ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 2 Chapter 17 (ဓားစြမ္းအင္ေတြ ေနရာအႏွံ႕ ျဖာထြက္လာျခင္း)


ဓားတန္ခိုးရွင္၏ ဒ႑ာရီ
စာစဥ္ 2
Chapter 17 (ဓားစြမ္းအင္ေတြ ေနရာအႏွံ႕ ျဖာထြက္လာျခင္း)


“ယဥ္ေက်းမႈ မရွိတဲ့သူ..”
ေဆာင္းဦးသစ္ရြက္ေလးရဲ့ ေအာ္ဟစ္သံ ထြက္ေပၚလာပါတယ္။

ဘေရ့ရွယ္းက သူ႕ေမးရိုးကို နည္းနည္း ျမင့္လိုက္ျပီးေတာ့
“ယဥ္ေက်းမႈမရွိဘူး… ဒီလို မက္တယ္စတုန္းေက်းရြာလို ရြာေလးမွာ ငါလုပ္ခ်င္တာ လုပ္လို႕ရတယ္။ ယဥ္ေက်းဖို႕ဆိုတာ ေ၀လာေ၀းပဲ။ ငါမင္းကို အမွန္တရားေျပာျပမယ္။ ငါမင္းကို လိုခ်င္ေနတာပဲ။ ငါနဲ႕ လိမ္လိမ္မာမာလိုက္ခဲ့လိုက္စမ္းပါ။ အရင္တစ္ေခါက္က ငါလိုခ်င္ေနတဲ့ေကာင္မေလးက ေတာ္ေတာ္ေခါင္းမာခဲ့တာ။ သူက ငါ့ေနာက္လိုက္ရမွာထက္ သတ္ေသဖို႕ကို ေရြးခဲ့တယ္။ ဒါေၾကာင့္ ငါ သူမ တစ္မိသားစုလံုးကို သတ္ပစ္ခဲ့တယ္။ သူမ ကလန္တစ္ခုလံုးကို ကၽြန္ေစ်းမွာ ေရာင္းစားခဲ့တယ္။ မင္းနဲ႕ မင္းရဲ့ ေမာင္ေလးအတြက္ မင္းရဲ့ ကလန္အတြက္ မင္း ေကာင္းေကာင္း စဥ္းစားဖို႕ လိုတယ္ေနာ္ မိန္းကေလး။”

မ်ိဳးႏြယ္စုေလးေတြက ရြာသားေတြဟာ တည့္တိုးေျပာတတ္တဲ့သူေတြခ်ည္းပါပဲ။ သူတို႕ေတြဟာ စကားေျပာရင္ သိပ္ျပီးေတာ့ မတြက္ခ်က္ၾကသလို ေသြးလည္းအလြန္ဆာၾကတယ္။ရြာသားေတြဟာ ေသရမွာကို မေၾကာက္ၾကပါဘူး။အထူးသျဖင့္ သူ႕ေရွ႕က ေကာင္မေလးလို အရမ္းလွပတဲ့ မိန္းမပ်ိဳေလးေတြ လိုမ်ိဳးေပါ့။ သူတို႕ဟာ သူတို႕ ကလန္ရဲ့ ရတနာတပါး ျဖစ္ျပီးေတာ့ အရမ္းကို မာနၾကီးၾကတယ္။ ဒီလို လွပတဲ့ေကာင္မေလးေတြဟာ တစ္စံုတစ္ေယာက္ထံမွာ အညံ့တာထက္ သတ္ေသၾကတာပိုမ်ားၾကတယ္။ သူတို႕ရဲ့ မာနတရားေၾကာင့္ေပါ့။ ဘေရ့ရွယ္းက ဒီအျဖစ္မ်ိဳးကို မလိုလားပါဘူး။

“ၾကီးက်ယ္ျမင့္ျမတ္လွတဲ့ သခင္ၾကီး ဘေရ႕ရွယ္း ဒီလူ ၃ေယာက္က ကၽြန္ေတာ္တို႕ ေက်းရြာက မဟုတ္ပါဘူးခင္ဗ်ာ။ သူတို႕က အလြန္ကို ၾကီးမားတဲ့ မ်ိဳးႏြယ္စု တစ္ခုကပါ။”
ေခါင္းေျပာင္ေနတဲ့ အဖိုးအိုက ၀င္ေျပာလိုက္ပါတယ္။

“မ်ိဳးႏြယ္စုၾကီးက..ဟုတ္တာေပါ့… ငါက ဒီ မက္တယ္စတုန္း ေက်းရြာေလးမွာ ဒီလုိမိန္းကေလးမ်ိဳး ရွိေနရတာလည္းဆိုျပီး အံ့ၾသေနတာ။ မိန္းကေလး မင္းဘယ္မ်ိဳးႏြယ္စုကလည္းဆိုတာ ငါ့ကိုေျပာျပပါလား။”
ဘေရ့ရွယ္ နည္းနည္း မ်က္ေမွာင္ၾကဳတ္သြားတယ္။ ျပီးေတာ့ ေရွ႕ကို တိုုးလိုက္ျပီး ေဆာင္းဦးသစ္ရြက္ေလး မ်က္ႏွာကို ကိုင္ဖို႕ ၾကိဳးစားလိုက္ပါတယ္။ ေဆာင္းဦးသစ္ရြက္ေလးက လွ်ပ္စီးလုိျမန္တဲ့ ေျခကန္ခ်က္တစ္ခု ေကၽြးလိုက္ပါတယ္။

“ဘန္း…”

ေဒါသေၾကာင့္ ေျခကန္ခ်က္ဟာ အလြန္ျပင္းထန္ပါတယ္။ ဘေရ့ရွယ္း ရင္၀ကို ျပင္းျပင္းထန္ထန္ ထိသြားပါေတာ့တယ္။ ဒီေျခကန္ခ်က္ဟာ ဘေရ့ရွယ္း ရင္၀က ၀တ္ဆင္ထားတဲ့ ရတနာေတြကို ေက်ပ်က္သြားေစရံုမက သူပါ ေနာက္ျပန္လြင့္ျပီး ေျမၾကီးထဲကို ေခါင္းစိုက္က်သြားခဲ့ပါတယ္။

“မိုက္ရိုင္းလိုက္တာ..”

“ခလြမ္..”
ဘလက္ေမာင့္ စစ္သည္ေတြဟာ ေဒါသတၾကီး မာန္သြင္းလိုက္ၾကျပီးေတာ့ တခ်ိဳ႕ဟာ ဓားေတြကို ဆြဲထုတ္လိုက္ပါတယ္။

ဘေရ့ရွယ္း ျမန္ျမန္ ျပန္ကုန္းထလာပါတယ္။သူ႕ ႏႈတ္ခမ္းစြန္းက ေသြးစေတြကို သုတ္လို္က္ျပီးေတာ့ သူ႕စစ္သည္ေတာ္ေတြကို ျမန္ျမန္တားဆီးလိုက္ပါတယ္။ သူ႕ စစ္သည္ေတြ အကုန္လံုးက ဘေရ့ရွယ္း ဘယ္ေလာက္ရက္စက္ ရိုင္းစိုင္းလည္းဆိုတာသိပါတယ္။ သူဟာ ဘလက္ေမာင့္ ေက်းရြာရဲ့ အဓိက လူၾကီးတစ္ဦး ျဖစ္ေနတာေၾကာင့္လည္း ပါပါတယ္။

“အကုန္ ျပီးသြားျပီ။”

“ဒီေကာင္မေလးေတာ့ ကံဆိုးျပီပဲ။”

အေစာင့္ေတြဟာ ဘေရ့ရွယ္း သူကေဒါသကို ခဏ ခ်ဳပ္တည္းထားျပီးမွန္းသိပါတယ္။ ဒီအခ်ိန္မွာ သူဟာ အလြန္ သြက္လက္ေနပါတယ္။ ျပီးေတာ့မွ သူ႕ေဒါသကို ဘယ္လို ထြက္ေပါက္ေပးရမလည္း စဥ္းစားေနတာပါ။

ဘေရ့ရွယ္း အခုမတ္တပ္ျပန္ရပ္ႏိုင္ေနပါျပီ။ သူ႕မ်က္လံုးေတြဟာ ေျမြေဟာက္မ်က္လံုးလုိမ်ိဳး က်ဥ္းေျမာင္းလိုက္ျပီးေတာ့ ၾကည့္ေနပါတယ္။ သူ ျဖည္းျဖည္းခ်င္းေျပာလိုက္ပါတယ္။
“ဒီ ေျခကန္ခ်က္က ေတာ္ေတာ ျပင္းတာပဲ။ မင္းတို႕ ၃ေယာက္ ဘယ္က လာၾကတာလည္းဆိုတာ ငါ့ကို အတိအက်ေျပာျပပါလား။ အဲ့ဒါ မ်ိဳးႏြယ္စုၾကီး တစ္ခု ဒါမွမဟုတ္ အရမ္းကို ေၾကာက္ဖို႕ေကာင္းတဲ့ ဂ်ိကလန္လား ဆိုတာ..”

“ၾကည့္ၾကည့္စမ္းပါ..”
မို၀ူ အေရွ႕ကို လွမ္းထြက္လာျပီးေတာ့ သူ႕လက္က တံဆိပ္ေတာ္ကို ျပလိုက္ပါတယ္။

တံဆိပ္ျပားမွာ စာတစ္လံုးတည္း ရွိပါတယ္။ ဂ်ိ

“ဂ်ိ”

ပတ္၀န္းက်င္က စစ္သည္ေတြရဲ့ မ်က္ႏွာေတြ ပ်က္ကုန္ၾကပါတယ္။သူတို႕ရဲ့ ေခါင္းေဆာင္ ဘေရ့ရွယ္းကို လွမ္းၾကည့္လိုက္ေတာ့လည္း မ်က္စိမ်က္ႏွာ ပ်က္ေနပါတယ္။ သူ ေၾကာက္လန္႕တၾကား ဒူးေထာက္ ဦးညြတ္ျပီး ေျပာလိုက္ပါေတာ့တယ္..
“ကၽြန္ေတာ္မ်ိဳး သခင္တို႕ကို ဒီလိုမ်ိဳး မေတာ္တဆ ရန္စမိမယ္လို႕ မေမွ်ာ္လင့္မိပါဘူး။ ခြင့္လႊတ္ေပးပါခင္ဗ်ာ..”

မို၀ူမ်က္လံုးမွာ သူတို႕ကို သနားစရာ သတၱ၀ါအေန နဲ႕ ၾကည့္ေနမိတယ္။ သူ႕သခင္ေလးက လူဆိုးေတြကို ဘယ္ေလာက္ မုန္းတီးလည္းဆိုတာကို သူသိတယ္ေလ။

ေဆာင္းဦးသစ္ရြက္ေလးက ဘေရ့ ရွယ္းကို ေအးစက္စက္ စိုက္ၾကည့္လိုက္တယ္။ ဘေရ့ရွယ္းဟာ မိန္းကေလးတစ္ေယာက္အတြက္ တစ္မိသားစုလံုးကို သတ္ျပီးေတာ့ တစ္ရြာလံုးကို ေရာင္းစားလိုက္တဲ့အတြက္ အရမ္းကို ေအာ့ႏွလံုးနာ ရြံ႕ ရွာသြားမိတယ္။ ဘာလို႕လည္းဆိုေတာ့ သူမကိုယ္တိုင္လည္း သူမရဲ့ ကလန္ပ်က္သြားခဲ့တဲ့အတြက္ ေရာင္းစားခံခဲ့ရလို႕ပါ။

ဂ်ိနင္ဟာ ဘေရ့ရွယ္းကို ရိုးရိုးပဲၾကည့္ေနလိုက္တယ္။ တစ္ခ်ိန္တည္းမွာ သူဟာ ဘေရ့ရွယ္းကို ေသဒဏ္ေပးဖို႕ ဆံုးျဖတ္ခ်က္ခ်လိုက္ျပီးလည္းျဖစ္တယ္။

ဘေရ့ရွယ္းဟာ မ်ိဳးႏြယ္စု တစ္စုလံုးကို ဘာအေၾကာင္းျပခ်က္မွ မရွိပဲ ဖ်က္ဆီးခဲ့တယ္။ နင္ဟာ ရြာထဲက မိန္းမ နဲ႕ ကေလးေတြ အေသဆိုးနဲ႕ ေသၾကတာ ေရာင္းစားခံ၇တာကို ေတြးမိျပီး ႏွလံုးသားမွာ ေဒါသေသြးေတြ ဆူပြက္လာတယ္။ ဒီလို ေနရာေတြမွာ ဒီလိုယုတ္မာတဲ့ လူေတြ အမ်ားၾကီးရွိေနေပမဲ့ နင္ဟာ အကုန္လံုးကို မတားဆီးႏိုင္ပါဘူး။ ဒါေပမဲ့ သူသာ ဒီလုိလူ တေယာက္ေယာက္ ကို ရင္ဆိုင္ေတြ႕ခဲ့ရရင္လည္း သူ႕အမ်က္ေဒါသကို ဘယ္ေတာ့မွ ထိမ္းသိမ္းထားမွာ မဟုတ္ပါဘူး။

“ဟား..ဟား.ဟား..”
ခုနက မ်က္စိမ်က္နွာပ်က္ ဘေရ့ရွယ္းဟာ ရုတ္တရက္ ပါးစပ္ျဖဲျပီး ရယ္ေမာလိုက္ပါတယ္။ ေတာ္ေတာ္ကို ေပ်ာ္ျပီးရယ္ေနတာပါ။
“ၾကည့္ရတာမင္းတို႕ ၃ေယာက္လံုးက သတ္ခ်င္စိတ္ရွိေနပံုပါပဲ။  ငါမင္းတို႕ကို ငတံုးေတြ ဒါမွမဟုတ္ ငႏံုေတြလို႕ ေခၚရမလားေတာင္ မသိေတာ့ဘူး။”

“အိုး..”
နင္ မ်က္ေမွာင္နည္းနည္းၾကဳတ္လိုက္ပါတယ္။

ဘေရ့ရွယ္းက ဆက္ရယ္ေမာေနျပီးေတာ့
“အဲ့ဒါဆို မင္းတို႕က ဂ်ိကလန္ကေပါ့။ ဂ်ိကလန္ ၾကီး ၅ခုက သခင္ေလးေတြ ဘယ္ႏွစ္ေယာက္မ်ား အသက္မျပည့္ခင္ အျပင္ကို စြန္႕စားခန္းထြက္ဖူးလို႕လည္း။ ဒီလိုထြက္ရင္ေကာ ဘယ္ႏွေယာက္ေလာက္ အသက္ဆံုးရႈံးဖူးလည္း။ ဂ်ိကလန္က သူတို႕ေသသြားရင္ေတာင္မွ မြန္းစတားၾကီးေတြ သတ္လို႕ ဒါမွမဟုတ္ ရန္သူေတာ္မ်ိဳးႏြယ္စုေတြက သတ္လို႕ပဲ ထင္ၾကမွာ။”

“မင္းတို႕ ရာထူး အရမ္းျမင့္ရင္ေတာင္မွ ဒီလိုေနရာမွာဆို မင္းတို႕က လူ ၃ေယာက္ပဲ။ ဒါေၾကာင့္ မင္းတို႕ငါ့ကို သတ္ခ်င္ရင္ မင္းတို႕ စိတ္ထဲမွာပဲ သိမ္းထား။ စာထဲမွာေတာင္ အေ၀းက ေရဟာ အနီးက မိုးေခါင္မႈကို မကယ္တင္ႏိုင္ဘူးတဲ့။ မင္းတို႕ ဘာအဆင့္ပဲရွိရွိ ဘယ္သူမွ မင္းတို႕ကို ကယ္လို႕မရဘူး။”
ဘေရ့ရွယ္း သက္ျပင္းခ်လိုက္မိတယ္။
“ငါလြန္ခဲ့တဲ့ ၃ႏွစ္တုန္းက ဂ်ိကလန္က မိန္းကေလးတစ္ေယာက္ကိုဖမ္းျပီးေတာ့ ေပ်ာ္ပါးခဲ့ေသးတယ္။ သူအသားအေရက အရမ္းကို ႏူးညံ့တာပဲ။ ငါ့ စစ္သည္ေတာ္ေတြလည္း သူမနဲက ေပ်ာ္ပါးၾကတယ္ေလ။ ျပီးေတာ့ငါတို႕ သူမကို အရိုးအသားမက်န္ စားပစ္တဲ့ ေတာေကာင္ေတြကို ေကၽြးလိုက္တာေပါ့။”

“မင္းတို႕ေတြ နားလည္ၾကျပီလား။”
ဘေရ့ရွယ္းမ်က္လံုးေတြ အေရာင္လက္လာတယ္။
“အဆင့္အတန္းဟာ အစြမ္းကို ကိုယ္စားမျပဳဘူးဆိုတာ။ ဒီလိုေနရာမွာဆို ငါသာမင္းတို႕ ေသျခင္းရွင္ျခင္းကို ဆံုးျဖတ္ရမွာ။”

“အားလံုးပဲ..”

ဘေရ့ရွယ္း ေခါင္းေမာလိုက္ျပီးေတာ့ ေအာ္ဟစ္လိုက္တယ္။
“မင္းတို႕ေတြ လႈပ္ရွားၾကေတာ့။ ေယာက်္ား ၂ေယာက္ကို သတ္လိုက္။ ေကာင္မေလးကို ခ်န္ထား။ ငါအရင္ေပ်ာ္ျမဴးျပီးရင္ မင္းတို႕ အလွည့္ပဲ။”

“၀ူး…..”

“သတ္ေဟ့..”

“ဟားဟား.. သတ္ၾကေဟ့”

ဘေရ့ရွယ္းရဲ့ စစ္သည္ေတာ္ေတြအကုန္လံုး ဓားဆြဲထုတ္လိုက္ၾကျပီးေတာ့ ေျပး၀င္သြားၾကပါေတာ့တယ္။ အဆင့္ျမင္တဲ့ မ်ိဳးႏြယ္စုၾကီးေတြက စစ္သူရဲေတြဟာ သူတို႕ကိုယ္ပိုင္ အခိုင္းအေစေတြ စစ္သည္ေတာ္ေတြကို လံုး၀ ယံုၾကည္ၾကပါတယ္။ ဂ်ိလီပဲ ျဖစ္ျဖစ္ ဂ်ိရီခၽြမ္ပဲ ျဖစ္ျဖစ္ လူတိုင္းမွာ ခိုင္းသမွ် တေသြမတိမ္းလုပ္ေပးႏိုင္တဲ့ ကိုယ္ပိုင္ လူယံုနဲ႕ ကၽြန္ေတြ ရွိၾကပါတယ္။

ဘေရ့ရွယ္းရဲ့ အမိန္႕ေအာက္မွာ သူ႕လက္ေအာက္ငယ္သားေတြဟာ ေသေသေၾကေၾက တို္က္ခိုက္ရဲၾကပါတယ္။

“မင္းတို႕ေတြ လုပ္ရဲတယ္လား”
ရုတ္တရက္ အသံတစ္သံဟာ မိုးျခိမ္းသံလို ေကာင္းကင္တစ္ခုလံုး တုန္ခါျပီး ထြက္ေပၚလာပါတယ္။

ေကာင္းကင္ထက္မွာေတာ့ ေလထဲ၀ဲေနတဲ့ ငွက္ၾကီးေပၚမွာ မတ္တပ္ရပ္ေနတဲ့ လူတစ္ေယာက္ကို ေတြ႕လိုက္ရပါတယ္။ အဲ့ဒီလူက သူ႕ဓားရွည္ကို လက္မွာ ေအာက္စိုက္ျပီးေတာ့ ကိုင္ထားပါတယ္။ စကၠန္႕ပိုင္းေလးထဲမွာ ဓားစြမ္းအင္ေတြဟာ ေနရာအႏွံ႕ ကလစ္ကလစ္နဲ႕ ပ်ံ႕ႏွံ႕လာပါတယ္။ ဓားေရာင္ျခည္ေတြ တစ္ခုျပီးတစ္ခု မိုးေပၚကေန ေအာက္မွာရွိတဲ့ အေစာင့္ေတြဆီကို က်လာပါတယ္။ အေစာင့္ေတြ အကုန္လံုး အပိုင္းပိုင္း ျပတ္ကုန္ျပီးေတာ့ ေသြးေတြဟာ ေနရာတိုင္း အိုင္သြားပါေတာ့တယ္။

“အား..”

“မဟုတ္ဘူး…..”

“အား….”
ေအာ္ဟစ္ညည္းျငဴသံေတြ ဆူညံသြားျပီးေတာ့ မၾကာခင္း တေလာကလံုး တိတ္ဆိတ္သြားပါေတာ့တယ္။

ခုနက ေအာ္ဟစ္ေနတဲ့ ရာေက်ာ္တဲ့ စစ္သည္ေတာ္ေတြအကုန္လံုး ေျမျပင္ေပၚ ပိုးလိုးပက္လက္ အတုန္းအရံုး လဲက်ေနၾကပါျပီ။ တခ်ိဳ႕ကေတာ့ ရင္၀မွာ အေပါက္ၾကီးရွိေနျပီးေတာ့ တခ်ိဳကေတာ့ အပိုင္းပိုင္း ျပတ္ေနပါတယ္။ ေသြးေတြဟာ ေျမျပင္မွာ အိုင္ေနပါတယ္။ အကုန္လံုးဟာ ေသခ်င္းဆိုးနဲ႕ ေသသြားၾကတာပါ။ ဒါေပမဲ့ ေၾကာက္ရြံ႕ေနတဲ့ မက္တယ္စတုန္း ေက်းရြာသားေတြကေတာ့ တစ္ေယာက္မွ ဒဏ္ရာမရၾကပါဘူး။

“ဒါေပမဲ့… ဒါေပမဲ့.. ဒါေပမဲ….”
ဘေရ႕ရွယ္းက အရာရာဟာ သူ႕ထိမ္းခ်ဳပ္မႈေအာက္ ရွိေနတယ္လို႕ ထင္ခဲ့ပါတယ္။ အခုေတာ့ မ်က္စိမ်က္ႏွာပ်က္ေနပါျပီ။ သူ႕ရဲ့ ေသဆံုးေနတဲ့ စစ္သည္ေတာ္ အေလာင္းေတြကို ၾကည့္လိုက္ျပီးေတာ့ တဖန္ ေကာင္းကင္က ငွက္ၾကီးေပၚမွာ ရက္ေနတဲ့ လူကို တလွည့္ ၾကည့္လိုက္ပါတယ္။ သူ ေၾကကြဲေနပါျပီ။
“ဇင္တ်န္….”

မက္တယ္စတုန္း ရြာသားေတြလည္းေမာ့ၾကည့္ေနၾကပါတယ္။ သူတို႕မ်က္လံုးမွာ မယံုႏိုင္မႈေတြ ျပည့္ေနပါတယ္။ တခ်ိဳ႕ေကာင္မေလးေတြဆို မ်က္ေတာင္မခတ္ၾကည့္ေနၾကပါတယ္။

နင္၊ ေဆာင္းဦးသစ္ရြက္ေလးနဲ႕ မို၀ူတို႕လည္း ေမာ့ၾကည့္လိုက္ၾကတယ္။

Sou!

ငွက္ၾကီးေပၚက လူဟာ ေျမျပင္ေပၚကို လွလွပပ ခုန္ဆင္းလာပါတယ္။

“သခင္ေလး”
သူက နင္ကို ဦးညြတ္ျပီး ေလးစားမႈကို ျပလိုက္ပါတယ္။

ဒီအျဖစ္အပ်က္ဟာ မက္တယ္စတုန္း ရြာသားေတြအျပင္ ဘေရ့ရွယ္းကိုပါ လံု၀ ထိတ္လန္႕သြားေစခဲ့ပါတယ္။ ဘာလို႕လည္းဆိုေတာ့ ခုနက ဓားေရာင္ျခည္ တန္းနဲ႕ တိုက္ခိုက္မႈေၾကာင့္ ဒီလူဟာ ဇင္တ်န္ တန္ခိုးရွင္ဆိုတာ သက္ေသျပျပီး ျဖစ္ေနပါျပီ။ ဘယ္ေလာက္ ၾကီးမားတဲ့ မ်ိဳးႏြယ္စုမွာ ျဖစ္ျဖစ္ ဇင္တ်န္ တန္ခိုးရွင္ဟာ အဆင့္အျမင့္ဆံုး ရာထူးမွာ ရွိပါတယ္။ ဂ်ိကလန္မွာေတာင္ သူတို႕ဟာ အဓိက အဖြဲ႕၀င္ေတြပါ။

ေျပာရမယ္ဆိုရင္ေတာ့ စြန္႕စားခန္း ခရီး ထြက္လာတဲ့ ဂ်ိကလန္က လူငယ္ေတြဟာ ဇင္တ်န္ တန္ခိုးရွင္ေတြနဲ႕ ေတြ႕ခဲ့ရင္ အရင္ဆံုး စျပီးေတာ့ အရိုအေသ ေပးၾကရပါတယ္။ ဒါေပမဲ့ ဒီဇင္တ်န္ တန္ခိုးရွင္က လူငယ္ေလးကို အရိုအေသ ျပန္ေပးေနပါလား။

“ခ်မ္းသာေပးပါ။”
ဘေရ့ရွယ္းဟာ နင္ေရွ႕ကို ေျပးဒူးေထာက္ျပီးေတာ့ ေတာင္းပန္ပါေတာ့တယ္။
“တန္ခိုးၾကီးလွတဲ့ သခင္ေလး ခင္ဗ်ာ.. ကၽြန္ေတာ္မ်ိဳး ခုနက ေျပာတဲ့ စကားေတြဟာ စိတ္ကူးရို္င္းေတြသာ ျဖစ္ပါတယ္။ ကၽြန္ေတာ္မ်ိဳး တစ္ခါမွ အဲ့လို လုပ္ရပ္မ်ိဳးေတြ မလုပ္ခဲ့ဖူးပါဘူး။ ျပီးေတာ့ ကၽြန္ေတာ္မ်ိဳး သားေမြးေတြ လိုက္စုေဆာင္းတုန္းက ရတနာတခ်ိဳ႕ကိုလည္းရခဲ့ပါတယ္။ ေမွာ္ရတနာဆို က်ိန္းေသပါတယ္။ ဘာေမွာ္ရတနာမ်ိဳးလည္းေတာ့ ကၽြန္ေတာ္လည္း နားမလည္ပါဘူး။ သခင္ေလး ကၽြန္ေတာ့ကို ခ်မ္းသာေပးရင္ ကၽြန္ေတာ္မ်ိဳး အဲ့ဒီရတနာကို ဆက္သပါ့မယ္။”

သူေျပာလို႕ မဆံုးခင္မွာပဲ

ဟူး..

ဘေရ့ရွယ္းဟာ နင္ဆီကို ပစ္၀င္သြားခဲ့ပါတယ္။ သူ႕ညာလက္လက္ဟာ စြန္ လက္သည္းအသြင္ နင္ရဲ့ လည္မ်ိဳကို ဆြဲျဖဲဖို႕ ၾကိဳးစားလာပါတယ္။ ဒီလို အရမ္းနီးကပ္တဲ့ အကြာအေ၀းဟာ ဟိုတ်န္ ေနာက္ဆံုးအဆင့္ သိုင္းသမားေတာင္မွ လြတ္ေအာင္ေရွာင္ဖို႕ အင္မတန္ ခက္ခဲလြန္းပါတယ္။

“ဟင္း…”
ဂ်နင္ဟာ လက္ကို သာမန္ ရမ္းယံုသာ ရမ္းလိုက္ပါတယ္။ သူလက္လႈပ္တာ ဘေရ့ရွယ္း တိုက္ခိုက္လိုက္တာထက္ ေနာက္က်ေနေပမဲ့ ဘေရ့ရွယ္း တိုက္ခိုက္မႈ သူ႕ဆီမေရာက္ခင္ မွာပဲ သူ႕လက္က ဘေရ့ရွယ္း ဦးေခါင္းကို ရိုက္ခ်လိုက္ပါတယ္။ ဘေရ့ရွယ္း ခႏၶာကိုယ္ တစ္ခ်က္တြန္႕သြားျပီးေတာ့ သူ႕ႏွာေခါင္း နဲ႕ နားကေန ေသြးေတြ ထြက္ျပီးေတာ့ ေျမေပၚမွာ အေက်ာဆြဲျပီး ျငိမ္သက္သြားပါေတာ့တယ္။

“ေတာ္ေတာ္ကို ဥာဏ္မ်ားတဲ့သူပဲ။”
နင္တိုးတိုးေလး ေရရြတ္လိုက္ပါတယ္။

ဘေရ့ရွယ္းဟာ ေကာက္က်စ္စဥ္းလဲျပီးေတာ့ ဥာဏ္နီဥာဏ္နက္ အလြန္ မ်ားပါတယ္။ ေျမြေပြးတစ္ေကာင္လို အဆိပ္ျပင္းတဲ့သူ ျဖစ္ျပီးေတာ့ ဘာမဆို လုပ္ရဲသူလည္း ျဖစ္ပါတယ္။ သူ ဇင္တ်န္ တန္ခိုးရွင္ကို မယွဥ္ႏိုင္မွန္း သိတာနဲ႕ သူ႕ရဲ့ေမွာ္ရတနာ အေၾကာင္းေျပာျပျပီး နင္ရဲ့ စိတ္၀င္စားမႈကို ရေအာင္လုပ္ခဲ့ပါတယ္။ ျပီးေတာ့မွ နင္ကို ဖမ္းဖို႕ ၾကိဳးစားခဲ့တာပါ။ သူ နင္ကို ဓားစာခံဖမ္းႏိုင္သေရြ႕ သူအသက္လံုျခံမႈ ရွိေနမွာဆိုတာကို သူ နားလည္ေနပါတယ္။

ကံမေကာင္းခ်င္ေတာ့

နင္ဆိုတာက မိစာၦၾကီးကိုေတာင္ ေအးေအးေဆးေဆး သတ္ျဖတ္ႏိုင္တဲ့ သူတစ္ေယာက္ျဖစ္ေနတာပါပဲ။

“ဟားဟား… သူနဲ႕ ဒီစစ္သားေတြက တစ္ဖက္တည္းကပဲကုိး.. ဒီအေစာင့္ေတြက သံခ်ပ္ကာ တစ္ပိုင္းစီ ၀တ္ထားျပီးေတာ့ သူက သားေမြး ၀တ္ထားေတာ့ ငါသတိမထားလိုက္မိဘူး။”
ဇင္တ်န္ တန္ခိုးရွင္ၾကီးက ေျပာလိုက္ပါတယ္။

“ကူညီေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဆရာတူ အကိုၾကီးခင္ဗ်ာ။”
နင္ရယ္ေမာ ႏႈတ္ဆက္လိုက္ပါတယ္။

သူ႕ေရွ႕ကလူူၾကီးက သူ႕အေဖရဲ့ တပည့္ၾကီး ၉ေယာက္ထဲက တစ္ေယာက္ပါ။ သူ႕နာမည္က ၀မ္ဖန္ ။ သူက ဇင္တ်န္ အေစာပိုင္း တန္ခိုးရွင္အဆင့္။ အေနာက္ပိုင္း ဂ်ိကလန္မွာဆိုရင္ သူ႕ရာထူးက ေတာ္ေတာ္ကို ၾကီးပါတယ္။ ဒါေပမဲ့ သူ႕ရဲ့ အခု ပါ၀ါနဲ႕ဆိုရင္ အနက္ေရာင္ ျမင္းစီးသူရဲေတြကို အမိန္႕ေပးဖို႕ မထိုက္တန္ေသးဘူး။ နင္ကေတာ့ ေနာက္ဆက္ခံမဲ့ သခင္ေလး ျဖစ္ျပီးေတာ့ ရာထူူးက အင္မတန္မွကို ျမင့္ပါတယ္။

“သခင္ေလးသာ လႈပ္ရွားခဲ့ရင္လည္း အရာရာ ေအးေအးေဆးေဆး ျပီးသြားမွာပါပဲ။”
၀မ္ဖန္က သူ႕ဓားရွည္ကို ဓားအိမ္ထဲ ထည့္ျပီးဆက္ေျပာလိုက္ပါတယ္။
“ကၽြန္ေတာ္က အခုအေရးၾကီး ကိစၥတစ္ခုနဲ႕လာခဲ့တာ။”

“အေရးၾကီး ကိစၥ?”
နင္မ်က္ႏွာ အမူအရာ အနညး္ငယ္ ေျပာင္းသြားပါတယ္။ သူက အေနာက္ပိုင္း ေဒသနဲ႕ တစ္လတစ္ခါ အဆက္အသြယ္ မျပတ္ရွိေနတယ္ေလ။ ဒီတစ္ခါ ေရာက္လာတာက သူ႕ရဲ့ အကိုၾကီး ျဖစ္ေနတယ္။ ဇင္တ်န္ တန္ခိုးရွင္ကိုယ္တိုင္ လာရေအာင္ ဘယ္ေလာက္ေတာင္ အေရးၾကီးတဲ့ ကိစၥ ျဖစ္ေနျပီလည္းဆိုတာကို ခန္႕မွန္းလို႕ ရေလာက္ပါတယ္။

“လာ .. အထဲမွာ စကားသြားေျပာရေအာင္..”
နင္ျမန္ျမန္ ေျပာလိုက္ပါတယ္။

နင္ တုန္လႈပ္ေနတဲ့ မက္တယ္ စတုန္း မ်ိဳးႏြယ္စု ရြာသားေတြကုိ ၾကည့္ျပီးေတာ့
“အေလာင္းေတြကို ေျမျမႈပ္လိုက္ပါ။ ဘလက္ေမာင့္ ေက်းရြာနဲ႕ ပတ္သက္ျပီးေတာ့…. ခဏေနရင္ ငါ့အကိုၾကီးကို ဘလက္ေမာင့္ေက်းရြာ ခဏ သြားလည္ခိုင္းလိုက္မယ္။ မင္းတို႕ေတြ ဘာမွ စိတ္မပူၾကနဲ႕။”

“ေက်းဇူးတင္ပါတယ္ သခင္ေလးခဗ်ာ..”

ကတုံးနဲ႕ ရြာလူၾကီးနဲ႕ တျခားရြာသားေတြ အကုန္လုံုး ဒူေထာက္လိုက္ၾကတယ္။ အခုမွ သူတို႕ေတြ ဂ်ိနင္ရဲ့ ရာထူး ဘယ္ေလာက္ျမင့္လည္းဆိုတာကို သိသြားၾကတာပါ။ ဇင္တန္ တန္ခိုးရွင္က စျပီးေတာ့ အရိုအေသေပး ရတာဟာ.. ဒီလိုလူမ်ိဳးဆိုတာဟာ ဘလက္ေမာင့္ ရြာသူၾကီးေတာင္မွ ေတြ႕တာနဲ႕ ဒူးေထာက္ခစားရမဲ့ လူမ်ိဳးပါ။

နင္နဲ႕ ၀မ္ဖန္တုို႕တေတြ ေက်ာက္တုံုးအိမ္ေလးထဲ ၀င္သြားၾကျပီး တံခါးပိတ္လိုက္ၾကပါတယ္။

“ျမန္ျမန္ေဟ့…”

“ျမန္ျမန္ သန္႕ရွင္းေရးလုပ္ၾကေဟ့”

မက္တယ္စတုန္းရြာသားေတြဟာ ေျမၾကီးေပၚက အေလာင္းေတြကိၾကည့္ျပီးေတာ့ ေသြးဆူလာၾကပါတယ္။ သူတို႕ေတြဟာ ေၾကာက္လန္႕ေနသလို ေပ်ာရႊင္ေနၾကပါတယ္။ သူတို႕ေတြဟာ ဘက္လက္ေမာင့္ ရြာသားေတြကို ကိုးကြယ္မတတ္ ေၾကာက္လန္႕ခဲ့ရတယ္။ အခုေတာ့ သူတို႕ေတြ ဒီမွာ ေသကုန္ၾကျပီ။

“မင္းတို႕လည္း ေနာက္ဆံုးေတာ့ ဒီလို ဇာတ္သိမ္းရတာပဲ။”
လက္တစ္ဖက္ျပတ္နဲ႕ လူၾကီးက ဘေရ့ရွယ္း အေလာင္းကို မုန္းတီးစြာနဲ႕ ကန္ေက်ာက္လုိက္တယ္။

……….

အခန္းထဲမွာေတာ့

နင္နဲ႕ ၀မ္ဖန္ပဲ ရွိေနပါတယ္။

“ဆရာတူအကိုၾကီးခင္ဗ်ာ ဘာကိစၥရွိလို႕ အကိုၾကီးကိုယ္တိုင္လာရတာပါလည္း။”
နင္ေမးလိုက္ပါတယ္။

“ဘာလို႕လည္းဆိုေတာ့ မိစာၦၾကီး Serpentwing ေၾကာင့္ပါ။”
၀မ္ဖန္မ်က္ႏွာဟာ လံုး၀မေကာင္းေတာ့ပါဘူး။


Chapter 17 ျပီးပါျပီ။
ဆက္ပါဦးမည္>>>>>>

Chapter 18 (Yin and Yang Twin Energy Formation)

Original writer – I eat tomatoes
Novel – Desolate era
ဘာသာျပန္သူ - Dr – Panda
Dr – Panda ကို like & follow လုပ္ထားဖို႔ မေမ့ၾကနဲ႕ေနာ္။
Thanks u all…

Unicode


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 2

Chapter 17 (ဓားစွမ်းအင်တွေ နေရာအနှံ့ ဖြာထွက်လာခြင်း)



“ယဉ်ကျေးမှု မရှိတဲ့သူ..”

ဆောင်းဦးသစ်ရွက်လေးရဲ့ အော်ဟစ်သံ ထွက်ပေါ်လာပါတယ်။



ဘရေ့ရှယ်းက သူ့မေးရိုးကို နည်းနည်း မြင့်လိုက်ပြီးတော့

“ယဉ်ကျေးမှုမရှိဘူး… ဒီလို မက်တယ်စတုန်းကျေးရွာလို ရွာလေးမှာ ငါလုပ်ချင်တာ လုပ်လို့ရတယ်။ ယဉ်ကျေးဖို့ဆိုတာ ဝေလာဝေးပဲ။ ငါမင်းကို အမှန်တရားပြောပြမယ်။ ငါမင်းကို လိုချင်နေတာပဲ။ ငါနဲ့ လိမ်လိမ်မာမာလိုက်ခဲ့လိုက်စမ်းပါ။ အရင်တစ်ခေါက်က ငါလိုချင်နေတဲ့ကောင်မလေးက တော်တော်ခေါင်းမာခဲ့တာ။ သူက ငါ့နောက်လိုက်ရမှာထက် သတ်သေဖို့ကို ရွေးခဲ့တယ်။ ဒါကြောင့် ငါ သူမ တစ်မိသားစုလုံးကို သတ်ပစ်ခဲ့တယ်။ သူမ ကလန်တစ်ခုလုံးကို ကျွန်ဈေးမှာ ရောင်းစားခဲ့တယ်။ မင်းနဲ့ မင်းရဲ့ မောင်လေးအတွက် မင်းရဲ့ ကလန်အတွက် မင်း ကောင်းကောင်း စဉ်းစားဖို့ လိုတယ်နော် မိန်းကလေး။”



မျိုးနွယ်စုလေးတွေက ရွာသားတွေဟာ တည့်တိုးပြောတတ်တဲ့သူတွေချည်းပါပဲ။ သူတို့တွေဟာ စကားပြောရင် သိပ်ပြီးတော့ မတွက်ချက်ကြသလို သွေးလည်းအလွန်ဆာကြတယ်။ရွာသားတွေဟာ သေရမှာကို မကြောက်ကြပါဘူး။အထူးသဖြင့် သူ့ရှေ့က ကောင်မလေးလို အရမ်းလှပတဲ့ မိန်းမပျိုလေးတွေ လိုမျိုးပေါ့။ သူတို့ဟာ သူတို့ ကလန်ရဲ့ ရတနာတပါး ဖြစ်ပြီးတော့ အရမ်းကို မာနကြီးကြတယ်။ ဒီလို လှပတဲ့ကောင်မလေးတွေဟာ တစ်စုံတစ်ယောက်ထံမှာ အညံ့တာထက် သတ်သေကြတာပိုများကြတယ်။ သူတို့ရဲ့ မာနတရားကြောင့်ပေါ့။ ဘရေ့ရှယ်းက ဒီအဖြစ်မျိုးကို မလိုလားပါဘူး။


“ကြီးကျယ်မြင့်မြတ်လှတဲ့ သခင်ကြီး ဘရေ့ရှယ်း ဒီလူ ၃ယောက်က ကျွန်တော်တို့ ကျေးရွာက မဟုတ်ပါဘူးခင်ဗျာ။ သူတို့က အလွန်ကို ကြီးမားတဲ့ မျိုးနွယ်စု တစ်ခုကပါ။”

ခေါင်းပြောင်နေတဲ့ အဖိုးအိုက ဝင်ပြောလိုက်ပါတယ်။



“မျိုးနွယ်စုကြီးက..ဟုတ်တာပေါ့… ငါက ဒီ မက်တယ်စတုန်း ကျေးရွာလေးမှာ ဒီလိုမိန်းကလေးမျိုး ရှိနေရတာလည်းဆိုပြီး အံ့သြနေတာ။ မိန်းကလေး မင်းဘယ်မျိုးနွယ်စုကလည်းဆိုတာ ငါ့ကိုပြောပြပါလား။”

ဘရေ့ရှယ် နည်းနည်း မျက်မှောင်ကြုတ်သွားတယ်။ ပြီးတော့ ရှေ့ကို တိုုးလိုက်ပြီး ဆောင်းဦးသစ်ရွက်လေး မျက်နှာကို ကိုင်ဖို့ ကြိုးစားလိုက်ပါတယ်။ ဆောင်းဦးသစ်ရွက်လေးက လျှပ်စီးလိုမြန်တဲ့ ခြေကန်ချက်တစ်ခု ကျွေးလိုက်ပါတယ်။


“ဘန်း…”



ဒေါသကြောင့် ခြေကန်ချက်ဟာ အလွန်ပြင်းထန်ပါတယ်။ ဘရေ့ရှယ်း ရင်ဝကို ပြင်းပြင်းထန်ထန် ထိသွားပါတော့တယ်။ ဒီခြေကန်ချက်ဟာ ဘရေ့ရှယ်း ရင်ဝက ဝတ်ဆင်ထားတဲ့ ရတနာတွေကို ကျေပျက်သွားစေရုံမက သူပါ နောက်ပြန်လွင့်ပြီး မြေကြီးထဲကို ခေါင်းစိုက်ကျသွားခဲ့ပါတယ်။


“မိုက်ရိုင်းလိုက်တာ..”


“ခလွမ်..”

ဘလက်မောင့် စစ်သည်တွေဟာ ဒေါသတကြီး မာန်သွင်းလိုက်ကြပြီးတော့ တချို့ဟာ ဓားတွေကို ဆွဲထုတ်လိုက်ပါတယ်။



ဘရေ့ရှယ်း မြန်မြန် ပြန်ကုန်းထလာပါတယ်။သူ့ နှုတ်ခမ်းစွန်းက သွေးစတွေကို သုတ်လိုက်ပြီးတော့ သူ့စစ်သည်တော်တွေကို မြန်မြန်တားဆီးလိုက်ပါတယ်။ သူ့ စစ်သည်တွေ အကုန်လုံးက ဘရေ့ရှယ်း ဘယ်လောက်ရက်စက် ရိုင်းစိုင်းလည်းဆိုတာသိပါတယ်။ သူဟာ ဘလက်မောင့် ကျေးရွာရဲ့ အဓိက လူကြီးတစ်ဦး ဖြစ်နေတာကြောင့်လည်း ပါပါတယ်။


“အကုန် ပြီးသွားပြီ။”


“ဒီကောင်မလေးတော့ ကံဆိုးပြီပဲ။”



အစောင့်တွေဟာ ဘရေ့ရှယ်း သူကဒေါသကို ခဏ ချုပ်တည်းထားပြီးမှန်းသိပါတယ်။ ဒီအချိန်မှာ သူဟာ အလွန် သွက်လက်နေပါတယ်။ ပြီးတော့မှ သူ့ဒေါသကို ဘယ်လို ထွက်ပေါက်ပေးရမလည်း စဉ်းစားနေတာပါ။



ဘရေ့ရှယ်း အခုမတ်တပ်ပြန်ရပ်နိုင်နေပါပြီ။ သူ့မျက်လုံးတွေဟာ မြွေဟောက်မျက်လုံးလိုမျိုး ကျဉ်းမြောင်းလိုက်ပြီးတော့ ကြည့်နေပါတယ်။ သူ ဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။
“ဒီ ခြေကန်ချက်က တော်တော ပြင်းတာပဲ။ မင်းတို့ ၃ယောက် ဘယ်က လာကြတာလည်းဆိုတာ ငါ့ကို အတိအကျပြောပြပါလား။ အဲ့ဒါ မျိုးနွယ်စုကြီး တစ်ခု ဒါမှမဟုတ် အရမ်းကို ကြောက်ဖို့ကောင်းတဲ့ ဂျိကလန်လား ဆိုတာ..”


“ကြည့်ကြည့်စမ်းပါ..”

မိုဝူ အရှေ့ကို လှမ်းထွက်လာပြီးတော့ သူ့လက်က တံဆိပ်တော်ကို ပြလိုက်ပါတယ်။



တံဆိပ်ပြားမှာ စာတစ်လုံးတည်း ရှိပါတယ်။ ဂျိ


“ဂျိ”



ပတ်ဝန်းကျင်က စစ်သည်တွေရဲ့ မျက်နှာတွေ ပျက်ကုန်ကြပါတယ်။သူတို့ရဲ့ ခေါင်းဆောင် ဘရေ့ရှယ်းကို လှမ်းကြည့်လိုက်တော့လည်း မျက်စိမျက်နှာ ပျက်နေပါတယ်။ သူ ကြောက်လန့်တကြား ဒူးထောက် ဦးညွတ်ပြီး ပြောလိုက်ပါတော့တယ်..
“ကျွန်တော်မျိုး သခင်တို့ကို ဒီလိုမျိုး မတော်တဆ ရန်စမိမယ်လို့ မမျှော်လင့်မိပါဘူး။ ခွင့်လွှတ်ပေးပါခင်ဗျာ..”



မိုဝူမျက်လုံးမှာ သူတို့ကို သနားစရာ သတ္တဝါအနေ နဲ့ ကြည့်နေမိတယ်။ သူ့သခင်လေးက လူဆိုးတွေကို ဘယ်လောက် မုန်းတီးလည်းဆိုတာကို သူသိတယ်လေ။



ဆောင်းဦးသစ်ရွက်လေးက ဘရေ့ ရှယ်းကို အေးစက်စက် စိုက်ကြည့်လိုက်တယ်။ ဘရေ့ရှယ်းဟာ မိန်းကလေးတစ်ယောက်အတွက် တစ်မိသားစုလုံးကို သတ်ပြီးတော့ တစ်ရွာလုံးကို ရောင်းစားလိုက်တဲ့အတွက် အရမ်းကို အော့နှလုံးနာ ရွံ့ ရှာသွားမိတယ်။ ဘာလို့လည်းဆိုတော့ သူမကိုယ်တိုင်လည်း သူမရဲ့ ကလန်ပျက်သွားခဲ့တဲ့အတွက် ရောင်းစားခံခဲ့ရလို့ပါ။



ဂျိနင်ဟာ ဘရေ့ရှယ်းကို ရိုးရိုးပဲကြည့်နေလိုက်တယ်။ တစ်ချိန်တည်းမှာ သူဟာ ဘရေ့ရှယ်းကို သေဒဏ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီးလည်းဖြစ်တယ်။



ဘရေ့ရှယ်းဟာ မျိုးနွယ်စု တစ်စုလုံးကို ဘာအကြောင်းပြချက်မှ မရှိပဲ ဖျက်ဆီးခဲ့တယ်။ နင်ဟာ ရွာထဲက မိန်းမ နဲ့ ကလေးတွေ အသေဆိုးနဲ့ သေကြတာ ရောင်းစားခံ၇တာကို တွေးမိပြီး နှလုံးသားမှာ ဒေါသသွေးတွေ ဆူပွက်လာတယ်။ ဒီလို နေရာတွေမှာ ဒီလိုယုတ်မာတဲ့ လူတွေ အများကြီးရှိနေပေမဲ့ နင်ဟာ အကုန်လုံးကို မတားဆီးနိုင်ပါဘူး။ ဒါပေမဲ့ သူသာ ဒီလိုလူ တယောက်ယောက် ကို ရင်ဆိုင်တွေ့ခဲ့ရရင်လည်း သူ့အမျက်ဒေါသကို ဘယ်တော့မှ ထိမ်းသိမ်းထားမှာ မဟုတ်ပါဘူး။



“ဟား..ဟား.ဟား..”

ခုနက မျက်စိမျက်နှာပျက် ဘရေ့ရှယ်းဟာ ရုတ်တရက် ပါးစပ်ဖြဲပြီး ရယ်မောလိုက်ပါတယ်။ တော်တော်ကို ပျော်ပြီးရယ်နေတာပါ။
“ကြည့်ရတာမင်းတို့ ၃ယောက်လုံးက သတ်ချင်စိတ်ရှိနေပုံပါပဲ။  ငါမင်းတို့ကို ငတုံးတွေ ဒါမှမဟုတ် ငနုံတွေလို့ ခေါ်ရမလားတောင် မသိတော့ဘူး။”


“အိုး..”

နင် မျက်မှောင်နည်းနည်းကြုတ်လိုက်ပါတယ်။



ဘရေ့ရှယ်းက ဆက်ရယ်မောနေပြီးတော့
“အဲ့ဒါဆို မင်းတို့က ဂျိကလန်ကပေါ့။ ဂျိကလန် ကြီး ၅ခုက သခင်လေးတွေ ဘယ်နှစ်ယောက်များ အသက်မပြည့်ခင် အပြင်ကို စွန့်စားခန်းထွက်ဖူးလို့လည်း။ ဒီလိုထွက်ရင်ကော ဘယ်နှယောက်လောက် အသက်ဆုံးရှုံးဖူးလည်း။ ဂျိကလန်က သူတို့သေသွားရင်တောင်မှ မွန်းစတားကြီးတွေ သတ်လို့ ဒါမှမဟုတ် ရန်သူတော်မျိုးနွယ်စုတွေက သတ်လို့ပဲ ထင်ကြမှာ။”


“မင်းတို့ ရာထူး အရမ်းမြင့်ရင်တောင်မှ ဒီလိုနေရာမှာဆို မင်းတို့က လူ ၃ယောက်ပဲ။ ဒါကြောင့် မင်းတို့ငါ့ကို သတ်ချင်ရင် မင်းတို့ စိတ်ထဲမှာပဲ သိမ်းထား။ စာထဲမှာတောင် အဝေးက ရေဟာ အနီးက မိုးခေါင်မှုကို မကယ်တင်နိုင်ဘူးတဲ့။ မင်းတို့ ဘာအဆင့်ပဲရှိရှိ ဘယ်သူမှ မင်းတို့ကို ကယ်လို့မရဘူး။”

ဘရေ့ရှယ်း သက်ပြင်းချလိုက်မိတယ်။
“ငါလွန်ခဲ့တဲ့ ၃နှစ်တုန်းက ဂျိကလန်က မိန်းကလေးတစ်ယောက်ကိုဖမ်းပြီးတော့ ပျော်ပါးခဲ့သေးတယ်။ သူအသားအရေက အရမ်းကို နူးညံ့တာပဲ။ ငါ့ စစ်သည်တော်တွေလည်း သူမနဲက ပျော်ပါးကြတယ်လေ။ ပြီးတော့ငါတို့ သူမကို အရိုးအသားမကျန် စားပစ်တဲ့ တောကောင်တွေကို ကျွေးလိုက်တာပေါ့။”


“မင်းတို့တွေ နားလည်ကြပြီလား။”

ဘရေ့ရှယ်းမျက်လုံးတွေ အရောင်လက်လာတယ်။
“အဆင့်အတန်းဟာ အစွမ်းကို ကိုယ်စားမပြုဘူးဆိုတာ။ ဒီလိုနေရာမှာဆို ငါသာမင်းတို့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရမှာ။”


“အားလုံးပဲ..”



ဘရေ့ရှယ်း ခေါင်းမောလိုက်ပြီးတော့ အော်ဟစ်လိုက်တယ်။
“မင်းတို့တွေ လှုပ်ရှားကြတော့။ ယောကျ်ား ၂ယောက်ကို သတ်လိုက်။ ကောင်မလေးကို ချန်ထား။ ငါအရင်ပျော်မြူးပြီးရင် မင်းတို့ အလှည့်ပဲ။”



“ဝူး…..”


“သတ်ဟေ့..”


“ဟားဟား.. သတ်ကြဟေ့”



ဘရေ့ရှယ်းရဲ့ စစ်သည်တော်တွေအကုန်လုံး ဓားဆွဲထုတ်လိုက်ကြပြီးတော့ ပြေးဝင်သွားကြပါတော့တယ်။ အဆင့်မြင်တဲ့ မျိုးနွယ်စုကြီးတွေက စစ်သူရဲတွေဟာ သူတို့ကိုယ်ပိုင် အခိုင်းအစေတွေ စစ်သည်တော်တွေကို လုံး၀ ယုံကြည်ကြပါတယ်။ ဂျိလီပဲ ဖြစ်ဖြစ် ဂျိရီချွမ်ပဲ ဖြစ်ဖြစ် လူတိုင်းမှာ ခိုင်းသမျှ တသွေမတိမ်းလုပ်ပေးနိုင်တဲ့ ကိုယ်ပိုင် လူယုံနဲ့ ကျွန်တွေ ရှိကြပါတယ်။



ဘရေ့ရှယ်းရဲ့ အမိန့်အောက်မှာ သူ့လက်အောက်ငယ်သားတွေဟာ သေသေကြေကြေ တိုက်ခိုက်ရဲကြပါတယ်။


“မင်းတို့တွေ လုပ်ရဲတယ်လား”

ရုတ်တရက် အသံတစ်သံဟာ မိုးခြိမ်းသံလို ကောင်းကင်တစ်ခုလုံး တုန်ခါပြီး ထွက်ပေါ်လာပါတယ်။



ကောင်းကင်ထက်မှာတော့ လေထဲဝဲနေတဲ့ ငှက်ကြီးပေါ်မှာ မတ်တပ်ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ အဲ့ဒီလူက သူ့ဓားရှည်ကို လက်မှာ အောက်စိုက်ပြီးတော့ ကိုင်ထားပါတယ်။ စက္ကန့်ပိုင်းလေးထဲမှာ ဓားစွမ်းအင်တွေဟာ နေရာအနှံ့ ကလစ်ကလစ်နဲ့ ပျံ့နှံ့လာပါတယ်။ ဓားရောင်ခြည်တွေ တစ်ခုပြီးတစ်ခု မိုးပေါ်ကနေ အောက်မှာရှိတဲ့ အစောင့်တွေဆီကို ကျလာပါတယ်။ အစောင့်တွေ အကုန်လုံး အပိုင်းပိုင်း ပြတ်ကုန်ပြီးတော့ သွေးတွေဟာ နေရာတိုင်း အိုင်သွားပါတော့တယ်။


“အား..”



“မဟုတ်ဘူး…..”


“အား….”

အော်ဟစ်ညည်းငြူသံတွေ ဆူညံသွားပြီးတော့ မကြာခင်း တလောကလုံး တိတ်ဆိတ်သွားပါတော့တယ်။



ခုနက အော်ဟစ်နေတဲ့ ရာကျော်တဲ့ စစ်သည်တော်တွေအကုန်လုံး မြေပြင်ပေါ် ပိုးလိုးပက်လက် အတုန်းအရုံး လဲကျနေကြပါပြီ။ တချို့ကတော့ ရင်ဝမှာ အပေါက်ကြီးရှိနေပြီးတော့ တချိုကတော့ အပိုင်းပိုင်း ပြတ်နေပါတယ်။ သွေးတွေဟာ မြေပြင်မှာ အိုင်နေပါတယ်။ အကုန်လုံးဟာ သေချင်းဆိုးနဲ့ သေသွားကြတာပါ။ ဒါပေမဲ့ ကြောက်ရွံ့နေတဲ့ မက်တယ်စတုန်း ကျေးရွာသားတွေကတော့ တစ်ယောက်မှ ဒဏ်ရာမရကြပါဘူး။


“ဒါပေမဲ့… ဒါပေမဲ့.. ဒါပေမဲ….”

ဘရေ့ရှယ်းက အရာရာဟာ သူ့ထိမ်းချုပ်မှုအောက် ရှိနေတယ်လို့ ထင်ခဲ့ပါတယ်။ အခုတော့ မျက်စိမျက်နှာပျက်နေပါပြီ။ သူ့ရဲ့ သေဆုံးနေတဲ့ စစ်သည်တော် အလောင်းတွေကို ကြည့်လိုက်ပြီးတော့ တဖန် ကောင်းကင်က ငှက်ကြီးပေါ်မှာ ရက်နေတဲ့ လူကို တလှည့် ကြည့်လိုက်ပါတယ်။ သူ ကြေကွဲနေပါပြီ။
“ဇင်တျန်….”



မက်တယ်စတုန်း ရွာသားတွေလည်းမော့ကြည့်နေကြပါတယ်။ သူတို့မျက်လုံးမှာ မယုံနိုင်မှုတွေ ပြည့်နေပါတယ်။ တချို့ကောင်မလေးတွေဆို မျက်တောင်မခတ်ကြည့်နေကြပါတယ်။



နင်၊ ဆောင်းဦးသစ်ရွက်လေးနဲ့ မိုဝူတို့လည်း မော့ကြည့်လိုက်ကြတယ်။



Sou!



ငှက်ကြီးပေါ်က လူဟာ မြေပြင်ပေါ်ကို လှလှပပ ခုန်ဆင်းလာပါတယ်။


“သခင်လေး”

သူက နင်ကို ဦးညွတ်ပြီး လေးစားမှုကို ပြလိုက်ပါတယ်။



ဒီအဖြစ်အပျက်ဟာ မက်တယ်စတုန်း ရွာသားတွေအပြင် ဘရေ့ရှယ်းကိုပါ လုံ၀ ထိတ်လန့်သွားစေခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ခုနက ဓားရောင်ခြည် တန်းနဲ့ တိုက်ခိုက်မှုကြောင့် ဒီလူဟာ ဇင်တျန် တန်ခိုးရှင်ဆိုတာ သက်သေပြပြီး ဖြစ်နေပါပြီ။ ဘယ်လောက် ကြီးမားတဲ့ မျိုးနွယ်စုမှာ ဖြစ်ဖြစ် ဇင်တျန် တန်ခိုးရှင်ဟာ အဆင့်အမြင့်ဆုံး ရာထူးမှာ ရှိပါတယ်။ ဂျိကလန်မှာတောင် သူတို့ဟာ အဓိက အဖွဲ့ဝင်တွေပါ။



ပြောရမယ်ဆိုရင်တော့ စွန့်စားခန်း ခရီး ထွက်လာတဲ့ ဂျိကလန်က လူငယ်တွေဟာ ဇင်တျန် တန်ခိုးရှင်တွေနဲ့ တွေ့ခဲ့ရင် အရင်ဆုံး စပြီးတော့ အရိုအသေ ပေးကြရပါတယ်။ ဒါပေမဲ့ ဒီဇင်တျန် တန်ခိုးရှင်က လူငယ်လေးကို အရိုအသေ ပြန်ပေးနေပါလား။


“ချမ်းသာပေးပါ။”

ဘရေ့ရှယ်းဟာ နင်ရှေ့ကို ပြေးဒူးထောက်ပြီးတော့ တောင်းပန်ပါတော့တယ်။
“တန်ခိုးကြီးလှတဲ့ သခင်လေး ခင်ဗျာ.. ကျွန်တော်မျိုး ခုနက ပြောတဲ့ စကားတွေဟာ စိတ်ကူးရိုင်းတွေသာ ဖြစ်ပါတယ်။ ကျွန်တော်မျိုး တစ်ခါမှ အဲ့လို လုပ်ရပ်မျိုးတွေ မလုပ်ခဲ့ဖူးပါဘူး။ ပြီးတော့ ကျွန်တော်မျိုး သားမွေးတွေ လိုက်စုဆောင်းတုန်းက ရတနာတချို့ကိုလည်းရခဲ့ပါတယ်။ မှော်ရတနာဆို ကျိန်းသေပါတယ်။ ဘာမှော်ရတနာမျိုးလည်းတော့ ကျွန်တော်လည်း နားမလည်ပါဘူး။ သခင်လေး ကျွန်တော့ကို ချမ်းသာပေးရင် ကျွန်တော်မျိုး အဲ့ဒီရတနာကို ဆက်သပါ့မယ်။”



သူပြောလို့ မဆုံးခင်မှာပဲ


ဟူး..



ဘရေ့ရှယ်းဟာ နင်ဆီကို ပစ်ဝင်သွားခဲ့ပါတယ်။ သူ့ညာလက်လက်ဟာ စွန် လက်သည်းအသွင် နင်ရဲ့ လည်မျိုကို ဆွဲဖြဲဖို့ ကြိုးစားလာပါတယ်။ ဒီလို အရမ်းနီးကပ်တဲ့ အကွာအဝေးဟာ ဟိုတျန် နောက်ဆုံးအဆင့် သိုင်းသမားတောင်မှ လွတ်အောင်ရှောင်ဖို့ အင်မတန် ခက်ခဲလွန်းပါတယ်။



“ဟင်း…”

ဂျနင်ဟာ လက်ကို သာမန် ရမ်းယုံသာ ရမ်းလိုက်ပါတယ်။ သူလက်လှုပ်တာ ဘရေ့ရှယ်း တိုက်ခိုက်လိုက်တာထက် နောက်ကျနေပေမဲ့ ဘရေ့ရှယ်း တိုက်ခိုက်မှု သူ့ဆီမရောက်ခင် မှာပဲ သူ့လက်က ဘရေ့ရှယ်း ဦးခေါင်းကို ရိုက်ချလိုက်ပါတယ်။ ဘရေ့ရှယ်း ခန္ဓာကိုယ် တစ်ချက်တွန့်သွားပြီးတော့ သူ့နှာခေါင်း နဲ့ နားကနေ သွေးတွေ ထွက်ပြီးတော့ မြေပေါ်မှာ အကျောဆွဲပြီး ငြိမ်သက်သွားပါတော့တယ်။


“တော်တော်ကို ဉာဏ်များတဲ့သူပဲ။”

နင်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။



ဘရေ့ရှယ်းဟာ ကောက်ကျစ်စဉ်းလဲပြီးတော့ ဉာဏ်နီဉာဏ်နက် အလွန် များပါတယ်။ မြွေပွေးတစ်ကောင်လို အဆိပ်ပြင်းတဲ့သူ ဖြစ်ပြီးတော့ ဘာမဆို လုပ်ရဲသူလည်း ဖြစ်ပါတယ်။ သူ ဇင်တျန် တန်ခိုးရှင်ကို မယှဉ်နိုင်မှန်း သိတာနဲ့ သူ့ရဲ့မှော်ရတနာ အကြောင်းပြောပြပြီး နင်ရဲ့ စိတ်ဝင်စားမှုကို ရအောင်လုပ်ခဲ့ပါတယ်။ ပြီးတော့မှ နင်ကို ဖမ်းဖို့ ကြိုးစားခဲ့တာပါ။ သူ နင်ကို ဓားစာခံဖမ်းနိုင်သရွေ့ သူအသက်လုံခြံမှု ရှိနေမှာဆိုတာကို သူ နားလည်နေပါတယ်။



ကံမကောင်းချင်တော့



နင်ဆိုတာက မိစ္ဆာကြီးကိုတောင် အေးအေးဆေးဆေး သတ်ဖြတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်နေတာပါပဲ။



“ဟားဟား… သူနဲ့ ဒီစစ်သားတွေက တစ်ဖက်တည်းကပဲကိုး.. ဒီအစောင့်တွေက သံချပ်ကာ တစ်ပိုင်းစီ ဝတ်ထားပြီးတော့ သူက သားမွေး ဝတ်ထားတော့ ငါသတိမထားလိုက်မိဘူး။”

ဇင်တျန် တန်ခိုးရှင်ကြီးက ပြောလိုက်ပါတယ်။



“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆရာတူ အကိုကြီးခင်ဗျာ။”

နင်ရယ်မော နှုတ်ဆက်လိုက်ပါတယ်။



သူ့ရှေ့ကလူူကြီးက သူ့အဖေရဲ့ တပည့်ကြီး ၉ယောက်ထဲက တစ်ယောက်ပါ။ သူ့နာမည်က ဝမ်ဖန် ။ သူက ဇင်တျန် အစောပိုင်း တန်ခိုးရှင်အဆင့်။ အနောက်ပိုင်း ဂျိကလန်မှာဆိုရင် သူ့ရာထူးက တော်တော်ကို ကြီးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အခု ပါဝါနဲ့ဆိုရင် အနက်ရောင် မြင်းစီးသူရဲတွေကို အမိန့်ပေးဖို့ မထိုက်တန်သေးဘူး။ နင်ကတော့ နောက်ဆက်ခံမဲ့ သခင်လေး ဖြစ်ပြီးတော့ ရာထူူးက အင်မတန်မှကို မြင့်ပါတယ်။


“သခင်လေးသာ လှုပ်ရှားခဲ့ရင်လည်း အရာရာ အေးအေးဆေးဆေး ပြီးသွားမှာပါပဲ။”

ဝမ်ဖန်က သူ့ဓားရှည်ကို ဓားအိမ်ထဲ ထည့်ပြီးဆက်ပြောလိုက်ပါတယ်။

“ကျွန်တော်က အခုအရေးကြီး ကိစ္စတစ်ခုနဲ့လာခဲ့တာ။”


“အရေးကြီး ကိစ္စ?”

နင်မျက်နှာ အမူအရာ အနည်းငယ် ပြောင်းသွားပါတယ်။ သူက အနောက်ပိုင်း ဒေသနဲ့ တစ်လတစ်ခါ အဆက်အသွယ် မပြတ်ရှိနေတယ်လေ။ ဒီတစ်ခါ ရောက်လာတာက သူ့ရဲ့ အကိုကြီး ဖြစ်နေတယ်။ ဇင်တျန် တန်ခိုးရှင်ကိုယ်တိုင် လာရအောင် ဘယ်လောက်တောင် အရေးကြီးတဲ့ ကိစ္စ ဖြစ်နေပြီလည်းဆိုတာကို ခန့်မှန်းလို့ ရလောက်ပါတယ်။


“လာ .. အထဲမှာ စကားသွားပြောရအောင်..”

နင်မြန်မြန် ပြောလိုက်ပါတယ်။



နင် တုန်လှုပ်နေတဲ့ မက်တယ် စတုန်း မျိုးနွယ်စု ရွာသားတွေကို ကြည့်ပြီးတော့
“အလောင်းတွေကို မြေမြှုပ်လိုက်ပါ။ ဘလက်မောင့် ကျေးရွာနဲ့ ပတ်သက်ပြီးတော့…. ခဏနေရင် ငါ့အကိုကြီးကို ဘလက်မောင့်ကျေးရွာ ခဏ သွားလည်ခိုင်းလိုက်မယ်။ မင်းတို့တွေ ဘာမှ စိတ်မပူကြနဲ့။”


“ကျေးဇူးတင်ပါတယ် သခင်လေးခဗျာ..”



ကတုံးနဲ့ ရွာလူကြီးနဲ့ တခြားရွာသားတွေ အကုန်လုံး ဒူထောက်လိုက်ကြတယ်။ အခုမှ သူတို့တွေ ဂျိနင်ရဲ့ ရာထူး ဘယ်လောက်မြင့်လည်းဆိုတာကို သိသွားကြတာပါ။ ဇင်တန် တန်ခိုးရှင်က စပြီးတော့ အရိုအသေပေး ရတာဟာ.. ဒီလိုလူမျိုးဆိုတာဟာ ဘလက်မောင့် ရွာသူကြီးတောင်မှ တွေ့တာနဲ့ ဒူးထောက်ခစားရမဲ့ လူမျိုးပါ။



နင်နဲ့ ဝမ်ဖန်တို့တတွေ ကျောက်တုံးအိမ်လေးထဲ ဝင်သွားကြပြီး တံခါးပိတ်လိုက်ကြပါတယ်။


“မြန်မြန်ဟေ့…”


“မြန်မြန် သန့်ရှင်းရေးလုပ်ကြဟေ့”



မက်တယ်စတုန်းရွာသားတွေဟာ မြေကြီးပေါ်က အလောင်းတွေကိကြည့်ပြီးတော့ သွေးဆူလာကြပါတယ်။ သူတို့တွေဟာ ကြောက်လန့်နေသလို ပျောရွှင်နေကြပါတယ်။ သူတို့တွေဟာ ဘက်လက်မောင့် ရွာသားတွေကို ကိုးကွယ်မတတ် ကြောက်လန့်ခဲ့ရတယ်။ အခုတော့ သူတို့တွေ ဒီမှာ သေကုန်ကြပြီ။


“မင်းတို့လည်း နောက်ဆုံးတော့ ဒီလို ဇာတ်သိမ်းရတာပဲ။”

လက်တစ်ဖက်ပြတ်နဲ့ လူကြီးက ဘရေ့ရှယ်း အလောင်းကို မုန်းတီးစွာနဲ့ ကန်ကျောက်လိုက်တယ်။



……….



အခန်းထဲမှာတော့



နင်နဲ့ ဝမ်ဖန်ပဲ ရှိနေပါတယ်။


“ဆရာတူအကိုကြီးခင်ဗျာ ဘာကိစ္စရှိလို့ အကိုကြီးကိုယ်တိုင်လာရတာပါလည်း။”

နင်မေးလိုက်ပါတယ်။


“ဘာလို့လည်းဆိုတော့ မိစ္ဆာကြီး Serpentwing ကြောင့်ပါ။”

ဝမ်ဖန်မျက်နှာဟာ လုံးဝမကောင်းတော့ပါဘူး။





Chapter 17 ပြီးပါပြီ။

ဆက်ပါဦးမည်>>>>>>



Chapter 18 (Yin and Yang Twin Energy Formation)


Original writer – I eat tomatoes

Novel – Desolate era

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all…






Comments

Popular posts from this blog

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 1 Chapter 1 ေသသူတို႕ ေနထိုင္ရာအရပ္ (land of the dead)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ စာစဥ္ 3 Chapter 1 (ႏွလံုးသား မွ လူသတ္ေငြ႕)

ဓားတန္ခိုးရွင္၏ ဒ႑ာရီ Book 2 Chapter 8 ( ဂ်ိနင္ဓား..)