ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 15 ဇာတ္ေၾကာင္း အစံု


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 15 ဇာတ္ေၾကာင္း အစံု

ေရႊေရာင္ စစ္သူရဲ ၂၇ေယာက္က သူတို႕ရဲ႕ တလက္လက္ ေတာက္ပေနတဲ့ ေရႊလွံတံ ေတြနဲ႕ အစြမ္းအျပည့္အ၀သံုးျပီးေတာ့ ဂ်ိနင္ကို တိုက္ခိုက္လို္က္ပါတယ္။ အေနာက္စက္၀ိုင္းက ေရႊေရာင္ စစ္သူရဲ ၅၄ ေယာက္ရဲံ့ လွံတံေတြကလည္း ဂ်ိနင္ကို အခြင့္အေရးရတာနဲ႕ တိုက္ခိုက္ဖို႕ ခ်ိန္ရြယ္ထားပါတယ္။

“ဒီမွာ ဟာကြက္ ရွိမွာပဲ။ က်ိန္းေသေပါက္ ဟာကြက္ရွိရမွာပဲ။ သူတို႕ကို ေအာင္ႏိုင္ဖို႕ နည္းလမ္း ရွိကို ရွိရမယ္။ သူတို႕ေတြသာ မေသတဲ့သူေတြဆိုရင္ ငါကအင္အားကုန္သြားတာနဲ႕ ေမာပန္းျပီးေသမွာ”
လက္္ထဲက ဒက္ေနာ့ဓားေတြနဲ႕ လွံတံေတြ ရင္ဆိုင္လိုက္ပါတယ္။ နင္က လွံရွည္ သိုင္းကြက္ေတြကို ကာလိုက္ျပီးေတာ့ ေရႊေရာင္ စစ္သည္ေတြရဲ့ အလယ္ကို ခုန္၀င္သြားပါတယ္။

“ေနာက္ဆုတ္ေဟ့!!!”

“တိုက္ေဟ့!!!”

အလယ္ မွာ ရွိေနတဲ့ စစ္သူရဲ ၂၇ေယာက္က ညီညီညာညာ ျမန္ျမန္ဆန္ဆန္ ေနာက္ဆုတ္သြားၾကပါတယ္။ တစ္ခ်ိန္တည္းမွာ က်န္တဲ့ စစ္သူရဲ ၅၄ ေယာက္က စက္၀ိုင္းကို ခဲ်႕လိုက္ျပီးေတာ့ နင္ကို ထပ္ျပီးမလြတ္ႏိုင္ေအာင္ ၀န္းရံထားလိုက္ပါတယ္။ နင္က ေရခြက္ထဲက လိ္ပ္ကေလး အတိုင္း ျဖစ္ေနပါျပီ။

“ဒါျဖစ္ႏိုင္လား?”
နင္ မ်က္ေမွာင္ ၾကဳတ္လိုက္ပါတယ္။

“ေရမီးၾကာပန္း!!”
နင္ဆံုးျဖတ္ခ်က္ ခ်လိုက္ပါတယ္။

၀ုန္း၀ုန္း ၀ွီး၀ွီး

သူ႕အနားမွာ ေရမီးၾကာပန္းပြင့္ခ်ပ္ ၈စံု ေပၚလာပါတယ္။  တစ္စံုစီမွာ ေရၾကာပန္းပြင့္ခ်ပ္ တစ္ခုနဲ႕ မီးၾကာပန္းပြင့္ခ်ပ္ တစ္ခုစီ ပါပါတယ္။ ဒီတိုက္ခိုက္မႈမွာ တာအိုရဲ့ အစစ္အမွန္ အဓိပၸါယ္ အစြန္းအဖ်ားေလာက္ ပါ၀င္ေနတဲ့ အတြက္ နင္ဟာ သူ႕ရွိသမွ် အစြမ္းကုန္ ထုတ္သံုးရပါတယ္။ သူ႕စိတ္ကို  ခြဲႏိုင္သေလာက္ အမ်ားဆံုး ခြဲလိုက္ျပီးေတာ့ ဒီ ၾကာပန္း ပြင့္ခ်ပ္ ၈စံုလံုးကို ထိန္းခ်ဳပ္ရတဲ့အတြက္ အရမ္းကို ပင္ပန္းေစပါတယ္။

“ခြမ္ခြမ္ခြမ္”
ဒီ ေရမီးၾကာပန္း ၈ စံုဟာ လွည့္ပတ္ျပီးေတာ့ အနီးမွာ ရွိေနတဲ့ ေရႊေရာင္ စစ္သူရဲ ၁၆ေယာက္ကို ၾကိတ္ဆံုလိုမ်ိဳး ၾကိတ္လိုက္ပါတယ္။ စစ္သူရဲေတြလည္း အသည္းအသန္ ေရွာင္တိမ္းလိုက္ေပမဲ့ ဖိအားမ်ားလြန္းတဲ့အတြက္ သူတို႕ ခႏၶာကိုယ္မွာ အက္ကြဲေၾကာင္းေတြ ေပၚလာပါတယ္။

“သတ္!!!”

“သတ္!!!!”

ေရႊစစ္သည္ေတာ္ေတြဟာ ေဒါသတၾကီး မာန္သြင္းျပီးေတာ့ နင္တိုက္ခိုက္လိုက္တဲ့ ေရမီးၾကာပန္းေတြကို ေရွာင္တိမ္းလို္က္ပါတယ္။

နင္ရဲ့ လက္ထဲက ဒက္ေနာ့ ဓားေတြဟာ ေၾကာက္စရာ သားရဲေကာင္လိုပါပဲ။ ဓားရိပ္ေတြ ျဖာသြားျပီးေတာ့ အနီးက ေရႊစစ္သည္ေတာ္ တစ္ေယာက္ကို သံုးပိုင္း ပိုင္းလို္က္ပါတယ္။ ဒါေပမဲ့ ဒီ ၃ပိုင္းျဖစ္သြားတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းေတြဟာ ခ်က္ျခင္းပဲ ျပန္ဆက္သြားျပီးေတာ့ အေကာင္းအတိုင္း ျပန္ျဖစ္သြားပါတယ္။ ဒီစစ္သူရဲက ဂ်ိနင္ကို မာန္သြင္းျပီး တိုက္ခိုက္လိုက္ပါတယ္။

“ဒါ တစ္ကယ္ပဲကိုး။ ဒါ တစ္ကယ္ပဲ။”
နင္ က်ယ္က်ယ္ေလာင္ေလာင္ ၇ယ္ေမာလိုက္ပါတယ္။
“ဒီ ေရႊေရာင္ စစ္သူရဲေတြ မေသတဲ့ ခႏၶာကိုယ္ ရွိတယ္ဆိုတာ အဓိပါၸြယ္မွ မရွိတာ။ သူတို႕က လူေတြေၾကာက္ေအာင္ တမင္လုပ္ထားတာပဲ။ ငါမင္းတို႕ကို ဒဏ္ရာရေအာင္လုပ္လိုက္တိုင္း မင္းတို႕ အစြမ္းေတြ က်က်သြားတယ္။ ဟားဟားဟား… မင္းတို ဘယ္ေလာက္ ေတာင့္ခံႏိုင္မလဲ ၾကည့္ရတာေပါ့။”

အစပိုင္းက ဒီေရႊစစ္သည္ ၈၁ေယာက္က သူတို႕ရဲ့ ၀ဂၤဘာနဲ႕ တိုက္ခိုက္ေတာ့ နင္ကာကြယ္ရင္းနဲ႕ နားလည္ခဲ့တယ္။
သူတို႕ရဲ့ အစြမ္းေတြ နည္းနည္းေလး က်သြားတာကို သူေတြ႕လိုက္ရတယ္။ သူက အရမ္းကို သတိထားေနတဲ့အတြက္ေၾကာင့္ ဒါကို ေတြ႕ရွိသြားတာေလ။

ဒါနဲ႕ သူက ေရမီးၾကာပန္း ၈ခုကို ဖန္ဆင္းလိုက္ျပီးေတာ့ ဒီ ေရႊေရာင္ စစ္သူရဲ ၁၆ေယာက္ကို အျပင္းအထန္ ဒဏ္ရာရေစခဲ့တယ္။

ျပီးေတာ့ သူတို႕နဲ႔ ထပ္ျပီး တိုက္ခိုက္တဲ့အခါမွာ ဒီ ေရႊေရာင္ စစ္သူရဲေတြရဲ့ အစြမ္းဟာ အမ်ားၾကီးကို ေလ်ာ့က်သြားတာကို ေတြ႕လိုက္ရတယ္။

“ဒီ စစ္သူရဲ ၈၁ ေယာက္လံုးဟာ လူတစ္ေယာက္တည္းလိုပဲ ေျပာလို႕ရတယ္။ တစ္ေယာက္က ဒဏ္ရာ အၾကီးအက်ယ္ရရင္ ေနာက္က်န္တဲ့ လူေတြလည္း နည္းနည္းစီ ထိသြားၾကတယ္။”
နင္ ေရရြတ္လိုက္ပါတယ္။
“ျပီးေတာ့ ဒီ ေ၇ႊစစ္သူရဲေတြက ေရႊရည္ကေန ဖန္ဆင္းထာတဲ့အတြက္ သူတို႕မွာ အသက္ စြမ္းအင္ အကန္႕အသတ္နဲ႕ ပါမွာပဲ။ ငါ သူတို႕ကို ဆက္တိုက္ ဒဏ္ရာရေအာင္ လုပ္ႏိုင္ရင္ သူတို႕ရဲ့ ေမွာ္ အစြမ္းေတြ တျဖည္းျဖည္း ကုန္လာလိမ့္မယ္။ ေနာက္ဆံုး သူတို႕ လဲက်သြားမွာပဲ။”

“သတ္..”
ေရႊေရာင္ စစ္သူရဲေတြကေတာ့ အေၾကာက္အလန္႕ လံုးလံုး မရွိၾကပါဘူး။ နင္ကေတာ့ ေရမီးၾကာပန္း ၈ခုကုိ ထိန္းခ်ဳပ္ျပီေတာ့ ေရႊေရာင္စစ္သည္ေတာ္ေတြကို ဆက္တိုက္ အမႈန္႕ေခ်ေနပါတယ္။ တစ္ခ်ိန္တည္းမွာ တိုက္ခိုက္မႈေတြကို ေရွာင္တိမ္းျပီးေတာ့ သူ႕ရဲ့ ဒက္ေနာ့ဓားနဲ႕ မရပ္မနား တိုက္ခိုက္လိုက္ပါတယ္။ ဒီမွာ သူေတြ႕လာတာက သူ႕ရဲ့ ဓားန႕ဲ ထိုးခုတ္တိုက္ခိုက္တဲ့အခါတိုင္း ေရႊေရာင္ စစ္သည္ေတြရဲ့ အစြမ္းဟာ နည္းနည္းေလးပဲ က်လာေပမဲ့ ေရမီးၾကာပန္းနဲက အမႈန္႕ေျခတဲ့အခါမွာေတာ့ အစြမ္းေတြ ကုန္ဆံုးတာ ပိုျပီးေတာ့ မ်ားတာကိုပါပဲ။

….

ဒီဟာက တစ္ကယ့္ကို ေမာပန္းေစတဲ့ တိုက္ပြဲပါပဲ…

“ရႊစ္”
ေရႊေရာင္ စစ္သည္ေတာ္ေတြ တစ္ေယာက္ျပီးတစ္ေယာက္ တစစီျဖစ္သြားျပီး ဘာမွ မက်န္ေတာ့ပါဘူး။ စစ္သူရဲ ၈၁ေယာက္လံုး လံုး၀ မရွိေတာ့ပါဘူး။ နင္ အခုမွပဲ သက္ျပင္းရွည္ခ်လိုက္ျပီးေတာ့ သူ႕ရဲ့ ေ၇မီးၾကာပန္းေတြကို ျပန္ေဖ်ာက္လိုက္ပါတယ္။

“ေတာ္ေတာ္ ဒုကၡေပးတာပဲ..”

“ငါ့မွာသာ ေရမီးၾကာပန္း မရွိဘူးဆိုရင္ အခုဆို ငါအေမာ့ဆို႕ျပီး ေသေနေလာက္ျပီ။”
သူ႕ကိုယ္ထဲမွာ အနီေရာင္ ေကာင္းကင္ ကိုးဆင့္ က်င့္စဥ္ရဲ့ စြမ္းအင္ နည္းနည္းပဲ က်န္တာကို သိလိုက္ပါတယ္။ နင္ သက္ျပင္းခ်လိုက္ပါတယ္။ အနီေရာင္ ေကာင္းကင္ ကိုးဆင့္ ဖင္းေဂါ့ က်င့္စဥ္ရဲ့ နတ္ဘုရားစြမ္းအင္ဟာ တစ္၀က္ေလ်ာ့ေလ်ာ့ပဲ က်န္ေတာ့တာပါ။ ဒါေပမဲ့ ဘာလို႕ ဒီေလာက္ေတာင္ က်န္ရတာလည္းဆိုေတာ့ ဒီ အနီေရာင္ ေကာင္းကင္ ကိုးဆင့္ က်င့္စဥ္ဟာ အရမ္းကို သိပ္သည္းဆမ်ားတဲ့ စြမ္းအင္ အေျခခံကိုတည္ေဆာက္ျပီးမွ အဆင့္တက္လို႕ရတဲ့အတြက္ေၾကာင့္ သာမာန္ ဖင္းေဂါ့က်င့္စဥ္က်င့္သူေတြထက္ စြမ္းအင္ပမာဏ ပိုျပီးေတာ့ မ်ားမ်ား ပါ၀င္ပါတယ္။

ဒီ တိုက္ပြဲက နင္ရဲ့ ေရမီးၾကာပန္းကို အားျပဳျပီးေတာ့ စစ္သူရဲေတြကို ဆက္တိုက္ အမႈန္႕ေျခရျပီး သူ႕ရဲ့ အနီေ၇ာင္ ေကာင္းကင္ ကိုးဆင့္ က်င့္စဥ္ကေတာ့ ခႏၶာကိုယ္မွာ အဆင္သင့္ ထုတ္ထားျပီး သူ႕ရဲ့ ဒက္ေနာ့ ဓားဆီကို စြမ္းအင္ေတြနဲ႕ ပို႕လႊတ္ျပီး အကာအကြယ္အတြက္ပဲ အသံုးျပဳ၇လို႕ပါ။ ဒါေတာင္မွ စြမ္းအင္ပမာဏ တစ္၀က္ေက်ာ္လိုက္ အသံုးျပဳလိုက္ရပါတယ္။

နင္က သူ႕ေနာက္မွာ ပံုေနတဲ့ အ၇ိုးစုေတြကို တစ္ခ်က္ၾကည့္လိုက္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ တိုက္ပြဲ အရွိန္ေၾကာင့္ ဖုန္မႈန္႕ျဖစ္သြားေပမဲ့ တခ်ိဳ႕ က်န္ပါေသးတယ္။

“ဒီမွာ ေသကုန္တဲ့ လူေတြက အေမာဆို႕ျပီး ေသကုန္တာျဖစ္မယ္။”
နင္ တီးတိုးေရရြတ္လိုက္ပါတယ္။
“ဖင္းေဂါ့ က်င့္စဥ္က်င့္သူေတြဟာ ေရရွည္တိုက္ပြဲေတြမွာ မေမာမပန္းတိုက္ခိုက္ႏိုင္တယ္ဆိုၾကေပမဲ့ ငါေတာ့ေတာ္ေတာ္ကို ခက္ခက္ခဲခဲ တိုက္ခိုက္လာရတယ္။ ကီက်င့္စဥ္ပဲ က်င့္ျပီး ဇင္တ်န္ ျဖစ္လာသူတစ္ေယာက္က ဘယ္လိုလုပ္ ေက်ာ္ျဖတ္ႏိုင္မွာလည္း။”

ဟြား….

ျမဴႏွင္းတံတိုင္းၾကီးဟာ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားပါတယ္။

နင္က ေလွ်ာက္လမ္းရဲ့ ေထာင့္ကို ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားလို္က္ပါတယ္။ သူအလ်င္စလို ေရွ႕ကို ဆက္မေလွ်ာက္သြားပါဘူး။ နင္ တစ္ခ်က္ ပတ္၀န္းက်င္ကို ထပ္ၾကည့္လိုက္ေတာ့ စၾကၤန္လမ္းရဲ့ ေထာင့္တစ္ေနရာမွာ အရိုးစုေတြ ထပ္ရွိေနတာ ေတြ႕ရပါတယ္။

“ဒီမွာလည္း အရိုးစုေတြ ရွိေနတယ္။ ေနာက္ထပ္ စၾကၤန္လမ္းလည္း အႏၱရာယ္ မ်ားမွာပဲ။ ဒီ ေရွးေဟာင္း အၾကြင္းအက်န္ နယ္ေျမမွာ ဘယ္ေလာက္ေတာင္ အႏၱရာယ္ေတြကို ေက်ာ္ျဖတ္ရမွာလည္း မသိဘူး။”
နင္ ႏွလံုးသားထဲထိ စိမ့္သြားပါတယ္။
“ျပီးေတာ့ ေရွ႕မွာ ေသသြားတဲ့သူေတြက ခုနက ေရႊေရာင္ စစ္သည္ ၈၁ ေယာက္ကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္ျဖတ္ျပီးလို႕မွ ေရွ႕ကို ေရာက္သြားတဲ့သူေတြ။”

“လာခဲ့”
နင္က စၾကၤန္လမ္း တစ္ဖက္က အခန္းထဲမွာ ရွိေနတဲ့ အရိုးစုေတြကို ၾကည့္လိုက္ပါတယ္။ အဲ့အခါမွာေတာ့ တခ်ိဳ႕ အရိုးစုေတြပဲ လက္နက္နဲက ခ်ပ္၀တ္တန္ဆာေတြ ရွိေနတာ ေတြ႕လိုက္ရပါတယ္။ သူ႕ရဲ့ နတ္ဘု၇ား စိတ္စြမ္းအင္နဲ႕ အရိုးစုတစ္ခုနဲ႕ သူ႕ရဲ့ ေမွာ္ရတနာေတြကို သူ႕ဆီ ဆြဲယူလိုက္ပါတယ္။

“အရင္ စၾကၤန္ခန္းကို ေက်ာ္ျဖတ္လာသူေတြမွာ ေမွာ္ရတနာေတြ ပိုပါလာတာပဲ။ ”
သူအရိုးစုကို ေသခ်ာ ေလ့လာလိုက္ပါတယ္။ ဒီ အရိုးစုဟာ ၃မီတာေက်ာ္ေလာက္ ျမင့္တာေတြ႕လိုက္ရပါတယ္။ သူ႕ရဲ သိုေလွာင္ ရတနာကေတာ့ ၀တ္ဆင္ထားတဲ့ လက္ေမာင္းကာ ျဖစ္ေနပါတယ္။ နင္ ဒီ လက္ေမာင္းကာကို ျမန္ျမန္ ျဖဳတ္လိုက္ျပီး ၀တ္ဆင္လိုက္ပါတယ္။
“ဒါ တစ္ကယ့္ကို သိုေလွာင္ခန္း ရတနာပဲ။”

“ရတနာေတြ အမ်ားၾကီးပဲ။”

ဒီ သိုေလွာင္ခန္းမွာေတာ့ ေမွာ္ရတနာေတြ ေထာင္နဲ႕ခ်ီျပီး ပါ၀င္ပါတယ္။ နင္က အကုန္လံုးကို ေအးေအးေဆးေဆး ေပါင္းစည္း လိုက္ပါတယ္။ ဒီရတနာေတြ အကုန္လံုးဟာ အဆင့္သတ္မွတ္ခ်က္ထဲ မပါတဲ့ ရတနာေတြ ျဖစ္ေနတာကေတာ့ ၀မ္းနည္းစရာပါပဲ။

“အကုန္လံုးက အဆင့္သတ္မွတ္ခ်က္မပါတဲ့ ရတနာေတြ ခ်ည္းပဲ…”
နင္ေခါင္းခါလိုက္ပါတယ္။
“ဒီရတနာေတြ အားလံုးေပါင္း တန္ဖိုးဟာ ေျခရာေဖ်ာက္ဆြဲျပားတန္ဖိုးရဲ့ ၁ရာခိုင္ႏႈန္းေတာင္ မရွိဘူး။”

ေျခရာေဖ်ာက္ဆြဲျပားဟာ ေဒသရဲ့ အေစာင့္အေရွာက္ ရတနာ တပါးပါ။

အဆင့္သတ္မွတ္ခ်က္ရွိတဲ့ ေမွာ္ရတနာေတြထက္ေတာင္ အမ်ားၾကီး အဖိုးတန္ပါတယ္။

“ခဏနားလိုက္ဦးမွပဲ”
နင္က ၾကာပန္းပံုသ႑ာန္ ထို္င္လိုက္ပါတယ္။ ၀ါးဆစ္ ဘူး ေလးတစ္ဘူးကို ထုတ္ယူ အဖံုးဖြင့္ျပီးေတာ့ ေသာက္လိုက္ပါတယ္။ ျ႔ပီးေတာ့ အသားကင္ တခ်ိဳ႕ကို ထုတ္ယူျပီး စားလိုက္ပါတယ္။

“ဒီ ေသသြားတဲ့ ေရွးလူေတြက သိုေလွာင္ ေမွာ္ရတနာေတြ ထားခဲ့ေပမဲ့ စားစရာေတြလည္း မခ်န္ခဲ့ဘူး။ အင္း… အခ်ိန္ အရမ္းၾကာခဲ့ေတာ့လည္း အစားအေသာက္ေတြက ေဆြးေျမ႕ေပ်ာက္ကြယ္သြားတာေနမယ္။”

“ဒီ အဆင့္ သတ္မွတ္မႈ မရွိတဲ့ ေမွာ္ရတနာေတြကလည္း ငါ့အတြက္ သိပ္ျပီးေတာ့ အသံုး၀င္မွာ မဟုတ္ဘူး။”

“ငါလည္း ေမွာ္ရတနာ နည္းနည္းပဲ လိုအပ္ပါတယ္။”
နင္ ေခါင္းညိတ္လိုက္ပါတယ္။ ဥပမာအေနနဲ႕ သိုေလွာင္ခန္း ေမွာ္ ရတနာေတြ ရာနဲ႕ခ်ီရွိေနေတာ့ေကာ ဘာလုပ္လို႕ ရမွာလည္း။ သူ႕အစြမ္းေတြက တိုးလာမွာ မို႕လား။ သူသာ အသက္ မရွင္ႏိုင္ခဲ့ရင္ ခုန သူရွာေတြ႕ထားတဲ့ ေထာင္နဲ႕ခ်ီတဲ့ ေမွာ္ရတနာေတြက သူမ်ားဟာ ျဖစ္သြားမွာပဲေလ။
……

နင္ ေအးေအးေဆးေဆး ထိုင္ျပီး စားေသာက္ေနပါတယ္။ သူေရွ႕ကို အေလာတၾကီး ခရီးမဆက္ပါဘူး။

တခ်ိန္တည္းမွာ အနီေရာင္ ေကာင္းကင္ကိုးဆင့္ က်င့္စဥ္ရဲ့ စြမ္းအင္ေတြ ျပန္ျပည့္လာပါတယ္။

နင္ စားေသာက္ျပီးတာနဲ႕ သိုေလွာင္ခန္း ရတနာေတြကုိ ဘာပါလဲဆိုတာ တခုခ်င္း စစ္ေဆးၾကည့္ပါတယ္။ တခါတေလ ဓားသိုင္းက်မ္းနဲ႕ တျခားက်င့္စဥ္ က်မ္းစာအုပ္ေတြ ေတြ႕ရပါတယ္။ ဒါေပမဲ့ အရမ္းကို အစြမ္းထက္တဲ့ စာအုပ္ေတြဟာ ေလ့က်င့္ျပီးတာနဲက အလိုအေလ်ာက္ ပ်က္ဆီးသြားတတ္တဲ့ အစြမ္းပါတတ္ပါတယ္။ ဒါေၾကာင့္ ဒီစာအုပ္ေတြမွာ အရမ္းအဖိုးတန္တဲ့ စာအုပ္ မပါလာႏိုင္ပါဘူး။

စာအုပ္တစ္အုပ္ပဲ မိုးေရစက္ ဓားက်မ္းေလာက္ အစြမ္းထက္တာ ေတြ႕ရပါတယ္။

“ဒါေတြက သိပ္ေတ့ာ အက်ိဳး မရွိပါဘူး။”
နင္ရယ္ေမာလိုက္ျပီးေတာ့ သိုေလွာင္ခန္း ရတနာေတြကို အခ်ိန္ေပးျပီး ထပ္မံလွန္ေလွာလိုက္ပါတယ္။

အ၀တ္အစားေတြ

အသံုးအေဆာင္ေတြ

အရုပ္ေတြ

မလိုတာေတြအကုန္လံုးကို ဖယ္လိုက္ပါတယ္။ ရွာေနရင္းနဲ႕ နင္တျဖည္းျဖည္း စိတ္ၾကည္လာပါတယ္။

“ဟင္?”
သူ နည္းနည္းထူးဆန္းတဲ့ သစ္ေခါက္ေလးကို ေကာက္ယူလိုက္မိပါတယ္။ သူပစ္မလို႕ ရြယ္လိုက္ျပီးမွ စာလံုးတစ္လံုးေတြ႕လိုက္တဲ့အတြက္ သူစိတ္ေျပာင္းသြားပါတယ္။

“၀ူတန္.. ငါတို႕ ကလန္က အင္ေမာ္တယ္ ဂ်ဴဟြာ ဆီကေန သတင္းတခုရခဲ့တယ္။ အင္ေမာ္တယ္ ဂ်ဴဟြာ ဆိုတာ ႏွစ္ေပါင္းသန္းနဲ႕ခ်ီျပီး အသက္ရွင္ေနထိုင္ေနတဲ့သူ။ ဖင္းေဂါ့ ေခတ္ကတည္းကပဲ။  အခု သူ တပည့္အသစ္ လက္ခံမယ္လို႕ လူသိရွင္ၾကား ေၾကညာလိုက္တယ္။ အင္ေမာ္တယ္ ဂ်ဴဟြာ ဟာ လြတ္ေျမာက္ အင္ေမာ္တယ္ ျဖစ္ေပမဲ့ သူ႕အတြက္ က်ေရာက္တဲ့ ကပ္ေဘးေတြကို အသက္ မေသပဲ ေက်ာ္ျဖတ္ ႏိုင္ခဲ့တယ္။ ငါတို႕ ကလန္ေခါင္းေဆာင္ ေျပာခဲ့တဲ့ စကားေတြအရဆိုရင္ သူဟာ ေကာင္းကင္ တန္ခိုးရွင္ တစ္ေယာက္ ေလာက္ကို အစြမ္းထက္ေနျပီ။ အင္ေမာ္တယ္ ဂ်ဴဟြာ က တစ္သက္လံုး တစ္ခါမွ တပည့္ လက္မခံဖူးဘူး။ ငါတို႕ ေတာ္၀င္ ရွ အင္ပါယာရဲ့ ဒုတိယ သားေတာ္ေတာင္မွ သူ႕ရဲ့ တပည့္ ေရြးခ်ယ္ပြဲမွာ ေျဖဆိုတာ မေအာင္ျမင္ခဲ့ဘူး။

အင္ေမာ္တယ္ ဂ်ဴဟြာ တပည့္လက္ခံတဲ့ သတင္းက ပ်ံ႕ေနတာၾကာလွျပီ။

ျပီးေတာ့ အင္ေမာ္တယ္ ဂ်ဴဟြာ ထပ္ေၾကညာထားတာက သူလက္ခံမဲ့ တပည့္ဟာ ဖင္းေဂါ့ ခႏၶာကိုယ္ က်င့္စဥ္ကို က်င့္သူ ျဖစ္ရမွာ ျဖစ္ျပီး အနည္းဆံုး ဇင္တ်န္ အဆင့္ ေရာက္ေနရမယ္။ အမ်ားဆံုး ဇီဖူအဆင့္အထိပဲ လက္ခံတယ္။ သူက ျပိဳင္ပြဲ လမ္းေၾကာင္း ၂ သြယ္ ခ်မွတ္ခဲ့တယ္။ တစ္လမ္းက ဇင္တ်န္ အဆင့္ေတြ ေက်ာ္ျဖတ္ရမဲ့ လမ္းျဖစ္ျပီး ေနာက္တစ္လမ္းက ဇီဖူအဆင့္ေတြ အတြက္ပဲ။

လမ္းတိုင္းမွာ စမ္းသပ္မႈ ၃ခုကို ေက်ာ္ျဖတ္ရမယ္။

စမ္းသပ္မႈ ၃ခုကို မေသပဲ ေအာင္ေအာင္ျမင္ျမင္ ေက်ာ္ျဖတ္ႏိုင္တဲ့သူဟာ အင္ေမာ္တယ္ ဂ်ဴဟြာရဲ့ အေမြဆက္ခံသူ တပည့္ျဖစ္မယ္။

ျပီးေတာ့ အင္ေမာ္တယ္ ဂ်ဴဟြာက တပည့္တေယာက္ပဲ လက္ခံမွာတဲ့။

သူတပည့္ လက္ခံတဲ့ေနရာကိုေတာ့ အင္ေမာ္တယ္ ဂ်ဴဟြာက သူ႕ရဲ့ အင္ေမာ္တယ္ နန္းေတာ္ကို ေနရာခ်ထားလိုက္တဲ့ ဒက္ေနာ့ ပင္လယ္က ေဆာင္းဦးတစ္ေထာင္ ကၽြန္းမွာပဲ။ ျဖစ္ႏိုင္တာကေတာ့ သူတပည့္လက္ခံျပီးမွ ကၽြန္းကေန ထြက္ခြာသြားမွာပဲ။ ငါတို႕ ေနရာကေန ဒက္ေနာ့ သမုဒၵရာထဲက ေဆာင္းဦးတစ္ေထာင္ ကၽြန္းကို သြားဖို႕ဆိုရင္ အနည္းဆံုး ႏွစ္၀က္ ၾကာမွာပဲ။ ဒါေၾကာင့္ ေႏွးေကြးမေနနဲ႕။ ႏိုု႕မို႕ဆို တစ္ေယာက္ေယာက္က ေနရာဦးသြားလိမ့္မယ္။ ၀ူတန္ ငါမင္းကို သတင္းေပးျပီးျပီးေနာ္။

သြားတယ္ မသြားဘူးကေတာ့ မင္းဆံုးျဖတ္ခ်က္ပဲ။

လက္မွတ္..နတ္သစ္ပင္ ဘန္အန္ ကလန္မွ ေရသခင္”
…….

နင္ သူ႕လက္ထဲမွာ ရွိတဲ့ အရမ္းကို ေရွးက်လြန္းတဲ့ သစ္ေခါက္ကို ၾကည့္ေနမိတယ္။ သူ အသက္ေတာင္ မရွဴႏိုင္ျဖစ္ေနတယ္။

“နတ္သစ္ပင္ ဘန္အန္ ကလန္? ဒီ သစ္ေခါက္က နတ္သစ္ပင္ ဘန္အန္ က သစ္ေခါက္ပဲေနမွာ။ ဒါေၾကာင့္ ဒီ သစ္ေခါက္က ေရွးစာလံုးေတြဟာ ဒီအခ်ိန္အထိ မပ်က္ဆီး မေဆြးမေျမ႕ပဲ ရွိေနတာ။”

နတ္သစ္ပင္ ဘန္အန္ ဟာ သစ္ပင္ အင္ေမာ္တယ္ ျဖစ္ျပီးေတာ့ ထာ၀ရ ေဆြးေျမ႕ျခင္းမရွိပါဘူး။

တခ်ိဳက အဖိုးတန္ ရတနာ ပစၥည္း တခ်ိဳ႕ကို နတ္သစ္ပင္ ဘန္အန္ သစ္သားနဲ႕ လုပ္ထားတဲ့ ေသတၱာထဲ ထည့္သိမ္းၾကပါတယ္။ နတ္သစ္ပင္ ဘန္အန္ ဟာ နတ္သစ္ပင္ ဘန္အန္ ကလန္ကို ကိုယ္စားျပဳတဲ့ အမွတ္အသားလည္း ျဖစ္ပါတယ္။ ဒီကလန္ဟာ ျပိဳင္ဘက္ကင္းတဲ့ ကလန္ၾကီးတစ္ခုပါ။ ဂ်ိကလန္နဲ႕ေတာင္ ယွဥ္လို႕မရေအာင္ကို တန္ခိုး ၾသဇာ ၾကီးမားလြန္းတဲ့ ကလန္ၾကီးပါ။ ေတာ္၀င္ ရွ အင္ပါယာ အုပ္ခ်ဳပ္တဲ့ ေဒသထဲမွာ အလြန္႔အလြန္ အင္အားၾကီးမားလြန္းတဲ့ ကလန္ၾကီးေတြထဲမွာ တစ္ခုအပါအ၀င္လို႕ေတာင္ ေျပာလို႕ရပါတယ္။

“အင္ေမာ္တယ္ ဂ်ဴဟြာ?”
နင္ မ်က္ေမွာင္ၾကဳတ္ျပီး ေရရြတ္လိုက္ပါတယ္။
“အင္ေမာ္တယ္ ဂ်ဴဟြာက တပည့္ လက္ခံေနတယ္။ သူက ဖင္းေဂါ့ေခတ္ကတည္းကေန ႏွစ္ေပါင္း သန္းနဲ႕ခ်ီေအာင္ အသက္ရွင္ေနထိုင္ျပီးေတာ့မွ တပည့္ ရွာေနတာ။ ဒါေပမဲ့ ဖင္းေဂါ့ ေခတ္ကေန အခုအထိဆိုရင္ ႏွစ္သန္းေတာင္ မကေတာ့ဘူး။ ႏွစ္ ဘီလီယံ ထရီလီယံ ေလာက္ ရွိေနျပီ။”

“ဒီ တပည့္ စရွာတဲ့ အခ်ိန္ကေန အခုအထိကို အခ်ိန္ေတြ အမ်ားၾကီး ၾကာခဲ့ျပီ။ အင္ေမာ္တယ္ ဂ်ဴဟြာလည္း အခုဆို ေသတာ ၾကာေလာက္ျပီ။”
နင္ နားလည္လိုက္ပါတယ္။

လြတ္ေျမာက အင္ေမာ္တယ္ေတြဟာ ကပ္ၾကီး ၃ပါးနဲ႕ စမ္းသပ္ျခင္း ၉ ပါးကို အျမဲတမ္း ေက်ာ္ျဖတ္ရပါတယ္။ လူတစ္ေယာက္ဟာ ႏွစ္ေပါင္း သန္းခ်ီ မေသပဲ အသက္ရွင္ေနႏိုင္တာဟာ အရမ္းကို ကံေကာင္းလို႕ပါ။ ဒါေပမဲ့ အခုအခ်ိန္ အထိကို ဘယ္လိုလုပ္ အသက္ ဆက္ ရွင္ႏိုင္မွာလည္း။

“ဒါဆို ဒီ ေရေအာက္နန္းေတာ္က”

“ဒါ အင္ေမာ္တယ္ ဂ်ဴဟြာက သူ႕တပည့္ ျဖစ္လာမဲ့ သူကို ေရြးခ်ယ္တဲ့ ေနရာေပါ့။ ငါ အခုေရာက္ေနတဲ့ စၾကၤန္လမ္းက သူ႕တပည့္ေရြးဖို႕ ျပင္ဆင္ထားတဲ လမ္းေၾကာင္း ၂ခုထဲက တစ္ခုေပါ့။”

နင္ အေ၀းက အရိုးစုေတြကို ၾကည့္လိုက္ပါတယ္။

ဒီ အရိုးစုေတြဟာ ဖင္းေဂါ့ က်င့္စဥ္ က်င့္သူေတြရဲ့ အရိုးေတြ ျဖစ္မွာ ေသခ်ာပါတယ္။ သူတို႕ေတြရဲ့ အရိုးေတြ က်န္ေနေသးတယ္ဆိုတဲ့ အဓိပၸာယ္ သူတို႕ေတြ ေသတာ အရမ္းၾကီး မၾကာေသးလို႕ပါ။

ၾကည့္ရတာေတာ့ ဇင္တ်န္ ေကာ ဇီဖူ  ဖင္းေဂါ့တန္ခိုးရွင္ေတြဟာ မၾကာခဏ ေရေအာက္နန္းေတာ္ကို အပို႕ခံေနရတာေနလိမ့္မယ္။ သူကိုယ္တိုင္လည္း ကံဆိုးတဲ့ သူေတြထဲက တစ္ေယာက္ ျဖစ္ေနျပီ။

“အင္ေမာ္တယ္ ဂ်ဴဟြာက တပည့္လက္ခံဖို႕အတြက္ သတ္မွတ္ ခ်က္ေတြက အရမ္းကို ျပင္းထန္လြန္းလိမ့္မယ္။ မဟုတ္ရင္ သူအေစာၾကီးကတည္းက တပည့္တေယာက္ လက္ခံျပီးျပီေပါ့။”
နင္ သူ႕ကိုယ္သူ ေျပာလိုက္ပါတယ္။
“ဒီမွာ လမ္းေၾကာင္းတစ္ခုမွာ စမ္းသပ္မႈ ၃ခု ရွိတယ္။ ၾကည့္ရတာ ပထမဆံုး စမ္းသပ္ခ်က္က ငါ ေရမီးၾကာပန္းကို သံုးျပီးေတာ့ ေက်ာ္ျဖတ္ခဲ့တာေနမယ္။ ေနာက္ စမ္းသပ္မႈ ၂ခုက ပိုျပီးေၾကာက္စရာေကာင္းျပီးေတာ့ အရမ္းကို ခက္ခဲလိမ့္မယ္။ ငါဘယ္လို ေက်ာ္ျဖတ္ရမလဲ။”

“ငါ သူတို႕လို မ်ားျဖစ္ေတာ့မလား။ ငါ ဒီမွာပဲ အရိုးေဆြးရေတာ့မယ္ထင္တယ္။”
နင္ အရိုးစုေတြကို ၾကည့္ျပီးေတာ့ ေရရြတ္လိုက္ပါတယ္။

Chapter 15 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 16 မိဘေတြ ေမွ်ာ္ေနၾကျပီ




Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…




Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 15 ဇာတ်ကြောင်း အစုံ



ရွှေရောင် စစ်သူရဲ ၂၇ယောက်က သူတို့ရဲ့ တလက်လက် တောက်ပနေတဲ့ ရွှေလှံတံ တွေနဲ့ အစွမ်းအပြည့်အဝသုံးပြီးတော့ ဂျိနင်ကို တိုက်ခိုက်လိုက်ပါတယ်။ အနောက်စက်ဝိုင်းက ရွှေရောင် စစ်သူရဲ ၅၄ ယောက်ရဲံ့ လှံတံတွေကလည်း ဂျိနင်ကို အခွင့်အရေးရတာနဲ့ တိုက်ခိုက်ဖို့ ချိန်ရွယ်ထားပါတယ်။



“ဒီမှာ ဟာကွက် ရှိမှာပဲ။ ကျိန်းသေပေါက် ဟာကွက်ရှိရမှာပဲ။ သူတို့ကို အောင်နိုင်ဖို့ နည်းလမ်း ရှိကို ရှိရမယ်။ သူတို့တွေသာ မသေတဲ့သူတွေဆိုရင် ငါကအင်အားကုန်သွားတာနဲ့ မောပန်းပြီးသေမှာ”

လက်ထဲက ဒက်နော့ဓားတွေနဲ့ လှံတံတွေ ရင်ဆိုင်လိုက်ပါတယ်။ နင်က လှံရှည် သိုင်းကွက်တွေကို ကာလိုက်ပြီးတော့ ရွှေရောင် စစ်သည်တွေရဲ့ အလယ်ကို ခုန်ဝင်သွားပါတယ်။



“နောက်ဆုတ်ဟေ့!!!”



“တိုက်ဟေ့!!!”



အလယ် မှာ ရှိနေတဲ့ စစ်သူရဲ ၂၇ယောက်က ညီညီညာညာ မြန်မြန်ဆန်ဆန် နောက်ဆုတ်သွားကြပါတယ်။ တစ်ချိန်တည်းမှာ ကျန်တဲ့ စစ်သူရဲ ၅၄ ယောက်က စက်ဝိုင်းကို ခဲျ့လိုက်ပြီးတော့ နင်ကို ထပ်ပြီးမလွတ်နိုင်အောင် ဝန်းရံထားလိုက်ပါတယ်။ နင်က ရေခွက်ထဲက လိပ်ကလေး အတိုင်း ဖြစ်နေပါပြီ။



“ဒါဖြစ်နိုင်လား?”

နင် မျက်မှောင် ကြုတ်လိုက်ပါတယ်။



“ရေမီးကြာပန်း!!”

နင်ဆုံးဖြတ်ချက် ချလိုက်ပါတယ်။



ဝုန်းဝုန်း ဝှီးဝှီး



သူ့အနားမှာ ရေမီးကြာပန်းပွင့်ချပ် ၈စုံ ပေါ်လာပါတယ်။  တစ်စုံစီမှာ ရေကြာပန်းပွင့်ချပ် တစ်ခုနဲ့ မီးကြာပန်းပွင့်ချပ် တစ်ခုစီ ပါပါတယ်။ ဒီတိုက်ခိုက်မှုမှာ တာအိုရဲ့ အစစ်အမှန် အဓိပ္ပါယ် အစွန်းအဖျားလောက် ပါဝင်နေတဲ့ အတွက် နင်ဟာ သူ့ရှိသမျှ အစွမ်းကုန် ထုတ်သုံးရပါတယ်။ သူ့စိတ်ကို  ခွဲနိုင်သလောက် အများဆုံး ခွဲလိုက်ပြီးတော့ ဒီ ကြာပန်း ပွင့်ချပ် ၈စုံလုံးကို ထိန်းချုပ်ရတဲ့အတွက် အရမ်းကို ပင်ပန်းစေပါတယ်။



“ခွမ်ခွမ်ခွမ်”

ဒီ ရေမီးကြာပန်း ၈ စုံဟာ လှည့်ပတ်ပြီးတော့ အနီးမှာ ရှိနေတဲ့ ရွှေရောင် စစ်သူရဲ ၁၆ယောက်ကို ကြိတ်ဆုံလိုမျိုး ကြိတ်လိုက်ပါတယ်။ စစ်သူရဲတွေလည်း အသည်းအသန် ရှောင်တိမ်းလိုက်ပေမဲ့ ဖိအားများလွန်းတဲ့အတွက် သူတို့ ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းတွေ ပေါ်လာပါတယ်။



“သတ်!!!”



“သတ်!!!!”



ရွှေစစ်သည်တော်တွေဟာ ဒေါသတကြီး မာန်သွင်းပြီးတော့ နင်တိုက်ခိုက်လိုက်တဲ့ ရေမီးကြာပန်းတွေကို ရှောင်တိမ်းလိုက်ပါတယ်။



နင်ရဲ့ လက်ထဲက ဒက်နော့ ဓားတွေဟာ ကြောက်စရာ သားရဲကောင်လိုပါပဲ။ ဓားရိပ်တွေ ဖြာသွားပြီးတော့ အနီးက ရွှေစစ်သည်တော် တစ်ယောက်ကို သုံးပိုင်း ပိုင်းလိုက်ပါတယ်။ ဒါပေမဲ့ ဒီ ၃ပိုင်းဖြစ်သွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ချက်ခြင်းပဲ ပြန်ဆက်သွားပြီးတော့ အကောင်းအတိုင်း ပြန်ဖြစ်သွားပါတယ်။ ဒီစစ်သူရဲက ဂျိနင်ကို မာန်သွင်းပြီး တိုက်ခိုက်လိုက်ပါတယ်။



“ဒါ တစ်ကယ်ပဲကိုး။ ဒါ တစ်ကယ်ပဲ။”

နင် ကျယ်ကျယ်လောင်လောင် ၇ယ်မောလိုက်ပါတယ်။

“ဒီ ရွှေရောင် စစ်သူရဲတွေ မသေတဲ့ ခန္ဓာကိုယ် ရှိတယ်ဆိုတာ အဓိပါ္ပွယ်မှ မရှိတာ။ သူတို့က လူတွေကြောက်အောင် တမင်လုပ်ထားတာပဲ။ ငါမင်းတို့ကို ဒဏ်ရာရအောင်လုပ်လိုက်တိုင်း မင်းတို့ အစွမ်းတွေ ကျကျသွားတယ်။ ဟားဟားဟား… မင်းတို ဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ရတာပေါ့။”



အစပိုင်းက ဒီရွှေစစ်သည် ၈၁ယောက်က သူတို့ရဲ့ ဝင်္ဂဘာနဲ့ တိုက်ခိုက်တော့ နင်ကာကွယ်ရင်းနဲ့ နားလည်ခဲ့တယ်။

သူတို့ရဲ့ အစွမ်းတွေ နည်းနည်းလေး ကျသွားတာကို သူတွေ့လိုက်ရတယ်။ သူက အရမ်းကို သတိထားနေတဲ့အတွက်ကြောင့် ဒါကို တွေ့ရှိသွားတာလေ။



ဒါနဲ့ သူက ရေမီးကြာပန်း ၈ခုကို ဖန်ဆင်းလိုက်ပြီးတော့ ဒီ ရွှေရောင် စစ်သူရဲ ၁၆ယောက်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့တယ်။



ပြီးတော့ သူတို့နဲ့ ထပ်ပြီး တိုက်ခိုက်တဲ့အခါမှာ ဒီ ရွှေရောင် စစ်သူရဲတွေရဲ့ အစွမ်းဟာ အများကြီးကို လျော့ကျသွားတာကို တွေ့လိုက်ရတယ်။



“ဒီ စစ်သူရဲ ၈၁ ယောက်လုံးဟာ လူတစ်ယောက်တည်းလိုပဲ ပြောလို့ရတယ်။ တစ်ယောက်က ဒဏ်ရာ အကြီးအကျယ်ရရင် နောက်ကျန်တဲ့ လူတွေလည်း နည်းနည်းစီ ထိသွားကြတယ်။”

နင် ရေရွတ်လိုက်ပါတယ်။

“ပြီးတော့ ဒီ ရွှေစစ်သူရဲတွေက ရွှေရည်ကနေ ဖန်ဆင်းထာတဲ့အတွက် သူတို့မှာ အသက် စွမ်းအင် အကန့်အသတ်နဲ့ ပါမှာပဲ။ ငါ သူတို့ကို ဆက်တိုက် ဒဏ်ရာရအောင် လုပ်နိုင်ရင် သူတို့ရဲ့ မှော် အစွမ်းတွေ တဖြည်းဖြည်း ကုန်လာလိမ့်မယ်။ နောက်ဆုံး သူတို့ လဲကျသွားမှာပဲ။”



“သတ်..”

ရွှေရောင် စစ်သူရဲတွေကတော့ အကြောက်အလန့် လုံးလုံး မရှိကြပါဘူး။ နင်ကတော့ ရေမီးကြာပန်း ၈ခုကို ထိန်းချုပ်ပြီတော့ ရွှေရောင်စစ်သည်တော်တွေကို ဆက်တိုက် အမှုန့်ချေနေပါတယ်။ တစ်ချိန်တည်းမှာ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းပြီးတော့ သူ့ရဲ့ ဒက်နော့ဓားနဲ့ မရပ်မနား တိုက်ခိုက်လိုက်ပါတယ်။ ဒီမှာ သူတွေ့လာတာက သူ့ရဲ့ ဓားနဲ့ ထိုးခုတ်တိုက်ခိုက်တဲ့အခါတိုင်း ရွှေရောင် စစ်သည်တွေရဲ့ အစွမ်းဟာ နည်းနည်းလေးပဲ ကျလာပေမဲ့ ရေမီးကြာပန်းနဲက အမှုန့်ခြေတဲ့အခါမှာတော့ အစွမ်းတွေ ကုန်ဆုံးတာ ပိုပြီးတော့ များတာကိုပါပဲ။



….



ဒီဟာက တစ်ကယ့်ကို မောပန်းစေတဲ့ တိုက်ပွဲပါပဲ…



“ရွှစ်”

ရွှေရောင် စစ်သည်တော်တွေ တစ်ယောက်ပြီးတစ်ယောက် တစစီဖြစ်သွားပြီး ဘာမှ မကျန်တော့ပါဘူး။ စစ်သူရဲ ၈၁ယောက်လုံး လုံး၀ မရှိတော့ပါဘူး။ နင် အခုမှပဲ သက်ပြင်းရှည်ချလိုက်ပြီးတော့ သူ့ရဲ့ ရေမီးကြာပန်းတွေကို ပြန်ဖျောက်လိုက်ပါတယ်။



“တော်တော် ဒုက္ခပေးတာပဲ..”



“ငါ့မှာသာ ရေမီးကြာပန်း မရှိဘူးဆိုရင် အခုဆို ငါအမော့ဆို့ပြီး သေနေလောက်ပြီ။”

သူ့ကိုယ်ထဲမှာ အနီရောင် ကောင်းကင် ကိုးဆင့် ကျင့်စဉ်ရဲ့ စွမ်းအင် နည်းနည်းပဲ ကျန်တာကို သိလိုက်ပါတယ်။ နင် သက်ပြင်းချလိုက်ပါတယ်။ အနီရောင် ကောင်းကင် ကိုးဆင့် ဖင်းဂေါ့ ကျင့်စဉ်ရဲ့ နတ်ဘုရားစွမ်းအင်ဟာ တစ်ဝက်လျော့လျော့ပဲ ကျန်တော့တာပါ။ ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် ကျန်ရတာလည်းဆိုတော့ ဒီ အနီရောင် ကောင်းကင် ကိုးဆင့် ကျင့်စဉ်ဟာ အရမ်းကို သိပ်သည်းဆများတဲ့ စွမ်းအင် အခြေခံကိုတည်ဆောက်ပြီးမှ အဆင့်တက်လို့ရတဲ့အတွက်ကြောင့် သာမာန် ဖင်းဂေါ့ကျင့်စဉ်ကျင့်သူတွေထက် စွမ်းအင်ပမာဏ ပိုပြီးတော့ များများ ပါဝင်ပါတယ်။



ဒီ တိုက်ပွဲက နင်ရဲ့ ရေမီးကြာပန်းကို အားပြုပြီးတော့ စစ်သူရဲတွေကို ဆက်တိုက် အမှုန့်ခြေရပြီး သူ့ရဲ့ အနီရောင် ကောင်းကင် ကိုးဆင့် ကျင့်စဉ်ကတော့ ခန္ဓာကိုယ်မှာ အဆင်သင့် ထုတ်ထားပြီး သူ့ရဲ့ ဒက်နော့ ဓားဆီကို စွမ်းအင်တွေနဲ့ ပို့လွှတ်ပြီး အကာအကွယ်အတွက်ပဲ အသုံးပြု၇လို့ပါ။ ဒါတောင်မှ စွမ်းအင်ပမာဏ တစ်ဝက်ကျော်လိုက် အသုံးပြုလိုက်ရပါတယ်။



နင်က သူ့နောက်မှာ ပုံနေတဲ့ အရိုးစုတွေကို တစ်ချက်ကြည့်လိုက်ပါတယ်။ တစ်ချို့ကတော့ တိုက်ပွဲ အရှိန်ကြောင့် ဖုန်မှုန့်ဖြစ်သွားပေမဲ့ တချို့ ကျန်ပါသေးတယ်။



“ဒီမှာ သေကုန်တဲ့ လူတွေက အမောဆို့ပြီး သေကုန်တာဖြစ်မယ်။”

နင် တီးတိုးရေရွတ်လိုက်ပါတယ်။

“ဖင်းဂေါ့ ကျင့်စဉ်ကျင့်သူတွေဟာ ရေရှည်တိုက်ပွဲတွေမှာ မမောမပန်းတိုက်ခိုက်နိုင်တယ်ဆိုကြပေမဲ့ ငါတော့တော်တော်ကို ခက်ခက်ခဲခဲ တိုက်ခိုက်လာရတယ်။ ကီကျင့်စဉ်ပဲ ကျင့်ပြီး ဇင်တျန် ဖြစ်လာသူတစ်ယောက်က ဘယ်လိုလုပ် ကျော်ဖြတ်နိုင်မှာလည်း။”



ဟွား….



မြူနှင်းတံတိုင်းကြီးဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။



နင်က လျှောက်လမ်းရဲ့ ထောင့်ကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပါတယ်။ သူအလျင်စလို ရှေ့ကို ဆက်မလျှောက်သွားပါဘူး။ နင် တစ်ချက် ပတ်ဝန်းကျင်ကို ထပ်ကြည့်လိုက်တော့ စင်္ကြန်လမ်းရဲ့ ထောင့်တစ်နေရာမှာ အရိုးစုတွေ ထပ်ရှိနေတာ တွေ့ရပါတယ်။



“ဒီမှာလည်း အရိုးစုတွေ ရှိနေတယ်။ နောက်ထပ် စင်္ကြန်လမ်းလည်း အန္တရာယ် များမှာပဲ။ ဒီ ရှေးဟောင်း အကြွင်းအကျန် နယ်မြေမှာ ဘယ်လောက်တောင် အန္တရာယ်တွေကို ကျော်ဖြတ်ရမှာလည်း မသိဘူး။”

နင် နှလုံးသားထဲထိ စိမ့်သွားပါတယ်။

“ပြီးတော့ ရှေ့မှာ သေသွားတဲ့သူတွေက ခုနက ရွှေရောင် စစ်သည် ၈၁ ယောက်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီးလို့မှ ရှေ့ကို ရောက်သွားတဲ့သူတွေ။”



“လာခဲ့”

နင်က စင်္ကြန်လမ်း တစ်ဖက်က အခန်းထဲမှာ ရှိနေတဲ့ အရိုးစုတွေကို ကြည့်လိုက်ပါတယ်။ အဲ့အခါမှာတော့ တချို့ အရိုးစုတွေပဲ လက်နက်နဲက ချပ်ဝတ်တန်ဆာတွေ ရှိနေတာ တွေ့လိုက်ရပါတယ်။ သူ့ရဲ့ နတ်ဘုရား စိတ်စွမ်းအင်နဲ့ အရိုးစုတစ်ခုနဲ့ သူ့ရဲ့ မှော်ရတနာတွေကို သူ့ဆီ ဆွဲယူလိုက်ပါတယ်။



“အရင် စင်္ကြန်ခန်းကို ကျော်ဖြတ်လာသူတွေမှာ မှော်ရတနာတွေ ပိုပါလာတာပဲ။ ”

သူအရိုးစုကို သေချာ လေ့လာလိုက်ပါတယ်။ ဒီ အရိုးစုဟာ ၃မီတာကျော်လောက် မြင့်တာတွေ့လိုက်ရပါတယ်။ သူ့ရဲ သိုလှောင် ရတနာကတော့ ဝတ်ဆင်ထားတဲ့ လက်မောင်းကာ ဖြစ်နေပါတယ်။ နင် ဒီ လက်မောင်းကာကို မြန်မြန် ဖြုတ်လိုက်ပြီး ဝတ်ဆင်လိုက်ပါတယ်။

“ဒါ တစ်ကယ့်ကို သိုလှောင်ခန်း ရတနာပဲ။”



“ရတနာတွေ အများကြီးပဲ။”



ဒီ သိုလှောင်ခန်းမှာတော့ မှော်ရတနာတွေ ထောင်နဲ့ချီပြီး ပါဝင်ပါတယ်။ နင်က အကုန်လုံးကို အေးအေးဆေးဆေး ပေါင်းစည်း လိုက်ပါတယ်။ ဒီရတနာတွေ အကုန်လုံးဟာ အဆင့်သတ်မှတ်ချက်ထဲ မပါတဲ့ ရတနာတွေ ဖြစ်နေတာကတော့ ဝမ်းနည်းစရာပါပဲ။



“အကုန်လုံးက အဆင့်သတ်မှတ်ချက်မပါတဲ့ ရတနာတွေ ချည်းပဲ…”

နင်ခေါင်းခါလိုက်ပါတယ်။

“ဒီရတနာတွေ အားလုံးပေါင်း တန်ဖိုးဟာ ခြေရာဖျောက်ဆွဲပြားတန်ဖိုးရဲ့ ၁ရာခိုင်နှုန်းတောင် မရှိဘူး။”



ခြေရာဖျောက်ဆွဲပြားဟာ ဒေသရဲ့ အစောင့်အရှောက် ရတနာ တပါးပါ။



အဆင့်သတ်မှတ်ချက်ရှိတဲ့ မှော်ရတနာတွေထက်တောင် အများကြီး အဖိုးတန်ပါတယ်။



“ခဏနားလိုက်ဦးမှပဲ”

နင်က ကြာပန်းပုံသဏ္ဍာန် ထိုင်လိုက်ပါတယ်။ ဝါးဆစ် ဘူး လေးတစ်ဘူးကို ထုတ်ယူ အဖုံးဖွင့်ပြီးတော့ သောက်လိုက်ပါတယ်။ ြ့ပီးတော့ အသားကင် တချို့ကို ထုတ်ယူပြီး စားလိုက်ပါတယ်။



“ဒီ သေသွားတဲ့ ရှေးလူတွေက သိုလှောင် မှော်ရတနာတွေ ထားခဲ့ပေမဲ့ စားစရာတွေလည်း မချန်ခဲ့ဘူး။ အင်း… အချိန် အရမ်းကြာခဲ့တော့လည်း အစားအသောက်တွေက ဆွေးမြေ့ပျောက်ကွယ်သွားတာနေမယ်။”



“ဒီ အဆင့် သတ်မှတ်မှု မရှိတဲ့ မှော်ရတနာတွေကလည်း ငါ့အတွက် သိပ်ပြီးတော့ အသုံးဝင်မှာ မဟုတ်ဘူး။”



“ငါလည်း မှော်ရတနာ နည်းနည်းပဲ လိုအပ်ပါတယ်။”

နင် ခေါင်းညိတ်လိုက်ပါတယ်။ ဥပမာအနေနဲ့ သိုလှောင်ခန်း မှော် ရတနာတွေ ရာနဲ့ချီရှိနေတော့ကော ဘာလုပ်လို့ ရမှာလည်း။ သူ့အစွမ်းတွေက တိုးလာမှာ မို့လား။ သူသာ အသက် မရှင်နိုင်ခဲ့ရင် ခုန သူရှာတွေ့ထားတဲ့ ထောင်နဲ့ချီတဲ့ မှော်ရတနာတွေက သူများဟာ ဖြစ်သွားမှာပဲလေ။

……



နင် အေးအေးဆေးဆေး ထိုင်ပြီး စားသောက်နေပါတယ်။ သူရှေ့ကို အလောတကြီး ခရီးမဆက်ပါဘူး။



တချိန်တည်းမှာ အနီရောင် ကောင်းကင်ကိုးဆင့် ကျင့်စဉ်ရဲ့ စွမ်းအင်တွေ ပြန်ပြည့်လာပါတယ်။



နင် စားသောက်ပြီးတာနဲ့ သိုလှောင်ခန်း ရတနာတွေကို ဘာပါလဲဆိုတာ တခုချင်း စစ်ဆေးကြည့်ပါတယ်။ တခါတလေ ဓားသိုင်းကျမ်းနဲ့ တခြားကျင့်စဉ် ကျမ်းစာအုပ်တွေ တွေ့ရပါတယ်။ ဒါပေမဲ့ အရမ်းကို အစွမ်းထက်တဲ့ စာအုပ်တွေဟာ လေ့ကျင့်ပြီးတာနဲက အလိုအလျောက် ပျက်ဆီးသွားတတ်တဲ့ အစွမ်းပါတတ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်တွေမှာ အရမ်းအဖိုးတန်တဲ့ စာအုပ် မပါလာနိုင်ပါဘူး။



စာအုပ်တစ်အုပ်ပဲ မိုးရေစက် ဓားကျမ်းလောက် အစွမ်းထက်တာ တွေ့ရပါတယ်။



“ဒါတွေက သိပ်တေ့ာ အကျိုး မရှိပါဘူး။”

နင်ရယ်မောလိုက်ပြီးတော့ သိုလှောင်ခန်း ရတနာတွေကို အချိန်ပေးပြီး ထပ်မံလှန်လှောလိုက်ပါတယ်။



အဝတ်အစားတွေ



အသုံးအဆောင်တွေ



အရုပ်တွေ



မလိုတာတွေအကုန်လုံးကို ဖယ်လိုက်ပါတယ်။ ရှာနေရင်းနဲ့ နင်တဖြည်းဖြည်း စိတ်ကြည်လာပါတယ်။



“ဟင်?”

သူ နည်းနည်းထူးဆန်းတဲ့ သစ်ခေါက်လေးကို ကောက်ယူလိုက်မိပါတယ်။ သူပစ်မလို့ ရွယ်လိုက်ပြီးမှ စာလုံးတစ်လုံးတွေ့လိုက်တဲ့အတွက် သူစိတ်ပြောင်းသွားပါတယ်။



“ဝူတန်.. ငါတို့ ကလန်က အင်မော်တယ် ဂျူဟွာ ဆီကနေ သတင်းတခုရခဲ့တယ်။ အင်မော်တယ် ဂျူဟွာ ဆိုတာ နှစ်ပေါင်းသန်းနဲ့ချီပြီး အသက်ရှင်နေထိုင်နေတဲ့သူ။ ဖင်းဂေါ့ ခေတ်ကတည်းကပဲ။  အခု သူ တပည့်အသစ် လက်ခံမယ်လို့ လူသိရှင်ကြား ကြေညာလိုက်တယ်။ အင်မော်တယ် ဂျူဟွာ ဟာ လွတ်မြောက် အင်မော်တယ် ဖြစ်ပေမဲ့ သူ့အတွက် ကျရောက်တဲ့ ကပ်ဘေးတွေကို အသက် မသေပဲ ကျော်ဖြတ် နိုင်ခဲ့တယ်။ ငါတို့ ကလန်ခေါင်းဆောင် ပြောခဲ့တဲ့ စကားတွေအရဆိုရင် သူဟာ ကောင်းကင် တန်ခိုးရှင် တစ်ယောက် လောက်ကို အစွမ်းထက်နေပြီ။ အင်မော်တယ် ဂျူဟွာ က တစ်သက်လုံး တစ်ခါမှ တပည့် လက်မခံဖူးဘူး။ ငါတို့ တော်ဝင် ရှ အင်ပါယာရဲ့ ဒုတိယ သားတော်တောင်မှ သူ့ရဲ့ တပည့် ရွေးချယ်ပွဲမှာ ဖြေဆိုတာ မအောင်မြင်ခဲ့ဘူး။



အင်မော်တယ် ဂျူဟွာ တပည့်လက်ခံတဲ့ သတင်းက ပျံ့နေတာကြာလှပြီ။



ပြီးတော့ အင်မော်တယ် ဂျူဟွာ ထပ်ကြေညာထားတာက သူလက်ခံမဲ့ တပည့်ဟာ ဖင်းဂေါ့ ခန္ဓာကိုယ် ကျင့်စဉ်ကို ကျင့်သူ ဖြစ်ရမှာ ဖြစ်ပြီး အနည်းဆုံး ဇင်တျန် အဆင့် ရောက်နေရမယ်။ အများဆုံး ဇီဖူအဆင့်အထိပဲ လက်ခံတယ်။ သူက ပြိုင်ပွဲ လမ်းကြောင်း ၂ သွယ် ချမှတ်ခဲ့တယ်။ တစ်လမ်းက ဇင်တျန် အဆင့်တွေ ကျော်ဖြတ်ရမဲ့ လမ်းဖြစ်ပြီး နောက်တစ်လမ်းက ဇီဖူအဆင့်တွေ အတွက်ပဲ။



လမ်းတိုင်းမှာ စမ်းသပ်မှု ၃ခုကို ကျော်ဖြတ်ရမယ်။



စမ်းသပ်မှု ၃ခုကို မသေပဲ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တဲ့သူဟာ အင်မော်တယ် ဂျူဟွာရဲ့ အမွေဆက်ခံသူ တပည့်ဖြစ်မယ်။



ပြီးတော့ အင်မော်တယ် ဂျူဟွာက တပည့်တယောက်ပဲ လက်ခံမှာတဲ့။



သူတပည့် လက်ခံတဲ့နေရာကိုတော့ အင်မော်တယ် ဂျူဟွာက သူ့ရဲ့ အင်မော်တယ် နန်းတော်ကို နေရာချထားလိုက်တဲ့ ဒက်နော့ ပင်လယ်က ဆောင်းဦးတစ်ထောင် ကျွန်းမှာပဲ။ ဖြစ်နိုင်တာကတော့ သူတပည့်လက်ခံပြီးမှ ကျွန်းကနေ ထွက်ခွာသွားမှာပဲ။ ငါတို့ နေရာကနေ ဒက်နော့ သမုဒ္ဒရာထဲက ဆောင်းဦးတစ်ထောင် ကျွန်းကို သွားဖို့ဆိုရင် အနည်းဆုံး နှစ်ဝက် ကြာမှာပဲ။ ဒါကြောင့် နှေးကွေးမနေနဲ့။ နိုု့မို့ဆို တစ်ယောက်ယောက်က နေရာဦးသွားလိမ့်မယ်။ ဝူတန် ငါမင်းကို သတင်းပေးပြီးပြီးနော်။



သွားတယ် မသွားဘူးကတော့ မင်းဆုံးဖြတ်ချက်ပဲ။



လက်မှတ်..နတ်သစ်ပင် ဘန်အန် ကလန်မှ ရေသခင်”

…….



နင် သူ့လက်ထဲမှာ ရှိတဲ့ အရမ်းကို ရှေးကျလွန်းတဲ့ သစ်ခေါက်ကို ကြည့်နေမိတယ်။ သူ အသက်တောင် မရှူနိုင်ဖြစ်နေတယ်။



“နတ်သစ်ပင် ဘန်အန် ကလန်? ဒီ သစ်ခေါက်က နတ်သစ်ပင် ဘန်အန် က သစ်ခေါက်ပဲနေမှာ။ ဒါကြောင့် ဒီ သစ်ခေါက်က ရှေးစာလုံးတွေဟာ ဒီအချိန်အထိ မပျက်ဆီး မဆွေးမမြေ့ပဲ ရှိနေတာ။”



နတ်သစ်ပင် ဘန်အန် ဟာ သစ်ပင် အင်မော်တယ် ဖြစ်ပြီးတော့ ထာဝရ ဆွေးမြေ့ခြင်းမရှိပါဘူး။



တချိုက အဖိုးတန် ရတနာ ပစ္စည်း တချို့ကို နတ်သစ်ပင် ဘန်အန် သစ်သားနဲ့ လုပ်ထားတဲ့ သေတ္တာထဲ ထည့်သိမ်းကြပါတယ်။ နတ်သစ်ပင် ဘန်အန် ဟာ နတ်သစ်ပင် ဘန်အန် ကလန်ကို ကိုယ်စားပြုတဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။ ဒီကလန်ဟာ ပြိုင်ဘက်ကင်းတဲ့ ကလန်ကြီးတစ်ခုပါ။ ဂျိကလန်နဲ့တောင် ယှဉ်လို့မရအောင်ကို တန်ခိုး သြဇာ ကြီးမားလွန်းတဲ့ ကလန်ကြီးပါ။ တော်ဝင် ရှ အင်ပါယာ အုပ်ချုပ်တဲ့ ဒေသထဲမှာ အလွန့်အလွန် အင်အားကြီးမားလွန်းတဲ့ ကလန်ကြီးတွေထဲမှာ တစ်ခုအပါအဝင်လို့တောင် ပြောလို့ရပါတယ်။



“အင်မော်တယ် ဂျူဟွာ?”

နင် မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်ပါတယ်။

“အင်မော်တယ် ဂျူဟွာက တပည့် လက်ခံနေတယ်။ သူက ဖင်းဂေါ့ခေတ်ကတည်းကနေ နှစ်ပေါင်း သန်းနဲ့ချီအောင် အသက်ရှင်နေထိုင်ပြီးတော့မှ တပည့် ရှာနေတာ။ ဒါပေမဲ့ ဖင်းဂေါ့ ခေတ်ကနေ အခုအထိဆိုရင် နှစ်သန်းတောင် မကတော့ဘူး။ နှစ် ဘီလီယံ ထရီလီယံ လောက် ရှိနေပြီ။”



“ဒီ တပည့် စရှာတဲ့ အချိန်ကနေ အခုအထိကို အချိန်တွေ အများကြီး ကြာခဲ့ပြီ။ အင်မော်တယ် ဂျူဟွာလည်း အခုဆို သေတာ ကြာလောက်ပြီ။”

နင် နားလည်လိုက်ပါတယ်။



လွတ်မြောက အင်မော်တယ်တွေဟာ ကပ်ကြီး ၃ပါးနဲ့ စမ်းသပ်ခြင်း ၉ ပါးကို အမြဲတမ်း ကျော်ဖြတ်ရပါတယ်။ လူတစ်ယောက်ဟာ နှစ်ပေါင်း သန်းချီ မသေပဲ အသက်ရှင်နေနိုင်တာဟာ အရမ်းကို ကံကောင်းလို့ပါ။ ဒါပေမဲ့ အခုအချိန် အထိကို ဘယ်လိုလုပ် အသက် ဆက် ရှင်နိုင်မှာလည်း။



“ဒါဆို ဒီ ရေအောက်နန်းတော်က”



“ဒါ အင်မော်တယ် ဂျူဟွာက သူ့တပည့် ဖြစ်လာမဲ့ သူကို ရွေးချယ်တဲ့ နေရာပေါ့။ ငါ အခုရောက်နေတဲ့ စင်္ကြန်လမ်းက သူ့တပည့်ရွေးဖို့ ပြင်ဆင်ထားတဲ လမ်းကြောင်း ၂ခုထဲက တစ်ခုပေါ့။”



နင် အဝေးက အရိုးစုတွေကို ကြည့်လိုက်ပါတယ်။



ဒီ အရိုးစုတွေဟာ ဖင်းဂေါ့ ကျင့်စဉ် ကျင့်သူတွေရဲ့ အရိုးတွေ ဖြစ်မှာ သေချာပါတယ်။ သူတို့တွေရဲ့ အရိုးတွေ ကျန်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ် သူတို့တွေ သေတာ အရမ်းကြီး မကြာသေးလို့ပါ။



ကြည့်ရတာတော့ ဇင်တျန် ကော ဇီဖူ  ဖင်းဂေါ့တန်ခိုးရှင်တွေဟာ မကြာခဏ ရေအောက်နန်းတော်ကို အပို့ခံနေရတာနေလိမ့်မယ်။ သူကိုယ်တိုင်လည်း ကံဆိုးတဲ့ သူတွေထဲက တစ်ယောက် ဖြစ်နေပြီ။



“အင်မော်တယ် ဂျူဟွာက တပည့်လက်ခံဖို့အတွက် သတ်မှတ် ချက်တွေက အရမ်းကို ပြင်းထန်လွန်းလိမ့်မယ်။ မဟုတ်ရင် သူအစောကြီးကတည်းက တပည့်တယောက် လက်ခံပြီးပြီပေါ့။”

နင် သူ့ကိုယ်သူ ပြောလိုက်ပါတယ်။

“ဒီမှာ လမ်းကြောင်းတစ်ခုမှာ စမ်းသပ်မှု ၃ခု ရှိတယ်။ ကြည့်ရတာ ပထမဆုံး စမ်းသပ်ချက်က ငါ ရေမီးကြာပန်းကို သုံးပြီးတော့ ကျော်ဖြတ်ခဲ့တာနေမယ်။ နောက် စမ်းသပ်မှု ၂ခုက ပိုပြီးကြောက်စရာကောင်းပြီးတော့ အရမ်းကို ခက်ခဲလိမ့်မယ်။ ငါဘယ်လို ကျော်ဖြတ်ရမလဲ။”



“ငါ သူတို့လို များဖြစ်တော့မလား။ ငါ ဒီမှာပဲ အရိုးဆွေးရတော့မယ်ထင်တယ်။”

နင် အရိုးစုတွေကို ကြည့်ပြီးတော့ ရေရွတ်လိုက်ပါတယ်။



Chapter 15 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 16 မိဘတွေ မျှော်နေကြပြီ







Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…










Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)