ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 10 ျမိဳ႕တံတိုင္းျပိဳသြားျခင္း


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 10 ျမိဳ႕တံတိုင္းျပိဳသြားျခင္း

“သြားၾကစို႕!”

အနက္ေရာင္ စီးေတာ္ သတၱ၀ါၾကီးကိုယ္စီ စီးျပီးေတာ့ နင္နဲ႕ တျခားသူေတြဟာ အေ၀းကေတာအုပ္ထဲမွာ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားၾကပါေတာ့တယ္။

“ရြာသူၾကီး..?”

“သူတို႕ေတြ ဘယ္ထြက္သြားၾကတာလည္း?”
ဂိတ္တံခါး ၀န္းက်င္မွာ ရွိေနတဲ့ ရြာသားေတြက လွမ္းေမးလိုက္ၾကေပမဲံ့ Blacktooth ကေတာ့ နင္နဲ႕ သူ႕လူ၂ေယာက္ ထြက္သြားတာကိုပဲ ရပ္ၾကည့္ေနမိပါတယ္။ ေနာက္ေတာ့ သူေခါင္းခါလိုက္ျပီးေတာ့ စကားေျပာလိုက္ပါတယ္။
“ငါလည္း မသိဘူး…”
ဒါေပမဲ့ သူ႕မ်က္၀န္းက အရိပ္အေရာင္ေတြကေတာ့ ဂ်ိနင္တို႕ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုကို သြားျပီးေတာ့ သူ႕သမီးအတြက္ လက္စားသြားေခ်တယ္ဆိုတာကို သိေနတဲ့ ေၾကာင္း ျပေနပါတယ္။

ဒါေပမဲ့ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုရဲ့ လက္ရွိအဆင့္နဲ႕ ဆိုရင္ ဒီ ဂ်ိသခင္ေလးက သြားထိလို႕ေကာ ရပါ့မလား?

“ဂ်ိသခင္ေလးက လက္စားေခ်လို႕ မရရင္ေတာင္မွ မိုးေရစက္ဓား သူ႕အေဖ ဂ်ိရီခၽြမ္က စြမ္းေဆာင္ေပးႏိုင္ပါတယ္။”
Blacktooth ႏွလံုးသားမွာ ျမစ္တန္ခိုးရွင္ ဟီ နဲ႕ ပတ္သက္ျပီး အမုန္းတရားေတြ ျပည့္ေနပါတယ္။ ဒါေပမဲ့ သူ႕ရဲ့အစြမ္းက ကလဲ့စားေျခဖို႕ကို မလံုေလာက္ေသးပါဘူး။

……

ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုတည္ေနရာဟာ Blacktooth မ်ိဳးႏြယ္စုနဲ႕ ကီလိုမီတာ ၁၀၀ ေက်ာ္ကြာေ၀းတဲ့ ေနရာမွာ ရွိေနပါတယ္။ ၾကားထဲမွာ ေတာင္ တစ္ေတာင္ ျခားေနပါတယ္။ ဒါေၾကာင့္မို႕ ေနာက္တစ္ရက္ ေနထြက္ခ်ိန္မွ သူတို႕ေတြ ျမစ္ကမ္းေဘးမ်ိဳးႏြယ္စုကို ေရာက္သြားၾကပါတယ္။ အနီးမွာ ရွိေနတဲ့ မ်ိဳးႏြယ္စုေလးေတြ တစ္ခုမက်န္ အကုန္လံုး ျမိဳ႕ထဲမွာ အေျခခ်ေနထိုင္ၾကပါတယ္။

လူေပါင္း ၅ေသာင္းေက်ာ္ရွိေနတဲ့ ျမိဳ႕ကေလးတစ္ျမိဳ႕ပါ။
 
“မင္းတို႕ေတြ ဒီကိုလာခဲ့ၾက။”

“ေကာင္းျပီ ၀င္လုိ႕ရျပီ။”

“ဆက္၀င္သြားပါ။”
ခ်ပ္၀တ္တန္ဆာ၀တ္ အေစာင့္အၾကပ္ေတြက ျမိဳ႕ထဲ၀င္လာတဲ့ လူေတြရဲ့ ကုန္ပစၥည္းေတြကို စစ္ေဆးေနတာပါ။ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုမွာလည္း သူ႕တို႕ သတိထားေနရတဲ့ ရန္သူေတာ္ေတြ ရွိေနပါတယ္။ ျပီးေတာ့ လူေတြက လက္နက္ ခဲယမ္းေတြ ေမွာင္ခိုလုပ္မွာကိုလည္း သတိထားေနရပါေသးတယ္။

“အင္! မင္းတို႕ ၃ေယာက္။” စစ္သူရဲက အနက္ေရာင္ စီးေတာ္သတၱ၀ါၾကီး၃ေကာင္ တမင္မရပ္တန္႕ပဲ အရွိန္နဲ႕ ေျပးလာတာေတြ႕လုိက္ရေတာ့ ျမန္ျမန္ ေအာ္ဟစ္လိုက္ပါတယ္။
“မင္တို႕ေတြ ခ်က္ျခင္းရပ္လိုက္ၾကစမ္း။ ငါတို႕ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုရဲ့ ျမိဳ႕တံခါးကို ျဖတ္ေက်ာ္ဖို႕ ၾကိဳးစားရင္ ျမွားနဲ႕ အပစ္ခံရမယ္။”

ခ်က္ျခင္းပဲ ျမိဳ႕တံခါးေပၚက ေလးသည္ေတာ္ေတြက အသင့္အေနအထားခ်ိန္ထားလိုက္ပါတယ္။ က်ဴးေက်ာ္သူ ဘယ္သူ႕ကိုမဆို ခြင့္မလႊတ္ႏိုင္တဲ့ပံုပါပဲ။

ရႊစ္

အနက္ေရာင္ စီးေတာ္သတၱ၀ါၾကီး ေက်ာ္ေပၚက နင္ဟာ ရုတ္တရက္ ျမိဳ႕တံတိုင္းဆီထိပ္ကို ခုန္တက္သြားပါတယ္။ ျပီးေတာ့ မျမင္ႏိုင္တဲ့ စြမ္းအင္လိႈင္းတစ္ခု ေပၚထြက္လာပါေတာ့တယ္။ ျမိဳ႕တံတိုင္းေပၚက စစ္သူရဲေတြဟာ ရုတ္တရက္ ခႏၶာကိုယ္ လြင့္စင္သြားသလို ခံစားလိုက္ရျပီးေတာ့ ေအာက္ကို ျပဳတ္က်သြားကပါေတာ့တယ္။

ခ်က္ျခင္းဆိုသလိုပဲ တံတိုင္းေပၚမွာ နင္တစ္ေယာက္တည္း က်န္ပါေတာ့တယ္။

စစ္သူရဲေတြဟာ အလဲလဲ အကြဲကြဲ ျပဳတ္က်လာၾကတာပါ။ တခ်ိဳ႕ဆို အရိုးေတြပါ က်ိဳးကုန္ၾကပါတယ္။ ဒါေပမဲ့ သူတို႕အကုန္လံုးဟာ အစြမ္းျပည့္၀တဲ့ စစ္သူရဲေတြပါ။ သူတို႕ေတြ သာမာန္အခ်ိန္ ျပဳတ္က်ရင္ ဘာမွ ဒဏ္ရာမရပါဘူး။ ဒါေပမဲ့ သတိမထားမိလိုက္ပဲ ျပဳတ္က်ကုန္ၾကလို႕ ဒဏ္ရာေတြ ရကုန္ၾကတာပါ။


“ဘာျဖစ္တာလဲဟ…”

“သူ..သူ…”

စစ္သူရဲေတြဟာ ျမိဳ႕တစ္တိုင္းေပၚက တစ္ကိုယ္ေတာ္ နင္ကို တလွည့္  သူတို႕ရဲ့ လက္နက္မရွိေတာ့တဲ့ လက္ကို တလွည့္ၾကည့္ေနမိပါေတာ့တယ္။ သူတို႕ေတြ ေျမေပၚမွာ ျပန္႕က်ဲ ျပဳတ္က်ေနတဲ့ ေလးျမွားေတြ ကို အေျပးအလႊားလိုက္ေကာက္လိုက္ၾကပါတယ္။

ျမိဳ႕တံတိုင္းေပၚက နင္က က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္ပါတယ္။
“ျမစ္တန္ခိုးရွင္ ဟီ .. ငါထြက္လာခဲ့လို႕ အမိန္႕ေပးတယ္။”

“ျမစ္တန္ခိုးရွင္ ဟီ .. ငါထြက္လာခဲ့လို႕ အမိန္႕ေပးတယ္။”

“ျမစ္တန္ခိုးရွင္ ဟီ .. ငါထြက္လာခဲ့လို႕ အမိန္႕ေပးတယ္။”

“ျမစ္တန္ခိုးရွင္ ဟီ .. ငါထြက္လာခဲ့လို႕ အမိန္႕ေပးတယ္။!”

……

ေဒါသမာန္ပါပါနဲ႕ ဖင္းေဂါ့ခႏၶာကို္ယ္က ထြက္လာတဲ့ အသံဟာ မိုးၾကိးပစ္သံအလားပါပဲ။ အနီးအနားမွာ ရွိတဲ့ စစ္သူရဲေတြေကာ ျမိဳ႕ထဲက လူေတြပါ နားကို လက္၂ဖက္နဲ႕ ပိတ္ထားၾကရပါတယ္။ တခ်ိဳ႕ဆို ေ၀းရာကို ထြက္ေျပးကုန္ၾကပါေတာ့တယ္။

ဒီ မာန္ပါတဲ့ ဟစ္ေၾကြးသံဟာ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စု ျမိဳ႕ေလးတစ္ခုလံုး ဟိန္းေနေအာင္ ၾကားေနရပါတယ္။

နင္ မ်က္ႏွာ ညိဳလာျပီးေတာ့ ေျခေထာက္ တစ္ခ်က္ကန္လိုက္ပါတယ္။ အရမ္းက်ယ္ေလာင္တဲ့ ေပါက္ကြဲသံၾကီး ထြက္ေပၚလာပါေတာ့တယ္။


“ဒုန္း!”

၆မီတာ ၇မီတာေလာက္ ထုတည္ရွိတဲ့ အရမ္းကို ၾကံ့ခိုင္တဲ့ ဒီေက်ာက္ ျမိဳ႕ရိုးၾကီးဟာ နင္ရဲ့ ေျခကန္ခ်က္မွာ ျပင္းျပင္းထန္ထန္ တုန္ခါလာပါတယ္။ ျမိဳ႕ရိုးထိပ္ကေနအေျခအထိကို အက္ေၾကာင္းၾကီးေတြ တျဖည္းျဖည္းေပၚလာပါတယ္။ စစ္သူရဲေတြ ျမန္ျမန္ ေနာက္ဆုတ္လိုက္ၾကပါတယ္။

“ဒုန္း!”
နင္ ထပ္ကန္လိုက္ပါတယ္။

ျမိဳ႕ရိုး အေျခက ေျမၾကီးေတြဟာ အက္ကြဲ တုန္ခါလာျပီးေတာ့ ျမိဳ႕ရိုးမွာ အက္ေၾကာင္းၾကီးေတြ ပိုေပၚလာပါတယ္။ ေက်ာက္တံုးေတြ ကြဲေၾကက်လာျပီးေတာ့ ျမိဳ႕တံတိုင္းအပါအ၀င္ ကင္းေမွ်ာ္စင္ဟာ အခ်ိန္မေရြး ျပိဳက်ႏိုင္တဲ့ အေျခအေနမွာ ရွိေနပါျပီ။

“ဒုန္း!”
နင္ေနာက္ဆံုးတစ္ခ်က္ ကန္လိုက္ပါတယ္။

ေ၀ါ..၀ုန္း..

အက္ေၾကာင္းေတြ အမ်ားၾကီး ရွိေနတဲ့ ျမိဳ႕ တံတိုင္းဟာ ေနာက္ဆံုးေတာ့ ျပိဳက်ပ်က္ဆီးသြားပါေတာ့တယ္။ အရမ္းကို ၾကီးမားတဲ့ ဂိတ္တံခါးၾကီးဟာ ေက်ာက္ပံုအေနနဲ႕ သာ က်န္ပါေတာ့တယ္။ ျမိဳ႕ထဲက လမ္းေတြေပၚေတာင္ ေက်ာက္တံုးေတြ က်လာခဲ့ပါတယ္။ အနီးအနားက စစ္သူရဲေတြနဲ႕ ျပည္သူေတြကေတာ့ အေစာပိုင္းကတည္းက အေ၀းကို ထြက္ေျပးသြားၾကပါျပီ။

“ဘုရားေရ..”

“ကင္းေမွ်ာ္စင္..”

ဘယ္သူမွ ကိုယ့္မ်က္လံုးကုိယ္ မယံုၾကည္ၾကပါဘူး။ ျမိဳ႕တံတိုင္းဟာ တစ္ျမိဳ႕လံုးမွာ အခိုင္ခံဆံုး အထူထဲဆံုး ေနရာပါ။ ျမိဳ႕သိမ္း ယႏၱရားေတြေတာင္မွ ပ်က္ဆီးေအာင္ လုပ္ဖို႕မလြယ္ကူပါဘူး။ ဒီလို ဆက္ရာမရွိ ၆မီတာ ၇မီတာ ထူတဲ့ ျမိဳ႕တံတိုင္းကို လူတစ္ေယာက္က ဓားနဲ႕ ခုတ္ရင္ေတာင္မွ ဓားရာေလးပဲ က်န္မွာပါ။

ျမိဳ႕တံတိုင္းကို ေျခ ၃ခ်က္ ကန္ရံုနဲ႕ ျပိဳသြားဖို႕ဆိုတာ..

“၀ွစ္..၀ွစ္”

ေဆာင္းဦးသစ္ရြက္ေလးနဲ႕ မို၀ူတို႕ မၾကာခင္ပဲ အပ်က္အစီးပံုနားကို စီးေတာ္ သတၱ၀ါၾကီးကိုယ္စီနဲ႕ ေရာက္လာၾကပါတယ္။ နင္ကေတာ့ အပ်က္အစီးပံုေပၚမွာ မတ္တပ္ရပ္ေနပါတယ္။

…..

ျမစ္တန္ခိုးရွင္ ဆန္စီ က ဆိတ္ညိမ္ျပီးေတာ့ အနံ႕ေမႊးၾကိဳင္ေနတဲ့ အခန္းတခုထဲမွာ ထိုင္ေနပါတယ္။

သူက ဒီ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုတစ္ခုလံုးရဲ့ အၾကီးအကဲျဖစ္ျပီးေတာ့ ဂ်ိနယ္ေျမ ၅ခုလံုးမွာ ေက်ာ္ၾကားတဲ့ လူတစ္ေယာက္လည္း ျဖစ္ပါတယ္။

“ျမစ္တန္ခိုးရွင္ ဟီ .. ငါထြက္လာခဲ့လို႕ အမိန္႕ေပးတယ္။!”
ေဒါသထြက္ေနတဲ့ အသံက်ယ္ၾကီးတစ္ခု ထြက္ေပၚလာပါတယ္။

“ဟင္?”
ျမစ္တန္ခိုးရွင္ဆန္စီ ရုတ္တရက္ မ်က္လံုးက်ယ္သြားပါတယ္။

“ဒုန္း..ဒုန္း…ဒုန္း…”

ဆက္တိုက္ၾကားလိုက္ရတဲ့ အသံက်ယ္ၾကီးေၾကာင့္ သူမ်က္နွာပ်က္သြားပါတယ္။ သူခ်က္ျခင္းပဲ အလင္းတန္းသဖြယ္ ခုန္ထြက္သြားပါေတာ့တယ္။

တခဏေလာက္ အၾကာမွာေတာ့..

ျမစ္တန္ခိုးရွင္ ဆန္စီဟာ ဇင္တ်န္ အဆင့္ေရာက္ေနတာမို႕လို႕ အသံၾကားလိုက္ရတဲ့ ျမိဳ႕တံခါးကို ခ်က္ျခင္းပဲ ေရာက္သြားပါတယ္။ အပ်က္အဆီးေတြ ကို ျမင္လိုက္ရေတာ့ သူ႕မ်က္လံုးေတြ နီရဲလာပါတယ္။  ျမိဳ႕တံခါးဟာ ပ်က္ဆီးသြားျပီ။ ဒါဟာ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုရဲ့ မ်က္ႏွာကို တံေတြးတည့္တည့္ ေထြးလိုက္တာနဲ႕ အတူတူပါပဲ။

“မင္းက ျမစ္တန္ခိုးရွင္ ဆန္စီ ျဖစ္မယ္။”
အပ်က္အစီးပံုေပၚက ဂ်ိနင္က ဆံပင္အနက္နဲ႕ အဖိုးအို တစ္ေယာက္ကိုထြက္လာတာ ျမင္ေတာ့ ေအာ္ေဟာက္လိုက္ပါတယ္။ ဒီ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုမွာ ဇင္တ်န္ တန္ခိုးရွင္ ေယာက္်ား တစ္ေယာက္ မိန္းမတစ္ေယာက္ အားလံုးေပါင္းမွ ၂ေယာက္ပဲ ရွိပါတယ္။ ဒီ ေယာက်္ားကေတာ့ ျမစ္တန္ခိုးရွင္ ဆန္စီ ေသခ်ာပါတယ္။

မ်က္ႏွာ ပ်က္ေနတဲ့ အဖိုးအိုက နင္ကို ၾကည့္လိုက္ျပီး စကားေျပာလိုက္ပါတယ္။
“မင္း ဘယ္သူပဲ ျဖစ္ျဖစ္ ငါတို႕ ဂ်ိကလန္ရဲ့ ဂုဏ္သိကၡာကို ဒီလိုမ်ိဳး မေစာ္ကားသင့္ဘူး။”
သူ႕စကားဆံုးတာနဲ႔ လက္ထဲမွာ ခရမ္းေရာင္ သံၾကိဳးေတြ ေပၚလာျပီး နင္ကို တိုက္ခိုက္လိုက္ပါတယ္။ နင္ရဲ့ အျပဳအမူအရ သူကလြဲျပီး တျခားသူ လုပ္တာ မျဖစ္ႏိုင္ေတာ့ပါဘူး။

“ရႊစ္!”

နင္လည္းထိပ္တိုက္ ရင္ဆိုင္လိုက္ပါတယ္။ အေရွ႕ကို ေျပးထြက္သြားတာ ေလတိုးသံေတြတာင္မွ ညံသြားပါတယ္။

၀ွစ္!
နင္ရဲ့ ေျခကန္ခ်က္က ဆံပင္အနက္နဲ႕ အဖိုးအို ရင္၀ကို တည့္တည့္ထိသြားျပီးေတာ့ အဖိုးအို အေ၀းကို လြင့္စင္သြားပါတယ္။ အဖိုးအို က်သြားတဲ့ ေျမၾကီးမွာ ခ်ိဳင့္ၾကီးေပၚလာပါတယ္။ အဖိုးအို ရင္၀ကို လက္နဲ႕ဖိျပီးေတာ့ ခုန္ထလိုက္ပါတယ္။ သူ႕ႏႈတ္ခမ္းမွာေတာ့ ေသြးေတြ စြန္းေနပါတယ္။ သူမယံုၾကည္ႏိုင္စြာနဲ႕ နင္ကို ၿကည့္လိုက္ျပီးေတာ့
“မင္း… မင္းက ဘယ္သူလဲ?”

ဒါကဘယလို႕ ဒီလုိျဖစ္ရတာလည္း။ သူ႕ရဲ့ ေမွာ္ရတနာနဲ႕ နင္ကို တိုက္ခိုက္လိုက္ေပမဲ့ နင္က သူ႕ကို ေျခေထာက္နဲ႕ ထိေအာင္ကန္လိုက္တယ္။ ေတာ္ေသးတာက သူ႕ကိုယ္သူ ဇင္တ်န္ ကီေတြနဲ႕ ကာကြယ္ထားေပလို႕ပဲ။

“ဟင္း”
နင္ ႏွာေခါင္းရံႈ႕လိုက္ပါတယ္။
“ျမစ္တန္ခိုးရွင္ ဟီ ကို ထြက္လာခိုင္းလို္က္ပါ။”

ရႊစ္..

လူတစ္ေယာက္ ထပ္ေပၚလာပါတယ္။ သူကေတာ့ အနီေရာင္ ၀တ္စံု၀တ္ထားတဲ့ ဆံပင္ျဖဴေနတဲ့ အဘြားအို တစ္ေယာက္ပါ။ အဘြားအိုက ျမစ္တန္ခိုးရွင္ ဆန္စီကို တြဲထူ လိုက္ပါတယ္။
“ဆန္စီ အဆင္ေျပတယ္မလား။”

“သတိထားပါ။ သူကအရမ္းကို အစြမ္းထက္တယ္။”
ျမစ္တန္ခိုးရွင္ ဆန္စီက တိတ္တိတ္ေလး သတိေပးလိုက္ပါတယ္။

အနီေရာင္ အဖြားအိုက နင္ကို ၾကည့္ျပီး ေအာ္လိုက္ပါတယ္။
“ငါတို႕ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုက မင္းကို ဘယ္လို ေစာ္ကားမိခဲ့လဲမသိဘူး။ ျပီးေတာ့ မင္းက ဘယ္သူလဲ။ မင္းက ငါတို႕ ဂိတ္တံခါးကို ဖ်က္ဆီးလိုက္တာ။ မင္းသူရဲေဘာေၾကာင္ျပီးေတာ့ နာမည္မေျပာရဲဘဲ မေနပါဘူးေနာ္။!!!”

နင္ ေအးစက္စက္ ေျဖလိုက္ပါတယ္။
“ဂ်ိကလန္၊ ဂ်ိနင္!”

“ဂ်ိနင္??”
အဘြားအို စဥ္းစားရက်ပ္သြားပါတယ္။

“ဂ်ိနင္??”
အဖိုးအို ျမစ္တန္ခိုးရွင္ ဆန္စီက အရမ္းကို အံ့ၾသသြားပါတယ္။ သူ အဖြားအိုကို တိုးတိုးေလး ျမန္ျမန္ေျပာလိုက္ပါတယ္။
“အန္တီ စႏိုး၊ အေနာက္ပိုင္း ဂ်ိကလန္ရဲ့ ေနာက္တက္မဲ့ ေခါင္ေဆာင္သစ္ကို ေရြးခ်ယ္ျပီးသြားျပီေလ။ အဲ့ နာမည္က ဂ်ိနင္လိုပဲ။ ဒါေပမဲ့ သူက ၁၁ ႏွစ္ပဲ ရွိေသးတာ။ သူဘယ္လိုလုပ္….”

“အေနာက္ပိုင္း ဂ်ိကလန္ရဲ့ ဆက္ခံမဲ့ ေခါင္းေဆာင္သစ္?”
အန္တီစႏိုး ထိတ္လန္႕သြားပါတယ္။

သူတို႕ေတြ ဂ်ိနင္ကို အသက္၁၁ ႏွစ္နဲ႕ ဇင္တ်န္ တန္ခိုးရွင္ ျဖစ္လာတာေၾကာင့္ အံ့အားသင့္ေနၾကေပမဲ့ ဂ်ိနင္ရဲ့ ရာထူးကိုျဖစ္တဲ့ အေနာက္ပိုင္း ဂ်ိကလန္ရဲ့ ေခါင္းေဆာင္သစ္ဆိုတာ သိလိုက္ရတဲ့အခါမွာ ပိုျပီး ထိတ္လန္႕သြားၾကပါတယ္။ ဇင္တ်န္အဆင့္ကို အသက္ ၂၀ မတိုင္ခင္ ေရာက္ၾကတာက သိပ္ျပီး မရွားပါးပါဘူး။ ဂ်ိကလန္ တစ္ခုတည္းမွာေတာင္ ဒီလို လူေတာ္ေတ္ာမ်ားမ်ား ရွိပါတယ္။ ဂ်ိလီဆိုလည္း သူေခၚေမြးစားထားတဲ့ ေက်းရြာေလးေတြက လူငယ္ေလးေတြ တစ္ေယာက္ေယာက္ အသက္ ၁၆ႏွစ္မတိုင္ခင္မွာ ဇင္တ်န္ အဆင့္ေရာက္ဖို႕ ေမွ်ာ္လင့္ခဲ့တာပဲ။ တစ္ကယ္လို႕ ဂ်ိနင္သာ တျခားဖင္းေဂါ့ က်င့္စဥ္ကို ေျပာင္းက်င့္ခဲ့ရင္ လမ္းေလွ်ာက္တတ္ကတည္းက ဖင္းေဂါ့ျဖစ္ေနမွာ။

မ်ိဳးႏြယ္စုေတြ မေရမတြကႏိုင္ေအာင္ ရွိသလို ပါရမီရွင္ေတြလည္း အမ်ားၾကီး ရွိပါတယ္။

အသက္ ၂၀ မတိုင္ခင္ ဇင္တ်န္ အဆင့္ေရာက္သြားတဲ့ သူ ကေတာ္ေတ္ာ မ်ားပါတယ္။ ျမစ္တန္ခိုးရွင္ ဆန္စီ က ဒီလို လူတစ္ေယာက္ပါပဲ။ ဒါေပမဲ့ သူတို႕ မ်ိဳးႏြယ္စုမွာ အစြမ္းထက္တဲ့ ပညာရပ္ေတြ ပိုင္ဆိုင္ထားျခင္းမရွိပါဘူး။ သူတို႕ေတြ ေလ့က်င့္ေလေလ ဂ်ိကလန္နဲက အေျခအေန ေ၀းကြာလာေလေလပါပဲ။

“အေနာက္ပို္င္း ဂ်ိကလန္?”
အန္တီစႏိုးက သူ႕ေရွ႕က လူငယ္ေလးကို ၾကည့္ေနမိပါတယ္။ သူတို႕ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုဟာ အေနာက္ပိုင္း ဂ်ိကလန္ရဲ့ ပိုင္နက္နဲ႕ အာဏာစက္ထဲမွာ ရွိေနတာပါ။

တစ္ကယ္လို႕ အေနာက္ပိုင္း ဂ်ိကလန္က ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုေလးကို ဖ်က္ဆီးခ်င္ရင္ လက္ကေလး ေျမွာက္လိုက္ရံုပါပဲ။

“သခင္ေလး!”
အသံတစ္ခ်က္ ထြက္ေပၚလာပါတယ္။

အနက္ေရာင္ ျမင္းစီးသူရဲ ရာေက်ာ္ အေ၀းမွာ ခ်ီတက္လာတာ ျမင္လိုက္ရပါတယ္။ အပ်က္အစီး ပံုေပၚမွာ ရပ္ေနတဲ့ နင္ကိုေတြ႕ေတာ့ ျမင္းစီးသူရဲ ေခါင္းေဆာင္ ထိတ္လန္႕တၾကားခ်က္ခ်င္းဆင္းလာျပီး ဒူးတစ္ဖက္ေထာက္ အရိုအေသေပးလိုက္ပါတယ္။ အေနာက္က ပါလာတဲ့ ျမင္းစီးသူရဲေတြလည္း သူ႕လို လိုက္ျပီူးေတာ့ အရိုအေသေပးလိုက္ပါတယ္။
“သခင္ေလး!”

“ထၾကေတာ့..”
နင္ သူတို႕ကို ၾကည့္လိုက္ပါတယ္။ ဂ်ိကလန္အေနနဲ႕ ဒီလို မ်ိဳးႏြယ္စုၾကီးေတြကို ေစာင့္ၾကည့္ဖို႕ လူတစ္ရာေက်ာ္ပါတဲ့ ျမင္းစီးသူရဲတပ္ေတြကို အျမဲ လႊတ္ထားပါတယ္။

“ေက်းဇူးတင္ပါတယ္ သခင္ေလး။”

ျမင္းစီးသူရဲေခါင္းေဆာင္က နင္ အနားကို လာရပ္လိုက္ပါတယ္။

“သခင္ေလး ဂ်ိနင္..”
အဖြားအို အန္တီ စႏိုးက အနည္းငယ္ ဦးညြတ္အရိုအေသေပးလိုက္ပါတယ္။
“ျမစ္တန္ခိုးရွင္ ဟီ က သခင္ေလးကို ေဒါသထြက္ေစတယ္ဆိုေတာ့ ကၽြန္ေတာ္မ်ိဳးမတို႕ ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုက သူ႕ကို အကာအကြယ္ မေပးေတာ့ပါဘူး။ ဆန္စီ ျမစ္တန္ခိုးရွင္ဟီ ကို ခ်က္ျခင္းသြားေခၚလိုက္စမ္း။”

“ဟုတ္ကဲ့ပါ။”
အဖိုးအိုက ခ်က္ျခင္း ထြက္ခြာသြားပါတယ္။

ဇင္တ်န္ တန္ခိုးရွင္ တစ္ေယာက္တည္းက ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုကို ဦးညြတ္ေစႏိုင္ဖို႕ မစြမ္းေဆာင္ႏုိင္ပါဘူး။ ဂ်ိကလန္က ဇင္တ်န္ တန္ခိုးရွင္ေတာင္မွ သူတို႕ကို ဘာမွ မလုပ္ႏိုင္ပါဘူး။ ဒါေပမဲ့ အရာရာမွာ အက်ိဳးအေၾကာင္း ရွိပါတယ္။ ဂ်ိကလန္က သူတို႕မ်ိဳးႏြယ္စုကို စိတ္ထင္တိုင္း ဖ်က္စီးလို႕ မရပါဘူး။ ႏို႔မို႕ဆိုရင္ တျခားမ်ိဳးႏြယ္စုေတြ ဘယ္လိုလုပ္ ေအးေအးေဆးေဆး ၾသဇာခံျပီး ေနေတာ့မွာလည္း။ ဇင္တ်န္ တန္ခိုးရွင္ တစ္ေယာက္တည္းက မ်ိဳးႏြယ္စုၾကီး တစ္စုလံုးကို မဖ်က္ဆီးပစ္ႏိုင္ပါဘူး။

ဒါေပမဲ့ ဒီဇင္တ်န္ တန္ခိုးရွင္က အေနာက္ပိုင္း ဂ်ိကလန္ရဲ့ ေခါင္းေဆာင္ ကိုယ္တိုင္ ျဖစ္ေနရင္ေတာ့ အေျခအေန မတူေတာ့ပါဘူး။

….

“ဆက္ေလ့က်င့္ထားစမ္း!”

ျမစ္တန္ခိုးရွင္ ဟီဟာ အလြန္ ေခ်ာေမာခန္႕ညားျပီးေတာ့ အသားျဖဴပါတယ္။ သူ႕မ်က္လံုးမွာေတာ့ တဇြတ္ထိုး ဆန္မႈ အရိပ္အေရာင္ေတြ ျပည့္ေနပါတယ္။ သူက အခု ၾကာပြတ္ကိုင္ထားျပီးေတာ့ ဓားတစ္ေခ်ာင္းနဲ႕ ေလ့က်င့္ေနတဲ့ လမ္းေလွ်ာက္တတ္ခါစ ကေလးေလးကို ၾကည့္ေနပါတယ္။
“မင္း လက္ဘယ္ေလာက္နာနာ ၾကံ့ၾကံ့ခံစမ္း။ မင္းက ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုကို ဆက္ခံရမဲ့ ေခါင္းေဆာင္ပဲ။”

“ဟုတ္ကဲ့ပါအေဖ။”
ကေလးေလးက အံကိုတင္းတင္းၾကိတ္ျပီးေတာ့ ဆက္ေလ့က်င့္ေနပါတယ္။ သူ ရပ္လိုက္တာနဲ႕ ၾကာပြတ္ရိုက္ခ်က္ေတြ ၀င္လာပါတယ္။

ရုတ္တရက္
“ျမစ္တန္ခိုးရွင္ ဟီ .. ငါထြက္လာခဲ့လို႕ အမိန္႕ေပးတယ္။!”
ေဒါသနဲ႕ ေအာ္ဟစ္လိုက္သံ ဟိန္းထြက္လာပါတယ္။

ျမစ္တန္ခိုးရွင္ ဟီ မ်က္ႏွာ ပ်က္သြားပါတယ္။
“ဘယ္သူက ျမစ္ကမ္းေဘး မ်ိဳးႏြယ္စုရဲ့ ျမိဳ႕ေတာ္မွာ လာေသာင္းက်န္းရဲတာလည္း။ ဒီလို လူက သာမာန္ေတာ့ မျဖစ္ႏိုင္ဘူး။”

“ဒုန္း..ဒုန္း..ဒုန္း…”

ေျခ ကန္ခ်က္ ၃ခ်က္ဟာ ျမိဳ႕တံတိုင္းကို ပြင့္ထြက္သြားေစခဲ့ပါတယ္။ ျမစ္တန္ခိုးရွင္ဟီလည္း ေျခာက္ျခားသြားပါေတာ့တယ္။
“ဒါ ..ဒါ ဘယ္သူလည္း။ ဘာလို႕ ငါ့ကို လာရွာတာလည္း။”
သူဘာကိုမွ ဂရုမစိုက္ႏိုင္ေတာ့ပဲ အျပင္ကို ေျပးထြက္သြားပါေတာ့တယ္။

“ဟီ.. ဘာျဖစ္တာလည္း။”
အိမ္ေတာ္အျပင္ဘက္မွာလည္း ပြက္ေလာရိုက္ကုန္ပါတယ္။ သူ႕မိန္းမတစ္ေယာက္ လည္း ေျခာက္ေျခာက္ျခားျခားနဲ႕ သူ႕ကိုေမးလိုက္ပါတယ္။ တျခား သူ႕မိန္းမေတြလည္း အရမ္း စိုးရိမ္ကုန္ၾကပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ မိန္းမေတြကေတာ့ ဒီအျဖစ္အပ်က္ေၾကာင့္ စိတ္ထဲမွာ တိတ္တိတ္ေလး ၾကိတ္ေပ်ာ္သြားပါတယ္။

“လာ သြားၾကည့္ရေအာင္”
ျမစ္တန္ခိုးရွင္ ဟီ အျပင္ ထြက္သြားပါေတာ့တယ္။

သူအိမ္ေတာ္ အျပင္ကို ထြက္ထြက္ျခင္းပဲ အေ၀းကေန အနက္ေရာင ္လူရိပ္တစ္ခု ပ်ံလႊားျပီးေတာ့ သူ႕ေရွ႕ကို ေရာက္လာပါတယ္။ သူ ဒီလူကို ျမင္ေတာ့ ထိတ္လန္႕သြားပါတယ္။
“ကလန္ ေခါင္းေဆာင္ၾကီး”
ဆံပင္အနက္နဲ႔ အဖိုးအို ျမစ္တန္ခိုးရွင္ ဆန္စီ က သူ႕ကို ေအးစက္စက္ ၾကည့္ေနပါတယ္။ ဆန္စီ ရဲ့ မ်က္ႏွာဟာ အရမ္းေၾကာက္မက္ဖြယ္ ခက္ထန္ေနပါတယ္။ သူ႕ ႏႈတ္ခမ္းေထာင့္ မွာေတာ့ ေသြးစေတြ ေပေနပါတယ္။ သူ႕အ၀တ္အစားေတြက ညစ္ပတ္ေနပါတယ္။

“ဒါေတြ မင္းေမႊတာေတြပဲ။”
သူေျပာေျပာဆိုဆိုနဲ႕ ၾကက္ကေလး  ငွက္ကေလးလို ျမစ္တန္ခိုးရွင္ ဟီရဲ့ ဂုတ္ကေနဆြဲျပီးေတာ့ ေခၚသြားပါေတာ့တယ္။

“ရႊစ္”
သူ ျမိဳ႕တံခါးဆီကို အလင္းတန္းလို ခုန္ပ်ံသြားပါေတာ့တယ္။




Chapter 10 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 11 မ်ိဳးႏြယ္ အတြက္




Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…


Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 10 မြို့တံတိုင်းပြိုသွားခြင်း



“သွားကြစို့!”



အနက်ရောင် စီးတော် သတ္တဝါကြီးကိုယ်စီ စီးပြီးတော့ နင်နဲ့ တခြားသူတွေဟာ အဝေးကတောအုပ်ထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကြပါတော့တယ်။


“ရွာသူကြီး..?”


“သူတို့တွေ ဘယ်ထွက်သွားကြတာလည်း?”

ဂိတ်တံခါး ဝန်းကျင်မှာ ရှိနေတဲ့ ရွာသားတွေက လှမ်းမေးလိုက်ကြပေမဲံ့ Blacktooth ကတော့ နင်နဲ့ သူ့လူ၂ယောက် ထွက်သွားတာကိုပဲ ရပ်ကြည့်နေမိပါတယ်။ နောက်တော့ သူခေါင်းခါလိုက်ပြီးတော့ စကားပြောလိုက်ပါတယ်။
“ငါလည်း မသိဘူး…”

ဒါပေမဲ့ သူ့မျက်ဝန်းက အရိပ်အရောင်တွေကတော့ ဂျိနင်တို့ မြစ်ကမ်းဘေး မျိုးနွယ်စုကို သွားပြီးတော့ သူ့သမီးအတွက် လက်စားသွားချေတယ်ဆိုတာကို သိနေတဲ့ ကြောင်း ပြနေပါတယ်။



ဒါပေမဲ့ မြစ်ကမ်းဘေး မျိုးနွယ်စုရဲ့ လက်ရှိအဆင့်နဲ့ ဆိုရင် ဒီ ဂျိသခင်လေးက သွားထိလို့ကော ရပါ့မလား?


“ဂျိသခင်လေးက လက်စားချေလို့ မရရင်တောင်မှ မိုးရေစက်ဓား သူ့အဖေ ဂျိရီချွမ်က စွမ်းဆောင်ပေးနိုင်ပါတယ်။”

Blacktooth နှလုံးသားမှာ မြစ်တန်ခိုးရှင် ဟီ နဲ့ ပတ်သက်ပြီး အမုန်းတရားတွေ ပြည့်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့အစွမ်းက ကလဲ့စားခြေဖို့ကို မလုံလောက်သေးပါဘူး။



……



မြစ်ကမ်းဘေး မျိုးနွယ်စုတည်နေရာဟာ Blacktooth မျိုးနွယ်စုနဲ့ ကီလိုမီတာ ၁၀၀ ကျော်ကွာဝေးတဲ့ နေရာမှာ ရှိနေပါတယ်။ ကြားထဲမှာ တောင် တစ်တောင် ခြားနေပါတယ်။ ဒါကြောင့်မို့ နောက်တစ်ရက် နေထွက်ချိန်မှ သူတို့တွေ မြစ်ကမ်းဘေးမျိုးနွယ်စုကို ရောက်သွားကြပါတယ်။ အနီးမှာ ရှိနေတဲ့ မျိုးနွယ်စုလေးတွေ တစ်ခုမကျန် အကုန်လုံး မြို့ထဲမှာ အခြေချနေထိုင်ကြပါတယ်။



လူပေါင်း ၅သောင်းကျော်ရှိနေတဲ့ မြို့ကလေးတစ်မြို့ပါ။


“မင်းတို့တွေ ဒီကိုလာခဲ့ကြ။”


“ကောင်းပြီ ဝင်လို့ရပြီ။”



“ဆက်ဝင်သွားပါ။”

ချပ်ဝတ်တန်ဆာဝတ် အစောင့်အကြပ်တွေက မြို့ထဲဝင်လာတဲ့ လူတွေရဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးနေတာပါ။ မြစ်ကမ်းဘေး မျိုးနွယ်စုမှာလည်း သူ့တို့ သတိထားနေရတဲ့ ရန်သူတော်တွေ ရှိနေပါတယ်။ ပြီးတော့ လူတွေက လက်နက် ခဲယမ်းတွေ မှောင်ခိုလုပ်မှာကိုလည်း သတိထားနေရပါသေးတယ်။


“အင်! မင်းတို့ ၃ယောက်။” စစ်သူရဲက အနက်ရောင် စီးတော်သတ္တဝါကြီး၃ကောင် တမင်မရပ်တန့်ပဲ အရှိန်နဲ့ ပြေးလာတာတွေ့လိုက်ရတော့ မြန်မြန် အော်ဟစ်လိုက်ပါတယ်။
“မင်တို့တွေ ချက်ခြင်းရပ်လိုက်ကြစမ်း။ ငါတို့ မြစ်ကမ်းဘေး မျိုးနွယ်စုရဲ့ မြို့တံခါးကို ဖြတ်ကျော်ဖို့ ကြိုးစားရင် မြှားနဲ့ အပစ်ခံရမယ်။”



ချက်ခြင်းပဲ မြို့တံခါးပေါ်က လေးသည်တော်တွေက အသင့်အနေအထားချိန်ထားလိုက်ပါတယ်။ ကျူးကျော်သူ ဘယ်သူ့ကိုမဆို ခွင့်မလွှတ်နိုင်တဲ့ပုံပါပဲ။



ရွှစ်



အနက်ရောင် စီးတော်သတ္တဝါကြီး ကျော်ပေါ်က နင်ဟာ ရုတ်တရက် မြို့တံတိုင်းဆီထိပ်ကို ခုန်တက်သွားပါတယ်။ ပြီးတော့ မမြင်နိုင်တဲ့ စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာပါတော့တယ်။ မြို့တံတိုင်းပေါ်က စစ်သူရဲတွေဟာ ရုတ်တရက် ခန္ဓာကိုယ် လွင့်စင်သွားသလို ခံစားလိုက်ရပြီးတော့ အောက်ကို ပြုတ်ကျသွားကပါတော့တယ်။



ချက်ခြင်းဆိုသလိုပဲ တံတိုင်းပေါ်မှာ နင်တစ်ယောက်တည်း ကျန်ပါတော့တယ်။



စစ်သူရဲတွေဟာ အလဲလဲ အကွဲကွဲ ပြုတ်ကျလာကြတာပါ။ တချို့ဆို အရိုးတွေပါ ကျိုးကုန်ကြပါတယ်။ ဒါပေမဲ့ သူတို့အကုန်လုံးဟာ အစွမ်းပြည့်ဝတဲ့ စစ်သူရဲတွေပါ။ သူတို့တွေ သာမာန်အချိန် ပြုတ်ကျရင် ဘာမှ ဒဏ်ရာမရပါဘူး။ ဒါပေမဲ့ သတိမထားမိလိုက်ပဲ ပြုတ်ကျကုန်ကြလို့ ဒဏ်ရာတွေ ရကုန်ကြတာပါ။




“ဘာဖြစ်တာလဲဟ…”


“သူ..သူ…”



စစ်သူရဲတွေဟာ မြို့တစ်တိုင်းပေါ်က တစ်ကိုယ်တော် နင်ကို တလှည့်  သူတို့ရဲ့ လက်နက်မရှိတော့တဲ့ လက်ကို တလှည့်ကြည့်နေမိပါတော့တယ်။ သူတို့တွေ မြေပေါ်မှာ ပြန့်ကျဲ ပြုတ်ကျနေတဲ့ လေးမြှားတွေ ကို အပြေးအလွှားလိုက်ကောက်လိုက်ကြပါတယ်။



မြို့တံတိုင်းပေါ်က နင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။
“မြစ်တန်ခိုးရှင် ဟီ .. ငါထွက်လာခဲ့လို့ အမိန့်ပေးတယ်။”



“မြစ်တန်ခိုးရှင် ဟီ .. ငါထွက်လာခဲ့လို့ အမိန့်ပေးတယ်။”



“မြစ်တန်ခိုးရှင် ဟီ .. ငါထွက်လာခဲ့လို့ အမိန့်ပေးတယ်။”



“မြစ်တန်ခိုးရှင် ဟီ .. ငါထွက်လာခဲ့လို့ အမိန့်ပေးတယ်။!”



……



ဒေါသမာန်ပါပါနဲ့ ဖင်းဂေါ့ခန္ဓာကိုယ်က ထွက်လာတဲ့ အသံဟာ မိုးကြိးပစ်သံအလားပါပဲ။ အနီးအနားမှာ ရှိတဲ့ စစ်သူရဲတွေကော မြို့ထဲက လူတွေပါ နားကို လက်၂ဖက်နဲ့ ပိတ်ထားကြရပါတယ်။ တချို့ဆို ဝေးရာကို ထွက်ပြေးကုန်ကြပါတော့တယ်။



ဒီ မာန်ပါတဲ့ ဟစ်ကြွေးသံဟာ မြစ်ကမ်းဘေး မျိုးနွယ်စု မြို့လေးတစ်ခုလုံး ဟိန်းနေအောင် ကြားနေရပါတယ်။



နင် မျက်နှာ ညိုလာပြီးတော့ ခြေထောက် တစ်ချက်ကန်လိုက်ပါတယ်။ အရမ်းကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပါတော့တယ်။




“ဒုန်း!”



၆မီတာ ၇မီတာလောက် ထုတည်ရှိတဲ့ အရမ်းကို ကြံ့ခိုင်တဲ့ ဒီကျောက် မြို့ရိုးကြီးဟာ နင်ရဲ့ ခြေကန်ချက်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာပါတယ်။ မြို့ရိုးထိပ်ကနေအခြေအထိကို အက်ကြောင်းကြီးတွေ တဖြည်းဖြည်းပေါ်လာပါတယ်။ စစ်သူရဲတွေ မြန်မြန် နောက်ဆုတ်လိုက်ကြပါတယ်။



“ဒုန်း!”

နင် ထပ်ကန်လိုက်ပါတယ်။



မြို့ရိုး အခြေက မြေကြီးတွေဟာ အက်ကွဲ တုန်ခါလာပြီးတော့ မြို့ရိုးမှာ အက်ကြောင်းကြီးတွေ ပိုပေါ်လာပါတယ်။ ကျောက်တုံးတွေ ကွဲကြေကျလာပြီးတော့ မြို့တံတိုင်းအပါအဝင် ကင်းမျှော်စင်ဟာ အချိန်မရွေး ပြိုကျနိုင်တဲ့ အခြေအနေမှာ ရှိနေပါပြီ။


“ဒုန်း!”

နင်နောက်ဆုံးတစ်ချက် ကန်လိုက်ပါတယ်။


ဝေါ..ဝုန်း..



အက်ကြောင်းတွေ အများကြီး ရှိနေတဲ့ မြို့ တံတိုင်းဟာ နောက်ဆုံးတော့ ပြိုကျပျက်ဆီးသွားပါတော့တယ်။ အရမ်းကို ကြီးမားတဲ့ ဂိတ်တံခါးကြီးဟာ ကျောက်ပုံအနေနဲ့ သာ ကျန်ပါတော့တယ်။ မြို့ထဲက လမ်းတွေပေါ်တောင် ကျောက်တုံးတွေ ကျလာခဲ့ပါတယ်။ အနီးအနားက စစ်သူရဲတွေနဲ့ ပြည်သူတွေကတော့ အစောပိုင်းကတည်းက အဝေးကို ထွက်ပြေးသွားကြပါပြီ။



“ဘုရားရေ..”


“ကင်းမျှော်စင်..”



ဘယ်သူမှ ကိုယ့်မျက်လုံးကိုယ် မယုံကြည်ကြပါဘူး။ မြို့တံတိုင်းဟာ တစ်မြို့လုံးမှာ အခိုင်ခံဆုံး အထူထဲဆုံး နေရာပါ။ မြို့သိမ်း ယန္တရားတွေတောင်မှ ပျက်ဆီးအောင် လုပ်ဖို့မလွယ်ကူပါဘူး။ ဒီလို ဆက်ရာမရှိ ၆မီတာ ၇မီတာ ထူတဲ့ မြို့တံတိုင်းကို လူတစ်ယောက်က ဓားနဲ့ ခုတ်ရင်တောင်မှ ဓားရာလေးပဲ ကျန်မှာပါ။



မြို့တံတိုင်းကို ခြေ ၃ချက် ကန်ရုံနဲ့ ပြိုသွားဖို့ဆိုတာ..


“ဝှစ်..ဝှစ်”



ဆောင်းဦးသစ်ရွက်လေးနဲ့ မိုဝူတို့ မကြာခင်ပဲ အပျက်အစီးပုံနားကို စီးတော် သတ္တဝါကြီးကိုယ်စီနဲ့ ရောက်လာကြပါတယ်။ နင်ကတော့ အပျက်အစီးပုံပေါ်မှာ မတ်တပ်ရပ်နေပါတယ်။



…..



မြစ်တန်ခိုးရှင် ဆန်စီ က ဆိတ်ညိမ်ပြီးတော့ အနံ့မွှေးကြိုင်နေတဲ့ အခန်းတခုထဲမှာ ထိုင်နေပါတယ်။



သူက ဒီ မြစ်ကမ်းဘေး မျိုးနွယ်စုတစ်ခုလုံးရဲ့ အကြီးအကဲဖြစ်ပြီးတော့ ဂျိနယ်မြေ ၅ခုလုံးမှာ ကျော်ကြားတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။



“မြစ်တန်ခိုးရှင် ဟီ .. ငါထွက်လာခဲ့လို့ အမိန့်ပေးတယ်။!”

ဒေါသထွက်နေတဲ့ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပါတယ်။



“ဟင်?”

မြစ်တန်ခိုးရှင်ဆန်စီ ရုတ်တရက် မျက်လုံးကျယ်သွားပါတယ်။


“ဒုန်း..ဒုန်း…ဒုန်း…”



ဆက်တိုက်ကြားလိုက်ရတဲ့ အသံကျယ်ကြီးကြောင့် သူမျက်နှာပျက်သွားပါတယ်။ သူချက်ခြင်းပဲ အလင်းတန်းသဖွယ် ခုန်ထွက်သွားပါတော့တယ်။



တခဏလောက် အကြာမှာတော့..



မြစ်တန်ခိုးရှင် ဆန်စီဟာ ဇင်တျန် အဆင့်ရောက်နေတာမို့လို့ အသံကြားလိုက်ရတဲ့ မြို့တံခါးကို ချက်ခြင်းပဲ ရောက်သွားပါတယ်။ အပျက်အဆီးတွေ ကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေ နီရဲလာပါတယ်။  မြို့တံခါးဟာ ပျက်ဆီးသွားပြီ။ ဒါဟာ မြစ်ကမ်းဘေး မျိုးနွယ်စုရဲ့ မျက်နှာကို တံတွေးတည့်တည့် ထွေးလိုက်တာနဲ့ အတူတူပါပဲ။



“မင်းက မြစ်တန်ခိုးရှင် ဆန်စီ ဖြစ်မယ်။”

အပျက်အစီးပုံပေါ်က ဂျိနင်က ဆံပင်အနက်နဲ့ အဖိုးအို တစ်ယောက်ကိုထွက်လာတာ မြင်တော့ အော်ဟောက်လိုက်ပါတယ်။ ဒီ မြစ်ကမ်းဘေး မျိုးနွယ်စုမှာ ဇင်တျန် တန်ခိုးရှင် ယောက်ျား တစ်ယောက် မိန်းမတစ်ယောက် အားလုံးပေါင်းမှ ၂ယောက်ပဲ ရှိပါတယ်။ ဒီ ယောကျ်ားကတော့ မြစ်တန်ခိုးရှင် ဆန်စီ သေချာပါတယ်။



မျက်နှာ ပျက်နေတဲ့ အဖိုးအိုက နင်ကို ကြည့်လိုက်ပြီး စကားပြောလိုက်ပါတယ်။
“မင်း ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့ ဂျိကလန်ရဲ့ ဂုဏ်သိက္ခာကို ဒီလိုမျိုး မစော်ကားသင့်ဘူး။”

သူ့စကားဆုံးတာနဲ့ လက်ထဲမှာ ခရမ်းရောင် သံကြိုးတွေ ပေါ်လာပြီး နင်ကို တိုက်ခိုက်လိုက်ပါတယ်။ နင်ရဲ့ အပြုအမူအရ သူကလွဲပြီး တခြားသူ လုပ်တာ မဖြစ်နိုင်တော့ပါဘူး။


“ရွှစ်!”



နင်လည်းထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။ အရှေ့ကို ပြေးထွက်သွားတာ လေတိုးသံတွေတာင်မှ ညံသွားပါတယ်။



ဝှစ်!

နင်ရဲ့ ခြေကန်ချက်က ဆံပင်အနက်နဲ့ အဖိုးအို ရင်ဝကို တည့်တည့်ထိသွားပြီးတော့ အဖိုးအို အဝေးကို လွင့်စင်သွားပါတယ်။ အဖိုးအို ကျသွားတဲ့ မြေကြီးမှာ ချိုင့်ကြီးပေါ်လာပါတယ်။ အဖိုးအို ရင်ဝကို လက်နဲ့ဖိပြီးတော့ ခုန်ထလိုက်ပါတယ်။ သူ့နှုတ်ခမ်းမှာတော့ သွေးတွေ စွန်းနေပါတယ်။ သူမယုံကြည်နိုင်စွာနဲ့ နင်ကို ကြည့်လိုက်ပြီးတော့
“မင်း… မင်းက ဘယ်သူလဲ?”



ဒါကဘယလို့ ဒီလိုဖြစ်ရတာလည်း။ သူ့ရဲ့ မှော်ရတနာနဲ့ နင်ကို တိုက်ခိုက်လိုက်ပေမဲ့ နင်က သူ့ကို ခြေထောက်နဲ့ ထိအောင်ကန်လိုက်တယ်။ တော်သေးတာက သူ့ကိုယ်သူ ဇင်တျန် ကီတွေနဲ့ ကာကွယ်ထားပေလို့ပဲ။


“ဟင်း”

နင် နှာခေါင်းရှုံ့လိုက်ပါတယ်။
“မြစ်တန်ခိုးရှင် ဟီ ကို ထွက်လာခိုင်းလိုက်ပါ။”



ရွှစ်..


လူတစ်ယောက် ထပ်ပေါ်လာပါတယ်။ သူကတော့ အနီရောင် ဝတ်စုံဝတ်ထားတဲ့ ဆံပင်ဖြူနေတဲ့ အဘွားအို တစ်ယောက်ပါ။ အဘွားအိုက မြစ်တန်ခိုးရှင် ဆန်စီကို တွဲထူ လိုက်ပါတယ်။

“ဆန်စီ အဆင်ပြေတယ်မလား။”



“သတိထားပါ။ သူကအရမ်းကို အစွမ်းထက်တယ်။”

မြစ်တန်ခိုးရှင် ဆန်စီက တိတ်တိတ်လေး သတိပေးလိုက်ပါတယ်။



အနီရောင် အဖွားအိုက နင်ကို ကြည့်ပြီး အော်လိုက်ပါတယ်။
“ငါတို့ မြစ်ကမ်းဘေး မျိုးနွယ်စုက မင်းကို ဘယ်လို စော်ကားမိခဲ့လဲမသိဘူး။ ပြီးတော့ မင်းက ဘယ်သူလဲ။ မင်းက ငါတို့ ဂိတ်တံခါးကို ဖျက်ဆီးလိုက်တာ။ မင်းသူရဲဘောကြောင်ပြီးတော့ နာမည်မပြောရဲဘဲ မနေပါဘူးနော်။!!!”



နင် အေးစက်စက် ဖြေလိုက်ပါတယ်။
“ဂျိကလန်၊ ဂျိနင်!”


“ဂျိနင်??”

အဘွားအို စဉ်းစားရကျပ်သွားပါတယ်။


“ဂျိနင်??”

အဖိုးအို မြစ်တန်ခိုးရှင် ဆန်စီက အရမ်းကို အံ့သြသွားပါတယ်။ သူ အဖွားအိုကို တိုးတိုးလေး မြန်မြန်ပြောလိုက်ပါတယ်။
“အန်တီ စနိုး၊ အနောက်ပိုင်း ဂျိကလန်ရဲ့ နောက်တက်မဲ့ ခေါင်ဆောင်သစ်ကို ရွေးချယ်ပြီးသွားပြီလေ။ အဲ့ နာမည်က ဂျိနင်လိုပဲ။ ဒါပေမဲ့ သူက ၁၁ နှစ်ပဲ ရှိသေးတာ။ သူဘယ်လိုလုပ်….”


“အနောက်ပိုင်း ဂျိကလန်ရဲ့ ဆက်ခံမဲ့ ခေါင်းဆောင်သစ်?”

အန်တီစနိုး ထိတ်လန့်သွားပါတယ်။



သူတို့တွေ ဂျိနင်ကို အသက်၁၁ နှစ်နဲ့ ဇင်တျန် တန်ခိုးရှင် ဖြစ်လာတာကြောင့် အံ့အားသင့်နေကြပေမဲ့ ဂျိနင်ရဲ့ ရာထူးကိုဖြစ်တဲ့ အနောက်ပိုင်း ဂျိကလန်ရဲ့ ခေါင်းဆောင်သစ်ဆိုတာ သိလိုက်ရတဲ့အခါမှာ ပိုပြီး ထိတ်လန့်သွားကြပါတယ်။ ဇင်တျန်အဆင့်ကို အသက် ၂၀ မတိုင်ခင် ရောက်ကြတာက သိပ်ပြီး မရှားပါးပါဘူး။ ဂျိကလန် တစ်ခုတည်းမှာတောင် ဒီလို လူတော်တေ်ာများများ ရှိပါတယ်။ ဂျိလီဆိုလည်း သူခေါ်မွေးစားထားတဲ့ ကျေးရွာလေးတွေက လူငယ်လေးတွေ တစ်ယောက်ယောက် အသက် ၁၆နှစ်မတိုင်ခင်မှာ ဇင်တျန် အဆင့်ရောက်ဖို့ မျှော်လင့်ခဲ့တာပဲ။ တစ်ကယ်လို့ ဂျိနင်သာ တခြားဖင်းဂေါ့ ကျင့်စဉ်ကို ပြောင်းကျင့်ခဲ့ရင် လမ်းလျှောက်တတ်ကတည်းက ဖင်းဂေါ့ဖြစ်နေမှာ။



မျိုးနွယ်စုတွေ မရေမတွကနိုင်အောင် ရှိသလို ပါရမီရှင်တွေလည်း အများကြီး ရှိပါတယ်။



အသက် ၂၀ မတိုင်ခင် ဇင်တျန် အဆင့်ရောက်သွားတဲ့ သူ ကတော်တေ်ာ များပါတယ်။ မြစ်တန်ခိုးရှင် ဆန်စီ က ဒီလို လူတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူတို့ မျိုးနွယ်စုမှာ အစွမ်းထက်တဲ့ ပညာရပ်တွေ ပိုင်ဆိုင်ထားခြင်းမရှိပါဘူး။ သူတို့တွေ လေ့ကျင့်လေလေ ဂျိကလန်နဲက အခြေအနေ ဝေးကွာလာလေလေပါပဲ။



“အနောက်ပိုင်း ဂျိကလန်?”

အန်တီစနိုးက သူ့ရှေ့က လူငယ်လေးကို ကြည့်နေမိပါတယ်။ သူတို့ မြစ်ကမ်းဘေး မျိုးနွယ်စုဟာ အနောက်ပိုင်း ဂျိကလန်ရဲ့ ပိုင်နက်နဲ့ အာဏာစက်ထဲမှာ ရှိနေတာပါ။



တစ်ကယ်လို့ အနောက်ပိုင်း ဂျိကလန်က မြစ်ကမ်းဘေး မျိုးနွယ်စုလေးကို ဖျက်ဆီးချင်ရင် လက်ကလေး မြှောက်လိုက်ရုံပါပဲ။


“သခင်လေး!”

အသံတစ်ချက် ထွက်ပေါ်လာပါတယ်။



အနက်ရောင် မြင်းစီးသူရဲ ရာကျော် အဝေးမှာ ချီတက်လာတာ မြင်လိုက်ရပါတယ်။ အပျက်အစီး ပုံပေါ်မှာ ရပ်နေတဲ့ နင်ကိုတွေ့တော့ မြင်းစီးသူရဲ ခေါင်းဆောင် ထိတ်လန့်တကြားချက်ချင်းဆင်းလာပြီး ဒူးတစ်ဖက်ထောက် အရိုအသေပေးလိုက်ပါတယ်။ အနောက်က ပါလာတဲ့ မြင်းစီးသူရဲတွေလည်း သူ့လို လိုက်ပြီူးတော့ အရိုအသေပေးလိုက်ပါတယ်။
“သခင်လေး!”


“ထကြတော့..”

နင် သူတို့ကို ကြည့်လိုက်ပါတယ်။ ဂျိကလန်အနေနဲ့ ဒီလို မျိုးနွယ်စုကြီးတွေကို စောင့်ကြည့်ဖို့ လူတစ်ရာကျော်ပါတဲ့ မြင်းစီးသူရဲတပ်တွေကို အမြဲ လွှတ်ထားပါတယ်။


“ကျေးဇူးတင်ပါတယ် သခင်လေး။”



မြင်းစီးသူရဲခေါင်းဆောင်က နင် အနားကို လာရပ်လိုက်ပါတယ်။


“သခင်လေး ဂျိနင်..”

အဖွားအို အန်တီ စနိုးက အနည်းငယ် ဦးညွတ်အရိုအသေပေးလိုက်ပါတယ်။
“မြစ်တန်ခိုးရှင် ဟီ က သခင်လေးကို ဒေါသထွက်စေတယ်ဆိုတော့ ကျွန်တော်မျိုးမတို့ မြစ်ကမ်းဘေး မျိုးနွယ်စုက သူ့ကို အကာအကွယ် မပေးတော့ပါဘူး။ ဆန်စီ မြစ်တန်ခိုးရှင်ဟီ ကို ချက်ခြင်းသွားခေါ်လိုက်စမ်း။”



“ဟုတ်ကဲ့ပါ။”

အဖိုးအိုက ချက်ခြင်း ထွက်ခွာသွားပါတယ်။



ဇင်တျန် တန်ခိုးရှင် တစ်ယောက်တည်းက မြစ်ကမ်းဘေး မျိုးနွယ်စုကို ဦးညွတ်စေနိုင်ဖို့ မစွမ်းဆောင်နိုင်ပါဘူး။ ဂျိကလန်က ဇင်တျန် တန်ခိုးရှင်တောင်မှ သူတို့ကို ဘာမှ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ အရာရာမှာ အကျိုးအကြောင်း ရှိပါတယ်။ ဂျိကလန်က သူတို့မျိုးနွယ်စုကို စိတ်ထင်တိုင်း ဖျက်စီးလို့ မရပါဘူး။ နို့မို့ဆိုရင် တခြားမျိုးနွယ်စုတွေ ဘယ်လိုလုပ် အေးအေးဆေးဆေး သြဇာခံပြီး နေတော့မှာလည်း။ ဇင်တျန် တန်ခိုးရှင် တစ်ယောက်တည်းက မျိုးနွယ်စုကြီး တစ်စုလုံးကို မဖျက်ဆီးပစ်နိုင်ပါဘူး။



ဒါပေမဲ့ ဒီဇင်တျန် တန်ခိုးရှင်က အနောက်ပိုင်း ဂျိကလန်ရဲ့ ခေါင်းဆောင် ကိုယ်တိုင် ဖြစ်နေရင်တော့ အခြေအနေ မတူတော့ပါဘူး။



….


“ဆက်လေ့ကျင့်ထားစမ်း!”



မြစ်တန်ခိုးရှင် ဟီဟာ အလွန် ချောမောခန့်ညားပြီးတော့ အသားဖြူပါတယ်။ သူ့မျက်လုံးမှာတော့ တဇွတ်ထိုး ဆန်မှု အရိပ်အရောင်တွေ ပြည့်နေပါတယ်။ သူက အခု ကြာပွတ်ကိုင်ထားပြီးတော့ ဓားတစ်ချောင်းနဲ့ လေ့ကျင့်နေတဲ့ လမ်းလျှောက်တတ်ခါစ ကလေးလေးကို ကြည့်နေပါတယ်။
“မင်း လက်ဘယ်လောက်နာနာ ကြံ့ကြံ့ခံစမ်း။ မင်းက မြစ်ကမ်းဘေး မျိုးနွယ်စုကို ဆက်ခံရမဲ့ ခေါင်းဆောင်ပဲ။”


“ဟုတ်ကဲ့ပါအဖေ။”

ကလေးလေးက အံကိုတင်းတင်းကြိတ်ပြီးတော့ ဆက်လေ့ကျင့်နေပါတယ်။ သူ ရပ်လိုက်တာနဲ့ ကြာပွတ်ရိုက်ချက်တွေ ဝင်လာပါတယ်။



ရုတ်တရက်

“မြစ်တန်ခိုးရှင် ဟီ .. ငါထွက်လာခဲ့လို့ အမိန့်ပေးတယ်။!”

ဒေါသနဲ့ အော်ဟစ်လိုက်သံ ဟိန်းထွက်လာပါတယ်။



မြစ်တန်ခိုးရှင် ဟီ မျက်နှာ ပျက်သွားပါတယ်။
“ဘယ်သူက မြစ်ကမ်းဘေး မျိုးနွယ်စုရဲ့ မြို့တော်မှာ လာသောင်းကျန်းရဲတာလည်း။ ဒီလို လူက သာမာန်တော့ မဖြစ်နိုင်ဘူး။”


“ဒုန်း..ဒုန်း..ဒုန်း…”



ခြေ ကန်ချက် ၃ချက်ဟာ မြို့တံတိုင်းကို ပွင့်ထွက်သွားစေခဲ့ပါတယ်။ မြစ်တန်ခိုးရှင်ဟီလည်း ခြောက်ခြားသွားပါတော့တယ်။
“ဒါ ..ဒါ ဘယ်သူလည်း။ ဘာလို့ ငါ့ကို လာရှာတာလည်း။”

သူဘာကိုမှ ဂရုမစိုက်နိုင်တော့ပဲ အပြင်ကို ပြေးထွက်သွားပါတော့တယ်။



“ဟီ.. ဘာဖြစ်တာလည်း။”

အိမ်တော်အပြင်ဘက်မှာလည်း ပွက်လောရိုက်ကုန်ပါတယ်။ သူ့မိန်းမတစ်ယောက် လည်း ခြောက်ခြောက်ခြားခြားနဲ့ သူ့ကိုမေးလိုက်ပါတယ်။ တခြား သူ့မိန်းမတွေလည်း အရမ်း စိုးရိမ်ကုန်ကြပါတယ်။ ဒါပေမဲ့ တချို့ မိန်းမတွေကတော့ ဒီအဖြစ်အပျက်ကြောင့် စိတ်ထဲမှာ တိတ်တိတ်လေး ကြိတ်ပျော်သွားပါတယ်။


“လာ သွားကြည့်ရအောင်”

မြစ်တန်ခိုးရှင် ဟီ အပြင် ထွက်သွားပါတော့တယ်။



သူအိမ်တော် အပြင်ကို ထွက်ထွက်ခြင်းပဲ အဝေးကနေ အနက်ရောင ်လူရိပ်တစ်ခု ပျံလွှားပြီးတော့ သူ့ရှေ့ကို ရောက်လာပါတယ်။ သူ ဒီလူကို မြင်တော့ ထိတ်လန့်သွားပါတယ်။
“ကလန် ခေါင်းဆောင်ကြီး”

ဆံပင်အနက်နဲ့ အဖိုးအို မြစ်တန်ခိုးရှင် ဆန်စီ က သူ့ကို အေးစက်စက် ကြည့်နေပါတယ်။ ဆန်စီ ရဲ့ မျက်နှာဟာ အရမ်းကြောက်မက်ဖွယ် ခက်ထန်နေပါတယ်။ သူ့ နှုတ်ခမ်းထောင့် မှာတော့ သွေးစတွေ ပေနေပါတယ်။ သူ့အဝတ်အစားတွေက ညစ်ပတ်နေပါတယ်။


“ဒါတွေ မင်းမွှေတာတွေပဲ။”

သူပြောပြောဆိုဆိုနဲ့ ကြက်ကလေး  ငှက်ကလေးလို မြစ်တန်ခိုးရှင် ဟီရဲ့ ဂုတ်ကနေဆွဲပြီးတော့ ခေါ်သွားပါတော့တယ်။


“ရွှစ်”

သူ မြို့တံခါးဆီကို အလင်းတန်းလို ခုန်ပျံသွားပါတော့တယ်။








Chapter 10 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 11 မျိုးနွယ် အတွက်







Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…












Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)