာလည်း အစွယ်တွေ ပါပါတယ်။ သူတို့ ချပ်ဝတ်တန်ဆာနဲက အံဝင်ခွင်ကျ ဖြစ်သွားတာနဲ့ တပြိုင်နက် ၃မီတာ အရှည်ရှိတဲ့ ကျောက်တုတ်ကို ကိုင်ဆောင်လိုက်ပါတော့တယ်။



လူ့ဘီလူကြီး ၉ကောင်ကို တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့မျက်နှာဟာ စိတ်လှုပ်ရှားမှု ရက်စက်မှုတွေနဲ့ ပြည့်နေပါတယ်။


“ငါတို့တွေ အပြင်ထပ်မထွက်ခဲ့ရတာ တော်တော်ကို ကြာခဲ့ပြီ။”


“ဒီတစ်ခါ ငါတို့ ရင်ဆိုင်ရမှာက ဒီ လူသားငယ်လေးပဲ။ ဒီလောက် နူးည့ံ့တဲ့ လူသားကို ငါ လက်နဲ့ ဆွဲဖြဲပြီးတော့ စားကြည့်ချင်တယ်။ ငါတို့ ကိုးယောက်နဲ့ ဒီ နတ်ဘုရား ချပ်ဝတ်တန်ဆာနဲ့ လက်နက်တွေနဲ့ ပေါင်းလိုက်ရင် ဒါက ကလေးကစား သလိုပါပဲ။”


“ဝင်္ဂဘာကို အရင်ဆင်ဟေ့”



လူ့ဘီလူးကြီး ၉ယောက်က နင်နားမလည်နိုင်တဲ့ ဘာသာစကားနဲ့ အချင်းချင်း စကားပြောနေကြပါတယ်။ ဒါပေမဲ့ နင်အရမ်းကို စိတ်ပူသွားပြီး မျက်နှာပျက်သွားပါတယ်။ ဒီ လူ့ဘီလူးကြီး ၉ယောက်ဟာ အသိဉာဏ်ရှိပြီးတော့ အချင်းချင်း စကားပြောနိုင်နေလို့ပါ။



စင်္ကြန်လမ်းရဲ့ အစွန်း၂ဖက်မှာ မြူတွေ သိပ်သိပ်သည်းသည်း အုံ့ဆိုင်းသွားပါတယ်။



“လူလေး သေဖို့သာပြင်ပေတော့။”

လူ့ဘီလူးကြီး ၉ယောက် မာန်သွင်း အော်ဟစ်လိုက်ကြပါတယ်။ သူတို့ ရဲ့ ရှေးခေတ် ချပ်ဝတ်တန်ဆာတွေဟာ အနက်ရောင် အလင်းတွေ ထွက်လာပါတယ်။ ဒီ အနက်ရောင်အလင်းတွေ နဲ့အတူ သွေးညှီနံ့ပါ ရလာပြီးတော့ ဝတ်စုံက အလင်းရောင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ပိုက်ကွန်သဖွယ် ချိတ်ဆက်သွားပါတော့တယ်။


“တိုက်ပွဲဝင် တာအို စစ်ဝတ်စုံ?”

နင် ထိတ်လန့်သွားပါတော့တယ်။



တာအို စစ်သူရဲဆိုတာကတော့ သစ်စေ့ကနေ လုပ်ထားတဲ့ စစ်သူရဲ အမျိုးအစားဖြစ်ပြီးတော့ တော်ဝင် ရှ အင်ပါယာက မကြာခဏ အသုံးပြုလေ့ ရှိပါတယ်။ ဂျိကလန်ရဲ့ အစွမ်းအထက်ဆုံး သစ်စေ့ စစ်သူရဲက အနီရောင် အစောင့်အရှောက်တွေ ဖြစ်ပြီးတော့ အဆင့်အနိမ့်ဆုံး တာအို စစ်သူရဲ အမျိုးအစားပါ။ တာအို စစ်ဝတ်စုံတွေမှာ မှော်စာလုံးတွေ အများကြီး ရေးချယ်ထားပါတယ်။ တာအို စစ်သူရဲတွေဟာ သူတို့ စွမ်းအင်တွေကို စုပေါင်း ချိတ်ဆက် အသုံးချပြီးတော့ တိုက်ခိုက်နိုင်ကြပါတယ်။ စုပေါင်းပြီး ကာကွယ်မှုကိုလည်း လုပ်နိုင်ကြပါတယ်။



ဂျိကလန်က အနီရောင် တာအို အစောင့်အရှောက်တွေရဲ့ တာအို စစ်ဝတ်စုံဟာ တာအို စစ်သူရဲ ၉ယောက်အထိ အများဆုံး ချိတ်ဆက်နိုင်ပါတယ်။ သူတို့တွေ စွမ်းအင်တွေကို ချိတ်ဆက်လိုက်တဲ့ အခါကျရင် ဇင်တျန် အစောပိုင်း အဆင့် တန်ခိုးရှင်ကိုတောင် ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။



ထပ်ပြောရရင် ဂျိကလန်မှာ သစ်စေ့ စစ်သူရဲ အနီရောင် အစောင့်အရှောက်တွေ ၅ သိန်း တိတိရှိပါတယ်။



ဒါ ဂျိကလန်ရဲ့ တပ်မကြီးပါပဲ။



သာမာန် ကိစ္စ တွေကို အနက်ရောင် စစ်သူရဲတွေက ဆောင်ရွက်ပေးပါတယ်။ ဒီ အနီရောင် အစောင့်အရှောက်တွေ ထုတ်သုံးရတဲ့ ကိစ္စဆိုရင် ဂျိကလန်က ဒေသခေါင်းဆောင် ၅ ဦးလုံး သဘောတူပြီးမှသာ အသုံးပြုခွင့်ရပါတယ်။ ဒါဆိုရင် ဒီလိုအချိန်ဟာ ဂျိကလန်အတွက် အရေးကြီးတဲ့ ကိစ္စ တစ်ခုခု ဖြစ်ပွားနေတာ သေချာပါတယ်။


“တာအို စစ်ဝတ်စုံ… ဒါတွေက ဟိုတျန်အဆင့်တွေ အသုံးပြုတဲ့ဟာ မဟုတ်ဘူးလား… ပြီးတော့ ဒီလို ဝတ်စုံတွေမှာ မှော်သင်္ကေတတွေ အများကြီး ရေးထားကြတယ်လေ.. ဒါပေမဲ့ ဒီ ဘီလူးကြီး  ၉ကောင်လုံးရဲ့ တာအို စစ်ဝတ်စုံမှာ ဘာမှော်သင်္ကေတမှ မပါဘူး။ ပြီးတော့ တစ်ယောက်မှ ဇင်တျန်အဆင့်ထက်နိမ့်မဲ့ပုံလည်း မရဘူး။”


“ငါတော့ ဒုက္ခ လှလှ တွေ့ပြီ။”

နင် အသက်ရှူဖို့တောင် မေ့နေပါတယ်။



ဇင်တျန် တန်ခိုးရှင် အသုံးပြုရတဲ့ တာအို စစ်ဝတ်စုံဟာ  ချိုင့်ဝှမ်းဒေသက ကလန်ကြီး ၆ခုလုံးမှာ မရှိပါဘူး။ နင် ဒီလို ဝတ်စုံမျိုး ရှိကြောင်းလည်း မကြားဖူးပါဘူး။ တော်ဝင် ရှအင်ပါယာရဲ့ စစ်တပ်သာ ဒီလို စစ်ဝတ်စုံမျိုး ရှိမှာပါ။



“သတ်ဟေ့”

ဘီလူးကြီးတွေက သူတို့ရဲ့ တုတ်ကြီးတွေ မြောက်ပြီးတော့ အော်ဟစ် ပြေးဝင်လာကြပါတယ်။ သူတို့ကို ချိတ်ဆက်ထားတဲ့ အမဲရောင် အလင်းကတော့ ရှိနေဆဲပါပဲ။



နင်ချက်ခြင်းပဲ မြူခိုးတန်း ဖြစ်သွားပြီးတေ့ာ လူ့ဘီလူကြီး ၄ ကောင် ရှိတဲ့ဘက်ကို ရင်ဆိုင်လိုက်ပါတယ်။ လူ့ဘီလူးကြီးတွေက တစ်ယောက်နဲ့ တစ်ယောက် တော်တော်ဝေးဝေး ခြားနေပြီးတော့ သူတို့ရဲ့ ခြေလှမ်းတွေဟာ အင်မတန်မှ ကျယ်လှပါတယ်။


“သတ်”

လူ့ဘီလူးကြီး တစ်ကောင်က သူ့ရဲ့ ကျောက်တုတ်ကြီးနဲ့ ရိုက်ချလိုက်ပါတယ်။


“လာစမ်းပါ”

နင်ရဲ့ စွမ်းအင်တွေ ပေါက်ကွဲထွက်လာပါတယ်။ သူ့ရဲ့ ဖင်းဂေါ့ စွမ်းအင်တွေဟာ ဒက်နော့ ဓားထဲ စီးဝင်နေပါတယ်။ သူဘီလူးကြီးရဲ့ ရိုက်ချက်ကို ရင်ဆိုင်လိုက်ပါတယ်။ သူ ဒီ ဘီလူးကြီးတွေ တိုက်ခိုက်မှုမှာ ခွန်အားဘယ်လောက်ပါလည်းဆိုတာကို သိဖို့ အားစမ်းလိုက်တာပါ။


“ရွှစ်”



ဒီ ကျောက်တုတ်ဟာ လူ လုံးပတ်လောက် ရှိပြီးတော့ ၃မီတာ ရှည်ပါတယ်။ နင်ရဲ့ ဒက်နော့ ဓား ပေါ်ကို လေကိုခွင်းပြီးတော့ ကျလာပါတယ်။



“ဝုန်း”

နင်က တော်တော် ဝေးဝေးကို လွင့်ထွက်သွားပြီးတော့ လူ့ဘီလူးကြီးကတော့ ခြေတစ်လှမ်းပဲ ဆုတ်လိုက်ပါတယ်။ သူရဲ့ ဘာသာစကားနဲ့
“ဒီ လူငယ်လေးရဲ့ အတွင်းအားက မသေးဘူး။ ဒါပေမဲ့ သူငါ့ကို မယှဉ်နိုင်ဘူး။ ငါတို့ ကိုးယောက်ပေါင်းဆို မျှော်လင့်ချက်ကို မရှိတာ။”



နင်က တစ်ယောက်တည်းကို ရင်ဆိုင် တိုက်ခိုက်လိုက်တာ ဖြစ်ပေမဲ့ တာအို စစ်ဝတ်စုံကြောင့် သူတို့မှာ ကိုးယောက်ပေါင်းရဲ့ ခွန်အားတွေ စုပေါင်းရင်ဆိုင်ရတာနဲ့ တူနေတာပါ။



နင် အနောက်ကို လွင့်သွားတဲ့အချိန်မှာ သူ့တစ်ကိုယ်လုံး ထုံကျင်သွားတာကို ခံစားလိုက်ရပါတယ်။ သူ့လက်တွေလည်း စုတ်ပြတ်သတ်သွားပြီးတော့ ဒက်နော့ဓားလည်း အဝေးကို လွင့်သွားပါတယ်။


“ငါ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်လို့ မဖြစ်ဘူး။”

နင် ကျွမ်းတစ်ချက် ပစ်ပြီး ရပ်တန့်သွားပါတယ်။ ရရှိခဲ့ဒဏ်ရာက ဖင်းဂေါ့ ခန္ဓာကိုယ်ကြောင့် ပြန်ကောင်းသွားပါပြီ။ နင်က စင်္ကြန် နံရံကို ကန်ပြီးတော့ ငှက်တစ်ကောင်လို တိုးဝင်လာတဲ့ တိုက်ခိုက်မှုတွေကို ခုန်ပျံရှောင်တိမ်းလိုက်ပါတယ်။


“မပြေးနဲ့”



“ပြေးတတ်တာ ပါရမီ မဟုတ်ဘူး။”


“လူတွေက ထွက်ပြေးဖို့ပဲ သင်ထားကြတာ။”



လူ့ဘီလူးကြီး ၉ယောက်က အစွယ်ကြီးတွေနဲ့ ပါးစပ်ကို ဖြဲပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြပါတယ်။ ဒီလူငယ်လေးက သူတို့ထက် မြန်နေတာ ခက်တယ်။



နင် အဝေးကနေ လက်ညှိုး ညွှန်လိုက်ပြီးတော့
“ရေမီးကြာပန်း”



ဟုန်းဟုန်းဟုန်း



ရေမီး ကြာပန်း ပွင့်ဖတ် တစ်ခုစီပါတဲ့ ကြာပန်း ၆ ပွင့် ထွက်ပေါ်လာပါတယ်။ ပြီးတော့ ဒီ လူ့ဘီလူးကြီး ၉ ကောင်ကို ဝန်းရံထားလိုက်ပါတယ်။ ရေနဲ့မီးဟာ ဆန့်ကျင်ဘက်ကို လှည့်ပတ်နေပြီးတော့ စတင် ကြိတ်ခြေပါတော့တယ်။


“တော်တော် အစွမ်း ထက်တဲ့ လူသားပဲ”

လူ့ဘီလူးကြီးတွေ ရပ်တန့်သွားပြီးတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။

“ဒီ နတ်ဘုရား သံချပ်ကာ မရှိရင် ငါတို့တွေ ဒဏ်ရာရတာကြာပြီ။”



နင်ကတော့ ဒီ လူ့ဘီလူးကြီးတွေ ရပ်တန့်သွားပြီးတော့ သူတို့ ဘာသာစကားနဲ့ သူတို့ စကားပြောနေကြတာပဲ တွေရပါတယ်။



ဒါပေမဲ့ အမြဲတမ်း အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ရေမီး ကြာပန်းဟာ အခုတော့ ဘာမှ မလုပ်နိုင်ပါဘူး။


“ဒါ အသုံးမဝင်ဘူးဟ”

နင် အံ့သြသွားပါတယ်။ နောက်ဆုံး အကြိမ် သံမဏိ သစ်ပင် ဂျန်နဲ့ တိုက်ခိုက်တုန်းက ဂျန်က သူ့ရဲ့ ဝင်္ဂဘာနဲ့ တာအို စိန်တံဆိပ်တော် ကို သုံးပြီးတော့ အချိန်တော်တော်ကြာ ကြံ့ကြံ့ ခံနိုင်ခဲ့တယ်။ သူ့ရဲ့ ရေမီးကြာပန်းဟာ အရာအားလုံးကိုတော့ မကြိတ်ခြေနိုင်မှန်း နင်နားလည်ပါတယ်။


“ငါ့ရဲ့ ရေမီးကြာပန်းအစွမ်းက ငါ အောင်မြင်တာ မကြာသေးတဲ့ အပြင် ဒါက ငါ့ကို ကာကွယ်ဖို့အတွက်ပဲ စိတ်ကူးခဲ့တာ။ ဒါကြောင့် တိုက်ခိုက်မှုတွေမှာ အားနည်းချက်တွေ ရှိလိမ့်မယ်။”



သူတို့ရဲ့ ကျောက်တုတ်ကြီးတွေကို ကိုင်ပြီးတော့ တစ်ခု ဝိုင်းပြီး တိုက်ခိုက်လိုက်ကြပါတယ်။


“ကြာပန်း အကာအကွယ်”

နင်ရဲ့ ဝန်းကျင်မှာ ရေမီးကြာပန်း ပွင့်ချပ် ၃စုံစီ ပေါ်လာပြီးတော့ ဝန်းရံလိုက်ပါတယ်။ လူ့ဘီလူးကြီး ကိုးကောင်က ရေမီးကြာပန်း အကာအကွယ်နဲ့ ရင်ဆိုင်လိုက်မိတဲ့အခါမှာ သူတို့တွေ တုန့်သွားကြာပြီး နင်ကို မတိုက်ခိုက်နိုင်ကြတော့ပါဘူး။



နင်က သူ့ရဲ့ ဒက်နော့ ဓားနဲ့ အနီးက တစ်ယောက်ကို တိုက်ခိုက်လိုက်ပါတယ်။



“သေစမ်း”

သူ့ရဲ့ ဓားကနေ မီးတောက် တစ်ချက်လက်သွားပြီး ကြောက်မက်ဖွယ် လူသတ်ကွက်ဖြစ်တဲ့ မိုးကြိုးမီးတောက် ဓားသိုင်းရဲ့ လျှပ်စီ မီး ဓားကွက်နဲ့ ထုတ်ဖော်တိုက်ခိုက်လိုက်ပါတယ်။



ဟုန်းဟုန်းဟုန်း



ဓားအလင်း ဝင်လာတော့ လူ့ဘီလူးကြီးက သူ့ရဲ့ ကျောက်တုတ်ကြီးနဲ့ ကာကွယ်လိုက်ပါတယ်။ ဒီကျောက်တုတ်ကြီးဟာ အင်မတန်မှကို လေးလံပါတယ်။ နင် ရင်ဆိုင်ခဲ့တုန်းကဆိုရင် သူကတစ်ကိုယ်လုံး ထုံကျင်သွားခဲ့ပါတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်မဆိုင်ရဲတော့ပဲ သူ့ရဲ့ အစွမ်းထက်လှတဲ့ ဓားကွက်တွေနဲ့ပဲ သူ့ရှေ့က လူ့ဘီလူးကြီးကို ဦးအောင် တိုက်ခိုက်လိုက်ပါတယ်။



တာအို စစ်ဝတ်စုံဟာ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကိုပဲ ကာကွယ်ပေးနိုင်တာ ဖြစ်ပြီးတော့ ပေါ်နေတဲ့ ဦးခေါင်းတို့ လက်တို့ကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။



နင်ရဲ့ ဓားချက်တိုင်းက လူ့ဘီလူးကြီးရဲ့ ဦးခေါင်းကိုပဲ တိုက်ခိုက်တာပါ။



တိုက်ခိုက်မှုတိုင်းက ဘီလူးကြီးတွေရဲ့ ချိတ်ဆက်ထားတဲ့ အနက်ရောင် အလင်းတန်းအတားအဆီး ကိုကျော်ဖြတ်ရပြီးတော့ နောက်ဆုံးမှာ အလင်းတန်းကို ကျော်ဖြတ်နိုင်ရုံ တိုက်ခိုက်လိုက်နိုင်ပြီး  လူ့ဘီလူးကြီးရဲ့ မျက်နှာမှာ ဒဏ်ရာတစ်ချို့ ထားရစ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ဒဏ်ရာတွေက ချက်ခြင်း ပြန်ကောင်းသွားပြီးတော့ မူလပကတိ အတိုင်း ပြန်ဖြစ်သွားပါတော့တယ်။



သတ် သတ် သတ်
နင် အစွမ်းကုန်ထုတ် တိုက်ခိုက်ပါတော့တယ်။



“ငါ အသက်ရှင်မှ ဖြစ်မယ်။ ငါအသက်ရှင်ဖို့ မင်းတို့အားလုံးကို သတ်မှ ဖြစ်မယ်။ ”

နင် အစွမ်းကုန် ထုတ်ပြီး တိုက်ခိုက်ပါတယ်။ သူ့ရဲ့ ဒက်နော့ ဓားကို လည်း ဇင်တျန် ကီ အစွမ်းတွေ ပို့လွှတ်ပြီးတော့ တိုက်ခိုက်ပါတယ်။ သူလုပ်နိုင်တာကတော့ဒီ လူ့ဘီလူးကြီးတွေမှာ ဒဏ်ရာ အသစ်တွေ ပေးနိုင်ခဲ့တာပါပဲ။ ဒါပေမဲ့ ဒီ လူ့ဘီလူးကြီး တွေအတွက်တော့ ဒီဒဏ်ရာကြောင့် လျော့သွားတဲ့ အစွမ်းက ဂရုစိုက်စရာ မလိုအောင်လို နည်းပါးပါတယ်။



သူတို့တွေ ရေနွေးတစ်အိုးကျက် အချိန်ကြာတဲ့အထိ တိုက်ခိုက်ကြပါတယ်။



ဒါပေမဲ့ နင်က သူ့ရဲ့ ရေမီး ကြာပန်း ကို ထိန်းချုပ်ရတာအပြင်ကို ဖင်းဂေါ့အစွမ်းတွေ အစွမ်းကုန် ထုတ်သုံးပြီးတော့ တိုက်ရတဲ့အတွက် သူ့ရဲ့ ခန္ဓာကိုယ်ထဲက  နတ်ဘုရား စွမ်းအင်ဟာ တဖြည်းဖြည်း ခန်းခြောက်လာပါတယ်။


“သူတို့တွေ အစွမ်းက မကျလာဘူး။ ငါလည်း သူတို့ကို ဒဏ်ရာ ကြီးကြီး ကျယ်ကျယ် ရအောင် မတိုက်ခိုက်နိုင် ဖြစ်နေတယ်။”

သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ နတ်ဘုရား စွမ်းအင်ဟာ တစ်ဝက်လောက်ပဲ ကျန်တော့တာကို နင်ခံစားမိလိုက်ပါတယ်။ သူ ဒီလိုမျိုး မရူးအမူး မတိုက်ခိုက်ရဲတော့ပါဘူး။ သူ့ရဲ့ လေတောင်ပံ ကိုယ်ဖော့သိုင်းနဲ့ ဝိုင်းထားတဲ့ နေရာကနေ ရှောင်တိမ်းမှု မျိုးစုံနဲ့ လွတ်အောင် ခုန်ထွက်လိုက်ပါတယ်။


“လူသားလေး မပြေးနဲ့”



“မင်းပြေးလည်း လွတ်မှာ မဟုတ်ဘူး။”


“လူသားတွေက ပြေးတာပဲ တတ်တာ။”

ဒီ တာအို စစ်သည်တော် ၉ယောက်ဟာ ဒေါသတကြီး အော်ဟစ်ရင်း သေချာ အကွက်ကျကျ နင်ကို ဝန်းရံ တိုက်ခိုက်လိုက်ကြပါတယ်။ နင်ကတော့ သူတို့ တိုက်ခိုက်မှုတွေကို ထိပ်တိုက်ရင်မဆိုင် နိုင်တော့ပါဘူး။ သူရဲ့ လေတောင်ပံ ကိုယ်ဖော့သိုင်းနဲ့ အချိန်တိုင်း ရှောင်တိမ်း နေပါတော့တယ်။



သူ့ရင်ထဲမှာတော့ မကောင်းပါဘူး။ သူသက်ပြင်းချမိပါတယ်။



သူ ဓားသိုင်းကို အချိန်အများကြီး ပေးပြီး လေ့ကျင့်ခဲ့ပေမဲ့ နောက်ဆုံးတော့ လေတောင်ပံ ကိုယ်ဖော့သိုင်းကြောင့် သူအသက်ရှင်နေရတာပါ။

……



အချိန်တော်တော် ကြာသွားခဲ့ပါပြီ။


“ငါ ဘယ်လို လုပ်ရမလဲ။”

နင် ထွက်ပြေးရှောင်တိမ်းရင်းနဲ့ အသည်းအသန် စဉ်းစားနေမိပါတယ်။ ဘယ်တော့မှ မောပန်းလာမှာ မဟုတ်တဲ့ လူ့ဘီလူးကြီး ၉ယောက်ကို  သူ ကြည့်နေမိပါတယ်။
“သူတို့ ငါ့ကို နေ့တစ်ဝက်ကြာအောင် ဝိုင်းတိုက်ခိုက်တာတောင် တစ်ယောက်မှ မောလာပုံ မရဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဘုရား စွမ်းအင်ကတော့ ၂၀ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။”



လေတောင်ပံ ကိုယ်ဖော့ ပညာ သူ့ရဲ့ အနီရောင် ကောင်းကင် ကိုးဆင့် ကျင့်စဉ်ရဲ့ စွမ်းအင်ကို ထုတ်သုံးဖို့ လိုအပ်ပါတယ်။ ဒီကိုယ်ဖော့သိုင်းအတွက် ထုတ်သုံးရတဲ့ စွမ်းအင်က တိုက်ပွဲမှာ တိုက်ခိုက်တဲ့ ပမာဏလောက် မများပေမဲ့ နေ့တစ်ဝက်လောက်ကြာလာတော့ စွမ်းအင်ပမာဏ လျော့နည်းလာတာ တော်တော် သိသာလာပါတယ်။



“ငါ့ရဲ့ အစွမ်းအထက်ဆူံးဓားသိုင်းက သူတို့ကို အပေါ်ယံ ဒဏ်ရာရရုံလောက်ပဲ တတ်နိုင်တယ်။”

နင် ရေရွတ်လိုက်ပါတယ်။
“ဒါပေမဲ့ ဒီ ၉ယောက်က သစ်စေ့ကနေ အသွင် ပြောင်းထားတာပဲ။ အရင် ရွှေရောင် စစ်သည်တော်  ၈၁ယောက်လိုမျိုးပဲ။ ငါ သူတို့ကို အမှုန့်ကြိတ်လိုက်လည်း ချက်ခြင်း ခန္ဓာကိုယ် အသစ် ပြန်ဖြစ်မှာပဲ။”



နင် သေချာနားလည်ပါတယ်။ သူ့ဓားက ဦးခေါင်းကို ထိုးလိုက်ရင်တောင်မှ သူတို့တွေ မသေနိုင်ပါဘူး။



ပိုဆိုးတာက သူ့ရဲ့ အစွမ်းအပြည့်တိုက်ခိုက်မှုဟာ အပေါ်ယံ ဒဏ်ရာတွေကိုပဲ ပေးနိုင်နေတာပါ။


“ငါ ဘာဆက်လုပ်ရမလဲ။”


“ဘာဆက်လုပ်ရမလဲ။”

သူ တွေးနေမိပါတယ်။

သူ့မှာ ရွေးချယ်စရာလမ်း မရှိတော့ပါဘူး။

မျှော်လင့်ချက်မဲ့နေပါပြီ။



“ဟိုး ရှေးတုန်းကလည်း ဒီကို ရောက်လာတဲ့ ဖင်းဂေါ့ ဇင်တျန် တန်ခိုးရှင်တေဟာ ငါလိုပဲ သူတို့ရဲ့ နတ်ဘုရားစွမ်းအင် ကုန်ဆုံးသွားတဲ့ အချိန်ကို မျှော်လင့်ချက်မဲ့မဲ့နဲ့ စောင့်ကြည့်နေခဲ့ရမှာပဲ။”

နင် သူ့ရဲ့ အားနည်းချက်ကို နားလည်သွားပါပြီ။

သူ့ရဲ့ အားနည်းချက်ကတော့ အနီရောင် ကောင်းကင်ကိုးဆင့် ကျင့်စဉ်ဟာ လေးဆင့်မြောက်ပဲ ရောက်သေးတာပါပဲ။



ဒီ စင်္ကြန်လမ်းက ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ကျင့်ထားတဲ့ ဇင်တျန်တန်ခိုး ရှင်တွေ အတွက်ပါ။



အင်မော်တယ် ဂျူဟွာ တပည့်အသစ် လက်ခံတုန်းကတော့ သူ့ဆီကို လာကြတဲ့ သူတွေဟာ ဖင်းဂေါ့ ဇင်တျန်အဆင့် အထွဋ်အထိပ် တန်ခိုးရှင်တွေ ဖြစ်မှာ သေချာပါတယ်။ ဂျိနင်ကျတော့ကော.. ဂျိနင်ကတော့ အနီရောင် ကောင်းကင် ကိုးဆင့် ကျင့်စဉ်ကို ၆ဆင့်မြောက် အဆင့် ရောက်မှသာ ဇင်တျန် အထွဋ်အထိပ် တန်ခိုးရှင် ဖြစ်မှာပါ။ သူက အခုမှ လေးအဆင့် ပဲ ရှိပါသေးတယ်။ နတ်ဘုရားစွမ်းအင်တွေ သန့်စင်မင အစွမ်းထက်မှုမှာတော့ ဇင်တျန် အထွဋ်အထိပ်အဆင့်ရောက်ဖို့ အများကြီး အလှမ်းကွာပါသေးတယ်။



ဒါကြောင့် သူ ဒီစမ်းသပ်မှု ၃ခုကို မကျော်ဖြတ်နိုင်တာ မထူးဆန်းပါဘူး။


“အရင်က အင်မော်တယ် ဂျူဟွာဆီကို တပည့်ခံဖို့ လာကြတဲ့ ဇင်တျန် တန်ခိုးရှင်တွေနဲ့ စာရင် ငါ့ရဲ့ နတ်ဘုရား အတွင်းအားဟာ အရမ်းကို နိမ့်ပါသေးတယ်။ တော်သေးတာကတော့ ငါတာအိုရဲ့ အစစ်အမှန် တရားကို အနည်းအကျဉ်းလောက် မြင်ခဲ့လို့ ရေမီးကြာပန်းကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် ငါ ပထမစမ်းသပ်မှုကို ကျော်ဖြတ်လာနိုင်တာပဲ။ နို့မို့ဆိုရင် ငါပထမ တစ်ခုတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။”


“ဒါပေမဲ့ ဒီမှာက စမ်းသပ်မှု ၃ခု ရှိနေတယ်။”


“နောက်ဆုံးဟာ အသာထားဦး.. ဒီ ဒုတိယ စမ်းသပ်မှုက…”



နင် သူ့ရဲ့ ခန္ဓာကိုယ်ထဲက အနီရောင်ကောင်းကင်ကိုးဆင့် ကျင့်စဉ်ရဲ့ နတ်ဘုရား စွမ်းအင် ၁၀ ရာခိုင်နှုန်းအောက်ကို ကျသွားတာ သိလိုက်ပါတယ်။ သူနှလုံးသွေးရပ်မတတ် ခြောက်ခြားသွားပါတော့တယ်။



Chapter 17 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 18 သေခြင်း ရှင်ခြင်း အဆုံးအဖြတ်







Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…



Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)