ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 9 ျမစ္ကမ္းေဘး မ်ိဳးႏြယ္စု


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 9 ျမစ္ကမ္းေဘး မ်ိဳးႏြယ္စု

၀မ္းနည္းမႈကို အခ်ိန္ အၾကာၾကီး မ်ိဳသိပ္ထားခဲ့ရျပီးေတာ့ အခုမွ ဖြင့္ခ်လိုက္ရတဲ့အခါမွာ.. ဘယ္ေလာက္ေတာင္ ျပင္းထန္တဲ့ ခံစားမႈေတြပါလည္း…။ ဂ်ိနင္လည္း ေၾကကြဲေနတဲ့ Blacktooth ကို ဘာမွမေျပာပဲ တိတ္တိတ္ေလး ရပ္ၾကည့္ေနလိုက္ပါတယ္။

“သခင္ေလး … သိျပီးျပီ ဆိုေတာ့လည္း ကၽြန္ေတာ္မ်ိဳး မဖံုးကြယ္ထားေတာ့ပါဘူး။ သခင္ေလး ကၽြန္ေတာ္မ်ိဳးနဲ႕ လိုက္ခဲ့လိုက္ပါ။”
Blacktooth မတ္တပ္ရပ္လိုက္ျပီးေတာ့ အခန္းထဲကေန ထြက္သြားပါတယ္။

Blacktooth က နင္တို႕ကို ရြာရဲ့ အေနာက္ပိုင္းအထိ ေရွ႕ကေန လမ္းျပ ေခၚေဆာင္သြားပါတယ္။ ရြာရဲ့ အေနာက္ဖ်ားပိုင္းမွာေတာ့ သစ္သားျခံစည္းရိုးနဲ႕ တံခါးေလးတစ္ခု ရွိေနပါတယ္။ ဒီ တံတိုင္းရဲ့ ေနာက္မွာေတာ့ သခ်ိဳ ၤင္း ေျမတစ္ခုရွိေနပါတယ္။ အုတ္ဂူ အသစ္ေလးေတြ အမ်ားၾကီး ရွိေနတဲ့ အတြက္ ဒီ ဒီသခၤ် ိဳင္းဟာ အသစ္တည္ေဆာက္ထားမွန္းသိသာပါတယ္။

ေဆာင္းဦးသစ္ရြက္ေလး နင္ကို စိတ္မသက္မသာနဲ႕ ၾကည့္လိုက္မိပါတယ္။
“သခင္ေလး…”

နင္ Blacktooth သူ႕ကို ဘယ္ေနရာေခၚသြားတာလည္းဆိုတာကို နားလည္ပါတယ္။ နင္ အသက္ရွဴဖို႕ေတာင္မွ ေမ့ေနခဲ့မိတယ္။

“ဒီ ေနရာမွာ ပါပဲ။”
Blacktooth က သာမာန္ပံုစံ အုတ္ဂူတစ္ခုကို ညႊန္ျပလိုက္ပါတယ္။ အုတ္ဂူေရွ႕က ေက်ာက္စာခ်ပ္မွာေတာ့
“သမီးငယ္ေလး မီ၀ွား အတြက္ အေဖ Blacktooth မွ တည္ေဆာက္ေပးထားသည္။”

“ေႏြဦးျမက္ကေလး…”
နင္ အုတ္ဂူကို တိတ္တိတ္ဆိတ္ဆိတ္ ရပ္ၾကည့္ေနမိပါတယ္။

သူ႕ဘ၀တစ္ေလွ်ာက္လံုးမွာ ႏွလံုးေၾကကြဲခံစားမႈကို ၾကံဳေတြ႕ခဲ့ရတာ ရွားပါတယ္။ ဒီလိုျပင္းထန္တဲ့ ခံစားမႈေတြထက္ တည္ျငိမ္ေအးခ်မ္းတဲ့ ခံစားမႈေတြကို  နင္ပိုျပီးေတာ့ ႏွစ္သက္ပါတယ္။ မနက္တိုင္း လူတစ္ေယာက္ကို ေန႕စဥ္ အျမဲေတြ႕ရတာဟာ တစ္ဦးနဲ႕ တစ္ဦး သံေယာဇဥ္ကို ပိုျပီးေတာ့ နက္ရႈိင္းေစပါတယ္။

ေအးခ်မ္းတည္ျငိမ္မႈဟာ အစစ္အမွန္ပါ!

တစ္ေယာက္ေယာက္ကို ကိုယ့္ရဲ့အသက္ အပိုင္းအစတစ္ခုလို ဆက္ဆံမႈမ်ိဳး.. အနည္းဆံုး ဒီဘ၀မွာ ကေလးေပါက္စေလး ဘ၀ကေန အခုအခ်ိန္အထိ… ေႏြဦးျမက္ပင္ေလး သူနဲ႕ အတူေနခဲ့အခ်ိန္ေတြဟာ သူ႕မိဘေတြနဲ႕ အတူေနခဲ့တဲ့အခ်ိန္ေတြထက္ပိုမ်ားပါတယ္။ နင္ သူမ အသက္ရွင္ေနတုန္း သတိမထားမိခဲ့ေပမဲ့ အခုေတာ့ သူမ ေသဆံုးသြားခဲ့ပါျပီ။ သူ႕ႏွလံုးသား ကို ဆြဲဖဲ့လိုက္သလို ခံစားေနရပါတယ္။

အရမ္း နာက်င္တာပဲ!

“Blacktooth ”
နင္ အုတ္ဂူကို မတ္တပ္ရပ္ျပီး ၾကည့္ေနမိတယ္။ ျဖည္းျဖည္းခ်င္း စကားေျပာလိုက္ပါတယ္…
“ငါ့ကို အကုန္ ေျပာျပပါ။ေႏြဦးသစ္ရြက္ေလး ျပန္လာေတာ့ ဘာေတြ ျဖစ္ခဲ့လဲဆိုတာ အကုန္ေျပာျပပါ။”

Blacktooth ေခါင္းညိတ္လိုက္ပါတယ္။

“ပထမဆံုး အိမ္ကို ျပန္ေရာက္ေတာ့ သူမေတာ္ေတာ္ ၀မ္းနည္းေနခဲ့ပါတယ္။ သခင္ေလးနဲ႕ ခြဲခြာခဲ့ရလို႕ ၀မ္းနည္းေနခဲ့တာပါ။ ”
Blacktooth သက္ျပင္းခ်လိုက္ပါတယ္။
“ဒါေပမဲ့ သူမရြာကို ျပန္ေရာက္လို႕ သူ႕ေမာင္ေလး ၂ေယာက္ကို ေတြ႕တဲ့အခါမွာ မီ၀ွားအမ်ားၾကီး ေပ်ာ္ရႊင္လာခဲ့ပါတယ္။ သူမေမာင္ေလး ၂ေယာက္နဲ႕ ေန႕ရက္ ေတြကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ေတြမွာ မီ၀ွားက သခင္ေလး သူမထံလာလည္မွာကိုလည္း ေစာင့္ေမွ်ာ္ေနခဲ့ပါတယ္။”

“တစ္ခုပဲ!”

Blacktooth ရဲ့ အသံ တိမ္၀င္သြားပါတယ္။
“တစ္ရက္ေတာ့ Serpentwing ေရာက္လာခဲ့ပါတယ္။ ဒါဟာတစ္ကယ့္ကို အိမ္မက္ဆိုးၾကီးပါပဲ။ မေရမတြက္ႏိုင္တဲ့ ရြာသားေတြ ေသဆံုးခဲ့တဲ့အျပင္ ကၽြန္ေတာ့္သားေလး Waterfront ပါ ေသဆံုးခဲ့ပါတယ္။”

“သူမေမာင္ေလး Waterfront ေသဆံုးမႈဟာ မီ၀ွားကို အလြန္နာက်င္ေစခဲ့ပါတယ္။”

နင္ မီ၀ွားခ်န္ခဲ့တဲ့ အျဖဴေရာင္ သားေရခ်က္က စာေတြမွာ Blacktooth မ်ိဳးႏြယ္စုကို ျပန္ေရာက္ေတာ့ ျဖစ္ပ်က္ခဲ့တာေတြ ေရးထားတာ သတိရမိလိုက္ပါတယ္။ အျဖစ္အပ်က္အမ်ားစုဟာ သူမနဲ႕ သူမေမာင္ေလး ၂ေယာက္ အေၾကာင္းေတြမ်ားပါတယ္။ မီ၀ွားက သူမေမာင္ေလး ၂ေယာက္ကို အရမ္းခ်စ္တာ ထင္ရွားပါတယ္။ ဒါေၾကာင့္ နင္ဟာ ေႏြဦးျမက္ပင္ေလးရဲ့ က်န္ရစ္ခဲ့တဲ့ တစ္ဦးတည္းေသာ ေမာင္ေလးကို ေစာင့္ေရွာက္ေပးျပီး တမလြန္က မီ၀ွားကို ေျဖသိမ့္ေပးဖို႕ ဆံုးျဖတ္ခ်က္ခ်လိုက္ပါတယ္။

“Serpentwing တိုက္ခိုက္မႈဟာ တစ္ရြာလံုးကို ေျခာက္ျခားေစခဲ့ပါတယ္။ အနက္ရႈိင္းဆံုး နာက်င္မႈ ေခ်ာက္ကမ္းပါးထဲ တြန္းခ်လိုက္သလိုပါပဲ။ ရြာသားေတြဟာ Serpentwing ေနာက္တခါ ထပ္လာမွာ စိုးရိမ္ေနၾကပါတယ္။ တခ်ိဳ႕ ရြာသားေတြဆို ရြာကို စြန္႕ခြာသြားၾကျပီးေတာ့ တျခားမ်ိဳးႏြယ္စုၾကီးေတြမွာ သြားေရာက္ခိုလႈံၾကပါတယ္။”

“တရြာလံုးဟာ ေျခာက္ေျခာက္ျခားျခား ျဖစ္ေနပါတယ္။”
Blacktooth ဆက္ေျပာလိုက္ပါတယ္။
“ရြာသားေတြ အမ်ားၾကီး စြန္႕ခြာ ထြက္ေျပးသြားၾကပါတယ္။ Serpentwing တိုက္ခိုက္မႈ အျပီးမွာ ကၽြန္ေတာ္တို႕ ရြာရဲ့ လူဦးေရဟာ လူ တစ္ေထာင္ေတာင္ မျပည့္ေတာပါဘူး။ ရြာသားေတြ ဆက္ျပီးေတာ့ ရြာကို စြန္႕ခြာေနမယ္ဆိုရင္ ကၽြန္ေတာ္တို႕ Blacktooth မ်ိဳးႏြယ္စု ေက်းရြာဟာ သိပ္မၾကာခင္ ပ်က္စီးသြားရေတာ့မွာပါ။”

နင္ေခါင္းညိတ္လိုက္ပါတယ္။

“ကၽြန္ေတ္ာမ်ိဳး အခက္အခဲေတြ မေရမတြက္ႏိုင္ေအာင္ ရင္ဆိုင္ျပီးမွ ရြာေလးကို တည္ေဆာက္ခဲ့တာပါ။ ကၽြန္ေတာ္မ်ိဳး ရြာေလး ပ်က္စီးသြားမွာ လက္မခံႏိုင္တာ သဘာ၀ပါပဲ။ ေႏြဦးျမက္ကေလးက ကၽြန္႕ေတာ့္ကို အရမ္းသနားသြားပါတယ္။ သူမ အရွက္ကို မငဲ့ကြက္ေတာ့ပဲ အေနာက္ဘက္ ဂ်ိျမိဳ႕ေတာ္မွာ ရွိတဲ့ သခင္ေလးဆီကို   စာတစ္ေစာင္ ေရးျပီး ရြာသားတစ္ေယာက္ကို ပို႕ခိုင္းလိုက္ပါတယ္။ သခင္းေလးကို Blacktooth ေက်းရြာေလးကို ကူညီေပးဖို႕ အကူအညီ လွမ္းေတာင္းတဲ့ စာပါ။ ”

“ကၽြန္ေတာ္မ်ိဳးတို႕ သတင္းျပန္ၾကားတာကေတာ့ သခင္ေလးက စြန္႕စားခန္း ခရီးၾကမ္းကို ထြက္ခြာသြားတာ ၾကာပါျပီတဲ့။”
Blacktooth ေခါင္းကို ညိတ္လိုက္ပါတယ္။

နင္ အံကို ၾကိတ္လိုက္ပါတယ္။
အမွန္ပါပဲ။

သူက ခရီးၾကမ္းထြက္သြားတာ Serpentwing ဇင္တ်န္ အထြဋ္အထိပ္အဆင့္ကို မေရာက္ေသးခင္ကပါပဲ။ ဒါေၾကာင့္ သူ႕ကို သူတို႕ေတြ ရွာလို႕ မေတြ႕ၾကတာ။

“ရြာသားတစ္ခ်ိဳ႕ကေတာ့ ကၽြန္ေတာ္မ်ိဳးတို႕ Blacktooth မ်ိဳးႏြယ္စုအေနနဲ႕ အလြန္႕အလြန္ ၾကီးမားတဲ့ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုၾကီး ရဲ့ အကြာအကြယ္ကို ယူသင့္တယ္လို႕ အၾကံျပဳၾကတယ္။”
Blacktooth ေလသံနည္းနည္း တင္းမာလာတယ္။
“ကၽြန္ေတာ္တို႕ေတြ ျမစ္ကမ္းေဘးမ်ိဳးႏြယ္စုရဲ့ အကာအကြယ္ကို ရျပီးေတာ့ ျမစ္ကမ္းေဘး ျမိဳ႕ေတာ္မွာခဏ ခိုလံႈခြင့္ ရမယ္ဆိုရင္ အေျခအေန နည္းနည္းေကာင္းလာမွာပဲ။”

“ျမစ္ကမ္းေဘး ျမိဳ႕ေတာ္…?”
နင္ ေရရြတ္လိုက္မိတယ္။

ခ်ိဳင့္၀ွမ္းေဒသရဲ့ ဘုရင္တစ္ဆူအေနနဲ႕ ဂ်ိကလန္ဟာ သူ႕ေဒသထဲမွာ ရွိေနတဲ့ မ်ိဳးႏြယ္စုေတြကို အုပ္ခ်ဳပ္ထားပါတယ္။ ဘယ္မ်ိဳးႏြယ္စုမွ လူ ဦးေရ ၅၀၀၀၀ ထက္ ေက်ာ္ခြင့္ မရွိပါဘူး။ သူတို႕ေတြ လူဦးေရ ၅၀၀၀၀ ထက္ ေက်ာ္လာျပီဆိုရင္ ဂ်ိကလန္ အာဏာစက္ကို ထိပါးလာႏိုင္ပါတယ္။ တစ္ကယ္လို႕ ဒီလိုျဖစ္ခဲ့မယ္ဆိုရင္ အရမ္းရက္စက္တဲ့ နည္းနဲ႕ ပတ္၀န္းက်င္က တျခားမ်ိဳးႏြယ္စုေတြပါ ေၾကာက္ရြံ႕သြားေအာင္ ဂ်ိကလန္က အျပစ္ေပးပါတယ္။

ဒါေၾကာင့္ လူဦးေရ ၅၀၀၀၀ ရွိတဲ့ မ်ိဳးႏြယ္စုေတြဟာ အရမ္းကို ၾကီးမားတဲ့ မ်ိဳးႏြယ္စုလို႕ ေျပာလို႕ရပါတယ္။ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုဟာ အဲ့ဒီလို မ်ိဳးႏြယ္စုေတြထဲ အပါအ၀င္ပါပဲ။ မ်ိဳးႏြယ္စုဟာ အရမ္းကုိ ၾကီးမားတဲ့အတြက္ ကာရံထားတဲ့ တံတိုင္းေတြဟာ ေက်ာက္တံုးၾကီးေတြနဲ႕ျဖစ္ျပီး ျမိဳ႕ငယ္ေလးတစ္ျမိဳ႕တဖြယ္ တည္ေဆာက္ထားပါတယ္။

ဒီျမိဳႈ႕ငယ္ေလးဟာ လူဦးေရ သိန္းခ်ီျပီးေတာ့ ရွိတဲ့ အေနာက္ပိုင္း ဂ်ိျမိဳ႕ေတာ္ကို ယွဥ္လို႕ မရပါဘူး။ ဒါေပမဲ့ မေရမတြက္ႏိုင္ေအာင္ ရွိတဲ့ မ်ိဳးႏြယ္စုေတြထဲမွာေတာ့ အစြမ္းအစမေသးတဲ့ မ်ိဳးႏြယ္စု တခုပါပဲ။

ေျပာရရင္ ဒီလို ျမိဳ႕ငယ္ေလး လိုမ်ိဳး တည္ေထာင္ႏိုင္တဲ့ မ်ိဳးႏြယ္စုေတြမွာ ဇင္တ်န္တန္ခိုးရွင္ တစ္ေယာက္ေတာ့ အနည္းဆံုး ရွိေနတတ္ျပီး ျမိဳ႕ကို ကာကြယ္ေပးထားတတ္ပါတယ္။

“ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုမွာ အစြမ္းထက္တဲ့ ဇင္တ်န္ တန္ခိုးရွင္ ၂ေယာက္ေတာ့ ရွိတယ္။ မိစာၦမြန္းစတားေတြ မက်ဳးေက်ာ္ရဲၾကဘူး။”
Blacktooth ဆက္ေျပာလိုက္ပါတယ္။
“ကၽြန္ေတာ္တို႕ Blacktooth မ်ိဳးႏြယ္စုမွာ လူဦးေရ ရာဂဏန္းေလာက္ပဲ က်န္ပါတာ့တယ္။ ကၽြန္ေတာ္တို႕ေတြ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုကို ခိုလႈံခြင့္ ရခဲ့ရင္ Serpentwing ကပ္ေဘး ျပီးဆံုးသြားတဲ့အခါ ရြာေလးကို ျပန္ျပီးေတာ့ ထူေထာင္လာႏိုင္ပါလိမ့္မယ္။”

“ကၽြန္ေတာ္တို႕ေတြ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုက အစြမ္းထက္တဲ့ေခါင္းေဆာင္တစ္ေယာက္ ျဖစ္တဲ့ ျမစ္တန္ခိုးရွင္ ဟီကို လက္ေဆာင္ေတြဆက္သျပီးေတာ့ ခဏတာ ခိုုလႈံခြင့္ေတာင္းဆိုခဲ့ပါတယ္။”
Blacktooth အံကို တင္းတင္းၾကိတ္လိုက္ပါတယ္။
“ဒါေပမဲ့ ျမစ္တန္ခိုးရွင္ဟီဟာ အရမ္းကို ေခ်းမ်ားတဲ့ လူျဖစ္ျပီးေတာ့ ရတနာေတြကို စိတ္၀င္စားမႈ မရွိပါဘူး။ ဒါေပမဲ့ သူက မီ၀ွားကို စိတ္၀င္စားေနခဲ့ပါတယ္။”

“သူက မီ၀ွားကို သူ႕မိန္းမအျဖစ္ ေနေပးရင္ Blacktooth ေက်းရြာကို ဒီတစ္ၾကိမ္ ကူညီေပးမယ္ ေျပာခဲ့ပါတယ္။ မီ၀ွား ဘယ္ေလာက္ ေခါင္းမာတယ္ဆို သခင္ေလး သိပါတယ္။ သူမ လက္မခံခဲ့ပဲ ခ်က္ျခင္း ထြက္ခြာလာခဲ့ပါတယ္။”
Blacktooth ရဲ့ မ်က္လံုးမွာ ေၾကာက္မက္ဖြယ္ အေရာင္ ျဖတ္သြားပါတယ္။
“ျမစ္တန္ခိုးရွင္ ဟီဟာ ခ်င္ျခင္းပဲ သူ႕ရဲ့ တပည့္တပန္းေတြ လႊတ္ျပီးေတာ့ မီ၀ွားကို ဖမ္းခိုင္လိုက္ပါတယ္။ သူမကို အတင္းအက်ပ္ ျပန္ေခၚဖို႕ပါ။”

“ဒါေပမဲ့ မီ၀ွားက အရမ္းကို အစြမ္းထက္ပါတယ္။ သူမဟာ အလြန္ အဆင့္ျမင့္တဲ့ ဓားသိုင္းကို အသံုးျပဳခဲ့ပါတယ္။ က်န္ဟီ ရဲ့ တပည့္ေတြ တ၀က္ေလာက္ ကို သတ္လိုက္ပါတယ္။ သူမ အဲ့ဒီတုန္းက စကားတခြန္းေျပာခဲ့တယ္… ကၽြန္မရဲ့ ဆရာက ဂ်ိကလန္ရဲ့ သခင္ေလးပဲ။ က်န္ဟီ ရွင္ မလြန္လာနဲ႕။”

“က်န္ဟီက ရယ္ေမာလိုက္ျပီးေတာ့ ေျပာလိုက္တာက… မင္းက ဂ်ိသခင္ေလးရဲ့ ရံေရြေတာ္ တစ္ေယာက္ ျဖစ္ေနရင္ေတာင္မွ မင္းဟာ အေျခြအရံတစ္ေယာက္ပဲ။ မင္းရဲ့ သခင္ေလးကို အကူအညီေတာင္းလို႕ ရေနရင္ မင္းဒီကိုလာျပီးေတာ့ ငါ့ဆီကေန အကူအညီေတာင္းဖို႕ မလိုေတာ့ဘူးေလ။ ဘယ္လိုလုပ္ ဂ်ိကလန္သခင္ေလးရဲ့ ရံေရြေတာ္တစ္ေယာက္က ဒီလို ရြာကေလးကို ေရာက္ေနရတာလည္း။”
Blacktooth က အံကိုတင္းတင္းၾကိတ္ထားလိုက္ပါတယ္။
“ဒီ က်န္ဟီက ေနာက္ထပ္ ထပ္ေျပာေသးတယ္… မင္းသာငါ့မိန္းမ ျဖစ္သြားရင္ ငါ Blacktooth ေက်းရြာကို ကာကြယ္ေပးမွာပါ။ မဟုတ္ရင္ေတာ့ ေသဖို႕ပဲ ေစာင့္ေနေပေတာ့။ ဒီအျဖစ္အပ်က္ျပီးေတာ့ ကၽြန္ေတာ္တို႕ေတြ ျမစ္ကမ္းပါး ျမိဳ႕ေတာ္ကေန ထြက္ခြာလာခဲ့ပါတယ္။”

ဒီစကားကို ေဆာင္းဦးသစ္ရြက္ေလး ၾကားေတာ့ ေဒါသထြက္သြားပါတယ္။
“ညီမေလး ေႏြဦးျမက္ပင္ေလးက ဒီလိုလူစားကို ဘယ္လိုလုပ္ သေဘာတူႏိုင္မွာလည္း။”

“ေႏြဦးျမက္ကေလးက သေဘာမတူခဲ့ပါဘူး။”
နင္ Blacktooth ကို ၾကည့္ျပီး ေခါင္းခါလိုက္ပါတယ္။

“ဟုတ္ပါတယ္။ ေႏြဦးျမက္ကေလးက သေဘာမတူခဲ့ပါဘူး။”
Blacktooth နာနာက်င္က်င္နဲ႕ ေခါင္းညိတ္ျပီးေတာ့ေျပာလိုက္ပါတယ္။
“ဒါေပမဲ့ ေၾကာက္ရြံ႕ေနတဲ့ ရြာသားေတြ၊ ရြာကို စြန္႕ခြာသြားၾကတဲ့ ၇ြာသားေတြ နဲ႕ အရမ္းကို စိတ္ဓာတ္က်ေနတဲ့ ကၽြန္ေတာ္မ်ိဳး… ကၽြန္ေတာ္မ်ိဳးအတြက္.. သူမရဲ့ ဖခင္ အတြက္ ၃ရက္ေလာက္ ၀မ္းနည္းေၾကကြဲေနခဲ့ျပီးေနာက္မွာေတာ့ သူမ သေဘာတူခဲ့ပါတယ္။”

“ဘာလို႕ ညီမေလးက ဒီေလာက္ တံုးအရတာလည္း..!!!!”
ေဆာင္းဦးသစ္ရြက္ကေလး အရမ္း စိတ္ပူသြားပါတယ္။

နင္ မ်က္လံုးကို မွိတ္လိုက္ပါတယ္။

သူ ေႏြဦးျမက္ကေလး ဒီ ၃ရက္ထဲမွာ ဘယ္ေလာက္ေတာင္မွ စိတ္ဒုကၡေတြကို ေက်ာ္ျဖတ္ခဲ့ရလည္းဆိုတာကို ေတြးေနမိပါတယ္။ သူမဖခင္အတြက္ .. ဒီလိုေပးဆပ္မႈက တန္ရဲ့လား။

“မီ၀ွားဟာ ျမစ္တန္ခိုးရွင္ဟီရဲ့ မိန္းမျဖစ္သြားပါတယ္။”
Blacktooth အသံေတြ အရမ္းကို တုန္လႈပ္ေနပါတယ္။
“ဒါေပမဲ့ မီ၀ွား သတိ မမူမိတဲ့အခ်ိန္မွာ ျမစ္တန္ခိုးရွင္ဟီက သူမကို တိတ္တဆိတ္ တိုက္ခိုက္လိုက္ပါတယ္။ သူမကုိ လက္၀ါးခ်က္က မီ၀ွား ေသြးေၾကာမ ေနရာကို ထိသြားျပီးေတာ့ တကိုယ္လံုးမွာ ရွိတဲ့ ကီစြမ္းအင္ေတြ ဖ်က္ဆီးျခင္း ခံလိုက္ရပါတယ္။ သူမကို ဒီလုိမ်ိဳး ေလွာင္ေျပာင္စကားနာ ထိုးခဲ့ပါတယ္… မင္းက ငတံုးမပဲ။ ဒီမွာ ငါ့မ်ိဳးႏြယ္စုရဲ့ အကာအကြယ္ကို လုိအပ္ေနတဲ့ မ်ိဳးႏြယ္စုေတြ မေရမတြက္ႏို္င္ေအာင္ ရွိေနတယ္။ မင္းက ငါ့မိန္းမျဖစ္တာနဲ႕ ငါက မင္းတို႕ကို ကာကြယ္ေပးရမယ္။ ဟားဟားဟား.. လာျပီး အိမ္မက္မက္မေနနဲ႕။ ”

“လူယုတ္မာ…”
ေဆာင္းဦးသစ္ရြက္ေလးက ေဒါသထြက္ျပီး တုန္လႈပ္ေနပါတယ္။

နင္ အံကို ပိုျပီးေတာ့ တင္းတင္းၾကိတ္လိုက္ပါတယ္။
ေႏြဦးျမက္ကေလးရယ္.. ေႏြဦးျမက္ကေလး…

မင္းဘာလို႕ ဒီလို ေခြးမသားကို ယံုရတာလည္း။ မင္းအေဖအတြက္ ဘာျဖစ္လို႕ စေတးရတာလည္း။ ဘာေၾကာင့္လည္း။

“Serpentwing ကပ္ေဘးက ျမန္ျမန္ဆန္ဆန္ပဲ ေအးခ်မ္းသြားပါတယ္။ ဂ်ိကလန္က Serpentwing ကို သူ႕ ေရကန္မွာ အက်ယ္ခ်ဳပ္ထားလိုက္ပါတယ္။ Serpentwing အျပင္မထြက္ရဲေတာ့ပါဘူး။ ဒီသတင္းကို ဂ်ိကလန္က လႊင့္လိုက္တဲ့အခါမွာ မ်ိဳးႏြယ္စုေလးေတြဟာ ေနရာကို ျပန္လာၾကပါတယ္။ ကၽြန္ေတာ္မ်ိဳးတို႕ Blacktooth မ်ိဳးႏြယ္စုရြာသားေတြရဲ့ ရင္ထဲမွာလည္း အပူလံုးၾကီးက်သြားပါတယ္။ စြန္႕ခြာသြားတဲ့ ရြာသားေတြလည္း ျပန္ေရာက္လာၾကပါတယ္။”

“ကၽြန္ေတ္ာ မီ၀ွားအတြက္ စိတ္ပူလို႕ သြားၾကည့္လိုက္ပါတယ္။ ကၽြန္ေတာ္သူမကို ေတြ႕ေတာ့ အေျခအေန ေတာ္ေတာ္ ေျပာင္းလဲေနပါျပီ။ ကၽြန္ေတာ္မ်ိဳး တတ္ႏိုင္သေလာက္ နည္းလမ္းကုန္ အသံုးျပဳျပီးတဲ့အခါမွာ မီ၀ွားနဲ႕ တိတ္တဆိတ္ ဆံုေတြ႕ခြင့္ရပါတယ္။ မီ၀ွားက ကၽြန္ေတာ့္ကို ျမင္ျမင္ခ်င္း မရပ္မနား ငိုပါေတာ့တယ္။”

နင္ မ်က္လံုးကို မွိတ္ထားလိုက္မိျပန္တယ္။

သူ ေႏြဦးသစ္ရြက္ေလးရဲ့ ၀မ္းနည္းေၾကကြဲမႈ ၊ ေဒါသထြက္မႈ၊ စိတ္ဓာတ္က်မႈေတြကို ခံစားမိေနပါတယ္။

“သူမကေျပာပါတယ္။ သူမအမွားပါလို႕။ သူမ တစ္ကယ္ကို တံုးအခဲ့တာပါလို႕။ ကၽြန္ေတာ္မ်ိဳး သူမရဲ့ အေဖရဲ့ အမွား မဟုတ္ပါဘူးဆိုျပီးေတာ့။ သူမတစ္ကယ္ကို သေဘာတူခဲ့တာပါဆိုျပိးေတာ့။”
Blacktooth လံုး၀ ေၾကကြဲစြာ ဆက္ေျပာပါတယ္။
“သူမအတြက္ သခင္ေလးကို မလိုအပ္ဘူးလို႕ ေျပာပါတယ္။ သခင္ေလး အေၾကာင္းစံုသိသြားရင္ စိတ္ညစ္ျပီး ၀မ္းနည္းေၾကကြဲမႈ ခံစားရတာကို သူမ မျမင္ခ်င္ခဲ့ပါဘူး။ ဒါေၾကာင့္ သူမ ဒီ လူငယ္ ကုန္သည္ ဇာတ္လမ္းကို ဖန္တီး ေရးသားခဲ့ပါတယ္။ သူမေပးတဲ့ စာထဲမွာ ဒီေၾကာင္း အျပည့္အစံုေရးထားပါတယ္။ ”

“ကၽြန္ေတာ္မ်ိဳးကို စာေပးျပီးတဲ့ ေနာက္မွာ မီ၀ွားအဆိပ္ေသာက္ ေသဆံုးသြားပါေတာ့တယ္။ ကၽြန္ေတာ္မ်ိဳး သမီးေလး ဘယ္ေလာက္ေတာင္ ခံစားခဲ့ရလည္းဆိုတာကို နားလည္ပါတယ္။ ေသဆံုးတာဟာ လြတ္ေျမာက္သြားျခင္းတမ်ိဳးပါပဲ။ သူမ ေသဆံုးခါနီးမွာ သခင္ေလးနာမည္ကို တတြတ္တြတ္ ရြတ္သြားပါတယ္။ သူမေသဆံုးသြားတာ သခင္ေလးကို မသိေစခ်င္မိပါဘူး။”
Blacktooth အသံတိုးတိုးေလးနဲ႕ ေျပာလိုက္ပါတယ္။

နင္ ညင္ညင္သာသာ ေခါင္းညိတ္လိုက္ပါတယ္။

သူနားလည္ပါတယ္။

ေႏြဦးျမက္ကေလး ဒီေလာက္ ႏွစ္ရွည္လမ်ား အတူေနလာတာ သူဘယ္လိုလုပ္ နားမလည္ပဲ ေနမလည္း။

သူမက နင္ရဲ့ ရင္ထဲမွာ ေပ်ာ္ရႊင္ေနတဲ့ ေႏြဦးျမက္ကေလးပဲ ရွိေနေစခ်င္တာ။ သူမခံစားခဲ့ရတဲ့ ဒဏ္ရာေတြကို နင္ မသိေစခ်င္ဘူး။

“မိ္န္းကေလးတိုင္းမွာ ေကာင္းကင္က သတ္မွတ္ထားတဲ့ ဖူးစာဖက္ တစ္ေယာက္စီေတာ့ ရွိပါတယ္။ ကၽြန္မ သူ႕ကိုေတြ႕ေတြ႕ခ်င္း သူဟာ ဒီတစ္ေယာက္ပဲလို႕ သိလိုက္တယ္။ ကၽြန္မ သူျပံဳးတာ ျမင္ရရင္ ကၽြန္မလည္း ေပ်ာ္ရႊင္တယ္။ သူ မ်က္ေမွာင္ၾကဳတ္တာျမင္ရရင္ စိတ္ပူမိတယ္။ သူ ဓားသိုင္းကို ၾကိဳးၾကိဳးစားစား ေလ့က်င့္ေနတဲ့ အခ်ိန္ဆိုရင္ ကၽြန္မ ေဘးမွ ရပ္ျပီးေတာ့ ၾကည့္ေနမိတယ္။ သူ႕ကို ၾကည့္ခြင့္ရတာကိုက ေကာင္းကင္ရဲ့ ဆုလာဘ္ တစ္ပါးပါပဲ။”

“ကၽြန္မ အရမ္းအရမ္းကို ေပ်ာ္ရႊင္ပါတယ္။ လိႈ္က္လႈိက္လွဲလွဲကို ၀မ္းသာပါတယ္။ ေႏြဦးျမက္ေလးဟာ အေျခြအရံေလး တစ္ေယာက္သာပါ။ သူ႕အတြက္ သခင္ေလးကိုယ္တိုင္ Blacktooth မ်ိဳးႏြယ္စုကို လာလည္တယ္ဆိုတာ …. အနည္းဆံုးေတာ့ သခင္ေလးရဲ့ ႏွလံုးသားထဲမွာ ေႏြဦးျမက္ကေလးအတြက္ ကိုယ္ပိုင္ေနရာေသးေသးေလးတစ္ခုေတာ့ ရွိေနတာ ေသခ်ာပါျပီ။ ေႏြဦးျမက္ကေလးေလ အရမ္းအရမ္းကို ေပ်ာ္ရႊင္ရပါတယ္။”

နင္မ်က္စိဖြင့္လိုက္တဲ့အခါမွာ မ်က္ရည္စေလးေတြပါ မ်က္၀န္းမွာ ရွိေနပါတယ္။

သူ တိတ္တဆိတ္ သူ႕ေရွ႕က အုတ္ဂူဆီကို ေလွ်ာက္သြားပါတယ္။ လက္ထဲမွာ ၀ါးခြက္ေလးတစ္ခြက္ကို  ကိုင္ထားျပီးေတာ့ တိုးတိုးေလး ေျပာလိုက္ပါတယ္။
“ေႏြဦးျမက္ကေလးေရ.. မင္းအျမဲတမ္း ငါ့ကို အရက္ ငွဲ႕ေပးခဲ့တယ္။ ဒီတစ္ေခါက္ေတာ့ ငါအရက္ ငွဲ႕ေပးပါရေစ။”
လက္ထဲက အရက္ခြက္က အရက္ေတြဟာ အုတ္ဂူေရွ႕ကို ျဖည္းျဖည္းခ်င္း က်လာပါတယ္။

“ငါနားလည္ပါတယ္။ ငါ နားလည္ပါတယ္။ မင္းဟာ အျမဲတမ္း ေပ်ာ္ရႊင္ေနတဲ့ ေႏြဦးျမက္ကေလးပါ။ ထာ၀ရ ေပ်ာ္ရႊင္ေနတာပါ။”

“မင္းရဲ့ တံုးအမႈဟာ ခ်စ္စရာေကာင္းပါတယ္။”

နင္ဟာ ၇ယ္ေမာေနပါတယ္။ ဒါေပမဲ့ မ်က္၀န္းမွာ မ်က္ရည္ေတြ ျပည့္ေနပါတယ္။
“မင္းဘာျဖစ္ခဲ့လည္းဆိုတာ ငါနားလည္ပါတယ္။ ဒါေပမဲ့ ငါမင္းကို ႏွိမ့္ခ် အျပစ္မတင္ပါဘူး။ ဘယ္လိုလုပ္ ေမာင္ငယ္ က အမၾကီးကို အျပစ္တင္ ႏွိမ့္ခ်ရဲမွာလည္း။ တခါတရံမွာ အမၾကီးက တံုးအ ေနတတ္ေပမဲ့လည္း … မင္းက ထာ၀ရ  ငါ ဂ်ိနင္ရဲ့ အမၾကီး တစ္ေယာက္ပါပဲ။”

အမၾကီး ဆိုတဲ့ စကားကို ၾကားေတာ့ အနီးက ေဆာင္းဦးသစ္ရြက္ေလးလည္း ႏႈတ္ခမ္းေတြ တုန္လာျပီးေတာ့ ရႈိက္ငိုလိုက္ပါတယ္။

“အမ.. အရမ္း အရမ္းပင္ပန္းေနျပီေနာ္။ အိပ္လိုက္ပါ.. အိပ္လိုက္ပါေနာ္…. ေကာင္းေကာင္းမြန္မြန္ အိပ္စက္ အနားယူလိုက္ပါ။”
နင္ ညင္သာစြာ ေျပာလိုက္ပါတယ္။
“အမကို အႏိုင္က်င့္ခဲ့တဲ့သူေတြ ၊ ေၾကကြဲ၀မ္းနည္းေစခဲ့တဲ့သူေတြ.. ကၽြန္ေတာ္ တစ္ေယာက္မွ အသက္ရွင္ ခ်န္မထားဘူး.. တစ္ေယာက္မွ..”

“သြားၾကမယ္..”

နင္ ၀ါးအရက္ခြက္ေလးကို ေဘးမွာ ခ်လိုက္ျပီးေတာ့ မတ္တပ္ရပ္လိုက္ပါတယ္။
“ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုကို သြားၾကစို႕။ ငါ ဒီ ျမစ္တန္ခိုးရွင္ဟီနဲ႕ ေတြ႕မွရမယ္။!!”




Chapter 9 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 10 ျမိဳ႕တံတိုင္းျပိဳသြားျခင္း




Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…



Unicode



ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 9 မြစ်ကမ်းဘေး မျိုးနွယ်စု



ဝမ်းနည်းမှုကို အချိန် အကြာကြီး မျိုသိပ်ထားခဲ့ရပြီးတော့ အခုမှ ဖွင့်ချလိုက်ရတဲ့အခါမှာ.. ဘယ်လောက်တောင် ပြင်းထန်တဲ့ ခံစားမှုတွေပါလည်း…။ ဂျိနင်လည်း ကြေကွဲနေတဲ့ Blacktooth ကို ဘာမှမပြောပဲ တိတ်တိတ်လေး ရပ်ကြည့်နေလိုက်ပါတယ်။



“သခင်လေး … သိပြီးပြီ ဆိုတော့လည်း ကျွန်တော်မျိုး မဖုံးကွယ်ထားတော့ပါဘူး။ သခင်လေး ကျွန်တော်မျိုးနဲ့ လိုက်ခဲ့လိုက်ပါ။”

Blacktooth မတ်တပ်ရပ်လိုက်ပြီးတော့ အခန်းထဲကနေ ထွက်သွားပါတယ်။



Blacktooth က နင်တို့ကို ရွာရဲ့ အနောက်ပိုင်းအထိ ရှေ့ကနေ လမ်းပြ ခေါ်ဆောင်သွားပါတယ်။ ရွာရဲ့ အနောက်ဖျားပိုင်းမှာတော့ သစ်သားခြံစည်းရိုးနဲ့ တံခါးလေးတစ်ခု ရှိနေပါတယ်။ ဒီ တံတိုင်းရဲ့ နောက်မှာတော့ သချို ၤင်း မြေတစ်ခုရှိနေပါတယ်။ အုတ်ဂူ အသစ်လေးတွေ အများကြီး ရှိနေတဲ့ အတွက် ဒီ ဒီသင်္ချ ိုင်းဟာ အသစ်တည်ဆောက်ထားမှန်းသိသာပါတယ်။



ဆောင်းဦးသစ်ရွက်လေး နင်ကို စိတ်မသက်မသာနဲ့ ကြည့်လိုက်မိပါတယ်။

“သခင်လေး…”



နင် Blacktooth သူ့ကို ဘယ်နေရာခေါ်သွားတာလည်းဆိုတာကို နားလည်ပါတယ်။ နင် အသက်ရှူဖို့တောင်မှ မေ့နေခဲ့မိတယ်။


“ဒီ နေရာမှာ ပါပဲ။”

Blacktooth က သာမာန်ပုံစံ အုတ်ဂူတစ်ခုကို ညွှန်ပြလိုက်ပါတယ်။ အုတ်ဂူရှေ့က ကျောက်စာချပ်မှာတော့

“သမီးငယ်လေး မီဝှား အတွက် အဖေ Blacktooth မှ တည်ဆောက်ပေးထားသည်။”



“နွေဦးမြက်ကလေး…”

နင် အုတ်ဂူကို တိတ်တိတ်ဆိတ်ဆိတ် ရပ်ကြည့်နေမိပါတယ်။



သူ့ဘဝတစ်လျှောက်လုံးမှာ နှလုံးကြေကွဲခံစားမှုကို ကြုံတွေ့ခဲ့ရတာ ရှားပါတယ်။ ဒီလိုပြင်းထန်တဲ့ ခံစားမှုတွေထက် တည်ငြိမ်အေးချမ်းတဲ့ ခံစားမှုတွေကို  နင်ပိုပြီးတော့ နှစ်သက်ပါတယ်။ မနက်တိုင်း လူတစ်ယောက်ကို နေ့စဉ် အမြဲတွေ့ရတာဟာ တစ်ဦးနဲ့ တစ်ဦး သံယောဇဉ်ကို ပိုပြီးတော့ နက်ရှိုင်းစေပါတယ်။



အေးချမ်းတည်ငြိမ်မှုဟာ အစစ်အမှန်ပါ!



တစ်ယောက်ယောက်ကို ကိုယ့်ရဲ့အသက် အပိုင်းအစတစ်ခုလို ဆက်ဆံမှုမျိုး.. အနည်းဆုံး ဒီဘဝမှာ ကလေးပေါက်စလေး ဘဝကနေ အခုအချိန်အထိ… နွေဦးမြက်ပင်လေး သူနဲ့ အတူနေခဲ့အချိန်တွေဟာ သူ့မိဘတွေနဲ့ အတူနေခဲ့တဲ့အချိန်တွေထက်ပိုများပါတယ်။ နင် သူမ အသက်ရှင်နေတုန်း သတိမထားမိခဲ့ပေမဲ့ အခုတော့ သူမ သေဆုံးသွားခဲ့ပါပြီ။ သူ့နှလုံးသား ကို ဆွဲဖဲ့လိုက်သလို ခံစားနေရပါတယ်။



အရမ်း နာကျင်တာပဲ!


“Blacktooth ”

နင် အုတ်ဂူကို မတ်တပ်ရပ်ပြီး ကြည့်နေမိတယ်။ ဖြည်းဖြည်းချင်း စကားပြောလိုက်ပါတယ်…

“ငါ့ကို အကုန် ပြောပြပါ။နွေဦးသစ်ရွက်လေး ပြန်လာတော့ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အကုန်ပြောပြပါ။”



Blacktooth ခေါင်းညိတ်လိုက်ပါတယ်။


“ပထမဆုံး အိမ်ကို ပြန်ရောက်တော့ သူမတော်တော် ဝမ်းနည်းနေခဲ့ပါတယ်။ သခင်လေးနဲ့ ခွဲခွာခဲ့ရလို့ ဝမ်းနည်းနေခဲ့တာပါ။ ”

Blacktooth သက်ပြင်းချလိုက်ပါတယ်။
“ဒါပေမဲ့ သူမရွာကို ပြန်ရောက်လို့ သူ့မောင်လေး ၂ယောက်ကို တွေ့တဲ့အခါမှာ မီဝှားအများကြီး ပျော်ရွှင်လာခဲ့ပါတယ်။ သူမမောင်လေး ၂ယောက်နဲ့ နေ့ရက် တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒီအချိန်တွေမှာ မီဝှားက သခင်လေး သူမထံလာလည်မှာကိုလည်း စောင့်မျှော်နေခဲ့ပါတယ်။”



“တစ်ခုပဲ!”



Blacktooth ရဲ့ အသံ တိမ်ဝင်သွားပါတယ်။

“တစ်ရက်တော့ Serpentwing ရောက်လာခဲ့ပါတယ်။ ဒါဟာတစ်ကယ့်ကို အိမ်မက်ဆိုးကြီးပါပဲ။ မရေမတွက်နိုင်တဲ့ ရွာသားတွေ သေဆုံးခဲ့တဲ့အပြင် ကျွန်တော့်သားလေး Waterfront ပါ သေဆုံးခဲ့ပါတယ်။”


“သူမမောင်လေး Waterfront သေဆုံးမှုဟာ မီဝှားကို အလွန်နာကျင်စေခဲ့ပါတယ်။”



နင် မီဝှားချန်ခဲ့တဲ့ အဖြူရောင် သားရေချက်က စာတွေမှာ Blacktooth မျိုးနွယ်စုကို ပြန်ရောက်တော့ ဖြစ်ပျက်ခဲ့တာတွေ ရေးထားတာ သတိရမိလိုက်ပါတယ်။ အဖြစ်အပျက်အများစုဟာ သူမနဲ့ သူမမောင်လေး ၂ယောက် အကြောင်းတွေများပါတယ်။ မီဝှားက သူမမောင်လေး ၂ယောက်ကို အရမ်းချစ်တာ ထင်ရှားပါတယ်။ ဒါကြောင့် နင်ဟာ နွေဦးမြက်ပင်လေးရဲ့ ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော မောင်လေးကို စောင့်ရှောက်ပေးပြီး တမလွန်က မီဝှားကို ဖြေသိမ့်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။



“Serpentwing တိုက်ခိုက်မှုဟာ တစ်ရွာလုံးကို ခြောက်ခြားစေခဲ့ပါတယ်။ အနက်ရှိုင်းဆုံး နာကျင်မှု ချောက်ကမ်းပါးထဲ တွန်းချလိုက်သလိုပါပဲ။ ရွာသားတွေဟာ Serpentwing နောက်တခါ ထပ်လာမှာ စိုးရိမ်နေကြပါတယ်။ တချို့ ရွာသားတွေဆို ရွာကို စွန့်ခွာသွားကြပြီးတော့ တခြားမျိုးနွယ်စုကြီးတွေမှာ သွားရောက်ခိုလှုံကြပါတယ်။”


“တရွာလုံးဟာ ခြောက်ခြောက်ခြားခြား ဖြစ်နေပါတယ်။”

Blacktooth ဆက်ပြောလိုက်ပါတယ်။
“ရွာသားတွေ အများကြီး စွန့်ခွာ ထွက်ပြေးသွားကြပါတယ်။ Serpentwing တိုက်ခိုက်မှု အပြီးမှာ ကျွန်တော်တို့ ရွာရဲ့ လူဦးရေဟာ လူ တစ်ထောင်တောင် မပြည့်တောပါဘူး။ ရွာသားတွေ ဆက်ပြီးတော့ ရွာကို စွန့်ခွာနေမယ်ဆိုရင် ကျွန်တော်တို့ Blacktooth မျိုးနွယ်စု ကျေးရွာဟာ သိပ်မကြာခင် ပျက်စီးသွားရတော့မှာပါ။”



နင်ခေါင်းညိတ်လိုက်ပါတယ်။



“ကျွန်တေ်ာမျိုး အခက်အခဲတွေ မရေမတွက်နိုင်အောင် ရင်ဆိုင်ပြီးမှ ရွာလေးကို တည်ဆောက်ခဲ့တာပါ။ ကျွန်တော်မျိုး ရွာလေး ပျက်စီးသွားမှာ လက်မခံနိုင်တာ သဘာဝပါပဲ။ နွေဦးမြက်ကလေးက ကျွန့်တော့်ကို အရမ်းသနားသွားပါတယ်။ သူမ အရှက်ကို မငဲ့ကွက်တော့ပဲ အနောက်ဘက် ဂျိမြို့တော်မှာ ရှိတဲ့ သခင်လေးဆီကို   စာတစ်စောင် ရေးပြီး ရွာသားတစ်ယောက်ကို ပို့ခိုင်းလိုက်ပါတယ်။ သခင်းလေးကို Blacktooth ကျေးရွာလေးကို ကူညီပေးဖို့ အကူအညီ လှမ်းတောင်းတဲ့ စာပါ။ ”



“ကျွန်တော်မျိုးတို့ သတင်းပြန်ကြားတာကတော့ သခင်လေးက စွန့်စားခန်း ခရီးကြမ်းကို ထွက်ခွာသွားတာ ကြာပါပြီတဲ့။”

Blacktooth ခေါင်းကို ညိတ်လိုက်ပါတယ်။



နင် အံကို ကြိတ်လိုက်ပါတယ်။

အမှန်ပါပဲ။



သူက ခရီးကြမ်းထွက်သွားတာ Serpentwing ဇင်တျန် အထွဋ်အထိပ်အဆင့်ကို မရောက်သေးခင်ကပါပဲ။ ဒါကြောင့် သူ့ကို သူတို့တွေ ရှာလို့ မတွေ့ကြတာ။


“ရွာသားတစ်ချို့ကတော့ ကျွန်တော်မျိုးတို့ Blacktooth မျိုးနွယ်စုအနေနဲ့ အလွန့်အလွန် ကြီးမားတဲ့ မြစ်ကမ်းဘေး မျိုးနွယ်စုကြီး ရဲ့ အကွာအကွယ်ကို ယူသင့်တယ်လို့ အကြံပြုကြတယ်။”

Blacktooth လေသံနည်းနည်း တင်းမာလာတယ်။

“ကျွန်တော်တို့တွေ မြစ်ကမ်းဘေးမျိုးနွယ်စုရဲ့ အကာအကွယ်ကို ရပြီးတော့ မြစ်ကမ်းဘေး မြို့တော်မှာခဏ ခိုလှုံခွင့် ရမယ်ဆိုရင် အခြေအနေ နည်းနည်းကောင်းလာမှာပဲ။”


“မြစ်ကမ်းဘေး မြို့တော်…?”

နင် ရေရွတ်လိုက်မိတယ်။



ချိုင့်ဝှမ်းဒေသရဲ့ ဘုရင်တစ်ဆူအနေနဲ့ ဂျိကလန်ဟာ သူ့ဒေသထဲမှာ ရှိနေတဲ့ မျိုးနွယ်စုတွေကို အုပ်ချုပ်ထားပါတယ်။ ဘယ်မျိုးနွယ်စုမှ လူ ဦးရေ ၅၀၀၀၀ ထက် ကျော်ခွင့် မရှိပါဘူး။ သူတို့တွေ လူဦးရေ ၅၀၀၀၀ ထက် ကျော်လာပြီဆိုရင် ဂျိကလန် အာဏာစက်ကို ထိပါးလာနိုင်ပါတယ်။ တစ်ကယ်လို့ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် အရမ်းရက်စက်တဲ့ နည်းနဲ့ ပတ်ဝန်းကျင်က တခြားမျိုးနွယ်စုတွေပါ ကြောက်ရွံ့သွားအောင် ဂျိကလန်က အပြစ်ပေးပါတယ်။



ဒါကြောင့် လူဦးရေ ၅၀၀၀၀ ရှိတဲ့ မျိုးနွယ်စုတွေဟာ အရမ်းကို ကြီးမားတဲ့ မျိုးနွယ်စုလို့ ပြောလို့ရပါတယ်။ မြစ်ကမ်းဘေး မျိုးနွယ်စုဟာ အဲ့ဒီလို မျိုးနွယ်စုတွေထဲ အပါအဝင်ပါပဲ။ မျိုးနွယ်စုဟာ အရမ်းကို ကြီးမားတဲ့အတွက် ကာရံထားတဲ့ တံတိုင်းတွေဟာ ကျောက်တုံးကြီးတွေနဲ့ဖြစ်ပြီး မြို့ငယ်လေးတစ်မြို့တဖွယ် တည်ဆောက်ထားပါတယ်။



ဒီမြိုှု့ငယ်လေးဟာ လူဦးရေ သိန်းချီပြီးတော့ ရှိတဲ့ အနောက်ပိုင်း ဂျိမြို့တော်ကို ယှဉ်လို့ မရပါဘူး။ ဒါပေမဲ့ မရေမတွက်နိုင်အောင် ရှိတဲ့ မျိုးနွယ်စုတွေထဲမှာတော့ အစွမ်းအစမသေးတဲ့ မျိုးနွယ်စု တခုပါပဲ။



ပြောရရင် ဒီလို မြို့ငယ်လေး လိုမျိုး တည်ထောင်နိုင်တဲ့ မျိုးနွယ်စုတွေမှာ ဇင်တျန်တန်ခိုးရှင် တစ်ယောက်တော့ အနည်းဆုံး ရှိနေတတ်ပြီး မြို့ကို ကာကွယ်ပေးထားတတ်ပါတယ်။


“မြစ်ကမ်းဘေး မျိုးနွယ်စုမှာ အစွမ်းထက်တဲ့ ဇင်တျန် တန်ခိုးရှင် ၂ယောက်တော့ ရှိတယ်။ မိစ္ဆာမွန်းစတားတွေ မကျုးကျော်ရဲကြဘူး။”

Blacktooth ဆက်ပြောလိုက်ပါတယ်။

“ကျွန်တော်တို့ Blacktooth မျိုးနွယ်စုမှာ လူဦးရေ ရာဂဏန်းလောက်ပဲ ကျန်ပါတာ့တယ်။ ကျွန်တော်တို့တွေ မြစ်ကမ်းဘေး မျိုးနွယ်စုကို ခိုလှုံခွင့် ရခဲ့ရင် Serpentwing ကပ်ဘေး ပြီးဆုံးသွားတဲ့အခါ ရွာလေးကို ပြန်ပြီးတော့ ထူထောင်လာနိုင်ပါလိမ့်မယ်။”



“ကျွန်တော်တို့တွေ မြစ်ကမ်းဘေး မျိုးနွယ်စုက အစွမ်းထက်တဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ မြစ်တန်ခိုးရှင် ဟီကို လက်ဆောင်တွေဆက်သပြီးတော့ ခဏတာ ခိုုလှုံခွင့်တောင်းဆိုခဲ့ပါတယ်။”

Blacktooth အံကို တင်းတင်းကြိတ်လိုက်ပါတယ်။
“ဒါပေမဲ့ မြစ်တန်ခိုးရှင်ဟီဟာ အရမ်းကို ချေးများတဲ့ လူဖြစ်ပြီးတော့ ရတနာတွေကို စိတ်ဝင်စားမှု မရှိပါဘူး။ ဒါပေမဲ့ သူက မီဝှားကို စိတ်ဝင်စားနေခဲ့ပါတယ်။”



“သူက မီဝှားကို သူ့မိန်းမအဖြစ် နေပေးရင် Blacktooth ကျေးရွာကို ဒီတစ်ကြိမ် ကူညီပေးမယ် ပြောခဲ့ပါတယ်။ မီဝှား ဘယ်လောက် ခေါင်းမာတယ်ဆို သခင်လေး သိပါတယ်။ သူမ လက်မခံခဲ့ပဲ ချက်ခြင်း ထွက်ခွာလာခဲ့ပါတယ်။”

Blacktooth ရဲ့ မျက်လုံးမှာ ကြောက်မက်ဖွယ် အရောင် ဖြတ်သွားပါတယ်။
“မြစ်တန်ခိုးရှင် ဟီဟာ ချင်ခြင်းပဲ သူ့ရဲ့ တပည့်တပန်းတွေ လွှတ်ပြီးတော့ မီဝှားကို ဖမ်းခိုင်လိုက်ပါတယ်။ သူမကို အတင်းအကျပ် ပြန်ခေါ်ဖို့ပါ။”


“ဒါပေမဲ့ မီဝှားက အရမ်းကို အစွမ်းထက်ပါတယ်။ သူမဟာ အလွန် အဆင့်မြင့်တဲ့ ဓားသိုင်းကို အသုံးပြုခဲ့ပါတယ်။ ကျန်ဟီ ရဲ့ တပည့်တွေ တဝက်လောက် ကို သတ်လိုက်ပါတယ်။ သူမ အဲ့ဒီတုန်းက စကားတခွန်းပြောခဲ့တယ်… ကျွန်မရဲ့ ဆရာက ဂျိကလန်ရဲ့ သခင်လေးပဲ။ ကျန်ဟီ ရှင် မလွန်လာနဲ့။”



“ကျန်ဟီက ရယ်မောလိုက်ပြီးတော့ ပြောလိုက်တာက… မင်းက ဂျိသခင်လေးရဲ့ ရံရွေတော် တစ်ယောက် ဖြစ်နေရင်တောင်မှ မင်းဟာ အခြွေအရံတစ်ယောက်ပဲ။ မင်းရဲ့ သခင်လေးကို အကူအညီတောင်းလို့ ရနေရင် မင်းဒီကိုလာပြီးတော့ ငါ့ဆီကနေ အကူအညီတောင်းဖို့ မလိုတော့ဘူးလေ။ ဘယ်လိုလုပ် ဂျိကလန်သခင်လေးရဲ့ ရံရွေတော်တစ်ယောက်က ဒီလို ရွာကလေးကို ရောက်နေရတာလည်း။”

Blacktooth က အံကိုတင်းတင်းကြိတ်ထားလိုက်ပါတယ်။

“ဒီ ကျန်ဟီက နောက်ထပ် ထပ်ပြောသေးတယ်… မင်းသာငါ့မိန်းမ ဖြစ်သွားရင် ငါ Blacktooth ကျေးရွာကို ကာကွယ်ပေးမှာပါ။ မဟုတ်ရင်တော့ သေဖို့ပဲ စောင့်နေပေတော့။ ဒီအဖြစ်အပျက်ပြီးတော့ ကျွန်တော်တို့တွေ မြစ်ကမ်းပါး မြို့တော်ကနေ ထွက်ခွာလာခဲ့ပါတယ်။”



ဒီစကားကို ဆောင်းဦးသစ်ရွက်လေး ကြားတော့ ဒေါသထွက်သွားပါတယ်။
“ညီမလေး နွေဦးမြက်ပင်လေးက ဒီလိုလူစားကို ဘယ်လိုလုပ် သဘောတူနိုင်မှာလည်း။”



“နွေဦးမြက်ကလေးက သဘောမတူခဲ့ပါဘူး။”

နင် Blacktooth ကို ကြည့်ပြီး ခေါင်းခါလိုက်ပါတယ်။


“ဟုတ်ပါတယ်။ နွေဦးမြက်ကလေးက သဘောမတူခဲ့ပါဘူး။”

Blacktooth နာနာကျင်ကျင်နဲ့ ခေါင်းညိတ်ပြီးတော့ပြောလိုက်ပါတယ်။
“ဒါပေမဲ့ ကြောက်ရွံ့နေတဲ့ ရွာသားတွေ၊ ရွာကို စွန့်ခွာသွားကြတဲ့ ရွာသားတွေ နဲ့ အရမ်းကို စိတ်ဓာတ်ကျနေတဲ့ ကျွန်တော်မျိုး… ကျွန်တော်မျိုးအတွက်.. သူမရဲ့ ဖခင် အတွက် ၃ရက်လောက် ဝမ်းနည်းကြေကွဲနေခဲ့ပြီးနောက်မှာတော့ သူမ သဘောတူခဲ့ပါတယ်။”



“ဘာလို့ ညီမလေးက ဒီလောက် တုံးအရတာလည်း..!!!!”

ဆောင်းဦးသစ်ရွက်ကလေး အရမ်း စိတ်ပူသွားပါတယ်။



နင် မျက်လုံးကို မှိတ်လိုက်ပါတယ်။



သူ နွေဦးမြက်ကလေး ဒီ ၃ရက်ထဲမှာ ဘယ်လောက်တောင်မှ စိတ်ဒုက္ခတွေကို ကျော်ဖြတ်ခဲ့ရလည်းဆိုတာကို တွေးနေမိပါတယ်။ သူမဖခင်အတွက် .. ဒီလိုပေးဆပ်မှုက တန်ရဲ့လား။



“မီဝှားဟာ မြစ်တန်ခိုးရှင်ဟီရဲ့ မိန်းမဖြစ်သွားပါတယ်။”

Blacktooth အသံတွေ အရမ်းကို တုန်လှုပ်နေပါတယ်။
“ဒါပေမဲ့ မီဝှား သတိ မမူမိတဲ့အချိန်မှာ မြစ်တန်ခိုးရှင်ဟီက သူမကို တိတ်တဆိတ် တိုက်ခိုက်လိုက်ပါတယ်။ သူမကို လက်ဝါးချက်က မီဝှား သွေးကြောမ နေရာကို ထိသွားပြီးတော့ တကိုယ်လုံးမှာ ရှိတဲ့ ကီစွမ်းအင်တွေ ဖျက်ဆီးခြင်း ခံလိုက်ရပါတယ်။ သူမကို ဒီလိုမျိုး လှောင်ပြောင်စကားနာ ထိုးခဲ့ပါတယ်… မင်းက ငတုံးမပဲ။ ဒီမှာ ငါ့မျိုးနွယ်စုရဲ့ အကာအကွယ်ကို လိုအပ်နေတဲ့ မျိုးနွယ်စုတွေ မရေမတွက်နိုင်အောင် ရှိနေတယ်။ မင်းက ငါ့မိန်းမဖြစ်တာနဲ့ ငါက မင်းတို့ကို ကာကွယ်ပေးရမယ်။ ဟားဟားဟား.. လာပြီး အိမ်မက်မက်မနေနဲ့။ ”



“လူယုတ်မာ…”

ဆောင်းဦးသစ်ရွက်လေးက ဒေါသထွက်ပြီး တုန်လှုပ်နေပါတယ်။



နင် အံကို ပိုပြီးတော့ တင်းတင်းကြိတ်လိုက်ပါတယ်။

နွေဦးမြက်ကလေးရယ်.. နွေဦးမြက်ကလေး…



မင်းဘာလို့ ဒီလို ခွေးမသားကို ယုံရတာလည်း။ မင်းအဖေအတွက် ဘာဖြစ်လို့ စတေးရတာလည်း။ ဘာကြောင့်လည်း။


“Serpentwing ကပ်ဘေးက မြန်မြန်ဆန်ဆန်ပဲ အေးချမ်းသွားပါတယ်။ ဂျိကလန်က Serpentwing ကို သူ့ ရေကန်မှာ အကျယ်ချုပ်ထားလိုက်ပါတယ်။ Serpentwing အပြင်မထွက်ရဲတော့ပါဘူး။ ဒီသတင်းကို ဂျိကလန်က လွှင့်လိုက်တဲ့အခါမှာ မျိုးနွယ်စုလေးတွေဟာ နေရာကို ပြန်လာကြပါတယ်။ ကျွန်တော်မျိုးတို့ Blacktooth မျိုးနွယ်စုရွာသားတွေရဲ့ ရင်ထဲမှာလည်း အပူလုံးကြီးကျသွားပါတယ်။ စွန့်ခွာသွားတဲ့ ရွာသားတွေလည်း ပြန်ရောက်လာကြပါတယ်။”



“ကျွန်တေ်ာ မီဝှားအတွက် စိတ်ပူလို့ သွားကြည့်လိုက်ပါတယ်။ ကျွန်တော်သူမကို တွေ့တော့ အခြေအနေ တော်တော် ပြောင်းလဲနေပါပြီ။ ကျွန်တော်မျိုး တတ်နိုင်သလောက် နည်းလမ်းကုန် အသုံးပြုပြီးတဲ့အခါမှာ မီဝှားနဲ့ တိတ်တဆိတ် ဆုံတွေ့ခွင့်ရပါတယ်။ မီဝှားက ကျွန်တော့်ကို မြင်မြင်ချင်း မရပ်မနား ငိုပါတော့တယ်။”



နင် မျက်လုံးကို မှိတ်ထားလိုက်မိပြန်တယ်။



သူ နွေဦးသစ်ရွက်လေးရဲ့ ဝမ်းနည်းကြေကွဲမှု ၊ ဒေါသထွက်မှု၊ စိတ်ဓာတ်ကျမှုတွေကို ခံစားမိနေပါတယ်။



“သူမကပြောပါတယ်။ သူမအမှားပါလို့။ သူမ တစ်ကယ်ကို တုံးအခဲ့တာပါလို့။ ကျွန်တော်မျိုး သူမရဲ့ အဖေရဲ့ အမှား မဟုတ်ပါဘူးဆိုပြီးတော့။ သူမတစ်ကယ်ကို သဘောတူခဲ့တာပါဆိုပြိးတော့။”

Blacktooth လုံး၀ ကြေကွဲစွာ ဆက်ပြောပါတယ်။

“သူမအတွက် သခင်လေးကို မလိုအပ်ဘူးလို့ ပြောပါတယ်။ သခင်လေး အကြောင်းစုံသိသွားရင် စိတ်ညစ်ပြီး ဝမ်းနည်းကြေကွဲမှု ခံစားရတာကို သူမ မမြင်ချင်ခဲ့ပါဘူး။ ဒါကြောင့် သူမ ဒီ လူငယ် ကုန်သည် ဇာတ်လမ်းကို ဖန်တီး ရေးသားခဲ့ပါတယ်။ သူမပေးတဲ့ စာထဲမှာ ဒီကြောင်း အပြည့်အစုံရေးထားပါတယ်။ ”


“ကျွန်တော်မျိုးကို စာပေးပြီးတဲ့ နောက်မှာ မီဝှားအဆိပ်သောက် သေဆုံးသွားပါတော့တယ်။ ကျွန်တော်မျိုး သမီးလေး ဘယ်လောက်တောင် ခံစားခဲ့ရလည်းဆိုတာကို နားလည်ပါတယ်။ သေဆုံးတာဟာ လွတ်မြောက်သွားခြင်းတမျိုးပါပဲ။ သူမ သေဆုံးခါနီးမှာ သခင်လေးနာမည်ကို တတွတ်တွတ် ရွတ်သွားပါတယ်။ သူမသေဆုံးသွားတာ သခင်လေးကို မသိစေချင်မိပါဘူး။”

Blacktooth အသံတိုးတိုးလေးနဲ့ ပြောလိုက်ပါတယ်။



နင် ညင်ညင်သာသာ ခေါင်းညိတ်လိုက်ပါတယ်။



သူနားလည်ပါတယ်။



နွေဦးမြက်ကလေး ဒီလောက် နှစ်ရှည်လများ အတူနေလာတာ သူဘယ်လိုလုပ် နားမလည်ပဲ နေမလည်း။



သူမက နင်ရဲ့ ရင်ထဲမှာ ပျော်ရွှင်နေတဲ့ နွေဦးမြက်ကလေးပဲ ရှိနေစေချင်တာ။ သူမခံစားခဲ့ရတဲ့ ဒဏ်ရာတွေကို နင် မသိစေချင်ဘူး။



“မိန်းကလေးတိုင်းမှာ ကောင်းကင်က သတ်မှတ်ထားတဲ့ ဖူးစာဖက် တစ်ယောက်စီတော့ ရှိပါတယ်။ ကျွန်မ သူ့ကိုတွေ့တွေ့ချင်း သူဟာ ဒီတစ်ယောက်ပဲလို့ သိလိုက်တယ်။ ကျွန်မ သူပြုံးတာ မြင်ရရင် ကျွန်မလည်း ပျော်ရွှင်တယ်။ သူ မျက်မှောင်ကြုတ်တာမြင်ရရင် စိတ်ပူမိတယ်။ သူ ဓားသိုင်းကို ကြိုးကြိုးစားစား လေ့ကျင့်နေတဲ့ အချိန်ဆိုရင် ကျွန်မ ဘေးမှ ရပ်ပြီးတော့ ကြည့်နေမိတယ်။ သူ့ကို ကြည့်ခွင့်ရတာကိုက ကောင်းကင်ရဲ့ ဆုလာဘ် တစ်ပါးပါပဲ။”


“ကျွန်မ အရမ်းအရမ်းကို ပျော်ရွှင်ပါတယ်။ လှိုက်လှိုက်လှဲလှဲကို ဝမ်းသာပါတယ်။ နွေဦးမြက်လေးဟာ အခြွေအရံလေး တစ်ယောက်သာပါ။ သူ့အတွက် သခင်လေးကိုယ်တိုင် Blacktooth မျိုးနွယ်စုကို လာလည်တယ်ဆိုတာ …. အနည်းဆုံးတော့ သခင်လေးရဲ့ နှလုံးသားထဲမှာ နွေဦးမြက်ကလေးအတွက် ကိုယ်ပိုင်နေရာသေးသေးလေးတစ်ခုတော့ ရှိနေတာ သေချာပါပြီ။ နွေဦးမြက်ကလေးလေ အရမ်းအရမ်းကို ပျော်ရွှင်ရပါတယ်။”



နင်မျက်စိဖွင့်လိုက်တဲ့အခါမှာ မျက်ရည်စလေးတွေပါ မျက်ဝန်းမှာ ရှိနေပါတယ်။



သူ တိတ်တဆိတ် သူ့ရှေ့က အုတ်ဂူဆီကို လျှောက်သွားပါတယ်။ လက်ထဲမှာ ဝါးခွက်လေးတစ်ခွက်ကို  ကိုင်ထားပြီးတော့ တိုးတိုးလေး ပြောလိုက်ပါတယ်။ 
“နွေဦးမြက်ကလေးရေ.. မင်းအမြဲတမ်း ငါ့ကို အရက် ငှဲ့ပေးခဲ့တယ်။ ဒီတစ်ခေါက်တော့ ငါအရက် ငှဲ့ပေးပါရစေ။”

လက်ထဲက အရက်ခွက်က အရက်တွေဟာ အုတ်ဂူရှေ့ကို ဖြည်းဖြည်းချင်း ကျလာပါတယ်။



“ငါနားလည်ပါတယ်။ ငါ နားလည်ပါတယ်။ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေတဲ့ နွေဦးမြက်ကလေးပါ။ ထာဝရ ပျော်ရွှင်နေတာပါ။”


“မင်းရဲ့ တုံးအမှုဟာ ချစ်စရာကောင်းပါတယ်။”



နင်ဟာ ၇ယ်မောနေပါတယ်။ ဒါပေမဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေပါတယ်။
“မင်းဘာဖြစ်ခဲ့လည်းဆိုတာ ငါနားလည်ပါတယ်။ ဒါပေမဲ့ ငါမင်းကို နှိမ့်ချ အပြစ်မတင်ပါဘူး။ ဘယ်လိုလုပ် မောင်ငယ် က အမကြီးကို အပြစ်တင် နှိမ့်ချရဲမှာလည်း။ တခါတရံမှာ အမကြီးက တုံးအ နေတတ်ပေမဲ့လည်း … မင်းက ထာဝရ  ငါ ဂျိနင်ရဲ့ အမကြီး တစ်ယောက်ပါပဲ။”



အမကြီး ဆိုတဲ့ စကားကို ကြားတော့ အနီးက ဆောင်းဦးသစ်ရွက်လေးလည်း နှုတ်ခမ်းတွေ တုန်လာပြီးတော့ ရှိုက်ငိုလိုက်ပါတယ်။


“အမ.. အရမ်း အရမ်းပင်ပန်းနေပြီနော်။ အိပ်လိုက်ပါ.. အိပ်လိုက်ပါနော်…. ကောင်းကောင်းမွန်မွန် အိပ်စက် အနားယူလိုက်ပါ။”

နင် ညင်သာစွာ ပြောလိုက်ပါတယ်။

“အမကို အနိုင်ကျင့်ခဲ့တဲ့သူတွေ ၊ ကြေကွဲဝမ်းနည်းစေခဲ့တဲ့သူတွေ.. ကျွန်တော် တစ်ယောက်မှ အသက်ရှင် ချန်မထားဘူး.. တစ်ယောက်မှ..”



“သွားကြမယ်..”



နင် ဝါးအရက်ခွက်လေးကို ဘေးမှာ ချလိုက်ပြီးတော့ မတ်တပ်ရပ်လိုက်ပါတယ်။

“မြစ်ကမ်းဘေး မျိုးနွယ်စုကို သွားကြစို့။ ငါ ဒီ မြစ်တန်ခိုးရှင်ဟီနဲ့ တွေ့မှရမယ်။!!”







Chapter 9 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 10 မြို့တံတိုင်းပြိုသွားခြင်း







Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…












Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)