ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 11 မ်ိဳးႏြယ္ အတြက္


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 11 မ်ိဳးႏြယ္ အတြက္

လမ္းမေပၚက အပ်က္အစီး ပံုေတြေပၚမွာ မတ္တပ္ရပ္ရင္းနဲ႕ အန္တီစႏိုးက ေျပာလိုက္ပါတယ္..
“သခင္ေလး ဂ်ိနင္.. ျမစ္တန္ခိုးရွင္ ဟီက သခင္ေလးကို အျပစ္ျပဳမိလို႕ ေသသင့္ပါတယ္။ ဒါေပမဲ့ သူက အရမ္းကို ငယ္ရြယ္ေသးလို႕ အနာဂတ္ ရွိေသးတဲ့အတြက္ တစ္ခါေလာက္မ်ား ခြင့္လႊတ္ေပးပါလား ရွင္။”
မ်ိဳးႏြယ္စုေတြၾကား အင္အားျပိဳင္မႈေတြမွာ အေရးၾကီးတဲ့ ပုဂိၢိဳလ္ေတြ အဖမ္းခံရခဲ့ရင္ ေတာင္းတဲ့ ရတနာပမာဏကို ညွိႏႈိင္းျပီးေတာ့ အဖမ္းခံရသူကို ျပန္ေရြးလို႕ ရပါတယ္။

နင္ ဘာမွ မေျပာပဲ သူမကို ေအးစက္စက္ စိုက္ၾကည့္လိုက္ပါတယ္။

အန္တီ စႏိုး မ်က္ေမွာင္ၾကဳတ္လိုက္ပါတယ္။ ဂ်ိသခင္ေလးရဲ့ ႏွလံုးသားကို ေျပာင္းလဲလို႕ မရႏိုင္မွန္း နားလည္လိုက္ပါတယ္။

“ဘာျဖစ္တာလဲ?”

“ဘာလို႕ ျမိဳ႕တံခါးက ပ်က္စီးသြားတာလည္း?”

“ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုမွာ ဘာျဖစ္ေနတာလဲ မသိဘူး။”

“ဟာ.. ဟိုနားက လူငယ္ေလးကို အနက္ေရာင္ ျမင္းစီးသူရဲေတြ ျခံရံထားပါလား။ သူက ဂ်ိကလန္က အေရးၾကီးတဲ့ ပုဂိၢဳလ္တစ္ေယာက္ ျဖစ္မယ္။”
ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုကို ကုန္ကူးဖို႕ ေရာက္လာၾကသူေတြ အခ်င္းခ်င္း တီးတိုး စကားေျပာေနၾကပါတယ္။

ဒါကို အန္တီ စႏိုးက ျမင္ေတာ့ ေအာ္ေဟာက္လိုက္ပါတယ္။
“ၾကည့္ေနတဲ့ သူေတြကို ေမာင္းထုတ္လိုက္စမ္း။”

“ဟုတ္ကဲ..!!!!”
ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုက ရဲမက္ေတြက ခ်က္ျခင္း ထြက္သြားျပီးေတာ့ အနီးမွာ ၾကည့္ေနတဲ့ သူေတြအကုန္လံုးကို ေမာင္းထုတ္လိုက္ၾကပါတယ္။

“သြားၾကစမ္း။ သြားၾကစမ္း။”

“သြားၾကစမ္း။ သြားၾကစမ္း။”

ရဲမက္ေတြ တစ္စုျပီး တစ္စု လက္နက္ အသင့္ နဲ႕ ေျပးထြက္လာ ၾကပါတယ္။  ေခါင္းေဆာင္ကေတာ့ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုရဲံ့ ရာထူးေတာ္ေတာ္ျမင့္တဲ့ စစ္သူရဲ တစ္ဦးပါ။ သူတို႕ေတြက ခုနက ဆူညံသံေတြေၾကာင့္ ခ်က္ျခင္း လူစုျပီး ထြက္လာၾကတာပါ။

“အဘြား စႏိုး”
ဆံပင္ျဖဴေနတဲ့ စစ္သူရဲေခါင္းေဆာင္က အန္တီစႏိုးကို ေလးေလးစားစား ႏႈတ္ဆက္လိုက္ပါတယ္။

အန္တီစနိုးက သူ႕ကို တစ္ခ်က္ၾကည့္လိုက္ပါတယ္။

ရဲမက္ အဖြဲ႕ေတြ တစ္ဖြဲ႕ျပီး တစ္ဖြဲ႕ ေရာက္လာၾကပါျပီ။ သူတို႕ေတြက ဒီမ်ိဳးႏြယ္ရဲ့ အဓိက တပ္ဖြဲ႕ေတြပါ။

“ရႊစ္”
အနက္ေရာင္ အရိပ္ၾကီး တစ္ခုလည္း အရမ္းျမန္တဲ့ အရွိန္နဲ႕ ခ်ဥ္းကပ္လာတာ စစ္သူရဲေတြနဲ႕ တျဖည္းျဖည္း နီးကပ္လာပါတယ္။ စစ္သူရဲေတြက အနက္ေရာင္ အရိပ္ၾကီးကို ၀ိုင္းတားဖို႕ ၾကိဳးစားလိုက္ေပမဲ့ အရိပ္ၾကီးက ဘယ္သူလဲဆိုတာ ျမင္လိုက္ရတဲ့အခါမွ သူတို႕ေတြ ရပ္တန္႕ ႏႈတ္ဆက္လိုက္ၾကပါတယ္။

“ကလန္ေခါင္းေဆာင္ၾကီး!!!”

ျမစ္တန္ခိုးရွင္ ဆန္စီ မ်က္ႏွာက တင္းမာေနျပီးေတာ့ လက္ထဲမွာ ရုပ္ရည္ ခန္႕ညားတဲ့ လူငယ္တစ္ေယာက္ကို ဖမ္းထားပါတယ္။ သူက လူအုပ္ကို ျဖတ္ေလွ်ာက္လာပါတယ္။ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုက အဓိပတိ စစ္သူရဲေတြဟာ ဒီ အခ်င္းအရာကို ျမင္ေတာ့ စဥ္းစားရ က်ပ္ကုန္ပါတယ္။ ျမစ္တန္ခိုးရွင္ ဟီ ဟာ ျမစ္တန္ခိုးရွင္ ဆန္စီရဲ့ အေလးေပးခံရဆံုး ေျမးတစ္ေယာက္ပါ။ သူ႕ရဲ့ ရာထူးဟာ မ်ိဳးႏြယ္စုမွာ အဆင့္ ၁- ၁၀ အတြင္းမွာ ပါ၀င္ပါတယ္။ ကလန္ေခါင္းေဆာင္ၾကီးက သူ႕ကို ဘာလို႕ ဖမ္းလာတာပါလိမ့္?

“ရႊစ္..”
ျမစ္တန္ခိုးရွင္ ဆန္စီက သူ႕ကို ပစ္ေပါက္လိုက္ပါတယ္။

ျမစ္တန္ခိုးရွင္ ဟီဟာ ေက်ာက္ပံုေပၚကို မ်က္ႏွာအပ္ ျပဳတ္က်သြားျပီးေတာ့ တစ္ကိုယ္လံုး ဖံုအလိမ္းလိမ္းနဲ႕ မ်က္ႏွာမွာ အညိုအမဲ စြဲသြားပါေတာ့တယ္။ သူခ်က္ျခင္းမတ္တပ္ရပ္ျပီးေတာ့ သူ႕၀န္းက်င္ကို ေလ့လာလိုက္ပါတယ္။ အဲ့ဒီမွာ သူ အနက္ေရာင္ စစ္သူရဲေတြ ျခံရံထားတဲ့ သားေမြး၀တ္ထားတဲ့ လူငယ္ေလးကို ေတြ႕လိုက္ပါတယ္။

“သခင္ေလး ဂ်ိနင္ ကၽြန္ေတာ္ သူ႕ကို သခင္ေလးလက္ထဲ အပ္ပါတယ္။”
ျမစ္တန္ခုိးရွင္ ဆန္စီက အန္တီ စႏိုးနဲ႕ အတူတူ ရပ္ေနလိုက္ပါတယ္။

“မင္းက ျမစ္တန္ခိုးရွင္ ဟီ လား?”
သူ သနားစရာ ေႏြဦးျမက္ပင္ေလး အေၾကာင္းကို စဥ္းစားမိသြားျပီးေတာ့ သတ္ျဖတ္ခ်င္စိတ္ေတြ တျဖည္းျဖည္းတိုးပြားလာပါေတာ့တယ္။

ျမစ္တန္ခိုးရွင္ ဟီက ဂ်ိသခင္ေလး ကိုယ္ကေနျပီးေတာ့ လႊမ္းမိုးႏိုင္ျပီး အစြမ္းထက္တဲ့ အေငြ႕အသက္ေတြ ျဖာထြက္ေနတာ သတိထားမိသြားပါတယ္။ ဒီ သခင္ေလး ဂ်ိ ေရွ႕ေမွာက္မွာ ကလန္ ေခါင္းေဆာင္ၾကီးေကာ အဖြား စႏိုးပါ ဦးညြတ္ ေနၾကရပါတယ္။

“ကၽြန္ေတာ္မ်ိဳး တန္ခိုးရွင္ ဟီ သခင္ေလးကို အရိုအေသျပဳပါတယ္။”
ျမစ္တန္ခိုးရွင္ ဟီ က အရိုအေသ ေပးလိုက္ပါတယ္။

“ျမစ္တန္ခိုးရွင္ ဟီ ၊ ျမစ္တန္ခိုးရွင္ ဟီ….. ”
နင္ တီးတိုး ေရရြတ္လိုက္ပါတယ္။ သူ႕အၾကည့္ေတြဟာ ဓားေတြလို ထက္ျမက္ေနပါတယ္။
“မင္း ဘာလို႕ ငါလာရွာတာလည္း သိတယ္ မဟုတ္လား။”

နင့္ အသံက အရမ္းကို ညင္သာေနပါတယ္။

ဒါေပမဲ့ ဒီအသံကို ၾကားလိုက္ရတဲ့ ျမစ္တန္ခိုးရွင္ ဟီက ႏွလံုးသားထဲထိ ေအးစိမ့္သြားပါတယ္။ သူ ဂ်ိနင္ရဲ့ အသံထဲမွာ သတ္ျဖတ္ခ်င္စိတ္ေတြ အရမ္္းကို ျပင္းထန္ေနတာ ခံစားမိလိုက္လို႕ပါ။

“ကၽြန္ေတာ္မ်ိဳး မသိပါဘူး ခင္ဗ်ာ။ သခင္ေလး ဂ်ိနင္က ကၽြန္ေတာ့ကို လာသတ္တာလားခင္ဗ်ာ။”
ျမစ္တန္ခိုးရွင္ ဟီ ဂ်ိနင္ကို ၾကည့္ျပီးေတာ့ ေမးလိုက္ပါတယ္။

“ဟုတ္တယ္”
နင္ ေခါင္းညိတ္လိုက္ပါတယ္။

အသံေတြ လံုး၀ တိတ္ဆိတ္သြားပါတယ္။

ျမစ္တန္ခိုးရွင္ ဆန္စီနဲ႕ အန္တီ စႏိုးတို႕ ၾကည့္ေနၾကပါတယ္။ က်န္တဲ့ ျမစ္ကမ္းေဘး ကလန္က အၾကီးအကဲေတြလည္း အေျခအေနကို ၾကည့္ေနၾကပါတယ္။ ဒီသခင္ေလး ဂ်ိနင္မွာ အေျခအေန အကုန္လံုးကို ေျပာင္းလဲႏိုင္တဲ့ အစြမ္းရွိေနတာကို အကုန္လံုး နားလည္ၾကပါတယ္။ ကလန္ ေခါင္းေဆာင္ေတာင္မွ ဦးညြတ္ခဲ့ရတာ။ ျပီးေတာ့ ဂ်ိနင္ရဲ့ ျမစ္တန္ခိုးရွင္ ဟီကို သတ္ျဖတ္ခ်င္စိတ္က အရမ္းကို ျပင္းထန္ေနတယ္။ အကုန္လံုးဟာ သက္ျပင္းပဲ ခ်မိလိုက္ၾကပါတယ္။ အရမ္းကို အလားအလာေကာင္းတဲ့ ျမစ္တန္ခိုးရွင္ ဟီ ဟာ ဒီေန႕ေတာ့ ေသရေတာ့မွာပါ။

“သခင္ေလး ဂ်ိနင္သာ ကၽြန္ေတာ္မ်ိဳးကို သတ္ခ်င္ရင္ ကၽြန္ေတာ္မ်ိဳး အသက္ေပး၀ံ့ပါတယ္။ ”
ျမစ္တန္ခိုးရွင္ ဟီရဲ့ ခန္႕ညားတဲ့ မ်က္ႏွာဟာ တစ္ခ်က္ေလးမွာ ေၾကာက္လန္႕ေနပံု မေပၚပါဘူး။
“ဒါေပမဲ့ သခင္ေလး ကၽြန္ေတာ့္ကို ဘာလို႕ သတ္တာလည္းဆိုတာ မသိရပါဘူး။”

“ငါက မင္းကို ဘာလို႕ လာသတ္ရတာလည္း။??”
နင္ သူ႕ကို ၾကည့္လိုက္ပါတယ္။

နင္ရဲ့ လက္ထဲမွာ ဒက္ေနာ့ ဓားတစ္ေခ်ာင္း ေပၚလာပါတယ္။ အရမ္းကို ျပင္းထန္တဲ့ ဓားေရာင္ဟာ တစ္ခ်က္လက္သြားျပီးေတာ့ ဓားခ်က္ ျမစ္တန္ခိုးရွင္ ဟီကိုယ္ေပၚကို က်လာပါတယ္။ ျမစ္တန္ခိုးရွင္ ဟီ တစ္ခ်က္ေလးမွ တိမ္းမေရွာင္လိုက္ပါဘူး။ အနီးက အန္တီ စႏိုးနဲ႕ ျမစ္တန္ခိုးရွင္ ဆန္စီက လည္း တိတ္တိတ္ေလး ရပ္ၾကည့္ေနပါတယ္။ ဂ်ိနင္က ျမစ္တန္ခိုးရွင္ဟီကို ဒီဓားခ်က္နဲ႕ အသက္ႏႈတ္လိုက္ရင္ေတာင္ သူတို႕ေတြ တစ္ခြန္းမွ ျပန္ေျပာမွာ မဟုတ္ပါဘူး။

ရႊစ္..ရႊစ္..ရႊစ္
ျမစ္တန္ခိုးရွင္ ဟီရဲ့ ကိုယ္ေပၚမွာ ေသြးေတြ စီးက်လာတဲ့ အေပါက္ၾကီး ၆ေပါက္ ေပၚလာပါတယ္။ သူ႕ရဲ့ ေျခ၂ ဖက္၊ ပုခံုး ၂ဖက္ နဲ႕ တျခား အသက္အႏၱရာယ္ မရွိတဲ့ ေနရာေတြမွာ အေပါက္ေတြ ျဖစ္လာျပီးေတာ့ ေသြးေတြ စီးက်လာပါတယ္။

“ဒါ…သူမ… သူမ..က ..မင္းရဲ့..”
ျမစ္တန္ခိုးရွင္ ဟီ ဂ်ိနင္ကို မယံုၾကည္ႏိုင္စြာ စိုက္ၾကည့္ေနမိပါတယ္။

“မင္း အခု နားလည္ျပီလား။”
နင္ သူ႕ကို ၾကည့္ျပီး ေျပာလိုက္ပါတယ္။

နင္ အသံုးျပဳလိုက္တဲ့ ဓားသိုင္းက ေႏြဦးသစ္ရြက္ေလး ျမစ္တန္ခိုးရွင္ ဟီနဲ႕ တိုက္ခိုက္တုန္းက သံုးခဲ့တဲ့ သိုင္းကြက္ေတြပါ။ ျမစ္တန္ခိုးရွင္ဟီရဲ့ တပည့္ေတြ တစ္၀က္ေလာက္ ေသဆံုးသြားရတဲ့ ေႏြဦးသစ္ရြက္ေလး ထုတ္သံုးခဲ့တဲ့ ဓားသိုင္းပါ။

“သခင္ေလး ဂ်ိနင္… သာမာန္ မိန္းကေလး တစ္ေယာက္ အတြက္နဲ႕၊ သခင္ေလး ကၽြန္ေတာ့္ကို သာမာန္ မိန္းကေလး တစ္ေယာက္အတြက္နဲ႕ သတ္မယ္။? မိန္းမဆိုတာ ကုန္ပစၥည္း တစ္ခုလိုပဲ။ ပိုင္ဆိုင္မႈတစ္ခုပဲ။”
ျမစ္တန္ခိုးရွင္ ဟီ လက္မခံႏိုင္စြာနဲ႕ ေအာ္ဟစ္ပါေတာ့တယ္။
“ကၽြန္ေတာ္မ်ိဳး သခင္ေလးအတြက္ အပ်ိဳေတာ္ ၁၀ ေယာက္ မက အေယာက္ ၁၀၀ ဆက္သေပးႏိိုင္ပါတယ္။ ျပီးေတာ့ သူမက ကၽြန္တစ္ေယာက္ပဲေလ။ သခင္ေလး ကၽြန္ေတာ့ကို ခ်မ္းသာေပးရင္ ကၽြန္ေတာ္မ်ိဳး သခင္ေလး ခိုင္းသမွ် သေတြမတိမ္း အကုန္လံုး ေဆာင္ရြက္ေပးပါ့မယ္ ခင္ဗ်ာ။”

“ငါ့မ်က္လံုးထဲမွာေတာ့ သူမရဲ့ ဆံပင္တစ္ပင္ေလာက္ေတာင္ မင္းအသက္က တန္ဖိုး မရွိဘူး။”

မ်က္ႏွာပ်က္သြားတဲ့ ျမစ္တန္ခိုးရွင္ဟီဟာ ရင္ဘတ္ထဲ ၀ွက္ထားတဲ့ ဓားေျမွာင္ကို ထုတ္လိုက္ပါတယ္။ သူ ေျခာက္ျခားစြာနဲ႕ ေျပာလိုက္ပါတယ္။
“သခင္ေလး ဂ်ိနင္.. ကၽြန္ေတာ္မ်ိဳး ျမစ္တန္ခိုးရွင္ ဟီ က သခင္ေလးကို အျပစ္ျပဳမိပါတယ္။ ကၽြန္ေတာ္မ်ိဳး ေသသင့္ပါတယ္။ သခင္ေလးရဲ့ လက္ကို  ကၽြန္ေတာ့္ေသြးေတြ ညစ္ပတ္ကုန္ဖို႕ မထိုက္တန္ပါဘူး။ ကၽြန္ေတာ္မ်ိဳး ကိုယ့္ကိုကုိယ္ သတ္ေသပါ့မယ္။”

သူေျပာျပီးတာနဲ႕ သူ႕ႏွလံုးသားတည့္တည့္ကို သူကိုယ္တိုင္ ဓားနဲ႕ ထိုးခ်လိုက္ပါတယ္။

“ထန္း!”

ဓားေရာင္တစ္ခ်က္ လက္သြားျပီးေတာ့ ဓားေျမာင္ အေ၀းကို လြင့္သြားပါတယ္။

“မင္း ေသတာ ဒီေလာက္လြယ္မယ္ထင္ေနတာလား။”
နင္ ျမစ္တန္ခိုးရွင္ ဟီကို ၾကည့္ေျပာလိုက္ပါတယ္။
“သူမေသတုန္းက သူမ ေၾကကြဲျခင္းေတြ၊ သေရာ္ခံရမႈေတြ ၊ အရွက္ရမႈေတြ ခံစားခဲ့ရတယ္။ မင္းကို ငါက လြယ္လြယ္နဲ႕ ေသခြင့္ေပးမယ္လို႕ ဘာလို႕ ထင္ေနရတာလည္း။”

ျမစ္တန္ခိုးရွင္ ဟီ အံကို ၾကိတ္ျပီးေတာ့ နင္ကို ၾကည့္ေနလိုက္ပါတယ္။

နင္က ေအာ္ေျပာလိုက္ပါတယ္။
“မို၀ူ”

“ဟုတ္ကဲ့ သခင္ေလး။”
မို၀ူ ခ်က္ျခင္း ေရွ႕ထြက္လာပါတယ္။

“တြဲေလာင္းခ်ျပစ္ဒဏ္!! သူ႕ကို ျ့မစ္ကမ္းေဘး ျမိဳ႕ေတာ္ရဲ့ အေပၚမွာ တြဲေလာင္းခ်ည္ထားလိုက္။”

ျမစ္တန္ခိုးရွင္ ဟီ မ်က္ႏွာ ေသြးဆုတ္ျဖဴေလ်ာ္သြားပါေတာ့တယ္။

တြဲေလာင္းခ် ျပစ္ဒဏ္ဆိုတာ အျပစ္သားကို ေျခေရာလက္ပါခ်ည္ထားျပီးေတာ့ ဘာမွ မေကၽြးပဲ ေနလွမ္းျပီး ေလထဲမွာ တြဲေလာင္း ခ်ည္ေႏွာင္ထားတဲ့ ျပစ္ဒဏ္ပါ။ ျပီးေတာ့နင္က ျမစ္တန္ခိုးရွင္ ဟီရဲ့ ခႏၶာကိုယ္မွာ အေပါက္ ေျခာက္ေပါက္ ေဖာက္ထားပါတယ္။ ျမစ္တန္ခိုးရွင္ ဟီရဲ့ အသက္ စြမ္းအင္နဲ႕ဆိုရင္ ဒီေသြးထြက္လြန္တာက သူ႕အသက္ကို မႏႈတ္ယူႏိုင္ပါဘူး။ ဒါေပမဲ့ သူ႕ကိုယ္က ထြက္လာတဲ့ ေသြးေတြက ငွက္ေတြ၊  လင္းတေတြကို ဆြဲေဆာင္ေနပါလိမ့္မယ္။ ျမစ္ကမ္းေဘး ျမိဳ႕ေတာ္ကို လာတဲ့ ငွက္ေတြ ၊ လင္းတေတြက သူ႕အေသြးအသားကို မၾကာခဏလာဆိတ္စားေသာက္ပါလိမ့္မယ္။

သူဟာ မၾကာခင္မွာ ႏွိပ္စက္ခံရျခင္း၊ ငတ္ျပတ္ျခင္းနဲ႕ နာက်င္ ေျခာက္ျခားျခင္းတို႕ကို ခံစားရျပီးေတာ့ တျဖည္းျဖည္းခ်င္း ေသဆံုးသြားပါလိမ့္မယ္။ ျပီးေတာ့ မေရမတြက္ႏိုင္တဲ့ လူေတြက သူေသဆံုးတာကို ရပ္ၾကည့္ေနပါလိမ့္မယ္။ သူ႕လို ဂုဏ္သိကၡာ ၾကီးျမင့္တဲ့ ျမစ္တန္ခိုးရွင္ ဟီအတြက္ေတာ့ ဒီလို ေသဆံုးမႈဟာ အရမ္းကို အရွက္ရဖြယ္ ေကာင္းပါတယ္။

“ဟုတ္ကဲ့..”
မို၀ူက သူ႕လက္ထဲက ၾကိဳးေတြနဲ႕ ျမစ္တန္ခိုးရွင္ဟီိကို တုပ္ေႏွာင္ပါေတာ့တယ္။ ျမစ္တန္ခိုးရွင္ က ဒူေထာက္လ်က္ ေခါင္းငိုက္စိုက္ ခ်ထားပါတယ္။ သူ အသံတစ္ခြန္းမွ မထြက္ႏိုင္ပါဘူး။

“အေဖ!!”
ေဒါသနဲ႕ ကေလးတစ္ေယာက္ ငိုေၾကြးသံထြက္ေပၚလာပါတယ္။ ကေလးငယ္ဟာ လူအုပ္ထဲကေန တိုးထြက္လာပါတယ္။

“သြားစမ္း”
ကေလးငယ္ ေျပးထြက္လာတာျမင္ေတာ့ ျမစ္တန္ခိုးရွင္ဟီ ေမာင္းထုတ္လိုက္ပါတယ္။
“သြားစမ္း!! သြားစမ္း!!”

“အေဖ”
ကေလးငယ္ဟာ ၀မ္းနည္းပက္လက္ ငိုေၾကြးေနပါတယ္။ သူ႕အေဖက သူ႕ဓားသိုင္းေလ့က်င့္တာကို တင္းတင္းက်ပ္က်ပ္ သင္ၾကားေပးေပမဲ့ သူ႕အေဖကို သူ အရမ္း ခ်စ္ပါတယ္။

ျမစ္တန္ခိုးရွင္ ဆန္စီ မ်က္ေမွာင္ၾကဳတ္လိုက္ပါတယ္။
“ကေလးကို ေခၚသြားစမ္း”

“ဟုတ္ကဲ့”
ခ်က္ျခင္းပဲ အေစာင့္၂ေယာက္က ကေလးကို ဆြဲေခၚသြားပါတယ္။ ကေလးကေတာ့ နင္ကို မုန္းတီးတဲ့ မ်က္၀န္းေတြနဲ႕ ၾကည့္ျပီး ရုန္းကန္ရင္း ပါသြားပါတယ္။

နင္က ကေလးငယ္ကို ေအးေအးေဆးေဆး ၾကည့္ေနလိုက္ပါတယ္။ သူငယ္ငယ္က သူ႕အေဖ ဂ်ိရီခၽြမ္က အခ်ဳပ္သားတစ္ခ်ိဳ႕ကို သတ္ျဖတ္ေစ ျပီးေတာ့ သတၱိရွိေအာင္သင္ၾကားေပးခဲ့တယ္။ သူ အရမ္းေၾကာက္မက္ဖြယ္ေကာင္းတဲ့ အၾကည့္ေတြကို ျမင္ဖူးျပီးသားပါ။ အေနာက္ပိုင္း ဂ်ိျမိဳ႕ေတာ္မွာ ေၾကကြဲဖြယ္ေကာင္းတဲ့ ၊ အမုန္းတရားေတြျပည့္ေနတဲ့ ကၽြန္ေစ်းၾကီးမွာလည္း သူ ဒီလို အၾကည့္ေတြ ေတြ႕ေနၾကပါ။

“သူ႕ကို ျမိဳ႕ေတာ္ရဲ့ အျမင့္ဆံုးေနရာမွာ ခ်ည္ထားလိုက္။”
မို၀ူက စ္သူရဲ ၂ေယာက္နဲ႕ ၀ုိင္းလုပ္ေပးေနပါတယ္။

ျမစ္တန္ခိုးရွင္ဟီ ဟာ ၾကိဳးအထပ္ထပ္ တုပ္ေႏွာင္ခံထားရျပီးေတာ့ သူ႕ဆံပင္ေတြဟာ ဖြာလန္က်ဲေနပါတယ္။ အနီးက ရြာသားေတြကေတာ့ သနားစရာမ်က္၀န္းနဲ႕ ၾကည့္ေနၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့ သူအျပစ္ ခံစားရတာအတြက္ ေပ်ာ္ရႊင္ေနပါတယ္။ ဒီလို ရွက္ဖြယ္ျဖစ္ရပ္ေၾကာင့္ ျမစ္တန္ခိုးရွင္ဟီ ခႏၶာကိုယ္တစ္ခုလံုး တုန္ခါေနပါတယ္။

“သခင္ေလး.. ဒီ ျမစ္တန္ခိုးရွင္ ဟီရဲ့ ကေလး… သခင္ေလး က်ဴပင္ခုတ္ရင္ က်ဴငုတ္ မက်န္ေစနဲ႕တဲ့…”
မို၀ူက နင္ကို တီးတိုးေျပာလိုက္ပါတယ္။

နင္က မို၀ူကို ေအးစက္စက္ မ်က္၀န္းနဲ႕ ၾကည့္လိုက္ပါတယ္။

မို၀ူ ခ်က္ျခင္းေခါင္းငံု႕သြားပါတယ္။ တစ္ခြန္းမွ မေျပာရဲေတာ့ပါဘူး။
“ငါ ျမစ္ကမ္းေဘး ျမိဳ႕ေတာ္မွာ ရက္နည္းနည္း ခဏေနမယ္။”
နင္က ျမစ္တန္ခိုးရွင္ ဆန္စီနဲ႕ အန္တီ စႏိုးတို႕ကို ၾကည့္လိုက္ျပီးေတာ့
“မင္းတို႕ေတြ ေထြေထြထူးထူး ဘာမွ မစီစဥ္ၾကနဲ႕။ ငါ အနက္ေရာင္ စစ္သူရဲေတြ စခန္းခ်တဲ့ ေနရာမွာ ရွိေနမယ္။ ငါ ျမစ္တန္ခိုးရွင္ ဟီ တျဖည္းျဖည္းခ်င္း ေသသြားတာကို ၾကည့္ေနမွာ။ သူေသသြားနဲ႕ ငါျပန္မယ္။”

အနားမွာ ရွိေနတဲ့ ျမစ္ကမ္းေဘးမ်ိဳးႏြယ္စုရဲ့ အၾကီးအကဲ ေတြဟာ တုန္လႈပ္သြားၾကပါတယ္။ အကုန္လံုးဟာ နင္ရဲ့ အမုန္းတရား ဘယ္ေလာက္ေတာင္  နက္ရႈိင္းေနလည္းဆိုတာ ခံစားမိပါတယ္။

…..

ပထမေတာ့ ျမစ္တန္ခိုးရွင္ ဟီအတြက္ ျပသနာသိပ္မရွိပါဘူး။ သူ ေနလွမ္းခံထားရရံုသာပါ။ ေနာက္ပိုင္းၾကေတာ့ က်ီးကန္းေတြဟာ သူ႕အေသြးအသားကို လာစားၾကပါတယ္။ သူ႕အသားဟာ ေနေလာင္ျပီးေတာ့ ေျခာက္ေသြ႕လာပါတယ္။ အေရျပားေအာက္က အသားမွ်င္ေတြ ေပၚလာပါတယ္။ သူဟာ ငရဲတမွ် နာက်င္မႈကို ခံစားေနရပါတယ္။

သူ႕ရဲ့ ကီ စြမ္းအင္ေၾကာင့္ သူ႕အသက္စြမ္းအင္ဟာ အမ်ားၾကီး ျပင္းထန္ပါတယ္။ အခုေတာ့ ဒီကိစၥဟာ သူ႕အတြက္ ၀မ္းနည္းစရာ ျဖစ္သြားပါျပီ။ သူဟာ ေနရာင္ေအာက္မွာ အေသြးအသားေတြ ေျခာက္ေသြ႕တဲ့အထိ အလွမ္းခံထားရပါတယ္။ သူ႕ရဲ့ ဒီေျခာက္ျခားဖြယ္ ရက္ေတြမွာ သူ ၂ည နဲ႕ ၃ရက္တိတိ ညည္းညဴခဲ့ျပီးေတာ့မွ သူေသဆံုးသြားပါေတာ့တယ္။

ဒီတစ္ခ်ိန္လံုးမွာ ဂ်ိနင္ဟာ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စု ျမိဳ႕ေတာ္မွာ ရွိေနပါတယ္။

အနက္ေရာင္ စစ္သူရဲေတြက ျမစ္တန္ခိုးရွင္ ဟီေသဆံုးေၾကာင္း သတင္းလာပို႕ေတာ့မွ သူ ပ်က္စီးေနတဲ့ ဟီရဲ႕ အေလာင္းကို ေအးစက္စက္ တစ္ခ်က္ ၾကည္ျပီးေတာ့ မို၀ူတို႕ကို ေခၚျပီး  ထြက္ခြာသြားပါေတာ့တယ္။

….

နင္က ျမစ္ကမ္းေဘး ျမိဳ႕ေတာ္ကေန ညဘက္ထြက္ခြားသြားတဲ့အခ်ိန္မွာ…

ျမစ္တန္ခိုးရွင္ ဆန္စီက  စားပြဲေပၚက ၀ိုင္ခြက္ကို ေအးေအးေဆးေဆး ထိုင္ေသာက္ေနပါတယ္။

ကေလးငယ္တစ္ေယာက္က ျခံ၀န္းထဲမွာ ဒူေထာက္ေနပါတယ္။

“ခ်ိဳင္.. ကေလးေလး”
ဆန္စီက ၀ိုင္ခြက္ကို တစ္က်ိဳက္ေမာ့ေသာက္လိုက္ပါတယ္။
“ငါမင္းကို တစ္ေခါက္ထပ္ေမးမယ္။ မင္း ဂ်ိသခင္ေလးကို သတ္ရဲလား။”


“ကၽြန္ေတာ္မ်ိဳး မ၀ံ့ရဲပါဘူး။ ခ်ိဳင္ မလုပ္ရဲပါဘူး။”
ဒူးေထာက္ေနတဲ့ ကေလးေလး က ေျပာလိုက္ပါတယ္။

“ေနာက္ဆံုးေတာ့လည္း..”

ျမစ္တန္ခိုးရွင္ဆန္စီက ေခါင္းကို ညိတ္လိုက္ျပီးေတာ့ ေလသံနဲ႕ ေရရြတ္လိုက္ပါတယ္။
“မင္းရဲ့ အမုန္းတရားဟာ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုအတြက္ ပ်က္စီးမႈကို ျဖစ္ေစလိမ့္မယ္။”

“အေစာင့္ေတြ!!”
ျမစ္တန္ခိုးရွင္ ဆန္စီက ေအာ္ေခၚလိုက္ပါတယ္။

“သခင္ၾကီး”
အေစာင့္ေတြ ၀င္လာျပီး ဒူးေထာက္အရိုအေသေပးလိုက္ပါတယ္။

“ေကာင္းျပီ”
ျမစ္တန္ခိုးရွင္ ဆန္စီ ေသြးေအးေအးနဲ႕ ေျပာလိုက္ပါတယ္။
“ျမစ္တန္ခိုးရွင္ ဟီရဲ့ ကၽြန္ယံုေတြ တပည့္လက္သားေတြ အကုန္လံုးကို သတ္ပစ္လိုက္ေတာ့။ တစ္ေယာက္မွ အသက္ရွင္လ်က္ ခ်န္မထားနဲ႕။ ဟီရဲ႕ မိန္းမေတြ အကုန္လံုးကို ကၽြန္ေစ်းမွာ သြားေရာင္းလိုက္။”

“ကလန္ေခါင္းေဆာင္ၾကီး”
ကေလးငယ္က ေၾကာက္လန္႕တၾကား ေအာ္ဟစ္လိုက္ပါတယ္။ မိန္းမတစ္ေယာက္က သူ႕အေမေလ။

“ျပီးေတာ့ သူ႕ကို..”
ျမစ္တန္ခိုးရွင္ ဆန္စီက ကေလးငယ္ကို ေသြးေအးေအးနဲ႕ ၾကည့္လိုက္ျပီးေတာ့
“ျမစ္တန္ခိုးရွင္ ဟီရဲ့ တစ္ဦးတည္းေသာ သား…သူ႕လည္း ကၽြန္ေစ်းမွာ သြားေရာင္းလိုက္ေတာ့။”

“အား.. မလုပ္ပါနဲ႕”

“မလုပ္ပါနဲ႕”
ကေလးငယ္က ရွိခိုျပီးေတာ့
“ေခါင္းေဆာင္ၾကီး ကၽြန္ေတာ့ကို ခ်မ္းသာေပးပါ။ ခ်မ္းသာေပးပါ။”

“အမိန္႔အတိုင္းပါ!!”
အေစာင့္ရဲမက္ေတြက ရိုရိုေသေသ အေလး ျပဳလိုက္ျပီးေတာ့ ကေလးငယ္ကို ဆြဲေခၚျပီး ထြက္သြားပါေတာ့တယ္။

ကေလးငယ္ဟာ ငိုေၾကြးျပီး ပါသြားပါတယ္။

ကၽြန္!!!

ဘာလို႕လည္း…

ဘာလို႕ ဒီလိုေတြ ျဖစ္ရတာလည္း။

ျမစ္တန္ခိုးရွင္ ဆန္စီက ငိုေၾကြးေနတဲ့ ကေလးငယ္ကို တိတ္တိ္တ္ေလး ၾကည့္ေနမိပါတယ္။

“သခင္ၾကီး.. ျမစ္တန္ခိုးရွင္ ဟီရဲ့ မိန္းမနဲ႕ ကေလးေတြကို ကၽြန္အေနနဲ႕ ေရာင္းစားဖို႕လား။”
အခန္းေထာင့္ အေမွာင္ရိပ္ က်တဲ့ ေနရာမွာ လူရိပ္တစ္ရိပ္ေပၚလာပါတယ္။

ျမစ္တန္ခိုးရွင္ ဆန္စီ ေခါင္းညိတ္လိုက္ပါတယ္။ ဟီ တြဲေလာင္းခ်ိတ္ဆြဲ ျပစ္ဒဏ္သင့္ေနတဲ့ အခ်ိန္တုန္းက ဆန္စီက လူတစ္ခ်ိဳ႕ကို ျမစ္တန္ခိုးရွင္ဟီ ဆီ တိတ္တဆိတ္ ေစလႊတ္ျပီး ျပသနာရဲ့ ရင္းျမစ္ကို ေမးျမန္းခိုင္းလိုက္ပါတယ္။ ဒီမွာမွ Blacktooth မ်ိဳးႏြယ္စုက မီ၀ွားေၾကာင့္ ဒီလိုျဖစ္ရတာကို သိသြားပါတယ္။ ဒါနဲ႕ Blacktooth ေက်းရြာအထိကို လူလႊတ္ျပီးေတာ့ ေသခ်ာေအာင္ အတည္ထပ္ျပဳလိုက္ပါေသးတယ္။ ျပီးတာနဲ႕ ဒီကိစၥ သိတဲ့ သူ႕လူေတြအကုန္လံုးကို တစ္ေယာက္မက်န္ ႏႈတ္ပိတ္သတ္ပစ္လိုက္ပါတယ္။

“ဂ်ိနင္က ေႏြဦးသစ္ရြက္ေလး အေၾကာင္းကို လူမသိေစခ်င္ဘူး။”
ျမစ္တန္ခိုးရွင္ဆန္စီက ေအးေအးေဆးေဆး ေျပာလိုက္ပါတယ္။
“ေႏြဦးျမက္ေလးက တစ္ခါတုန္းက သူဟာ ဂ်ိသခင္ေလးရဲ့ လူတစ္ေယာက္လို႕ ေျပာခဲ့ဖူးတယ္။ ဒီစကားကို ၾကားခဲ့တဲ့ လူမွန္သမွ် ေသရမယ္။”

“ျမစ္တန္ခိုးရွင္ဟီရဲ့ မိန္းမေတြကိုလည္း ငါေခၚထားစရာအေၾကာင္းမရွိဘူး။”

“ျမစ္တန္ခိုးရွင္ ဟီရဲ့ တစ္ဦးတည္းေသာ ကေလး ခ်ိဳင္.. သူက ဂ်ိနင္ကို အရမ္းမုန္းတီးေနတာ။ ငါ သူ႕ကို အၾကိမ္အမ်ားၾကီးေမးခဲ့တယ္။ သူ အျမဲတမ္း ကလဲ့စားျပန္မေခ်ဘူးေျဖခဲ့တယ္။ သူ႕လို ကေလးေပါက္စက ငါ့ကို လာညာလို႕ ရမလား။ ငါ့ အၾကည့္တစ္ခ်က္နဲ႕ သူ႕ ရင္ထဲအထိကို ျမင္ေနရတယ္။ သူ ဂ်ိနင္ကို အရိုးထဲအထိ မုန္းတီးေနတာ။”
ဆန္စီ ေခါင္းခါလိုက္ပါတယ္။
“ဒီအရြယ္ကေလးနဲ႕ သူ႕အေတြးေတြကို သူဖုံးကြယ္ထားႏိုင္ေနတာ။ တစ္ခ်ိ္္န္မွာ သူဟာ မ်ိဳးႏြယ္စုမွာ အစြမ္းထက္သူတစ္ေယာက္ျဖစ္လာခဲ့ရင္ သူ႕ရဲ့ ဂ်ိနင္ကို မုန္းတီးေနတဲ့ အမုန္းတရားေၾကာင့္ သူတစ္ခုခု လုပ္မွာပဲ။ ဒီအခါမွာ သူ႕ေၾကာင့္ ျမစ္ကမ္းေဘး တစ္မ်ိဳးႏြယ္လံုး ဖ်က္ဆီးခံရမွာကို ငါေၾကာက္တယ္။”

“ငါအခု ေဆာင္ရြက္သမွ်ဟာ ငါတို႕ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စု ဂ်ိကလန္အေပၚ သစၥာေစာင့္သိေနတယ္ဆိုတာကို သိေစခ်င္တာပဲ။”
အေမွာင္ရိပ္ထဲက လူက တိတ္တိတ္ေလးပဲ နားေထာင္ေနပါတယ္။

“ဖ်က္ဆီးသူ ၃”
ျမစ္တန္ခိုးရွင္ ဆန္စီ ေျပာလိုက္ပါတယ္။

“သခင္ၾကီး….”
အေမွာင္ထဲက လူက ျပန္ေျဖလိုက္ပါတယ္။

“ဖ်က္ဆီးသူ ၉ ကို လႊတ္လိုက္စမ္း။”
ျမစ္တန္ခိုးရွင္ဆန္စီက ေျပာလိုက္ပါတယ္။
“အေမွာင္ေလာက ကေနျပီးေတာ့ ခ်ိဳင္ကို ေခၚလိုက္ပါ။ ျပီးေတာ့ သူ႕ကို သံမဏိသစ္ပင္ ကလန္ရွိတဲ့ ေဒသထဲကို ေခၚသြားျပီးေတာ့ မ်ိဳးႏြယ္စု အေသးတစ္ခုခုကို ၀င္ခိုင္းလိုက္ပါ။ ျပီးေတာ့ သူ႕ကို ေကာင္းမြန္တဲ့ နည္းစနစ္ေတြ ေလ့လာႏိုင္ေအာင္ ေထာက္ပံ့ေပးလိုက္ပါ။ ခ်ိဳင္မွာ ပါရမီ ရွိျပီးေတာ့ အျမဲတမ္း အလုပ္ၾကိဳးစားခဲ့ရင္ သူ႕ကို ေကာင္းေကာင္းမြန္မြန္ ဆက္သင္ၾကားေပးပါ။ ခ်ိဳင္သာ သူ႕ရဲ့ အမုုန္းတရားေတြကို ေမ့သြားျပီးေတာ့ ၾကိဳးစားသင္ယူမႈ မရွိခဲ့ရင္ေတ့ာ သူ႕ကို သတ္ျပီးေတာ့ ဖ်က္ဆီးသူ ၉ကို ျပန္လာခဲ့ဖို႕ မွာလိုက္ပါ။”

“ဟုတ္ကဲ့ သခင္ၾကီး”
အေမွာင္ထဲက လူရိပ္က ေခါင္းညိတ္လိုက္ပါတယ္။

“အမုန္းတရားဟာလည္း စြမ္းအင္တစ္မ်ိဳးပဲ။”
ျမစ္တန္ခိုးရွင္ဆန္စီ တိတ္တိတ္ေလး ေရရြတ္လိုက္ပါေတာ့တယ္။

“ငါတို႕ ျမစ္ကမ္းေဘး မ်ိဳးႏြယ္ေလးက ဂ်ိကလန္နဲ႕ ယွဥ္လိုက္ရင္ အရမ္းကို အားနည္းတယ္။ အရမ္းကို အားနည္းတယ္……”





Chapter 11 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 12 Serpentwing ေရကန္သို႕




Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…




Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 11 မျိုးနွယ် အတွက်



လမ်းမပေါ်က အပျက်အစီး ပုံတွေပေါ်မှာ မတ်တပ်ရပ်ရင်းနဲ့ အန်တီစနိုးက ပြောလိုက်ပါတယ်..

“သခင်လေး ဂျိနင်.. မြစ်တန်ခိုးရှင် ဟီက သခင်လေးကို အပြစ်ပြုမိလို့ သေသင့်ပါတယ်။ ဒါပေမဲ့ သူက အရမ်းကို ငယ်ရွယ်သေးလို့ အနာဂတ် ရှိသေးတဲ့အတွက် တစ်ခါလောက်များ ခွင့်လွှတ်ပေးပါလား ရှင်။”

မျိုးနွယ်စုတွေကြား အင်အားပြိုင်မှုတွေမှာ အရေးကြီးတဲ့ ပုဂ္ဂိိုလ်တွေ အဖမ်းခံရခဲ့ရင် တောင်းတဲ့ ရတနာပမာဏကို ညှိနှိုင်းပြီးတော့ အဖမ်းခံရသူကို ပြန်ရွေးလို့ ရပါတယ်။



နင် ဘာမှ မပြောပဲ သူမကို အေးစက်စက် စိုက်ကြည့်လိုက်ပါတယ်။



အန်တီ စနိုး မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဂျိသခင်လေးရဲ့ နှလုံးသားကို ပြောင်းလဲလို့ မရနိုင်မှန်း နားလည်လိုက်ပါတယ်။


“ဘာဖြစ်တာလဲ?”



“ဘာလို့ မြို့တံခါးက ပျက်စီးသွားတာလည်း?”


“မြစ်ကမ်းဘေး မျိုးနွယ်စုမှာ ဘာဖြစ်နေတာလဲ မသိဘူး။”


“ဟာ.. ဟိုနားက လူငယ်လေးကို အနက်ရောင် မြင်းစီးသူရဲတွေ ခြံရံထားပါလား။ သူက ဂျိကလန်က အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မယ်။”

မြစ်ကမ်းဘေး မျိုးနွယ်စုကို ကုန်ကူးဖို့ ရောက်လာကြသူတွေ အချင်းချင်း တီးတိုး စကားပြောနေကြပါတယ်။



ဒါကို အန်တီ စနိုးက မြင်တော့ အော်ဟောက်လိုက်ပါတယ်။
“ကြည့်နေတဲ့ သူတွေကို မောင်းထုတ်လိုက်စမ်း။”



“ဟုတ်ကဲ..!!!!”

မြစ်ကမ်းဘေး မျိုးနွယ်စုက ရဲမက်တွေက ချက်ခြင်း ထွက်သွားပြီးတော့ အနီးမှာ ကြည့်နေတဲ့ သူတွေအကုန်လုံးကို မောင်းထုတ်လိုက်ကြပါတယ်။


“သွားကြစမ်း။ သွားကြစမ်း။”



“သွားကြစမ်း။ သွားကြစမ်း။”



ရဲမက်တွေ တစ်စုပြီး တစ်စု လက်နက် အသင့် နဲ့ ပြေးထွက်လာ ကြပါတယ်။  ခေါင်းဆောင်ကတော့ မြစ်ကမ်းဘေး မျိုးနွယ်စုရဲံ့ ရာထူးတော်တော်မြင့်တဲ့ စစ်သူရဲ တစ်ဦးပါ။ သူတို့တွေက ခုနက ဆူညံသံတွေကြောင့် ချက်ခြင်း လူစုပြီး ထွက်လာကြတာပါ။


“အဘွား စနိုး”

ဆံပင်ဖြူနေတဲ့ စစ်သူရဲခေါင်းဆောင်က အန်တီစနိုးကို လေးလေးစားစား နှုတ်ဆက်လိုက်ပါတယ်။



အန်တီစနိုးက သူ့ကို တစ်ချက်ကြည့်လိုက်ပါတယ်။



ရဲမက် အဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်လာကြပါပြီ။ သူတို့တွေက ဒီမျိုးနွယ်ရဲ့ အဓိက တပ်ဖွဲ့တွေပါ။


“ရွှစ်”

အနက်ရောင် အရိပ်ကြီး တစ်ခုလည်း အရမ်းမြန်တဲ့ အရှိန်နဲ့ ချဉ်းကပ်လာတာ စစ်သူရဲတွေနဲ့ တဖြည်းဖြည်း နီးကပ်လာပါတယ်။ စစ်သူရဲတွေက အနက်ရောင် အရိပ်ကြီးကို ဝိုင်းတားဖို့ ကြိုးစားလိုက်ပေမဲ့ အရိပ်ကြီးက ဘယ်သူလဲဆိုတာ မြင်လိုက်ရတဲ့အခါမှ သူတို့တွေ ရပ်တန့် နှုတ်ဆက်လိုက်ကြပါတယ်။



“ကလန်ခေါင်းဆောင်ကြီး!!!”



မြစ်တန်ခိုးရှင် ဆန်စီ မျက်နှာက တင်းမာနေပြီးတော့ လက်ထဲမှာ ရုပ်ရည် ခန့်ညားတဲ့ လူငယ်တစ်ယောက်ကို ဖမ်းထားပါတယ်။ သူက လူအုပ်ကို ဖြတ်လျှောက်လာပါတယ်။ မြစ်ကမ်းဘေး မျိုးနွယ်စုက အဓိပတိ စစ်သူရဲတွေဟာ ဒီ အချင်းအရာကို မြင်တော့ စဉ်းစားရ ကျပ်ကုန်ပါတယ်။ မြစ်တန်ခိုးရှင် ဟီ ဟာ မြစ်တန်ခိုးရှင် ဆန်စီရဲ့ အလေးပေးခံရဆုံး မြေးတစ်ယောက်ပါ။ သူ့ရဲ့ ရာထူးဟာ မျိုးနွယ်စုမှာ အဆင့် ၁- ၁၀ အတွင်းမှာ ပါဝင်ပါတယ်။ ကလန်ခေါင်းဆောင်ကြီးက သူ့ကို ဘာလို့ ဖမ်းလာတာပါလိမ့်?



“ရွှစ်..”

မြစ်တန်ခိုးရှင် ဆန်စီက သူ့ကို ပစ်ပေါက်လိုက်ပါတယ်။



မြစ်တန်ခိုးရှင် ဟီဟာ ကျောက်ပုံပေါ်ကို မျက်နှာအပ် ပြုတ်ကျသွားပြီးတော့ တစ်ကိုယ်လုံး ဖုံအလိမ်းလိမ်းနဲ့ မျက်နှာမှာ အညိုအမဲ စွဲသွားပါတော့တယ်။ သူချက်ခြင်းမတ်တပ်ရပ်ပြီးတော့ သူ့ဝန်းကျင်ကို လေ့လာလိုက်ပါတယ်။ အဲ့ဒီမှာ သူ အနက်ရောင် စစ်သူရဲတွေ ခြံရံထားတဲ့ သားမွေးဝတ်ထားတဲ့ လူငယ်လေးကို တွေ့လိုက်ပါတယ်။


“သခင်လေး ဂျိနင် ကျွန်တော် သူ့ကို သခင်လေးလက်ထဲ အပ်ပါတယ်။”

မြစ်တန်ခိုးရှင် ဆန်စီက အန်တီ စနိုးနဲ့ အတူတူ ရပ်နေလိုက်ပါတယ်။


“မင်းက မြစ်တန်ခိုးရှင် ဟီ လား?”

သူ သနားစရာ နွေဦးမြက်ပင်လေး အကြောင်းကို စဉ်းစားမိသွားပြီးတော့ သတ်ဖြတ်ချင်စိတ်တွေ တဖြည်းဖြည်းတိုးပွားလာပါတော့တယ်။



မြစ်တန်ခိုးရှင် ဟီက ဂျိသခင်လေး ကိုယ်ကနေပြီးတော့ လွှမ်းမိုးနိုင်ပြီး အစွမ်းထက်တဲ့ အငွေ့အသက်တွေ ဖြာထွက်နေတာ သတိထားမိသွားပါတယ်။ ဒီ သခင်လေး ဂျိ ရှေ့မှောက်မှာ ကလန် ခေါင်းဆောင်ကြီးကော အဖွား စနိုးပါ ဦးညွတ် နေကြရပါတယ်။



“ကျွန်တော်မျိုး တန်ခိုးရှင် ဟီ သခင်လေးကို အရိုအသေပြုပါတယ်။”

မြစ်တန်ခိုးရှင် ဟီ က အရိုအသေ ပေးလိုက်ပါတယ်။



“မြစ်တန်ခိုးရှင် ဟီ ၊ မြစ်တန်ခိုးရှင် ဟီ….. ”

နင် တီးတိုး ရေရွတ်လိုက်ပါတယ်။ သူ့အကြည့်တွေဟာ ဓားတွေလို ထက်မြက်နေပါတယ်။

“မင်း ဘာလို့ ငါလာရှာတာလည်း သိတယ် မဟုတ်လား။”



နင့် အသံက အရမ်းကို ညင်သာနေပါတယ်။



ဒါပေမဲ့ ဒီအသံကို ကြားလိုက်ရတဲ့ မြစ်တန်ခိုးရှင် ဟီက နှလုံးသားထဲထိ အေးစိမ့်သွားပါတယ်။ သူ ဂျိနင်ရဲ့ အသံထဲမှာ သတ်ဖြတ်ချင်စိတ်တွေ အရမ်းကို ပြင်းထန်နေတာ ခံစားမိလိုက်လို့ပါ။



“ကျွန်တော်မျိုး မသိပါဘူး ခင်ဗျာ။ သခင်လေး ဂျိနင်က ကျွန်တော့ကို လာသတ်တာလားခင်ဗျာ။”

မြစ်တန်ခိုးရှင် ဟီ ဂျိနင်ကို ကြည့်ပြီးတော့ မေးလိုက်ပါတယ်။



“ဟုတ်တယ်”

နင် ခေါင်းညိတ်လိုက်ပါတယ်။



အသံတွေ လုံး၀ တိတ်ဆိတ်သွားပါတယ်။



မြစ်တန်ခိုးရှင် ဆန်စီနဲ့ အန်တီ စနိုးတို့ ကြည့်နေကြပါတယ်။ ကျန်တဲ့ မြစ်ကမ်းဘေး ကလန်က အကြီးအကဲတွေလည်း အခြေအနေကို ကြည့်နေကြပါတယ်။ ဒီသခင်လေး ဂျိနင်မှာ အခြေအနေ အကုန်လုံးကို ပြောင်းလဲနိုင်တဲ့ အစွမ်းရှိနေတာကို အကုန်လုံး နားလည်ကြပါတယ်။ ကလန် ခေါင်းဆောင်တောင်မှ ဦးညွတ်ခဲ့ရတာ။ ပြီးတော့ ဂျိနင်ရဲ့ မြစ်တန်ခိုးရှင် ဟီကို သတ်ဖြတ်ချင်စိတ်က အရမ်းကို ပြင်းထန်နေတယ်။ အကုန်လုံးဟာ သက်ပြင်းပဲ ချမိလိုက်ကြပါတယ်။ အရမ်းကို အလားအလာကောင်းတဲ့ မြစ်တန်ခိုးရှင် ဟီ ဟာ ဒီနေ့တော့ သေရတော့မှာပါ။



“သခင်လေး ဂျိနင်သာ ကျွန်တော်မျိုးကို သတ်ချင်ရင် ကျွန်တော်မျိုး အသက်ပေးဝံ့ပါတယ်။ ”

မြစ်တန်ခိုးရှင် ဟီရဲ့ ခန့်ညားတဲ့ မျက်နှာဟာ တစ်ချက်လေးမှာ ကြောက်လန့်နေပုံ မပေါ်ပါဘူး။
“ဒါပေမဲ့ သခင်လေး ကျွန်တော့်ကို ဘာလို့ သတ်တာလည်းဆိုတာ မသိရပါဘူး။”


“ငါက မင်းကို ဘာလို့ လာသတ်ရတာလည်း။??”

နင် သူ့ကို ကြည့်လိုက်ပါတယ်။



နင်ရဲ့ လက်ထဲမှာ ဒက်နော့ ဓားတစ်ချောင်း ပေါ်လာပါတယ်။ အရမ်းကို ပြင်းထန်တဲ့ ဓားရောင်ဟာ တစ်ချက်လက်သွားပြီးတော့ ဓားချက် မြစ်တန်ခိုးရှင် ဟီကိုယ်ပေါ်ကို ကျလာပါတယ်။ မြစ်တန်ခိုးရှင် ဟီ တစ်ချက်လေးမှ တိမ်းမရှောင်လိုက်ပါဘူး။ အနီးက အန်တီ စနိုးနဲ့ မြစ်တန်ခိုးရှင် ဆန်စီက လည်း တိတ်တိတ်လေး ရပ်ကြည့်နေပါတယ်။ ဂျိနင်က မြစ်တန်ခိုးရှင်ဟီကို ဒီဓားချက်နဲ့ အသက်နှုတ်လိုက်ရင်တောင် သူတို့တွေ တစ်ခွန်းမှ ပြန်ပြောမှာ မဟုတ်ပါဘူး။



ရွှစ်..ရွှစ်..ရွှစ်

မြစ်တန်ခိုးရှင် ဟီရဲ့ ကိုယ်ပေါ်မှာ သွေးတွေ စီးကျလာတဲ့ အပေါက်ကြီး ၆ပေါက် ပေါ်လာပါတယ်။ သူ့ရဲ့ ခြေ၂ ဖက်၊ ပုခုံး ၂ဖက် နဲ့ တခြား အသက်အန္တရာယ် မရှိတဲ့ နေရာတွေမှာ အပေါက်တွေ ဖြစ်လာပြီးတော့ သွေးတွေ စီးကျလာပါတယ်။



“ဒါ…သူမ… သူမ..က ..မင်းရဲ့..”

မြစ်တန်ခိုးရှင် ဟီ ဂျိနင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိပါတယ်။



“မင်း အခု နားလည်ပြီလား။”

နင် သူ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။



နင် အသုံးပြုလိုက်တဲ့ ဓားသိုင်းက နွေဦးသစ်ရွက်လေး မြစ်တန်ခိုးရှင် ဟီနဲ့ တိုက်ခိုက်တုန်းက သုံးခဲ့တဲ့ သိုင်းကွက်တွေပါ။ မြစ်တန်ခိုးရှင်ဟီရဲ့ တပည့်တွေ တစ်ဝက်လောက် သေဆုံးသွားရတဲ့ နွေဦးသစ်ရွက်လေး ထုတ်သုံးခဲ့တဲ့ ဓားသိုင်းပါ။



“သခင်လေး ဂျိနင်… သာမာန် မိန်းကလေး တစ်ယောက် အတွက်နဲ့၊ သခင်လေး ကျွန်တော့်ကို သာမာန် မိန်းကလေး တစ်ယောက်အတွက်နဲ့ သတ်မယ်။? မိန်းမဆိုတာ ကုန်ပစ္စည်း တစ်ခုလိုပဲ။ ပိုင်ဆိုင်မှုတစ်ခုပဲ။”

မြစ်တန်ခိုးရှင် ဟီ လက်မခံနိုင်စွာနဲ့ အော်ဟစ်ပါတော့တယ်။

“ကျွန်တော်မျိုး သခင်လေးအတွက် အပျိုတော် ၁၀ ယောက် မက အယောက် ၁၀၀ ဆက်သပေးနိုင်ပါတယ်။ ပြီးတော့ သူမက ကျွန်တစ်ယောက်ပဲလေ။ သခင်လေး ကျွန်တော့ကို ချမ်းသာပေးရင် ကျွန်တော်မျိုး သခင်လေး ခိုင်းသမျှ သတွေမတိမ်း အကုန်လုံး ဆောင်ရွက်ပေးပါ့မယ် ခင်ဗျာ။”



“ငါ့မျက်လုံးထဲမှာတော့ သူမရဲ့ ဆံပင်တစ်ပင်လောက်တောင် မင်းအသက်က တန်ဖိုး မရှိဘူး။”



မျက်နှာပျက်သွားတဲ့ မြစ်တန်ခိုးရှင်ဟီဟာ ရင်ဘတ်ထဲ ဝှက်ထားတဲ့ ဓားမြှောင်ကို ထုတ်လိုက်ပါတယ်။ သူ ခြောက်ခြားစွာနဲ့ ပြောလိုက်ပါတယ်။

“သခင်လေး ဂျိနင်.. ကျွန်တော်မျိုး မြစ်တန်ခိုးရှင် ဟီ က သခင်လေးကို အပြစ်ပြုမိပါတယ်။ ကျွန်တော်မျိုး သေသင့်ပါတယ်။ သခင်လေးရဲ့ လက်ကို  ကျွန်တော့်သွေးတွေ ညစ်ပတ်ကုန်ဖို့ မထိုက်တန်ပါဘူး။ ကျွန်တော်မျိုး ကိုယ့်ကိုကိုယ် သတ်သေပါ့မယ်။”



သူပြောပြီးတာနဲ့ သူ့နှလုံးသားတည့်တည့်ကို သူကိုယ်တိုင် ဓားနဲ့ ထိုးချလိုက်ပါတယ်။


“ထန်း!”



ဓားရောင်တစ်ချက် လက်သွားပြီးတော့ ဓားမြောင် အဝေးကို လွင့်သွားပါတယ်။


“မင်း သေတာ ဒီလောက်လွယ်မယ်ထင်နေတာလား။”

နင် မြစ်တန်ခိုးရှင် ဟီကို ကြည့်ပြောလိုက်ပါတယ်။

“သူမသေတုန်းက သူမ ကြေကွဲခြင်းတွေ၊ သရော်ခံရမှုတွေ ၊ အရှက်ရမှုတွေ ခံစားခဲ့ရတယ်။ မင်းကို ငါက လွယ်လွယ်နဲ့ သေခွင့်ပေးမယ်လို့ ဘာလို့ ထင်နေရတာလည်း။”



မြစ်တန်ခိုးရှင် ဟီ အံကို ကြိတ်ပြီးတော့ နင်ကို ကြည့်နေလိုက်ပါတယ်။



နင်က အော်ပြောလိုက်ပါတယ်။

“မိုဝူ”



“ဟုတ်ကဲ့ သခင်လေး။”

မိုဝူ ချက်ခြင်း ရှေ့ထွက်လာပါတယ်။



“တွဲလောင်းချပြစ်ဒဏ်!! သူ့ကို ြ့မစ်ကမ်းဘေး မြို့တော်ရဲ့ အပေါ်မှာ တွဲလောင်းချည်ထားလိုက်။”



မြစ်တန်ခိုးရှင် ဟီ မျက်နှာ သွေးဆုတ်ဖြူလျော်သွားပါတော့တယ်။



တွဲလောင်းချ ပြစ်ဒဏ်ဆိုတာ အပြစ်သားကို ခြေရောလက်ပါချည်ထားပြီးတော့ ဘာမှ မကျွေးပဲ နေလှမ်းပြီး လေထဲမှာ တွဲလောင်း ချည်နှောင်ထားတဲ့ ပြစ်ဒဏ်ပါ။ ပြီးတော့နင်က မြစ်တန်ခိုးရှင် ဟီရဲ့ ခန္ဓာကိုယ်မှာ အပေါက် ခြောက်ပေါက် ဖောက်ထားပါတယ်။ မြစ်တန်ခိုးရှင် ဟီရဲ့ အသက် စွမ်းအင်နဲ့ဆိုရင် ဒီသွေးထွက်လွန်တာက သူ့အသက်ကို မနှုတ်ယူနိုင်ပါဘူး။ ဒါပေမဲ့ သူ့ကိုယ်က ထွက်လာတဲ့ သွေးတွေက ငှက်တွေ၊  လင်းတတွေကို ဆွဲဆောင်နေပါလိမ့်မယ်။ မြစ်ကမ်းဘေး မြို့တော်ကို လာတဲ့ ငှက်တွေ ၊ လင်းတတွေက သူ့အသွေးအသားကို မကြာခဏလာဆိတ်စားသောက်ပါလိမ့်မယ်။



သူဟာ မကြာခင်မှာ နှိပ်စက်ခံရခြင်း၊ ငတ်ပြတ်ခြင်းနဲ့ နာကျင် ခြောက်ခြားခြင်းတို့ကို ခံစားရပြီးတော့ တဖြည်းဖြည်းချင်း သေဆုံးသွားပါလိမ့်မယ်။ ပြီးတော့ မရေမတွက်နိုင်တဲ့ လူတွေက သူသေဆုံးတာကို ရပ်ကြည့်နေပါလိမ့်မယ်။ သူ့လို ဂုဏ်သိက္ခာ ကြီးမြင့်တဲ့ မြစ်တန်ခိုးရှင် ဟီအတွက်တော့ ဒီလို သေဆုံးမှုဟာ အရမ်းကို အရှက်ရဖွယ် ကောင်းပါတယ်။



“ဟုတ်ကဲ့..”

မိုဝူက သူ့လက်ထဲက ကြိုးတွေနဲ့ မြစ်တန်ခိုးရှင်ဟီကို တုပ်နှောင်ပါတော့တယ်။ မြစ်တန်ခိုးရှင် က ဒူထောက်လျက် ခေါင်းငိုက်စိုက် ချထားပါတယ်။ သူ အသံတစ်ခွန်းမှ မထွက်နိုင်ပါဘူး။



“အဖေ!!”

ဒေါသနဲ့ ကလေးတစ်ယောက် ငိုကြွေးသံထွက်ပေါ်လာပါတယ်။ ကလေးငယ်ဟာ လူအုပ်ထဲကနေ တိုးထွက်လာပါတယ်။


“သွားစမ်း”

ကလေးငယ် ပြေးထွက်လာတာမြင်တော့ မြစ်တန်ခိုးရှင်ဟီ မောင်းထုတ်လိုက်ပါတယ်။
“သွားစမ်း!! သွားစမ်း!!”



“အဖေ”

ကလေးငယ်ဟာ ဝမ်းနည်းပက်လက် ငိုကြွေးနေပါတယ်။ သူ့အဖေက သူ့ဓားသိုင်းလေ့ကျင့်တာကို တင်းတင်းကျပ်ကျပ် သင်ကြားပေးပေမဲ့ သူ့အဖေကို သူ အရမ်း ချစ်ပါတယ်။



မြစ်တန်ခိုးရှင် ဆန်စီ မျက်မှောင်ကြုတ်လိုက်ပါတယ်။

“ကလေးကို ခေါ်သွားစမ်း”



“ဟုတ်ကဲ့”

ချက်ခြင်းပဲ အစောင့်၂ယောက်က ကလေးကို ဆွဲခေါ်သွားပါတယ်။ ကလေးကတော့ နင်ကို မုန်းတီးတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြီး ရုန်းကန်ရင်း ပါသွားပါတယ်။



နင်က ကလေးငယ်ကို အေးအေးဆေးဆေး ကြည့်နေလိုက်ပါတယ်။ သူငယ်ငယ်က သူ့အဖေ ဂျိရီချွမ်က အချုပ်သားတစ်ချို့ကို သတ်ဖြတ်စေ ပြီးတော့ သတ္တိရှိအောင်သင်ကြားပေးခဲ့တယ်။ သူ အရမ်းကြောက်မက်ဖွယ်ကောင်းတဲ့ အကြည့်တွေကို မြင်ဖူးပြီးသားပါ။ အနောက်ပိုင်း ဂျိမြို့တော်မှာ ကြေကွဲဖွယ်ကောင်းတဲ့ ၊ အမုန်းတရားတွေပြည့်နေတဲ့ ကျွန်ဈေးကြီးမှာလည်း သူ ဒီလို အကြည့်တွေ တွေ့နေကြပါ။



“သူ့ကို မြို့တော်ရဲ့ အမြင့်ဆုံးနေရာမှာ ချည်ထားလိုက်။”

မိုဝူက စ်သူရဲ ၂ယောက်နဲ့ ဝိုင်းလုပ်ပေးနေပါတယ်။



မြစ်တန်ခိုးရှင်ဟီ ဟာ ကြိုးအထပ်ထပ် တုပ်နှောင်ခံထားရပြီးတော့ သူ့ဆံပင်တွေဟာ ဖွာလန်ကျဲနေပါတယ်။ အနီးက ရွာသားတွေကတော့ သနားစရာမျက်ဝန်းနဲ့ ကြည့်နေကြပါတယ်။ တစ်ချို့ကတော့ သူအပြစ် ခံစားရတာအတွက် ပျော်ရွှင်နေပါတယ်။ ဒီလို ရှက်ဖွယ်ဖြစ်ရပ်ကြောင့် မြစ်တန်ခိုးရှင်ဟီ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေပါတယ်။



“သခင်လေး.. ဒီ မြစ်တန်ခိုးရှင် ဟီရဲ့ ကလေး… သခင်လေး ကျူပင်ခုတ်ရင် ကျူငုတ် မကျန်စေနဲ့တဲ့…”

မိုဝူက နင်ကို တီးတိုးပြောလိုက်ပါတယ်။



နင်က မိုဝူကို အေးစက်စက် မျက်ဝန်းနဲ့ ကြည့်လိုက်ပါတယ်။



မိုဝူ ချက်ခြင်းခေါင်းငုံ့သွားပါတယ်။ တစ်ခွန်းမှ မပြောရဲတော့ပါဘူး။

“ငါ မြစ်ကမ်းဘေး မြို့တော်မှာ ရက်နည်းနည်း ခဏနေမယ်။”

နင်က မြစ်တန်ခိုးရှင် ဆန်စီနဲ့ အန်တီ စနိုးတို့ကို ကြည့်လိုက်ပြီးတော့

“မင်းတို့တွေ ထွေထွေထူးထူး ဘာမှ မစီစဉ်ကြနဲ့။ ငါ အနက်ရောင် စစ်သူရဲတွေ စခန်းချတဲ့ နေရာမှာ ရှိနေမယ်။ ငါ မြစ်တန်ခိုးရှင် ဟီ တဖြည်းဖြည်းချင်း သေသွားတာကို ကြည့်နေမှာ။ သူသေသွားနဲ့ ငါပြန်မယ်။”



အနားမှာ ရှိနေတဲ့ မြစ်ကမ်းဘေးမျိုးနွယ်စုရဲ့ အကြီးအကဲ တွေဟာ တုန်လှုပ်သွားကြပါတယ်။ အကုန်လုံးဟာ နင်ရဲ့ အမုန်းတရား ဘယ်လောက်တောင်  နက်ရှိုင်းနေလည်းဆိုတာ ခံစားမိပါတယ်။



…..



ပထမတော့ မြစ်တန်ခိုးရှင် ဟီအတွက် ပြသနာသိပ်မရှိပါဘူး။ သူ နေလှမ်းခံထားရရုံသာပါ။ နောက်ပိုင်းကြတော့ ကျီးကန်းတွေဟာ သူ့အသွေးအသားကို လာစားကြပါတယ်။ သူ့အသားဟာ နေလောင်ပြီးတော့ ခြောက်သွေ့လာပါတယ်။ အရေပြားအောက်က အသားမျှင်တွေ ပေါ်လာပါတယ်။ သူဟာ ငရဲတမျှ နာကျင်မှုကို ခံစားနေရပါတယ်။



သူ့ရဲ့ ကီ စွမ်းအင်ကြောင့် သူ့အသက်စွမ်းအင်ဟာ အများကြီး ပြင်းထန်ပါတယ်။ အခုတော့ ဒီကိစ္စဟာ သူ့အတွက် ဝမ်းနည်းစရာ ဖြစ်သွားပါပြီ။ သူဟာ နေရာင်အောက်မှာ အသွေးအသားတွေ ခြောက်သွေ့တဲ့အထိ အလှမ်းခံထားရပါတယ်။ သူ့ရဲ့ ဒီခြောက်ခြားဖွယ် ရက်တွေမှာ သူ ၂ည နဲ့ ၃ရက်တိတိ ညည်းညူခဲ့ပြီးတော့မှ သူသေဆုံးသွားပါတော့တယ်။



ဒီတစ်ချိန်လုံးမှာ ဂျိနင်ဟာ မြစ်ကမ်းဘေး မျိုးနွယ်စု မြို့တော်မှာ ရှိနေပါတယ်။



အနက်ရောင် စစ်သူရဲတွေက မြစ်တန်ခိုးရှင် ဟီသေဆုံးကြောင်း သတင်းလာပို့တော့မှ သူ ပျက်စီးနေတဲ့ ဟီရဲ့ အလောင်းကို အေးစက်စက် တစ်ချက် ကြည်ပြီးတော့ မိုဝူတို့ကို ခေါ်ပြီး  ထွက်ခွာသွားပါတော့တယ်။



….



နင်က မြစ်ကမ်းဘေး မြို့တော်ကနေ ညဘက်ထွက်ခွားသွားတဲ့အချိန်မှာ…



မြစ်တန်ခိုးရှင် ဆန်စီက  စားပွဲပေါ်က ဝိုင်ခွက်ကို အေးအေးဆေးဆေး ထိုင်သောက်နေပါတယ်။



ကလေးငယ်တစ်ယောက်က ခြံဝန်းထဲမှာ ဒူထောက်နေပါတယ်။



“ချိုင်.. ကလေးလေး”

ဆန်စီက ဝိုင်ခွက်ကို တစ်ကျိုက်မော့သောက်လိုက်ပါတယ်။
“ငါမင်းကို တစ်ခေါက်ထပ်မေးမယ်။ မင်း ဂျိသခင်လေးကို သတ်ရဲလား။”





“ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ ချိုင် မလုပ်ရဲပါဘူး။”

ဒူးထောက်နေတဲ့ ကလေးလေး က ပြောလိုက်ပါတယ်။



“နောက်ဆုံးတော့လည်း..”



မြစ်တန်ခိုးရှင်ဆန်စီက ခေါင်းကို ညိတ်လိုက်ပြီးတော့ လေသံနဲ့ ရေရွတ်လိုက်ပါတယ်။

“မင်းရဲ့ အမုန်းတရားဟာ မြစ်ကမ်းဘေး မျိုးနွယ်စုအတွက် ပျက်စီးမှုကို ဖြစ်စေလိမ့်မယ်။”


“အစောင့်တွေ!!”

မြစ်တန်ခိုးရှင် ဆန်စီက အော်ခေါ်လိုက်ပါတယ်။


“သခင်ကြီး”

အစောင့်တွေ ဝင်လာပြီး ဒူးထောက်အရိုအသေပေးလိုက်ပါတယ်။


“ကောင်းပြီ”

မြစ်တန်ခိုးရှင် ဆန်စီ သွေးအေးအေးနဲ့ ပြောလိုက်ပါတယ်။

“မြစ်တန်ခိုးရှင် ဟီရဲ့ ကျွန်ယုံတွေ တပည့်လက်သားတွေ အကုန်လုံးကို သတ်ပစ်လိုက်တော့။ တစ်ယောက်မှ အသက်ရှင်လျက် ချန်မထားနဲ့။ ဟီရဲ့ မိန်းမတွေ အကုန်လုံးကို ကျွန်ဈေးမှာ သွားရောင်းလိုက်။”



“ကလန်ခေါင်းဆောင်ကြီး”

ကလေးငယ်က ကြောက်လန့်တကြား အော်ဟစ်လိုက်ပါတယ်။ မိန်းမတစ်ယောက်က သူ့အမေလေ။



“ပြီးတော့ သူ့ကို..”

မြစ်တန်ခိုးရှင် ဆန်စီက ကလေးငယ်ကို သွေးအေးအေးနဲ့ ကြည့်လိုက်ပြီးတော့
“မြစ်တန်ခိုးရှင် ဟီရဲ့ တစ်ဦးတည်းသော သား…သူ့လည်း ကျွန်ဈေးမှာ သွားရောင်းလိုက်တော့။”


“အား.. မလုပ်ပါနဲ့”


“မလုပ်ပါနဲ့”

ကလေးငယ်က ရှိခိုပြီးတော့

“ခေါင်းဆောင်ကြီး ကျွန်တော့ကို ချမ်းသာပေးပါ။ ချမ်းသာပေးပါ။”



“အမိန့်အတိုင်းပါ!!”

အစောင့်ရဲမက်တွေက ရိုရိုသေသေ အလေး ပြုလိုက်ပြီးတော့ ကလေးငယ်ကို ဆွဲခေါ်ပြီး ထွက်သွားပါတော့တယ်။



ကလေးငယ်ဟာ ငိုကြွေးပြီး ပါသွားပါတယ်။



ကျွန်!!!



ဘာလို့လည်း…



ဘာလို့ ဒီလိုတွေ ဖြစ်ရတာလည်း။



မြစ်တန်ခိုးရှင် ဆန်စီက ငိုကြွေးနေတဲ့ ကလေးငယ်ကို တိတ်တိတ်လေး ကြည့်နေမိပါတယ်။



“သခင်ကြီး.. မြစ်တန်ခိုးရှင် ဟီရဲ့ မိန်းမနဲ့ ကလေးတွေကို ကျွန်အနေနဲ့ ရောင်းစားဖို့လား။”

အခန်းထောင့် အမှောင်ရိပ် ကျတဲ့ နေရာမှာ လူရိပ်တစ်ရိပ်ပေါ်လာပါတယ်။



မြစ်တန်ခိုးရှင် ဆန်စီ ခေါင်းညိတ်လိုက်ပါတယ်။ ဟီ တွဲလောင်းချိတ်ဆွဲ ပြစ်ဒဏ်သင့်နေတဲ့ အချိန်တုန်းက ဆန်စီက လူတစ်ချို့ကို မြစ်တန်ခိုးရှင်ဟီ ဆီ တိတ်တဆိတ် စေလွှတ်ပြီး ပြသနာရဲ့ ရင်းမြစ်ကို မေးမြန်းခိုင်းလိုက်ပါတယ်။ ဒီမှာမှ Blacktooth မျိုးနွယ်စုက မီဝှားကြောင့် ဒီလိုဖြစ်ရတာကို သိသွားပါတယ်။ ဒါနဲ့ Blacktooth ကျေးရွာအထိကို လူလွှတ်ပြီးတော့ သေချာအောင် အတည်ထပ်ပြုလိုက်ပါသေးတယ်။ ပြီးတာနဲ့ ဒီကိစ္စ သိတဲ့ သူ့လူတွေအကုန်လုံးကို တစ်ယောက်မကျန် နှုတ်ပိတ်သတ်ပစ်လိုက်ပါတယ်။


“ဂျိနင်က နွေဦးသစ်ရွက်လေး အကြောင်းကို လူမသိစေချင်ဘူး။”

မြစ်တန်ခိုးရှင်ဆန်စီက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
“နွေဦးမြက်လေးက တစ်ခါတုန်းက သူဟာ ဂျိသခင်လေးရဲ့ လူတစ်ယောက်လို့ ပြောခဲ့ဖူးတယ်။ ဒီစကားကို ကြားခဲ့တဲ့ လူမှန်သမျှ သေရမယ်။”


“မြစ်တန်ခိုးရှင်ဟီရဲ့ မိန်းမတွေကိုလည်း ငါခေါ်ထားစရာအကြောင်းမရှိဘူး။”



“မြစ်တန်ခိုးရှင် ဟီရဲ့ တစ်ဦးတည်းသော ကလေး ချိုင်.. သူက ဂျိနင်ကို အရမ်းမုန်းတီးနေတာ။ ငါ သူ့ကို အကြိမ်အများကြီးမေးခဲ့တယ်။ သူ အမြဲတမ်း ကလဲ့စားပြန်မချေဘူးဖြေခဲ့တယ်။ သူ့လို ကလေးပေါက်စက ငါ့ကို လာညာလို့ ရမလား။ ငါ့ အကြည့်တစ်ချက်နဲ့ သူ့ ရင်ထဲအထိကို မြင်နေရတယ်။ သူ ဂျိနင်ကို အရိုးထဲအထိ မုန်းတီးနေတာ။”

ဆန်စီ ခေါင်းခါလိုက်ပါတယ်။

“ဒီအရွယ်ကလေးနဲ့ သူ့အတွေးတွေကို သူဖုံးကွယ်ထားနိုင်နေတာ။ တစ်ချိ်န်မှာ သူဟာ မျိုးနွယ်စုမှာ အစွမ်းထက်သူတစ်ယောက်ဖြစ်လာခဲ့ရင် သူ့ရဲ့ ဂျိနင်ကို မုန်းတီးနေတဲ့ အမုန်းတရားကြောင့် သူတစ်ခုခု လုပ်မှာပဲ။ ဒီအခါမှာ သူ့ကြောင့် မြစ်ကမ်းဘေး တစ်မျိုးနွယ်လုံး ဖျက်ဆီးခံရမှာကို ငါကြောက်တယ်။”



“ငါအခု ဆောင်ရွက်သမျှဟာ ငါတို့ မြစ်ကမ်းဘေး မျိုးနွယ်စု ဂျိကလန်အပေါ် သစ္စာစောင့်သိနေတယ်ဆိုတာကို သိစေချင်တာပဲ။”

အမှောင်ရိပ်ထဲက လူက တိတ်တိတ်လေးပဲ နားထောင်နေပါတယ်။


“ဖျက်ဆီးသူ ၃”

မြစ်တန်ခိုးရှင် ဆန်စီ ပြောလိုက်ပါတယ်။


“သခင်ကြီး….”

အမှောင်ထဲက လူက ပြန်ဖြေလိုက်ပါတယ်။


“ဖျက်ဆီးသူ ၉ ကို လွှတ်လိုက်စမ်း။”

မြစ်တန်ခိုးရှင်ဆန်စီက ပြောလိုက်ပါတယ်။

“အမှောင်လောက ကနေပြီးတော့ ချိုင်ကို ခေါ်လိုက်ပါ။ ပြီးတော့ သူ့ကို သံမဏိသစ်ပင် ကလန်ရှိတဲ့ ဒေသထဲကို ခေါ်သွားပြီးတော့ မျိုးနွယ်စု အသေးတစ်ခုခုကို ဝင်ခိုင်းလိုက်ပါ။ ပြီးတော့ သူ့ကို ကောင်းမွန်တဲ့ နည်းစနစ်တွေ လေ့လာနိုင်အောင် ထောက်ပံ့ပေးလိုက်ပါ။ ချိုင်မှာ ပါရမီ ရှိပြီးတော့ အမြဲတမ်း အလုပ်ကြိုးစားခဲ့ရင် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်သင်ကြားပေးပါ။ ချိုင်သာ သူ့ရဲ့ အမုုန်းတရားတွေကို မေ့သွားပြီးတော့ ကြိုးစားသင်ယူမှု မရှိခဲ့ရင်တေ့ာ သူ့ကို သတ်ပြီးတော့ ဖျက်ဆီးသူ ၉ကို ပြန်လာခဲ့ဖို့ မှာလိုက်ပါ။”



“ဟုတ်ကဲ့ သခင်ကြီး”

အမှောင်ထဲက လူရိပ်က ခေါင်းညိတ်လိုက်ပါတယ်။



“အမုန်းတရားဟာလည်း စွမ်းအင်တစ်မျိုးပဲ။”

မြစ်တန်ခိုးရှင်ဆန်စီ တိတ်တိတ်လေး ရေရွတ်လိုက်ပါတော့တယ်။



“ငါတို့ မြစ်ကမ်းဘေး မျိုးနွယ်လေးက ဂျိကလန်နဲ့ ယှဉ်လိုက်ရင် အရမ်းကို အားနည်းတယ်။ အရမ်းကို အားနည်းတယ်……”










Chapter 11 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 12 Serpentwing ရေကန်သို့







Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…













Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)