ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 2 Chapter 16 (သားေမြး စုေဆာင္းသူ)


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 2
Chapter 16 (သားေမြး စုေဆာင္းသူ)

ေဆာင္းဦးသစ္ရြက္ေလးအတြက္ သူရဲေကာင္းဆန္တဲ့ ေသခ်ာ ခ်ဳပ္ထားတဲ့ သားေမြး ၀တ္စံုကို ၀တ္ဆင္ထားပါတယ္။ သူမဟာ သံမဏိေက်ာက္တံုးေက်းရြာအျပင္ဘက္မွာ ရပ္ေနျပီးေတာ့ အေ၀းကို ေမွ်ာ္ေငးေနပါတယ္။

ေက်းရြာက လူငယ္ေတြဟာ သူမကို ေငးၾကည့္ေနၾကပါတယ္။ သူမဟာ နတ္မိမယ္တမွ် လွပပါတယ္။ သူမ သံမဏိေက်ာက္တုံုးေက်းရြာေရာက္ကတည္းက သူမဟာ ျပိဳင္ဘက္ကင္း လွပသူ တစ္ေယာက္ ျဖစ္လာတာပါ။ ေက်းရြာက ဘယ္မိန္းကေလးမွ သူမရဲ့ အလွတရားကို မယွဥ္ႏိုင္ခဲ့ပါဘူး။

“မိန္းမပ်ိဳေလး ေဆာင္းဦးသစ္ရြက္က သူမ သခင္ေလးကို ေမွ်ာ္ေနတာမလား။ဟုတ္တယ္ဟုတ္။”

“ဟုတ္တယ္ကြ။ ငါဦးေလး ဒယ္လာဆီက ၾကားခဲ့တာ။ သူမရဲ့ သခင္ေလးက အရမ္းကို အစြမ္းထက္တယ္ဆိုပဲ။ သံမဏိ သစ္ပင္ကလန္က အျပာေရာင္ စစ္သူရဲ ရာနဲ႕ခ်ီျပီးေတာ့ကို မ်က္စိတစ္မွိတ္အတြင္း သတ္ခဲ့တယ္ဆိုပဲ။”

“ဒီလုိအစြမ္းထက္တဲ့ သခင္ေလးမ်ိဳးမွသာ မိန္းမပ်ိဳေလး ေဆာင္းဦးသစ္ရြက္နဲ႕ထိုက္တန္မွာ။”

“သူ မိစာၦၾကီးနဲ႕ ရင္ဆိုင္ေတြ႕ခဲ့တာ ေတာ္ေတာ္ သနားဖို႕ေကာင္းတယ္။ မိစာၦၾကီးရဲ့ လက္ေအာက္မွာ သူ အသက္ရွင္ႏိုင္မွာ မဟုတ္ဘူး။ မိစာၦၾကီးေတြက ေဒါသထြက္ရင္ ဧရိယာတစ္ခုလံုးကို ေျပာင္းပစ္လို႕ ရၾကတယ္။ လူအမ်ားၾကီးကို ေရခဲျပီး ေသေအာင္ လုပ္ႏိုင္ၾကတယ္။ ဦးေလးဒယ္လာနဲ႕ တျခားလူေတြက ကံေကာင္းလို႕ လြတ္လာၾကတာ။ တကယ္လို႕ သူမ သခင္ေလး ေသသြားရင္ သူမတစ္ေယာက္ေယာက္ကို လက္ထပ္မွာပဲ။”

ရြာထဲက လူငယ္ေတြက အေ၀းကေန သူမကိုၾကည့္ျပီး တီးတိုး ေျပာဆိုေနၾကတယ္။

သူတို႕အတြက္ေတာ့ ေဆာင္းဦးသစ္ရြက္ေလးက ဒ႑ာရီထဲက နတ္မိမယ္ေလးပါပဲ။ ရြာက တျခားေကာင္မေလးေတြကေတာ့ ေဆာင္းဦးသစ္ရြက္ေလးကို မယွဥ္ႏိုင္ၾကပါဘူး။ ေကာင္းကင္နဲ႕ ေျမၾကီးလိုပါပဲ။

………….

ေဆာင္းဦးသစ္ရြက္ေလးက ေနရာတင္ ရပ္ေနျပီးေတာ့ အေ၀း ေတာအုပ္ကို ဆက္ေမွ်ာ္ေနပါတယ္။

သူမဟာ သူမ ဘ၀ထဲက အေရးအၾကီးဆံုး ေယာက်္ားတစ္ေယာက္ကို ေစာင့္ေနတာပါ။

“ေဆာင္းဦးသစ္ရြက္ေလး…”
ရြာထဲကေန ခႏၶာကိုယ္ အလြန္ ၾကံ့ခိုင္တဲ့ လူတစ္ေယာက္ ထြက္လာပါတယ္။ မို၀ူပါ။
“သြားျပီး အနားယူလိုက္ပါဦး။ သခင္ေလး ျပန္ေရာက္လာရက္ ဂိတ္ကအေစာင့္ေတြ သတင္းေပးပါလိမ့္မယ္။”

“မရဘူး။”
ေဆာင္းဦးသစ္ရြက္ေလး ေခါင္းကို ညင္ညင္သာသာ ခါလိုက္တယ္။

မို၀ူက ေဆာင္းဦးသစ္ရြက္ေလးကို ၾကည့္ျပီးေတာ့ ေဘးနားက သစ္ငုတ္တိုမွာ ထိုင္လိုက္ပါတယ္။ သူ႕မ်က္ႏွာမွာလည္း စိတ္ပူတဲ့ အရိပ္အေရာင္ေတြ ေပၚေနပါတယ္။ ဦးေလဒယ္လာျပန္လာေတာ့ ဂ်ိနင္အေၾကာင္း ေျပာျပပါတယ္။ ဂ်ိနင္က ေရၾကံံ့ဘုရင္ မြန္းစတားၾကီးနဲ႕တိုက္ခိုက္ျပီး က်န္ခဲ့တာပါ။ တိုက္ပြဲ အေျဖကေတာ့ ဘယ္သူမွ မသိၾကပါဘူး။ သူ႕ႏွလံုးသားထဲမွာေတာ့ သခင္ေလး ျပန္လာလိမ့္မယ္ဆိုတာကို ေမွ်ာ္လင့္ေနေပမဲ့ သူ႕ ဦးေနွာက္ထဲမွာေတာ့ သခင္ေလး ကံမေကာင္းျဖစ္ခဲ့ျပီဆိုျပီးေတြးေနမိပါတယ္။

ဘာလို႕လည္းဆိုေတာ့ ဦးေလးဒယ္လာနဲ႕ ရြာသားေတြဟာ ေက်းရြာကို ျပန္လာဖို႕ လမ္းမွာ ၂ရက္ အခ်ိန္ ကုန္ခဲ့လို႕ပါ။

နင္ရဲ့ အျမန္ႏႈန္းနဲ႕ဆိုရင္ သူအသက္ရွင္ခဲ့ရင္ အခုဆို ေက်းရြာကို ျပန္ေရာက္ေနပါျပီ။ သူ႕အျမန္ႏႈန္းနဲ႕ဆို ေန႕တစ္၀က္ပဲၾကာမွာပါ။ ေျပာရရင္ သူက ဦးေလးဒယ္လာတို႕ ျပန္မေရာက္ခင္ ရြာျပန္ေရာက္ေနရမွာပါ။ ဒါေပမဲ့ ဦးေလးဒယ္လာတို႕ ေရာက္တာ ၂ရက္ ရွိျပီျဖစ္ျပီး နင္ကေတာ့ ျပန္ေရာက္မလာေသးပါဘူး။

“သခင္ေလးသာ ေသသြားခဲ့ရင္ ေဆာင္ဦးသစ္ရြက္ေလးနဲ႕ ငါလည္း ေသရမွာပဲ။”
မို၀ူ တိတ္တိတ္ေလး ညည္းေနမိတယ္။

သခင္ေသသြားခဲရင္ ကၽြန္ေတြက ဘယ္လို အသက္ဆက္ရွင္ရမွာလည္း။

ဒီလို ေဒသ တန္ခိုးၾကီး ကလန္တစ္ခုျဖစ္တဲ့ ဂ်ိကလန္ဟာ ဒီလို စည္းမ်ဥ္းေတြမွာ အရမ္းကို တင္းက်ပ္ပါတယ္။

“ဟင္”
မို၀ူ ရုတ္တရက္ မ်က္ေတာက္ခတ္လို္က္ပါတယ္။ အေ၀းမွာေတာ့ အရမ္းကို ရင္းႏွီးကၽြမ္း၀င္တဲ့ သခင္ေလးရဲ့ ပံုသ႑ာန္ကို ေတြ႕လိုက္ရပါတယ္။

“သခင္ေလး…”
ေဆာင္းဦးသစ္ရြက္ေလး ေျပးထြက္သြားပါတယ္။

“သခင္ေလး?”

“ေဆာင္းဦး သစ္ရြက္ မိန္းမပ်ိဳေလး ေျပးထြက္သြားပါလား?”

“ၾကည့္စမ္းပါဦး။ အဲ့ဒီမွာ တေယာက္ေယာက္ လာေနသလိုပဲ။ မိန္းမပ်ိဳေလး ေဆာင္းဦးသစ္ရြက္ ေစာင့္ေနတဲ့ သခင္ေလးမ်ားလား။”

ဂိတ္၀မွာေစာင့္ေနတဲ့ လူငယ္ေတြ တစ္ေယာက္တစ္ေပါက္ ထင္ေၾကး ေပးေနၾကပါတယ္။ တခ်ိဳ႕ကေတာ့ ေက်းရြာထဲကို ေျပးျပီး သတင္းေပးေနၾကပါတယ္။

……….

ေဆာင္းဦးသစ္ရြက္ေလးက သားေမြး၀တ္စံု ၀တ္ထားတဲ့ ျပံဳးျပီးေတာ့ ေလွ်ာက္လာတဲ့ သခင္ေလးကို စိုက္ၾကည့္ေနမိပါတယ္။ လြန္ခဲ့ တဲ့ ၂ရက္တုန္းက သူမ စိုးရမ္စိတ္ေတြ၊ စိတ္ ပူပန္မႈေတြ နဲ႕ အေတြးမ်ိဳးစံု ေတြးမိျပီးေတာ့ မ်က္ရည္က်ခဲ့ရပါတယ္။

“သခင္ေလး….ကၽြန္မ.. ကၽြန္မ….”

“ေဟး.. ငါျပန္လာျပီေလ။”
 နင္ရဲ့ အျမင္အာရံုနဲ႕ သူ ဒါေတြကို အေ၀းကေန သတိျပဳမိပါတယ္။ ရြာထဲကေနျပီးေတာ့ ဦးေလးဒယ္လာနဲ႕ လက္ တစ္ဖက္ ျပတ္လူၾကီး သူ႕ဆီကို ေလွ်ာက္လာေနၾကပါတယ္။ သူ မေအာင့္အီးႏိုင္ေတာ့ပဲ ရယ္ေမာလိုက္မိပါေတာ့တယ္။

“ဟား..ဟား… ဒယ္လာက ေရာက္ႏွင့္ေနျပီကိုး။ သူက ငါ့ ေရၿကံ့ဘုရင္ၾကီးနဲ႕ တိုက္ေနတယ္လို႕ ေျပာခဲ့မယ္ထင္တယ္။ ငါဒီရက္ပိုင္းထဲမွာ ျပန္မလာလို႕ မင္းတို႕ေတြ အရမ္း စိတ္ပူေနၾကတာမလား။”

ေဆာင္းဦးသစ္ရြက္ေလးက မ်က္ရည္ေတြကို အတတ္ႏိုင္ဆံုး သိမ္းလိုုက္ပါတယ္။

“အဲ့တာက ေရၾကံ့ဘုရင္ေလးပါ သခင္ေလးရယ္။ သခင္ေလးအတြက္ ႏႈိင္းယွဥ္ေျပာဖို႕ေတာင္ မထိုက္တန္ပါဘူး။”
နင္ အရမ္းကို ေပ်ာ္ျမဴးေနျပီးေတာ့ သူမကို မ်က္စပစ္ျပလိုက္ပါတယ္။

ေဆာင္းဦး သစ္ရြက္ေလး အသက္ရွဴေတာင္မွားသြားခဲ့ပါတယ္။
“သခင္ေလး မိစာၦၾကီးကို သတ္ပစ္ခဲ့လား။”

“ဟုတ္တာေပါ့”
နင္ေပါ့ေပ့ါပါးပါး ေခါင္းညိတ္လိုက္ပါတယ္။

“၀ိုး… သခင္ေလး မိစာၦၾကီးကို သတ္ခဲ့တယ္။ သခင္ေလး မိစာၦၾကီးကို သတ္ခဲ့တယ္ေဟ့။”
ေဆာင္းဦးသစ္ရြက္ေလး အရမ္းကို စိတ္လႈပ္ရွားေနပါတယ္။
“သခင္ေလးက အသက္ ၁၁ ႏွစ္ပဲ ရွိေသးေပမဲ့ မိစာၦၾကီးကို သတ္ပစ္ႏိုင္ခဲ့ျပီ။ ဒီ ကိစၥဟာ….”
ကိုယ္ရံေတာ္ အေျခြအရံတစ္ေယာ္ကေနနဲ႕ ေဆာင္းဦးသစ္ရြက္ေလး ဘ၀ဟာ နင္ကိုပဲ ဗဟိုျပဳေနရတာပါ။ သူ႕အေပၚမူတည္ျပီး အရာရာေျပာင္းလဲေနတာပါ။ နင္ဟာ သူမအတြက္ အေရးအၾကီးဆံုး မိသားစု၀င္ပါပဲ။ ေဆာင္းဦးသစ္ရြက္ေလးဟာ နင္ မိစာၦၾကီးကို သတ္ပစ္ႏိုင္ခဲ့တာနဲ႕ ပတ္သက္ျပီး စိတ္ရင္းထဲကကို ေပ်ာ္ျမဴးေနပါတယ္။

နင္ အသံတိုးတိုးေလးေျပာလိုက္ပါတယ္။
“ဒီ သတင္းကို မပ်ံံ႕ေစနဲ႕။”

“ဟုတ္ကဲ့ ရွင့္… ဟုတ္ကဲ့…”
ေဆာင္းဦးသစ္ရြက္ေလး ျမန္ျမန္ ေခါင္းညိတ္လိုက္ပါတယ္။

“လာ မက္တယ္စတုန္း ေက်းရြာကို ၀င္ၾကရေအာင္။”
လြန္ခဲ့တဲ့ ၂ရက္က နင္ဟာ ေတာင္ကုန္းကေတာအုပ္မွာ အရင္တိုက္ပြဲေတြကို ျပန္ေလ့လာ သံုးသပ္ေနခဲ့ပါတယ္။ တိုကပြဲမွာ သူလုပ္မိခဲ့တဲ့ အမွားေတြကို ျပန္ျမင္လာမိပါတယ္။ သူဓား ၂လက္ နည္းစနစ္ကို ေသခ်ာ သံုးသပ္ေလ့လာျပီးခဲ့တဲ့အခါမွာေတာ့ သူ ေတာ္ေတာ္တိုးတက္လာခဲ့ပါတယ္။

နင္ဟာ မက္တယ္စတုန္းေက်းရြာကို ေဆာင္းဦးသစ္ရြက္ေလးေရွ႕ ဦးေဆာင္၀င္ခဲ့ပါတယ္။
ဦးေလးဒယ္လာနဲ႕ရြာသားေတြဟာ သူ႕ကို အဲ့ဒီမွာ ေစာင္ၾကိဳေနၾကပါတယ္။ ဆံပင္ျဖဴနဲ႕ အဘိုးအိုတစ္ဦးက ရြာသားေတြကို ဦးေဆာင္ထားပါတယ္။ အဘိုးအိုက ေလးေလးစားစား ေလွ်ာက္လာျပီးေတာ့ ဦးညြတ္ အရိုအေသ ေပးလိုက္ပါတယ္။
“ကၽြန္ေတာ္မ်ိဳး မက္တယ္စတုန္းေက်းရြာက တိုင္စြန္ ရြာသားေတြကို အထပ္ထပ္အခါခါ ကယ္တင္ေပးခဲ့တဲ့အတြက္ သခင္ေလးကို ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္။ ရြာသားေတြ အကုန္လံုးလည္း သခင္ေလးကို အရမ္း ေက်းဇူးတင္ေနၾကပါတယ္။ ကၽြန္ေတာ္တို႕ေတြ သခင္ေလး ျပန္အလာကို ေစာင့္စားေနၾကတာပါ။”

နင္ျပံဳးျပီးေတာ့ ေခါင္းညိတ္လိုက္ပါတယ္။
“ငါ မင္းတို႕ မက္တယ္စတုန္းေက်းရြာမွာ အခ်ိန္အခိုက္အတန္႕ ခဏေနဦးမွာပါ။ ကယ္တင္ခဲ့တာကေတာ့ လမ္းၾကံဳေနလို႕ပါ။ အခုအတြက္ေတာ့ ငါ့ကို အေႏွာင့္အယွက္ေပးတာကို မၾကိဳက္ဘူးေနာ္။”

“နားလည္ပါတယ္ ခင္ဗ်။ နားလည္ပါတယ္ ခင္ဗ်။”
အဘိုးအို ေခါင္းတညိတ္ညိတ္နဲ႕ ေျပာလိုက္တယ္။

“ဒယ္လာ”
နင္ ရွာၾကည့္လိုက္တယ္။

၀က္၀ံတစ္ေကာင္လို အလြန္ကို ၾကံ့ခိုင္တဲ့ ဦးေလးဒယ္လယ ျမန္ျမန္ ေျပးထြက္လာပါတယ္။
“သခင္ေလး ..သခင္ေလး ျပန္လာတာျမင္ေတာ့ ကၽြန္ေတာ္…”

“ရပါတယ္…….”နင္ရယ္ေမာလိုက္တယ္။
“မင္းငါ့ကို အေရွ႕ပိုင္းေတာင္ ႏြံေတာမွာ တစ္လလံုးလံုး ကူညီေပးခဲ့တာ။ ငါမင္းကို မက္တယ္စတုန္းေက်းရြာေရာက္ရက္ ထိုက္ထိုက္တန္တန္ ဆုၾကီးၾကီး ခ်မယ္ေျပာခဲ့ဖူးတယ္။ ဒါကို ယူလိုက္ေတာ့။”
နင္ေျပာေျပာဆိုဆိုနဲ႕ လက္ထဲမွာ ဦးေခါင္းအရြယ္ ေရႊတံုးၾကီး ၃ တံုး ေပၚလာတယ္။
ေရႊတံုး တိုင္းဟာ ၁၀ေပါင္စီ အေလးခ်ိန္ ရွိျပီးေတာ့ သူက ပစ္ေပးလိုက္ပါတယ္။
၀က္၀ံတစ္ေကာင္လို ဦးေလးဒယ္လာဟာ အရမ္းကို အံ့ၾသသြားပါေတာ့တယ္။
ျပီးေတာ့ သူ ဒါေတြကို ျမန္ျမန္ ဖမ္းျပီး သိမ္းဆည္းလိုက္ပါတယ္။ အနီးအနားက ရြာသားေတြကေတာ့ သူ႕ကို အားက်တဲ့ အၾကည့္နဲ႕ ၾကည့္ေနၾကပါတယ္။

“သြားၾကစို႕”
နင္ဟာ မို၀ူနဲ႕ ေဆာင္းဦးသစ္ရြက္ေလးကို ၾကည့္ေျပာလိုက္ျပီး မက္တယ္စတုန္း ေက်းရြာကို ဦးတည္၀င္သြားပါေတာ့တယ္။

နင္ဟာ ပိုျပီးေတာ့ အဖိုးတန္တဲ့ လက္ေဆာင္ေတြကို ေပးႏိုင္ေပမဲ့ ဒီ မက္တယ္စတုန္းေက်းရြာလို လူ ၁၀၀၀ ၀န္းက်င္ပဲ ရွိတဲ့ ရြာေသးေသးေလးမွာ ဒီလိုအဖိုးတန္ ရတနာက ကပ္ဆိုးေတြကို ျဖစ္ေစမယ္ဆိုတာကို သူနားလည္ပါတယ္။

…..

မက္တယ္စတုန္းေက်းရြာထဲမွာ

“သခင္ေလး”
ေဆာင္းဦးသစ္ရြက္ေလးက ဂ်ိနင္ကို သစ္သီး၀ိုင္ထည္ေပးလိုက္ျပီးေတာ့ သစ္သီးအခ်ိဳပြဲ အျမည္းေတြ ျပင္ေပးလိုက္ပါတယ္။
“မို၀ူနဲ႕ ကၽြန္မတို႕ ဒီမ်ိဳးႏြယ္စုကို ေရာက္ေနတာ တစ္လေလာက္ ရွိေနခဲ့ပါျပီ။ ကၽြန္မတို႕ ေရာက္ျပီး သိပ္မၾကာခင္ကပဲ ဂ်ိကလန္ကေန အဆက္အသြယ္ ရခဲ့ပါတယ္။”

“ဟုတ္တာေပ့ါ”
ဂ်ိနင္ ေခါင္းညိတ္လိုက္ပါတယ္။

သူ စြန္႕စားခန္းထြက္တိုင္း လစဥ္ လစဥ္ ေနရာအႏွံ႕မွာ ရွိေနတဲ့ ဂ်ိကလန္က တပ္ဖြဲ႕ေတြကို ဆက္သြယ္အေၾကာင္းၾကားရပါတယ္။

“အေနာက္ဘက္ ဂ်ိကလန္ျမိဳ႕ေတာ္ကေန စာလာခဲ့ပါတယ္။”
ေဆာင္းဦးသစ္ရြက္ေလးက အက်ၤ ီလက္ထဲကေန စာတစ္ေစာင္ကို ထုတ္ယူေပးလိုက္ပါတယ္။

နင္က အ၀ါေရာင္ စာအိတ္ကို ေဖာက္ဖြင့္ ဖတ္ၾကည့္လိုက္ပါတယ္။ သူစာကို ဖတ္ၾကည့္ျပီးေတာ့ ျပံဳးလိုက္မိပါတယ္။ သူ႕အေမသူ႕ကို ေရးလိုက္တာပါ။ စာထဲမွာ စကားလံုး အမ်ားၾကီး မပါပါဘူး။ အဓိကကေတာ့ သူ႕ကို ဂရုစိုက္ဖို႕ ေျပာထားတာပါ။ ဒါေပမဲ့ ဒီလိုအသက္လုတိုက္ပြဲ ေတြကို ေက်ာ္ျဖတ္ခဲ့ျပီးတဲ့ အခါမွာ သူ႕အေမရဲ့ စာက သူ႕ႏွလံုးသားကို ေနြးေထြးသြားေစပါတယ္။

“ရျပီ။ မင္းၾကည့္ရတာ ရက္ေတာ္ေတာ္ၾကာမနားရေသးဘူးထင္တယ္။ သြားျပီး ေကာင္းေကာင္း အနားယူလိုက္ဦးေလ။”
နင္ေျပာလိုက္ပါတယ္။

“ကၽြန္မ မပင္ပန္းပါဘူး။”
ေဆာင္းဦးသစ္ရြက္ေလး ျမန္ျမန္ ျပန္ေျဖလိုက္ပါတယ္။

“သြားလိုက္ပါ။”
နင္ အမိန္႕ေပးလိုက္ပါေတာ့တယ္။

ေဆာင္းဦးသစ္ရြက္ေလးလည္း ေလးေလးစားစား ဦးညြတ္ အရိုအေသျပဳျပီးေတာ့ သူမအခန္းကို ျပန္သြားခဲ့ပါေတာ့တယ္။

………

အခ်ိန္ေတြ တေရြ႕ေရြ႕ ကုန္ဆံုးလာခဲ့ပါတယ္။ သူ အေရွ႕ပိုင္းေတာင္ ႏြံေတာက ျပန္ေရာက္တာ ၁၀ ရက္ေက်ာ္ ၾကာခဲ့ပါျပီ။ နင္ဟာ မက္တယ္စတုန္း မ်ိဳးႏြယ္စုမွာ ေနတဲ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဓားသိုင္းကို ထပ္ဖန္တလဲလဲ ေလ့က်င့္ေနခဲ့ပါတယ္။ မ်က္စိတမွိတ္ အတြင္းမွာ တစ္လဟာ ကုန္ဆံုးခဲ့ပါတယ္။

နင္က အခုေတာ့ သူ႕အခန္း အမိုးေပၚမွာ ၀ါးနဲ႕ လုပ္ထားတဲ့ သစ္သီး ၀ုိင္ခြက္ကို လက္မွာ ကိုင္ျပီး ထိုင္ေနပါတယ္။
“အေနာက္ပိုင္း ျမိဳ႕ေတာ္က ၾကီးမားေပမဲ့ ဒီရြာေလးေလာက္ မေအးခ်မ္းဘူးပဲ။”

ေန၀င္ရင္ အနားယူၾကျပီး ေနထြက္ခ်ိန္ဆို ႏိုးထၾကပါတယ္။

မက္တယ္စတုန္း ေက်းရြာဟာ အရမ္းကို စည္းလံုးၾကပါတယ္။ ရြာသားအကုန္လုံးဟာ အခ်င္းခ်င္း ရိုင္းပင္းၾကျပီးေတာ့ တစ္ဦးကိုတစ္ဦး ေမာင္ႏွမသားခ်င္းလို ဆက္ဆံၾကပါတယ္။

“ျမန္ျမန္..ျမန္ျမန္… ျမန္ျမန္..”

“အကုန္လံုး ျပန္လာၾကေဟ့”

“ျမန္ျမန္ ထုပ္ပိုးၾကေဟ့”

တရြာလံုး ရုတ္တရက္ ဆူဆူညံညံ လႈပ္လႈပ္ရွားရွား ျဖစ္လာပါတယ္။ ေအးေအးေဆးေဆး အရက္ေသာက္ေနတဲ့ နင္လည္း နားမလည္ႏိုင္ ျဖစ္သြားပါေတာ့တယ္။ သူအမိုးေပၚကေန ခုန္ခ်လာျပီးေတာ့ ေျပးလာတဲ့ လူငယ္တစ္ေယာက္ကို လက္ဆြဲျပီး အက်ိဳးအေၾကာင္း ေမးလိုက္ပါတယ္။

“သခင္ေလး…”
ရြာသားေလးက နင္ကိုေတြ႕ေတာ့ ရိုရိုေသေသႏႈတ္ဆက္လိုက္ပါတယ္။

“ဘာျဖစ္ၾကတာလည္း။ ရြာထဲမွာ ဘာလို႕ ရုတ္တရက္ ဆူဆူညံညံ ျဖစ္သြားရတာလဲ။ မင္းလည္း ခုနက လွံသိုင္းေလ့က်င့္ေနတာ မဟုတ္ဘူးလား။ ဘာလို႕ေလ့က်င့္တာ ရပ္လိုက္တာလည္း။”

“ဘလက္ေမာင့္ ရြာက လူေတြ လာေနၾကလို႕ပါ။ အဲ့ဒီရြာကလူေတြက ကၽြန္ေတာ္တို႕ ေက်းရြာက စုေဆာင္ထားတဲ့ သားေမြးေတြ သိမ္းဖို႕ လာၾကတာပါ။ ကၽြန္ေတာတို႕ရဲ့ အေကာင္းဆံုးသားေမြး တခ်ိဳ႕ကို သြားသိမ္းထားမလို႕ပါ။ သူတို႕က အဲ့ဒီ သားေမြးအေကာင္းစားေတြေတြ႕သြားရင္ သူတို႕အပိုင္ သိမ္းပစ္လိုက္ၾကေရာ။ သူတို႕က အရမ္းကို ရက္စက္ၾကတယ္။ ကၽြန္ေတာ္ ျမန္ျမန္ျပန္သြားဖို႕လိုလို႕ပါ။ သခင္ေလး ခြင့္ျပဳပါဦးခင္ဗ်။”

နင္နားလည္သြားျပီးေတာ့ ေခါင္းညိတ္လိုက္ပါတယ္။
“သြားသြား .. လုပ္စရာရွိတာ သြားလုပ္…”

ေဆာင္းဦးသစ္ရြက္ေလးလည္း သူမအေဆာင္ကေန ဒီအျဖစ္အပ်က္ကို ၾကည့္ေနပါတယ္။ သူမက လွမ္း ေျပာလိုက္ပါတယ္
“ဘလက္ ေမာင့္ မ်ိဳးႏြယ္စုက လူဦးေရေသာင္းေက်ာ္ရွိတဲ့ အရမ္းကိုၾကီးမားတဲ့ မ်ိဳးႏြယ္စုတစ္ခုပါ။ ႏွစ္တိုင္းမွာ အနီး၀န္းက်င္က ရြာငယ္ေလးေတြက လက္ေဆာင္ပ႑ာ ဆက္သၾကရတယ္။ ”

“ဟင္း..”နင္မ်က္ေမွာင္ ၾကဳတ္သြားပါတယ္။
“ဒီ ေဒသေတြ အကုန္လံုးက ဂ်ိကလန္ပိုင္တာေလ။ ဂ်ိကလန္ကပဲ အခြန္ေကာက္ခံပိုင္ခြင့္ ရွိတယ္။ ဘလက္ေမာင့္ ေက်းရြာက ရြာငယ္ေလးေတြကို လက္ေဆာင္ ပ႑ာ ဆက္သေစတာဟာ အခြန္ေကာက္ခံတာနဲ႕ အတူတူျဖစ္ေနျပီ မဟုတ္လား။”
ဂ်ိကလန္ဟာ သူ႕နယ္နိမိတ္ထဲမွာ ရွိသမွ် မ်ိဳးႏြယ္စု ရြာေလးေတြကေန အခြန္ကို ေကာက္ခံပါတယ္။

တခ်ိန္တည္းမွာပဲ ဂ်ိကလန္ဟာ ဒါဆီယန္ မင္းဆက္ရဲ့ လက္ေအာက္ခံ နယ္ေျမေလး တစ္ခုပါ။ သူ စုေဆာင္းရသမွ် အခြန္ေတြကို ဒါဆီယန္မင္းဆက္ကို ျပန္ဆက္သရပါတယ္။

“ဥပေဒ စည္းမ်ဥ္း အရဆိုရင္ေတာ့ ဟုတ္တယ္။”
ေဆာင္းဦးသစ္ရြက္ေလးက ေခါင္းညိတ္ျပီး ဆက္ေျပာလိုက္ပါတယ္။
“ဒါေပမဲ့ ဒီလို မ်ိဳးႏြယ္စုေလးေတြက ျငင္းဆန္ရဲမွာလည္း။ သူတို႕ျငင္းဆန္လိုက္ရင္ ဘလက္ေမာင့္ ေက်းရြာက သူတို႕ကို အမႈန္႕ေျခပစ္မွာပဲ။ ျပီးရင္ ရြာသားေတြကို ကၽြန္ေစ်းကြက္မွာ ေရာင္းစားၾကမွာေလ။”

နင္သက္ျပင္းရွည္ၾကီး ခ်လိုက္မိတယ္။

မွန္ပါတယ္။

နယ္ေျမက်ယ္ျပန္႕သလို မ်ိဳးႏြယ္စု ရြာေတြကလည္း အလြန္မ်ားျပားတဲ့အတြက္ ဂ်ိကလန္အေနနဲ႕ ရြာေလးေတြက ျပသနာအကုန္လံုးကို မေျဖရွင္းေပးႏိုင္ပါဘူး။ ဒါေၾကာင့္ သူတို႕ဖာသာ သူတို႕ မီးစဥ္ၾကည့္ကရပါတယ္။ ဂ်ိကလန္တင္မကပဲ အလြန္႕အလြန္ကိုက်ယ္ျပန္႕တဲ့ ေဒသၾကီးတစ္ခုလံုးကို အုပ္ခ်ဳပ္တဲ့ ဒါဆီယန္ မင္းဆက္ေတြေတာင္မွာ ေပ်ာေပ်ာ့ေျပာင္းေျပာင္း အုပ္ခ်ဳပ္ၾကပါတယ္။ ဂ်ိကလန္နဲ႕ သံမဏိသစ္ပင္ ကလန္လည္း သုေသကိုယ္ေသ ရန္သူေတာ္ေတြ ျဖစ္ေနၾကတာပဲ မဟုတ္လား။ နယ္ေျမ အရမ္း ၾကီးမားလာတဲ့အခါမွာ အုပ္ခ်ဳပ္ဖို႕ ပိုျပီး ခက္ခဲလာပါတယ္။

“သူတို႕ေတြ လာေနၾကျပီ။ ဘလက္ေမာင့္ ေက်းရြာသားေတြ လာေနၾကပါျပီ။”
ေဆာင္းဦးသစ္ရြက္ေလး ေျပာလိုက္ပါတယ္။

နင္လည္းလွမ္းၾကည့္လိုက္တယ္။ သူျမင္တာက သံခ်ပ္ကာတစ္ပိုင္း သားေရ၀တ္စံု၀တ္ထားတဲ့ လူတစုဟာ ၇ြာကို သူတို႕ပိုင္ ရြာသဖြယ္ ဟိုဟိုဒီဒီသြားေနၾကျပီးေတာ့ ၀င္ထြက္ရွာေဖြေနၾကပါတယ္။ ဦးေလးဒယ္လာနဲ႕ တျခားရြာသားေတြဟာ သူတို႕ေနာက္မွာ ရိုရိုက်ိဳးက်ိဳးေလး လိုက္လာေနၾကပါတယ္။ သူတို႕ေတြ ျပန္ျပီးေတာ့ မတြန္းလွန္ရဲၾကပါဘူး။

ဘလက္ေမာင့္ အဖြဲ႕ရဲ့ ေခါင္းေဆာင္ ဘေရ႕ရွယ္း ဟာ ဒီရြာေလးကို ေက်နပ္တဲ့ မ်က္ႏွာနဲ႕ ၾကည့္ေနပါတယ္။

“ဟင္…”
ဘေရ႕ရွယ္းက အနီးက မက္တယ္စတုန္း ရြာသားေတြကို ၾကည့္လိုက္ပါတယ္။ သူတို႕ရဲ႕ ေၾကာက္လန္႕ေနတဲ့ မ်ကနွာေတြကို ျမင္ရတာ သူပိုျပီးေတာ့ သေဘာက်လာပါတယ္။

ဘလက္ေမာင့္ ေက်းရြာမွာေတာင္ သူက ရာထူးေတာ္ေတာ္ၾကီးတဲ့ အဓိက ပုဂၢိဳလ္တစ္ေယာက္ပါ။ ဒီ မက္တယ္စတုန္းလို ရြာေလးကို သူ စိတ္ထင္သလို လုပ္လို႕ ရပါတယ္။ သူသာ ေဒါသထြက္သြားခဲ့ရင္ တစ္ရြာလံုး ေသရမွာပါ။ သူေခၚေဆာင္လာတဲ့ အေစာင့္ ရဲမက္ ၁၀၀ ေက်ာ္ဟာ ဒီလို ရြာေလးကို စိစိညက္ညက္ ေျခပစ္ႏိုင္ပါတယ္။ ဒီလို ရြာေလးေတြမွာ သူဟာ ၾသဇာအာဏာ အျပည့္အ၀ ရွိပါတယ္။

“ဟု…”
ဘေရ႕ရွယ္းက သူနဲ႕ သိပ္မေ၀းတဲ့ ေနရာမွာ လူငယ္ေလး တစ္ေယာက္နဲ႕ မိန္းမပ်ိဳေလးတစ္ေယာက္ အတူတူ မတ္တပ္ရပ္ေနတာကို ေတြ႕လိုက္ရပါတယ္။ သူ႕မ်က္လံုးေတြ ရုတ္တရက္ အေရာင္ေတာက္လာပါတယ္။ သူေဘးက အေစာင့္ တပ္သားေတြေတာင္မွ အသက္ရွဴေတြ မွားသြားၾကပါတယ္။

“အရမ္းကို လွပျပီးေတာ့ ညိဳ႕ယူႏိုင္စြမ္းၾကီးမားလိုက္တာ…”
ဘေရ႕ရွယ္းလည္း လံုး၀ကို မင္တက္သြားပါတယ္။ သူ႕ႏွလံုးသားမွာ လိုခ်င္တပ္မက္စိတ္ေတြ ျပည့္လာပါတယ္။ သူဒီေကာင္မေလးကို ဖမ္းျပီးေတာ့ သူ႕ကိုယ္လုပ္ေတာ္ လုပ္ခိုင္းရမယ္။ ေန႕တိုင္း သူ႕ရဲ့ လိုအင္ ႏွစ္သက္မႈေတြကို ဒီမိန္းပ်ိဳေလးကုိ ေပးရမယ္။ ဒီလိုေတြးမိတာနဲ႕ ဘေရ႕ရွယ္း ႏွလံုးေသြးေတြ ပြက္ပြက္ ဆူလာပါေတာ့တယ္။

“ဟား..ဟား…ဟား….”
ဘေရ႕ရွယ္း က်ယ္က်ယ္ေလာင္ေလာင္ ရယ္ေမာျပီးေတာ့ လူငယ္ေလး နဲ႕ မိန္းမပ်ိဳးေလးထံ ဦးတည္ေလွ်ာက္သြားပါေတာ့တယ္။

နင္ ဒီ အရပ္ ျမင့္ျမင့္နဲ႕ လည္ဆြဲတန္္ဆာေတြ ၀တ္ထားတဲ့ လူၾကီး သူဆီကို ေလွ်ာက္လာတာကို မ်က္ေမွာင္ အနည္းငယ္ ၾကဳတ္ျပီး ၾကည့္ေနမိပါတယ္။ လူၾကီးကေတာ့ သူတို႕ ၂ေယာက္ကို ေစ်းေရာင္းတဲ့ ပစၥည္းေတြ ကို အကဲခတ္သလိုမ်ိဳး ေလ့လာ အကဲခတ္လိုက္ပါတယ္။ေဆာင္းဦးသစ္ရြက္ေလးကို ၾကည့္တဲ့အခါမွာ သူ႕မ်က္လံုးက ထြက္တဲံ့ ရမက္ေရာင္ေတြကို သူ မထိန္းသိမ္းထားပါဘူး။
“မိန္းမပ်ိဳေလး ရဲ့ သားေမြး ၀တ္စံုေတြဟာ အရမ္းကို အထက္တန္းက်က် ခ်ဳပ္ထားပါတယ္။ မိန္းကေလး ကိုယ္တိုင္ ခ်ဳပ္ထားပါသလား။ မင္းရဲ့ လက္မႈပညာက အရမ္းကို အဆင့္အတန္းျမင့္ျပီး အထက္တန္းက်ပါတယ္။ ျပီးေတာ့ မင္းရဲ့ေဘးက သားေမြး၀တ္စံုနဲ႕ ေကာင္ေလးရဲ့ သားေမြး ခ်ဳပ္ထားပဲကလည္း အရမ္းကို အဆင့္ျမင့္ပါတယ္။ မင္းရဲ့ေမာင္ေလးမ်ားလား။”


Chapter 16 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>

Chapter 17 (ဓားစြမ္းအင္ေတြ ေနရာအႏွံ႕ ျဖာထြက္လာျခင္း)

Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 2

Chapter 16 (သားမွေး စုဆောင်းသူ)

ဆောင်းဦးသစ်ရွက်လေးအတွက် သူရဲကောင်းဆန်တဲ့ သေချာ ချုပ်ထားတဲ့ သားမွေး ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ သူမဟာ သံမဏိကျောက်တုံးကျေးရွာအပြင်ဘက်မှာ ရပ်နေပြီးတော့ အဝေးကို မျှော်ငေးနေပါတယ်။



ကျေးရွာက လူငယ်တွေဟာ သူမကို ငေးကြည့်နေကြပါတယ်။ သူမဟာ နတ်မိမယ်တမျှ လှပပါတယ်။ သူမ သံမဏိကျောက်တုံးကျေးရွာရောက်ကတည်းက သူမဟာ ပြိုင်ဘက်ကင်း လှပသူ တစ်ယောက် ဖြစ်လာတာပါ။ ကျေးရွာက ဘယ်မိန်းကလေးမှ သူမရဲ့ အလှတရားကို မယှဉ်နိုင်ခဲ့ပါဘူး။



“မိန်းမပျိုလေး ဆောင်းဦးသစ်ရွက်က သူမ သခင်လေးကို မျှော်နေတာမလား။ဟုတ်တယ်ဟုတ်။”


“ဟုတ်တယ်ကွ။ ငါဦးလေး ဒယ်လာဆီက ကြားခဲ့တာ။ သူမရဲ့ သခင်လေးက အရမ်းကို အစွမ်းထက်တယ်ဆိုပဲ။ သံမဏိ သစ်ပင်ကလန်က အပြာရောင် စစ်သူရဲ ရာနဲ့ချီပြီးတော့ကို မျက်စိတစ်မှိတ်အတွင်း သတ်ခဲ့တယ်ဆိုပဲ။”


“ဒီလိုအစွမ်းထက်တဲ့ သခင်လေးမျိုးမှသာ မိန်းမပျိုလေး ဆောင်းဦးသစ်ရွက်နဲ့ထိုက်တန်မှာ။”

“သူ မိစ္ဆာကြီးနဲ့ ရင်ဆိုင်တွေ့ခဲ့တာ တော်တော် သနားဖို့ကောင်းတယ်။ မိစ္ဆာကြီးရဲ့ လက်အောက်မှာ သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ မိစ္ဆာကြီးတွေက ဒေါသထွက်ရင် ဧရိယာတစ်ခုလုံးကို ပြောင်းပစ်လို့ ရကြတယ်။ လူအများကြီးကို ရေခဲပြီး သေအောင် လုပ်နိုင်ကြတယ်။ ဦးလေးဒယ်လာနဲ့ တခြားလူတွေက ကံကောင်းလို့ လွတ်လာကြတာ။ တကယ်လို့ သူမ သခင်လေး သေသွားရင် သူမတစ်ယောက်ယောက်ကို လက်ထပ်မှာပဲ။”



ရွာထဲက လူငယ်တွေက အဝေးကနေ သူမကိုကြည့်ပြီး တီးတိုး ပြောဆိုနေကြတယ်။



သူတို့အတွက်တော့ ဆောင်းဦးသစ်ရွက်လေးက ဒဏ္ဍာရီထဲက နတ်မိမယ်လေးပါပဲ။ ရွာက တခြားကောင်မလေးတွေကတော့ ဆောင်းဦးသစ်ရွက်လေးကို မယှဉ်နိုင်ကြပါဘူး။ ကောင်းကင်နဲ့ မြေကြီးလိုပါပဲ။



………….



ဆောင်းဦးသစ်ရွက်လေးက နေရာတင် ရပ်နေပြီးတော့ အဝေး တောအုပ်ကို ဆက်မျှော်နေပါတယ်။



သူမဟာ သူမ ဘဝထဲက အရေးအကြီးဆုံး ယောကျ်ားတစ်ယောက်ကို စောင့်နေတာပါ။


“ဆောင်းဦးသစ်ရွက်လေး…”

ရွာထဲကနေ ခန္ဓာကိုယ် အလွန် ကြံ့ခိုင်တဲ့ လူတစ်ယောက် ထွက်လာပါတယ်။ မိုဝူပါ။

“သွားပြီး အနားယူလိုက်ပါဦး။ သခင်လေး ပြန်ရောက်လာရက် ဂိတ်ကအစောင့်တွေ သတင်းပေးပါလိမ့်မယ်။”

“မရဘူး။”
ဆောင်းဦးသစ်ရွက်လေး ခေါင်းကို ညင်ညင်သာသာ ခါလိုက်တယ်။



မိုဝူက ဆောင်းဦးသစ်ရွက်လေးကို ကြည့်ပြီးတော့ ဘေးနားက သစ်ငုတ်တိုမှာ ထိုင်လိုက်ပါတယ်။ သူ့မျက်နှာမှာလည်း စိတ်ပူတဲ့ အရိပ်အရောင်တွေ ပေါ်နေပါတယ်။ ဦးလေဒယ်လာပြန်လာတော့ ဂျိနင်အကြောင်း ပြောပြပါတယ်။ ဂျိနင်က ရေကြံံ့ဘုရင် မွန်းစတားကြီးနဲ့တိုက်ခိုက်ပြီး ကျန်ခဲ့တာပါ။ တိုက်ပွဲ အဖြေကတော့ ဘယ်သူမှ မသိကြပါဘူး။ သူ့နှလုံးသားထဲမှာတော့ သခင်လေး ပြန်လာလိမ့်မယ်ဆိုတာကို မျှော်လင့်နေပေမဲ့ သူ့ ဦးနှောက်ထဲမှာတော့ သခင်လေး ကံမကောင်းဖြစ်ခဲ့ပြီဆိုပြီးတွေးနေမိပါတယ်။

ဘာလို့လည်းဆိုတော့ ဦးလေးဒယ်လာနဲ့ ရွာသားတွေဟာ ကျေးရွာကို ပြန်လာဖို့ လမ်းမှာ ၂ရက် အချိန် ကုန်ခဲ့လို့ပါ။



နင်ရဲ့ အမြန်နှုန်းနဲ့ဆိုရင် သူအသက်ရှင်ခဲ့ရင် အခုဆို ကျေးရွာကို ပြန်ရောက်နေပါပြီ။ သူ့အမြန်နှုန်းနဲ့ဆို နေ့တစ်ဝက်ပဲကြာမှာပါ။ ပြောရရင် သူက ဦးလေးဒယ်လာတို့ ပြန်မရောက်ခင် ရွာပြန်ရောက်နေရမှာပါ။ ဒါပေမဲ့ ဦးလေးဒယ်လာတို့ ရောက်တာ ၂ရက် ရှိပြီဖြစ်ပြီး နင်ကတော့ ပြန်ရောက်မလာသေးပါဘူး။


“သခင်လေးသာ သေသွားခဲ့ရင် ဆောင်ဦးသစ်ရွက်လေးနဲ့ ငါလည်း သေရမှာပဲ။”

မိုဝူ တိတ်တိတ်လေး ညည်းနေမိတယ်။



သခင်သေသွားခဲရင် ကျွန်တွေက ဘယ်လို အသက်ဆက်ရှင်ရမှာလည်း။



ဒီလို ဒေသ တန်ခိုးကြီး ကလန်တစ်ခုဖြစ်တဲ့ ဂျိကလန်ဟာ ဒီလို စည်းမျဉ်းတွေမှာ အရမ်းကို တင်းကျပ်ပါတယ်။


“ဟင်”
မိုဝူ ရုတ်တရက် မျက်တောက်ခတ်လိုက်ပါတယ်။ အဝေးမှာတော့ အရမ်းကို ရင်းနှီးကျွမ်းဝင်တဲ့ သခင်လေးရဲ့ ပုံသဏ္ဍာန်ကို တွေ့လိုက်ရပါတယ်။


“သခင်လေး…”

ဆောင်းဦးသစ်ရွက်လေး ပြေးထွက်သွားပါတယ်။


“သခင်လေး?”


“ဆောင်းဦး သစ်ရွက် မိန်းမပျိုလေး ပြေးထွက်သွားပါလား?”


“ကြည့်စမ်းပါဦး။ အဲ့ဒီမှာ တယောက်ယောက် လာနေသလိုပဲ။ မိန်းမပျိုလေး ဆောင်းဦးသစ်ရွက် စောင့်နေတဲ့ သခင်လေးများလား။”



ဂိတ်ဝမှာစောင့်နေတဲ့ လူငယ်တွေ တစ်ယောက်တစ်ပေါက် ထင်ကြေး ပေးနေကြပါတယ်။ တချို့ကတော့ ကျေးရွာထဲကို ပြေးပြီး သတင်းပေးနေကြပါတယ်။



……….



ဆောင်းဦးသစ်ရွက်လေးက သားမွေးဝတ်စုံ ဝတ်ထားတဲ့ ပြုံးပြီးတော့ လျှောက်လာတဲ့ သခင်လေးကို စိုက်ကြည့်နေမိပါတယ်။ လွန်ခဲ့ တဲ့ ၂ရက်တုန်းက သူမ စိုးရမ်စိတ်တွေ၊ စိတ် ပူပန်မှုတွေ နဲ့ အတွေးမျိုးစုံ တွေးမိပြီးတော့ မျက်ရည်ကျခဲ့ရပါတယ်။


“သခင်လေး….ကျွန်မ.. ကျွန်မ….”


“ဟေး.. ငါပြန်လာပြီလေ။”

 နင်ရဲ့ အမြင်အာရုံနဲ့ သူ ဒါတွေကို အဝေးကနေ သတိပြုမိပါတယ်။ ရွာထဲကနေပြီးတော့ ဦးလေးဒယ်လာနဲ့ လက် တစ်ဖက် ပြတ်လူကြီး သူ့ဆီကို လျှောက်လာနေကြပါတယ်။ သူ မအောင့်အီးနိုင်တော့ပဲ ရယ်မောလိုက်မိပါတော့တယ်။



“ဟား..ဟား… ဒယ်လာက ရောက်နှင့်နေပြီကိုး။ သူက ငါ့ ရေကြံ့ဘုရင်ကြီးနဲ့ တိုက်နေတယ်လို့ ပြောခဲ့မယ်ထင်တယ်။ ငါဒီရက်ပိုင်းထဲမှာ ပြန်မလာလို့ မင်းတို့တွေ အရမ်း စိတ်ပူနေကြတာမလား။”



ဆောင်းဦးသစ်ရွက်လေးက မျက်ရည်တွေကို အတတ်နိုင်ဆုံး သိမ်းလိုုက်ပါတယ်။


“အဲ့တာက ရေကြံ့ဘုရင်လေးပါ သခင်လေးရယ်။ သခင်လေးအတွက် နှိုင်းယှဉ်ပြောဖို့တောင် မထိုက်တန်ပါဘူး။”

နင် အရမ်းကို ပျော်မြူးနေပြီးတော့ သူမကို မျက်စပစ်ပြလိုက်ပါတယ်။



ဆောင်းဦး သစ်ရွက်လေး အသက်ရှူတောင်မှားသွားခဲ့ပါတယ်။

“သခင်လေး မိစ္ဆာကြီးကို သတ်ပစ်ခဲ့လား။”


“ဟုတ်တာပေါ့”

နင်ပေါ့ပေ့ါပါးပါး ခေါင်းညိတ်လိုက်ပါတယ်။


“ဝိုး… သခင်လေး မိစ္ဆာကြီးကို သတ်ခဲ့တယ်။ သခင်လေး မိစ္ဆာကြီးကို သတ်ခဲ့တယ်ဟေ့။”

ဆောင်းဦးသစ်ရွက်လေး အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။
“သခင်လေးက အသက် ၁၁ နှစ်ပဲ ရှိသေးပေမဲ့ မိစ္ဆာကြီးကို သတ်ပစ်နိုင်ခဲ့ပြီ။ ဒီ ကိစ္စဟာ….”

ကိုယ်ရံတော် အခြွေအရံတစ်ယော်ကနေနဲ့ ဆောင်းဦးသစ်ရွက်လေး ဘဝဟာ နင်ကိုပဲ ဗဟိုပြုနေရတာပါ။ သူ့အပေါ်မူတည်ပြီး အရာရာပြောင်းလဲနေတာပါ။ နင်ဟာ သူမအတွက် အရေးအကြီးဆုံး မိသားစုဝင်ပါပဲ။ ဆောင်းဦးသစ်ရွက်လေးဟာ နင် မိစ္ဆာကြီးကို သတ်ပစ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး စိတ်ရင်းထဲကကို ပျော်မြူးနေပါတယ်။



နင် အသံတိုးတိုးလေးပြောလိုက်ပါတယ်။
“ဒီ သတင်းကို မပျံံ့စေနဲ့။”


“ဟုတ်ကဲ့ ရှင့်… ဟုတ်ကဲ့…”
ဆောင်းဦးသစ်ရွက်လေး မြန်မြန် ခေါင်းညိတ်လိုက်ပါတယ်။



“လာ မက်တယ်စတုန်း ကျေးရွာကို ဝင်ကြရအောင်။”

လွန်ခဲ့တဲ့ ၂ရက်က နင်ဟာ တောင်ကုန်းကတောအုပ်မှာ အရင်တိုက်ပွဲတွေကို ပြန်လေ့လာ သုံးသပ်နေခဲ့ပါတယ်။ တိုကပွဲမှာ သူလုပ်မိခဲ့တဲ့ အမှားတွေကို ပြန်မြင်လာမိပါတယ်။ သူဓား ၂လက် နည်းစနစ်ကို သေချာ သုံးသပ်လေ့လာပြီးခဲ့တဲ့အခါမှာတော့ သူ တော်တော်တိုးတက်လာခဲ့ပါတယ်။



နင်ဟာ မက်တယ်စတုန်းကျေးရွာကို ဆောင်းဦးသစ်ရွက်လေးရှေ့ ဦးဆောင်ဝင်ခဲ့ပါတယ်။

ဦးလေးဒယ်လာနဲ့ရွာသားတွေဟာ သူ့ကို အဲ့ဒီမှာ စောင်ကြိုနေကြပါတယ်။ ဆံပင်ဖြူနဲ့ အဘိုးအိုတစ်ဦးက ရွာသားတွေကို ဦးဆောင်ထားပါတယ်။ အဘိုးအိုက လေးလေးစားစား လျှောက်လာပြီးတော့ ဦးညွတ် အရိုအသေ ပေးလိုက်ပါတယ်။
“ကျွန်တော်မျိုး မက်တယ်စတုန်းကျေးရွာက တိုင်စွန် ရွာသားတွေကို အထပ်ထပ်အခါခါ ကယ်တင်ပေးခဲ့တဲ့အတွက် သခင်လေးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ရွာသားတွေ အကုန်လုံးလည်း သခင်လေးကို အရမ်း ကျေးဇူးတင်နေကြပါတယ်။ ကျွန်တော်တို့တွေ သခင်လေး ပြန်အလာကို စောင့်စားနေကြတာပါ။”



နင်ပြုံးပြီးတော့ ခေါင်းညိတ်လိုက်ပါတယ်။
“ငါ မင်းတို့ မက်တယ်စတုန်းကျေးရွာမှာ အချိန်အခိုက်အတန့် ခဏနေဦးမှာပါ။ ကယ်တင်ခဲ့တာကတော့ လမ်းကြုံနေလို့ပါ။ အခုအတွက်တော့ ငါ့ကို အနှောင့်အယှက်ပေးတာကို မကြိုက်ဘူးနော်။”


“နားလည်ပါတယ် ခင်ဗျ။ နားလည်ပါတယ် ခင်ဗျ။”

အဘိုးအို ခေါင်းတညိတ်ညိတ်နဲ့ ပြောလိုက်တယ်။



“ဒယ်လာ”

နင် ရှာကြည့်လိုက်တယ်။



ဝက်ဝံတစ်ကောင်လို အလွန်ကို ကြံ့ခိုင်တဲ့ ဦးလေးဒယ်လယ မြန်မြန် ပြေးထွက်လာပါတယ်။
“သခင်လေး ..သခင်လေး ပြန်လာတာမြင်တော့ ကျွန်တော်…”


“ရပါတယ်…….”နင်ရယ်မောလိုက်တယ်။
“မင်းငါ့ကို အရှေ့ပိုင်းတောင် နွံတောမှာ တစ်လလုံးလုံး ကူညီပေးခဲ့တာ။ ငါမင်းကို မက်တယ်စတုန်းကျေးရွာရောက်ရက် ထိုက်ထိုက်တန်တန် ဆုကြီးကြီး ချမယ်ပြောခဲ့ဖူးတယ်။ ဒါကို ယူလိုက်တော့။”

နင်ပြောပြောဆိုဆိုနဲ့ လက်ထဲမှာ ဦးခေါင်းအရွယ် ရွှေတုံးကြီး ၃ တုံး ပေါ်လာတယ်။

ရွှေတုံး တိုင်းဟာ ၁၀ပေါင်စီ အလေးချိန် ရှိပြီးတော့ သူက ပစ်ပေးလိုက်ပါတယ်။

ဝက်ဝံတစ်ကောင်လို ဦးလေးဒယ်လာဟာ အရမ်းကို အံ့သြသွားပါတော့တယ်။

ပြီးတော့ သူ ဒါတွေကို မြန်မြန် ဖမ်းပြီး သိမ်းဆည်းလိုက်ပါတယ်။ အနီးအနားက ရွာသားတွေကတော့ သူ့ကို အားကျတဲ့ အကြည့်နဲ့ ကြည့်နေကြပါတယ်။


“သွားကြစို့”

နင်ဟာ မိုဝူနဲ့ ဆောင်းဦးသစ်ရွက်လေးကို ကြည့်ပြောလိုက်ပြီး မက်တယ်စတုန်း ကျေးရွာကို ဦးတည်ဝင်သွားပါတော့တယ်။



နင်ဟာ ပိုပြီးတော့ အဖိုးတန်တဲ့ လက်ဆောင်တွေကို ပေးနိုင်ပေမဲ့ ဒီ မက်တယ်စတုန်းကျေးရွာလို လူ ၁၀၀၀ ဝန်းကျင်ပဲ ရှိတဲ့ ရွာသေးသေးလေးမှာ ဒီလိုအဖိုးတန် ရတနာက ကပ်ဆိုးတွေကို ဖြစ်စေမယ်ဆိုတာကို သူနားလည်ပါတယ်။



…..



မက်တယ်စတုန်းကျေးရွာထဲမှာ


“သခင်လေး”

ဆောင်းဦးသစ်ရွက်လေးက ဂျိနင်ကို သစ်သီးဝိုင်ထည်ပေးလိုက်ပြီးတော့ သစ်သီးအချိုပွဲ အမြည်းတွေ ပြင်ပေးလိုက်ပါတယ်။
“မိုဝူနဲ့ ကျွန်မတို့ ဒီမျိုးနွယ်စုကို ရောက်နေတာ တစ်လလောက် ရှိနေခဲ့ပါပြီ။ ကျွန်မတို့ ရောက်ပြီး သိပ်မကြာခင်ကပဲ ဂျိကလန်ကနေ အဆက်အသွယ် ရခဲ့ပါတယ်။”


“ဟုတ်တာပေ့ါ”

ဂျိနင် ခေါင်းညိတ်လိုက်ပါတယ်။



သူ စွန့်စားခန်းထွက်တိုင်း လစဉ် လစဉ် နေရာအနှံ့မှာ ရှိနေတဲ့ ဂျိကလန်က တပ်ဖွဲ့တွေကို ဆက်သွယ်အကြောင်းကြားရပါတယ်။


“အနောက်ဘက် ဂျိကလန်မြို့တော်ကနေ စာလာခဲ့ပါတယ်။”
ဆောင်းဦးသစ်ရွက်လေးက အင်္ကျ ီလက်ထဲကနေ စာတစ်စောင်ကို ထုတ်ယူပေးလိုက်ပါတယ်။



နင်က အဝါရောင် စာအိတ်ကို ဖောက်ဖွင့် ဖတ်ကြည့်လိုက်ပါတယ်။ သူစာကို ဖတ်ကြည့်ပြီးတော့ ပြုံးလိုက်မိပါတယ်။ သူ့အမေသူ့ကို ရေးလိုက်တာပါ။ စာထဲမှာ စကားလုံး အများကြီး မပါပါဘူး။ အဓိကကတော့ သူ့ကို ဂရုစိုက်ဖို့ ပြောထားတာပါ။ ဒါပေမဲ့ ဒီလိုအသက်လုတိုက်ပွဲ တွေကို ကျော်ဖြတ်ခဲ့ပြီးတဲ့ အခါမှာ သူ့အမေရဲ့ စာက သူ့နှလုံးသားကို နွေးထွေးသွားစေပါတယ်။


“ရပြီ။ မင်းကြည့်ရတာ ရက်တော်တော်ကြာမနားရသေးဘူးထင်တယ်။ သွားပြီး ကောင်းကောင်း အနားယူလိုက်ဦးလေ။”

နင်ပြောလိုက်ပါတယ်။



“ကျွန်မ မပင်ပန်းပါဘူး။”

ဆောင်းဦးသစ်ရွက်လေး မြန်မြန် ပြန်ဖြေလိုက်ပါတယ်။


“သွားလိုက်ပါ။”

နင် အမိန့်ပေးလိုက်ပါတော့တယ်။



ဆောင်းဦးသစ်ရွက်လေးလည်း လေးလေးစားစား ဦးညွတ် အရိုအသေပြုပြီးတော့ သူမအခန်းကို ပြန်သွားခဲ့ပါတော့တယ်။



………



အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပါတယ်။ သူ အရှေ့ပိုင်းတောင် နွံတောက ပြန်ရောက်တာ ၁၀ ရက်ကျော် ကြာခဲ့ပါပြီ။ နင်ဟာ မက်တယ်စတုန်း မျိုးနွယ်စုမှာ နေတဲ့ အချိန်တော်တော်များများမှာ ဓားသိုင်းကို ထပ်ဖန်တလဲလဲ လေ့ကျင့်နေခဲ့ပါတယ်။ မျက်စိတမှိတ် အတွင်းမှာ တစ်လဟာ ကုန်ဆုံးခဲ့ပါတယ်။



နင်က အခုတော့ သူ့အခန်း အမိုးပေါ်မှာ ဝါးနဲ့ လုပ်ထားတဲ့ သစ်သီး ဝိုင်ခွက်ကို လက်မှာ ကိုင်ပြီး ထိုင်နေပါတယ်။

“အနောက်ပိုင်း မြို့တော်က ကြီးမားပေမဲ့ ဒီရွာလေးလောက် မအေးချမ်းဘူးပဲ။”



နေဝင်ရင် အနားယူကြပြီး နေထွက်ချိန်ဆို နိုးထကြပါတယ်။



မက်တယ်စတုန်း ကျေးရွာဟာ အရမ်းကို စည်းလုံးကြပါတယ်။ ရွာသားအကုန်လုံးဟာ အချင်းချင်း ရိုင်းပင်းကြပြီးတော့ တစ်ဦးကိုတစ်ဦး မောင်နှမသားချင်းလို ဆက်ဆံကြပါတယ်။


“မြန်မြန်..မြန်မြန်… မြန်မြန်..”


“အကုန်လုံး ပြန်လာကြဟေ့”


“မြန်မြန် ထုပ်ပိုးကြဟေ့”



တရွာလုံး ရုတ်တရက် ဆူဆူညံညံ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ အေးအေးဆေးဆေး အရက်သောက်နေတဲ့ နင်လည်း နားမလည်နိုင် ဖြစ်သွားပါတော့တယ်။ သူအမိုးပေါ်ကနေ ခုန်ချလာပြီးတော့ ပြေးလာတဲ့ လူငယ်တစ်ယောက်ကို လက်ဆွဲပြီး အကျိုးအကြောင်း မေးလိုက်ပါတယ်။


“သခင်လေး…”

ရွာသားလေးက နင်ကိုတွေ့တော့ ရိုရိုသေသေနှုတ်ဆက်လိုက်ပါတယ်။


“ဘာဖြစ်ကြတာလည်း။ ရွာထဲမှာ ဘာလို့ ရုတ်တရက် ဆူဆူညံညံ ဖြစ်သွားရတာလဲ။ မင်းလည်း ခုနက လှံသိုင်းလေ့ကျင့်နေတာ မဟုတ်ဘူးလား။ ဘာလို့လေ့ကျင့်တာ ရပ်လိုက်တာလည်း။”


“ဘလက်မောင့် ရွာက လူတွေ လာနေကြလို့ပါ။ အဲ့ဒီရွာကလူတွေက ကျွန်တော်တို့ ကျေးရွာက စုဆောင်ထားတဲ့ သားမွေးတွေ သိမ်းဖို့ လာကြတာပါ။ ကျွန်တောတို့ရဲ့ အကောင်းဆုံးသားမွေး တချို့ကို သွားသိမ်းထားမလို့ပါ။ သူတို့က အဲ့ဒီ သားမွေးအကောင်းစားတွေတွေ့သွားရင် သူတို့အပိုင် သိမ်းပစ်လိုက်ကြရော။ သူတို့က အရမ်းကို ရက်စက်ကြတယ်။ ကျွန်တော် မြန်မြန်ပြန်သွားဖို့လိုလို့ပါ။ သခင်လေး ခွင့်ပြုပါဦးခင်ဗျ။”



နင်နားလည်သွားပြီးတော့ ခေါင်းညိတ်လိုက်ပါတယ်။
“သွားသွား .. လုပ်စရာရှိတာ သွားလုပ်…”



ဆောင်းဦးသစ်ရွက်လေးလည်း သူမအဆောင်ကနေ ဒီအဖြစ်အပျက်ကို ကြည့်နေပါတယ်။ သူမက လှမ်း ပြောလိုက်ပါတယ်
“ဘလက် မောင့် မျိုးနွယ်စုက လူဦးရေသောင်းကျော်ရှိတဲ့ အရမ်းကိုကြီးမားတဲ့ မျိုးနွယ်စုတစ်ခုပါ။ နှစ်တိုင်းမှာ အနီးဝန်းကျင်က ရွာငယ်လေးတွေက လက်ဆောင်ပဏ္ဍာ ဆက်သကြရတယ်။ ”


“ဟင်း..”နင်မျက်မှောင် ကြုတ်သွားပါတယ်။

“ဒီ ဒေသတွေ အကုန်လုံးက ဂျိကလန်ပိုင်တာလေ။ ဂျိကလန်ကပဲ အခွန်ကောက်ခံပိုင်ခွင့် ရှိတယ်။ ဘလက်မောင့် ကျေးရွာက ရွာငယ်လေးတွေကို လက်ဆောင် ပဏ္ဍာ ဆက်သစေတာဟာ အခွန်ကောက်ခံတာနဲ့ အတူတူဖြစ်နေပြီ မဟုတ်လား။”

ဂျိကလန်ဟာ သူ့နယ်နိမိတ်ထဲမှာ ရှိသမျှ မျိုးနွယ်စု ရွာလေးတွေကနေ အခွန်ကို ကောက်ခံပါတယ်။



တချိန်တည်းမှာပဲ ဂျိကလန်ဟာ ဒါဆီယန် မင်းဆက်ရဲ့ လက်အောက်ခံ နယ်မြေလေး တစ်ခုပါ။ သူ စုဆောင်းရသမျှ အခွန်တွေကို ဒါဆီယန်မင်းဆက်ကို ပြန်ဆက်သရပါတယ်။


“ဥပဒေ စည်းမျဉ်း အရဆိုရင်တော့ ဟုတ်တယ်။”

ဆောင်းဦးသစ်ရွက်လေးက ခေါင်းညိတ်ပြီး ဆက်ပြောလိုက်ပါတယ်။
“ဒါပေမဲ့ ဒီလို မျိုးနွယ်စုလေးတွေက ငြင်းဆန်ရဲမှာလည်း။ သူတို့ငြင်းဆန်လိုက်ရင် ဘလက်မောင့် ကျေးရွာက သူတို့ကို အမှုန့်ခြေပစ်မှာပဲ။ ပြီးရင် ရွာသားတွေကို ကျွန်ဈေးကွက်မှာ ရောင်းစားကြမှာလေ။”



နင်သက်ပြင်းရှည်ကြီး ချလိုက်မိတယ်။


မှန်ပါတယ်။



နယ်မြေကျယ်ပြန့်သလို မျိုးနွယ်စု ရွာတွေကလည်း အလွန်များပြားတဲ့အတွက် ဂျိကလန်အနေနဲ့ ရွာလေးတွေက ပြသနာအကုန်လုံးကို မဖြေရှင်းပေးနိုင်ပါဘူး။ ဒါကြောင့် သူတို့ဖာသာ သူတို့ မီးစဉ်ကြည့်ကရပါတယ်။ ဂျိကလန်တင်မကပဲ အလွန့်အလွန်ကိုကျယ်ပြန့်တဲ့ ဒေသကြီးတစ်ခုလုံးကို အုပ်ချုပ်တဲ့ ဒါဆီယန် မင်းဆက်တွေတောင်မှာ ပျောပျော့ပြောင်းပြောင်း အုပ်ချုပ်ကြပါတယ်။ ဂျိကလန်နဲ့ သံမဏိသစ်ပင် ကလန်လည်း သုသေကိုယ်သေ ရန်သူတော်တွေ ဖြစ်နေကြတာပဲ မဟုတ်လား။ နယ်မြေ အရမ်း ကြီးမားလာတဲ့အခါမှာ အုပ်ချုပ်ဖို့ ပိုပြီး ခက်ခဲလာပါတယ်။



“သူတို့တွေ လာနေကြပြီ။ ဘလက်မောင့် ကျေးရွာသားတွေ လာနေကြပါပြီ။”

ဆောင်းဦးသစ်ရွက်လေး ပြောလိုက်ပါတယ်။



နင်လည်းလှမ်းကြည့်လိုက်တယ်။ သူမြင်တာက သံချပ်ကာတစ်ပိုင်း သားရေဝတ်စုံဝတ်ထားတဲ့ လူတစုဟာ ရွာကို သူတို့ပိုင် ရွာသဖွယ် ဟိုဟိုဒီဒီသွားနေကြပြီးတော့ ဝင်ထွက်ရှာဖွေနေကြပါတယ်။ ဦးလေးဒယ်လာနဲ့ တခြားရွာသားတွေဟာ သူတို့နောက်မှာ ရိုရိုကျိုးကျိုးလေး လိုက်လာနေကြပါတယ်။ သူတို့တွေ ပြန်ပြီးတော့ မတွန်းလှန်ရဲကြပါဘူး။



ဘလက်မောင့် အဖွဲ့ရဲ့ ခေါင်းဆောင် ဘရေ့ရှယ်း ဟာ ဒီရွာလေးကို ကျေနပ်တဲ့ မျက်နှာနဲ့ ကြည့်နေပါတယ်။


“ဟင်…”

ဘရေ့ရှယ်းက အနီးက မက်တယ်စတုန်း ရွာသားတွေကို ကြည့်လိုက်ပါတယ်။ သူတို့ရဲ့ ကြောက်လန့်နေတဲ့ မျကနှာတွေကို မြင်ရတာ သူပိုပြီးတော့ သဘောကျလာပါတယ်။



ဘလက်မောင့် ကျေးရွာမှာတောင် သူက ရာထူးတော်တော်ကြီးတဲ့ အဓိက ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီ မက်တယ်စတုန်းလို ရွာလေးကို သူ စိတ်ထင်သလို လုပ်လို့ ရပါတယ်။ သူသာ ဒေါသထွက်သွားခဲ့ရင် တစ်ရွာလုံး သေရမှာပါ။ သူခေါ်ဆောင်လာတဲ့ အစောင့် ရဲမက် ၁၀၀ ကျော်ဟာ ဒီလို ရွာလေးကို စိစိညက်ညက် ခြေပစ်နိုင်ပါတယ်။ ဒီလို ရွာလေးတွေမှာ သူဟာ သြဇာအာဏာ အပြည့်အ၀ ရှိပါတယ်။



“ဟု…”

ဘရေ့ရှယ်းက သူနဲ့ သိပ်မဝေးတဲ့ နေရာမှာ လူငယ်လေး တစ်ယောက်နဲ့ မိန်းမပျိုလေးတစ်ယောက် အတူတူ မတ်တပ်ရပ်နေတာကို တွေ့လိုက်ရပါတယ်။ သူ့မျက်လုံးတွေ ရုတ်တရက် အရောင်တောက်လာပါတယ်။ သူဘေးက အစောင့် တပ်သားတွေတောင်မှ အသက်ရှူတွေ မှားသွားကြပါတယ်။


“အရမ်းကို လှပပြီးတော့ ညို့ယူနိုင်စွမ်းကြီးမားလိုက်တာ…”

ဘရေ့ရှယ်းလည်း လုံးဝကို မင်တက်သွားပါတယ်။ သူ့နှလုံးသားမှာ လိုချင်တပ်မက်စိတ်တွေ ပြည့်လာပါတယ်။ သူဒီကောင်မလေးကို ဖမ်းပြီးတော့ သူ့ကိုယ်လုပ်တော် လုပ်ခိုင်းရမယ်။ နေ့တိုင်း သူ့ရဲ့ လိုအင် နှစ်သက်မှုတွေကို ဒီမိန်းပျိုလေးကို ပေးရမယ်။ ဒီလိုတွေးမိတာနဲ့ ဘရေ့ရှယ်း နှလုံးသွေးတွေ ပွက်ပွက် ဆူလာပါတော့တယ်။


“ဟား..ဟား…ဟား….”

ဘရေ့ရှယ်း ကျယ်ကျယ်လောင်လောင် ရယ်မောပြီးတော့ လူငယ်လေး နဲ့ မိန်းမပျိုးလေးထံ ဦးတည်လျှောက်သွားပါတော့တယ်။



နင် ဒီ အရပ် မြင့်မြင့်နဲ့ လည်ဆွဲတန်ဆာတွေ ဝတ်ထားတဲ့ လူကြီး သူဆီကို လျှောက်လာတာကို မျက်မှောင် အနည်းငယ် ကြုတ်ပြီး ကြည့်နေမိပါတယ်။ လူကြီးကတော့ သူတို့ ၂ယောက်ကို ဈေးရောင်းတဲ့ ပစ္စည်းတွေ ကို အကဲခတ်သလိုမျိုး လေ့လာ အကဲခတ်လိုက်ပါတယ်။ဆောင်းဦးသစ်ရွက်လေးကို ကြည့်တဲ့အခါမှာ သူ့မျက်လုံးက ထွက်တဲံ့ ရမက်ရောင်တွေကို သူ မထိန်းသိမ်းထားပါဘူး။
“မိန်းမပျိုလေး ရဲ့ သားမွေး ဝတ်စုံတွေဟာ အရမ်းကို အထက်တန်းကျကျ ချုပ်ထားပါတယ်။ မိန်းကလေး ကိုယ်တိုင် ချုပ်ထားပါသလား။ မင်းရဲ့ လက်မှုပညာက အရမ်းကို အဆင့်အတန်းမြင့်ပြီး အထက်တန်းကျပါတယ်။ ပြီးတော့ မင်းရဲ့ဘေးက သားမွေးဝတ်စုံနဲ့ ကောင်လေးရဲ့ သားမွေး ချုပ်ထားပဲကလည်း အရမ်းကို အဆင့်မြင့်ပါတယ်။ မင်းရဲ့မောင်လေးများလား။”




Chapter 16 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>



Chapter 17 (ဓားစွမ်းအင်တွေ နေရာအနှံ့ ဖြာထွက်လာခြင်း)


Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)