ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 4- ေရ ႏွင့္ မီး ၾကာပန္း ပြင့္ခ်ပ္မ်ား


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 4-  ေရ ႏွင့္ မီး ၾကာပန္း ပြင့္ခ်ပ္မ်ား

သံမဏိ သစ္ပင္ ဂ်န္ နဲံ ဘိုင္အန္ က်ားၾကီး ၂ဦးလံုး အရမ္းကို အံ့ၾသသြားၾကပါတာ့တယ္။ ဂ်န္က သူ႕ရဲ့ ယင္ ယန္ စြမ္းအင္ ၀ဂၤဘာေဖာ္ေမးရွင္းကို ျမန္ျမန္ အသက္ ၀င္ လႈပ္ရွားေစ လို္က္ျပီးေတာ့ ေအာ္ေျပာလိုက္ပါတယ္။
 “သတိထားေဟ့.. သူက မီးနဲ႕ ေရကို ထိန္းခ်ဳပ္လို႕ ရေနျပီ။ အနီေရာင္ ေကာင္းကင္ ကိုးဆင့္ သိုင္းက်င့္စဥ္ နဲ႕ ဇင္တ်န္ အဆင့္ကို ေရာက္သြားတဲ့ တန္ခိုးရွင္ရဲ့ ေရ နဲ႕မီး အစြမ္းဟာ သာမာန္ မဟုတ္ဘူး။ သာမာန္ ဇင္တ်န္ တန္ခိုးရွင္ကို လြယ္လြယ္ေလး ဇီ၀ိန္ခ်ဳပ္လို႕ ရတယ္။”

ဘိုင္အန္က်ားၾကီးက ေရ နဲ႕ မီးကို ေတြ႕လိုက္တာ နဲ႕ အစစ္အမွန္ အသြင္ ေျပာင္းလိုက္ျပီးေတာ့ ျမန္ျမန္ ေနာက္ဆုတ္လိုက္ပါတယ္။ ဒါေၾကာင့္ သူတို႕ ၂ဦးၾကား အကြာအေ၀း အလွမ္းေ၀းသြားလို႕ ေအာ္ေျပာလိုက္ရတာပါ။ ဒါေပမဲ့ ဘိုင္အန္က်ားၾကီးရဲ့ အျမန္ႏႈန္းက ဒီ မီး နဲ႕ ေရ ရဲ့ အျမန္ႏႈန္းကို ဘယ္ယွဥ္ႏိုင္လိမ့္မလဲ။

“၀ုန္း”
ေရ နဂါးၾကီးဟာ ဘိုင္အန္က်ားၾကီးကို ရစ္ပတ္လိုက္တဲ့အခါမွာ ေရခဲလႊာေတြ ေပၚလာပါတယ္။ တစ္ခ်ိန္တည္းမွာပဲ မီးနဂါးၾကီးကလည္း က်ားၾကီးကို ရစ္ပတ္လိုက္ပါတယ္။ ေရ နဲမီး နဂါးၾကီး ၂ေကာင္ဟာ တစ္ျပိဳင္ တည္း ရစ္ပတ္လိုက္ခ်ိန္မွာ.. ေရ နဂါးၾကီး ကေတာ့ မခန္႕မွန္းႏိုင္ေလာင္ေအာင္ကို ေအးျပီးေတာ့ မီးနဂါးၾကီးကေတာ့ အလြန္႔အလြန္ကို ပူေလာင္လွပါတယ္။

အပူ နဲ႕ အေအး….

“ဖုန္း..ဖုန္း…ဖုန္..”

ဘိုင္အန္က်ားၾကီးရဲ့ သားေမြးေတြမွာ အက္ကြဲေၾကာင္းေတြ ေပၚလာျပီးေတာ့ သူ႕ရဲ့ အတြင္းက အနီေရာင္ အသားေတြ ၾကြက္သားေတြ ဆက္ေပၚလာပါတယ္။ ျပီးတာနဲ႕ မီးေသြး တံုးလိုု ေလာင္ကၽြမ္း မဲတူးသြားပါတယ္။

“ေ၀ါင္း…..”

“မေသေသးဘူးလား”
နင္ ေအးစက္စက္နဲ႕ ဆက္ၾကည့္ေနပါတယ္။

ဘိုင္အန္က်ားၾကီးကို ရစ္ပတ္ထားတဲ့ ေရနဂါးဟာ ရုတ္တရက္ ေလ်ာ့ေပးလိုက္ပါတယ္။ ျပီးေတာ့ အရမ္းကို ၾကီးမားတဲ့ ၾကာပန္းပြင့္ခ်ပ္ၾကီး အသြင္ေျပာင္းလဲသြားပါေတာ့တယ္။  မီး နဂါးၾကီးလည္း တစ္ခ်ိန္တည္းမွာ မီးေတာက္ ၾကာပန္းပြင့္ခ်ပ္ၾကီး အသြင္ ေျပာင္းလဲသြားပါေတာ့တယ္။

ေရၾကာပန္း က ေအာက္မွာ ရွိျပီးေတာ့
မီးၾကာပန္း က အေပၚမွာပါ။

ဘိုင္အန္က်ားၾကီးက အလယ္ဗဟိုမွာ ရွိေနပါတယ္။ သူဘယ္ေလာက္ပဲ ရုန္းကန္ရုန္းကန္ မလြတ္ႏို္င္ပါဘူး။ ၾကာပန္းပြင့္ၾကီး ၂ခု က သူဘယ္သြားသြားလိုက္ပါသြားပါတယ္။

“ေရ မီး ၾကာပန္း အေရေဖ်ာ္ပစ္စမ္း”
နင္ ရဲ့ အေတြး နဲ႕တင္ ၾကာပန္းပြင့္ၾကီး ၂ခ်ပ္ဟာ တျဖည္းျဖည္း ေျပာင္းလဲလာပါတယ္။ အရမ္းကို ၾကီးမားတဲ့ ၾကိတ္ဆံုၾကီး ၂ခုဟာ တျဖည္းျဖည္း လႈပ္ရွားလာျပီးေတာ့ ၾကိတ္ေျချခင္းလုပ္လာပါတယ္။ အေစာပိုင္းကေတာ့ နင္ဟာ ၾကာပန္း ၂ပြင့္ျဖစ္တဲ့ ကမာၻၾကီးက စြမ္းအားေတြကို တာအိုသေဘာ အနည္းငယ္ သာ နားလည္ျပီး ထုတ္ေဖာ္ႏိုင္ခဲ့တာပါ။ အစြမ္းေတြက ထိန္းခ်ဳပ္မရေအာင္ကို ၾကီးမားလြန္းပါတယ္။  ဒါေပမဲ့ နင္က အခုဆို ဇင္တ်န္တန္ခိုးရွင္ ျဖစ္သြားခဲ့တဲ့အတြက္ ေရ နဲ႕ မီးကို ထိန္းခ်ဳပ္လို႕ ရလာပါျပီ။ ျပီးေတာ့ သူ နားလည္ခဲ့တဲ့ တာအို အစြန္အဖ်ား သေဘာတရားကို အေျခခံ ထားႏိုင္ခဲ့တဲ့အတြက္ သူရဲ့ အစြမ္းဟာ အဆ ရာခ်ီျပီး တိုးလာခဲ့ပါတယ္။

ေရ နဲ႕ မီး ၾကာပန္း ဟာ ကခုန္ေနၾကပါတယ္။ လိုင္အန္က်ားၾကီးကေတာ့ အရမ္းကို ေအးျမမႈ နဲ႕ အရမ္းကို ပူေလာင္မႈကို ခံစားေနရျပီး ဘ၀ပ်က္ေနပါတယ္။ သူ႕ ခႏၵာကိုယ္ဟာ တျဖည္းျဖည္း ခံစားမႈမဲ့လာပါတယ္။ တခ်ိန္တည္းမွာ မီး နဲ႕ ေရ ေရာယွက္သြားျပီးေတာ့ အရမ္းကို ျပင္းထန္တဲ့ သတ္ျဖတ္မႈ အစြမ္းဟာ ဘိုင္အန္က်ားၾကီးဆီကို ဆင္းသက္ေရာက္ရွိလာပါတယ္။

“ဂါး…..”
ဘိုင္အန္က်ားၾကီးရဲ့ မီးကၽြမ္းေနတဲ့ ကိုယ္ခႏၶာဟာ ေၾကြ ရုပ္ေလးလို ျဖစ္သြားပါတယ္။ မ်က္ လံုးေတြမွာ မယံုၾကည္ႏိုင္မႈေတြ ျပည့္ေနျပီးေတာ့ တျဖည္းျဖည္း တစစီ ကြဲေၾကသြားပါေတာ့တယ္။

ဘိုင္အန္က်ားၾကီး ေသသြားခဲ့ပါျပီ။

“ဒါ ဒီေလာက္ေတာင္ အစြမ္းထက္တာပဲ”
နင္ ႏွလံုးသား အရမ္းေပါ့ပါးသြားပါတယ္။
“ငါထိန္းခ်ဳပ္ႏိုင္တဲ့ မီးနဲ႕ ေရကို အေျခခံျပီးေတာ့ ေရမီးၾကာပန္း အကာအကြယ္ကို ဖန္တီးႏိုင္ခဲ့တယ္။ ဇင္တ်န္ အလယ္အဆင့္ တန္ခိုးရွင္ကို ျပန္တိုက္ဖို႕ အခြင့္အေရးမေပးပဲနဲ႕ ငါသတ္ႏိုင္ျပီ။”

အေပၚမွာ ရွင္းျပခဲ့တဲ့ တိုက္ပြဲဟာ ရွင္းျပေနတာ ၾကာေပမဲ့ ပညာရွင္ေတြၾကားမွာေတာ့ တခဏေလးအတြင္း ျဖစ္ပ်က္ခဲ့တာပါ။

နင္ ေရ နဲ႕ မီး ၾကာပန္းကို ဖန္တီး လိုက္တဲ့အခ်ိန္ နဲ႕ ဘိုင္အန္က်ားၾကီး ေသသြားတဲ့ ၾကားအခ်ိန္ဟာ စကၠန္႔ပိုင္းေလးပဲ ၾကာတာပါ။

“ဟုန္း..”
ယင္ယန္ စြမ္းအင္ ၀ဂၤဘာ ေဖာ္ေမးရွင္းဟာ ကီလုိမီတာေတာ္ေတာ္ မ်ားမ်ားကို လႊမ္းျခံဳလိုက္ျပီးေတာ့ လႈပ္ရွားလာပါတယ္။ အျဖဴ အနက္ စြမ္းအင္ေတြဟာ ယွက္သန္းျပီးေတာ့ နင္ဆီကို တိုး၀င္လာပါေတာ့တယ္။

သံမဏိဂ်န္ဟာ သူ႕ရဲ့ ဘိုင္အန္က်ားၾကီး ကို အလြယ္ေလး သတ္ႏိုင္သြားလို႕ အရမ္းကို ထိတ္လန္႕သြားပါတယ္။ ေသြးဆာေနတဲ့ အမူအရာနဲ႕ သူေအာ္ဟစ္လိုက္ပါတယ္။
“ငါ့ရဲ့ ယင္ယန္ ၀ဂၤဘာ ေဖာ္ေမးရွင္း ထဲမွာဆို …. မင္းဟာ ခ်ိဳင္၀ွမ္းေဒသထဲက ႏွစ္ေပါင္း သန္း နဲ႕ခ်ီမွ တခါပဲ ေပၚလာတဲ့ ပါရမီရွင္ တစ္ေယာက္ပဲ ျဖစ္ေနေန.. မင္းေသကိုေသမွာပဲ။ ေသလိုက္ေတာ့။”

ေျမြသ႑ာန္ စြမ္းအင္ လိႈင္းေတြဟာ နင္ကို ထိခိုက္မိသြားပါတယ္။

“ဟမ့္…”

ဒါေပမဲ့ အေတြးနဲ႕တင္ မီး နဲ႕ ေရဟာ သူ႕ခႏၶာကိုယ္ေဘးမွာ ရုတ္တရက္ေပၚလာပါတယ္။ ေရ နဲ႕မီး ဟာ ၾကာပန္းပြင့္ဖတ္ေတြ အသြင္ေျပာင္းသြားျပီးေတာ့ သူ႕ေဘး ေလထဲမွာ တန္႕ေနျပီး အျဖဴ အနက္ စြမ္းအင္ေတြကို ရင္ဆိုင္ဖို႕ ေစာင့္စားေနပါတယ္။ နင္ ရဲ့အေတြးနဲ႕တင္ မီးေရၾကာပန္းပြင့္ဖတ္ၾကီးဟာ ေရာယွက္ေပါင္းစပ္သြားပါတယ္။

ပန္းပြင့္ အဖူးေလးလိုပဲ ဒီအေပၚကိုေထာင္ေနတဲ့ ၾကာပန္းပြင့္ဖတ္ၾကီးေတြဟာ ၁၀မီတာေလာက္ျမင့္တဲ့ ၾကာဖူးၾကီးျဖစ္သြားျပီးေတာ့ နင္ကို အတြင္းထဲမွာ ငံုထားလိုက္ပါတယ္။

“ဖန္း.ဖန္း..ဖန္း…”
အျဖဴ အနက္ စြမ္းအင္ေတြဟာ က်ေရာက္လာပါတယ္။

မီးနဲ႕ ေရ ၾကာပန္းပြင့္ခ်ပ္ေတြဟာ ၾကာဖူးသဖြယ္ေပါင္းသြားေပမဲ့ တျဖည္းျဖည္းလွည့္ပတ္ေနဆဲပါ။ အတြင္းအလႊာကို ကေတာ့ မီး ျဖစ္ျပီးေတာ့ အျပင္ အလႊာကေတာ့ ေရပါ။ သူတို႕ ၂ခုဟာ ဆန္႕က်င္ဘက္ကို တျဖည္းျဖည္း လွည့္ပတ္လ်က္ရွိပါတယ္။ အျဖဴအနက္ စြမ္းအင္လႈိင္းေတြဟာ ဘယ္ေလာက္ပဲ လာေရာက္ ထိမွန္ထိမွန္.. တခါတရံမွာ အျပင္ဘက္ ေရၾကာပန္းအလႊာဟာ ပ်က္စီးလုနီးပါး ျဖစ္သြားေပမဲ့ တခဏအခ်ိန္အတြင္းမွာ အေကာင္းအတိုင္းျပန္ျဖစ္သြားပါတယ္။

ေရနဲ႕မီးဟာ အျမဲတမ္း ျပန္လည္ျပဳျပင္ႏိုင္ၾကပါတယ္။ သူတို႕ေတြက အစိုင္အခဲ အရာ၀တၳဳေတြ မဟုတ္ၾကဘူးေလ။ သူတို႕ေတြ မၾကာခဏ ပ်က္ဆီးသြားေပမဲ့ နင္က ျပန္ျပီးေတာ့ ေကာင္းေအာင္ ထိမ္းခ်ဳပ္လို႕ ရေနပါတယ္။

“ဘာ..”
သံမဏိသစ္ပင္ ဂ်န္ အရမ္းကို ထိတ္လန္႕သြားပါတယ္။
“ဒါက ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလည္း။ ငါ့ရဲ့ ယင္ယန္ ၀ဂၤဘာ ေဖာ္ေမးရွင္း…. အဲ့ဒါက အရမ္းကို အစြမ္းထက္တဲ့ ေဖာ္ေမးရွင္းပဲ။ ငါ့ရဲ့ စြမ္းအင္ေတြကို ျဖည့္ျပီးေတာ့ သံုးလိုက္ရင္ ဇင္တ်န္ အထြဋ္အထိပ္ တန္ခိုးရွင္ကိုေတာင္မွ ငါေၾကာက္ဖို႕ မလိုဘူး။ ဒီဟာက ဘယ္လိုလုပ္ျပီးေတာ့ ဒီ ဂ်ိကလန္က ငနာေလးရဲ့ ၾကာပန္း အကာအကြယ္ကို မထိုးေဖာက္ႏိုင္ရတာလည္း။ ဒီၾကာပန္းက ဘာလည္းဟ။ ငါလည္း တခါမွ ဒါမ်ိဳး မၾကားဖူးဘူး။”

ဒါေပမဲ့ သံမဏိသစ္ပင္ ဂ်န္က နင္ဟာ ကမာၻနဲ႕ တစ္သားတည္းအဆင္ကို အေစာပိုင္းတည္းက ေရာက္ေနလိမ့္မယ္ဆိုတာ ဘယ္လိုလုပ္သိမွာလည္း။ အရင္ညက ရခဲ့တဲ့ ဥာဏ္အလင္းဟာ တာအို အဓိပၸာယ္ ပါေနတဲ့ ဒီၾကာပန္း နဲ႕ ပတ္သက္ျပီး အလင္းရခဲ့တာပါ။

အနီေရာင္ ေကာင္းကင္ကိုးဆင့္ ဖင္းေဂါ့က်င့္စဥ္ေၾကာင့္ ဇင္တ်န္ တန္ခိုးရွင္ ျဖစ္လာတဲ့ သူဟာ အစကတည္းကကို အရမ္းအစြမ္းထက္ပါတယ္။ သူတို႕ အသံုးျပဳႏိုင္တဲ့ မီး နဲ႕ ေရဟာ မိစာၦၾကီးေတြ အသံုးျပဳတဲ့ မီးနဲ႕ ေရထက္ပိုျပီးေတာ့ စြမ္းအားၾကီးပါတယ္။ ဒီဟာကို တာအို အႏွစ္သာရ နဲ႕ ေပါင္းစပ္ျပီးေတာ့ အသံုးျပဳတဲ့အခါမွာေတာ့ သာမာန္ ေဖာ္ေမးရွင္းတစ္ခုကို ကာကြယ္ႏိုင္တာဟာ မဆန္းပါဘူး။

“သံမဏိသစ္ပင္ဂ်န္… မင္းငါ့ကို အခ်ိန္အၾကာၾကီးေပးျပီးလိုက္ခဲ့ရတယ္။ ငါမင္းကို အေၾကြးျပန္ဆပ္ပရေစ။ မင္းရဲ့ ေနာက္ဘ၀ရဲ့ ခရီးသစ္ကို ပို႕ေပးပါ့မယ္။”

မီးနဲ႕ ေရ ၾကာဖူးထဲကေနျပိးေတာ့ နင္ဟာ အေ၀းက မသဲမကြဲ ပံုရိပ္ကို လွမ္းၾကည့္လိုက္ပါတယ္။ သူ႕ရဲ့ စိတ္ဟာလည္း ကမာၻနဲ႕ တစ္သားတည္း အဆင့္မွာ ရွိေနလို႕ သူဟာ ပတ္၀န္းက်င္က သက္ရွိသက္မဲ့ မွန္ သမွ်ကို အာရံုခံလို႕ ရေနပါတယ္။ သံမဏိသစ္ပင္ ဂ်န္ရဲ့ တည္ေနရာမွန္ကို သူ သိပါတယ္။

“ေသလိုက္ေတာ့”
နင္ရဲ့အေတြးနဲ႕တင္..

သံမဏိ သစ္ပင္ ဂ်န္ မတ္တပ္ရပ္ေနတဲ့ ေနရာမွာ ေနာက္ထပ္ေရနဲ႕ မီးၾကာပန္းပြင့္ၾကီးေတြ ေပၚလာပါတယ္။ တစ္ခုက သူ႕အေပၚမွာ ျဖစ္ျပီး ေနာက္တစ္ခုကေတာ့ သူ႕ရဲ့ေအာက္မွာပါ။
ဂ်န္ကို ၾကိတ္ဆံုထဲ ထည့္ေထာင္းသလို ၾကိတ္ေျခပါေတာ့တယ္။

“ယင္ယန္ ၀ဂၤဘာ ေဖာ္ေမးရွင္း ငါ့ကို ကူညီစမ္း။”
ဒီအျခင္းအရာေၾကာင့္ သံမဏိသစ္ပင္ အရမ္း ထိတ္လန္႕သြားပါတယ္။ သူ႕ရဲ့ ၀ိဥာဥ္ မြန္းစတား ဘိုင္အန္က်ားၾကီးက ဒီလိုမ်ိဳးေသသြားရတာေလ။ သူ႕အနီး၀န္းက်င္ကို အျဖဴအနက္ စြမ္းအင္လႈိင္းေတြ ဆင့္ေခၚလိုက္ျပီးေတာ့ ၀န္းရံထားလိုက္ပါတယ္။ မီးနဲ႕ ေရၾကာပန္းေတြရဲ့ ၾကိတ္ေျခမႈကို စြမ္းအင္ေတြက ကာေပးႏိုင္ရံုသာ တားဆီးေပးထားလိုက္ပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ ေရနဲ႕ မီးေတြက ေဖာက္၀င္လာခဲ့တဲ့အခါမွာ သူ႕ရဲ့ ဇင္တ်န္ အတြင္းအားနဲ႕ ထပ္ျပီး တားဆီးလိုက္ပါတယ္။

“သူဘယ္လိုလုပ္ျပီးေတာ့ တျပိဳင္တည္း ၾကာပန္း ၂ပြင့္ကို ဖန္တီးလိုက္ႏိုင္တာလည္း။”
အရမ္းကို ထိတ္လန္႕ျပီးေတာ့ စိုးရိမ္လာပါတယ္။
“ဒီေလာက္ အစြမ္းထက္တဲ့ တိုက္ခိုက္မႈက သူ႕ရဲ့ စိတ္စြမ္းအင္ အကုန္လံုး အသံုးျပဳရမွာပဲ။”

ဒါေပမဲ့ သူမသိေသးတာရွိပါတယ္။
နင္ဟာ ေလးႏွစ္သား အရြယ္တုန္းကတည္းက သူ႕ရဲ့ စိတ္၀ိဥာဥ္ဟာ ဇီဖူတန္ခိုးရွင္ ၀ိဥာဥ္အဆင့္ေလာက္ ေရာက္ေနတာပါပဲ။ အခုဆိုရင္ သူ႕ရဲ့ စိတ္၀ိဥာဥ္ဟာ ဇီဖူအဆင့္အထက္မွာ ရွိေနပါျပီ။ သူ႕စိတ္ကို အသံုးျပဳုျပီးေတာ့ ေရမီး ၾကာပန္း ၂ခု ဖန္ဆင္းထိန္းခ်ဳပ္တာဟာ ကေလးကစားသလိုပါပဲ။

“မင္း မေသေသးဘူးလား”
ၾကာပန္းပြင့္ၾကီး ကာကြယ္ထားတဲ့ နင္ဟာ သံမဏိ သစ္ပင္ ဂ်န္ဆီကို ခုန္ပ်ံ ၀င္သြားပါေတာ့တယ္။

“ေျပးမွပဲ..”
သံမဏိသစ္ပင္ ဂ်န္က ဒီလို ထိပ္တိုက္ တိုက္ခိုက္မႈကို အရမ္း ထိတ္လန္႕သြားခဲ့ပါတယ္။ သူအံကို တင္းတင္းၾကိတ္ထားလိုက္မိပါတယ္။

ေျပး

သူခ်က္ျခင္း ဆံုးျဖတ္ခ်က္ခ်လိုက္ပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ သူက သံမဏိ သစ္ပင္ ကလန္မွာ ေမြးဖြားလာသူ တစ္ေယာက္ပါ။ ဒီ အနီေရာင္ ေကာင္းကင္ကိုးဆင့္ ဖင္းေဂါ့ က်င့္စဥ္ နဲ႕ ဇင္တ်န္ ျဖစ္လာသူဟာ သာမာန္ ဖင္းေဂါ့က်င့္စဥ္နဲ႕ ဇင္တ်န္ ျဖစ္လာသူထက္ အဆရာနဲ႕ခ်ီျပီး အစြမ္းထက္တာကို သူ ေကာင္းေကာင္း နားလည္ပါတယ္။ အခုနင္က ဇင္တ်န္ အေစာပိုင္း အဆင့္ ျဖစ္ေပမဲ့ ဇင္တ်န္ ေနာက္ပိုင္းအဆင့္ တန္ခိုးရွင္ တစ္ေယာက္ကို ေကာင္းေကာင္း ယွဥ္ႏိုင္ေနပါျပီ။

သူ သံမဏိသစ္ပင္ ဂ်န္ကေတာ့ ကီက်င့္စဥ္ ပဲ က်င့္ထားတဲ့ ဇင္တ်န္ ေနာက္ပိုင္းအဆင့္ တန္ခိုးရွင္ တစ္ေယာက္ပါ။ အနီးကပ္တိုက္ပြဲမွာ ဖင္းေဂါ့က်င့္စဥ္ကို ဒီအဆင့္အထိ ေရာက္ေနတဲ့ သူနဲ႕ တိုက္ခိုက္တာဟာ ကုိယ့္ကိုကုိယ္ သတ္ေသတာနဲ႕ မျခားပါဘူး။

ဒီ အခ်ိန္ မတိုင္ခင္ကေတာ့ နင္က ေမွာ္ရတနာေတြကို အသံုးမျပဳႏုိင္ေသးတာကို အခြင့္ေကာင္း ယူခဲ့တာပါ။ အခုေတာ့ ယင္ယန္ ၀ဂၤဘာ ေဖာ္ေမးရွင္း အားကိုးတာေတာင္ နင္ကို ဒဏ္ရာရေအာင္ မလုပ္ႏိုင္ေသးပါဘူး။ အခုလိုသာ ဆက္တိုက္ခိုက္မယ္ဆိုလည္း ကိုယ့္ကိုကိုယ္ ေသေၾကာင္းၾကံတာနဲ႕ အတူတူပါပဲ။

“ဇင္တ်န္ အေစာပိုင္း အဆင့္ ျဖစ္ျပီးေတာ့ အထြဋ္အထိပ္ ဇင္တ်န္ တန္ခိုးရွင္ နဲ႕ တိုက္ခိုက္စြမ္းရည္ခ်င္း တူေနတာပဲ။  ဘယ္လိုေတာင္မွ မြန္းစတားျဖစ္ေနရတာလည္း။ ဂ်ိကလန္က ဒီလိုမြန္းစတားမ်ိဳး ေမြးထုတ္ခဲ့တယ္။ ငါ့ရဲ့ ဘိုးေဘးေတြကုိ ဒီသတင္း ျမန္ျမန္ျပန္ေျပာျပီး သူ႕ကို ျမန္ျမန္ ကိစၥတံုးမွ ျဖစ္မယ္။ မဟုတ္ရင္ သံမဏိ သစ္ပင္ ကလန္အတြက္ ကပ္ဆိုးၾကီးဆိုက္လာလိမ့္မယ္။ ”
သံမဏိ သစ္ပင္ ဂ်န္ဟာ အလြန္အမင္းကို ေၾကာက္ရြ႕ံေနပါတယ္။ အထူးသျဖင့္ ဒီ ေရမီး ၾကာပန္းပြင့္ အစြမ္းကိုပါ။ သူတို႕က အရမ္းကို စြမ္းလြန္းပါတယ္။

၀ဂၤဘာေဖာ္ေမးရွင္းကို ၾကိဳျပီး ျပင္ဆင္ထားေပမဲ့ နင္ရဲ့ စိတ္ကူးနဲ႕ ဖန္ဆင္းထားတဲ့ ေရမီး ၾကာပန္းပြင့္ၾကီးဟာ ေဖာ္ေမးရွင္းထက္ ပိုျပီး အစြမ္းထက္ေနပါတယ္။ ဒါကိစၥက…

“သူကို ရွင္းကို ရွင္းမွ ရမယ္။”
သံမဏိ သစ္ပင္ ဂ်န္ရဲ့ တစ္ခုတည္းေသာအေတြးက ဘိုးေဘးေတြကို သတင္းရေအာင္ပို႕ဖို႕ပါပဲ။

သံမဏိ သစ္ပင္ ကလန္ေကာ ဂ်ိ္ကလန္ေကာဟာ… ဒီခ်ိဳင့္၀ွမ္းေဒသ အင္အားၾကီး ၆ ခုထဲက တစ္ခုစီ အပါအ၀င္ပါ။ ဇီဖူတန္ခိုးရွင္ ေခါင္းေဆာင္က သူတို႕ကို ၆ခုလံုးမွာ ရွိပါတယ္။ ဒါေၾကာင့္ သူတို႕ကို ဒါဆီယန္ မင္းဆက္က ဒီေဒသရဲ့ ဒါဆီရန္ ဘုရင့္ အမႈထမ္း ေတြ အျဖစ္ အသိအမွတ္ ျပဳခဲ့တာပါ။

“နတ္ဘုရား လႈပ္ရွားမႈ တံဆိပ္ေတာ္”
ဂ်န္ရဲ့ လက္ကို ေ၀ွ႕ယမ္းလိုက္ေတာ့ အနက္ေရာင္ သစ္ရြက္ သ႑ာန္ စာရြက္ေလးတစ္ရြက္ ေပၚလာပါတယ္။ ဒီ စကၠဴတံဆိပ္ေတာ္မွာ အရမ္းေရွးက်တဲ့ ေသြးေၾကာေတြ ရွိေနပါတယ္။ အရမ္းကို ထူးျခားတဲ့ စာလံုးေလးေတြက နက္နဲလြန္းတဲ့ ေအာ္ရာေတြ ထုတ္လႊတ္ေနပါတယ္။ သံမဏိ သစ္ပင္ ဂ်န္က သူ႕ရဲ့ ဇင္တ်န္ ကီေတြကို တံဆိပ္ေတာ္ ထဲ သြင္းလိုက္ပါတယ္။

ဟား…

တံဆိပ္ေတာ္ဟာ စာလံုး အရိပ္ေတါ ထြက္လာျပီးေတာ့ ဂ်န္တစ္ကိုယ္လံုး ဖံုးအုပ္လိုက္ျပီး သူ႕ခႏၶာကိုယ္နဲ႕ ေပါင္းစည္းသြားပါေတာ့တယ္။

“ေျပး..”
သံမဏိ သစ္ပင္ ဂ်န္ဟာ သူ႕ရဲ့ ယင္ယန္ ၀ဂၤဘာ ေဖာ္ေမးရွင္း အလံတိုင္ေလးေတြေတာင္ ျပန္မေကာက္ႏိုင္ေတာ့ပဲ အလင္းတန္းသဖြယ္ အေ၀းကို ေျပးထြက္သြားပါေတာ့တယ္။

သံမဏိ သစ္ပင္ ဂ်န္ဟာ ရွင္းရွင္းလင္းလင္းကို သိေနပါတယ္။ အခုဆိုရင္ သူ႕ရဲ့ ယင္ယန္ ၀ဂၤဘာ ေဖာ္ေမးရွင္းကို မွီခိုျပီးေတာ့ ေရမီး ၾကာပန္း ရန္ကေန ကာကြယ္ထားရတာ။ ျပီးတာ့ အလံ ၈ခုလံုး ျပန္စုဖို႕ဆို အခ်ိန္ လိုေသးတယ္။ ဒီအခ်ိန္မွာ ဂ်ိကလန္ရဲ့ ေၾကာက္ဖို႕ေကာင္းတဲ့ လူငယ္ေလးက သူ႕ကို ဖမ္းမိသြားလိမ့္မယ္။ ဒါဆို သူ႕အလံတိုင္ေတြတင္မကဘူး သူ႕အသက္ပါ ဆံုးရွံးရလိမ့္မယ္။

“သူက ထြက္ေျပးတယ္?”
နင္ ျမန္ျမန္ ေျပးလိုက္ပါေတာ့တယ္။ အခုဆိုရင္ ဇင္တ်န္ ဖင္းေဂါ့ ခႏၶာကိုယ္နဲ႕ ကမာၻနဲ႔ တစ္သားတည္း ကိုယ္ေဖာ့သိုင္း ေပါင္းလိုက္တဲ့အခါမွာ သူ႕အျမန္ႏႈန္းဟာ အဆမ်ားစြာတိုးတက္လာပါတယ္။ သူလည္း အလင္းတန္း သဖြယ္ အသြင္ေျပာင္းသြားပီး ဂ်န္ေနာက္ကို ေျပးလိုက္သြားပါေတာ့တယ္။

“ဟင္.. ငါ့ထက္ နည္းနည္းပဲ ေႏွးပါလား။”
သံမဏိသစ္ပင္ ဂ်န္ အရမ္းကို ထိတ္လန္႕သြားပါတယ္။
“သူ ဇင္တ်န္ မျဖစ္ခင္မွာ ငါက သူ႕ထက္ အမ်ားၾကီး ျမန္တယ္။ အခု ငါ့ရဲ့ ေမွာ္ရတနာ တံဆိပ္ေတာ္ကို သံုးထားတာေတာင္မွ ငါတို႕က အတူတူေလာက္ ျဖစ္ေနျပီ။”
သံမဏိသစ္ပင္ ဂ်န္ ေပးဆပ္လိုက္ရတာေတြအတြက္ ႏွေျမာတသ ျဖစ္ေပမဲ့ သူ အံကို တင္းတင္းၾကိတ္လိုက္ပါတယ္။ ျပီးေတာ့ တာအို တံဆိပ္ေတာ္ တစ္ခုကို ထပ္ထုတ္ယူလိုက္ပါတယ္။ ဒီ တံဆိပ္ေတာ္ကလည္း ေရွးက်တဲ့ ေသြးေၾကာမွ်င္ေတြ ဖံုးအုပ္ထားပါတယ္။ သူ႕ရဲ့ ဇင္တ်န္ ကီေတြကို တံဆိပ္ေတာ္ထဲ သြင္းလိုက္ပါတယ္။

စာလံုးေတြ ပ်ံထြက္လာျပီးေတာ့ သူ႕ကိုယ္ထဲ ၀င္ေရာက္သြားပါတယ္။

“ခႏၶာေပါ့ပါး တံဆိပ္ေတာ္”

“ရွဴး”
သံမဏိ သစ္ပင္ ဂ်န္ အျပာေရာင္ အလင္းတန္း ျဖစ္သြားျပီးေတာ့ ထြက္ေျပးတာ ပိုျမန္လာပါတယ္။

“သူ႕ကို ဖမ္းလို႕ မိမွာ မဟုတ္ဘူး။”
နင္ရဲ့ မ်က္၀န္းေတြမွာ ဒီလို အေျဖမ်ိဳး ရလာတာကို လက္မခံႏိုင္မႈေတြ ေပၚေနပါတယ္။ ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္ က်င့္ထားသူ တစ္ေယာက္ အေနနဲ႕ သူ႕ရဲ႕ အျမန္ႏႈန္းဟာ အဆမတန္ပါပဲ။ ဒါေပမဲ့ သံမဏိ သစ္ပင္ ဂ်န္က သူ႕ရဲ့ တံဆိပ္ေတာ္ ၂ခုဆို ဆက္တိုက္ အသံုးျပဳလိုက္ပါတယ္။ ခႏၶာေပါ့ပါး တံဆိပ္ေတာ္ နဲ႕ နတ္ဘုရား လႈပ္ရွားမႈ တံဆိပ္ေတာ္…. ဒီ တံဆိပ္ေတာ္ေတြဟာ ေျခရာမဲ့ ဆြဲျပားေလာက္ တန္ဖိုး မၾကီးေပမဲ့ သံမဏိသစ္ပင္ ဂ်န္ရဲ့ အျမန္ႏႈန္းကို အဆမတန္ တိုးသြားေစပါတယ္။

နင္ဆီမွာေတာ့ တာအိုတံဆိပ္ေတာ္ေတြ မပါလာပါဘူး။ ျပီးေတာ့ သူ႕မွာ ပါလာရင္ေတာင္မွ သူ အသံုးျပဳလို႕ မရေသးပါဘူး။ တာအို တံဆိပ္ေတာ္ေတြဟာ ေမွာ္ ရတနာေတြ ျဖစ္ျပီးေတာ့ အသံုးျပဳဖို႕ ဇင္တ်န္ ကီ လိုအပ္ပါတယ္။

“ရႈန္း.. ရႈန္း”

သံမဏိသစ္ပင္ ဂ်န္ဟာ နတ္ဘုရား လႈပ္ရွားမႈ တံဆိပ္ေတာ္ ဧရိယာ အျပင္ဘက္ကို ေရာက္သြားပါျပီ။ နင္ရဲ့ အေရွ႕မွာ ေျပးေနပါတယ္။ နင္ က သူ႕ရဲ့ ေရမီး ၾကာပန္းပြင့္ၾကီးကို အသံုးျပဳဖို႕ အခ်ိန္ မရပါဘူး။ ဒီေရမီး ၾကာပန္းဟာ သူ႕ရဲ့ ေရနဲ႕ မီးကို ထိမ္းခ်ဳပ္ႏိုင္စြမ္းေၾကာင့္ ျဖစ္ေပၚလာတာေပမဲ့ ဇင္တ်န္ ဖင္းေဂါ့က ဘယ္ေလာက္ ေ၀းေ၀းအထိကို ထိန္းခ်ဳပ္လို႕ရလဲဆိုတဲ့ ကန္႕သတ္ခ်က္ေတာ့ ရွိပါေသးတယ္။ အရမ္းေ၀းလြန္းရင္ ထိန္းခ်ဳပ္လို႕ မရေတာ့ပါဘူး။

“ဟားဟားဟား”
သံမဏိသစ္ပင္ဂ်န္ စိတ္သက္သာရာရျပီး ရယ္ေမာလိုက္ပါတယ္။ ေရမီး ၾကာပန္း မရွိ္ေတာ့ပဲ နင္နဲ႕ ေ၀းရာကို ေရာက္သြားတဲ့အတြက္ သူေတာ္ေတာ္ ရင္ေအးသြားပါတယ္။ အခုေတာ့ သူ အမုန္းတရားေတြ တိုးပြားလာပါတယ္။ နင္ကို အရမ္းကို မုန္းတီးသြားတာပါ။ သူ႕ေၾကာင့္ ယင္ယန္ ၀ဂၤဘာ ေဖာ္ေမးရွင္း ဆံုးရႈံးသြားခဲ့ရတာေလ။

“ဂ်ိကလန္က ေကာင္ေလး မင္းေပ်ာ္ႏိုင္ပါျပီ။ ငါ ဒီအေၾကာင္းေတြကို ဘိုးေဘးေတြဆီ ေရာက္ေအာင္ သတင္းပို႕ေပးမွာပါ။ ျပီးေတာ့ ႏွင္းနဂါးေတာင္ ကိုေကာေပါ့။ ဂ်ိကလန္ဟာ ငါတို႕ သံမဏိသစ္ပင္ ကလန္နဲ႕ ႏွင္းနဂါး ေတာင္ နဲ႕က  ကမာၻ႕ ရန္သူေတာ္ ေတြပဲ။ မင္းလိုမ်ိဳး မြန္းစတားကိုဆိုရင္  ႏွင္းနဂါးေတာင္ ေကာ သံမဏိသစ္ပင္ ကလန္ကပါ တတ္ႏိုင္သမွ် ျမန္ျမန္ရေအာင္ သတ္မွာပဲ။”
သံမဏိ သစ္ပင္ ဂ်န္ရဲ့ ႏွလံုးသားထဲမွာ မုန္းတီးမႈေတြ ျပည့္နွက္ေနပါေတာ့တယ္။


Chapter 4 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 5 plum blossom fragrance, assailing the nose


Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…


Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 4-  ရေ နှင့် မီး ကြာပန်း ပွင့်ချပ်များ



သံမဏိ သစ်ပင် ဂျန် နဲံ ဘိုင်အန် ကျားကြီး ၂ဦးလုံး အရမ်းကို အံ့သြသွားကြပါတာ့တယ်။ ဂျန်က သူ့ရဲ့ ယင် ယန် စွမ်းအင် ဝင်္ဂဘာဖော်မေးရှင်းကို မြန်မြန် အသက် ဝင် လှုပ်ရှားစေ လိုက်ပြီးတော့ အော်ပြောလိုက်ပါတယ်။

 “သတိထားဟေ့.. သူက မီးနဲ့ ရေကို ထိန်းချုပ်လို့ ရနေပြီ။ အနီရောင် ကောင်းကင် ကိုးဆင့် သိုင်းကျင့်စဉ် နဲ့ ဇင်တျန် အဆင့်ကို ရောက်သွားတဲ့ တန်ခိုးရှင်ရဲ့ ရေ နဲ့မီး အစွမ်းဟာ သာမာန် မဟုတ်ဘူး။ သာမာန် ဇင်တျန် တန်ခိုးရှင်ကို လွယ်လွယ်လေး ဇီဝိန်ချုပ်လို့ ရတယ်။”



ဘိုင်အန်ကျားကြီးက ရေ နဲ့ မီးကို တွေ့လိုက်တာ နဲ့ အစစ်အမှန် အသွင် ပြောင်းလိုက်ပြီးတော့ မြန်မြန် နောက်ဆုတ်လိုက်ပါတယ်။ ဒါကြောင့် သူတို့ ၂ဦးကြား အကွာအဝေး အလှမ်းဝေးသွားလို့ အော်ပြောလိုက်ရတာပါ။ ဒါပေမဲ့ ဘိုင်အန်ကျားကြီးရဲ့ အမြန်နှုန်းက ဒီ မီး နဲ့ ရေ ရဲ့ အမြန်နှုန်းကို ဘယ်ယှဉ်နိုင်လိမ့်မလဲ။


“ဝုန်း”

ရေ နဂါးကြီးဟာ ဘိုင်အန်ကျားကြီးကို ရစ်ပတ်လိုက်တဲ့အခါမှာ ရေခဲလွှာတွေ ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ မီးနဂါးကြီးကလည်း ကျားကြီးကို ရစ်ပတ်လိုက်ပါတယ်။ ရေ နဲမီး နဂါးကြီး ၂ကောင်ဟာ တစ်ပြိုင် တည်း ရစ်ပတ်လိုက်ချိန်မှာ.. ရေ နဂါးကြီး ကတော့ မခန့်မှန်းနိုင်လောင်အောင်ကို အေးပြီးတော့ မီးနဂါးကြီးကတော့ အလွန့်အလွန်ကို ပူလောင်လှပါတယ်။



အပူ နဲ့ အအေး….


“ဖုန်း..ဖုန်း…ဖုန်..”



ဘိုင်အန်ကျားကြီးရဲ့ သားမွေးတွေမှာ အက်ကွဲကြောင်းတွေ ပေါ်လာပြီးတော့ သူ့ရဲ့ အတွင်းက အနီရောင် အသားတွေ ကြွက်သားတွေ ဆက်ပေါ်လာပါတယ်။ ပြီးတာနဲ့ မီးသွေး တုံးလိုု လောင်ကျွမ်း မဲတူးသွားပါတယ်။


“ဝေါင်း…..”


“မသေသေးဘူးလား”

နင် အေးစက်စက်နဲ့ ဆက်ကြည့်နေပါတယ်။



ဘိုင်အန်ကျားကြီးကို ရစ်ပတ်ထားတဲ့ ရေနဂါးဟာ ရုတ်တရက် လျော့ပေးလိုက်ပါတယ်။ ပြီးတော့ အရမ်းကို ကြီးမားတဲ့ ကြာပန်းပွင့်ချပ်ကြီး အသွင်ပြောင်းလဲသွားပါတော့တယ်။  မီး နဂါးကြီးလည်း တစ်ချိန်တည်းမှာ မီးတောက် ကြာပန်းပွင့်ချပ်ကြီး အသွင် ပြောင်းလဲသွားပါတော့တယ်။



ရေကြာပန်း က အောက်မှာ ရှိပြီးတော့

မီးကြာပန်း က အပေါ်မှာပါ။



ဘိုင်အန်ကျားကြီးက အလယ်ဗဟိုမှာ ရှိနေပါတယ်။ သူဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် မလွတ်နိုင်ပါဘူး။ ကြာပန်းပွင့်ကြီး ၂ခု က သူဘယ်သွားသွားလိုက်ပါသွားပါတယ်။


“ရေ မီး ကြာပန်း အရေဖျော်ပစ်စမ်း”

နင် ရဲ့ အတွေး နဲ့တင် ကြာပန်းပွင့်ကြီး ၂ချပ်ဟာ တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ အရမ်းကို ကြီးမားတဲ့ ကြိတ်ဆုံကြီး ၂ခုဟာ တဖြည်းဖြည်း လှုပ်ရှားလာပြီးတော့ ကြိတ်ခြေခြင်းလုပ်လာပါတယ်။ အစောပိုင်းကတော့ နင်ဟာ ကြာပန်း ၂ပွင့်ဖြစ်တဲ့ ကမ္ဘာကြီးက စွမ်းအားတွေကို တာအိုသဘော အနည်းငယ် သာ နားလည်ပြီး ထုတ်ဖော်နိုင်ခဲ့တာပါ။ အစွမ်းတွေက ထိန်းချုပ်မရအောင်ကို ကြီးမားလွန်းပါတယ်။  ဒါပေမဲ့ နင်က အခုဆို ဇင်တျန်တန်ခိုးရှင် ဖြစ်သွားခဲ့တဲ့အတွက် ရေ နဲ့ မီးကို ထိန်းချုပ်လို့ ရလာပါပြီ။ ပြီးတော့ သူ နားလည်ခဲ့တဲ့ တာအို အစွန်အဖျား သဘောတရားကို အခြေခံ ထားနိုင်ခဲ့တဲ့အတွက် သူရဲ့ အစွမ်းဟာ အဆ ရာချီပြီး တိုးလာခဲ့ပါတယ်။



ရေ နဲ့ မီး ကြာပန်း ဟာ ကခုန်နေကြပါတယ်။ လိုင်အန်ကျားကြီးကတော့ အရမ်းကို အေးမြမှု နဲ့ အရမ်းကို ပူလောင်မှုကို ခံစားနေရပြီး ဘဝပျက်နေပါတယ်။ သူ့ ခန္ဒာကိုယ်ဟာ တဖြည်းဖြည်း ခံစားမှုမဲ့လာပါတယ်။ တချိန်တည်းမှာ မီး နဲ့ ရေ ရောယှက်သွားပြီးတော့ အရမ်းကို ပြင်းထန်တဲ့ သတ်ဖြတ်မှု အစွမ်းဟာ ဘိုင်အန်ကျားကြီးဆီကို ဆင်းသက်ရောက်ရှိလာပါတယ်။


“ဂါး…..”

ဘိုင်အန်ကျားကြီးရဲ့ မီးကျွမ်းနေတဲ့ ကိုယ်ခန္ဓာဟာ ကြွေ ရုပ်လေးလို ဖြစ်သွားပါတယ်။ မျက် လုံးတွေမှာ မယုံကြည်နိုင်မှုတွေ ပြည့်နေပြီးတော့ တဖြည်းဖြည်း တစစီ ကွဲကြေသွားပါတော့တယ်။



ဘိုင်အန်ကျားကြီး သေသွားခဲ့ပါပြီ။


“ဒါ ဒီလောက်တောင် အစွမ်းထက်တာပဲ”

နင် နှလုံးသား အရမ်းပေါ့ပါးသွားပါတယ်။
“ငါထိန်းချုပ်နိုင်တဲ့ မီးနဲ့ ရေကို အခြေခံပြီးတော့ ရေမီးကြာပန်း အကာအကွယ်ကို ဖန်တီးနိုင်ခဲ့တယ်။ ဇင်တျန် အလယ်အဆင့် တန်ခိုးရှင်ကို ပြန်တိုက်ဖို့ အခွင့်အရေးမပေးပဲနဲ့ ငါသတ်နိုင်ပြီ။”



အပေါ်မှာ ရှင်းပြခဲ့တဲ့ တိုက်ပွဲဟာ ရှင်းပြနေတာ ကြာပေမဲ့ ပညာရှင်တွေကြားမှာတော့ တခဏလေးအတွင်း ဖြစ်ပျက်ခဲ့တာပါ။



နင် ရေ နဲ့ မီး ကြာပန်းကို ဖန်တီး လိုက်တဲ့အချိန် နဲ့ ဘိုင်အန်ကျားကြီး သေသွားတဲ့ ကြားအချိန်ဟာ စက္ကန့်ပိုင်းလေးပဲ ကြာတာပါ။


“ဟုန်း..”

ယင်ယန် စွမ်းအင် ဝင်္ဂဘာ ဖော်မေးရှင်းဟာ ကီလိုမီတာတော်တော် များများကို လွှမ်းခြုံလိုက်ပြီးတော့ လှုပ်ရှားလာပါတယ်။ အဖြူ အနက် စွမ်းအင်တွေဟာ ယှက်သန်းပြီးတော့ နင်ဆီကို တိုးဝင်လာပါတော့တယ်။



သံမဏိဂျန်ဟာ သူ့ရဲ့ ဘိုင်အန်ကျားကြီး ကို အလွယ်လေး သတ်နိုင်သွားလို့ အရမ်းကို ထိတ်လန့်သွားပါတယ်။ သွေးဆာနေတဲ့ အမူအရာနဲ့ သူအော်ဟစ်လိုက်ပါတယ်။

“ငါ့ရဲ့ ယင်ယန် ဝင်္ဂဘာ ဖော်မေးရှင်း ထဲမှာဆို …. မင်းဟာ ချိုင်ဝှမ်းဒေသထဲက နှစ်ပေါင်း သန်း နဲ့ချီမှ တခါပဲ ပေါ်လာတဲ့ ပါရမီရှင် တစ်ယောက်ပဲ ဖြစ်နေနေ.. မင်းသေကိုသေမှာပဲ။ သေလိုက်တော့။”



မြွေသဏ္ဍာန် စွမ်းအင် လှိုင်းတွေဟာ နင်ကို ထိခိုက်မိသွားပါတယ်။


“ဟမ့်…”



ဒါပေမဲ့ အတွေးနဲ့တင် မီး နဲ့ ရေဟာ သူ့ခန္ဓာကိုယ်ဘေးမှာ ရုတ်တရက်ပေါ်လာပါတယ်။ ရေ နဲ့မီး ဟာ ကြာပန်းပွင့်ဖတ်တွေ အသွင်ပြောင်းသွားပြီးတော့ သူ့ဘေး လေထဲမှာ တန့်နေပြီး အဖြူ အနက် စွမ်းအင်တွေကို ရင်ဆိုင်ဖို့ စောင့်စားနေပါတယ်။ နင် ရဲ့အတွေးနဲ့တင် မီးရေကြာပန်းပွင့်ဖတ်ကြီးဟာ ရောယှက်ပေါင်းစပ်သွားပါတယ်။



ပန်းပွင့် အဖူးလေးလိုပဲ ဒီအပေါ်ကိုထောင်နေတဲ့ ကြာပန်းပွင့်ဖတ်ကြီးတွေဟာ ၁၀မီတာလောက်မြင့်တဲ့ ကြာဖူးကြီးဖြစ်သွားပြီးတော့ နင်ကို အတွင်းထဲမှာ ငုံထားလိုက်ပါတယ်။


“ဖန်း.ဖန်း..ဖန်း…”

အဖြူ အနက် စွမ်းအင်တွေဟာ ကျရောက်လာပါတယ်။



မီးနဲ့ ရေ ကြာပန်းပွင့်ချပ်တွေဟာ ကြာဖူးသဖွယ်ပေါင်းသွားပေမဲ့ တဖြည်းဖြည်းလှည့်ပတ်နေဆဲပါ။ အတွင်းအလွှာကို ကတော့ မီး ဖြစ်ပြီးတော့ အပြင် အလွှာကတော့ ရေပါ။ သူတို့ ၂ခုဟာ ဆန့်ကျင်ဘက်ကို တဖြည်းဖြည်း လှည့်ပတ်လျက်ရှိပါတယ်။ အဖြူအနက် စွမ်းအင်လှိုင်းတွေဟာ ဘယ်လောက်ပဲ လာရောက် ထိမှန်ထိမှန်.. တခါတရံမှာ အပြင်ဘက် ရေကြာပန်းအလွှာဟာ ပျက်စီးလုနီးပါး ဖြစ်သွားပေမဲ့ တခဏအချိန်အတွင်းမှာ အကောင်းအတိုင်းပြန်ဖြစ်သွားပါတယ်။



ရေနဲ့မီးဟာ အမြဲတမ်း ပြန်လည်ပြုပြင်နိုင်ကြပါတယ်။ သူတို့တွေက အစိုင်အခဲ အရာဝတ္ထုတွေ မဟုတ်ကြဘူးလေ။ သူတို့တွေ မကြာခဏ ပျက်ဆီးသွားပေမဲ့ နင်က ပြန်ပြီးတော့ ကောင်းအောင် ထိမ်းချုပ်လို့ ရနေပါတယ်။


“ဘာ..”

သံမဏိသစ်ပင် ဂျန် အရမ်းကို ထိတ်လန့်သွားပါတယ်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း။ ငါ့ရဲ့ ယင်ယန် ဝင်္ဂဘာ ဖော်မေးရှင်း…. အဲ့ဒါက အရမ်းကို အစွမ်းထက်တဲ့ ဖော်မေးရှင်းပဲ။ ငါ့ရဲ့ စွမ်းအင်တွေကို ဖြည့်ပြီးတော့ သုံးလိုက်ရင် ဇင်တျန် အထွဋ်အထိပ် တန်ခိုးရှင်ကိုတောင်မှ ငါကြောက်ဖို့ မလိုဘူး။ ဒီဟာက ဘယ်လိုလုပ်ပြီးတော့ ဒီ ဂျိကလန်က ငနာလေးရဲ့ ကြာပန်း အကာအကွယ်ကို မထိုးဖောက်နိုင်ရတာလည်း။ ဒီကြာပန်းက ဘာလည်းဟ။ ငါလည်း တခါမှ ဒါမျိုး မကြားဖူးဘူး။”



ဒါပေမဲ့ သံမဏိသစ်ပင် ဂျန်က နင်ဟာ ကမ္ဘာနဲ့ တစ်သားတည်းအဆင်ကို အစောပိုင်းတည်းက ရောက်နေလိမ့်မယ်ဆိုတာ ဘယ်လိုလုပ်သိမှာလည်း။ အရင်ညက ရခဲ့တဲ့ ဉာဏ်အလင်းဟာ တာအို အဓိပ္ပာယ် ပါနေတဲ့ ဒီကြာပန်း နဲ့ ပတ်သက်ပြီး အလင်းရခဲ့တာပါ။



အနီရောင် ကောင်းကင်ကိုးဆင့် ဖင်းဂေါ့ကျင့်စဉ်ကြောင့် ဇင်တျန် တန်ခိုးရှင် ဖြစ်လာတဲ့ သူဟာ အစကတည်းကကို အရမ်းအစွမ်းထက်ပါတယ်။ သူတို့ အသုံးပြုနိုင်တဲ့ မီး နဲ့ ရေဟာ မိစ္ဆာကြီးတွေ အသုံးပြုတဲ့ မီးနဲ့ ရေထက်ပိုပြီးတော့ စွမ်းအားကြီးပါတယ်။ ဒီဟာကို တာအို အနှစ်သာရ နဲ့ ပေါင်းစပ်ပြီးတော့ အသုံးပြုတဲ့အခါမှာတော့ သာမာန် ဖော်မေးရှင်းတစ်ခုကို ကာကွယ်နိုင်တာဟာ မဆန်းပါဘူး။


“သံမဏိသစ်ပင်ဂျန်… မင်းငါ့ကို အချိန်အကြာကြီးပေးပြီးလိုက်ခဲ့ရတယ်။ ငါမင်းကို အကြွေးပြန်ဆပ်ပရစေ။ မင်းရဲ့ နောက်ဘဝရဲ့ ခရီးသစ်ကို ပို့ပေးပါ့မယ်။”



မီးနဲ့ ရေ ကြာဖူးထဲကနေပြိးတော့ နင်ဟာ အဝေးက မသဲမကွဲ ပုံရိပ်ကို လှမ်းကြည့်လိုက်ပါတယ်။ သူ့ရဲ့ စိတ်ဟာလည်း ကမ္ဘာနဲ့ တစ်သားတည်း အဆင့်မှာ ရှိနေလို့ သူဟာ ပတ်ဝန်းကျင်က သက်ရှိသက်မဲ့ မှန် သမျှကို အာရုံခံလို့ ရနေပါတယ်။ သံမဏိသစ်ပင် ဂျန်ရဲ့ တည်နေရာမှန်ကို သူ သိပါတယ်။


“သေလိုက်တော့”

နင်ရဲ့အတွေးနဲ့တင်..



သံမဏိ သစ်ပင် ဂျန် မတ်တပ်ရပ်နေတဲ့ နေရာမှာ နောက်ထပ်ရေနဲ့ မီးကြာပန်းပွင့်ကြီးတွေ ပေါ်လာပါတယ်။ တစ်ခုက သူ့အပေါ်မှာ ဖြစ်ပြီး နောက်တစ်ခုကတော့ သူ့ရဲ့အောက်မှာပါ။

ဂျန်ကို ကြိတ်ဆုံထဲ ထည့်ထောင်းသလို ကြိတ်ခြေပါတော့တယ်။


“ယင်ယန် ဝင်္ဂဘာ ဖော်မေးရှင်း ငါ့ကို ကူညီစမ်း။”

ဒီအခြင်းအရာကြောင့် သံမဏိသစ်ပင် အရမ်း ထိတ်လန့်သွားပါတယ်။ သူ့ရဲ့ ဝိဉာဉ် မွန်းစတား ဘိုင်အန်ကျားကြီးက ဒီလိုမျိုးသေသွားရတာလေ။ သူ့အနီးဝန်းကျင်ကို အဖြူအနက် စွမ်းအင်လှိုင်းတွေ ဆင့်ခေါ်လိုက်ပြီးတော့ ဝန်းရံထားလိုက်ပါတယ်။ မီးနဲ့ ရေကြာပန်းတွေရဲ့ ကြိတ်ခြေမှုကို စွမ်းအင်တွေက ကာပေးနိုင်ရုံသာ တားဆီးပေးထားလိုက်ပါတယ်။ ဒါပေမဲ့ တချို့ ရေနဲ့ မီးတွေက ဖောက်ဝင်လာခဲ့တဲ့အခါမှာ သူ့ရဲ့ ဇင်တျန် အတွင်းအားနဲ့ ထပ်ပြီး တားဆီးလိုက်ပါတယ်။


“သူဘယ်လိုလုပ်ပြီးတော့ တပြိုင်တည်း ကြာပန်း ၂ပွင့်ကို ဖန်တီးလိုက်နိုင်တာလည်း။”

အရမ်းကို ထိတ်လန့်ပြီးတော့ စိုးရိမ်လာပါတယ်။
“ဒီလောက် အစွမ်းထက်တဲ့ တိုက်ခိုက်မှုက သူ့ရဲ့ စိတ်စွမ်းအင် အကုန်လုံး အသုံးပြုရမှာပဲ။”



ဒါပေမဲ့ သူမသိသေးတာရှိပါတယ်။

နင်ဟာ လေးနှစ်သား အရွယ်တုန်းကတည်းက သူ့ရဲ့ စိတ်ဝိဉာဉ်ဟာ ဇီဖူတန်ခိုးရှင် ဝိဉာဉ်အဆင့်လောက် ရောက်နေတာပါပဲ။ အခုဆိုရင် သူ့ရဲ့ စိတ်ဝိဉာဉ်ဟာ ဇီဖူအဆင့်အထက်မှာ ရှိနေပါပြီ။ သူ့စိတ်ကို အသုံးပြုုပြီးတော့ ရေမီး ကြာပန်း ၂ခု ဖန်ဆင်းထိန်းချုပ်တာဟာ ကလေးကစားသလိုပါပဲ။



“မင်း မသေသေးဘူးလား”

ကြာပန်းပွင့်ကြီး ကာကွယ်ထားတဲ့ နင်ဟာ သံမဏိ သစ်ပင် ဂျန်ဆီကို ခုန်ပျံ ဝင်သွားပါတော့တယ်။


“ပြေးမှပဲ..”

သံမဏိသစ်ပင် ဂျန်က ဒီလို ထိပ်တိုက် တိုက်ခိုက်မှုကို အရမ်း ထိတ်လန့်သွားခဲ့ပါတယ်။ သူအံကို တင်းတင်းကြိတ်ထားလိုက်မိပါတယ်။



ပြေး



သူချက်ခြင်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူက သံမဏိ သစ်ပင် ကလန်မှာ မွေးဖွားလာသူ တစ်ယောက်ပါ။ ဒီ အနီရောင် ကောင်းကင်ကိုးဆင့် ဖင်းဂေါ့ ကျင့်စဉ် နဲ့ ဇင်တျန် ဖြစ်လာသူဟာ သာမာန် ဖင်းဂေါ့ကျင့်စဉ်နဲ့ ဇင်တျန် ဖြစ်လာသူထက် အဆရာနဲ့ချီပြီး အစွမ်းထက်တာကို သူ ကောင်းကောင်း နားလည်ပါတယ်။ အခုနင်က ဇင်တျန် အစောပိုင်း အဆင့် ဖြစ်ပေမဲ့ ဇင်တျန် နောက်ပိုင်းအဆင့် တန်ခိုးရှင် တစ်ယောက်ကို ကောင်းကောင်း ယှဉ်နိုင်နေပါပြီ။



သူ သံမဏိသစ်ပင် ဂျန်ကတော့ ကီကျင့်စဉ် ပဲ ကျင့်ထားတဲ့ ဇင်တျန် နောက်ပိုင်းအဆင့် တန်ခိုးရှင် တစ်ယောက်ပါ။ အနီးကပ်တိုက်ပွဲမှာ ဖင်းဂေါ့ကျင့်စဉ်ကို ဒီအဆင့်အထိ ရောက်နေတဲ့ သူနဲ့ တိုက်ခိုက်တာဟာ ကိုယ့်ကိုကိုယ် သတ်သေတာနဲ့ မခြားပါဘူး။



ဒီ အချိန် မတိုင်ခင်ကတော့ နင်က မှော်ရတနာတွေကို အသုံးမပြုနိုင်သေးတာကို အခွင့်ကောင်း ယူခဲ့တာပါ။ အခုတော့ ယင်ယန် ဝင်္ဂဘာ ဖော်မေးရှင်း အားကိုးတာတောင် နင်ကို ဒဏ်ရာရအောင် မလုပ်နိုင်သေးပါဘူး။ အခုလိုသာ ဆက်တိုက်ခိုက်မယ်ဆိုလည်း ကိုယ့်ကိုကိုယ် သေကြောင်းကြံတာနဲ့ အတူတူပါပဲ။



“ဇင်တျန် အစောပိုင်း အဆင့် ဖြစ်ပြီးတော့ အထွဋ်အထိပ် ဇင်တျန် တန်ခိုးရှင် နဲ့ တိုက်ခိုက်စွမ်းရည်ချင်း တူနေတာပဲ။  ဘယ်လိုတောင်မှ မွန်းစတားဖြစ်နေရတာလည်း။ ဂျိကလန်က ဒီလိုမွန်းစတားမျိုး မွေးထုတ်ခဲ့တယ်။ ငါ့ရဲ့ ဘိုးဘေးတွေကို ဒီသတင်း မြန်မြန်ပြန်ပြောပြီး သူ့ကို မြန်မြန် ကိစ္စတုံးမှ ဖြစ်မယ်။ မဟုတ်ရင် သံမဏိ သစ်ပင် ကလန်အတွက် ကပ်ဆိုးကြီးဆိုက်လာလိမ့်မယ်။ ”

သံမဏိ သစ်ပင် ဂျန်ဟာ အလွန်အမင်းကို ကြောက်ရွံ့နေပါတယ်။ အထူးသဖြင့် ဒီ ရေမီး ကြာပန်းပွင့် အစွမ်းကိုပါ။ သူတို့က အရမ်းကို စွမ်းလွန်းပါတယ်။



ဝင်္ဂဘာဖော်မေးရှင်းကို ကြိုပြီး ပြင်ဆင်ထားပေမဲ့ နင်ရဲ့ စိတ်ကူးနဲ့ ဖန်ဆင်းထားတဲ့ ရေမီး ကြာပန်းပွင့်ကြီးဟာ ဖော်မေးရှင်းထက် ပိုပြီး အစွမ်းထက်နေပါတယ်။ ဒါကိစ္စက…


“သူကို ရှင်းကို ရှင်းမှ ရမယ်။”

သံမဏိ သစ်ပင် ဂျန်ရဲ့ တစ်ခုတည်းသောအတွေးက ဘိုးဘေးတွေကို သတင်းရအောင်ပို့ဖို့ပါပဲ။



သံမဏိ သစ်ပင် ကလန်ကော ဂျိကလန်ကောဟာ… ဒီချိုင့်ဝှမ်းဒေသ အင်အားကြီး ၆ ခုထဲက တစ်ခုစီ အပါအဝင်ပါ။ ဇီဖူတန်ခိုးရှင် ခေါင်းဆောင်က သူတို့ကို ၆ခုလုံးမှာ ရှိပါတယ်။ ဒါကြောင့် သူတို့ကို ဒါဆီယန် မင်းဆက်က ဒီဒေသရဲ့ ဒါဆီရန် ဘုရင့် အမှုထမ်း တွေ အဖြစ် အသိအမှတ် ပြုခဲ့တာပါ။


“နတ်ဘုရား လှုပ်ရှားမှု တံဆိပ်တော်”

ဂျန်ရဲ့ လက်ကို ဝှေ့ယမ်းလိုက်တော့ အနက်ရောင် သစ်ရွက် သဏ္ဍာန် စာရွက်လေးတစ်ရွက် ပေါ်လာပါတယ်။ ဒီ စက္ကူတံဆိပ်တော်မှာ အရမ်းရှေးကျတဲ့ သွေးကြောတွေ ရှိနေပါတယ်။ အရမ်းကို ထူးခြားတဲ့ စာလုံးလေးတွေက နက်နဲလွန်းတဲ့ အော်ရာတွေ ထုတ်လွှတ်နေပါတယ်။ သံမဏိ သစ်ပင် ဂျန်က သူ့ရဲ့ ဇင်တျန် ကီတွေကို တံဆိပ်တော် ထဲ သွင်းလိုက်ပါတယ်။



ဟား…



တံဆိပ်တော်ဟာ စာလုံး အရိပ်တေါ ထွက်လာပြီးတော့ ဂျန်တစ်ကိုယ်လုံး ဖုံးအုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားပါတော့တယ်။


“ပြေး..”

သံမဏိ သစ်ပင် ဂျန်ဟာ သူ့ရဲ့ ယင်ယန် ဝင်္ဂဘာ ဖော်မေးရှင်း အလံတိုင်လေးတွေတောင် ပြန်မကောက်နိုင်တော့ပဲ အလင်းတန်းသဖွယ် အဝေးကို ပြေးထွက်သွားပါတော့တယ်။



သံမဏိ သစ်ပင် ဂျန်ဟာ ရှင်းရှင်းလင်းလင်းကို သိနေပါတယ်။ အခုဆိုရင် သူ့ရဲ့ ယင်ယန် ဝင်္ဂဘာ ဖော်မေးရှင်းကို မှီခိုပြီးတော့ ရေမီး ကြာပန်း ရန်ကနေ ကာကွယ်ထားရတာ။ ပြီးတာ့ အလံ ၈ခုလုံး ပြန်စုဖို့ဆို အချိန် လိုသေးတယ်။ ဒီအချိန်မှာ ဂျိကလန်ရဲ့ ကြောက်ဖို့ကောင်းတဲ့ လူငယ်လေးက သူ့ကို ဖမ်းမိသွားလိမ့်မယ်။ ဒါဆို သူ့အလံတိုင်တွေတင်မကဘူး သူ့အသက်ပါ ဆုံးရှံးရလိမ့်မယ်။


“သူက ထွက်ပြေးတယ်?”

နင် မြန်မြန် ပြေးလိုက်ပါတော့တယ်။ အခုဆိုရင် ဇင်တျန် ဖင်းဂေါ့ ခန္ဓာကိုယ်နဲ့ ကမ္ဘာနဲ့ တစ်သားတည်း ကိုယ်ဖော့သိုင်း ပေါင်းလိုက်တဲ့အခါမှာ သူ့အမြန်နှုန်းဟာ အဆများစွာတိုးတက်လာပါတယ်။ သူလည်း အလင်းတန်း သဖွယ် အသွင်ပြောင်းသွားပီး ဂျန်နောက်ကို ပြေးလိုက်သွားပါတော့တယ်။


“ဟင်.. ငါ့ထက် နည်းနည်းပဲ နှေးပါလား။”

သံမဏိသစ်ပင် ဂျန် အရမ်းကို ထိတ်လန့်သွားပါတယ်။
“သူ ဇင်တျန် မဖြစ်ခင်မှာ ငါက သူ့ထက် အများကြီး မြန်တယ်။ အခု ငါ့ရဲ့ မှော်ရတနာ တံဆိပ်တော်ကို သုံးထားတာတောင်မှ ငါတို့က အတူတူလောက် ဖြစ်နေပြီ။”

သံမဏိသစ်ပင် ဂျန် ပေးဆပ်လိုက်ရတာတွေအတွက် နှမြောတသ ဖြစ်ပေမဲ့ သူ အံကို တင်းတင်းကြိတ်လိုက်ပါတယ်။ ပြီးတော့ တာအို တံဆိပ်တော် တစ်ခုကို ထပ်ထုတ်ယူလိုက်ပါတယ်။ ဒီ တံဆိပ်တော်ကလည်း ရှေးကျတဲ့ သွေးကြောမျှင်တွေ ဖုံးအုပ်ထားပါတယ်။ သူ့ရဲ့ ဇင်တျန် ကီတွေကို တံဆိပ်တော်ထဲ သွင်းလိုက်ပါတယ်။



စာလုံးတွေ ပျံထွက်လာပြီးတော့ သူ့ကိုယ်ထဲ ဝင်ရောက်သွားပါတယ်။


“ခန္ဓာပေါ့ပါး တံဆိပ်တော်”


“ရှူး”

သံမဏိ သစ်ပင် ဂျန် အပြာရောင် အလင်းတန်း ဖြစ်သွားပြီးတော့ ထွက်ပြေးတာ ပိုမြန်လာပါတယ်။


“သူ့ကို ဖမ်းလို့ မိမှာ မဟုတ်ဘူး။”

နင်ရဲ့ မျက်ဝန်းတွေမှာ ဒီလို အဖြေမျိုး ရလာတာကို လက်မခံနိုင်မှုတွေ ပေါ်နေပါတယ်။ ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ် ကျင့်ထားသူ တစ်ယောက် အနေနဲ့ သူ့ရဲ့ အမြန်နှုန်းဟာ အဆမတန်ပါပဲ။ ဒါပေမဲ့ သံမဏိ သစ်ပင် ဂျန်က သူ့ရဲ့ တံဆိပ်တော် ၂ခုဆို ဆက်တိုက် အသုံးပြုလိုက်ပါတယ်။ ခန္ဓာပေါ့ပါး တံဆိပ်တော် နဲ့ နတ်ဘုရား လှုပ်ရှားမှု တံဆိပ်တော်…. ဒီ တံဆိပ်တော်တွေဟာ ခြေရာမဲ့ ဆွဲပြားလောက် တန်ဖိုး မကြီးပေမဲ့ သံမဏိသစ်ပင် ဂျန်ရဲ့ အမြန်နှုန်းကို အဆမတန် တိုးသွားစေပါတယ်။



နင်ဆီမှာတော့ တာအိုတံဆိပ်တော်တွေ မပါလာပါဘူး။ ပြီးတော့ သူ့မှာ ပါလာရင်တောင်မှ သူ အသုံးပြုလို့ မရသေးပါဘူး။ တာအို တံဆိပ်တော်တွေဟာ မှော် ရတနာတွေ ဖြစ်ပြီးတော့ အသုံးပြုဖို့ ဇင်တျန် ကီ လိုအပ်ပါတယ်။



“ရှုန်း.. ရှုန်း”



သံမဏိသစ်ပင် ဂျန်ဟာ နတ်ဘုရား လှုပ်ရှားမှု တံဆိပ်တော် ဧရိယာ အပြင်ဘက်ကို ရောက်သွားပါပြီ။ နင်ရဲ့ အရှေ့မှာ ပြေးနေပါတယ်။ နင် က သူ့ရဲ့ ရေမီး ကြာပန်းပွင့်ကြီးကို အသုံးပြုဖို့ အချိန် မရပါဘူး။ ဒီရေမီး ကြာပန်းဟာ သူ့ရဲ့ ရေနဲ့ မီးကို ထိမ်းချုပ်နိုင်စွမ်းကြောင့် ဖြစ်ပေါ်လာတာပေမဲ့ ဇင်တျန် ဖင်းဂေါ့က ဘယ်လောက် ဝေးဝေးအထိကို ထိန်းချုပ်လို့ရလဲဆိုတဲ့ ကန့်သတ်ချက်တော့ ရှိပါသေးတယ်။ အရမ်းဝေးလွန်းရင် ထိန်းချုပ်လို့ မရတော့ပါဘူး။


“ဟားဟားဟား”

သံမဏိသစ်ပင်ဂျန် စိတ်သက်သာရာရပြီး ရယ်မောလိုက်ပါတယ်။ ရေမီး ကြာပန်း မရှိတော့ပဲ နင်နဲ့ ဝေးရာကို ရောက်သွားတဲ့အတွက် သူတော်တော် ရင်အေးသွားပါတယ်။ အခုတော့ သူ အမုန်းတရားတွေ တိုးပွားလာပါတယ်။ နင်ကို အရမ်းကို မုန်းတီးသွားတာပါ။ သူ့ကြောင့် ယင်ယန် ဝင်္ဂဘာ ဖော်မေးရှင်း ဆုံးရှုံးသွားခဲ့ရတာလေ။


“ဂျိကလန်က ကောင်လေး မင်းပျော်နိုင်ပါပြီ။ ငါ ဒီအကြောင်းတွေကို ဘိုးဘေးတွေဆီ ရောက်အောင် သတင်းပို့ပေးမှာပါ။ ပြီးတော့ နှင်းနဂါးတောင် ကိုကောပေါ့။ ဂျိကလန်ဟာ ငါတို့ သံမဏိသစ်ပင် ကလန်နဲ့ နှင်းနဂါး တောင် နဲ့က  ကမ္ဘာ့ ရန်သူတော် တွေပဲ။ မင်းလိုမျိုး မွန်းစတားကိုဆိုရင်  နှင်းနဂါးတောင် ကော သံမဏိသစ်ပင် ကလန်ကပါ တတ်နိုင်သမျှ မြန်မြန်ရအောင် သတ်မှာပဲ။”

သံမဏိ သစ်ပင် ဂျန်ရဲ့ နှလုံးသားထဲမှာ မုန်းတီးမှုတွေ ပြည့်နှက်နေပါတော့တယ်။




Chapter 4 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 5 plum blossom fragrance, assailing the nose




Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…





Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)