ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် 3 Chapter 3 (ရေ နှင့် မီး ဆင်းသက်ခဲ့ရာ ဇင်တျန် တန်ခိုးရှင် မွေးဖွား)


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
စာစဉ် 3
Chapter 3 (ရေ နှင့် မီး ဆင်းသက်ခဲ့ရာ ဇင်တျန် တန်ခိုးရှင် မွေးဖွား)


သံမဏိ သစ်ပင် ဂျန် နဲ့ သူ့ရဲ့ ၀ိဥာဉ် မွန်းစတား ဘိုင်အန်ကျားကြီးတို့ဟာ ရေအိုင်ငယ်လေး ဘေးကို ရောက်ရှိလာကြပါတယ်။


“ဒီနေရာက တစ်ကယ့်ကို သာယာတာပဲ။”
သံမဏိဂျန် မပြောပဲမနေနိုင် လောက်အောင်ကို သာယာလွန်းလှပါတယ်။ သူ တအံ့တသြနဲ့ ဆည်းဆာရောင်ခြည် အလင်းပြန်နေတဲ့ ရေနဲ့မီး ၂ လွှာ ကြာပန်းပွင့်ကြီးကို ငေးမောကြည့်နေမိပါတော့တယ်။ သူဒီကြာပန်းတွေကို ကြည့်ပြီးတော့ စိတ်မသက်မသာ ဖြစ်လာပါတယ်။ သူဟာ ဇင်တျန် နှောင်းပိုင်းအဆင့် တန်ခိုးရှင်ဖြစ်ပေမဲ့လူ ကမ္ဘာနဲ့ တစ်သားတည်းအဆင့် မရောက်သေးပါဘူး။ ဒါပေမဲ့ ဒီကြာပန်းပွင့်ကြီး ၂ပွင့်ဟာ အရမ်းကို ထူးခြားနေမှန်း သူ့ အာရုံထဲမှာ ရနေပါတယ်။


“ဆရာ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
ဘိုင်အန်ကျားကြီးက ဂျန်ကို ကြည့်ပြီး မေးလိုက်ပါတယ်။


“စိတ်သိပ်မလောပါနဲ့။ သူက ငါတို့ရှေ့မှာ ရောက်နေပြီဆိုတော့ ပြေးမလွတ်တော့ပါဘူး။ သူ့ကို နည်းနည်းလောက် စမ်းသပ်ကြည့်ရအောင်။”
သူ့ စိတ်နဲ့ ညွှန်ကြားလိုက်ပြီးနောက်သူ့ရဲ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဇင်တျန် စွမ်းအင်တွေကို ထုတ်လွှင့်လိုက်ပြီးတော့ ကျောက်ခဲတစ်လုံးကို ဆွဲယူလိုက်ပါတယ်။ ပြီးတော့ သူ့ဇင်တျန် စွမ်းအင်တွေနဲ့ ကျောက်တုံးကို ပေါင်းစပ်လိုက်ပြီး ပစ်လိုက်ပါတယ်။ အရမ်းကို ခွန်အားပြင်းထန်တဲ့အတွက် ကျောက်တုံးဟာ အလင်းတန်းအသွင်သာ မြင်လိုက်ရပြီး ကြာပန်းလွှာထဲမှာ ကြာပန်းပုံ တရားထိုင်နေတဲ့ နင်ဆီကို တိုးဝင်သွားပါတော့တယ်။


သူ ပစ်လိုက်တဲ့ ကျောက်တုံးဟာ နိုင်းဖန် စစ်သူရဲတစ်ယောက်ကို အသာလေး အသက်နှုတ်လိုက်လို့ ရပါတယ်။


“ဟိုင်း..”


ကျောက်တုံးဟာ နင်ရှိတဲ့ နေရာနဲ့ ၁၀မီတာလောက် အကွာကို ရောက်တဲ့အခါမှာ ကြာပန်း ၂လွှာ နဲ့ ထိခိုက်မှု ဖြစ်သွားပါတယ်။ ကျောက်တုံးဟယ နေရာတင်ပဲ ရေခဲဖြစ်သွားပြီးတော့ ချက်ခြင်းပဲ ကွဲကြေတဲ့အသံထွက်ပေါ်လာပြီး ဖုန်မှုန့် တွေဖြစ်သွားကာ ပျောက်ကွယ်သွားပါတော့တယ်။


သံမဏိ သစ်ပင် ဂျန်နဲ့ ဘိုင်အန် ကျားကြီးတို့ဟာ ရင်ထဲမှာ လေးလံလာကြပါတယ်။ သူတို့တွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိပါတယ်။ သူတို့တွေ ဒီကြာပန်း ၂လွှာကို ဘာတွေလဲဆိုတာ ဝေခွဲ ဆုံးဖြတ်မရ ဖြစ်နေပါတယ်။


“ငါမယုံနိုင်ဘူး။”
ဂျန် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးတော့ လက်ထဲမှာ သစ်နက်နွယ်ကြာပွတ်ကို ဖန်တီးထုတ်ယူလိုက်ပါတယ်။


“ဟား..”


“ဟူး”


သံမဏိ သစ်ပင် ဂျန်က သူ့ကြာပွတ်ရှည်ကြီးနဲ့ ရိုက်ချလိုက်ပါတယ်။ သစ်နက်နွယ်ကြာပွတ်ကြီးက အနီးမှာ ရှိတဲ့ သစ်ပင်ကြီးရဲ့ ပင်စည်ကို ပတ်မိသွားတာနဲ့ ဂျန်က သစ်ပင်ကြီးကို အမြစ်ကနေ ကြာပွတ်နဲ့ ဆွဲနှုတ်လိုက်ပါတယ်။ သစ်ပင်ကြီးဟာ မြက်ပင်လေးသဖွယ် ဂျန်ရဲ့ကြာပွတ်မှာ ပါလာပါတယ်။ မြေစိုင်မြေခဲတွေကတော့ နေရာအနှံ့ ပြန့်ကျဲကုန်ပါတယ်။


“ဟုန်း..”
ဒီ ပေါင်ချိန် သောင်းနဲ့ချီ် လေးလံတဲ့ သစ်ပင်ကြီးဟာ နင်ဆီကို ဦးတည်တိုးဝင်သွားပါတယ်။ ဒါပေမဲ့ သစ်ပင်ကြီးရဲ့ ပင်စည်က ကြည်လင်နေတဲ့ ကြာပန်း ၂လွှာနဲ့ ထိခိုက်မိပြီးတဲ့အခါမှာတော့ တစစီ ကြေကွဲ ပျက်စီးသွားပါတော့တယ်။ ဒါပေမဲ့ ဒီလောက်ပြင်းထန်တဲ့ အား ၂ခု ရင်ဆိုင်တွေ့တဲ့အတွက် ကြာပန်း ၂လွှာဟာ အနည်းငယ် တုန်ခ်ါသွားပါတယ်။


ကြာပန်းပုံသဏ္ဍာန် တရားထိုင်နေတဲ့ နင်နည်း အနည်းငယ် လှုပ်ခါသွားပါတယ်။ သူမျက်စိဖွင့်ကြည့်လိုက်ပါတယ်။ သူမျက်စိဖွင့်ကြည့်လိုက်တဲ့အခါမှာ သူ့ကို လှည့်ပတ်နေတဲ့ ရေ နဲ့ မီး ကြာပန်းပွင့်ဖတ်ကြီးတွေကို တဖြည်းဖြည်း လျော့ပါး ပျောက်ကွယ်လာတာ တွေ့လိုက်ရပြီးတော့ တစစီ ကြေကွဲ လွင့်စင်သွားတဲ့ သစ်ပင်ကြီးကို လည်း တွေ့လိုက်ရပါတယ်။ အဝေးမှာတော့ သံမဏိ သစ်ပင် ဂျန်နဲ့ ၀တ်စုံနက် ၀တ်လူကြီးတို့က သူ့ကို သုန်သုန်မှုန်မှုန်နဲ့ ကြည့်နေကြပါတယ်။


“မင်းတို့ ငါ့ရဲ့ ကံကောင်းခြင်းတွေကို ဖျက်ဆီးသွားတာ။”
ကြာပန်း လွှာကြီး ၂လွှာ တဖြည်းဖြည်း ပျောက်ကွယ်လာတာကို တွေကလိုက်ရတော့ နင်ဟာ သူ့ရဲ့ ကံဆိုးမှုတွေ စလာပြီဆိုတာနားလည်လိုက်ပါတယ်။ ပြီးတော့ သူအခု ရခဲ့တဲ့ ဥာဏ်အလင်းဟာ ဘယ်လောက်တောင်မှ တန်ဖိုးရှိလည်းဆိုတာလည်း နားလည်လိုက်ပါတယ်။ တစ်ယောက်ယောက်သာ သူ့ကို မနှောက်ယှက်ဘူးဆိုရင် သူပိုပြီးတော့ ဥာဏ်အလင်းရရှိမှုကို နားလည်လာမှာပါ။ အခုတော့ ဂျန်က ဒါတွေအကုန်လုံးကို ဖျက်ဆီးသွားပါပြီ။ ဒီလို ဥာဏ်အလင်း ရရှိမှုဟာ ရချင်တိုင်းရတာမဟုတ်ပဲ ရဖို့မျှော်လင့်ထားပြီး အကြောင်းတိုက်ဆိုင်မှသာ ဥာဏ်အလင်း ရရှိတာပါ။ ဖန်တီးယူလို့ မရပါဘူး။ ဒါမျိုး ဥာဏ်အလင်းရရှိဖို့ ဆယ် စုနှစ် ဒါမှမဟုတ် ရာစုနှစ် ကြာကောင်း ကြာနိုင်ပါတယ်။


“မင်းတို့တွေ သေပေတော့..”


နင် လက်ဝါးနဲ့ ရိုက်ချလိုက်ပါတယ်။ အသံကျယ်ကြီး ထွက်လာပြီးတော့ ခုနက ကြေကွဲနေတဲ့ သစ်ပင်ကြီးဟာ ၂ ပိုင်းပြတ်သွားပြီးတော့ တစ်ပိုင်းက ရေအိုင်လေးထဲကို ကျသွားပြီး ကြားပန်းတွေ အများကြီး ပျက်စီးကုန်ပါတယ်။ နောက်တစ်ပိုင်းကတော့ အနီးအနားက သစ်ပင်တွေကို ၀င်တိုက်မိပြီးတော့ ဖုန်မှုန့်တွေ နေရာအနှံ့ လွင့်စင်ကုန်ပါတယ်။


“ဂျိကလန်က ကောင်လေး။ မင်းတောအထပ်ထပ် တောင်အသွယ်သွယ် ကို ဖြတ်ပြီးတော့ ကီလိုမီတာ ထောင်နဲ့ချီ ပြေးခဲ့တယ်။ နောက်ဆုံးတော့လည်း မင်းကို ဖမ်းမိခဲ့ပြီ။ ဒီနေ့ကတော့ မင်းရဲ့ သေနေ့ပဲ။”
သံမဏိ သစ်ပင်ဂျန် ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောလိုက်တယ်။


နင်ကတော့ သူ့ကို တစ်ချက်ကြည့်ပြီးတာနဲ့ သူ့ကိုယ်ထဲက နေ နဲ့ လရဲ့ စွမ်းအင်တွေကို ထုတ်ယူသုံးစွဲလိုက်တယ်။ လွန်ခဲ့တဲ့ ညက တညလုံး တရားထိုင်ခဲ့ပြီးတဲ့ အခါမှာတော့ သူဟာ စစ်မှန်တဲ့ တာအိုရဲ့ တစွန်းတစကို နားလည်တဲ့ ဥာဏ်အလင်းရခဲ့တယ်။ ဒီ ဥာဏ်အလင်းဟာ အနီရောင် ကောင်းကင်ကိုးဆင့် ကျဥ့်စဉ်ရဲ့ နောက်တစ်ဆင့်ကို တစ်ခါတည်း တိုးတက်ရောက်ရှိစေမဲ့ နည်းလမ်းကို နားလည်စေခဲ့တယ်။ ဒီ ကမ္ဘာပေါ်မှာ ဆန့်ကျင်ဘက် အရာ အားလုံးဟာ တစ်ခုနဲ့ တစ်ခု လုံးဝ ဆန့်ကျင်နေကြတာမဟုတ်ပါဘူး။ နေ့ နဲ့ ညဟာ ဆန့်ကျင်နေသလို ထင်ရပေမဲ့ သူတို့ဟာ ကောင်းကင်ရဲ့ မတူညီတဲ့ ရှုထောင့်တစ်ခုစီပါ။


သူ့ကို ရေ နဲ့မီး အလွှာ ၂လွှာက လွှမ်းခြုံခဲ့သလိုပါပဲ။ သူတို့တွေဟာ တစ်ခု နဲ့ တစ်ခု ခြေဖျက်နေရုံမကပါဘူး တစ်ခု ရဲ့ စွမ်းအင်တွေကိုလည်း ပိုပြီးတော့ ကြီးမားလာစေပါတယ်။


ဘာဖြစ်လို့ပါလဲ။


ကြာပန်းမှာ ကြာရိုးတံ ရှိသလို ကြာရိုးက ကြာပန်းပွင့်ဖတ်တွေကို လှည့်ပတ်ခွင့် ပေးခဲ့တာပါ။


ဒီ မီးနဲ့ ရေ ကြာပန်း ပွင့်ဖတ်ကြီးတွေရဲ့ ကြာရိုးတံ ကတော့ နင်ကိုယ်တိုင်ပါပဲ။


နေ နဲ့ လရဲ့ စွမ်းအင်တွေကို ဘယ်လို ပေါင်းစည်းပေးရမလဲ။
နေ နဲ့ လရဲ့ စွမ်းအင်တွေကို ပေါင်းစည်းပေးမဲ့ ရိုးတံ ကို ရှာလိုက် ရုံပါပဲ။


“လာခဲ့စမ်း..”


နင်ရဲ့ မျက်လုံးတွေမှာ သေချာမှုတွေနဲ့ ပြည့်နေပါတယ်။


သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအကုန်လုံး နေ နဲ့ လရဲ့ စွမ်းအင်တွေနဲ့ ပြည့်လာပါတယ်။ သူ့ အရေပြား၊ ကလီစာ ၊ ဆဲလ်တွေပါမကျန် အကုန် လုံးမှာပါ။ နေ နဲ့ လရဲ့ စွမ်းအင်အမျှင်တန်းတွေဟာ တစ်ခုနဲ့ တစ်ခု လှည့်ပတ်လာပါတယ်။ သူတို့ ရဲ့ သဘာဝကိုက သူတို့တွေ ပေါင်းစည်းလို့ မရပါဘူး။


“ဟူးဟူးဟူး”
ကြာပန်း ပွင့်ကြီးတွေ လှည့်ပတ်ပြီး လေတိုက်ခတ်လာသလို နေ နဲ့ လရဲ့ စွမ်းအင်တွေဟာ လှည့်ပတ်လာပြီးတော့ ပြင်းထန်တဲ့ လေအားတွေ ထွက်ပေါ်လာပါတယ်။


ဒါဟာ ယင် နဲ့ ယန် ( အဖို နဲ့ အမ) ငါး ၂ကောင်ဖြစ်တဲ့ ထိုက်ကျိ အင်းကွက်က ငါးလေးတွေ အတိုင်း တစ်ခု ကိုတစ်ခု အဆက်မပြတ် လိုက်နေတဲ့ သဘောမျိုးပါပဲ။


နေ နဲ့ လ


သူတို့တွေ တစ်ခုနဲ့ တစ်ခု လိုက်ဖမ်းနေကြပြီးတော့ သူတို့တွေ သွားနေတိုင်းမှာ ဒီစွမ်းအင်တွေမှာ နင်နားလည်ခဲ့တဲ့ တာအို ရဲ့ အရိပ်အယောင်တွေ ပါ ပါဝင်နေပါတယ်။


တခုကိုတခု လှည့်ပတ်နေတဲ့ နေ နဲ့ လရဲ့ စွမ်းအင်တွေရဲ့ အလယ်ဗဟိုကနေ တဖြည်းဖြည်း နဲ့ စွမ်းအင်သစ်တစ်ခု ထွက်ပေါ်လာပါတယ်။


ချက်ခြင်းပဲ


.....
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
......
ပဲခူးက Baby House ကလေး အ၀တ်အထည်နှင့် အသုံးအဆောင်ပစ္စည်းဆိုင်လေး ဖွင့်ပြီနော်..
နယ်က မှာရင်လည်း ပို့ပေးပါတယ်..
အားပေးကြပါဦးနော်..
....


အရမ်းကို နှက် ရှိုင်းလှတဲ့ စကြာဝဠာထဲက ကမ္ဘာပေါင်း မရေမတွက်နိုင်အောင် ကွာဝေးတဲ့ နေရာတစ်ခုမှာတော့ ဒီ ကြယ်တာရာ ဘုရင် ၂ပါး ဖြစ်တဲ့ နေ ကြယ်နဲ့ လကြယ် ရှိနေပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ အစစ်အမှန် စွမ်းအင်တွေကို ထုတ်လွှတ်လျက်ရှိပါတယ်။ အစစ်အမှန် နေမီးတောက်နဲ့ အစစ်အမှန် လ ရေစီးကြောင်းဟာ နင် ရဲ့ ဘယ်ညာမှာ ခြ့ရံပြီးတော့ ပေါ်လာပါတယ်။ ဒီအစစ်အမှန် စွမ်းအင်တွေဟာ ဒီကမ္ဘာ ရဲ့ မီး နဲ့ ရေ စွမ်းအင်တွေကို လှုပ်ရှားစေခဲ့ပါတယ်။


“၀ုန်း..အုန်း”


ပတ်ဝန်းကျင် တခွင်ဟာ မီးပင်လယ်နဲ့ ရေချောက်ကမ်းပါကြီး ဖြစ်သွားခဲ့ပီး မီး နဲ့ ရေတွေ နဲ့ ပြည့်လျှံသွားခဲ့ပါတယ်။


ဒီအခြင်းအရာကို ပြောပြနေရတာ နည်းနည်း ရှည်နေပေမဲ့ တစ်ကယ်ကတော့ နင် သစ်ပင်ကြီးကို ခြေမွပစ်လိုက်တဲ့အချိန်မှာပဲ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို လှုပ်ရှားစေလိုက်ပြီး တန်ခိုးအဆင့် နောက်တဆင့်ကို ဖောက်ထွက်ဖို့ စတင်လိုက်တာပါ။ သံမဏိ သစ်ပင် ဂျန် နဲ့ ဘိုင်အန်ကျားကြီးတို့ ၂ဦးကတော့ မီးတောက် နဲ့ ရေလှိုင်းတံပိုးတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရပြီး ကြောက်စိတ်တွေ ၀င်လာခဲ့ပါတယ်။ ဒီ ရေလှိုင်းတံပိုးတွေ ဖြတ်သန်းသွားတဲ့ နေရာတိုင်း မှာ အရာအားလုံးဟာ ရေခဲရုပ်တွေ ဖြစ်သွားခဲ့ပြီးတော့ မီးပင်လယ် နဲ့ တွေ့လိုက်တဲ့ အရာအားလုံးကတော့ မီးတောက်က ၀ါးမျိုသွားခဲ့ပါတယ်။


တချိန်တည်းမှာပဲ ဒီ ရေလှိုင်းတွေထဲမှာ ကျောက်စိမ်းယုန် တစ်ကောင်ရဲ့ သဏ္ဍာန် ကို မြင်တွေ့နိုင်ပါတယ်။


မီးပင်လယ်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာတော့ ခြေထောက် ၃ချောင်း ရွှေကျီးကန်းရဲ့ အရိပ် သဏ္ဍာန်ကို တွေကမြင်ရပါတယ်။


ကျောက်စိမ်းယုန် နဲ့ ရွှေကျီးကန်းရဲ့ အလယ်ဗဟိုမှာတော့ နင်ရှိနေပါတယ်။


“ဒီ..ဒီဟာ…”
ဂျန်ဟာ အရမ်းကို အံ့သြ တုန်လှုပ်နေပြီးတော့ မျက်နှာအမူအရာဟာ လုံးဝ ပျက်နေပါတယ်။
“ဒါ..ဒါက ဒဏ္ဍာရီထဲက အနီရောင်ကောင်းကင်ကိုးဆင့် ကျင့်စဉ်………. လား………..”


ရွှေကျီးကန်း နဲ့ ကျောက်စိမ်းယုန်တို့ ၂ကောင်လုံး သဏ္ဍာန် ကို မြင်တွေ့နိုင်ပါတယ်။


ဒီအချင်းအရာဟာ မေးခွန်းထုတ်ဖို့တောင် မလိုအပ်တဲ့ နံပါတ် ၁ ဒဏ္ဍာရီလာ ကောင်းကင်ကိုးဆင့် ဖင်းဂေါ့ကျင့်စဉ် ပဲ ဖြစ်ပါတယ်။ ဒီ ချိုင့်ဝှမ်းဒေသကြီး တစ်ခုလုံးမှာတောင် နှစ်ပေါင်း ထောင်ပေါင်းများစွာ ရာဇ၀င်ထဲမှာတောင်မှ ဒီ ကျင့်စဉ်ကို လေ့ကျင့်ပြီးတော့ ဇင်တျန် အဆင့်ကို ရောက်လာသူ တစ်ဦးတစ်လေမျှ မရှိခဲ့ဖူးသေးပါဘူး။ ဂျန် ကိုယ်တိုင်လည်း ဒီကျင့်စဉ်ကို ဖတ်ဖူးပြီး အဆင့်တိုးတက်တဲ့အခြေအနေအကြောင်းတွေကို လေ့လာဖူးခဲ့ပေမဲ့ ကိုယ်တိုင် မျက်မြင်ကြုံတွေ့ မြင်ဖူးတာ မရှိသေးပါဘူး။ ဒီ တစ်ကြိမ်ဟာ သူ ပထမဦးဆုံးအကြိမ် ဒီလို ဒဏ္ဍာရီလာ အံ့သြစရာတွေကို မြင်တွေ့ဖူးတာပဲ ဖြစ်ပါတယ်။


“ဟာ..”
သံမဏိသစ်ပင် ဂျန်ဟာ လက်ဝှေ့ယမ်းလိုက်ပြီးတော့ ၀င်္ဂဘာ အလံတိုင်တွေကို ဖန်ဆင်းထုတ်ယူလိုက်ပါတယ်။ သူ ချက်ခြင်း အနောက်ကို ခုန်ဆုတ်လိုက်ပြီးတော့ ရေ နဲ့ မီး ကြာပန်းတွေ ၀န်းရံနေတဲ့ ဂျိနင်ကို ပတ်ပြေးပြီး အလံတိုင်တွေကို တစ်ခုပြီးတစ်ခု မြေကြီးထဲ ပစ်စိုက်လိုက်ပါတော့တယ်။


စက္ကန့်ပိုင်းလေးအတွင်းမှာ အလံတိုင် ၈ခုဟာ ကီလိုမီတာ တော်တော်ကျယ်ကျယ်ဝန်းဝန်းမှာ စနစ်တကျ နေရာချထားပြီးဖြစ်ပါတယ်။


ပြီးသွားတာနဲ့ သံမဏိ သစ်ပင် ဂျန်က အဝေးကို ခုန်ဆုတ်လိုက်ပြီးတော့ မတ်တပ်ရပ်ကြည့်နေလိုက်ပါတယ်။
.....
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
......
ပဲခူးက Baby House ကလေး အ၀တ်အထည်နှင့် အသုံးအဆောင်ပစ္စည်းဆိုင်လေး ဖွင့်ပြီနော်..
နယ်က မှာရင်လည်း ပို့ပေးပါတယ်..
အားပေးကြပါဦးနော်..
....
“ဆရာ သူ့ကို သတ်ရအောင်လေ။ အခုက သူအဆင့်တစ်ဆင့် တိုးတက် သွားတဲ့အချိန်ဆိုတော့ သူ့ရဲ့ အားအနည်းဆုံး အချိန်ပဲ”
ဘိုင်အန်ကျားကြီးက မြန်မြန်ပြောလိုက်ပါတယ်။


“မဟုတ်ဘူး..”
ဂျန်က မြန်မြန် ပြန်အော်ပြောလိုက်ပါတယ်…
“သူက နံပါတ် ၁ ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ကို ကျင့်ထားတာ။ အခုဆို ကြယ်တွေရဲ့ အရှင်သခင် တွေ ဖြစ်တဲ့ နေကြယ် နဲ့ လကြယ် က စွမ်းအင်တွေက ၀န်းရံထားတယ်။ ဇင်တျန် အဆင့်ကို တိုးတက် ရောက်ရှိသွားတဲ့ အချိန်မှာ ဒီ ကြယ် အရှင်သခင် ၂ခုရဲ့ အစစ်အမှန် စွမ်းအင်တချို့ဟာ ဆင်းသက်လာကြတယ်။ ဒီစွမ်းအင်တွေက သူ့ခန္ဓာကိုယ်က အတားအဆီးတွေကို ကျော်ဖြတ်နိုင်စေပြီးတော့ အသစ်ပြောင်းလဲမှုကို ဖြစ်စေပြီး အစစ်အမှန် ဇင်တျန် တန်ခိုးရှင် ဖင်းဂေါ့ တစ်ဦးအနေနဲ့ တဖန် ပြန်လည် မွေးဖွားလာစေတယ်။”


“ဒါဆို သူ့ကို တားဖို့က ပိုပြီး အရေးကြီးလာတာပေါ့။”
ဘိုင်အန်ကျားကြီးက အသည်းအသန် ပြောလိုက်ပါတယ်။


“.. မင်း နားမလည် သေးဘူးလား။ ”
မီးပင်လယ် နဲ့ ရေလှိုင်းတံပိုးတွေ ၀န်းရံထားတဲ နင်ကို ကြည့်ရင်း သံမဏိ သစ်ပင် ဂျန် တော်တာ် မျက်နှာ ပျက်နေပါတယ်။
“ဟုတ်တယ်။ အခုဆို သူ့ကို ပိုးတုံးလုံးလိုမျိုး ရေခဲလှိုင်းတွေနဲ့ မီးတောက်တွေက ၀န်းရံထားတယ်။ ဒီ ရေခဲလှိုင်းတွေရဲ့ နှလုံးသားနေရာမှာ အစစ်အမှန် လကြယ်ရဲ့ ရေ အရိပ်အရောင်ကို မြင်ရတယ်။ အဆုံးမရှိတဲ့ မီးပင်လယ်ရဲ့ နှလုံးသားနေရာမှာတော့ အစစ်အမှန် နေမီးတောက် အရိပ်အရောင်ကို မြင်ရတယ်။ ဇီဖူ တန်ခိုးရှင်တောင်မှ ဒီ အပြင်လွှာကို သွားထိမိရင် ချက်ခြင်း ရေခဲသွားပြီးတော့ ကွဲကြေသွားပြီး ပြာမှုန်အတိ လောင်ကျွမ်းခြင်းကို ခံရလိမ့်မယ်။ မင်း နဲ့ ငါဆိုရင် ပြောမနေနဲ့တော့။ သူ့ ၀ိဥာဉ်တောင်မှ ကျန်တော့မှာ မဟုတ်ဘူး။ သူလည်း နောက်ထပ်တဖန် ပြန်လည်မွေးဖွားခွင့် ရလာတော့မှာ မဟုတ်ဘူး။”


“ဒီလောက်တောင် ကြောက်ဖို့ကောင်းတယ်လား”
ဘိုင်အန်ကျားကြီး အရမ်းကို ထိတ်လန့်သွားပါတယ်။


“ဟုတ်တာပေါ့။ အရမ်းကို ကြောက်ဖို့ကောင်းတယ်။”
သံမဏိ သစ်ပင် ဂျန်ရဲ့မျက်နှာ လုံးဝ မာကျောနေပါတယ်။
“ဒီ အစွမ်းတွေဟာ ကြယ်တွေရဲ့ အရှင်သခင် ကြယ် ၂ စင်းကနေ ဆင်းသက်လာတာအမှန်ပဲ။ အစစ်အမှန် နေ မီးတောက် နဲ့ အစစ်အမှန် လကြယ် ရဲ့ ရေ။ ဘယ်သူက သွားထိရဲမှာလည်း။”


“ဒါဆို ကျွန်တော်တို့က ဒီတိုင်းပဲ ရပ်ကြည့်နေရတော့မှာပေါ့။”
ဘိုင်အန်ကျားကြီး ကစိုးရိမ်တကြီး မေးလိုက်ပါတယ်။
“ဒီ ဂျိကလန်က ကောင်လေး တဖြည်းဖြည်း အစွမ်းတွေ တိုးလာတာကို ထိုင်ပြီး ကြည့်နေဖို့ပဲ တတ်နိုင်တော့တာပေါ့နော်။”


“စိတ်မပူပါနဲ့”
ဂျန် က လှိုက်ပြီးပြောလိုက်ပါတယ်။
“အခုဆိုရင် ကြယ် အရှင်သခင် ၂စင်းက သူတို့ အစွမ်းတွေကို သူ့ကို ချီးမြင့်ပေးလိုက်ပြီးပြီ။ သူဟာ သေဆုံးမှု သံသရာကနေ လွတ်မြောက်ပြီးတော့ အစစ်အမှန် ဇက်တျန် ဖင်းဂေါ့ တစ်ယောက် အနေနဲ့ မွေးဖွားလာခဲ့ပြီ။ သူ့ရဲ့ တိုးတက်မှု ပြီးသွားတာနဲ့ အစစ်အမှန် နေ နဲ့ လရဲ့ မီး နဲ့ ရေ ရဲ့ အရိပ်အရောင်တွေဟာ ပျောက်ကွယ်သွားလိမ့်မယ်။ ပြောရမယ်ဆိုရင်တော့လည်း အစစ်အမှန် နေ မီးတောက် နဲ့ လ ရဲ့ ရေခဲ ဟာ ဒီဂျိကလန်က ကောင်လေး ပိုင်ဆိုင်တဲ့ အရာမဟုတ်ဘူးလေ…”


သံမဏိ သစ်ပင် ဂျန်က နှာခေါင်းရှုံ့လိုက်ပြီးတော့ အေးစက်စက်ပြောလိုက်ပါတယ်။
“အခုဆို ငါ့ရဲ့ ယင် ယန် စွမ်းအင် ၀င်္ဂဘာ ဖော်မေးရှင်းကို ပြင်ဆင်ထားပြီးပြီ။ ဒီကောင်လေး နောက်တစ်ဆင့်ကို တိုးတက်အောင်မြင်ပြီးသွားတာနဲ့ သူ့မှာ ကြယ်အရှင်သခင်တွေ ရဲ့ အကာအကွယ်ပေးမှုတွေ ရှိတော့မှာ မဟုတ်ဘူး။ ငါ့ရဲ့ ၀င်္ဂဘာကို အဲ့ဒီအချိန်ကျရင် အသက်သွင်းလိုက်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူက ဇင်တျန် အဆင့် အစောပိုင်း တန်ခိုးရှင် ကလေးဖြစ်ပြီး မှော်ရတနာတွေလည်း မရှိဘူး။ ငါကတော့ ဇင်တျန် နောက်ပိုင်းအဆင့် တန်ခိုးရှင်ဖြစ်ပြီးတော့ ငါ့ရဲ့ ၀င်္ဂဘာကလည်း ပြင်ဆင်ပြီးသွားပြီ။”


“မှန်တာပေါ့”
ဘိုင်အန်ကျားကြီး ခေါင်းညိတ် ထောက်ခံလိုက်ပါတယ်။


“ဒါပေမဲ့ ဒီ ဂျိကလန်က ကလေးလေးက တော်တော်ကို ပါရမီ ထူးတယ်။”
သံမဏိ သစ်ပင်ဂျန် သက်ပြင်းချပြီး တိုးတိုးလေး ချီးကျူးလိုက်မိပါတယ်။
“အနီရောင် ကောင်းကင် ကိုးဆင့် ဖင်းဂေါ့ကျင့်စဉ် .. ဒီကျင့်စဉ်က ဒဏ္ဍာရီထဲက အစွမ်းအထက်ဆုံး ကျင့်စဉ်ပဲ။ တော်တော်ကို တန်ခိုးရှိတဲ့ မျိုးနွယ်စုတိုင်းက ဒီကျင့်စဉ်ကို ပိုင်ဆိုင်ကြတယ်။ ဒါပေမဲ့ နှစ်ပေါင်းထောင်ကျော်အတွင်းမှာတောင်မှ ဒီ ချိုင့်ဝှမ်းဒေကကနေပြီးတော့ ဘယ်ဇင်တျန် တန်ခိုးရှင်မှ ဒီကျင့်စဉ်ကျင့်ပြီး အောင်မြင်သူ တစ်ယောက်မှ မရှိဘူး။ သူ့ကိုသာ ဆက်ပြီးတော့ ကြီးထွားခွင့်ပေးရင် သူဟာ ဂျိကလန်ရဲ့ ဒေသကြီး ၅ခုမှာ နံပါတ် ၁ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ အသေအချာပဲ။ ဒါပေမဲ့ နောက်ပိုင်း သူဘယ်လောက်ပဲ အစွမ်းထက်လာလာ အခုတော့ သူဇင်တျန်အဆင့်ကို ရောက်ခါစပဲ ရှိသေးတယ်။ ဟားဟား.. ငါ ဒီလိုမျိုး ရန်ဘက် ကလန်က ကြောက်ခမန်းလိလိ ပါရမီရှင် တစ်ယောက်ကို သတ်ခွင့်ရလို့ အရမ်းကို ပျော်တယ်။”


.....
Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…
......
ပဲခူးက Baby House ကလေး အ၀တ်အထည်နှင့် အသုံးအဆောင် ပစ္စည်းဆိုင်လေး ဖွင့်ပြီနော်..
နယ်က မှာရင်လည်း ပို့ပေးပါတယ်..
အားပေးကြပါဦးနော်..
....


ဇင္တ်န္ရဲ့ အဓိပၸါယ္က ဘာလဲ။


ဇင္တ်န္ဆိုတာကေတာ့ ကောင်းကင် ကနေ သဘာဝကနေ မွေးဖွားလာမှသာ အစစ်အမှန် ဇင်တျန် သက်ရှိဖြစ်လာတာပါ။


ပြောရရင်တော့ အတွင်းအား ကီ ကျင့်စဉ်ကျင့်တဲ့ တန်ခိုးရှင်တွေဟာ သူတို့ရဲ့ ကီစွမ်းအား နဲ့ ခန္ဓာကိုယ်ကို ဇင်တျန် အသွင် ပြောင်းလိုက်ကြတယ်။ နောက်ပိုင်းမှာ စွမ်းအားတွေက သူ့တို့ ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်လိုက်ပြီးတော့ အရမ်းကို ဖြတ်လတ် သွက်လက်တဲ့ အဆင့်ကို ရောက်သွားစေတယ်။ ဒါပေမဲ့ ဒီ ဇင်တျန် ခန္ဓာကိုယ်ဟာ အားလုံးထဲမှာ အားအနည်းဆုံး ခန္ဓာကိုယ်ပဲ။ နှလုံးသားကို ဓားနဲ့ ထိုးမိသွားတာနဲ့ သူတို့တွေ သေဆုံးသွားကြတယ်။


ဒါပေမဲ့ ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ် ကျင့်သူတွေကျတော့ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ဖင်းဂေါ့ ခန္ဓာကိုယ်အနေနဲ့ ပြန်လည်မွေးဖွားလာပါတယ်။ ဖင်းဂေါ့တွေ ရဲ့ ခန္ဓာကိုယ်ကို ၁၈ပိုင်း ပိုင်းဖြတ်လိုက်ရင်တောင်မှ သူတို့ ဦးခေါင်း မပျက်စီးသေးရင် သူတို့တွေ မသေနိုင်သေးပါဘူး။ ခြုံပြောရရင်တော့ ဖင်းဂေါ့ကျင့်စဉ် တော်တော်များများဟာ အဆင့် အနိမ့်လေးတွေသာ များပါတယ်။ ဒါကြောင့် သူတို့တွေဟာ ခန္ဓာကိုယ်မှာ နတ်ဘုရား ဆေးမှင်ကြောင်တွေ ထိုးဖို့ လိုအပ်ပါတယ်။


ဒါပေမဲ့ အနီရောင် ကောင်းကင် ကိုးဆင် ဖင်းဂေါ့ ကျင့်စဉ်ကျတော့ ကြယ်အရှင်သခင် ၂စင်းရဲ့ အစွမ်းကို မှီခိုထားလို့ ဒီကြယ် ၂စင်းကနေပြီးတော့ နတ်ဘုရား ဆေးမှင်ကြောင်တွေကို ချီးမြှင့်ပေးပါတယ်။


ဇင်တျန် တန်ခိုးရှင် အဆင့် ကို တိုးတက်ရောက်ရှိသွားတာနဲ့ အစစ်အမှန် နေမီးတောက် နဲ့ လ ရေလှိုင်းတို့ဟာ ဆင်းသက် လာကြပါတယ်။ ရေ နဲ့ မီးဟာ မရှိမဖြစ် တည်ရှိနေကြပြီးတော့ ဖင်းဂေါ့ ခန္ဓာကိုယ်တစ်ခုကို မွေးဖွားပေးလိုက်ပါတယ်။ ဒီ ဖင်းဂေါ့ ခန္ဓာကိုယ်ဟာ ရှေးယခင် ဖင်းဂေါ့ ခေတ်က ရှေးဖင်းဂေါ့ ခန္ဓာကိုယ်တွေထက် အဆင့် နည်းနည်းလေးမှ မလျော့ ပါဘူး။ ဒါကြောင့် ဒီ ကျင့်စဉ်ဟာ နံပါတ် ၁ဖင်းဂေါ့ ကျင့်စဉ် အနေ နဲ့ ဒီကမ္ဘာရဲ့ ဒဏ္ဍာရီထဲမှာ တွင်ကျန်နေခဲ့တာပါ။


“ဖန်း.ဖန်း…”
နင် ဟာ သူ့ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေ အကုန်လုံးပေါက်ကွဲလာတာကို ခံစားရလာပါတယ်။ ပြီးတော့ အနီရောင်ကောင်းကင် ကိုးဆင့် ဖင်းဂေါ့ကျင့်စဉ်က အစစ်အမှန် နေမီးတောက် နဲ့ အစစ်အမှန် လရေလှိုင်းတို့က ဆဲလ်အသစ်လေးတွေအသွင် ပြန်ပြီးတော့ တည်ဆောက်ပေးနေပါတယ်။ ဒီ ကြယ် အရှင်သခင် ၂စင်းက ဆင်းသက်လာခဲ့တဲ့ အစစ်အမှန် နေမီးတောက် နဲ့ အစစ်အမှန် လရေလှိုင်းတို့ဟာ ဒီ ဖင်းဂေါ့ခန္ဓာကိုယ် အသစ် တည်ဆောက်တဲ့ နေရာမှာ အများအပြား အသုံးချမှုကို ခံရပါတယ်။


“လူသား ခန္ဓာကိုယ်ဟာ ပျက်သုန်းသွားခဲ့ပြီ။”


“ဖင်း နတ်ဘုရား ခန္ဓာကိုယ်ဟာ ပြန်မွေးဖွားခဲ့ပြီ။”


ဟူး….
အစစ်အမှန် နေမီးတောက် နဲ့ အစစ်အမှန် လရေလှိုင်းတို့ဟာ လောင်စာဆီ သဖွယ် အများအပြား အသုံးချခဲ့ပြီးနောက်တော့ သူတို့ကို ၀န်းရံထားတဲ့ မီးပင်လယ်နဲ့ ရေပင်လယ်တို့ဟာ တဖြည်းဖြည်းပျောက်ကွယ်လာခဲ့ပြီး သားမွေးဝတ်စုံ ၀တ်ထားတဲ့ ဂျိနင် တဖြည်းဖြည်း ရုပ်လုံး ပေါ်လာပါတယ်။ သူဟာ ဇင်တျန် အဆင့်ကို ရောက်လာပေမဲ့ သူ့သားမွေးဝတ်စုံဟာ ရေ နဲ့ မီးကြောင့် ပျက်ဆီးမှု မဖြစ်ခဲ့ပါဘူး။ နင်တစ်ယောက်တည်းရဲ့ ခန္ဓာကိုယ်သာ အရောင် အရှိန်အ၀ါတွေ ထွက်နေပြီးတော့ သူ့ ပုံသဏ္ဍာန်ဟာ ကောင်းကင်ကနေ ရတနာတပါး မွေးဖွားလာတာနဲ့တောင် တူနေပါတယ်။


နင် သူ့မျက်လုံးကို ဖွင့်လိုက်ပြီးတော့ အဝေးက သံမဏိ သစ်ပင် ဂျန် နဲ့ ဘိုင်အန်ကျားကြီးကို ကြည့်ပြီးပြောလိုက်ပါတယ်။
“ကဲ .. အခုတော့ သွားသေကြပေတော့…”


သူ့နောက်ကျောက နေမီးတောက် မှော် တက်တူး နဲ့ လ ရေလှိုင်း မှော်တက်တူးတို့ဟာ အသက်ဝင်လာကြပါတယ်။


“၀ုန်း…၀ုန်း…”
အရမ်းကို ကြီးမားတဲ့ မီးတောက် နဂါး ကြီး နဲ့ ရေနဂါးကြီးဟာ နေ နဲ့ လရဲ့ မှောတက်တူးတွေ ရဲ့ ခေါ်ယူမှုနဲ့ ရုတ်တရက်ပေါ်လာပါတယ်။ အရမ်းကြီးမားတဲ့ အဖျက်စွမ်းအားတွေ ပါဝင်နေကြပြီးတော့ အဝေးက သံမဏိ သစ်ပင် ဂျန် နဲ့ ဘိုင်အန်ကျားကြီး ဆီကို ဦးတည် တိုးဝင်သွားပါတယ်။ ဒီ အခြင်းအရာကတော့ အနီရောင် ကောင်းကင်ကိုးဆင့် ဖင်းဂေါ့ကျင့်စဉ်နဲ့ ဇင်တျန် တန်ခိုးရှင် ဖြစ်သွားတဲ့ သက်သေဖြစ်တဲ့ မီး နဲ့ ရေကို ထိမ်းချုပ်လာနိုင် ခြင်းပါပဲ။




Chapter 3 ပြီးပါပြီ။
ဆက်ပါဦးမည်>>>>>>
Chapter 4- ရေ နှင့် မီး ကြာပန်း ပွင့်ချပ်များ




Original writer – I eat tomatoes
Novel – Desolate era
ဘာသာပြန်သူ - Dr – Panda
Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Thanks u all…






Comments

Popular posts from this blog

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 1 Chapter 1 သေသူတို့ နေထိုင်ရာအရပ် (land of the dead)

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် 3 Chapter 1 (နှလုံးသား မှ လူသတ်ငွေ့)

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ Book 2 Chapter 8 ( ဂျိနင်ဓား..)