ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 14 ေရေအာက္နန္းေတာ္


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 14 ေရေအာက္နန္းေတာ္

အခ်ိန္စၾကာ၀ဠာ ေျပာင္းလဲသြားတာကို ဂ်ိနင္ ခံစားမိလိုက္ပါတယ္။ သူ႕ ျပန္လည္၀င္စားျခင္း တံခါးၾကီး ၆ေပါက္ထဲ ထပ္ျပီးေတာ့ ခုန္၀င္လိုက္ရသလို ခံစားလိုက္ရပါတယ္။

ႏွလံုး တခုန္စာ အၾကာမွာေတာ့ အရာရာဟာ ျငိမ္သက္သြားခဲ့ပါတယ္။

“ဒီေနရာ….”
နင္ ပတ္၀န္းက်င္ကို တစ္ခ်က္ ေလ့လာၾကည့္လိုက္ေတာ့ သူက အရမ္းကို က်ယ္၀န္းတဲ့ စၾကၤန္ လမ္း တစ္ခုမွာ ေရာက္ေနတာ ေတြ႕လိုက္ပါတယ္။ စၾကၤန္လမ္းရဲ့ အမိုးဟာ မီတာ ၃ရာေက်ာ္ေလာက္ ျမင့္ျပီးေတာ့ အက်ယ္ကလည္း မီတာ ၃၀၀ ေက်ာ္က်ယ္၀န္းတာ ေတြ႕လိုက္ရပါတယ္။ သူလာရာလမ္းကို ၾကည့္လိုက္ေတာ့ ဂိတ္ေပါက္ၾကီး တစ္ခုကို ေတြ႕လိုက္ရျပီး ဂိတ္ေပါက္ၾကီးရဲ့ တျခားဖက္ဟာ ေရေအာက္ ကမာၻ ျဖစ္ေနတာကို ေတြ႕လိုက္ရပါတယ္။ ဒီ ေရေတြဟာ ဂိတ္ေပါက္ကို ေက်ာ္ျပီးေတာ့ စၾကၤလမ္းထဲကို ၀င္မလာႏိုင္တာကို ေတြ႕လိုက္ရပါတယ္။ မျမင္ရတဲ့ အကာအကြယ္ တံတိုင္းတစ္ခုက ဂိတ္ေပါက္မွာ တားဆီးေပးထားသလိုပါပဲ။

“ဘာျဖစ္သြားတာလည္း မသိဘူး။ ”
နင္သတိထားျပီးေတာ့ ျမွားနဲ႕ ဂိတ္ေပါက္တစ္ဖက္က ေရထဲကို ပစ္လိုက္ပါတယ္။

“ထပ္”
ျမားဟာ ေရထဲကို မေရာက္ပဲ မျမင္ရတဲ့ အကာအကြယ္ နဲ႕ တိုက္မိျပီးေတာ့ ျပဳတ္က်သြားပါတယ္။

“မယံုၾကည္ႏိုင္စရာပါလား”

နင္ ေနာက္ကို ေျခလွမ္း ၁၀လွမ္းေလာက္ ဆုတ္လိုက္မိပါတယ္။ ျပီးေတာ့မွ က်ာေယာင္ ေလးၾကီးကို ထုတ္လိုက္ျပီးေတာ့ ႏွာေခါင္းတစ္ခ်က္ မႈတ္လိုက္ျပီး ေလးညိဳ႕ကို တင္လိုက္ပါတယ္။ ခ်က္ျခင္းပဲ သူ႕တစ္ကိုယ္လံုး အနီေရာင္ အလင္းတန္းေငြ႕ေတြ ဖံုးလႊမ္းသြားပါတယ္။ ဖင္းေဂါ့ စြမ္းအင္ေတြကို အျပည့္အ၀ ထုတ္သံုးလိုက္တာပါ။ ေလးကို အဆံုးအထိ ဆြဲလိုက္ျပီးေတာ့ ျမားနဲ႕ ခ်က္ျခင္းပစ္လိုက္ပါတယ္။ ျမားဟာ အလင္းတန္းတစ္ခုလို အကာအကြယ္ဂိတ္တံခါးဆီ တိုး၀င္သြားပါေတာ့တယ္။

ျမားဟာ အစိတ္စိတ္အမႊာမႊာ ပ်က္ဆီးသြားျပီးေတာ့ ေျမျပင္ေပၚကို အစအနေတြ ျပဳတ္က်လာပါတယ္။

“ဒါ…..”
သူ ဒီ စၾကၤန္လမ္းကို စစ္ေဆးၾကည့္လိုက္ပါတယ္။

“ဒီစၾကၤလမ္းတစ္ခုတည္းတင္ မီတာ ၃၀၀ ျမင့္တယ္။”
သူ အျပင္ဘက္က ေရေအာက္ ကမာၻကို ၾကည့္လိုက္ျပီးေတာ့..
“ဒီ အေဆာက္အအံုက ေရေအာက္ထဲမွာ ေဆာက္ထားတဲ့အျပင္ အရမ္းကို အံ့မခန္း ၾကီးမားလြန္းမွာပဲ။”

“ဒါ Serpentwing ေရကန္ရဲ့ ေအာက္ေျခမ်ားလား???”
နင္ေခါင္းခါလိုက္ပါတယ္။

Serpentwing ေရကန္ဟာ စတုရန္းကီလိုမီတာ တစ္ရာေက်ာ္ပဲ က်ယ္၀န္းပါတယ္။ ဒီေလာက္ၾကီးမားတဲ့ အေဆာက္အံုၾကီး ရွိေနဖို႕ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ျပီးေတာ့ ဒီေနရာသာ Serpentwing ေရကန္မွာ ရွိေနရင္ ဂ်ိကလန္က ရွာေတြ႕သြားတာ ၾကာျပီေပါ့။

“ငါခုနက အခ်ိန္ စၾကာ၀ဠာ ေျပာင္းလဲသြားတာ ခံစားမိလိုက္တယ္။ အခ်ိန္စၾကာ၀ဠာ ဂူေပါက္တစ္ခု ထဲ က်လာသလိုပဲ။”
နင္တီးတိုးေရရြတ္လိုက္ပါတယ္။
“ငါ (Dimension) အျမင္ခံစားမႈစၾကာ၀ဠာ ေနာက္တစ္ေနရာကို ေရာက္လာတာမ်ားလား။”

“သူစာအုပ္ေတြ အမ်ားၾကီးဖတ္ခဲ့လို႕ အမ်ားၾကီး သိေနပါတယ္။”

စာ အုပ္ေတြဟာ မေရမတြက္ႏို္င္တဲ့ ႏွစ္ကာလမ်ားစြာမွာ ၾကံဳေတြ႕ခဲ့တာေတြကို မွတ္တမ္းတင္ထားတာေတြပါ။ ဒီထဲမွာ တခ်ိဳ႕ အရမ္းကို ၾကမ္းတဲ့ အင္ေမာ္တယ္ တန္ခိုးရွင္ေတြ အရမ္းၾကမ္းတဲ့ ဖင္းေဂါ့ေတြဟာ သူတို႕ရဲ့ ကုိယ္ပိုင္ အျမင္ခံစားမႈ စၾကာ၀ဠာ အေသးေလးတစ္ခုကို ဖန္တီးႏိုင္ၾကပါတယ္။ သူတို႕ ဖန္ဆင္းလိုက္တဲ့ သဲတစ္ပြင့္ဟာ ကမာၻ တစ္ခုလံုးကို ထည့္သြင္းတည္ေဆာက္ႏိုင္ေအာင္ ေနရာက်ယ္၀န္းပါတယ္။ တခ်ိဳ႕ ဖင္းေဂါ့ေတြ တန္ခိုးရွင္ေတြ က်န္ရစ္ခဲံတဲ့ ေရွးေဟာင္း အၾကြင္းအက်န္ ေနရာေတြ အရာ၀တၳဳေတြမွာ ဒီလို အျမင္ခံစားမႈ စၾကာ၀ဠာ တစ္ခ်ိုဳ႕ ဒါမွ မဟုတ္ သီးသန္႕ကမာၻငယ္ေလးတစ္ခု ပါတတ္ပါတယ္။ သာမာန္အေနနဲ႕ဆိုရင္ သူတို႕ကို ရွာမေတြ႕ႏို္င္ပါဘူး။ ကံေကာင္းျခင္း ကံဆိုးျခင္းနဲ႕ သာ တစ္ခ်ိဳ႕တေလ မေတာ္တဆ အဲ့ဒီကမာၻေလးေတြထဲ ေရာက္သြားၾကတာပါ။

ဒါေပမဲ့ ဒီလို အင္အားစုၾကီးေတြ ခ်န္ရစ္ခဲ့တဲ့ နန္းေဆာင္ေတြဟာ အရမ္းကို အႏၱရာယ္ မ်ားလြန္းလွပါတယ္။ ဒီ တန္ခိုးရွင္ေတြ ဖင္းေဂါ့ေတြက ဘာျဖစ္လို႕ သူတို႕ပို္င္ဆိုင္တဲ့အရာကို အကာအကြယ္ တစ္ခုခု မလုပ္ထားခဲ့ပဲေနမွာလည္း။ ဒီလို ေရွးေဟာင္း အၾကြင္းအက်န္ ေဒသေတြကို ေရာက္သြားတဲ့သူေတြဟာ ေသသြားၾကတာမ်ားတယ္။ လြတ္ေျမာက္သြားတဲ့သူေတြဟာ အရမ္းကို ကံေကာင္းတဲ့ လူေတြပဲ။ ဒ႑ာရီထဲမွာ ၾကားဖူးတဲ့ ရတနာေတြ တေပြ႕တပိုက္နဲ႕ ျပန္လာတဲ့ လူေတြအေၾကာင္းကေတာ့ … နင္ သူ႕ကိုသူ ဒီလိုလူျဖစ္ဖို႕ဆိုတာ ေတြးေတာင္ မေတြးရဲဘူး။

“ေလာဘၾကီးလို႕ မျဖစ္ဘူး။ ငါ အသက္ရွင္ေအာင္ ၾကိဳးစားရမယ္။”
နင္ သူ႕ပတ္၀န္က်င္ကို ဂရုတစိုက္ေလ့လာလိုက္ပါတယ္။

သူမသိတဲ့ အခြင့္အလမ္းေတြ အမ်ားၾကီး ရွိႏိုင္ပါတယ္။

ျပီးေတာ့ သူမသိတဲ့ စြန္႕စားမႈေတြ အမ်ားၾကီးလည္း ရင္ဆိုင္ရႏိုင္ပါတယ္။

“ငါ အခုက စျပီး ဒီ ေရေအာက္ နန္းေတာ္ကို Serpentwing ေရေအာက္နန္းေတာ္လို႕ ေခၚမယ္။ ”

သူအခု ဒီေနရာကေန ထြက္ခြာလို႕ မရေတာ့တဲ့အတြက္ေၾကာင့္ ေရွ႕ဆက္ေလွ်ာက္ဖို႕တစ္လမ္းပဲ က်န္ပါေတာ့တယ္။

…..

စၾကၤန္လမ္းဟာ အရမ္းကို က်ယ္၀န္း ျမင့္မားျပီးေတာ့ ၾကမ္းခင္းထားတဲ့ ေက်ာက္ျပားဟာ ဆက္ရာမရွိပဲ တျပားတည္း ျဖစ္ေနတာ သတိထားမိပါတယ္။ နင္က လမ္းတစ္ေလွ်ာက္ နံရံေတြမွာ သူအစြမ္းရွိသေလာက္ ၾကိဳးစားျပီး ခုတ္ထစ္ေပမဲ့ အစင္းရာ တစ္ခ်က္ေလးမွ မထင္က်န္ခဲ့ပါဘူး။

တခဏေလာက္ ေလွ်ာက္သြားျပီးတဲ့အခါမွာေတာ့…

စၾကၤန္ အေကြ႕ေနရာေရာက္သြားေတာ့ သူ အရိုးစုေတြ အမ်ားၾကီး ၾကမ္းျပင္မွာ ျပန္႕က်ဲေနတာ ေတြ႕လိုက္ရပါတယ္။ အသားေတြဟာ ႏွစ္ေပါင္းမ်ားစြာထဲက ေဆြးေျမ႕ပ်က္စီးသြားလို႕ အရိုးျဖဴျဖဴေလးေတြပဲ ေတြ႕ရပါတယ္။ ထူးျခားတာကေတ့ ေမွာ္ရတနာ တခ်ိဳ႕လည္း ေျမျပင္မွာ ျပန္႕က်ဲေနတာ ေတြ႕လိုက္ရပါတယ္။ တခ်ိဳ႕ အစိတ္အပိုင္း ျပည့္စံုတဲ့ သိပ္ျပီး မေဆြးေသးတဲ့ အရိုး တခ်ိဳ႕မွာေတာ့ ခ်ပ္၀တ္တန္ဆာေတြ ေမွာ္ရတနာေတြဟာ အဲ့ဒီ အရိုးစုေတြအနား ထပ္ျပီးေတာ့ ျပန္႕က်ဲေနတာ ေတြ႕ရပါတယ္။

“ဘာလို႕ တခ်ိဳ႕ အရိုုးစုေတြက ေမွာ္ရတနာေတြ မရွိရတာလည္း။ သူတို႕မွာ ေမွာ္ရတနာ မရွိရင္ေတာင္မွ ထက္ျမက္တဲ့ လက္နက္ တစ္ခုခု ရွိရမွာ။ ဘာလို႕ ဘာလက္နက္မွ မရွိရတာလည္း။”

“ရႊတ္…”

နင္ဟာ နတ္ဘုရား စိတ္စြမ္းအင္နဲ႕ အရိုးေတြက ခ်ပ္၀န္တန္ဆာေတြ ေမွာ္ရတနာေတြကို ဆြဲယူလိုက္ျပီး သူ႕ေရွ႕စုပံု ပစ္ခ်လိုက္ပါတယ္။

ရႊစ္

အရိုးစုေတြဟာ ထိလိုက္တာနဲ႕ တစစီ က်ိဳးပဲ့ျပီး အမႈန္ေတြ ျဖစ္သြားၾကပါတယ္။

“အင္း.. ၾကည့္ရတာ သူတို႕ေတြ ေသတာ အရမ္းကို ၾကာေနျပီ။”

နင္က ခ်ပ္၀တ္တန္ဆာေတြ နဲ႕ လက္နက္ေတြကို ၾကည့္လိုက္ပါတယ္။ ျပီးေတာ့ ခ်က္ျခင္း တစ္ခုကို ေကာက္လိုက္ျပီးေတာ့ သူ႕ရဲ့ ဇင္တ်န္ စြမ္းအင္နဲ႕ ကိုယ္ပိုင္ ျဖစ္ေအာင္ ေပါင္းစည္းလိုက္ပါတယ္။ ဒီအခါမွာေတာ့ သူရွာေတြ႕သြားတာက အရင္ ပိုင္ရွင္ေတြဟာ ေသဆံုးသြားတာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ျပီျဖစ္လို႕ လြယ္လြယ္ကူကူပဲ ေပါင္းစည္းလိုက္လို႕ ရတာကို  သိလို္က္ရပါတယ္။ကာလၾကာရွည္တဲ့အခါမွာ အရင္ပိုင္ရွင္ေတြရဲ့ ေမွာ္စြမ္းအင္ေတြဟာ တျဖည္းျဖည္း စိမ့္ထြက္ေပ်ာက္ကြယ္သြားခဲ့ပါျပီ။ ပိုင္ရွင္မဲ့ ေမွာ္ရတနာေတြ ျဖစ္ေနလို႕ သူ႕စြမ္းအင္နဲ႕ ကိုယ္ပိုင္ျဖစ္ေအာင္ ေပါင္းလိုက္လို႕ ရတာပါ။

“ငါ ဒါေတြကို ထိ္မ္းခ်ဳပ္လို႕ရေအာင္ ငါ့စြမ္းအင္ေတြနဲ႕ လြယ္လြယ္ကူကူ ေပါင္းလို႕ ရတယ္ဆိုေတာ့ကာ သူတို႕ေတြဟာ အရမ္းအဆင့္ျမင့္တဲ့ ရတနာ ျဖစ္ပံုမရဘူး။ ေသတဲ့ လူေတြ အကုန္လံုးဟာ ဇင္တ်န္ ေတြပဲျဖစ္ရမယ္။”

သူ ေနာက္ထပ္ အရိုးစုေတြကို လိုက္စစ္ေဆးတဲ့ အခါမွာေတာ့ အရိုးစုတစ္ခုက လက္မွာ လက္စြပ္ ၀တ္ထားတာကို ေတြ႕မိသြားပါတယ္။ သူခ်က္ျခင္းပဲ လက္စြပ္ကို ေကာက္ယူလိုက္ျပီးေတာ့ စြမ္းအင္နဲ႕ ေပါင္းလိုက္ပါတယ္။ အမွန္ပါပဲ။ ဒီလက္စြပ္ဟာ ေသဆံုးသြားသူရဲ့ သိုေလွာင္ခန္းပါ ေမွာ္ရတနာပါ။ သူ ေမွာ္ရတနာ အထဲကို တစ္ခ်က္ ၾကည့္လိုက္မိတဲ့အခါမွာေတာ့ ပါးစပ္ အေဟာင္းသား ျဖစ္သြားပါတယ္။ အထဲက အက်ယ္အ၀န္းက သံမဏိ သစ္ပင္ ဂ်န္ရဲ့ သိုေလွာင္ ရတနာေလာက္ မက်ယ္၀န္းပါဘူး။

ဒါေပမဲ့…

“ေမွာ္ရတနာေတြ အမ်ားၾကီးပဲ။ ”
နင္ အရမ္းကို အံ့ၾသမခန္း ျဖစ္သြားပါတယ္။ ဒီ သိုေလွာင္ခန္း ေမွာ္ရတနာထဲမွာ ေမွာ္ရတနာပစၥည္းေတြဟာ အခန္းအျပည့္ ပ်ံ၀ဲေနျပီးတာ့ အကုန္လံုးဟာ အရမ္းကို ထူးျခားတဲ့ သာမာန္မဟုတ္တဲ့ အေငြ႕အသက္ေတြ ျဖာထြက္ေနပါတယ္။ ေမွာ္လက္နက္ေတြ၊ ၀ဂၤဘာ ေဖာ္ေမးရွင္း ရတနာေတြ၊ ေမွာ္ ခ်ပ္၀တ္တန္ဆာေတြ၊ နဲ႕ ေနာက္ထပ္ သိုေလွာင္ခန္းပါ ေမွာ္ရတနာေတြပါ။

“ဒီတေယာက္က ဘာလို႕ ေမွာ္ရတနာေတြ အမ်ားၾကီး သယ္လာတာလည္း မသိဘူး။”
နင္က အရိုးစုေတြ အမ်ားၾကီးကို ၾကည့္လိုက္ပါတယ္။ ဒီအရိုးစုေတြမွာ ဘာေမွာ္ရတနာမွ မပါလာပါဘူး။

“ၾကည့္ရတာ ဒီလူက ရွိသမွ်လူအကုန္ရဲ့ ေမွာ္ရတနာေတြကို ေကာက္လိုက္တာထင္တယ္။”

နင္ခ်က္ျခင္းပဲ အကုန္လံုးကို ေပါင္းစည္းလိုက္ပါတယ္။

ဒီမွာ သူသိလိုက္တာက ဒီ သိုေလွာင္ခန္း ရတနာ လက္စြပ္မွာ ေနာက္ထပ္ သိုေလွာင္ခန္းရတနာ ပစၥည္းေပါင္း ၁၁၂ ခု ပါပါတယ္။ ျပီးေတာ့ ေမွာ္လက္နက္ ၁၃၆ မ်ိဳးပါပါတယ္။ ေမွာ္ခ်ပ္၀တ္တန္ဆာအမ်ိဳးအစား ၃၁ မ်ိဳးပါ၀င္ပါတယ္။ ျပီးေတာ့ ေျပာျပလို႕မရေအာင္ၾကမ္းတဲ့ ေမွာ္ရတနာ ၊ ၀ဂၤဘာ ေဖာ္ေမးရွင္း ေမွာ္ရတနာေတြပါအပါအ၀င္ အမ်ိဳးအစား ၁၆မ်ိဳး ပါ၀င္ပါေသးတယ္။ ျပီးေတာ့ တာအိုတံဆိပ္ေတာ္ေတြလည္း အမ်ားၾကီးပါပါေသးတယ္။ ေျပာရရင္ မကုန္ႏိုင္ေတာ့ပါဘူး။ အခ်ိန္ကာလ အမ်ားၾကီး ၾကာလာတဲ့အခါမွာ တာအို တံဆိပ္ေတာ္ထဲက ေမွာ္စြမ္းအင္ေတြဟာ လည္း စိမ့္ထြက္ေပ်ာက္ကြယ္ကုန္လို႕ တာအို တံဆိပ္ေတာ္ ၁၀ခုသာ အသံုးျပဳလို႕ ရပါေတာ့တယ္။

“ငါ အကုန္လံုးကို ေပါင္းစပ္လို႕ ရတယ္ဆိုေတာ့ ဒါေတြမွာ ထူးျခားတဲ့ ေမွာ္ရတနာ မပါေသးဘူး။ အရင္ ပိုင္ရွင္ေတြ အကုန္လံုးက ဇင္တ်န္ တန္ခိုးရွင္ေတြခ်ည္းပဲေပါ့။ ေျပာရမယ္ဆိုရင္ ဒီနန္းေတာ္ကို ေရာက္လာသမွ် လူေတြအကုန္လံုးက ဇင္တ်န္ တန္ခိုးရွင္ေတြပဲေပါ့။”

နင္ကအက်ယ္အ၀န္း မီတာ ၃၀၀ ေက်ာ္ရွိတဲ့ သိုေလွာင္ခန္း ေမွာ္ရတနာျဖစ္တဲ့ ခါးပတ္တစ္ခုကို ေရြးျပီးေတာ့ သူ႕ခါးမွာ ပတ္လိုက္ပါတယ္။ ဒီခါးပတ္က အျပင္ပန္းၾကည့္ရင္ေတာ့ သာမန္ အ၀တ္ခါးပတ္ တစ္ခုအတိုင္းပါပဲ။ ျပီးေတာ့မွ သူက အရမ္းေကာင္းတဲ့ ခ်ပ္၀တ္တန္ဆာ တစ္စံုကို ေရြး၀တ္လိုက္ပါတယ္။

ဒီ ခ်ပ္၀တ္တန္ဆာဟာ သူ႕ရဲ့ ေရႊၾကယ္ အက်ၤ ီထက္ အမ်ားၾကီး ၾကမ္းပါတယ္။ ဒါနဲ႕ သူ႕ရဲ့ ေရႊၾကယ္အက်ၤ ီကို သူခၽြတ္ယူလိုက္ျပီး သိုေလွာင္ ရတနာ တစ္ခုထဲ သိမ္းဆည္းလိုက္ပါတယ္။

ဒီေမွာ္ရတနာေတြကို ရခဲ့လို႕ နင္ထူးထူးျခားျခား ေပ်ာ္မေနပါဘူး။ သူက အေနာက္ပိုင္း ဂ်ိကလန္ကို ဆက္ခံရမဲ့သူေလ။ သူ႕အတြက္ အကာအကြယ္ ေမွာ္ရတနာေတြကို စိတ္ၾကိဳတ္ေရြးယူလို႕ ရတယ္။

“ဒါေပမဲ့ ဒီမွာ အေရအတြက္က အမ်ားၾကီးပဲ။ အကုန္လံုး တန္ဖိုးေပါင္းလိုက္ရင္ အဆင့္နိမ့္ တန္ဖိုးၾကီး ေမွာ္ရတနာတစ္ခုနဲ႕ ေတာ့ တန္ဖိုးညီမွာပဲ။”
နင္ ဒီရတနာေတြအေၾကာင္း ဘာမွ ဆက္မေတြးေတာ့ပါဘူး။ သူ႕ေရွ႕က အရိုးစုဟာလည္း အရင္က ဒီရတနာေတြကို ရလာေပမဲ့ ေသဆံုးသြားရတာပဲေလ။ အခုအေရးၾကီးတာက အသက္ရွင္လ်က္ လြတ္ေျမာက္ဖို႕ပါ။

သူ႕လက္ထဲမွာ ဒက္ေနာ့ ဓား၂ေခ်ာင္းကို အသင့္ကိုင္ထားျပီးေတာ့ သူတျဖည္းျဖည္း ေရွ႕ဆက္ေလွ်ာက္လာခဲ့ပါတယ္။ ေျပာရင္ သူ႕မွာ ေရွ႕တည့္တည့္ သြားတာကလြဲျပီး တျခားေလွ်ာက္စရာလမ္းလည္းမရွိဘူးေလ။

သူ႕ဒက္ေနာ့ ဓားေတြရဲ့အစြမ္းဟာ ဒီ အဆင့္ထဲ မ၀င္ေသးတဲ့ ေမွာ္ရတနာေတြရဲ့ ေအာက္ကို မက်ပါဘူး။ ျပီးေတာ့ ဒီ ဒက္ေနာ့ ဓားေတြ အသံုးျပဳဖို႕ သူ႕ရဲ့ ဇင္တ်န္ တန္ခိုးကို ထုတ္သံုးစရာမလိုဘူးေလ။ ဒါေၾကာင့္ နင္က ဒီ ဒက္ေနာ့ ဓားေတြကို အရမ္း သေဘာက်ပါတယ္။

….

နင္ တျဖည္းျဖည္း ေလွ်ာက္လာပါတယ္။

သူအရိုးစုေတြ ရွိတဲ့ေနရာကို ေက်ာ္ျပီးတဲ့အခါမွာေတာ့ သူသတိၾကီးၾကီး ထားလိုက္ပါတယ္။

ဖန္း..ဖန္း..ဖန္း..ဖန္း..ဖန္…ဖန္းး.ဖန္း..ဖန္း.

ေလထဲမွာ ေရႊပဲေစ့ေတြ တခုျပီး တခု ေပၚလာပါတယ္။ အကုန္လံုးဟာ ေျမျပင္ေပၚကို က်လာျပီးေတာ့ အသံေတြ ဆူဆူညံညံ ထြက္ေပၚလာပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဒီေရႊပဲေစ့ေတြဟာ အရည္ေပ်ာ္သြားျပီးေတာ့ ေရႊရည္ျဖစ္သြားပါတယ္။ ဒီမွာ အသြင္ထပ္ေျပာင္းသြားျပီးေတာ့ လက္နက္အသင့္ ကိုင္ထားတဲ့ ေရႊေရာင္ ခ်ပ္၀တ္တန္ဆာ ၀တ္ထားတဲ့ ေကာင္းကင္ စစ္သူရဲေတြ ျဖစ္သြားပါေတာ့တယ္။

ေရႊေရာင္ တလက္လက္နဲ႕ အရမ္းကို အစြမ္းထက္ပံုရတဲ့ ေကာင္းကင္စစ္သူရဲေတြ နဲ႕ စစ္သူၾကီးေတြဟာ နင္ေဘးနားမွာ ၀န္းရံရပ္ေနၾကပါတယ္။

“အိ.. ေရႊပဲေစ့ကေန စစ္သားေတြျဖစ္သြားတယ္။”
နင္ အရမ္းကို ရင္ထိတ္သြားပါတယ္။ သူဒီ စစ္သူရဲေတြ စစ္သူၾကီးေတြကေန အရမ္းကို ၾကမ္းတမ္းတဲ့ အေငြ႕အသက္ေတြ ထြက္ေနတာ သိလိုက္ပါတယ္။ အကုန္လံုးဟာ ဇင္တ်န္ အဆင့္ မွာ ရွိၾကပါတယ္။
“ျပီးေတာ့ သူတို႕က ၈၁ ေယာက္ေတာင္မွ….zzzz”

“မင္းက နန္းေတာ္ထဲကို က်ဴးေက်ာ္၀င္ေရာက္ရဲတယ္လား။ ေသဖို႕သာ ျပင္ထားေတာ့။”
ေရႊေရာင္ ေကာင္းကင္ စစ္သား စစ္သူၾကီး ၈၁ ေယာက္ဟာ သံျပိဳင္ဟစ္ေၾကြးျပီးေတာ့ နင္ကို ၀ိုင္းတိုက္ခိုက္လိုက္ၾကပါတယ္။

လက္ထဲမွာ ဒက္ေနာ့ဓား၂လက္ ကိုင္ထားတဲ့နင္ အျဖစ္အပ်က္ကို သေဘာေပါက္သြားပါတယ္။ ဒီအရိုးစုေတြ အကုန္လံုးဟာ ဒီ ေရႊေရာင္ စစ္သည္ ၈၁ေယာက္က ၀ိုင္းသတ္လို႕ ေသကုန္ၾကတယ္ဆိုတာ… သူ မေႏွးေကြးေလပဲ ေလေတာင္ပံ ကိုယ္ေဖာ့ပညာကို အသံုးျပဳ ေရွာင္တိမ္းလိုက္ပါတယ္။ ရႊစ္ဆိုတဲ့ အသံနဲ႕အတူ သူနံရံတစ္ဖက္မွာ ေျပးလႊားသြားျပီးေတာ့ ဒီ စစ္သူရဲ ၈၁ေယာက္ကို ေက်ာ္လႊားျပီး ေရွ႕ကို ဆက္ေလွ်ာက္သြားဖို႕ ၾကိဳးစားလိုက္ပါတယ္။

“၀ဂၤဘာ အသက္၀င္စမ္း…”
ေကာင္းကင္ စစ္သူရဲ ၈၁ေယာက္ က သံျပိဳင္ ဟစ္ေၾကြးလိုက္ပါတယ္။

စၾကၤန္ နံရံ ၂ဖက္လံုးကေန ျမဴေတါ ထြက္လာပါတယ္။ နင္က ေျပးသြားျပီးေတာ့ ျမဴႏွင္းေတြကို ဓားနဲ႕ ခြဲလိုက္ေပမဲံ သူ႕ဓားက ျမဴႏွင္းထုကို ထိုးခြဲမရ ျဖစ္ေနပါတယ္။

“ထြက္ေျပးဖို႕ မစဥ္းစားနဲ႕။”
ေကာင္းကင္ စစ္သူရဲ ၈၁ေယာက္ အနီးနားကို ထပ္ေရာက္လာၾကျပန္ပါတယ္။

နင္က ျမဴႏွင္းထုေတါကို ၾကည့္ျပီးေတာ့
“ေထာင္ေခ်ာင္ ၀ဂၤဘာ…”

“ၾကည့္ရတာ ငါ ဒီ ၈၁ေယာက္ကို ေသေအာင္ မသတ္ႏိုင္ရင္ ေရွ႕ဆက္ခြင့္ မရွိဘူးထင္တယ္။ ဒီအရိုးစုေတြဟာ သူတို႕ေၾကာင့္ ေသသြားတာေနမယ္။ ငါက သူတို႕ေလာက္ မ၀ိဘူး။”

“ရႊစ္”

နင္ ေလေတာင္ပံကိုယ္ေဖာ့သိုင္းကို အသံုးျပဳျပီးေတာ့ စစ္သူရဲ ၈၁ေယာက္ရဲ့ ေနာက္ေက်ာဘက္ကို ေရာက္ရွိသြားပါတယ္။ ျပီးေတာ့ သူ႕ဓားနဲ႕ စစ္သူရဲတစ္ေယာက္ ေက်ာ္ကို ထိုးခ်လို္က္ပါတယ္။

“ဒန္..ဒန္..ဒန္…”
ဓား ၃ခ်က္ ဆက္တိုက္ ထိသံ ၾကားလိုက္ပါတယ္။

“ဖန္း..”
နင္ရဲ့ ဓားက ေရႊစစ္သားရဲ့ ဦးေခါင္းကို ေဖာက္သြားေပမဲ့ စစ္သည္ေတာက္က မရပ္သြားပဲ လွံနဲ႕ ေနာက္ျပန္ထိုးခ်လိုက္ပါတယ္။

“ဘာလဲဟ….zzz”
နင္ေၾကာက္လန္႕တၾကားေနာက္ကို ခုန္ဆုတ္လိုက္ပါတယ္။

“ဇင္တ်န္အဆင့္ ဖင္းေဂါ့ က်င့္စဥ္က်င့္ထားသူေတာင္မွ ေခါင္းကို ဓားထုတ္ခ်င္းေပါက္ အထိုးခံရင္ ေသတာပဲ။ ဒီ ေရႊစစ္သည္ေတာ္က ဘာလို႕ မေသရတာလည္း။”
နင္ ရွဴးရွဴးရွားရွား ျဖစ္သြားပါတယ္။ နင္ခုနက သိုင္းကြက္ေတြ ဖလွယ္ခဲ့ကတည္းက ဒီေရႊစစ္သည္ေတာ္ေတြရဲ့ လွံသိုင္းအစြမ္းဟာ အလယ္အလတ္ေလာက္ပဲ ရွိေပမဲ့ သူ႕ရဲ့ စြမ္းအင္အသံုးျပဳပံုက နင္ေအာက္ကို မက်ပါဘူး။

အဆိုးဆံုးကေတာ့ ေခါင္းကို ဓားနဲ႕ ထိုးတာေတာင္ မေသတာပါ။

“သတ္..”
ေခါင္းကို ဓားနဲ႕ အထိုးခံရတဲ့ စစ္သည္ေတာ္ေၾကာင္ တျခားစစ္သည္ေတာ္ေတြပါ ေဒါသေပါက္ကြဲကုန္ၾကျပီး ေဒါသတၾကီးမာန္သြင္းျပီးေတာ့ နင္ကို တစ္ျပိဳင္တည္း စုေပါင္းတိုက္ခိုက္လိုက္ၾကပါတယ္။

နင္ကေတာ့ သူ႕ကို္ယ္ေဖာ့သိုင္းကို အသံုးျပဳျပီးေတာ့ ေရႊစစ္သည္ေတာ္ေတြၾကားမွာ ေရြလ်ားေနပါတယ္။ သူ အခ်ိန္တို္င္းမွာ ရန္သူ ၃ေယာက္ကို တစ္ျပိဳင္တည္း ရင္ဆိုင္ရတာပါ။ တစ္ခ်ိန္တည္းမွာပဲ သူ႕ရဲ့ ဒက္ေနာ့ ဓားနဲ႕ စစ္သည္ေတာ္ေတြရဲ့ ဦးေခါင္း လည္ပင္း နဲ႕ တျခား ေသႏိုင္တဲ့ အစိတ္အပိုင္းေတြကို ခုတ္ထစ္ ထိုးသြင္းခဲ့ေပမဲ့ ဒီ စစ္သည္ေတာ္ေတြ တစ္ေယာက္မွ ဒဏ္ရာရပံု မေပၚပါဘူး။

“ေရမီး ၾကာပန္း”
နင္ ေအာ္လိုက္ပါတယ္။

၀ုန္း၀ုန္း၀ုန္း..
နင္ကို ပတ္ပတ္လည္ ၀န္းရံျပီးေတာ့ ေရၾကာပန္းပြင့္ခ်ပ္ၾကီး ၃ခ်ပ္နဲ႕ မီးၾကာပန္းပြင့္ခ်ပ္ၾကီး ၃ခ်ပ္တို႕ ေပၚလာပါတယ္။ ေရမီးၾကာပန္း ၂လႊာဟာ တျဖည္းျဖည္း လည္ပတ္လာပါတယ္။ ဒီၾကာပန္း ဧရိယာထဲရွိေနတဲ့ စစ္သူရဲ ၆ေယာက္ဟာ ဖိအားနဲ႔ ေၾကမြသြားျပီးေတာ့ ခ်က္ျခင္း ေရႊေရာင္ အရည္ျဖစ္သြားပါတယ္။

ဒါေပမဲ့ ဒီေရႊေရာင္အရည္ဟာ  ၾကာပန္း ဧရိယာ အျပင္ကို ထြက္သြားျပီးေတာ့ စစ္သူရဲ ေျခာက္ေယာက္အသြင္ ျပန္ေျပာင္းသြားပါေတာ့တယ္။

“ဒါဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလည္း။”
နင္ဒီလို အေျခအေနကို မယံုၾကည္ႏို္င္ပါဘူး။ သူတို႕ေတြ အရည္ျဖစ္သြားျပီေလ။ ဘာလို႕ စစ္သူရဲအသြင္ ျပန္ေျပာင္းသြားတာလည္း။

“အရင္က လာခဲ့တဲ့ ဇင္တ်န္ တန္ခိုးရွင္ေတြဟာ င၀ိေတြ မဟုတ္ဘူး။ ဒီ စစ္သူရဲ ၈၁ေယာက္ဟာ သတ္လို႕ကို မရတာ။”
သူ ဒီစစ္သူရဲ ၈၁ေယာက္ကုိ ဘယ္လို ရင္ဆိုင္ရမလဲဆိုတာ ေတြးေနမိပါတယ္။ ျပီးေတာ့ သူတို႕ကို အမႈန္႕ေျခပစ္ရင္ေတာင္မွ အရည္ ျဖစ္သြားျပီးေတာ့ လူသားအသြင္ကို ျပန္ေျပာင္းလဲသြားပါတယ္။

“သတ္”

“သတ္”

“သတ္”

စစ္သူရဲ ၆ေယာက္ အမႈန္႕အေျခခံလိုက္ရတာကို ျမင္လိုက္ရေတာ့ က်န္တဲ့ စစ္သူရဲေတြလည္း ပိုျပီးေတာ့ ေဒါသၾကီးလာၾကပါတယ္။

“၀ဂၤဘာ အသင့္ျပင္ေဟ့”
စစ္သူရဲ ၈၁ေယာက္ဟာ သံျပိဳင္ ေအာ္လိုက္ပါတယ္။ ေရႊေရာင္ စစ္သူရဲေတြဟာ အရမ္းျမန္ဆန္တဲ့ အလ်င္နဲ႕ ေျပးသြားျပီးေတာ့ နင္ကို လံုး၀ ၀န္းရံထားလိုက္ပါေတာ့တယ္။

ဒီ ေရႊေရာင္ ေကာင္းကင္ စစ္သူရဲေတြဟာ အတြင္းစက္၀ိုင္း နဲ႕ အျပင္စက္၀ိုင္း စက္၀ိုင္း၂ထပ္ လုပ္ျပီးေတာ့ နင္ကို ၀ိုင္းထားလိုက္ၾကပါတယ္။ အတြင္းစက္၀ိုင္းမွာ စစ္သူရဲ ၂၇ ေယာက္ရွိျပီး အျပင္ စက္၀ိုင္းမွာစစ္သူရဲ ၅၄ေယာက္ ရွိပါတယ္။ အကုန္လံုးဟာ နင္ကို ေဒါသတၾကီး ၾကည့္ေနၾကျပီးေတာ့ လွံတံရွည္ေတြဟာ နင္ကို ဦးတည္ခ်ိန္ရြယ္ထားပါတယ္။

Chapter 14 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 15 ဇာတ္ရည္လည္သြားျခင္း




Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…



Unicode



ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 14 ရေအောက်နန်းတော်



အချိန်စကြာဝဠာ ပြောင်းလဲသွားတာကို ဂျိနင် ခံစားမိလိုက်ပါတယ်။ သူ့ ပြန်လည်ဝင်စားခြင်း တံခါးကြီး ၆ပေါက်ထဲ ထပ်ပြီးတော့ ခုန်ဝင်လိုက်ရသလို ခံစားလိုက်ရပါတယ်။



နှလုံး တခုန်စာ အကြာမှာတော့ အရာရာဟာ ငြိမ်သက်သွားခဲ့ပါတယ်။



“ဒီနေရာ….”

နင် ပတ်ဝန်းကျင်ကို တစ်ချက် လေ့လာကြည့်လိုက်တော့ သူက အရမ်းကို ကျယ်ဝန်းတဲ့ စင်္ကြန် လမ်း တစ်ခုမှာ ရောက်နေတာ တွေ့လိုက်ပါတယ်။ စင်္ကြန်လမ်းရဲ့ အမိုးဟာ မီတာ ၃ရာကျော်လောက် မြင့်ပြီးတော့ အကျယ်ကလည်း မီတာ ၃၀၀ ကျော်ကျယ်ဝန်းတာ တွေ့လိုက်ရပါတယ်။ သူလာရာလမ်းကို ကြည့်လိုက်တော့ ဂိတ်ပေါက်ကြီး တစ်ခုကို တွေ့လိုက်ရပြီး ဂိတ်ပေါက်ကြီးရဲ့ တခြားဖက်ဟာ ရေအောက် ကမ္ဘာ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒီ ရေတွေဟာ ဂိတ်ပေါက်ကို ကျော်ပြီးတော့ စင်္ကြလမ်းထဲကို ဝင်မလာနိုင်တာကို တွေ့လိုက်ရပါတယ်။ မမြင်ရတဲ့ အကာအကွယ် တံတိုင်းတစ်ခုက ဂိတ်ပေါက်မှာ တားဆီးပေးထားသလိုပါပဲ။



“ဘာဖြစ်သွားတာလည်း မသိဘူး။ ”

နင်သတိထားပြီးတော့ မြှားနဲ့ ဂိတ်ပေါက်တစ်ဖက်က ရေထဲကို ပစ်လိုက်ပါတယ်။



“ထပ်”

မြားဟာ ရေထဲကို မရောက်ပဲ မမြင်ရတဲ့ အကာအကွယ် နဲ့ တိုက်မိပြီးတော့ ပြုတ်ကျသွားပါတယ်။



“မယုံကြည်နိုင်စရာပါလား”



နင် နောက်ကို ခြေလှမ်း ၁၀လှမ်းလောက် ဆုတ်လိုက်မိပါတယ်။ ပြီးတော့မှ ကျာယောင် လေးကြီးကို ထုတ်လိုက်ပြီးတော့ နှာခေါင်းတစ်ချက် မှုတ်လိုက်ပြီး လေးညို့ကို တင်လိုက်ပါတယ်။ ချက်ခြင်းပဲ သူ့တစ်ကိုယ်လုံး အနီရောင် အလင်းတန်းငွေ့တွေ ဖုံးလွှမ်းသွားပါတယ်။ ဖင်းဂေါ့ စွမ်းအင်တွေကို အပြည့်အ၀ ထုတ်သုံးလိုက်တာပါ။ လေးကို အဆုံးအထိ ဆွဲလိုက်ပြီးတော့ မြားနဲ့ ချက်ခြင်းပစ်လိုက်ပါတယ်။ မြားဟာ အလင်းတန်းတစ်ခုလို အကာအကွယ်ဂိတ်တံခါးဆီ တိုးဝင်သွားပါတော့တယ်။



မြားဟာ အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားပြီးတော့ မြေပြင်ပေါ်ကို အစအနတွေ ပြုတ်ကျလာပါတယ်။


“ဒါ…..”

သူ ဒီ စင်္ကြန်လမ်းကို စစ်ဆေးကြည့်လိုက်ပါတယ်။



“ဒီစင်္ကြလမ်းတစ်ခုတည်းတင် မီတာ ၃၀၀ မြင့်တယ်။”

သူ အပြင်ဘက်က ရေအောက် ကမ္ဘာကို ကြည့်လိုက်ပြီးတော့..

“ဒီ အဆောက်အအုံက ရေအောက်ထဲမှာ ဆောက်ထားတဲ့အပြင် အရမ်းကို အံ့မခန်း ကြီးမားလွန်းမှာပဲ။”



“ဒါ Serpentwing ရေကန်ရဲ့ အောက်ခြေများလား???”

နင်ခေါင်းခါလိုက်ပါတယ်။



Serpentwing ရေကန်ဟာ စတုရန်းကီလိုမီတာ တစ်ရာကျော်ပဲ ကျယ်ဝန်းပါတယ်။ ဒီလောက်ကြီးမားတဲ့ အဆောက်အုံကြီး ရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဒီနေရာသာ Serpentwing ရေကန်မှာ ရှိနေရင် ဂျိကလန်က ရှာတွေ့သွားတာ ကြာပြီပေါ့။



“ငါခုနက အချိန် စကြာဝဠာ ပြောင်းလဲသွားတာ ခံစားမိလိုက်တယ်။ အချိန်စကြာဝဠာ ဂူပေါက်တစ်ခု ထဲ ကျလာသလိုပဲ။”

နင်တီးတိုးရေရွတ်လိုက်ပါတယ်။
“ငါ (Dimension) အမြင်ခံစားမှုစကြာဝဠာ နောက်တစ်နေရာကို ရောက်လာတာများလား။”



“သူစာအုပ်တွေ အများကြီးဖတ်ခဲ့လို့ အများကြီး သိနေပါတယ်။”



စာ အုပ်တွေဟာ မရေမတွက်နိုင်တဲ့ နှစ်ကာလများစွာမှာ ကြုံတွေ့ခဲ့တာတွေကို မှတ်တမ်းတင်ထားတာတွေပါ။ ဒီထဲမှာ တချို့ အရမ်းကို ကြမ်းတဲ့ အင်မော်တယ် တန်ခိုးရှင်တွေ အရမ်းကြမ်းတဲ့ ဖင်းဂေါ့တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အမြင်ခံစားမှု စကြာဝဠာ အသေးလေးတစ်ခုကို ဖန်တီးနိုင်ကြပါတယ်။ သူတို့ ဖန်ဆင်းလိုက်တဲ့ သဲတစ်ပွင့်ဟာ ကမ္ဘာ တစ်ခုလုံးကို ထည့်သွင်းတည်ဆောက်နိုင်အောင် နေရာကျယ်ဝန်းပါတယ်။ တချို့ ဖင်းဂေါ့တွေ တန်ခိုးရှင်တွေ ကျန်ရစ်ခဲံတဲ့ ရှေးဟောင်း အကြွင်းအကျန် နေရာတွေ အရာဝတ္ထုတွေမှာ ဒီလို အမြင်ခံစားမှု စကြာဝဠာ တစ်ချိုု့ ဒါမှ မဟုတ် သီးသန့်ကမ္ဘာငယ်လေးတစ်ခု ပါတတ်ပါတယ်။ သာမာန်အနေနဲ့ဆိုရင် သူတို့ကို ရှာမတွေ့နိုင်ပါဘူး။ ကံကောင်းခြင်း ကံဆိုးခြင်းနဲ့ သာ တစ်ချို့တလေ မတော်တဆ အဲ့ဒီကမ္ဘာလေးတွေထဲ ရောက်သွားကြတာပါ။



ဒါပေမဲ့ ဒီလို အင်အားစုကြီးတွေ ချန်ရစ်ခဲ့တဲ့ နန်းဆောင်တွေဟာ အရမ်းကို အန္တရာယ် များလွန်းလှပါတယ်။ ဒီ တန်ခိုးရှင်တွေ ဖင်းဂေါ့တွေက ဘာဖြစ်လို့ သူတို့ပိုင်ဆိုင်တဲ့အရာကို အကာအကွယ် တစ်ခုခု မလုပ်ထားခဲ့ပဲနေမှာလည်း။ ဒီလို ရှေးဟောင်း အကြွင်းအကျန် ဒေသတွေကို ရောက်သွားတဲ့သူတွေဟာ သေသွားကြတာများတယ်။ လွတ်မြောက်သွားတဲ့သူတွေဟာ အရမ်းကို ကံကောင်းတဲ့ လူတွေပဲ။ ဒဏ္ဍာရီထဲမှာ ကြားဖူးတဲ့ ရတနာတွေ တပွေ့တပိုက်နဲ့ ပြန်လာတဲ့ လူတွေအကြောင်းကတော့ … နင် သူ့ကိုသူ ဒီလိုလူဖြစ်ဖို့ဆိုတာ တွေးတောင် မတွေးရဲဘူး။



“လောဘကြီးလို့ မဖြစ်ဘူး။ ငါ အသက်ရှင်အောင် ကြိုးစားရမယ်။”

နင် သူ့ပတ်ဝန်ကျင်ကို ဂရုတစိုက်လေ့လာလိုက်ပါတယ်။



သူမသိတဲ့ အခွင့်အလမ်းတွေ အများကြီး ရှိနိုင်ပါတယ်။



ပြီးတော့ သူမသိတဲ့ စွန့်စားမှုတွေ အများကြီးလည်း ရင်ဆိုင်ရနိုင်ပါတယ်။



“ငါ အခုက စပြီး ဒီ ရေအောက် နန်းတော်ကို Serpentwing ရေအောက်နန်းတော်လို့ ခေါ်မယ်။ ”



သူအခု ဒီနေရာကနေ ထွက်ခွာလို့ မရတော့တဲ့အတွက်ကြောင့် ရှေ့ဆက်လျှောက်ဖို့တစ်လမ်းပဲ ကျန်ပါတော့တယ်။



…..



စင်္ကြန်လမ်းဟာ အရမ်းကို ကျယ်ဝန်း မြင့်မားပြီးတော့ ကြမ်းခင်းထားတဲ့ ကျောက်ပြားဟာ ဆက်ရာမရှိပဲ တပြားတည်း ဖြစ်နေတာ သတိထားမိပါတယ်။ နင်က လမ်းတစ်လျှောက် နံရံတွေမှာ သူအစွမ်းရှိသလောက် ကြိုးစားပြီး ခုတ်ထစ်ပေမဲ့ အစင်းရာ တစ်ချက်လေးမှ မထင်ကျန်ခဲ့ပါဘူး။



တခဏလောက် လျှောက်သွားပြီးတဲ့အခါမှာတော့…



စင်္ကြန် အကွေ့နေရာရောက်သွားတော့ သူ အရိုးစုတွေ အများကြီး ကြမ်းပြင်မှာ ပြန့်ကျဲနေတာ တွေ့လိုက်ရပါတယ်။ အသားတွေဟာ နှစ်ပေါင်းများစွာထဲက ဆွေးမြေ့ပျက်စီးသွားလို့ အရိုးဖြူဖြူလေးတွေပဲ တွေ့ရပါတယ်။ ထူးခြားတာကတေ့ မှော်ရတနာ တချို့လည်း မြေပြင်မှာ ပြန့်ကျဲနေတာ တွေ့လိုက်ရပါတယ်။ တချို့ အစိတ်အပိုင်း ပြည့်စုံတဲ့ သိပ်ပြီး မဆွေးသေးတဲ့ အရိုး တချို့မှာတော့ ချပ်ဝတ်တန်ဆာတွေ မှော်ရတနာတွေဟာ အဲ့ဒီ အရိုးစုတွေအနား ထပ်ပြီးတော့ ပြန့်ကျဲနေတာ တွေ့ရပါတယ်။



“ဘာလို့ တချို့ အရိုုးစုတွေက မှော်ရတနာတွေ မရှိရတာလည်း။ သူတို့မှာ မှော်ရတနာ မရှိရင်တောင်မှ ထက်မြက်တဲ့ လက်နက် တစ်ခုခု ရှိရမှာ။ ဘာလို့ ဘာလက်နက်မှ မရှိရတာလည်း။”


“ရွှတ်…”



နင်ဟာ နတ်ဘုရား စိတ်စွမ်းအင်နဲ့ အရိုးတွေက ချပ်ဝန်တန်ဆာတွေ မှော်ရတနာတွေကို ဆွဲယူလိုက်ပြီး သူ့ရှေ့စုပုံ ပစ်ချလိုက်ပါတယ်။



ရွှစ်



အရိုးစုတွေဟာ ထိလိုက်တာနဲ့ တစစီ ကျိုးပဲ့ပြီး အမှုန်တွေ ဖြစ်သွားကြပါတယ်။



“အင်း.. ကြည့်ရတာ သူတို့တွေ သေတာ အရမ်းကို ကြာနေပြီ။”



နင်က ချပ်ဝတ်တန်ဆာတွေ နဲ့ လက်နက်တွေကို ကြည့်လိုက်ပါတယ်။ ပြီးတော့ ချက်ခြင်း တစ်ခုကို ကောက်လိုက်ပြီးတော့ သူ့ရဲ့ ဇင်တျန် စွမ်းအင်နဲ့ ကိုယ်ပိုင် ဖြစ်အောင် ပေါင်းစည်းလိုက်ပါတယ်။ ဒီအခါမှာတော့ သူရှာတွေ့သွားတာက အရင် ပိုင်ရှင်တွေဟာ သေဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်လို့ လွယ်လွယ်ကူကူပဲ ပေါင်းစည်းလိုက်လို့ ရတာကို  သိလိုက်ရပါတယ်။ကာလကြာရှည်တဲ့အခါမှာ အရင်ပိုင်ရှင်တွေရဲ့ မှော်စွမ်းအင်တွေဟာ တဖြည်းဖြည်း စိမ့်ထွက်ပျောက်ကွယ်သွားခဲ့ပါပြီ။ ပိုင်ရှင်မဲ့ မှော်ရတနာတွေ ဖြစ်နေလို့ သူ့စွမ်းအင်နဲ့ ကိုယ်ပိုင်ဖြစ်အောင် ပေါင်းလိုက်လို့ ရတာပါ။



“ငါ ဒါတွေကို ထိမ်းချုပ်လို့ရအောင် ငါ့စွမ်းအင်တွေနဲ့ လွယ်လွယ်ကူကူ ပေါင်းလို့ ရတယ်ဆိုတော့ကာ သူတို့တွေဟာ အရမ်းအဆင့်မြင့်တဲ့ ရတနာ ဖြစ်ပုံမရဘူး။ သေတဲ့ လူတွေ အကုန်လုံးဟာ ဇင်တျန် တွေပဲဖြစ်ရမယ်။”



သူ နောက်ထပ် အရိုးစုတွေကို လိုက်စစ်ဆေးတဲ့ အခါမှာတော့ အရိုးစုတစ်ခုက လက်မှာ လက်စွပ် ဝတ်ထားတာကို တွေ့မိသွားပါတယ်။ သူချက်ခြင်းပဲ လက်စွပ်ကို ကောက်ယူလိုက်ပြီးတော့ စွမ်းအင်နဲ့ ပေါင်းလိုက်ပါတယ်။ အမှန်ပါပဲ။ ဒီလက်စွပ်ဟာ သေဆုံးသွားသူရဲ့ သိုလှောင်ခန်းပါ မှော်ရတနာပါ။ သူ မှော်ရတနာ အထဲကို တစ်ချက် ကြည့်လိုက်မိတဲ့အခါမှာတော့ ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။ အထဲက အကျယ်အဝန်းက သံမဏိ သစ်ပင် ဂျန်ရဲ့ သိုလှောင် ရတနာလောက် မကျယ်ဝန်းပါဘူး။



ဒါပေမဲ့…



“မှော်ရတနာတွေ အများကြီးပဲ။ ”

နင် အရမ်းကို အံ့သြမခန်း ဖြစ်သွားပါတယ်။ ဒီ သိုလှောင်ခန်း မှော်ရတနာထဲမှာ မှော်ရတနာပစ္စည်းတွေဟာ အခန်းအပြည့် ပျံဝဲနေပြီးတာ့ အကုန်လုံးဟာ အရမ်းကို ထူးခြားတဲ့ သာမာန်မဟုတ်တဲ့ အငွေ့အသက်တွေ ဖြာထွက်နေပါတယ်။ မှော်လက်နက်တွေ၊ ဝင်္ဂဘာ ဖော်မေးရှင်း ရတနာတွေ၊ မှော် ချပ်ဝတ်တန်ဆာတွေ၊ နဲ့ နောက်ထပ် သိုလှောင်ခန်းပါ မှော်ရတနာတွေပါ။



“ဒီတယောက်က ဘာလို့ မှော်ရတနာတွေ အများကြီး သယ်လာတာလည်း မသိဘူး။”

နင်က အရိုးစုတွေ အများကြီးကို ကြည့်လိုက်ပါတယ်။ ဒီအရိုးစုတွေမှာ ဘာမှော်ရတနာမှ မပါလာပါဘူး။


“ကြည့်ရတာ ဒီလူက ရှိသမျှလူအကုန်ရဲ့ မှော်ရတနာတွေကို ကောက်လိုက်တာထင်တယ်။”



နင်ချက်ခြင်းပဲ အကုန်လုံးကို ပေါင်းစည်းလိုက်ပါတယ်။



ဒီမှာ သူသိလိုက်တာက ဒီ သိုလှောင်ခန်း ရတနာ လက်စွပ်မှာ နောက်ထပ် သိုလှောင်ခန်းရတနာ ပစ္စည်းပေါင်း ၁၁၂ ခု ပါပါတယ်။ ပြီးတော့ မှော်လက်နက် ၁၃၆ မျိုးပါပါတယ်။ မှော်ချပ်ဝတ်တန်ဆာအမျိုးအစား ၃၁ မျိုးပါဝင်ပါတယ်။ ပြီးတော့ ပြောပြလို့မရအောင်ကြမ်းတဲ့ မှော်ရတနာ ၊ ဝင်္ဂဘာ ဖော်မေးရှင်း မှော်ရတနာတွေပါအပါအဝင် အမျိုးအစား ၁၆မျိုး ပါဝင်ပါသေးတယ်။ ပြီးတော့ တာအိုတံဆိပ်တော်တွေလည်း အများကြီးပါပါသေးတယ်။ ပြောရရင် မကုန်နိုင်တော့ပါဘူး။ အချိန်ကာလ အများကြီး ကြာလာတဲ့အခါမှာ တာအို တံဆိပ်တော်ထဲက မှော်စွမ်းအင်တွေဟာ လည်း စိမ့်ထွက်ပျောက်ကွယ်ကုန်လို့ တာအို တံဆိပ်တော် ၁၀ခုသာ အသုံးပြုလို့ ရပါတော့တယ်။



“ငါ အကုန်လုံးကို ပေါင်းစပ်လို့ ရတယ်ဆိုတော့ ဒါတွေမှာ ထူးခြားတဲ့ မှော်ရတနာ မပါသေးဘူး။ အရင် ပိုင်ရှင်တွေ အကုန်လုံးက ဇင်တျန် တန်ခိုးရှင်တွေချည်းပဲပေါ့။ ပြောရမယ်ဆိုရင် ဒီနန်းတော်ကို ရောက်လာသမျှ လူတွေအကုန်လုံးက ဇင်တျန် တန်ခိုးရှင်တွေပဲပေါ့။”



နင်ကအကျယ်အဝန်း မီတာ ၃၀၀ ကျော်ရှိတဲ့ သိုလှောင်ခန်း မှော်ရတနာဖြစ်တဲ့ ခါးပတ်တစ်ခုကို ရွေးပြီးတော့ သူ့ခါးမှာ ပတ်လိုက်ပါတယ်။ ဒီခါးပတ်က အပြင်ပန်းကြည့်ရင်တော့ သာမန် အဝတ်ခါးပတ် တစ်ခုအတိုင်းပါပဲ။ ပြီးတော့မှ သူက အရမ်းကောင်းတဲ့ ချပ်ဝတ်တန်ဆာ တစ်စုံကို ရွေးဝတ်လိုက်ပါတယ်။



ဒီ ချပ်ဝတ်တန်ဆာဟာ သူ့ရဲ့ ရွှေကြယ် အင်္ကျ ီထက် အများကြီး ကြမ်းပါတယ်။ ဒါနဲ့ သူ့ရဲ့ ရွှေကြယ်အင်္ကျ ီကို သူချွတ်ယူလိုက်ပြီး သိုလှောင် ရတနာ တစ်ခုထဲ သိမ်းဆည်းလိုက်ပါတယ်။



ဒီမှော်ရတနာတွေကို ရခဲ့လို့ နင်ထူးထူးခြားခြား ပျော်မနေပါဘူး။ သူက အနောက်ပိုင်း ဂျိကလန်ကို ဆက်ခံရမဲ့သူလေ။ သူ့အတွက် အကာအကွယ် မှော်ရတနာတွေကို စိတ်ကြိုတ်ရွေးယူလို့ ရတယ်။



“ဒါပေမဲ့ ဒီမှာ အရေအတွက်က အများကြီးပဲ။ အကုန်လုံး တန်ဖိုးပေါင်းလိုက်ရင် အဆင့်နိမ့် တန်ဖိုးကြီး မှော်ရတနာတစ်ခုနဲ့ တော့ တန်ဖိုးညီမှာပဲ။”

နင် ဒီရတနာတွေအကြောင်း ဘာမှ ဆက်မတွေးတော့ပါဘူး။ သူ့ရှေ့က အရိုးစုဟာလည်း အရင်က ဒီရတနာတွေကို ရလာပေမဲ့ သေဆုံးသွားရတာပဲလေ။ အခုအရေးကြီးတာက အသက်ရှင်လျက် လွတ်မြောက်ဖို့ပါ။



သူ့လက်ထဲမှာ ဒက်နော့ ဓား၂ချောင်းကို အသင့်ကိုင်ထားပြီးတော့ သူတဖြည်းဖြည်း ရှေ့ဆက်လျှောက်လာခဲ့ပါတယ်။ ပြောရင် သူ့မှာ ရှေ့တည့်တည့် သွားတာကလွဲပြီး တခြားလျှောက်စရာလမ်းလည်းမရှိဘူးလေ။



သူ့ဒက်နော့ ဓားတွေရဲ့အစွမ်းဟာ ဒီ အဆင့်ထဲ မဝင်သေးတဲ့ မှော်ရတနာတွေရဲ့ အောက်ကို မကျပါဘူး။ ပြီးတော့ ဒီ ဒက်နော့ ဓားတွေ အသုံးပြုဖို့ သူ့ရဲ့ ဇင်တျန် တန်ခိုးကို ထုတ်သုံးစရာမလိုဘူးလေ။ ဒါကြောင့် နင်က ဒီ ဒက်နော့ ဓားတွေကို အရမ်း သဘောကျပါတယ်။



….



နင် တဖြည်းဖြည်း လျှောက်လာပါတယ်။



သူအရိုးစုတွေ ရှိတဲ့နေရာကို ကျော်ပြီးတဲ့အခါမှာတော့ သူသတိကြီးကြီး ထားလိုက်ပါတယ်။



ဖန်း..ဖန်း..ဖန်း..ဖန်း..ဖန်…ဖန်းး.ဖန်း..ဖန်း.



လေထဲမှာ ရွှေပဲစေ့တွေ တခုပြီး တခု ပေါ်လာပါတယ်။ အကုန်လုံးဟာ မြေပြင်ပေါ်ကို ကျလာပြီးတော့ အသံတွေ ဆူဆူညံညံ ထွက်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီရွှေပဲစေ့တွေဟာ အရည်ပျော်သွားပြီးတော့ ရွှေရည်ဖြစ်သွားပါတယ်။ ဒီမှာ အသွင်ထပ်ပြောင်းသွားပြီးတော့ လက်နက်အသင့် ကိုင်ထားတဲ့ ရွှေရောင် ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ ကောင်းကင် စစ်သူရဲတွေ ဖြစ်သွားပါတော့တယ်။



ရွှေရောင် တလက်လက်နဲ့ အရမ်းကို အစွမ်းထက်ပုံရတဲ့ ကောင်းကင်စစ်သူရဲတွေ နဲ့ စစ်သူကြီးတွေဟာ နင်ဘေးနားမှာ ဝန်းရံရပ်နေကြပါတယ်။



“အိ.. ရွှေပဲစေ့ကနေ စစ်သားတွေဖြစ်သွားတယ်။”

နင် အရမ်းကို ရင်ထိတ်သွားပါတယ်။ သူဒီ စစ်သူရဲတွေ စစ်သူကြီးတွေကနေ အရမ်းကို ကြမ်းတမ်းတဲ့ အငွေ့အသက်တွေ ထွက်နေတာ သိလိုက်ပါတယ်။ အကုန်လုံးဟာ ဇင်တျန် အဆင့် မှာ ရှိကြပါတယ်။

“ပြီးတော့ သူတို့က ၈၁ ယောက်တောင်မှ….zzzz”


“မင်းက နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်ရဲတယ်လား။ သေဖို့သာ ပြင်ထားတော့။”

ရွှေရောင် ကောင်းကင် စစ်သား စစ်သူကြီး ၈၁ ယောက်ဟာ သံပြိုင်ဟစ်ကြွေးပြီးတော့ နင်ကို ဝိုင်းတိုက်ခိုက်လိုက်ကြပါတယ်။



လက်ထဲမှာ ဒက်နော့ဓား၂လက် ကိုင်ထားတဲ့နင် အဖြစ်အပျက်ကို သဘောပေါက်သွားပါတယ်။ ဒီအရိုးစုတွေ အကုန်လုံးဟာ ဒီ ရွှေရောင် စစ်သည် ၈၁ယောက်က ဝိုင်းသတ်လို့ သေကုန်ကြတယ်ဆိုတာ… သူ မနှေးကွေးလေပဲ လေတောင်ပံ ကိုယ်ဖော့ပညာကို အသုံးပြု ရှောင်တိမ်းလိုက်ပါတယ်။ ရွှစ်ဆိုတဲ့ အသံနဲ့အတူ သူနံရံတစ်ဖက်မှာ ပြေးလွှားသွားပြီးတော့ ဒီ စစ်သူရဲ ၈၁ယောက်ကို ကျော်လွှားပြီး ရှေ့ကို ဆက်လျှောက်သွားဖို့ ကြိုးစားလိုက်ပါတယ်။



“ဝင်္ဂဘာ အသက်ဝင်စမ်း…”

ကောင်းကင် စစ်သူရဲ ၈၁ယောက် က သံပြိုင် ဟစ်ကြွေးလိုက်ပါတယ်။



စင်္ကြန် နံရံ ၂ဖက်လုံးကနေ မြူတေါ ထွက်လာပါတယ်။ နင်က ပြေးသွားပြီးတော့ မြူနှင်းတွေကို ဓားနဲ့ ခွဲလိုက်ပေမဲံ သူ့ဓားက မြူနှင်းထုကို ထိုးခွဲမရ ဖြစ်နေပါတယ်။



“ထွက်ပြေးဖို့ မစဉ်းစားနဲ့။”

ကောင်းကင် စစ်သူရဲ ၈၁ယောက် အနီးနားကို ထပ်ရောက်လာကြပြန်ပါတယ်။



နင်က မြူနှင်းထုတေါကို ကြည့်ပြီးတော့

“ထောင်ချောင် ဝင်္ဂဘာ…”



“ကြည့်ရတာ ငါ ဒီ ၈၁ယောက်ကို သေအောင် မသတ်နိုင်ရင် ရှေ့ဆက်ခွင့် မရှိဘူးထင်တယ်။ ဒီအရိုးစုတွေဟာ သူတို့ကြောင့် သေသွားတာနေမယ်။ ငါက သူတို့လောက် မဝိဘူး။”


“ရွှစ်”



နင် လေတောင်ပံကိုယ်ဖော့သိုင်းကို အသုံးပြုပြီးတော့ စစ်သူရဲ ၈၁ယောက်ရဲ့ နောက်ကျောဘက်ကို ရောက်ရှိသွားပါတယ်။ ပြီးတော့ သူ့ဓားနဲ့ စစ်သူရဲတစ်ယောက် ကျော်ကို ထိုးချလိုက်ပါတယ်။



“ဒန်..ဒန်..ဒန်…”

ဓား ၃ချက် ဆက်တိုက် ထိသံ ကြားလိုက်ပါတယ်။



“ဖန်း..”

နင်ရဲ့ ဓားက ရွှေစစ်သားရဲ့ ဦးခေါင်းကို ဖောက်သွားပေမဲ့ စစ်သည်တောက်က မရပ်သွားပဲ လှံနဲ့ နောက်ပြန်ထိုးချလိုက်ပါတယ်။



“ဘာလဲဟ….zzz”

နင်ကြောက်လန့်တကြားနောက်ကို ခုန်ဆုတ်လိုက်ပါတယ်။



“ဇင်တျန်အဆင့် ဖင်းဂေါ့ ကျင့်စဉ်ကျင့်ထားသူတောင်မှ ခေါင်းကို ဓားထုတ်ချင်းပေါက် အထိုးခံရင် သေတာပဲ။ ဒီ ရွှေစစ်သည်တော်က ဘာလို့ မသေရတာလည်း။”

နင် ရှူးရှူးရှားရှား ဖြစ်သွားပါတယ်။ နင်ခုနက သိုင်းကွက်တွေ ဖလှယ်ခဲ့ကတည်းက ဒီရွှေစစ်သည်တော်တွေရဲ့ လှံသိုင်းအစွမ်းဟာ အလယ်အလတ်လောက်ပဲ ရှိပေမဲ့ သူ့ရဲ့ စွမ်းအင်အသုံးပြုပုံက နင်အောက်ကို မကျပါဘူး။



အဆိုးဆုံးကတော့ ခေါင်းကို ဓားနဲ့ ထိုးတာတောင် မသေတာပါ။


“သတ်..”

ခေါင်းကို ဓားနဲ့ အထိုးခံရတဲ့ စစ်သည်တော်ကြောင် တခြားစစ်သည်တော်တွေပါ ဒေါသပေါက်ကွဲကုန်ကြပြီး ဒေါသတကြီးမာန်သွင်းပြီးတော့ နင်ကို တစ်ပြိုင်တည်း စုပေါင်းတိုက်ခိုက်လိုက်ကြပါတယ်။



နင်ကတော့ သူ့ကိုယ်ဖော့သိုင်းကို အသုံးပြုပြီးတော့ ရွှေစစ်သည်တော်တွေကြားမှာ ရွေလျားနေပါတယ်။ သူ အချိန်တိုင်းမှာ ရန်သူ ၃ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရတာပါ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဒက်နော့ ဓားနဲ့ စစ်သည်တော်တွေရဲ့ ဦးခေါင်း လည်ပင်း နဲ့ တခြား သေနိုင်တဲ့ အစိတ်အပိုင်းတွေကို ခုတ်ထစ် ထိုးသွင်းခဲ့ပေမဲ့ ဒီ စစ်သည်တော်တွေ တစ်ယောက်မှ ဒဏ်ရာရပုံ မပေါ်ပါဘူး။



“ရေမီး ကြာပန်း”

နင် အော်လိုက်ပါတယ်။



ဝုန်းဝုန်းဝုန်း..

နင်ကို ပတ်ပတ်လည် ဝန်းရံပြီးတော့ ရေကြာပန်းပွင့်ချပ်ကြီး ၃ချပ်နဲ့ မီးကြာပန်းပွင့်ချပ်ကြီး ၃ချပ်တို့ ပေါ်လာပါတယ်။ ရေမီးကြာပန်း ၂လွှာဟာ တဖြည်းဖြည်း လည်ပတ်လာပါတယ်။ ဒီကြာပန်း ဧရိယာထဲရှိနေတဲ့ စစ်သူရဲ ၆ယောက်ဟာ ဖိအားနဲ့ ကြေမွသွားပြီးတော့ ချက်ခြင်း ရွှေရောင် အရည်ဖြစ်သွားပါတယ်။



ဒါပေမဲ့ ဒီရွှေရောင်အရည်ဟာ  ကြာပန်း ဧရိယာ အပြင်ကို ထွက်သွားပြီးတော့ စစ်သူရဲ ခြောက်ယောက်အသွင် ပြန်ပြောင်းသွားပါတော့တယ်။



“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း။”

နင်ဒီလို အခြေအနေကို မယုံကြည်နိုင်ပါဘူး။ သူတို့တွေ အရည်ဖြစ်သွားပြီလေ။ ဘာလို့ စစ်သူရဲအသွင် ပြန်ပြောင်းသွားတာလည်း။



“အရင်က လာခဲ့တဲ့ ဇင်တျန် တန်ခိုးရှင်တွေဟာ ငဝိတွေ မဟုတ်ဘူး။ ဒီ စစ်သူရဲ ၈၁ယောက်ဟာ သတ်လို့ကို မရတာ။”

သူ ဒီစစ်သူရဲ ၈၁ယောက်ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ တွေးနေမိပါတယ်။ ပြီးတော့ သူတို့ကို အမှုန့်ခြေပစ်ရင်တောင်မှ အရည် ဖြစ်သွားပြီးတော့ လူသားအသွင်ကို ပြန်ပြောင်းလဲသွားပါတယ်။



“သတ်”


“သတ်”



“သတ်”



စစ်သူရဲ ၆ယောက် အမှုန့်အခြေခံလိုက်ရတာကို မြင်လိုက်ရတော့ ကျန်တဲ့ စစ်သူရဲတွေလည်း ပိုပြီးတော့ ဒေါသကြီးလာကြပါတယ်။



“ဝင်္ဂဘာ အသင့်ပြင်ဟေ့”

စစ်သူရဲ ၈၁ယောက်ဟာ သံပြိုင် အော်လိုက်ပါတယ်။ ရွှေရောင် စစ်သူရဲတွေဟာ အရမ်းမြန်ဆန်တဲ့ အလျင်နဲ့ ပြေးသွားပြီးတော့ နင်ကို လုံး၀ ဝန်းရံထားလိုက်ပါတော့တယ်။



ဒီ ရွှေရောင် ကောင်းကင် စစ်သူရဲတွေဟာ အတွင်းစက်ဝိုင်း နဲ့ အပြင်စက်ဝိုင်း စက်ဝိုင်း၂ထပ် လုပ်ပြီးတော့ နင်ကို ဝိုင်းထားလိုက်ကြပါတယ်။ အတွင်းစက်ဝိုင်းမှာ စစ်သူရဲ ၂၇ ယောက်ရှိပြီး အပြင် စက်ဝိုင်းမှာစစ်သူရဲ ၅၄ယောက် ရှိပါတယ်။ အကုန်လုံးဟာ နင်ကို ဒေါသတကြီး ကြည့်နေကြပြီးတော့ လှံတံရှည်တွေဟာ နင်ကို ဦးတည်ချိန်ရွယ်ထားပါတယ်။



Chapter 14 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 15 ဇာတ်ရည်လည်သွားခြင်း







Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…












Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)