ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 7 Blacktooth မ်ိဳးႏြယ္စု


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 3
Chapter 7 Blacktooth မ်ိဳးႏြယ္စု


အထီးက်န္ ျမက္ခင္းလြင္ျပင္ေပၚမွာေတာ့ အနက္ေရာင္ သတၱ၀ါၾကီး ၃ေကာင္ဟာ ဒုန္းစိုင္း ေျပးေနၾကပါတယ္။ နင္ နဲ႕ အဖြဲ႕သားေတြ အကုန္လံုးဟာ မ်က္ႏွာမွာ ေပ်ာ္ရႊင္တဲ့ အမူအရာေတြ ေပၚေနပါတယ္။ သူတို႕ေတြအခု အေရွ႕ပိုင္းေတာင္ ႏြံေတာကေန အိမ္ကိုျပန္လာတဲ့ အျပန္လမ္းမွာပါ။ အေနာက္ပိုင္း ျမိဳ႕ေတာ္နဲ႕ တျဖည္းျဖည္း နီးကပ္လာခဲ့ပါျပီ။


“သခင္ေလး”
ေဆာင္းဦးသစ္ရြက္ေလး ေအာ္ေခၚလိုက္ပါတယ္။


“အင္း..”
နင္ သူမကို လွည့္ၾကည့္လိုက္ပါတယ္။


ေဆာင္းဦးသစ္ရြက္ေလး ျမန္ျမန္ေျပာလိုက္ပါတယ္။
“ကၽြန္မတို႕ေတြ Serpentwing ေရကန္ကို သြားတဲ့လမ္းမွာ ေႏြဦးျမက္ပင္ေလးရဲ့ Blacktooth မ်ိဳးႏြယ္စု ေနရာကို ျဖတ္သြားရလိမ့္မယ္။ သူ႕ဆီကို ၀င္လည္ၾကရင္ မေကာင္းဘူးလား။ ကၽြန္မလည္း သူနဲ႕ မေတြ႕ရတာ ေတာ္ေတာ္ၾကာေနျပီ ဆိုေတာ့ ေတာ္ေတာ္ သတိရေနမိတယ္။”


“ေႏြဦးျမက္ကေလး…”
နင္တခ်က္ေတြေ၀သြားခဲ့တယ္။ သူ႕ႏွလံုးသားမွာလည္း သတိရမႈေတြ လွ်ံက်လာပါတယ္။ ေဆာင္းဦးသစ္ရြက္ေလး နဲ႕ ေႏြဦးျမက္ကေလး ၂ေယာက္လံုးက သူနဲ႕ ငယ္ငယ္ေလးထဲက အတူတူ ၾကီးျပင္းခဲ့ၾကတာေလ။ သူတို႕ေတြက သူ႕ရဲ့ အမရင္းခ်ာေတြလိုပါပဲ။ သူမနဲ႕ မခြဲ ခြာခ်င္ေပမဲ့ နင္ဟာ ေႏြဦးျမက္ကေလး ၀မ္းနည္းေနရမွာကို မျမင္ခ်င္ခဲ့ပါဘူး။ ဒါေၾကာင့္ သူမ အေဖနဲ႕ လိုက္သြားဖို႕ကို ခြင့္ျပဳခဲ့တာပါ။ အခု ေႏြဦးသစ္ရြက္ေလး အေၾကာင္းၾကားရေတာ့ နင္ စိတ္လႈပ္ရွားသြားရပါတယ္။


“ေကာင္းသားပဲ။ သြား၀င္လည္ၾကရေအာင္ေလ။”


“ေက်းဇူးတင္ပါတယ္ သခင္ေလးရွင့္..”
ေဆာင္းဦးသစ္ရြက္ေလး အရိုအေသေပးျပီး ေျပာလိုက္ပါတယ္။


“ငါလည္း သြားလည္ခ်င္ေနလို႕ပါ။”
နင္ ေျပာျပီးတာနဲ႕ သူ႕ရဲ့ အနက္ေရာင္ စီးေတာ္ သတၱ၀ါၾကီးကို တစ္ခ်က္ ပုတ္လိုက္ျပီးေတာ့ ဦးတည္ခ်က္ေျပာင္းလိုက္ပါတယ္။


သူတို႕ေတြ Blacktooth မ်ိဳးႏြယ္စုကုိ Serpentwing ေရကန္ သြားေနတဲ့ လမ္းေၾကာင္းကေန ဦးတည္ခ်က္ေျပာင္းျပီး လမ္းၾကံဳ ၀င္သြားလိုက္ေပမဲ့ သူတို႕ သြားတဲ့ ေနရာနဲ႕ ေတာ့ ေတာ္ေတာ္ကို ေ၀းေနပါေသးတယ္။


……


ေတာင္နံရံက လႈိဏ္ဂူ၀န္းက်င္မွာသစ္သား ျခံစည္းရိုးေတြ ကာရံထားပါတယ္။ ခ်ပ္၀တ္တန္ဆာေတြကို လႈဏ္ဂူ၀မွာ လွမ္းထားျပီးေတာ့ သားေမြးရွည္ရွည္နဲ႕ စီးေတာ္ သတၱ၀ါၾကီးေတြကို လည္း သစ္ပင္ရင္းမွာ ၾကိဳးခ်ည္ျပီး ထားထားပါတယ္။ တခ်ိဳ႕ ကိုယ္ခႏၶာ အလြန္ၾကံ့ခိုင္တဲ့ လူၾကိီးေတြက မီးပံု ေဘးမွာ စကားေျပာ စုထိုင္ေနၾကျပီးေတာ့ အသားေတြကိုလည္း ကင္ေနၾကပါတယ္။


ဂူေပါက္၀မွာေတာ့ အနက္ေရာင္ ခ်ပ္၀တ္တန္ဆာ၀တ္ စစ္သူရဲ ၁၀ေယာက္ေလာက္ ေစာင့္ၾကပ္ေနပါတယ္။


“တစ္ေယာက္ေယာက္ လာေနျပီ။”
အေစာင့္တစ္ေယာက္က ေအာ္ေျပာလိုက္ပါတယ္။ ဒါနဲ႕ စားေသာက္ေနၾကတဲ့ လူေတြအကုန္လံုး လွည့္ၾကည့္လိုက္ၾကပါတယ္။ မီးပံုေဘးမွာ အစာစားေနတဲ့ အေပၚပိုင္း ဗလာက်င္းေနတဲ့ လူသန္ၾကီးတစ္ေယာက္က မ်က္ေမွာင္ၾကဳတ္ျပီး ထၾကည့္လိုက္ပါတယ္။


လူ သ႑ာန္ ၃ေယာက္ဟာ ေတာအုပ္ထဲကေန အလြန္ျမန္ဆန္စြာနဲ႕ ထြက္ေပၚလာပါတယ္။ အနက္ေရာင္ သတၱ၀ါၾကီးေတြကို စီးထားမွန္းေတြ႕လိုက္ေတာ့ သူတို႕ေတြအကုန္ စိတ္သက္သာရာ ရသြားၾကပါတယ္။


ဗလာက်င္းေနတဲ့ လူသန္ၾကီး မ်က္ႏွာ အမူအရာ ေျပာင္းသြားျပီးေတာ့ ေအာ္ေျပာလိုက္ပါတယ္။
“သခင္ေလး ေရာက္လာျပီေဟ့။ မင္းတို႕ေတြ ဘာလို႕ ထြက္ျပီး အရိုအေသ မျပဳၾကတာလည္း။ ျမန္ျမန္ ထလာၾကဟ။”
သူေျပာျပီးတာနဲ႕ အေပါက္၀ကို ေျပးျပီးေတာ့ ဒူးေထာက္ၾကိဳဆိုလိုက္ပါတယ္။
“သခင္ေလး..”


က်န္တဲ့ ခ်ပ္၀တ္တန္ဆာ၀တ္လူေတြလည္း အကုန္လံုး ဒူေထာက္ျပီးေတာ့ ဟစ္ေၾကြးလိုက္ၾကပါတယ္။
“သခင္ေလး..”




“ထၾကေတာ့.”
နင္က အနက္ေရာင္ သတၱ၀ါၾကီးေပၚကေန ခုန္ဆင္းျပီးေတာ့ စစ္သူရဲ ေခါင္းေဆာင္ကို ျပံဳးျပီး စကားေျပာလိုက္ပါတယ္။
“မင္း ငါ့ကို အရင္က ေတြ႕ဖူးလို႕လား။”
နင္က သူ႕ရဲ့ တံဆိပ္ေတာ္ကို ထုတ္ျပဖို႕ ျပင္လာတာပါ။


“ကၽြန္ေတာ္မ်ိဳး ၀ူဟန္က အရင္တုန္းက ကံေကာင္းခဲ့ပါတယ္။”
သူရဲေကာင္း သ႑ာန္ အျပည့္နဲ႕ ၀ူဟန္ကေတာ့ မ်က္ႏွာမွာ အမာရြတ္ေတြ ရွိေနျပီး သူ႕ခႏၶာကိုယ္ဟာ တည္ေဆာက္ထားမႈဟာ အင္မတန္ ေတာင့္တင္း သန္မာပါတယ္။
“သခင္ေလး အရင္တုန္းက ႏိုင္းဖန္ စစ္သူရဲေတြနဲ႕ လက္ရံုးရည္ ယွဥ္ကစားတုန္းက ကၽြန္ေတာ္မ်ိဳးလည္း တစ္ေယာက္ အပါအ၀င္ပါပဲ။ ဒါေၾကာင့္ သခင္ေလးကိုေတြ႕ေတြ႕ခ်င္း ကၽြန္ေတာ္ မွတ္မိတာပါ။ သခင္ေလး အေနာက္ကေတာ့ မိန္းမပ်ိဳေလး ေဆာင္းဦးသစ္ရြက္ ျဖစ္လိမ့္မယ္ထင္တယ္။ သခင္ေလးရဲ့ အေျခြအရံတျဖစ္လဲ ကုိယ္ရံေတာ္ေပါ့။ ကၽြန္ေတာ္မ်ိဳး သူမကိုလည္း မွတ္မိပါတယ္။ ”


နင္ ရယ္ေမာလိုက္ပါတယ္။


ဒါ ေၾကာင့္ကိုး.. အရင္တုန္းက သူ မၾကာခဏ ႏိုင္းဖန္ စစ္သူရဲေတြနဲ႕ လက္ရံုးရည္ခ်င္း ယွဥ္ေလ့ရွိတယ္ေလ။ ႏိုင္းဖန္ စစ္သူရဲ အမ်ားအျပားနဲ႕ အနက္ေရာင္ ျမင္းစီးသူရဲ အမ်ားၾကီးနဲ႕ သူ ယွဥ္ျပိဳင္ ၾကည့္ခဲ့ဖူးတယ္။ ဒါေၾကာင့္ သူ အျပင္မွာ တစ္ေယာက္ေယာက္နဲ႕ ျပန္ဆံုတာ သိပ္ေတာ့ မထူးဆန္းပါဘူး။


“ငါမင္းကို တခုေမးခ်င္လုိ႕။ Serpentwing ေရကန္ နဲ႕ ပတ္သက္တယ္။ လာ အတြင္းမွာ ေျပာၾကတာေပါ့။”


“ဟုတ္ကဲ့ သခင္ေလး။ သခင္ေလး ကၽြန္ေတာ္မ်ိဳး နဲ႕ လိုက္ခဲ့လိုက္ပါ ခင္ဗ်ာ။”


၀ူဟန္က နင္တို႕ကို အရမ္းက်ယ္၀န္းတဲ့ ေက်ာက္တံုးခန္းမထဲ လမ္းျပေခၚသြားပါတယ္။
“သိပ္မၾကာခင္တုန္းက Serpentwing ေသာင္းက်န္းခဲ့တဲ့ ေဒသက ကၽြန္ေတာ္မ်ိဳးတို႕နဲ႕ သိပ္မေ၀းခဲ့ဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္မ်ိဳးတို႕လည္း နည္းနည္း ထိခိုက္ခဲ့ပါတယ္။”


အနက္ေရာင္ စစ္သူရဲ တစ္ေယာက္ သစ္သီးဗန္း လာခ်ေပးလိုက္ပါတယ္။ နင္က သစ္သီး တစ္လံုးကို ကိုက္စားလိုက္ျပီးေတာ့
“သူ မင္းေနရာကို ေရာက္လာေသးလား။”


“မေရာက္လာခဲ့ပါဘူးသခင္ေလး။ သူသာ ေရာက္လာရက္ ကၽြန္ေတာ္တို႕အကုန္ အသက္ေပ်ာက္ေနေလာက္ျပီ။ ဒါေပမဲ့ အဲ့တုန္းက ကၽြန္ေတာ္တို႕ေတြ ေတာ္ေတာ္ကို ေျခာက္ျခားခဲ့ၾကရတယ္။ Serpentwing ကို ကၽြန္ေတာ္တို႕ အနက္ေရာင္ ျမင္းစီးသူရဲေတြ ဘယလိုလုပ္ ရင္ဆိုင္ႏိုင္မွာလည္း။ ကၽြန္ေတာ္မ်ိဳးတို႕ေတြ ကပ္ေဘးက လြတ္သြားခဲ့ေပမဲ့ မ်ိဳးႏြယ္စုရြာေလးေတြ ေတာ္ေတာ္မ်ားမ်ား ကပ္ေဘးကို ရင္ဆိုင္ခဲ့ရပါတယ္။ သူတို႕ေတြ ရင္ဆိုင္ခဲ့ရတဲ့အျဖစ္ကို ဘ၀ပ်က္သြားခဲ့တယ္ဆိုတဲ့ စကားလံုးေလး တစ္လံုးနဲ႕ပဲ ေျပာျပလို႕ ရပါလိမ့္မယ္။ အဲ့ဒိ အခ်ိန္က ကၽြန္ေတာ္တို႕ေတြ အကုန္လံုး Serpentwing ကို ဂ်ိကလန္က သတ္ပစ္ႏိုင္ပါေစလို႕ ဆုေတာင္းခဲ့ၾကေပမဲ့… ျဖစ္ခ်င္ေတာ့လည္း..”


နင္ေခါင္းညိတ္ျပလိုက္ပါတယ္။
ေနာက္ဆံုးေတာ့ အဆိပ္ေတာင္ၾကားက ၀င္ေရာက္လာခဲ့ျပီးေတာ့ ဂ်ိကလန္နဲက ညွိႏႈိင္းခဲ့ပါတယ္။ အေျဖကေတာ့ Serpentwing ၾကီးကို ေရကန္ကေန ႏွစ္တရာအတြင္း ထြက္ခြာခြင့္ ပိတ္ပင္လိုက္တာပါပဲ။


“Sepemtwing က သူ႕ေရကန္မွာ တခ်ိန္လံုး ရွိေနတာလား။ သူက ေရကန္ရဲ့ ေအာက္ေျခမွာလား ဒါမွမဟုတ္ ေရကန္ရဲ့ ဗဟိုက ကၽြန္းေပၚမွာလား။”
နင္ေမးလိုက္တာပါ။


“ေရကန္ရဲ့ အနက္ရႈိင္းဆံုး ၾကမ္းျပင္မွာပါ။ သူဘယ္လိုလုပ္ ကၽြန္းေပၚမွာ ေနရဲမွာလည္း။ သူက ကၽြန္ေတာ္တို႕ ဂ်ိကလန္ သူ႕ကို တခုခု လုပ္မွာ စိုးရိမ္ေနတာ။”


“ေရေအာက္ၾကမ္းျပင္မွာ”
နင္ ေတြးေတာလိုက္ပါတယ္။


ၾကည့္ရတာ သူ Sepemtwingကို လြယ္လြယ္နဲ႕ သတ္လို႕ မျဖစ္ႏိုင္ေတာ့ဘူး။


နင္ ေမးလိုက္ပါတယ္။
“၀ူဟန္.. မင္း Blacktooth မ်ိဳးႏြယ္စု ေက်းရြာကို သိလား။”


၀ူဟန္ေခါင္းညိတ္လိုက္ပါတယ္။
“Blacktooth ေက်းရြာ.. ကၽြန္ေတာ္ သိတယ္။ ကၽြန္ေတာ္မ်ိဳး သိပါတယ္။ Blacktooth မ်ိဳးႏြယ္စု ေခါင္းေဆာင္က ေတာ္ေတာ္ကို ထက္ျမက္တယ္။ သူက ရြာသစ္တစ္ခုကို တည္ေထာင္လိုက္တာေလ။ သာမာန္ လူတစ္ေယာက္ ရြာတစ္ရြာကို ဘယ္လိုလုပ္ တည္ေထာင္ႏိုင္မွာလည္း။ ကံမေကာင္းခ်င္ေတာ့ Serpentwing ကပ္ေဘးဆိုက္ခဲ့တဲ့ ရြာေတြထဲမွာ Blacktooth ေက်းရြာလည္း တစ္ရြာ အပါအ၀င္ ျဖစ္ေနတာပဲ။”


“ဘာ…”
နင္ မ်က္ႏွာ လံုး၀ပ်က္သြားပါတယ္။ သူ႕ႏွလံုးသားေတြ ေၾကမြသြားသလိုပါပဲ။


ျဖစ္ႏိုင္တာ…
သူ သိသေလာက္ကေတာ့ Serpentwing သူ႕ကို လာမသတ္ခင္မွာ အနီးအနားက ရြာငယ္ေလးေတြကို ဖ်က္ဆီးခဲ့တယ္ေလ။ ရြာေလးေတြက တစ္ေယာက္မက်န္ ေသကုန္ၾကတယ္။ ရြာသားေတြရဲ့ အေလာင္းကို စစ္ေဆးလိုက္တဲ့အခါ Serpentwing တိုက္ခိုက္မႈေၾကာင့္ ေသဆံုးသြားတာလို႕ ေကာက္ခ်က္ခ်လို႕ ရခဲ့တယ္။


“Blacktooth မ်ိဳးႏြယ္စု ရွိေနေသးရဲ့လား..”
နင္ အသည္းအသန္ ေမးလိုက္ပါတယ္။


၀ူဟန္ေခါင္းညိတ္လိုက္ပါတယ္။
“ရွိေနပါေသးတယ္ သခင္ေလး။ ဒီတစ္ၾကိမ္ Serpentwing ကပ္ေဘးက သူက ေနရာတိုင္းမွာ ဒုကၡ လိုက္ေပးတာပဲ။ သူ မ်ိဳးႏြယ္စုေလးေတြ သြားခဲ့ျပီးေတာ့ လူေတြကို ေသေၾကေစခဲ့တယ္။ ဒါေပမဲ့ ရြာလံုးကၽြတ္ မသတ္ျဖတ္ခဲ့ပါဘူး။ တစ္ရြာလံုး တစ္ေယာက္မက်န္ သတ္ျပီး ဖ်က္ဆီးဖို႕ဆိုရင္ အခ်ိန္ လိုအပ္ျပီးေတာ့ ဒီအခ်ိန္မွာ ကၽြန္ေတာ္တို႕ ဂ်ိကလန္က ဇင္တ်န္ တန္ခိုးရွင္ေတြက သူ႕ဆီကို ေရာက္လာလိမ့္မယ္။ Blacktooth မ်ိဳးႏြယ္စုက ရြာလံုးကၽြတ္ မေသသြားေပမဲ့ ရြာသားတစ္၀က္ေက်ာ္ေလာက္ေတာ့ ေသဆံုးသြားခဲ့ရတယ္။ အရမ္းကို ေျခာက္ျခားဖို႕ ေကာင္းတဲ့ အျဖစ္အပ်က္ေတြပါပဲ သခင္ေလးရယ္။”


“တ၀က္ေက်ာ္…”
နင္ ႏွလံုးသား နာက်င္သြားရပါတယ္။


“မင္း ေႏြဦးျမက္ကေလးကို သိသလား။ ငါ့ရဲ့ အေျခြအရံ ေကာင္မေလးေလ။ သူအသက္ရွင္က်န္ရစ္ခဲ့လား။”
နင္ ျမန္ျမန္ ေမးခြန္းေမးလိုက္ပါတယ္။


“ေႏြဦးျမက္ကေလး?”
၀ူဟန္ ေရရြတ္လိုက္ပါတယ္။
“ကၽြန္ေတာ္မ်ိဳး ေႏြဦး ျမက္ကေလးကို သိတယ္ေလ။ သခင္ေလးမွာ မိန္းကေလး အေျခြအရံ ၂ေယာက္ရွိတာ။ ေႏြဦးျမက္ကေလးက သခင္ေလး အပါး မရွိေတာ့ဘူးလား။”


နင္ ေႏြဦးျမက္ကေလးကို လြတ္လပ္ခြင့္ေပးလိုက္တာကို သိတဲ့သူ အေတာ္နည္းပါတယ္။


“မဟုတ္ပါဘူး။ ငါက သူမကို လြတ္လပ္ခြင့္ေပးလိုက္တာပါ။ သူမက Blacktooth မ်ိဳးႏြယ္စု ရြာ သူၾကီးရဲ့ သမီးေပါ့။”


၀ူဟန္ ေခါင္းညိတ္လိုက္ပါတယ္။
“ကၽြန္ေတာ္မ်ိဳး ဒီကိစၥကို မသိလိုက္ပါဘူး။ Blacktooth နဲ႕ ကၽြန္ေတ္မ်ိဳး ေတြ႕ေပမဲ့ သူ႕သမီးအေၾကာင္း မၾကားမိခဲ့ဘူး။”


နင္ အသက္ျပင္းျပင္း ရွဴလိုက္မိပါတယ္။


စိတ္ပူမႈ..


အေလးထားမႈ..


Blacktooth ေက်းရြာသားေတြ တစ္၀က္ေက်ာ္ ေသဆံုးသြားခဲ့ရတယ္။ လူအမ်ားၾကီး ေသခဲ့တာ။ ေႏြဦးျမက္ပင္ေလးလည္း တစ္ေယာက္အပါအ၀င္ ျဖစ္ႏို္င္တယ္။


“သူမ အသက္ရွင္ က်န္ရစ္မွာပါ။ သူမ ေကာင္းေကာင္းမြန္မြန္ကို ရွိေနမွာပါ။”
နင္ အံၾကိတ္ျပီးေတာ့ အခန္းထဲကေန ခ်က္ျခင္း ထြက္ခြာသြားပါေတာ့တယ္။


အျပင္မွာေတ့ာ ေဆာင္းဦးသစ္ရြက္ ကေလး နဲ႕ မို၀ူတို႕ေတြ အနက္ေရာင္စစ္သူရဲေတြနဲ႕ ၀ိုင္းဖြဲ႕ျပီးေတာ့ အသားကင္ စားေသာက္ေနၾကပါတယ္။


“သခင္ေလး”
ေဆာင္းဦးသစ္ရြက္ေလးနဲ႕ မို၀ူတို႕ လွည့္ၾကည့္လိုက္ၾကတယ္။


နင္က “သြားၾကစို႕” လို႕ ေအာ္ေျပာလိုက္ပါတယ္။


ေဆာင္းဦးသစ္ရြက္ေလးနဲ႕ မို၀ူတို႕ ၂ေယာက္လံုး နားမလည္ႏိုင္ျဖစ္ေနၾကပါတယ္။ သူတို႕ဘာလို႕ ျမန္ျမန္ ထြက္ခြာၾကရတာလည္း။ သူတို႕ေတြ ေမးလည္းမေမးရဲၾကပါဘူး။ ကင္ထားတဲ့ အသားကင္ေတြကိုေတာင္မွ မစားႏိုင္ေတာ့ပဲ အနက္ေရာင္ စီးေတာ္သတၱ၀ါၾကီးဆီ ျမန္ျမန္ ေျပးတက္သြားၾကရပါတယ္။


“Blacktooth မ်ိဳးႏြယ္စုကို သြားၾကမယ္ေဟ့”
နင္မ်က္ႏွာဟာ ညိႈးေနပါတယ္။
အနက္ေရာင္ စီးေတာ္ သတၱ၀ါၾကီးကို ေျခနဲ႕ ကန္လိုက္ျပီးေတာ့ ဒုန္းစိုင္း စီးထြက္သြားပါတယ္။


အနက္ေရာင္ စီးေတာ္ သတၱ၀ါၾကီး ၃ေကာင္ဟာ အေ၀းကေတာအုပ္ထဲ ၀င္ေရာက္ ေပ်ာက္ကြယ္သြားပါျပီ။


“ကက္ပတိန္ ဘာျဖစ္ၾကတာလည္း။”
တျခား အနက္ေရာင္ ျမင္းစီး စစ္သူရဲေတြလည္း နားမလည္ႏိုင္ ျဖစ္ေနၾကပါတယ္။ ၀ူဟန္ကေတာ့ အခန္း အျပင္ကို ထြက္လာျပီး အေ၀းကို မ်က္ေမွာင္ ၾကဳတ္ၾကည့္ေနမိပါတယ္။
“ေႏြဦး ျမက္ကေလး…Blacktooth မ်ိဳးႏြယ္ေခါင္းေဆာင္ရဲ့ သမီးေလး…”


…….


နင္ရဲ့ ႏွလံုးသားမွာ ပူပန္မႈေတြ ေတာက္ေလာင္ေနပါတယ္။ ေႏြဦးျမက္ကေလး နဲ႕ ေဆာင္းဦး သစ္ရြက္ေလးတို႕ ၂ေယာက္လံုးဟာ သူ႕ရဲ့ အေျခြအရံေတြဆိုေပမဲ့ အမအရင္းသဖြယ္ပါပဲ။ သူငယ္ငယ္တုန္းက စာအုပ္ေလးေတြကို ေထာက္ျပီးေတာ့ ေမးခြန္းေတြ ေလွ်ာက္ေမးခဲ့တာကို သတိရေနမိတယ္။ အဲ့ဒီ အခိ်န္က ေႏြဦးျမက္ကေလး နဲ႕ ေဆာင္းဦး သစ္ရြက္ေလးတို႕ ၂ေယာက္လံုး သူမတို႕ရဲ့ သခင္ေလးရဲ့ ညွင္းပန္းမႈကို ခံရေပမဲသူ႕စကားကို အျမဲ နားေထာင္ခဲ့ပါတယ္။


“မျဖစ္ႏိုင္ဘူး..”


“သူမေသသြားတာ မျဖစ္ႏိုင္ဘူး…”
နင္ အလြန့္အလြန္ကို စိတ္ပူေနမိပါတယ္။


“သခင္ေလး”
ေဆာ္းဦးသစ္ရြက္ေလး စိတ္ပူေနမိပါတယ္။
“ဘာမ်ားျဖစ္လို႕လည္း။”
သူမသခင္ေလးရဲ့ မ်က္ႏွာ ေတာ္ေတ္ာ ပ်က္ေနတာ ေတြ႕ရပါတယ္။ ဒီလိုမ်ိဳး သခင္ေလး အသည္းအသန္ ျဖစ္ေနတာကို သူမ ျမင္ရခဲပါတယ္။


နင္ေအာ္ေျပာလိုက္ပါတယ္။
“Blacktooth မ်ိဳးႏြယ္စုက Serpentwing တိုက္ခိုက္မႈကို ခံရျပီးေတာ့ ရြာသားတစ္၀က္ေက်ာ္ ေသသြားခဲ့တယ္။”


“အာ့… ဒါဆို ေႏြဦးျမက္ကေလး…”
ေဆာင္းဦးသစ္ရြက္ေလး ထိတ္လန္႕သြားပါတယ္။


“ငါတို႕ေတြ အဲ့ဒီကို ေရာက္ရင္ အေျဖသိရလိမ့္မယ္”
နင္ ေအးစက္စက္ ျပန္ေျဖလိုက္ပါတယ္။


၀ွစ္…၀ွစ္…၀ွစ္


အနက္ေရာင္ စီးေတာ္ သတၱ၀ါၾကီး ၃ေကာင္ အလြန္လ်င္ျမန္စြာ ေျပးေနပါတယ္။ ေန၀င္ခါနီး အခ်ိန္မွာေတာ့ သူတို႕ဟာ သစ္ပင္ က်ိဳးတိုးက်ဲတဲပဲ ရွိတဲ့ ေတာင္ တစ္ေတာင္ ကို ေရာက္လာပါေတာ့တယ္။ သူတို႕ေတြ မ်ိဳးႏြယ္စု ေက်းရြာေလး တစ္ရြာကို အေ၀းကေန လွမ္းျမင္လိုက္ပါတယ္။


“ရပ္..”
နင္ ေအာ္ေျပာလိုက္ပါတယ္။


“သခင္ေလး..”
ေဆာင္းဦးသစ္ရြက္ေလး မ်က္ႏွာလည္း စိတ္ပူျပီးေတာ့ နီရဲေနပါတယ္။


“အဲ့ကို သြားၾကရေအာင္။”
နင္က အေ၀းမွာ ေတြ႕ရတဲ့ သားေမြး ၀တ္ထားျပီး ပုဆိန္ကိုင္ သစ္ခုတ္ေနတဲ့ လူတစ္စုကို ညႊန္ျပလိုက္ပါတယ္။ သူတို႕ေတြ ထင္းေခြေနပံုရပါတယ္။
“သူတို႕ေတြက Blacktooth မ်ိဳးႏြယ္စုက ရြာသားေတြ ျဖစ္မယ္။ သူတို႕ကို ေမးလိုက္ရင္ ငါတို႕ အေျဖသိမွာပဲ။”
နင္ သူ႕စီးေတာ္သတၱ၀ါၾကီးကို စီးျပီးထြက္သြားေတာ့ မို၀ူနဲ႕ ေဆာင္းဦးသစ္ရြက္ေလးတို႕လည္း လိုက္သြားၾကပါေတာ့တယ္။


မၾကာခင္မွာပဲ…
နင္ဟာ သားေမြး၀တ္ သစ္ခုတ္သမားေတြ ေရွ႕ကို ေရာက္သြားပါတယ္။ ဒီလူေတြက သူတို႕ရဲ့ ဓားေတြ လံွေတြကို အသင့္ျပင္ထားျပီးေတာ့ နင္တို႕ ခ်ည္းကပ္လာတာကို ၾကည့္ေနၾကပါတယ္။


“ငါမင္းတို႕ကို ေမးခြန္းေမးခ်င္လို႕”
နင္က ဂ်ိဆိုတဲ့ စကားလံုးပါတဲ့ တံဆိပ္ေတာ္ကို ထုတ္ျပလိုက္ပါတယ္။


“ဂ်ိကလန္…”
ရြာသားေတြ အကုန္လံုး ထိတ္လန္႕သြားပါတယ္။


“မင္းတို႕ရြာမွာ ေႏြဦးျမက္ကေလးဆိုတဲ့ ေကာင္မေလး ရွိသလား။ သူမက မင္းတို႕ ရြာသူၾကီးရဲ့ သမီးပဲ။”
နင္ ေဟာက္ေမးလိုက္ပါတယ္။


“ရြာသူၾကီး သမီး… ”
မ်က္စိတစ္ဖက္နဲ႕ လူက ျမန္ျမန္ထြက္ေျပာလိုက္ပါတယ္။
“ကၽြန္ေတာ္တို႕ Blacktooth ေက်းရြာမွာ ေႏြဦးျမက္ကေလးလို႕ ေခၚတဲ့သူ တစ္ေယာက္မွ မရွိပါဘူး။ ကၽြန္ေတာ္တို႕ ရြာသူၾကီး သမီးေလး နာမည္က မီ၀ွား ပါ။”


နင္ ရုတ္တရက္ တုန္႕ဆိုင္းသြားပါတယ္။
“ဟုတ္တယ္။ သူမ နာမည္က မီ၀ွားပဲ။ သူမ အသက္ရွင္ေနေသးလား။”


“မီ၀ွား ေသဆံုးသြားပါျပီ။”
ရြာသားအားလံုး ေျပာလိုက္ပါတယ္။


နင္မ်က္ႏွာ အမူအရာ အမ်ားၾကီး ေျပာင္းလဲသြားပါတယ္။
ေဆာင္းဦးသစ္ရြက္ေလးလည္း မ်က္ႏွာ ျဖဴေလ်ာ္သြားခဲ့ပါတယ္။ သူမ ယို္င္သြားျပီးေတာ့ သူမစီးေတာ္ သတၱ၀ါၾကီးအေပၚကေန ပံုလ်က္လဲက်သြားပါေတာ့တယ္။ မို၀ူက သူ႕ သတၱ၀ါၾကီးေပၚကေန ခုန္ခ်လိုက္ျပီးေတာ့ ေဆာင္းဦးသစ္ရြက္ေလးကို ဖမး္ထားလိုက္ပါတယ္။ ေဆာင္းဦးသစ္ရြက္ေလး မ်က္ႏွာ လံုး၀ အေရာင္ မရွိ ျဖဴေလ်ာ္ေနပါတယ္။ မ်က္ရည္ေတြက ထိန္းမႏိုင္ေအာင္ က်လာပါတယ္။


“သူမ ဘယ္လို ေသသြားတာလည္း။ Serpentwing က သူမကို သတ္သြားတာလား။”
နင္ေအာ္လိုက္ပါတယ္။


“Serpentwing က ကၽြန္ေတာ္တို႕ ရြာသားေတြ အမ်ားၾကီးကို သတ္ခဲ့တယ္။ ရြာသူၾကီးရဲ့ သားတစ္ေယာက္ေတာင္ ေသသြားခဲ့တယ္။”
မ်က္စိ တစ္ဖက္တည္း ရွိတဲ့ ရြာသားက ဆက္ေျပာျပန္တယ္။
“ကၽြန္ေတာ္တို႕ ရြာသားေတြ ေသဆံုးၾကတာ အမ်ားၾကီးပါ။ တစ္ခ်ိဳ႕ကေတာ့ ေက်ာက္တံုး အစအန ေတြ ထိမွန္ျပီး ေနရာတင္ ေသသြားၾကတယ္။ တခ်ိဳ႕က ေတာ့ ေရခဲတုံုး ျဖစ္သြားၾကတယ္။ တခ်ိဳ႕ မေသတဲ့သူေတြလည္း ဒဏ္ရာ အၾကီးအက်ယ္ ရသြားၾကတယ္။ ဒဏ္ရာရတဲ့ သူေတြဟာ ေနာက္ပို္င္း ဖ်ားနာျပီးေတာ့ ေသဆံုးသြားၾကပါတယ္။ ရြာသားေတြက ဒီလို ေသဆံုးသြားၾကပါတယ္။ မီ၀ွားကေတာ့ ေနာက္ပိုင္းမွ ဖ်ားနာျပီး ေသဆံုးသြားရတာပါ။”


“ေႏြဦးျမက္ကေလး…”
ေဆာင္းဦး သစ္ရြက္ေလး ၀မ္းနည္းစြာ ငို ေၾကြးလိုက္ပါတယ္။


နင္ရဲ့မ်က္ႏွာဟာ အခုဆို ေၾကာက္မက္ဖြယ္ ျဖစ္ေနပါတယ္။ သူ႕စိတ္က ထုတ္လႊတ္လိုက္တဲ့ စိတ္လိႈင္းေတြဟာ အနီးက သစ္ပင္ေတြအကုန္လံုးကို ယိမ္းႏြဲ႕တုန္ခါသြားေစပါတယ္။


“Serpentwing”
နင္ အံကို တင္းတင္းၾကိတ္ျပီးေတာ့ ျမည္ေၾကြးလိုက္ပါတယ္။
“ငါ ဂ်ိနင္… မင္းကို ေသေအာင္ သတ္ဖို႕ သစၥာ ဆိုပါတယ္။ ငါမင္းကို မရရေအာင္ ရွာျပီးေတာ့ သတ္မယ္။”






Chapter 7 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>
Chapter 8 ေႏြဦးသစ္ရြက္ကေလး…




Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…



Unicode



ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 3

Chapter 7 Blacktooth မျိုးနွယ်စု




အထီးကျန် မြက်ခင်းလွင်ပြင်ပေါ်မှာတော့ အနက်ရောင် သတ္တဝါကြီး ၃ကောင်ဟာ ဒုန်းစိုင်း ပြေးနေကြပါတယ်။ နင် နဲ့ အဖွဲ့သားတွေ အကုန်လုံးဟာ မျက်နှာမှာ ပျော်ရွှင်တဲ့ အမူအရာတွေ ပေါ်နေပါတယ်။ သူတို့တွေအခု အရှေ့ပိုင်းတောင် နွံတောကနေ အိမ်ကိုပြန်လာတဲ့ အပြန်လမ်းမှာပါ။ အနောက်ပိုင်း မြို့တော်နဲ့ တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။




“သခင်လေး”

ဆောင်းဦးသစ်ရွက်လေး အော်ခေါ်လိုက်ပါတယ်။




“အင်း..”

နင် သူမကို လှည့်ကြည့်လိုက်ပါတယ်။




ဆောင်းဦးသစ်ရွက်လေး မြန်မြန်ပြောလိုက်ပါတယ်။

“ကျွန်မတို့တွေ Serpentwing ရေကန်ကို သွားတဲ့လမ်းမှာ နွေဦးမြက်ပင်လေးရဲ့ Blacktooth မျိုးနွယ်စု နေရာကို ဖြတ်သွားရလိမ့်မယ်။ သူ့ဆီကို ဝင်လည်ကြရင် မကောင်းဘူးလား။ ကျွန်မလည်း သူနဲ့ မတွေ့ရတာ တော်တော်ကြာနေပြီ ဆိုတော့ တော်တော် သတိရနေမိတယ်။”




“နွေဦးမြက်ကလေး…”

နင်တချက်တွေဝေသွားခဲ့တယ်။ သူ့နှလုံးသားမှာလည်း သတိရမှုတွေ လျှံကျလာပါတယ်။ ဆောင်းဦးသစ်ရွက်လေး နဲ့ နွေဦးမြက်ကလေး ၂ယောက်လုံးက သူနဲ့ ငယ်ငယ်လေးထဲက အတူတူ ကြီးပြင်းခဲ့ကြတာလေ။ သူတို့တွေက သူ့ရဲ့ အမရင်းချာတွေလိုပါပဲ။ သူမနဲ့ မခွဲ ခွာချင်ပေမဲ့ နင်ဟာ နွေဦးမြက်ကလေး ဝမ်းနည်းနေရမှာကို မမြင်ချင်ခဲ့ပါဘူး။ ဒါကြောင့် သူမ အဖေနဲ့ လိုက်သွားဖို့ကို ခွင့်ပြုခဲ့တာပါ။ အခု နွေဦးသစ်ရွက်လေး အကြောင်းကြားရတော့ နင် စိတ်လှုပ်ရှားသွားရပါတယ်။ 




“ကောင်းသားပဲ။ သွားဝင်လည်ကြရအောင်လေ။”




“ကျေးဇူးတင်ပါတယ် သခင်လေးရှင့်..”

ဆောင်းဦးသစ်ရွက်လေး အရိုအသေပေးပြီး ပြောလိုက်ပါတယ်။




“ငါလည်း သွားလည်ချင်နေလို့ပါ။”

နင် ပြောပြီးတာနဲ့ သူ့ရဲ့ အနက်ရောင် စီးတော် သတ္တဝါကြီးကို တစ်ချက် ပုတ်လိုက်ပြီးတော့ ဦးတည်ချက်ပြောင်းလိုက်ပါတယ်။




သူတို့တွေ Blacktooth မျိုးနွယ်စုကို Serpentwing ရေကန် သွားနေတဲ့ လမ်းကြောင်းကနေ ဦးတည်ချက်ပြောင်းပြီး လမ်းကြုံ ဝင်သွားလိုက်ပေမဲ့ သူတို့ သွားတဲ့ နေရာနဲ့ တော့ တော်တော်ကို ဝေးနေပါသေးတယ်။




……




တောင်နံရံက လှိုဏ်ဂူဝန်းကျင်မှာသစ်သား ခြံစည်းရိုးတွေ ကာရံထားပါတယ်။ ချပ်ဝတ်တန်ဆာတွေကို လှုဏ်ဂူဝမှာ လှမ်းထားပြီးတော့ သားမွေးရှည်ရှည်နဲ့ စီးတော် သတ္တဝါကြီးတွေကို လည်း သစ်ပင်ရင်းမှာ ကြိုးချည်ပြီး ထားထားပါတယ်။ တချို့ ကိုယ်ခန္ဓာ အလွန်ကြံ့ခိုင်တဲ့ လူကြီးတွေက မီးပုံ ဘေးမှာ စကားပြော စုထိုင်နေကြပြီးတော့ အသားတွေကိုလည်း ကင်နေကြပါတယ်။




ဂူပေါက်ဝမှာတော့ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် စစ်သူရဲ ၁၀ယောက်လောက် စောင့်ကြပ်နေပါတယ်။




“တစ်ယောက်ယောက် လာနေပြီ။”

အစောင့်တစ်ယောက်က အော်ပြောလိုက်ပါတယ်။ ဒါနဲ့ စားသောက်နေကြတဲ့ လူတွေအကုန်လုံး လှည့်ကြည့်လိုက်ကြပါတယ်။ မီးပုံဘေးမှာ အစာစားနေတဲ့ အပေါ်ပိုင်း ဗလာကျင်းနေတဲ့ လူသန်ကြီးတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ထကြည့်လိုက်ပါတယ်။




လူ သဏ္ဍာန် ၃ယောက်ဟာ တောအုပ်ထဲကနေ အလွန်မြန်ဆန်စွာနဲ့ ထွက်ပေါ်လာပါတယ်။ အနက်ရောင် သတ္တဝါကြီးတွေကို စီးထားမှန်းတွေ့လိုက်တော့ သူတို့တွေအကုန် စိတ်သက်သာရာ ရသွားကြပါတယ်။




ဗလာကျင်းနေတဲ့ လူသန်ကြီး မျက်နှာ အမူအရာ ပြောင်းသွားပြီးတော့ အော်ပြောလိုက်ပါတယ်။

“သခင်လေး ရောက်လာပြီဟေ့။ မင်းတို့တွေ ဘာလို့ ထွက်ပြီး အရိုအသေ မပြုကြတာလည်း။ မြန်မြန် ထလာကြဟ။”

သူပြောပြီးတာနဲ့ အပေါက်ဝကို ပြေးပြီးတော့ ဒူးထောက်ကြိုဆိုလိုက်ပါတယ်။

“သခင်လေး..”




ကျန်တဲ့ ချပ်ဝတ်တန်ဆာဝတ်လူတွေလည်း အကုန်လုံး ဒူထောက်ပြီးတော့ ဟစ်ကြွေးလိုက်ကြပါတယ်။

“သခင်လေး..”







“ထကြတော့.”

နင်က အနက်ရောင် သတ္တဝါကြီးပေါ်ကနေ ခုန်ဆင်းပြီးတော့ စစ်သူရဲ ခေါင်းဆောင်ကို ပြုံးပြီး စကားပြောလိုက်ပါတယ်။

“မင်း ငါ့ကို အရင်က တွေ့ဖူးလို့လား။”

နင်က သူ့ရဲ့ တံဆိပ်တော်ကို ထုတ်ပြဖို့ ပြင်လာတာပါ။




“ကျွန်တော်မျိုး ဝူဟန်က အရင်တုန်းက ကံကောင်းခဲ့ပါတယ်။”

သူရဲကောင်း သဏ္ဍာန် အပြည့်နဲ့ ဝူဟန်ကတော့ မျက်နှာမှာ အမာရွတ်တွေ ရှိနေပြီး သူ့ခန္ဓာကိုယ်ဟာ တည်ဆောက်ထားမှုဟာ အင်မတန် တောင့်တင်း သန်မာပါတယ်။

“သခင်လေး အရင်တုန်းက နိုင်းဖန် စစ်သူရဲတွေနဲ့ လက်ရုံးရည် ယှဉ်ကစားတုန်းက ကျွန်တော်မျိုးလည်း တစ်ယောက် အပါအဝင်ပါပဲ။ ဒါကြောင့် သခင်လေးကိုတွေ့တွေ့ချင်း ကျွန်တော် မှတ်မိတာပါ။ သခင်လေး အနောက်ကတော့ မိန်းမပျိုလေး ဆောင်းဦးသစ်ရွက် ဖြစ်လိမ့်မယ်ထင်တယ်။ သခင်လေးရဲ့ အခြွေအရံတဖြစ်လဲ ကိုယ်ရံတော်ပေါ့။ ကျွန်တော်မျိုး သူမကိုလည်း မှတ်မိပါတယ်။ ”




နင် ရယ်မောလိုက်ပါတယ်။




ဒါ ကြောင့်ကိုး.. အရင်တုန်းက သူ မကြာခဏ နိုင်းဖန် စစ်သူရဲတွေနဲ့ လက်ရုံးရည်ချင်း ယှဉ်လေ့ရှိတယ်လေ။ နိုင်းဖန် စစ်သူရဲ အများအပြားနဲ့ အနက်ရောင် မြင်းစီးသူရဲ အများကြီးနဲ့ သူ ယှဉ်ပြိုင် ကြည့်ခဲ့ဖူးတယ်။ ဒါကြောင့် သူ အပြင်မှာ တစ်ယောက်ယောက်နဲ့ ပြန်ဆုံတာ သိပ်တော့ မထူးဆန်းပါဘူး။




“ငါမင်းကို တခုမေးချင်လို့။ Serpentwing ရေကန် နဲ့ ပတ်သက်တယ်။ လာ အတွင်းမှာ ပြောကြတာပေါ့။”




“ဟုတ်ကဲ့ သခင်လေး။ သခင်လေး ကျွန်တော်မျိုး နဲ့ လိုက်ခဲ့လိုက်ပါ ခင်ဗျာ။”




ဝူဟန်က နင်တို့ကို အရမ်းကျယ်ဝန်းတဲ့ ကျောက်တုံးခန်းမထဲ လမ်းပြခေါ်သွားပါတယ်။

“သိပ်မကြာခင်တုန်းက Serpentwing သောင်းကျန်းခဲ့တဲ့ ဒေသက ကျွန်တော်မျိုးတို့နဲ့ သိပ်မဝေးခဲ့ဘူး။ ဒါကြောင့် ကျွန်တော်မျိုးတို့လည်း နည်းနည်း ထိခိုက်ခဲ့ပါတယ်။”




အနက်ရောင် စစ်သူရဲ တစ်ယောက် သစ်သီးဗန်း လာချပေးလိုက်ပါတယ်။ နင်က သစ်သီး တစ်လုံးကို ကိုက်စားလိုက်ပြီးတော့

“သူ မင်းနေရာကို ရောက်လာသေးလား။”




“မရောက်လာခဲ့ပါဘူးသခင်လေး။ သူသာ ရောက်လာရက် ကျွန်တော်တို့အကုန် အသက်ပျောက်နေလောက်ပြီ။ ဒါပေမဲ့ အဲ့တုန်းက ကျွန်တော်တို့တွေ တော်တော်ကို ခြောက်ခြားခဲ့ကြရတယ်။ Serpentwing ကို ကျွန်တော်တို့ အနက်ရောင် မြင်းစီးသူရဲတွေ ဘယလိုလုပ် ရင်ဆိုင်နိုင်မှာလည်း။ ကျွန်တော်မျိုးတို့တွေ ကပ်ဘေးက လွတ်သွားခဲ့ပေမဲ့ မျိုးနွယ်စုရွာလေးတွေ တော်တော်များများ ကပ်ဘေးကို ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့တွေ ရင်ဆိုင်ခဲ့ရတဲ့အဖြစ်ကို ဘဝပျက်သွားခဲ့တယ်ဆိုတဲ့ စကားလုံးလေး တစ်လုံးနဲ့ပဲ ပြောပြလို့ ရပါလိမ့်မယ်။ အဲ့ဒိ အချိန်က ကျွန်တော်တို့တွေ အကုန်လုံး Serpentwing ကို ဂျိကလန်က သတ်ပစ်နိုင်ပါစေလို့ ဆုတောင်းခဲ့ကြပေမဲ့… ဖြစ်ချင်တော့လည်း..”




နင်ခေါင်းညိတ်ပြလိုက်ပါတယ်။

နောက်ဆုံးတော့ အဆိပ်တောင်ကြားက ဝင်ရောက်လာခဲ့ပြီးတော့ ဂျိကလန်နဲက ညှိနှိုင်းခဲ့ပါတယ်။ အဖြေကတော့ Serpentwing ကြီးကို ရေကန်ကနေ နှစ်တရာအတွင်း ထွက်ခွာခွင့် ပိတ်ပင်လိုက်တာပါပဲ။




“Sepemtwing က သူ့ရေကန်မှာ တချိန်လုံး ရှိနေတာလား။ သူက ရေကန်ရဲ့ အောက်ခြေမှာလား ဒါမှမဟုတ် ရေကန်ရဲ့ ဗဟိုက ကျွန်းပေါ်မှာလား။”

နင်မေးလိုက်တာပါ။




“ရေကန်ရဲ့ အနက်ရှိုင်းဆုံး ကြမ်းပြင်မှာပါ။ သူဘယ်လိုလုပ် ကျွန်းပေါ်မှာ နေရဲမှာလည်း။ သူက ကျွန်တော်တို့ ဂျိကလန် သူ့ကို တခုခု လုပ်မှာ စိုးရိမ်နေတာ။”




“ရေအောက်ကြမ်းပြင်မှာ”

နင် တွေးတောလိုက်ပါတယ်။




ကြည့်ရတာ သူ Sepemtwingကို လွယ်လွယ်နဲ့ သတ်လို့ မဖြစ်နိုင်တော့ဘူး။




နင် မေးလိုက်ပါတယ်။

“ဝူဟန်.. မင်း Blacktooth မျိုးနွယ်စု ကျေးရွာကို သိလား။”




ဝူဟန်ခေါင်းညိတ်လိုက်ပါတယ်။

“Blacktooth ကျေးရွာ.. ကျွန်တော် သိတယ်။ ကျွန်တော်မျိုး သိပါတယ်။ Blacktooth မျိုးနွယ်စု ခေါင်းဆောင်က တော်တော်ကို ထက်မြက်တယ်။ သူက ရွာသစ်တစ်ခုကို တည်ထောင်လိုက်တာလေ။ သာမာန် လူတစ်ယောက် ရွာတစ်ရွာကို ဘယ်လိုလုပ် တည်ထောင်နိုင်မှာလည်း။ ကံမကောင်းချင်တော့ Serpentwing ကပ်ဘေးဆိုက်ခဲ့တဲ့ ရွာတွေထဲမှာ Blacktooth ကျေးရွာလည်း တစ်ရွာ အပါအဝင် ဖြစ်နေတာပဲ။”




“ဘာ…”

နင် မျက်နှာ လုံးဝပျက်သွားပါတယ်။ သူ့နှလုံးသားတွေ ကြေမွသွားသလိုပါပဲ။




ဖြစ်နိုင်တာ…

သူ သိသလောက်ကတော့ Serpentwing သူ့ကို လာမသတ်ခင်မှာ အနီးအနားက ရွာငယ်လေးတွေကို ဖျက်ဆီးခဲ့တယ်လေ။ ရွာလေးတွေက တစ်ယောက်မကျန် သေကုန်ကြတယ်။ ရွာသားတွေရဲ့ အလောင်းကို စစ်ဆေးလိုက်တဲ့အခါ Serpentwing တိုက်ခိုက်မှုကြောင့် သေဆုံးသွားတာလို့ ကောက်ချက်ချလို့ ရခဲ့တယ်။




“Blacktooth မျိုးနွယ်စု ရှိနေသေးရဲ့လား..”

နင် အသည်းအသန် မေးလိုက်ပါတယ်။




ဝူဟန်ခေါင်းညိတ်လိုက်ပါတယ်။

“ရှိနေပါသေးတယ် သခင်လေး။ ဒီတစ်ကြိမ် Serpentwing ကပ်ဘေးက သူက နေရာတိုင်းမှာ ဒုက္ခ လိုက်ပေးတာပဲ။ သူ မျိုးနွယ်စုလေးတွေ သွားခဲ့ပြီးတော့ လူတွေကို သေကြေစေခဲ့တယ်။ ဒါပေမဲ့ ရွာလုံးကျွတ် မသတ်ဖြတ်ခဲ့ပါဘူး။ တစ်ရွာလုံး တစ်ယောက်မကျန် သတ်ပြီး ဖျက်ဆီးဖို့ဆိုရင် အချိန် လိုအပ်ပြီးတော့ ဒီအချိန်မှာ ကျွန်တော်တို့ ဂျိကလန်က ဇင်တျန် တန်ခိုးရှင်တွေက သူ့ဆီကို ရောက်လာလိမ့်မယ်။ Blacktooth မျိုးနွယ်စုက ရွာလုံးကျွတ် မသေသွားပေမဲ့ ရွာသားတစ်ဝက်ကျော်လောက်တော့ သေဆုံးသွားခဲ့ရတယ်။ အရမ်းကို ခြောက်ခြားဖို့ ကောင်းတဲ့ အဖြစ်အပျက်တွေပါပဲ သခင်လေးရယ်။”




“တဝက်ကျော်…”

နင် နှလုံးသား နာကျင်သွားရပါတယ်။




“မင်း နွေဦးမြက်ကလေးကို သိသလား။ ငါ့ရဲ့ အခြွေအရံ ကောင်မလေးလေ။ သူအသက်ရှင်ကျန်ရစ်ခဲ့လား။”

နင် မြန်မြန် မေးခွန်းမေးလိုက်ပါတယ်။




“နွေဦးမြက်ကလေး?”

ဝူဟန် ရေရွတ်လိုက်ပါတယ်။

“ကျွန်တော်မျိုး နွေဦး မြက်ကလေးကို သိတယ်လေ။ သခင်လေးမှာ မိန်းကလေး အခြွေအရံ ၂ယောက်ရှိတာ။ နွေဦးမြက်ကလေးက သခင်လေး အပါး မရှိတော့ဘူးလား။”




နင် နွေဦးမြက်ကလေးကို လွတ်လပ်ခွင့်ပေးလိုက်တာကို သိတဲ့သူ အတော်နည်းပါတယ်။




“မဟုတ်ပါဘူး။ ငါက သူမကို လွတ်လပ်ခွင့်ပေးလိုက်တာပါ။ သူမက Blacktooth မျိုးနွယ်စု ရွာ သူကြီးရဲ့ သမီးပေါ့။”




ဝူဟန် ခေါင်းညိတ်လိုက်ပါတယ်။

“ကျွန်တော်မျိုး ဒီကိစ္စကို မသိလိုက်ပါဘူး။ Blacktooth နဲ့ ကျွန်တေ်မျိုး တွေ့ပေမဲ့ သူ့သမီးအကြောင်း မကြားမိခဲ့ဘူး။”




နင် အသက်ပြင်းပြင်း ရှူလိုက်မိပါတယ်။




စိတ်ပူမှု..




အလေးထားမှု..




Blacktooth ကျေးရွာသားတွေ တစ်ဝက်ကျော် သေဆုံးသွားခဲ့ရတယ်။ လူအများကြီး သေခဲ့တာ။ နွေဦးမြက်ပင်လေးလည်း တစ်ယောက်အပါအဝင် ဖြစ်နိုင်တယ်။




“သူမ အသက်ရှင် ကျန်ရစ်မှာပါ။ သူမ ကောင်းကောင်းမွန်မွန်ကို ရှိနေမှာပါ။”

နင် အံကြိတ်ပြီးတော့ အခန်းထဲကနေ ချက်ခြင်း ထွက်ခွာသွားပါတော့တယ်။




အပြင်မှာတေ့ာ ဆောင်းဦးသစ်ရွက် ကလေး နဲ့ မိုဝူတို့တွေ အနက်ရောင်စစ်သူရဲတွေနဲ့ ဝိုင်းဖွဲ့ပြီးတော့ အသားကင် စားသောက်နေကြပါတယ်။




“သခင်လေး”

ဆောင်းဦးသစ်ရွက်လေးနဲ့ မိုဝူတို့ လှည့်ကြည့်လိုက်ကြတယ်။




နင်က “သွားကြစို့” လို့ အော်ပြောလိုက်ပါတယ်။




ဆောင်းဦးသစ်ရွက်လေးနဲ့ မိုဝူတို့ ၂ယောက်လုံး နားမလည်နိုင်ဖြစ်နေကြပါတယ်။ သူတို့ဘာလို့ မြန်မြန် ထွက်ခွာကြရတာလည်း။ သူတို့တွေ မေးလည်းမမေးရဲကြပါဘူး။ ကင်ထားတဲ့ အသားကင်တွေကိုတောင်မှ မစားနိုင်တော့ပဲ အနက်ရောင် စီးတော်သတ္တဝါကြီးဆီ မြန်မြန် ပြေးတက်သွားကြရပါတယ်။




“Blacktooth မျိုးနွယ်စုကို သွားကြမယ်ဟေ့”

နင်မျက်နှာဟာ ညှိုးနေပါတယ်။

အနက်ရောင် စီးတော် သတ္တဝါကြီးကို ခြေနဲ့ ကန်လိုက်ပြီးတော့ ဒုန်းစိုင်း စီးထွက်သွားပါတယ်။




အနက်ရောင် စီးတော် သတ္တဝါကြီး ၃ကောင်ဟာ အဝေးကတောအုပ်ထဲ ဝင်ရောက် ပျောက်ကွယ်သွားပါပြီ။




“ကက်ပတိန် ဘာဖြစ်ကြတာလည်း။”

တခြား အနက်ရောင် မြင်းစီး စစ်သူရဲတွေလည်း နားမလည်နိုင် ဖြစ်နေကြပါတယ်။ ဝူဟန်ကတော့ အခန်း အပြင်ကို ထွက်လာပြီး အဝေးကို မျက်မှောင် ကြုတ်ကြည့်နေမိပါတယ်။

“နွေဦး မြက်ကလေး…Blacktooth မျိုးနွယ်ခေါင်းဆောင်ရဲ့ သမီးလေး…”




…….




နင်ရဲ့ နှလုံးသားမှာ ပူပန်မှုတွေ တောက်လောင်နေပါတယ်။ နွေဦးမြက်ကလေး နဲ့ ဆောင်းဦး သစ်ရွက်လေးတို့ ၂ယောက်လုံးဟာ သူ့ရဲ့ အခြွေအရံတွေဆိုပေမဲ့ အမအရင်းသဖွယ်ပါပဲ။ သူငယ်ငယ်တုန်းက စာအုပ်လေးတွေကို ထောက်ပြီးတော့ မေးခွန်းတွေ လျှောက်မေးခဲ့တာကို သတိရနေမိတယ်။ အဲ့ဒီ အချိန်က နွေဦးမြက်ကလေး နဲ့ ဆောင်းဦး သစ်ရွက်လေးတို့ ၂ယောက်လုံး သူမတို့ရဲ့ သခင်လေးရဲ့ ညှင်းပန်းမှုကို ခံရပေမဲသူ့စကားကို အမြဲ နားထောင်ခဲ့ပါတယ်။




“မဖြစ်နိုင်ဘူး..”




“သူမသေသွားတာ မဖြစ်နိုင်ဘူး…”

နင် အလွန့်အလွန်ကို စိတ်ပူနေမိပါတယ်။




“သခင်လေး”

ဆော်းဦးသစ်ရွက်လေး စိတ်ပူနေမိပါတယ်။

“ဘာများဖြစ်လို့လည်း။”

သူမသခင်လေးရဲ့ မျက်နှာ တော်တေ်ာ ပျက်နေတာ တွေ့ရပါတယ်။ ဒီလိုမျိုး သခင်လေး အသည်းအသန် ဖြစ်နေတာကို သူမ မြင်ရခဲပါတယ်။




နင်အော်ပြောလိုက်ပါတယ်။

“Blacktooth မျိုးနွယ်စုက Serpentwing တိုက်ခိုက်မှုကို ခံရပြီးတော့ ရွာသားတစ်ဝက်ကျော် သေသွားခဲ့တယ်။”




“အာ့… ဒါဆို နွေဦးမြက်ကလေး…”

ဆောင်းဦးသစ်ရွက်လေး ထိတ်လန့်သွားပါတယ်။




“ငါတို့တွေ အဲ့ဒီကို ရောက်ရင် အဖြေသိရလိမ့်မယ်”

နင် အေးစက်စက် ပြန်ဖြေလိုက်ပါတယ်။




ဝှစ်…ဝှစ်…ဝှစ်




အနက်ရောင် စီးတော် သတ္တဝါကြီး ၃ကောင် အလွန်လျင်မြန်စွာ ပြေးနေပါတယ်။ နေဝင်ခါနီး အချိန်မှာတော့ သူတို့ဟာ သစ်ပင် ကျိုးတိုးကျဲတဲပဲ ရှိတဲ့ တောင် တစ်တောင် ကို ရောက်လာပါတော့တယ်။ သူတို့တွေ မျိုးနွယ်စု ကျေးရွာလေး တစ်ရွာကို အဝေးကနေ လှမ်းမြင်လိုက်ပါတယ်။




“ရပ်..”

နင် အော်ပြောလိုက်ပါတယ်။




“သခင်လေး..”

ဆောင်းဦးသစ်ရွက်လေး မျက်နှာလည်း စိတ်ပူပြီးတော့ နီရဲနေပါတယ်။




“အဲ့ကို သွားကြရအောင်။”

နင်က အဝေးမှာ တွေ့ရတဲ့ သားမွေး ဝတ်ထားပြီး ပုဆိန်ကိုင် သစ်ခုတ်နေတဲ့ လူတစ်စုကို ညွှန်ပြလိုက်ပါတယ်။ သူတို့တွေ ထင်းခွေနေပုံရပါတယ်။

“သူတို့တွေက Blacktooth မျိုးနွယ်စုက ရွာသားတွေ ဖြစ်မယ်။ သူတို့ကို မေးလိုက်ရင် ငါတို့ အဖြေသိမှာပဲ။”

နင် သူ့စီးတော်သတ္တဝါကြီးကို စီးပြီးထွက်သွားတော့ မိုဝူနဲ့ ဆောင်းဦးသစ်ရွက်လေးတို့လည်း လိုက်သွားကြပါတော့တယ်။




မကြာခင်မှာပဲ…

နင်ဟာ သားမွေးဝတ် သစ်ခုတ်သမားတွေ ရှေ့ကို ရောက်သွားပါတယ်။ ဒီလူတွေက သူတို့ရဲ့ ဓားတွေ လံှတွေကို အသင့်ပြင်ထားပြီးတော့ နင်တို့ ချည်းကပ်လာတာကို ကြည့်နေကြပါတယ်။




“ငါမင်းတို့ကို မေးခွန်းမေးချင်လို့”

နင်က ဂျိဆိုတဲ့ စကားလုံးပါတဲ့ တံဆိပ်တော်ကို ထုတ်ပြလိုက်ပါတယ်။




“ဂျိကလန်…”

ရွာသားတွေ အကုန်လုံး ထိတ်လန့်သွားပါတယ်။




“မင်းတို့ရွာမှာ နွေဦးမြက်ကလေးဆိုတဲ့ ကောင်မလေး ရှိသလား။ သူမက မင်းတို့ ရွာသူကြီးရဲ့ သမီးပဲ။”

နင် ဟောက်မေးလိုက်ပါတယ်။




“ရွာသူကြီး သမီး… ”

မျက်စိတစ်ဖက်နဲ့ လူက မြန်မြန်ထွက်ပြောလိုက်ပါတယ်။

“ကျွန်တော်တို့ Blacktooth ကျေးရွာမှာ နွေဦးမြက်ကလေးလို့ ခေါ်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်တို့ ရွာသူကြီး သမီးလေး နာမည်က မီဝှား ပါ။”




နင် ရုတ်တရက် တုန့်ဆိုင်းသွားပါတယ်။

“ဟုတ်တယ်။ သူမ နာမည်က မီဝှားပဲ။ သူမ အသက်ရှင်နေသေးလား။”




“မီဝှား သေဆုံးသွားပါပြီ။”

ရွာသားအားလုံး ပြောလိုက်ပါတယ်။




နင်မျက်နှာ အမူအရာ အများကြီး ပြောင်းလဲသွားပါတယ်။

ဆောင်းဦးသစ်ရွက်လေးလည်း မျက်နှာ ဖြူလျော်သွားခဲ့ပါတယ်။ သူမ ယိုင်သွားပြီးတော့ သူမစီးတော် သတ္တဝါကြီးအပေါ်ကနေ ပုံလျက်လဲကျသွားပါတော့တယ်။ မိုဝူက သူ့ သတ္တဝါကြီးပေါ်ကနေ ခုန်ချလိုက်ပြီးတော့ ဆောင်းဦးသစ်ရွက်လေးကို ဖမ်းထားလိုက်ပါတယ်။ ဆောင်းဦးသစ်ရွက်လေး မျက်နှာ လုံး၀ အရောင် မရှိ ဖြူလျော်နေပါတယ်။ မျက်ရည်တွေက ထိန်းမနိုင်အောင် ကျလာပါတယ်။




“သူမ ဘယ်လို သေသွားတာလည်း။ Serpentwing က သူမကို သတ်သွားတာလား။”

နင်အော်လိုက်ပါတယ်။




“Serpentwing က ကျွန်တော်တို့ ရွာသားတွေ အများကြီးကို သတ်ခဲ့တယ်။ ရွာသူကြီးရဲ့ သားတစ်ယောက်တောင် သေသွားခဲ့တယ်။”

မျက်စိ တစ်ဖက်တည်း ရှိတဲ့ ရွာသားက ဆက်ပြောပြန်တယ်။

“ကျွန်တော်တို့ ရွာသားတွေ သေဆုံးကြတာ အများကြီးပါ။ တစ်ချို့ကတော့ ကျောက်တုံး အစအန တွေ ထိမှန်ပြီး နေရာတင် သေသွားကြတယ်။ တချို့က တော့ ရေခဲတုံး ဖြစ်သွားကြတယ်။ တချို့ မသေတဲ့သူတွေလည်း ဒဏ်ရာ အကြီးအကျယ် ရသွားကြတယ်။ ဒဏ်ရာရတဲ့ သူတွေဟာ နောက်ပိုင်း ဖျားနာပြီးတော့ သေဆုံးသွားကြပါတယ်။ ရွာသားတွေက ဒီလို သေဆုံးသွားကြပါတယ်။ မီဝှားကတော့ နောက်ပိုင်းမှ ဖျားနာပြီး သေဆုံးသွားရတာပါ။”




“နွေဦးမြက်ကလေး…”

ဆောင်းဦး သစ်ရွက်လေး ဝမ်းနည်းစွာ ငို ကြွေးလိုက်ပါတယ်။




နင်ရဲ့မျက်နှာဟာ အခုဆို ကြောက်မက်ဖွယ် ဖြစ်နေပါတယ်။ သူ့စိတ်က ထုတ်လွှတ်လိုက်တဲ့ စိတ်လှိုင်းတွေဟာ အနီးက သစ်ပင်တွေအကုန်လုံးကို ယိမ်းနွဲ့တုန်ခါသွားစေပါတယ်။




“Serpentwing”

နင် အံကို တင်းတင်းကြိတ်ပြီးတော့ မြည်ကြွေးလိုက်ပါတယ်။

“ငါ ဂျိနင်… မင်းကို သေအောင် သတ်ဖို့ သစ္စာ ဆိုပါတယ်။ ငါမင်းကို မရရအောင် ရှာပြီးတော့ သတ်မယ်။”










Chapter 7 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>

Chapter 8 နွေဦးသစ်ရွက်ကလေး…







Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…












Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)