ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 12 Serpentwing ေရကန္သို႕


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 12 Serpentwing ေရကန္သို႕

စီးေတာ္ သတၱ၀ါၾကီး ၃ေကာင္ဟာ လြင္ျပင္ထဲမွာ ဒုန္းစိုင္း သြားေနၾကပါတယ္။

“သခင္ေလး”
ေဆာင္းဦးသစ္ရြက္ေလးက ရုတ္တရက္ စကားေျပာလိုက္ပါတယ္။
“ျမစ္တန္ခိုးရွင္ဟီရဲ့ သားက သခင္ေလးကို အရမ္း မုန္းတီးေနတာ။ တစ္ကယ္လို႕သာ ကၽြန္မတို႕က သူ႕ကို အခု ခ်မ္းသာေပးလိုက္ရင္ ေနာင္တစ္ခ်ိန္မွာ ဒုကၡေပးလာႏိုင္တယ္ေနာ္။”

ဂ်ိနင္က မို၀ူဘက္ကို လွည့္ၾကည့္ေနပါတယ္။
ေဆာင္းဦးသစ္ရြက္ေလးက ျမန္ျမန္ စကား ဆက္ေျပာလိုက္ျပန္ပါတယ္။
“အဲ့ဒါ ကၽြန္မကို မို၀ူက ေျပာခိုင္းတာ မဟုတ္ဘူးေနာ္။ ကၽြန္မ သခင္ေလး အလိုမက်ျဖစ္ေနတယ္ဆိုတာ နားလည္ပါတယ္။ ဒါေပမဲ့ ကၽြန္မ အခ်ိန္အၾကာၾကီး စဥ္းစားျပီးမွ သခင္ေလးကို ေျပာျပတာပါ။”

နင္ သက္ျပင္းရွည္တစ္ခ်က္ ခ်လိုက္ပါတယ္။
“ငါ့ရဲ့ ရန္ေၾကြးဟာ ျမစ္တန္ခိုးရွင္ ဟီနဲ႕ပဲ သက္ဆိုင္တယ္။ သူ႕ သားနဲ႕ မပတ္သက္ဘူး။ ငါ့ သူ႕ကို လက္စားေခ်ျပီးျပီပဲ။ ဘာလို႕သူ႕သားကို ဆက္သတ္ရမွာလည္း။”

“ဒါေပမဲ့ မ်ိဳးႏြယ္စု အခ်င္းခ်င္း တိုက္ပြဲေတြ ျဖစ္တဲ့အခါက်ရင္ ကၽြန္မတို႕က က်န္တဲ့ လက္ငုတ္ ရန္စြယ္ ဟူသမွ်ကို အျမစ္ျဖတ္ သုတ္သင္ေနၾကပဲေလ။”
ေဆာင္းဦးသစ္ရြက္ေလးက ေျပာဖို႕ ၾကိဳးစားလိုက္ပါတယ္။

“ငါနားလည္ပါတယ္။ မ်ိဳးႏြယ္စုတစ္ခု ဆက္ျပီး အသက္ရွင္ ရပ္တည္ႏိုင္ဖို႕ အတြက္ နည္းလမ္းေပါင္းစံု သံုးၾကတယ္ဆိုတာ။ ဒါေပမဲ့ ဒီလို မ်ိဳးႏြယ္စု ေသးေသးေလးက ဂ်ိကလန္ကို ဘယ္လိုလုပ္ ဒုကၡေပးလာႏိုင္မွာလည္း။ ငါတို႕ ဂ်ိကလန္ဟာ ဒီေဒသၾကီးကို အုပ္ခ်ဳပ္တာ အခ်ိန္ၾကာျပီ ျဖစ္သလို မေရမတြက္ႏိုင္တဲ့ လူေတြလည္း ဂ်ိကလန္ လက္ေအာက္မွာ အသက္ေပ်ာက္ခဲ့ ရျပီးျပီ။ ငါ့တို႕ ဂ်ိကလန္ကို တိတ္တိ္တ္ေလး မုန္းေနတဲ့ လူေတြ ဘယ္ေလာက္ေတာင္ မ်ားမလဲဆို ငါတို႕လည္း မသိႏိုင္ဘူး။ ငါတို႕ ဂ်ိကလန္ ဒီလို ရပ္တည္ႏို္င္ေနတာဟာ ငါတို႕ေတြ အျပစ္ မျပဳဖူးတဲ့ သူ မရွိလို႕ မဟုတ္ပဲ ငါတို႕ဟာ အရမ္းကို အစြမ္းထက္ေနလြန္းလို႕ပါ။”

ေဆာင္းဦး သစ္ရြက္ေလး နားလည္စ ျပဳလာပါတယ္။
“ငါတို႕ေတြ သူတပါးကို အျပစ္ မျပဳပဲေနခဲ့ရင္ေတာင္မွ ငါတို႕ ကိုယ္တိုင္က အစြမ္းအစ မရွိခဲ့ဘူးဆိုရင္ တျခားသူေတြဟာ ငါတို႕ ကလန္ကို လာတုိက္ခိုက္ ဖ်က္ဆီးပစ္ၾကမွာပဲ။”
နင္က ေလေအးေအးနဲ႕ ဆက္ေျပာလိုက္ပါတယ္။
“ဒါေပမဲ့ ငါတို႕ေတြက အစြမ္းထက္လြန္းေတာ့ တိတ္တဆိတ္ ရွိေနတဲ့ ရန္သူေတြဟာ ျမင္သာေအာင္ တိုက္ခိုက္မႈ မျပဳမူရဲၾကဘူး။ ေၾကာက္လန္႕ေနၾကတယ္။ သူတို႕ဟာ အျပင္ဘန္းမွာေတာ့ ငါတို႕ကို အရမ္းေလးစားဟန္ ျပၾကတယ္။ ဆယ္စုႏွစ္ တခ်ိဳ႕ ၾကာလာတဲ့အခါမွာ သူတို႕ ရဲ့ သားသမီး ေျမးျမစ္ေတြဟာ ငါတို႕ရဲ့ သစၥာရွိ ေတာ္၀င္အဖြဲ႕ ၀င္ ေတြ အျဖစ္ ေျပာင္းလဲ လာၾကမွာပဲ။”

“ျပီးေတာ့ တာအို ပညာရွင္ တစ္ေယာက္ဟာ ေလ့က်င့္တဲ့အခါမွာ ႏွလံုးသားနဲ႕ စိတ္ဟာ အရမ္းကို အေရးပါတယ္။”

စိတ္နဲ႕ ေကာင္းကင္ဟာ တစ္သားျဖစ္ သြားတဲ့အခါမွာ ကမာၻနဲ႕ တစ္သားတည္းျဖစ္သြားခဲ့တယ္။

စိတ္ဟာ တာအိုရဲ့ ဥာဏ္ပညာအလင္းကို ရရွိခဲ့ျပီး တာအိုရဲ့ အႏွစ္သာရကို နားလည္ခဲ့တယ္။

တာအိုကို ေလ့က်င့္သူတစ္ေယာက္ဟာ ကိုယ့္ကိုကိုယ္ လိမ္ညာထားျခင္း မရွိဖို႕ အေရးၾကီးတယ္ဆိုတာ နင္ နားလည္ပါတယ္။ စိတ္ထဲမွာရွင္းေနမွသာ ေလ့က်င့္တဲ့ အခါမွာ တိုးတက္မႈ ျမန္ဆန္တာပါ။

“လူတစ္ေယာက္ဟာ ကိုယ့္ကိုကိုယ္ ေတာင္ အမွန္တရားအေၾကာင္း မေျပာႏိုင္ရင္ သူဟာ စိတ္ဒုကၡကို ခံစားရရံုတင္မကဘူး ေလ့က်င့္မႈမွာပါ ေႏွးေကြးသြားလိမ့္မယ္။ ေလ့က်င့္ရမဲ့ လမ္းစဥ္ေတာင္မွ ေပ်ာက္ကြယ္သြားႏိုင္တယ္။”
နင္ ေခါင္းညိတ္ျပီး ဆက္ေျပာလိုက္ပါတယ္။
“ငါ.. ဂ်ိနင္..တစ္ေယာက္ေယာက္ကို သတ္ခ်င္ခဲ့ရင္ ငါသတ္ခ်င္တဲ့ သူတစ္ေယာက္တည္းသာ ေသရမယ္။ ငါ သူ႕ရဲ့ သားမယားကို လက္ဖ်ားနဲ႕ေတာင္ နာက်င္ေအာင္ မလုပ္ဘူး။ ဒါဟာ ငါ့ရဲ့ အမွန္တရား ကိုယ္တိုင္ပဲ။”

သူ႕အရင္ ဘ၀တုန္းက နာတာရွည္ ဖ်ားနာမႈေၾကာင့္ သူဟာ အျမဲတမ္း အထီးက်န္ ဆန္ခဲ့ပါတယ္။ အထီးက်န္ ျဖစ္ေနသူေတြဟာ အေတြးေတြ အမ်ားၾကီး ေလွ်ာက္ေတြးမိတတ္ပါတယ္။ လူေတြမွာ တခ်ိဳ႕အေတြးေတြဟာ အရမ္းကို ရူးမိုက္ေပမဲ့ တခ်ိဳ႕အေတြးေတြကေတာ့ သူ႕ႏွလံုးသား နဲ႕ စိတ္ထဲအထိကို ျမင္ႏိုင္တဲ့ အေတြးေတြမို႕လို႕ ဒီလိုအေတြးေတြဟာ ပညာရွိေစပါတယ္။ နင္ကေတာ့ သူ႕စိတ္ႏွလံုးကို ျပန္ျမင္ႏိုင္ခဲ့တဲ့အတြက္ သူဟာ အရမ္းကို စိတ္သေဘာထား ျပည့္၀လာျပီးေတာ့ တည္ျငိမ္လာခဲ့ပါတယ္။ သူ႕ႏွလံုးသားကို သူ ျပန္ျမင္ႏိုင္ခဲ့ဘူးဆိုရင္ သူဘယ္လိုလုပ္ ဒီဘ၀မွာ စိတ္ဒံုးဒံုး ခ်ျပီးေတာ့ ခါးသီးမႈေတြေက်ာ္ျဖတ္ျပီး ေလ့က်င့္ႏိုင္ပါ့မလဲ။

ေဆာင္းဦးသစ္ရြက္ေလး နဲ႕ မို၀ူတို႕ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္မိၾကတယ္။

မိမိရဲ့ အမွန္တရားကို ျမင္တတ္ရမယ္။

သူတို႕ေတြ နားမလည္ႏိုင္ ျဖစ္သြားၾကပါတယ္။

“ကဲကဲ.. ရျပီ….”
နင္ သူတို႕မ်က္ႏွာက အရိပ္အေျခကို ျမင္လို္က္ေတာ့ ေခါင္းညိတ္လိုက္မိပါတယ္။
“သိပ္လည္း စဥ္းစားမေနၾကနဲ႕ဦး။ Serpentwing ေရကန္ကို သြားၾကတာေပါ့။”

“သခင္ေလး.. သခင္ေလးက Blacktooth မ်ိဳးႏြယ္စုကို မ၀င္ေတာ့ဘူးလား? သခင္ေလး က ေႏြဦးျမက္ကေလးရဲ့ ေမာင္ေလးကို ကူညီေပးမယ္လို႕ ေျပာခဲ့သလားလို႕..”

ေဆာင္းဦး သစ္ရြက္ေလး ေမးလိုက္ပါတယ္။

“မေလာပါနဲ႕ဦး..”
နင္ေခါင္းညိတ္ျပီးေတာ့ ေျပာလိုက္ပါတယ္။
“ငါအရင္ဆံုး Serpentwing ေရကန္ကို သြားျပီးေတာ့ Serpentiwng ကို အရင္ သတ္ရမယ္။ ျပီးေတာ့မွ Blacktooth မ်ိဳးႏြယ္စုကို ျပန္လာမယ္။ ဒီ ျပသနာေတြ အားလံုးရဲ့ အရင္းအျမစ္က Serpentwing ၾကီးပဲ။ ေႏြဦးျမက္ကေလးရဲ့ ေမာင္ေလး တစ္ေယာက္လည္း သူ႕ေၾကာင့္ ေသသြားရတာ။ ငါ Serpentwing ရဲ့ အသက္နဲ႕ ေႏြဦးျမက္ကေလး အတြက္ ၀မ္းနည္းျခင္း အခမ္းအနား လုပ္ေပးမယ္။ ျပီးေတာ့မွ သူ႕ေမာင္ေလးကို ငါနဲ႕အတူ ရြာျပန္ေခၚသြားမယ္။”

“သြားၾကစို႕”

နင္ က သူ႕ရဲ႕ စီးေတာ္ သတၱ၀ါၾကီးကို ဒုန္းစိုင္း စီးသြားပါေတာ့တယ္။

ေႏြဦးသစ္ရြက္ေလးနဲ႕ မို၀ူတို႕လည္း နင္နဲ႕အတူ Serpentwing ေရကန္ကို ခရီးဆက္သြားၾကပါေတာ့တယ္။

…..

သူတို႕ေတြ ေန႕ဘက္မွာ ခရီးဆက္ျပီး ညဘက္မွာ အနားယူၾကပါတယ္။ ဒီ အနက္ေရာင္ စီးေတာ္ သတၱ၀ါၾကီးေတြ ရဲ့ အျမန္ႏႈန္းနဲ႕ ေတာအထပ္ထပ္ ေတာင္အသြယ္သြယ္ကို ျဖတ္ျပီးခရီးဆက္တာေတာင္မွ serpentwing ေရကန္ကို ေရာက္ဖို႕ ၃ရက္တိတိ ၾကာခဲ့ပါတယ္။

“သခင္ေလးကို ႏႈတ္ခြန္းဆက္သပါတယ္။”

အနက္ေရာင္ ျမင္းစီး စစ္သူရဲေတြ ဒူးေထာက္ အရိုအေသ ေပးလိုက္ၾကပါတယ္။

နင္က သတၱ၀ါၾကီးေပၚကေနျပီးေတာ့  အမိန္႕လွမ္းေပးလိုက္ပါတယ္။
“မို၀ူ ၊ ေႏြဦးသစ္ရြက္ကေလး မင္းတို႕ေတြ ငါ့ကို ဒီမွာ ေစာင့္ေနရစ္ၾက။ ငါ Serpentwing ေရကန္ကို တစ္ေယာက္တည္း သြားမယ္။ မင္းတို႕ ၂ေယာက္လိုက္လို႕ မျဖစ္ဘူး။”

“အမိန္႕အတိုင္းပါ။”
မို၀ူနဲ႕ ေႏြဦးသစ္ရြက္ေလးတို႕ အရီုအေသျပဳျပီး ျပန္ေျဖလိုက္ၾကပါတယ္။

နင္ ဟာ အနက္ေရာင္ စီးေတာ္ သတၱ၀ါၾကီးေပၚကေန ခုန္ဆင္းျပီး ငွက္တစ္ေကာင္အလား ေပါ့ပါးစြာ အေ၀းကို ခုန္ပ်ံေျပးထြက္သြားပါေတာ့တယ္။ သူႏွစ္ခ်က္ေလာက္ လႈပ္ရွားလိုက္တာနဲ႕ က်န္ခဲ့တဲ့ သူေတြရဲ့ ျမင္ကြင္းထဲကေန ေပ်ာက္ကြယ္သြားပါေတာ့တယ္။ အနက္ေရာင္ စစ္သူရဲေတြဟာ ပထမဦးဆံုး နင္ရဲ့ ကိုယ္ေဖာ့ေျခလွမ္း သိုင္းအစြမ္းကို ျမင္လိုက္ရတဲ့အခါမွာ ရင္သပ္ရႈေမာျဖစ္ျပီး က်န္ခဲ့ ၾကပါေတာ့တယ္။

Serpentwing ေရကန္ၾကီးဟာ အခုဆိုရင္ တားျမစ္နယ္ေျမ ျဖစ္ေနပါျပီ။

ဂ်ိကလန္က ေရကန္ တစ္၀ိုက္မွာ စစ္တပ္ကေလးေတြကို ေနရာခ်ထားပါတယ္။ အဖြဲ႕တစ္ဖြဲ႕မွာ အနက္ေရာင္ ျမင္းစီးသူရဲ ၁၀ေယာက္ ပါပါတယ္။ သူတို႕ေတြက Serpentwing ေရကန္ကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနၾကပါတယ္။

……

၀ုန္း..၀ုန္း..၀ုန္း…

“ကီလိုမီတာ ၁၀၀ေက်ာ္ ရွိတဲ့ SErpentiwng ေရကန္ၾကီးဟာ တစ္ဖက္ကမ္းကိုေတာင္ မျမင္ႏိုင္ေလာက္ေအာင္ကို က်ယ္လြန္းလွပါတယ္။ ဒိေရကန္ၾကီးထဲမွာ ေလမတုိက္ပဲနဲ႕ေတာင္မွ လႈိင္းလံုးေတြဟာ ၃ေပေလာက္အထိကို ျမင့္ေအာင္ လႈပ္ရွားေနၾကပါတယ္။”

နင္က မတ္တပ္ရပ္လ်က္ ကမ္းေျခကေန Serpentwing ေရကန္ၾကီးကို ၾကည့္ေနပါတယ္။ သူအသံတိုးတိုးေလးနဲ႕ ေျပာလိုက္ပါတယ္..
“ဒီေရကန္ဟာ အတိုင္းအဆမရွိကို နက္ရႈိင္းလြန္းလွတယ္။ ငါက ေရကို ထိန္းခ်ဳပ္ႏိုင္ေပမဲ့ အရမ္းကို ေရနက္တဲ့ ေနရာအထိကို ဆင္းရရင္ ငါ့ရဲ့ အျမန္ႏႈန္းဟာ Serpentwing ထက္ ေလ်ာ့သြားမွာပဲ။”

ေရထဲကို နက္လာေလေလ ေရဖိအားမ်ားလာေလေလပဲေလ။ ဖိအားမ်ားလာတဲ့အခါမွာ ေရကိုထိန္းခ်ဳပ္ဖို႕ မလြယ္ကူေတာ့ဘူး။

ေရထဲမွာ ရွိတဲ့ လူတစ္ေယာက္ဟာ သူ႕ရဲ့ ခြန္အားရဲ့ ၁၀%ကိုေတာင္မွ မထုတ္သံုးႏိုင္ပါဘူး။ ဒါေပမဲ့ ေရေန မြန္းစတားေတြကေတာ့ ေရထဲမွာ ပိုျပီးေတာ့ ၾကမ္းလာၾကတယ္။

“အခု ငါက အရမ္းၾကမ္းလာေပမဲ့… ဇင္တ်န္ အထြဋ္အထိပ္ မြန္းစတားနဲ႕ ယွဥ္လိုက္မယ္ဆိုရင္ေတာ့. အင္း… ငါက နည္းနည္းေလးေတာ့ ပိုၾကမ္းမွာပဲ။”
နင္ သူ႕ကိုယ္သူ ေျပာလိုက္ပါတယ္။ ဘာလို႕လည္းဆိုေတာ့ သူက ေလေတာင္ပံ ကိုယ္ေဖာ့က်မ္းကို က်င့္ထားခဲ့တဲ့အတြက္ သူဟာ တာအိုရဲ့ အစစ္အမွန္ သဘာ၀ကို အနည္းအက်ဥ္းေလာက္ နားလည္ေနခဲ့လို႕ပါပဲ။ ေျပာရမယ္ဆိုရင္ေတာ့ သူ႕ရဲ့ အနီေရာင္ ေကာင္းကင္ကိုးဆင့္ ဖင္းေဂါ့က်င့္စဥ္ရဲ့ အဆင့္ ၄ဆင့္ ေအာင္ျမင္ေနတဲ့ အဆင့္နဲ႕တင္ကို သာမာန္ ဖင္းေဂါ့က်င့္စဥ္က်င့္ထားတဲ့ ဇင္တ်န္ တန္ခိုးရွင္ ေနာက္ဆံုးအဆင့္ရဲ့ အစြမ္းနဲ႕ အဆင့္တူေလာက္ ျဖစ္ေနပါျပီ။

Serpentwing နဲ႕ ယွဥ္ရင္ေတာ့ သူ႕အစြမ္းက နည္းနည္း နိမ့္ေနပါလိမ့္မယ္။

၀ွစ္..

နင္ ေရေပၚမွာ ကီလိုမီတာ ေတာ္ေတာ္မ်ားမ်ား လမ္းေလွ်ာက္သြားလိုက္ပါတယ္။

“Serpentwing !”
နင္ အသံအက်ယ္ၾကီး ေအာ္ေခၚလိုက္ပါတယ္။

“Serpentwing !”
“Serpentwing !”
“Serpentwing !”….

အသံလႈိင္းက ေနရာအႏွံ႕ကို ပဲ့တင္သံေတြ ပ်ံႏွံ႕ သြားေစခဲ့ျပီးေတာ့ ေရနက္ထဲအထိကို ထိုးေဖာက္ ေရာက္ရွိသြားပါတယ္။

တခဏအၾကာမွာေတာ့….

ေရနက္ထဲက လွ်ိဳေျမာင္တစ္ခုထဲမွာေတာ့ မိစာၦၾကီး Serpentwing က အိပ္စက္ေနပါတယ္။ သူ႕ရဲ့ ေတာင္ပံၾကီး ၂ဖက္က သူ႕တစ္ကိုယ္လံုးကို ေစာင္တစ္ဖြယ္ ဖံုးအုပ္ ကာကြယ္ေပးထားပါတယ္။

“Serpentwing!!”
အသံလႈိင္းက သူ႕ဆီကို ေရာက္လာပါတယ္။

အိပ္ေပ်ာ္ေနတဲ့ Serpentwing က သူ႕ရဲ့ အနီေရာင္ မ်က္လံုးၾကီးကို ရုတ္တရက္ ဖြင့္လိုက္ပါတယ္။

“ဘာျဖစ္တာလဲဟ.. သြားၾကည့္ၾကစမ္းေခ်..”
Serpentwing က ျမည္ေၾကြး ေအာ္ဟစ္ အမိန္႕ေပးလိုက္ပါတယ္။

“ဟုတ္ကဲ့ပါ သခင္ၾကီး”
ေရထဲက မြန္းစတားငယ္ေလးေတြရဲ့ သံျပိဳင္ ျမည္ေၾကြးသံ ထြက္ေပၚလာပါတယ္။ လူသားေတြအေနနဲ႕ ဒီ အသံေတြကို နားမလည္ၾကေပမဲ့ မြန္းစတားေတြကေတာ့ ဒီဘာသာစကားေတြ အကုန္လံုးကို နားလည္ၾကပါတယ္။

…….

Serpentwing ေရကန္နဲ႕ မလွမ္းမကမ္းမွာေတာ့ အနက္ေရာင္ စစ္သူရဲ၂ေယာက္က ျခံဳပုတ္ထဲမွာ ပုန္းေအာင္း ေစာင့္ၾကည့္ေနၾကပါတယ္။

“Serpentwing ???”

“တစ္ေယာက္ေယာက္က Serpentwing ကို လာစိန္ေခၚေနျပီ။”
စစ္သူရဲ၂ေယာက္ တအံ့တၾသနဲ႕ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္မိၾကပါတယ္။ သူတို႕ေတြက နင္နဲ႕ အလွမ္းနည္းနည္း ကြာေနတဲ့ အတြက္ နင့္ကို မျမင္ၾကရပါဘူး။

“ငါ ဆက္ေစာင့္ၾကည့္ေပးထားမယ္။ မင္းသတင္းသြားပို႕ေခ်။”

အခုေလာေလာဆယ္ အနက္ေရာင္ စစ္သူရဲ ၁၀ေယာက္ေက်ာ္ေလာက္ ေရကန္ကို ေစာင့္ၾကည့္ေနၾကပါတယ္။ နင္နဲ႕ အနီးဆံုးက အနက္ေရာင္ စစ္သူရဲ ၃ေယာက္ကေတာ့ နင္ကို ေတြ႕ေနရပါတယ္။ သူတို႕ေတြက အေနာက္ပိုင္း ျမိဳ႕ေတာ္ကေန လႊတ္လိုက္တာျဖစ္လို႕ နင္ကို မွတ္မိေနၾကပါတယ္။

“ဒါ သခင္ေလး ဂ်ိနင္ပဲ”

“သခင္ေလးဂ်ိနင္က Serpentwing ကို လာျပီးေတာ့ စိန္ေခၚတယ္။ ဒါေပမဲ့ သခင္ေလးက အခုဆို အရမ္းၾကမ္းေနျပီထင္တယ္။ သူက ေရေပၚမွာ မတ္တပ္ရပ္ႏိုင္ေနတယ္။ ကြန္မန္ဒါ ဂ်ိရီခၽြမ္ လိုမ်ိဳးပဲ။”

“စကားေျပာတာ ရပ္ျပီးေတာ့ သတင္းျမန္ျမန္ သြားပို႕ၾကရေအာင္။”

…….
အံ့ၾသေနၾကတဲ့ အနက္ေရာင္ စစ္သူရဲေတြဟာ သူတို႕ရဲ့ အဖြဲ႕ေလးေတြကို ျမန္ျမန္ ျပန္ သတင္းပို႕ၾကပါေတာ့တယ္။ ဒါေပမဲ့ သူတို႕ရဲ့ အသြားႏႈန္းနဲ႕ဆိုရင္ေတာ့ ဒီသတင္း အေနာက္ပိုင္း ျမိဳ႕ေတာ္ကို ေရာက္ဖို႕အတြက္ တစ္ရက္ေလာက္ေတာ့ အနည္းဆံုးၾကာမွာပါ။

နင္ကေတာ့ ေရျပင္ၾကီးေပၚမွာ ေအးေအးေဆးေဆး လမ္းေလွ်ာက္ ေနပါတယ္။

၀ုန္း..၀ုန္း..

ေျမြစိမ္းၾကီး တစ္ေကာင္ရဲ့ ဦးေခါင္းနဲ႕အတူ ငါးနက္ၾကီးတစ္ေကာင္ရဲ့ ဦးေခါင္းေပၚလာပါတယ္။ သူတို႕ေတြ ေရေပၚက လူငယ္ကို အေ၀းကေန စူးစမ္းၾကာ့္ေနၾကပါတယ္။

“လူကေလး တစ္ေယာက္ပါလား?”
မြန္းစတား ၂ေကာင္ အၾကည့္ခ်င္း ဖလွယ္ လိုက္ၾကပါတယ္။
၀ုန္း..

သူတို႕ေတြ ေရနက္ထဲက Serpentwing ဆီကို ျပန္ျပီးေတာ့ သတင္းပို႕ဖို႕ ေရထဲ ျပန္ငုပ္သြားၾကပါေတာ့တယ္။

“ဘုရင္ၾကီး.. ဘုရင္ၾကီး… ေရေပၚမွာ လူကေလးတစ္ေယာက္ လမ္းေလွ်ၽာက္ေနတယ္။”
ေျမြစိမ္းၾကီးနဲ႕ ငါးနက္ၾကီးတို႕က အသံျပဳျပီး ေျပာလိုက္ၾကပါတယ္။

“လူကေလး??၊၊”

Serpentwing ၾကီးက အေၾကးခြံပါတဲ့ ေတာင္ပံၾကီးကို ျဖန္႕ျပီးေတာ့ မြန္းစတားေလး ၂ေကာင္ ကို စိုက္ၾကည့္လိုက္ပါတယ္။ မြန္းစတားေလး ၂ေကာင္က ေၾကာက္လြန္းလို႕ တဆတ္ဆတ္ တုန္ေနၾကပါတယ္။

“ဒါေပမဲ့ ဒီ လူငယ္ေလးက အရင္တုန္းက ဂ်ိရီခၽြမ္လိုပဲ ေရေပၚမွာ ရပ္ေနတာ။ သူေရထဲကို မျမဳပ္လာဘူး။ ”
အစိမ္းေရာင္ မြန္းစတား စကားေျပာျပီးေတာ့ ငါးမြန္းစတားက ဆက္ေျပာျပန္ပါတယ္။
“ဟုတ္တယ္.. ဟုတ္တယ္.. ဟုတ္တယ္။”

“ေရေပၚမွာ ရပ္ေနတယ္။ ေရမျမဳပ္ဘူး။၊”

Serpentwing က အနက္ေရာင္ ျမဴလံုးေတြထဲ ေပ်ာက္ကြယ္သြားျပီးေတာ့ ၀တ္စံုနက္၀တ္ လူတစ္ဦးအသြင္ ေျပာင္းလဲသြားပါတယ္။

၀တ္စံုနက္၀တ္လူရဲ့ အသြင္အျပင္က ေသးသြယ္ျပီးေတာ့ ေျမြနဲ႕တူတဲ့ မ်က္လံုးေတြ ရွိပါတယ္။ ေျမြေတြဟာ အရမ္းကို သတိၾကီးၾကတယ္။ သူ႕ကို အရင္က ဂ်ိကလန္က ဇင္တ်န္ တန္ခိုးရွင္ေတြက ေထာင္ေခ်ာက္ေတြဆင္ နည္းမ်ိဳးစံုနဲ႕ လုိက္ဖမ္းတာေတာင္မွ သူ လြတ္လာခဲ့တာ။ အခု ဒီေရေပၚမွာ လမ္းေလွ်ာက္ႏိုင္တဲ့ လူငယ္ေလးက ရုတ္တရက္ေရာက္လာျပီးေတာ့ လာစိန္ေခၚတာ။ သူဘယ္လိုလုပ္ သံသယ မ၀င္ပဲ ေနမွာလည္း။

“မင္းတို႕ေတြ သူ႕ကို ျမင္ဖူးလား?”

“တစ္ခါမွ မျမင္ဖူး ပါဘူး။ ကၽြန္ေတာ္တို႕ေတြ ဂ်ိကလန္က ဇင္တ်န္ တန္ခိုးရွင္ေတြ အကုန္လံုးကို မွတ္မိပါတယ္။ ဒီ လူငယ္ေလးက ဒီလူေတြထဲက တစ္ေယာက္ မဟုတ္တာ ေသခ်ာပါတယ္။”
ေျမြ မြန္းစတားက ျမန္ျမန္ ျပန္ေျဖလိုက္ျပီးေတာ့ ငါးမြန္းစတားက ေခါင္းညိတ္ေထာက္ခံလိုက္ပါတယ္။

၀တ္စံုနက္၀တ္လူက ျပန္ေျပာလိုက္ပါတယ္။
“ဒါဆို ငါသြားၾကည့္လိုက္ဦးမယ္။”

“ရႊစ္”

သူ႕ရဲ့ ေရေအာက္ နန္းေတာ္ကေန ထြက္ခြာလာခဲ့ပါတယ္။ ဒီ Serpentwing ရဲ့ လူသားအသြင္သ႑ာန္ဟာ သူ႕ရဲ့ အစစ္အမွန္ ခႏၶာကို္ယ္ေလာက္ မျမန္ေပမဲ့ သူ႕ခႏၶာကိုယ္ အစစ္အမွန္ က အရမ္းကို ၾကီးမားလြန္းပါတယ္။ သူေရေပၚကို အဲ့ ခႏၶာကိုယ္နဲ႕ တက္သြားရင္ သူ႕ကို သတိထားမိသြားၾကျပီး ပြက္ေလာရိုက္ကုန္မွာပါ။

“ဘယ္သူပါလိမ့္..”
အနက္ေရာင္ ၀တ္စံု၀တ္လူက တိတ္တဆိတ္ ေရေပၚကို တက္သြားျပီးေတာ့ ေရမ်က္ႏွာျပင္ကေန ေခါင္းျပဴျပီး ၾကည့္လိုက္ပါတယ္။

သူနဲ႕ ၈ မီတာ ၉မီတာ အကြာအေ၀းေလာက္က သားေမြး ၀တ္စံု၀တ္ လူငယ္ေလးကို ေတြ႕လိုက္ရပါတယ္။ လူငယ္ေလးဟာ ေသးေသးသြယ္သြယ္နဲ႕ ေရေပၚမွာ သာသာယာယာ ေလွ်ာက္သြားေနပါတယ္။ လူငယ္ေလး၀န္းက်င္မွာ တျခားဘယ္သူ႕ကိုမွ မေတြ႕ရပါဘူး။

“ဒါ သူပဲ”

၀တ္စံုနက္၀တ္ လူ မ်က္ေမွာင္ၾကဳတ္လိုက္ပါတယ္။ သူ႕မ်က္၀န္းမွာ ရက္စက္မႈေတြ သတ္ျဖတ္ခ်င္မႈေတြ ျပည့္လာပါတယ္။

မုန္းတီးတဲ့အၾကည့္!!

သတ္ပစ္ခ်င္ေနတဲ့ အၾကည့္!!

သူ႕တစ္ကိုယ္လံုး ဒီခံစားခ်က္ေတြ ျပည့္လာျပီးေတာ့ သူ႕၀န္းက်င္ကေရလိႈင္းေတြဟာ လိႈင္းတံပိုး ထန္လာပါေတာ့တယ္။

အေ၀းက ဂ်ိနင္က သတိထားမိသြားျပီးေတာ့ လွည့္ၾကည့္လိုက္ပါတယ္။ နင္က လူသ႑ာန္ေျပာင္းထားတဲ့ Serpentwing ကို ေတြ႕လိုက္ျပီးေတာ့ မွတ္မိသြားပါေတာ့တယ္။

“Serpentwing!!!”
နင္ ေဒါသတၾကီး ေအာ္ဟစ္လိုက္ပါတယ္။

အနက္ေရာင္ လူကလည္း နင္ကို ရက္စက္မႈေတြ ျပည့္ေနတဲ့ မ်က္၀န္းေတြနဲ႕ ၾကည့္ျပီးေတာ့ ေရနက္ထဲကို တျဖည္းျဖည္း နစ္ျမဳပ္ေပ်ာက္ကြယ္သြားပါတယ္။

“Serpentwing!!”
နင္က ခုနလူ ရပ္ေနတဲ့ ေနရာကို ခ်က္ျခင္းေျပးလႊားေရာက္ရွိလာပါတယ္။ ေရေအာက္ထဲကို သူ ငံု႕ၾကည့္လိုက္ျပီးေတာ့ ေအာ္ေျပာလိုက္ပါတယ္။
“မင္း ငါ့ကို မသတ္ခ်င္ဘူးလား။ မင္းငါ့ကို မမုန္းဘူးလား။ မင္းငါ့ကို အရိုးထဲအထိေတာင္ မုန္းတီးေနတာမဟုတ္လား။ လာခဲ့စမ္းပါ။ ထြက္လာခဲ့စမ္းပါ။ ငါ ဒီမွာ မင္းလာသတ္မွာ ေစာင့္ေနတာ။”

ေရနက္ထဲမွာေတာ့

မ်က္ေမွာင္ၾကဳတ္ထားတဲ့ ၀တ္စံုနက္လူဟာ ေဒသမီးေတြေတာက္ေလာင္ေနပါတယ္။ သူခ်က္ျခင္းပဲနင္ ရွိရာကို ေျပးသြားျပီးေတာ့ ၀ါးစား ပစ္လိုက္ခ်င္တာပါ။

“ငါ အဲ့ဒီ ေျမြနီၾကီးကို ကိုယ္တိုင္ သတ္ခဲ့တာ။”

“ဟား..ဟား..ဟား.. ငါ သူ႕ကို ဓားခ်က္ တစ္ခ်က္တည္းနဲ႕ သတ္ခဲ့တာ။ အရမ္း သနားဖို႕ေကာင္းတဲ့ ေကာင္ပဲ။”
အေပၚက အသံလိႈင္းေတြဟာ ေရေအာက္ထဲအထိကို ေရာက္လာခဲ့ပါတယ္။ Serpentwing က ပိုျပီးေတာ့ ေပါက္ကြဲလာပါတယ္။

အနက္ေရာင္လူဟာ ခႏၶာကိုယ္ တဆတ္ဆတ္ တုန္လာေပမဲ့ ခ်က္ျခင္းပဲ သူ႕ရဲ့ ေဒါသကို ထိန္းခ်ဳပ္လိုက္ပါတယ္။
“ငါ ေလာလို႕ မျဖစ္ဘူး။ ငါေလာလို႕ မျဖစ္ဘူး။ ငါေလာလိုက္ရင္ ဂ်ိကလန္ရဲ့ ေထာင္ေခ်ာက္ထဲ က်သြားလိမ့္မယ္။ ဒီမတိုင္ခင္က အဆိပ္ေတာင္ၾကားနဲ႕ ဂ်ိကလန္တို႕က ငါ့ကို Serpentwing ေရကန္ထဲမွာ ရာစုႏွစ္တခုေနဖို႕ သေဘာတူထားၾကတယ္။ ဂ်ိကလန္က အဆင့္အျမင့္ဆံုး အၾကီးအကဲေတြ ျဖစ္တဲ့ ဇီဖူ တန္ခိုးရွင္ေတြေတာင္ကို ပါ၀င္ စြက္ဖက္ပိုင္ခြင့္ တားျမစ္ထားၾကေသးတယ္။ ဒါေပမဲ့ ဇင္တ်န္ တန္ခိုးရွင္ေတြ ငါ့အေပၚတိုက္ခိုက္လာတာကိုေတာ့ တားျမစ္ထားျခင္း မရွိဘူး။”

လူသားေတြနဲ႕ မိစာၦေတြဟာ ရက္စက္ေၾကာက္လန္႕ဖို႕ေကာင္းတဲ့ တိုက္ပြဲေတြ တသက္လံုး တိုက္ခိုက္ေနၾကရတာပါ။

ဒါေပမဲ့ အဲ့ဒီေနရာမွာ လုပ္ေဆာင္ခ်က္ေတြ ကန္႕သတ္ထားတာ ရွိပါတယ္။ ဥပမာ အေနနဲ႕ ႏွစ္ဖက္လံုးက ေခါင္းေဆာင္ေတြဟာ ရန္သူ႕ဘက္က အားနည္းတဲ့ အဖြဲ႕၀င္ေတြကို အႏိုင္က်င့္ခြင့္ မရွိပါဘူး။ ပိုျပီး အသက္ရွည္တဲ့ မြန္းစတား ဇီဖူ ေခါင္းေဆာင္ေတြနဲ႕ ဂ်ိကလန္က ဇီဖူေခါင္းေဆာင္ေတြဟာ အခ်င္းခ်င္း တိုက္ခိုက္မႈ မရွိၾကပါဘူး။

ေျပာရရင္ေတာ့ ဇီဖူ တန္ခိုးရွင္ဆိုတာ အဖြဲ႕ တစ္ဖြဲ႕ရဲ့ အေျခခံ အုတ္ျမစ္ပဲေလ။

ဇီဖူတန္ခိုးရွင္ အခ်င္းခ်င္း တိုက္ခိုက္ၾကလို႕ တစ္ေယာက္ေယာက္ က်ရႈံးသြားခဲ့ရင္ ကလန္ကို အမ်ားၾကီး ယိုင္နဲ႕ သြားေစပါတယ္။ လူသားေတြေကာ မိစာၦေတြေကာ သူတို႕ရဲ့ ေဖာင္ေဒးရွင္းကို အထိခိုက္ မခံႏိုင္ၾကပါဘူး။

“ဂ်ိနင္ ၀န္းက်င္မွာ ဘာမွ မရွိဘူး။ လူတစ္ေယာက္မွ မရွိတာ ေသခ်ာတယ္။”
၀တ္စံုနက္ လူရဲ့ မ်က္၀န္းေတြ အေရာင္ လက္သြားပါတယ္။
“ဒါေပမဲ့ သူက ဘာလို႕ အသက္စြန္႕ျပီးေတာ့ လာရတာလည္း။ ျဖစ္ႏိုင္တာက သူ႕အေဖ ဂ်ိ ရီခၽြမ္နဲ႕ တျခားဂ်ိကလန္က ဇင္တ်န္ တန္ခိုးရွင္ေတြက တိတ္တဆိတ္ ပုန္းကြယ္ေနျပီးေတာ့ ၀ဂၤဘာ ေထာင္ေခ်ာက္ တစ္ခုခု ျပင္ဆင္ေနတာမ်ားလား။ ငါ ထြက္သြားတာနဲ႕ ငါ့ကို ၀ုိင္းျပီးေတာ့ တိုက္ခိုက္ၾကမယ္ထင္တယ္။…”


Chapter 12 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 13 Serpentwing သားရဲဂူ




Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…


Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 12 Serpentwing ရေကန်သို့



စီးတော် သတ္တဝါကြီး ၃ကောင်ဟာ လွင်ပြင်ထဲမှာ ဒုန်းစိုင်း သွားနေကြပါတယ်။



“သခင်လေး”

ဆောင်းဦးသစ်ရွက်လေးက ရုတ်တရက် စကားပြောလိုက်ပါတယ်။
“မြစ်တန်ခိုးရှင်ဟီရဲ့ သားက သခင်လေးကို အရမ်း မုန်းတီးနေတာ။ တစ်ကယ်လို့သာ ကျွန်မတို့က သူ့ကို အခု ချမ်းသာပေးလိုက်ရင် နောင်တစ်ချိန်မှာ ဒုက္ခပေးလာနိုင်တယ်နော်။”



ဂျိနင်က မိုဝူဘက်ကို လှည့်ကြည့်နေပါတယ်။

ဆောင်းဦးသစ်ရွက်လေးက မြန်မြန် စကား ဆက်ပြောလိုက်ပြန်ပါတယ်။
“အဲ့ဒါ ကျွန်မကို မိုဝူက ပြောခိုင်းတာ မဟုတ်ဘူးနော်။ ကျွန်မ သခင်လေး အလိုမကျဖြစ်နေတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မ အချိန်အကြာကြီး စဉ်းစားပြီးမှ သခင်လေးကို ပြောပြတာပါ။”



နင် သက်ပြင်းရှည်တစ်ချက် ချလိုက်ပါတယ်။

“ငါ့ရဲ့ ရန်ကြွေးဟာ မြစ်တန်ခိုးရှင် ဟီနဲ့ပဲ သက်ဆိုင်တယ်။ သူ့ သားနဲ့ မပတ်သက်ဘူး။ ငါ့ သူ့ကို လက်စားချေပြီးပြီပဲ။ ဘာလို့သူ့သားကို ဆက်သတ်ရမှာလည်း။”


“ဒါပေမဲ့ မျိုးနွယ်စု အချင်းချင်း တိုက်ပွဲတွေ ဖြစ်တဲ့အခါကျရင် ကျွန်မတို့က ကျန်တဲ့ လက်ငုတ် ရန်စွယ် ဟူသမျှကို အမြစ်ဖြတ် သုတ်သင်နေကြပဲလေ။”

ဆောင်းဦးသစ်ရွက်လေးက ပြောဖို့ ကြိုးစားလိုက်ပါတယ်။


“ငါနားလည်ပါတယ်။ မျိုးနွယ်စုတစ်ခု ဆက်ပြီး အသက်ရှင် ရပ်တည်နိုင်ဖို့ အတွက် နည်းလမ်းပေါင်းစုံ သုံးကြတယ်ဆိုတာ။ ဒါပေမဲ့ ဒီလို မျိုးနွယ်စု သေးသေးလေးက ဂျိကလန်ကို ဘယ်လိုလုပ် ဒုက္ခပေးလာနိုင်မှာလည်း။ ငါတို့ ဂျိကလန်ဟာ ဒီဒေသကြီးကို အုပ်ချုပ်တာ အချိန်ကြာပြီ ဖြစ်သလို မရေမတွက်နိုင်တဲ့ လူတွေလည်း ဂျိကလန် လက်အောက်မှာ အသက်ပျောက်ခဲ့ ရပြီးပြီ။ ငါ့တို့ ဂျိကလန်ကို တိတ်တိတ်လေး မုန်းနေတဲ့ လူတွေ ဘယ်လောက်တောင် များမလဲဆို ငါတို့လည်း မသိနိုင်ဘူး။ ငါတို့ ဂျိကလန် ဒီလို ရပ်တည်နိုင်နေတာဟာ ငါတို့တွေ အပြစ် မပြုဖူးတဲ့ သူ မရှိလို့ မဟုတ်ပဲ ငါတို့ဟာ အရမ်းကို အစွမ်းထက်နေလွန်းလို့ပါ။”



ဆောင်းဦး သစ်ရွက်လေး နားလည်စ ပြုလာပါတယ်။
“ငါတို့တွေ သူတပါးကို အပြစ် မပြုပဲနေခဲ့ရင်တောင်မှ ငါတို့ ကိုယ်တိုင်က အစွမ်းအစ မရှိခဲ့ဘူးဆိုရင် တခြားသူတွေဟာ ငါတို့ ကလန်ကို လာတိုက်ခိုက် ဖျက်ဆီးပစ်ကြမှာပဲ။”

နင်က လေအေးအေးနဲ့ ဆက်ပြောလိုက်ပါတယ်။

“ဒါပေမဲ့ ငါတို့တွေက အစွမ်းထက်လွန်းတော့ တိတ်တဆိတ် ရှိနေတဲ့ ရန်သူတွေဟာ မြင်သာအောင် တိုက်ခိုက်မှု မပြုမူရဲကြဘူး။ ကြောက်လန့်နေကြတယ်။ သူတို့ဟာ အပြင်ဘန်းမှာတော့ ငါတို့ကို အရမ်းလေးစားဟန် ပြကြတယ်။ ဆယ်စုနှစ် တချို့ ကြာလာတဲ့အခါမှာ သူတို့ ရဲ့ သားသမီး မြေးမြစ်တွေဟာ ငါတို့ရဲ့ သစ္စာရှိ တော်ဝင်အဖွဲ့ ဝင် တွေ အဖြစ် ပြောင်းလဲ လာကြမှာပဲ။”


“ပြီးတော့ တာအို ပညာရှင် တစ်ယောက်ဟာ လေ့ကျင့်တဲ့အခါမှာ နှလုံးသားနဲ့ စိတ်ဟာ အရမ်းကို အရေးပါတယ်။”



စိတ်နဲ့ ကောင်းကင်ဟာ တစ်သားဖြစ် သွားတဲ့အခါမှာ ကမ္ဘာနဲ့ တစ်သားတည်းဖြစ်သွားခဲ့တယ်။



စိတ်ဟာ တာအိုရဲ့ ဉာဏ်ပညာအလင်းကို ရရှိခဲ့ပြီး တာအိုရဲ့ အနှစ်သာရကို နားလည်ခဲ့တယ်။



တာအိုကို လေ့ကျင့်သူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် လိမ်ညာထားခြင်း မရှိဖို့ အရေးကြီးတယ်ဆိုတာ နင် နားလည်ပါတယ်။ စိတ်ထဲမှာရှင်းနေမှသာ လေ့ကျင့်တဲ့ အခါမှာ တိုးတက်မှု မြန်ဆန်တာပါ။


“လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် တောင် အမှန်တရားအကြောင်း မပြောနိုင်ရင် သူဟာ စိတ်ဒုက္ခကို ခံစားရရုံတင်မကဘူး လေ့ကျင့်မှုမှာပါ နှေးကွေးသွားလိမ့်မယ်။ လေ့ကျင့်ရမဲ့ လမ်းစဉ်တောင်မှ ပျောက်ကွယ်သွားနိုင်တယ်။”

နင် ခေါင်းညိတ်ပြီး ဆက်ပြောလိုက်ပါတယ်။
“ငါ.. ဂျိနင်..တစ်ယောက်ယောက်ကို သတ်ချင်ခဲ့ရင် ငါသတ်ချင်တဲ့ သူတစ်ယောက်တည်းသာ သေရမယ်။ ငါ သူ့ရဲ့ သားမယားကို လက်ဖျားနဲ့တောင် နာကျင်အောင် မလုပ်ဘူး။ ဒါဟာ ငါ့ရဲ့ အမှန်တရား ကိုယ်တိုင်ပဲ။”



သူ့အရင် ဘဝတုန်းက နာတာရှည် ဖျားနာမှုကြောင့် သူဟာ အမြဲတမ်း အထီးကျန် ဆန်ခဲ့ပါတယ်။ အထီးကျန် ဖြစ်နေသူတွေဟာ အတွေးတွေ အများကြီး လျှောက်တွေးမိတတ်ပါတယ်။ လူတွေမှာ တချို့အတွေးတွေဟာ အရမ်းကို ရူးမိုက်ပေမဲ့ တချို့အတွေးတွေကတော့ သူ့နှလုံးသား နဲ့ စိတ်ထဲအထိကို မြင်နိုင်တဲ့ အတွေးတွေမို့လို့ ဒီလိုအတွေးတွေဟာ ပညာရှိစေပါတယ်။ နင်ကတော့ သူ့စိတ်နှလုံးကို ပြန်မြင်နိုင်ခဲ့တဲ့အတွက် သူဟာ အရမ်းကို စိတ်သဘောထား ပြည့်ဝလာပြီးတော့ တည်ငြိမ်လာခဲ့ပါတယ်။ သူ့နှလုံးသားကို သူ ပြန်မြင်နိုင်ခဲ့ဘူးဆိုရင် သူဘယ်လိုလုပ် ဒီဘဝမှာ စိတ်ဒုံးဒုံး ချပြီးတော့ ခါးသီးမှုတွေကျော်ဖြတ်ပြီး လေ့ကျင့်နိုင်ပါ့မလဲ။



ဆောင်းဦးသစ်ရွက်လေး နဲ့ မိုဝူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြတယ်။



မိမိရဲ့ အမှန်တရားကို မြင်တတ်ရမယ်။



သူတို့တွေ နားမလည်နိုင် ဖြစ်သွားကြပါတယ်။


“ကဲကဲ.. ရပြီ….”

နင် သူတို့မျက်နှာက အရိပ်အခြေကို မြင်လိုက်တော့ ခေါင်းညိတ်လိုက်မိပါတယ်။ 
“သိပ်လည်း စဉ်းစားမနေကြနဲ့ဦး။ Serpentwing ရေကန်ကို သွားကြတာပေါ့။”


“သခင်လေး.. သခင်လေးက Blacktooth မျိုးနွယ်စုကို မဝင်တော့ဘူးလား? သခင်လေး က နွေဦးမြက်ကလေးရဲ့ မောင်လေးကို ကူညီပေးမယ်လို့ ပြောခဲ့သလားလို့..”



ဆောင်းဦး သစ်ရွက်လေး မေးလိုက်ပါတယ်။



“မလောပါနဲ့ဦး..”

နင်ခေါင်းညိတ်ပြီးတော့ ပြောလိုက်ပါတယ်။
“ငါအရင်ဆုံး Serpentwing ရေကန်ကို သွားပြီးတော့ Serpentiwng ကို အရင် သတ်ရမယ်။ ပြီးတော့မှ Blacktooth မျိုးနွယ်စုကို ပြန်လာမယ်။ ဒီ ပြသနာတွေ အားလုံးရဲ့ အရင်းအမြစ်က Serpentwing ကြီးပဲ။ နွေဦးမြက်ကလေးရဲ့ မောင်လေး တစ်ယောက်လည်း သူ့ကြောင့် သေသွားရတာ။ ငါ Serpentwing ရဲ့ အသက်နဲ့ နွေဦးမြက်ကလေး အတွက် ဝမ်းနည်းခြင်း အခမ်းအနား လုပ်ပေးမယ်။ ပြီးတော့မှ သူ့မောင်လေးကို ငါနဲ့အတူ ရွာပြန်ခေါ်သွားမယ်။”


“သွားကြစို့”



နင် က သူ့ရဲ့ စီးတော် သတ္တဝါကြီးကို ဒုန်းစိုင်း စီးသွားပါတော့တယ်။



နွေဦးသစ်ရွက်လေးနဲ့ မိုဝူတို့လည်း နင်နဲ့အတူ Serpentwing ရေကန်ကို ခရီးဆက်သွားကြပါတော့တယ်။



…..



သူတို့တွေ နေ့ဘက်မှာ ခရီးဆက်ပြီး ညဘက်မှာ အနားယူကြပါတယ်။ ဒီ အနက်ရောင် စီးတော် သတ္တဝါကြီးတွေ ရဲ့ အမြန်နှုန်းနဲ့ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီးခရီးဆက်တာတောင်မှ serpentwing ရေကန်ကို ရောက်ဖို့ ၃ရက်တိတိ ကြာခဲ့ပါတယ်။


“သခင်လေးကို နှုတ်ခွန်းဆက်သပါတယ်။”



အနက်ရောင် မြင်းစီး စစ်သူရဲတွေ ဒူးထောက် အရိုအသေ ပေးလိုက်ကြပါတယ်။



နင်က သတ္တဝါကြီးပေါ်ကနေပြီးတော့  အမိန့်လှမ်းပေးလိုက်ပါတယ်။
“မိုဝူ ၊ နွေဦးသစ်ရွက်ကလေး မင်းတို့တွေ ငါ့ကို ဒီမှာ စောင့်နေရစ်ကြ။ ငါ Serpentwing ရေကန်ကို တစ်ယောက်တည်း သွားမယ်။ မင်းတို့ ၂ယောက်လိုက်လို့ မဖြစ်ဘူး။”


“အမိန့်အတိုင်းပါ။”

မိုဝူနဲ့ နွေဦးသစ်ရွက်လေးတို့ အရီုအသေပြုပြီး ပြန်ဖြေလိုက်ကြပါတယ်။


နင် ဟာ အနက်ရောင် စီးတော် သတ္တဝါကြီးပေါ်ကနေ ခုန်ဆင်းပြီး ငှက်တစ်ကောင်အလား ပေါ့ပါးစွာ အဝေးကို ခုန်ပျံပြေးထွက်သွားပါတော့တယ်။ သူနှစ်ချက်လောက် လှုပ်ရှားလိုက်တာနဲ့ ကျန်ခဲ့တဲ့ သူတွေရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားပါတော့တယ်။ အနက်ရောင် စစ်သူရဲတွေဟာ ပထမဦးဆုံး နင်ရဲ့ ကိုယ်ဖော့ခြေလှမ်း သိုင်းအစွမ်းကို မြင်လိုက်ရတဲ့အခါမှာ ရင်သပ်ရှုမောဖြစ်ပြီး ကျန်ခဲ့ ကြပါတော့တယ်။



Serpentwing ရေကန်ကြီးဟာ အခုဆိုရင် တားမြစ်နယ်မြေ ဖြစ်နေပါပြီ။



ဂျိကလန်က ရေကန် တစ်ဝိုက်မှာ စစ်တပ်ကလေးတွေကို နေရာချထားပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ အနက်ရောင် မြင်းစီးသူရဲ ၁၀ယောက် ပါပါတယ်။ သူတို့တွေက Serpentwing ရေကန်ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြပါတယ်။



……



ဝုန်း..ဝုန်း..ဝုန်း…



“ကီလိုမီတာ ၁၀၀ကျော် ရှိတဲ့ SErpentiwng ရေကန်ကြီးဟာ တစ်ဖက်ကမ်းကိုတောင် မမြင်နိုင်လောက်အောင်ကို ကျယ်လွန်းလှပါတယ်။ ဒိရေကန်ကြီးထဲမှာ လေမတိုက်ပဲနဲ့တောင်မှ လှိုင်းလုံးတွေဟာ ၃ပေလောက်အထိကို မြင့်အောင် လှုပ်ရှားနေကြပါတယ်။”



နင်က မတ်တပ်ရပ်လျက် ကမ်းခြေကနေ Serpentwing ရေကန်ကြီးကို ကြည့်နေပါတယ်။ သူအသံတိုးတိုးလေးနဲ့ ပြောလိုက်ပါတယ်..

“ဒီရေကန်ဟာ အတိုင်းအဆမရှိကို နက်ရှိုင်းလွန်းလှတယ်။ ငါက ရေကို ထိန်းချုပ်နိုင်ပေမဲ့ အရမ်းကို ရေနက်တဲ့ နေရာအထိကို ဆင်းရရင် ငါ့ရဲ့ အမြန်နှုန်းဟာ Serpentwing ထက် လျော့သွားမှာပဲ။”



ရေထဲကို နက်လာလေလေ ရေဖိအားများလာလေလေပဲလေ။ ဖိအားများလာတဲ့အခါမှာ ရေကိုထိန်းချုပ်ဖို့ မလွယ်ကူတော့ဘူး။



ရေထဲမှာ ရှိတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ခွန်အားရဲ့ ၁၀%ကိုတောင်မှ မထုတ်သုံးနိုင်ပါဘူး။ ဒါပေမဲ့ ရေနေ မွန်းစတားတွေကတော့ ရေထဲမှာ ပိုပြီးတော့ ကြမ်းလာကြတယ်။


“အခု ငါက အရမ်းကြမ်းလာပေမဲ့… ဇင်တျန် အထွဋ်အထိပ် မွန်းစတားနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့. အင်း… ငါက နည်းနည်းလေးတော့ ပိုကြမ်းမှာပဲ။”

နင် သူ့ကိုယ်သူ ပြောလိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ သူက လေတောင်ပံ ကိုယ်ဖော့ကျမ်းကို ကျင့်ထားခဲ့တဲ့အတွက် သူဟာ တာအိုရဲ့ အစစ်အမှန် သဘာဝကို အနည်းအကျဉ်းလောက် နားလည်နေခဲ့လို့ပါပဲ။ ပြောရမယ်ဆိုရင်တော့ သူ့ရဲ့ အနီရောင် ကောင်းကင်ကိုးဆင့် ဖင်းဂေါ့ကျင့်စဉ်ရဲ့ အဆင့် ၄ဆင့် အောင်မြင်နေတဲ့ အဆင့်နဲ့တင်ကို သာမာန် ဖင်းဂေါ့ကျင့်စဉ်ကျင့်ထားတဲ့ ဇင်တျန် တန်ခိုးရှင် နောက်ဆုံးအဆင့်ရဲ့ အစွမ်းနဲ့ အဆင့်တူလောက် ဖြစ်နေပါပြီ။



Serpentwing နဲ့ ယှဉ်ရင်တော့ သူ့အစွမ်းက နည်းနည်း နိမ့်နေပါလိမ့်မယ်။



ဝှစ်..



နင် ရေပေါ်မှာ ကီလိုမီတာ တော်တော်များများ လမ်းလျှောက်သွားလိုက်ပါတယ်။



“Serpentwing !”

နင် အသံအကျယ်ကြီး အော်ခေါ်လိုက်ပါတယ်။


“Serpentwing !”

“Serpentwing !”

“Serpentwing !”….



အသံလှိုင်းက နေရာအနှံ့ကို ပဲ့တင်သံတွေ ပျံနှံ့ သွားစေခဲ့ပြီးတော့ ရေနက်ထဲအထိကို ထိုးဖောက် ရောက်ရှိသွားပါတယ်။



တခဏအကြာမှာတော့….



ရေနက်ထဲက လျှိုမြောင်တစ်ခုထဲမှာတော့ မိစ္ဆာကြီး Serpentwing က အိပ်စက်နေပါတယ်။ သူ့ရဲ့ တောင်ပံကြီး ၂ဖက်က သူ့တစ်ကိုယ်လုံးကို စောင်တစ်ဖွယ် ဖုံးအုပ် ကာကွယ်ပေးထားပါတယ်။



“Serpentwing!!”

အသံလှိုင်းက သူ့ဆီကို ရောက်လာပါတယ်။



အိပ်ပျော်နေတဲ့ Serpentwing က သူ့ရဲ့ အနီရောင် မျက်လုံးကြီးကို ရုတ်တရက် ဖွင့်လိုက်ပါတယ်။


“ဘာဖြစ်တာလဲဟ.. သွားကြည့်ကြစမ်းချေ..”

Serpentwing က မြည်ကြွေး အော်ဟစ် အမိန့်ပေးလိုက်ပါတယ်။


“ဟုတ်ကဲ့ပါ သခင်ကြီး”

ရေထဲက မွန်းစတားငယ်လေးတွေရဲ့ သံပြိုင် မြည်ကြွေးသံ ထွက်ပေါ်လာပါတယ်။ လူသားတွေအနေနဲ့ ဒီ အသံတွေကို နားမလည်ကြပေမဲ့ မွန်းစတားတွေကတော့ ဒီဘာသာစကားတွေ အကုန်လုံးကို နားလည်ကြပါတယ်။



…….



Serpentwing ရေကန်နဲ့ မလှမ်းမကမ်းမှာတော့ အနက်ရောင် စစ်သူရဲ၂ယောက်က ခြုံပုတ်ထဲမှာ ပုန်းအောင်း စောင့်ကြည့်နေကြပါတယ်။


“Serpentwing ???”


“တစ်ယောက်ယောက်က Serpentwing ကို လာစိန်ခေါ်နေပြီ။”

စစ်သူရဲ၂ယောက် တအံ့တသြနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြပါတယ်။ သူတို့တွေက နင်နဲ့ အလှမ်းနည်းနည်း ကွာနေတဲ့ အတွက် နင့်ကို မမြင်ကြရပါဘူး။


“ငါ ဆက်စောင့်ကြည့်ပေးထားမယ်။ မင်းသတင်းသွားပို့ချေ။”



အခုလောလောဆယ် အနက်ရောင် စစ်သူရဲ ၁၀ယောက်ကျော်လောက် ရေကန်ကို စောင့်ကြည့်နေကြပါတယ်။ နင်နဲ့ အနီးဆုံးက အနက်ရောင် စစ်သူရဲ ၃ယောက်ကတော့ နင်ကို တွေ့နေရပါတယ်။ သူတို့တွေက အနောက်ပိုင်း မြို့တော်ကနေ လွှတ်လိုက်တာဖြစ်လို့ နင်ကို မှတ်မိနေကြပါတယ်။


“ဒါ သခင်လေး ဂျိနင်ပဲ”



“သခင်လေးဂျိနင်က Serpentwing ကို လာပြီးတော့ စိန်ခေါ်တယ်။ ဒါပေမဲ့ သခင်လေးက အခုဆို အရမ်းကြမ်းနေပြီထင်တယ်။ သူက ရေပေါ်မှာ မတ်တပ်ရပ်နိုင်နေတယ်။ ကွန်မန်ဒါ ဂျိရီချွမ် လိုမျိုးပဲ။”


“စကားပြောတာ ရပ်ပြီးတော့ သတင်းမြန်မြန် သွားပို့ကြရအောင်။”



…….

အံ့သြနေကြတဲ့ အနက်ရောင် စစ်သူရဲတွေဟာ သူတို့ရဲ့ အဖွဲ့လေးတွေကို မြန်မြန် ပြန် သတင်းပို့ကြပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ အသွားနှုန်းနဲ့ဆိုရင်တော့ ဒီသတင်း အနောက်ပိုင်း မြို့တော်ကို ရောက်ဖို့အတွက် တစ်ရက်လောက်တော့ အနည်းဆုံးကြာမှာပါ။



နင်ကတော့ ရေပြင်ကြီးပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက် နေပါတယ်။



ဝုန်း..ဝုန်း..



မြွေစိမ်းကြီး တစ်ကောင်ရဲ့ ဦးခေါင်းနဲ့အတူ ငါးနက်ကြီးတစ်ကောင်ရဲ့ ဦးခေါင်းပေါ်လာပါတယ်။ သူတို့တွေ ရေပေါ်က လူငယ်ကို အဝေးကနေ စူးစမ်းကြာ့်နေကြပါတယ်။


“လူကလေး တစ်ယောက်ပါလား?”

မွန်းစတား ၂ကောင် အကြည့်ချင်း ဖလှယ် လိုက်ကြပါတယ်။

ဝုန်း..



သူတို့တွေ ရေနက်ထဲက Serpentwing ဆီကို ပြန်ပြီးတော့ သတင်းပို့ဖို့ ရေထဲ ပြန်ငုပ်သွားကြပါတော့တယ်။


“ဘုရင်ကြီး.. ဘုရင်ကြီး… ရေပေါ်မှာ လူကလေးတစ်ယောက် လမ်းလျှေျာက်နေတယ်။”

မြွေစိမ်းကြီးနဲ့ ငါးနက်ကြီးတို့က အသံပြုပြီး ပြောလိုက်ကြပါတယ်။



“လူကလေး??၊၊”



Serpentwing ကြီးက အကြေးခွံပါတဲ့ တောင်ပံကြီးကို ဖြန့်ပြီးတော့ မွန်းစတားလေး ၂ကောင် ကို စိုက်ကြည့်လိုက်ပါတယ်။ မွန်းစတားလေး ၂ကောင်က ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေကြပါတယ်။



“ဒါပေမဲ့ ဒီ လူငယ်လေးက အရင်တုန်းက ဂျိရီချွမ်လိုပဲ ရေပေါ်မှာ ရပ်နေတာ။ သူရေထဲကို မမြုပ်လာဘူး။ ”

အစိမ်းရောင် မွန်းစတား စကားပြောပြီးတော့ ငါးမွန်းစတားက ဆက်ပြောပြန်ပါတယ်။
“ဟုတ်တယ်.. ဟုတ်တယ်.. ဟုတ်တယ်။”


“ရေပေါ်မှာ ရပ်နေတယ်။ ရေမမြုပ်ဘူး။၊”



Serpentwing က အနက်ရောင် မြူလုံးတွေထဲ ပျောက်ကွယ်သွားပြီးတော့ ဝတ်စုံနက်ဝတ် လူတစ်ဦးအသွင် ပြောင်းလဲသွားပါတယ်။



ဝတ်စုံနက်ဝတ်လူရဲ့ အသွင်အပြင်က သေးသွယ်ပြီးတော့ မြွေနဲ့တူတဲ့ မျက်လုံးတွေ ရှိပါတယ်။ မြွေတွေဟာ အရမ်းကို သတိကြီးကြတယ်။ သူ့ကို အရင်က ဂျိကလန်က ဇင်တျန် တန်ခိုးရှင်တွေက ထောင်ချောက်တွေဆင် နည်းမျိုးစုံနဲ့ လိုက်ဖမ်းတာတောင်မှ သူ လွတ်လာခဲ့တာ။ အခု ဒီရေပေါ်မှာ လမ်းလျှောက်နိုင်တဲ့ လူငယ်လေးက ရုတ်တရက်ရောက်လာပြီးတော့ လာစိန်ခေါ်တာ။ သူဘယ်လိုလုပ် သံသယ မဝင်ပဲ နေမှာလည်း။



“မင်းတို့တွေ သူ့ကို မြင်ဖူးလား?”


“တစ်ခါမှ မမြင်ဖူး ပါဘူး။ ကျွန်တော်တို့တွေ ဂျိကလန်က ဇင်တျန် တန်ခိုးရှင်တွေ အကုန်လုံးကို မှတ်မိပါတယ်။ ဒီ လူငယ်လေးက ဒီလူတွေထဲက တစ်ယောက် မဟုတ်တာ သေချာပါတယ်။”

မြွေ မွန်းစတားက မြန်မြန် ပြန်ဖြေလိုက်ပြီးတော့ ငါးမွန်းစတားက ခေါင်းညိတ်ထောက်ခံလိုက်ပါတယ်။



ဝတ်စုံနက်ဝတ်လူက ပြန်ပြောလိုက်ပါတယ်။
“ဒါဆို ငါသွားကြည့်လိုက်ဦးမယ်။”



“ရွှစ်”



သူ့ရဲ့ ရေအောက် နန်းတော်ကနေ ထွက်ခွာလာခဲ့ပါတယ်။ ဒီ Serpentwing ရဲ့ လူသားအသွင်သဏ္ဍာန်ဟာ သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်လောက် မမြန်ပေမဲ့ သူ့ခန္ဓာကိုယ် အစစ်အမှန် က အရမ်းကို ကြီးမားလွန်းပါတယ်။ သူရေပေါ်ကို အဲ့ ခန္ဓာကိုယ်နဲ့ တက်သွားရင် သူ့ကို သတိထားမိသွားကြပြီး ပွက်လောရိုက်ကုန်မှာပါ။


“ဘယ်သူပါလိမ့်..”

အနက်ရောင် ဝတ်စုံဝတ်လူက တိတ်တဆိတ် ရေပေါ်ကို တက်သွားပြီးတော့ ရေမျက်နှာပြင်ကနေ ခေါင်းပြူပြီး ကြည့်လိုက်ပါတယ်။



သူနဲ့ ၈ မီတာ ၉မီတာ အကွာအဝေးလောက်က သားမွေး ဝတ်စုံဝတ် လူငယ်လေးကို တွေ့လိုက်ရပါတယ်။ လူငယ်လေးဟာ သေးသေးသွယ်သွယ်နဲ့ ရေပေါ်မှာ သာသာယာယာ လျှောက်သွားနေပါတယ်။ လူငယ်လေးဝန်းကျင်မှာ တခြားဘယ်သူ့ကိုမှ မတွေ့ရပါဘူး။


“ဒါ သူပဲ”



ဝတ်စုံနက်ဝတ် လူ မျက်မှောင်ကြုတ်လိုက်ပါတယ်။ သူ့မျက်ဝန်းမှာ ရက်စက်မှုတွေ သတ်ဖြတ်ချင်မှုတွေ ပြည့်လာပါတယ်။



မုန်းတီးတဲ့အကြည့်!!



သတ်ပစ်ချင်နေတဲ့ အကြည့်!!



သူ့တစ်ကိုယ်လုံး ဒီခံစားချက်တွေ ပြည့်လာပြီးတော့ သူ့ဝန်းကျင်ကရေလှိုင်းတွေဟာ လှိုင်းတံပိုး ထန်လာပါတော့တယ်။



အဝေးက ဂျိနင်က သတိထားမိသွားပြီးတော့ လှည့်ကြည့်လိုက်ပါတယ်။ နင်က လူသဏ္ဍာန်ပြောင်းထားတဲ့ Serpentwing ကို တွေ့လိုက်ပြီးတော့ မှတ်မိသွားပါတော့တယ်။


“Serpentwing!!!”

နင် ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။



အနက်ရောင် လူကလည်း နင်ကို ရက်စက်မှုတွေ ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြီးတော့ ရေနက်ထဲကို တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်သွားပါတယ်။


“Serpentwing!!”

နင်က ခုနလူ ရပ်နေတဲ့ နေရာကို ချက်ခြင်းပြေးလွှားရောက်ရှိလာပါတယ်။ ရေအောက်ထဲကို သူ ငုံ့ကြည့်လိုက်ပြီးတော့ အော်ပြောလိုက်ပါတယ်။
“မင်း ငါ့ကို မသတ်ချင်ဘူးလား။ မင်းငါ့ကို မမုန်းဘူးလား။ မင်းငါ့ကို အရိုးထဲအထိတောင် မုန်းတီးနေတာမဟုတ်လား။ လာခဲ့စမ်းပါ။ ထွက်လာခဲ့စမ်းပါ။ ငါ ဒီမှာ မင်းလာသတ်မှာ စောင့်နေတာ။”



ရေနက်ထဲမှာတော့



မျက်မှောင်ကြုတ်ထားတဲ့ ဝတ်စုံနက်လူဟာ ဒေသမီးတွေတောက်လောင်နေပါတယ်။ သူချက်ခြင်းပဲနင် ရှိရာကို ပြေးသွားပြီးတော့ ဝါးစား ပစ်လိုက်ချင်တာပါ။


“ငါ အဲ့ဒီ မြွေနီကြီးကို ကိုယ်တိုင် သတ်ခဲ့တာ။”



“ဟား..ဟား..ဟား.. ငါ သူ့ကို ဓားချက် တစ်ချက်တည်းနဲ့ သတ်ခဲ့တာ။ အရမ်း သနားဖို့ကောင်းတဲ့ ကောင်ပဲ။”

အပေါ်က အသံလှိုင်းတွေဟာ ရေအောက်ထဲအထိကို ရောက်လာခဲ့ပါတယ်။ Serpentwing က ပိုပြီးတော့ ပေါက်ကွဲလာပါတယ်။



အနက်ရောင်လူဟာ ခန္ဓာကိုယ် တဆတ်ဆတ် တုန်လာပေမဲ့ ချက်ခြင်းပဲ သူ့ရဲ့ ဒေါသကို ထိန်းချုပ်လိုက်ပါတယ်။
“ငါ လောလို့ မဖြစ်ဘူး။ ငါလောလို့ မဖြစ်ဘူး။ ငါလောလိုက်ရင် ဂျိကလန်ရဲ့ ထောင်ချောက်ထဲ ကျသွားလိမ့်မယ်။ ဒီမတိုင်ခင်က အဆိပ်တောင်ကြားနဲ့ ဂျိကလန်တို့က ငါ့ကို Serpentwing ရေကန်ထဲမှာ ရာစုနှစ်တခုနေဖို့ သဘောတူထားကြတယ်။ ဂျိကလန်က အဆင့်အမြင့်ဆုံး အကြီးအကဲတွေ ဖြစ်တဲ့ ဇီဖူ တန်ခိုးရှင်တွေတောင်ကို ပါဝင် စွက်ဖက်ပိုင်ခွင့် တားမြစ်ထားကြသေးတယ်။ ဒါပေမဲ့ ဇင်တျန် တန်ခိုးရှင်တွေ ငါ့အပေါ်တိုက်ခိုက်လာတာကိုတော့ တားမြစ်ထားခြင်း မရှိဘူး။”



လူသားတွေနဲ့ မိစ္ဆာတွေဟာ ရက်စက်ကြောက်လန့်ဖို့ကောင်းတဲ့ တိုက်ပွဲတွေ တသက်လုံး တိုက်ခိုက်နေကြရတာပါ။



ဒါပေမဲ့ အဲ့ဒီနေရာမှာ လုပ်ဆောင်ချက်တွေ ကန့်သတ်ထားတာ ရှိပါတယ်။ ဥပမာ အနေနဲ့ နှစ်ဖက်လုံးက ခေါင်းဆောင်တွေဟာ ရန်သူ့ဘက်က အားနည်းတဲ့ အဖွဲ့ဝင်တွေကို အနိုင်ကျင့်ခွင့် မရှိပါဘူး။ ပိုပြီး အသက်ရှည်တဲ့ မွန်းစတား ဇီဖူ ခေါင်းဆောင်တွေနဲ့ ဂျိကလန်က ဇီဖူခေါင်းဆောင်တွေဟာ အချင်းချင်း တိုက်ခိုက်မှု မရှိကြပါဘူး။



ပြောရရင်တော့ ဇီဖူ တန်ခိုးရှင်ဆိုတာ အဖွဲ့ တစ်ဖွဲ့ရဲ့ အခြေခံ အုတ်မြစ်ပဲလေ။



ဇီဖူတန်ခိုးရှင် အချင်းချင်း တိုက်ခိုက်ကြလို့ တစ်ယောက်ယောက် ကျရှုံးသွားခဲ့ရင် ကလန်ကို အများကြီး ယိုင်နဲ့ သွားစေပါတယ်။ လူသားတွေကော မိစ္ဆာတွေကော သူတို့ရဲ့ ဖောင်ဒေးရှင်းကို အထိခိုက် မခံနိုင်ကြပါဘူး။


“ဂျိနင် ဝန်းကျင်မှာ ဘာမှ မရှိဘူး။ လူတစ်ယောက်မှ မရှိတာ သေချာတယ်။”

ဝတ်စုံနက် လူရဲ့ မျက်ဝန်းတွေ အရောင် လက်သွားပါတယ်။
“ဒါပေမဲ့ သူက ဘာလို့ အသက်စွန့်ပြီးတော့ လာရတာလည်း။ ဖြစ်နိုင်တာက သူ့အဖေ ဂျိ ရီချွမ်နဲ့ တခြားဂျိကလန်က ဇင်တျန် တန်ခိုးရှင်တွေက တိတ်တဆိတ် ပုန်းကွယ်နေပြီးတော့ ဝင်္ဂဘာ ထောင်ချောက် တစ်ခုခု ပြင်ဆင်နေတာများလား။ ငါ ထွက်သွားတာနဲ့ ငါ့ကို ဝိုင်းပြီးတော့ တိုက်ခိုက်ကြမယ်ထင်တယ်။…”





Chapter 12 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 13 Serpentwing သားရဲဂူ







Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…












Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)